Monday, July 23, 2012

မြန်မာသံတော်ဆင့်: " ရိုဟင်ဂျာ" သည်အမျိုးသားလုံခြုံရေးချိမ်းချောက်မှု - National security

threat -

Inline image 3
“ ကုလားအရေးကိုဖြင့် - ဓါးသွေးလောက်တယ်ဆရာမထင်လို့ ”
- - - သ္ခင်ကိုယ်တော်မှိုင်း

မလေးရှားသို့ လှေဖြင့်ခိုးဝင်လာသူဘင်္ဂလီလူမျိုးတိုင်းကသူတို့ သည်မြန်မာနိုင်ငံမှရိုဟင်ဂျာလူမျိုးဒုက္ခသည်များပါဟုပြော၍
ခိုလှုံခွင့်တောင်းနေကြသည်။ ထိုင်း၊ မလေးရှားစသည့်နိုင်ငံများသို့ ရောက်သွားသောဘင်္ဂလီများ၏ရည်မှန်း ချက်သည်တစ်ဦးချင်းအားဖြင့်ခိုလှုံခွင့်ရရေးအထိသာဖြစ်သည်စင်စစ်ထိုနိုင်ငံများသည်နောက်ဆုံးအခြေချမည့်
ချမ်းသာသောနိုင်ငံတစ်ခုခုသို့ ရွှေ့ ပြောင်းခွင့်မရမီကြားစခန်းမျှသာဖြစ်သည်။
မြန်မာနိုင်ငံဘက်ကမ်းသို့ တရားမ၀င်ခိုးဝင်လာသူ
ဘင်္ဂလီလူမျိုးများ၏အဆုံးစွန်ရည်မှန်းချက်မှာ တိုင်းရင်းသားလူမျိုးတစ်ခုအဖြစ်
အသိအမှတ်ပြုခံရရေးသီးသန့် နယ်မြေတစ်ခုရရှိရေးဖြစ်သည်။ သူတို့ သည်မြန်မာဘက်ကမ်းကူးလာ၍တိုင်းပြည်လာတည်နေကြသူတွေဖြစ်သည်။
သက်သေမှာယခုလက်ငင်းသူတို့ စုဝေးနေသောဒေသတွင် လူဦးရေတိုးပွားရေး (population building) နှင့်မြေပြင်ရှုခင်းပြောင်းလဲရေး
(landscape alteration) အတွက်ဗလီတွေဖြစ်နိုင်သမျှများများဆောက်သည်။ မောင်တောမြို့ ပေါ်မှာဗလီ ၃၀၀ ကျော်တည်ဆောက်ထားကြောင်းသိရသည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏လူဦးရေပေါက်ကွဲမှု၏အကျိုးဆက်ကိုခံစားနေရသောအိမ်နီးချင်းများ အနက်ဘေးချင်းကပ်နေသောမြန်မာနိုင်ငံသည်
အထိခိုက်ဆုံးဖြစ်နေသည်။ ၁၉၉၂ ခုနှစ် UNHCR နှင့် Amnesty Internationalတို့ ၏စာရင်းများအရ မောင်တောဒေသတွင်ရိုဟင်ဂျာအမည်ခံသူများ
သုံးသိန်းနီးပါးသာရှိခဲ့ရာမှယခုအခါ (မြန်မာအစိုးရစာရင်းအရ)ရှစ်သိန်းကျော်ရှိနေပြီ။ အနှစ်-၂၀-အတွင်းလူသန်းဝက်တိုးလာခဲ့သည်။
“ရိုဟင်ဂျာ”တွေအဖို့ ၎င်းတို့ ၏ပထမရည်မှန်းချက်ဖြစ်သောမြန်မာနိုင်ငံတွင် တိုင်းရင်းသားတစ်စုအဖြစ်သတ်မှတ်ခံရရေး၊
ကိုယ်ပိုင်သီးခြားနယ်မြေရရေး မအောင်မြင်နိုင်ဆိုလျှင်ပင်ဒုတိယရည်မှန်းချက်ဖြစ်သောတတိယနိုင်ငံများသို့  “မြန်မာ”ဒုက္ခသည်
အဖြစ်ခိုလှုံခွင့်ရရေးကားအောင်မြင်နေသည်။ ယခုဆွေးနွေးချက်အစတွင်တင်ပြခဲ့သည့်အတိုင်းဘင်္ဂလီလှေဖြင့်ခိုးဝင်သူတိုင်းသည်
မြန်မာနိုင်ငံမှဖြစ်ပါသည်ဗုဒ္ဓဘာသာဝင်လူများစုနှင့်အစိုးရ၏ဖိနှိပ်မှုကြောင့်ထွက်ပြေးလာကြပါသည် ဟုအကြောင်းပြကြသည်။ ထို့ ကြောင့်ရခိုင်ပြည်နယ်တွင်ကိုယ်ပိုင်နယ်မြေမရနိုင်သည့်တိုင် ဤပြဿနာကိုသက်တမ်းရှည်အောင်လုပ်ထားနိုင်သမျှ
ယင်းကိုအကြောင်းပြု၍ “မြန်မာ” ဒုက္ခသည်များအဖြစ်နှင့်ဆက်လက်ထွက်ပေါ်လာနေကြဦးမည်သာ။ ယခင်အပါတ်က
ထွက်ပေါ်လာသောသတင်းတရပ်ကအစ္စလမ်နိုင်ငံများအဖွဲ့  (Organization of Islamic States) ကဤပြဿနာကိုလေ့လာရန်
မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုသည်။ OIS သည်ပြဿနာ၏တစိပ်တပိုင်း (part of the problem) အဖြစ်ထပ်တိုးမလာဘဲ၊
ပြဿနာဖြေရှင်းရေးအတွက်အစိပ်အပိုင်းတစ်ခု (part of the solution) ဖြစ်လာနိုင်ကောင်းသည်ဟုမျှော်လင့်ရပေသည်။

သမတကြီးဦးသိန်းစိန်က UNHCR မဟာမင်းကြီးအန်တိုနီယိုဂူတားရက်စ်အားလက်ခံတွေ့ ဆုံ၍ ဤဘင်္ဂလီများကိုဒုက္ခသည်အဖြစ်သတ်မှတ်၍တတိယနိုင်ငံများသို့ ပို့ ပေးရေးကိုဆွေးနွေးခဲ့သည်။ သို့ သော် UNHCR ၏အာရှဒေသဆိုင်ရာပြောရေးဆိုခွင့်ရသူကစ်တီမက်ကင်းဆေး Kitty McKinsey  ကမူ UNHCR သည်ဒုက္ခသည်များ
ဖန်ဆင်း (create) ရာတွင်ပါဝင်လေ့မရှိပါဟုပြောသည်။ အပြည်ပြည်ဆိုင်ရာဥပဒေ (international law) ၏ အမြင်တွင်
အစိုးရတရပ်သည် မိမိတိုင်းပြည်တွင်း ရောက်ရှိနေသောလူအုပ်စုတစ်ခု (a community of people) ကိုဒုက္ခသည်များ refugees ဟု
ကိုယ့်သဘောဖြင့်ကိုယ်(unilaterally)သတ်မှတ်၍ မရ။ အထူးသဖြင့် လတ်တလောဗြုံးစားကြီးရောက်လာခြင်းမျိုးမဟုတ်ပဲ
ဆယ်စုနှစ်ပေါင်းများစွာ အတွင်းတစိမ့်စိမ့်ဝင်လာခဲ့ကြခြင်းဖြစ်လျှင်ပို၍ယုတ္တိအင်အားနည်းနေသည်။ UNHCR ၏
ဒုက္ခသည်သတ်မှတ်ခြင်းဆိုင်ရာစံများနှင့် လုပ်ထုံးလုပ်နည်းများလက်စွဲ

(Handbook on Procedures and Criteria for Determining Refugee Status  under the 1951 Convention and
the 1967 Protocol relating to the Status of Refugees) အရ “ဒုက္ခသည်” ဆိုသည်မှာ --

“- - owing to well-founded fear of being persecuted for reasons of race, religion, nationality,
membership of a particular social group or political opinion, is outside the country of his nationality and
is unable or, owing to such fear, is unwilling to avail himself of the protection of that country; or
who, not having a nationality and being outside the country of his former habitual residence
as a result of such events, is unable or, owing to such fear, is unwilling to return to it.”
(Article 1 A (2) of the 1951 Convention) ဟုဆိုထားရာဒီလူတွေ“ဘယ်နိုင်ငံသားတွေလဲ” ဆိုတာ
မြန်မာနှင့်ယခုအချိန်အထိခေါင်းရှောင်နေသော ဘင်္ဂလားဒက်ရှ်တို့ ရှေးဦးစွာအကြိပ်အနယ်ငြင်းခုံရဘို့ ရှိသည်။

ဤပြဿနာမပြီးပြတ်မချင်း UNHCR၏ အခဏ်းကဏ္ဍပေါ်မလာနိုင်။ ဒုက္ခသည် Handbook တွင် UN ကစောင့်ရှောက်ရမည့်သူများ
(Persons of concern to UNHCR) များကိုအဆင့်ငါးဆင့်ခွဲ၍သတ်မှတ်သည်။ “ဒုက္ခသည်”များ(refugees)သည်နံပါတ် ‘တစ်’ အုပ်စုဝင်များဖြစ်ကာ
UN ကအစအဆုံးအကုန်လုံးတာဝန် အပြည့်ယူရမည့်အမျိုးအစားဖြစ်ပြီးနောက်ဆုံးအုပ်စုဖြစ်သောနိုင်ငံမဲ့လူသားများ(stateless persons) ကိုမူ
UNHCR ကများပြားလှသောကန့် သတ်ချက်များဘောင် အတွင်းမှစောင်မပေးရန်သာဖြစ်သည်။ ဥပမာအခြေခံလူ့ အခွင့်အရေးများကို
လေးစားရန်ဆော်သြခြင်း၊အရေးပေါ်ဆေးဝါး၊စားနပ်ရိက္ခာထောက်ပံ့မှုရစေရန် စီစဉ်ပေးခြင်း။ ကစ်တီမက်ကင်ဆေး၏
အပြောနှင့် ဘင်္ဂလားဒက်ရှ်အစိုးရ၏ပြုမူပုံတို့ ကိုအကဲခပ်ရလျှင်မြန်မာနိုင်ငံသည် ဤပြဿနာကို ဤနှစ်နေရာစလုံးမှအကူအညီရဖို့ နည်းသည်။


ဘင်္ဂလားဒက်ရှ်ကဒီလူတွေသူတို့ နိုင်ငံသားမဟုတ်ဟု ပြတ်ပြတ်သားသားငြင်းယုံမက သူတို့  ဆီပြန်ပြေးသောမိန်းမများနှင့် ခလေးများပါသော
လှေများကိုပင်လယ်ထဲပြန်တွန်းလွှတ်ခဲ့သည်။(သမတဦးသိန်းစိန်၏ဘင်္ဂလားဒက်ရှ်ခရီးစဉ်ကိုလည်းရွှေ့ ဆိုင်းထားသည်။)
ထို့ ကြောင့်မြန်မာအဖို့ အဓိကအားဖြင့်မိမိတစ်ဦးထည်းသာဖြေရှင်းရဖို့ များနေသည်။UN ထံမှအလွန်ဆုံးအားဖြင့်နိုင်ငံမဲ့လူသားများ

(stateless persons) အားWFP ကိုစားနပ် ရိက္ခာဆက်လက်ထောက်ပံ့ခိုင်းတာလောက်သာလက်တွေ့ ကျကျမျှော်လင့်နိုင်မည်။ ခိုင်လုံသောသက်သေအထောက်အထားများမရှိပါကတရားမ၀င်ရောက်လာသူများ(illegal migrants) အဖြစ်တော့သတ်မှတ်နိုင်မည်။

သူတို့ ကိုထိမ်းသိမ်းရေးစခန်းimmigration detention centers - IDC) များတွင်ထည့်ထားနိုင်သည်။ ထိုင်းနိုင်ငံကဤအတိုင်းဆောင်ရွက်နေသည်မှာကြာပြီ။ထို့ နောက်တရားရုံးပို့ ၍ပြစ်ဒဏ်စီရင်နိုင်သည်။ ရိုဟင်ဂျာများကို

အသိအမှတ်ပြုခဲ့ဘူးသော ဦးနုအစိုးရသည်ပင် မူဂျာဟစ်သူပုန်များကို ထောင်ဒဏ်စီရင်၍နှစ်စေ့သောအခါ သူတို့ ၏
မူရင်းနိုင်ငံဖြစ်သော အရှေ့ ပါကစ္စတန်(ယ္ခုဘင်္ဂလားဒက်ရှ်)ကလက်မခံသဖြင့် ထိုသူများသေကုန်သည်အထိ(အင်းစိန်)ထောင်ထဲမှာ
ပင်ထိမ်းသိမ်းထားခဲ့ဘူးသည်။အစိုးရသစ်အနေဖြင့် ဦးနုအစိုးရလုပ်ခဲ့သည့် နမူနာအတိုင်း ခိုးဝင်လာကြောင်းထင်ရှားသူများကို
နစ်ရှည်ထောင်ဒဏ်စီရင်မည်ဆိုလျှင် အချက် ၂ချက်ကို အကောင်အထည်ဖေါ်နိုင်လိမ့်မည်။
(က) မယားအများယူသည့်ဓလေ့ရှိသူများကိုနှစ်ရှည်ထောင်ထည်းထည့်ထားသဖြင့် လူဦးရေထိမ်းချုပ်ရေးကို
တနည်းတလမ်းအားဖြင့်ဆောင်ရွက်ရာကျသည်။
(ခ) ထောင်ထည်းတွင်နှစ်ရှည်နေရစဉ်အတွင်းပြန်စရာတိုင်းပြည်မရှိသည့်အတူတူ -
မြန်မာနိုင်ငံသားပြုရေးသင်တန်းအဆင့်ဆင့် (Myanmarization) ကိုဖြတ်သန်းစေပြီးနိုင်ငံ သားစာမေးပွဲအဆင့်ဆင့်အောင်မြင်လာသူ
တစ်ဦး ချင်းကိုဆန်းစစ်၍ပြစ်ဒဏ်ကျခံကာလ လွန်မြောက်သောအခါနိုင်ငံသားအဖြစ်လက်ခံရေးဘုတ်အဖွဲ့ သို့ ထောက်ခံတင်ပြသင့်သည်။ (လက်ခံနိုင်မည့်အဆင့်မှာနိုင်ငံသားမြန်မာမူဆလင်များ၏ယဉ်ကျေးမှုအဆင့်အတန်းကိုဆိုလိုသည်)
ပြင်သစ်နိုင်ငံတွင်ထိုအလေ့အကျင့်ကို Positive discrimination ဟုအမည်တပ်သည်။ နိုင်ငံသားဖြစ်လာသောခိုးဝင်လာသူသည်
အချက်သုံးချက်ဖြည့်ဆီးရသည်။
(၁) ပြင်သစ်ဘာသာစကားပြော-ရေး-ဖတ်အသုံးလုံးကျွမ်းကျင်ရေး -
(၂) ပြင်သစ်ယဉ်ကျေးမှု (French Culture) ကိုခံယူနိုင်ခြင်း -
(၃) ပြင်သစ်နိုင်ငံကိုသင်အကျိုးပြုနိုင်သောအချက်အနည်းဆုံးတစ်ချက်(at least one contribution/offer to France)


ထိုနမူနာကိုယူမည်ဆိုလျှင် မြန်မာနိုင်ငံသားဖြစ်လိုသူခိုးဝင်လာသည့် ဘင်္ဂလီများထံမှပြစ်ဒဏ်ကာလပြီးဆုံးလျှင် အနည်းဆုံး
ပထမ (၂) ချက်ကိုဖြည့်ဆီးရန် သတ်မှတ်သင့်သည်။ မည်သို့ ဖြစ်စေအချိန်ကြာလာသည်နှင့်အမျှ လူသားချင်းစာနာရေး
မျက်နှာစာဘက်(humanitarian aspect) ကပို၍ မီးမောင်းထိုးပြတာခံလာရလျှင်ပြဿနာ၏ မူလဇစ်မြစ်ပျောက်ကာနိုင်ငံတကာမှ
သတင်းဖတ်ပရိဿတ်၏ အပေါ်ယံအမြင်တွင်မြန်မာနိုင်ငံအပေါ်၌သာအပြစ်မြင်လာနိုင်သည်။ ဇွန်လအတွင်းဖြစ်ခဲ့သောပဋိပက္ခကို

ယခုအခါ ထိမ်းချုပ်ထားနိုင်ပြီဖြစ်သော်လည်းနောက် ဆက်တွဲ အခြေအနေသစ်တစ်ခုမှာ ဒေသခံရခိုင်တိုင်းရင်းသားများက
သူတို့ နှင့်ယခင်က လိုရောထွေးယှက်တင်မနေလိုကြတော့သလို အုပ်ချုပ်ရေးပိုင်းကလည်း အုပ်ချုပ်ရေးအမြင်အရ
သဘောတူပေးသဖြင့်သတ်သတ်စီနေစေခြင်း (segregation) ဖြစ်သွားပြီဖြစ်သည်။ ဤအချက်သည် နောက်ထပ်
သွေးထွက်သံယိုဖြစ်မည့်အရေးကို တားဆီးရာရောက်သဖြင့် ကောင်းသလိုလိုရှိသော်လည်း“ရိုဟင်ဂျာ” တွေကိုလက်တွေ့ 
အရသူတို့ တောင်းနေသောသီးသန့် နယ်မြေတွေပေးလိုက်သလိုဖြစ်နေလျှင်ဟန်မကျပေ။ အထူးသဖြင့်သူတို့ နေရာသို့ 
ရခိုင်/မြန်မာပညာရေး၊ကျမ္မာရေးဝန်ထမ်းတွေမသွားလိုတော့ခြင်း၊ယခင်သူတို့ နှင့် အတူတူရောနှောနေထိုင်သော ဒေသခံရခိုင်များ
ပြောင်းပြေးကုန်ကြခြင်းတို့ က ဤအချက်ကိုပိုဆိုးစေလိမ့်မည်။ တနည်းနည်းဖြင့်တန်ပြန်ကုစားမှဖြစ်လိမ့်မည်။

ရသေ့တောင်မှ ရခိုင်လူမျိုးဆယ်ဦးအသတ်ခံရခြင်းသည် သာမန်လက်စားချေမှုဟုယူဆနိုင်သလို တခြားအဓိပ္ပါယ်လည်းရှိနိုင်သည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ကျောက်တော်၊ မြို့ နယ်လေးခုသည် ဦးနုအစိုးရလက်ထက်က “ရိုဟင်ဂျာတိုင်းရင်းသား”
အများစုနေထိုင်ကြရာမေယုနယ်ခြားခရိုင် (Mayu Frontier District) အဖြစ်ပြဌန်း သတ်မှတ်ပေးခဲ့သည်ကို
မမေ့ကြသေးဟန်တူသည်။ ထို့ ကြောင့်အလစ်ချောင်း၍ တစ်ဦးချင်းတစ်ယောက်ချင်း၍ သတ်ဖြတ်တာတွေ၊ရေတွင်းရေကန်တွေ
အဆိပ်ခပ်တာတွေဆက်လုပ်နေနိုင်သည်။ လူငယ်ကလေးတွေကိုဗုဒ္ဓဘာသာရဟန်းတော်ယောင်ဆောင်၍ ဘုန်းကြီးကျောင်းတွေဆီ
ချဉ်းကပ်ခိုင်းနေသည်။ အယုံသွင်း၍မီးရှို့ ရန်ဟုယူဆစရာရှိသည်။ နတ်မြစ်ထည်းတွင်မူမြန်မာရေတပ်သင်္ဘောကိုပင် ပစ်ခတ်ခုခံကြောင်းသိရသည်။
ရခိုင်လူထုက အသေအချာယုံကြည်နေသည်မှာ ဤအပြု အမူများအားလုံးပေါင်းကြည့်ပါက သဘာဝအလျှောက်ဖြစ်သော
လက်စားချေမှုများ မဟုတ်တော့ဘဲနောက်ကွယ်ရှိအဖွဲ့ အစည်း တစ်ခုခုကရည်ရွယ်ချက်တစ်ခုခုကိုအကောင်အထည်ဖေါ်ရန်စေခိုင်းနေသည်
ဟုဖြစ်သည်။

နောက်ဆက်တွဲအားဖြင့် မောင်တောနှင့်ဘူးသီးတောင်မှ ရခိုင်များစစ်တွေသို့ ပြောင်းပြေးကြတာကလည်း
သူတို့ ရည်ရွယ်ချက် တစုံတရာအောင်မြင်သလိုဖြစ်နေသည်။ တဘက်တွင်မူနိုင်ငံသားများ သည်မိမိတို့ အသက်အိုးအိမ်
လုံခြုံရေးအတွက်နိုင်ငံတော်အစိုးရကို အားကိုးမနေရဲတော့ သည့်အဖြစ်မှာသိက္ခာကျစရာကြီးဖြစ်နေသည်ကို အတိုင်းသားမြင်နေရသည်။
ယခုနောက်ဆုံးအကြိမ်ဖြစ်သည့် ပဋိပက္ခကြောင့်ဒေသခံများက အစားအသောက်မရောင်းချဘဲ သပိတ်မှောက် (boycott)
ဆန်ရှင်လုပ်သဖြင့် သူတို့ ၏စားနပ်ရိက္ခာပြဿနာကို WFP စသော NGO များကတာဝန်ယူနေသဖြင့် မောင်တောဒေသသည်
မြန်မာနိုင်ငံ၏ဂါဇာကမ်းမြောင်ဒေသဖြစ်လာနိုင်သည်။ ဤသို့ ဖြစ်လာလျှင်နိုင်ငံတကာ - အထူးသဖြင့် INGO များ၏
ဝင်ရောက်စွတ်ဖက်မှုကို တားဆီးပိတ်ပင်မထားနိုင်။ ယခုထက်ပို၍စွက်ဖက်ခံရလာနိုင်ဘွယ်ရာသာရှိသည်။ အစိုးရက
ဖမ်းဆီး၍ရုံးတင်စစ်ဆေးမည့် UN/NGO ၀န်ထမ်း ၁၂ ဦးအားသူတို့ ဘာကြောင့်ဖမ်း ဆီးခံထားရသည့်အချက်ကို
မစုံစမ်းဘဲလွှတ်ပေးရန်သာ တောင်းဆိုနေကြမှုကိုကြည့်လျှင်မြန်မာ အစိုးရနှင့်ဒေသခံတိုင်းရင်းသားများဘက်က လွန်သည်
ဟူသောကြိုတင်မှတ်ယူချက် (presumptions ပြည်ပတွင်မည်မျှအားကောင်းသည်ကိုသိနိုင်သည်။

မြန်မာအစိုးရက “ရိုဟင်ဂျာ”များသည်နိုင်ငံသားများမဟုတ်ကြောင်း၊ ချွင်းချက်အားဖြင့်၁၉၄၈ခုနှစ် မတိုင်မီကရောက်နှင့်နေသူများမှ
မွေးဖွားသောသူများ၏ မြေးမျိုးဆက်ကို နိုင်ငံသားအဖြစ်ကန့့် သတ်၍ လက်ခံမည်ဟုအတိအလင်းပြောထားသည်။ ရှေ့ နှစ်တွင်
ကုလသမဂ္ဂအကူအညီဖြင့်ပြုလုပ်မည့်သန်းခေါင် စာရင်းကောက်(nationwide census) လျှင်ဤလူရှစ်သိန်းထည်းမှသုံးပုံတစ်ပုံသို့ မဟုတ်
လေးပုံတစ်ပုံ လောက်နိုင်ငံမဲ့လူသားများအဖြစ်ပေါ်ထွက်လာနိုင် ချေရှိနေသည်။ နယူးယောက်၊ လန်ဒန်၊ ကိုင်ရို၊ ဒါကာ၊ ဘန်ကောက်၊
ကွာလာလန်ပူ၊ ဂျာကာတာစသောကမ္ဘာ့မြို့ ကြီးများတွင် ရိုဟင်ဂျာတွေဘက်က ဆန္ဒပြသူတွေထဲတွင်မြန်မာနိုင်ငံပေါ်
ဂျီဟတ်(ဘာသာရေးစစ်ပွဲ)လုပ်ရန်ကြုံးဝါးနေသူတွေပါ သည်။ လူ ၂၀၀ ကျော်သေ၍ ၂၄၀ ဒဏ်ရာရသော ဘာလီဗုံးခွဲတိုက်ခိုက်မှု

Bali Bombing - 2002 ကိုပြန်ကြည့်လျှင်ဤချိမ်းချောက်မှုမျိုးကိုလျှော့တွက်မထားသင့်။
ထို့ ကြောင့်မြန်မာနိုင်ငံအနေဖြင့် ဤအရေးကို အမျိုးသားလုံခြုံရေးကိုရေရှည်ချိမ်းချောက်နေမည့် ပြဿနာတစ်ခု
(A long-term national security threat) အဖြစ်သတ်မှတ်ကြေငြာ၍ မဟာဗျူဟာတစ်ခုချမှတ်ရန်လိုအပ်နေသည်။ ဤပြင်ဆင်မှုထဲ
တွင်နိုင်ငံတကာ ဘာသာရေးစစ်ပွဲချိမ်းချောက်မှု၊ဆင်နွှဲမှုမှုများကိုလက်တွေ့  ရင်ဆိုင်ဖြေရှင်းနေသောအတွေ့ အကြုံရှိပြီးသားနိုင်ငံများ
(အစ္စရေး၊ USA ၊ ရပ်ရှင်ဖက်ဒရေးရှင်း) ထံမှလေ့လာစရာရှိသည်များ ကြိုတင်လေ့လာထားဘို့ လိုသည်။ ကျွန်ုပ်တို့ ဘက်က စလိုက်သောပြဿနာမဟုတ်သော်လည်း ရှောင်လွှဲ၍မရတော့သည့် အတွက်အပြည့်စုံဆုံးပြင်ဆင်ထားသင့်သည်။

ဤမဟာဗျူဟာတွင် အောက်ပါအချက်များ (elements) ပါဝင်သင့်ပါသည်။
(၁) ဤအရေးကိုအစိုးရတစ်ဦးတည်းက ဆောင်ရွက်ရမည့်၊ ဆောင်ရွက်ခွင့်ရှိသည့် -
အထူးသဖြင့် ပြည်ထောင်စုအစိုးရတစ်ခုတည်း၏ ကိစ္စအဖြစ်မသတ်မှတ်ဘဲ -
(ဆိုလိုသည်မှာကာ/လုံအဖွဲ့ တစ်ခု တည်းကကိုင်တွယ်မနေဘဲ) ပြည်ထောင်စုလွှတ်တော်ကို တင်ပြ၍ဆုံးဖြတ်ချက်တွေရယူထားဖို့ လိုမည်။
(with the approval/resolution of the legislative branch)

(၂) ထို့ မျှသာမကပြည်ထောင်စုတစ်ခုလုံးရှိလူထု၊လူတန်းစားအားလုံးကို တပ်လှန့် (mobilize) ကာ
တိုင်းပြည် လူထုပါဝင်နိုင်သောကဏ္ဍ ဖန်တီးပေးရမည်။ တိုင်းပြည်လူထုထောက်ခံမှုရထားသော issue တစ်ခုသည်
Public Relations aspect အလွန်ကောင်းပါသည်။

(၃) ပြဿနာ၏ ၀န်မခံသောမူလအရင်းခံဖြစ်သော တဘက်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု
ရလာအောင် အဆုံးစွန်နည်းလမ်းများအထိ အားကိုး၍ဖြေရှင်းရဖို့ ဖြစ်လာကောင်းဖြစ်လာနိုင်သည်။ အင်အားချင်းမတိမ်းမယိမ်း
အိမ်နီးချင်းနိုင်ငံ၂ခုအကြား မည့်သည့်ဘက်ကမှ အလျှော့မပေးနိုင် သောပြဿနာတစ်ခုသည် အင်အားသုံးကြသည်
အထိရှေးရှုသွားတတ်သည်။ နှစ်နိုင်ငံကန့် သတ်စစ်ပွဲတစ်ခုဖြစ်လာနိုင်သည့် အဆုံးစွန်အလားအလာ

(the extreme scenario of a limited inter-state war) အထိကို ပါထည့်တွက်ထားရမည်။

(၄) ပြည်ထောင်စုတ၀ှမ်းလုံးတွင် ရှိနိုင်ငံသားမြန်မာမူဆလင်များအား ယခုကိစ္စကို တရားမ၀င်လူဝင်မှုပြဿနာအဖြစ်နှင့်သာ
မြင်ကြဘို့ (ဘာသာရေးနှင့်မပါတ်သက်) လွပ်လပ်ရေးရချိန်ကစ၍ တည်ဆောက်ရရှိထားပြီးသား မိမိတို့ နှင့်အခြားဘာသာဝင်
တိုင်းရင်းသားညီအစ်ကိုများစည်း လုံးညီညွတ်နေမှု၊ ရင်းနှီးကြွမ်းဝင်နေမှုမပျက်စီးရေးကိုဦးစားပေးဘို့ -ကန့် ထားနိုင်ရေး -
ရခိုင်ပြည်နယ်တွင်ရှိပြီးသား မူဆလင်ဘာသာဝင် ကမန်လူမျိုးများနှင့် ရခိုင်များသွေးစည်းချစ်ကြည်မှု ယခင်ကထက်ပို၍
ဖေါ်ဆောင်ရေး- သူတို့ အားဘင်္ဂလီများနှင့်မှားယွင်းကာ မတိုက်ခိုက်မိရေးအထူးသတိပြုရန်။
(ကြောက်လန့် ၍ထွက်ပြေးသောအစ္စလမ်ဘာသာဝင်စစ်တွေတက္ကသိုလ် မှဆရာမရေနစ် သေဆုံးခြင်းအတွက်
သူမ၏ရခိုင်တပည့်များက၀မ်းနည်းကြောင်း အခမ်းအနားတစ်ခုလုပ်သင့်သည်။)


(၅) နိုင်ငံတကာနှင့် ကုလသမဂ္ဂမျက်နှာစာ ရိုဟင်ဂျာအဖွဲ့ အစည်းများ၍ပြဿနာကို ပုံဖျက်၍တင်ပြနေခြင်း (issue distortion) ကို
သံတမန်ရေးရာ၊ သတင်းနှင့်ပြန်ကြားရေးမျက်နှာစာများမှ ထိထိရောက်ရောက် တန်ပြန်နိုင်ရေး။ Anti-Islam မဟုတ်။
anti-Bangali invasion ဖြစ်ကြောင်းကမ္ဘာ့ကအမှန်အတိုင်းကျယ်ပြန့် စွာသိအောင်နည်းလမ်းရှိသမျှလုပ်ဆောင်ရန်

(၆) မိမိဘက်က အားနည်းချက်ကြီးဖြစ်နေသော အစိုးရယန္တယား အကျင့်ပျက်လာဘ်စားမှုကြောင့် ဖြစ်ပေါ်လာမည့်
ယိုပေါက်ဟာပေါက်များကို ဆက်လက်၍သီးမခံတော့ဘဲ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ရေး -
(Zero tolerance and stringent measures against corruptions and performance incompetence by officials)
အထူးသဖြင့် စစ်တပ်ကို အုပ်ချုပ်ရေးတာဝန်ပေးနေခြင်းကို ရပ်ဆိုင်းရန်-

စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ထားသောဧရိယာများတွင်ပင် စစ်တပ်ကို အရပ်သားအုပ်ချုပ်ရေးအာဏာ၏ အထောက်အကူ
(aid to civil power) သဘောတရားဖြင့်သာကျင့်သုံးရန်။ သို့ မှသာအကြီးစားလာဘ်စားမှုကြီး များကိုရပ်နိုင်လိမ့်မည်။

(၇) နိုင်ငံပိုင်နက်ရေပြင်တွင် ရေတပ်မတော် (Navy) - ကုန်းပေါ်တွင်နယ်ခြားစောင့်တပ် (Border guard) နှင့်ပြည်သူပြည်သားများ၏
အပျော်ထမ်းတပ် (citizen volunteer corps) များဖွဲ့ စည်းလေ့ကျင့်ပေး၍အသုံးပြုရန်၊ မရှိသေးသည့်တပ်ဖွဲ့ အမျိုးအစားများ
ဖွဲ့ စည်းပေးရန်ပြည်သူလူထု ကိုယုံယုံကြည်ကြည်တာဝန်အပ်နှင်းရန် -

(၈) စည်းမဲ့ကမ်းမဲ့တရားလွန်လူဦးရေတိုးပွားနေမှုကို ထိထိရောက်ရောက်ထိမ်းချုပ်ရန်၊မိသားတစ်စု လျှင်သားသမီး ၂ယောက်နှုံး

(replacement rate)အစီအစဉ်ကိုတင်းတင်း ကြပ်ကြပ်အကောင်အထည်ဖေါ်ရန် ၊ လူဦးရေတရားလွန်တိုးပွားစေသော မိသားစုပုံစံ
(polygamy) ကိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်း လက်မခံဘဲပြင်းပြင်းထန်ထန်တိုက်ဖျက်ရန်၊ ဤအချက်မအောင်မြင်လျှင်
နောက်အနှစ် ၂၀ အတွင်း ရခိုင်ပြည်နယ်တွင်ရခိုင်တွေ ကျိမ်းသေလူနည်းစုဖြစ်လာလိမ့်မည်။ လူဦးရေတိုးနှုံးသည် ဂျီပီကိန်းစဉ်အရ

(Geometrical progression) တိုးပွားသည်။

(၉) ဘင်္ဂလီများခိုးဝင်နေမှုကို မြန်မာနိုင်ငံနည်းတူ ရင်ဆိုင်နေရသော အိန္ဒိယနိုင်ငံ၏ လက်တွေ့ ကျကျ ရင်ဆိုင်ဖြေရှင်းနည်းများကို
လေ့လာအတုယူရန်။ ဤအချက်ကိုလည်း မလစ်ဟင်းသင့်။ အိန္ဒိယသို့ လေ့ လာရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်သင့်ပါသည်။
[အိန္ဒိယက ကာထားသောဘင်္ဂလားဒက်ရှ်နယ်စပ်ခြံစည်းရိုးနှင့် မြန်မာကကာထားသောနယ်စပ်ခြံစည်းရိုးချင်းနှိုင်းကြည့်သောအခါ
မြန်မာဘက်ကကာထားသောခြံစည်းရိုးမှာရယ်စရာ (joke) ဖြစ်နေသည်။]

(၁၀) ဒေသခံလူထုများ၏အကြံဉာဏ်များ၊ ကြိုတင်သတိပေးချက်များ (local public inputs such as suggestions and alerts) ကို
အလေးအနက်ထား လက်ခံစီစစ်၍အလျှင်အမြန် (fast-track) ဆောင်ရွက်ခြင်း ကိုဝန်ထမ်းယန္တယား လာဘ်စားမှုနှိမ်နင်းခြင်းနှင့်အတူ
ယှဉ်တွဲ၍ကျင့်သုံးသင့်သည်။

(၁၁) အဆုံးသပ်အားဖြင့် လူကိုလူတံတိုင်းဖြင့်ကာဆီးထားရန်ဖြစ်သည်။ ဤအချက်ကိုအစိုးရကမသိမဟုတ်။ အကောင်အထည်ပင်စ၍ဖေါ်ထားပြီဖြစ်သည်
(န-တ-လ ရွာများ)။ သို့ သော်ဘဏ္ဍာရေးအင်အား မလုံလောက်ခြင်း၊ အခြားပို၍အရေးကြီးသောနိုင်ငံရေးပြဿနာများကိုသာ
အမြဲတမ်းဦးစားပေးဖြေရှင်း နေရခြင်းတို့ ကြောင့် ပစ်ထားသလောက်နီးနီးဖြစ်ခဲ့ရသည်။ယခုအခြားကိစ္စအားလုံးကိုကျော်၍
ထိပ်တန်းဦးစားပေး၍ဆောင်ရွက်ရန်။

(၁၂) ရခိုင်ဒေသရှိဘင်္ဂလီများကို မြန်မာအစိုးရ၏ဆန္ဒအတိုင်းတတိယနိုင်ငံများသို့ ပြောင်းရွှေ့ စေရေးကိုUN ကလက်ရှိအနေအထား၌
မကူညီနိုင်ကြောင်းသိထားရသည့်အတွက် စဉ်းစားစရာ ၂ ချက်ရှိလာသည်။ပထမအချက်မှာ လက်ရှိအနေအထားတွင် UNHCRက
မကူညီနိုင်လျှင်ကူညီရတော့မည့်အနေအထား ဆိုက်ရောက်လာသည်အထိဖန်တီးပေးရမလား - ဟူသောမေးခွန်း နှင့် -ဒုတိယအချက်မှာ
UNHCR မပါဘဲ မိမိအစီအစဉ်ဖြင့် ဘာတွေလုပ်နိုင်သနည်းဆိုသည့်မေးခွန်းဖြစ်သည်။ ဒုတိယမေးခွန်း အတွက်ပေးလိုသော အဖြေတစ်ခုမှာ
ရခိုင်ပြည်နယ် - အထူးသဖြင့်ဘူးသီးတောင် မောင်တောတွင်စုခဲနေသည့်ဘင်္ဂလီများကိုပြည်ထောင်စု၏တိုင်းဒေသကြီး (၇) ခုသို့ 
လူစုခွဲ၍ရွှေ့ ပြောင်းထိမ်းသိမ်းခြင်းဖြင့်သီးသန့် နယ်မြေစိတ်ကူး ယဉ်မှုကိုဖျက်သိမ်းပစ်ရန်ဖြစ်ပါသည်။

- - - - - - - - - - - - - - - - - ထပ်ဖြည့်ရှင်းလင်းချက် - - - - - - - - - - - - - - - - - - - - - -

(ဤအစီအစဉ်ကို ရိုဟင်ဂျာဆိုသူတို့ အားတရားဝင်နေရာချထားပေးခြင်းဟု ယူဆရန်မဟုတ်၊ လတ်တလောမောင်တောဒေသတွင်
သူတို့ သီးသန့် သဘောစုခဲနေခြင်းကိုဖျက်သိမ်းရန်၊ သို့ မှသာ --
(၁) ရခိုင်နာမည်ရှိမြို့ ရွာများ၌ရခိုင်မရှိကြတော့သည့်အဖြစ်ကိုရပ်တန့် နိုင်ကာ ဒေသခံတိုင်းရင်းသားတွေပြန်၍ နေနိုင်ကြလိမ့်မည်ဖြစ်သည်။

(၂) သံဆူးကြိုးတံတိုင်း၊ လူတံတိုင်းကာထားသည့်တိုင် မိမိဘက်ခြမ်းမှာသူတို့ လူခံရှိနေသရွေ့ တနည်းနည်းဖြင့်ခိုးဝင်နိုင်သေးသည်။
(မိမိ၏ "အတွင်းရန်"ဖြစ်သောလာဘ်စားမည့်ဝန်ထမ်းစုကလည်းမည်မျှနှိမ်နင်းသည်ဖြစ်စေဆက်လက်၍အမျိုးသားအရေးကိုသစ္စာဖေါက်နေဦးမည်။)-


(၃) တိုင်းဒေသကြီးများတွင်သူတို့ အတွက်မြို့ ရွာသစ်ထူထောင်ပေးခြင်းမဟုတ်။ လူစီစစ်ရေး (screening)အတွက်ရေရှည်ထိမ်းသိမ်းရေးစခန်း
(immigration detention center - IDC) များ ဆောက်၍ထိမ်းသိမ်းထားရန်ဖြစ်သည်။-

(၄) IDC များသည်ထောင်မဟုတ်သည့်အတွက်မိသားစုများကိုခွဲထုတ်ရန်မသင့်၊သို့ သော် လူဦးရေတိုးပွားခြင်းထိမ်းချုပ်မှုအစီအစဉ်ကို
ဤအဆင့်တွင်စတင်၍ထိထိရောက်ရောက်ကျင့်သုံးနိုင်မည်။ တိုင်းပြည်၏အတွင်းပိုင်းဒေသများသို့ ရွှေ့ ပစ်သည့်အတွက်
WFP, UNICEF စသော INGO များ၏ ပြုမူဆောင်ရွက်ပုံကိုလည်းနယ်စပ်ဒေသမှာထက်ပို၍ထိထိရောက်ရောက်စောင့်ကြည့်နိုင်မည်။-

(၅) ပြည်ပကျူးကျော်ဝင်ရောက်မှုကိုဖျက်သိမ်းရာတွင်နေရာရွှေ့ ပစ်သည့်နည်းကိုမလွှဲမရှောင်သာကျင့်သုံးခဲ့သောသမိုင်းသက်သေရှိသည်။ အနောက်ဘက်လွန်မင်းမဟာဓမ္မရာဇာဓိပတိ သည်ငဇင်ကာခေါ်ဖိလစ်ဒီဘရစ်တိုအားသုတ်သင်ပြီးနောက်သူ့ နောက်လိုက်ပေါ်တူဂီစစ်သား မိသားစုများကိုသံလျှင်ဒေသမှရွှေဘို၏အထက်ကအမြင့်ငါးမြို့ တွင်ပြန်လည်နေရာချထားပေးခဲ့သည်။သူတို့ ၏ ဘရင်ဂျီဘာသာကိုလည်း
လွပ်လပ်စွာကိုးကွယ်ခွင့်ပြုခဲ့သည်။

- - - - - - - - - - -- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - --

အပြစ်မဲ့သူများနှင့် အပြစ်ရှိသောလူဆိုးများကို ပြဿနာအသစ်များ ထပ်မဖြစ်ခင် အချိန်မှီစီမံချက်များဖြင့် ကြိုတင်ဖေါ်ထုတ်၍ခွဲခြားထားရန်
(ဥပမာသင်္ကန်းဝတ်ယောင်ဆောင်သောဘင်္ဂလီများ)-
ခလေးနှင့်လူငယ်များကိုပျိုးထောင်ပေးမည့်ပြည်တွင်းမြန်မာမူဆလင် sponsor များရှာဖွေပေးခြင်း-

ပြည်ပsponsorsများရနိုင်ရန် OIS အစ္စလမ်နိုင်ငံများအကူအညီရယူ၍ ရှာဖွေခြင်းနိုင်ငံသားပြုပေးနိုင် မည့် သတ်မှတ်ချက်များနှင့်
ပြည့်စုံသူများကိုနိုင်ငံသားပြုပေး၍ ကျန်လူများနှင့်အမြန်ခွဲထုတ်ရန် - ()()(()

“ကုလားအရေးကို ဓါးမသွေးလောက်” ဟု မျိုးချစ်မြန်မာစာဆိုတော်ကြီးသခင် ကိုယ်တော်မှိုင်းက
လေးချိုးကြီးတစ်ပုဒ်ထဲတွင် ထည့်သွင်းစပ်ဆိုခဲ့ဘူးသည်။ အဘိုးတို့ ခေတ်မျိုးမဟုတ်တော့ပါ။
တံတားအောက်တွင် ရေတွေအများကြီး စီးဆင်းသွားခဲ့ပြီဖြစ်သည်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများခိုးဝင်နေမှုသည် လက်ရုံးရည်နှင့်
ဖြေရှင်းရမည့်ကိစ္စ မဟုတ်ဟုမဆိုလိုသော်လည်း လက်ရုံးရည်ထက် နှလုံးရည်ကိုပို၍ အသုံးချတတ်မှ ကိစ္စပြတ်မည့်သဘောရှိသည်။
ဤပြဿနာသည် အနောက်အခြေစိုက်ရိုဟင်ဂျာအဖွဲ့ အစည်းတွေက ပုံဖေါ် နေသလို(ဗုဒ္ဓဘာသာ)လူများစုနှင့်(မူဆလင်)လူနည်းစုပြဿနာမဟုတ်။
တရားမ၀င် လူဝင်မှုပြဿနာသာဖြစ်သည်။ ယခုအဆင့်အထိ မြန်မာအစိုးရသစ်ဘက်က အမှားအယွင်းကြီးကြီးမားမားမရှိ။
ဦးသိန်းစိန်အစိုးရသည် လွပ်လပ်ရေးခေတ်ဦးမှစ၍ ယခင်အစိုးရအဆက်ဆက်က ပြီးပြတ်အောင်မဖြေရှင်းဘဲ ချန်ထားရစ်သော
ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲမှ တစ်ခုကိုရင်ဆိုင်ရခြင်းသာဖြစ်သည်။ အခြားပြဿနာများနှင့်မတူသည်မှာ အခြားပြဿနာများသည်
အချိန်၏တိုက်စားမှုကြောင့် သူ့ အလိုလိုအထိုက်အလျှောက် သေးငယ်သွားတတ်ကြသော်လည်း ယခုပြဿနာကား
အချိန်ကြာလေ ပို၍ကြီးလာလေလေသာ ဖြစ်လိမ့်မည်။တိုင်းရင်းသား ညီအစ်ကိုများအကြားပြည်တွင်းစစ်ကို ဇွဲကောင်းကောင်းနှင့်
သဲကြီးမဲကြီးတိုက်နေပြီး ဂျီဟတ်တွေနှင့် ရင်ဆိုင်ရာ၌ပြော့စိစိဖြစ်နေလျှင် ပြည်သူတွေဒေါသူပုန်ထကုန်ကြလိမ့်မည်။

မြန်မာသံတော်ဆင့်

https://www.facebook.com/new.myanmar.foundation/posts/505439626138306

0 ကွန်မန့်ရေးရန်:

Post a Comment