Photos: The Straits Times, Shin Min Daily News (Singapore)
မေလ ၁၂ရက် ၂၀၁၂ခုနှစ် မနက် ၄ နာရီခန့် တွင် စင်ကာပူနိုင်ငံ Rochor Road and Victoria Street,Bugis ရထားဘူတာနီးတွင် ကမ္ဘာဈေးအကြီးဆုံးစာရင်းဝင် Ferrari (ဖာရာရီ)ပြိုင်ကားအနီရောင်နှင့် Taxi (တက္ကစီအဌားယာဉ်)တို့ ယာဉ်တိုက်မှုဖြစ်သွားပွားခဲ့ပါသည်။ထိုဖြစ်စဉ် Ferrari ယာဉ်မောင်း အသက်၃၁နှစ် ။ တရုတ်စီးပွားရေးသမား တစ်ဦး(အဌားယာဉ်စီးနင်းသူ) နှင့် တက္ကစီယာဉ်မောင်းတို့ အသက်ဆုံးရှုံးခဲ့ရသည်။ထို့အပြင် မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် Ferrari တွင်လိုက်ပါလာသူအမျိုးသမီးတို့လည်း ဦီးခေါင်းနှင့်ခါးတို့တွင်လည်းဒဏ်ရာအပြင်းထန်ရရှိခဲ့သည်။ မျက်မြင်သက်သေများထွက်ဆိုချက်အရ Ferrari ပြိုင်ကာအနီရောင်လေးသည် အရှိန်ြ့ပင်းစွာမောင်းနှင်လာရာ မီးပွိုင့် တွင်တဖက်ယာဉ်ကြောတက္ကစီအကွေ့ တွင် တက္ကစီ၏ခါးအလည်မှဖြတ်တိုက်လိုက်သဖြင့် တက္ကစီကားသည် အဝေးသို့ လွင့်စဉ်သွားပြီး အရှေ့ မှမောင်းနှင်သွားသော မော်တော်ဆိုင်ကယ် သို့ထပ်ဆင့်တိုက်မိခဲ့သည်ဟုဆိုပါသည်။တက္ကစီကား၏ အင်ဂျင်သည် ယာဉ်တိုက်မှုဖြစ်ရာမှ မီတာ ၃၀ အဝေးသို့ လွှင့်စဉ်ပြုတ်ထွက်သွားသည်ဟု မျက်မြင်သက်သေများကဆိုပါသည်။လွန်ခဲ့သော ၁၂ ရက်အတွင်းကလည်း ထိုနေရာတွင် ယာဉ်တိုက်မှုပေါင်း ၆ ခုဖြစ်ပွားခဲ့ပါသည်။
စင်ကာပူရဲများနှင့်ကယ်ဆယ်ရေးအရာရှိများပြောကြားချက်အရ (၁၂-၀၅-၂၀၁၂) မနက် ၄ နာရီ ၁၅ မိနစ်တွင်ယာဉ်တိုက်မှုအကြောင်းကြားမှုလက်ခံရရှိခဲ့သည်။ယာဉ်တိုက်မှုနေရာတွင် င်္င်္Ferrai ယာဉ်မောင်သူနှင့်တက္ကစီယာဉ်မောင်းတို့သည် ယာဉ်တိုက်မှုကြောင့် ကားထဲတွင်ညှပ်ပြီးထိုနေရတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ Ferrari ယာဉ်မောင်းဘေးတွင်လိုက်ပါလာသောအမျိုးသမီးသည်ဦးခေါင်းတွင်ပြင်ထန်သောဒဏ်ရာကြောင့်သတိမေ့နေပြီး တက္ကစီအတွင်းစီးနင်းလိုက်ပါလာသူနှင့်အတူ စင်ကာပုအထွေထွေဆေးရုံကြီး(SGH)သို့ ပို့ဆောင်ခဲ့သည်။ထိုနေ့မနက်တွင် တက္ကစီ စီးနင်းလာသူခရီးသည် သည် အသက်ဆုံရှုံးခဲ့သည်။
တက္ကစီကား၏ထပ်ဆင့်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည် မော်တော်ဆိုင်ကယ်မောင်းသူသည် လည်းခါးတွင်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင်ဆက်လက် ဆေးကုသခံယူနေဆဲဖြစ်သည်။ထို့ နောက် သူတို့အား Tan Tock Seng Hospitalသို့လွှဲပြောင်းပို့ဆောင်ပြီး ဆက်လက်ဆေးကုသမှုခံယူနေသည်။
ထိုဖြစ်စဉ်အားအသေးစိတ်အတိကျသတင်းများရရှိရန်အသစ် စင်ကာပူရဲများမှ ဆက်လက်စုံစမ်းစစ်ဆေးဆဲဖြစ်သည်။
ယာဉ်တိုက်မှုပုံများကို Click နှိပ်ပြီးကြည့်ရှုနိုင်ပါသည်။

(www.myittarshin.com) (ရေဒီယိုနားဆင်ရန်)
http://173.255.137.7/MTS (ရေဒီယိုနားဆင်ရန်)
Email: mts4u@myittarshin.com(သီချင်းများကို Gtalk တွင်Invite လုပ်ပြီးတောင်းဆိုနားဆင်ရန်)
0 ကွန်မန့်ရေးရန်:
Post a Comment