ကျွန်တော်တို့ထံလာရောက်အကူညီတောင်းထားတဲ့ ကိစ္စတစ်ခုကို
မလေးရှားရောက်မြန်မာ ညီအကိုမောင်နှမအားလုံးသိနိုင်ရန် ကျွန်တော်
ဘလော့ရေးပြီး အကူညီတောင်းပါတယ်ခင်ဗျာ ။
အကြောင်းက ပီနန်း တွင်လာရောက်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား မောင် ဇင်အောင်စိုးဟာ ပြီးခဲ့တဲ့ 5.1.2012 က အလုပ်မှဆိုင်ကယ်စီးပြန်လာစဉ် အရှိန်ပြင်းမောင်နှင်လာသော ကားတစ်စီးမှ စက်ချို့ရွင်းပြီး မောင်ဇင်အောင်စိုးကို ဝင်ရောက်တိုက်မိခဲ့ပါတယ် ။
ထိုသို့အတိုက်ခံရတဲ့ မြန်မာ အလုပ်သမားလေး မောင်ဇင်အောင်စိုးမှာ ထိုနေရာမှာပင် သတိမေ့ ခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးသို့ ချက်ချင်းတင်ဆောင်ခဲ့ရပါတယ်။
ယနေ့ မေလ သို့ရောက်ရှိသည့်တိုင် မောင်ဇင်အောင်စိုးရဲ့ ကျမ်းမာရေးအခြေအနေမှာ အထူးအရေးပေါ်အခြေအနေ ဖြင့် ကုသနေရဆဲဖြစ်ပြီး ဆေးကုသမှု့ အားလုံးဆောင်ရွက်သော အခါ ပြန်လည်မလုပ်ကိုင်နိုင်သော အခြေအနေသို့လုံးဝရောက်ရှိခဲ့ပါတယ် ။ ထို့သို့သာမက နေအိမ်သို့ရောက်ရှိသော်လည်း လုံးဝပြန်လည်မကောင်းမွန်ပဲ ယနေ့ ပီနန်းဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး အခက်ခဲပေါင်းများစွာဖြင့်ကြိုးစားကုသရာမှာ ကျွန်တော်တို့ အကူညီများစွာလိုအပ်လျှက်ရှိပါတယ်ခင်ဗျာ ။
သို့ပါသောကြောင့် ဧဒင်ဥယျာဉ်တွင် ရှိနေသော ရန်ပုံငွေမှ ရှိသလောက်ကူညီမည်ဖြစ်သည့်အပြင် မလေးရှားရောက်မြန်မာများအားလုံး ဝေဒနာများစွာ ခံစားနေရသော မောင်ဇင်အောင်စိုးအား ဝိုင်းဝန်းကူညီနိုင်ဖို့ ကျွန်တော် ဒီဘလော့ဖြင့် ဧဒင်အဖွဲ့သားအားလုံးထံ အကူညီတောင်းခံပါတယ်ခင်ဗျာ ။

မောင်ဇင်အောင်စိုး၏ မိသားစု ရှိပါက သိရှိနိုင်ရန် မောင်ဇင်အောင်စိုး၏ပုံ
ကားတိုက်ခံရအပြီး မောင်ဇင်အောင်စိုး
ခွဲစိတ်ကုသမှု့ မလုပ်ခင် မောင်ဇော်အောင်စိုး
ခွဲစိတ်ကုသမှု့ 3 ကြိမ်အပြီး
စတီးချောင်းစိုက်ကာ နေထိုင်ရတော့မည့် ခါးအောက်ပိုင်း
ယခု မောင်ဇင်အောင်စိုးမှာ
မည်သို့မှ တောင့်ခံနိုင်သော ငွေအင်အား ၊ ကုသစရိတ်များ ဖြင့် အခက်ခဲများစွာ
အံတုရင်ဆိုင်ခဲ့ပေမယ့် မတတ်နိုင်သော အခြေအနေ
များကြောင့် အောက်ပိုင်းတော်တော်များများကို ဖြတ်ထုတ်လိုက်ရပါတယ်
။ အောက်ပါပုံများမှာမောင်ဇင်အောင်စိုးရဲ့ နောက်ဆုံး
ခွဲစိတ်မှု့အပြီးအခြေအနေဖြစ်ပါတယ်ခင်ဗျာ။
ခြေထောက်မရှိတော့ရှာသော မောင်ဇင်အောင်စိုး
ဒုတိယအကြိမ် ဆေးရုံပြန်တက်နေရသောမောင်ဇင်အောင်စိုး
ယခု ဒုတိယအကြိမ် ဝေဒနာများစွာကို ရင်ဆိုင်နေရသော မောင်ဇင်အောင်စိုး၏ နောက်ဆုံးအခြေအနေ
မလေးရှား ရောက်မြန်မာ ညီအကိုမောင်နှမများသာမက နိုင်ငံတစ်ကာက ဒီဘလော့ကိုဖတ်ရှု့နေသော ဧဒင်အဖွဲ့ဝင်များခင်ဗျာ။
ယခု မောင်ဇင်အောင်စိုး
မှာ ဆေးရုံသို့ဒုတိယအကြိမ်အဖြစ်တက်ရောက်ကုသနေရပြီး
စရိတ်များစွာကြီးမားလှတဲ့ဆေးကုသမှု့အတွက် အကူညီများစွာလိုအပ်
လျှက်ရှိနေပါတယ် ။ မောင်ဇင်အောင်စိုးရဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံး
ဝိုင်းဝန်ကူညီသော်ငြား ဆေးကုသမှု့စရိတ်မှာ မလောက်ငှတော့ပါ ။
သို့ပါသောကြောင့် မလေးရှား ကွာလာလမ်ပူရှိ နှလုံးလှပရိဟိတ
လူငယ်များသွေးလှူရှင်အဖွဲ့သို့ ယနေ့ 5.5.2011 မှာ
လာရောက်အကူညီတောင်းခံခဲ့ပါတယ် ။
သို့ပါသောကြောင့် နှလုံးလှပရဟိတ
အဖွဲ့၏ လက်ရှိရှိနေသာ ရန်ပုံငွေ ၊ ကျွန်တော်တို့ ဧဒင်အဖွဲ့ဝင် JUNE
လှူဒါန်းထားသော အလှူငွေ အပါအဝင် ယခု အလှူခံ သည့်ဘလော့မှ ရရှိမည့်
ငွေအားလုံးကို လာမည့် 15.5.2012 မှာ ကျွန်တောတို့ ပီနန်းသို့ အရောက်
သွားကူညီမည်ဖြစ်ပါတယ် ။ သို့ပါသောကြောင့် မည်သည့် အဖွဲ့စည် ၊ မည်သည့် ပရဟိတ
အဖွဲ့မဆို ၊ ထပ်မံပြီး မလေးရှားရောက် မြန်မာညီအကိုမောင်နှမအားလုံး
မိမိတို့တတ်နိုင်သလောက် မည်မျှပင်ဖြစ်စေ စုပေါင်းကူညီ နိုင်ရန် ကျွန်တော်
ကိုယ်တိုင် မေတ္တာရပ်ခံ ပြီး အကူညီ တောင်းခံပါတယ်ခင်ဗျာ ။
ပီနန်းမှ မြန်မာများသွားရောက်လှူဒါန်းလိုပါက ပီနန်းဆေးရုံကြီး
Hospital Registration Number - 890946
Ward - C-10 , Block-C .
ကေအယ်ရောက် မြန်မာများ စုပေါင်းလှူဒါန်းလိုပါက
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့
အမှတ် - 118 ၊ Jalan Tun H.S Lee၊ ဘန်ကောက်ဘဏ်ရှေ့တည့်တည့် ( 43 ) ကားမှတ်တိုင်အရှေ့ ၊
အောင်မြန်မာ စားသောက်ဆိုင်ဘေး ၊ ပထမထပ် ။
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုပါက
ဆက်သွယ်နိုင်သောဖုန်းနံပတ်
ဥယျာဉ်မှူး KOMYO
ဖုန်း 0124468842 ။
ဘဏ်အကောင့်သို့ ထည့်ဝင်လှူဒါန်းလိုပါက ဆက်သွယ်မေးမြန်းပါရန် ။
နိုင်ငံတစ်ကာမှ အလှူငွေ ထည့်ဝင်လိုသော အလှူရှင်များရှိပါက အောက်တွင်ကော့မက်ရေးထားနိုင်ပြီး ကျွန်တော်တို့ စာဖြင့်ဆက်သွယ်ပေးပါမည် ။
အားလုံး မြန်မာ နိုင်ငံသားတစ်ယောက်၏ ဝေဒနာ အခက်ခဲများကို ကူညီနိုင်မည်ဟု မျှော်လင့်လျှက် ။
ဥယျာဉ်မှူး
KOMYO
ဒီအကူညီတောင်းခံပို့စ်လေးကို ဧဒင်ဥယျာဉ်မှ ကူးယူလာခြင်း ဖြစ်ပြီး အက်ဒမင်များမှ မျှဝေပေးပါရန် တောင်းဆိုပါတယ်
Views: 209
Tags: မလေးရှားသတင်း, အကူညီတောင်းခံခြင်း
0 ကွန်မန့်ရေးရန်:
Post a Comment