လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ တို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ၃ ဦးက မီဒီယာများနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အားဖြည့်တင်းရန်စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတုကိုင်ဆောင်ထားသူများတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မများဖြင့် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနခန်းမတွင် ဇူလိုင်(၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကြခြင်းဖြစ်သည်။
Popular Myanmar News Journal
ဓါတ်ပုံ - Popular Myanmar News Journal
1 ကွန်မန့်ရေးရန်:
myanma.arunthit@gmail.com
Post a Comment