This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, July 12, 2014

ဘွတ်ကီး နိုင်ငံတကာပွဲ ပေါက်ဈေးများနှင့် ၈ိုးစဂိုးများ 12.7.2014

ဇတ်ကြမ်း
7:30Seinajoen-65&2-35
ROPS1+35&2-40
8:00Viking-25&2-100
8:30Mjallby-75&2-50
AIKbSolna1+50&3+85
10:00Malmo1-55&3+65
10:30Odd-15&3+75
Lillestorm1+50&3+5
Start-15&3+65
Stromsgodset-20&3-5
2:30Brzil-65&3+15


တရားဝင်လိုင်စင်များ ရုပ်သိမ်းခံခဲ့ရသည့် အင်္ဂလန်တက္ကသိုလ်၊ ကောလိပ် ၅၇ ခုတွင် မြန်မာကျောင်းသားများ တက်ရောက် သင်ကြားနေသည့် တက္ကသိုလ်တချို့ ပါဝင်နေ............



Posted by: Ko Myo on Saturday, July 12, 2014 Categories:
တရားဝင်လိုင်စင်များရုပ်သိမ်းခံခဲ့ရသည့် အင်္ဂလန်ရှိ တက္ကသိုလ်၊ ကောလိပ် ၅၇ ခုတွင် မြန်မာကျောင်း သားများ တက်ရောက် သင်ကြားနေသည့် တက္ကသိုလ်တချို့ ပါဝင်နေကြောင်း ပုဂ္ဂလိကနိုင်ငံ တကာပညာ ရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

မြန်မာကျောင်းသား အများစု တက်ရောက်ကြသည့် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ကောလိပ် ၁၂ ခုထဲမှ သုံးခုခန့်မှာ ယခုလိုင်စင် အရုပ်သိမ်း ခံလိုက်ရသည့် စာရင်းတွင် ပါရှိနေကြောင်း၊ အဆိုပါတက္ကသိုလ် ကောလိပ်များမှာ University of West London, Hert Fordshire, Esser College တို့ဖြစ်ကာ မြန်မာ ကျောင်းသားများ အများဆုံး တက်ရောက်နေကြသည့် တက္ကသိုလ်မှာ University of Wests London ဖြစ်ကြောင်း သိရသည်။

“အဲဒီ တက္ကသိုလ်ကောလိပ် ၅၇ ခုမှာ တက်ရောက်နေကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေကတော့ နစ်နာနေကြပြီ။ အဲဒီအထဲမှာ မြန်မာကျောင်းသား တချို့လည်း ပါဝင်နိုင်တယ်” ဟု နိုင်ငံတကာပညာ ရေး ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ တက္ကသိုလ်ကောလိပ် ၅၇ ခုမှာ တက်ရောက်နေကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေကတော့ နစ်နာနေကြပြီ။ အဲဒီအထဲမှာ မြန်မာကျောင်းသား တချို့လည်း ပါဝင်နိုင်တယ်” ဟု နိုင်ငံတကာပညာ ရေးကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ တက္ကသိုလ်ကောလိပ် ၅၇ ခုသည် ဗီဇာစည်းမျဉ်းစည်းကမ်း လိုက်နာခြင်းမရှိသည့်အတွက် ယခု နှစ်ဇွန် ၂၆ ရက်တွင် တရားဝင်လိုင်စင်များမှ ရုပ်သိမ်းခံ ခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းပိတ်သိမ်းခံခဲ့ရသည့် ကျောင်းများတွင် အင်္ဂလန်ရှိနာမည်ကြီး ကျောင်းများပါ ပါဝင်နေကြောင်းသိရသည်။

“အင်္ဂလန်တက္ကသိုလ် ကောလိပ်တချို့က ကျောင်းသားရပြီးရောဆိုပြီး အင်္ဂလိပ်စာအရည်အချင်းသတ် မှတ်ချက်တွေဖြစ်တဲ့ IELTS အမှတ် ၆ ဒသမ ၀ ရှိရမယ်ဆိုတာကို ၅ ဒသမ ၅ နဲ့ လက်ခံတာမျိုးတွေ ၄ ဒသမ ၅ လောက်နဲ့ လက်ခံတာမျိုးတွေ လုပ်လာကြတယ်။ အဲ့ဒီလိုစည်းကမ်းဖောက်ဖျက်မှုတွေကြောင့် အရေးယူခံကြရတာ။ အခုအရေးယူတဲ့ ကျောင်းထဲမှာ မြန်မာနိုင်ငံက သွားတက်တဲ့ကျောင်းသားတွေလဲ ပါနိုင်တယ်” ဟုဗစ်တိုးရီးယား ယူနီဗာစီတီကောလိပ်မှ နာယက ဒေါက်တာနေဝင်းနိုင်က ပြောသည်။

အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် ကောလိပ်များကို UKVI officers များကစစ်ဆေးခဲ့ပြီး University of West London နှင့် University of Bedfordshire တို့ကို နိုင်ငံတကာကျောင်းသား၊ ကျောင်းသူလက်ခံခွင့် ရပ်ဆိုင်းထားခဲ့ကြောင်း၊ ယူကေဗီဇာလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာ ဝင်ခွင့်လက်မှတ်ကို သေချာစစ်ဆေးလာခဲ့ပြီး တချို့တက္ကသိုလ်၊ ကောလိပ်များမှာ ယူကေလူဝင်မှုကြီး ကြပ်ရေးချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း၊ လက်မှတ် ၄၈၀၀၀ ကျော်တွင် ၂၉၀၀၀ ကျော်မှာတရားမဝင်ဖြစ်သည်ကို တွေ့ရှိရကြောင်း အင်္ဂလန်နိုင်ငံလူဝင်မှုကြီးကြပ် ရေးဝန်ကြီး Mr.James Brokenshire က BBC သတင်းကြေညာချက်တွင် ပြောကြားသွားခဲ့သည်။

“ဒီဂယက်ကြောင့် ယူကေဗီဇာကို ခေတ္တပိတ်ထားတယ်ဆိုတဲ့ သတင်းတွေ ပြန့်လာပါတယ်။ ယူကေဗီ ဇာလျှောက်ထားခွင့်ကို ပိတ်လိုက်တာမျိုးတော့ မရှိပါဘူး။ စနစ်တကျသေချာစိစစ်လာတာမျိုးပဲရှိပါ တယ်။ လိုင်စင်ရပ်နားခံထားတဲ့ တက္ကသိုလ်၊ ကောလိပ်ကလွဲလို့ ကျန်တဲ့ကျောင်းတွေကတော့ ပုံမှန် အတိုင်း လုပ်ဆောင်နေကြပါတယ်” ဟု နိုင်ငံတကာပညာရေး အေဂျင်စီတစ်ခုဖြစ်သော Regent Cons-ultancy Services Co.,Ltd မှပညာရေးအတိုင်ပင်ခံ ဒေါ်လွင်လွင်အောင်ကပြောသည်။

နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ပတွင် ကျောင်းတက်မည်ဆိုပါက ပညာအခြေခံကောင်းခြင်း၊ ဘာသာစကားတတ်ကျွမ်းခြင်း၊ အမှန်တကယ် ပညာဆည်းပူးလိုခြင်း များရှိမှသာ နိုင်ငံခြားသို့ပညာသင်သွားခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါက်တာ နေဝင်းနိုင်က ဆက်လက်ပြောကြားသည်။

Regent Consultancy Services Co. မှ တာဝန်ရှိသူတစ်ဦးက “ကျောင်းဖွင့်ချိန်နီးမှဖြစ်တဲ့အတွက် အဲ့ဒီကျောင်းတွေမှာ လျှောက်ထားတဲ့ကျောင်းသား၊ ကျောင်းသူတွေ အလွန်နာနစ်ပါတယ်။ ဒါကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူတွေထဲကယူကေမှာ ကျောင်းတက်ချင်ရင် ယူကေပညာရေးကို နား လည်တတ်ကျွမ်းတဲ့ပညာရေး အတိုင်ပင်ခံတွေနဲ့တိုင်ပင်ပြီးမှ ခိုင်မာမှုရှိတဲ့ကျောင်းတွေကို ရွေးချယ်စေ ချင်ပါတယ်” ဟုဆိုသည်။

Immigration Enforcement Officers များသည် National Crime Agency များ၏အကူအညီဖြင့် ၂၀၁၃ ဖေဖော်ဝါရီမှစတင်ကာ ကျောင်းသားဗီဇာများနှင့် အင်္ဂလိပ်စာလက်မှတ်များကို တင်းတင်းကျပ် ကျပ်စစ်ဆေး ခဲ့ကြောင်း သိရသည်။


Democracy Today Daily
ဇူလိုင် (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

နေပူစာလှုံနေတဲ့ ရှာရာပိုဗာ



Posted by: Ko Myo on Friday, July 11, 2014 Categories:
ကမ္ဘာကျော် တင်းနစ်မယ် မာရီယာ ရှာရာပိုဗာ ဟာ အားလပ်ရက်အတွင်း မက္ကဆီကိုနိုင်ငံ Los Cabos မှာ ရောက်နေပြီး ဘီကီနီ ဝတ်ထားတဲ့ သူ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ ဓာတ်ပုံတွေထဲမှာ တင်းနစ် အကျော်အမော် Grigor Dimitrov နဲ့ အတူ နေပူစာလှုံနေကြတဲ့ သတင်းက ဟိုလေးတကြော်ဖြစ်နေပါ တယ်။


ဓာတ်ပုံ- The Mirror

ရှာရာပိုဗာက သူ့ချစ်သူကို ထုတ်ကြွားလိုပြီး သူတို့ အတွဲဟာ အတော်ပဲ လိုက်ဖက်ကြတယ်ဆိုတာ ဖော်ပြနေပုံ ပါပဲ။



အသက် ၂၃ နှစ်အရွယ် တင်းနစ်အကျော် Grigor ဟာလည်း ယင်ဘယ်လ်တန် တင်းနစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲ အထိ တက်ရောက်လာခဲ့ သူလို့လည်း ဓာတ်ပုံဆရာတွေက ဟာသ နှောနေကြပါတယ်လို့ The Mirror က ရေးပါတယ်။

၂၀၀၄ ခုနှစ်က ချန်ပီယံ ဖြစ်ခဲ့သူ အသက် ၂၇ နှစ်အရွယ် မာရီယာရှာရာပိုဗာ ကတော့ မီးခိုးရောင် ဘီကီနီနဲ့ နေရောင်အောက်မှာ အထင်းသား သူ့ ခန္ဓာကိုယ်ကို အလှကို ဖော်ပြထားပါတယ်။










အိမ့်သံစဉ် ~ ဧရာဝတီ
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Friday, July 11, 2014

မော်ဒယ်လ် အိချောပို...



Posted by: Ko Myo on Friday, July 11, 2014 Categories:
PAPAWADY Facts 
Ei Chaw Po is well known Myanmar Actress in Myanmar and she is quiet popular with Myanmar Videos. She has nice body figure and long hair maybe the reason men likes her. Her acting is quiet good and she also take some photoshoot as photo model for Myanmar Journals and Magazines. 

Thursday, July 10, 2014

မိုဘိုင်းလ်ဘဏ်စနစ် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်.........................

Posted by: Ko Myo on Thursday, July 10, 2014 Categories:
ရန်ကုန်၊ ဇူလိုင် ၈

မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေ စနစ်တစ်မျိုး ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြား ဘဏ်များနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အီလက်ထရွန်နစ် ဘဏ်စနစ်များ ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်နှင့် အင်တာနက် ဘဏ်စနစ်များကို ပြည်တွင်း ဘဏ်များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ပြည်တွင်းတွင် မိုဘိုင်းလ်ဖုန်းများ ပျံ့နှံ၍ အင်တာနက် ချိတ်ဆက်ပြီးသည့် အခြေအနေမျိုး ဖြစ်လာပါက မိုဘိုင်းလ် ဘဏ်စနစ်နှင့် ပြည်သူများ ပိုမို နီးစပ် လာမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

မိုဘိုင်းလ် ဘဏ်စနစ်ကို နိုင်ငံခြား ဘဏ်များနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရပါက နည်းပညာ ရရှိနိုင်ပြီး ယခုလက်ရှိ လုပ်ဆောင်နေသည်ထက် ပိုမို အဆင့် မြှင့်တင်နိုင်ခြင်းနှင့် ဝန်ဆောင်မှုအသစ်များ ပိုမို ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။

"နည်းပညာရနိုင်တယ်။ ဒါပေမဲ့ သူတို့ လာလုပ်လည်း ဆက်သွယ်ရေးလိုင်းတို့၊ လျှပ်စစ်မီးတို့ ဆိုတဲ့ အခြေခံ အဆောက်အဦတွေ မကောင်းရင် ဘာမှ ထူးမှာမဟုတ်ဘူး" ဟု ၄င်းကဆိုသည်။

ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဘဏ်စနစ် ကွန်ရက်ကို ပြည်တွင်းဘဏ်များ ပိုမို ချဲ့ထွင်နိုင်ပါက နိုင်ငံခြားဘဏ်များက ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောဆိုသည်။

လတ်တလောတွင် အင်တာနက်ဖြင့် ငွေစာရင်း လွှဲပြောင်းခြင်း၊ ငွေစာရင်း စစ်ဆေးခြင်းများ အချိန်ပြည့် ပြုလုပ်နိုင်သော အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က လုပ်ကိုင်လျက်ရှိပြီး မိုဘိုင်းလ်ဖုန်းတွင် ပါဝင်သော ဖုန်းစာပို့ စနစ်၊ ဖုန်းကုတ် (USSD) စနစ်များကို သုံး၍ ငွေစာရင်း လွှဲပြောင်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကို သမဝါယမဘဏ်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်လျက်ရှိသည်။
The Voice Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, July 9, 2014

ကလေးငယ်လေးတွေ လိင်အလွဲသုံးစား ခံရခြင်းမှ ကာကွယ်ပေးနိုင်ဖို့ .......................

Posted by: Ko Myo on Tuesday, July 08, 2014 Categories:
Health Updates Journal No. 124
ကလေးငယ်လေးတွေ အထူးသဖြင့် သမီး မိန်းကလေး ငယ်လေးတွေ မွေးထားတဲ့ မိဘများဟာ မိမိ ကလေးငယ် ဘယ်လောက်ပင် အသက်ငယ်ငယ် လိင်အလွဲသုံးစား ခံရခြင်းနဲ့ ဆိုင်တဲ့ ဗဟုသုတ အနည်း အကျဉ်းတော့ ရှိထား သင့်ပါတယ်။ အခုခေတ်ကြီးမှာ ဆွေမျိုးနီးစပ်တော် တာတောင် ယုံကြည်စိတ်ချရမှု နည်းပါးလာတာကို သတိပြုသင့်ပါတယ်။ ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့မှ ကလေးများကို လိင်အလွဲ သုံးစားပြုခြင်းမှ ကာကွယ် နိုင်ဖို့ မိဘများကို အကြံပြုချက်တွေကို ထုတ်ပြန်ပေး ထားပါတယ်။

-သမီးငယ်ကလေးများကို ဘယ်တော့မှ တစ်စုံတစ်ယောက် (ဦးလေးတော်စပ် သော်မှ)ရဲ့ ပေါင်ပေါ်မှာ မထိုင်ပါစေနဲ့။

-ကလေးငယ်ကို နှစ်နှစ်ကျော်ပြီဆိုတာနဲ့ သူစိမ်းတရံဆံရှေ့မှာ အ၀တ်လဲပေးခြင်းမျိုးကို ရှောင်ကျဉ်ပါ။ ယဉ်ကျေးစွာနဲ့ ခဏရှောင်ပေးဖို့ တောင်းဆိုပါ။

- တစ်စုံတစ်ယောက်ကြောင့် ကလေးငယ်ဟာ စိတ်မသက်မသာ ခံစားနေရပြီ၊ ရှက်ရွံ့နေရပြီလို့ ပြောတိုင်း အရေးတယူ နားထောင်ပြီး တုံ့ပြန် လုပ်ဆောင်ပေးပါ။

- လှုပ်လှုပ်ရှားရှားနဲ့ ဆော့တတ်တဲ့ ကလေးငယ် တစ်ဦးဟာ ငြိမ်နေပြီဆိုရင် ပစ်မထားပါနဲ့ အကြောင်း ရင်းမှန်ကို သိအောင်လုပ်ပေးပါ။

- မိမိနေအိမ်မှာ တပ်ထားတဲ့ စလောင်းလိုင်းတွေကနေ လူကြီးတွေပဲ ကြည့်သင့်တဲ့ ချန်နယ်တွေကို လော့်ခ်(lock) လုပ်ပါ။ ကလေးငယ်များကို ကာတွန်းကား၊ ကာတွန်းချန်နယ်များကို အသက် ၆နှစ်အရွယ် အထိ ကြည့်ရှုစေပြီးမှ တခြားဇာတ်ကားများကို ပြသသင့်ပါတယ်။

- ကလေးငယ်ဟာ အသက် ၃နှစ်ရှိပြီဆိုရင် သူ့ရဲ့တစ်ကိုယ်ရည် အစိတ်အပိုင်းတွေကို ကိုယ့်ဘာသာ သန့်ရှင်းဆေးကြောတတ်ဖို့ သင်ပြပေးပါ။ သူစိမ်းတရံဆံတွေက ကိုင်တွယ် ပွတ်သပ်မှုဟာ ရာဇ၀တ်မှု မြောက်တယ်ဆိုတာ အသိပေးထားပြီး တန်ပြန် ကာကွယ်မှုတွေ သင်ကြားပေးပါ။

-လူထူထူကြားထဲကို သွားရမယ်၊ လိုင်းကားကျပ်ကျပ် စီးရမယ်ဆိုရင် ကလေးငယ်ကို ဘယ်လိုနေရာပဲရရ၊ သူ့ကို ဦးစားပေးနေရာပေးပါ။

သက်ကို
ref;UNICEF
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို Facebook တာဝန်ရှိသူတွေ ၂၄ နာရီ စောင့်ကြည့်မယ် ................

ြ

8 July 2014 19:04(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)

 အင်တာနက်လူမှုရေး စာမျက်နှာ ဖေ့စ်ဘွတ်ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက် ရေးသားမှုတွေ လျော့နည်း သွားအောင် Facebook တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေချိန်မှာ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေဟာ Facebook ဌာနချုပ်က ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ Facebook တာဝန်ရှိသူ (၃)ယောက်ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိကြဖို့အတွက် ပညာပေးဆွေးနွေးပွဲတွေကိုလည်း ဖေ့စ်ဘွတ် တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ်အပြင် တခြားအိုင်တီ နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Google ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

....((( ပြသဒါးဆူဆိုဒ် )))



နောက်ဆုံးပေါ်ရင်နာကမ္ဘာကဗျာတစ်ပုဒ်
ဘယ် ဘာသာစကားနဲ့မှ မယက်လုပ်တော့ဘူး
လေလွှာထဲမှာပဲ ငါရေးထွင်းထားတော့လိုက်မယ်
ထာဝရတည်မဲ့ ဒီဒဏ်ရာတွေ၊ ထာဝရတည်မဲ့ ဒီသိက္ခာသေ
ငါနဲ့ ငါ့ဘရာဇီးတွေ ကျဆုံးတဲ့ ကြမ္မာဝင်္ကဘာ
ဘော်လုံးထဲမှာ ဘာအရာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာပညာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာမှော်အခရာတွေရှိလဲ
ပိတ်လှောင်ခံ လေထုဟာ အသိရခက် အနက်နဲရှိုင်းဆုံးပဲလား
ဂုဏ်ယူထားတဲ့သစ္စာနဲ့ ငါကျေကွဲခဲ့တယ် ကမ္ဘာရေ
ရဲရဲ ပျော်ပျော်ကြီး သေတယ်ဟေ့။ ။

နေရဲခိုက်
၀၉-၀၇-၂၀၁၄

ပန်းနာရင်ကျပ် ရောဂါအတွက် အိန္ဒိယရဲ့ ထူးထွေဆန်းပြား ရိုးရာကုသနည်း.................


Posted by: Ko Myo on Wednesday, July 09, 2014 Categories:
Health Updates Journal No. 124
ရိုးရာ ယုံကြည်မှုတွေနဲ့ ရောဂါတွေကို ကုသရာမှာ ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြသလို တစ်နည်း မဟုတ်တစ်နည်း ဆန်းသစ် နေကြပါတယ်။ အဲဒီ လိုပါပဲ အိန္ဒိယလူမျိုး အများစုကတော့ သူတိုရဲ့ ရိုးရာ ကုသနည်းဖြစ်တဲ့ ငါးအရှင်ကို မျိုချရင် ပန်းနာ ရင်ကျပ် ပျောက်နိုင်မယ်လို့ ယုံကြည်ကြ ပါတယ်။
ယင်းကုသ နည်းကို The Bathini Goud မိသားစု က စတင်ခဲ့တာဖြစ်ပြီး ၎င်းတို့က ကုသနည်းကို ဟိန္ဒူသူတော်စင် တစ်ဦးထံမှ 1845 ခုနှစ်က စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုသပုံကတော့ နှစ်လက်မ လောက်ရှိတဲ့ ငါးအရှင်ကို အ၀ါရောင် တိုင်းရင်းဆေးအနှစ်နဲ့ ရောပြီး မျိုချလိုက်တာပါပဲ။သူတို့အဆိုအရတော့ မျိုချ လိုက်တဲ့အခါမှာ ငါးက လည်ချောင်းတလျောက် ဆင်းသွားပြီး ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ အပြီးပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။ 
ဆရာဝန်တွေနဲ့ ခေတ်ပညာ တတ်တွေကတော့ သိပ္ပံနည်း မကျဘူး၊ သန့်ရှင်းမှုမရှိဘူး၊ ငါးအရှင် မမျိုချချင် လို့ ရုန်းကန်နေတဲ့ ကလေးတွေအတွက် မမျှတဘူးစသဖြင့် ဘယ်လိုပင် ပြောနေသော်လည်း ၊နှစ်စဉ် အိန္ဒိယတစ်ဝန်းက ရင်ကျပ်ဝေဒနာရှင် လူနာထောင်ပေါင်း များစွာက အိန္ဒိတောင်ပိုင်း မြို့တော် Hyderubad ကို မုတ်သုန်ရာသီ စ၀င်တဲ့ June လရဲ့ သတ်မှတ်ထား တဲ့နေ့မှာ လာရောက်ပြီး ဆေး ကုသမှု ခံယူကြပါတယ်။ လာရောက်တဲ့ လူတွေများတဲ့အတွက် အစိုးရ ကနေပြီး အထူးရထားများ စီစဉ်ပေးခြင်း၊ လူအုပ်ကို ထိန်းသိမ်းဖို့ ရဲတွေကို အချိန်ပိုတာဝန်ချခြင်း စတာ တွေလုပ် ထားရတယ်လို့ သိရပါတယ်။ ကုသမှုမှာ ငါးမျိုချပြီးနောက်ထပ် ၄၅ ရက်ထိ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရတယ်လို့ ဆိုပါတယ်။ 

အပိန်လေး
ref; Medindia
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

၃၀KK အရွယ်အစားထိ ရင်သားကြီးအောင် ခွဲစိပ်ပြုပြင် ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ရင်သားပိုင်ရှင် ဖြစ်လာတဲ့ မိခင်.........



Posted by: Ko Myo on Wednesday, July 09, 2014 Categories:
BB on 2014-07-08 14:20 
အသက် ၄၅ နှစ်အရွယ်ရှိတဲ့  Debbie Delamar ဟာ သူမရဲ့  ပင်ကိုယ် ကြီးမားပြီးသား ၃၀HH အရွယ် အစားရှိတဲ့  ရင်သားနှစ်မွှာကို အလွန် ကိုကြီးမားတဲ့ ၃၀KK အရွယ်ထိ ပိုမို ကြီးမား လာအောင် ပေါင်ငွေ ၈၀၀၀ ခန့် သုံးစွဲ ခွဲစိတ် ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံရဲ့ ဂုဏ်ယူ ၀င့်ကြွားနေတဲ့  အကြီးဆုံး ရင်သားပိုင်ရှင် ဖြစ်လာပါတယ်။သူမရဲ့ ရင်သားထဲကို ထည့်ထားတဲ့ အသားစဟာ အလေးချိန် ၇ ပေါင်ခန့် ရှိပြီး ဆီလီကွန် သတ္တုကတော့ ၅ ပိုင့်စာရှိပါတယ်။

တပ်မတော်သား၏ ဇနီးတစ်ဦးဖြစ်သူ Debbie Delamar ဟာ သူမရဲ့ လတ်တလော ရင်သား အသစ်ကြောင်း ပြောရာမှာ သူမမှာ နဂိုမူလ ၃၀DD အရွယ်ရှိ ကြီးမားတဲ့ ရင်သားပမာဏ ရှိပေမယ့် လည်း “ ကျွန်မကတော ကျွန်မရင်သားတွေကို ကြီးနိုင်သလောက်ကြီးကြီးပဲ လိုချင်ပါတယ်” လို့  ဆိုပါတယ်။အရပ် ၅ ပေခန့် သာရှိတဲ့ မစ္စ Delamar ဟာ သူမရဲ့ ရင်သားကို လက်ဖက်ရည် ပန်ကန်လုံး ၄ လုံးစာ ပမာဏ ထပ်ပေါင်းထည့်ပြီး ၃၀HH အရွယ်အစားထိရရှိအောင် လွန်ခဲ့သော ၆ နှစ်ခန့် က စတင် ခွဲစိတ်ခဲ့ပါတယ်။ဒါပေမယ့် သူမဟာ ဒါနဲ့ တင် မကျေနပ်နိုင်သေးတာကြောင့် နောက်ထပ် လက်ဖက်ရည် ပန်ကန်လုံး ၃လုံးစာပမာဏ ထပ်ပေါင်းထည့်ရင်း ၃၀KK အရွယ်အစားထိ ပိုမိုကြီးမားလာအောင် ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စစ်သားတစ်ယောက်ရဲ့ ဇနီးဖြစ်သူ သူမအတွက်တော့ ယင်းခွဲစိတ်မှုကို ခံယူပြီးကတည်းက ဘ၀က အစဉ်ချောမွေ့ နေခဲ့တာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့  သူမဟာ သူမရဲ့ ရင်သား အရွယ်အစား ကြီးမားတာကြောင့် လက်ခုပ်တောင်တီးဖို့ အဆင်မပြေတော့ပဲ သူမအလုပ်လုပ်ရတဲ့ ကားအစိတ်အပိုင်းတွေ တပ်ဆင်တဲ့ စက်ရုံမှာ စီတန်းတပ်ဆင်မှုတွေလုပ်တဲ့ အလုပ်သမား အစီအတန်း ကနေ ခပ်လှမ်းလှမ်းမှာ ထိုင်နေရတာ တွေကြောင့်ပါ။


“ ကျွန်မ ဘယ်နေရာသွားသွား လူတွေက ကျွန်မကို စူးစိုက်ကြည့်ကြတယ် ဒါပေမယ့် ကျွန်မ ကျေနပ်ပါ တယ်။ ကျွန်မက ဒီလိုပြုပြင် ဖန်တီးလို့ ရတဲ့ အသွင်အပြင်ကို သဘောကျပြီး ကျွန်မကတော့  ကြီးနိုင် သလောက် ကြီးကြီးပဲလိုချင်ပါတယ်” လို့ သူမက သတင်းစာတစ်ခုကို ပြောပါတယ်။

“ ကျွန်မက သမားရိုးကျ စစ်မှုထမ်းရဲ့ ဇနီးသည်၊ မိခင်တစ်ယောက်မဟုတ်တာ ကျွန်မသိပါတယ်။ဒါပေမယ့် ကျွန်မက ဘယ်သူကိုမှ ထိခိုက်၊နစ်နာအောင် လုပ်နေတာမျိုးမဟုတ်ပါဘူး”

“ကျွန်မက ပြုပြင် ဖန်တီးလို့ ရတဲ့ အသွင်အပြင်ကို နှစ်သက်တာကြောင့် သက်သက်ရယ်ပါ။လူတစ်ချို့ က ရွှေရောင်သမ်းတဲ့ ဆံပင်တွေ ဒါမှမဟုတ် အနက်ရောင်ရှိတဲ့ ဆံပင်တွေကို သဘောကျသလိုပဲ ကျွန်မက ဖန်တီးပြုပြင်လို့ ရလာတဲ့ ရင်သားခပ်ကြီးကြီးတွေကို သဘောကျတယ်လေ။"

“ဗြိတိန်မှာ ရင်သားအကြီးဆုံး ဖြစ်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တော့ ကျွန်မမှာ မရှိခဲ့ပါဘူး။ဒိလိုပဲ သူဟာသူ ဖြစ်သွားတာပါ” လို့ သူမက ဆက်ပြောပါတယ်။

“ အခုတော့ ကျွန်မက ဒီရင်သားတွေနဲ့ နေသားကျသွားတာကြောင့် ကျွန်မအတွက် သိပ်ပြီး အနေရ အထိုင်ရ မခက်တော့ပါဘူး။ ဒါပေမယ့် ကျွန်မပထမဆုံး အနေရခက်တဲ့ ပြဿနာ စဖြစ်ခဲ့တာက ကျွန်မ သမီးတွေနဲ့  တေးဂီတဖျော်ဖြေပွဲတစ်ခုမှ ရောက်နေခဲ့တဲ့ အချိန်ပေါ့။ ကျွန်မ လက်ခုပ်တီးဖို့ လုပ်တော့ ကျွန်မ ဘယ်လိုမှ မတတ်နိုင်တော့တာ ရိပ်စားမိသွားတယ်” လို့  ဆိုပါတယ်။

သူမဟာ ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ အားပေးသူတွေကို သူမရဲ့ ရင်သားဗလာပုံတွေကို လူမှုကွန်ယက် ၀က်ဘ်ဆိုက်များကနေ တစ်ပုံကို ပေါင်ငွေ ၃၅ ပေါင်နဲ့ ရောင်းချပြီး အပိုဝင်ငွေရှာနေတယ်လို့ ဆိုပါတယ်။

မစ္စ Delamar ဟာ သူမရဲ့ လတ်တလော ကျော်ကြားလာမှု အကြောင်းပြောဆိုရမှာ “ ကျွန်မက လူတွေ အာရုံစိုက်ခံရတာကို စိတ်မပူတော့ပါဘူး။ ကျွန်မ အသားကျနေပါပြီ”

“ ကျွန်မဟာ အ၀တ်အစား မလုံ့ တစ်လုံနဲ့ အဖော်အချွတ် ပုံတွေရိုက်တဲ့  မော်ဒယ်တစ်ယောက်ဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး။ဒါပေမယ့် ကျွန်မကို အားပေးသူတွေက အွန်လိုင်းမှာ ရှာဖွေတွေ့ ရှိပြီးတဲ့ နောက်မှာ ဒီလိုလေးပဲ ဖြစ်သွားတာပါပဲ”

“ကျွန်မဆီလာတဲ့ တုန့် ပြန်မှုကတော့ ကွဲပြားပါတယ်။တစ်ခါတစ်ရံမှာ လူတွေက လျှောက်ကြည့်ကြမယ်။ပြီးရင် သူတို့ တွေ့ သွားတာကို ထပ်ပြီး ပြန်ကြည့်မယ်။”

“ ကျွန်မက တော့ ဆိုးရွားတဲ့  စံပြ မိခင်တစ်ဦးလို့ ကျွန်မကိုယ်ကျွန်မ မထင်ပါဘူး။ ကျွန်မတို့ က တာဝန် ယူတတ်တဲ့ စိတ်ရှိတဲ့  မိဘတွေပါ။ကျွန်မက အဖော်အချွတ်ဓာတ်ပုံ မော်ဒယ်တစ်ယောက် ဖြစ်လာဖို့  ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ဒီထက်တော့  ပိုပျော်ရွှင် ကျေနပ်ခဲ့ရမှာတော့ မဟုတ် ဘူးပေါ့။”လို့ သူက ပြောပါတယ်။


Ref:shockingtimes.co.uk
Trend Myanmar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မြန်မာတို့ရဲ့ မြန်မာဘီယာ............................



Posted by: Ko Myo on Wednesday, July 09, 2014 Categories:
ref;papawady.com
----------------------------------------------- 
ကိုမျိုး (lwanmapyay.blogspot.com)

အနာရွတ်မှ တက်တူးသို့.............................



Posted by: Ko Myo on Wednesday, July 09, 2014 Categories:
ref;oddee
----------------------------------------------- 
ကိုမျိုး (lwanmapyay.blogspot.com)

Tuesday, July 8, 2014

အားမသွင်းထားသည့် ဆဲလ်ဖုန်းများနှင့် လက်တော့ပ်များ လေယာဉ်ပေါ် သယ်ဆောင်ခြင်းကို အမေရိကန် တားမြစ်..............



Posted by: Ko Myo on Monday, July 07, 2014 Categories:
အမေရိကန်သို့ လာရောက်မည့် လေယာဉ်များ၏ လုံခြုံရေးကို အဆင့်မြှင့်တင် လုပ်ဆောင်သည့် အနေဖြင့် အားမသွင်းထားသည့် ဆဲလ်ဖုန်းများနှင့် အခြားသော ထုတ်ကုန်များကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေး လုံခြုံမှု စီမံခန့်ခွဲရေးအဖွဲ့ (TSA) က ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန်နိုင်ငံ၏ အမိမြေလုံခြုံရေး အတွင်းရေးမှူး ဂျာဂျွန်ဆန်က အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက် သည် လေကြောင်းလုံခြုံရေးကို ပြန်လည်ချင့်တွက်ပြီးနောက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

၎င်း လုံခြုံရေး ဆောင်ရွက်ချက်ကို တရားဝင် အသုံးပြုမည့် လေဆိပ်စာရင်းအား မသိရသေးသော်လည်း အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက်သစ်ကို ကျင့်သုံးမည့် လေဆိပ်များတွင် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ် ပါဝင်ကြောင်း BBC က ဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန်၏ လုံခြုံရေးအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းသည် ဆီးရီးယားနှင့် ယီမင်တွင် အကြမ်းဖက်သမားများက လုံခြုံရေး ရှာဖွေမှု ဆောင်ရွက်ချက်များကို ရှောင်လွှဲပြီး ဗုံးများ သယ်ဆောင်ခဲ့ သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

TSA ၏ ထုတ်ပြန်ကြေညာချက်တွင် “လုံခြုံရေးအတွက် စစ်ဆေးမှု ပြုလုပ်နေချိန်မှာ ဆဲလ်ဖုန်းအပါအဝင် အီလက်ထရွန်နစ် ထုတ်ကုန်ကို ပိုင်ဆိုင်သူများအနေနဲ့ အချို့ထုတ်ကုန်တွေကို ဖွင့်ပြဖို့လိုပါတယ်။ အားမသွင်းထားတဲ့ ထုတ်ကုန်တွေဆိုရင်တော့ လေယာဉ်ပေါ် တက်ရောက်ခွင့်ရှိမှာ မဟုတ်ပါဘူး” ဟု ဖော်ပြထားသည်။


Ref: CNET
Internet Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အနှိပ်စက်ခံ ကမ္ဘောဒီးယား အမျိုးသမီးများ ဘဝ.......................



Posted by: Ko Myo on Monday, July 07, 2014 Categories:
အိပ်ရာကထပြီး မတ်မတ်လေး ထိုင်ရန်မှာ ဆိုဖောင်း အတွက် အလွန်ခက်ခဲ လွန်းလှသည်။ သူမ ကလေးများ အကူအညီဖြင့် သစ်သား အိမ်ငယ်လေးအတွင်း သွားလာ နေထိုင်ရသည်။ တစ်အိမ်လုံး ဆေးနံ့တွေကလည်း ပျံ့နှံ့နေ သည်။

ဆိုဖောင်းအသက် ၅၉ နှစ်ရှိပြီ။ ယမန်နှစ်က သူမသည် အိမ်ထဲမှ “ကယ်ကြပါရှင်” ဟုအော်ပြီး ပြေး ထွက်လာသည်။ သူမ အော်သံက ထိတ်လန့်စရာ ကောင်းလှသည်။ လက် ကားရား ခြေကားရား ဝှေ့ယမ်းအော် ဟစ်ပြီး သူမပြေးထွက် လာခြင်း ဖြစ်သည်။ သူမတစ်ကိုယ်လုံး ဓာတ်ဆီတွေ ရွှဲနေပြီး အပေါ်ပိုင်းတွင် မီးတွေစွဲနေသည်။ အိမ်နီးနားချင်း တွေက ပြေးထွက် လာကြပြီး မီးကိုဝိုင်း ငြှိမ်းလိုက်ကြသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး မီးလောင်ကျွမ်းမှုကို ခံစားခဲ့ရသည်။

ဆိုဖောင်းသည် ကမ်ပေါ့ တိုက်နယ်ဆေးရုံတွင် ဆယ်ရက်ခန့် ကုသမှု ခံယူလိုက်ရသည်။ ဆေးကုသမှု ခံယူပြီးနောက် သူမကို မီးရှို့ခဲ့သည့် အသက် ၅၀ အရွယ် ခင်ပွန်းသည် မောင်ဆင်းနှင့် အတူပြန်နေရန် အိမ်ငယ်လေးဆီသို့ ပြန်ခဲ့ရသည်။

မီးရှို့ခံရသည့်နေ့ မတိုင်မီက ဆိုဖောင်းနှင့် မောင်ဆင်းတို့ စကားများခဲ့ကြသည်။ စစ်သားတစ်ယောက် ဖြစ်သည့် မောင်ဆင်းက ဇနီးသည်ကို အသံမထွက်နိုင်သည်အထိ ရိုက်နှက်ပြီးနောက် တံခါးပိတ်ကာ ထားခဲ့သည်က များသည်။ နောက်တစ်နေ့တွင် ဆိုဖောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မထွက်ပြေးဖို့ ကြိုးစားသေးတယ်။ သူဓာတ်ဆီတွေ လာလောင်းကတည်းက မီးရှို့တော့မှာပဲဆိုတာ သိနေတယ်။ ဒါပေမဲ့ သူက ကျွန်မကို ချုပ်ထားတော့ မပြေးနိုင်ဘူး။ နောက်မှ မီးရှို့လိုက်တာ” ဟု ဆိုဖောင်းက ပြန်ပြောပြခဲ့သည်။

သူတို့ အိမ်ထောင်သက်က နှစ်ပေါင်း ၂၀ ခန့် ရှိပြီးမှ ကြမ္မာငင်သော ထိုနေ့သို့ ရောက်ခဲ့ရခြင်း ဖြစ်သည်။ ထိုနေ့မတိုင်မီကလည်း ဆိုဖောင်းတစ်ယောက် ခွေးရိုက် နွားရိုက် ရိုက်ခံခဲ့ရခြင်းများ၊ အလိုမတူဘဲ အဓမ္မအကျင့်ခံခဲ့ရခြင်းများနှင့် အိမ်ထောင်သည်ဘဝ တစ်လျှောက်လုံး ငရဲကျနေသလို ခံစားခဲ့ရသည်။

“ကျွန်မ သူ့ကိုထားပြီး ထွက်သွားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ သူပြင်လာမှာပါထင်ပြီး သည်းခံခဲ့တယ်” ဟု သူမရင်ဘတ်ပေါ်ရှိ ကန့်လန့်ဖြတ် ဒဏ်ရာကြီးပေါ်သို့ လာနားသော ယင်ကောင်များ ကို မောင်းထုတ်ရင်း ပြောသည်။ နောက်ပြီး သူမတွင်ရှိသော ကလေးငါးယောက်အတွက် သူ့လုပ်စာ တစ်ခုတည်းကိုသာ မှီခိုနေရသဖြင့် သူမတွင် ရွေးချယ်ခွင့် မရှိခြင်းကို ဆွေးမြည့်စွာ ထုတ်ဖော်ရှာသည်။

ကမ္ဘောဒီးယားနိုင်ငံ အနှံ့အပြားတွင် အမျိုးသမီးများ အကြမ်းဖက် ခံရခြင်းများသည် ယနေ့အထိ ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ် ဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံအရလည်း အိမ်ထောင်ရေး ကွာရှင်းရန် ခွင့်မပြု။ သူတို့ လူ့ဘောင်အဖွဲ့အစည်းတွင် ဇနီးဖြစ်သူသည် ခင်ပွန်းဖြစ်သူကို ရိုသေပြီး ပြောသမျှ လိုက်နာရမည်သာ ဖြစ်သည်။ ခင်ပွန်းသည်က ဘာလုပ်လုပ် ခံမပြောနဲ့ နားထောင်ဆိုသည့် ဘဝနှင့်သာ သူတို့နေထိုင်ကြရသည်။

ကမ္ဘောဒီးယားနိင်ငံ၏ ရိုင်းစိုင်းသော ယောက်ျားများ ဓလေ့အတိုင်း မောင်ဆင်းသည် ဇနီးသည်ကို သေလောက်အောင် ကြံစည်ထားသော်လည်း အရေးယူခံရခြင်း မရှိခဲ့ပေ။ ထိုသို့ အပြစ်လုပ်သူကို ဓလေ့ဖြင့် ဖုံးလွှမ်းပြီး အရေးယူနိုင်မှု မရှိခြင်းကပင် ယဉ်ကျေးသော လူ့ဘောင်ကြီး တစ်ခုလုံးကို စော်ကားနေသလို ဖြစ်သည်။

ကမ္ဘောဒီးယားရှိ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများကလည်း ဓလေ့ထုံးစံအရ ငုံ့ခံနေသူတွေများ သောကြောင့် အထောက်အထားများ ရနိုင်မှု ခက်ခဲကြောင်း ပြောကြသည်။ အမျိုးသမီးတို့ ဘဝသည် အိမ်ထောင်ကျသည်နှင့် လင်ယောက်ျား လုပ်သမျှခံ၊ ပေးသမျှယူ၊ ကျွေးသမျှစားကာ ခင်ပွန်းသည်အပေါ် လုံးဝမှီခို နေကြရသဖြင့် အစိုးရလည်း တစ်ခုခုကို အရေးယူခြင်းထက် ခေါင်းရှောင်နေသည်က များသည်။

“အမျိုးသမီးတွေ သူတို့ဘယ်လောက်ပဲ အကြမ်းဖက် ခံရသည်ဖြစ်စေ နှုတ်ဆိတ်နေတာက အကြောင်းရှိ တယ်။ သူတို့မှာ အခြားရွေးချယ်ခွင့်ဆိုတာ ဘာမှရှိကြတာ မဟုတ်ဘူး။ ယောက်ျားကို ဆန့်ကျင်ရင် အသိုင်းအဝိုင်းက ကဲ့ရဲ့ပြစ်တင်ကြမယ်။ မထင်ရင် မထင်သလို ယောက်ျားရဲ့ လက်တုံ့ပြန်တာကိုလည်း ခံရဦးမယ်” ဟု ကုလသမဂ္ဂ အမျိုးသမီးရေးရာ အတိုင်ပင်ခံ ဖရေရာ လာဆင်က ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ Licadho တွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ၂၀၁၂ ခုနှစ်တွင် အမျိုးသမီးများ အကြမ်းဖက် အနိုင်ကျင့်ခံရမှုပေါင်း ၃၀၄ မှု ရှိခဲ့ပြီး၊ သူတို့ခင်ပွန်းသည်များ၏ သတ်ဖြတ်မှုကို ခံရသူလေးဦး ရှိကြောင်း ပြောကြားသည်။

“ပြည်တွင်းမှာ နှိပ်စက် အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီး ပြဿနာတွေ အများကြီး ရှိတယ်။ တကယ်လို့ အဲဒီ အမျိုးသမီးတွေက သက်ဆိုင်ရာကို တိုင်ကြားချင်တယ်ဆိုရင် ကျွန်မတို့က ကူညီပေးဖို့ အသင့်ရှိတယ်။ ဒါပေမဲ့ ပြဿနာအများစုက သူတို့ယောက်ျားတွေ လာချော့လိုက်ရင် ပျော့ပြီး ပြန်ပါသွားကြတာများတယ်” ဟု Licadho အဖွဲ့ကို ထူထောင်သူ စောချန်ဟွန်းက ဆိုသည်။

၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသမီးရေးရာ ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာအရ ကမ္ဘောဒီးယား နိုင်ငံအမျိုးသမီး ၄၀ ရာခိုင်နှုန်းခန့်သည် အကြမ်းဖက် အနိုင်ကျင့်မှုများ ခံစားနေကြရကြောင်း သိရသည်။ အထူးသဖြင့် အိမ်တွင်း၌ ကျိတ်ပြီး နှိပ်စက်မှုများကို ခံနေကြရခြင်း ဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီး ၃၀၀၀ လောက်မှာ ကြိုးတုပ်ပြီး အရိုက်ခံကြရသည်။ ပမာဏအားဖြင့် ၂၀ ရာခိုင်နှုန်းခန့် ဖြစ်သည်။ ၇ ရာခိုင်နှုန်းသည် လည်ပင်းညှစ်ခြင်းနှင့် မီးရှို့ခြင်းများကို ခံစားနေကြရသည်။

“မိန်းမတွေကို သူတို့ယောက်ျားတွေက ပြဿနာမရှာနဲ့ ငတ်သွားမယ်လို့ ပြောနေနိုင်တာကိုက သဘာဝ မကျသေးဘူး။ ကမ္ဘာပေါ်မှာ ဒီလို အိမ်ထောင်ကျလိုက်တာနဲ့ အနှိပ်စက်ခံရမယ်ဆိုတာ ပြဿနာတစ်ရပ် အနေနဲ့ ရှိနေသေးတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာ အဲဒီလို ယောက်ျားတွေကို အပြစ်မပေးနိုင်တာ ကလည်း အားနည်းချက် တစ်ခုလို ဖြစ်နေတယ်” ဟု ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အမျိုးသမီးရေးရာ ဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မူဆိုချောက ဆိုသည်။

ကမ်ပေါ့ကျေးရွာသူ ကျေးရွာသားတွေကလည်း မိမိတို့ရွာ အတွင်း မောင်ဆင်း၏ နှစ်ပေါင်းနှစ်ဆယ်ခန့် လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းနေမှုကို မသိဟုဆိုခြင်းမှာ လူမှုရေး အသိစိတ်နှင့် အကြင်နာတရား ခေါင်းပါးသည်ဟု ဆိုနိုင်ခြင်းထက် ဓလေ့ထုံးစံ များကြောင့်သာ ဖြစ်မည် ထင်သည်။

“မောင်ဆင်းကို ကြည့်ရတာ လူကောင်းတစ်ယောက်ပါ။ ယဉ်ကျေးတယ်၊ ခင်မင်စရာ ကောင်းတယ်။ သူ့ကို လူတိုင်းသဘောကျကြတယ်။ သူဒီလိုလုပ်မယ့် လူတစ်ယောက် မဟုတ်ပါဘူး” ဟုပင် ရွာလူကြီး ခန်ဆာမောင်းက ထောက်ခံပေးလိုက်သေးသည်။

ကမ်ပုံ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ရို့သ်ဆမ်အန်းအား မောင်ဆင်းကို အဘယ်ကြောင့် မဖမ်းရ သနည်းဟု မေးလိုက်သော အခါတွင် သူက “တိုင်မှမတိုင်တာ ဘယ်လို အရေးယူလို့ ရမှာလဲ။ တိုင်မှ ကျုပ်တို့ရဲတွေကလည်း ဥပဒေကြောင်းအရ အရေးယူလို့ရမှာပေါ့” ဟု ပြောကြားသည်။

“ကျုပ်တို့ အဲဒီအမှုကို ကြားပါတယ်။ သွားပြီးတော့တောင် မေးခဲ့သေးတယ်။ ဒါပေမဲ့ သူ့ကို ဖမ်းလို့မရ ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ မိသားစုဝင်တွေက အမှုမှ မဖွင့်တာ” ဟု ဆမ်အန်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် လူသတ်မှု၊ ဓားပြမှုတို့လောက်က လွဲပြီး လင်မယားချင်း အနိုင်ကျင့်မှုများမှာ မတိုင်လျှင် အရေးယူနိုင်ခြင်း မရှိပေ။

“တကယ့်ပြဿနာက မောင်ဆင်းမှာ စိတ်ဝေဒနာ နည်းနည်း ရှိတယ်။ သူလည်း ဒဏ်ရာရထားတာပဲ။ ခုဆိုရင် သူလည်းမကျန်းမာဘူး။ သူနေကောင်းမယ်ဆိုရင် ကျုပ်တို့လည်း ဥပဒေအရ အပြစ်ပေးနိုင်မယ် ထင်တယ်” ဟု စိတ်ဝေဒနာကို အကြောင်းပြပြီး ရဲက အမှုကို လျှောချသွားခဲ့သည်။

ဆိုဖောင်းကမူ သူမအနေနှင့် နှိပ်စက် မီးရှို့ခံရပြီးနောက် ရဲစခန်းသို့ တိုင်ကြားလိုသော်လည်း ကျေးရွာ လူကြီးက သူမကိုရဲမတိုင်ရန် ဖိအားများ ပေးခဲ့သည်ဟု ဆိုသည်။ ပြီးတော့ ရဲသွားတိုင်လို့လည်း အပိုပဲ မောင်ဆင်းကို အရေးယူလို့မရကြောင်း လာပြောခဲ့သည်။

“မိသားစုက မောင်ဆင်းကို ဖမ်းစေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က အဲဒီလိုလုပ်လို့ အကျိုးမရှိနိုင်ဘူးလို့ သူတို့ကို ပြောခဲ့တယ်” ဟု ရွာလူကြီးကလည်း ဆိုသည်။

ရွာလူကြီးက ဆက်ပြီး “ဒါမျိုးတွေ မကြာခဏ ဖြစ်နေတာပဲ။ အဲဒီလို ဖြစ်လာလို့ လုပ်တဲ့ကောင်တွေကို ဖမ်းပြီးထောင်ချရမယ် ဆိုရင်လည်း မိသားစုတွေအတွက် ပိုပြီးကောင်းလာမှာမှ မဟုတ်တာ” ဟု ပြောခဲ့သည်။

ဆိုဖောင်းသည် ယခုအခါ ပြည်တရွှဲရွှဲ ဖြစ်နေသည့် အနာများနှင့် အင်္ကျီကိုပင် မဝတ်နိုင်ပေ။ ဆေးရုံက ဆင်းခွင့် ပြုလိုက်ကတည်းက သူမယောက်ျားနှင့် မည်သို့ မျက်နှာချင်းဆိုင်ပြီး ပြန်နေရမည်ကိုပင် မတွေးနိုင်လောက်အောင် ခေါင်းရှုပ်နေခဲ့သည်။

“သူ ကျွန်မကို စကားပြောပါ့မလားတော့ မသိဘူး။ ကျွန်မကတော့ သူ့ကို အိမ်ပေါ်က ဆင်းသွားခိုင်းမယ်။ ဒါပေမဲ့ သူက နှုတ်နည်းနည်းနဲ့ ရက်စက်တတ်တာဆိုတော့ ပြောရခက်တယ်။ ခုထိ သူအိမ်က ထွက်မသွားသေးဘူး” ဟု ဆိုဖောင်းက ပြောသည်။

နိုင်ငံအနှံ့ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း ဘေးမှ ကင်းဝေးစေရန် အမျိုးသမီး စောင့်ရှောက်ရေး အဖွဲ့များသည် ကုလသမဂ္ဂ၏ အထောက်အပံ့များဖြင့် လှုပ်ရှားမှုများကို ပြုလုပ်ကြသည်။ အထူးသဖြင့် White Ribbon လှုပ်ရှားမှုကို ဆောင်ရွက်ကြသည်။ အမျိုးသားများကို အမျိုးသမီးများ၏ အခွင့်အရေးများ ပညာပေးကြသည်။ ဂျာမန်နှင့် စပိန်အစိုးရတို့ကလည်း The Good Men လှုပ်ရှားမှုကို ဦးဆောင်ပြီး အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ အခွင့်အရေးအတွက် ပညာပေးမှုများ ပြုလုပ်နေကြသည်။

“တစ်နှစ်၊ ၂ နှစ်လောက်ဆိုရင် စိတ်ထားတွေ ပြောင်းကုန်မယ် ထင်ပါတယ်။ လူတွေရဲ့ အလေ့အထ စရိုက်တွေကို ပြောင်းရလိမ့်ဦးမယ်။ အချိန်တော့ ယူရမှာပေါ့” ဟု စပိန် NGO Paz Y Desarrollo အဖွဲ့ခေါင်းဆောင် ဒေသကိုယ်စားလှယ် စတီဖာနိုဘရီဂိုနီက ဆိုသည်။ သူက The Good Men အဖွဲ့တွင် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ပေးနေသူလည်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ဥပဒေကို နိုင်ငံတော် အစိုးရကလည်း ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုဥပဒေတွင် ပါရှိသည် အားနည်းချက်များကို လူ့အခွင့်အရေး လှုပ်ရှားသူများ အဖွဲ့ကလည်း ထောက်ပြ ဝေဖန်နေကြသည်။ ဥပဒေအရ “သင့်တော်သလို ပိုင်းဖြတ်ရန်” ဆိုသည့်စကားသည် ဇနီးမယားနှင့် သမီးသားတို့အတွက် အခွင့်အရေးများ ဆုံးရှုံးသလို ဖြစ်နေသည်။ ယောက်ျား ၏ ပြုမူလုပ်ဆောင်ချက်သည် စည်းကမ်း လိုက်နာစေရန်နှင့် ပညာပေးသည့် သဘောမျိုး ဖြစ်ပြီး စိတ်ထားကောင်းစွာဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပိုင်းဖြတ်ခြင်း ခံရလျှင် ထိုခင်ပွန်းယောက်ျားကို အပြစ်ပေး အရေးမယူနိုင်ခြင်းက ဥပဒေကို လက်တစ်လုံးခြား လှည့်စားထားသလို ဖြစ်နေသည်။

မယားကို မီးရှို့ပြီးနောက်တွင်လည်း မောင်ဆင်းသည် ဆက်လက် နှိပ်စက်မြဲ ဖြစ်သည်။ ရွာလူကြီးက သူ့ကို ရှစ်လတိတိ အိမ်ကထွက်သွားရန် အမိန့်ထုတ်လိုက်သည်။

“ဆိုဖောင်းက ကျွန်တော့်ဆီလာပြီး မောင်ဆင်းနဲ့အတူ မနေနိုင်ပါဘူးလို့ လာပြောတယ်။ သူ့ကို မောင်ဆင်းက အဓမ္မကျင့်တယ်။ သူ့သမီးကိုလည်း အဓမ္မကျင့်ဖို့ ကြိုးစားတယ်လို့ လာတိုင်တယ်။ ဒါကြောင့် အဲဒီကောင်ကို သူ့မိဘတွေဆီ ပြန်နေဖို့ ကျွန်တော် အမိန့်ထုတ်ထားတယ်” ဟု ရွာလူကြီးက ဆိုသည်။

မောင်ဆင်းသည် ယခုအခါ နှစ်မိနစ်လောက် လမ်းလျှောက် သွားလျှင် ရောက်နိုင်သည့် သူ့မိဘများ အိမ်သို့ ရောက်နေသည်။ သူ့အိမ်က လှမ်းကြည့်လျှင်ပင် ဇနီးနှင့် သားသမီးများကို မြင်နိုင်သည်။
ဆိုဖောင်းကမူ “သူမရှိမှ အေးတော့တယ်” ဟု ဆိုလာသည်။ သူမအနေနှင့် လူတွေက ဘယ်လိုပြောပြော ဂရုမစိုက်တော့ကြောင်းလည်း ပြောလာသည်။

“ခုဆိုရင် ကျွန်မအနေနဲ့ ယောက်ျားမရှိလည်း ဘာမှမဖြစ်တော့ဘူး။ ကျွန်မကို မီးရှို့ထားတဲ့ ကောင်လို့ တွေးလိုက်တိုင်း ဖြေသာမိတယ်” ဟု သူမက ဆိုလိုက်သည်။

Ref : Beaten and Burned, by Denise Hruby (GLOBE, April 2013)


The Voice Weekly
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အရွယ်နဲ့ မလိုက်အောင် အိုသွားစေနိုင်တဲ့ အစားအစာ(၃)မျိုး......................



Posted by: Ko Myo on Monday, July 07, 2014 Categories:
Lily on 2014-07-07 17:56
ဘယ်သူမဆို ကိုယ့်အသက်အရွယ်ထက် ပိုပြီးတော့ နုချင်ကြတာ မဆန်းပါဘူး။ အပြင်ပိုင်း အပြင်အဆင်နဲ့ သင့်အရွယ်ကို စိတ်ချလက်ချ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ သင့်အစား အသောက်ကို သင့်တင့်အောင် စားသုံးခြင်းကနေ ယုံကြည်စိတ်ချမှုကို ရယူနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ကို နုပျိုအောင် ပြုလုပ်ပေးတာ ကတော့ ဆဲလ်တွေပါပဲ။ ဒါဆို ဆဲလ်တွေကို ဘယ်သူက သတ်နေလဲ။ အဖြေကတော့ သွေးမှာပါတဲ့ သကြားဓါတ် လွန်ကဲမှုကြောင့် ဖြစ်တာပါ။ အဲဒါကြောင့် သကြားဓါတ်များအောင် လုပ်ဆောင်ပေးတဲ့ အစားအသောက်တွေကို လျော့စားလိုက်မယ်ဆိုရင် အိုမင်းခြင်းကနေ ကာကွယ်ပေး ရုံတင်မက… ကျန်းမာရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အကူအညီပေးမှာဖြစ်ပါတယ်။

ခုဖော်ပြပေးထားတဲ့ အစားအသောက်တွေဟာ သွေးအတွင်း သကြားဓါတ်လွန်ကဲစွာ ဖြစ်ပေါ်စေတဲ့ အစားအသောက်တွေမို့လို့ လျော့ပြီး စားသုံးဖို့ အကြံပေးလိုက်ပါတယ်။

၁။ ဂျုံ

၂။ သကြား

၃။ ပဲပိစပ် နှင့် ဟင်းသီးဟင်းရွက် အဆီများ

ကဲ အရွယ်တင်နုပျိုချင်တဲ့ ပျိုမေတွေ အထက်မှာဖော်ပြထားတဲ့ အစားအသောက်တွေကို လျှော့စားရင်း နုပျိုမှုကို ခံစားကြည့်လိုက်ပါလို့။

Ref:womenslife.today
Trend Myanmar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ပျောက်ဆုံးသွားတဲ့ အိုင်ဖုန်း (၉) လကြာပြီးနောက် ပြန်လည်တွေ့ရှိ.........................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
အေသင်အောင်
အမေရိကန် ပြည်ထောင်စု၊ အိုကလာဟိုးမား ပြည်နယ်မှာ နေထိုင်တဲ့ ကီဗင်ဝှစ်တနီဟာ ၂၀၁၃ အောက်တိုဘာလမှာ သူကိုင်ဆောင်ထားတဲ့ အိုင်ဖုန်း ပျောက်သွား ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖုန်းဟာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင် ကိုးလ ကြာပြီးတဲ့နောက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒီဖုန်းဟာ အမေရိကန် ပြည်ထောင်စု ကနေ ဂျပန်နိုင်ငံ အထိ ရောက်သွားပြီး တဲ့နောက် မူလပိုင်ရှင်ဖြစ်တဲ့ ကီဗင်ဝှစ်တနီဆီ ပြန်လည်ရောက်ရှိ လာခဲ့ခြင်းဖြစ်ပါတယ်။ ကီဗင်ဝှစ်တနီဟာ စက်ရုံ လုပ်သား တစ်ဦး ဖြစ်ပြီး သူ့ရဲ့အိတ်ကပ်ထဲမှာ အိုင်ဖုန်းကို ထည့်ဖို့ ကြိုးစားစဉ် အောက်ကိုပြုတ်ကျကာ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီဖုန်းကို ပြန်လည်တွေ့ရတော့မယ်လို့ ထင်မှတ်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့ အိုင်ဖုန်းဟာ ပစ္စည်းတွေကြားထဲ မှာ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို ဂျပန်နိုင်ငံကို ပို့ဆောင်မှု ပြုလုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကီဗင်ဝှစ်တနီဆီ ဖုန်းဆက်သွယ်မှု ပြုလုပ်လာ ခဲ့ပါတယ်။ အဲဒီ ဖုန်းကလည်း ကီဗင်ဝှစ်တနီရဲ့ အိုင်ဖုန်း ဖြစ်နေပါတယ်။ ဒါကြောင့် ကီဗင်ဝှစ်တနီဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ ဂျပန် နိုင်ငံမှာ ရှိနေတဲ့လူတစ်ဦးက အဲဒီဖုန်းကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ ကီဗင်ဝှစ်တနီဟာ ဖုန်းထဲမှာ ဓာတ်ပုံမှတ်တမ်းတွေ ရှိနေတာမို့ ပြန်လည်တွေ့ရလို့ ၀မ်းသာမိကြောင်း ပြောကြားသွားခဲ့ပါတယ်။


The Messenger
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

♪ လေးမိနစ်အတွင်း အလုံးရေ ၅၀,၀၀၀ ရောင်းချခဲ့ရသည့် Xiaomi MiPad ♫...................


တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာသော Xiaomi သည် Apple ၏ iPad mni နှင့် ယှဉ်ပြိုင်နိုင်မည့် MiPad tablet အလုံးရေ ၅၀,၀၀၀ ကို လေးမိနစ်အတွင်း ရောင်းချခဲ့ရကြောင်း ပြောကြားခဲ့သည်။
Xiaomi သည် အဆိုပါ MiPad အလုံးရေ ၅၀,၀၀၀ ကို တရုတ်နိုင်ငံတွင် ရောင်းချခဲ့ရခြင်း ဖြစ်သည်။
MiPad သည် စွမ်းဆောင်ရည် မြင့်မားသည့်အပြင် ဈေးနှုန်းသက်သာသောကြောင့် tablet ကွန်ပျူတာအသစ်တစ်လုံး ရှာဖွေသူများ အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သည်။ MiPad တွင် ၇.၉ လက်မ 2,048x1,536 pixel resolution IPS display ပါဝင်ပြီး NVIDIA Tegra K1 processor အပြင် 2GB RAM နှင့် အနည်းဆုံး 16GB onboard storage တို့ပါဝင်သည်။ ထို့အပြင် microSD card များကိုလည်း အထောက်အပံ့ပေးနိုင်သည်။
ကျောဘက်ကင်မရာသည် 8-megapixel ဖြစ်ပြီး အရှေ့ဘက် ကင်မရာက 5-megapixel ဖြစ်သည်။ ဘက်ထရီမှာ 6,700mAh ဘက်ထရီဖြစ်ပြီး အရောင်ငါးမျိုးဖြင့် ရရှိနိုင်သည်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၄၀ ဝန်းကျင်သာရှိသည်။
Ref: Ubergizmo

လက်ထက်ပွဲမှာ ကွာရှင်းခွင့် တောင်းတဲ့ အမျိုးသား........................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
07 July 2014 | By Aung Kham Kyaw
ဆော်ဒီအာရေဗိယ နိုင်ငံမှာ ဖြစ်ပါတယ်.. မင်္ဂလာဆောင်နေစဉ် အတွင်းမှာပဲ ကွာရှင်းခွင့်ပါ အမျိုးသား တစ်ဦးက တောင်းဆိုခဲ့ ပါတယ်။ အမျိုးသားကို အပြစ်မြင်နေကြ ပါလိမ့်မယ်။ ဖြစ်စဉ်က ဒီလိုပါ။ မင်္ဂလာဆောင်ဖို့ တစ်ရက် အလိုမှာပဲ အမျိုးသားဆီ လူတစ်ယောက်က Memory Stick တစ်ချောင်း လာပေး ပါတယ်။ ယင်းထဲမှာ သူနဲ့ လက်ထက်တော့မယ့် ချစ်သူ နဲ့ သူ့ အရင်ရည်းစား ဟောင်းတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထည့်ထားတာကို ဖွင့်ကြည့် မိလိုက်ပါတယ်။ ရိုးရိုးတန်း ဓာတ်ပုံတွေ မဟုတ်ပါဘူး။ ဟိုတယ် အခန်းမှာ တစ်ညတာ ကုန်ဆုံးတဲ့ အမှတ်တရ အနေနဲ့ နှစ်ယောက်သား အတူ ရိုက်ထားကြတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဓာတ်ပုံ မြင်မြင်ချင်း Shock ဖြစ်သွားခဲ့ ပါတယ်။

သို့ပေမယ့် ဘယ်သူ့ကိုမှ မဖွင့်မပြောခဲ့ ပါဘူး။ မင်္ဂလာဆောင်တဲ့ ခန်းမက ဘုန်းတော်ကြီး ကောင်းချီးပေး နေချိန်မှာပဲ တွေဝေ နေတဲ့ စိတ်ကနေ တစ်ထစ်ချ ကောက်ချက်ချပြီး ကွာရှင်းဖို့ပါ တောင်းဆိုခဲ့ခြင်း ဖြစ်ပါ တယ်။ သူနဲ့ လက်ထက်တော့မယ့် အမျိုးသမီးဟာ အရင်ချစ်သူဟောင်းရဲ့ ဆက်သွယ် ခြိမ်းခြောက်မှုကို ခံရကြောင်း ဆိုပါတယ်။ သူ့ကိုပဲ လက်ထက်ပါလို့ တောင်းဆိုတာကို ငြင်းလို့ ဓာတ်ပုံ များကို ပို့လိုက်ခြင်း ဖြစ်ပါတယ်။ ဒီသတင်း ကနေလည်း ရိုးရာလေး စာဖတ်သူကို ဆင်ခြင်စရာ သိစရာ တွေ ပါလိမ့်မယ်လို့ ယုံကြည် ပါတယ်။


Ref: Mirror
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကလေးများအတွက် နည်းပညာနဲ့ ဆိုင်သော အကြံပေးချက် တစ်ချို့ ............................

Posted by: Ko Myo on Monday, July 07, 2014 Categories:
7 July 2014 | By Aung Hein Oo
ပြီးခဲ့တဲ့ ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား.... ဆိုတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများ အတွက် ရေးသားခဲ့ပြီးတော့ ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊ ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ နည်းနည်း စကားစချီပါရစေ။

ထိုကဲ့သို့ ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကား
တစ်ရပ်ကတော့ Screen time လို့ခေါ်ပါတယ်။ ထို ကရိယာတွေ ရဲ့ Screen ရှေ့မှာ အသုံးပြုနေတဲ့ အချိန်ပေါ့။ ထို Screen time ဟာ များသောအားဖြင့် ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ထိုင်နေစဉ်တွင် မလှုပ်ရှားဘဲ လုပ်ရတဲ့ အလုပ်ဖြစ်ကာ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ထိုအချိန်တွင် အသုံးပြုမူ မဆို စလောက် နည်းပါးစေပါတယ်။ ဒီလို အချိန်တွေ ကလေးတွေမှာ များလာတဲ့အခါ ညအခါမှာ အိပ်မပျော် တာ၊ တော်တော်နဲ့ မအိပ်တာတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး အာရုံစူးစိုက်မူနဲ့  အ၀လွန်မူ ပြသာနာတွေ ဖြစ်လာပါတယ်။ ဒါက အကြမ်းဖျင်းလောက်သာ ဖြစ်ပါသေးတယ်။ 

လမ်းညွှန်းမူတွေ အနေနဲ့ ...

(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။

(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။

Screen time ကို ဘယ်လို လျော့ချမယ် ?

ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။

- ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။ ( ဖုန်း၊ နဲ့ အခြား တပ်ပလပ် များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)

- အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။

- ကြည့်လိုသည့် တီဗီအစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။ ( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)

- အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။

- မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။ - မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။

အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။

Ref: childhealth
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)