Virusများ နှင့် မိတ်ဆက်ခြင်း
Virus ဆိုတာ အခြား programs တွေ ဖိုင်တွေ နဲ့ သူတို့ရဲ့ အပြုအမူတွေကို ကိုယ်တိုင်ပုံတူပွားတဲ့ Program ဖြစ်ပါတယ်။
Viruses တွေကို သူတို့ရဲ့ ဖိုင်တွေ၊ တိုက်ခိုက်တဲ့နည်းလမ်းတွေ ကြည့်ခြင်းအားဖြင့် အောက်ပါအတိုင်း တွေ့ရပါတယ်။
- Boot Viruses
- Program Viruses
- Multipartite Viruses
- Stealth Viruses
- Polymorphic Viruses
- Macro Viruses
- Active X
- FAT(File Allocation Table)
- COM Viruses တို့ပဲဖြစ်ကြပါတယ်။
Viruses အမျိုးအစားခွဲခြားခြင်း
Virusတွေကို သူတို့ရဲ့ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ၃ မျိုးခွဲခြားထားပါတယ်။
(၁) Tiny Virus
(size ၅၀၀ bytes ရဲ့ အောက် )
(၂) Large Virus
(size ၁၅၀၀ bytes ရဲ့ အထက်)
(၃) Other Virus တို့ဖြစ်ပါတယ်။
Virus တစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များ
Virusတစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ကြီးမားသော program ကို loading လုပ်နေရသလို အချိန်ကြာခြင်း၊
- ဖိုင် နဲ့ Folders များကို ဖွင့်ရန် ခက်ခဲခြင်း၊
- ထူးခြားစွာ floppy (သို့) Hard disk မှ အချက်အလက်များကိုလက်ခံနေခြင်း၊
- disk spaceအသုံးပြုမှုတိုးလာခြင်း နဲ့ ဖိုင်အရွယ်အစားများ ကြီးမားလာခြင်း၊
- ပုံမှန်မဟုတ်သော write-protect errors များဖြစ်ခြင်း၊
- ဖိုင်နာမည်များရဲ့ directory list အတွင်းတွင် ထူးခြားသော စာလုံးများပေါ်နေခြင်း၊
- ထူးခြားပြီး မျှော်လင့်မထားသော messagesများတွေ့ရခြင်း၊
- ထူးခြားသော ပုံရိပ်များဖော်ပြနေခြင်း၊
- Programနဲ့ systemတို့ hang သွားခြင်း တို့ပဲဖြစ်ပါတယ်။
Virusesရေးခြင်းအတွက် မရှိမဖြစ်ရှိထားရမယ့် အချက်များ
(၁) assembly language ဗဟုသုတ
- memory management ကို နားလည်ခြင်း၊
- registers ကို နားလည်ခြင်း။
- Pointers ရဲ့ အယူအဆများ
- Function နဲ့ procedure calling
လိုအပ်သော Tool နဲ့ Utilitie များ
(၁) C compiler ( Borland Turbo Assembler (သို့) Borland C++)
(၂) Norton Utilities
(၃) Memory management utilities
- MAPMEM
- PMAP
- MARK/RELEASE
နားလည်လောက်မယ်လို့မျော်လင့်ရပါတယ်။Virusကူးစက်ပုံအဆင့်ဆင့်နဲ့ နည်းလမ်းတွေကို အပိုင်း(၂)မှာ ဆက်လက်ဖော်ပြပေးထားပါတယ်...။
from စိုင်းနက်ရှိုင်း
0 ကွန်မန့်ရေးရန်:
Post a Comment