This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 15, 2014

♪ နိုင်ငံတကာ နဲ့ မတူတဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက် ဆိုင်ရာ အိုင်တီ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲမှု ♫ .............


နိုင်ငံတကာမှာ ကြည့်လိုက်မယ် ဆိုရင် အင်တာနက် အခြေခံ အိုင်တီ ဆိုင်ရာ လုပ်ငန်းနဲ့ ဝန်ဆောင်မှု တိုးတက်မှုက နည်းလမ်း တစ်ခု ဖြစ်ပြီး မြန်မာပြည်မှာက နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာက ကွန်ပြူတာ ဆိုတာ စတင်ပေါ်ပေါက် ပါတယ်။ ပြီးရင် ကွန်ပြူတာ ကနေ အခြေခံလို့ အင်တာနက် အသုံးပြုခြင်း ဖြစ်ပေါ်လာပြီး ပြီးတော့မှ မိုဘိုင်းဖုန်း အခြေခံ အင်တာနက် အသုံးပြုခြင်း ဖြစ်လာ ပါတယ်။

မြန်မာပြည်မှာ ကျတော့ အားလုံး မြင်ကြ တွေ့ကြတဲ့ အတိုင်း မိုဘိုင်းဖုန်း ကနေ အင်တာနက် အသုံးပြုမှုက တစစ နဲ့ အရေအတွက် ပိုများ လာပြီး ကွန်ပြူတာ နဲ့ အသုံးပြုမှု အရေအတွက် တိုးတက် မှုက နောက်ကနေ လိုက်ပါတယ်။ ဒါဟာ မိုဘိုင်းဖုန်းက ကွန်ပြူတာ များထက် ဈေးနှုန်း သက်သာမှု ကြောင့် ဖြစ်ပြီး တည်ရှိပြီးသား အင်တာနက် ကွန်ရက်ကို မိုဘိုင်းဖုန်း အတွက် ဖွင့်လှစ် ပေးခဲ့ ခြင်းကြောင့် ပြောင်းလဲတိုးတက်မှုက နိုင်ငံတကာနဲ့ မတူပဲ မိုဘိုဖုန်း ကနေ စတင်ခြင်း ဖြစ်ပါတယ်။

ဒီတော့ နည်းပညာ ဆိုင်ရ ကုမ္ပဏီများ အနေနဲ့ ဝဘ်ဆိုဒ်တွေ ဖန်တီးတဲ့ အခါ မိုဘိုင်း ဗားရှင်း ကို အဓိကထားပြီး ဖန်တီးရမှာဟာ အဓိကချက် တစ်ခု ဖြစ်ပါတယ်။ 'ကျနော်တို့ ဆိုရင် မိုဘိုင်း ဖုန်း ကနေ ကြည့်လိုရမယ့် ဝဘ်ဆိုဒ်ကို ဖန်တီးပြီးပြီ။ နောက်ထပ်ခြေလှမ်း အနေနဲ့ မိုဘိုင်း Application' လုပ်ဖို့ ကြိုးစားနေပါတယ်' လို့ www.motors.com.mm မှ မာကဲတင်း မန်နေဂျာ ဖြစ်သူ ကိုအောင်ခမ်းက ရှင်းလင်း ဖြေကြား ပေး ပါတယ်။ သတင်း မီဒီယာ များ အနေနဲ့လည်း www.news-eleven.com တို့လို သတင်းမီဒီယာ ကြီးတွေအောင် မိုဘိုင်းဖုန်း Application ကို ဖန်တီးခဲ့ကြပြီး မီဒီယာ ဈေးကွက်ကို ရယူလာတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

မိုဘိုင်းမှာတောင် Android OS အခြေခံ ဖုန်းများကို အသုံးများပြီး iOS ကလည်း အရေအတွက် တိုးလာ နေပါတယ။် ဒါကြောင့်မို့ ပထမဆုံး ခြေလှမ်းအနေဲ့ ဝဘ်ဆိုဒ်ကို responsive template ဖြစ်အောင် ပြုလုပ်ပြီး ဒုတိယ ခြေလှမ်း ကတော့ ဖုန်း Application များ ဖန်တီးရန် ဖြစ် ပါတယ်။ မိုဘိုင်း App များကို အခမဲ့ ပြုလုပ်လို့ရသလို၊ ငွေကြေးပေး ပြုလုပ်ရင်လည်း ၅ သိန်းက စလို့ အစစ ဈေး ရှိကြောင်း သိရ ပါတယ်။

Aung Ko Htet (www.mmitknowledge.com)

♪ ဘော့စ်တွေအတွက် £6,750 တန် Vertu Signature Touch ♫ ..............

တိုက်တေနီယမ်သတ္တု၊ တောက်ပသော အပြာရောင်နီလာကျောက်၊ သားရေအစစ်များ နဲ့မွမ်းမံထားတဲ့ Vertu Signatue Touch စမတ်ဖုန်းက £6,750 ကျသင့်မှာဖြစ်ပြီးဈေးနှုန်းကြီးမြင့်ပေမယ့် သင့်ကိုဝံ့ကြွားထည်ဝါနိုင်စေမယ့် အဆင့်အတန်းမြင့်စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
4G ကွန်ယက်မှာလည်းသုံးစွဲနိုင်ကာ ဖုန်းခေါ်ဆိုမှုများကို encrypt လုပ်ပေးထားတဲ့အတွက် လုံခြုံစိတ်ချစွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒေါ်လာနဲ့တွက်ရင်တော့ USD 11,300 ကျသင့်မှာဖြစ်ပါတယ်။

Signature Touch ဟာ Qualcomm Snapdragon 2.3GHz processor သုံးစွဲထားပြီး OS အနေနဲ့က Android KitKat 4.4 နဲ့ run ပါတယ်။ Storage ကတော့ 64GB သိုလှောင်နိုင်စွမ်းရှိပြီး Qi ကြိုးမဲ့ အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ကမ္ဘာတစ်လွှားမှာရှိသမျှ 4G bands တွေနဲ့ကောင်းမွန်စွာချိတ်ဆက် နိုင်စွမ်းရှိပါတယ်။




မျက်နှာပြင် အကျယ်က 4.7 လက်မရှိပြီး resolution က 1080p (473dpi) ရှိကာ မျက်နှာပြင်ကို 5.1 လက်မ ရှိသော 118 ကာရတ် အလေးချိန်ရှိတဲ့ နီလာကျောက် ပြားလွှာများနဲ့ဖုံးအုပ်ပေးထားပါတယ်။ HD Display ကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Vertu ကုမ္ပဏီဟာ UK အခြေစိုက်စမတ်ဖုန်းကုမ္ပဏီဖြစ်ပြီး ယခင်က Nokia ကပိုင်ဆိုင်ခဲ့ပါတယ်။ အသံပိုင်းစနစ်ကောင်းမွန်စေရန်အတွက် Bang & Olufsen နဲ့ ကင်မရာပိုင်းအတွက် Hasselblad စတဲ့ ဇိမ်ခံ ပစ္စည်းကုမ္ပဏီများနဲ့ပူးပေါင်းခဲ့ပါတယ်။



ကိုယ်ထည်က grade 5 အဆင့်ရှိ တိုက်တေနီယမ်နဲ့ဖုံးအုပ်ထားပြီး အကောင်ငါးမျိုးရဲ့ သားရေအစစ်များနဲ့ဆင်ယင်ထားပါတယ်။ အနီရောင်၊ အပြာရောင်၊ခရမ်းရောင်၊ အနက်ရောင်တို့ကိုရရှိနိုင်ပါတယ်။
Signature Touch က ယခု ဇွန်လ ၂၀၁၄ မှာထွက်ရှိမှာဖြစ်ပြီး Beverly Hills မှာရှိတဲ့ Rodeo Drive က Vertu Boutiques အရောင်းဆိုင်၊ New York မှာရှိတဲ့ MadisonAve ၊ Las Vegas က Wynn ဟိုတယ် တို့မှာရရှိနိုင်မှာဖြစ်ပါတယ်။

==============================

Nyein Chan (TSJ Tech Team)

ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ...........................


Bookmark and Share [ ]

ဝမ်းဗိုက် အဆီကို ချဖို့ ခက်ခဲနေ ပါသလား။ ကိုယ်လက် ဖောရောင်ခြင်းနဲ့ ဝမ်းဗိုက် အဆီများ လျှော့ချရန် အ
ထူးကောင်းသော အစား အစာ များကို စားကြည့် လိုက်ပါ။


လက်ဖက်ရည်ကြမ်း (Green Tea)

လက်ဖက် ရည်ကြမ်း သောက်ခြင်းဖြင့် ကိုယ်လက် ဖောရောင်ခြင်းကို လျော့ကျ စေမည့် အပြင် သင်၏ ဗိုက်
သားအဆီပြင်ကိုလည်း ကျစေမည်ဖြစ်သည်။ လက်ဖက်ရည်ကြမ်းတွင် ကိုယ်ခန္ဓာရောင်ရမ်းမှုကို ကာကွယ်
နိုင်သော သဘာဝ ပစ္စည်းများပါဝင်သည်။ ယင်းတွင်ပါဝင်သည့် EGCG ဟုခေါ်သော ဒြပ်ပေါင်းက ခန္ဓာကိုယ် အဆီများကို လျော့ကျစေနိုင် သည်။


အိုမီဂါ - ၃ ကြွယ်ဝသော အစားအစာများ

အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်သော သစ်ကြားသီး၊ နှမ်းကြတ်စေ့နှင့် အလက်စကား ပြည်နယ်ထွက် ဆော်လ
မွန်ငါးကဲ့သို့ ငါးများကို စားသုံးခြင်းဖြင့် ကိုယ်ခန္ဓာ အဆီပိုများကို လျော့ကျစေနိုင်သည်။


ကြက်သွန်ဖြူ

သဘာဝ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းနှင့် သွေးထဲ သကြားပါဝင်မှုကို ထိန်းညှိပေးသော အစားအသောက်
အဖြစ် ကြက်သွန်ဖြူကိုစားပါ။ သွေးထဲသကြားပါဝင်မှုနှင့် အင်ဆူလင်ပါဝင်မှုအဆင့်ကို ထိန်းချုပ်ခြင်းဖြင့်
သင်၏ခန္ဓာကိုယ်စွမ်းအင်အတွက် အဆီလောင်ကျွမ်းမှုကို အမြင့်မားဆုံးဖြစ်စေမည့်ရလဒ်အနေဖြင့် ဝမ်း
က်အဆီများလျော့ကျသွားမည်ဖြစ်သည်။ ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားကောင်းစေသည့်
ခန္ဓာကိုယ်အပူထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။


ပူဒီနာရွက်

ပျားရည် တစ်ဇွန်းတွင် ငရုတ်ကောင်း အနည်းငယ် ထည့်ပါ။ နုပ် နုပ်စဉ်း ထားသော ပူဒီနာ အရွက်များကို
ရေနွေး တစ်ခွက်နှင့်ရောမွှေ လိုက်ပါ။ ငါးမိနစ်ခန့်ထားပြီးနောက် ဗိုက်အဆီကျရန်သောက်သုံးနိုင် သည်။


သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေထဲတွင် ငါးမိနစ်ခန့်စိမ်လိုက်ပါ။ ပျားရည်တစ်ဇွန်း
ထပ်ထည့်ပြီး နံနက်စာမစားမီနှင့် ညအိပ်ရာမဝင်မီသောက်ပါက ဗိုက်သားအဆီကို ကျစေသည်။


ဖရဲသီး

အစားအသောက်ကို အစာအိမ်က များများ မတောင်းဆိုရန် ကူညီ နိုင်မည့် ရေဓာတ် ၈၂ ရာခိုင်နှုန်း ဖရဲသီး တွင်ပါဝင်သည်။ ကျန်းမာရေး အကျိုးကျေးဇူးရှိသည့် ဗီတာမင်စီလည်း ဖရဲသီးတွင်ပါဝင်သည်။

ကျန်းမာရေးနှင့် ညီသော ဓာတ်စာ စားရန် အစီအစဉ် ရှိပါက ဖရဲသီးမှာ အကျန်းမာဆုံးဖြစ်စေမည့် အစားအ
သောက်များအနက် တစ်မျိုးဖြစ်သည်။ နေ့လယ်စာအဆာပြေ စားသောက်ရန်လည်း အထူးကောင်းမွန်သော အသီးဖြစ်သည်။


ပန်းသီး

ပန်းသီး ပုံမှန်စားပေးခြင်းဖြင့် ရောဂါဘယများစွာကို တိုက်ဖျက်ရန် အကူအညီဖြစ်စေသည်။ ဝမ်းဗိုက်အဆီ
ချရန်လည်း ကူညီနိုင်သည်။ ပန်းသီးတွင် ပိုတက်စီယမ်နှင့် ဗီတာမင်များစွာပါဝင်သဖြင့် ဗိုက်မဆာစေရန်
ကူညီနိုင်သည်။ ထို့ကြောင့် သင်ဆန္ဒရှိသော ဗိုက်သားပြင်ရရှိစေရန် ပန်းသီးများကို မနက်စာအဖြစ်စားပါ။


ငှက်ပျောသီး

ပန်းသီးများကဲ့သို့ပင် ငှက်ပျောသီးများတွင် ပိုတက်စီယမ်နှင့် ဗီတာမင် များစွာပါဝင်သည်။ ငှက်ပျောသီးများ
စားခြင်းဖြင့် ဗိုက်ပြည့် စေမည်ဖြစ်ကာ အမြန်ပြင် အစား အစာများ စားလိုခြင်းကို ကာကွယ်ရန် ကူညီနိုင်
သည်။ ထို့အပြင် ငှက်ပျောသီးမှာ ဇီဝဖြစ်ပျက်မှုနှုန်း မြင့်မားစေပြီး ဝမ်းဗိုက်အဆီကို လျော့ကျစေနိုင်သည်။

—Ref: Internet

7Day News Journal မှ ကူးယူ မျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ http://www.simon-vlog.com/2014/06/blog-post_9997.html#ixzz34e3qzXB1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အီရတ် တပ်သားသစ် စုစည်း .....................

14 June 2014 23:51(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

  အီရတ် ဝန်ကြီးချုပ် Nouri al - Maliki က ဘဂ္ဂဒက်မြို့ မြောက်ဘက်က ဆမာရာ မြို့မှာ အစ္စလာမ္မစ် သူပုန်တွေနဲ့ စစ်ခင်းနေတဲ့ ရှေ့တန်း တပ်မှူးတွေကို မိန့်ခွန်းပေးခဲ့ပါတယ်။

နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ သူပုန်တွေ ရှေ့ဆက် မတက်နိုင်ဖို့ ဆမာရာကနေ အကြီးအကျယ် ခုခံသွားမယ်၊ လိုအပ်တဲ့ တပ်သားသစ် တွေကိုလဲ စုဆောင်းနေတယ်လို့ မစ္စတာ မာလီကီက ပြောပါတယ်။

ဘဂ္ဂဒက်မြို့မှာ အရေးပေါ် တပ်သား စုဆောင်းရေးမှာ လူတန်းကြီးတွေ တွေ့ရပါတယ်။

ဒီလူတွေဟာ ဘာအကျိုးအမြတ် ဆုလာဘ်မှ မမျှော်ကိုးဘဲ အမိမြေကို ခုခံဖို့ တာဝန် ရှိတယ် ဆိုတဲ့ ခံယူချက်နဲ့ လာစာရင်းပေးနေကြသူတွေ ဖြစ်ပါတယ်လို့ တပ်သားသစ် စာရင်းလာပေးသူ တယောက်က ပြောသွားပါတယ်။

ISIS အစွန်းရောက် အုပ်စုက ကြီးစိုးတဲ့ ဆွန်နီ သူပုန် တွေ ဘဂ္ဂဒက်ထိ မရောက်နိုင် ဘဲ လမ်းမှာ တားဆီး ခံနေရတဲ့ ပုံရှိတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

လူတွေကတော့ အခြေအနေကို အထူး စိုးရိမ်နေကြပြီး အမေရိကန်က ကူညီ အားဖြည့်ပေးဖို့ မျှော်လင့်နေကြပါတယ်။

အီရတ် စစ်တပ်က အရပ်သား တွေကို ကာကွယ် စောင့်ရှောက်ပေးဖို့လဲ ကုလ သမဂ္ဂရဲ့ အီရတ် ဌာနေ ကိုယ်စားလှယ် Nikolay Mladenov က တောင်းဆို လိုက်ပါတယ်။

အကြမ်းဖက်သမားနဲ့ အရပ်သားတွေကြား သတိထားပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့၊ ဒါမှ အရပ်သား အသေအပျောက် နည်းပါးမှာ ဖြစ်တယ်လို့ မစ္စတာ Mladenov က ပြောပါတယ်။

အစိုးရတပ်က ထိုးစစ်ဆင်လာမှာကို ကြောက်လို့ သူပုန်သိမ်းထားတဲ့ မြို့တွေကနေ လူတွေ စွန့်ခွာ ထွက်ပြေးနေကြပါပြီ။

ထောင်သောင်း ချီတဲ့ စစ်ပြေး ဒုက္ခသည် တွေအတွက် ကနဦး အကူအညီ အနေနဲ့ ဗြိတိန်က ဒေါ်လာ ၅ သန်း ပေးအပ် ခဲ့ပါတယ်။

အီရတ်က အစ္စလာမ္မစ် စစ်သွေးကြွ တွေကို နှိမ်နင်းတိုက်ခိုက်ဖို့ အမေရိကန် နဲ့ လက်တွဲဖို့ ပြင်ထားတယ်လို့ အီရန် သမ္မတ ဟာဆန် ရိုဟာနီက ပြောကြား လိုက်ပါတယ်။

အီရတ် လုံခြုံရေး ပြန်တည်ဆောက်ဖို့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ရိုဟာနီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

အီရတ်ဘက်က တောင်းဆိုလာရင် ကူညီဖို့ အသင့်လို့လဲ သူက ဆိုပါတယ်။ ဘဂ္ဂဒက်မှာ အီရန် ဗိုလ်ချုပ်ကြီး တယောက် ရောက်နေတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ISIS အစွန်းရောက်ရန်ကို စစ်ခင်း

မဟာသန္တိသုခကိစ္စ ဒုတိယရွှေဝါရောင်တော်လှန်ရေးကို ဖန်တီးခြင်းဟု ဆရာတော်ဝီရသူမိန့်ကြား ..................

မျိုးသန့်
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတော်သံဃနာယကမဟာနယကနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှားလိုက်ခြင်းသည့် ဒုတိယအကြိမ်ရွှေဝါရောင်တော်လှန်ရေး ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု ဇွန် ၁၂ ရက်က ဆရာတော်ဝီရသူမှ မဇ္ဈိမကို မိန့်ကြားသည်။

“ဟိုမှာတုန်းက (ပထမအကြိမ် ရွှေဝါရောင်တော်လှန်ရေး)က စစ်အစိုးရကို ကြောက်လို့ သံဃနာယက မပြောရဲတာ။ ဒီတစ်ခါကတော့ သံဃနာယက ကိုယ်တိုင်ကိုက ဒုတိယရွှေဝါရောင်အရေးအခင်းကို ဖန်တီးလိုက်တာ”ဟု ဆရာတော်ဝီရသူက မိန့်သည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပီနန် ဆရာတော်သီတင်းသုံးနေထိုင်သော မဟာသန္တိသုခကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသည့် သံဃာတော်အပါး ၃၀၀နီးပါးကို ဇွန်လ ၁၁ရက် ညသန်းခေါင်ယံအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်း ဖယ်ရှားရှင်းလင်းခဲ့သည်ကိစ္စနှင့်ပတ်သက် ၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘုရားသားတော် မပြောနဲ့၊ အစိုးရကတောင် ပြည်သူကို ဒီလိုမလုပ်သင့်ဘူး”ဟု ဆရာတော်ဦးဝီရသူက ဆက်လက်မိန့်ကြားသည်။

ယခု ပြောဆိုချက်အပြင် ဆရာတော်ဝီရသူက အချက် ၆ ချက်ပါသော သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဇွန် ၁၀ ရက် ကာယကံရှင်ပီနန်ဆရာတော်ကြီး ပြည်ပ ခရီးကြွရောက်နေသည့် အချိန်ကို ရွေးချယ်၍ ညအချိန်မတော်လူခြေတိတ်ချိန်တွင် လက်နက်တစ်စုံတစ်ရာမရှိသော ခုခံကာကွယ်မှု လုံးဝမပြုသော သာသနာပြု ဘုရားသားတော်များကို အနုကြမ်းဝင်စီးသည့် လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ဆရာတော်ဦးဥတ္တရနှင့် ဦးနန္ဒိယနှစ်ပါးတို့ကို ခြွင်းချက်မရှိ ယခုချက်ချင်း ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း၊ မဟာသန္တိသုခသာ သနာပြုကျောင်းတော်ကြီးကို ချိတ်ပိတ်ဖြစ်စဉ်၌ ဦးဆောင်ဆရာတော်ပြောသွားသော စကားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ မူဝါဒသဘောထားဖြစ်ကြောင်း ထုတ်ပြန်အတည်ပြုပေးရန် တိုက်တွန်းကြောင်း၊ ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တ ပညာဝံသမထေရ်အား ပြည်ဝင်ခွင့်ကန့်သတ်ခြင်း မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးလိုက်ကြောင်း၊ ပြည်ထောင်စုတစ်ဝန်းလုံးမှသိက္ခာသုံးပါးနှင့် ပြည့်စုံသော၊ ရဟန်းရှင်လူပြည်သူအားလုံး၏ ယုံကြည်အားကိုး လေးစားကြည်ညိုမှုကို ခံယူထိုက်သော ပရိယတ္တိဝိသာရဒဂုဏ်တော်နှင့် ပြည့်စုံသော ၀ိနည်းဓိုရ်ဆရာတော်ကြီးများကို ရွေးချယ်၍ သီခြားဝိနည်းဓိုရ်အဖွဲ့ဖွဲ့စည်းကာ မဟာသန္တိသုခစင်တာသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုအငြင်းပွားချက်ကို ဓမ္မ၀ိနယနှင့်အညီ တရားမျှတစွာဖြေရှင်းပေးရန် တောင်းဆိုလိုက်ကြောင်း၊ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့၏အဆင့်ဆင့်သော ဆောင်ရွက်ချက်များကို စောင့်ကြည့်ဝေဖန်ပြီးမှသာ လုပ်သင့်လုပ်ထိုက်သော တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Saturday, June 14, 2014

aဒ်ါအောင်ဆန်းစုကြည်သမ္မတဖြစ်ရေး NLDမျှော်လင့်ချက်မကုန်သေး .................


Friday, June 13, 2014
 ~

  
 
  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားဖြစ်နေတဲ့ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)  ကို မပြင်ဆင်ဖို့   ပြည်ထောင်စုလွှတ်တော်ရဲ့  အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပေမယ့်လည်း NLD ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ပြောပါတယ်။

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ဧရာဝတီကို ပြောတာပါ။
ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်   Suu Kyi’s Presidential Bid Not Dead Yet: NLD  http://www.irrawaddy.org/burma/suu-kyis-presidential-bid-dead-yet-nld.html မှာ ရေးထားပါတယ်။

အခု ဆုံးဖြတ်​တာက ​ကော်​မတီကပဲ ဆုံးဖြတ်​တာ၊ လွှတ်​​တော်​က ဆုံးဖြတ်​တာ မဟုတ်​လို့ ဒီကိစ္စ NLD က သ​ဘောထား​ပေးဖို့ ​စောပါ​သေးတယ်​၊ လွှတ်​​တော်​က ဘယ်​လိုဆုံးဖြတ်​မလဲ၊ လွှတ်​​တော်​ ကိုယ်​စားလှယ်​​တွေက ဘယ်​လို သ​ဘောထား ​ပေးကြမလဲ ဆိုတာ ကျ​နော်​တို့ ​စောင့်​ကြည့်​ရအုံးမှာပါ
လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကော်မတီမှာ အဖွဲ့ဝင် ၃၁ ဦး ရှိပေမယ့် ပြင်ဆင်ရေးအတွက် ထောက်ခံမဲပေးသူ အရေအတွက်ဟာ အဲဒီနေ့က ၅ ဦးပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းကတော့   ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ
http://burma.irrawaddy.org/news/2014/06/12/60267.html ဖြစ်ပါတယ်။

အဲဒီသတင်းကို ဧရာဝတီဖေ့စ်ဘုတ်မှာ တင်တော့ စာဖတ်သူတွေက မှတ်ချက် ၂,၄ဝဝ ကျော် ပေးခဲ့ပါတယ်။

အဲဒီထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ကိုယ့်မိဘရဲ့ဂုဏ်သိက္ခာကိုတောင်
ထည့်မစဉ်းစားခဲ့တဲ့သူက တို့လူမျိုးတို့နိုင်ငံရဲ့ဂုဏ်သိက္ခာကို စဉ်းစားပေးပါ့မလား
မောင်နှမအရင်း၂ ယောက်ထဲရှိတာကိုတောင်ီညီ ညွတ်အောင်မကြိုးစားနိုင်တဲ့သူက တို့တမျိုးသားလုံးညီညွတ်ဖို့ တတ်နိုင်ပါ့မလား သားနှစ်ယောက်ထဲကိုတောင် ကိုယ့်လူမျိုးနဲ့ကိုယ်ဘာသာကို လေးစားချင်ခင်လာအောင်မလုပ်နိုင်ခဲ့တဲ့သူက လူမျိုးခြားတွေကို
ကိုယ်အမျိုးဘာသာကို လေးစားလာအောင် ကြိုးစားပါ့မလား
ကိုယ်လူမျိး အစော်ကားခံရတော့ လူမျိုးခြားဘက်ကရပ်ပြီး ကိုယ့်လူမျိုးကပြန်ချတော့ မြန်မာတွေကိုအရိုင်းအစိုင်းတွေ လို့ နိုင်ငံတကာလည်ပြောတဲ့ သူမျိုးသမ္မတဖြစ်လာရင် ကမ္ဘာမြေပုံထဲမှာMYANMAR ဆိုတာပျောက်ကွယ်တော့မယ် ထင်ပါတယ်

ထောက်ခံကြပါ ထောက်ခံကြပါ ဟုတ်ပါတယ် လက်ရှိအစိုးကအဖွဲ့တွေက တိုင်းပြည်ကို ဘယ်တုန်းက ဘာတွေများကောင်းတာတွေ လုပ်ခဲ့ကြလဲ ပြောကြပါအုံးးးး တသက်လုံး ဖိနှိပ်ချူပ်ချယ်မှုတွေနဲ့အုပ်ချူပ်ခဲ့တားးးး အာဏာမြဲဖို့အတွက်ဆို ဘုန်းကြီးသတ်ရမှာလဲဝန်မလေးဘူးးးး ဘုရားဖျက်ရမှာလဲမကြောက်ဘူးးးး လယ်သိမ်းမယ်းးး ယာသိမ်းမယ်းးးရွာဖျက်မယ်

 အ မေ စု က သမ္မ တ ဖြစ် မှ အ လုပ် လုပ် မဲ့ သူ မ ဟုတ် ပတ္တမြား မှန် ရင် နွံ မ နစ်ဖူး အ မေ

မင်းတို့က စစ်အစိုးရပေးတဲ့ ဒီမိုကရေစီ အတုကိုမှကြိုက်နေကြတာကိုး ဒေါ်စုသမ္မတဖြစ်ရင် သူ့အတွက်ဘာမှမလိုဘူး သူကအသက်ကြီးနေပြီ ပြည်သူအတွက် ဒီမိုကရေစီ အစစ်ကို ပေးခဲ့မှာကွ

ပြိုင်ဘက်ကိုကြိုးတုတ်ပြီးရိုက်မယ် အင်မတန်မျှတတဲ့အစိုးရ ဒီအစိုးရပဲပြန်အုပ်ချုပ်ပြည်သူတွေ သတောင်းစားဆက်ဖြစ်ပေါ့

 ဒေါ်အောင်ဆန်းစုကြည်တက်လာရင် ကုလားတိုင်းပြည် ဖြစ်သွားတော့မယောင် ပြည်သူတွေထင်လာမြင်လာအောင် လုပ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အားပေးတဲ့ လူတွေကိုလည်း ကုလားတွေ ကုလားအားပေးတွေလို့ လူတွေယုံကြည်လာအောင် အားထုတ်တယ်

အာဏာလိုချင် လို့ထင် တဲ့သူကရှိသေး
အဲဒါဆို ဒီမှာတောင် နှစ် ရှည်လများဒုက္ခလာ
မခံဘူး ဟိုမှာ ဇိမ်နဲ့ နှပ် နေမှာပေါ့ မြန်မာပြည်
ထဲကမြန်မာလူမိုးဖြစ်နေ လို့ ခေါင်းမရှောင်နိုင်
လို့ အကျယ်ခူပ်ဘဝနဲ့ ဒီမိုက ရေစီလမ်းပြ
ခဲ့တာပေါ့ သူသာမရှိရင် စစ်အာဏာလက်
အောက်မှာ မြန်မာပြည်ကြီး မတွေးရဲဘူး

မှန်ပါတယ်ဖြစ်သင့်ဖြစ်ထိုက်တာကို မှန်ကန်
အောင်ဆုံးဖြတ်ပေးတဲ့ပြည်တောင်စုလွှတ် တော်အဖွဲ့အားကျေးဇူးတင်ပါတယ်ရှင့်

အမေစုက သမတ ဖြစ်ချင်တာ တစ်ခုတည်း မဟုတ်ဘူး၊ တနိုင်ငံလုံး စစ်ကျွန်ဘ၀ကနေ လွတ်အောင်လုပ်ပေးနေတာ၊ စစ်သားပဲ သမတ ဖြစ်ခွင့်ရှိရာကနေ၊ နိုင်ငံသားတိုင်း သမတ လုပ်ခွင့်ရှိအောင် ပြင်ပေးနေတာ၊ အမြင်တွေ ကျယ်ဖို့လိုတယ်၊

တိုင်းပြည်တိုးတက်အောင်လုပ်ပေးမယ့်သူကို လုပ်ပိုင်ခွင့်ရှိတဲ့နေရာတစ်နေရာပေးရဲဖို့ဘဲလိုတယ်။အရင်လူတွေက လုပ်ချင်တိုင်းလုပ် ပေးချင်တိုင်းပေးခဲ့တဲ့project တွေပြသနာပေါ်ပြီးပြည်သူငြိုငြင်မယ့်နေရာတွေမှာ ဥက္ကဌ
ပေးတာတွေ ဘာဖြစ်လို့ အမေစုကမငြင်းပဲလက်ခံခဲ့တာလဲ။ခေါင်းဆောင်ကောင်းဆိုတာကိုယ်ရောက်နေတဲ့နေရာမှာ ဖြစ်သမျှကိစ္စတွေကိုတာဝန်ယူဖြေရှင်းပေးရတယ်။ခေါင်းရှောင်နေဖို့မဟုတ်ဘူး။

ဒေါ်စု မြန်မာနိုင်ငံကိုမအုပ်ချုပ်ပါနဲ့ဦး သားလေးတွေ်ကိုဘဲ နိုင်အောင်အရင်အုပ်ချုပ်ပါ ပီးမှနိုင်ငံကိုအုပ်ချုပ်ရမှာ

ဒေါ်စုကြောင့်
ကုလားနိုင် ငံဖြစ် မယ်ဆို ပြီး
ပြောနေတဲ့သူ တွေဟာ
လူမျိုးရေးခွဲ ခြားသူများ
သာဖြစ် ပါတယ်

 ဒေါ်စု လွှတ်တော်ထဲတာ ရောက်နေတယ်။ သူသမ္မတ ဖြစ်ဖို့ အာဏာရူး နေတာက လွဲရင် တိုင်းပြည် အတွက်ဘာလုပ်ပြခဲ့ သလဲ။

အာဏာရှင် စနှစ်ကိုကြိုက်သော လူတွေကို စိတ်မဆိုးကြပါနဲ့ နားလည်ပေးကြပါ အားလုံးကိုခေါ်ပြီး မြောက်ကိုးရီးယားကို နေ့မကူးပဲ အမြန်ပို့လိုက်ပါလား ဒါဆိုအေးရော လေယာဉ်လက်မှတ်ခကို ကျန်သောပြည်သူက ဝိုင်းလှူကျလိမ့်မယ် ဘယ်လိုလဲ ok မလား

ဟဲဟဲ ယောက်ျားကြီးတွေဖြစ်ပြီး မိန်းမတစ်ယောက်ကိုကြောက်နေတာဆိုလို့ ကမ္ဘာပေါ်မှာ ဒို့မြန်မာနိုင်ငံပဲရှိတယ်။

သံဃာတွေကိုသတ်ခဲ့တာဘယ်သူလဲ
သံဃာတွေအများအပြားကိုထောင်ထဲ
ထဲ့ခဲ့ကြတာဘယ်သူတွေလည်းပြန်စဉ်း
စားကြပါ သံဃာသင်းခွဲခဲ့ကြတာဘယ်သူ
တွေဘယ်သူတွေလဲ။ဒေါ်စုမဟုတ်ဘူး
ဆိုတာသမိုင်းက သက်သေပြုလိမ့်မယ်

သမ္မတဖြစ်ခွင့်တော့လုံးဝမပေးပါနဲ့
ဒေါ်စုသမ္မတဖြစ်ရင်မြန်မာပြည်ပျောက်ပြီဟေ့ နေ့ချင်းညချင်းကုလားနိုင်ငံဖြစ်သွားမယ် အားလုံးဒေါ်စုသမ္မတမဖြစ်ရေးကန့်ကွန်ပေးကြပါ

 မြန်မာနိုင်ငံကို အခု အုပ်ချုပ်နေတာ တရုတ်တွေပါ။ တရုတ် အစိုးရမပြောနဲ့ တရုတ်က စီးပွားရေး လုပ်ငန်းရှင်တောင် ကြောက်နေရတဲ့အစိုးရတွေ။ တရုတ်က ဒီနေရာ ဖယ်ပေးဆို ဖယ်ပေးလိုက်တာပဲ။ ကိုယ့်ပြည်သူကို နှိပ်စက်ဆိုလည်း နှိပ်စက်လိုက်တာပဲ။ နောက်ဆုံး ကိုယ့်ဘာသာကိုဖျက်ဆိုလည်း ဖျက်လိုက်တဲ့ လူစိတ်မရှိတဲ့ အစိုးရကို သူ့ဘေးနားကပ်စားနေတဲ့သူတွေပဲ အကောင်းမြင်တော့မှာပေါ့။



 



Wednesday, June 11, 2014

တူဖြစ်သူခိုးယူလာသည့် မိန်းကလေးကို ဦးလေးက အဓမ္မပြုကျင့် .................

10 June 2014 21:54(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

 ရန်ကုန်၊ မဇ္ဈိမ။             ။ တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ရည်းစားဖြင့် ခိုးရာလိုက်ပြေးလာစဉ် ရည်းစားဖြစ်သူ၏ ဦးလေးက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၈ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ အထက်ပါမိန်းကလေးသည် ၎င်း၏ရည်းစားဖြစ်သူ အုတ်လုပ်သား စိုးမင်းဦးနှင့် ခိုးရာလိုက်ပြေးလာပြီး တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အနီးရှိ အောင်ပြည့်စုံစားသောက်ဆိုင်တွင် စိုးမင်းဦး၏ ဦးလေးဖြစ်သူ စန်းမင်းထွေး (၂၆)နှစ်နှင့် (၃)ယောက်အတူ စားသောက်နေခဲ့သည်ဟု ဆိုသည်။

၁၅ မိနစ်ခန့်အကြာတွင် စန်းမင်းထွေးက အိမ်ငှားပေးမည်ဟုဆိုကာ မိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် တိုက်ကြီးမြို့နယ်၊ လသာကုန်းရွာ(ရန်ကုန်ဘက်သို့အထွက်) မြောင်းတံတားထိပ် လမ်းဘေးအရောက်တွင် အထက်ပါမိန်းကလေးကို ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းပြီး တွန်းလှဲကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး စားသောက်ဆိုင်တွင် ကျန်နေခဲ့သည့် တူတော်စပ်သူ စိုးမင်းဦးထံ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။

စားသောက်ဆိုင်သို့ ပြန်အရောက်တွင် ၎င်း၏ရည်းစားဖြစ်သူကို ပြောပြပြီး ဥပ္ပုံစုရပ်ကွက် ဆယ်အိမ်မှူးထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ စန်းမင်းထွေးကို အရေးယူပေးပါရန် အထက်ပါ မိန်းကလေး၏ တရားလိုပြု တိုင်တန်းချက်ကို တိုက်ကြီးမြို့မရဲစခန်းက(ပ)၂၁၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းစီးစစ်ဆေးလျှက်ရှိသည်။

Written by  ဖြိုးဝေလင်း
Mizzima - News in Burmese


နိုင်ငံတကာ ဈေးကွက် ကောင်းနေသည့် ချောင်းရိုက် စီးပွားရေး ..................



+++++++++++++++++++++++++++++++++++++
ညစ်ညမ်း ဆိုဒ်တွေမှာ မန်းလေး-ချောင်းသာ သန့်စင်ခန်း မှ အလန်းလေးများ ဆိုပြီးထွက် နေပြီလို့ သိရပါတယ်၊ မမ ညီမလေးများ သတိထားကြဘို့ အတွက်နော၊
တနိုင်ငံလုံးမှာ မျက်လုံးတွေ ရှိနေလို့  အမျိုးကောင်းသမီးတွေ သတိထားကြရပါမယ်၊ အိမ်သာတို့  ရေချိုးခန်းတို့ မှာ မသင်္ကာစရာ ကင်မရာတွေ့ ခဲ့ရင် တာဝန်ရှိတဲ့ တာဝန်ရှိတဲ့ မန်နေဂျာ-
ဆီသွားပြီး တိုက်ရိုက် တိုင်ကြားနိုင်ပါတယ်၊
နိုင်ငံတကာမှာဆိုရင် ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ရင် ဟော်တည်ပိတ်ပလိုက်ရတဲ့အထိ အရေးယူ လို့ ရတယ်၊
တိုင်းပြည်တွင်းမှာချောင်းရိုက် စီးပွားရေးဈေးကောင်းနေပြီး နိုင်ငံတကာရဲ့ အပြာဝက်ဆိုဒ်တွေမှာ home made myanmar တွေ ဗီဒီယို ဇတ်လမ်းတွေ အင်တာနက်မှာ ရေပန်းစားလာတာကြောင့်
တရုတ်ပြည်ကနေ ပုံစံမျိုးစုံချောင်းရိုက် ကင်မရာ တွေတင်သွင်းပြီး ထုတ်ထုပ်ရောင်းချ နေတဲ့ သူတွေကို အရေးယူမယ့် သူမ၇ှိလို့  ပိုပြီးကျယ်ပြန့် လာနေတယ်။
ဒီလိုညစ်ညမ်းခွေတွေကို လမ်းဘေးမှာတောင် လိုင်းကြေးပေးပြီးအော်ရောင်းနေတယိဆိုတော့
နောက်ပိုင်းဆို ရင် နိုင်ငံတကာ လိင်ဗူးအဖွဲ့ ဝင် တွေ နိုင်ငံတွင်းကို အစုလိုက်အပြုံလိုက် ရောက် လာ တော့မှာ၊ ပိုဆိုးလာနိုင်တာက ခလေးငယ်တွေနဲ့ လိမ် ဆက်ဆံတာ ..မုဒိန်းကျင့်ပွဲတွေကို ပြောင်းပြောင်းတင်းတင်းရိုက်လာကြတော့မယ် ။
ကံဗောရီးယား နိုင်ငံမှာ မိမိသားသမီးတွေကို နိုင်ငံခြားသားတွေဆီမှာ လိင်ဆက်ဆံဘို့  ရောင်းစား နေရာမျိုးတွေ လည်း ဖြစ်လာနိုင်ပါတယ်၊
ထိုင်းမှာတော့ ခလေးငယ်နဲ့ အမျိုးသမီးစောင်းေ၇ှာက်ရေး အဖွဲ့ တွေကေ၇ှ့ နေနဲ့ ရဲတွေရဲ့ အကူညီ ယူပြီး ညစ်ညမ်းမှုခင်းတွေ လိုက်နိမ်နင်းကြပါတယ် ..။
You might also like:

မန္တလေးမှ သီလရှင်တစ်ပါး ကြိုးဆွဲချသတ်သေ ..............

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့
နယ်အတွင်း သီတင်းသုံးသူ အသက်(၂၁)နှစ်
အရွယ်ရှိ သီလရှင် တစ်ပါးမှာ ကိုယ်ရုံ
သင်္ကန်းအား အသုံးပြု၍ ကြိုးဆွဲချသတ်သေ
ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်မှာ ဇွန် ၂ ရက်နေ့ ၂ နာရီ ၂၀ မိနစ်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်၊ ၆၉-၇၀ကြား၊ လမ်းသွယ်(၂) (ဆ-၆/၈၃) နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ၊ သေဆုံးသူမှာ ၀မ်းတွင်းမြို့ သိမ်ထောင်မုံတိုင် ကျောင်းတိုက်မှ သီလရှင် ဒေါ်နိမလနန္ဒီ (ခ) မနှင်းယုယုထွေး ၂၁ နှစ်၊ ၀ါတော်၃ ၀ါ၊ မြို့သစ်(၂) ရပ်ကွက် ချမ်းမြသာစည် မြို့နယ်နေသူ ဖြစ်ပြီး လည်ပင်းတွင် လိမ်ထားသော ကိုယ်ရုံ သင်္ကန်းကြိုးအား ချည်လျက် တန်းလန်းဖြင့် နေအိမ်စတိုခန်း ထုပ်တန်းတွင် ဆွဲကြိုးချသေဆုံး နေခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အား စုံစမ်းရာတွင် ၄င်းသည် လွန်ခဲ့သော ၂နှစ်ခန့် မှစ၍ ၀မ်းတွင်းမြို့၊ သိမ်ထောင်မုံတိုင် ကျောင်းတိုက်တွင် သီလရှင် ၀တ်ခဲ့ပြီး ၄င်းကျောင်းတွင် နေထိုင်စဉ် သီလရှင် အချင်းချင်း စကားများ ရန်ဖြစ်ပြီးနောက် ကျောင်းမှ ပြန်လွှတ်ခဲ့သဖြင့် နေအိမ်တွင် ပြန်လည် နေထိုင်ခဲ့ကြောင်း၊ ၄င်းသင်ကြားလိုသည့် ဗုဒ္ဓစာပေများအား ဆက်လက် မသင်ကြားရတော့သဖြင့် အမြဲတမ်း စိတ်ညစ်နေသူ တစ်ဦးလည်း ဖြစ်ကြောင်း၊

ယင်းသေဆုံးနေသည်အား တစ်အိမ်တည်းနေ အိမ်ဖော် ဖြစ်သူ မခင်အေး ၂၄ နှစ်မှ စတိုခန်းအနီး လှန်းထားသည့် အ၀တ်များအား သွားယူစဉ် မြင်တွေ့ခဲ့ရခြင်း ဖြစ်ကာ၎င်း၏ဖခင်အား ပြောပြ၍ ၄င်း၏ ဖခင်ကလည်ပင်းက ထုပ်တန်းသို့ တွဲလောင်း ချည်ထားသော ကိုယ်ရုံ သင်္ကန်းကြိုးအား ဖြုတ်ကာ မနှင်းယုယုထွေးအား နေအိမ် ဧည့်ခန်းသို့ ပွေ့ချီထားခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် သေဆုံးသူအား မန္တလေး ဆေးရုံကြီးသို့ ပို့အပ်လျက် နယ်မြေ ရဲစခန်း(အမှတ်-၁)က သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၄ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tomoorow News Journal

ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက်ရန်ပြုသူကို ခင်ပွန်းဖြစ်သူမှ ထိုးကြိတ်ခဲ့သဖြင့် သေဆုံး............


ရန်ကုန်၊ ဇွန် ၁၀

၉.၆.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန် လသာမြို့နယ်နေ ကိုနန္ဒကျော်
သည် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးတွင် မဆုပြည့်ဝင်း
အား မူးယစ်ပြီးကိုယ်ထိလက်ရောက်စော်ကားရန်ပြုခဲ့ကြောင်း၊ ထိုသို့ရန်ပြုသည်ကို မဆုပြည့်ဝင်း၏ ခင်ပွန်း ဖြစ်သူ နိုင်ကိုကို မှမကျေနပ်သဖြင့် ကိုနန္ဒကျော်အား ရင်ဘတ်ဆောင့်တွန်းကာ
ထိုးကြိတ်ခဲ့သောကြောင့် ကိုနန္ဒကျော်တွင် နှာခေါင်းသွေးထွက်၊ အပေါ်နှုတ်ခမ်းဖူးရောင်၊ ၀ဲဒူးပွန်း

ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်
ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ်ကုသကာ ၂၂၀၀ အချိန်တွင်
နေအိမ်သို့ ပြန်လာခဲ့ကြောင်းသိရှိရပါသည်။

နေအိမ်သို့ရောက်ရှိပြီး ပက်လက်ကုလားထိုင်ပေါ်တွင်အိပ်ပျေ
ာ်
နေ၍လှုပ်နှိုးရာ မရသဖြင့် ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ထပ်မံတင်ပို့ခဲ့ကြောင်း၊ ဆေးရုံအရောက်တွင် ကိုနန္ဒကျော်မှာ သေဆုံးနေသည်ကိုသိရှိရသဖြင့် နိုင်ကိုကိုအား
အရေးယူပေးရန် ကိုနန္ဒကျော်၏အစ်မဖြစ်သူ ဒေါ်လီလီမှ တိုင်တန်း
လာခဲ့ပါသည်။

တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူ နိုင်ကိုကို၊ (၂၃)နှစ်၊
(ဘ)ဦးမျိုးညွန့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၃၆၉/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်

လယ်ယာသုံး ကျွဲ၊ နွား ၀ယ်ယူရာတွင် ကျပ်ငါးသောင်းခန့်အထိ လာဘ်ပေးနေရ.............

မင်းမင်း
မိုးသီးနှံစိုက်ပျိုးရာသီရောက်လာပြီဖြစ်သည့် မြောင်းမြမြို့နယ်ရှိ လယ်သမားတို့မှာ ၎င်းတို့၏ လယ်မြေများ ထွန်ယက်ရန် ကျွဲ၊ နွားများဝယ်ယူရာတွင် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ရယူရန် ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းထိ ပေးနေရသည်ဟု ဒေသခံတို့က မဇ္ဈိမကို ပြောသည်။

ဒေသခံများသည် ကျွဲ၊ နွားများကိုသတ်ရန်ဝယ်ယူခြင်းမဟုတ်ကြောင်း ကျေးရွာရှိအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူရရန် ယခုကဲ့သို့ ငွေပေးနေရခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ယခုနှစ် ဧပြီလအတွင်းက မြောင်းမြမြို့နယ်တွင် သံဃာတော်များ ဦးဆောင်သည့် ဇီဝိတဒါနအဖွဲ့က ကျွဲ၊ နွားသားသတ်လိုင်စင်ကို လေလံအောင်ပြီးနောက် ယခုကဲ့သို့ ထောက်ခံချက်ရယူနေရခြင်းဖြစ်သည်။ ထိုကဲ့ သို့ လေလံအောင်ပြီးနောက် ကျေးရွာအချို့တွင်လည်း အမဲသားတွေ့လျှင်ပင် အရေးယူမည်ဟု အုပ်ချုပ်ရေး အဖွဲ့က ဒေသန္တရအမိန့်ထုတ်ထားသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“အရင်တုန်းက ဘာမှမရှိဘူးလေဗျာ။ အခုဟာက ထောက်ခံစာလုပ်ရမယ်ဆိုပြီး သုံးသောင်းပေးခဲ့ရတယ် လေ။ နွားသိမ်းလို့ ရတယ်ဆိုပြီးပြောနေတော့။ ခိုင်းခွင်ကလည်းရောက်နေပြီ” ဟု ကညင်ကင်းကျေးရွာ အုပ်စုမှ ဦးခင်စိုးကပြောသည်။

၎င်းကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ရှမ်းကွင်းကျေးရွာမှ ခိုင်းနွားတစ်ရှဉ်းကို ငါးသိန်းတစ်သောင်းကျပ်ဖြင့် ၀ယ်ယူပြီးနောက် ထောက်ခံချက်ယူပြီး ငွေပေးရသည့်အတွေ့အကြုံကို ဦးခင်စိုးက ပြန်ပြောပြ ခြင်းဖြစ် သည်။

သို့ရာတွင် ထောက်ခံစာလုပ်ပေးသည့် ရှမ်းကွင်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးထံ မဇ္ဈိမက ဆက်သွယ်၍ မရရှိခဲ့ပေ။ ယခုနှစ်လအတွင်း အလားတူဖြစ်စဉ်မျိုး မြောင်းမြမြို့နယ် လယ်သမားအများအပြား ကြုံတွေ့နေ ရသည်ဟုလည်း မြို့နယ်တောင်သူလယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးတင့်ဇော်ဦးက ဆိုသည်။

သားသတ်လိုင်စင်ကို သံဃာတော်များလေလံအောင်ထားသည့်အတွက် မြောင်းမြမြို့နယ်တွင် ဒေသခံများ အမဲသားမစားရသည်အထိ အခက်တွေ့နေခြင်းဖြစ်သည်။

မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်သိန်းထွန်းက“မြို့နယ်အဆင့်ကို တော့ ဒီကိစ္စတွေမရောက်လာသေးဘူး။ တကယ်တော့ အုပ်ချုပ်ရေးမှူးတွေ တောင်းလို့မရဘူးလေ။ စုံစမ်း ကြည့်လို့သိရင်တော့ အရေးယူရမှာပဲ” ဟု ပြောသည်။

ကားအသုံးပြုမှု ဆန့်ကျင်သူ ထောင်ပေါင်းများစွာ အ၀တ်ဗလာဖြင့် စက်ဘီးစီးဆန္ဒပြ..............

Posted by: Ko Myo on Tuesday, June 10, 2014 Categories:

၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့အတွက် ပေါ့လန်းမြို့လမ်းမများတွင် လှည့်လည်၍ ပြင်ဆင်နေသော စက်ဘီးစီးသူများ (REUTERS/Steve Dipaola)

ပေါ့လန်း- မော်တော်ကားဖြင့် မောင်းနှင်သွားလာခြင်းအစား စက်ဘီးစီးသူပိုများလာစေရန် ဆန္ဒပြသည့် (၁၁) နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာဖြင့် စက်ဘီးစီးနေ့တွင် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့၏ လမ်းမများတွင် အ၀တ်ဗလာဖြင့် လူထောင်ပေါင်းများစွာသည် စက်ဘီးများ စီး၍ ဆန္ဒပြခဲ့ ကြသည်။

၎င်းတို့သည် စက်ဘီးတာယာများတွင် တပ်ထားသော မီးများဖွင့်၍ ခေါင်းလောင်းများတီးကာ ဆန္ဒပြခဲ့ ကြပြီး ပရိသတ်များက သြဘာပေးခဲ့သည်။

အလားတူ ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံရှိ မြို့ပေါင်း ၇၅ မြို့နှင့် အခြားနိုင်ငံပေါင်း ၂၀ တို့တွင် ပြုလုပ် ခဲ့သော်လည်း ပေါ့လန်းမြို့တွင် ယမန်နှစ်က ဆန္ဒပြသူ ၈၀၀၀ ခန့်ရှိပြီး အင်အားအများဆုံး ဖြစ်သည်ဟု သိရသည်။

သို့သော် အခြားမြို့များတွင်ကဲ့သို့မဟုတ်ဘဲ ပေါ့လန်းမြို့ စက်ဘီးစီးချီတက်မှုမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတစ်ခုအဖြစ် အများက မှတ်ယူကြသည်။

ယခု ဆန္ဒပြပွဲမှာ စက်ဘီးစီးသူများ၏ ထိခိုက်လွယ်မှုကို ပြသခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

‘‘ဘေးပတ်ဝန်းကျင်က လူနည်းနည်းလောက် ကျွန်တော်တို့ဆီ တိုင်ထားပါတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့် ရင် စိုးရိမ်စရာ ကိစ္စ များများစားစား မရှိပါဘူး’’ ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပီတာဆင်ဆွမ်က ယင်း စက်ဘီးစီးဆန္ဒပြပွဲ မတိုင်မီ ပြောကြားပြီး မိမိအနေဖြင့် အကောင်းဆုံး အကြံပေးလိုသည်မှာ အ၀တ်ဗ လာဖြင့် စက်ဘီးစီးဆန္ဒပြသူများကို မမြင်တွေ့လိုသူများအနေဖြင့် အိမ်အပြင်မထွက်ကြရန်ပင်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

—Ref: Reuters


(Steve Dipaola/REUTERS)


၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့တွင် ပါဝင်ဆင်နွှဲသူများကို တွေ့ရစဉ် (Steve Dipaola/REUTERS)


7Day News Journal
No.405 Tuesday, June 10, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

လေ့ကျင့်ခန်းလုပ်ရာမှာ ဘယ်တော့မှ မ၀တ်သင့်တဲ့ အရာတွေ................



Posted by: Ko Myo on Tuesday, June 10, 2014 Categories:

Angel on 2014-06-10 16:00

အားကစားနည်းတစ်ခုကို လုပ်တော့မယ်ဆိုရင် စိတ်ဓာတ်ခွန်အားကလည်း ပြီးဆုံးတိုင် အောင်မြင်ဖို့  အရေးကြီးဆုံးဖြစ်သလို သင် ရဲ့ အ၀တ်အစားကလည်း အရေးကြီးပါတယ်။ ပွပွယောင်းယောင်းရှိတဲ့ အားကစား ဘောင်းဘီနဲ့ ချည်သား တီရှပ်တို့ က သက်တောင့်သက်သာရှိနိုင်ပေမယ့် သင့်ရဲ့ ကိုယ်ခန္ဓာ ကိုလည်း အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

မှန်ကန်သင့်တော်တဲ့ လေ့ကျင့်ခန်းဝတ်စုံက ချွေးစုပ်လွယ်သလို ကိုယ်လက်လှုပ်ရှားမှုကိုလည်း လွတ် လွတ် လပ်လပ်လုပ်နိုင်ပြီး ထိခိုက်လွယ်တဲ့အသားအရေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ ကဲ အားကစား ခန်းမကို မသွားခင် ဘယ်တော့မှ မ၀တ်သွားသင့်တဲ့ အ၀တ်အစားတွေကို ကြည့်ရအောင်။

၁။ ၁၀၀ ရာခိုင်နှုန်း ချည်ထည် အ၀တ်အစားတွေ

၁၀၀ ရာခိုင်နှုန်းချည်ထည်နဲ့ လုပ်ထားတဲ့ လေ့ကျင့်ခန်းဝတ်စုံကို ရှောင်ကြဉ်ပါ။ ဒီချည်ထည်အမျှင်တွေဟာ အေးအေးလူလူနဲ့ သက်တောင့်သက်သာဖြစ်တယ်လို့ ထင်ရပေမယ့် ချည်ထည်ဟာ ချွေးတွေကို စုပ်ယူ ထားပြီး ခြောက်သွေ့ တာနှေးကွေးပါတယ်။ ဒါကြောင့် သင်ဟာ ချွေးတွေရွှဲနေသလိုဖြစ်နေပြီး ခန္ဓာကိုယ် က လေးလံနေ ပါလိမ့်မယ်။ ချွေးတွေစိုစွတ်နေတဲ့ ချည်ထည်ကြောင့် အအေးမိနိုင်ပြီး အရေပြားကျိန်းစပ် တာ၊ အရေပြား ပွန်းတိုက်တာတွေဖြစ်နိုင်ပါတယ်။ ချည်ထည်အ၀တ်အစားတွေအစား ပေါ့ပါးပြီး ချွေးစုပ် လွယ်၊ ခြောက်သွေ့  မြန်တဲ့ အထည်ကို လဲလိုက်ပါ။

၂။ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဖိနပ်

ဖိနပ်က အောက်သားရေပြားကွာနေတဲ့အချိန်ထိ၊ ဒါမှမဟုတ် ခြေချောင်းလေးတွေ ထွက်နေတဲ့အထိ ဖိနပ်တွေကို မလွှင့်ပစ်ဘူးဆိုရင်တော့ သင့်ခြေထောက်ကို ဒုက္ခပေးနေတာပဲ။ သားရေဖတ်ကွာနေတဲ့ ဖိနပ်နဲ့  ခြေကောက်ကြောကို အထောက်အပံ့မပေးနိုင်တဲ့ ဖိနပ်တွေကြောင့် အရိုးအဆစ်တွေ ထိခိုက်စေနိုင်ပါတယ်။ နယူးယောခ့်မြို့ က တစ်ကိုယ်ရည်သင်တန်းဆရာ Melissa Paris က မိုင် ၅၀၀ ပြည့်ပြီးတိုင်း တင်းနစ်ဖိနပ်တွေ ကို လဲသင့်တယ်လို့ ဆိုပါတယ်။ တစ်ပတ်မှာ ခြောက်ရက်၊ခုနှစ် ရက်လောက် ပြေးမယ်ဆိုရင်တော့ သုံးလတစ်ကြိမ် လောက်လဲလှယ်သင့်တယ်လို့ အကြုံပြုခဲ့ပါတယ်။

၃။ သက်တောင့်သက်တာမဖြစ်တဲ့ အားကစားဘရာစီယာ

သက်တောင့်သက်သာမရှိဘဲ တစ်ခုခုကို ထိတ်တလန့် လန့် ဖြစ်နေရင် စွမ်းသလောက် လေ့ကျင့်ခန်းတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ အိပ်ထမတင်လိုမျိုး လေ့ကျင့်ခန်းတွေမှာ ကောင်းမွန်တဲ့ အားကစားဘရာစီယာ က သင့်ရဲ့ ရင်ပတ်က တစ်သျှူးတွေနဲ့ အရွတ် တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အသင့်တော်ဆုံး ဘရာစီယာ ကို ရွေးချယ်ဖို့ အတွက် သင့်ရဲ့ ပုံမှန်လေ့ကျင့်ခန်းအမျိုးအစား နဲ့ ခန္ဓာကိုယ် အသွင်အပြင်ကို အဓိက ထားပါ။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် ကြိုးပတ်အပြားကြီးတဲ့ အမျိုးအစားကို ရွေးချယ် သင့်ပြီး ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ပခုံးမှာတင် စုမနေစေဘဲ ပျံ့ နှံ့ သွားစေဖို့ ဖြစ်ပါတယ်။ ဘရာစီယာရဲ့ အောက်ခြေမှာ အပတ်ပြားပါတဲ့ ဘရာစီယာမျိုးက လေ့ကျင့်ခန်းလုပ်ရာမှာ အကောင်းဆုံးအထောက်အ ကူဖြစ်စေနိုင်ပါတယ်။

၎။ လက်ဝတ်လက်စားတွေ

တိုးလို့ တွဲလောင်းဖြစ်ဖြစ် ဖောက်ချိတ်ထားတာဖြစ်ဖြစ် လက်ဝတ်တန်ဆာတွေအတွက် Gym ခန်းမမှာ နေရာမရှိပါဘူး။ “ လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ဖြစ်မယ့်ပစ္စည်းတွေ၊ လေ့ကျင့်ခန်းကို အာရုံ မရောက်ဘဲ အဲ့ဒီဘက်အာရုံရောက်နေမယ့်ပစ္စည်းတွေကို အိမ်မှာပဲ ထားခဲ့သင့်ပါတယ်” လို့ Paris Matthews က ပြောကြားခဲ့ပါတယ်။ လက်ထပ်လက်စွပ်အပါအ၀င် လက်စွပ်တွေဟာ အတင်၊အချ လေ့ကျင့်ခန်းလုပ်ရာမှာ သက်တောင့်သက်တာမဖြစ်စေဘဲ ဒုက္ခတွေ့ စေနိုင်ပါတယ်။ ယောဂ နဲ့ လက်ထောက် လေ့ကျင့်ခန်းတွေမှာ ဒါတွေက ထိခိုက်မိစေနိုင်ပါတယ်။ ဒါကြောင့် လက်ဝတ်တန် ဆာတွေ ကို အိတ်ထဲမှာဖြစ်ဖြစ် လော့ခ်ကာ ထဲမှာဖြစ်ဖြစ် သိမ်းထားတာ အကောင်းဆုံးပါပဲ။


Ref: womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဗီယက်နမ် ဘဏ်သူဌေး၊ အခွန်ရှောင်မှု၊ အလွဲသုံးစားမှုထောင်အနှစ်၃၀ကျ (9-June-2014)..........



ဗီယက်နမ် ဘဏ်သူဌေး၊ အခွန်ရှောင်မှု၊ အလွဲသုံးစားမှုထောင်အနှစ်၃၀ကျ   (9-June-2014)
မိုးမခအထောက်တော် (စင်္ကာပူ)၊ ဇွန် ၁၁၊ ၂၀၁၄
 
ဗီယက်နမ်နီုင်ငံ ACB ဘဏ် စတင်တည်ထောင်ခဲ့သူ ငုရင်ဒုကင် Nguyen Duc Kien (၅၀နှစ်)ကို အခွန်ရှောင်မှု၊ တရားမဝင်ကုန်သွယ်မှု၊ အလွဲသုံးစားမှု၊ ဥပဒေလက်တလုံးခြားလုပ်မှု ..တွေနဲ့ ထောင်ဒဏ်အနှစ်၃၀ ချလိုက်ပါတယ်။ ဘဏ်ရဲ့ စီအီးအို အကြီးကဲလုပ်သူ လီဇွမ်ဟိုင် Ly Xuan Hai ကိုလည်း ထောင်ဒဏ် ၉နှစ်ချလိုက်ပါတယ်။ ဘဏ်ဒါရိုက်တာ နဲ့ ဘဏ်ငွေစာရင်းကိုင် တို့ကိုတော့ ထောင်ဒဏ် ၅နှစ် ချလိုက်ပါတယ်။ ဒဏ်ငွေ ဒေါ်လာသန်းနဲ့ချီပြီး ချမှတ်လိုက်ပါတယ်။
ငုရင်ဒုကင် ရဲ့ ဇနီးသည်နဲ့ သမီးကိုလည်း ရာဇဝတ်မှုနဲ့ စုံစမ်းလျှက်ရှိပါတယ်။
ယခင် ဗီယက်နမ်အစိုးရ ရင်းနှီးမြှတ်နှံမှုဝန်ကြီးဖြစ်သူ အသက်၇၅နှစ်အရွယ်ရှိတဲ့ ထရမ်စွမ်ဂီ ကိုတော့ အသက်ကြီး၊ကျန်းမာရေးကြောင့် တရားရုံမလာနိုင်ပါ။ တရားစီရင်မဲ့နေ့ကို ရွှေ့လိုက်ပါတယ်။ သူဟာ အစိုးရဝန်ကြီးအဖြစ်မှ အငြိမ်စားယူပြီး ၂၀၀၈မှ ACB ဘဏ်ရဲ့ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဗီယက်နမ် ဘဏ်ဥပဒေအရ၊ ဘဏ်မှာအပ်နှံငွေများကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ အတိုးနှုန်း ၁၄% ရှိပါတယ်။ ACB ဘဏ်က  ပြည်သူလူထုငွေများ၊ အခြားဒေသဆိုင်ရာ ဘဏ်အငယ်လေးများထံမ တရားမဝင်လုပ်ဆောင်မှုများစွာနဲ့ ဒေါ်လာသန်းပေါင်းများစွာ အမြတ်ထုတ်ယူခြင်းဖြစ်ပါတယ်။ ငုရင်ဒုကင် ကိုယ်တိုင် ရွှေအရောင်းဝယ်များ၊ တရားမဝင်ကုန်သွယ်မှုများ စတဲ့ အလွဲသုံးစား၊ ဥပဒေမဲ့ စီးပွားရှာခြင်းများစွာအတွက် ထောင်ဒဏ်ပေးခံရခြင်းဖြစ်ပါတယ်။
တိုင်းပြည်ကို ပြုပြင်ပြောင်းလဲနေတဲ့ ဗီယက်နမ်အာဏာပိုင်များဟာ စီးပွားရေးခရိုနီများ၊ အစိုးရအရာရှိဟောင်းကြီးများရဲ့ အခွန်ရှောင်မှု၊ ဥပဒေအလွဲသုံစားလုပ်မှုများကို ဖမ်းဆီး၊ ဒဏ်ငွေချ၊ ထောင်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်လေ့ရှိပါတယ်။ ဥပဒေစိုးမိုးမှုကို ဗီယက်နမ်အစိုးရက အထူးလုပ်ဆောင်ပေးပါတယ်။ ဗီယက်နမ်နိုင်ငံတွင်းမှာ အလုပ်လက်မဲ့မရှိသလောက် ဖြစ်ပြီး၊ အိမ်မြေခြံဈေးနှုန်းများကို ဈေးမတက်ဖို့ အစိုးရက ကောင်းမွန်စွာထိမ်းချုပ်ထားပါတယ်။ လုပ်ငန်းငယ်များကိုလဲ အစိုးရအားပေးမှုနဲ့ တိုးတက်စေပါတယ်။ ဗီယက်နမ်လုပ်ငန်းရှင် အမြောက်အများ မြန်မာနိုင်ငံကိုလာရောက် ရင်းနှီးမြှတ်နှံလုပ်ကိုင်လျှက်ရှိပါတယ်။ အလုပ်သမားများရဲ့ ပျမ်းမျှဝင်ငွေ တစ်နှစ်ဒေါ်လာ၄၀၀၀ (တစ်လ ဒေါ်လာ၃၀၀) ရရှိကြပြီး၊ ရရှိတဲ့လစာနဲ့ စားဝတ်နေစရိတ်များ လူတန်းစေ့နေနိုင်ပါတယ်။ လူတိုင်းလဲ မိုဘိုင်းဖုန်း ဈေးချိုစွာအသုံးပြုနိုင်ပြီး၊ ဆင်းရဲမွဲတေမှုကို ၁၅နှစ်အတွင် ပပျောက်သွားအောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ အစိုးရရဲ့ အားနည်းချက်များ ရှိပေမဲ့ ဗီယက်နမ်လူမျိုးများဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ Happy Planet ဒုတိယရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
Photo: ဗီယက်နမ်ရဲအမှုထမ်းများနှင့်တရားရုံးအမိန့်နာခံနေစဉ် 9-June-2014)

Saturday, June 7, 2014

ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး လူသေ အလောင်း တစ်လောင်း တွေ့...............


Bookmark and Share [ ]


ကော့သောင်း ဇွန် ၅

ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး ကမ်းစပ် ကျောက်ဆောင် များကြားတွင် ဇွန် ၅ရက် ၊နံနက် ၇ နာရီ
က အမည်မသိ လူသေ အလောင်း တစ်လောင်းတွေ့ရှိ ရကြောင်း သိရှိရသည်။


အဆိုပါ အလောင်းမှာ အသားညို လူလတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်၍ ခန္ဓာကိုယ်ပေါ်တွင် အ၀တ်အစားများ မပါရှိဘဲ မှောက်လျှက် အနေ အထားဖြင့် ကမ်းစပ် ကျောက်ဆောင်များ အကြား သေဆုံးနေခြင်းဖြစ်သည်။


အဆိုပါ သေဆုံးသူ ၏မျက်နှာ မှာ ရုပ်ပျက် ဆင်းပျက် ကြေမွှနေ သည်ကို တွေ့ရသည်။

အလောင်းအား မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးမှု ပြုလုပ်၍ ကော့သောင်းမြို့ နာရေး
ကူညီမှု အသင်း၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးပြီး အဆိုပါ သေမှုသေခင်း ဖြစ်စဉ်နှင့် ပတ်သက်
၍ မြို့နယ် ရဲတပ်ဖွဲ့မှ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စုံစမ်း ဖေါ်ထုတ်အရေးယူ ဆောင်ရွက်လျှက်
ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး လူသေ အလောင်း တစ်လောင်း တွေ့ http://www.simon-vlog.com/2014/06/blog-post_8415.html#ixzz33tV4NOPZ
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မြန်မာ-ဘင်္ဂလာဒေခ်ျ့ အလံတင်တပ်မှူးအဆင့် အစည်းအဝေး မောင်တောတွင် ပြုလုပ် .................


နိရဉ္စရာ

မြန်မာ-ဘင်္ဂလာဒေခ်ျ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နယ်စပ်မြို့ မောင်တောတွင် ယနေ့ နံက်နက် ၁၀ နာရီခွဲက စတင်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများဖြစ်ပွားနေချိန်တွင် ကျင်းပသည့် ယနေ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နှစ်ဘက်နိုင်ငံ ပြည်သူများက အထူး စိတ်ဝင်စားနေကြသည်ဟု သိရသည်။

“ ၁၀ နာရီနဲ့ ၃၀ မိနစ် တိတိမှာ စတင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှ ၂၃ ဦးပါဝင်ပါတယ်” ဟု မောင်တောမြို့က အစိုးရ အရာရှိ တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် ဘင်္ဂလာဘက်မှ အချက် (၅) ခုကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဘင်္ဂလာ အရာရှိများက ဆိုသည်။

ဆွေးနွေးမည့်အချက်များမှာ ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူညီမှုကို မြန်မာဘက်မှ အကြိမ်ကြိမ် ချိုးဖောက်မှု၊ မေလ ၂၈ ရက်နေ့က နယ်ခြား မှတ်တိုင် ၅၂ အနီးတွင် မြန်မာနယ်ခြားစောင့်တပ်မှ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ အရာရှိငယ်တစ်ဦး သေဆုံးရမှု၊ သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြား စောင့်အလောင်းကို မေလ ၃၀ ရက်နေ့တွင် ပြန်ပေးရန် သဘောတူညီခဲ့သော်လည်း ကြန့်ကြာခဲ့မှု၊ စိတ်ကြွ ဆေးပြားအပါအ၀င် မူးယစ်ဆေးဝါး လုပ်ငန်းတားဆီးရေးတို့ပါဝင်ကြောင်း ကော့စ်ဘာဇား အခြေစိုက် CBN သတင်းတွင် ရေးသားထားသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိကြီးများဖြစ်ကြသည့် အမှတ် ၃၁ နတ်ကျောက်ဆိုးရီ တပ်ရင်းမှ ချောဖီးကူလ်ရာ ဟာမာန်၊ အမှတ် ၅၀ ရာမူးအခြေစိုက်တပ်ရင်းမှ တပ်ရင်းမှူး၊ အမှတ် ၁၇ ကော့စ် ဘာဇားတပ်ရင်းမှ ဆိုင်ဖူးလ်အာလာမ်နှင့် အမှတ် ၄၂ တက်နက်အခြေစိုက်တပ်ရင်းမှ အာဘူဇာရ် အာလ်ဇာ ဟီလ်တို့ ဦးဆောင်တက်ရောက်မည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် တင်ကိုကို ဦးဆောင်တက်ရောက်နေသည်ဟု သိရသည်။ မြန်မာဘက်က တင်ပြမည့် အချက်များကို မသိရှိရသေးပေ။

ယနေ့ဆွေးနွေးပွဲအပြီးတွင် သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိ ကိုင်ဆောင်ခဲ့သည့် သေနတ်နှင့် ကျဉ်အိမ် ၄ ခု၊ ၎င်းကျဉ်ဆန် ၁၂၀ ကို မြန်မာဘက်မှ ပြန်ပေးမည်ဟု ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မျှော်လင့်ထားကြောင်း သိရသည်။

ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သေဆုံးသွားသည့် မီဇာနူရ်ရာဟာမန် အလောင်းကို လွန်ခဲ့သည့် စနေနေ့ ညနေပိုင်းက မြန်မာဘက်မှ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း သူနှင့်အတူပါသွားသည့် လက်နက်နှင့်ကျဉ်ဆန်များကို မပေးအပ်သေးကြောင်း သိရသည်။

စတော့အိတ်ချိန်း မတည်ထောင်နိုင်လျှင် အများပိုင်ကုမ္ပဏီများ ငွေလိမ်လည်နိုင်သည်ဟု ဒု-၀န်ကြီးဆို ...........

မောင်သင်တုန်း

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် တည်ထောင်နိုင်ခြင်းမရှိလျှင် မသိနားမလည်သည့် အများပြည်သူများ၏ ရင်နှီးငွေများကို အများပိုင်ကုမ္ပဏီများက အကြောင်းပြပြီး လိမ်လည်သွားနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဇွန် ၄ ရက်တွင် ပြောကြားလိုက်သည်။

“ မတည်ထောင်နိုင်ရင် အများပြည် သူတွေကို မသမာသူတွေက အများပိုင်ကုမ္ပဏီဗန်းပြပြီး ငွေတွေ လိမ်သွားမယ့် အဖြစ်မျိုးဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဆီမှာ အရင်အစိုးရလက်ထက်က ငွေစုငွေချေး အသင်းနာမည်နဲ့ လုပ်သွားဖူးတော့ခါးစည်း ခံခဲ့ရတဲ့ သာဓကတွေရှိပါတယ် ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက်ကို စိတ်ချယုံကြည်ရသော အများပိုင်ကုမ္ပဏီ ခြောက်ခု ၀န်းကျင်ဖြင့် ၂၀၁၅ အောက်တိုဘာတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ အခုအခါ မြန်မာ နိုင်ငံတွင် အများပိုင်ကုမ္ပဏီစုစုပေါင်း နှစ်ရာကျော်အထိ တည်ထောင်ဆောင်ရွက်လျက်ရှိသည်။

“ အများပိုင်ကုမ္ပဏီ အားလုံးရဲ့ရှယ်ယာတွေကို ရောင်းချပေးမှာမဟုက်ပါဘူး။ အများပိုင်ကုမ္ပဏီတွေထဲက ယုံကြည်စိတ် ချရတဲ့ကုမ်္ပဏီတွေကိုသာ ရောင်းချပေးသွား မှာဖြစ်တယ်။ ကုမ္ပဏီငါးခု၊ ခြောက်ခုလောက်နဲ့ စသွားနိုင်မှာပါ ” ဟု ဒုတိယ၀န် ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

စတော့အိတ်ချိန်း ဈေးကွက်အတွက် လက်ရှိအချိန်တွင် သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီသည့် ရှယ် ယာရောင်း မည့်အများပိုင်ကုမ်္ပဏီများထဲမှ နှစ်ခုနှင့် MOU ထိုးထားပြီးဖြစ်သည်။ ခိုင်မာမှုရှိသော ကုမ္ပဏီ များကိုစတော့အိတ်ချိန်းတွင် ရှယ်ယာထုတ်ရောင်းနိုင်သည့်အရည်အသွေးများရှိစေရန် ပြင်ဆင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်းဈေး ကွက်ကို ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန၊ ဂျပန်ဒိုင်ဝါကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဘဏ် သုံးဦးပိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဂျပန်ကုမ်္ပဏီနှစ်ခုက ၄၉ ရာခိုင် နှုန်းပိုင်ဆိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၂ ဘီလီယံ ဖြစ် သည်။

ဧရာဝတီတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉဏ်လင်းက “ ပြည်သူတွေက စတော့အိတ်ချိန်း အရင်းအနှီးဈေး ကွက်များနဲ့ အကျွမ်းတ၀င်မရှိပါဘူး။စတော့ဈေးကွက်ရဲ့ သဘောသဘာဝရည် ရွယ်ချက် မအောင်မြင်ရင် ဖြစ်လာမယ့် အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေကို ပြည်သူတွေသိဖို့လိုအပ်တယ် ” ဟု အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေမြန်းခဲ့သည်။

အကျိုးကျေးဇူးအဖြစ် ငွေပိုငွေလျှံရှိ သောပြည်သူများအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် နေရာတစ်ခုရရှိလာ သကဲ့ သို့ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းတိုးချဲ့ရန် ငွေလိုသည့် အချိန်မှာ ဘဏ်များမှ အတိုးနှုန်းများဖြင့် ချေးငွေယူ စရာမလိုဘဲ ရှယ်ယာများထုတ် ရောင်းပြီး ငွေရင်းရမည်ဖြစ်သည်။ ကုမ္ပဏီ များလုပ်ငန်းတိုးချဲ့လာနိုင်လျှင် အလုပ် အကိုင်အခွင့်အလမ်း ရနိုင်သကဲ့သို့အမြတ် ရရှိပါက ခွဲဝေပေးနိုင်မည်ဖြစ်သည်။

စတော့အိတ်ချိန်း ဈေးကွက်ကို အကောင်အထည်ဖော်နိုင်ရန် အပိုင်းသုံးပိုင်းဖြင့် တစ်ပြိုင်နက်တည်းဆောင် ရွက်လျက် ရှိသည်။ စတော့အိတ်ချိန်း ဈေးကွက်အုပ် ချုပ်မည့်အဖွဲ့အစည်း ထူထောင်ခြင်း၊ စတော့ဈေးကွက် ထူထောင်ခြင်းနှင့် စတော့ရှယ်ယာဝေစုရောင်းမည့် ကုမ္ပဏီများကို ပြင်ဆင်ပေးခြင်းလုပ်ငန်းများကို ဆောင် ရွက်မည်ဖြစ်သည်။

Pitch Lab Android Application သုံးပြီ Guitar Master Key ညှိကြရအောင် ...........


Pitch Lab Application လေးကတော်တော်လေးကောင်းတယ်။ကျွန်တော်ပြထားတဲ့ပုံကတော့ Guitar, Standard မှာ Master Key ညှိတာလေးပါ။ဂစ်တာကို ကြိုးတစ်ချောင်းခြင်းစီတီးခတ်ပြီး ညှိလိုက်ယုံပါပဲ အရမ်းလွယ်ပါတယ်။ ကြိုးဟောင်းနေသော ဂစ်တာတွေ သတိတော့ထားပေါ့ဗျာ။ Master Key ညှိရင် ကြိုးပြတ်တတ်လိုပါခင်ဗျာ။တခြား Tools တွေလဲပါသေးတယ်။Music စိတ်ဝင်စားသော
မိတ်ဆွေများအတွက်အောက်ကနေ Download လုပ်နိုင်ပါပြီ။အဆင်ပြေပါစေဗျာ။




ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ဒီချုပ်တွင် ပေါ်လာနိုင်ဟုဆို....................

6 June 2014 18:04(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)

    ပါတီအတွင်း ဒေါ်အောင်ဆန်း စုကြည် ကဲ့သို့ စိတ်နေ စိတ်ထားနှင့် တိုင်းပြည် အကျိုး ပြုနိုင်သည့် ခေါင်း ဆောင်များ ပေါ်ပေါက်လာ နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦး ကပြောသည်။

နာယက ဦးတင်ဦးက ''ဒေါ်အောင်ဆန်း စုကြည်လို ထက်ထက်မြက်မြက် နဲ့ ဦးဆောင်သူတွေ ပေါ်ထွက်လာ ဖို့ ရှိတယ်။ လူဆိုတာ အသက် အရွယ်အရ ကြီးရင့်လာမှာ ဆိုတော့ လူငယ်မျိုးဆက် နိုင်ငံရေး သမား တွေပေါ်ပေါက်လာ ဖို့ လက်ကမ်း တွဲခေါ် လေ့ကျင့် ပေးဖို့ လိုတာပေါ့။ နိုင်ငံရေး ဆိုတာ တစ်သက် လုံး လုပ်နေရမယ့် ကိစ္စဖြစ်တော့ ဒီကနေ တစ်ဆင့် ဒုတိယ၊ တတိယ ဒေါ်အောင် ဆန်းစုကြည်လို ခေါင်းဆောင် တွေပေါ်ပေါက်လာနိုင်မှာပါ''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လူငယ်မျိုးဆက်သစ်နိုင်ငံရေးသမားများကို အဆက်မပြတ်မွေး ထုတ်ပေးနိုင်ပြီး တက်ြ<ွကကာ ပညာအရည်အချင်းပြည့်ဝသည့် အမျိုးသမီး နှင့် တိုင်းရင်းသားလူငယ်များပါ ပါဝင်ကြောင်းပါတီနာယက ဦးတင်ဦး ကဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ''နိုင်ငံရေးပါတီတိုင်း က လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ရမှာက ပါတီခေါင်းဆောင်တိုင်းရဲ့ တာဝန်ပါပဲ။ ကောင်းတဲ့အစဉ်အလာပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတိုင်းရဲ့လိုအပ်ချက်က ပါတီရဲ့သဘောတရား၊ အယူအဆတွေသာ သင်ကြားပို့ချပေးနိုင်ပေမယ့် နိုင်ငံရေးသဘောတရား၊ အယူအဆတွေကို ပိုင်ပိုင်နိုင်နိုင်ချပြပေးနိုင်တာမရှိဘူး။ နိုင်ငံရေးအယူအဆနဲ့ ပါတီရဲ့ရပ်တည် ချက်ကို ဆုပ်ကိုင်ထားဖို့လိုသလို လူငယ်တွေကလဲ ကိုယ်တိုင်လေ့လာဖို့ လိုအပ်ပါတယ်'' ဟု ထောက်ပြပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတစ်ဝန်းတွင်မြို့နယ် အဆင့်လူငယ်ညီလာခံများကျင်းပပေးနိုင်ခဲ့ကာ အရန်လူငယ်မျိုးဆက် သစ်ခေါင်းဆောင် ၄၅ဝဝ ခန့်ကိုရွေးချယ်ထားပြီးဖြစ်သည်။
ပါတီ၏လက်ရှိဖွဲ့စည်းပုံအရ နာယကအဖွဲ့၊ ပါတီဥက္ကဋ္ဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြင့်သာဖွဲ့စည်းထားပြီး ပါတီဒုဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးနေရာများတွင် လစ်လပ်လျက်ရှိသည်။

ယခင်စစ်အစိုးရလက်ထက်က ပါတီမျိုးဆက်သစ်လူငယ်ခေါင်းဆောင် များ ပေါ်ထွက်လာစေရန် ရန်ကုန်တိုင်းအဆင့်ဗဟန်း၊ မင်္ဂလာဒုံ၊ လှိုင်သာ ယာနှင့် ရွှေပြည်သာမြို့နယ်များတွင် လူငယ်ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ သော်လည်း စစ်အစိုးရ၏ဖိနှိပ်မှုများကြောင့် ပါတီအနေဖြင့် လူငယ်ခေါင်း ဆောင်များမွေးထုတ်ရေးတွင် ခါးဆက်ပြတ်သကဲ့သို့ဖြစ်ခဲ့ကြောင်း ပါတီ နာယက ဦးတင်ဦးက ရန်ကုန်တိုင်းမ်သို့ပြောသည်။
------------------------------------------------------------------------------------
ယခု တစ်ပတ်ထုတ် ၊ Yangon Times Journal

အတွဲ ၁၀ ၊ အမှတ် ၂၁ | (5-11 , 6 , 2014) ကြာသပတေးနေ့ထုတ် ဂျာနယ်

ရဲလင်းထက်
Yangon Media Group

၁၆ နှစ်မ အလှမယ် သက်လုံးပုံ....................


Bookmark and Share [ ]


ရန်ကုန်မှာ လုပ်တဲ့ အထက်တန်း ကျောင်းသူ မယ်ရွေးပွဲမှာ သရဖူ ဆောင်းသွားသူ သက်လုံးပုံက သူ ရရှိတဲ့
ဆုငွေ သိန်း ၃၀ ကို အလှူ လုပ်မယ်၊ ပရဟိတ အဖွဲ့တွေကို လှူမယ်လို့ ပြောဆိုကြောင်း ဒီ တပတ်ထုတ် ရန်
ကုန်မြို့အခြေစိုက် 8 Days ဂျာနယ်မှာ ရေးထားပါတယ်။

ထူးခြားတဲ့ သူ့အမည် သက်လုံးပုံ ဆိုတာက အမည်ရင်းဖြစ်တယ်၊ သူ့မိခင်က တသက်လုံး ပုံပြီး ချစ်ချင်လို့
အဲသလို နာမည်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မယ် ပြိုင်ပွဲ တွေကို လွန်ခဲ့တဲ့ ၂နှစ် အသက် ၁၄ နှစ် အရွယ် ကတည်းက ၀င်ပြိုင်တာ ဆု ၇ ခုလောက် ရခဲ့
တယ်လို့ ဆိုပါတယ်။ အဲ ဒီထဲမှာ စိန်ဂေဟာ ကုန်တိုက်က ပြုလုပ်တဲ့ ပြိုင်ပွဲ တခုကနေရခဲ့တဲ့ စတိုင်ကျ လှ
ပတဲ့ ခြေလှမ်း ပိုင်ရှင် ဆုလည်း ပါဝင်ကြောင်း အွန်လိုင်း သတင်း တချို့မှာ တွေ့ရမှာပါ။

လာလတ္တံ့သော မယ်ပြိုင်ပွဲ တွေမှာလည်း သက်လုံးပုံကို ဆက်လက် တွေ့မြင်ရဖွယ် ရှိနေပါတယ်။

The Irrawaddy's Blog by zarny win

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ၁၆ နှစ်မ အလှမယ် သက်လုံးပုံ http://www.simon-vlog.com/2014/06/blog-post_9103.html#ixzz33tRuYLAM
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook