ဇူလိုင်လ (၉)ရက်နေ့ က သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့် မွန်းလွဲပိုင်း လွှတ်တော်အစည်းအဝေး များ ခေတ္တနား ချိန်တွင် တွေ့ဆုံခဲ့စဉ် |
ဇူလိုင် ၁၃ ရက်နေ့တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် အရေးကြီး အဆိုအဖြစ် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနုဝါက တင်သွင်းခဲ့သည့် "ခတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ဖော်ဆောင် လျက်ရှိသည့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု အဟန့်အတားများ ကို ဆောင်ရွက်နိုင်သူ မည်သူမဆို မည့်သည့်နည်းလမ်းကို မဆို အသုံးပြု၍ ညှိနှိုင်းဆောင်ရွက်ပေးရန်" အဆိုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း သို့တွေ့ဆုံခြင်း နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် တက်ရောက်လျက်ရှိသည့် လှည်းကူး မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ကို ရန်ကုန်တိုင်း(မ်) ဂျာနယ်မှ မေးမြန်းရာ
"အန်တီ(ဒေါ်အောင်ဆန်းစုကြည်) နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ တွေ့ဆုံတဲ့ အကြောင်းအရင်းကတော့ ဒီနေ့ တင်သွင်းတဲ့ အရေးကြီးအဆိုက ကျွန်တော်တို့ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတယ် ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလွှတ်တော်ကို ရောက်ရှိလာတာက ပူးပေါင်းဆောင်ရွက်ဖို့ပါ ၊ နိုင်ငံရေးကစားကွက်ထဲကို လာတာမဟုတ်ပါဘူး ။ဒီလိုအရေးကြီး အဆိုအဖြစ်တင်သွင်းပြီးတော့ ပိတ်ဆို့မှုကိုထောက်ခံလား ၊ ကန့်ကွက်လား yes or no မေးခွန်းမျိုးနဲ့ နိုင်ငံရေးချောင်ပိတ်ခံ ရသလိုဖြစ်နေပါတယ်။ ဒီအဆိုက စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံလား ကန့်ကွက်လား ဆိုတဲ့ အဆို ပုံစံမျိုးနဲ့ တင်သွင်းသွားတာပါ၊ အကယ်၍ ကျွန်တော်တို့က ဒီစီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံတယ်ဆိုရင်လည်း အမျိုးသားသစ္စာဖောက်လိုဖြစ်သွား
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့
ဝေမာသိမ့်-Yangon Media Group
0 ကွန်မန့်ရေးရန်:
Post a Comment