This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, January 21, 2014

ပိုင်ဆိုင်ကြောင်း စာချုပ်ပြ၍ တိုက်ခန်းလိမ်လည်ရောင်း ................

Monday, January 20, 2014

ဇော်ဇော်ထွေး

တာမွေမြို့နယ်တွင် တိုက်ခန်း နှစ်ခန်းကို ပိုင်ဆိုင်သည်ဟု စာချုပ်အထောက်အထားများပြ၍ လိမ်လည် ရောင်းချသဖြင့် အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ဇန်န၀ါရီ ၁၅ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

အမှုမှာ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်၊ မင်္ဂလာလမ်းနေ ဦးအောင်ဌေးသည် ယခင်ရင်းနှီးခင်မင်သူ ဒေါ်ဆုမိကျော်နှင့် ၎င်းမိခင်ဒေါ်မိမိငယ်တို့နှင့် ပြန်လည်တွေ့ဆုံခဲ့စဉ် အဆိုပါသားအမိနှစ်ဦးက ၎င်းတို့နေ ထိုင်သော တာမွေမြို့နယ်၊ အရိုးကုန်းရှိ တိုက်ခန်းအား ရောင်းချလိုကြောင်း ပြောဆိုရာမှတစ်ဆင့် စတင် ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပိုင်ဆိုင်ကြောင်း စာချုပ်ပြသကာ အဆိုပါ တိုက်ခန်း၏ (၄)လွှာ (၀ဲဘက်ခြမ်း) အခန်းအား ၂၀၁၂ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ငွေကျပ်သိန်း ၁၈၀ ဖြင့်လည်းကောင်း၊ ၂၅ ရက်တွင် မြေညီထပ် ၀ဲ ဘက်ခြမ်းအခန်းကို ကျပ်သိန်း ၃၇၀ ဖြင့်လည်းကောင်း စာချုပ်ချုပ်ဆိုပြီး ၀ယ်ယူကာ သော့ခတ်ထားခဲ့ သည်ဟု တရားလိုက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် ၂၀၁၄ ခုနစ် ဇန်န၀ါရီ ၁ ရက်တွင် တိုက်ခန်းများသို့ သွားရောက်ကြည့်ရှုရာ ဦးအောင်ဌေးခတ် ထားသောသော့များမဟုတ်ဘဲ အခြားသော့များ ခတ်ထားသဖြင့် စုံစမ်းရာ မိသားစုမရှိတော့ဘဲ ယခုကဲ့ သို့ မကြာခဏ လိမ်လည်လေ့ရှိကြောင်း သိရှိခဲ့ရသည်ဟုဆိုသည်။

ထို့ပြင် အဆိုပါတိုက်ခန်းများကို ဦးလေးဖြစ်သူကလည်း ပေးအပ်ထားခြင်းမရှိကြောင်း စုံစမ်းသိရသဖြင့် ဒေါ်ဆုမိကျော်နှင့် ဒေါ်မိမိငယ်တို့ကို အရေးယူပေးရန် ဦးအောင်ဌေးက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

မြေပိုင်သူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေး ဘဏ် ငွေချေးမည် .................

ထက်နိုင်ဇော်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHD) ဘဏ်က မြေပိုင်ရှိသူများ အတွက် ဘဏ်ချေးငွေ ထုတ်ပေးသော စနစ်ကို မြန်မာနိုင်ငံတွင် စတင် ၀န်ဆောင်မှု ပေးနေကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြီးကြပ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသည့် CHD ဘဏ်က မတည်ရင်းနှီးငွေ ကျပ် ဘီလီယံ ၁၀၀ ဖြင့် ဆောက်လုပ်ရေးအထူးချေးငွေများ၊ အိမ်ရာဆောက်လုပ်ရေး ချေးငွေများ၊ အိမ်ရာ ၀ယ်ယူရန် ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း CHD ဘဏ်က တရားဝင် ထုတ်ပြန်ထားသည်။

အခြေခံ လူတန်းစားများ ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန်၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ၀ယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း CHD ဘဏ်၏ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ယုက ဧရာဝတီသို့ ပြောသည်။

“ငွေချေးမယ်ဆိုရင် အတိုးက ၁၃ ကျပ်နှုန်းနဲ့ ၃လ တခါ ပေးရမယ်။ နှစ်တိုပဲ ချေးမှာ။ Extenstion (ငွေချေးကာလ ထပ်တိုး)နဲ့ဆိုရင် တော့ ၃ နှစ်လောက်အထိ ရနိုင်တယ်။ မြေပိုင်ရှင်နဲ့ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ပြီးမှ ဒီမှာ ငွေချေးလို့ ရမှာ။ ချေးငွေလိုချင်ရင် လျှောက် လွှာ လာတင်လို့ ရပါပြီ”ဟု ဦးတင်ယုက ပြောပြသည်။

မြေပိုင်ရှိသူများမှာ ဂရမ် အမည်ပေါက် ပေ ၄၀x ပေ ၆၀ မြေကွက် ပိုင်ဆိုင်ရန်လိုအပ်ပြီး ယင်းမြေပေါ်တွင် အဆောက်အအုံ ဆောက် လုပ်လိုပါက မြေနှင့်အဆောက်အအုံ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ချေးငှားပေးမည် ဖြစ်သည်။ မြေဂရမ်ကို ဘဏ်တွင် အပေါင် အဖြစ် အပ်နှံထားရမည့်အပြင် မြေပေါ်တွင် ဆောက်လုပ်မည့် ကန်ထရိုက်တာ အနေဖြင့်လည်း မြေနှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ဘဏ်သို့ ပေးသွင်းထားရမည် ဖြစ်သည်။

“ဘဏ်ရဲ့ အားသာချက်က ဆောက်လုပ်ရေး ချေးငွေ ပေးတာပဲ။ မြေချည်းပဲ အပေါင်ထားရုံနဲ့ ပိုက်ဆံ ထုတ်ချေးမယ်။ တခြားဘဏ် တွေမှာ ဒါမျိုးမရဘူး။ တခြားဘဏ်တွေက အခြေခံ လူတန်းစားထက် လုပ်ငန်းရှင်တွေကိုပဲ ကြည့်တာ များတယ်။ နှစ်ရှည်ချေးဖို့ အတွက် ဗဟိုဘဏ်က ခွင့်မပြုသေးဘူး။ ဒါပေမယ့် Project Loan (စီမံကိန်းချေးငွေ)တွေကိုတော့ နှစ်ရှည် ချေးပေး သွားမယ်။ ကန်ထရိုက်ဆီက အပေါင်ယူထားရတာ ကလည်း ပိုခိုင်မာအောင်လို့။ အဆောက်အအုံပြီးလို့ ငွေအကြေ ပြန်ဆပ်ရင် ဒီပိုက်ဆံ ပြန် ထုတ်ပေးမယ်”ဟုလည်း ဦးတင်ယုက ပြောဆိုသည်။

မြေပိုင်ရှိသူသည် ၃ လ တကြိမ် အတိုး ၁၃ ရာခိုင်နှုန်း ပေးရမည် ဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်ရန် အတွက် ကန်ထရိုက်နှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ပြသရမည် ဖြစ်ကြောင်း၊ ချုပ်ဆိုထားသည့် စာချုပ်တွင်ပါသည့် အချိန်ကာလအတွင်း ချေးငွေကို အကျေ ပြန်ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

မြေပိုင်ဆိုင်မှုရှိပါက ငွေချေးမည့် အစီအစဉ်ကို စိတ်ဝင်စားသူများ ရှိနေသော်လည်း ဘဏ်၏ စည်းကမ်းချက်များထဲတွင် မြေ နှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း အပေါင်သွင်းထားရမည့် အချက်မှာ အဆင်မပြေနိုင်ကြောင်း ဘဏ်ချေးငွေ ရယူလိုသူများက ပြောဆိုကြသည်။

“ဘဏ်ရဲ့ ငွေချေးတဲ့ ပုံစံမှာ ကန်ထရိုက်ကို ၂၀ ရာခိုင်နှုန်း သွင်းခိုင်းတာတော့ အဆင်မပြေဘူး။ အစ်မတို့က ကိုယ်ပိုင် ဆောက်ချင် တာ။ အခုက ကန်ထရိုက်ပါ လိုနေတယ်။ ပြီးတော့ သူ(ဘဏ်)က ၃၀ ရာခိုင်နှုန်းပဲ ချေးမှာ။ နှစ်ရှည်ချေးမယ့် ပုံစံလည်း မဟုတ်တော့ ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ”ဟု ဘဏ်ချေးငွေအတွက် သာကေတမြို့နယ်မှ လာရောက်စုံစမ်းသော ဒေါ်ယုယု ဆိုသည့် အမျိုး သမီး တဦးက ပြောသည်။

မြေပိုင်ဆိုင်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရန်အတွက် CHD ဘဏ်၏ ၀န်ဆောင်မှုသစ် ဖြစ်သော်လည်း အာမခံ ယူထားသည့် နှစ်တိုချေးငွေ ပုံစံသာ ဖြစ်သောကြောင့် ထူးခြားမှု မရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ပြုလုပ် ပေးနေသော ဆင်းရဲသားများ တန်ဖိုးနည်း အိမ်ရာ ပိုင်ဆိုင်နိုင်ရေး အတွက် အစိုးရ၏ နှစ်ရှည်ချေးငွေ ပုံစံ ပြုလုပ်မှသာလျှင် အဆင်ပြေမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင်နှင့် ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။

“တခြားဘဏ်တွေလည်း နှစ်တို ချေးငွေကတော့ ပေးနေတာပဲ။ သိပ်မထူးခြားပါဘူး။ သူက အာမခံကို မြေယူတာ တခုတော့ သာ တယ်။ ဒါကလည်း ၂ နှစ်လောက် အတွင်းမှာ အိမ်ဆောက်ပြီး ပြန်ဆပ်ရမှာ။ နှစ်ရှည် ချေးငွေကျတော့လည်း အစိုးရ ပါမှ ရမှာ။ အပ် ငွေကလည်း နှစ်ရှည်အပ်မှ ဘဏ်ကနှစ်ရှည် ပြန်ချေးလို့ ရမှာ။ နောက်ပြီး ဒီမှာ အတိုးနှုန်းကလည်း မငြိမ်သေးဘူး။ ငွေကြေး ဖောင်း ပွ မှုတွေလည်း ငြိမ်ဖို့လိုတယ်။ အခြေခံ စီးပွားရေး တည်ငြိမ်မှ ဒီလို လုပ်ငန်းတွေ စလို့ရမှာ။ နိုင်ငံခြားငွေတွေ ၀င်လာဖို့ လိုတယ်။ အဲဒါတွေ သိပ်မပြည့်စုံဘဲနဲ့တော့ သိပ်မလွယ်သေးဘူး”ဟု ဦးသန်းလွင်က ပြောဆိုသည်။

အခြေခံ လူတန်းစားများ အတွက် ကောင်းမွန်သော အိမ်ရာများ၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ၀ယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးမည် ဆိုသော်လည်း ပထမဆုံး ၀န်ဆောင်မှုမှာ မြေပိုင်ရှိသူများ အတွက် အဆင်ပြေမည့် သဘော ဖြစ်နေသည်ဟုလည်း ဆိုသည်။

CHD ဘဏ်၏ ၀န်ဆောင်မှု ကြေညာ စာရွက်တွင် လုံးချင်းအိမ် ၀ယ်လိုသူများ၊ ကွန်ဒိုအခန်း ၀ယ်လိုသူများ ၊ တိုက်ခန်းဝယ်လိုသူများ ချေးငွေ လိုအပ်ပါက ဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ယင်းဝန်ဆောင်မှုကို လတ်တလော စတင် နိုင်ဦးမည် မဟုတ်ကြောင်း CHD ဘဏ် မန်နေဂျာတဦးကလည်း ပြောဆိုသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ အိမ်ရာမှ CHD ဘဏ်သို့ လာရောက်စုံစမ်းသည့် ဒေါ်ခင်ဖြူဖြူလှက“တန်ဖိုးနည်း အိမ်ရာဝယ်ချင်လို့ လာစုံစမ်းတာ။ ဘဏ်က တိုက်ရိုက် မရောင်းဘူး။ သူက အိမ်ရာဆောက်မယ့်သူတွေကိုပဲ ငွေအရင် ချေးမှာ။ မိသားစု လေး ယောက် ရှိတာ အိမ်ရှိ လူအကုန် အလုပ်လုပ်တာ အိုးပိုင်အိမ်ပိုင် မရှိသေးဘူး။ တန်ဖိုးနည်း အိမ်ရာလေး တခုမှာ အိုးပိုင်အိမ်ပိုင်လေး တော့ ဖြစ်ချင်တယ်”ဟု ပြောသည်။

CHD ဘဏ်က ထုတ်ပြန် ကြေညာချက်၌လည်း ဆောက်လုပ်ရေး အထူးချေးငွေအဖြစ် ငွေချေးယူလိုပါက လုပ်ငန်းရှင်များ အနေဖြင့် မရွှေ့မပြောင်းနိုင်သော မြေ၊ အဆောက်အအုံ ပစ္စည်းတို့ကို ဘဏ်သို့ အာမခံ အပေါင်အဖြစ် ပေးထားရမည် ဖြစ်ပြီး ချေးယူမည့် ပိုင်ဆိုင်မှု တန်ဖိုးအပေါ်တွင် မူတည်၍ ၃၀ ရာခိုင်နှုန်း ချေးငှားပေးမည် ဖြစ်ကြောင်း၊ အစိုးရ အကောင်အထည်ဖော်သော စီမံကိန်းများ အတွက် စီမံကိန်း တန်ဖိုး၏ ၈၀ ရာခိုင်နှုန်း ချေးငှားပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။

CHD ဘဏ် ရုံးချုပ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် န၀ဒေး လမ်းတွင် ဖွင့်လှစ်ထားပြီး ပထမဆုံး ဘဏ်ခွဲအနေနှင့် ဗိုလ်တထောင်မြို့နယ်ရှိ အိုးအိမ် ဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ထားသည်။

နေပြည်တော် ၊ မန္တလေး၊ မကွေး၊ ပြည်၊ တောင်ကြီး နှင့် ပုသိမ်မြို့များတွင်လည်း ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး တလလျှင် တဘဏ်နှုန်း ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

Monday, January 20, 2014

"အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်

ရွှေသာလျှင် အဓိက

" ကုန်ပစ္စည်း ဈေးကွက်တွင် ဈေးနှုန်းများ တက် သကဲ့သို့ 
ရွှေဈေးသည်လည်း မြင့်တက်လာ နေ ပေသည်။ 
အာရှမှ တရုတ်ပြည်နှင့် အိန်္ဒိယ နိုင်ငံတို့၏ စီးပွားရေးအင်အား တိုးတက်လာမှု ပေါ်တွင် 
ရွှေသည် အကျိုးရှိနေပြီး ဈေးကွက်မြင့် တက်လာပေသည်။"

"အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် 
ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်ပေသည်။"
ရွှေသာလျှင် အဓိက -ဦးကြည်ခင်- ၁၉၃၃ ခုနှစ် ကမ္ဘာ့စီပွားရေးကပ် ဆိုက် ရောက် ခဲ့စဉ်ကာလက ကမ္ဘာ့ရွှေဈေးသည် တစ် အောင် စလျှင် အမေရိကန်ဒေါ်လာ ၂၀ ခန့်သာ ရှိခဲ့သည်။ ယခုအခါတွင် နိုင်ငံတကာ၌ ရွှေတစ် အောင်စလျှင် ဒေါ်လာ ၁၃၀၀ ကျော်တွင် ရှိနေပေပြီ။ ယခင်က ၁၆၀၀ အထိ ရှိခဲ့ဖူးသည်။ နိုင်ငံတကာ ရွှေဈေးကွက်တွင် ရွှေကိုအလု အယက်လူကြိုက်များနေရခြင်းမှာ လက်ရှိ အအြေနေအားဖြင့် အကြောင်းနှစ်ချက်ရှိပါ သည်။ ယင်းတို့မှာ ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံ တကာ ငွေရေးကြေးရေး အကျပ်အတည်း အခြေ အနေများကြောင့်ပင် ဖြစ်ပါသည်။ ကုန် ပစ္စည်း အမျိုးမျိုးတို့၏ ဈေးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာ ငွေကြေး တန်ဖိုးလျော့ကျမှုများကြောင့် ရင်းနှီး မြှုပ်နှံ သူများသည် ရွှေကို ငွေကြေးဖောင်းပွမှုကို အကာအကွယ်ပေးသည့် ရင်းနှီးမြှုပ်နှံသည့် ငွေကြေးကုမ္ပဏီများ ( Gold Funds ) ၏ အစုရှယ်ယာများကို ၀ယ်ယူ ရင်းနှီးမြှုပ်နှံထား ခြင်းသည် ယခုအခါတွင် စိတ်ချရသည့် ရင်းနှီး မြှုပ်နှံမှု ဖြစ်နေပေသည်။ အထူး သဖြင့် ဘဏ်များ ဖျက်သိမ်း၊ ပျက်ပြားခြင်းနှင့် စတော့ဈေးကွက် များ ပြိုကွဲခြင်းတို့ ဖြစ်နေချိန်တွင် ဖြစ်လေသည်။ ရှားပါးခြင်းဆိုသည့် ရွှေ၏အရည်အသွေး သည် လူကြိုက်များရခြင်း အဓိကအကြောင်း ရင်းပင်ဖြစ်သည်။ ရွှေသည် ငွေစက္ကူကဲ့သို့ အကန့်အသတ်မရှိ ရိုက်နှိပ်ထုတ်ဝေသည့် ငွေ ကြေး မဟုတ်ပေ။ ရွှေဈေးနှုန်းသည် တစ်နေ့ တခြား မြင့်မားလာသော်လည်း ရွှေကို ပိုမိုထုတ် လုပ်နိုင်ခြင်း မရှိပေ။ နှစ်ပေါင်း အတန်ကြာ ကတည်းက ရွှေထွက်ရှိမှုသည် ကျဆင်းလာနေ ပေသည်။ ကမ္ဘာ့ရွှေအများစုကို ချမ်းသာသည့် အနောက် နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံ၊ ပြင်သစ်၊ ဆွတ်ဇာလန်စသည့် နိုင်ငံများ၏ ဗဟို ဘဏ်များ ကပိုင်ဆိုင်ကြသည်။ သို့သော်လည်း လွန်ခဲ့သည့် ခုနစ်နှစ်ကာလခန့်မှစ၍ ရွှေကို အထူးပြု ရင်းနှီးသည့်ငွေကြေး တန်ဖိုးရှိသည့် ရွှေကိုအများစု ၀ယ်ယူထိန်းသိမ်းထားသည့် အဖွဲ့ အစည်းများဖြစ် လာကြပေသည်။ ဤကဲ့သို့ ငွေကြေးကုမ္ပဏီများ လက်ဝယ်၌ ရွှေများ စုစည်းရှိနေခြင်းမှာ ယင်းကုမ်္ပဏီများ အနေဖြင့် ဘဏ္ဍာရေး ဈေးကွက်အတွင်း တစ်ဦး ချင်း ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရယူနိုင် ခြင်း ကြောင့်ဖြစ်သည်။ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် ရွှေကို ၀ယ်ယူရင်းနှီးသည့် ယင်းငွေကြေး ကုမ်္ပဏီများ၏ အစုရှယ်ယာများ ကို ၀ယ်ယူခြင်း ဖြင့် ရွှေကိုဝယ်ယူနိုင်ခြင်းဖြစ်ပေ သည်။ ယင်းငွေကြေးကုမ္ပဏီများသည် ပုံမှန် စတော့ ရှယ်ယာများကို ၀ယ်ယူခြင်း မပြုပေ။ အလေးချိန်အားဖြင့် အောင်စ ၄၀၀ ရှိ ရွှေတုံး များကို ဒေါ်လာ ဘီလျံပေါင်းများစွာဖြင့် ၀ယ်ယူ ရင်းနှီးမြှုပ်နှံထားကြသည်။ ယင်းရွှေများကို ၀ယ်ယူခြင်းသည် ရွှေဒင်္ဂါးများ၊ တစ်ကီလိုရှိ ရွှေတုံးများ၊ ရတနာများကို ၀ယ်ယူရင်းနှီးခြင်း ထက် ကုန်ကျစရိတ်သက်သာလေသည်။ ဥပမာ အမေရိကန် နိုင်ငံအခြေစိုက် ( Street Tracks ) ငွေကြေး ကုမ္ပဏီသည် ဒေါ်လာဘီလျံ ၂၀ တန်ဖိုးရှိသည့် ရွှေတန်ချိန် ၆၄၉ တန်ကို လက်ဝယ်ပိုင်ဆိုင်ထားရှိလေသည်။ အဓိက ဗဟိုဘဏ်များ၏ ပိုင်ဆိုင်မှုထက် မများသော် လည်း ၎င်းင်းတို့ ထက်မလျော့ပေ။ ရွှေသည် အချိန် ကြာညောင်းသော်လည်း အရောင်မမှိန်ဘဲ အလွယ်တကူ ငွေဖြစ်လွယ်ကာ လက်ဆုပ်လက် ကိုင် ပိုင်ပိုင် နိုင်နိုင် လက်ဝယ်ထားနိုင်သဖြင့် ဆွဲဆောင်မှုကြီး မားလှသည်ဖြစ်ရာ ရွှေကိုငြင်းပယ် မည့် ပုဂ်္ဂိုလ် များ အလွန့်အလွန်နည်းလှပေမည်။ သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ကျော်ကာလက အမေရိကန် ဘဏ္ဍာရေး ပညာရှင် Peter Bernstein က ရွှေပေါ်တွင် အထင်ကြီးလွန်းခြင်းနှင့် ပတ်သက်၍ စာအုပ်ရေး ခဲ့ပေသည်။ ရွှေသည် စိတ်ကြိုက်ရင်းနှီးမြှုပ်နှံမှု အဖြစ်မှ လျှောကျလာနိုင်မည့် အန္တရာယ်နှင့် ပတ်သက်၍ သတိပေးခဲ့လေသည်။ အာဖဂန် နစ္စတန်သို့ ဆိုဗီယက်တို့ ၀င်ရောက်သိမ်းပိုက် ခဲ့သည့် ၁၉၈၀ ပြည့်နှစ်တွင် ရွှေသည် တစ်ထ ရွိုင်အောင်စလျှင် ၈၅၀ ဒေါ်လာမှ တန်ဖိုးသုံးပုံ တစ်ပုံခန့် လျော့ကျခဲ့လေသည်။ ရွှေကို အရူးအမူးဖြစ်သူများ အနေဖြင့် ဆုံးရှုံး မှုဒဏ်ရာ ဒဏ်ချက်များကို ကုသရန် အချိန် အတော် ရခဲ့ရာ Bernstein အနေဖြင့် ရွှေ၏ဆွဲဆောင်နိုင်မှုကို အံ့သြခဲ့ရသည်။ သူ၏ စာအုပ် တွင် ရွှေကို မက်မောလွန်းသူများသည် ရွှေ၏ ကျိန်စာသင့်တတ်သည်ဟုဆိုသည်။ ရောမ ခေတ်က ရွှေကို မက်မောလွန်းသူစစ်ဘုရင် Crassus သည် လည်ချောင်းအတွင်းသို့ ရွှေရည်များလောင်းထည့်ခံရ၍ သေဆုံးခဲ့ခြင်း ကို ဖော်ပြထားသည်။ ရွှေသည် စစ်ဘေးကာလအန္တရာယ်များ စိုးမိုးအုပ်ချုပ်သူများ၏ အန္တရာယ်မှ လွတ်ကင်း စေနိုင်ပေသည်။ သို့သော် ပညာရှင် Bernstein က လွန် ခဲ့သည့် နှစ်ပေါင်း ၅၀ ကာလအတွင်း ဒေါ်လာငွေ တန်ဖိုးတက်လာခဲ့သည့် အတွက် ရွှေကိုရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးဟု ယူဆခဲ့ခြင်းသည် မှားယွင်းသည့် အယူအဆ ဖြစ်ခဲ့သည်ဟု ငြင်းချက်ထုတ်ခဲ့သည်။ သို့သော်လည်း ရွှေကိုသာ ယုံကြည်သူများ အနေဖြင့် မကြာမီက ရွှေဈေးသည် တစ်အောင် စဒေါ်လာ ၁၅၀၀ ကို ရောက်ရှိသွားသည့်အခါ လက်မထောင်နိုင်ကြပေသည်။ ယင်းအချက် အရ အချိန်ကြာသည်နှင့်အမျှ ရွှေသည် ငွေ စက္ကူမျှသာဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ပြသခြင်း ပင်ဖြစ်ပေသည်။ ရွှေခေတ်သည် မကုန်ဆုံးသေးဟု ယုံကြည် မြဲပင်။ ရွှေကိုရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုကဲ့သို့ စီးပွားရေးမတည်ငြိမ်သည့် အချိန်တွင် အခြား ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် စတော့ရှယ် ယာနှင့် ဘွန်းစာချုပ် (Bonds) များထက် ရွှေကို ၀ယ်ယူရင်းနှီးမြှုပှ်နှံခြင်းကိုသာ နှစ်သက်ကြပေ သည်။ ကမ္ဘာတွင် ရေနံဈေးတက်နေသကဲ့သို့ပင် ရွှေသည်လည်း ရေနံများနှင့် ယှဉ်လျက် အပြိုင် ပင် ဖြစ်နေပေသည်။ ရေနံဈေးသည် လွန်ခဲ့သည့် ၅ နှစ် အတွင်း ကမ္ဘာ့ရေနံသုံးစွဲမှု လိုအပ်ချက် ၀ယ်လိုအားကြောင့် မြင့်တက်လာခဲ့သည်။ ကုန်ပစ္စည်း ဈေးကွက်တွင် ဈေးနှုန်းများ တက် သကဲ့သို့ ရွှေဈေးသည်လည်း မြင့်တက်လာ နေ ပေသည်။ အာရှမှ တရုတ်ပြည်နှင့် အိန်္ဒိယ နိုင်ငံတို့၏ စီးပွားရေးအင်အား တိုးတက်လာမှု ပေါ်တွင် ရွှေသည် အကျိုးရှိနေပြီး ဈေးကွက်မြင့် တက်လာပေသည်။ တရုတ်နှင့်အိန်္ဒိယလူမျိုးများသည် အစဉ် အလာအားဖြင့် ရွှေကိုအများအပြား စုဆောင်း ကြသူများဖြစ်သည်။ ယင်းနှစ် နိုင်ငံအတွင်း နိုင်ငံ ရေးနှင့် စီးပွားရေး ပေါက်ကွဲမြင့်မားကာ အရှိန် အဟုန်ပြင်းထန်မှုများကို ကြုံတွေ့ခဲ့ရခြင်းတို့က အကြောင်းရင်း တစ်ချက်ပင်ဖြစ်ပေသည်။ ထို့ ကြောင့်ပင် ရွှေကိုစုဆောင်းပိုင်ဆိုင်ကြခြင်းမှာ နှစ်ဖက်စလုံးကို အကျိုးရှိစေလေသည်။ ဈေးကွက်အသီးသီးတွင် ရွှေအရောင်း အ၀ယ် ဖြစ်ထွန်းမှုများကိုတွေ့မြင်ရပြီး ငွေကြေး ရန်ပုံ ငွေကုမ္ပဏီ Hedge Funds များသည် ယင်းတို့၏ ငွေကြေးဒေါ်လာဘီလျံပေါင်း များစွာ ကို ရွှေအရောင်းအ၀ယ်လုပ်ငန်းတွင် အသုံးပြု လာကြ သည်။ (ယင်းငွေကြေး ရန်ပုံငွေ ကုမ်္ပဏီ များတွင် အစုဝင်အဖြစ် ပါဝင်သူများမှာ ဒေါ်လာသိန်းဂဏန်းဖြင့် နိုင်ငံတကာ ရွှေ ဈေးမှာ ပို၍ပင် မြင့်တက် သွားရတော့ သည်။ အချို့က ရွှေ၏ အရေးပါမှု အနေအထား သည် ၎င်းကို ဆွဲဆောင်မှု၊ နှစ်သက်မှုလျော့ပါး လာ သည်နှင့်အမျှ ရွှေနှင့်ယှဉ်လျက် တန်ဖိုးမြင့် လျက်ရှိသည့် ရေနံစွမ်းအင်ဈေးနှုန်းမှာ အမေ ရိကန် စီးပွားရေးသည် လက်ရှိဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ကျဆင်းသည်နှင့် အမျှ ကျဆင်းလာမည်ဟု တင်ပြကြသည်။ ရွှေနှင့်ပတ်သတ်၍ အရေးကြီးသည့် သတိ ပြုဖွယ်အချက်တစ်ချက်ရှိနေပါသည်။ ကမ္ဘာ့ ပမာဏ၏ အဓိကကျသည့် အရေအတွက် ပမာဏဖြစ်သည့် ရွှေအောင်စသန်းပေါင်း ၁၄၇ သန်းသည် အမေရိကန်နိုင်ငံ၏ လက်ဝယ်၌ ရှိပေသည်။ အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်ပေသည်။ ယင်းအခြေ အနေသည် ရွှေသမား တို့ကို ထိခိုက် စေနိုင်ပေသည်။ ထို့အပြင် ကမ္ဘာ့တစ်နေရာ၌ ရွှေပမာဏများ ကို ထပ်မံရှာဖွေတွေ့ရှိပေသည်။ ရွှေကို ခုံမင်နှစ် သက်ကြသည့် ရွှေသမားတို့ စဉ်းစားရန် အချက် ပင်ဖြစ်ပေသည်ဟု ဆိုပေသည်။ -ဦးကြည်ခင်- ( SME Myanmar Magazine - January 2014 - တွင် ဖော်ပြပြီး ) ================================================ လေးစားလျှက် ကိုဇင်ဇေ ( Social Media Rep @www.facebook.com/MyanmarSmeMagazine ) ( SME Myanmar Magazine စာအုပ်ပုံမှန် မှာယူဖတ်ရှုလိုသူများ ၊ ကြော်ငြာ ထည့်သွင်းလိုသူများ Message box မှ တဆင့် ဆက်သွယ်နိုင်ပါသည် ။ )

Sunday, January 19, 2014

Android ဖုန်းများကို Application မသုံးပဲ Screenshot ရိုက်တဲ့နည်း

















Android ဖုန်းများကို Application မသုံးပဲ Screenshot ရိုက်တဲ့နည်းဖြစ်ပါတယ်
ဒီနည်းအတိုင်း ပြုလုပ်နိုင်တဲ့ ဖုန်းအမျိုးအစားများကတော့....


  • Samsung Galaxy S Advance
  • Samsung Galaxy S2
  • Samsung Galaxy S3 Mini
  • Samsung Galaxy S3
  • Samsung Galaxy Note
  • Samsung Galaxy Note2


ပုံမှာပြထားတဲ့အတိုင်း ဖုန်း၏ Power နဲ့ Home ကို တစ်ပြိုင်တည်း ၅ စက္ကန့်ဖိထားပေးပါ Status Bar မှာ

Saving Screenshot ဆိုတဲ့စာလေးတက်လာရင် ရပါပြီ ရိုက်ထားသော Screenshot အား

Gallery ထဲက Screenshot ဆိုတဲ့ Folder မှာ ဝင်ကြည့်နိုင်ပါတယ်
http://1mobilecorner.blogspot.com/2013/02/samsung-galaxy-screenshot.html

Sunday, January 12, 2014

Font Browser - BETA ( Android APP ).............









မြန်မာစာ မပေါ်သေးတဲ့ ဖုန်းတွေမှာ မြန်မာ font တွေ မထည့်ခင် ဖုန်းမှာ ဘယ် font နဲ့ အဆင်ပြေ မပြေကို
system ထဲထိ သွင်းစရာမလို (restart) ဆင်းစရာမလိုပဲ ယခု ဆော့ဖ်ဝဲလ်ထဲမှာ အရင်ဆုံး preview အနေ
နဲ့ရော နောက် font ကို စိတ်တိုင်းကျ font size ပြောင်းပြီးတော့လည်း စမ်းသပ်နိုင်အောင် ပြုလုပ်ပေးထားပါ
တယ်။

အသုံးပြုနည်းမှာ -- ဖုန်းတွင် မြန်မာ font သွင်းမထားရ၊ မိမိ စမ်းသပ်ချင်သော font ဖိုင် .ttf ကို /sdcard/nso
ဆိုတဲ့ folder ထဲမှာ ထည့်ထားပေးရုံပါ။

Font tester ဆိုတဲ့ function လေးက Font developer တွေအတွက်လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါ
တယ်ဗျာ။

BETA ဗားရှင်းသာ ဖြစ်သည့်အတွက် bug နှင့် အကြံပြု ချင်သူများ အတွက် https://facebook.com/mgkboy
(0r) heroxp91191@gmail.com သို့ ကျေးဇူးပြု ပြီး ပို့ပေးစေလိုပါတယ်။

နောက်ဗားရှင်း များတွင် ယခုထက် function ပိုစုံနိုင်အောင် ဆက်လက် ကြိုးစား သွားပါမည်။

Please Share Original Download Link Only, thz

dev-host
mediafire

MGKBoy@JOY Mobile Service

Credit:https://www.facebook.com/mgkboy

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Font Browser - BETA ( Android APP ) http://www.simon-vlog.com/2014/01/font-browser-beta-android-app.html#ixzz2q8axqfKc
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ .......................

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ


အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။

နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း ( ရိုးရာလေး )

.

အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။ နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ် ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။
အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း ( ရိုးရာလေး )

Saturday, January 11, 2014

ဘီယွန်းဆေးရဲ့ သီးချင်းသစ် နဲ့ က ကြမယ် BEYONCE TAP SALUTE - Chloe 's SYNCOPATED LADIES



Friday, January 10, 2014
“ကျမတို့ဟာ ဂီတ ဆိုတာကို အခွင့်အရေးအဖြစ် ပိုင်ဆိုင်ခွင့် မရှိပါဘူး။ တကယ်တော့ ဂီတာကို ဖန်တီး သုံးစွဲယူရတာ သာပါဘဲ”တဲ့ ဆိုတဲ့ နာမည်ကြီးအဆိုတော် ဘီယွန်းဆေးနဲ့ လက်တွဲ အလုပ်လုပ်နေသူ Chloe Arnold ပြောထားတာပါ။ 

 ဘီယွန်းဆေး၊ ဓာတ်ပုံ-tickpick.com

အခုဆို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ ဖြန့်ချီတဲ့ ဘီယွန်းဆေးရဲ့ SYNCOPATED LADIES ဆိုတဲ့ အကနဲ့ တွဲဖက် သရုပ်ဖော် ထား တဲ့ သီချင်းကတော့ အခု လူငယ်ထုသာမက၊ အရွယ် ၃ ပါးလုံးကြားမှာ ရေပန်းစား လာနေပါတယ်။ 

ဒီသီချင်းလေးနဲ့ အတူ Tapping အက ( Tap Dance ) ကိုပါ ပရိသတ်များ တွဲဖက်က ကြမယ်ဆိုရင် အဆီတွေလည်း ကျ၊ ကျန်းမာရေး လည်း ကောင်းနိုင်ပါလိမ့်မယ်။ 

အာဖရိကန်ဟန်ပန် သွက်လက်တဲ့ အကတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ က ကွက် ဆိုကွက်တွေကို ခံစားကြည့်လိုက်ပါ အုံး။
  
အိမ့်သံစဉ် ~ 

ထိုင်းနိုင်ငံ ချင်းမိုင်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ATM ( ငွေထုတ်စက်) အသုံးပြုပြီး တပါးသူတွေရဲ့ ငွေကြေး အမြောက်အများကို ထုတ်ယူနေတဲ့ ဂိုဏ်းရှိနေပြီလို့ သတိပေး..............

ATM စက် ငွေခိုးဂိုဏ်းတွေ ရှိနေပြီ

Friday, January 10, 2014


ထိုင်းနိုင်ငံ ချင်းမိုင်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ATM ( ငွေထုတ်စက်) အသုံးပြုပြီး တပါးသူတွေရဲ့ ငွေကြေး အမြောက်အများကို ထုတ်ယူနေတဲ့ ဂိုဏ်းရှိနေပြီလို့ သတိပေး ပြောလိုက်ပါတယ်။ 

ဓာတ်ပုံ- cm108.com

ချင်းမိုင်မြို့က ဘဏ် ငွေထုတ်စက် ATM တွေကနေ ပိုင်ရှင်မသိပဲ ငွေအမြောက်အများ ခိုးယူခံရမှုတွေ ဆက်တိုက်ဖြစ် လာ နေလို့ CCTV တွေနဲ့ ATM စက်မှတ်တမ်းတွေကို လိုက်လံ စစ်ဆေးရာမှာ ATM ကတ် ထည့်သွင်းရာ အပေါက်မှာ ကွန်ပြူ တာ ချစ်ပ်ပြားတွေပါတဲ့ Divices တွေလျှိုဝှက်တပ်ဆင်ထားမှုကို ချင်းမိုင် ရဲတပ်ဖွဲ့က ဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ ဒီကနေ့ ချင်းမိုင်အွန်လိုင်း သတင်းတပုဒ်က ဖော်ပြထားပါတယ်။ 

ATM ငွေထုတ်ကတ် ထည့်ရသည့် အပေါက်

အခုလို အဆင့်မြင့် ATM ငွေထုတ်စက်တွေက နည်းပညာသုံး ပစ္စည်းတွေ လျှို့ဝှက်တပ်ဆင်ကာ တရား မဝင် ငွေခိုးမှုတွေကို အနောက်နိုင်ငံသား နိုင်ငံခြားသား ဂိုဏ်းတခုက ကျူးလွန်နေတယ်လို့ CCTV မှတ် တမ်း စစ်ဆေးချက်တွေက ညွှန်ပြနေတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မစ္စတာ Amon က ပြောဆိုထားပါတယ်။ 

“ATM ငွေခိုးဂိုဏ်းက လူတွေက ခင်ဗျားတို့ ကတ်ကို ATM စက်ထဲ ထည့်ပြီး ငွေထုတ်လိုက်ပြီဆို သူတို့ လျှို့ဝှက် တပ်ဆင် ထားတဲ့ ကွန်ပျူတာ Devices တွေကြောင့် အဲဒီ ATM ကတ်ရဲ့ နံပါတ်၊ လျှို့ဝှက် နံပတ်နဲ့ အချက်အလက်အကုန် သူတို့ သိ သွားပြီ။ ဒါဆို နောက်တယောက်က ငွေများများ ရှိတဲ့ အသုံးပြုသူရဲ့ ကတ် ကို မှတ်ထားပြီး ငွေကို စက်က လာထုတ်ယူသွား တာဘဲ” လို့ သူက ရှင်းပြထားပါတယ်။ 

ATM ကတ် စိုက်ရာ အပေါက်တွင် လျှို့ဝှက်တပ်ဆင်ထားသော ကွန်ပျူတာ Devices များ
ဒါလို ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာလို့ ထိုင်းနိုင်ငံက ဘဏ်အရာရှိတွေလည်း စောင့်ကြည့်မှုတွေ လုပ်လာ
ပေမယ့် အခုထိ တော့ အဲဒီ ကျူးလွန်နေတယ်ဆိုတဲ့ အနောက်နိုင်ငံသား ဂိုဏ်းကို ဖမ်းလို့ မမိသေးပါဘူး။ 

ATM ငွေခိုးဂိုဏ်း အသုံးပြုတဲ့ အဆင့်မြင့် နည်းပညာသုံး ဆက်စပ်ပစ္စည်းများ

ဘဏ်တခုမှာ ငွေ အမြောက်အများ စုထားတဲ့ ထိုင်းနိုင်ငံသား တဦးဟာ သူ့ရဲ့ ATM ကတ်ကို တခါမှ မသုံးပဲ ထားတာ တောင် ငွေတွေအမြောက်အများ ခိုးယူတာ ခံလိုက်ရတယ်လို့ အဲဒီ့သတင်းမှာ ဖော်ပြထား ပါတယ်။ 

ဒါကြောင့် တလောကပဲ ထိုင်း ဘဏ်တွေရဲ့ လမ်းဘေးနေရာတိုင်းမှာတွေ့ရတဲ့ ATM ငွေထုတ်စက်တော်
တော် များများမှာ အင်္ဂလိပ်ဘာသာနဲ့ Function ကို ရပ်ဆိုင်းထားခဲ့ပါသေးတယ်။ ATM ငွေထုတ်စက်က ထုတ်ယူရင် ၂၄ နာရီအတွင်း ဘတ်ငွေ ၅ သောင်း အထိသာ ကန့်သတ်ထားချက်ရှိပြီးသီးခြား ငွေ ထုတ်ယူမှု ကာယကံရှင်ဆန္ဒနဲ့ကန့်သတ်တာမျိုးလည်း ဝန်ဆောင်မှု ပေးထားတာပါ။ 

ATM ငွေ ခိုးဂိုဏ်း အသုံးပြုတဲ့ အဆင့်မြင့် ဆက်စပ်ပစ္စည်းများ

ဒါပေမယ့် ငွေများများ ရှိနေသူတွေရဲ့ ဘဏ်ကတ်ထဲက အချက်အလက်တွေရသွားတဲ့အခါ အွန်လိုင်း က ငွေပေးချေတဲ့ E bay လို ဟာမျိုးတွေကနေ အချက်အလက်တွေကို ယူပြီး အွန်လိုင်း ဈေးဝယ်သွား တာမျိုးလည်း လုပ်ကြတယ်လို့ ဆိုပါတယ်။ 

နည်းပညာခေတ်မှာ ငွေစက္ကူအစား အသုံးပြုလာတဲ့ ဘဏ်ကတ်တွေဟာ အခုဆို မလုံခြုံတော့ဘူးဆို တာ ပြသနေပါပြီ။ 

မြန်မာနိုင်ငံမှာလည်း ATM ငွေထုတ်စက်တွေကို စတင် အသုံးပြုလာနေပြီဖြစ်လို့ ဒီသတင်းဟာ မြန်မာ
နိုင်ငံအတွက် ကြိုတင်ကာ ကာကွယ်မှုတွေ လုပ်နိုင်ဖို့ သင်ခန်းစာပေးတဲ့ သတင်းတပုဒ်မို့ ဒီပို့စ်ကို ကျမ ရေးသားတင်ပြလိုက်ပါတယ်။ 





အိမ့်သံစဉ် ~ 


Facebook v 5.0.0.0.12.31 for android(latest version).................................



Tags

Android ဖုန်း /tablet တွေ အတွက် အသစ်ထွက်ရှိလာတဲ့ facebook v 5.0.0.0.12.31 for android ကို တင်ပေးလိုက်ပါတယ် ….. ကိုယ်ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ နဲ့ အမြဲတမ်းနီးစပ်နိုင်ဖို့၊ photo ,video ဝေမျှနိုင်ဖို့ ,group ဖွဲ့ပြီး စကားစမြည်ပြောဖို့၊ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ် တွေ ဆော့ကစားနိုင်ဖို့အတွက် Facebook v 5.0.0.0.12.31 ဆော့ဝဲလ် ကို Myanmar Mobile App Store မှာ download ရယူနိုင်ပါတယ်http://www.mediafire.com/download/dsf9bhdurm7x8pu/Facebook_Official_v5.0.0.12.31.apk …အောက် က Link မှာ ရယူနိုင်ပါတယ်
ဆော့ဝဲလ်အားရယူရန်(uploaded by Sakura Hanako(Myanmar Mobile Users Group)

မြန်မာ apk များစုစည်းမှု ( ၅၉ ခု = 110.24 MB )..................http://aungscc.blogspot.com/2013/07/apk-11024-mb.html

Wednesday, 17 July 2013


Android ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုကြတဲ့၊ လူကြိုက်များတဲ့ မြန်မာ apk လေးတွေကို စုစည်းတင်ပေး လိုက်ပါတယ်။ သီတင်းတွေ၊ keyboard တွေ၊ ငတက်ပြား game တွေ၊ browser တွေ၊ ပြက္ခဒိန်တွေ၊ သီချင်း site တွေ၊ ငွေလဲနှုန်းတွေ၊ နည်းပညာတွေနဲ့ မြန်မာဂျာနယ် Site တွေပေါ့ဗျာ။ ကျွန်တော် ရှာတွေ့သမျှ သိမ်းထားတဲ့ apk လေးတွေကို တင်ပေးလိုက်တာပါ။ ပြန်ရှဲတယ်ဆိုပါတော့။ ကြိုက်ကြမယ်ထင်ပါ တယ်။ Size တော့နည်းနည်းကြီးတယ်။ သီးခံပြီးစိတ်ရှည်ရှည် Down ကြပါ။ လိုချင်ရင် အောက်က Link မှာ Down ပြီး Unzip လုပ်၊ Phone မှာ Install လုပ်ပြီး သုံးနိုင်ပါပြီဗျာ...
ဟောဒီမှာယူဗျာ 
အဆင်ပြေကြပါစေ.......

Thursday, January 9, 2014

သင်သေသွားသော်..............................


ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။

သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀.......................


၁. စွန့်စားလိုစိတ် မရှိခြင်း။
(Unwillingness to take risks)

၂. ဇွဲမရှိခြင်း။
(Lack of persistence)

၃. ကျေနပ် လွယ်ခြင်း။
(Instant gratification)

၎. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။
(Lack of priorities)

၅. ဖြတ်လမ်းကို ရှာခြင်း
။(Looking for shortcuts)

၆. အတ္တ၊ လောဘ များခြင်း။
(Selfshness and greed)

၇. ခိုင်မာတဲ့ ယုံကြည်ချက် မရှိခြင်း။
(Lack of conviction)

၈. သဘာဝနိယာမကို ကောင်းကောင်းနားမလည်ခြင်း။
(Lack of understanding of nature's laws)

၉. ကြိုတင်စီစဉ်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိခြင်း။
(Unwillingness to plan and prepare)

၁၀. ရှာကြံအကြောင်းပြတတ်ခြင်း။
(Rationalizing)

၁၁. အမှားကို သင်ခန်းစာ မယူခြင်း။
(Not learning from past mistakes)

၁၂. အခွင့်အရေးကို မြင်အောင် မကြည့်နိုင်ခြင်း။
(Inability to recognize opportunity)

၁၃. အကြောက်ကြီးခြင်း။
(Fear)

၁၄. ပင်ကိုယ်စွမ်းရည်ကို အသုံးမချတတ်ခြင်း
။(Inability to use talents)

၁၅. စည်းကမ်းလိုက်နာမှု မရှိခြင်း။
(Lack of discipline)

၁၆. မိမိကိုယ်ကို တန်ဘိုးမထားခြင်း။
(Lack of self-esteem)

၁၇. အသိပညာ ဗဟုသုတ ချို့တဲ့ခြင်း။
(Lack of knowledge)

၁၈. ကံကိုယုံကြည်တဲ့ သဘောထားရှိခြင်း။
(Fatalistic attitudes)

၁၉. ရည်ရွယ်ချက် မခိုင်မာခြင်း။
(Lack of purpose)

၂၀. သတ္တိနည်းခြင်း။
(Lack of courage)

သူငယ်ချင်းတို့ရေ………

ဒီအချက် ၂၀-ဟာ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ အခန်း(၂) Success; Winning stragegies ထဲက ထုတ်နှုတ် ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလေးတွေကို လိုက်နာရှောင်ကြဉ်မယ်ဆိုရင် ဘဝအောင်မြင်ရေးအတွက်
အလွန်တန်ဖိုးကြီးတဲ့ အချက်တွေဖြစ်တာမို့ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ…………
လင်းမြတ်(ပန်းတောင်း)


ဂန္ထဝင် ဗိသုကာ ကုမ္ပဏီ Credit To>ဘဝအားမာန်< Thanks
www.facebook.com/ca.architect.

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်.......................


( 7Day News Journal )


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် မောင်တောခရိုင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၊ ဘူးသီးတောင်မြို့ နယ်များတွင် ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့ချုပ် (ရကဖ) ၄ ဦးစီးသော ရဲတပ်ရင်း လေးရင်း၊ တပ်မတော်မှ တပ်ရင်း ခြောက်ရင်းက နယ်စပ်လုံခြုံရေးကို တိုးမြှင့်တာဝန်ယူထားခြင်းဖြစ်သည်။
““မြို့ပေါ်မှာတော့ ပုံမှန်ပဲ။

နယ်စပ်တွေမှာတော့ လုံခြုံရေးအပြည့်ချထားပါတယ်။ တပ်မတော်စစ်ကြောင်းတွေလည်း ရှိပါတယ်”” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ဇန်န၀ါရီ ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းများ ပြုလုပ်စဉ် အတိုက်အခံပါတီ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၈ ဦးခန့် သေဆုံးခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၄၆ အနီးတွင် လက်လုပ်ဗုံး ၃၉ လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘီဂျီဘီတပ်ရင်း(၃၁)က တွေ့ရှိပြီး သိမ်းဆည်းသွားသော
ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မောင်တောခရိုင်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ““တွေ့တယ်ဆိုတာလည်း နယ်စပ်စည်းရိုး ဟိုဘက်အခြမ်းမှာပါ။ ကျွန်တော်တို့ဘက်မှာမဟုတ်ဘူး။ ကျွန်တော်တို့လည်း မသိရသေးဘူး။

သူတို့ဘက်ကအပြောပဲ ရှိသေးတာပါ”” ဟု ဆိုသည်။
ယမန်နှစ်က နယ်စပ်ဒေသကွပ်ကဲမှုဌာနချုပ်(နစက)ကို ဖျက်သိမ်းခဲ့ပြီးနောက် မောင်တော ရိုင် နယ်စပ်လုံခြုံရေးကို ရဲတပ်ရင်းများက တာဝန်ယူနေခြင်းဖြစ်သည်။

မြန်မာပြည်သားတွေအတွက် အရေးပါတဲ့ သန်းခေါင်စာရင်း မေးခွန်းများ ထွက်ရှိ.......................



မြန်မာပြည်သားတွေအတွက် အရေးပါတဲ့ သန်းခေါင်စာရင်း မေးခွန်းများ ထွက်ရှိ
မိုးမခအထောက်တော် (ရန်ကုန်)၊ ဇန်န၀ါရီ ၈၊ ၂၀၁၄
မြန်မာ့အလင်းသတင်းစာ ဖေ့စ်ဘွတ်က ထုတ်ပြန်ချက်အရ လာမယ့် ၂၀၁၄ သန်းခေါင်စာရင်းကောက်ရာမှာ မေးမယ့် မေးခွန်းပေါင်း ၂၁ ခု ထွက်လာပါတယ်။ ကိုယ်ရေးအချက်အလက်၊ မိသားစုရေးရာ၊ ပညာရေး၊ စီးပွားရေး၊ ရွှေ့ပြောင်းနေထိုင်မှု အပြင် အိမ်တွင်းနေထိုင်မှု လူမှုရေးအချက်အလက်တွေဖြစ်တဲ့ ရေ၊ မီး၊ လောင်စာ၊ အသုံးအဆောင်၊ အိမ်သာ အချက်အလက်တွေ ပါရှိပါတယ်။ ယေဘူယျအားဖြင့် မေးခွန်းတွေက ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ ၁၀နှစ် ၁ကြိမ် ကောက်ယူတဲ့ သန်းခေါင်စာရင်းမေးခွန်းတွေနဲ့ ဆင်တူပါတယ်။ အိမ်ထောင်စု လူနေမှုအဆင့်အတန်းကို ကောက်ယူတဲ့ မေးခွန်းမျိုးတွေကတော့ အမေရိကန်ပြည်သန်းခေါင်စာရင်းမှာ မပါပါဘူး။
မြန်မာပြည်ရှိ လူဦးရေ၊ ဖြန့်ကျက်နေထိုင်မှု၊ တိုင်းရင်းသားဦးရေနဲ့ စာရင်း၊ လူနေမှုအဆင့်အတန်းတွေကို အမှန်တကယ် ကောက်ယူပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ ဘဏ္ဍာငွေ ခွဲဝေရေး၊ ရွေးကောက်ပွဲနယ်မြေများ ကိုယ်စားလှယ်များ အချိုးကျ သတ်မှတ်ရေးတို့မှာ အကျိုးရှိအောင် ထိရောက်အောင် သုံးစွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
၂၀၁၀ အမေရိကန်သန်းကောင်စာရင်း ကောက်ကြတုန်းကတော့ အမေရိကန်ရောက် မြန်မာတွေထဲမှာ Burmese လား၊ Myanmar လို့ ထည့်မလား၊ တိုင်းရင်းသားတွေက သီးသန့် တိုင်းရင်းသားအမည်တွေ ရေးထည့်ကြမလား အငြင်းပွားခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အဆုံးမတော့ မြန်မာလူမျိုးတွေအတွက် အမေရိကန်လူဦးရေ သန်း ၃၀၀ ထဲက အာရှသား ၁၇သန်းထဲမှာ Burmese အမည်ပေါက်နဲ့ လူဦးရေ ၁၀၀,၂၀၀ (၁ သိန်းနဲ့ ၂ ရာ) စာရင်းပေါက်ခဲ့ပါတယ်။
မြန်မာပြည်တွင်း သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း တိုင်းရင်းသား လူမျိုးစုအလိုက် လူဦးရေနဲ့ ဖြန့်ကျက်နေထိုင်မှု အချက်အလက်တွေ ရရှိပြီး ထုတ်ပြန်နိုင်မယ်ဆိုရင် စိတ်ဝင်စားဖွယ် ဖြစ်ကြပါမယ်။ မြန်မာပြည်က သန်းခေါင်စာရင်း ကောက်ယူမှုက မတ် ၃၀ ကနေ ဧပြီ ၁၀ ရက်အတွင်း ပညာရေးဝန်ထမ်း ၁ သိန်းကို သုံးပြီး  ကောက်မှာပါ။ လက်ရှိမှာတော့ မြန်မာပြည်မှာ လူဦးရေ သန်း ၆၀ ရှိတယ်၊ လူမျိုးစုပေါင်း ၁၃၅ မျိုး ရှိတယ်လို့ပဲ ယေဘူယျ ပြောလေ့ရှိပါတယ်။
ကောက်ယူမယ့် မွေးခွန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာ၌ မေးမြန်းမည့်မေးခွန်းများ
၂၀၁၄ ၊ ဇန်န၀ါရီလ ၇ ရက်

၁။ အမည်
၂။ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ
၃။ ကျား/မ
၎။ ပြည့်ပြီးအသက်
၅။ အိမ်ထောင်ရေးအခြေအနေ
၆။ ကိုးကွယ်သည့်ဘာသာ
၇။ လူမျိုး
၈။ ကိုင်ဆောင်သည့် ကတ်ပြားအမျိုးအစား
၉။ မသန်စွမ်းမှု အခြေအနေ
၁၀။ ပြောင်းရွှေ့ သွားလာခြင်း အကြောင်းအရာ
၁၁။ ပညာရေး အကြောင်းအရာ
၁၂။ အလုပ်အကိုင် အကြောင်းအရာ
၁၃။ ကလေးမွေးဖွားခြင်း အကြောင်းအရာ (အိမ်ထောင်ကျဖူးသူ၊ အမျိုးသမီးများ အသက် ၁၅ နှစ်နှင့်အထက်)
၁၄။ အိမ်ပိုင်ဆိုင်မှု အခြေအနေ
၁၅။ အလင်းရောင်အတွက် မီးအသုံးပြုမှု
၁၆။ သောက်သုံးရေ ရရှိမှု
၁၇။ လောင်စာအသုံးပြုမှု
၁၈။ အိမ်သာ အမျိုးအစား
၁၉။ အိမ်ထောင်စုရှိ ပစ္စည်းများ
၂၀။ အိမ်ထောင်စုဝင်များထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများစာရင်း
၂၁။ လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင် သေဆုံးမှု

ကမ္ဘာ့ အလှဆုံး ၆ ဦးစာရင်းဝင်အောင် စွမ်းဆောင်နိုင်သော မြန်မာ့ အလှမယ် ခင်ဝင့်ဝါ.................

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၆ဦးစာရင်းထည်မှာပါဘို့ဆိုတာမလွယ်ပါဘူး

မြန်မာ့အလှ မြန်မာ့သဘာဝအတိုင်း အမှန်တကယ် တင့်တယ်စေသည့်

ခင်ဝင့်ဝါ၏ အလှပုံရိပ်များကိုစုစည်းထားတ်ာပါ

မြန်မာဆိုတာ ကမ္ဘာသိအောင်လုပ်ရန် မလွယ်ကူပါဘူး

ဒါပေမယ့် မြန်မာရယ်လို့ ကမ္ဘာက သိအောင် လုပ်ဆောင်နိုင်သူကိုတော့

ချှီးမွမ်းအားပေးရမှာ ရွေမြန်မာ တို့၏တာဝန်တာဖြစ်ပေသည်

ယခုလို ကမ္ဘာ့ အလှဆုံး ၆ ဦးစာရင်းဝင်အောင် စွမ်းဆောင်နိုင်သော မြန်မာ့

အလှမယ် ခင်ဝင့်ဝါအား မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင်သာမက ကမ္ဘာ့တ၀ှမ်း

တွင်နေထိုင်ကြသော မြန်မာများအားလုံး မြန်မာ ဆိုသော မျိုးချစ်စိတ်လေး

များဖြင့် Like & Share လုပ်ခြင်းအားဖြင့် ဂုဏ်ပြုစေလိုပါကြောင်း

အေးချမ်းမွန်

ဖုန်းဆိုင်များ မကြာခဏ ဖောက်ထွင်းခံနေရပြီး ကျူးလွန်သူ အများစုကို ဖမ်းမမိသေး...............


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖုန်းဆိုင်များ ဖောက်ထွင်းခိုးယူခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး နှစ်ပတ်အတွင်း၌ ဖောက်ထွင်းခိုးယူခံခဲ့ရသည့် မြို့နယ်များမှာ တာမွေမြို့နယ်၊ လှိုင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်များဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်မှ ဖုန်းဆိုင်ဖောက်ထွင်း ခိုးယူခံခဲ့ရသည့် ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် သီရိမင်္ဂလာဥယျာဉ်အိမ်ရာ၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေ ဦး.....(၂၉)နှစ်သည် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးချစ်မောင်လမ်းတွင် ဖွင့်လှစ်ထားသော ၎င်းပိုင် MOBILE PARK လက်ကိုင်ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်သို့ ဆိုင်ဖွင့်ရန် ရောက်ရှိပြီး ဆိုင်အတွင်း သော့ဖွင့်ဝင်ရောက်စဉ် ဆိုင်ခန်းဘေးပြတင်းပေါက်မှာ ပွင့်နေသဖြင့် စစ်ဆေးကြည့်ခဲ့ကြောင်း ထိုသို့စစ်ဆေးရာ ဆိုင်အတွင်းရှိ စုစုပေါင်း ကျပ် ၆၃၆၃၀၀၀ တန်ဖိုးရှိ ဟန်းဆက် ၆၉ လုံး၊ ဘက္ထရီများနှင့် ငွေဖြည့်ကတ်များမှာ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လှိုင်မြို့နယ် အင်းစိန်လမ်း၊ ၉ ရပ်ကွက်၊ သံလမ်းရှိ ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းကာ ဟန်းဖုန်းဆိုင်၌ ဟန်းဆက်ထည့်သည့် မှန်ဗီဒိုအား သော့မခတ်ဘဲ ဆိုင်အပြင် သံပန်းတံခါးကိုသာ သော့ပိတ်ကာ နေအိမ်သို့ ပြန်ခဲ့ကြောင်း၊ ထို့နောက် ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ဆိုင်သို့လာပြီး ဆိုင်တံခါးဖွင့်စဉ် မှန်ဗီဒိုအတွင်း ထားရှိခဲ့သည့် စုစုပေါင်း ကျပ် ၅၉၄၉၀၀၀ တန်ဖိုးရှိ ဟန်းဆက် ၉၂ လုံး၊ တစ်သောင်းတန် ငွေဖြည့်ကတ် ၄၀ ကတ်၊ ငါးထောင်တန် ငွေဖြည့်ကတ် ၄၀ ကတ်နှင့် အခြားဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းဖြစ်စဉ်များနည်းတူ ဒီဇင်ဘာ ၇ ရက်က ဗိုလ်အောင်ကျော်လမ်း (အလယ်)၊ ၉ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်ရှိ Mobile Bank ဖုန်းဆိုင်မှ ကျပ်ကိုးသိန်းကျော်တန်ဖိုးရှိ ဟန်းဆက် ၁၄ လုံး ခိုးယူခံခဲ့ရသည့်ဖြစ်စဉ်၊ ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းတွင် အင်းစိန်မြို့နယ်၊ ၆ ရပ်ကွက်ရှိ Mobile Light ဖုန်းဆိုင်မှ ကျပ် ၁၅ သိန်းကျော်တန်ဖိုးရှိ ဟန်းဆက်များနှင့် ငွေဖြည့်ကတ်များ ခိုးယူခံခဲ့ရသည့်ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုမှ ကျူးလွန်သူကို ဖမ်းမမိသေးကြောင်း သိရသည်။

(တာမွေမြို့နယ်မှ ဖုန်းဟန်းဆက်များ ခိုးယူခံခဲ့ရသည့် ဖုန်းဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ))

စစ်တွေဆေးရုံကြီးတွင် ထောင်ထွက်လူနာတစ်ဦး တာဝန်ပေါ့လျော့မှူကြောင့် မသေသင့်ဘဲသေဆုံးခဲ့ရ ( Rakhine News Group )




သံတွဲအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်သာခွင့်ဖြင့် စက်တင်ဘာလ(၁၉)ရက်က လွတ်မြောက်လာသော ထောင်ထွက်တစ်ဦးဖြစ်သူ ခင်မောင်မြင့်(ခ)ဘဲပေါက် (၃၅)နှစ်သည် (၄.၁.၂၀၁၄)ရက်နေ. ညနေ ၇နာရီခန်.တွင် စစ်တွေဆေးရုံသို. တက်ေ၇ာက်ရန်ကြိုးစားခဲ့ရာ လူနာရှင်မပါသဖြင့် ဆေးရုံမှ လက်မခံဘဲပြန်လွှတ်လိုက်သည်ဟုသိရသည်။

ထိုထောင်ထွက်လူနာသည် ဆေးရုံရှေ့မြောင်းထဲတွင် အားအင်ပြတ်လပ်ပြီး ယဲ့ယဲ့ကျန်ချိန်တွင် မြင်တွေ.သူတစ်ဦးက ကြက်ခြေနီအဖွဲ.အားသတင်းပို.ရာ တာဝန်မယူနိုင်ဟုပြောကြောင်းသိရသည်။တာဝန်ကျ ရဲအဖွဲ.အားသွားရောက်သတင်းပို.ရာ ထောင်ကလွတ်လာသူ ဖြစ်သဖြင့် မိမိတို.နှင့်မသက်ဆိုင်ကြောင်းပြောဆိုလိုက်သည်ဟုသိရှိရသည်။

ထို.နောက် စစ်တွေမြို.ပေါ်မှ လူမှူရေးအဖွဲ.များနှင့်ဆက်သွယ်ပြီးဆေးရုံတင်ခဲ့ရသည်ဟုသိရသည်။သို.သော်လည်း ဆေးရုံတွင်ဆေးကုသခံနေစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ကျ သူနာပြုဆရာမ ၂ဦး၏ ပေါ့လျော့မှူကြောင့် ထိုလူနာသည် အသက်မသေသင့်ဘဲ သေဆုံးခဲ့ရသည်ဟုသိရသည်။

။ယောကျား ဖျားနာဆောင်တွင် အောက်ဆီဂျင်ပိုက်ဖြင့် အသက်ရှူနေစဉ်အတွင်း လူနာမှ မွမ်းသည်ဟုဆိုသဖြင့် ထိုသူနာပြုဆရာမများအားသွားခေါ်ရာ လာမကြည့်နိုင်သေးဘူးဟုပြောဆိုလိုက်ကြောင်းသိရသည်။ထိုလူနာမှာ အောင်ဆီဂျင် ပိုက် တန်းလန်းဖြင့် အသက်သေဆုံးသွားသည်ဟုသိရသည်။

ရုပ်ချောတာကို မနာလိုလို့ ဗစ်တိုးရီးယား စီးကရက် မော်ဒယ်ကို အက်ဆစ်နဲ့ လောင်း...........................









ဗြိတိန်နိုင်ငံမှာ ယခု ရက်ပိုင်းလေးတင် ဖြစ်သွားတဲ့ မှုခင်း ဖြစ်ပါတယ်။ Naomi Oni လို့ အမည်ရတဲ့ အသက်
၂၁ နှစ် အရွယ် ဗစ်တိုးရီးယား စီးကရက် လှပဂေး မော်ဒယ်ရဲ့ မျက်နှာပေါ်ကို ရွယ်တူ သူငယ်ချင်း ဖြစ်သူ
Mary Konye က အက်ဆစ်လောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အက်ဆစ်ကို မျက်နှာပေါ်ပဲ လောင်းခဲ့တာ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး ကို လောင်းခဲ့ခြင်း ဖြစ်ပြီး လက်၊ပေါင်နဲ့
ဘော်ဒီအစိတ် အစိတ်အပိုင်း အချို့ လည်း လောင်ကျွမ်းခဲ့ပါတယ်။ ယင်း ဖြစ်ရပ်ဟာ သက္ကရာဇ် ၂၀၀၈ ခုနှစ်က
ဖြစ်ပွားခဲ့တဲ့ တီဗီ အစီအစဉ်တင်ဆက်သူ Katie Piper ရဲ့  ဖြစ်ရပ်နဲ့ တူနေပါတယ်။

Katie Piper ကိုတော့ သူ့ချစ် သူဟောင်းက အက်ဆစ်လောင်း ခဲ့ခြင်းဖြစ်ပြီး မျက်လုံးတစ်ဖက်ကွယ်လို့ မျက်နှာ
တစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးခဲ့ပါတယ်။ နှစ်အတော်ကြာ ပလက်စတစ် ဆာဂျရီ နဲ့သေချာ ခွဲစိတ်ပြုပြင်
ပြီးမှ တီဗီအစီအစဉ်ထဲ ပြန်လည် ပါဝင်လာပါတယ်။

ဒါတောင်မှ ယခင်ကလို အပြည့်အဝအလှတစ်ခုကို မရတော့ပါဘူး။ ချစ်သူဟောင်း တရားခံကိုတော့ ဗြိတိန်က
ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့ ပါတယ်။

ယခု ဖြစ်ရပ်ကတော့ ရည်းစားဟောင်းက မဟုတ်ပဲ တက္ကသိုလ်ကျောင်း တက်ဖော် သူငယ်ချင်း တစ်ဦး ဖြစ်ပါ
တယ်။

တစ်ဦးနဲ့ တစ်ဦး အလှအပနဲ့ ပက်သက်လို့ ခဏခဏ အချင်းများ ရန်ဖြစ်ကြပြီး အက်ဆစ်နဲ့ လောင်းပစ်မယ် ဘာ
ဘာလို့ ခြိမ်းခြောက်တာကို Oni ခံရဖူးတယ်လို့ ဆိုပါတယ်။ သိုပေမယ့် တကယ် လောင်း လိမ့်မယ်လို့ သူမထင်
ထားလို့ ဖြစ်ပါတယ်။

အက်ဆစ်ဖြင့်လောင်းခဲ့သူ အမျိုးသမီးငယ် Mary Konye လည်း ကြီးမားတဲ့ ပြစ်ဒဏ်ကို ခံရမှာ ဖြစ်ကြောင်း သိ
ရပါတယ်။

From:ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ရုပ်ချောတာကို မနာလိုလို့ ဗစ်တိုးရီးယား စီးကရက် မော်ဒယ်ကို အက်ဆစ်နဲ့ လောင်း http://www.simon-vlog.com/2014/01/blog-post_2454.html#ixzz2pqU6k9Md
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဒဂုံမြောက်ပိုင်းရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ စတင်လျှောက်ခွင့်ပြု၊ အရစ်ကျနှင့် ဘဏ်ချေးငွေစနစ်နှစ်မျိုးဖြင့် ရောင်းချရာတွင် အနည်းဆုံး ကျပ် ၂၃၇ သိန်းဟု သတ်မှတ်ထား....................

Eleven Media Group · 477,524 like this
18 hours ago ·


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ၀ယ်ယူခွင့်အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုက်ခန်းများကို အရစ်ကျဝယ်ယူမှုနှင့် ဘဏ်ချေးငွေဖြင့် ၀ယ်ယူမှုစသည့် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ်ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အရစ်ကျဖြင့် ၀ယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းအတွက် စာချုပ်ချုပ်ဆိုသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ ဒုတိယထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအားအပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်ချေးငွေဖြင့် ၀ယ်ယူမည်ဆိုပါက U ၆၀၀ အမျိုးအစား၏ Type A မှ ၆၁၄ စတုရန်းပေရှိသည့် အခန်းတန်ဖိုးကျပ် ၂၅၅ သိန်းအား ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ (Bank Commision Chgarge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ၄၀ ရာခိုင်နှုန်းအား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ တတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ စတုတ္ထနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်းနှင့် လစဉ်ပေးသွင်းငွေ (၄၈လအတွက်) တစ်လလျှင် ၃၇၁၈၇၅ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်တိုးများ တည့်တွက်လိုက်ပါက တိုက်ခန်း၏ စုစုပေါင်းကုန်ကျငွေမှာ ကျပ် ၃၀၀၃၉၀၀၀ (ကျပ်သိန်းသုံးရာကျော်) ကျသင့်မည်ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းကို လျှောက်ထားလိုသူများအနေဖြင့် အစိုးရ၀န်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ၂၀ နှစ်ရှိရမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး အခြားပြင်ပမှ လျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူ အိမ်ထောင်ဦးစီး ဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ၏ မိသားစုလစဉ်ဝင်ငွေသည် အနည်းဆုံးကျပ်သုံးသိန်းရှိရမည်ဟု သတ်မှတ်ထားပြီး ဇန်န၀ါရီ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာန၏ ဌာနမှူးထံသို့ ကိုယ် တိုင်လက်ရေးမူ လျှောက်လွှာဖြင့် လျှောက်ထားရမည်ဟု ထုတ်ပြန်ထားသည်။

"အမှန်တကယ် နေအိမ်လိုအပ်တဲ့သူတွေကိုပဲ ရောင်းချပေးသွားမှာပါ။ အဲဒီအတွက် လျှောက်ထားမယ့်မိသားစုက လစဉ်ဝင်ငွေ အနည်းဆုံး ကျပ်သုံးသိန်းရှိမယ်။ အကယ်၍ ဆွေမျိုးများပါတဲ့ မိသားစုဝင်တွေ နေထိုင်ဖို့ဝယ်မယ်ဆိုရင်တော့ စုစုပေါင်းလစဉ်ဝင်ငွေ ကျပ်ခုနစ်သိန်းရှိရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ခိုင်လုံတဲ့အထောက်အထားတွေ တင်ပြရမှာ ဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

ဝယ်ယူမည့်တိုက်ခန်းများအား ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန်နှင့် ငါးနှစ်ကျော်လွန်၍ ရောင်းချလိုပါက စည်ပင်သို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာ လွှဲပြောင်းရောင်းချခွင့် ရရှိမည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းသို့ရောင်းချမည့် အိမ်ရာဈေးနှုန်းများနှင့်ပတ်သက်၍ အများပြည်သူအချို့အကြား ဝေဖန်မှုများရှိနေပြီး ဒဂုံမြို့သစ်မြောက်ပိုင်းလိုနေရာမျိုး၌ ကျပ် ၂၃၇ သိန်းရှိသည်ဆိုခြင်းမှာ များပြားသည့်ဈေးနှုန်းဖြစ်ပြီး သင်္ဃန်းကျွန်း၊ သာကေတစသည့်မြို့တွင်းနှင့် နီးစပ်သောနေရာများ၌ပင် ယင်းဈေးနှုန်းထက်ပင် သက်သာသောတိုက်ခန်းများ ရရှိနိုင်ပြီး အိမ်ရာလိုအပ်နေသော အခြေခံလူတန်းစားများ လက်လှမ်းမမီသော ဈေးနှုန်းများ ဖြစ်နေသည်ဟုလည်း သုံးသပ်နေကြသည်။

(ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ တည်ဆောက်လျှက်ရှိသော ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းအား တွေ့ရစဉ်)

အိမ်ခြံမြေဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ် ပြုလုပ်ကြသော်လည်း ပိုင်ဆိုင်သူ အမည်ပြောင်းကာ အခွန်ဆောင်သူနည်းပါး.................



မြန်မာ့အိမ်ခြံမြေ ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် အရောင်းအ၀ယ် ပြုလုပ်ကြသော်လည်း ၀ယ်ယူသူက မူလပိုင်ဆိုင်သူ၏ အမည်ကိုပြောင်းကာ အခွန်ဆောင်သူ နည်းပါးကြောင်း အိမ်ခြံမြေ အသိုင်းအ၀ိုင်းမှ သိရသည်။

“အိမ်ကို ကိုယ့်အမည်ပေါက်နဲ့ အပိုင်ဝယ်ချင်ရင် အခွန်ရာခိုင်နှုန်း ၃၇ ဆောင်ရတယ်။ အဲဒီတော့ သိန်းတစ်ရာတန်တဲ့အိမ်က ကိုယ့်အမည်ပေါက်ဖြစ်ဖို့ဆို ၁၃၇ သိန်းကျမယ်။ ဒီတော့ သာမန်ငွေကြေး သိပ်မတတ်နိုင်တဲ့ သူတွေက တော်ရုံဆိုရင် အခွန်မဆောင်ကြတော့ဘူး။ နဂိုပိုင်ဆိုင်သူ အမည်ပေါက်နဲ့ပဲ ထားလိုက်တယ်။ အရှုပ်အရှင်း ဖြစ်လာမှ အခွန်ဆောင်ပြီး အမည်ပြောင်းတာများတယ်” ဟု အိမ်ခြံမြေ၀ယ်ရောင်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်မှာ အရောင်းအ၀ယ် အေးလျက်ရှိပြီး အငှားဈေးကွက်သာ များနေကြောင်း သိရသည်။

“တိုက်ခန်းအရောင်းအ၀ယ် လုပ်ကြတာကတော့ အခွန်မဆောင်ပါဘူး။ ဂရမ်နဲ့ခြံကွက်၊ အိမ်တွေ၊ မြေတွေအရောင်းအ၀ယ် လုပ်မှပဲ ဆောင်ကြတာများပါတယ်။ အရပ်ထဲမှာတော့ အရပ်စာချုပ်နဲ့ပဲ လုပ်ကြတာများတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

အစိုးရက တစ်ပေပတ်လည် မြေဈေးများ သတ်မှတ်ခဲ့ပြီး အခွန်တိုးမြှင့် ကောက်ခံခြင်းကို ပြုလုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ တိုးလာခြင်းသာရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လူဦးရေမှာ များစွာတိုးတက်လာပြီး မြို့ပြဧရိယာ ချဲ့ထွင်မှု များလာသော်လည်း အစိုးရက အိမ်ရာဖော်ဆောင်ပေးမှုမှာ လုံးဝလောက်ငှမှု မရှိခြင်းကလည်း အိမ်ခြံမြေဈေး ကြီးမြင့်ရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် နောင်လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း လူဦးရေ ဆယ်သန်းကျော် နေထိုင်သည့် Mega City ဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ အခြေချလာသည့် လူဦးရေမှာ နေထိုင်စရာ အိမ်အခန်းများ ဆောက်လုပ်ပြီးစီးမှုထက် သုံးဆခွဲ များပြားလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။

(ရွှေဂုံတိုင်ရှိ တိုက်ခန်းအိမ်ရာများကို တွေ့ရစဉ်)