မြန်မာ အလုပ်သမ(၂)ဦးဟာ မနေ့က (မေလ၂၉ရက)် ညပိုင်း၉:၃၀နာရီခန့်မှာ
အချိန်ပို အလုပ်ချိန်ပြီးတာမို့ ညစာထွက်စားကြတယ်။ ညစာစားပြီးလို့
ကားလမ်းအကူးမှာ ၁၀ဘီးကားကြီး တစ်စီးက အရှိန်နဲ့လာချိန်မှာ ဝင်တိုက်မိတယ်။
အဲဒီမှာ တစ်ဦးဟာ ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးကတော့
အတွင်းလူနာ အဖြစ်နဲ့ တော့ပ်ဖောင်း စက်ရုံရဲ့အစီအစဉ်နဲ့ ကုသခံနေဆဲပါဘဲ။
အဲသလို ကားတိုက်ခံရတဲ့အချိန်မှာ တော့ပ်ဖောင်း စက်ရုံက အတူလုပ်ဖေါ်ကိုင်ဘက်
အလုပ်သမားတွေရော၊ ဘေးပတ်ဝန်းကျင်ကပါ ဝိုင်းကြည့်၊ဝိုင်းဖုန်းဆက်နဲ့
ဆူညံနေတာပါဘဲ။
ဒီနေ့မှာတော့ ပုံမှန်အတိုင်း မနက်၇:၀၀နာရီလောက်က စပြီး စက်ရုံမှ
အလုပ်ဆင်းဖို့ စုဝေးရောက်ရှိလာကြတာကို တွေ့ရပါတယ် တော့ပ်ဖောင်း
အမျိုးသမီးအတွင်းခံ ပစ္စည်းစက်ရုံဆိုတာက မဲဆောက်မြို့မှာ ၂ရုံရှိပါတယ။်
တစ်ခုက မဲဆောက်မြို့ ဝမ်းသခီးယမ်း ကျေးရွာမှ (မြန်မာတို့အခေါ်-တပ်မဟာ
ဇာဘော်လီစက်ရုံ) ဖြစ်ပြီး အခုကားတိုက်မှု ဖြစ်ပွားတဲ့ စက်ရုံနေရာက
မဲဆောက်မြို့ မယ်ကုတိုက်နယ် ဘန့်ဖလက် ကျေးရွာ နယ်မြေမှာ ဖြစ်ပါတယ်
။ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊
ဥပဒေ( ဘီအီး-၂၅၃၅)အရဆိုရင် သူမတို့ နှစ်ဦးအနက် သေဆုံးသူ မိန်းကလေးဟာ
လျော်ကြေးရပိုင်ခွင့်ရှိပြီး မော်တော်ယာဉ်ကုမ္ပဏီက ပေးဆောင်ရမှာဖြစ်ပါတယ်။
အခြားဒဏ်ရာရရှိသူမိန်းကလေးဟာလည်း ပျောက်ကင်းသည်အထိ ဆေးကုသစားရိတ်ကို
မော်တော်ယာဉ်
ကုမ္ပဏီက
ပေးဆောင်ရမှာဖြစ်ပါတယ်။ တော့ပ်ဖောင်း အမျိုးသမီးအတွင်းခံ
ပစ္စည်းစက်ရုံဆိုတာက စက်ရုံအလုပ်သမားတိုင်းကို ထိုင်းဥပဒေအတိုင်း
အလုပ်သမားလက်မှတ်ရော၊ ပက်စပို့ ဗီဇာရောပါ လုပ်ပေးထားပြီး
တာ့ခ်ခရိုင်အတွင်းမှာ ယခုထိုင်းဥပဒေ သတ်မှတ်ချက်အတိုင်း နေ့စဉ်လုပ်အားခ
(၂၂၆)ဘတ် ပေးသလို ရေခ၊မိးခ၊ထမင်းစားရိတ်၊ အဆောင်ကြေး စတာတွေကိုလည်း
နေ့စဉ်လုပ်အားခထဲက (၆၀)ဘတ် ပြန်ဖြတ်ထားတဲ့ စက်ရုံဖြစ်ပါတယ်။ သူမတို့
နှစ်ဦးအတွက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဟာ
ထိုင်း ရှေ့နေရုံး (LLC)အပါဝင် ထိုင်းအစိုးရ တာဝန်ရှိ ရုံးများနှင့်
ဆက်စပ်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
0 ကွန်မန့်ရေးရန်:
Post a Comment