This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, March 8, 2014

ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်အရ ကြယ်စင်အိမ်ရာ အခန်းငှားခ ထက်ဝက်လျော့ သတ်မှတ် ..............

ထင်လင်းအောင် .

သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်းမှ အခန်းငှားရမ်းခနှုန်းထားများကို မြို့တွင်းအိမ်ရာ အငှားဈေး နှုန်းများအောက် ထက်ဝက်နီးပါး လျှော့ချထားခြင်းက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု စီမံကိန်းမန်နေဂျာ မစ္စတာပီတာ ဂျေဖရန့်စ်က် မဇ်္ဈိမကို ပြောသည်။

မစ္စတာ ပီတာဂျေဖရန့်စ် က“ ဒီမှာရှိတဲ့အခန်းတွေအားလုံးက ပြည်ပဧည့်သည်တွေရဲ့ လူနေမှုပုံစံနဲ့ အဆင် ပြေတဲ့အဆင့်ကို လုပ်ထားတာပါ။ ဒါပေမယ့် ဈေးနှုန်းကတော့ မြို့ထဲက အိမ်ရာဈေးနှုန်းတွေနဲ့စာရင် အရမ်း ကို မျှမျှတတဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ဒီနေရာက (သန်လျင်မြို့)အခုမှ ဖွံ့ဖြိုးစဖြစ်သလို၊ သွား လာမှုမှာ နည်းနည်းအခက်အခဲရှိတော့ ဈေးကို မျှတထားတာပါ။ ဒီလိုဖွံ့ဖြိုးဆဲ အခြေအနေ တစ်ခုကလဲ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားစေပါတယ်” ဟု မတ် လ ၄ ရက် ပြုလုပ်သည့် နိုင်ငံခြား ဧည့်သည် များကို အခန်းငှားခနှုန်းများကို ရှင်းပြသည့် အခမ်းအနားတွင် မဇ်္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားပြောသည်။

Star City ကြယ်စင်အိမ်ရာ အခန်းခနှုန်းထားများကို အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းပါ စတုရန်းပေ ၆၆၀ ၀န်းကျင် အခန်းကို တစ်လငှားရမ်းခ ကန်ဒေါ်လာ ကျပ် ၁,၀၀၀ ကျော်ဝန်းကျင်ဖြင့် (ကျပ်ငွေ ဆယ်သိန်း ၀န်းကျင်) အနိမ့်ဆုံးဈေးနှင့် အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း ၊ရေချိုးခန်းပါ စတုရန်းပေ ၂,၈၀၀ ၀န်းကျင်အခန်းကို ကန်ဒေါ်လာ ၄,၀၀၀ ၀န်းကျင် (ကျပ်ငွေ ၄၉သိန်းကျော် ၀န်းကျင်)ဖြင့် အမြင့်ဆုံး ဈေးများဖြင့် သတ်မှတ် ထားခြင်းဖြစ်သည်ဟု အိမ်ရာအရောင်းမန်နေဂျာ ဦးဆမ်မြူ ရယ်စိုင်းက ပြောသည်။

၂၀၁၄ မတ်လ၏ ကာလပေါက်ဈေးအနေဖြင့် မြို့တွင်း ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များတွင် စတုရန်းပေ ၆၀၀ အခန်း တစ်ခန်း၏ တစ်ရက် ငှားရမ်းခနှုန်းထားမှာ ကန်ဒေါ်လာ ၁၅၀ မှ၂၀၀ ၀န်းကျင် အကြားရှိသည် ဟု ဟိုတယ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်း၏ ဇုန်အေ အမှတ် ၅ (Zone A5)မှ အိပ်ခန်းတစ်ခန်း၊ နှစ်ခန်းနှင့် သုံးခန်း စသဖြင့် အခန်းပေါင်း ၁၅၀ ကျော်အား ဇွန်လအတွင်း စတင်ငှားရမ်းသွားမည် ဖြစ်သည်ဟု ဆိုသည်။

အားကစားသမားများအနေဖြင့် အမြင်အာရုံ ထက်မြက်လာစေမည့် လေ့ကျင့်ခန်း .....................


Health Updates Journal No. 107

လေ့လာမှုအသစ်တစ်ခုအရ အားကစားသမားများအနေဖြင့် ကွန်ပျူတာ၊ တက်ဘလက်များအား အသုံးပြု၍ ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက အမြင်အာရုံပိုမိုထက်မြက်လာစေကြောင်း သိရသည်။

University of California။ မှ သိပံ္ပပညာရှင်များက ဘေ့စ်ဘောအားကစားသမားများအား စမ်းသပ်မှုတွင် ပါဝင်စေခဲ့ပြီး တစ်ရက်လျှင် ၂၅မိနစ်၊ တစ်ပတ်လျှင် လေးရက်နှုန်းနှင့် နှစ်လခန့်ကွန်ပျူတာဖြင့် ဦးနှောက်လေ့ကျင့်ခန်းဂိမ်းများအား ကစားစေခဲ့ သည်။ နှစ်လကြာလေ့ကျင့်မှုပြီးသည့် နောက်တွင် ပါဝင်သူများသည် အခြားသော ကစားသမားများထက် အမြင်အာရုံပိုမိုစူးရှလာပြီး ဘောလုံးကို ပိုမိုမြင်လာရုံသာမက မျက်စိရှေ့ တည့်တည့်ကြည့်နေသော်လည်း ဘေးဖက်သို့မြင်ရသည့်မြင်ကွင်း ပိုကျယ်လာကြောင်း သိရသည်။

လေ့လာသူများက ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ကျွန်တော်တို့အားကစားရုံများတွင် လေ့ကျင့်ခြင်းဖြင့် ကာယစွမ်းအားပိုမိုလာသကဲ့သို့ပင် ဦးနှောက်အား လေ့ကျင့်ခန်းပေးခြင်းဖြင့် စိတ် စွမ်းအား ပိုမိုကောင်းမွန်လာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အ၀င်း
ref:Netdoctor.co.uk

Friday, March 7, 2014

ဘာဆော့ဝဲလ်မှ မသုံးဘဲ Screenshot ရိုက်နည်း..........................



ကွန်ပြူတာမှာ Screenshot ရိုက်နည်းလေးဟာ အရမ်းကိုလွယ်ပါတယ်
ကျွန်တော်လိုချင်လို့ ရှာနေတာကြာပါပြီ အခုမှပဲ တွေ့တော့တယ်
ဘော်ဘော်တို့အတွက် အသုံးဝင်မယ်ထင် တင်ပေးလိုက်ပါတယ်
ကဲ စလိုက်ကြရအောင်ဗျာ

(၁)သင့်ကီးဘုတ်မှာ ဒီကီးခလုတ်ကိုရှာပါ

                        PrtScn

ရိုက်ချင်တဲ့ ပုံရှိရင် အပေါ်ကကီးကို တစ်ချက်နှိပ်ပါ




(၂)ျWindows Start ကိုနှိပ်ပါ Paint ကိုနှိပ်ပါ



(၃)ပုံမှာမြင်တဲ့အတိုင်း Past ကိုနှိပ်လိုက်ပါ



ဒါကတော့ ကျွန်တော့ဘလော့ကို ရိုက်ထားတဲ့ပုံပါ P:


ဒါကတော့ကျွန်တော် ပို့စ်လေးပါ နောက်တစ်နည်းကို ဒီကနေသွားကြည့်လိုက်ပါခင်ဗျာ။

                                          အဆင်ပြေကြပါစေခင်ဗျာ

Windows 8 တွင် ဆော့ဝဲမလိုဘဲ Screenshot ရိုက်နည်း...................


==================================
Windows 8 ရဲ့ interface ကတော့ အပျံစားပါ။
အခုဆိုရင် screenshot ရိုက်လို့ရတယ် အရင် windows တွေတုန်းက screenshot ဖမ်းချင်ရင်
keyboard က PrtSc (Print Screen) ကိုနှိပ်ပြီး Photoshop ဖြစ်ဖြစ် Paint ထဲမှာ သွားပြီး
Paste လုပ် ရလာတဲ့ပုံကို သိမ်းကြတယ်။
အခုတော့ အလန်းပါ
screenshot ဖမ်းချင်ရင် ကီးဘုတ်က Windows Key နဲ့ PrtSc ကိုတွဲနှိပ်လိုက်ရင် screen က
ခဏမှိန်သွားပါမယ်
ဖမ်းထားတဲ့ screenshot တွေကို ကြည့်ချင်ရင်တော့ My Document ထဲက
My Pictures ထဲမှာ တွေ့ရပါမယ်။


Sreen Capture (Protable) ကွန်ပြူတာ Screen ကို လိုသလို ဓာတ်ပုံရိုက်တဲ့ Softwre လေးပါ......



FastStone Capture
  portable software လေးပါ။ screen shot ကို လိုအပ်သလို ဖမ်းယူနိုင်ပါတယ်။ 1.0 M ပဲရှိပါတယ်။ စမ်းသပ်ကြည့်ချင်တယ် ဆိုရင်တော့  ဒီမှာ  ယူပါ။

Wednesday, March 5, 2014

မခိုင်မာသေးသည့် ရှယ်ယာများနှင့် အလှမ်းဝေးနေဆဲ စတော့ ..............

သစ်နေမိုး

မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ အရှိန်ယူ လုပ်ဆောင်နေမှုနှင့်အတူ မရှိမဖြစ် ဒွန်တွဲပါလာရန် လိုအပ်သည့် အင်္ဂါရပ်တခု ဖြစ်သော စတော့ဈေးကွက်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာတနိုင်ငံတည်းသာ မရှိသေးသော စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော် စတင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုထားသည်။

စတော့ဈေးကွက်ဟု ဆိုလိုက်သည်နှင့် ပါဝင်ပတ်သက်လာမည့် အဓိက ရင်းမြစ်များတွင် ထိပ်ဆုံးမှ ပါနေသည်မှာ စတော့ရှယ်ယာများကို ရောင်းချကြမည့် အများပိုင်ကုမ္ပဏီများဖြစ်သည်။ ယင်းအများပိုင် ကုမ္ပဏီများက မြန်မာအစိုးရ၊ ဂျပန် စတော့အိတ်ချိန်းနှင့် Daiwai ကုမ္ပဏီတို့ ဖက်စပ်စနစ်ဖြင့် တည်ထောင်မည် ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အောင်လုပ်၍ ရှယ်ယာများ ရောင်းချကြရမည်ဖြစ်သည်။

ထိုစတော့အိတ်ချိန်းတွင် စာရင်းဝင် ရောင်းချနိုင်ရန်အတွက် အများပိုင်ကုမ္ပဏီများဘက်မှ လိုအပ်မည့်အချက်များစွာ ရှိနေမည် ဖြစ်သည်။ အမြတ်ငွေအနည်းဆုံး ၂ နှစ်ဆက်တိုက် ရရှိထားသော ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံးထည့်ဝင် ရင်းနှီးငွေကျပ် သန်း ၅၀၀ ထည့်ဝင်ပြီး ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံး ရှယ်ယာရှင်အရေအတွက် ၁၀၀ ရှိရမည်ဖြစ်ခြင်း စသည်တို့ကို လက်တလောတွင် အကြမ်းဖျဉ်း လျာထားကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် စတော့ဈေးကွက် မပေါ်သေးသော်လည်း အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့် ရှိလာသည့်အတွက် ထည်ထောင်သည့် အရေအတွက် များပြားလာသည်နှင့်အတူ ရှယ်ယာများကိုလည်း ရောင်းဝယ်ကြသည်။

အများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အချက်များအရ ကနဦးရှယ်ယာရှင် ၇ ဦးနှင့် ဖွဲ့စည်းခွင့်ရှိခြင်းကြောင့် ထို ၇ ဦးဖြင့် တည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီများကလည်း အများအပြားပင်ဖြစ်သည်။ လက်ရှိ အများပိုင်ကုမ္ပဏီ စုစုပေါင်းမှာ ၁၄၀ ကျော်ရှိနေပြီဟု ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။

ထို ၁၄၀ ကျော်သော အများပိုင်ကုမ္ပဏီများတွင် ရောင်းဝယ်မှု ရှိလာနေသည့် ရှယ်ယာ Share certificate များမှာ Risk ဆုံးရှုံးနိုင်ခြေ တန်ဖိုး (Risk) ကို တွက်၍ ရင်းနှီိးမြှုပ်နှံရသကဲ့သို့ ခိုင်မာမှုတွင်လည်း များစွာအားနည်းသည်ကို တွေ့ရမည်ဖြစ်သည်။ စတော့အိတ်ချိန်း ပေါ်လာမည် ဆိုပါကသာ စံသတ်မှတ်ချက်များနှင့်အညီ စာရင်းဝင်ခြင်း၊ ဈေးကွက် ၀ယ်လိုအား၊ရောင်းလိုအားနှင့်အညီ ရှယ်ယာတန်ဖိုး အတက်အကျနှင့် အရောင်းအ၀ယ်များ ပြုလုပ်ခြင်းကို စနစ်တကျ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အတူ ငွေပေါ်လွယ်မှု Liquidity အပိုင်းအတွက်လည်း အရောင်းအ၀ယ်ကို ခလုတ်နှိပ်၍ အလျှင်အမြန် လုပ်ဆောင်နိုင်ကြမည် ဖြစ်သည်။

စတော့ ဈေးကွက် မပေါ်ပေါက်သေးဘဲနှင့် အများပိုင်ကုမ္ပဏီများ ပေါများလာခြင်း၊ ရှယ်ယာများ အရောင်းအ၀ယ် လုပ်ခြင်းတို့က အန္တရယ်များကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုဖူးသည်။

“စတော့အိတ်ချိန်း မပေါ်ဘဲနဲ့လည်း အခုရှယ်ယာတွေ ရောင်းနေတာ အများကြီးပဲ၊ သို့သော် အဲဒီကုမ္ပဏီက ဘယ်လောက် ခိုင်မာသလဲ၊ နောက်ဆုံးကုမ္ပဏီ သူဌေးက တာ့တာပြပြီး ထွက်သွားလို့ရတယ်။ စတော့အိတ်ချိန်း ပေါ်လာရင်တော့ စံချိန်စံညွှန်းတွေ သတ်မှတ်ပြီး ဒီဟာတွေနဲ့ညီတဲ့ ကုမ္ပဏီတွေကိုသာ အစုရှယ်ယာ ရောင်းပေးမှာဆိုတော့ တကယ်လုပ်မယ့် ကုမ္ပဏီလား၊ ညာသွားမယ့် ကုမ္ပဏီလားဆိုတာ စံနှုန်းတွေ သတ်မှတ်ထားမှာ ဖြစ်တဲ့အတွက် ဒီ စတော့အိတ်ချိန်းမှာ ရောင်းချခွင့်ရတဲ့ ကုမ္ပဏီတွေက အပြင်မှာရောင်းချတဲ့ ကုမ္ပဏီတွေထက် အများကြီး ခိုင်မာသွားပါပြီ” ဟု ပြောခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီများအနေဖြင့် ရှယ်ယာများ ထုတ်ခွင့်ပြုထားသကဲ့သို့ တရားဝင် ရောင်းခြင်းဝယ်ခြင်းများလည်း ပြုလုပ်၍ရသည်။

ယင်းအပိုင်းနှင့် ဆက်စပ်၍ စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချမည့် ကုမ္ပဏီများနှင့် ၀ယ်ယူသူတို့ အပိုင်းတွင် ကြားခံဆောင်ရွက်ပေးရမည့် Security ကုမ္ပဏီတခုဖြစ်သော Myanmar Securities Exchange Centre (MSEC) မှ Deputy Director ဦးသက်ထွန်းဦးက “ရှယ်ယာက တရားဝင် ရောင်းလို့ရတယ်၊ ပြည်သူလူထုကလည်း တရားဝင် ၀ယ်လို့ရတာပဲ၊ ဒါပေမဲ့ အနာဂတ်မှာ ခိုင်မာမှု ရှိလား မရှိလားဆိုတာ ကိုယ့်ဘာသာ သိထားဖို့လိုပါတယ်။ ကုမ္ပဏီတွေက အကုန်အသစ်တွေချည်းပဲ။ အသစ်တွေချည်းပဲဆိုတော့ အောင်မြင်သွားတာ ရှိနိုင်သလို ခြေချော် လက်ချော်လည်း ဖြစ်သွားနိုင်တာပဲ။ ဒါကတော့ ၀ယ်သူမှာ သတိရှိဖို့ပဲ။ ရောင်းသူကတော့ အကောင်းဆုံးဖြစ်အောင် ရောင်းမှာပဲ” ဟု ပြောသည်။

အများပိုင် ကုမ္ပဏီများအနေဖြင် ရှယ်ယာများရောင်းချမှု အပိုင်းတွင် စည်းစနစ်ကျမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တို့တွင် တဖွဲ့နှင့် တဖွဲ့ ကွာခြားမှုများရှိပြီး ထိုအပိုင်းများတွင် လိုအပ်ချက်များ ရှိနေကြောင်း သက်တမ်းရင့် အများပိုင်ကုမ္ပဏီဖြစ်သည့် FMI ၏ ဥက္ကဌ ဦးသိမ်းဝေက ဆိုသည်။

“အများပိုင် ကုမ္ပဏီတွေကတော့ အုပ်ချုပ်ဖို့ ထိန်းချုပ်ဖို့အပိုင်းတွေ အများကြီးလိုပါတယ်။ သူတို့ရဲ့ Compliant ခွင့်ပြုလိုက်လျောမှုတွေ၊ Corporate governance အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုအပိုင်းတွေပေါ့။ အဲ့ဒီအပိုင်းတွေ လိုပါတယ်လို့ မြင်တယ်၊ လက်ရှိရှယ်ယာတွေ ရောင်းနေတဲ့အပိုင်းက တဖွဲ့တဖွဲ့နဲ့ မူတည်ပါတယ်၊ ခြုံပြီးပြောလို့မရဘူးပေါ့။ အုပ်ချုပ်မှု ကောင်းတဲ့ အဖွဲ့လည်းရှိသလို အုပ်ချုပ်မှုပေါ့တဲ့ အဖွဲ့လည်းရှိမှာပါပဲ” ဟု ဦးသိမ်းဝေက ပြောသည်။

ရှယ်ယာဝယ်ယူမည့် သူများအပိုင်းမှလည်း ရှယ်ယာရောင်းချသည့် ကုမ္ပဏီများ၏ အချက်အလက်များ ထည့်သွင်းဖော်ပြသော လမ်းညွှန် Prospectus တွင် ဆုံးရှုံးနိုင်မှုအပိုင်း Risk sector များကို အသေအချာ လေ့လာပြီးမှသာ ရင်းနှီးမြှုပ်နှံသင့်သည်ဟု ဗဟိုဘဏ် ဒု ဥက္ကဌ ဦးဆက်အောင်က ဆိုသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံသောသူများ အပိုင်းမှ ကြည့်မည်ဆိုပါက ရှယ်ယာ တန်ဖိုးများ အတက်အကျ ဖြစ်စဉ်တွင် ရှယ်ယာတန်ဖိုး တက်မှသာလျှင် အကျိုးအမြတ် ပိုမိုမည် ဖြစ်သည်။ သို့သော် ရှယ်ယာတန်ဖိုးတက်သည့် အခြေအနေက ငွေဖောင်းပွမှုတက်သည့် အခြေအနေကို မကျော်လွန်ပါက ထိုက်သင့်သည့် တန်ဖိုး ဖြစ်လာမည် မဟုတ်ကြောင်း သိရသည်။

“ရှယ်ယာက တက်သွားတယ်ဆိုပါတော့၊ ၁၀၀ ကနေ ၁၁၀၊ ဒါဆို တဖက်က ငွေကြေးဖောင်းပွမှုကလည်း တက်သွားမယ်ဆိုရင် ရှယ်ယာတက်သွားတာက တကယ်တမ်း Real value မဟုတ်ဘဲနဲ့ Inflation ငွေဖောင်းပွမှုနဲ့ တွက်လိုက်ရင် သိပ်မကိုက်ပါဘူးဆိုတာ ဖြစ်ရင် ဖြစ်သွားမယ်၊ တခုရှိတာက ရှယ်ယာက ဈေးကွက် ၀ယ်လိုအား များရင်တော့ ငွေဖောင်းပွမှုနှုန်းထက် ပိုပြီးတက်သွားမှာပဲ၊ ဈေးကွက်ဝယ်လိုအားနည်းလို့ ရှယ်ယာတန်ဖိုး နည်းမယ်ဆိုရင်တော့ ရှယ်ယာဝယ်တဲ့သူက သိပ်မကိုက်ဘူးပေါ့။ ဒါက ကုမ္ပဏီကလုပ်ပေးလို့ရမယ့် ကိစ္စမဟုတ်ဘူး၊ ဈေးကွက်ပေါ်မူတည်ပြီး ပြောင်းလဲသွားမယ့် ကိစ္စပါ” ဟု ဗဟိုဘဏ်ဥက္ကဌ ဦးဆက်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိငွေဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းအထက် ရှိနေပြီး ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်ဟုလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။

လက်ရှိ အများပိုင် ကုမ္ပဏီများ၏ အခန်းကဏ္ဍနှင့် ရှယ်ယာများ၏ ခိုင်မာမှုတို့ မည်သို့ပင် ဖြစ်နေဖြစ်နေ မြန်မာနိုင်ငံ၏ စီးပွားရေး အရှိန်မြှင့်တင်မှုတွင် မရှိမဖြစ် လိုအပ်လာသော အရင်းအနှီးဈေးကွက် ရှိလာရေးအတွက် စတော့ အိတ်ချိန်းကို မလွဲမသွေ လုပ်ဆောင်ရမည်သာ ဖြစ်သည်။

သို့သော် စတော့အိတ်ချိန်း မြန်မာနိုင်ငံတွင် ဖြစ်လာရန်ဆိုသည့် အပိုင်းတွင် လိုအပ်ချက်များစွာ ကျန်ရှိနေသည့် အနေအထားဖြစ်သည်။

စတော့အိတ်ချိန်း အကောင်းအထည် ဖော်နိုင်ရေးအတွက် လက်ရှိတွင် Share certificate ငွေကြေးသက်သေခံလက်မှတ် ဥပဒေကို ပြဌာန်းထားပြီး လုပ်ထုံးလုပ်နည်း ဥပဒေကို ပြဌာန်းရန် ကျန်ရှိနေသေးသည်။

ထို့အပြင် စတော့တွင် လုပ်ပိုင်ခွင့် အာဏအရှိဆုံးဟု ပြောရမည်ဖြစ်ပြီး စတော့အိတ်ချိန်းကို လိုင်စင်ချပေးခြင်း၊ Security ကုမ္ပဏီများကို လိုင်စင်ချပေးခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်ရမည့် ငွေကြေးသက်သေခံ လက်မှတ် ကြီးကြပ်ရေးကော်မရှင် Stock Exchange Commission ကို ဖွဲ့စည်းရမည် ဖြစ်သည်။

ထိုကော်မရှင်တွင် အစိုးရမဟုတ်သော သူများလည်း ပါဝင်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားရာ ယင်းကော်မရှင်တွင် ပါဝင်မည့် သူများ၏ ကျွမ်းကျင်မှု အရည်အချင်းပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ရှိနေပါမည်။

စတော့အိတ်ချိန်း အရောင်းအ၀ယ်များတွင် ကြားဝင်ဆောင်ရွက်ပေးရမည်ဖြစ်သော စတော့ကျွမ်းကျင်သည့် Security ကုမ္ပဏီ (နိုင်ငံတကာအခေါ် Broker) များလည်း ရှိလာဖို့လိုသည်။ လက်ရှိတွင် MSEC ကုမ္ပဏီတခုတည်းသာ ရှိသည်။ ထို့ပြင် စတော့တွင် စာရင်းဝင် ရောင်းချခွင့်ရှိလာမည့် Listed ကုမ္ပဏီများ ပေါများရန်အပိုင်းတွင်လည်း စတော့အိတ်ချိန်း၏ စံသတ်မှတ်ချက်များ အလျှော့အတင်းပိုင်းက လိုလာဦးမည် ဖြစ်သည်။

လက်ရှိအနေအထားအရ ပူးပေါင်းလုပ်ဆောင်မည့် ဂျပန်နိုင်ငံမှ Diawa ကုမ္ပဏီ၊ တိုကျိုစတော့ အိတ်ချိန်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် Joint Venture လက်မှတ် မထိုးရသေးသည့် အခြေအနေဖြစ်သည်။

လိုအပ်ချက်များစွာ ကျန်ရှိနေသော စတော့အိတ်ချိန်း အခြေအနေနှင့် ပတ်သက်၍ သက်တမ်းရင့် အများပိုင်ကုမ္ပဏီ တခုဖြစ်သည့် FMI ဥက္ကဌ ဦးသိမ်းဝေက “ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်မလားဆိုတာ လွယ်လွယ်ကူကူ ပြောလို့မရဘူး။ သူကဖြစ်လာဖို့ရာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလိုအပ်ချက်တွေ ပြည့်စုံလာရင်တော့ ဖြစ်သွားမှာပေါ့၊ မပြည့်စုံရင်တော့ နှောင့်နှေးသွားမှာပေါ့၊ ဒါကလည်း လာမယ့်တနှစ်၊ တနှစ်ခွဲမှာ စောင့်ကြည့်ရမယ့် အချက်တွေပါ” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်တွင် စတော့အိတ်ချိန်း စတင် အကောင်အထည်ဖော်နိုင်မည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိ ပြီးစီးမှု အခြေအနေများအရ ဝေးနေဦးမည် ဖြစ်သည်။ ထို့အတူ စတော့ဈေးကွက် ပီပြင်စွာ ဖြစ်မလာသေးသ၍ အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းဝယ်မှုတွင်လည်း ရင်းနှီးမြှုပ်နှံသူများဘက်မှ ဆုံးရှုံးမှု Risk များကိုတွက်၍ မြှုပ်နှံနေရသော၊ ခိုင်မာမှု မရှိသည့် အခြေအနေက ဆက်၍ ရှိနေဦးမည် ဖြစ်သည်။

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ ..............

ဇော်ဇော်ထွေး
ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဖမ်းဆီးရေးအဖွဲ့သည် ကြိုတင်သတင်းအရ (၁၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ (၄၉)လမ်းနှင့် လမ်း (၅၀)ကြားတွင်စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် ဈေးရောင်းသူ မအေးအေးရီ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူမ၏ မိန်းမကိုင်သားရေအိတ်အတွင်းမှ အဖြူရောင်မှိုင်းခံစက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြားပေါင်း (၉၈၀၀)ပြားကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ မူးယစ်ဆေးပြားတစ်ပြားလျှင် ကာလပေါက်ဈေး ၅၀၀၀ ကျပ်ရှိသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြားများ၏ တန်ဖိုးမှာ သိန်း (၄၉၀) ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးထံမှ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု နှင့် ဧည့်စာရင်း စာရွက်မိတ္တူ တစ်စောင်တို့ကိုပါ သိမ်းဆည်းရမိ လိုက်သည်ဟု ဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သူ မအေးအေးရီအပေါ် အရေးယူပေးရန် ရဲအုပ် ဇော်ဇော်နိုင်က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ပုဇွန်တောင် ရဲစခန်းက မယ(ပ)၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူရန် အမှုစစ် ဒုရဲအုပ် မောင်မျိုးက ဆက်လက်စစ်ဆေးလျက်ရှိသည်။

အသက် ၁၀၇ နှစ်ရှိပြီဖြစ်သည့် အမျိုးသမီးကြီးက ယောင်္ကျား လိုချင်ကြောင်း သက်ဆိုင်ရာ ကို ထုတ်ဖော်ပြောဆို ..


တရုတ်ပြည်တောင်ပိုင်း ဂီရှူ ပြည်နယ်မှာ အသက် ၁၀၇ နှစ်ရှိပြီဖြစ်သည့် အမျိုးသမီးကြီးက ယောင်္ကျား လိုချင်ကြောင်း သက်ဆိုင်ရာ ကို ထုတ်ဖော်ပြောဆို သတင်းပေးလာ သည့် အတွက် တရုတ် ပြည်နယ်မှ အုပ်ချုပ်ရေးပိုင်းအရာရှိများ ယောင်္ကျားအမြန်ရှာနေကြ ကြောင်း သိရပါ တယ်။

အရွယ်ကောင်းတုံးက အမကို ခဲအိုက နှိပ်စက်။ အဒေါ်ကို ဦးလေးကရိုက်နှက်တာကြောင့် ရော၊ အိမ်ထောင်ရေး အဆင် မပြေလို့ ငိုယို နေကြတဲ့ အမျိုးသမီးများဟာ ထမင်းချက် အ၀တ် လျှော် ကလေးမွေးနဲ့ ဘာအခွင့်အေရေးမှ မရတဲ့အတွက် လင်ယူ သားမွေး ရမှာ ကြောက်လို့  အပျိုကြီးအဖြစ်နဲ့ နေခဲ့တာပါတဲ့။

အခု အဖွားလေး ၀မ်ယူရှင်းက အသက် ၁၀၂ နှစ်အရွယ်မှာ ခြေထောက်ကျိုးသွားလို့ ကိုယ့် အ၀တ်ကို ကိုယ်မေလျှာ်နိုင် တော့တဲ့ အပြင် တူ တူမတွေကလည်း အငယ်ဆုံးကတောင် အသက် ၆၀ ကျော်နေပြီမိုလို့  အိမ်ထောင်ပြုလိုကြောင်း ၊သတိုး သားရှာပေးကြပါ လို့  ပြောဆိုပါတယ်။

အသက် ၁၀၀ ထက်မငယ်တဲ့ သတိုးသားတစ်ယောက် ရယူနိုင် မလားလို့ ဒေသ တာဝန်ခံများက ၀ိုင်းဝန်း ကူညီ ရှာဖွေ နေကြပြီး စိတ် ၀င်စားသူတွေ့ ရင်လက်တို့ သတင်းပေးကြရန် မေတ္တာရပ်ခံ ထားကြောင်း သိရပါတယ်။

VOA news/ Mirror Daily

နောက်ခြေ ၂ ချောင်းလုံး မရှိတဲ့ စွန့်ပစ်ခံ ခွေးမလေး ချူပေါင် ..........

အမေ့ မေတ္တာ

Tuesday, March 4, 2014
နောက်ခြေ ၂ ချောင်းလုံး မရှိတဲ့ စွန့်ပစ်ခံ ခွေးမလေး ချူပေါင် ဟာ သူ့ဘဝကို သူ အရှုံး မပေးပဲ သား သမီးတွေကိုတောင် ဂရုစိုက်နေတာ သာမန်ခွေး မိခင်တွေလိုပါဘဲ။ 

 ဓာတ်ပုံ- China News

တကယ်တော့ မသန်ပေမယ့် စွမ်းနေဆဲ ချူပေါင် ဟာ ပိုင်ရှင်ဖြစ်သူရဲ့ စွန့်ပစ်ခံခဲ့ရပြီး နေစရာ၊ စားစရာ ခက်ခဲနေချိန်မှာ တရုတ်နိုင်ငံ ဒန် တုန် ရှန်ဇီ မြို့က ဘူတာရုံတခုကို အမှီပြုနေထိုင်ရင် ရထားတစီးက ကြိတ်လိုက်လို့ သူ့ရဲ့ နောက်ခြေ ၂ ဖက်လုံး ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ China News သတင်းတပုဒ်က ဆိုပါတယ်။ 



အဲဒီအချိန်ကစပြီး ချူပေါင်ဟာ ခြေ ၂ ဖက်မရှိတဲ့ မသန်စွမ်းခွေးမ တကောင်ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် အခုတော့ သူ့မှာ သား၊ သမီးတွေလည်း ထွန်းလာလာပြီး တိရိစ္ဆာန် မသန်စွမ်း ခွေးမတကောင်ဖြစ်ပေမယ့် သူ့ရဲ့ သားသမီး ၄ ကောင်ကို သူက ဂရုစိုက်စောင့်ရှောက်မှုကတော့ မိခင်မေတ္တာကို အဓိက ထင်ဟတ်
စေပြီး မြင်ရသူတွေလည်း ရင်နင့်အောင် ခံစားရနိုင်ပါတယ်။ 


လက်ရှိအချိန်မှာ တရုတ်နိုင်ငံမှာ အိုးအိမ်မဲ့ ခွေးပေါင်း သန်း ၁၃ဝ လောက် ရှိတယ်လို့ ဆိုပြီး အထူးသဖြင့် မြို့ပြ တွေ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှုတွေက ခွေးတွေဟာ ဓားစာခံတွေ ဖြစ်လာနေတယ်လို့ အဆိုပါ သတင်း က ဖော်ပြထားပါတယ်။ 

အထူးသဖြင့်တော့ တရုတ်နိုင်ငံက တိရိစ္ဆာန်တွေအပေါ် ကန့်သတ်မှုတွေကြီးပြီး လူနေမှုစာရိတ်တွေက လည်း မြင့်မားလာတာကြောင့် လူတွေဟာ ခွေးတွေကို ဂရုတစိုက်မွေးမြူမှုတွေ မလုပ်လာနိုင်တော့ တာဖြစ်ပါတယ်။ 

တခါတရံ မြို့ကြီးပြကြီးတွေမှာ အဲဒီခွေးတွေကို ကယ်တင်ဖို့ ကြိုးစားမှုတွေ ရှိပေမယ့် နောက်ပိုင်းမှာ ခွေး
တွေ ဟာ မကြာခဏဆိုသလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

အထူးသဖြင့်ကတော့ ခွေးတွေဟာ အစာ အခက်အခဲဖြစ်လာကြပြီး ခွေးလေ ခွေးလွင့် ပပျောက်ရေး စီမံချက် ကြောင့် တချို့ အစာတွေဟာလည်း အဆိပ်ခတ်ထားတာကြောင့် သေဆုံးမှုတွေလည်း မကြာခဏဖြစ်နေတာပါ။ 

အခုထိလည်း အိုးမဲ့ အိမ်မဲ့ စွန့်ပစ်ခံ၊ ပိုင်ရှင်မဲ့ ခွေးတွေဟာ အစာငတ်တာနဲ့ နာမကျန်းဖြစ်မှုတွေနဲ့ ရင်ဆိုင်
နေကြ ရတယ်။ ချူပေါင်ကတော့ သူ့သားသမီးတွေအတွက် ဒီလို အခက်အခဲတွေ မဖြစ်ဖို့ အထူးစောင့်
ရှောက် သင်ကြားမှုတွေ လုပ်ပေးနေပါတယ်တဲ့။ 


အိမ့်သံစဉ် ~ 



 


ထိုင်းမင်းသမီး၏ အိမ်အတွင်းသို့ ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံရ ............


အသက် ၂၄ နှစ်ရှိ အလုပ်ကြမ်းသမား Prajuab Poobualom သည် လွန်ခဲ့သော တနင်္ဂနွေညတွင် ထိုင်းနိုင်ငံမှ နာမည်ကျော် မင်းသမီး Preme ၏ အိမ်အား ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ Prajuab သည် အလုပ်လုပ်ဖော်များနှင့် အလုပ်ချိန်နောက်ပိုင်းတွင် အလုပ်နေရာတွင် အရက်အတူသောက်ခဲ့ကြသည်။ သူ၏အလုပ်မှာ မင်းသမီးနေထိုင်ရာ Nonthaburi Province ရှိ လမ်းတစ်လမ်းတွင်ဖြစ်ပြီး အရက်သောက်ပြီးနောက် မျက်နှာဖုံးစွတ်ကာ မင်းသမီး၏ အိမ်အတွင်းသို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။ ထိုရက်မတိုင်မီကတည်းက Prajuab သည် ချောမောလှပသော မင်းသမီးနေထိုင်ရာ အိမ်ဖြစ်မှန်း စုံစမ်းသိရှိထားပြီး ဖြစ်သည်။

ရဲမှတ်တမ်းများအရ Prajuabက မင်းသမီးအိမ်မှ တံခါးများသည် သော့ခတ်ထားခြင်းမရှိ၊ locked လုပ်ထားခြင်းမရှိသောကြောင့် အလွယ်တကူပင် အိမ်ထဲသို့ ၀င်ရောက်၍ ရကြောင်း ပြောခဲ့သည်။

သို့သော်လည်း မင်းသမီးသည် သူမအား မုဒိမ်းကျင့်ရန် ကြိုးစားသော Prajuab အား တုံ့ပြန်တိုက်ခိုက်ခဲ့သောကြောင့် မုဒိမ်းကျင့်မခံခဲ့ရသော်လည်း ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သည်။ Nonthaveij ဆေးရုံမှ မှတ်တမ်းများအရ အသက် ၂၅ နှစ်ရှိ Preme သည် မျက်ခုံးအချက် ၄၀ ချုပ်လိုက်ရသည် ဟုဆိုသည်။ Prajuabမှာမူ လွတ်မြောက်သွားပြီး သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်လက်၍ အရက်သောက်ခဲ့သေးသည်။

ထို့နောက် ရဲများမှ စုံစမ်းဖော်ထုတ်၍ Prajuabအား ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။




World Myanmar

သူသေကိုယ်သေ သတ်ပုတ်ပြီးနောက် စပါးကြီးက မီးကျောင်းကိုမြို ............


ဩစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်ရှိ မွန်ဒါရာရေချိုကန်တွင် ခြောက်ပေအရှည်ရှိ ရေချို
မိကျောင်းနှင့် စပါးကြီးမြွေတစ်ကောင်တို့ တစ်ညလုံး သူသေကိုယ်သေ တိုက်ခိုက်ကြပြီးနောက်
မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် စပါးကြီးက မီးကျောင်းကို ရစ်ပတ်ဖမ်းချုပ်နိုင်လိုက်ကာ
တစ်ကောင်းလုံးကို မြိုနေပုံကို တစ်ဖနီကောလစ် အမည်ရှိ အမျိုးသမီးက ၎င်း၏လက်ကိုင်ဖုန်း
ကင်မရာဖြင့် မှတ်တမ်းတင်ထားပုံများကို တင်ပြလိုက်ပါသည်။

ထိုအမျိုးသမီး၏ အဆိုအရ မီးကျောင်းက စပါးကြီးမြွေကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
နှစ်ကောင်စလုံး မောပန်းလာချိန်တွင် မီးကျောင်းက ထွက်ပြေးမည်ပြုသော်လည်း စပါးကြီး
ချက်ကောင်းကိုင်ကာ မီးကျောင်း တစ်ကိုယ်လုံးကို ရစ်ပတ်နိုင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မီးကျောင်း တစ်ကောင်လုံးကို မြိုပြီးနောက် စပါးကြီးမြွေမှာ နဂိုထက်နှစ်ဆခန့်ကြီးလာပြီး
ရေကန်ဘေးကန်စပ်တွင် ငြိမ်သက်စွာ နေနေကြောင်း တစ်ဖနီကောလစ်က ဆိုသည်။









ဓါတ်ပုံ - အေအက်ဖ်ပီ

သက်လှိုင် ဘာသာပြန်သည်။
မြန်မာတိုင်း(မ်)

ချစ်သူရှိပေမယ့် အိမ်ထောင်ပြုဖို့တော့ လိုပါသေးတယ် ဆိုတဲ့ ချစ်စနိုးဦး .................


ချစ်စနိုးဦးက အနုပညာ လှုပ်ရှားမှုအနေ နဲ့နယ်ပွဲတွေမှာ သီချင်းတွေသွား ရောက် ဆိုဖြစ်နေသလို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ “ခိုနား ခွင့်ပေးပါ” ဗီစီဒီအတွက် စတင်ရိုက် ကူးနေပြီ ဖြစ်တယ် လို့ပြောပြ ခဲ့ပါတယ်။

လတ်တလော ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး လည်း ချစ်စနိုးဦးက “ဒီအရွယ်ရောက်နေပြီ ဆိုတော့ ချစ်သူ ရည်းစား ကတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့ ကတော့ လိုပါသေးတယ်။ အစ်မကို နားလည်ပေးနိုင်မယ့်သူ၊ အစ်မကလည်း ချစ် တဲ့သူ၊ ပြီးတော့ အားကိုးလို့ ရမယ့်သူ၊ စိတ် ထားကောင်း မယ့်သူ အဲဒါဆို အစ်မရဲ့ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်သွားမှာပါ။
မိန်းကလေး တိုင်းအိမ်ထောင်ပြုဖို့ ကတော့ ထီထိုးသလိုပါပဲ။ အကောင်းဆုံးတော့ လူတိုင်း လိုချင်ကြတာပေါ့ ။ဒါပေမဲ့ ကိုယ့်လက်ထဲ ကျတော့ ဘယ်လိုဖြစ်သွားမယ် ဆိုတာတော့ ကိုယ့်ကံနဲ့ပဲဆိုင်ပါ တယ်။ မျှော်မှန်းထား တာတော့ ကိုယ့်ဘက်က အကောင်းဆုံး ပျော်ရွှင်တဲ့အိမ် ထောင် ၊မိသားစုဘဝကို မျှော်လင့်မိပါ တယ်”လို့ ပြောပါတယ်။

“ခိုနားခွင့်ပေးပါ” ဗီစီဒီ မှာလည်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင် မှာဖြစ်ပြီး စရိုက်တဲ့ သီချင်းနှစ်ပုဒ်မှာတော့ ဥာဏ်လင်းအောင်နဲ့ ဆုပန်ထွာ၊ ခင်လေးနွယ်နဲ့ ထွန်းထွန်း တို့နဲ့အရင် စရိုက်သွားမှာဖြစ်တယ် လို့ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

၂၀၁၄ အတွက် ရွေးချယ်ဝယ်သူအသုံးပြုသင့်တဲ့ Phablet အမျိုးအစား (၈) မျိုး......................

Tuesday, March 4, 2014

ဒီနှစ်ဆန်းအတွက် တက်ဘလက်...

ဒီနေ့ခေတ်မှာတော့ ဖုန်းကို fashion တခုအနေနဲ့ကော entertainment အတွက်ပါ အသုံးပြုလာကြပါပြီ...

သီဟတိုး ရေးသားသည် ~

နည်းပညာခေတ်ရေစီးကြောင်းထဲက လူငယ်တွေအတွက်တော့ ဖုန်းဟာ မရှိမဖြစ် ပစ္စည်းတခုဖြစ်လာပါတယ်။

smart phone တွေမပေါ်ခင်၂၀၀၀ ခုနှစ် အစောပိုင်းကာလတွေမှာ ဖုန်းကို တယောက်နဲ့တယောက် ဆက်သွယ်စကားပြောဖို့အတွက်ပဲ အသုံးပြုခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ ဖုန်းကို fashion တခုအနေနဲ့ကော entertainment အတွက်ပါ အသုံးပြုလာကြပါပြီ။

Smart phoneတလုံးမှာဆိုရင် entertainment အတွက် ဖုန်းမှာအသုံးပြုလို့ရတဲ့ function အလွန်စုံလှပါတယ်။ Smart phone တလုံးရှိရုံနဲ့တင် ဓာတ်ပုံ၊ ဗီဒီယိုရိုက်လို့ရ၊ အသံဖမ်းလို့ရ၊ ဂိမ်းဆော့လို့လည်းရတဲ့အပြင် အင်တာနက်သုံး၊ စာအုပ်ဖတ်၊ ဂဏန်းတွက်ချက်..စသဖြင့် မျိုးစုံလုပ်လို့ရတဲ့အတွက် စမတ်ဖုန်းကို All in one လို့တောင် ဗန်းစကားအသုံးပြုပြီး ခေါ်ဝေါ်နေကြပါပြီ။

Tablet လို မျက်နှာပြင်အရွယ်အစား ခပ်ကြီးကြီးဖုန်းတွေကိုတော့ Phablet လို့ ခေါ်ကြပါတယ်။

Phablet ဆိုတဲ့ အသုံးအနှုန်းကတော့ Phone နဲ့ Tablet ကို ပေါင်းစပ်ထားတဲ့ အခေါ်အဝေါ်ဖြစ်ပြီးတော့ Tablet မျက်နှာပြင်အရွယ်အစားမကျတကျ မျက်နှာပြင်အရွယ်အစား ငါးလက်မကျော်တဲ့ ဖုန်းတွေကိုခေါ်တာပဲဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ မျက်နှာပြင်အရွယ်အစား ပြားပြားကြီးကြီးဖုန်းတွေပေါ့။

Tablet အရွယ်အစားလောက် မကြီးပေမယ့် သာမန်စမတ်ဖုန်းတွေထက်တော့ အနည်းငယ်ပိုကြီးပြီး Function လည်း ပိုမြင့်တာကြောင့် ဈေးနှုန်းကလည်း မသေးပါဘူး။ ဒါပေမယ့် သုံးစွဲသူတွေအပေါ်ကိုတော့ စိတ်ကျေနပ်ဖွယ် နည်းပညာ အရသာအသစ်အဆန်းတွေ ပေးစွမ်းနိုင်တာ အမှန်ပါပဲ။

Phablet မှာပါဝင်တဲ့ ရုပ်သံစနစ်၊ ဂိမ်းစနစ် အစရှိတာတွေကလည်း နောက်ဆုံးပေါ် HD Version ဆိုတော့ ကြည်လင်ပြတ်သားမှုအပိုင်းကလည်း အမြင့်မားဆုံးအနေအထားမှာရှိနေတာမို့ သုံးစွဲသူတွေအကြိုက်ပါပဲ။ ဒါပေမယ့် iphone ချစ်သူတွေအတွက်ကတော့ Apple က ငါးလက်မအထက် မျက်နှာပြင်ကျယ်တဲ့ iphone ကို ခုထိ မထုတ်လုပ်သေးပါဘူး။

ဒါပေမယ့် သိပ်မကြာခင်မှာတော့ ၄.၇လက်မ အရွယ်အစားရှိတဲ့ အိုင်ဖုန်း မော်ဒယ်အသစ်ကို ထပ်ပြီး မိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေကတော့ထွက်နေပါတယ်။

iPhone အတွက် အသစ်သစ်ထွက်ပေါ်လာတဲ့ ဂိမ်းတွေနဲ့ ဆော့ဖ်ဝဲတွေက အလကားမရဘဲ ဈေးပေးပြီးဝယ်ရတာကြောင့် နည်းပညာအသစ်တွေကို အင်တာနက်ရှိရုံနဲ့ ဒေါင်းလုတ်ဆွဲ အလကားရနိုင်ပြီး ဖုန်းအချင်းချင်းလည်း Buletooth, Zappya , Flash Transfer အစရှိတဲ့ ဆော့ဖ်ဝဲတွေနဲ့ data sharing လုပ်နိုင်တဲ့ Android OS အသုံးပြု smart phone တွေကို ပိုပြီးလူသုံးများကြပါတယ်။

ဒါပေမယ့်လည်း iPhone ချစ်သူခရေဇီတွေကလည်း iPhone, iPad, iPod အစရှိတဲ့ Apple products တွေကိုမှ စွဲစွဲလန်းလန်း ရူးရူးသွပ်သွပ် သုံးစွဲနေကြဆဲပါပဲ။

ဒီလို ဒီလိုရွေးချယ်စရာ Phablet အမျိုးအစားတွေ အများကြီးထဲကမှ ဒီနှစ် ၂၀၁၄ အတွက် ရွေးချယ်ဝယ်သူအသုံးပြုသင့်တဲ့ Phablet အမျိုးအစား (၈) မျိုးနဲ့ ဘာကြောင့် ရွေးချယ်ဝယ်ယူ အသုံးပြုသင့်လဲဆိုတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

..................................................................................

(၁) HTC One Max – မျက်နှာပြင် အရွယ်အစားက ၅.၉ လက်မရှိပြီး အသုံးပြုထားတဲ့ Android OS version ကတော့ 4.3 ဖြစ်ပါတယ်။ Sense က 5.5 ဖြစ်ပြီး display resolution က 1920x1080 pixels ဖြစ်တာကြောင့် ရုပ်ထွက်၊ ကာလာတို့က ပြောစရာမလိုအောင်ကို ကောင်းပြီးသားမို့ ဂိမ်းပဲဆော့ဆော့၊ ဗီဒီယိုဇာတ်လမ်းပဲကြည့်ကြည့် အမိုက်စားဖြစ်နေမှာ အမှန်ပါပဲ။ BoomSound speaker ကို အသုံးပြုထားတာကြောင့်လည်း သီချင်းချစ်သူတွေ အကြိုက်ပဲပေါ့။

..................................................................................

(၂) Samsung Galaxy Mega - မျက်နှာပြင်အရွယ်အစားကတော့ ၆.၃ လက်မရှိပြီး display resolution က 1280x720 pixels ဖြစ်တဲ့အတွက်ကြောင့် သုံးစွဲသူအတွက် အသင့်အတင့်ပဲလို့ ဆိုရပါမယ်။ internal memory 8GB အထိပဲ ကန့်သတ်ထားပြီး ဈေးနှုန်းအားဖြင့်လည်း အရမ်းဈေးမကြီးတဲ့ Phablet အမျိုးအစားတခုဖြစ်ပါတယ်။

..................................................................................

(၃) Huawei Ascend Mate - ရုပ်ထွက်ဂိမ်းကောင်းကောင်း ဆော့လိုသူတွေအတွက် အရမ်းကြီး အဆင်ပြေလှတဲ့ Phablet အမျိုးအစားမျိုးတော့ မဟုတ်ပါဘူး။ ဘက်ထရီကတော့ epic battery life ဖြစ်တဲ့အတွက် အားတော်တော်ခံပါတယ်။ သူကလည်း ဈေးသက်သာပြီး ဒီဇိုင်းဆန်းတဲ့ Phablet ပါပဲ။ CPU ကို Quad-Core processor အသုံးပြုထားတဲ့အတွက်ကြောင့် သွက်လက်ပေါ့ပါးပြီး သုံးစွဲကို စိတ်ချမ်းသာစေမှာပါ။
..................................................................................

(၄) Samsung Galaxy Note 2 - သူ့ကိုတော့ အထွေအထူးပြောစရာမလိုလှပါဘူး။ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မကို အသုံးပြုထားပြီး CPU 1.6GHz quard-core အသုံးပြုထားပါတယ်။

..................................................................................

(၅) Samsung Galaxy Note 3 – Phablet ခရေဇီတွေ အကြိုက်ဆုံးထဲက တခုပါပဲ။ ၅.၇ လက်မအရွယ်အစားရှိတဲ့ မျက်နှာပြင်နဲ့ 1920x1080 pixel resolution display ဖြစ်ပြီး ဘက်ထရီအားလည်းခံတာမို့ သုံးစွဲသူတွေနှစ်သက်မှာပါ။ S pen ပါဝင်တာကြောင့် သုံးစွဲသူကို တခြား Phablet တွေနဲ့ မတူညီတဲ့ အရသာတမျိုးကို ပေးစွမ်းမှာ အမှန်အကန်ပါပဲ။

..................................................................................

(၆) Sony Xperia Z Ultra _ မျက်နှာပြင်အရွယ်အစား ၆.၄ လက်မရှိတာကြောင့် တော်တော်ကြီးတဲ့ Phablet တမျိုးဖြစ်ပြီး အသုံးပြုထားတဲ့ နည်းပညာတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။ 344 pixels display ရှိတာကြောင့် HD version MTV ကြည့်မယ့်သူတွေအတွက်ကတော့ အရမ်းမိုက်တဲ့ ဖုန်းတလုံးဖြစ်လို့ သုံးစွဲသူကို စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်မှာပါ။

..................................................................................

(၇) Oppo N1 –သုံးစွဲသူကို အမြင်တမျိုးဆန်းသွားစေပြီး မျက်နှာပြင်အရွယ်အစားကတော့ ၅.၉ လက်မအရွယ် ခပ်ကြီးကြီးထဲကပါပဲ။ ဈေးနှုန်းကတော့ အသင့်အတင့်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လူသုံးသိပ်မများတဲ့ အမျိုးအစားတခုပါပဲ။

..................................................................................

(၈) Nokia Lumia 1520 –Microsoft ရဲ့ Window 8 OS ကို အသုံးပြုထားတဲ့ ဖုန်းတမျိုးဖြစ်ပြီး 1920x1080 Full HD IPS display အပြည့်အဝ ပါဝင်ပြီး မျက်နှာပြင်အရွယ်အစား ၆ လက်မရှိတဲ့ Nokia Phablet အမျိုးအစားပဲဖြစ်ပါတယ်။


..................................................................................

ဧရာဝတီ Blog

ကမ္ဘာ့ပထမဆုံး လက်တော့...................





သမိုင်းမှတ်တမ်းတွေ အရတော့ ကမ္ဘာ့ပထမဆုံး လက်တော့ကို ၁၉၈၁ ခုနှစ်မှာ တည်ထွင်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ အသုံးပြုနေတဲ့ လက်တော့တွေနဲ့တော့ အတော်လေး ကွာခြားပါတယ်။
မျက်နှာပြင် ၅ လက်မသာဖြစ်ပြီး memory ကတော့ 64 Kb ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် အတော်လေး လေးပါတယ်။ အလေးချိန်ကတော့ 24 ပေါင်ဖြစ်ပါတယ်။ နည်းပညာ မဖွံဖြိုးသေးတဲ့ အတွက် အသုံးပြုရတာ အတော်လေး မလွယ်ကူပါကူး။ အဲဒီခေတ် တုန်းက ဈေးနှုန်းအရ ဒေါ်လာ ၁၇၉၅ တန်တယ်လို့ သိရပါတယ်။
ဒီဇိုင်းပိုင်း ကတော့ ပုံမှာမြင်တွေ့ရတဲ့ အတိုင်းဖြစ်ပါတယ်။ ၁၉၈၂ နောက်ပိုင်း ဒီထက်ကောင်း တာတွေကို တဖြည်းဖြည်း တီထွင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 



Thihahtike

အမြန် လမ်းမတွင် ခရီးသွား ယာဉ်နှစ်စီး လေးခွဖြင့် ပစ်ခတ် ခံရ..................









ရန်ကုန်၊ မတ် ၂

ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် အမှတ် ၁၂၈ မိုင် ၃ ဖာလုံ အနီးတွင် မတ်လ ၁
ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်က H-A-L Travel ယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်နှစ်
စီးကို အမည်မသိ လူတစ်စုက လေးခွဖြစ် ပစ်ခတ် ခဲ့ကြောင်း အဆိုပါ H-A-L Travel ယာဉ်
လိုင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုမိုးက ပြောကြားသည်။

အဆိုပါ ခရီးသည်တင် ယာဉ်နှစ်စီးမှာ လားရှိုးမြို့ ရှန်ခိုက် ဘုရားပွဲမှ ရန်ကုန်သို့ ပြန်လာခြင်း
ဖြစ်ပြီး ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် ၁၂၈ အနီးတွင် လမ်းမဘေး
ဘက်မှ လေးခွများဖြင့် ဝိုင်းဝန်း ပစ်ခတ် ခဲ့ခြင်းကြောင့် မောင်းနှင်လာသော ယာဉ်နှစ်စီး အ
နက် ရှေ့တစ်စီးသည် လေကာမှန် ကွဲသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခရီးသည်တွေတော့ ထိခိုက်မှု မရှိဘူး။ ဒရိုင်ဘာတော့ ခေါင်းပေါက် သွားတယ်။ အခုတော့
ဖြစ်တဲ့ နေရာနဲ့ အနီးဆုံးက ဗောဓိကုန်းသူ ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ၎င်းကဆက်
လက် ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုသည် အုတ်တွင်းမြို့နယ် ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူနေရွာနှင့် ခု
နစ်မိုင်ခန့် ဝေးကွာကြောင်း၊ ပစ်ခတ်သော လူဦးရေ အရေအတွက်ကို အတိအကျ မသိရှိနိုင်
ကြောင်း၊ အမှုနံပါတ် ၃၇၉ နှင့် အမှုဖွင့်ထားကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြား
သည်။

“လောလောဆယ်တော့ ကျွန်တော်တို့ တရားခံလို့ ယူဆရတဲ့သူ နှစ်ယောက်ကိုတော့ ဖမ်းမိ
ထားပါ။ ကျန်တာ ကတော့ စစ်ဆေး ဆဲပါ” ဟု ဗောဓိကုန်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

လေးခွဖြင့် ပစ်ခေတ် ခံရသော ခရီးသွား ယာဉ်နှစ်စီး ပေါ်တွင် ခရီးသည် ၁၀၀ ကျော်ခန့် ပါဝင်
ကြောင်း ပစ်ခတ်ခံရသော H-A-L Travel ယာဉ်လိုင်းထံမှ သိရှိရသည်။

The Voice Weekly

စာအုပ် စုဆောင်းလိုသူများ မင်းမြတ်သူရ၏ ၀တ္ထုစာအုပ် 16 အုပ် ဒေါင်းယူနိုင်ပါပြီ.....................




တစ်အုပ်ချင်း လိုက်ရှာစရာမလိုအောင် စုစည်းထားပါတယ် ဖိုင်တစ်ခုထဲမှာ

စုပေါင်းထည့်ထားတာမို့  တစ်ကြိမ်ဒေါင်းလုပ်ယူရုံနဲ့ အကုန်ရယူနိုင်ပါတယ်

စာပေစုဆောင်းလိုသူများ ၀ယ်ရ ငှားရမလွယ်သူများ အောက်ကလင့်နှိပ်ယူ
 
Download - မင်းမြတ်သူရ - 16 အုပ်

MyanPay အွန်လိုင်း ငွေပေးချေမှုစနစ်တွင် မာစတာကတ် စတင် အသုံးပြုနိုင်ပြီ ...........................




အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် MyanPay Online System (Online Payment Gateway) တွင် မာစတာကတ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။   မတ်လ ၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားကြောင်း MyanPay ၏ တာဝန်ရှိသူက ပြောသည်။ “မာစတာကတ် ကိုင်ဆောင်တဲ့သူ မည်သူမဆို MyanPay အကောင့်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။ MyanPay အကောင့်အသုံးပြုရန်အတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်၍ ဘဏ်ဖွင့်ရက်တွင်သာ သွားရောက်ဆောင်ရွက်နိုင်ကြောင်း၊ ယခုအခါ မာစတာကတ်ဖြင့် ငွေပေးချေနိုင်ပြီဖြစ်၍ ဘဏ်သို့ သွားရောက်စရာမလိုတော့ကြောင်း ဆက်လက်ပြောကြားသည်။ ရုံးပိတ်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ခြင်း၊ ၂၄ နာရီ အသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိလာမည်ဖြစ်ကြောင်း ဆိုသည်။   MyanPay စနစ်မှာ အင်တာနက်မှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ ငွေလွှဲပေးပို့ရာတွင် MyanPay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်းပေးပို့လိုသူ၏ အီးမေးလ်လိပ်စာသိရှိရုံဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ အကောင့်တစ်ခုရ ယူ၍ ငွေလက်ခံရန်အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။ ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြားပေးကြောင်း သိရသည်။   “လက်ရှိမှာ MyanPay ထဲကို မြန်မာပြည်တွင်းမှာရှိတဲ့ Bank ခွဲပေါင်း ၅၁၀ ကျော်ကနေ ငွေသွင်းလို့ ရပါတယ်။ အခု MyanPay ထဲကို Mastercard ကနေ ချက်ချင်းငွေသွင်းနိုင်အောင် စီစဉ်ပေးလိုက်တာပါ။ နောက်ပိုင်းတွေ VISA ကတ်ကပါ ချက်ချင်းငွေသွင်းနိုင်အောင် ဆက်လုပ်နေပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ Internet Banking မရှိသေးတော့ ဘဏ်ကို သွားရတဲ့အဆင့် ရှိပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေ MPU ကတ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်းပေးမန့်စနစ်တွေနဲ့ ချိတ်ဆက်ပြီး တိုးချဲ့ဝန်ဆောင်မှုပေးဖို့ လုပ်နေပါတယ်။ MyanPay က ငွေလွှဲရုံပဲ။ အဓိက လုပ်ဆောင်တာ မဟုတ်ပါဘူး။ MyanPay က Online Payment ပါ။ Online Shopping Website တွေမှာ ငွေပေးချေလို့ရအောင် စီစဉ်ပေးတဲ့ ဝန်ဆောင်မှုပါ” ဟု MyanPay မှ ဦးရန်နောင်စိုးက ပြောသည်။   မာစတာကတ် အသုံးပြုသူများအနေဖြင့် www.myanpay.com.mm သို့ ဝင်ရောက်ကာ Login ပြုလုပ်ပြီး မာစတာကတ်အတွက် သတ်မှတ်ထားသော Link ထံသို့ Click လုပ်ကာ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “MyanPay ထဲကို ငွေသွင်းရင်တော့ မြန်မာငွေပဲ သွင်းရမှာပါ။ Exchange Rate ကတော့ CB Bank က သတ်မှတ်ထားတဲ့ Rate အတိုင်း Currency Exchange လုပ်သွားမှာပါ။ ဥပမာ- မြန်မာငွေ ၁၀၀,၀၀၀ သွင်းရင် Master Card ထဲကနေ USD 100 ဝန်းကျင်နှုတ်သွားမှာပါ။ 1 USD = 1000 Kyats ဆိုရင် မြန်မာငွေ ၁၀၀,၀၀၀ သွင်းရင် Mastercard ထဲကနေ USD 100 ဝန်းကျင်နုတ်သွားမှာပါ” ဟု ဆက်လက်ပြောကြားသည်။ 

ထွန်းထွန်း


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

အူရီဒူးက 3G ကွန်ရက်စနစ်ကို စမ်းသပ်အသုံးပြု နေပြီဟုဆို......................




ဆက်သွယ်ရေး လိုင်စင်ရ အော်ပရော အူရီဒူးမြန်မာ၏ 3G ကွန်ရက်စနစ်ကို ပြည်တွင်းတွင် စမ်းသပ်အသုံးပြုမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု အူရီဒူးမြန်မာက မတ် ၄ ရက်တွင်သတင်းထုတ်ပြန်သည်။

အဆိုပါ ကွန်ရက်တွင် အချက်အလက်များ ချိတ်ဆက်ခြင်း ၊ စာတိုပေးပို့လက်ခံခြင်း ၊ အသံလှိုင်း အရည်အသွေး စမ်းသပ်ခြင်း များပြုလုပ်နိုင်ပြီဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အူရီဒူးကွန်ရက်ကို စတင်မိတ်ဆက်သောပွဲတွင် အူရီဒူးမြန်မာ၏ ဝန်ထမ်းများနှင့် တက်ရောက်လာသူ များက မိုဘိုင်းဖုန်းများဖြင့်စတင်စမ်းသပ်ခဲ့ပြီး စာတိုပေးပို့လက်ခံခြင်းနှင့် အင်တာနက်အသုံးပြုခြင်းများအား စမ်းသပ် အသုံးပြုခဲ့ကြသည်။

“ယခုကဲ့သို့ အောင်အောင်မြင်မြင်စမ်းသပ်အသုံးပြုနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူ ပါသည် “ ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောသည်။

Ross Cormack က “ ကျွန်တော်တို့ ကွန်ရက်ဖြန့်ကျက်ရာမှာ ဒီနေ့ အခုလိုအောင်အောင်မြင်မြင်ကွန်ရက်ကို ရရှိသွားတာဟာ အူရီဒူးမြန်မာအတွက် သမိုင်းမှတ်ကျောက်တစ်ခုကို တည်ထောင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

အူးရီဒူးမြန်မာကို နေ့စဉ် အဖွဲ့ဝင်နေပြီဖြစ်တဲ့ ရောင်းဝယ်ဖောက်ကား သူတွေအတွက်ပါ စိတ်လှုပ်ရှား ပျော်ရွှင်စရာပါပဲ။ ” ဟု ပြောသည်။

အူရီဒူးမြန်မာ အနေဖြင့် လုပ်ငန်းလိုင်စင်၏ သဘောတူညီချက်များကို ပြည့်မီရန် ဆောင်ရွက်စဉ် အခက် အခဲများ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်ဟုလည်း Mr. Ross Cormack က ပြောသည်။

Ross Cormack က “ အချိန်တိုအတွင်းမှာ သတ်မှတ်ချက်တွေပြည့်မီဖို့ဆိုတာ တကယ်တော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကြုံတွေ့ရပါတယ်။ တာဝါတိုင်ဆောက်လုပ်ရေးတွေမှာ ဆောက်လုပ်ခွင့်တွေကျဖို့ ထင်ထား တာ ထက် ပိုကြာတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ် အဆင့်ဆင့်ကို အလျင်အမြန်ပြီးစီး ဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ် ” ဟု ဆိုသည်။

အူရီးဒူးက ကွန်ရက် ချိတ်ဆက် စမ်းသပ်ရာတွင် ရုံးချုပ် တည်ရှိရာ MICT Park နှင့် အနီးပတ်ဝန်းကျင်တွင် ကွန်ရက် ချိတ်ဆက် စမ်းသပ်ခြင်းဖြစ်သည်။ အူးရီးဒူး၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဇန်နဝါရီ ၃ဝ ရက်က ရရှိခဲ့ခြင်းဖြစ်သည်။


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံရသဖြင့် သေဆုံး (ထိတ်လန့် တက်သူများ နှလုံးရောအခံရှိသူများ သတင်းအပြည့်စုံနှင့် ဓါတ်ပုံ မကြည့်ရန် သတိပေးအပ်ပါသည်။ ) ............


မုံရွာ၊ မတ် ၎

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆားကျင်းကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံ ရသဖြင့် ယခုလ ၄ ရက်နေ့မနက် ၄ နာရီအချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ဆားကျင်းကျေးရွာနေ ကိုသန်းစိုး အသက်(၂၈) ဆိုသူသည် အရက်သေစာသောက်စားပြီးနောက် အရက်ဝိုင်းမှ ဒေါ်အေးစီ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး ထွန်းလွင် (ခ)နတ်ဆိုး ဆိုသူနှင့်ပတ်သက်၍ ယခင်က ရန်ကြွေးအား ကျေးနပ်မှုမရှိကြောင်း ထိုသူ၏ ဇနီးဖြစ်သူထံပြောဆိုခဲ့ရာ ဇ နီးဖြစ်သူမှ သူမ၏ ခင်ပွန်းဖြစ်သူကို တဆင့်ပြန်လည်ပြောပြရာ ထွန်းလွင်(ခ) နတ်ဆိုး ဆိုသူမှ နေအိမ်ရှိ အရိုးအသွား (၂)ပေ၊ (၄)လက္မရှိ ဓားရှည်တစ်ချောင်းဖြင့် ဆိုင်ကယ်စီးနင်းလာသည့် ကိုသန်းစိုးအား ခုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကိုသန်းစိုးမှာ ဒေါ်အေးစီ၏ နေအိမ်ရှေ့လမ်းပေါ်တွင် ဓားဒဏ်ရာများဖြင့် လဲနေသည့်အတွက် မုံရွာပြည်သူ့ ဆေးရုံကြီး အရေးပေါ်လူနာကုသရေးဌာနသို့ပို့ဆောင်၍ ဆေးကုသခဲ့ရာ ယခုလ မနက် ၄ နာရီအချိန်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကိုသန်းစိုးအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်ရာတွင် ယာဘက် လည်ပင်း၊ ပါးစပ်၊ နုတ်ခမ်း၊ မေးစေ့၊ ပခုံး၊ နဖူး၊ ဂျိုးစောင်း၊ ရင်ဘတ်၊ လက်ချောင်းစသည့်နေရာများတွင် ပြတ်ရှဒဏ်ရာ ၂၁ ချက် ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့မနက် ၁၁ နာရီအချိန်က မှုခင်းဆေးဆရာဝန်ကြီး၏ စစ်ဆေးပေါ်ချက်များအရ သိ ရသည်။

ထို့ကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်အေးစီမှ မုံရွာမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ၊(ပ) ၆၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆ အရ မူလက အမှုရေးဖွင့်ထားခဲ့သော်လည်း ဓားခုတ်ခံရသူမှာ သေဆုံးသွားသည့်အတွက် ပြစ်မှုပုဒ်မ ၃၂၆ မှ ၃၀၂သို့ အမှုအားပြောင်းလဲ ရေးဖွင့်ခဲ့ကြောင်း သိရသည်။

မှတိချက်။ ဤ ဓာတ်ပုံသည် သတင်းစာကျင့်ဝတ်များအရ ဖော်ပြရန် သင့်လျော်မှုမရှိသော်လည်း မှုခင်းကျဆင်းရေးအတွက် အရေးပါမည်ဟု ယုံကြည်မိရသဖြင့် အကြိမ်ကြိမ်အခါခါ ဆင်ခြင်သုံးသပ်ပြီးမှ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး ( မဇ္ဈိမ)

ဖားကန့်ဒေသတွင် ရေအရင်းအမြစ်များ ပျက်စီးပြီး ရေပိုမိုခက်ခဲလာ..................



ဖားကန့်မြို့တွင် ရေထွက်သည့် တောင်များအား တူးဖောက်လိုက်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ရေအရင်းအမြစ် ရှားပါးလာပြီး ယခုအချိန်တွင် သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

 ‘‘ရေအရမ်းခက်တယ်။ တစ်ပုံးရဖို့ အကြာကြီးစောင့်ရတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ ၀ယ်သုံးကြတယ်။ တစ်ပီပါကို ၃၀၀၀ ပေးပြီး ၀ယ်ရတယ်။ ဖားကန့်မြို့ဆို အပြင်ထွက်တာနဲ့ ဖုံတွေချည်းပဲ။ အိမ်ပြန်လာပြီး ရေချိုးမယ်လုပ်လည်း ရေမရှိဘူး။ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်’’ဟု ဖားကန့်မြို့ဒေသခံ ကိုဆိုင်းအောင်က ဆိုသည်။
         
ဖားကန့်ဒေသခံများသည် သောက်ရေအဖြစ် ရေသန့်ဝယ်ယူသုံးစွဲကာ သုံးရေများကို တစ်ပီပါလျှင် ကျပ် ၃၀၀၀ ပေး၍ ၀ယ်ယူသုံးစွဲနေကြရသည်။
         
ယခုကဲ့သို့ ဖားကန့်မြို့ ရေရှားပါးလာသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဖားကန့်မြို့ ကချင် နှစ်ခြင်းသင်းအုပ်ဆရာတစ်ဦးကဆိုသည်။ ယခင်က တောင်ကျရေများကျသည့် တောင်များကို အကုန် တူးလိုက်သည့်အတွက် ယခုကဲ့သို့ ရေရှားပါးလာခြင်းဖြစ်ကြောင်း သင်းအုပ်ဆရာက ဆက်လက်ပြောကြားသည်။
         
ဖားကန့်မြို့နယ်ရှိ ဒေသခံများသည် ယခင်က ဥရုချောင်းရေကို အသုံးပြုလျက်ရှိသော်လည်း ယခုအချိန်တွင် ထိုချောင်းရေမှာ ညစ်ပတ်နေသည့်အတွက် အသုံးပြု၍မရတော့ဘဲရှိသည်။
         
ဖားကန့်မြို့တွင် ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံအနှံ့မှ ကျောက်တူးသမားများ လူဦးရေ စုစုပေါင်း (၂) သိန်းခန့် နေထိုင်လျက်ရှိသည်။

Author: အောင်ခိုင် / မရန်

7day Daily

ဖားကန့်ဒေသအတွင်းရှိ ရေကန်တစ်ခု ဓာတ်ပုံ− မရန်

Tuesday, March 4, 2014

စားပွဲပေါ်တင်ကွန်ပြူတာလား၊ လက်ပ်တော့လား ...................

Monday, March 3, 2014

~


 


ကွန်ပြူတာဝယ်မယ်ဆိုရင် ဘာကို ရွေးမလဲ။ စားပွဲပေါ်တင်ကွန်ပြူတာလား၊ လက်ပ်တော့လား။
နှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ကိုယ်စီကိုယ်စီ ရှိနေကြပါတယ်။
တခါတရံမီးပျက်တယ် ဆိုတာမျိုးကို ကြုံရမယ် ဆိုရင် လက်ပ်တော့ ၀ယ်သင့်တာပေါ့။ ကဲ… ၀ယ်မယ်။

အားသာချက်က

၁။ မီးပျက်လည်း ကွန်ပြူတာ ဆက်သုံးလို့ရတယ်။ ဘက်ထရီအနေအထားပေါ် မူတည်ပြီး နောက်ထပ် နှစ်နာရီ လောက်တော့ သုံးနိုင်လိမ့်မယ်။ ဒီဗွီဒီထည့်ပြီး ဇာတ်ကားတကားတော့ ပြီးတဲ့အထိ ထိုင်ကြည့်နိုင်လိမ့်မယ်။

၂။ ရွှေ့ရသယ်ရ လွယ်တယ်။ လက်တဖက်တည်းနဲ့ ရွှေ့ပြောင်းနိုင်မယ်။

၃။ ပြရ လွယ်တယ်။ ပွဲတခု သွားတက်၊ လူတွေနဲ့ တွေ့ပြီး ကွန်ပြူတာထဲကဟာတွေ ပြသရ ရှင်းပြရမယ် ဆိုရင် ယူသွားပြရတာ လွယ်တယ်။

၎။ ၀န်ကျဉ်းတယ်။ ကွန်ပြူတာပိစိ ဆိုတော့  နေရာ မပေးရဘူး။

၅။ ကြိုးသိပ်မရှုပ်ဘူး။

စားပွဲတင် ရိုးရာကွန်ပြူတာမှာတော့ အဲဒီ ငါးချက်သော အားသာမှုတွေ မရှိနိုင်ဘူး။

အားနည်းချက်က

၁။ အခိုးခံရ လွယ်တယ်။

၂။ ပြုတ်ကျ လွယ်တယ်။ အရွှေ့အပြောင်းများ၊ လက်များတော့ ကျနိုင်တယ် တချိန်ချိန်မှာ။

၃။ မတော်တဆဖြစ်ရပ်နဲ့ တိုးတတ်တယ်၊ ဥပမာ … ကြမ်းပြင်ပေါ်ထားတဲ့အခါ ကလေး တက်နင်းမိတာမျိုး။

၎။ ကော်ဖီ၊ လက်ဘက်ရည်၊ ပက်ပ်ဆီ တခုခု ဖိတ်ကျရင် သေပြီဆရာ။

စားပွဲတင် ကွန်ပြူတာကြီးမှာတော့ အဲဒီ လေးချက်သော အားနည်းမှုတွေ မရှိနိုင်ဘူး။

 -

(အင်တာနက်ဆိုင်တွေမှာတော့ စားပွဲတင်ကွန်ပြူတာများပဲ သုံးပါတယ်)

စားပွဲတင်ကွန်ပြူတာအားသာချက်က

၁။ သူခိုးက သိပ်ပြီး မျက်စေ့မကျဘူး။

၂။ မရွှေ့မပြောင်းဖြစ်တော့ ပြုတ်မကျတော့ဘူး။ ငလျင် မလှုပ်သရွေ့ သို့မဟုတ် ကွန်ပြူတာနား ရန်မဖြစ်သရွေ့။

၃။ စားပွဲပေါ်မှာပဲ ထားတော့ တက်နင်းမိတာမျိုး မဖြစ်နိုင်။

၎။ အရည်တခုခု ကီးဘုတ်ပေါ် ကျရင်လည်း ပြဿနာလို့ ယူဆဖို့ မလို။ ကွန်ပြူတာကို ထိခိုက်မယ် မဟုတ်။

ကဲ… အားနည်းချက် အားသာချက်တွေကို ယှဉ်ပြပြီး သကာလ ဘာကို ၀ယ်မယ် ဆိုတာကို ကိုယ်ကိုယ်တိုင်သာ ဆုံးဖြတ်ပါလေ။

ကိုယ့်လုပ်ငန်းက ဘယ်လိုရှိတယ် ဘာအတွက် သုံးမယ် ဆိုတာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးမဟုတ်လား။

ဝယ်လိုက်တဲ့ ကွန်ပြူတာတွေနဲ့ အဆင်ပြေပါစေ။



.

လူသိရှင်ကြား လိင်တူချင်း မင်္ဂလာဧည့်ခံပွဲ ..............

Monday, March 3, 2014
မြန်မာနိုင်ငံမှာ လူသိရှင်ကြား ခန်းခန်းနားနားနဲ့ လိင်တူချင်း မင်္ဂလာပွဲ ဧည့်ခံပွဲတခုကို ပထမဆုံး ကျင်းပခဲ့ တာကတော့ Excel Treasure ဟိုတယ်မှာ မတ်လ ၁ ရက်နေ့က ဖြစ်ပါတယ်။ 

 ကိုမျိုးမင်းထက်၊ ကိုတင်ကိုကိုတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ၊ ဓာတ်ပုံ- ဦးအောင်မျိုးမင်း 

ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုဆိုတဲ့ အမျိုးသား ၂ ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ပွဲကတော့ တက်ရောက်လာ ကြသူတွေလည်း အတော် စည်ကားသလို သတင်းထောက် တွေလည်း အတော် စိတ်ဝင် တစား ရှိကြပါတယ်။ 


မြန်မာနိုင်ငံမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဥပဒေတော့ မရှိသေးပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်း ကတော့ ဒီမင်္ဂလာပွဲရဲ့ ဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ တင်ရင်း အခုလို မေး ခွန်းထုတ်ထားပါတယ်။ 

“အသက်အရွယ်ပြည့်ပြီးသား နှစ်ဦးဆန္ဒတူညီတဲ့ လူသားနှစ်ယောက် ချစ်ခင်လက်တွဲပေါင်းဖက်မှုမှာ လိင်တူ၊ လိင်ကွဲဆိုတာ ကန့်သတ်ထားသင့်သလား...” လို့ သူက ဆိုထားပါတယ်။ 



ကဲ ကမ္ဘာကြီးမှာ လိင်တူတာ၊ လိင်ကွဲတာတွေ ခွဲခြား ကန့်သတ်မှုတွေကို ကန့်ကွက်မှုတွေကျယ်လောင်နေပါ တယ်။ 


ဗုဒ္ဓဘာသာအကြောင်း အလေးအနက်ထား ရိုက်ကူးခဲ့ဖူးတဲ့ နာမည်ကြီး မြန်မာဇာတ်ကား တခု ကို လည်း 
ပြန်ပြီး သတိရမိပါတယ်။ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတာ ဗုဒ္ဓဘာသာမှာ မရှိဘူးတဲ့။ တကယ်ရှိတာ က ရုပ်နဲ့ နာမ် အစုသာ ရှိတယ်ဆိုတာကို ဖော်ကျူးသွားတဲ့ ဓမ္မလမ်းပြ ဇာတ်ကားကောင်းတခုပါ။ 

သမားရိုးကျ မင်္ဂလာပွဲ တခုဆိုတာ ယောက်ျား၊ မိန်းမ လိင်မတူကွဲပြား စုံတွဲတွေအတွက်လို့ အများက သိထားကြပေမယ့် အခုလို လိင်တွေမခွဲခြားပဲ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့ရဲ့ လိင်တူချင်း မင်္ဂလာ ဧည့်ခံပွဲကတော့ လူတွေ အတော် စိတ်ဝင်စားကြ တာကို သတိထားမိပါတယ်။ 


အိမ့်သံစဉ် ~ 


 

.

ဘယ်နေ့ သေမလဲဆိုတာ သွေးစစ်ရင် သိနိုင်ပြီ.........

Monday, March 3, 2014

မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသနပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။ 


 ဓာတ်ပုံ- L.A Times

ဖင်လန်နဲ့ အက်စတိုးနီးယား သုတေသီတွေက သွေးထဲက ဓာတ်ပစ္စည်းတွေကို စစ်ဆေးလိုက်တာနဲ့ ဒီလူဟာ ကျန်းမာမှု ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်အချိန်ထိ အသက်ရှင် ကျန်းမာမယ်၊ သေစေတတ်တဲ့ ကင်ဆာ အပါအဝင် ဘယ်လို ရောဂါ မျိုးတွေ ရှိနိုင်မလဲဆိုတာ သွေး ကို စစ်လိုက်တာနဲ့ သိရမှာဖြစ်ပြီး 
သေဆုံးမယ့် အချိန်ကို အတော် နီးနီးစပ်စပ် ခန့် မှန်း နိုင်တယ်လို့ Los Angeles Times သတင်းတပုဒ် က ဆိုပါတယ်။ 

သူတို့ အခေါ် "Biomarkers" က ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတာဖြစ်ပြီး Death Biomarkers တွေက တော့ သေစေနိုင်တဲ့ အခြေအနေတွေကို ကြိုတင် သတိပေးနိုင်တာကြောင့် ကိုယ် မသေချင်သေးရင်လည်း သေလောက်တဲ့ အခြေအနေမရှိအောင် ဖြည့်ဆည်းမှုတွေလုပ်ပြီး အသက်ကို ဆွဲဆန့်စေနိုင်မယ့်လက္ခဏာမျိုးပါ။ 

ဒါပေမယ့် တချို့ Death Biomarkers တွေကတော့ ဘယ်လိုမှ ဆွဲဆန့်လို့ရမယ့် အနေအထားရှိဟန် မတူပါဘူး။

Biomarker ၄ မျိုးရှိပြီး အဲဒီညွှန်းကိန်းတွေကို ကြည့်ပြီး ကျန်းမာတဲ့သူ၊ သေတော့မယ့်သူတွေကို ခွဲခြား သိနိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။ အခု စမ်းသပ်မှုကို အသက် ၂၄ နှစ်ကနေ ၇၄ နှစ်ကြားရှိတဲ့ ဖင်လန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈,၄၄၄ ဦးကို သီးခြားစီ စမ်းသပ်သုတေသန လုပ်ခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ 



အိမ့်သံစဉ် ~

Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်တဲ့ Software.Apk....................................




Android Phone ရဲ့ Facebook မှာ Photo Comment တွေအလွယ်တကူပေးလို့ရလာပြီဆိုတော့
Photo Comment အလွယ်လုပ်လို့ရမဲ့ Software လည်းလိုလာပါပြီ ဒီ Picsay ဆိုတဲ့ Software ကတော့ Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်ပြီး Photo တွေကိုပါစိတ်ကြိုက်ပြုပြင်လို့ရပါတယ်

ဘော်ဒါတွေတောင်းကြလွန်းလို့ပါ.. Android Apk ပါ...http://s6.sfcdn.in/ZmRiYjJhZGMxOWIwYmUwNDdkMTVkMjAwM2UxZWMwNzEyYTYyYTZjMjoxV0tiRkw6cWozLXNDM2hzeVMtYXdHdjZUTWlLc0NEbkhF/d76d6a52d3/PicSay_www.mmithelper.com.apk
 
Download => Solidfiles / Miloshare 
 

သတ္တ၀ါအသီးသီးတို့၏ ဘုံဌာနနှင့်သက်တမ်းများ .............


သတ္တ၀ါအသီးသီးတို့ ကျင်လည်ရာ (၃၁)ဘုံ တို့တွင်
(၁) ငရဲ၊ ပြိတ္တာ၊ အသူရကာယ်တို့တွင် သတ်မှတ်ထားသော သက်တမ်းများ မရှိကြပေ။ မိမိတို့၏ ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။ တိရစ္ဆာန်များမှာ အမျိုးပေါင်း မရေတွက် နိုင်သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ ကွာခြားကြပေသည်။


(၂) လူသားတို့၏ သက်တမ်းမှာ အရှေ့ကျွန်းသားတို့တွင် သက်တမ်း(၇၀၀)၊ အနောက်ကျွန်းသား တို့တွင် သက်တမ်း(၅၀၀)၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း တောင်ကျွန်းသားတို့မှာ သက်တမ်း ပုံသေမရှိပါ။ အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တန်းမှသည် အသင်္ချေယျတမ်း ဟူ၍ ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။

(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော ဘီလူး၊ ဘုမ္မစိုး နတ် တို့တွင် တည်မြဲသော သက်တမ်းမရှိကြပေ။ အချို့သော ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။ အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ အနှစ်(၅၀၀) ရှိပေသည်။ လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။ စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏အနှစ် (၅၀၀)နှင့် ညီမျှပေသည်။

(၄) တာဝတိံသာ နတ်တို့သည် အနှစ်(၁၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ တာဝတိံသာ နတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိပေသည်။

(၅) ယာမာနတ်တို့သည် အနှစ်(၂၀၀၀)သက်တမ်း ရှိသည်။ လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ယာမာနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၁၄)ကုဋေလေးသန်း ရှိပါသည်။

(၆) တုသိတာနတ်တို့သည် အနှစ်(၄၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ တုသိတာနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၅၇)ကုဋေနှင့် ခြောက်သန်း ရှိပါသည်။

(၇) နိမ္မာနရတီနတ်တို့သည် အနှစ်(၈၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ နိမ္မာနရတီနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ လေးသန်းရှိပါသည်။

(၈) ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အနှစ်(၁၆၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။

(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျားကြသည့်အတွက် အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြင့် တိုင်းတာရပေသည်။ ထိုကပ်တို့သည် (၁) အာယုကပ်၊ (၂) အန္တရကပ်၊ (၃) အသင်္ချေယျကပ် ၊ (၄) မဟာကပ်ဟူ၍ လေးပါးရှိ၏။
ထိုလေးပါးတို့တွင် သတ္တ၀ါတို့၏ သက်တမ်း အသီးသီးကို အာယုကပ်ဟုခေါ်သည်။ လူတို့၏ အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တန်းမှ အသင်္ချေယျတမ်းအထိ ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟု ခေါ်သည်။ အန္တရကပ် (၆၄)ကပ်သည် အသင်္ချေယျကပ် တစ်ကပ်နှင့်ညီမျှ၏။ အသင်္ချေယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ် (တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။ အသင်္ချေယျ ကပ်ကို လေးမျိုးခွဲခြားပြန်၏။
(က) သံဝဋ္ဋ္ဋကပ်-ကမ္ဘာကြီး စပျက်သည်မှ လုံးဝပျက်သုဉ်းသွားသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ခ) သံဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း တည်နေသော အသင်္ချေယျကပ်။
(ဂ) ၀ိဝဋ္ဋကပ်-ကမ္ဘာပြုမိုးစရွာသည့် အချိန်မှစ၍ ကမ္ဘာကြီးအပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ဃ) ၀ိဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်းတည်နေသော အသင်္ချေယျကပ် ဟူ၍ အသင်္ချေယျကပ်(၄)မျိုး ရှိပေသည်။
ထိုကဲ့သို့ သတ္တ၀ါတို့ ကျင်လည်ရာ နေရာဌာနအလိုက် သက်တမ်းများလည်း အမျိုးမျိုးရှိကြပေရာ ကျွန်ုပ်တို့သတ္တ၀ါများသည် သံသရာမှမလွတ်မြောက်သရွေ့ အထက်ဖော်ပြပါ နေရာဌာနများ၌ သွားလာလှုပ်ရှား ရုန်းကန်နေကြရပေအုန်းမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ရခဲလှသော လူ့ဘ၀ကောင်းလေး ရရှိနေချိန်မှာ သံသရာမှ အပြီးအပိုင် လွတ်မြှောက်အောင် မလုပ်နိုင်စေကာမှု နောက်ဖြစ်လေရာဘ၀များ၌ ချမ်းသာသုခပြည့်စုံအောင် သံသရာမှလည်း အမြန်လွတ်မြှောက်ဖို့ရန် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ် ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါပေသည်။
ဆန်နီနေမင်း
မှ- (thotuzana.blogspot.com)

Friday, February 28, 2014

Facebook v8.0.0.8 Updated...................


တကယ်တော့ Facebook Official Version မှာ ဗားရှင်း 6 ပဲတွေ့ပါသေးတယ်.. ဒီ 7/8 တွေဟာ Official ဟုတ်မဟုတ်တော့ မသိပါဘူး.. ဘာပဲဖြစ်ဖြစ် သုံးတော့ သုံးနေကြတာပဲ.. ခုလည်း ဗားရှင်း 8.0.0.8 တွေ့လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်... Official ဟုတ်မဟုတ် မသိရတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ တကယ်လိုအပ်ရဲ့လား၊ ကိုယ့်အကောင့်လုံခြုံရေးစိတ်ချရမှာလားဆိုတာ သတိထားပြီး သုံးစွဲစေလိုပါတယ်... မောင်ပေါက်တင်ပေးလို့ သုံးရတာပါဆိုပြီး မဖြစ်စေချင်ပါဘူး.. Your Own Risk !

-
Keeping up with friends is faster than ever.
• See what friends are up to
• Share updates, photos and videos
• Get notified when friends like and comment on your posts
• Text, chat and have group conversations
• Play games and use your favorite apps

Now you can get early access to the next version of Facebook for Android by becoming a beta tester. Learn how to sign up, give feedback and leave the program in our Help Center: http://on.fb.me/133NwuP

What’s New
- Bug fixes

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Wednesday, February 26, 2014

ဖားကန့်တွင် တွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံး ကျောက်စိမ်းတုံး မဟုတ်ဘဲ သာမန်ကျောက်တုံး ဖြစ်နေဟုဆို................



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများ တွေ့ရှိခဲ့သော ၃၇ တန် ရှိ ကျောက်တုံးမှာ ကျောက်စိမ်းတုံးမဟုတ်ဘဲ ကျောက်စိမ်းအဆင့် မရောက်သေးဘဲ မောက်တုံး ဆင့်သာရှိသည့် သာမန်ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

““ကျောက်စိမ်းတုံးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”” ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် ညနေတွင်ပြောသည်။

ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် တွေ့ရှိသည့် ကျောက်တုံးကို ကျောက်စိမ်းတုံးအဖြစ် မှတ်ယူကြပြီး နိုင်ငံတော်အစိုးရက ထိန်းသိမ်းသွားရန်စီစဉ်ထားကာ ကျောက်တုံး စတင်တွေ့ရှိသည့်အချိန်မှစ၍ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော် နှင့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ တာဝန်ရှိသူများက လုံခြုံရေးတာဝန်ယူကာ စောင့်ရှောက်ထားခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက် စနေနေ့တွင် ကျောက်တုံးကြီးအား မြေမှဖော်ယူရန်နှင့် သယ်ယူရန် လုပ်ဆောင်စဉ် ကျောက်တုံးကြီးမှာ အက်ကြောင်းများမှတစ်ဆင့် အလိုအလျောက် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီးနောက် ကျောက်စိမ်းမဟုတ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း ယင်းကျောက်စိမ်းတုံးအား ထိန်းသိမ်းစောင့်ရှောက်သည့်အဖွဲ့တွင် ပါဝင်သည့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

““စနေနေ့က သယ်ဖို့စီစဉ်တဲ့အချိန် ပဲ့ကျသွားတာ။ ကျောက်တုံးကြီးက ကျောက်စိမ်းတုံးအဆင့်ထိ မရောက်သေးတဲ့ မောက်တုံးကြီးဖြစ်နေတယ်။ ကျောက်စိမ်းအဆင့်ထိ မရောက်သေးဘူး။ ကျောက်စိမ်းဆန်တဲ့ မောက်တုံးပေါ့။ ကွဲသွားတဲ့အချိန်မှာ ကျောက်စိမ်းနဲ့တူတဲ့ အပိုင်းအစတွေ၊ ရိုးရိုးကျောက်တုံးစတွေ၊ မြေမာစတွေပါတယ်”” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။      

ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကလည်း““ဖေဖော်ဝါရီ ၂၂ ရက်က ကျောက်တုံးကြီးကိုသယ်ဖို့ ကရိန်းနဲ့မတဲ့အချိန်မှာ ပဲ့ကျသွားတယ်။ ပဲ့ကျသွားတဲ့အခါမှာ ကျောက်သားတွေက ကျောက်စိမ်းလို့ ပြောလို့မရဘူး။ ကျောက်သားတွေမှာ ကျောက်စိမ်းလို့ခေါ်နိုင်တဲ့ အရည်အသွေးမရှိဘူး။ အရည်ကိုက ကျောက်စိမ်းလို့မခေါ်နိုင်ဘူး။ အခုတော့ တာဝန်ရှိသူတွေက ကျောက်စိမ်းဟုတ်၊ မဟုတ် အသေအချာမပြောသေးဘူး။ ညှိနှိုင်းနေကြတယ်။ ပဲ့ကျသွားတဲ့ကျောက်စိမ်းတုံးကို မြစ်ကြီးနားကိုသယ်ဖို့ စီစဉ်နေကြတယ်”” ဟု ပြောသည်။

ယင်းကျောက်တုံးကြီးမှာ လက်ရှိတွင် သက်တမ်းနုနေပြီး ကျောက်စိမ်းတုံးအဆင့်ထိ မဖြစ်သေးကြောင်း၊ မြေမာခဲများ၊ ကျောက်ခဲစများဖြင့် ကျောက်စိမ်းတုံးဖြစ်လာနိုင်သော်လည်း ကျောက်စိမ်းတုံးမဖြစ်မီ ကျောက်တုံးများကို ဖားကန့်ဒေသတွင် မကြာခဏတွေ့ရသည်ဟု ဆိုသည်။ ယခုတွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံးမှာလည်း ကျောက်စိမ်းမဖြစ်သေးမီ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ဖားကန့်ဒေသ ဝေခါကျောက်မျက်မှော်မှ ကျောက်မျက်ကုန်သည်တစ်ဦးက ပြောကြားသည်။

““ကျောက်စိမ်းတုံးကြီးတွေ့တယ်ဆိုတဲ့သတင်းက တော်တော်ပျံ့နှံ့နေပြီ။ အဲဒါကြောင့် အခု ကွဲသွားပြီး ကျောက်စိမ်းတုံးမဟုတ်မှန်းသိရတော့ အပိုင်းအစတွေသယ်ဖို့ လုပ်နေကြတယ်။ ဒီနေ့သယ်ပြီး လူကြီးတွေလာရင် ပြဖို့ လုပ်နေကြတယ်””ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောက်စိမ်းမဟုတ်သော်လည်း အပိုင်းအစများသယ်ယူရန် စီစဉ်နေ၍ ကျောက်စိမ်းတုံးတွေ့ရှိသည့်နေရာအနီးတွင် ခြံခတ်ထားပြီး လုံခြုံရေးများ ဆက်လက်တာဝန်ယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်စိမ်းတုံးတွေ့ရှိပြီးနောက် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်မှော်များတွင် လုံခြုံရေးပိုမိုတင်းကျပ်ပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများအား တားဆီးခြင်း၊ ဖမ်းဆီးကာ မိုးကောင်းဒေသသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ တပ်မအပြောင်းအလဲနှင့် ပြည်ထဲရေးဒုဝန်ကြီးလာရောက်ခဲ့မှုကြောင့် ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးလျော့သွားကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

““အခု ငါးရက်လောက်ရှိပြီ။ တစ်နိုင်သမားတွေ၊ ရေမဆေးသမားတွေ မဖမ်းဘူး။ တစ်နိုင်တစ်ပိုင်သမားတွေ၊ တော်တော်လေး လုပ်သာကိုင်သာ ရှိနေတယ်”” ဟု ဖားကန့်ဒေသ ဆိုင်းတောင်ရွာမှ တစ်နိုင်တစ်ပိုင် ကျောက်ရှာဖွေသူတစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသကို ယခင် တပ်မ ၁၀၁ က နယ်မြေစိုးမိုးရေးတာဝန်ယူခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ တပ်မ ၆၆ က ပြောင်းလဲတာဝန်ယူသွားကြောင်း၊ ထိုသို့ တပ်မပြောင်းသလို တပ်မမှူး အပြောင်းအလဲကြောင့် ဖားကန့်ဒေသ တစ်နိုင်တစ်ပိုင်သမားများကို လတ်တလော ဖမ်းဆီးမှုမရှိဘဲ အေးချမ်းနေကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

Author: မောင်တာ
7day Daily
လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သယ်ယူရန် စစ်ဆေးစဉ် ပဲ့ထွက်သွားသော ကျောက်အပိုင်း အစများ ကို ကြည့်ကာ ကျောက်စိမ်း မဟုတ်ဟု ပြောနေပြန်သော ကျောက်တုံးကြီးကို တွေ့ရစဉ် ဓာတ်ပုံ - 7Day