ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့် - ဓာတ်ပုံသတင်း- Messenger News Journal
မြန်မာနိုင်ငံသို့
နိုင်ငံခြားကုမ္မဏီများမှ စီးပွားရေးလုပ်ငန်းများ လာရောက်စုံစမ်းမှုများ
များစွာရှိသော်လည်း လက်တွေ့တွင်
မြင်သာသောရင်းနှီးမြုပ်နှံမှုတစ်စုံတစ်ရာမရှိခြင်းနှင့် ပတ်သက်၍
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီး ဌာန၀န်ကြီး ဦးဝင်းမြင့်က''နိုင်ငံခြားသားတွေလာတယ် အများကြီးပဲ ဒါပေမယ့် ကျွန်တော် တို့ အလုပ်ဖြစ်ခဲ့တာတစ်ခုမှမရှိဘူး ၊ ကျွန်တော်တို့ လွဲနေတာတွေ တော့ရှိနေပြီ၊ ဟန်ရေးပြနေလို့ မရတော့ဘူး အနှစ်သာရရှိရှိလုပ်မှ ရမယ် ကျွန်တော်တို့ အခု စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ၊တစ်ခုရှိတာက နိုင်ငံခြား သားတွေတွေ့တိုင်း အလုပ်ဖြစ်တာမဟုတ်ဘူး လာပြီးပြန်သွားကြ တာကြီးပဲ ဒီတော့ ဒီကိစ္စကိုလည်း စဉ်းစားသင့်နေပါပြီ'' ဟု UMFCCI နှစ်ပတ်လည်အစီးအဝေး တွင် ပြောကြား သွားခဲ့သည်။
0 ကွန်မန့်ရေးရန်:
Post a Comment