This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, January 24, 2014

အမျိုးသမီး လိင်စိတ်ကဲစေတဲ့ ဟာဗယ်ဆေး” သတိထားကြဘို့သာ သတိပေးပါရစေ။

အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ
To: lubo601@gmail.com


အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ

ဖေ့စ်ဘွတ်က တရုပ်ကလာတယ်ဆိုတဲ့ အမျိုးသမီးတွေကို စိတ်ဆွဲဆောင်မှုပေးတဲ့ဆေးကို ဝက်ဆိုက်မှာ ဒီလိုဖတ်ရပါတယ်။
• Herbal medicine monopoly Bureau herbal medicine sales - an aphrodisiac for women “အမျိုးသမီး လိင်စိတ်ကဲစေတဲ့ ဟာဗယ်ဆေး” လို့ ရေးထားပါတယ်။
• 西班牙 insect powder (new) အင်းဆက်မှုံ့ (အသစ်)
• ဂျပန်အမည် Fukuyama insect powder (new) ဖူကူယားမား အင်းဆက်မှုံ့ (အသစ်)
• တရုပ်အမည်西班牙 insect powder အင်းဆက်မှုံ့
• တရုပ်လို Xibanya Kunchongfen ဇီဘန်းယာ ကွန်ချူးဖန်
• ဆေးထဲမှာပါတာက Spain medical herbal extracts, herbal medicine စပိန်ဟာဗယ်ဆေး၊
• ထုတ်လုပ်သူ = တရုပ် အိုင် ဝေဝေ ဇီဝကုမ္ပဏီလီမိတက်၊ ရှန်ဟဲ ဒန် ယန်း ကုမ္ပဏီလီမိတက်၊
• အမျိုးသမီးသုံးသက်သက်ဖြစ်တယ်။ ဆေးက အရောင်မရှိ၊ အရသာမရှိ၊ ရေ-အရက်ထဲမှာ ပျော်ဝင်လွယ်တယ်။
• ဆေးစွမ်း = အမျိုးသမီးသည် မိနစ်အနည်းငယ်အကြာမှာ မျက်နှာနီမြန်းလာမယ်၊ အသက်ရှူမြန်လာမယ်၊ မျက်လုံးက တပ်မက်သလိုဖြစ်လာမယ်၊ ရုတ်တရက် အလိုရှိစိတ်ဖြစ်လာမယ်၊ ဖေ့စ်ဘွတ်မှာ ရေးဘို့ မသင့်တဲ့ အစွမ်းလို့ဆိုတာတွေလဲ ပါတယ်။

အလားတူဆေးမျိုးတွေ တခြားတိုင်းပြည်တွေကနေလာတာလဲရှိပါတယ်။ “Lady Coffee ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဘလော့ခ် ထဲမှာရေးထားပါတယ်။ “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ” ကိုလဲ ရေးထားပါတယ်။ 

ကျွန်တော်တို့လို ဆရာဝန်တွေက ဟာဗယ်ဆေးတွေကို အဆိုး-အကောင်းပြောဘို့ မသင့်ပါ။ ကြော်ညာဆေးတွေဖြစ်တယ်။ သတိထားကြဘို့သာ သတိပေးပါရစေ။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၄

ဖေ့စ်ဘွတ်က တရုပ်ကလာတယ်ဆိုတဲ့ အမျိုးသမီးတွေကို စိတ်ဆွဲဆောင်မှုပေးတဲ့ဆေးကို ဝက်ဆိုက်မှာ ဒီလိုဖတ်ရပါတယ်။
• Herbal medicine monopoly Bureau herbal medicine sales - an aphrodisiac for women “အမျိုးသမီး လိင်စိတ်ကဲစေတဲ့ ဟာဗယ်ဆေး” လို့ ရေးထားပါတယ်။

• 西班牙 insect powder (new) အင်းဆက်မှုံ့ (အသစ်)
• ဂျပန်အမည် Fukuyama insect powder (new) ဖူကူယားမား အင်းဆက်မှုံ့ (အသစ်)
• တရုပ်အမည်西班牙 insect powder အင်းဆက်မှုံ့
• တရုပ်လို Xibanya Kunchongfen ဇီဘန်းယာ ကွန်ချူးဖန်
• ဆေးထဲမှာပါတာက Spain medical herbal extracts, herbal medicine စပိန်ဟာဗယ်ဆေး၊
• ထုတ်လုပ်သူ = တရုပ် အိုင် ဝေဝေ ဇီဝကုမ္ပဏီလီမိတက်၊ ရှန်ဟဲ ဒန် ယန်း ကုမ္ပဏီလီမိတက်၊
• အမျိုးသမီးသုံးသက်သက်ဖြစ်တယ်။ ဆေးက အရောင်မရှိ၊ အရသာမရှိ၊ ရေ-အရက်ထဲမှာ ပျော်ဝင်လွယ်တယ်။
• ဆေးစွမ်း = အမျိုးသမီးသည် မိနစ်အနည်းငယ်အကြာမှာ မျက်နှာနီမြန်းလာမယ်၊ အသက်ရှူမြန်လာမယ်၊ မျက်လုံးက တပ်မက်သလိုဖြစ်လာမယ်၊ ရုတ်တရက် အလိုရှိစိတ်ဖြစ်လာမယ်၊ ဖေ့စ်ဘွတ်မှာ ရေးဘို့ မသင့်တဲ့ အစွမ်းလို့ဆိုတာတွေလဲ ပါတယ်။

အလားတူဆေးမျိုးတွေ တခြားတိုင်းပြည်တွေကနေလာတာလဲရှိပါတယ်။ “Lady Coffee ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဘလော့ခ် ထဲမှာရေးထားပါတယ်။ “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ” ကိုလဲ ရေးထားပါတယ်။

ကျွန်တော်တို့လို ဆရာဝန်တွေက ဟာဗယ်ဆေးတွေကို အဆိုး-အကောင်းပြောဘို့ မသင့်ပါ။ ကြော်ညာဆေးတွေဖြစ်တယ်။ သတိထားကြဘို့သာ သတိပေးပါရစေ။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၄

အချမ်း သာဆုံး ၈၅ ဦး ဓန ဥစ္စာ လူ သန်းပေါင်း ၃,၅၀၀ ပိုင်ဆိုင်မှု နဲ့ညီ မျှ.............................

ကမ္ဘာ့ အချမ်း သာဆုံး လူ ပုဂ္ဂိုလ် ၈၅ ယောက်တို့ ရဲ့ ချမ်းသာ ကြွယ်ဝမှု ပမာ ဏဟာ ကမ္ဘာ့ လူဦးရေ သန်း ၇,၀၀၀ ကျော်ထဲက ထက်ဝက် ဖြစ်တဲ့ ဆင်းရဲ သားတွေရဲ့ ချမ်းသာ ကြွယ်ဝမှု ပမာဏနဲ့ ညီမျှတယ်လို့ လူ့အခွင့် အရေး အဖွဲ့ တခုဖြစ်တဲ့ Oxfam က ပြောလိုက်ပါ တယ်။

အစိုးရနဲ့ စီးပွားရေး ခေါင်းဆောင် တွေ ဒီသီတင်း ပတ်အတွင်း စုဝေး တက်ရောက် ကြမယ့် ဆွစ်ဇာ လန်နိုင်ငံ၊ ဒါးဗို့စ်မြို့က ကမ္ဘာ့စီး ပွားရေး ဖိုရမ် မတိုင် ခင်မှာပဲ ကမ္ဘာလုံး ဆိုင်ရာ ဆင်းရဲ ချမ်းသာ ကွာဟမှု လေ့လာ ချက်တ ခုကို Oxfam အဖွဲ့က တနင်္လာ နေ့မှာ ထုတ်ပြန်ခဲ့ တာပါ။

ချမ်းသာ သူတွေဟာ အခွန် နည်းနည်းပဲ ပေးရဖို့၊ ဥစ္စာ ဓနကို ပြည်ပမှာ သွားထား ဖို့နဲ့ ကိုယ်ကျိုး စီးပွား အတွက် သူတို့ရဲ့ နိုင်ငံရေး သြဇာ အာဏာကို အသုံးပြုခဲ့ တယ်လို့ အစီ ရင်ခံစာ ပူးတွဲ ပြုစုသူ Nick Galasso က ဗွီအိုအေကို ပြောပါတယ်။

ဆင်းရဲချမ်း သာကွာ ဟမှု ကြီးမား တာဟာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို ထိခိုက် စေတယ်၊ အလွန်အ မင်း ဆင်းရဲနွမ်း ပါးမှုကို လျှော့ချဖို့ ခက်ခဲစေ တယ်၊ ရာဇ ၀တ်ပြစ်မှု နဲ့ ရောဂါ ဘယတွေ အပါအ၀င် လူမှု ဘေးဥပဒ်အ မျိုးမျိုး ဖြစ်စေတယ်လို့ Nick Galasso က ပြောပါတယ်။

VOA


Wednesday, January 22, 2014

ခြေထောက်များက ပြောတဲ့ကျန်းမာရေး.................


To: lubo601@gmail.com


Myawady News's photo.

ခြေထောက်အေးခြင်း

ရာသီဥတုကြောင့် အမြဲခြေထောက်အေးနေပါက သွေးလျှောက်နည်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဆေး လိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါတို့ကြောင့် သွေးလျှောက်နည်းသည်။ ဆီးချိုရောဂါကြောင့် နဗ်ကြောပျက်စီးသည့်အခါ ခြေထောက် အေးသည်။ သိုင်းရွိုက်ဟော်မုန်းနည်းသည့်ရောဂါ၊ သွေး အားနည်းရောဂါ တို့တွင်လည်း ခြေဖျားအေးသည်။

ခြေထောက်နာခြင်း

အရိုးကွဲခြင်း၊ အရိုးအက်ခြင်းကြောင့် နာတာရှည်ခြေထောက်နာတတ်သည်။ လေ့ကျင့်ခန်းအလွန်ပြင်းထန်သည့်အခါဖြစ်စေ၊ အရိုးပါးရော ဂါကြောင့်ဖြစ်စေ ခြေဖ၀ါးနာတတ်သည်။

ခြေထောက်ရောင်ခြင်း

မတ်တတ်ကြာကြာရပ်ခြင်း၊ လေယာဉ်ကြာကြာစီးခြင်းတို့ကြောင့် ဖောရောင်တတ်သည်။ ပြန်ရည်ကြော (lymphatic duct) ပိတ်ခြင်း၊ သွေးခဲပိတ်ခြင်းတို့ကြောင့် ရောင်တတ်သည်။ ကျောက်ကပ်မကောင်းတဲ့အခါ၊ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့အခါမှာလည်း ဖောရောင်တတ်သည်။

ခြေထောက်အနာမကျက်ခြင်း

ခြေထောက် အနာမကျက်ခြင်းသည် ဆီးချိုရောဂါ၏ လက္ခဏာတစ်ခုဖြစ်သည်။ ဆီးချိုကြောင့် ခြေထောက်ခံ စားမှုအားနည်းခြင်း၊ သွေးလှည့်ပတ်မှုနည်းခြင်း၊ အနာ မကျက် ခြင်းဖြစ်စေသည်။ အရည်ကြည်ဖုတစ်ခုသည်ပင် အနာပေါက် ကြီးကြီးမားမား အထိဖြစ်လာတတ်သည်။ ခြေထောက်အနာ ဖြစ်သည့် အလျောက် ရောဂါပိုးလည်း ကူးစက်လွယ်သည်ဖြစ်ရာ ဆီးချိုရောဂါရှိ သူများအနေနှင့် ခြေထောက်ကိုအမြဲသန့်သန့်ရှင်းရှင်းထားပြီး အနာရှိ မရှိနေ့စဉ်စစ်ဆေးသင့်သည်။

ခြေထောက်အကြောကပ်ခြင်း

ခြေချောင်းများရုတ်တရက်ကပ်ပြီး အကြောများ ထောင်လာခြင်း သည် ကြွက်တက်သောကြောင့်ဖြစ်သည်။ ခြေထောက်အားကို အလွန်အမင်း အသုံးပြုရ၍ဖြစ်စေ၊ ကြွက်သား ညောင်းခြင်းကြောင့်ဖြစ်စေ ခံစားရတတ်သည်။ သွေးလျှောက်နည်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း၊ ပိုဆက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်ဆီယမ်နှင့် ဗိုက်တာမင် တစ်မျိုး မျိုးချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ဇော်ကို

ကလေးတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃ သိန်းကျော် ဖမ်းမိ...................



ကလေး၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က စိတ်ကြွဆေးပြားများ ချက်လုပ်ရာတွင် အသုံးပြုသော ဆူဒိုအက်ဖီဒရင်း ဆေးပြား အရေအတွက် ၁၃ သိန်းကျော်အား ဖမ်းဆီးရမိ ခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှဟန်က ပြောကြားသည်။

ကလေးမြို့နယ် အိတ်စွပ်ကျေးရွာနေ ဦးမိန်းလျန်နာ၏ နေအိမ်သို့ သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ ၄င်းနှင့်အတူ ရှိနေသော ဦးထန်ကဲပ်ရောလ်တို့မှာ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဦးထန်ကဲပ်ရောလ်ကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ခြံဝင်းအတွင်း အိမ်ရှေ့မြေကွက်လပ်တွင် ၄င်းတို့ ချထားသော ပီနံအိတ်လေးအိတ်နှင့် စင်းသံချိန်ခွင် တစ်ခုအား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း၊ ပီနံအိတ်အတွင်း ထုပ်ပိုးထားသော ဆူဒိုအက်ဖီဒရင်း ဆေးပြားစုစုပေါင်း (၁,၃၇၈,၂၀၀) ပြား၊ (ကာလတန်ဖိုး ကျပ် ၁၃၇,၈၂၀,၀၀၀) သိန်းအားတွေ့ရှိခဲ့ပြီး ၄င်းတို့ပစ္စည်း ဖြစ်ကြောင်း ဝန်ခံသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဒုရဲအုပ်လှဟန်က ပြောကြားသည်။

ဖမ်းဆီးရမိသူ ထန်ကဲပ်ရောလ် (ခ) ပါကပ် (၃၂ နှစ်) နှင့် ထွက်ပြေးတိမ်းရှောင်နေသူ မိန်းလျန်နာ (၃၄ နှစ်) တို့ကို မယ(ပ) ၆/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၅/၁၆/(ခ)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ကလည်း ကလေးမြို့ ပျဉ်းခုံကြီးကျေးရွာတွင် ကာလတန်ဖိုး ကျပ် (၁၁၂,၆၆၀,၀၀၀) သိန်းတန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား (၁,၁၂၆,၆၀၀) ပြားကို ဖမ်းဆီးရရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှုမှာ ၁၅၈ မှုရှိပြီး တရားခံ အမျိုးသား ၂၃၃ ဦးနှင့် အမျိုးသမီး ၄၉ ဦးရှိကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ဓါတ်ပုံ - ရဲဇာနည် 

တယ်လီနောက ၁ မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုပေးမည်.........................



မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် တင်ဒါအောင်မြင်ခဲ့တဲ့ တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက တယ်လီဖုန်းဆင်းကတ် ၁ မိနစ်ဖုန်းခေါ်ဆိုခကို ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောပါတယ်။

မိနစ်ကို တယ်လီဖုန်းခေါ်ဆိုခဟာ လက်ရှိ ၅၀ ကျပ်ထက် ကျသင့်နေပြီး တယ်လီနော ကုမ္ပဏီက တ၀က်နှုန်း လျော့ချတဲ့နှုန်းနဲ့ ၀န်ဆောင်မှု ပေးမယ် လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆင်းကတ်ကိုလည်း အစိုးရက လက်ရှိကာလမှာ မဲဖောက်ပေးနေတဲ့ ၁၅၀၀ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

 အစိုးရက ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် ပြည်ပနိုင်ငံ တွေက ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို တင်ဒါ ဖိတ်ခေါ်ပြီး စိစစ်ရွေးချယ်ခဲ့ရာမှာ တယ်လီနော် နဲ့ အော်ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီကြီးတွေက တင်ဒါအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီကုမ္ပဏီကြီးတွေအနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ၀န်ဆောင်မှုပေးဖို့အတွက် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် မရရှိသေးပါဘူး။

 ဒါကြောင့် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ ဆက်သွယ်ရေးလုပ်ငန်းတွေကို ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ကြောင်း တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်မွန်မြတ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ပြောထားတာက ၁၅၀၀ ထက်မများတဲ့ ဈေးနှုန်းနဲ့ ဆင်းကတ်တွေ ရောင်းချပေး မယ်ဆိုပြီး ထည့်ထားပါတယ်။ တကယ်တမ်းဈေးနှုန်းကတော့ လည်ပတ်တဲ့အချိန်ကျမှပဲ သိရပါမယ်။ အခုက ထုတ်ဖော်ပြလို့ မရသေးတဲ့အတွက်ပါ။ ဘယ်အချိန်စမလဲဆိုတော့ တရားဝင် ဆက်သွယ်ရေးလိုင်စင်ရပြီးတော့ ၈ လအတွင်းမှာ ဖြစ်ပါလိမ့်မယ်။ အခုလောလောဆယ်မှာ ဆက်သွယ်ရေးလိုင်စင်အတွက် နောက်ဆုံး ဆွေးနွေးနေဆဲ ဖြစ်ပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဥပဒေ ပေါ်ထွက်လာပြီ ဖြစ်ပေမယ့် နည်းဥပဒေပေါ်ထွက်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ဒါကို စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်းနဲ့ ဒီနည်းဥပဒေ ထွက်ပေါ်လာမှပဲ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ကို ရရှိမှာ ဖြစ်ကြောင်း သူက ဆက်လက် ပြောပါတယ်။

ပြည်တွင်းမှာ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အရင်က အစိုးရတဦးတည်းက ချုပ်ကိုင်ခဲ့တာ ဖြစ်လို့ သုံးစွဲတဲ့သူတွေအနေနဲ့ ရွေးချယ်စရာ မရရှိခဲ့တဲ့အပြင် နည်းပညာ ပိုင်းဆိုင်ရာမှာလည်း နောက်ကျမှုတွေ ရှိခဲ့ပါတယ်။

 ဒါကြောင့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးတွေအနေနဲ့ အခုလို ၀င်ရောက်လာတာက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိစေမယ်လို့ မျှော်လင့်တဲ့ အကြောင်း လူကြီးမင်း လက်ကိုင်ဖုန်းရောင်းဝယ်ရေးစင်တာက ဒါရိုက်တာ ဦးကိုကိုအောင်က အခုလို ပြောပါတယ်။

“အရင်က မြန်မာဆက်သွယ်ရေး တခုတည်းရှိတော့ တချို့ဟာတွေ အဆင်ပြေတယ်၊ တချို့ဟာတွေ အဆင်မပြေဘူး။ အခု တခြားအော်ပရေတာတွေလည်း ၀င်လာတော့ အပြိုင်အဆိုင်လုပ်မယ်။ ကိုယ့်ဘက်မှာလည်း မြန်မာပြည်က အော်ပရေတာတွေက သူ့လိုပဲ အပြိုင်အဆိုင် လိုက်လုပ်ကြမယ်ဆိုရင် အသုံးပြုသူတွေအတွက်လည်း ပိုကောင်းလာမယ်၊ ဆက်သွယ်ရေးကဏ္ဍလည်း ပိုပြီးဖွံ့ဖြိုးလာမယ်။ ဖွံ့ဖြိုးမှုနှုန်းတောင် ပိုပြီး မြန်လာမယ်ထင်တယ်။”

မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်အတန်းမီ ဆက်သွယ်ရေးကွန်ရက် စနစ်ဖြစ်လာဖို့ HSPA နဲ့ LTE –ready နည်းပညာတွေကို အသုံးပြုပြီးတော့ အကောင်းမွန်ဆုံး မိုဘိုင်းကွန်ရက်စနစ်ကို တည်ထောင်သွားမယ်လို့ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက ပြောပါတယ်။

 ကုမ္ပဏီအနေနဲ့ ၅ နှစ်အတွင်းမှာ မြန်မာတနိုင်ငံလုံးကို ကွန်ရက်ဖြန့်ကျက်နိုင်ဖို့အတွက် စီစဉ်ထားရှိပြီး အသံနဲ့ ဒေတာအပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို မြန်မာပြည်သူတွေ အသုံးပြုနိုင်ရန် ၂၀၁၄ ခုနှစ်အတွင်းမှာ ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်ကြောင်း တယ်လီနော်ဆက်သွယ်ရေးကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့စ် ၂ ခုသာ ဆက်သွယ်ရေးလိုင်စင် ရရှိထားတာ ဖြစ်ပါတယ်။

By သိုက်ဇင် (ဒီဗွီဘီ)

Android ဖုန်းတလုံး ကို အဝေးမှထိန်းချုပ်နိုင်တဲ့နည်းလမ်း(Android Phone ပျောက်သွားတော့ သူများအတွက် အကောင်းဆုံးနည်းလမ်း)......................

Android Phone ပျောက်သွားပါ က အဝေးမှ ထိန်းချုပ်မှု / အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။။
စည်းကမ်းမရှိတဲ့သူတွေအတွက်ပေါ့နော် နော်နော်လိုမျိုးတွေပေါ့။။
လုပ်ဆောင်ပေးနိုင်တာတွေကတော့ အများကြီးပါပဲ့  (၁) ခု ပဲ ပြောတော့မယ် ပျောက်သွားတော့ ဖုန်သုံးနေတဲ့သူကိုတောင်  front camera ဓါတ်ပုံလှမ်းရိုက်ပြီးချက် ချင်းကြည့်
လို့ရပါတယ်။ နောက်ထပ်လုပ်လို့ရတာအများကြီးရှိပါသေးတယ်။။
 ပြုလုပ်နိုင်မဲ့feature တွေ ကိုအောက် မှာဖော်ပြထားပါတယ် ။


၁ ။။ဒီကောင်လေးကို မိမိ Phone မှာ Install ပေးလိုက်ပါ။။
     >>>>>>Download Personal Notes
၂ ။။ ဒီကနေသွားပီး Click Signin ၀င်လိုက်ပါ။။
      google မှ approve တောင်းပါလိမ့်မည် ။
     ထိုသို့ approve လုပ်ပီးပါက အောက်ပါတိုင်း ” congraculation your email account is
     connected to your phone and you can use the controls ” ဆိုပီးပေါ်လာပါ့မယ် အဲဒီကျရင်
     OK ကိုနှိပ်လိုက်ပါ ။ ဒါဆိုရင် ဖုန်းကို control လုပ်လို့ရပါပီ ။
     မှတ်ချက်။။ မိမိ Google Account ဖြစ်ရမယ်။။ Browser မှာဖြစ်ရမယ်။
၃ ။။ Install ထားသော Phone မှ app ကိုဖွင့်လိုက်ပါ။။
      google server မှ key ရယူပီး register   လုပ်ပီးကြောင်းစာတန်းပေါ်လာကာထိုစာတန်းပြန်ပျောက်သွားပါလိမ့်မယ် ။

အဲဒါဆိုအဆင် ပြေပါပီး။။ 

 ပြုလုပ်နိုင်မဲ့feature တွေ
 Remotely control your Android phone from the internet or by SMS.
Features:
* read sent and received SMS messages
* wipe phone
* lock phone
* erase SD card
* locate by GPS or network
* start alarm with flashing screen
* send SMS from web page
* message popup
* forward calls
* remote install
* phone status: battery, imei, etc.
* remote SMS alarm
* remote SMS lock and unlock
* remote SMS erase SD card
* remote SMS wipe phone
* remote SMS APN control
* start/stop GPS
* start/stop WIFI
* hide from launcher
* email when SIM card is changed
* get call list
* take picture with front camera
* take picture with rear camera
* make your phone speak with text-to-speech
* SMS message command
* SMS speak command
* lock timeout
* restore settings on boot
* record sound from microphone
* start and stop data connection from SMS
* start and stop WIFI connection from SMS
* content browser prototype

မှတ်ချက် ။။ ၁ ။ ပျောက်သွာတော့ Phone မှာ Internet Connection ရှိနေမှနော်။။
               ၂ ။ Phone မှ Google Account  အကောင့် နှင့် Browser မှ Google Account တူ နေမှ။။

အားလုံးပဲ အဆင်ပြေစွာပြုလုပ်နိုင်ကြပါစေ။။


www.nyanmon.comပြန်လည်မျှဝေပါသည်

မူးယစ်မှောင်ခိုများနှင့် ထိုင်း စစ်တပ် တာချီလိတ်အနီး ပစ်ခတ်မှု ဖြစ်ပွား .......................

လင်းသန်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အနီး၌ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင် လာသည်ဟု ယူဆရသည့် အဖွဲ့နှင့် ထိုင်း နယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး အသေ ဖမ်းမိကြောင်း သတင်းရသည်။

ဒဏ်ရာရသူ ၁ ဦး နှင့် မူးယစ်ဆေးဝါးများကိုလည်း ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း သိရသည်။

အိတ် ၂၅ အိတ်ဖြင့် ထည့်ထားသည့် မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၅ သောင်း၊ ဘိန်းဖြူ ၂ ကီလို ဂရမ် ပါဝင်သော အထုပ် ၁၃ ထုပ်၊ အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ် တလက်၊ သေနတ် အတို တလက်၊ တရုတ်နိုင်ငံလုပ် လက်ပစ် ဗုံး တလုံးတို့ကို ထိုင်းနယ်ခြားစောင့် စစ်တပ်က သိမ်းဆီးရမိသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထား သည်။

ထိုင်းနယ်ခြားစောင့် တပ်မဟာ ၃၁ လက်အောက်ခံ တပ်စုအမှတ် ၃၁၀၈ နှင့် ၃၁၀၉ မှ ဒုဗိုလ်မှူးကြီး ယင်းဆေး ဦးစီးသော ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့မှ မူးယစ်ဆေး သယ်ဆောင်လာမည့် အဖွဲ့တဖွဲ့သည် ထိုင်းနိုင်ငံ ချင်းရိုင် ဒေသ၊ မယ်ကျန်ခရိုင် အတွင်းရှိ လွိုင်ဆမ်စပ် နယ်အနီးရှိ နယ်စပ်ကို ဖြတ်ကျော်လာမည်ဟု သတင်းအရ ထိုင်းစစ်တပ်က စောင့်ဆိုင်းနေရာ လက်နက်ကိုင် ၈ ဦးပါ အဖွဲ့အား စစ်ဆေးရန် ရပ်တန့်စေရာတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခို အဖွဲ့သည် နယ်စပ် ချောင်းကို ဖြတ်ကူး၍ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသူများနောက်သို့ ရဟတ်ယာဉ် အသုံးပြု၍ လိုက်လံဖမ်းဆီးရာတွင် ခြေထောက်တွင် ဒဏ်ရာရနေသော လူတဦးကို ဖမ်းမိခဲ့ပြီး ကျန်လူများမှာ လွတ်မြောက်သွားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာတွင် အလောင်း ၄ လောင်း၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းတချို့ကို တွေ့ရှိရကြောင်း နှင့် ချင်းရိုင်ခရိုင် ရဲဋ္ဌာန၏ ရဲမှူးချုပ် ၀န်ချိုင်း ဆုဝန်သီရိခက်နှင့် ဖမုန် အထူးစစ်တပ်မှ ဗိုလ်မှူးကြီး ယုံဂျီယွသ် လောင်ခက်ခန်တို့က အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြပါရှိသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA သို့ မေးမြန်းရန် ဧရာဝတီ က ဆက်သွယ်သော်လည်း မရရှိပေ။

UWSA မှ ဦးယင်းဆေးအား ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွက် အလိုရှိနေသော တရားခံတဦးအဖြစ် သတ်မှတ် ကြေညာထားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် (Interpol) နှင့် ပူးတွဲလုပ်ဆောင်နေသော ထိုင်း နိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ် အဖွဲ့ရုံးက UWSA မှ ဦးယင်းဆေးသည် ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးများ တင်သွင်းသူ၊ မူးယစ်ဆေးဝါးများကို နိုင်ငံ တကာသို့ ထိုင်းနိုင်ငံမှ တဆင့် ဖြန့်ချိသည့် အထောက်အထားများ အခိုင်အမာ ရှိသည်ဟု ထိုင်း ရဲဗိုလ်ချုပ် Pongsapat က ထုတ်ဖော်ပြောဆိုပြီး ၎င်းအား ထိုင်း ဘတ်ငွေ ၅ သန်းဖြင့် အလိုရှိသူအဖြစ် သတ်မှတ် ကြေညာခဲ့သည်။

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ ?



အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။
(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)


ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါးအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၄
You might also like:

လူထု အုံကြွမှုတွေ ဖြစ်ပွားခဲ့ချိန်က စလို့ အကျဉ်းသား ၁ သောင်း ၁ ထောင် လောက်ကို ဆီးရီးယား အစိုးရက စနစ်တကျ သတ်ဖြတ်ခဲ့

ဆီးရီးယား စစ်ရာဇဝတ်မှု အထောက်အထား တွေ့ရှိ


ဆီးရီးယား နိုင်ငံမှာ သမ္မတ အာဆတ်ကို ဆန့်ကျင်တဲ့ လူထု အုံကြွမှုတွေ ဖြစ်ပွားခဲ့ချိန်က စလို့ အကျဉ်းသား ၁ သောင်း ၁ ထောင် လောက်ကို ဆီးရီးယား အစိုးရက စနစ်တကျ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက် အထားတွေကို တိုက်ရိုက် ကြည့်ရှုခဲ့ရကြောင်း စစ်ရာဇဝတ်မှုတွေမှာ လိုက်ပါ ဆောင်ရွက်ဖူးတဲ့ အမှုလိုက် ရှေ့နေဟောင်း ၃ ဦးက ပြောပါတယ်။

ဆီးရီးယား အစိုးရရဲ့ စစ်ရဲ တပ်ဖွဲ့မှာ အလုပ်လုပ်ခဲ့ပြီး ဘက်ပြောင်းလာသူ တဦးဆီကနေ ထွက်လာတဲ့ ထောင်ပေါင်းများစွာသော ဓာတ်ပုံတွေကို ဒီ စုံစမ်း စစ်ဆေးသူတွေကနေ လေ့လာ ဆန်းစစ်ခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရကနေ စနစ်တကျ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်၊ ထိန်းသိမ်းရေး စခန်း ၃ ခုက အကျဉ်းသားတွေဟာ အစာရေစာ ငတ်ပြတ်ပြီးနောက် ညှင်းပန်း နှိပ်စက် ခံရပြီး သတ်ဖြတ်ခံခဲ့ရတာပါလို့ ဓာတ်ပုံတွေကို လေ့လာ စမ်းစစ်နေတဲ့ ပါမောက္ခ ဒေးဗစ် ကရိန်းက ပြောပါတယ်။

အလောင်းတွေ အများစုဟာ ဆိုရင် ပိန်ချုံးနေတာကို တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အများအပြားဟာ မသေခင် ရိုက်နှက်ခံထားရပြီး လည်ပင်းညှစ် ခံထားရတာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အလက်ပိုမြို့က စစ်တွင်း တစ်နေရာ

ဗီယက်နမ် မူးယစ်မှောင်ခိုမှု လူ ၃၀ ကျော် သေဒဏ်ချ...........................................









ဗီယက်နမ် နိုင်ငံမှာ အကြီးကျယ်ဆုံးလို့ ဆိုကြတဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု ဆိုင်ရာ ကြားနာ
စစ်ဆေးမှုမှာ လူ ၃၀ ကျော်ကို တရားရုံးက သေဒဏ် အပြစ် ချမှတ်လိုက် ပါတယ်။

လာအို နိုင်ငံကနေ ဟီးရိုးအင်း ဘိန်းဖြူ နှစ်တန် နီးပါးကို ဗီယက်နမ်က တဆင့် တရုတ် နိုင်ငံ
ဆီ မှောင်ခို သယ်ယူမှုနဲ့ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်မှာ အပြစ် ရှိတယ်
လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

နောက်ထပ် လူ အတော်များများလည်း ထောင်ဒဏ် တစ်သက် အထိ ပြစ်ဒဏ်တွေ ချမှတ် ခံ
ခဲ့ကြရပါတယ်။

ကြားနာ စစ်ဆေးရမယ့် လူအရေအတွက် များပြားတာက တစ်ကြောင်း အမှုရဲ့ လေးနက်မှု
ကြောင့် တစ်ကြောင်းကြောင့် ကြားနာစစ်ဆေးမှုကို နိုင်ငံ မြောက်ပိုင်း Quang Nin ပြည်
နယ်က အကျဉ်းထောင်မှာ ပြုလုပ်ခဲ့ပါတယ်။

ဘီဘီစီမြန်မာသတင်းဋ္ဌာန မှ ကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗီယက်နမ် မူးယစ်မှောင်ခိုမှု လူ ၃၀ ကျော် သေဒဏ်ချ http://www.simon-vlog.com/2014/01/blog-post_8101.html#ixzz2r4uUXyyF
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဘီဘီစီကို ရွှေ FM မှာ နားဆင်နိုင်ပြီ..................










ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ထုတ်လွှင့်ချက် တွေကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ပြီး
ပြည်တွင်းမှာ ထုတ်လွှင့်တဲ့ ရွှေ FM ရေဒီယိုမှာ နားဆင် နိုင်ကြပြီ ဖြစ်ပါတယ်။

ဘီဘီစီ က ထုတ်လွှင့်နေတဲ့ English At Work လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ အစီအစဉ်
ကို ရွှေ FM က အပတ်စဉ် ထုတ်လွှင့် ပေးမှာပါ။

ရွှေ FM နဲ့ ဘီဘီစီ အခုလို ပထမဆုံး အကြိမ် ပူးတွဲ တင်ဆက်နိုင်တဲ့ အတွက် ကျေနပ်
ဝမ်းသာ မိကြောင်း ရွှေ FM ဥက္ကဌ ဒေါ်နန်းမောက် လောဝ်ဆိုင်းက ဘီဘီစီကို ပြောပါ
တယ်။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေက လည်း ဘီဘီစီ အစီအစဉ်
တွေကို မြန်မာ ပြည်သူတွေကြား ကျယ်ကျယ် ပြန့်ပြန် ရောက်နိုင်ဖို့ ကြိုးစား နေချိန်မှာ ပ
ရိတ်သတ် အင်အား ကောင်းတဲ့ ရွှေ FM ကနေ ဘီဘီစီ အစီအစဉ်ကို ထုတ်လွှင့်ခွင့် ရ
တဲ့ အတွက် ဘီဘီစီ ရဲ့ ဆန္ဒ ပြည့်ဝ သွားပါတယ်လို့ ပြောပါတယ်။

ပထမဆုံး ထုတ်လွှင့်တဲ့ အစီအစဉ်က အင်္ဂလိပ်စာ ပို့ချချက် ဖြစ်လို့ လူငယ်တွေကြား အ
ကျိုးရှိမယ့် အတွက် ပိုမို ဝမ်းသာ မိတယ်လို့ ဒေါ်တင်ထားဆွေက ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီကနေ့ အခြေ အနေမှာ အင်္ဂလိပ်စာ လေ့လာဖို့ အထူး လိုအပ်နေတာ
ကြောင့် လူငယ်တွေကို သိစေ တတ်စေချင်တယ် လို့ ရွှေ FM ဥက္ကဌ ဒေါ်နန်းမောက်
လောဝ်ဆိုင်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည် အတွက် အကျိုး ဖြစ်ထွန်းမယ် ဆိုရင် ဘီဘီစီရဲ့ အစီအစဉ် တွေကို
နောင်မှာ တိုးချဲ့ ထုတ်လွှင့် သွားဖို့ အစီအစဉ် ရှိတယ်လို့ သူက ပြောပါတယ်။

ရွှေ FM ပရိတ်သတ်တွေ အတွက် အစီအစဉ် အမျိုးမျိုးကို အကောင်းဆုံး တင်ဆက် ပေး
နိုင်ဖို့ ကြိုးစားနေတယ်လို့ လည်း ဒေါ်နန်းမောက် လောဝ်ဆိုင်းက ပြောပါတယ်။

၅ မိနစ်စာ အင်္ဂလိပ်စာ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ည ၇ နာရီခွဲနဲ့ ကြာသပတေး
နေ့ မနက် ၈ နာရီ တို့မှာ ရွှေ FM က ထုတ်လွှင့် ပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာသတင်းဋ္ဌာန မှ ကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဘီဘီစီကို ရွှေ FM မှာ နားဆင်နိုင်ပြီ http://www.simon-vlog.com/2014/01/fm.html#ixzz2r4u0bcAM
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Burmese Airforce Warehouses That Stored Jet Fuel Tanks Explode in Rangoon



Tuesday, January 21, 2014

ပိုင်ဆိုင်ကြောင်း စာချုပ်ပြ၍ တိုက်ခန်းလိမ်လည်ရောင်း ................

Monday, January 20, 2014

ဇော်ဇော်ထွေး

တာမွေမြို့နယ်တွင် တိုက်ခန်း နှစ်ခန်းကို ပိုင်ဆိုင်သည်ဟု စာချုပ်အထောက်အထားများပြ၍ လိမ်လည် ရောင်းချသဖြင့် အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ဇန်န၀ါရီ ၁၅ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

အမှုမှာ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်၊ မင်္ဂလာလမ်းနေ ဦးအောင်ဌေးသည် ယခင်ရင်းနှီးခင်မင်သူ ဒေါ်ဆုမိကျော်နှင့် ၎င်းမိခင်ဒေါ်မိမိငယ်တို့နှင့် ပြန်လည်တွေ့ဆုံခဲ့စဉ် အဆိုပါသားအမိနှစ်ဦးက ၎င်းတို့နေ ထိုင်သော တာမွေမြို့နယ်၊ အရိုးကုန်းရှိ တိုက်ခန်းအား ရောင်းချလိုကြောင်း ပြောဆိုရာမှတစ်ဆင့် စတင် ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပိုင်ဆိုင်ကြောင်း စာချုပ်ပြသကာ အဆိုပါ တိုက်ခန်း၏ (၄)လွှာ (၀ဲဘက်ခြမ်း) အခန်းအား ၂၀၁၂ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ငွေကျပ်သိန်း ၁၈၀ ဖြင့်လည်းကောင်း၊ ၂၅ ရက်တွင် မြေညီထပ် ၀ဲ ဘက်ခြမ်းအခန်းကို ကျပ်သိန်း ၃၇၀ ဖြင့်လည်းကောင်း စာချုပ်ချုပ်ဆိုပြီး ၀ယ်ယူကာ သော့ခတ်ထားခဲ့ သည်ဟု တရားလိုက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် ၂၀၁၄ ခုနစ် ဇန်န၀ါရီ ၁ ရက်တွင် တိုက်ခန်းများသို့ သွားရောက်ကြည့်ရှုရာ ဦးအောင်ဌေးခတ် ထားသောသော့များမဟုတ်ဘဲ အခြားသော့များ ခတ်ထားသဖြင့် စုံစမ်းရာ မိသားစုမရှိတော့ဘဲ ယခုကဲ့ သို့ မကြာခဏ လိမ်လည်လေ့ရှိကြောင်း သိရှိခဲ့ရသည်ဟုဆိုသည်။

ထို့ပြင် အဆိုပါတိုက်ခန်းများကို ဦးလေးဖြစ်သူကလည်း ပေးအပ်ထားခြင်းမရှိကြောင်း စုံစမ်းသိရသဖြင့် ဒေါ်ဆုမိကျော်နှင့် ဒေါ်မိမိငယ်တို့ကို အရေးယူပေးရန် ဦးအောင်ဌေးက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

မြေပိုင်သူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေး ဘဏ် ငွေချေးမည် .................

ထက်နိုင်ဇော်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHD) ဘဏ်က မြေပိုင်ရှိသူများ အတွက် ဘဏ်ချေးငွေ ထုတ်ပေးသော စနစ်ကို မြန်မာနိုင်ငံတွင် စတင် ၀န်ဆောင်မှု ပေးနေကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြီးကြပ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသည့် CHD ဘဏ်က မတည်ရင်းနှီးငွေ ကျပ် ဘီလီယံ ၁၀၀ ဖြင့် ဆောက်လုပ်ရေးအထူးချေးငွေများ၊ အိမ်ရာဆောက်လုပ်ရေး ချေးငွေများ၊ အိမ်ရာ ၀ယ်ယူရန် ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း CHD ဘဏ်က တရားဝင် ထုတ်ပြန်ထားသည်။

အခြေခံ လူတန်းစားများ ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန်၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ၀ယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း CHD ဘဏ်၏ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ယုက ဧရာဝတီသို့ ပြောသည်။

“ငွေချေးမယ်ဆိုရင် အတိုးက ၁၃ ကျပ်နှုန်းနဲ့ ၃လ တခါ ပေးရမယ်။ နှစ်တိုပဲ ချေးမှာ။ Extenstion (ငွေချေးကာလ ထပ်တိုး)နဲ့ဆိုရင် တော့ ၃ နှစ်လောက်အထိ ရနိုင်တယ်။ မြေပိုင်ရှင်နဲ့ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ပြီးမှ ဒီမှာ ငွေချေးလို့ ရမှာ။ ချေးငွေလိုချင်ရင် လျှောက် လွှာ လာတင်လို့ ရပါပြီ”ဟု ဦးတင်ယုက ပြောပြသည်။

မြေပိုင်ရှိသူများမှာ ဂရမ် အမည်ပေါက် ပေ ၄၀x ပေ ၆၀ မြေကွက် ပိုင်ဆိုင်ရန်လိုအပ်ပြီး ယင်းမြေပေါ်တွင် အဆောက်အအုံ ဆောက် လုပ်လိုပါက မြေနှင့်အဆောက်အအုံ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ချေးငှားပေးမည် ဖြစ်သည်။ မြေဂရမ်ကို ဘဏ်တွင် အပေါင် အဖြစ် အပ်နှံထားရမည့်အပြင် မြေပေါ်တွင် ဆောက်လုပ်မည့် ကန်ထရိုက်တာ အနေဖြင့်လည်း မြေနှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ဘဏ်သို့ ပေးသွင်းထားရမည် ဖြစ်သည်။

“ဘဏ်ရဲ့ အားသာချက်က ဆောက်လုပ်ရေး ချေးငွေ ပေးတာပဲ။ မြေချည်းပဲ အပေါင်ထားရုံနဲ့ ပိုက်ဆံ ထုတ်ချေးမယ်။ တခြားဘဏ် တွေမှာ ဒါမျိုးမရဘူး။ တခြားဘဏ်တွေက အခြေခံ လူတန်းစားထက် လုပ်ငန်းရှင်တွေကိုပဲ ကြည့်တာ များတယ်။ နှစ်ရှည်ချေးဖို့ အတွက် ဗဟိုဘဏ်က ခွင့်မပြုသေးဘူး။ ဒါပေမယ့် Project Loan (စီမံကိန်းချေးငွေ)တွေကိုတော့ နှစ်ရှည် ချေးပေး သွားမယ်။ ကန်ထရိုက်ဆီက အပေါင်ယူထားရတာ ကလည်း ပိုခိုင်မာအောင်လို့။ အဆောက်အအုံပြီးလို့ ငွေအကြေ ပြန်ဆပ်ရင် ဒီပိုက်ဆံ ပြန် ထုတ်ပေးမယ်”ဟုလည်း ဦးတင်ယုက ပြောဆိုသည်။

မြေပိုင်ရှိသူသည် ၃ လ တကြိမ် အတိုး ၁၃ ရာခိုင်နှုန်း ပေးရမည် ဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်ရန် အတွက် ကန်ထရိုက်နှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ပြသရမည် ဖြစ်ကြောင်း၊ ချုပ်ဆိုထားသည့် စာချုပ်တွင်ပါသည့် အချိန်ကာလအတွင်း ချေးငွေကို အကျေ ပြန်ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

မြေပိုင်ဆိုင်မှုရှိပါက ငွေချေးမည့် အစီအစဉ်ကို စိတ်ဝင်စားသူများ ရှိနေသော်လည်း ဘဏ်၏ စည်းကမ်းချက်များထဲတွင် မြေ နှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း အပေါင်သွင်းထားရမည့် အချက်မှာ အဆင်မပြေနိုင်ကြောင်း ဘဏ်ချေးငွေ ရယူလိုသူများက ပြောဆိုကြသည်။

“ဘဏ်ရဲ့ ငွေချေးတဲ့ ပုံစံမှာ ကန်ထရိုက်ကို ၂၀ ရာခိုင်နှုန်း သွင်းခိုင်းတာတော့ အဆင်မပြေဘူး။ အစ်မတို့က ကိုယ်ပိုင် ဆောက်ချင် တာ။ အခုက ကန်ထရိုက်ပါ လိုနေတယ်။ ပြီးတော့ သူ(ဘဏ်)က ၃၀ ရာခိုင်နှုန်းပဲ ချေးမှာ။ နှစ်ရှည်ချေးမယ့် ပုံစံလည်း မဟုတ်တော့ ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ”ဟု ဘဏ်ချေးငွေအတွက် သာကေတမြို့နယ်မှ လာရောက်စုံစမ်းသော ဒေါ်ယုယု ဆိုသည့် အမျိုး သမီး တဦးက ပြောသည်။

မြေပိုင်ဆိုင်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရန်အတွက် CHD ဘဏ်၏ ၀န်ဆောင်မှုသစ် ဖြစ်သော်လည်း အာမခံ ယူထားသည့် နှစ်တိုချေးငွေ ပုံစံသာ ဖြစ်သောကြောင့် ထူးခြားမှု မရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ပြုလုပ် ပေးနေသော ဆင်းရဲသားများ တန်ဖိုးနည်း အိမ်ရာ ပိုင်ဆိုင်နိုင်ရေး အတွက် အစိုးရ၏ နှစ်ရှည်ချေးငွေ ပုံစံ ပြုလုပ်မှသာလျှင် အဆင်ပြေမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင်နှင့် ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။

“တခြားဘဏ်တွေလည်း နှစ်တို ချေးငွေကတော့ ပေးနေတာပဲ။ သိပ်မထူးခြားပါဘူး။ သူက အာမခံကို မြေယူတာ တခုတော့ သာ တယ်။ ဒါကလည်း ၂ နှစ်လောက် အတွင်းမှာ အိမ်ဆောက်ပြီး ပြန်ဆပ်ရမှာ။ နှစ်ရှည် ချေးငွေကျတော့လည်း အစိုးရ ပါမှ ရမှာ။ အပ် ငွေကလည်း နှစ်ရှည်အပ်မှ ဘဏ်ကနှစ်ရှည် ပြန်ချေးလို့ ရမှာ။ နောက်ပြီး ဒီမှာ အတိုးနှုန်းကလည်း မငြိမ်သေးဘူး။ ငွေကြေး ဖောင်း ပွ မှုတွေလည်း ငြိမ်ဖို့လိုတယ်။ အခြေခံ စီးပွားရေး တည်ငြိမ်မှ ဒီလို လုပ်ငန်းတွေ စလို့ရမှာ။ နိုင်ငံခြားငွေတွေ ၀င်လာဖို့ လိုတယ်။ အဲဒါတွေ သိပ်မပြည့်စုံဘဲနဲ့တော့ သိပ်မလွယ်သေးဘူး”ဟု ဦးသန်းလွင်က ပြောဆိုသည်။

အခြေခံ လူတန်းစားများ အတွက် ကောင်းမွန်သော အိမ်ရာများ၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ၀ယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးမည် ဆိုသော်လည်း ပထမဆုံး ၀န်ဆောင်မှုမှာ မြေပိုင်ရှိသူများ အတွက် အဆင်ပြေမည့် သဘော ဖြစ်နေသည်ဟုလည်း ဆိုသည်။

CHD ဘဏ်၏ ၀န်ဆောင်မှု ကြေညာ စာရွက်တွင် လုံးချင်းအိမ် ၀ယ်လိုသူများ၊ ကွန်ဒိုအခန်း ၀ယ်လိုသူများ ၊ တိုက်ခန်းဝယ်လိုသူများ ချေးငွေ လိုအပ်ပါက ဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ယင်းဝန်ဆောင်မှုကို လတ်တလော စတင် နိုင်ဦးမည် မဟုတ်ကြောင်း CHD ဘဏ် မန်နေဂျာတဦးကလည်း ပြောဆိုသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ အိမ်ရာမှ CHD ဘဏ်သို့ လာရောက်စုံစမ်းသည့် ဒေါ်ခင်ဖြူဖြူလှက“တန်ဖိုးနည်း အိမ်ရာဝယ်ချင်လို့ လာစုံစမ်းတာ။ ဘဏ်က တိုက်ရိုက် မရောင်းဘူး။ သူက အိမ်ရာဆောက်မယ့်သူတွေကိုပဲ ငွေအရင် ချေးမှာ။ မိသားစု လေး ယောက် ရှိတာ အိမ်ရှိ လူအကုန် အလုပ်လုပ်တာ အိုးပိုင်အိမ်ပိုင် မရှိသေးဘူး။ တန်ဖိုးနည်း အိမ်ရာလေး တခုမှာ အိုးပိုင်အိမ်ပိုင်လေး တော့ ဖြစ်ချင်တယ်”ဟု ပြောသည်။

CHD ဘဏ်က ထုတ်ပြန် ကြေညာချက်၌လည်း ဆောက်လုပ်ရေး အထူးချေးငွေအဖြစ် ငွေချေးယူလိုပါက လုပ်ငန်းရှင်များ အနေဖြင့် မရွှေ့မပြောင်းနိုင်သော မြေ၊ အဆောက်အအုံ ပစ္စည်းတို့ကို ဘဏ်သို့ အာမခံ အပေါင်အဖြစ် ပေးထားရမည် ဖြစ်ပြီး ချေးယူမည့် ပိုင်ဆိုင်မှု တန်ဖိုးအပေါ်တွင် မူတည်၍ ၃၀ ရာခိုင်နှုန်း ချေးငှားပေးမည် ဖြစ်ကြောင်း၊ အစိုးရ အကောင်အထည်ဖော်သော စီမံကိန်းများ အတွက် စီမံကိန်း တန်ဖိုး၏ ၈၀ ရာခိုင်နှုန်း ချေးငှားပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။

CHD ဘဏ် ရုံးချုပ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် န၀ဒေး လမ်းတွင် ဖွင့်လှစ်ထားပြီး ပထမဆုံး ဘဏ်ခွဲအနေနှင့် ဗိုလ်တထောင်မြို့နယ်ရှိ အိုးအိမ် ဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ထားသည်။

နေပြည်တော် ၊ မန္တလေး၊ မကွေး၊ ပြည်၊ တောင်ကြီး နှင့် ပုသိမ်မြို့များတွင်လည်း ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး တလလျှင် တဘဏ်နှုန်း ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

Monday, January 20, 2014

"အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်

ရွှေသာလျှင် အဓိက

" ကုန်ပစ္စည်း ဈေးကွက်တွင် ဈေးနှုန်းများ တက် သကဲ့သို့ 
ရွှေဈေးသည်လည်း မြင့်တက်လာ နေ ပေသည်။ 
အာရှမှ တရုတ်ပြည်နှင့် အိန်္ဒိယ နိုင်ငံတို့၏ စီးပွားရေးအင်အား တိုးတက်လာမှု ပေါ်တွင် 
ရွှေသည် အကျိုးရှိနေပြီး ဈေးကွက်မြင့် တက်လာပေသည်။"

"အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် 
ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်ပေသည်။"
ရွှေသာလျှင် အဓိက -ဦးကြည်ခင်- ၁၉၃၃ ခုနှစ် ကမ္ဘာ့စီပွားရေးကပ် ဆိုက် ရောက် ခဲ့စဉ်ကာလက ကမ္ဘာ့ရွှေဈေးသည် တစ် အောင် စလျှင် အမေရိကန်ဒေါ်လာ ၂၀ ခန့်သာ ရှိခဲ့သည်။ ယခုအခါတွင် နိုင်ငံတကာ၌ ရွှေတစ် အောင်စလျှင် ဒေါ်လာ ၁၃၀၀ ကျော်တွင် ရှိနေပေပြီ။ ယခင်က ၁၆၀၀ အထိ ရှိခဲ့ဖူးသည်။ နိုင်ငံတကာ ရွှေဈေးကွက်တွင် ရွှေကိုအလု အယက်လူကြိုက်များနေရခြင်းမှာ လက်ရှိ အအြေနေအားဖြင့် အကြောင်းနှစ်ချက်ရှိပါ သည်။ ယင်းတို့မှာ ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံ တကာ ငွေရေးကြေးရေး အကျပ်အတည်း အခြေ အနေများကြောင့်ပင် ဖြစ်ပါသည်။ ကုန် ပစ္စည်း အမျိုးမျိုးတို့၏ ဈေးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာ ငွေကြေး တန်ဖိုးလျော့ကျမှုများကြောင့် ရင်းနှီး မြှုပ်နှံ သူများသည် ရွှေကို ငွေကြေးဖောင်းပွမှုကို အကာအကွယ်ပေးသည့် ရင်းနှီးမြှုပ်နှံသည့် ငွေကြေးကုမ္ပဏီများ ( Gold Funds ) ၏ အစုရှယ်ယာများကို ၀ယ်ယူ ရင်းနှီးမြှုပ်နှံထား ခြင်းသည် ယခုအခါတွင် စိတ်ချရသည့် ရင်းနှီး မြှုပ်နှံမှု ဖြစ်နေပေသည်။ အထူး သဖြင့် ဘဏ်များ ဖျက်သိမ်း၊ ပျက်ပြားခြင်းနှင့် စတော့ဈေးကွက် များ ပြိုကွဲခြင်းတို့ ဖြစ်နေချိန်တွင် ဖြစ်လေသည်။ ရှားပါးခြင်းဆိုသည့် ရွှေ၏အရည်အသွေး သည် လူကြိုက်များရခြင်း အဓိကအကြောင်း ရင်းပင်ဖြစ်သည်။ ရွှေသည် ငွေစက္ကူကဲ့သို့ အကန့်အသတ်မရှိ ရိုက်နှိပ်ထုတ်ဝေသည့် ငွေ ကြေး မဟုတ်ပေ။ ရွှေဈေးနှုန်းသည် တစ်နေ့ တခြား မြင့်မားလာသော်လည်း ရွှေကို ပိုမိုထုတ် လုပ်နိုင်ခြင်း မရှိပေ။ နှစ်ပေါင်း အတန်ကြာ ကတည်းက ရွှေထွက်ရှိမှုသည် ကျဆင်းလာနေ ပေသည်။ ကမ္ဘာ့ရွှေအများစုကို ချမ်းသာသည့် အနောက် နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံ၊ ပြင်သစ်၊ ဆွတ်ဇာလန်စသည့် နိုင်ငံများ၏ ဗဟို ဘဏ်များ ကပိုင်ဆိုင်ကြသည်။ သို့သော်လည်း လွန်ခဲ့သည့် ခုနစ်နှစ်ကာလခန့်မှစ၍ ရွှေကို အထူးပြု ရင်းနှီးသည့်ငွေကြေး တန်ဖိုးရှိသည့် ရွှေကိုအများစု ၀ယ်ယူထိန်းသိမ်းထားသည့် အဖွဲ့ အစည်းများဖြစ် လာကြပေသည်။ ဤကဲ့သို့ ငွေကြေးကုမ္ပဏီများ လက်ဝယ်၌ ရွှေများ စုစည်းရှိနေခြင်းမှာ ယင်းကုမ်္ပဏီများ အနေဖြင့် ဘဏ္ဍာရေး ဈေးကွက်အတွင်း တစ်ဦး ချင်း ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရယူနိုင် ခြင်း ကြောင့်ဖြစ်သည်။ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် ရွှေကို ၀ယ်ယူရင်းနှီးသည့် ယင်းငွေကြေး ကုမ်္ပဏီများ၏ အစုရှယ်ယာများ ကို ၀ယ်ယူခြင်း ဖြင့် ရွှေကိုဝယ်ယူနိုင်ခြင်းဖြစ်ပေ သည်။ ယင်းငွေကြေးကုမ္ပဏီများသည် ပုံမှန် စတော့ ရှယ်ယာများကို ၀ယ်ယူခြင်း မပြုပေ။ အလေးချိန်အားဖြင့် အောင်စ ၄၀၀ ရှိ ရွှေတုံး များကို ဒေါ်လာ ဘီလျံပေါင်းများစွာဖြင့် ၀ယ်ယူ ရင်းနှီးမြှုပ်နှံထားကြသည်။ ယင်းရွှေများကို ၀ယ်ယူခြင်းသည် ရွှေဒင်္ဂါးများ၊ တစ်ကီလိုရှိ ရွှေတုံးများ၊ ရတနာများကို ၀ယ်ယူရင်းနှီးခြင်း ထက် ကုန်ကျစရိတ်သက်သာလေသည်။ ဥပမာ အမေရိကန် နိုင်ငံအခြေစိုက် ( Street Tracks ) ငွေကြေး ကုမ္ပဏီသည် ဒေါ်လာဘီလျံ ၂၀ တန်ဖိုးရှိသည့် ရွှေတန်ချိန် ၆၄၉ တန်ကို လက်ဝယ်ပိုင်ဆိုင်ထားရှိလေသည်။ အဓိက ဗဟိုဘဏ်များ၏ ပိုင်ဆိုင်မှုထက် မများသော် လည်း ၎င်းင်းတို့ ထက်မလျော့ပေ။ ရွှေသည် အချိန် ကြာညောင်းသော်လည်း အရောင်မမှိန်ဘဲ အလွယ်တကူ ငွေဖြစ်လွယ်ကာ လက်ဆုပ်လက် ကိုင် ပိုင်ပိုင် နိုင်နိုင် လက်ဝယ်ထားနိုင်သဖြင့် ဆွဲဆောင်မှုကြီး မားလှသည်ဖြစ်ရာ ရွှေကိုငြင်းပယ် မည့် ပုဂ်္ဂိုလ် များ အလွန့်အလွန်နည်းလှပေမည်။ သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ကျော်ကာလက အမေရိကန် ဘဏ္ဍာရေး ပညာရှင် Peter Bernstein က ရွှေပေါ်တွင် အထင်ကြီးလွန်းခြင်းနှင့် ပတ်သက်၍ စာအုပ်ရေး ခဲ့ပေသည်။ ရွှေသည် စိတ်ကြိုက်ရင်းနှီးမြှုပ်နှံမှု အဖြစ်မှ လျှောကျလာနိုင်မည့် အန္တရာယ်နှင့် ပတ်သက်၍ သတိပေးခဲ့လေသည်။ အာဖဂန် နစ္စတန်သို့ ဆိုဗီယက်တို့ ၀င်ရောက်သိမ်းပိုက် ခဲ့သည့် ၁၉၈၀ ပြည့်နှစ်တွင် ရွှေသည် တစ်ထ ရွိုင်အောင်စလျှင် ၈၅၀ ဒေါ်လာမှ တန်ဖိုးသုံးပုံ တစ်ပုံခန့် လျော့ကျခဲ့လေသည်။ ရွှေကို အရူးအမူးဖြစ်သူများ အနေဖြင့် ဆုံးရှုံး မှုဒဏ်ရာ ဒဏ်ချက်များကို ကုသရန် အချိန် အတော် ရခဲ့ရာ Bernstein အနေဖြင့် ရွှေ၏ဆွဲဆောင်နိုင်မှုကို အံ့သြခဲ့ရသည်။ သူ၏ စာအုပ် တွင် ရွှေကို မက်မောလွန်းသူများသည် ရွှေ၏ ကျိန်စာသင့်တတ်သည်ဟုဆိုသည်။ ရောမ ခေတ်က ရွှေကို မက်မောလွန်းသူစစ်ဘုရင် Crassus သည် လည်ချောင်းအတွင်းသို့ ရွှေရည်များလောင်းထည့်ခံရ၍ သေဆုံးခဲ့ခြင်း ကို ဖော်ပြထားသည်။ ရွှေသည် စစ်ဘေးကာလအန္တရာယ်များ စိုးမိုးအုပ်ချုပ်သူများ၏ အန္တရာယ်မှ လွတ်ကင်း စေနိုင်ပေသည်။ သို့သော် ပညာရှင် Bernstein က လွန် ခဲ့သည့် နှစ်ပေါင်း ၅၀ ကာလအတွင်း ဒေါ်လာငွေ တန်ဖိုးတက်လာခဲ့သည့် အတွက် ရွှေကိုရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးဟု ယူဆခဲ့ခြင်းသည် မှားယွင်းသည့် အယူအဆ ဖြစ်ခဲ့သည်ဟု ငြင်းချက်ထုတ်ခဲ့သည်။ သို့သော်လည်း ရွှေကိုသာ ယုံကြည်သူများ အနေဖြင့် မကြာမီက ရွှေဈေးသည် တစ်အောင် စဒေါ်လာ ၁၅၀၀ ကို ရောက်ရှိသွားသည့်အခါ လက်မထောင်နိုင်ကြပေသည်။ ယင်းအချက် အရ အချိန်ကြာသည်နှင့်အမျှ ရွှေသည် ငွေ စက္ကူမျှသာဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ပြသခြင်း ပင်ဖြစ်ပေသည်။ ရွှေခေတ်သည် မကုန်ဆုံးသေးဟု ယုံကြည် မြဲပင်။ ရွှေကိုရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုကဲ့သို့ စီးပွားရေးမတည်ငြိမ်သည့် အချိန်တွင် အခြား ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် စတော့ရှယ် ယာနှင့် ဘွန်းစာချုပ် (Bonds) များထက် ရွှေကို ၀ယ်ယူရင်းနှီးမြှုပှ်နှံခြင်းကိုသာ နှစ်သက်ကြပေ သည်။ ကမ္ဘာတွင် ရေနံဈေးတက်နေသကဲ့သို့ပင် ရွှေသည်လည်း ရေနံများနှင့် ယှဉ်လျက် အပြိုင် ပင် ဖြစ်နေပေသည်။ ရေနံဈေးသည် လွန်ခဲ့သည့် ၅ နှစ် အတွင်း ကမ္ဘာ့ရေနံသုံးစွဲမှု လိုအပ်ချက် ၀ယ်လိုအားကြောင့် မြင့်တက်လာခဲ့သည်။ ကုန်ပစ္စည်း ဈေးကွက်တွင် ဈေးနှုန်းများ တက် သကဲ့သို့ ရွှေဈေးသည်လည်း မြင့်တက်လာ နေ ပေသည်။ အာရှမှ တရုတ်ပြည်နှင့် အိန်္ဒိယ နိုင်ငံတို့၏ စီးပွားရေးအင်အား တိုးတက်လာမှု ပေါ်တွင် ရွှေသည် အကျိုးရှိနေပြီး ဈေးကွက်မြင့် တက်လာပေသည်။ တရုတ်နှင့်အိန်္ဒိယလူမျိုးများသည် အစဉ် အလာအားဖြင့် ရွှေကိုအများအပြား စုဆောင်း ကြသူများဖြစ်သည်။ ယင်းနှစ် နိုင်ငံအတွင်း နိုင်ငံ ရေးနှင့် စီးပွားရေး ပေါက်ကွဲမြင့်မားကာ အရှိန် အဟုန်ပြင်းထန်မှုများကို ကြုံတွေ့ခဲ့ရခြင်းတို့က အကြောင်းရင်း တစ်ချက်ပင်ဖြစ်ပေသည်။ ထို့ ကြောင့်ပင် ရွှေကိုစုဆောင်းပိုင်ဆိုင်ကြခြင်းမှာ နှစ်ဖက်စလုံးကို အကျိုးရှိစေလေသည်။ ဈေးကွက်အသီးသီးတွင် ရွှေအရောင်း အ၀ယ် ဖြစ်ထွန်းမှုများကိုတွေ့မြင်ရပြီး ငွေကြေး ရန်ပုံ ငွေကုမ္ပဏီ Hedge Funds များသည် ယင်းတို့၏ ငွေကြေးဒေါ်လာဘီလျံပေါင်း များစွာ ကို ရွှေအရောင်းအ၀ယ်လုပ်ငန်းတွင် အသုံးပြု လာကြ သည်။ (ယင်းငွေကြေး ရန်ပုံငွေ ကုမ်္ပဏီ များတွင် အစုဝင်အဖြစ် ပါဝင်သူများမှာ ဒေါ်လာသိန်းဂဏန်းဖြင့် နိုင်ငံတကာ ရွှေ ဈေးမှာ ပို၍ပင် မြင့်တက် သွားရတော့ သည်။ အချို့က ရွှေ၏ အရေးပါမှု အနေအထား သည် ၎င်းကို ဆွဲဆောင်မှု၊ နှစ်သက်မှုလျော့ပါး လာ သည်နှင့်အမျှ ရွှေနှင့်ယှဉ်လျက် တန်ဖိုးမြင့် လျက်ရှိသည့် ရေနံစွမ်းအင်ဈေးနှုန်းမှာ အမေ ရိကန် စီးပွားရေးသည် လက်ရှိဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ကျဆင်းသည်နှင့် အမျှ ကျဆင်းလာမည်ဟု တင်ပြကြသည်။ ရွှေနှင့်ပတ်သတ်၍ အရေးကြီးသည့် သတိ ပြုဖွယ်အချက်တစ်ချက်ရှိနေပါသည်။ ကမ္ဘာ့ ပမာဏ၏ အဓိကကျသည့် အရေအတွက် ပမာဏဖြစ်သည့် ရွှေအောင်စသန်းပေါင်း ၁၄၇ သန်းသည် အမေရိကန်နိုင်ငံ၏ လက်ဝယ်၌ ရှိပေသည်။ အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်ပေသည်။ ယင်းအခြေ အနေသည် ရွှေသမား တို့ကို ထိခိုက် စေနိုင်ပေသည်။ ထို့အပြင် ကမ္ဘာ့တစ်နေရာ၌ ရွှေပမာဏများ ကို ထပ်မံရှာဖွေတွေ့ရှိပေသည်။ ရွှေကို ခုံမင်နှစ် သက်ကြသည့် ရွှေသမားတို့ စဉ်းစားရန် အချက် ပင်ဖြစ်ပေသည်ဟု ဆိုပေသည်။ -ဦးကြည်ခင်- ( SME Myanmar Magazine - January 2014 - တွင် ဖော်ပြပြီး ) ================================================ လေးစားလျှက် ကိုဇင်ဇေ ( Social Media Rep @www.facebook.com/MyanmarSmeMagazine ) ( SME Myanmar Magazine စာအုပ်ပုံမှန် မှာယူဖတ်ရှုလိုသူများ ၊ ကြော်ငြာ ထည့်သွင်းလိုသူများ Message box မှ တဆင့် ဆက်သွယ်နိုင်ပါသည် ။ )

Sunday, January 19, 2014

Android ဖုန်းများကို Application မသုံးပဲ Screenshot ရိုက်တဲ့နည်း

















Android ဖုန်းများကို Application မသုံးပဲ Screenshot ရိုက်တဲ့နည်းဖြစ်ပါတယ်
ဒီနည်းအတိုင်း ပြုလုပ်နိုင်တဲ့ ဖုန်းအမျိုးအစားများကတော့....


  • Samsung Galaxy S Advance
  • Samsung Galaxy S2
  • Samsung Galaxy S3 Mini
  • Samsung Galaxy S3
  • Samsung Galaxy Note
  • Samsung Galaxy Note2


ပုံမှာပြထားတဲ့အတိုင်း ဖုန်း၏ Power နဲ့ Home ကို တစ်ပြိုင်တည်း ၅ စက္ကန့်ဖိထားပေးပါ Status Bar မှာ

Saving Screenshot ဆိုတဲ့စာလေးတက်လာရင် ရပါပြီ ရိုက်ထားသော Screenshot အား

Gallery ထဲက Screenshot ဆိုတဲ့ Folder မှာ ဝင်ကြည့်နိုင်ပါတယ်
http://1mobilecorner.blogspot.com/2013/02/samsung-galaxy-screenshot.html

Sunday, January 12, 2014

Font Browser - BETA ( Android APP ).............









မြန်မာစာ မပေါ်သေးတဲ့ ဖုန်းတွေမှာ မြန်မာ font တွေ မထည့်ခင် ဖုန်းမှာ ဘယ် font နဲ့ အဆင်ပြေ မပြေကို
system ထဲထိ သွင်းစရာမလို (restart) ဆင်းစရာမလိုပဲ ယခု ဆော့ဖ်ဝဲလ်ထဲမှာ အရင်ဆုံး preview အနေ
နဲ့ရော နောက် font ကို စိတ်တိုင်းကျ font size ပြောင်းပြီးတော့လည်း စမ်းသပ်နိုင်အောင် ပြုလုပ်ပေးထားပါ
တယ်။

အသုံးပြုနည်းမှာ -- ဖုန်းတွင် မြန်မာ font သွင်းမထားရ၊ မိမိ စမ်းသပ်ချင်သော font ဖိုင် .ttf ကို /sdcard/nso
ဆိုတဲ့ folder ထဲမှာ ထည့်ထားပေးရုံပါ။

Font tester ဆိုတဲ့ function လေးက Font developer တွေအတွက်လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါ
တယ်ဗျာ။

BETA ဗားရှင်းသာ ဖြစ်သည့်အတွက် bug နှင့် အကြံပြု ချင်သူများ အတွက် https://facebook.com/mgkboy
(0r) heroxp91191@gmail.com သို့ ကျေးဇူးပြု ပြီး ပို့ပေးစေလိုပါတယ်။

နောက်ဗားရှင်း များတွင် ယခုထက် function ပိုစုံနိုင်အောင် ဆက်လက် ကြိုးစား သွားပါမည်။

Please Share Original Download Link Only, thz

dev-host
mediafire

MGKBoy@JOY Mobile Service

Credit:https://www.facebook.com/mgkboy

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Font Browser - BETA ( Android APP ) http://www.simon-vlog.com/2014/01/font-browser-beta-android-app.html#ixzz2q8axqfKc
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ .......................

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ


အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။

နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း ( ရိုးရာလေး )

.

အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။ နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ် ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။
အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း ( ရိုးရာလေး )

Saturday, January 11, 2014

ဘီယွန်းဆေးရဲ့ သီးချင်းသစ် နဲ့ က ကြမယ် BEYONCE TAP SALUTE - Chloe 's SYNCOPATED LADIES



Friday, January 10, 2014
“ကျမတို့ဟာ ဂီတ ဆိုတာကို အခွင့်အရေးအဖြစ် ပိုင်ဆိုင်ခွင့် မရှိပါဘူး။ တကယ်တော့ ဂီတာကို ဖန်တီး သုံးစွဲယူရတာ သာပါဘဲ”တဲ့ ဆိုတဲ့ နာမည်ကြီးအဆိုတော် ဘီယွန်းဆေးနဲ့ လက်တွဲ အလုပ်လုပ်နေသူ Chloe Arnold ပြောထားတာပါ။ 

 ဘီယွန်းဆေး၊ ဓာတ်ပုံ-tickpick.com

အခုဆို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ ဖြန့်ချီတဲ့ ဘီယွန်းဆေးရဲ့ SYNCOPATED LADIES ဆိုတဲ့ အကနဲ့ တွဲဖက် သရုပ်ဖော် ထား တဲ့ သီချင်းကတော့ အခု လူငယ်ထုသာမက၊ အရွယ် ၃ ပါးလုံးကြားမှာ ရေပန်းစား လာနေပါတယ်။ 

ဒီသီချင်းလေးနဲ့ အတူ Tapping အက ( Tap Dance ) ကိုပါ ပရိသတ်များ တွဲဖက်က ကြမယ်ဆိုရင် အဆီတွေလည်း ကျ၊ ကျန်းမာရေး လည်း ကောင်းနိုင်ပါလိမ့်မယ်။ 

အာဖရိကန်ဟန်ပန် သွက်လက်တဲ့ အကတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ က ကွက် ဆိုကွက်တွေကို ခံစားကြည့်လိုက်ပါ အုံး။
  
အိမ့်သံစဉ် ~ 

ထိုင်းနိုင်ငံ ချင်းမိုင်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ATM ( ငွေထုတ်စက်) အသုံးပြုပြီး တပါးသူတွေရဲ့ ငွေကြေး အမြောက်အများကို ထုတ်ယူနေတဲ့ ဂိုဏ်းရှိနေပြီလို့ သတိပေး..............

ATM စက် ငွေခိုးဂိုဏ်းတွေ ရှိနေပြီ

Friday, January 10, 2014


ထိုင်းနိုင်ငံ ချင်းမိုင်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ATM ( ငွေထုတ်စက်) အသုံးပြုပြီး တပါးသူတွေရဲ့ ငွေကြေး အမြောက်အများကို ထုတ်ယူနေတဲ့ ဂိုဏ်းရှိနေပြီလို့ သတိပေး ပြောလိုက်ပါတယ်။ 

ဓာတ်ပုံ- cm108.com

ချင်းမိုင်မြို့က ဘဏ် ငွေထုတ်စက် ATM တွေကနေ ပိုင်ရှင်မသိပဲ ငွေအမြောက်အများ ခိုးယူခံရမှုတွေ ဆက်တိုက်ဖြစ် လာ နေလို့ CCTV တွေနဲ့ ATM စက်မှတ်တမ်းတွေကို လိုက်လံ စစ်ဆေးရာမှာ ATM ကတ် ထည့်သွင်းရာ အပေါက်မှာ ကွန်ပြူ တာ ချစ်ပ်ပြားတွေပါတဲ့ Divices တွေလျှိုဝှက်တပ်ဆင်ထားမှုကို ချင်းမိုင် ရဲတပ်ဖွဲ့က ဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ ဒီကနေ့ ချင်းမိုင်အွန်လိုင်း သတင်းတပုဒ်က ဖော်ပြထားပါတယ်။ 

ATM ငွေထုတ်ကတ် ထည့်ရသည့် အပေါက်

အခုလို အဆင့်မြင့် ATM ငွေထုတ်စက်တွေက နည်းပညာသုံး ပစ္စည်းတွေ လျှို့ဝှက်တပ်ဆင်ကာ တရား မဝင် ငွေခိုးမှုတွေကို အနောက်နိုင်ငံသား နိုင်ငံခြားသား ဂိုဏ်းတခုက ကျူးလွန်နေတယ်လို့ CCTV မှတ် တမ်း စစ်ဆေးချက်တွေက ညွှန်ပြနေတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မစ္စတာ Amon က ပြောဆိုထားပါတယ်။ 

“ATM ငွေခိုးဂိုဏ်းက လူတွေက ခင်ဗျားတို့ ကတ်ကို ATM စက်ထဲ ထည့်ပြီး ငွေထုတ်လိုက်ပြီဆို သူတို့ လျှို့ဝှက် တပ်ဆင် ထားတဲ့ ကွန်ပျူတာ Devices တွေကြောင့် အဲဒီ ATM ကတ်ရဲ့ နံပါတ်၊ လျှို့ဝှက် နံပတ်နဲ့ အချက်အလက်အကုန် သူတို့ သိ သွားပြီ။ ဒါဆို နောက်တယောက်က ငွေများများ ရှိတဲ့ အသုံးပြုသူရဲ့ ကတ် ကို မှတ်ထားပြီး ငွေကို စက်က လာထုတ်ယူသွား တာဘဲ” လို့ သူက ရှင်းပြထားပါတယ်။ 

ATM ကတ် စိုက်ရာ အပေါက်တွင် လျှို့ဝှက်တပ်ဆင်ထားသော ကွန်ပျူတာ Devices များ
ဒါလို ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာလို့ ထိုင်းနိုင်ငံက ဘဏ်အရာရှိတွေလည်း စောင့်ကြည့်မှုတွေ လုပ်လာ
ပေမယ့် အခုထိ တော့ အဲဒီ ကျူးလွန်နေတယ်ဆိုတဲ့ အနောက်နိုင်ငံသား ဂိုဏ်းကို ဖမ်းလို့ မမိသေးပါဘူး။ 

ATM ငွေခိုးဂိုဏ်း အသုံးပြုတဲ့ အဆင့်မြင့် နည်းပညာသုံး ဆက်စပ်ပစ္စည်းများ

ဘဏ်တခုမှာ ငွေ အမြောက်အများ စုထားတဲ့ ထိုင်းနိုင်ငံသား တဦးဟာ သူ့ရဲ့ ATM ကတ်ကို တခါမှ မသုံးပဲ ထားတာ တောင် ငွေတွေအမြောက်အများ ခိုးယူတာ ခံလိုက်ရတယ်လို့ အဲဒီ့သတင်းမှာ ဖော်ပြထား ပါတယ်။ 

ဒါကြောင့် တလောကပဲ ထိုင်း ဘဏ်တွေရဲ့ လမ်းဘေးနေရာတိုင်းမှာတွေ့ရတဲ့ ATM ငွေထုတ်စက်တော်
တော် များများမှာ အင်္ဂလိပ်ဘာသာနဲ့ Function ကို ရပ်ဆိုင်းထားခဲ့ပါသေးတယ်။ ATM ငွေထုတ်စက်က ထုတ်ယူရင် ၂၄ နာရီအတွင်း ဘတ်ငွေ ၅ သောင်း အထိသာ ကန့်သတ်ထားချက်ရှိပြီးသီးခြား ငွေ ထုတ်ယူမှု ကာယကံရှင်ဆန္ဒနဲ့ကန့်သတ်တာမျိုးလည်း ဝန်ဆောင်မှု ပေးထားတာပါ။ 

ATM ငွေ ခိုးဂိုဏ်း အသုံးပြုတဲ့ အဆင့်မြင့် ဆက်စပ်ပစ္စည်းများ

ဒါပေမယ့် ငွေများများ ရှိနေသူတွေရဲ့ ဘဏ်ကတ်ထဲက အချက်အလက်တွေရသွားတဲ့အခါ အွန်လိုင်း က ငွေပေးချေတဲ့ E bay လို ဟာမျိုးတွေကနေ အချက်အလက်တွေကို ယူပြီး အွန်လိုင်း ဈေးဝယ်သွား တာမျိုးလည်း လုပ်ကြတယ်လို့ ဆိုပါတယ်။ 

နည်းပညာခေတ်မှာ ငွေစက္ကူအစား အသုံးပြုလာတဲ့ ဘဏ်ကတ်တွေဟာ အခုဆို မလုံခြုံတော့ဘူးဆို တာ ပြသနေပါပြီ။ 

မြန်မာနိုင်ငံမှာလည်း ATM ငွေထုတ်စက်တွေကို စတင် အသုံးပြုလာနေပြီဖြစ်လို့ ဒီသတင်းဟာ မြန်မာ
နိုင်ငံအတွက် ကြိုတင်ကာ ကာကွယ်မှုတွေ လုပ်နိုင်ဖို့ သင်ခန်းစာပေးတဲ့ သတင်းတပုဒ်မို့ ဒီပို့စ်ကို ကျမ ရေးသားတင်ပြလိုက်ပါတယ်။ 





အိမ့်သံစဉ် ~ 


Facebook v 5.0.0.0.12.31 for android(latest version).................................



Tags

Android ဖုန်း /tablet တွေ အတွက် အသစ်ထွက်ရှိလာတဲ့ facebook v 5.0.0.0.12.31 for android ကို တင်ပေးလိုက်ပါတယ် ….. ကိုယ်ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ နဲ့ အမြဲတမ်းနီးစပ်နိုင်ဖို့၊ photo ,video ဝေမျှနိုင်ဖို့ ,group ဖွဲ့ပြီး စကားစမြည်ပြောဖို့၊ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ် တွေ ဆော့ကစားနိုင်ဖို့အတွက် Facebook v 5.0.0.0.12.31 ဆော့ဝဲလ် ကို Myanmar Mobile App Store မှာ download ရယူနိုင်ပါတယ်http://www.mediafire.com/download/dsf9bhdurm7x8pu/Facebook_Official_v5.0.0.12.31.apk …အောက် က Link မှာ ရယူနိုင်ပါတယ်
ဆော့ဝဲလ်အားရယူရန်(uploaded by Sakura Hanako(Myanmar Mobile Users Group)

မြန်မာ apk များစုစည်းမှု ( ၅၉ ခု = 110.24 MB )..................http://aungscc.blogspot.com/2013/07/apk-11024-mb.html

Wednesday, 17 July 2013


Android ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုကြတဲ့၊ လူကြိုက်များတဲ့ မြန်မာ apk လေးတွေကို စုစည်းတင်ပေး လိုက်ပါတယ်။ သီတင်းတွေ၊ keyboard တွေ၊ ငတက်ပြား game တွေ၊ browser တွေ၊ ပြက္ခဒိန်တွေ၊ သီချင်း site တွေ၊ ငွေလဲနှုန်းတွေ၊ နည်းပညာတွေနဲ့ မြန်မာဂျာနယ် Site တွေပေါ့ဗျာ။ ကျွန်တော် ရှာတွေ့သမျှ သိမ်းထားတဲ့ apk လေးတွေကို တင်ပေးလိုက်တာပါ။ ပြန်ရှဲတယ်ဆိုပါတော့။ ကြိုက်ကြမယ်ထင်ပါ တယ်။ Size တော့နည်းနည်းကြီးတယ်။ သီးခံပြီးစိတ်ရှည်ရှည် Down ကြပါ။ လိုချင်ရင် အောက်က Link မှာ Down ပြီး Unzip လုပ်၊ Phone မှာ Install လုပ်ပြီး သုံးနိုင်ပါပြီဗျာ...
ဟောဒီမှာယူဗျာ 
အဆင်ပြေကြပါစေ.......

Thursday, January 9, 2014

သင်သေသွားသော်..............................


ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။

သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀.......................


၁. စွန့်စားလိုစိတ် မရှိခြင်း။
(Unwillingness to take risks)

၂. ဇွဲမရှိခြင်း။
(Lack of persistence)

၃. ကျေနပ် လွယ်ခြင်း။
(Instant gratification)

၎. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။
(Lack of priorities)

၅. ဖြတ်လမ်းကို ရှာခြင်း
။(Looking for shortcuts)

၆. အတ္တ၊ လောဘ များခြင်း။
(Selfshness and greed)

၇. ခိုင်မာတဲ့ ယုံကြည်ချက် မရှိခြင်း။
(Lack of conviction)

၈. သဘာဝနိယာမကို ကောင်းကောင်းနားမလည်ခြင်း။
(Lack of understanding of nature's laws)

၉. ကြိုတင်စီစဉ်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိခြင်း။
(Unwillingness to plan and prepare)

၁၀. ရှာကြံအကြောင်းပြတတ်ခြင်း။
(Rationalizing)

၁၁. အမှားကို သင်ခန်းစာ မယူခြင်း။
(Not learning from past mistakes)

၁၂. အခွင့်အရေးကို မြင်အောင် မကြည့်နိုင်ခြင်း။
(Inability to recognize opportunity)

၁၃. အကြောက်ကြီးခြင်း။
(Fear)

၁၄. ပင်ကိုယ်စွမ်းရည်ကို အသုံးမချတတ်ခြင်း
။(Inability to use talents)

၁၅. စည်းကမ်းလိုက်နာမှု မရှိခြင်း။
(Lack of discipline)

၁၆. မိမိကိုယ်ကို တန်ဘိုးမထားခြင်း။
(Lack of self-esteem)

၁၇. အသိပညာ ဗဟုသုတ ချို့တဲ့ခြင်း။
(Lack of knowledge)

၁၈. ကံကိုယုံကြည်တဲ့ သဘောထားရှိခြင်း။
(Fatalistic attitudes)

၁၉. ရည်ရွယ်ချက် မခိုင်မာခြင်း။
(Lack of purpose)

၂၀. သတ္တိနည်းခြင်း။
(Lack of courage)

သူငယ်ချင်းတို့ရေ………

ဒီအချက် ၂၀-ဟာ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ အခန်း(၂) Success; Winning stragegies ထဲက ထုတ်နှုတ် ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလေးတွေကို လိုက်နာရှောင်ကြဉ်မယ်ဆိုရင် ဘဝအောင်မြင်ရေးအတွက်
အလွန်တန်ဖိုးကြီးတဲ့ အချက်တွေဖြစ်တာမို့ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ…………
လင်းမြတ်(ပန်းတောင်း)


ဂန္ထဝင် ဗိသုကာ ကုမ္ပဏီ Credit To>ဘဝအားမာန်< Thanks
www.facebook.com/ca.architect.