This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, March 13, 2014

မြန်မာကျပ် သိန်း ၆၀ ကျော်တန် ဇိမ်ခံ စမတ်ဖုန်း Vertu Constellation ..................

Website Guide



Vertu ဆိုတာ ဗြိတိန်နိုင်ငံ အခြေဆိုက် ဇိမ်ခံမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီဖြစ်ပါတယ်။ ဇိမ်ခံမိုဘိုင်းဖုန်းဆိုတာ ဒီလိုပါ။ သာမန်ဖုန်းတွေကိုမှ ကမ္ဘာ့ဈေးကြီး ပစ္စည်း ဖြစ်အောင် အသေအချာ အကျအန ပြင်ဆင်ထုတ် လုပ်ခြင်း ဖြစ်ပါတယ်။ အခြားကုမ္မဏီများက ထုတ်တဲ့ ဖုန်းများကို ပြင်ဆင်ခြင်းနဲ့အတူ သူတို့ ကိုယ်တိုင် ထုတ်တဲ့ စမတ်ဖုန်းများလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကတော့ သူတို့ ကိုယ်တိုင်ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ vertu Constellation စမတ်ဖုန်းလို့ အမည်ပေးထား ပါတယ်။ တိုက်တေနီယမ် ဂရိတ်-၅ ကို အသုံးပြုပြီး Based Body ကိုတည်ဆောက်ထားတာပါ။ Stainless Steel ထပ် ၂ ဆ သန်မာပြီး တစ်ဝက်တိတိ အလေးချိန် ကျသွားကြောင်း ဆိုပါတယ်။ မျက်နှာပြင် အရွယ် ၄.၃ လက်မ ရှိတဲ့ 720p display ကို အသုံးပြုထားပြီး ၅.၁ လက်မ Sapphire crystal နဲ့ ဖုံးအုပ်ထားခြင်းပါ။ ကွဲလဲမကွဲနိုင်သလို၊ စွန်းရာလည်း မထင်ပါဘူး။ စိန် အစစ်နဲ့ ဖျက်မှာ ပျက်မယ့်၊ ထိမယ့် မျက်နှာပြင်ဖြစ်ကြောင်း အာမခံ ထားပါတယ်။ 

ဖုန်းရဲ့ နည်းပညာ Specification က ဒီလို ရှိပါတယ်။ Processor – 1.7 GHz Qualcomm Snapdragon dual core , ကင်မရာ 13 Megapixel ရှိပြီး aptX support Bluetooth, NFC တို့ ပါဝင်ပါတယ်။ OS က Android 4.2 Jelly Bean ကို အသုံးပြု ထားပါတယ်။
London Symphony Orchestra ကနေ Vertu ကို ဖန်တီးထားတဲ့ selection ringtone များကို ထည့်ပေးထား တယ်လို့ ဆိုပါတယ်။ ထူးခြားချက်က ဒီမှာ တကယ်လာပါပြီ။ ရေးသားပြောဆိုချက်များအရ ကတော့ iPass လို့ခေါ်တဲ့ Global Wi-Fi access ပါဝင်တယ်လို့ ဆိုပါ တယ်။ မြန်မာပြည်မှာ သုံးလို့ရမရတော့ မသိပါဘူး။ Personal /Corporate security service များကိုလည်း ထည့်သွင်းပေးထားပြီး Protector Service Group နဲ့ Kaspersky က အာမခံ ထားတာပါ။ ဒီတော့ ကမ္ဘာ့လုံခြုံရေး အကောင်းဆုံး စမတ်ဖုန်း စာရင်းထဲမှာလည်း ပါဝင်လာအုံးမယ့်ဖုန်း ဖြစ် ပါတယ်။ ဒီတော့ ဈေးနှုန်းကလည်း မသက်သာပါဘူး။ ယူရိုငွေ ၄၉၀၀ ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၆၆၂၆ ဒေါ်လာတောင် ဖြစ်ပါတယ်။

ဒီတော့ မြန်မာငွေနဲ့ တိုက်ရိုက်တွက်ရင် သိန်း ၆၀ အထပ် ရှိပေမယ့် တကယ်ဝယ်ဖို့ မှာရင် သိန်း ၇၀ လောက်ရှိထားမှ အဆင်ပြေမယ် ထင်ပါတယ်။ Elegant ဖြစ်ပြီး တစ်သီးပုဂ္ဂလ ဆန်နေမယ့် စမတ်ဖုန်းမျိုးပါ။ နည်းပညာ Specification ထပ်၊ အပြင် အမြင်ပဿဓနဲ့ စိတ်ကို ဈေးကြီးကြီး စမတ်ဖုန်း ကိုင်ပါတယ် ဆိုတဲ့ psycho လေး ဝင်ဖို့ ပို ရွယ်ရွယ်ပုံ ပေါက်ပါ တယ်။ Vertu ကုမ္မဏီမှ အော်ဒါစနစ်နဲ့ ပြု လုပ် ရောင်းချပေးကြောင်း သိရပါတယ်။ .

 Ref: pocketlint 


Thihahtike

Welcome From My Blog 

 





အမျိုးသမီးငယ်များ ပညာသင်စရိတ်ရရန် နိုက်ကလပ်များတွင် ဝတ်လစ်စားလစ်ကပြ၍ ဝင်ငွေရှာ ....................................


ဗြိတိန်နိုင်ငံတွင် ဝတ်လစ်စားလစ်က ဖျော်ဖြေသူသုံးဦးအနက် တစ်ဦးမှာပညာသင်စရိတ်ရရန် ကြိုးစား နေသော ကျောင်းသူများဖြစ်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ဗြိတိန်နိုင်ငံရှိ ဝတ်လစ်စလစ်ဖျော်ဖြေသော ကလပ်များစွာတွင် အလုပ်လုပ်ကိုင်နေသည့် ကခြေသည် ၂၀၀ နီးပါးကို လိဒ်တက္ကသိုလ် တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းခဲ့သည်။ ကခြေသည်မိန်းကလေး သုံးဦးအနက်တစ်ဦးမှာကောလိပ် (သို့မဟုတ်) တက္ကသိုလ်တက်နေသူများဖြစ်ကြောင်း လိဒ်တက္ကသိုလ် လေ့လာမှုတွင် ဖော်ပြထားသည်။

ယင်းမိန်းကလေးအများစုက ပညာသင်စရိတ် ဈေးကြီးခြင်းကို အပြစ်တင်ကြပြီး ယင်းမှာငွေမြန်မြန်ရ ရန် ဝတ်လစ်စားလစ်ကပြ ဖျော်ဖြေသူများအဖြစ် အလုပ်လုပ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည် ဟု၎င်းတို့ကပြောသည်။

ယင်းလေ့လာမှုကို ဗြိတိန်နိုင်ငံ လူမှုဗေဒပညာရေးဂျာနယ်က ရေးသားဖော်ပြခဲ့ပြီး ကျောင်းသူများ ဝတ်လစ်စလစ်ကပြဖျော်ဖြေရခြင်း၏ အဓိကအကြောင်းရင်းများမှာ ပညာသင်စရိတ်ဈေးကြီးခြင်း၊ ပညာရေးချေးငွေရယူနိုင်သည့် အခြေအနေနည်းပါးခြင်းနှင့် သက်မွေးဝမ်းကျောင်းသင်တန်းများကို အားပေးထောက်ခံမှု မရှိခြင်းတို့ကြောင့် ပညာသင်ရင်း ဝတ်လစ်စားလစ် ကခြေသည်အဖြစ် အလုပ်လုပ် နိုင်ရန် ကလပ်များ၏ ညှိနှိုင်းကမ်းလှမ်းမှု တို့ကြောင့်ဖြစ်သည်ဟု လူမှုဗေဒပညာရေး ဂျာနယ်က ရေးသား ဖော်ပြသည်။

ဗြိတိန်နိုင်ငံတွင် အရေအတွက်ပိုမိုများလာသည့် ဝတ်လစ်စလစ်ဖျော်ဖြေသောကလပ်များမှာ ယခုအခါ ကိုယ်ဟန်ပြမယ်သစ်များရှာဖွေရန် တက္ကသိုလ်များကိုစတင်အမှီပြုနေကြပြီဖြစ်ကြောင်း သုတေသီများ ကပြောသည်။

သို့သော်ယင်းမိန်းကလေးအများစုက မိမိတို့မှာကခြေသည်များသာဖြစ်ပြီး လိင်လုပ်သားဟု ညွှန်းဆိုခံရ ခြင်းများကို ငြင်းဆိုကြသည်။

ဝတ်လစ်စလစ်ကပြဖျော်ဖြေခြင်းမှာ လူမှုရေးအရပိုလက်ခံနိုင်သည်ဟု ၎င်းတို့ကပြောသည်။

Ref: Times of India

7Day News Journal
Vol.13, No.1, March.5, 2014

နည်းပညာမြို့တော် ဆန်ဖရန်စစ္စကိုမှာ အရက်ဆိုင်တဆိုင်က ဂူဂဲလ်မျက်မှန်တပ်ဆင်မှု ပိတ်ပင်ထား........................

နည်းပညာမြို့တော် ဆန်ဖရန်စစ္စကိုမှာ အရက်ဆိုင်တဆိုင်က ဂူဂဲလ်မျက်မှန်တပ်ဆင်မှု ပိတ်ပင်ထားတယ် တဲ့။
အမေရိကန်ရဲ့ လူကြိုက်အများဆုံးသတင်းစာတစောင်ဖြစ်တဲ့ USA TODAY အွန်လိုင်း www.usatoday.com မှာ ရေးထားတာပါ။
 -  


 photo - http://www.thedrum.com
 -
ဂူဂဲလ်မျက်မှန်မှာ ကင်မရာပါဝင်ပြီး အင်တာနက်နဲ့လည်း ချိတ်ဆက်ထားပါတယ်။
အဲဒီမျက်မှန်တပ်ထားရင် ဘာကိုမှ ကိုင်စရာ မလို၊ ဘာခလုတ်မှ နှိပ်စရာမလိုဘဲ ဓာတ်ပုံရိုက်နိုင် ဗီဒီယိုရိုက်နိုင်တာပါ။
ရိုက်မယ်ဆိုရင်   အမိန့်ပေးပြောဆိုလိုက်ရုံပါပဲ။ အင်တာနက်အသုံးပြုခြင်းကလည်း အမိန့်ပေးလိုက်ရုံပါပဲ။

ဒီလို လောကဓာတ်ပစ္စည်းစုံပါဝင်တဲ့မျက်မှန်ကို ဆိုင်ထဲမှာ တပ်မထားဖို့၊ ဆိုင်ထဲဝင်တာနဲ့ ချွတ်လိုက်ဖို့ ပိတ်ပင်တဲ့ စားသောက်ဆိုင်တွေက တိုးလာဖွယ် ရှိနေပါပြီ။

ဆန်ဖရန်စစ္စကိုက  အရက်ဆိုင်တခုဖြစ်တဲ့ The Willows ဆိုတဲ့ ဆိုင်ကတော့ သူတို့ဆိုင်ထဲ အဲဒါကြီး ဝတ်မထားဖို့ တားမြစ်ထားတာပါ။

"Kindly Remove Before Entering"
"Our patrons have expressed concern with being recorded while enjoying themselves at the Willows"

ဆိုင်မှာ လာရောက် စားသောက်သူတွေက သူတို့ ဆိုင်ထဲမှာ အပမ်းဖြေ စားသောက်နေတုန်း ရုပ်သံ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ခံရမှာကို စိုးရိမ်တယ် ဆိုတဲ့သဘော ရေးထားပါတယ်။

သတင်းမှာ ဂူဂဲလ်ရဲ့ စည်းကမ်းချက်ကိုလည်း တွေ့ရမှာပါ။ ဒီမျက်မှန်အကြောင်း ဆောင်ရန်ရှောင်ရန် သတိပေးချက်ထဲမှာ
ဖုန်းကင်မရာခွင့်မပြုတဲ့နေရာမှာ ဒီမျက်မှန်ကိုလည်း သုံးခွင့်ပြုမယ်မဟုတ်ဘူးဆိုတာ သတိပြုရမယ်၊ ဖုန်းပိတ်ဖို့ တောင်းဆိုလာရင် မျက်မှန်ကိုလည်း ပိတ်ရပါမယ် တဲ့။

ဒီမျက်မှန်မှာ ကင်မရာ ပါသော်ငြားလည်း ရိုက်မယ် ဆိုရင် ရိုက်လိုတဲ့နေရာကို မျက်မှန်တပ်သူက ကြည့်ရ မျက်နှာမူရမှာပါ။

တချို့ကလည်း ဒီလို ပိတ်ပင်တာကို မနှစ်မြို့ကြပါ။ အိမ်သာထဲသွားလည်း လူတွေက ဖုန်းယူသွားကြတာပဲ၊ ဖုန်းဆိုတာ လက်ထဲ အမြဲထည့်ထားကြတာ မဟုတ်ဘူးလား၊
ဂူဂဲလ်မျက်မှန်ကိုမှ ဘာကြောင့် ပိတ်ရတာလဲ၊ ဓာတ်ပုံရိုက်မယ် ဆိုရင် ခင်ဗျားနားမှာ ရပ်ရမယ်၊ ခင်ဗျားကို ကြည့်ရမယ်၊ မျက်မှန်ကို အမိန့်ပေးရမယ် ... စသဖြင့် စောဒက တက်သူလည်း ရှိကြောင်း အဲဒီသတင်းစာမှာ ရေးပါတယ်။
အဲသလို စောဒက တက်သူက စာရေးဆရာ ဘလော်ဂါ Robert Scoble ဖြစ်ပါတယ်။
အရက်ဆိုင်တွေမှာ စမတ်ဖုန်းသုံးပြီး ဓာတ်ပုံရိုက်နေကြတာပဲလို့ သူက ဆက်ပြောပါတယ်။

ဂူဂဲလ်မျက်မှန်ကို အဲသလို စားသောက်ဆိုင်တွေမှာ ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာရော ဘယ်လို သဘောရကြပါသလဲ။

ရိုးရာလေး ဝက်ဆိုက် www.yoyarlay.com ရဲ့ အယ်ဒီတာ အောင်ခမ်းကတော့ တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးနိုင်တယ်လို့ ဧရာဝတီကို ရှင်းပြပါတယ်။

"နည်းပညာ တိုးတက်လာတာ ကြိုက်ပေမယ့် ကျနော်ကတော့ တကိုယ်ရေ လွတ်လပ်ခွင့်တွေ လျော့ကျလာတာကို သဘောမကျဘူး။
အထူးသဖြင့် Google Glass လို မျက်မှန်မျိုးက တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်၊ လုံခြုံခွင့်တွေကို အလွယ်တကူ ချိုးဖောက်လို့ ရပါတယ်။
 ဥပမာ အရက်ဘားတွေ၊ ကလပ်တွေတင် မကဘဲ ဓာတ်ပုံ မရိုက်ရ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ အဲ့မျက်မှန်ကြီး တကားကားနဲ့ ရိုက်သွားတဲ့ ဘယ်လို လုပ်မလဲ။
ဒီတော့ အရိုက်ခံရတဲ့ ကာယကံရှင်ရဲ့ အချက်အလက် အားလုံးက နည်းအမျိုးမျိုးနဲ့ ပြန့်နှံ့သွားနိုင်တယ်"


ဂူဂဲလ်မျက်မှန်မှာ ဂူဂဲလ်မြေပုံပါတဲ့အတွက် ကားမောင်းရင်း မြေပုံကြည့်သူလည်း ရှိနိုင်ပါတယ်။ တခြားသော စာမျက်နှာပေါင်းစုံကို ကြည့်သူလည်း ရှိနိုင်ပါတယ်။ ဒါဟာ ယာဉ်မောင်းသူ၊ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းတဲ့ခရီးသည်တို့အတွက် အင်မတန် အန္တရာယ်ကြီးတယ်လို့လည်း သူက ထောက်ပြပါတယ်။

"ကားမောင်းတဲ့ အခါမှာ Google Glass က ထောက်ပံ့ပေးတယ် အကူအညီ ပေးတယ်လို့ ပြောတယ်။
သို့ပေမယ့် ကား ဒရိုင်ဘာ တယောက်အနေနဲ့ ကားအတွက် မြေပုံ မဟုတ်ဘဲ SMS တွေ ပို့နေမယ်၊ Social Media သုံးနေမယ် ဆိုရင် ဘယ်လို လုပ်မလဲ။
 ဒီတော့ (လိုအပ်ချက်အရ နေရာတချို့မှာ) မသုံးရ သတ်မှတ်ကြတာကို  လက်ခံပါတယ်"


နည်းပညာ ဆိုတာက လူကို အထောက်အကူပြုဖို့ ထွင်ထားကြတာပါ။
လူကို အထောက်အကူပေးသလို အနှောက်အယှက်လည်း ပေးနိုင်ကြောင်း ဒီသတင်းက သက်သေပြနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်ဖတ်စရာများ

အိုင်တီတခေတ်ဆန်းမယ့် Google မျက်မှန် - ဇာနည်မာန်
http://blog.irrawaddy.org/2012/04/google.html

၂၀၁၂ နည်းပညာ နယ်ပယ်ထဲက နာမည်ကျော် ၁၀ ခု - ဆောင်းဦးလင်း
http://blog.irrawaddy.org/2012/12/blog-post_6913.html



.

မလေးရှားလေယာဉ် ပျောက်ဆုံးမှု မြန်မာဗေဒင်အကျော်အမော်များ အငြင်းပွား ..........................


မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပီကင်းသို့ ပျံသန်းရာမှ ပျောက်ဆုံးနေသော မလေး ရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဗေဒင်ဆရာများ ဟောကိန်း ကွဲလွဲပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း သိရသည်။

လက်ရှိ ပျောက်ဆုံးနေသော MH 370 လေယာဉ်အား တစ်ကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်နေချိန် တွင် ရှေ့ဖြစ် နောက်ဖြစ်များကို ဟောကြားလေ့ရှိသော မြန်မာနို်င်ငံမှ ဗေဒင်ဆရာများလည်း ပါဝင်လာခဲ့သည်။

"ဒီလေယာဉ်က ဆရာတို့ တွက်ချက်အရဆိုရင် အင်္ဂါဂြိုလ်ဝင်နေချိန်မှာ ဖြစ်သွားတာ။ ဗုဒ္ဓဟူးနံကို အင်္ဂါဝင်တဲ့ အခါ ကြီးကြီးမားမား ထိခိုက်ရတာမျိုးတွေ ရှိပါတယ်။ မလေးရှားလေကြောင်းလိုင်း ဆိုရင် ကြာသပတေးနံ၊ လေယာဉ်ပျံသန်းတဲ့အချိန်ကလည်း နက္ခတ်အရ ပျက်ကိန်းကြုံရမယ့်အချိန်။ ဆိုလိုတာက ရာသီဥတု ဆိုးဆိုး ရွားရွား တွေ့ရင်တွေ့၊ မတွေ့ရင် ဘေးဒုက္ခတွေ့ရမယ့် ကိန်းက လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အခုအချိန်မှာ လေယ်ာဉ် ဘာဖြစ်သွားပြီလဲ ဆိုတာကို ပြောရရင် လေယာဉ်က အကြမ်းဘက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင်နေသေးတယ်" ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို)က ဟောသည်။

လေယာဉ်မှာ အနောက်တောင်အရပ်တွင် ရောက်ရှိနေကြောင်း၊ ပါဝင်သွားသည့် ခရီးသည်များ ဘေးကင်း လုံခြုံကြောင်း၊ လေယာဉ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းလည်း ၄င်းက ပြောသည်။

သို့သော် အခြားသော နာမည်ကြီး နက္ခတ္တပညာရှင် ဦးဇေယျာကိုကမူ စံ(ဇာဏီဘို)၏ ဟောကြားချက် ကို ငြင်း၍ ပယ်ချလိုက်သည်။

"ဒီဟောကိန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နက္ခတ်နဲ့ ဂြိုလ်တွေအနေအထားအရ အသက်ရှင်နေသေးတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အကြမ်းဘက်သမားတွေက ဖမ်းဆီးထားတယ် ဆိုတာ မှားတယ်။ တွင်းနက်ကြီးထဲ ရောက်သွားတာ။ သေချာတယ်။ ကျွန်တော်တို့ နက္ခတ်ကြည့်တဲ့အခါ Black Hole ကြီး အကြီးကြီး ပေါ်နေတယ်။ ဒီလေယာဉ်က တွင်းနက်ထဲရောက်သွားတာ။ ဒါမျိုးဖြစ်စဉ်တွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ တွေ့နိုင်ပါတယ်။ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဟာ သိပ္ပံပညာ မလိုက်နိုင်အောင် ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလေယာဉ် ဘာဖြစ်သွားသလဲ ပြောရရင် ဘာမှ မဖြစ်ဘူး။ တွင်းနက်ထဲ ရောက်နေတာ။ တွင်းနက်ထဲမှာ ဘယ်လောက်ကြာမလဲ ပြောရရင်တော့ မသိနိုင်သေး ဘူး။ ဂြိုလ်တွေ လှုပ်ရှားတာကို နောက်ထပ် ၁ ရက်လောက် စောင့်ကြည့်ပြီးမှ တိတိကျကျ ပြောနိုင်မယ်။ တွင်းနက်ဆိုတာကို တချို့က အချိန်ယန္တရား ဆိုပြီး ပြောကြတာလည်း ရှိတယ်" ဟု နက္ခတ္တပညာရှင် ဦးဇေယျာကိုက ဟောသည်။

နှစ်ဦးစလုံးမှာ လေယာဉ် ဘာမှမဖြစ်သေး၊ ခရီးသည်များ အသက်ရှင်နေသေးသည် ဟူသောအချက်များ တွင် တူညီနေသော်လည်း အကြီးအကျယ် ကွဲလွဲနေသည်။

"ဗေဒင်ဆရာတွေ တစ်ကယ်မှန်သလား၊ လျှောက်ပြောနေတာလား။ ဒီကိစ္စက ဖော်ပြမှာ ဖြစ်တဲ့အတွက် ကြာကြာ မစောင့်ရတော့ပါဘူး။ ဦးဇေယျာကို ဟောတာ မှန်သလား။ ကျွန်တော်ပြောတာ မှန်သလား ဆိုတာ မကြာခင်မှာ အဖြေထွက်တာပါ။ ကျွန်တော်တို့ ဟောတာက အတွေ့အကြုံနဲ့ နိမိတ်အယူတွေကိုပါ အခြေခံတာ ပါ။ စောင့်ကြည့်ပြီး အဖြေမှန်ထွက်လာမှာပါ" ဟု စံ(ဇာဏီဘို) က ပြောသည်။

"ကျွန်တော်တို့က ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး ပြောတာ။ သူများတွေလို စိတ်ထင်နဲ့ ခန့်မှန်းပြီး ပြောတာ မဟုတ်ဘူး။ ဒီကိစ္စ ကျွန်တော်တို့ မှန်းဆထားသလို ကြိုက်သလို ပြော။ မှားတယ် ဆိုရင် ဒီတစ်သက် ဗေဒင်မဟောတော့ဘူး။ သူ့ဘက်ကလည်း မှားရင် ဗေဒင် မဟောတော့ပါဘူး ဆိုတဲ့ ကတိ ပေးဖို့ လိုတယ်" ဟု ဦးဇေယျာကိုက ရှင်းလင်း ပြောကြားသည်။

ဗေဒင်ဆရာများ ဤသို့ အဖြေမှန် မြန်မြန်ထွက်နိုင်သည့် ရှေ့ဖြစ်မျိုးကို ဟောကြားသည်မှာ ကောင်း မွန်ကြော င်း၊ အချိန်တန်လျှင် မည်သူမှန်၍ မည်သူမှားသည်ကို သိရှိလာတေ့မည့် ဖြစ် ၍ ကောင်းမွန်ကြောင်း၊ အခြားေ သာ ဗေဒင်ဆရာများလည်း မိမိတို့ ဟောကိန်းများကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြော ကြားသင့်ကြောင်း ဗေဒင်ဝါသနာရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြည်သူ့အာဏာ
Credit- ရွှေနိုင်ငံ

Monday, March 10, 2014

အမွှေးပေါသော မိန်မချောများ .........................

ကြံကြံဖန်ဖန်  အသည်းယားစရာပုံလေးတွေမို့ ဝေမျှပေးလိုက်ပါတယ်...အတုလား အစစ်လား တော့ မသိပါဘူး... တကယ်တော့
မိန်းကလေးသဘာဝအရ အမွေးအမျှင် နည်းပါးစွာပဲပေါက်လေ့ရှိပါတယ် ဒါပေမယ့် လေးဘက်နာတို့ အဆစ်အမြစ်ကိုက်ပျောက်ဆေး
စတဲ့ဆေးဝါးတွေ သောက်သုံးမှု နှစ်ရှည်လများ ကြာခဲ့ရင်တော့ အမွေးအမျှင် တွေပေါက်လာတက်ပါတယ် ..ဒါပေမယ့် လဲ အခုလို 
လောက်ကြီးတော့ ထူထူထဲထဲပေါက်လေ့မရှိပါဘူး... အစစ်လား အတုလားဆိုတာကိုတော့ သူငယ်ချင်းတို့ ကိုယ်တိုင် 
မျက်စိနဲ့ကြည့်ပြီးပဲဆုံးဖြတ်ပါတော့.....














ဒီထက်ပိုကြည့်ချင်တယ်ဆိုရင်တော့

မာစတာ သင်္ကြန် 2014 mp3 The Whole Album [39MB] ....................


မာစတာ သက်ြန် Album လိုက် ဒေါင်းချင်တဲ့ ကိုကို မမများ အောက်မှာ တန်းဒေါင်းလိုက်ပါနော်..http://miloshare.com/files/6/q7bnytm7bnov1q/Master%20Thingyan%20(2014)@ShweMOOVi.com.rar





Download File


MiloShare

♫သင်္ကြန် သီချင်းများ♫....(Mp3 ဒေါင်းမယ်) .....................




ပိုမို ဆန်းကြယ်လာနေတဲ့ မလေးရှား လေယာဉ်ပျောက်ဆုံးမှု ...............

Monday, March 10, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး အချိန်ကြာလာလေ ပိုပြီး ဆန်းကြယ်မှုတွေ မြင့်မား လာနေပါတယ်။ 


ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ ဥရောပ နိုင်ငံသား ၂ ဦးရဲ့ ခိုးယူခံခဲ့ရတဲ့ ပတ့်စ်ပို့တွေကို အသုံးပြု ထား တဲ့ ခရီးသည် ၂ ဦး ပါတယ်ဆိုတဲ့ ကနဦးသတင်းတွေနဲ့ အတူ သူတို့ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ လည်း မလေးရှား ကွာလာလမ် ပူလေဆိပ်က စီစီ တီဗွီတွေ ကြည့်ပြီး စိစစ်နေတယ်လို့ မလေးအစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။ 

မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေထဲက ၄ ဦး ကို ဘယ်သူတွေ ဖြစ်တယ်ဆိုတာ သိရှိဖို့ စိစစ်မှုတွေ လုပ်နေပြီး ပျောက်ဆုံး လေယာဉ်ကိစ္စ နိုင်ငံတကာ အကြမ်းဖက်တိုက် ဖျက်ရေး အဖွဲ့တွေ အပါအဝင် အမေရိကန် FBI နဲ့ အခြား နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့တွေ၊ ကျွမ်းကျင် ပညာရှင် အဖွဲ့တွေနဲ့ ပူး ပေါင်း လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ် လို့ မတ်လ ၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ 

သြစတြီးယားနဲ့ အီတလီ အစိုးရ တာဝန်ရှိသူတွေကတော့ ပျောက်ဆုံး လေယာဉ်မှာ ပါသွားတဲ့ ခရီးသည်ထဲ ပါသူတွေထဲမှာ သူတို့ နိုင်ငံသား ၂ ဦးဟာ သူတို့ရဲ့ ပတ့်စ်ပို့တွေဟာ ထိုင်းနိုင်ငံမှာ ခိုးယူခံခဲ့ရတာဖြစ်ပြီး အဲဒီ လေယာဉ်ပေါ် ပါသွားမှု မရှိပဲ ကျန်းမာစွာ ရှိနေတယ်လို့ အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ 

ဘီဘီစီ သတင်းတခုမှာတော့ ကွာလာလမ်ပူကနေ ပီကင်းအသွား ပျောက်ဆုံးနေဆဲ လေယာဉ်ပေါ်က အဲဒီ ခိုးယူပတ့်စ်ပို့ ကိုင် ဆောင်ထားသူ ၂ ဦးဟာ ပီကင်းကနေ ဥရောပကိုလည်း လေယာဉ်လက်မှတ်တွေကို တချိန်တည်း ဝယ်ယူထားတဲ့ အထောက် အထားတွေ့တယ်လို့ ရေးသားထားပါတယ်။

ပျောက်ဆုံး လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်ကောင်းလှည့်သွားနိုင်တဲ့ လမ်းကြောင်းကို တွေ့ထား တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

ဒါပေမယ့် မလေးရှားလေကြောင်းလိုင်းအနေနဲ့ကတော့ အခုထိ လေယာဉ်ကို ပျက်ကျတယ်လို့ အတည်ပြု ထုတ်ပြန်မှု မလုပ်သေးသလို အကြမ်းဖက်မှုကြောင့်ဆိုတာလည်း ပြောလို့ မရသေးဘူးလို့ ဆိုထားပါတယ်။ 

အခက်အခဲဖြစ်ခဲ့တယ်၊ တခုခုဖြစ်တယ်ဆိုရင်လည်း  လေယာဉ်မှူးတွေရဲ့ဆက်သွယ်မှုလည်း မရှိခဲ့သလို 
အလိုအလျှောက် အရေးပေါ် အကူအညီတောင်းတဲ့ စက်တွေကလည်း ဘာမှ သတင်းမပို့ခဲ့ပါဘူးတဲ့။ 

ဒါကလည်း ၂ ရက်ကြာလာတဲ့တိုင် နိုင်ငံစုံ ကူညီကယ်ဆယ်ရေး လေယာဉ်တွေနဲ့ သင်္ဘောတွေဟာ ပျောက် ဆုံးသွားတဲ့ နေရာလို့ ယူဆရတဲ့ ပတ်ဝန်းကျင်မှာ လေယာဉ် ကို ရှာဖွေနေဆဲပါ။ 

ပထမ ပင်လယ်ပြင်မှာ ဆီအကွက်ကြီးတွေ့တယ်၊ နောက် လေယာဉ်ပျက်လို့ ယူဆရတဲ့ ပစ္စည်းတခုတွေ့ တယ်၊ စတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ပျောက်ဆုံး လေယာဉ်ရဲ့ ပျက်စီး အပိုင်းအစဆိုပြီး အတည်ပြု လို့ရတဲ့ သဲလွန်စ ဘာ တခုမှ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အရမ်းထူးဆန်းနေတယ်လို့ သတင်း
တွေက ရေးနေကြတာပါ။

တရုတ်ပြည်ကလာတဲ့ သတင်းမှာ ထူးဆန်းမှုတခုကတော့ လေယာဉ်ပေါ် ပါသွားတဲ့ တရုတ်ခရီးသည် တဦး ရဲ့ လက်ကိုင် ဖုန်းကို သူ့ မိသားစုဝင်တဦးက ဖုန်းဆက်သွယ်ခဲ့ရာမှာ တယ်လီဖုန်းက Ring Tone မြည်
ပေမယ့် တဖက်က လက်ခံဖြေ ကြားမှု မရှိဘူးဆိုတဲ့ ဗီဒီယို ဖိုင်တခုလည်း ထပ်မံပေါ်ထွက်လာပြန်ပါတယ်။ 

ဒီတော့ ပျောက်ဆုံး မလေးရှားလေယာဉ်ဟာ ဘာဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ဆင့်ကဲ ထွက်
ပေါ် လာ ပါတယ်။ လေယာဉ်ပေါ်က လူရဲ့ တယ်လီဖုန်းက Ring Tone မြည်ပြီဆိုတော့ ဆက်သွယ်လို့ရခဲ့ တာ ဟာ ဆက်သွယ်မှု ဧရိယာထဲမှာ ရှိတယ်လို့ ပြောရမှာမို့ ဒါဆို လေယာဉ်ဟာ ဘယ်နေရာရောက်နေလဲ ဆိုပြီး ပိုပြီး ဆန်းကြယ်မှုတွေဖြစ်ပွား လာနေပါတယ်။ 



အိမ့်သံစဉ် ~

Saturday, March 8, 2014

ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်အရ ကြယ်စင်အိမ်ရာ အခန်းငှားခ ထက်ဝက်လျော့ သတ်မှတ် ..............

ထင်လင်းအောင် .

သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်းမှ အခန်းငှားရမ်းခနှုန်းထားများကို မြို့တွင်းအိမ်ရာ အငှားဈေး နှုန်းများအောက် ထက်ဝက်နီးပါး လျှော့ချထားခြင်းက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု စီမံကိန်းမန်နေဂျာ မစ္စတာပီတာ ဂျေဖရန့်စ်က် မဇ်္ဈိမကို ပြောသည်။

မစ္စတာ ပီတာဂျေဖရန့်စ် က“ ဒီမှာရှိတဲ့အခန်းတွေအားလုံးက ပြည်ပဧည့်သည်တွေရဲ့ လူနေမှုပုံစံနဲ့ အဆင် ပြေတဲ့အဆင့်ကို လုပ်ထားတာပါ။ ဒါပေမယ့် ဈေးနှုန်းကတော့ မြို့ထဲက အိမ်ရာဈေးနှုန်းတွေနဲ့စာရင် အရမ်း ကို မျှမျှတတဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ဒီနေရာက (သန်လျင်မြို့)အခုမှ ဖွံ့ဖြိုးစဖြစ်သလို၊ သွား လာမှုမှာ နည်းနည်းအခက်အခဲရှိတော့ ဈေးကို မျှတထားတာပါ။ ဒီလိုဖွံ့ဖြိုးဆဲ အခြေအနေ တစ်ခုကလဲ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားစေပါတယ်” ဟု မတ် လ ၄ ရက် ပြုလုပ်သည့် နိုင်ငံခြား ဧည့်သည် များကို အခန်းငှားခနှုန်းများကို ရှင်းပြသည့် အခမ်းအနားတွင် မဇ်္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားပြောသည်။

Star City ကြယ်စင်အိမ်ရာ အခန်းခနှုန်းထားများကို အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းပါ စတုရန်းပေ ၆၆၀ ၀န်းကျင် အခန်းကို တစ်လငှားရမ်းခ ကန်ဒေါ်လာ ကျပ် ၁,၀၀၀ ကျော်ဝန်းကျင်ဖြင့် (ကျပ်ငွေ ဆယ်သိန်း ၀န်းကျင်) အနိမ့်ဆုံးဈေးနှင့် အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း ၊ရေချိုးခန်းပါ စတုရန်းပေ ၂,၈၀၀ ၀န်းကျင်အခန်းကို ကန်ဒေါ်လာ ၄,၀၀၀ ၀န်းကျင် (ကျပ်ငွေ ၄၉သိန်းကျော် ၀န်းကျင်)ဖြင့် အမြင့်ဆုံး ဈေးများဖြင့် သတ်မှတ် ထားခြင်းဖြစ်သည်ဟု အိမ်ရာအရောင်းမန်နေဂျာ ဦးဆမ်မြူ ရယ်စိုင်းက ပြောသည်။

၂၀၁၄ မတ်လ၏ ကာလပေါက်ဈေးအနေဖြင့် မြို့တွင်း ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များတွင် စတုရန်းပေ ၆၀၀ အခန်း တစ်ခန်း၏ တစ်ရက် ငှားရမ်းခနှုန်းထားမှာ ကန်ဒေါ်လာ ၁၅၀ မှ၂၀၀ ၀န်းကျင် အကြားရှိသည် ဟု ဟိုတယ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်း၏ ဇုန်အေ အမှတ် ၅ (Zone A5)မှ အိပ်ခန်းတစ်ခန်း၊ နှစ်ခန်းနှင့် သုံးခန်း စသဖြင့် အခန်းပေါင်း ၁၅၀ ကျော်အား ဇွန်လအတွင်း စတင်ငှားရမ်းသွားမည် ဖြစ်သည်ဟု ဆိုသည်။

အားကစားသမားများအနေဖြင့် အမြင်အာရုံ ထက်မြက်လာစေမည့် လေ့ကျင့်ခန်း .....................


Health Updates Journal No. 107

လေ့လာမှုအသစ်တစ်ခုအရ အားကစားသမားများအနေဖြင့် ကွန်ပျူတာ၊ တက်ဘလက်များအား အသုံးပြု၍ ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက အမြင်အာရုံပိုမိုထက်မြက်လာစေကြောင်း သိရသည်။

University of California။ မှ သိပံ္ပပညာရှင်များက ဘေ့စ်ဘောအားကစားသမားများအား စမ်းသပ်မှုတွင် ပါဝင်စေခဲ့ပြီး တစ်ရက်လျှင် ၂၅မိနစ်၊ တစ်ပတ်လျှင် လေးရက်နှုန်းနှင့် နှစ်လခန့်ကွန်ပျူတာဖြင့် ဦးနှောက်လေ့ကျင့်ခန်းဂိမ်းများအား ကစားစေခဲ့ သည်။ နှစ်လကြာလေ့ကျင့်မှုပြီးသည့် နောက်တွင် ပါဝင်သူများသည် အခြားသော ကစားသမားများထက် အမြင်အာရုံပိုမိုစူးရှလာပြီး ဘောလုံးကို ပိုမိုမြင်လာရုံသာမက မျက်စိရှေ့ တည့်တည့်ကြည့်နေသော်လည်း ဘေးဖက်သို့မြင်ရသည့်မြင်ကွင်း ပိုကျယ်လာကြောင်း သိရသည်။

လေ့လာသူများက ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ကျွန်တော်တို့အားကစားရုံများတွင် လေ့ကျင့်ခြင်းဖြင့် ကာယစွမ်းအားပိုမိုလာသကဲ့သို့ပင် ဦးနှောက်အား လေ့ကျင့်ခန်းပေးခြင်းဖြင့် စိတ် စွမ်းအား ပိုမိုကောင်းမွန်လာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အ၀င်း
ref:Netdoctor.co.uk

Friday, March 7, 2014

ဘာဆော့ဝဲလ်မှ မသုံးဘဲ Screenshot ရိုက်နည်း..........................



ကွန်ပြူတာမှာ Screenshot ရိုက်နည်းလေးဟာ အရမ်းကိုလွယ်ပါတယ်
ကျွန်တော်လိုချင်လို့ ရှာနေတာကြာပါပြီ အခုမှပဲ တွေ့တော့တယ်
ဘော်ဘော်တို့အတွက် အသုံးဝင်မယ်ထင် တင်ပေးလိုက်ပါတယ်
ကဲ စလိုက်ကြရအောင်ဗျာ

(၁)သင့်ကီးဘုတ်မှာ ဒီကီးခလုတ်ကိုရှာပါ

                        PrtScn

ရိုက်ချင်တဲ့ ပုံရှိရင် အပေါ်ကကီးကို တစ်ချက်နှိပ်ပါ




(၂)ျWindows Start ကိုနှိပ်ပါ Paint ကိုနှိပ်ပါ



(၃)ပုံမှာမြင်တဲ့အတိုင်း Past ကိုနှိပ်လိုက်ပါ



ဒါကတော့ ကျွန်တော့ဘလော့ကို ရိုက်ထားတဲ့ပုံပါ P:


ဒါကတော့ကျွန်တော် ပို့စ်လေးပါ နောက်တစ်နည်းကို ဒီကနေသွားကြည့်လိုက်ပါခင်ဗျာ။

                                          အဆင်ပြေကြပါစေခင်ဗျာ

Windows 8 တွင် ဆော့ဝဲမလိုဘဲ Screenshot ရိုက်နည်း...................


==================================
Windows 8 ရဲ့ interface ကတော့ အပျံစားပါ။
အခုဆိုရင် screenshot ရိုက်လို့ရတယ် အရင် windows တွေတုန်းက screenshot ဖမ်းချင်ရင်
keyboard က PrtSc (Print Screen) ကိုနှိပ်ပြီး Photoshop ဖြစ်ဖြစ် Paint ထဲမှာ သွားပြီး
Paste လုပ် ရလာတဲ့ပုံကို သိမ်းကြတယ်။
အခုတော့ အလန်းပါ
screenshot ဖမ်းချင်ရင် ကီးဘုတ်က Windows Key နဲ့ PrtSc ကိုတွဲနှိပ်လိုက်ရင် screen က
ခဏမှိန်သွားပါမယ်
ဖမ်းထားတဲ့ screenshot တွေကို ကြည့်ချင်ရင်တော့ My Document ထဲက
My Pictures ထဲမှာ တွေ့ရပါမယ်။


Sreen Capture (Protable) ကွန်ပြူတာ Screen ကို လိုသလို ဓာတ်ပုံရိုက်တဲ့ Softwre လေးပါ......



FastStone Capture
  portable software လေးပါ။ screen shot ကို လိုအပ်သလို ဖမ်းယူနိုင်ပါတယ်။ 1.0 M ပဲရှိပါတယ်။ စမ်းသပ်ကြည့်ချင်တယ် ဆိုရင်တော့  ဒီမှာ  ယူပါ။

Wednesday, March 5, 2014

မခိုင်မာသေးသည့် ရှယ်ယာများနှင့် အလှမ်းဝေးနေဆဲ စတော့ ..............

သစ်နေမိုး

မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ အရှိန်ယူ လုပ်ဆောင်နေမှုနှင့်အတူ မရှိမဖြစ် ဒွန်တွဲပါလာရန် လိုအပ်သည့် အင်္ဂါရပ်တခု ဖြစ်သော စတော့ဈေးကွက်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာတနိုင်ငံတည်းသာ မရှိသေးသော စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော် စတင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုထားသည်။

စတော့ဈေးကွက်ဟု ဆိုလိုက်သည်နှင့် ပါဝင်ပတ်သက်လာမည့် အဓိက ရင်းမြစ်များတွင် ထိပ်ဆုံးမှ ပါနေသည်မှာ စတော့ရှယ်ယာများကို ရောင်းချကြမည့် အများပိုင်ကုမ္ပဏီများဖြစ်သည်။ ယင်းအများပိုင် ကုမ္ပဏီများက မြန်မာအစိုးရ၊ ဂျပန် စတော့အိတ်ချိန်းနှင့် Daiwai ကုမ္ပဏီတို့ ဖက်စပ်စနစ်ဖြင့် တည်ထောင်မည် ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အောင်လုပ်၍ ရှယ်ယာများ ရောင်းချကြရမည်ဖြစ်သည်။

ထိုစတော့အိတ်ချိန်းတွင် စာရင်းဝင် ရောင်းချနိုင်ရန်အတွက် အများပိုင်ကုမ္ပဏီများဘက်မှ လိုအပ်မည့်အချက်များစွာ ရှိနေမည် ဖြစ်သည်။ အမြတ်ငွေအနည်းဆုံး ၂ နှစ်ဆက်တိုက် ရရှိထားသော ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံးထည့်ဝင် ရင်းနှီးငွေကျပ် သန်း ၅၀၀ ထည့်ဝင်ပြီး ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံး ရှယ်ယာရှင်အရေအတွက် ၁၀၀ ရှိရမည်ဖြစ်ခြင်း စသည်တို့ကို လက်တလောတွင် အကြမ်းဖျဉ်း လျာထားကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် စတော့ဈေးကွက် မပေါ်သေးသော်လည်း အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့် ရှိလာသည့်အတွက် ထည်ထောင်သည့် အရေအတွက် များပြားလာသည်နှင့်အတူ ရှယ်ယာများကိုလည်း ရောင်းဝယ်ကြသည်။

အများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အချက်များအရ ကနဦးရှယ်ယာရှင် ၇ ဦးနှင့် ဖွဲ့စည်းခွင့်ရှိခြင်းကြောင့် ထို ၇ ဦးဖြင့် တည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီများကလည်း အများအပြားပင်ဖြစ်သည်။ လက်ရှိ အများပိုင်ကုမ္ပဏီ စုစုပေါင်းမှာ ၁၄၀ ကျော်ရှိနေပြီဟု ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။

ထို ၁၄၀ ကျော်သော အများပိုင်ကုမ္ပဏီများတွင် ရောင်းဝယ်မှု ရှိလာနေသည့် ရှယ်ယာ Share certificate များမှာ Risk ဆုံးရှုံးနိုင်ခြေ တန်ဖိုး (Risk) ကို တွက်၍ ရင်းနှီိးမြှုပ်နှံရသကဲ့သို့ ခိုင်မာမှုတွင်လည်း များစွာအားနည်းသည်ကို တွေ့ရမည်ဖြစ်သည်။ စတော့အိတ်ချိန်း ပေါ်လာမည် ဆိုပါကသာ စံသတ်မှတ်ချက်များနှင့်အညီ စာရင်းဝင်ခြင်း၊ ဈေးကွက် ၀ယ်လိုအား၊ရောင်းလိုအားနှင့်အညီ ရှယ်ယာတန်ဖိုး အတက်အကျနှင့် အရောင်းအ၀ယ်များ ပြုလုပ်ခြင်းကို စနစ်တကျ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အတူ ငွေပေါ်လွယ်မှု Liquidity အပိုင်းအတွက်လည်း အရောင်းအ၀ယ်ကို ခလုတ်နှိပ်၍ အလျှင်အမြန် လုပ်ဆောင်နိုင်ကြမည် ဖြစ်သည်။

စတော့ ဈေးကွက် မပေါ်ပေါက်သေးဘဲနှင့် အများပိုင်ကုမ္ပဏီများ ပေါများလာခြင်း၊ ရှယ်ယာများ အရောင်းအ၀ယ် လုပ်ခြင်းတို့က အန္တရယ်များကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုဖူးသည်။

“စတော့အိတ်ချိန်း မပေါ်ဘဲနဲ့လည်း အခုရှယ်ယာတွေ ရောင်းနေတာ အများကြီးပဲ၊ သို့သော် အဲဒီကုမ္ပဏီက ဘယ်လောက် ခိုင်မာသလဲ၊ နောက်ဆုံးကုမ္ပဏီ သူဌေးက တာ့တာပြပြီး ထွက်သွားလို့ရတယ်။ စတော့အိတ်ချိန်း ပေါ်လာရင်တော့ စံချိန်စံညွှန်းတွေ သတ်မှတ်ပြီး ဒီဟာတွေနဲ့ညီတဲ့ ကုမ္ပဏီတွေကိုသာ အစုရှယ်ယာ ရောင်းပေးမှာဆိုတော့ တကယ်လုပ်မယ့် ကုမ္ပဏီလား၊ ညာသွားမယ့် ကုမ္ပဏီလားဆိုတာ စံနှုန်းတွေ သတ်မှတ်ထားမှာ ဖြစ်တဲ့အတွက် ဒီ စတော့အိတ်ချိန်းမှာ ရောင်းချခွင့်ရတဲ့ ကုမ္ပဏီတွေက အပြင်မှာရောင်းချတဲ့ ကုမ္ပဏီတွေထက် အများကြီး ခိုင်မာသွားပါပြီ” ဟု ပြောခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီများအနေဖြင့် ရှယ်ယာများ ထုတ်ခွင့်ပြုထားသကဲ့သို့ တရားဝင် ရောင်းခြင်းဝယ်ခြင်းများလည်း ပြုလုပ်၍ရသည်။

ယင်းအပိုင်းနှင့် ဆက်စပ်၍ စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချမည့် ကုမ္ပဏီများနှင့် ၀ယ်ယူသူတို့ အပိုင်းတွင် ကြားခံဆောင်ရွက်ပေးရမည့် Security ကုမ္ပဏီတခုဖြစ်သော Myanmar Securities Exchange Centre (MSEC) မှ Deputy Director ဦးသက်ထွန်းဦးက “ရှယ်ယာက တရားဝင် ရောင်းလို့ရတယ်၊ ပြည်သူလူထုကလည်း တရားဝင် ၀ယ်လို့ရတာပဲ၊ ဒါပေမဲ့ အနာဂတ်မှာ ခိုင်မာမှု ရှိလား မရှိလားဆိုတာ ကိုယ့်ဘာသာ သိထားဖို့လိုပါတယ်။ ကုမ္ပဏီတွေက အကုန်အသစ်တွေချည်းပဲ။ အသစ်တွေချည်းပဲဆိုတော့ အောင်မြင်သွားတာ ရှိနိုင်သလို ခြေချော် လက်ချော်လည်း ဖြစ်သွားနိုင်တာပဲ။ ဒါကတော့ ၀ယ်သူမှာ သတိရှိဖို့ပဲ။ ရောင်းသူကတော့ အကောင်းဆုံးဖြစ်အောင် ရောင်းမှာပဲ” ဟု ပြောသည်။

အများပိုင် ကုမ္ပဏီများအနေဖြင် ရှယ်ယာများရောင်းချမှု အပိုင်းတွင် စည်းစနစ်ကျမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တို့တွင် တဖွဲ့နှင့် တဖွဲ့ ကွာခြားမှုများရှိပြီး ထိုအပိုင်းများတွင် လိုအပ်ချက်များ ရှိနေကြောင်း သက်တမ်းရင့် အများပိုင်ကုမ္ပဏီဖြစ်သည့် FMI ၏ ဥက္ကဌ ဦးသိမ်းဝေက ဆိုသည်။

“အများပိုင် ကုမ္ပဏီတွေကတော့ အုပ်ချုပ်ဖို့ ထိန်းချုပ်ဖို့အပိုင်းတွေ အများကြီးလိုပါတယ်။ သူတို့ရဲ့ Compliant ခွင့်ပြုလိုက်လျောမှုတွေ၊ Corporate governance အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုအပိုင်းတွေပေါ့။ အဲ့ဒီအပိုင်းတွေ လိုပါတယ်လို့ မြင်တယ်၊ လက်ရှိရှယ်ယာတွေ ရောင်းနေတဲ့အပိုင်းက တဖွဲ့တဖွဲ့နဲ့ မူတည်ပါတယ်၊ ခြုံပြီးပြောလို့မရဘူးပေါ့။ အုပ်ချုပ်မှု ကောင်းတဲ့ အဖွဲ့လည်းရှိသလို အုပ်ချုပ်မှုပေါ့တဲ့ အဖွဲ့လည်းရှိမှာပါပဲ” ဟု ဦးသိမ်းဝေက ပြောသည်။

ရှယ်ယာဝယ်ယူမည့် သူများအပိုင်းမှလည်း ရှယ်ယာရောင်းချသည့် ကုမ္ပဏီများ၏ အချက်အလက်များ ထည့်သွင်းဖော်ပြသော လမ်းညွှန် Prospectus တွင် ဆုံးရှုံးနိုင်မှုအပိုင်း Risk sector များကို အသေအချာ လေ့လာပြီးမှသာ ရင်းနှီးမြှုပ်နှံသင့်သည်ဟု ဗဟိုဘဏ် ဒု ဥက္ကဌ ဦးဆက်အောင်က ဆိုသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံသောသူများ အပိုင်းမှ ကြည့်မည်ဆိုပါက ရှယ်ယာ တန်ဖိုးများ အတက်အကျ ဖြစ်စဉ်တွင် ရှယ်ယာတန်ဖိုး တက်မှသာလျှင် အကျိုးအမြတ် ပိုမိုမည် ဖြစ်သည်။ သို့သော် ရှယ်ယာတန်ဖိုးတက်သည့် အခြေအနေက ငွေဖောင်းပွမှုတက်သည့် အခြေအနေကို မကျော်လွန်ပါက ထိုက်သင့်သည့် တန်ဖိုး ဖြစ်လာမည် မဟုတ်ကြောင်း သိရသည်။

“ရှယ်ယာက တက်သွားတယ်ဆိုပါတော့၊ ၁၀၀ ကနေ ၁၁၀၊ ဒါဆို တဖက်က ငွေကြေးဖောင်းပွမှုကလည်း တက်သွားမယ်ဆိုရင် ရှယ်ယာတက်သွားတာက တကယ်တမ်း Real value မဟုတ်ဘဲနဲ့ Inflation ငွေဖောင်းပွမှုနဲ့ တွက်လိုက်ရင် သိပ်မကိုက်ပါဘူးဆိုတာ ဖြစ်ရင် ဖြစ်သွားမယ်၊ တခုရှိတာက ရှယ်ယာက ဈေးကွက် ၀ယ်လိုအား များရင်တော့ ငွေဖောင်းပွမှုနှုန်းထက် ပိုပြီးတက်သွားမှာပဲ၊ ဈေးကွက်ဝယ်လိုအားနည်းလို့ ရှယ်ယာတန်ဖိုး နည်းမယ်ဆိုရင်တော့ ရှယ်ယာဝယ်တဲ့သူက သိပ်မကိုက်ဘူးပေါ့။ ဒါက ကုမ္ပဏီကလုပ်ပေးလို့ရမယ့် ကိစ္စမဟုတ်ဘူး၊ ဈေးကွက်ပေါ်မူတည်ပြီး ပြောင်းလဲသွားမယ့် ကိစ္စပါ” ဟု ဗဟိုဘဏ်ဥက္ကဌ ဦးဆက်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိငွေဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းအထက် ရှိနေပြီး ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်ဟုလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။

လက်ရှိ အများပိုင် ကုမ္ပဏီများ၏ အခန်းကဏ္ဍနှင့် ရှယ်ယာများ၏ ခိုင်မာမှုတို့ မည်သို့ပင် ဖြစ်နေဖြစ်နေ မြန်မာနိုင်ငံ၏ စီးပွားရေး အရှိန်မြှင့်တင်မှုတွင် မရှိမဖြစ် လိုအပ်လာသော အရင်းအနှီးဈေးကွက် ရှိလာရေးအတွက် စတော့ အိတ်ချိန်းကို မလွဲမသွေ လုပ်ဆောင်ရမည်သာ ဖြစ်သည်။

သို့သော် စတော့အိတ်ချိန်း မြန်မာနိုင်ငံတွင် ဖြစ်လာရန်ဆိုသည့် အပိုင်းတွင် လိုအပ်ချက်များစွာ ကျန်ရှိနေသည့် အနေအထားဖြစ်သည်။

စတော့အိတ်ချိန်း အကောင်းအထည် ဖော်နိုင်ရေးအတွက် လက်ရှိတွင် Share certificate ငွေကြေးသက်သေခံလက်မှတ် ဥပဒေကို ပြဌာန်းထားပြီး လုပ်ထုံးလုပ်နည်း ဥပဒေကို ပြဌာန်းရန် ကျန်ရှိနေသေးသည်။

ထို့အပြင် စတော့တွင် လုပ်ပိုင်ခွင့် အာဏအရှိဆုံးဟု ပြောရမည်ဖြစ်ပြီး စတော့အိတ်ချိန်းကို လိုင်စင်ချပေးခြင်း၊ Security ကုမ္ပဏီများကို လိုင်စင်ချပေးခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်ရမည့် ငွေကြေးသက်သေခံ လက်မှတ် ကြီးကြပ်ရေးကော်မရှင် Stock Exchange Commission ကို ဖွဲ့စည်းရမည် ဖြစ်သည်။

ထိုကော်မရှင်တွင် အစိုးရမဟုတ်သော သူများလည်း ပါဝင်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားရာ ယင်းကော်မရှင်တွင် ပါဝင်မည့် သူများ၏ ကျွမ်းကျင်မှု အရည်အချင်းပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ရှိနေပါမည်။

စတော့အိတ်ချိန်း အရောင်းအ၀ယ်များတွင် ကြားဝင်ဆောင်ရွက်ပေးရမည်ဖြစ်သော စတော့ကျွမ်းကျင်သည့် Security ကုမ္ပဏီ (နိုင်ငံတကာအခေါ် Broker) များလည်း ရှိလာဖို့လိုသည်။ လက်ရှိတွင် MSEC ကုမ္ပဏီတခုတည်းသာ ရှိသည်။ ထို့ပြင် စတော့တွင် စာရင်းဝင် ရောင်းချခွင့်ရှိလာမည့် Listed ကုမ္ပဏီများ ပေါများရန်အပိုင်းတွင်လည်း စတော့အိတ်ချိန်း၏ စံသတ်မှတ်ချက်များ အလျှော့အတင်းပိုင်းက လိုလာဦးမည် ဖြစ်သည်။

လက်ရှိအနေအထားအရ ပူးပေါင်းလုပ်ဆောင်မည့် ဂျပန်နိုင်ငံမှ Diawa ကုမ္ပဏီ၊ တိုကျိုစတော့ အိတ်ချိန်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် Joint Venture လက်မှတ် မထိုးရသေးသည့် အခြေအနေဖြစ်သည်။

လိုအပ်ချက်များစွာ ကျန်ရှိနေသော စတော့အိတ်ချိန်း အခြေအနေနှင့် ပတ်သက်၍ သက်တမ်းရင့် အများပိုင်ကုမ္ပဏီ တခုဖြစ်သည့် FMI ဥက္ကဌ ဦးသိမ်းဝေက “ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်မလားဆိုတာ လွယ်လွယ်ကူကူ ပြောလို့မရဘူး။ သူကဖြစ်လာဖို့ရာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလိုအပ်ချက်တွေ ပြည့်စုံလာရင်တော့ ဖြစ်သွားမှာပေါ့၊ မပြည့်စုံရင်တော့ နှောင့်နှေးသွားမှာပေါ့၊ ဒါကလည်း လာမယ့်တနှစ်၊ တနှစ်ခွဲမှာ စောင့်ကြည့်ရမယ့် အချက်တွေပါ” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်တွင် စတော့အိတ်ချိန်း စတင် အကောင်အထည်ဖော်နိုင်မည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိ ပြီးစီးမှု အခြေအနေများအရ ဝေးနေဦးမည် ဖြစ်သည်။ ထို့အတူ စတော့ဈေးကွက် ပီပြင်စွာ ဖြစ်မလာသေးသ၍ အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းဝယ်မှုတွင်လည်း ရင်းနှီးမြှုပ်နှံသူများဘက်မှ ဆုံးရှုံးမှု Risk များကိုတွက်၍ မြှုပ်နှံနေရသော၊ ခိုင်မာမှု မရှိသည့် အခြေအနေက ဆက်၍ ရှိနေဦးမည် ဖြစ်သည်။

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ ..............

ဇော်ဇော်ထွေး
ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဖမ်းဆီးရေးအဖွဲ့သည် ကြိုတင်သတင်းအရ (၁၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ (၄၉)လမ်းနှင့် လမ်း (၅၀)ကြားတွင်စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် ဈေးရောင်းသူ မအေးအေးရီ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူမ၏ မိန်းမကိုင်သားရေအိတ်အတွင်းမှ အဖြူရောင်မှိုင်းခံစက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြားပေါင်း (၉၈၀၀)ပြားကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ မူးယစ်ဆေးပြားတစ်ပြားလျှင် ကာလပေါက်ဈေး ၅၀၀၀ ကျပ်ရှိသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြားများ၏ တန်ဖိုးမှာ သိန်း (၄၉၀) ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးထံမှ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု နှင့် ဧည့်စာရင်း စာရွက်မိတ္တူ တစ်စောင်တို့ကိုပါ သိမ်းဆည်းရမိ လိုက်သည်ဟု ဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သူ မအေးအေးရီအပေါ် အရေးယူပေးရန် ရဲအုပ် ဇော်ဇော်နိုင်က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ပုဇွန်တောင် ရဲစခန်းက မယ(ပ)၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူရန် အမှုစစ် ဒုရဲအုပ် မောင်မျိုးက ဆက်လက်စစ်ဆေးလျက်ရှိသည်။