ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ်
ယခုဆောင်းပါးအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://www.photayokeking.org/truewords/open-letters/527-tat-madaw-ko-phyo-hkoi-nay-daw-bogyokgyi-mya တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။
ယခုသတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။
မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော
ရဲဘော်သုံးကျိပ်တို့ သွေးသောက် သစ္စာကတိပြုကာ ပြည်သူတို့၏ အသက် အိုးအိမ်
စည်းစိမ်အား ကာကွယ် စောင့်ရှောက်ရန်အတွက် အမျှော်အမြင်ရှိရှိဖြင့်
စစ်စည်းကမ်း၊ နည်းဥပဒေသများ၊ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများဖြင့် စနစ်တကျ
ပြဌာန်းကာ ဖွဲ့စည်းခဲ့တာပါ။ ဗိုလ်ချူပ်ကြီးနဲ့ မိသားစုများရဲ့ အသက်
အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ မဟုတ်သလို လက်အောက်အရာရှိ၊
စစ်သည်များသည်လည်း အာဏာရှင်များ၏ အခိုင်းအစေအဖြစ် ကျွန်ခံဖို့သက်သက်
တပ်မတော်ထဲ ဝင်ရောက်လာခြ
င်း မဟုတ်ကြပါ။
ယနေ့ တပ်မတော်တွင်
ယခင်ကောင်းခဲ့သော အစဉ်အလာများ ကွယ်ပျောက်၍ မကောင်းသော အစဉ်လာများ
ထွန်းကားနေသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ အထူးသဖြင့် တပ်မတော်အတွင်း ဆရာ
တပည့်မွေးသည့် အစဉ်အလာ ပေါ်ထွန်းခဲ့ခြင်းသည် တပ်မတော် ပျက်စီးခြင်းအစဟု
ဆိုပါလျှင် မှားမည်မထင်ပါ။ ကျွန်တော် ဂဃနဏ မသိပေမဲ့ လေ့လာသိရှိခဲ့သမျှ
ဆရာတပည့်မွေး အစဉ်အလာကို စတင် မွေးဖွားပေးသူမှာ ဗိုလ်ချုပ်ကြီးနေဝင်းဟု
သိရှိရပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ကိုယ်တိုင်တပ်မတော်
ထူထောင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင်တစ်ဦး ဖြစ်သည့်အတွက် ယနေ့
တပ်မတော်ဗိုလ်ချုပ်ကြီးများလိုတော့
တပ်မတော်၏ စစ်စည်းကမ်း၊ နည်းဥပဒေများ၊ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို
လုံးဝပျက်စီးအောင် မလုပ်ခဲ့ဘူးဟု ထင်မြင်မိပါတယ်။ ကောင်းပါသည် ဟုလည်း
ဆိုလိုရင်းမဟုတ်ပါ။
၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်ကြီးများအကြောင်း
ပြောရရင် အားလုံး မှတ်မိကြလိမ့်မယ်ဟု ထင်ပါတယ်။ ၁၉၉၇ ခုနှစ် `နဝတ´ ကနေ
`နအဖ´ အဖြစ်ပြောင်းလဲခဲ့တာ အားလုံး သိရှိပါလိမ့်မယ်။ အဓိက ပြဿနာက
ဆရာတပည့်ကြောင့် ဖြစ်ပါတယ်။ နဝတခေတ်က အဆိုးဆုံး ဗိုလ်ချုပ်ကြီးတွေလို့
လက်ညှိုးထိုးပြရရင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်မြင့်အောင်၊
ဗိုလ်ချုပ်ကျော်ဘတို့ကို ပြေးမြင်မိကြမှာပါ။ ဒီ (၃) ယောက်စလုံးဟာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
တပည့်အရင်း ခေါက်ခေါက်တွေ ဖြစ်ကြပါတယ်။ ဆရာအားကိုးနဲ့ ဘယ်သူ့ကိုမှ
ဂရုမစိုက် လုပ်ချင်တာကို အရှက်သိက္ခာမဲ့စွာ လုပ်ခဲ့ကြသူများလည်း
ဖြစ်ကြပါတယ်။ နဝတဖျက်ပြီးတော့ အဖွဲ့ဝင်တွေ အားလုံးကို
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နုတ်မိန့်နဲ့ နေအိမ်အကျယ်ချုပ်ထားပြီး
နာမည်ကြီးတဲ့ အဲဒီဗိုလ်ချုပ်တွေကို စစ်ထောက်လှမ်းရေးက ခေါ်ယူစစ်ကြော
မေးမြန်းခွင့် ရခဲ့ပါတယ်။
ဗိုလ်ချုပ်ထွန်းကြည်နဲ့ ဗိုလ်ချုပ်မြင့်အောင်တို့ဟာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မ (၈၈) တပ်မမှူး ဖြစ်တဲ့အချိန်က
ဒုတိယတပ်မမှူးများအဖြစ် အနီးကပ် တာဝန်ယူခဲ့ကြသူတွေဖြစ်လို့ နဝတ
အဖွဲ့ဝင်တွေကြားမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်ရင်းလို့
သတ်မှတ်ခြင်း ခံရသူတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်ဆိုရင် ဒုတိယတပ်ချုပ်
ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့
စစ်တက္ကသိုလ် အပတ်စဉ် (၁) မှာ (၄) နှစ်ကြာ သင်တန်းအတူ တက်ခဲ့တဲ့အတွက်
နအဖမတိုင်ခင် နဝတခေတ်မှာ ဘယ်သူမှ မထိရဲအောင် တန်ခိုးထွားခဲ့ကြပါတယ်။
ဗိုလ်ချုပ်ထွန်းကြည်နဲ့ ဗိုလ်ချုပ်မြင့်အောင်တို့ နှစ်ဦးစလုံးဟာ
ထောက်လှမ်းရေး စစ်ကြောရေးစခန်းမှာ အချိန်အတော်ကြာကြာ စစ်ထောက်လှမ်းရေး
အရာရှိတွေနဲ့ တွေ့ဆုံ မေးမြန်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ တော်တော်လေး
ရင်းနှီးခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ စစ်ထောက်လှမ်းရေးက
ဗိုလ်ချုပ်ထွန်းကြည်အိမ်ကို
ရှာတဲ့အခါ အခန်းတစ်ခုတည်းမှာပင် မြန်မာကျပ်ငွေတွေကို မြွေရေခွံအိတ်များနဲ့
ထည့်ထားလိုက်တာ အခန်းပြည့်လုနီး တွေ့ရှိခဲ့ရပြီး သိမ်းဆည်းမိခဲ့ရပါတယ်။
အမျိုးသမီးကိစ္စ အရှူပ်အရှင်းတွေ စစ်မေးတော့ စစ်ကြောသူတွေကြားမှာ ဟာသ
ဖြစ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်က “မင်းတို့ ဒီကိစ္စတော့ ငါ့ကိုယုံပါ
ငါ့ဟာမလာတော့ဘူး၊ ဒါပေမဲ့ ယောက်ျားဆိုတော့ စိတ်တော့ ရှိတာပေါ့ကွာ” လို့
ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်း သူပြောပြတာက အဲဒီအချိန်က နာမည်ကြီး
ညီအစ်မသုံးယောက်ကို ကိုယ်လုံးတီးချွတ် လမ်းလျှောက်ခိုင်းပြီး မျက်စိအရသာ
ခံတာတွေတော့ လုပ်ခဲ့တာတွေ ရှိခဲ့တယ်ဆိုတာတွေပါ၊ ငွေကြေးမသမာမှုတွေနဲ့
မဟုတ်တာ လုပ်တာတွေက အများကြီးပါ။
အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမည်။
0 ကွန်မန့်ရေးရန်:
Post a Comment