Friday, July 4, 2014
Wednesday, July 2, 2014
ပိုက်ဆံအလကားရလို့ပါ .........................
လင်မယား နှစ်ယောက်တည်း နေတဲ့ အိမ်တစ်လုံးမှာပေါ့။
အမျိုးသားက အိပ်နေတယ်။ အမျိုးသမီးက ရေချိုးနေတယ်။ အိမ်ရှေ့ တံခါးခေါက်သံကြားတော့ ခန္ဓာကိုယ်ကို ပုဝါပတ်လို့ ပြေးဖွင့်ကြည့် ပါတယ်။
ဂျော်နီ အမည်ရ အိမ်နီးချင်း အဖိုးကြီး တစ်ဦး ဖြစ်ပြီး သူမကို ယခုလို စကားဆိုပါတယ်။
"ပုဝါ ခဏဖယ်ရင် ဒေါ်လာ ၈၀၀ ပေးမယ်"
ဒါနဲ့ အမျိုသမီးက ဒေါ်လာ ၈၀၀ အလကားရမယ့် အရေးမို့ ပုဝါကို ခဏဖယ်ပြလိုက်ပါတယ်။
ပိုက်ဆံရတော့ ပျော်ရွှင်စွာနဲ့ သူ့ယောင်္ကျားဆီပြေးလို့ ယခုလို သွားပြော ပါတယ်။
"ယောင်္ကျားရေ.. အိမ်နီးချင်း ဂျော်နီ တစ်ယောက် သဲပုဝါ ခဏ ဖယ်ပေး တာလောက်ကို ဒေါ်လာ ၈၀၀ ပေးမယ်ဆိုလို့ လက်ခံ လိုက်တာ။ ခု ဒေါ်လာ ၈၀၀ ရလာပြီ"
ဒီတော့ အမျိုးသားက ယခုလို ပြန်ပြောပါတယ်။
"အင်း အဲဒီ ဂျော်နီဆိုတဲ့ အဘိုးကြီး ငါ့ကို အကြွေးက ဒေါ်လာ ၈၀၀ ဆပ်ဖို့ ရှိတယ်ဟ"
----
သင်ခန်းစာ -
လူတစ်ဦး သာမန်အချိန်ထက် ပိုသဘောကောင်းနေလျှင် သတိထားပါ။ လောကမတက်ပါနှင့်။
--
Ref: everyjoke
Aung Kham (ရိုးရာလေး)
http://www.yoyarlay.com/book/152-natter/37762-as-get-money-free
.
"ပုဝါ ခဏဖယ်ရင် ဒေါ်လာ ၈၀၀ ပေးမယ်"
ဒါနဲ့ အမျိုသမီးက ဒေါ်လာ ၈၀၀ အလကားရမယ့် အရေးမို့ ပုဝါကို ခဏဖယ်ပြလိုက်ပါတယ်။
ပိုက်ဆံရတော့ ပျော်ရွှင်စွာနဲ့ သူ့ယောင်္ကျားဆီပြေးလို့ ယခုလို သွားပြော ပါတယ်။
"ယောင်္ကျားရေ.. အိမ်နီးချင်း ဂျော်နီ တစ်ယောက် သဲပုဝါ ခဏ ဖယ်ပေး တာလောက်ကို ဒေါ်လာ ၈၀၀ ပေးမယ်ဆိုလို့ လက်ခံ လိုက်တာ။ ခု ဒေါ်လာ ၈၀၀ ရလာပြီ"
ဒီတော့ အမျိုးသားက ယခုလို ပြန်ပြောပါတယ်။
"အင်း အဲဒီ ဂျော်နီဆိုတဲ့ အဘိုးကြီး ငါ့ကို အကြွေးက ဒေါ်လာ ၈၀၀ ဆပ်ဖို့ ရှိတယ်ဟ"
----
သင်ခန်းစာ -
လူတစ်ဦး သာမန်အချိန်ထက် ပိုသဘောကောင်းနေလျှင် သတိထားပါ။ လောကမတက်ပါနှင့်။
--
Ref: everyjoke
Aung Kham (ရိုးရာလေး)
http://www.yoyarlay.com/book/152-natter/37762-as-get-money-free
.
You might also like:
မန္တလေးတွင် ပဋိပက္ခဖြစ်ပွား...သေနတ်ဖောက်ပြီး လူစုခွဲပြီ
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ 'နေ' လက်ဖက်ရည်ဆိုင် ပိုင်ရှင်
ညီအစ်ကိုနှစ်ဦး အဓမ္မမှု ကျူးလွန်ခဲ့သည်ဆိုသော သတင်းအရ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့က စစ်ဆေးရန် ဆိုင်ပိတ်သိမ်းခိုင်းရာမှ ဘာသာရေးအသွင်ဆောင်သည့်
ပဋိပက္ခတစ်ခု ည ၆ နာရီဝန်းကျင်မှစ၍ ဖြစ်ပွားခဲ့သည်။
မြို့လယ်ကောင် ၈၂ x ၂၈လမ်းထောင့်ရှိ အဆိုပါလက်ဖက်ရည်ဆိုင်တွင် အစ္စလာမ် ဘာသာဝင် ဆိုင်ရှင်နှစ်ဦးက ဝန်ထမ်းအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု အင်တာနက်တွင် သတင်းပြန့်နှံ့ခဲ့ ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကြောင့် ဇွန် ၃ဝ ရက်တွင် ရဲတပ်ဖွဲ့က လက်ဖက်ရည်ဆိုင်ကို လာရောက်စစ်ဆေးခဲ့ကာ ယနေ့တွင်မူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆိုင်ပိတ်သိမ်းခိုင်းရာမှ ပဋိပက္ခဆန်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည် ဟု ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေ သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို အတည်ပြုသည်။
''မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပွားဖို့ ပထမရက်မှာ လုံခြုံရေးယူပေးထားပါတယ်။ ဒီနေ့မှာတော့ ဆိုင်ကို ပိတ်ခိုင်းခဲ့တာပါ''ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းကပြောသည်။ ထိုအခါ ဆိုင်ပိုင်ရှင်မှ မည်သည့်အတွက်ကြောင့် ပိတ်ခိုင်းသနည်းဟုဆိုကာ မေးခွန်းထုတ်ရာမှ စတင်၍ ဘာသာမတူသည့် လူအုပ်စု နှစ်ခုအကြား အပြန်အလှန် အော်ဟစ် ငြင်းခုန်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ တစ်ဦး၏ ဇနီးဖြစ်သူကမူ ''ဆိုင်မှာ အမျိုးသမီးဝန်ထမ်း မရှိပါဘူး။ အဒေါ်ကြီး တစ်ယောက်နဲ့ ကျွန်မကိုယ်တိုင် ထမင်းချက်ပါတယ်။ ရဲတွေ မနေ့က လာရှာတယ်'' ဟု ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါလမ်းနှင့် အနီး ပတ်ဝန်းကျင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားသည်။ ၈၂ လမ်းသို့ ဝင်ရောက်ရာ လမ်းတစ်လျှောက် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်။ ယင်းနေရာတွင် လက်နက်များ ကိုင်ဆောင်လှည့်လည်ခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကို ရာဂဏန်း ချီသည့် နှစ်ဖက်လူအုပ်စုတို့ လုပ်ဆောင်နေသည်။
၈၂လမ်း x ၈၃ လမ်းကြားတွင်လည်း မော်တော်ယာဉ် တစ်စီးနှင့် နေအိမ်၊ ဆိုင် ခန်းအချို့၏ ဆိုင်းဘုတ်များ၊ မှန်များ ဖျက် ဆီးခံခဲ့ရသည်။ ဈေးချိုနာရီစင်တစ်ဝိုက်တွင် မော်တော်ဆိုင်ကယ်များ ပျက်စီးသည် အထိ ဖြစ်ပွားခဲ့သည်။ ထို့ပင် ဓားဒဏ်ရာ ရရှိသူအချို့လည်းရှိပြီး မန္တလေးဆေးရုံကြီး သို့ပို့ဆောင်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်း ခံရသူမရှိသေးဘဲ လုံခြုံရေး အင်အားတိုးမြှင့် ထားသည်ဟု ည ၁၂ နာရီ အချိန်အထိ နောက်ဆုံးသတင်းများက ဆိုသည်။
မန္တလေးတစ်မြို့လုံး ယခုအချိန်တွင် မီးများဖြတ်ထားသည်ဟု သိရသည်။
မျိုးသန့်၊ အောင်ကိုဦး
Mizzima - News in Burmese
မြို့လယ်ကောင် ၈၂ x ၂၈လမ်းထောင့်ရှိ အဆိုပါလက်ဖက်ရည်ဆိုင်တွင် အစ္စလာမ် ဘာသာဝင် ဆိုင်ရှင်နှစ်ဦးက ဝန်ထမ်းအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု အင်တာနက်တွင် သတင်းပြန့်နှံ့ခဲ့ ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကြောင့် ဇွန် ၃ဝ ရက်တွင် ရဲတပ်ဖွဲ့က လက်ဖက်ရည်ဆိုင်ကို လာရောက်စစ်ဆေးခဲ့ကာ ယနေ့တွင်မူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆိုင်ပိတ်သိမ်းခိုင်းရာမှ ပဋိပက္ခဆန်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည် ဟု ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေ သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို အတည်ပြုသည်။
''မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပွားဖို့ ပထမရက်မှာ လုံခြုံရေးယူပေးထားပါတယ်။ ဒီနေ့မှာတော့ ဆိုင်ကို ပိတ်ခိုင်းခဲ့တာပါ''ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းကပြောသည်။ ထိုအခါ ဆိုင်ပိုင်ရှင်မှ မည်သည့်အတွက်ကြောင့် ပိတ်ခိုင်းသနည်းဟုဆိုကာ မေးခွန်းထုတ်ရာမှ စတင်၍ ဘာသာမတူသည့် လူအုပ်စု နှစ်ခုအကြား အပြန်အလှန် အော်ဟစ် ငြင်းခုန်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ တစ်ဦး၏ ဇနီးဖြစ်သူကမူ ''ဆိုင်မှာ အမျိုးသမီးဝန်ထမ်း မရှိပါဘူး။ အဒေါ်ကြီး တစ်ယောက်နဲ့ ကျွန်မကိုယ်တိုင် ထမင်းချက်ပါတယ်။ ရဲတွေ မနေ့က လာရှာတယ်'' ဟု ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါလမ်းနှင့် အနီး ပတ်ဝန်းကျင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားသည်။ ၈၂ လမ်းသို့ ဝင်ရောက်ရာ လမ်းတစ်လျှောက် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်။ ယင်းနေရာတွင် လက်နက်များ ကိုင်ဆောင်လှည့်လည်ခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကို ရာဂဏန်း ချီသည့် နှစ်ဖက်လူအုပ်စုတို့ လုပ်ဆောင်နေသည်။
၈၂လမ်း x ၈၃ လမ်းကြားတွင်လည်း မော်တော်ယာဉ် တစ်စီးနှင့် နေအိမ်၊ ဆိုင် ခန်းအချို့၏ ဆိုင်းဘုတ်များ၊ မှန်များ ဖျက် ဆီးခံခဲ့ရသည်။ ဈေးချိုနာရီစင်တစ်ဝိုက်တွင် မော်တော်ဆိုင်ကယ်များ ပျက်စီးသည် အထိ ဖြစ်ပွားခဲ့သည်။ ထို့ပင် ဓားဒဏ်ရာ ရရှိသူအချို့လည်းရှိပြီး မန္တလေးဆေးရုံကြီး သို့ပို့ဆောင်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်း ခံရသူမရှိသေးဘဲ လုံခြုံရေး အင်အားတိုးမြှင့် ထားသည်ဟု ည ၁၂ နာရီ အချိန်အထိ နောက်ဆုံးသတင်းများက ဆိုသည်။
မန္တလေးတစ်မြို့လုံး ယခုအချိန်တွင် မီးများဖြတ်ထားသည်ဟု သိရသည်။
မျိုးသန့်၊ အောင်ကိုဦး
Mizzima - News in Burmese
ဂျပန်ကထုတ်တဲ့ iPhone Case...(Funny!)......................
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
နည်းပညာသတင်းနှင့် ဖတ်စရာများ

ကိုမျိုး (lwanmapyay.blogspot.com)
အနုမြူကားတွေပြန်လာပြီ၊ ကားတစ်စီးကို နှစ် ၁၀၀ ကြာ စွမ်းအင်ပေးနိုင်တဲ့ သောရီယမ်(Thorium) ရေဒီယိုသတ္တိကြွဒြပ်စင် စွမ်းအင်သုံးကား ........
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
စက်မှုရေးရာ
Angel on 2014-07-01 15:41
လောင်စာတစ်တိုင်ကီလောက်နဲ့ နှစ် ၁၀၀ ကြာ မောင်းနှင်နိုင်တဲ့ ကားမျိုးရှိပါ့မလား။ ဒါဟာ မဖြစ်နိုင်စရာ စိတ်ကူးသက်သက်မဟုတ်ပါဘူး။ အမေရိကန်သမ္မတ Nixon သက်တမ်းမှာ ပယ်ဖျက်ခဲ့တဲ့ အနုမြုလောင် စာ တစ်မျိုးကို အသုံးပြုမယ်ဆိုရင် ဖြစ်နိုင်ကြောင်း ကုမ္ပဏီတစ်ခုက အဆိုပြုလိုက်ပါပြီ။
သောရီယမ်(Thorium) ဆိုတာ သဘာဝအလျောက်တွေ့ ရတဲ့ ရေဒီယိုသတ္တိကြွဒြပ်စင်တစ်မျိုးဖြစ်ပြီး နော်ဝေလူမျိုး တွင်းထွက်ဓာတ်သတ္တုပညာရှင် က ၁၈၂၈ ခုနှစ်မှာ စတင်တွေ့ ရှိခဲ့ပြီး ဆွီဒင်ဓာတု ပညာရှင် က စစ်ဆေးအတည်ပြုခဲ့တဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ နတ်ဘုရား Thor ရဲ့ အမည်ကို အစွဲပြုပြီး သောရီယမ် လို့ ပေးခဲ့တာပါ။
သိပ်သည်းဆများတဲ့ သောရီယမ် ပမာဏအနည်းငယ်ဟာ အံ့သြလောက်စရာ အပူချိန်ပမာဏကို ထုတ်ပေးနိုင်တယ်လို့ အစီရင်ခံစာတစ်ခုမှာ ဆိုပါတယ်။ Laser Power Systems ဆိုတဲ့ ကုမ္ပဏီတစ်ခု ဟာ ဒီ စွမ်းအင်အရင်းအမြစ်ကို ကားတွေမှာ တပ်ဆင်အသုံးပြုဖို့ ကြိုးစားနေပါပြီ။
“ သောရီယမ် ၁ ဂရမ်လောက်က ဓာတ်ငွေ့ ဂါလန်ပေါင်း ၉၃၉၆ ဂါလန်ထက် စွမ်းအင်အများအပြား ပိုထုတ်နိုင်တယ်” လို့ ကုမ္ပဏီက ဆိုထားပါတယ်။ ဒါကြောင့်မို့ လို့  သောရီယမ် ၈ ဂရမ်ဟာ သောရီယမ် တာဘိုင်သုံး မော်တော်ကားကို ရာစုနှစ်တစ်ခုစာလောက် စွမ်းအင်ပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် မေးခွန်းထုတ်စရာတစ်ခုရှိတာကတော့ ဒီလို ရေဒီယိုသတ္တိကြွပစ္စည်းဟာ လူတွေကို အန္တရာယ် မရှိ စေနိုင်ဘူးလားပေါ့။ ဟုတ်ကဲ့ ။ရှိပါတယ်။ သောရီယမ်ဟာ ယူရေနီယမ်ဓာတ်ပေါင်းဖိုအတိုင်း အဆိပ် အတောက် ပမာဏတူ ထွက်ရှိပါတယ်။ Laser Power Systems ရဲ့ CEO Stevens ကတော့ ဒီ ဓာတ် ရောင်ခြည်ထွက်ရှိမှု ကို အလူမီနီယမ်သတ္တုလွှာတစ်ခုနဲ့ ကာဆီးထားနိုင်တယ်လို့ ဆိုပါတယ်။ စတီဗင် ကတော့ သွားဘက်ဆိုင်ရာသုံး X-rays တွေလောက်တဲ့ ဓာတ်ရောင်ခြည်သင့်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါ တယ်။
“ ကားတွေကတော့ ကျွန်တော်တို့ အဓိက စိတ်ဝင်စားတဲ့အရာမဟုတ်ပါဘူး။ မော်တော်ကား ထုတ်လုပ် သူတွေ ကလည်း ဒီနည်းပညာကို လိုချင်မှာမဟုတ်ဘူး။” လို့ Steven က ထပ်ပြောကြားခဲ့ပါတယ်။ မော်တော်ကား ထုတ်လုပ်သူတွေဟာ ဂတ်စ်အင်ဂျင်တွေအသုံးပြုပြီး ပိုက်ဆံရှာနေရတာကိုပဲ ပိုအာရုံ ကျနေတယ်လို့ ဆိုပါတယ်။ သောရီယမ်နည်းပညာဟာ စက်မှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့် ပြန့် အသုံး ချနိုင်ဖို့ ဆယ်စုနှစ်များစွာ အချိန် လိုအပ်နေသေးပြီး အဲ့အချိန်ကျမှ မော်တော်ကား ထုတ်လုပ်သူတွေက သူတို့ အင်ဂျင်တွေမှာ ဒီနည်းပညာသုံးဖို့  ပြန်စဉ်းစားကျလိမ့်မယ်လို့ သူက ဟောကိန်း ထုတ်ခဲ့ပါတယ်။
သဘာဝ အလျောက်တွေ့ ရှိရသော Thorium ဒြပ်စင်
Ref: yahoo.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
သစ်သီး(လုံးဝ) မစားသင့်ဆုံးအချိန်....................
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
ကျန်းမာရေးနှင့် ဆေးပညာ

“ ဗိုက်ထဲမှာ ဘာအစာမျှ မရှိတဲ့အချိန်မှသာ သစ်သီးတွေကို စားသင့်ပြီး၊ ထမင်းစားပြီးပြီးချင်းမှာတော့ သစ်သီး(လုံးဝ)မစားသင့်” ကြောင်း အင်တာနက် သတင်းလွှာဖြစ်တဲ့ American Daily Health Tips မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က အောက်ပါအတိုင်း အကျယ်တ၀င့် ဖော်ပြသွားခဲ့ပါတယ်။
“ဖရဲသီးစားပြီးတိုင်း လေချဉ်တက်တယ်” “ပန်းသီးစားတဲ့အခါတိုင်း လေပွလာတယ်” “ဌက်ပျောသီး စားပြီး တာနဲ့ ဗိုက်နာသလိုလို ဖြစ်လို့ သန့် စင်ခန်းဝင်ရတယ်” စသည်ဖြင့် အချို့ က သစ်သီးနဲ့ ပတ်သက်လို့ စော ဒကတက်ကြပါတယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ သစ်သီးများဆိုင်ရာ ခန္ဓာဗေ ဒသုတေသီ တစ်ဦးဖြစ်သူ အမေရိကန်လူမျိုး ဒေါက်တာ Herbert Shelton က “ တကယ်တော့ ဗိုက်ဆာနေတဲ့အချိန် (အစာအိမ် ဟောင်းလောင်းဖြစ်တဲ့အချိန်) သစ်သီးတမျိုးတည်းစားရင် အဲဒီလို ကျန်းမာရေးပြဿနာမျိုး တွေ မဖြစ်စေပါ ဘူး။ ထမင်းစားပြီးခါစ ချက်ချင်းဆိုသလို အသီးတွေတန်းစား မိတဲ့အခါ(ဒါမှမဟုတ်)သစ်သီးကို တခြားအ စားအစာ တွေနဲ့ တွဲစားတဲ့အခါမှသာဖြစ်တာပါ။ သစ်သီးနဲ့ အဲဒီအစားအစာတို့  ပေါင်းစပ်ဓာတ်ပြုပြီးတော့ ဂက်စ်ထွက်လာပြီး၊ အချဉ်ဖေါက်လာတာ မျိုးပေါ့ ” လို့  ဆိုပါတယ်။
ဆက်လက်၍ “ဥပမာပေါ့ဗျာ … ခင်ဗျားတို့ ..ပေါင်မုန့် ၂-ချပ်ကို ပန်းသီး ၁-စိပ်နဲ့ တူတူစားမိတယ် ဆိုပါစို့၊ အစာအိမ်ထဲရောက်လို့  မိနစ်အနည်းငယ် အတွင်းမှာဘဲ အစာချေရည်တွေက သစ်သီးတွေ၊ ပေါင်မုန့် တွေနဲ့ ဓာတ်ပြုပြီးတော့ အက်ဆစ်အချဉ်ပေါက် လာပါတယ်။ တချိန်းတည်မှာဘဲ အစာတွေ ပုပ်သိုး ဆွေးမြေ့ သွားတော့တာပါဘဲ၊ အကယ်၍ ပေါင်မုန်နဲ့ တခြားအစာတွေမပါဘဲ သစ်သီးတမျိုးတည်း သူ့ ချည်းဘဲ စားရင်တော့ အစာအိမ်၊ အူတွေထဲ ပုံမှန်အတိုင်း တောက်လျှောက် ရောက်သွားပြီး အစာကျေ ညက်ဖို့ ဘာပြဿနာမှ မဖြစ်စေနိုင်ဘူးလေ ” လို့  ဒေါက်တာ က ပြောပါတယ်။
ဒါတင်မကသေးပါဘူး။ တာရှည်ခံအောင်ပြုပြင်ထားတဲ့ သံဗူး/ပုလင်း(ဖျော်ရည်-သစ်သီးဗူး)တွေမှာ သစ် သီးတွေကို အပူပေးပြုပြင် ထားတာမို့ ဗီတာမင်နဲ့  အာဟာရဓာတ်တွေ ပျောက်ဆုံးကုန်ပါပြီတဲ့။ အကယ်၍ ထိုသစ်သီးဖျော်ရည်ဗူးကို မဖြစ်မနေသောက် ရတဲ့အခါမှာ ချက်ချင်းမြိုမချဘဲ ခေတ္တငုံထာားပြီး မှသာ မျိုချ သင့်ကြောင်း၊ အဲဒီလိုပြုခြင်းက အချိုရည်နဲ့ ခံတွင်းထဲက တံတွေး တို့ ပေါင်း စပ်မိပြီး အချိုရည်ထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တွေ ပျက်ပြယ်သွားကာ အစာအိမ်ကို ဘေးဥပါသ် မဖြစ် စေတော့ပါဘူး တဲ့။
လတ်ဆတ်တဲ့ အော်ဂဲနစ်သစ်သီးဝလံတွေဟာ အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဓာကိုယ်အလေးချိန် ကျစေခြင်း၊ သက်ရှည်ကျမ္မာ စေခြင်း၊ ကျန်းမာစွာဘ၀နေထိုင်မှုကိုပံ့ပိုးခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေ ပါတယ်။ ဒါ့ပြင် ဗိုက်ဆာ(အစာအိမ် ဟောင်းလောင်း ဖြစ်) နေတဲ့အချိန် သစ်သီးတွေစားခြင်းက ဆံပင် မဖြူစေကြောင်း၊ ဦးခေါင်းထိပ်မပြောင်စေကြောင်း၊ စိတ်ဖိစီးမှုကိုထိန်း ချုပ်ပေးနိုင် ကြောင်း၊ မျက်ကွင်း ညိုခြင်းကို သက်သာစေကြောင်း ဒေါက်တာ Shelton က ဆို ထားပြန်ပါတယ်။
သစ်သီးဝလံတွေ အစားသင့်ဆုံးအချိန်များကတော့ (က)နံက်အိပ်ယာထ ရေသောက်ပြီးတဲ့အချိန် (ခ) ထမင်းမစားခင် ၁-နာရီ ခန့် အလို (ဂ) ထမင်းစားပြီးနောက် ၂-နာရီအကြာ …စတဲ့ အချိန်တွေဖြစ်ပါ တယ်။ ဆက်လက်၍ ဒေါက်တာက သစ်သီးတမျိုးစီနဲ့  ပတ်သက်လို့  အောက်ပါအတိုင်း ထပ်လောင်း အကြံပြုသွားခဲ့ပါတယ်။
(ကီဝီသီး) ပိုတက်စီယမ်၊ မဂနီစီယမ်၊ ဗီတာမင်အီး၊ အမျှင်ဓာတ်တို့ ပါရှိလို့  ကျန်းမာရေးကို ဘက် စုံကောင်းစေပါတယ်။ ဒါ့ပြင် ကီဝီသီးထဲမှာ ပါတဲ့ ဗီတာမင်စီက လိမ္မော်သီးထက် ၂-ဆပိုပါတယ်။
(ပန်းသီး) ပန်းသီးထဲမှာ ဗီတာမင်စီ ပါဝင်မှုမများပေမယ့်၊ ကျန်းမာရေးအတွက်မရှိမဖြစ် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများနဲ့  ဖလေဗို နွိုက်ဓာတ်ပေါင်းစုတို့ ပါရှိလို့  အူမကြီးကင်ဆာ၊ နှလုံးရောဂါ နဲ့  လေဖြတ်ခြင်း စသည့်ရောဂါများ ဖြစ်လာနိုင်ချေ အလားအလာကို လျော့ပါးသက် သာစေပါတယ်။
(စတော်ဘယ်ရီ) ဓာတ်တိုးဆန့် ကျင်ပစ္စည်းမြင့်မားတဲ့ အသီးဖြစ်၍၊ ကင်ဆာရောဂါများကို ကာကွယ်ပေး ပါတယ်။ မလိုလားအပ် တဲ့ free radicals များကိုတိုက်ထုတ်ပေြး ပီး သွေးကြောများပိတ် ဆို့ ခြင်းမဖြစ်စေ တော့ပါဘူး။
(လိမ္မော်သီး) တနေ့ ကို လိမ္မော်သီး ၃-လုံး ပုံမှန်စားပေးခြင်းဖြင့် အအေးမိခြင်း(လုံးဝ)မဖြစ်စေ နိုင်ပါဘူး။ လိမ္မော်သီးမှာ အက်ဆစ် ဓာတ်ကြွယ်ဝပေမယ့် ခန္ဒာကိုယ်အတွက် အယ်လ်ကာလီမျှ တစေတာကြောင့် ကိုလက်စထရောကျစေခြင်း၊ ဆီးကျောက်ကျေ စေခြင်း၊ အူမကြီးကင်ဆာဖြစ်နိုင်ချေ အလားအလာကို လျော့ချပေးခြင်း စတဲ့ကောင်းကျိုးတွေ ပေးပါတယ်။
(ဖရဲသီး) ဖရဲသီးမှာ ခွန်အားပြည့် glutathione ဓာတ်တွေ အမြောက်အများပါရှိတဲ့အပြင်၊ ကင်ဆာများ ကို တိုက်ထုတ်ပေးတဲ့ lycopene ဓာတ်ရရှိရာ အရင်းအမြစ်လဲ ဖြစ်ပါတယ်။ ဒါ့ပြင် ရေဓာတ် ၉၂ ရာခိုင်နှုန်းနဲ့ ဖွဲ့ စည်းထားတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။
(မာလကာသီး နဲ့ သင်္ဘောသီး) ထိုအသီး ၂-မျိုးစလုံးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါရှိပါတယ်။ မာလကာ သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါရှိလို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ သင်္ဘောသီးထဲမှာ ပါရှိတဲ့ ကယ်ရိုတင်းဓာတ်က မျက်လုံးအားကောင်းစေ ပါတယ်။
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
(မှီငြမ်း American Daily Health Tips on 19th Oct ’13)
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
♪ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ မိုဘိုင်းအင်တာနက် အသုံးပြုခ ကောက်ခံမည့် စနစ်ကို သုံးစွဲသူများ စိတ်ဝင်စားနေ ♫.................
နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် Telenor Myanmar နှင့် Ooredoo
Myanmar တို့မှ ၎င်းတို့၏ အင်တာနက်အသုံးပြုခအတွက် မည်သည့်ပုံစံဖြင့်
ကောက်ခံမည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးသော် လည်း
ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူအများစုက ယင်းအပေါ်တွင်
စိတ်ဝင်စားမှုများပြားလျက်ရှိကြောင်း စုံစမ်းသိရသည်။ ယခုလက်ရှိ
ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်း
အင်တာနက် သုံးစွဲခများကို ပေးချေရာတွင် တစ်မိနစ်လျင်နှစ်ကျပ် (သို့မဟုတ်)
လေးကျပ်နှုန်းဖြင့် မိနစ်အလိုက်ကျသင့်သည့် သုံးစွဲခကို
ပေးချေနေရခြင်းဖြစ်သည်။ ပြည်တွင်းမှ မိုဘိုင်းဖုန်း သုံးစွဲနေသူ
အချို့ကလည်း ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းအင်တာနက်
အသုံးပြုခများကို Data Rate စနစ်ဖြင့်သာ ကောက်ခံဖွယ်ရှိနေသည်ဟု
သုံးသပ်ကြသည်။ ထိုကဲ့သို့ မိနစ်အလိုက် ပေးချေရ သည့် စနစ်သည်
မိုဘိုင်းအင်တာနက်၏ 3G Network ကို ဖွင့်လိုက်သည်နှင့် သုံးစွဲသူ၏
မိုဘိုင်း ဖုန်းလက်ကျန်ငွေမှ အင်တာနက်သုံးစွဲခကို တောက်လျှောက်ဖြတ်တောက်
နေခြင်းဖြစ်သည်။ “အင်တာနက် သုံးပြီး သရီးဂျီကို
ပြန်မပိတ်မိတဲ့နေ့တွေဆိုရင် ဖုန်းထဲက လက်ကျန်ဘီလ်ကို စစ်ဖို့ဝန်လေးနေမိတယ်။
သရီးဂျီ ကို ဖွင့်ထားလည်းပဲ အင်တာနက်စာမျက်နှာ တစ်ခုခုကို သုံးမှ၊
အင်တာနက်ပေါ်က အချက်အလက်တွေကို သုံးနေမှသုံးစွဲခ ကုန်ကျမယ့်
ဒေတာစနစ်ဖြစ်လာစေချင်ပါတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ က ဒေတာ စနစ်နဲ့
ကောက်ခံမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ"ဟု ရန်ကုန်မြို့တွင်းနေထိုင်သည့်
မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသားတစ်ဦး ကပြောသည်။ ထို့ကြောင့်
ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများထဲမှ အချို့သည်မိုဘိုင်း
အင်တာနက်သုံးစွဲခကို အင်တာနက် စာမျက်နှာများပေါ်ရှိ အချက်အလက်များကို
အသုံးပြုရှာဖွေနေသည့် အချိန်မှသာ သုံးစွဲခဖြတ်တောက်သည့် Data Rate
စနစ်ကိုသုံးစွဲရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်။ သို့သော်
ယင်းကဲ့သို့အင်တာနက်ပေါ်မှ အချက်အလက်များကို သုံးစွဲနေမှသုံးစွဲခ ကုန်ကျမည့်
အဆိုပါ Data Rate စနစ်သည် မိုဘိုင်းဖုန်းသုံးစွဲသူများ
အဆင်ပြေသည့်မျှတသည့် နှုန်းထားများဖြစ်ရန်လည်း လိုအပ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၂၀၁၁ ခုနှစ်အတွင်းတွင် ၎င်းတို့၏
မိုဘိုင်းဖုန်းသုံးစွဲခများကို မိနစ်အလိုက်ကောက်ခံနေရာမှ Data Rate ဖြင့်
ပြောင်းလဲကောက်ခံမည်ဟု တရားဝင်ကြေညာခဲ့သော်လည်း ယင်းသို့ပြောင်းလဲ
ကောက်ခံမည့် နှုန်းထားများကို မိုဘိုင်းဖုန်းသုံးစွဲသူ အများစုက
ကန့်ကွက်ခဲ့ကြခြင်းကြောင့် အဆိုပါအစီအစဉ်ပျက် ပျယ်ခဲ့ရသည်။
“ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေက အင်တာနက်သုံးစွဲခကို ဘယ်လိုပုံစံနဲ့
ပေးမလဲဆိုတာကိုဘ စိတ်ဝင်စားနေတယ်။ နိုင်ငံတကာမှာဆိုလည်း အင်တာနက်ပေါ်က
အချက်အလက်တွေကို သုံးနေမှသုံးစွဲခကုန်ကျတဲ့ ဒေတာစနစ်နဲ့ သွားနေတာဆိုတော့
ဒီမှာလည်းအဲ့လို စနစ်ဖြစ်စေချင်တယ်။ ဒေတာနဲ့ကောက် မယ်ဆိုလည်း ဈေးနှုန်းကတော့
အားလုံးလက်ခံနိုင်တဲ့ အနေအထားဖြစ်ရပါမယ်" ဟု အဆိုပါ ပြည်ပဆက်သွယ်ရေး
ကုမ္ပဏီများ၏ မိုဘိုင်းအင်တာနက် အသုံးပြုခကောက်ခံမည့် အစီအစဉ်များကို
စောင့်မျှော်နေသည့် မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးကဆိုသည်။
နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုမှ
တာဝန်ရှိသူများကမူ ယခုအချိန်အထိ ၎င်းတို့ကောက်ခံမည့် မိုဘိုင်းအင်တာနက်
အသုံးပြုခများကို ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း
အများပြည်သူနှင့် အဆင်ပြေမည့် စနစ်ကိုသာ လုပ်ဆောင်သွားမည်
ဖြစ်ကြောင်းပြောကြားသည်။ မြန်မာနိုင်ငံ၏
အိမ်နီးချင်းနိုင်ငံအချို့နှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံများတွင် မိုဘိုင်းအင်တာနက် အသုံးပြုခများကို Data Rate
ဖြင့်သာကောက်ခံခြင်းကြောင့် မိုဘိုင်းဖုန်းဖြင့်အင်တာနက် အသုံးပြုသူများသည်
မိုဘိုင်းဖုန်းဖြင့် အင်တာနက်ကိုအချိန်မရွေး အလွယ်တကူ
အသုံးပြုနိုင်နေကြကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသား အချို့ထံမှ သိရသည်။
Internet Journal
ချစ်သူ ဆရာဝန် မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်...
|
![]() |
![]() |
![]() |

အခင်းဖြစ်ပွားသည့် မိန်းကလေးနေအိမ် (ဓာတ်ပုံ - ကံသာ)
ရှစ်နှစ်ကြာ လက်တွဲ လာခဲ့သည့် ချစ်သူ ဆရာဝန် မိန်းကလေးကို လူမှုရေးပြသနာကြောင့် ဓားဖြင့် ၁၁
ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
‘‘ကောင်မလေး အိမ်မှာပဲ လူသတ်မှု ဖြစ်တာပါ။ သတ်တဲ့ လူ ကိုယ်တိုင် ရဲစခန်းကို လာ အဖမ်း ခံတာပါ။
ကောင်လေးက နိုင်ငံ ခြားက ပြန်လာတာ ရက်ပိုင်းပဲရှိ သေးပြီး သူတို့ချင်း လူမှုရေးပြသနာကြောင့် သတ်
တာလို့ဝန်ခံပါ တယ်’’ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
သေဆုံးသူ အမျိုးသမီးမှာ ဆရာဝန် တစ်ဦးဖြစ်ပြီး အသက်(၂၆) နှစ် ရှိပြီဖြစ်ကာ ၎င်းနေထိုင်ရာ မူဆယ်မြို့
တောင် ရပ်ကွက်နေအိမ်တွင် အသတ်ခံ ခဲ့ရခြင်းဖြစ်သည်။
လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၃၀) အရွယ်ရှိ ပြီး ၎င်းကိုမူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်း
ထားကာ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
By ကံသာ / အောင်သစ်လွင်
7DAY DAILY

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ချစ်သူ ဆရာဝန် မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ် http://www.simon-vlog.com/2014/07/blog-post_7099.html#ixzz36FpZj68t
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ....................
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
အထွေထွေသတင်းများ

ထိုင်းနိုင်ငံကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော်သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
ကြက်သည်း၊ ကြက်မြစ် အလေးချိန် ၂ ဒသမ ၅ တန်ကျော်ရှိပါတယ်။ ခန့်မှန်းတန်ဖိုး ၆၃ သိန်းကျော် တန်ဖိုးရှိတယ်လို့ သူကဆိုပါတယ်။ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ညောင်ခါးရှည် မိုဘိုင်းတင်းမ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “မော်လမြိုင် ငါးဦးစီးဆီက ယူလာတဲ့ မျှောစာကို ပြတယ်။ ငါးဦးစီးရဲ့ မျှောစာက ကကတစ်ငါးကို ဖော်ပြထားတာ။ သယ်လာတာက စီပီတံဆိပ် ကြက်မြစ်ကြက်သည်းတွေ” လို့ ရှင်းပြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က တင်သွင်းရန် ခွင့်ပြုမထားသော စားသုံးရန်မသင့်သည့် အဆိုပါ ကြက်မြစ်ကြက်သည်းများကို မီးရှို့ဖျက်ဆီး၍ မြေမြှုပ်ခဲ့ တယ်လို့ မိုဘိုင်းတင်းမ်အဖွဲ့က သိရပါတယ်။
မှောင်ခိုပစ္စည်း တင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရဲစခန်း မှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မှောင်ခိုဝင်လာတဲ့ ကြက်သည်း၊ ကြက်မြစ် တွေကို ပြည်တွင်းမှာ တစ်ကီလိုဂရမ် တစ်ထုတ်ကို ကျပ် ၂၇၀၀ ဈေးပေါက်ပါတယ်။
ပဲနို့နဲ့ အသားတုတွေလည်း မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လေ့ ရှိပါတယ်။
The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
မြောက်ကိုရီးယား အမျိုးသားတို့ ကင်ဂျုံအန် ဆံပင် ပုံစံသာ ထားခွင့် ရှိတော့မည်...............
|
![]() |
![]() |
![]() |

အရင်တုန်း မြောက်ကိုရီးယား ပြည်သူ အမျိုးသား များဟာ ဆံပင် ပုံစံ ၁၀ မျိုး ထဲက နှစ်သက်ရာ တစ်မျိုးမျိုးကို
ထားပိုင်ခွင့် ရှိပါတယ်။ သို့ပေမယ့် ယခု ရက်ပိုင်း အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ချမှတ်
လိုက်တဲ့ ဥပဒေ သစ် အရ ကင်ဂျုံအန် ညှပ်ထားတဲ့ ဆံပင် ပုံစံ တစ်မျိုးတည်း ကိုသာ ထားခွင့် ရှိတော့မှာ ဖြစ်
ကြောင်း သိရ ပါတယ်။
ဒီအတွက် ၁၅ ရက် တစ်ခါ ဆံပင်ညှပ်ရမယ့် အစီအစဉ်ကို ဖန်တီး ပေးထား မှာ ဖြစ် ပါတယ်။ ဥပဒေ မလိုက်
နာပဲ နေတဲ့ အမျိုးသား များကို အရေးယူ အပြစ်ပေးမှာ ဖြစ်ပါတယ်။ One Direction တို့လို ကမ္ဘာကျော် အဆို
တော် များ လာရောက် ဖျော်ဖြေဖို့ ခွင့်တောင်းချက် ကိုတောင် သူ့ ဆံပင် ပုံစံ ညှပ်ပြီး လာမှ ဝင်ရောက် ဖျော်
ဖြေခွင့် ပေးမယ်လို့ ပြောတဲ့ အထိ ကင်ဂျုံအန် ဟာ စည်းမျဉ်း စည်းကမ်း ကြီးခဲ့သူ ဖြစ်ပါတယ်။ ယခု အသစ်
ချမှတ် ထားတဲ့ ဆံပင် ပုံစံ အမည် ကို 'ချစ်လှစွာသော ကင်ဂျုံအန်' လို့ အမည်ပေး ထား ပါတယ်။
သူ့ရဲ့ ဆံပင် ပုံစံဟာ ကျန်းမာရေး အတွက်ကော၊ သူ့လို ဥာဏ်ပညာ ထက်မြတ် ဖို့ရော (ဦးနှောက်မှ မှတ်
သားနိုင်စွမ်း ကောင်းဖို့ အတွက်) အကောင်း ဆုံး ဖြစ်ကြောင်း ကင်ဂျုံအန် ကိုယ်တိုင် ပြောကြား ခဲ့ ပါတယ်။
Ref: weirdasianews
အောင်ခမ်း (ရိုးရာလေး)
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: မြောက်ကိုရီးယား အမျိုးသားတို့ ကင်ဂျုံအန် ဆံပင် ပုံစံသာ ထားခွင့် ရှိတော့မည် http://www.simon-vlog.com/2014/07/blog-post_296.html#ixzz36Fnj4Xjy
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
အင်တာနက် မရှိဘဲနှင့်ပင် လူအများနှင့် အပြန်အလှန် မက်ဆေ့ဂ်ျ ပို့နိုင်မည့် Firechat .................
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
နည်းပညာသတင်းနှင့် ဖတ်စရာများ

အီရတ် နိုင်ငံတွင် အစိုးရနှင့် သူပုန်များ တိုက်ပွဲများကြောင့် အင်တာနက်များ ဖြတ်တောက် ထားချိန်တွင် အီရတ် နိုင်ငံသားများကြား အသုံးအများဆုံး ဖြစ်လာသော ဖုန်းအပလီကေးရှင်းကား Firechat ဖြစ်သည်။
သူပုန်များ အင်တာနက်မှတစ်ဆင့် ဆက်သွယ်မှုများ၊ ၀ါဒဖြန့်မှုများကို ဖြတ်တောက် နိုင်ရန် ဒေသ အတော်များများတွင် အင်တာနက် ဖြတ်တောက်ထားရာ ပြည်သူများပါ အင်တာနက် ကွန်ရက် အပြင် ဘက် ရောက်ကုန် ရသည်။ Firechat အပလီကေးရှင်းက လူနှစ်ယောက်မှသည် လူတစ်သောင်းထိ တစ်ပြိုင်တည်း မက်ဆေ့ဂ်ျပို့နိုင် စကားပြော နိုင်အောင် ကူညီပေးမည် ဖြစ်သည်။ အင်တာနက် မရှိလည်း စကားပြောနိုင်ကြအောင် ကူညီပေးသည်။
ကွန်ရက် နည်းပညာကို အသုံးပြု၍ ၀န်းကျင် တစ်ဝိုက်ရှိ Firechat အပလီကေးရှင်း ရှိသော ဖုန်းများသို့ မက်ဆေ့ဂ်ျ ပေးပို့နိုင်သည်။ တစ်ခု အားနည်းချက် ရှိသည်မှာ သီးခြားစီ ပို့မရဘဲ မိမိပို့ထားသည်ကို အနီး တစ်ဝိုက်ရှိ Firechat အပလီကေးရှင်းသုံး ဖုန်းအားလုံးက မြင်နိုင်ခြင်း ဖြစ်သည်။ Firechat ၏ ရည်ရွယ် ချက်သည်လည်း လူအများ တစ်စုတစ်ဝေးတည်း ချိတ်ဆက် ပြောဆိုနိုင်ကြအောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။
အန်းဒရွိုက်နှင့် အိုင်အိုအက်စ် စနစ်သုံး ဖုန်းနှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည်။ ပေ (၂၃၀) အ၀န်းအ၀ိုင်း အတွင်း ကောင်းစွာ ဆက်သွယ် ပြောဆိုနိုင်ကြသည်။ မက်ဆေ့ဂ်ျ များသည် Firechat သုံးသည့် ဖုန်း တစ်လုံးမှ တစ်လုံးသို့ ခုန်ကူး နိုင်အောင် ဖန်တီးထား သဖြင့် ပေ(၂၃၀) အ၀န်းအ၀ိုင်းချင်း စပ်နေပါက မက်ဆေ့ဂ်ျများသည် ပိုဝေးဝေးထိ ပျံ့နှံနိုင်စွမ်း ရှိသည်။
Firechat ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Open Garden ကုမ္ပဏီက ထုတ် လုပ်ခြင်း ဖြစ်သည်။
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
#ဘော့လုံးအကြောင်းနားမလည်တဲ့ အမျိုးသမီးတွေနဲ့ ဘော့လုံးပွဲ တူတူကြည့်ရတာ ဘယ်လောက်ဂွကျတယ်ဆိုတာ ဒါသာကြည့်တော့ ...... ............
Girl: အဲဒါဘယ်သူလဲ? Chris Brown လား?
Boy: မဟုတ်ဘူးလေ။ အဲဒါ ၀ဲကော့လေ။
Girl: ဟေး! အဲဒီ အ၀ါကပ်က ဘာအတွက်လဲ?
Boy: အဲဒါက ကစားသမားကို သတိပေးတာ။ အနီကပ်ဆိုရင် အဲဒီကစားသမားက ဘော့လုံးဆက်မကစားရတော့ဘဲ ကွင်းထဲက ထွက်သွားရမှာလေ။
Girl: အိုး!! ဒါဆို အဲဒါက မီးပွိုင့်နဲ့ တူတာပေါ့။ အ၀ါက သတိပေးတာ၊ အနီက ရပ်ရတာဆိုတော့..
Boy: အင်း..အင်း.. ဟုတ်တယ်။ မင်းပြောတာ ဟုတ်တယ်။
Girl: ဒါဆို အစိမ်းကပ်က ဘာအတွက်လဲ??
Boy: အွန်!!! ဘော့လုံးမှာ အစိမ်းကပ် မရှိဘူးလေ။
Girl: အခုကစားနေတာ ဘယ်အသင်းတွေလဲ ??
Boy: အဲဒါ အာဆင်နယ်နဲ့ ချဲယ်ဆီးလေ။
Girl: Ok ok ok! အာဆင်နယ်က ဘာအရောင်ဝတ်တာလဲ?
Boy: မင်းမျက်လုံးမပါဘူးလား? အနီရောင်လေကွာ။
Girl: Ok..ဒါဆို အပြာရောင် ၀တ်တာက ဘယ်အသင်းလဲ?
Boy: မင်း ချဲယ်ဆီးကို မသိဘူးလား!
....................................................
Girl: Wow! ငါ အာဆင်နယ်ကို ကမ္ဘာ့ဖလား ၇စေချင်လိုက်တာ။
Boy: အာဆင်နယ်နဲ့ ကမ္ဘာ့ဖလား ဘာဆိုင်လို့လဲကွ?
Girl: ရှင်ကလည်း အသာလုပ်ပါ၊ မသိလို့ မေးနေတာကို။ ဒါနဲ့ အဲဒီ အဖိုးကြီးက ဘယ်သူလဲ?
Boy: ဟင်း... အဲဒါ အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါး ....။
Girl: အော် ok သိပြီ၊ ငါနားလည်ပြီ....ဒါဆို နောက်အသင်းနည်းပြက ချဲယ်ဆီးဝင်းဂါးလား?
Boy: အရူးမ!!! (တော်ပြီ လိုင်းပြောင်းတော့။) ........
ကဲ အဲလို ဂွမကျချင်ရင်တော့ ........................ LOL .............
Boy: အဲဒါက ကစားသမားကို သတိပေးတာ။ အနီကပ်ဆိုရင် အဲဒီကစားသမားက ဘော့လုံးဆက်မကစားရတော့ဘဲ ကွင်းထဲက ထွက်သွားရမှာလေ။
Girl: အိုး!! ဒါဆို အဲဒါက မီးပွိုင့်နဲ့ တူတာပေါ့။ အ၀ါက သတိပေးတာ၊ အနီက ရပ်ရတာဆိုတော့..
Boy: အင်း..အင်း.. ဟုတ်တယ်။ မင်းပြောတာ ဟုတ်တယ်။
Girl: ဒါဆို အစိမ်းကပ်က ဘာအတွက်လဲ??
Boy: အွန်!!! ဘော့လုံးမှာ အစိမ်းကပ် မရှိဘူးလေ။
Girl: အခုကစားနေတာ ဘယ်အသင်းတွေလဲ ??
Boy: အဲဒါ အာဆင်နယ်နဲ့ ချဲယ်ဆီးလေ။
Girl: Ok ok ok! အာဆင်နယ်က ဘာအရောင်ဝတ်တာလဲ?
Boy: မင်းမျက်လုံးမပါဘူးလား? အနီရောင်လေကွာ။
Girl: Ok..ဒါဆို အပြာရောင် ၀တ်တာက ဘယ်အသင်းလဲ?
Boy: မင်း ချဲယ်ဆီးကို မသိဘူးလား!
....................................................
Girl: Wow! ငါ အာဆင်နယ်ကို ကမ္ဘာ့ဖလား ၇စေချင်လိုက်တာ။
Boy: အာဆင်နယ်နဲ့ ကမ္ဘာ့ဖလား ဘာဆိုင်လို့လဲကွ?
Girl: ရှင်ကလည်း အသာလုပ်ပါ၊ မသိလို့ မေးနေတာကို။ ဒါနဲ့ အဲဒီ အဖိုးကြီးက ဘယ်သူလဲ?
Boy: ဟင်း... အဲဒါ အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါး ....။
Girl: အော် ok သိပြီ၊ ငါနားလည်ပြီ....ဒါဆို နောက်အသင်းနည်းပြက ချဲယ်ဆီးဝင်းဂါးလား?
Boy: အရူးမ!!! (တော်ပြီ လိုင်းပြောင်းတော့။) ........
ကဲ အဲလို ဂွမကျချင်ရင်တော့ ........................ LOL .............
သင့်မစင်နှင့် ကျန်းမာရေး အခြေအနေ........................
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
ကျန်းမာရေးနှင့် ဆေးပညာ

မပြောရင်လည်း မပြောလို့ . ပြောပြန်ရင်လည်း ရှက်စရာလိုလို၊ ရွံစရာလိုလို ဖြစ်နေတာက မစင် ဆိုင်ရာ လူ့ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဒီကိစ္စကို အချင်းချင်း ပြောကြဆိုကြမှု နည်းတာကြောင့် ဝမ်းနဲ့ ဆိုင်ရာ ရောဂါ အမျိုးမျိုး ဖြစ်တတ် ကြပါတယ်။ ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်အောင် ရေးသား ဖော်ပြ လိုက်ရ ပါတယ်။
၁။ မြေပဲစံ ကဲ့သို့ မာမာ၊ အတုံးခဲခဲများ
(Separate hard limps, like nuts)
ယင်းကဲ့သို့ မစင်ဟာ ရေဓာတ်နဲ့ အမျှင်ဓာတ် ချို့ယွင်းနေတဲ့ လူ့ကျန်းမာရေး အခြေအနေကို ပြသပြီး ရေများများ သောက်ရန် နှင့် အသီးအရွက် များများစားရန် လိုအပ်ပါတယ်။
၂။ ပျော့ပြောင်းချောမွေ့၍ ဝက်အူချောင်း ပုံသဏ္ဍာန်
(Sausage shaped, smooth and soft)
ကျန်းမာရေး ကောင်းသူ တစ်ယောက်၏ မစင် ဖြစ်သည်။
၃။ ရေကဲ့သို့ အရည်များ၊ အတုံးအခဲ မပါ
(Watery, no solid pieces, all liquid)
ဝမ်းပျက် ဝမ်းလျှော ဖြစ်နေသော ကျန်းမာရေး အခြေအနေကို ပြသပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ရေများကို အစာအိမ်က ဆုပ်ယူနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းကဲ့သို့ ဖြစ်နေစဉ် အချိန်အတွင်း ရေများများ သောက်ဖို့ရန် လိုအပ်ပါတယ်။ မဟုတ်ရင် အားအင်ကုန်ခမ်းပြီး ကျန်းမာရေး ပိုမို ဆိုးရွား သွားပါလိမ့်မယ်။
၎။ ဝက်အူချောင်းကဲ့သို့၊ သို့သော် မရှည်လျား
(Sausage shaped, but lumpy)
အမျှင်ဓာတ်နှင့် ရေဓာတ် အင်မတန် နည်းတဲ့ ပထမ အမျိုးအစားလောက် မဟုတ်သော်လည်း ရေ နှင့် အသီးအရွက် ဦးစားပေး စားရန် လိုအပ်သော ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။
၅။ အနားညီညာသော အရည်ပျစ် အတုံး အစက်
(Soft blobs and clear-cut edges)
ယင်းမစင်အမျိုးအစား ဖြစ်ပါက ကျန်းမာရေး ကောင်းသော်လည်း တစ်နေ့ကို တစ်ကြိမ်သာ အိမ်သာ တက်ခြင်းဖြင့် မလုံလောက်ပါ။
၆။ ဖောင်းကြွကြွ မညီမညာ ဝက်အူချောင်း ပုံစံ
(Sausage shaped, but with cracks on surface)
ပုံမှန် ဖြစ်သော်လည်း ရေများများ သောက်ရန် လိုအပ်နေသေးသော အခြေအနေ
၇။ အနားမညီညာ အစွန်းထွက် အမျှင်ပါဝင်သော ဈေးပျစ်ပျစ် အတုံးများ
(Fulffy pieces with ragged edges, a mushy tool)
ကျန်းမာရေး ကောင်းနေသော်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်လာနိုငတော့မည် အခြေအနေ
၈။ နူးညံ့ပြီး ကပ်စေးသော မစင်
(Soft and stick to the side of the bowl)
မစင်တွင် အဆီဓာတ် များနေသည်ကို ပြသပြီး တစ်နည်းအားဖြင့် ခန္ဓာကိုယ်က အဆီဓာတ်ကို မဆုပ် ယူကြောင်းကို ပြသခြင်းတစ်မျိုး ဖြစ်ပါတယ်။ အဆီဓာတ် မဆုပ်ယူခြင်းကြောင့် ယင်းမစင်ပိုင်ရှင်ဟာ ပိန် တဲ့သူ အများစု ဖြစ်ပါတယ်။ မပိန်ရင်တောင် ပိန်ဖို့အတွက် အလားအလာများပြီး အစာရှည်ရန် ထုတ်ပေး သော ဂလင်း မထွက်ရှိခြင်း ကြောင့်လည်း ဖြစ်သည်။ သို့သော် အဆီများသော အာလူးကြော်၊ အသင့် ကြော်ဆီများ အစားအစာ ရှောင်ရန် လိုအပ်နေသေးပြီး အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ တို့ကို မျှမျှတတ စားပေးရန် လိုအပ်သည်။
Ref: Healthdigest
အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ဇူလှိုင်လ ခုနှစ်ရက် သားသမီးများအတွက် ဟောစာတမ်း..........................
|
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
ဖတ်စရာ၊ မှတ်စရာ

တနင်္ဂနွေသားသမီး ။ ။ ယခုလအတွင်း အလုပ်အကိုင် စီးပွါးရေး အကြံအစည်နဲ့  ပတ်သက်ပြီး အခက်အ ခဲဖြစ် နေမည်။ ဖခင်နဲ့ စကားများမည်။ လုပ်ငန်း စာမေးပွဲဖြေမယ် ဆိုရင် အချိန်ခဏ စောင့်ရမည်။ ဆွေမျိုး များနဲ့ စိတ်ဝမ်းကွဲမယ်။ ဆရာသမားနဲ့ အလုပ်အကိုင် အဆင်မပြေပါ။ ခြေနှစ်ချောင်းဝင်ရင် စိတ်ညစ်ရမည် ။ အိမ်တွင်းရေး အဆင်မပြေဖြစ်မည်။ သမီးကျမ္မာရေး ချို့ တဲ့မည်။ ငွေကြေးအကူအညီရမယ်။ လက်လွန် ထားတဲ့ကြွေးတွေ ပြန်ရမည်။ မတော်တဆ ခရီးသွားရင်း လက်ဝဲဖက်ခြေထောက် ဒဏ်ရာရတတ်မည်။ ငယ်ရွယ်သူများ ချစ်သူနဲ့ စကားများ နေရလိမ့်မည် ။
ယတြာ ။ ။ အိမ်က ဘုရားတွင်မုန့် လုံးရေပေါ် လှုပေးပါ ။
တနင်္လာ သားသမီး ။ ။ ရွှေ ငွေ အုပ်ချုပ်ရေး အိမ် အဆောက်အဦ လုပ်ငန်းများ ထင်သလောက် အကျိုးမ ပေးပါ။ ၀န်ထမ်းများ အထက်လူကြီးနှင့် အဆင်မပြေဖြစ် နေမည်။ မိခင်အတွက် ငွေကြေး အကုန်အကျ များနေမည်။ လုပ်ငန်း အသစ်များတွင် ငွေကြေး အလုံးအရင်း နှင့်မရင်းနှီးပါနှင့် ။ စိတ်ညစ်ရတတ်ပါသည် ။ ယခုလအတွင်း စနေသားသမီးဒုက္ခ ပေးလိမ့်မည် ။ အောက်လက် ငယ်သား သစ္စာမရှိမှုကြောင့် ပြသ နာဖြေရှင်းရလိမ့်မည် ။ ငယ်ရွယ်သူများ အချစ်ရေး ကံကောင်းသော်လည်း စကားပြော မှားသဖြင့် အ ထင်လွဲခံရလိမ့်မည် ။ ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာ ခံစားရတတ်သည်။
ယတြာ ။ ။ မွေးနံဘုရား။ ထောင့်တွင် ထီးအဖြူနှစ်လက်လှုပေးပါ ။
အင်္ဂါသားသမီး ။ ။ ဆေး စက်ပစ္စည်း စက်မှုလက်မှု လုပ်ငန်းများ အဆင်ပြေမည်။ ယခုလအတွင်းစိတ် သွားတိုင်း ကိုယ်ပါဆိုသလို အကြံအစည်များ အောင်မြင်မည် ။ ခရီးဝေး သွားရတတ်သည် ။ အိမ်ထောင် ရှင်များ ဇနီးသည် ကြောင့်စိတ်ချမ်းသာ မှုရလိမ့်မည်။ ဆွေမျိုးများဘက်မှ ငွေကြေးအကူအညီရလိမ့်မည် ။ ငွေကြေးအရှုပ်အရှင်းအနည်းငယ်ရှိ သော်လည်း ကူညီဖြေရှင်း ပေးသူ ပေါ်လာမည် ။ ငယ်ရွယ်သူများ မိမိ ထက် အဆင့်အတန်းနိမ့်သော ချစ်သူမျိုးနှင့် ဖူးစာဆုံမည် ။ သ၀န်တိုတတ်မည် ။ မိဘသဘောမတူသူ မျိုးဖြစ်နေမည် ။ အချစ်ရေးနှင့်ပတ်သက်ပြီး ခေါင်းကိုက်ရလိမ့်မည် ။
ယတြာ ။ ။ မိမိအိမ်ကို သန့် ရှင်းရေး လုပ်ပါ ။ ဘုရားသောက်ရေအိုးများ ရေလဲပေးပါ ။
ဗုဒ္မဟူးသားသမီး ။ ။ ရွှေ ရေလုပ်ငန်း လုပ်သူများ အဆင်မပြေ အခက်အခဲများကြုံတွေ့ တတ်သည် ။ အ လုပ်ကိစ္စနှင့်ပတ်သက်ပြီး စာမေးပွဲဖြေဆိုထားသူများ မအောင်မြင်တတ်ပါ ။ အ မွေကိစ္စ မြေကိစ္စ မိန်းမ ပြသနာများကြောင့် စိတ်ညစ်စရာများကြုံတွေ့ ရတတ်ပါသည် ။ ၀န်ထမ်းများ မိမိအနားမှ လုပ်ဖေါ်ကိုင် ဖက်နှင့် စကားများရ ကိန်းရှိသည် ။ ငွေကြေးချေးပြီး ဂတိပျက်သောကြောင့် အထင်သေးခံ ရလိမ့်မည် ။ငယ်ရွယ်သူများ ယခုလအတွင်း အချစ်ရေးကံ မကောင်းပါ ။ ဖခင်နှင့် ပတ်သက်ပြီး စိတ်ညစ်စရာပေါ် လာတတ်ပါသည် ။ ၀င်ငွေထက်ထွက်ငွေ ပိုများနေပါမည် ။
ယတြာ ။ ။ မွေးနေ့ တွင် သောက်ရေသန့် လှုပေးပါ ။
ကြာသပတေးသားသမီး ။ ။ အတတ်ပညာနှင့် ပတ်သက်သော လုပ်ငန်းများ ပညာပေး ပညာရေး
လုပ် ငန်းများ အကျိုးပေးပါမည် ။ လုပ်စရာရှိသော အလုပ်ကို ရဲရဲဝံ့ဝံ့ လုပ်ပါ ။
အလုပ်နှင့်ပတ်သက်ပြီး စာမေး ပွဲဖြေထားပါက အောင်မြင်မည်။
စိတ်ချမ်းသာမှုရမည်။ ငွေကြေးကူညီမည့် မိတ်ဆွေကောင်းနှင့် တွေ့ မည် ။
တခုခုကို တဇွတ်ထိုး မလုပ်ပါနှင့် အမှားတွေ့ လိမ့်မည် ။ ယုံကြည်ရသူနှင့်
တိုင်ပင်ပြီးမှလုပ်ပါ ။ အရာရာ အဆင်ပြေချောမွေ့ မည် ။ ငယ်ရွယ်သူများ လက်ရှိ
ချစ်သူကို စိတ်ကုန် သလိုဖြစ်နေ တတ်သည် ။ အချစ် ရေးကိစ္စ ယခုလအတွင်း
စိတ်မ၀င်စား သလိုဖြစ်နေမည် ။ ၀မ်းရောဂါဖြစ်တတ်သည် သတိထားပါ ။ အ
စားဆင်ခြင်ပါ ။
ယတြာ ။ ။ မွေးနေ့ တွင် ကလေးများအား ငါးမုန့် ကြော်ဝေပေးပြီးဒါနပြုလုပ်ပါ ။
သောကြာသားသမီး ။ ။ ယခုလ အတွင်း ခရီးခဏခဏသွားနေရမည် ။ နိင်ငံခြား ခရီးသွားရပါက ငွေကြေး နှင့်ပတ်သက်ပြီး စိတ်ချမ်းသာမှုရလိမ့်မည် ။ သင်္ဘောလုပ်ငန်း ဟိုတယ်လုပ်ငန်း ခရီးသွားလုပ် ငန်း များအောင်မြင်မှုရမည် ။ မမျှော်လင့်ပဲ ငွေကြေးအစုလိုက် အပြုံ လိုက်ဝင်လာမည် ။ ထီပေါက် ကောက်ရသကဲ့ သို့ ဝင်လာပါက ၆ ၅ ၇ ၃ ပါ သော ဂဏန်းများဖြင့် ထီကံစမ်းပါ ။ စကားပြောဆင်ခြင်ပါ ။ အထင်မြင်လွဲမှားပြီး စကားများရတတ်ပါသည် ။ငယ်ရွယ်သူများ ယခုလအတွင်း ချစ်သူရလိမ့်မည် ။ ချစ်သူရှိပြီးသူများ ချစ်သူကြောင့် စိတ်ချမ်းသာပျော်ရွှင်မှုရလိမ့်မည် ။ ယတြာ ။ ။ ဘုရားဖူးခရီးသည်ကို ငွေလှုပါ ။ ဘိုးဘွားများကိုလည်းငွေလှုပေးပါ ။
စနေသားသမီး ။ ။ အလုပ် အပြောင်းအရွှေ့ ဖြစ်မည် ။ အထက်လူကြီး၏ ကူညီမှုကြောင့် လုပ်ငန်းများအ ဆင်ပြေမည် ။ အုပ်ချုပ်ရေးအလုပ် စက်မှုလက်မှုအလုပ် စက်နှင့်ပတ်သက်သော လုပ်ငန်းများ အောင်မြင်မှု ရမည် ။ ခရီးသွားချင်စိတ်ပေါ်နေမည် ။ စပ်တူလုပ်ငန်းများ အကျိုးပေးပါမည် ။ ခရီးသွားလျှင် ၂ ယောက် ထဲ မသွားပါနှင့် ။ ပြသနာပေါ် တတ်ပါသည် ။ အနေအထိုင်ဆင်ခြင်ပါ ။ ငွေကြေးလက်မလွယ်ပါနှင့် ။ ပြန်တောင်းရခက်ပြီး စိတ်ညစ်ရမည် ။ ငွေကြေးနှင့်ပတ်သက်ပြီးစကားများရကိန်းရှိသည် ။ ငယ်ရွယ်သူ များ ဆရာလုပ်တတ်သော အနိုင်ကျင့်တတ်သော ချစ်သူမျိုးနှင့်ဖူးစာ ဆုံလိမ့်မည် ။။
ယတြာ ။ ။ မွေးနံဘုရားထောင့် တွင် နှင်းဆီပန်း(၇) ပွင့်ကို လှုပေးပါ ။
ကိုမောင်မောင်(ဆန်းသုတေသီ)
ရိုးရာလေး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ယတြာ ။ ။ မွေးနေ့ တွင် ကလေးများအား ငါးမုန့် ကြော်ဝေပေးပြီးဒါနပြုလုပ်ပါ ။
သောကြာသားသမီး ။ ။ ယခုလ အတွင်း ခရီးခဏခဏသွားနေရမည် ။ နိင်ငံခြား ခရီးသွားရပါက ငွေကြေး နှင့်ပတ်သက်ပြီး စိတ်ချမ်းသာမှုရလိမ့်မည် ။ သင်္ဘောလုပ်ငန်း ဟိုတယ်လုပ်ငန်း ခရီးသွားလုပ် ငန်း များအောင်မြင်မှုရမည် ။ မမျှော်လင့်ပဲ ငွေကြေးအစုလိုက် အပြုံ လိုက်ဝင်လာမည် ။ ထီပေါက် ကောက်ရသကဲ့ သို့ ဝင်လာပါက ၆ ၅ ၇ ၃ ပါ သော ဂဏန်းများဖြင့် ထီကံစမ်းပါ ။ စကားပြောဆင်ခြင်ပါ ။ အထင်မြင်လွဲမှားပြီး စကားများရတတ်ပါသည် ။ငယ်ရွယ်သူများ ယခုလအတွင်း ချစ်သူရလိမ့်မည် ။ ချစ်သူရှိပြီးသူများ ချစ်သူကြောင့် စိတ်ချမ်းသာပျော်ရွှင်မှုရလိမ့်မည် ။ ယတြာ ။ ။ ဘုရားဖူးခရီးသည်ကို ငွေလှုပါ ။ ဘိုးဘွားများကိုလည်းငွေလှုပေးပါ ။
စနေသားသမီး ။ ။ အလုပ် အပြောင်းအရွှေ့ ဖြစ်မည် ။ အထက်လူကြီး၏ ကူညီမှုကြောင့် လုပ်ငန်းများအ ဆင်ပြေမည် ။ အုပ်ချုပ်ရေးအလုပ် စက်မှုလက်မှုအလုပ် စက်နှင့်ပတ်သက်သော လုပ်ငန်းများ အောင်မြင်မှု ရမည် ။ ခရီးသွားချင်စိတ်ပေါ်နေမည် ။ စပ်တူလုပ်ငန်းများ အကျိုးပေးပါမည် ။ ခရီးသွားလျှင် ၂ ယောက် ထဲ မသွားပါနှင့် ။ ပြသနာပေါ် တတ်ပါသည် ။ အနေအထိုင်ဆင်ခြင်ပါ ။ ငွေကြေးလက်မလွယ်ပါနှင့် ။ ပြန်တောင်းရခက်ပြီး စိတ်ညစ်ရမည် ။ ငွေကြေးနှင့်ပတ်သက်ပြီးစကားများရကိန်းရှိသည် ။ ငယ်ရွယ်သူ များ ဆရာလုပ်တတ်သော အနိုင်ကျင့်တတ်သော ချစ်သူမျိုးနှင့်ဖူးစာ ဆုံလိမ့်မည် ။။
ယတြာ ။ ။ မွေးနံဘုရားထောင့် တွင် နှင်းဆီပန်း(၇) ပွင့်ကို လှုပေးပါ ။
ကိုမောင်မောင်(ဆန်းသုတေသီ)
ရိုးရာလေး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
Tuesday, July 1, 2014
ပရိသတ်တွေကို မင်တက်သွားစေတဲ့ ဂျေလို.....................................
Posted by: Ko Myo
on Tuesday, July 01, 2014
Categories:
ဖျော်ဖြေရေး၊ Celebrity
ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်ဇ် ( ဂျေလို) ကတော့ ပုရိသတို့ အသည်းစွဲ မိုင်လေ ဆိုင်းရပ်စ် ထက် သာသွားပြီ ထင်ပါတယ်။
ဓာတ်ပုံ- ဂျေလိုစာမျက်နှာ
အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ ဂျေလိုဟာ ဖျော်ဖြေပွဲတခုမှာ ဆယ်ကျော်သက်တွေတောင် မင်တက်သွားစေ တဲ့ သူ့ရဲ့ အဝတ်အစားနဲ့ ဖျော်ဖြေမှုကို ပရိသတ်တွေက အထူးအားပေးခဲ့ကြပါတယ်။
လောလောဆယ် တကိုယ်တည်းသမားဖြစ်နေတဲ့ ဂျေလိုဟာ သူ့ခန္ဓာကို အလှတွေကို ပရိသတ်တွေကို သိသိသာသာ မြင်ခွင့် ပေးခဲ့ပြီး ဖျော်ဖြေပွဲက သူ့ရဲ့ ဟန်ပန်တွေကို ဖော်ပြပေးလိုက်ပါတယ်။












အိမ့်သံစဉ် ~ ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)














မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားရာ နေရာ၌ ဇူလိုင်လ ၂ရက် နံနက် ၁နာရီတွင်
ရဲတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်ကာ လူစုခွဲနေရပြီဟု မဇ္ဈိမ၏ မန္တလေးအခြေစိုက်
သတင်းထောက်များက









