This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, December 25, 2013

ကျပ်ဘီလီယံချီရှိနေသော အခွန်ကြွေးကျန်များ အကျေမဆောင်က အရေးယူမည်ဟုဆို .....................................

သီဟကိုကို

တစ်ဦးချင်းအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်ကြွေးကျန် ကျပ်ငွေဘီလီယံနှင့်ချီကာရှိနေပြီး ယင်းတို့ကို လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသန်းက မဇ္ဈိမသို့ ပြောသည်။

မဇ္ဈိမက အခွန်ကြွေးကျန်များနှင့် စပ်လျဉ်းကာ ဒီဇင်ဘာ ၁၉ ရက်တွင် မေးမြန်းခြင်းအပေါ် ဦးထွန်းသန်း က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်း၏ အခွန်ကြွေးကျန်များမှာ တစ်ဦးတည်းပိုင် စီးပွား ရေးလုပ်ငန်းများ၏ ယခင်ခေတ် အဆက်ဆက်မှ ကြွေးကျန်များဖြစ်ပြီး ၀င်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် အမြတ်ခွန်တို့ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

ဦးထွန်းသန်းက “အခွန်ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အခွန်ထမ်းတွေအနေနဲ့ ကြွေးကျန်တွေကို ၂၀၁၄ မတ်လ ၃၁ ထိ ပေးသွင်းဖို့ ကျန်ရှိနေရင် အခွန်ဆိုင်ရာ ဥပဒေတွေအတိုင်း အရေးယူဆောင်ရွက်သွား မယ်” ဟု ပြောကြားသည်။

အခွန်ကြွေးကျန်များကိစ္စနှင့် စပ်လျဉ်းကာ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ထပ် မံမေးမြန်းရာတွင် ဒီဇင်ဘာ ၁၃ ရက်အထိ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်း၌ပင် အခွန် ကြွေးကျန် ကျပ်ငွေ ၆၇ ဘီလီယံအထိရှိနေကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ကျော်က မဇ္ဈိမသို့ ပြန်လည်ဖြေကြားခဲ့သည်။

အခွန်ကြွေးကျန်များကို သတ်မှတ်ကာလအတွင်း ပေးသွင်းရန်ကျန်ရှိသည့် လုပ်ငန်းများ၊ ပုဂိ္ဂုလ်များကို အခွန်ဥပဒေများအရ ကျန်ငွေ၏တစ်ဆအား ငွေဒဏ်အဖြစ်ဒဏ်ရိုက်နိုင်ပြီး ပိုင်ဆိုင်မှုပစ္စည်းများအား ၀ရမ်းကပ်ကာ လေလံတင်ရောင်းချသည်အထိ အရေးယူနိုင်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူများက ပြောကြားသည်။

အခွန်များ ကျပ်ငွေဘီလီယံနှင့်ချီကာ မပေးဆောင်ဘဲ ကျန်ရှိနေခြင်းသည် အခွန်စည်းကြပ်ပုံနည်းစနစ် အပြင်ဘဏ်အသုံးပြုမှု နည်းပါးသေးခြင်းကြောင့်လည်း ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးလှမောင်က ပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေ၏ တစ်ရာခိုင်နှုန်းသည်သာ အခွန်ပေး ဆောင်မှုရှိသေးပြီး ကျွမ်းကျင်သူများ၏အဆိုအရ နိုင်ငံGDP တွင် အခွန်၏ ပါဝင်မှုသည် သုံးရာခိုင်နှုန်း ၀န်းကျင်သာရှိနေကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံနှင့်နှိုင်းလျှင်ပင် နည်းပါးလွန်းနေသေးသည်ဟုဆိုသည်။

သတင်းထောက် နော်ခိုင်ခိုင်အေးချိုအား ထောင်ချမှုကို တရားမျှတစွာ ပြန်ဆောင်ရွက်ပေးရန် MJN ပြောဆို

စောထွန်းလင်း

The Daily Eleven ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် သတင်းထောက် နော်ခိုင်ခိုင်အေးချိုကို လွိုင်ကော်မြို့နယ် ဒုတိယ တရားသူကြီးက ထောင်သုံးလ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မျှတသည့် တရားစီရင်မှုဖြစ်ရန် သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည် ဆောင်ရွက်ပေးစေလိုကြောင်း မြန်မာသတင်းထောက်များကွန်ရက်(MJN)က ဒီဇင်ဘာ ၂၀ရက်နေ့တွင် တောင်းဆိုလိုက်သည်။

နော်ခိုင်ခိုင်အေးချိုအား ဒီဇင်ဘာ ၁၇ရက်နေ့က ထောင်ချမှတ်လိုက်သည့်အပေါ် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအနေဖြင့် အဖြစ်မှန် ဖော်ထုတ်ပေးရန် (MJN)က ကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

MJN အတွင်းရေးမှူးတစ်ဦးဖြစ်သူ ကိုအောင်သူရက “မခိုင်အမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ အသင့်တော်ဆုံးအချိန် မှာ အမှန်တရားအတိုင်း ဖော်ထုတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာပါ။ ဒါကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန် မလုပ်ပေးရင် ဆက် လုပ်သင့်တာကို လုပ်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သတင်းထောက် နော်ခိုင်ခိုင်အေးချိုအား သတင်းရယူမှုနှင့် ပတ်သက်၍ နေအိမ်ကျူးကျော်မှုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၇ရက်၌ ပြစ်မှုပုဒ်မ-၄၅၁ အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုပုဒ်မ-၅၀၀ အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ-၂၉၄(ခ) အရ ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုပုဒ်မ ၄၅၁မှာ ပိုင်နက်ကျူးလွန်မှုဖြစ်ပြီး ပြစ်မှုပုဒ်မ-၂၉၄ (ခ)မှာ ညစ်ညမ်းစွာ ပြောဆိုမှုဖြစ်ကာ ပြစ်မှုပုဒ်မ ၅၀၀မှာ အသရေ ဖျက်မှုဖြစ်ကြောင်း Eleven Media Group ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ယင်းကဲ့သို့ သတင်းထောက်တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်းခံရခြင်းနှင့် ပတ်သက်၍အ ပေါ် ပြည်တွင်းမီဒီယာများ၊ ပြည်တွင်းမီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းအချို့နှင့် ပြည်ပသတင်းမီဒီယာ အဖွဲ့အ စည်းများကလည်း ကန့်ကွက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမြင့်ကျော်က “အခုလို ငွေဒဏ်ချမှတ်လို့ရတဲ့ အမှုတွေကို ထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတာ ပြင်းထန်လွန်းတယ်လို့တော့ မြင်တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

လွိုင်ကော်ထောင်တွင် လက်ရှိ အကျဉ်းကျခံနေရသည့် သတင်းထောက် နော်ခိုင်ခိုင်အေးချိုသည် ၂၀၁၁ခုနှစ်မှစ၍ ကရင် သတင်းစဉ်တွင် သတင်းထောက်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် ယခုနှစ် အောက်တိုဘာလ တွင် ၎င်းသတင်းစဉ်မှ အနားယူသွားခဲ့သူဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့နှင့် တင်းမာ၍ မိုဘိုင်း စစ်ဆေးရေးအဖွဲ့ လက်နက်တပ်ဆင် ..............................


Tuesday, December 24, 2013

သစ်နေမိုး

ကရင် ငြိမ်းချမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သော နောင်ရိုး အထူးဒေသ (KEAP) အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) က ကန့်သတ် ကုန်ပစ္စည်းများ စစ်ဆေးခဲ့သည့် ဖြစ်စဉ်တွင် တင်းမာမှု ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးရေး အဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင်ပေး လိုက်ကြောင်း သိရသည်။

မြ၀တီ-ရန်ကုန်လမ်း စစ်တောင်း-ဒိုက်ဦးလမ်းဆုံ အနီး ညောင်ခါးရှည် ရွာတွင် ယခု လဆန်းပိုင်းကKEAP အဖွဲ့ သယ်ဆောင် လာ သော တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများကို မိုဘိုင်း စစ်ဆေးရေးအဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း၊ နောက်တရက်တွင် KEAP အဖွဲ့က လက်နက်ကိုင် လူအင်အား ၁၀ ဦးကျော်ဖြင့် လာရောက်၍ ပြန်လည် ယူဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကို လက်နက်များ တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။

“ဒီလမ်းကြောင်းက ဒါကိုခွင့်ပြုပေးလို့ မရဘူး၊ ပစ္စည်းရော ကားတွေရော တားထားတာပေါ့၊ နောက်တနေ့ မနက်မှာ အဲ့ဒီအဖွဲ့က လက်နက်အင်အား ၁၀ ယောက်လောက်နဲ့လာပြီး မပေးဘူးလား ပေးမှာလား ခြိမ်းခြောက် ပြောဆိုပြီး ကားတွေ မောင်းသွားတယ်” ဟုလည်း ၄င်းက ဧရာဝတီကို ပြောပြသည်။

ကရင်ပြည်နယ် ဘီးလင်းဒေသ အခြေစိုက် KEAP အဖွဲ့က ဘီယာဖာ ၅၇၀ ကို Super Custom နှစ်စီးဖြင့် အပြည့်သယ်ဆောင် လာ ခြင်း ဖြစ်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ ဥပဒေအရ စစ်ဆေးဆုံးဖြတ်မှုကို လိုက်နာခြင်း မရှိဘဲ အလွတ် သယ်ယူသွားကြ ခြင်း လည်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့က ပြည်နယ်အစိုးရသို့ တင်ပြခဲ့ရာ ပြည်နယ် လုံခြုံရေးဝန်ကြီး ကိုယ်တိုင် လာရောက်ခဲ့ကြောင်းနှင့် ကန့်သတ်ပစ္စည်းများနှင့် ထွက်ပြေးသွားသူများအား မွန်ပြည်နယ်တွင် ထိန်းသိမ်းမိခဲ့ကြောင်း သိရသည်။

ထွက်ပြေး သွားသူများကို ထိန်းသိမ်းနိုင်ခဲ့ပြီး နောက်ပိုင်း ရက်အနည်းငယ် အတွင်း KEAP အဖွဲ့ခေါင်းဆောင်က မိုဘိုင်း စစ်ဆေး ရေး အဖွဲ့သို့ လာရောက်ပြီး ရန်လိုသော သဘောမျိုးဖြင့် တင်းမာစွာပြောဆိုသွားခဲ့သည်ဟု မိုဘိုင်း စစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အဲ့ဒီကြားမှာ သူတို့ခေါင်းဆောင် လာပြီး ရန်ရှာမယ် ဘာညာ ပြောသွားပြန်ရော၊ ကျနော်တို့လည်း စဉ်းစားတာပေါ့၊ ဒီတိုင်းဆိုရင် တော့ မဖြစ်ဘူး၊ ဟိုက သေနတ်တွေ ဘာတွေနဲ့ လာတယ်၊ မတော် ပစ်သွားရင် ကိုယ့်မှာလည်း ဘောလ်ပင်ပဲ ရှိတယ်ပေါ့၊ ရဲတွေကိုတော့ သေနတ်တွေ ဘာတွေ ထုတ်ပေးသင့်တယ် ဆိုပြီး တင်ပြတော့ အခု ခရိုင် ရဲမင်းကြီး ကိုယ်တိုင်လာပြီး Mobile Team က ရဲအဖွဲ့ကို လက်နက် အပြည့်အစုံ ထုတ်ပေးထားတယ်”ဟု ၄င်းက ပြောပြသည်။

လက်ရှိတွင် မိုဘိုင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က အဆိုပါ တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများ မောင်းနှင်သွားသူအား ပဲခူး အမှတ်(၁) ရဲစခန်းတွင် ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း တာဝန်မှူး ဒု ရဲအုပ် ညီညီက ပြောသည်။

“နောင်ရိုး အထူးဒေသ အဖွဲ့က ဗိုလ်မှူး အဆင့်ရှိတဲ့ စောငွေဟောက် ဆိုသူပါ၊ လက်ရှိကတော့ စစ်ဆေးဆဲပေါ့၊ သူက အာမခံနဲ့ အပြင် မှာပါပဲ၊ သူတို့အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် လာပြီး အပ်သွားခဲ့တာပါ”ဟု ၄င်းက ပြောပြသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု အဓိက လမ်းကြောင်းများ ဖြစ်သော မူဆယ်-မန္တလေး လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၁ နှင့် မြ၀တီ-ရန်ကုန် လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၂ ကို ထားရှိ စစ်ဆေးကြောင်း၊ အခြား နယ်စပ် ထွက်ပေါက် ရှောင်ကွင်း လမ်းများတွင်လည်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့ငယ်တချို့ဖြင့် တရားမ၀င်ကုန်သွယ်မှု ထိန်းချူပ်ခြင်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

စားသုံးသူ ကာကွယ်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေး လှုပ်ရှား တားဆီးရေး အဖွဲ့ဟုခေါ်သည့် (Mobile Team) မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခု ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင် ၊ ဗွီဒီယို ဆင်ဆာ စနစ် ဖျက်သိမ်းမည် ...........................................


Tuesday, December 24, 2013

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ။ ။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှစ၍ ရုပ် ရှင်၊ ဗွီဒီယိုဇာတ်ကားများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ အားလုံး ဆင်ဆာတင်ရန်လုံးဝ မလိုအပ်တော့ကြောင်း သိရ သည်။

ယခင်က မြန်မာဗွီဒီယိုနှင့် ရုပ်ရှင် ဇာတ်ကား များ၊ ယင်းတို့ နှင့် သက်ဆိုင်သောကြော်ငြာ၊ ပိုစတာ၊ ကာဗာဓာတ်ပုံများ၊ ဒီဇိုင်းများ အစရှိသည်တို့အား အများပြည်သူသို့ ဖော်ပြရန်အ တွက်လုပ်ဆောင်ရာ တွင် မြန်မာ နိုင်ငံ ဆင်ဆာအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူနေရခြင်းအား ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှ စတင်ကာ ဖြေလျှော့ လိုက်ပြီဖြစ် ကြောင်း မြန်မာ့ ရုပ်ရှင်လုပ်ငန်း မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်း အောင်က ပြောသည်။

''ဆင်ဆာနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ဘက်ကို လုံးဝတင်ပြစရာ မလိုတော့ပါ ဘူး။ အဲဒီလိုတင်ပြစရာမလိုအပ် တော့တာကိုလဲ မြန်မာ့ရုပ်ရှင် လုပ်ငန်းကနေပြီးတော့ တရား ဝင် သတင်းထုတ်ပြန်သွားဖို့ရှိ ပါတယ်''ဟု ယင်းကဆိုသည်။

၂၀၁၄ခုနှစ်မှ စတင်ကာ ရုပ်ရှင်ဗွီဒီယိုဇာတ် ကားများနှင့်ပတ်သက်၍ ဆင်ဆာတင်ပြရခြင်း၊ ဆင်ဆာထောက်ညွှန်ခြင်းများ လုံးဝပြုလုပ်တော့ မည် မဟုတ်တော့သောကြောင့် ယင်းကာလမှ စတင်ကာပုံနှိပ်ထုတ်ဝေခြင်းနှင့် သက်ဆိုင်သော ဥပဒေ၊ ဓာတ်ပုံပိုင်ဆိုင်ခွင့်၊ အမြင်မသင့်တော် သောကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်ပေါ်လာ မည့်ကိစ္စရပ်များ ရုပ်ရှင်၊ ဂီတအစည်းအရုံးများ မှ ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် ရုပ်ရှင်ဇာတ်ကားများထုတ်လုပ်ဖြန့်ချိသော ထုတ်လုပ်သူများမှ ဖြစ်ပေါ်လာမည့်ကိစ္စအဝဝတို့ အား တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဗွီဒီယိုဇာတ်ကားများ ရိုက်ကူးပြီး စီးပါကဗွီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြ၍ ဆင် ဆာအဖွဲ့၏ထောက်ပြချက်များအား ပြင်ဆင်ခြင်း၊ ဖြတ်တောက်ခြင်း၊ ပြန်လည်ရိုက်ကူးခြင်းအစ ရှိသော လုပ်ငန်းဆောင်တာ များကိုထုတ် လုပ်သူ များနှင့် ဒါရိုက်တာအစရှိသောတာဝန်ရှိသူ များ တိုင်ပင်၍ ပြင်ဆင်ရကြောင်း သိရသည်။ ဗွီဒီယိုဆင်ဆာအဖွဲ့မှ ဦးမျိုးဇော်အောင် က ''ဆင်ဆာမကြည့်တာ တော်တော်ကြာပြီ။ ဘာဖြစ်လို့ မကြည့်တာလဲဆိုတဲ့ အကြောင်းပြ ချက်ကတော့ အများ ကြီး ရှိတယ်။ ဆင်ဆာမကြည့် ရသေးဘဲနဲ့ သူတို့ ဘာသာသူတို့ အခွေဖြန့်မယ် ဆိုရင်လဲ ရတယ်။ ဒါပေမဲ့ ဖြစ်လာသမျှတာဝန် အားလုံးကို သူတို့ဘာသာသူတို့ဖြေရှင်းကြလေ။ ဒီဘက်ကလုံးဝဖြေရှင်းပေးမှာ မဟုတ်ဘူး။ ဆင် ဆာမ ကြည့် ဘူးဆို ပေမယ့် ထုတ်လုပ်ရေးက ဒီဇာတ်ကားဖြန့်ပါတော့မယ်ဆိုပြီးတော့ လာပြရင် သူတို့ကို ဘယ်အခန်းကတော့မသင့်တော်ဘူး ဆိုတာမျိုးကိုပြောတယ်။ စာပို့တယ်၊ သူတို့ကရပြီ ဖြန့်တော့မယ်ဆိုရင်ရတယ်။ ခံဝန်ထိုး လက်မှတ် ထိုးပြီး ရင်ဖြန့်လို့ရပြီ။ ကျန်တဲ့ဖြစ်လာသမျှ ပြဿနာအားလုံးကတော့ သူတို့တာဝန်ယူရမှာ ပဲ''ဟု ရှင်းပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယခင် ကဆင်ဆာဖြတ်တောက်ရန်အတွက် ပြင်ဆင် ရမည့်အချက်များအား ပြင်ဆင်စေရန်အတွက် တရားဝင် ထုတ်ပြန်ကြော်ငြာချက်များရှိသော် လည်း ယခုအခါတွင် တရားဝင်ထုတ်ပြန်ခြင်း များမရှိတော့ ကြောင်း သိရသည်။

''ကျွန်တော်တို့လောကသားတွေမှာ အခြေ အနေအမျိုးမျိုးရှိပါတယ်။ ဗွီဒီယိုတစ်ကားထွက် ဖို့အတွက် ခက်ခက်ခဲခဲထုတ်လုပ်ရတာတွေရှိ တယ်။ အဲဒီလိုအချိန်မျိုးမှာ ဆင်ဆာအဖွဲ့က ပြည်သူလူထုကို ပြသခွင့်မရှိဆိုတဲ့ထောက်ညွှန် ချက်မျိုး ဖြစ်လာ ရင် အစည်းအရုံးကနေကြားဝင် ပြီး ထုတ်လုပ်ရေးနဲ့ နှစ်ဖက်ခေါ်ဆွေးနွေးမယ်။ သူတို့ဘက်က ဒီလိုမျိုးဖြတ်တောက်ပေးနိုင်မယ် ဆိုရင်လဲဖြတ်ပေးမယ်။ မဖြတ်ပေးနိုင်ဘူး ဆိုရင်လဲ ကျွန်တော်တို့ဘက်ကပဲ အတတ်နိုင်ဆုံး ကြားဝင် ဆောင်ရွက် ပေးမယ်။ ဆင်ဆာဖြတ်တောက်မှု ရှိနေတာကို မနှစ်သက်တဲ့အထဲမှာ ကျွန်တော် လဲပါပါတယ်''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ပြောသည်။

နွေးနွေး - Yangon Media Group

Thit Htoo Lwin - News

အသက်မပြည့်သေးသူကို ခိုးယူပေါင်းသင်းမှုဖြင့် တပ်ပြေးတစ်ဦး အမှုဖွင့်ခံရ ............................

Tuesday, December 24, 2013

ဇော်ဇော်ထွေး

အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းမှုဖြင့် စစ်တပ်မှတပ်သားတစ်ဦးကို အရေး ယူပေးရန် တိုင်တန်းမှုတစ်ခုကို မင်္ဂလာဒုံရဲစခန်းက ဒီဇင်ဘာ ၂၁ ရက်တွင် အမှုဖွင့် ဖမ်းဆီးထားသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို မင်္ဂလာဒုံ ထောက်ကြန့်နေ ကာယကံရှင် ကလေးငယ်၏ အုပ်ထိန်းသည့် အဒေါ်ဖြစ်သူ က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

အသက် (၁၃နှစ် ၇) လရှိ တူမဖြစ်သူကို ဒီဇင်ဘာ ၁၇ ရက်ည ၉ နာရီက ဓာတ်ခဲဝယ်ရန် စေလွှတ်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာမှု မရှိခဲ့သည့်အတွက် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ဘဲ ဒီဇင်ဘာ ၁၉ ရက်တွင် ကလေးငယ်၏ အဘွားဖြစ်သူ နေအိမ်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် လိုက်လံခေါ်ယူပြီး မေးမြန်းခဲ့ရာမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။

ထိုအခါတွင် တူမဖြစ်သူက ဓာတ်ခဲဝယ်ခိုင်းသည့်ညက ၎င်းနှင့်ချစ်ကြိုက်နေသည့် တစ်ရပ်ကွက်တည်းနေ အသက် ၁၉ နှစ်အရွယ်ရှိ တပ်သားတစ်ဦးနှင့် ချိန်းတွေ့ခဲ့ခြင်းကို ပြန်လည်ပြောပြသည်ဟုလည်း တရားလိုက ရဲထံတွင် ပြောပြထားသည်။

တပ်သားက သားမယားအဖြစ် သုံးကြိမ်ခန့် နေထိုင်ခဲ့ပြီး တစ်ညလုံး ၎င်းနှင့်အတူရှိနေခဲ့သည်ဟု အဆိုပါ ကလေးငယ်က ပြန်ပြောပြထားသည်။

ထို့ကြောင့် အုပ်ထိန်းမှုအောက်မလွတ်ကင်းသေးသော ကလေးငယ်ကို သားမယားပြုကျင့်သူအဖြစ် အဆိုပါ တပ်သားအား အရေးယူပေးရန် တရားလို အဒေါ်ဖြစ်သူက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၄၅၄/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အရေးယူ နိုင်ရန် စခန်းမှူးဖြစ်သူ ရဲအုပ်မြင့်အောင်က စစ်ဆေးနေသည်။

ထို့ပြင် တိုင်တန်းခံထားရသူ တပ်သားသည် အမှတ် (၅)စစ်အခြေခံလေ့ကျင့်ရေး တပ်၊ တောင်ငူ ရေနီမှ ခွင့်မဲ့စစ်သည်တစ်ဦးဖြစ်ပြီး အမှတ် (၅) ပညာရေးသင်တန်းကျောင်း (တောင်ငူ)တွင် သင်းတန်းတက် ရောက်နေသူတစ်ဦးဖြစ်သည်ကို စစ်ဆေးအတည်ပြုထားသည်။

၎င်းသည် သင်တန်းမှ ထွက်ပြေးခဲ့ပြီး အဘိုးဖြစ်သူ နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တိုးချဲ့ (၂/၁) ရပ်ကွက်၊ လမ်းသစ်လမ်း၊ အမှတ်မရှိ နေအိမ်တွင် တိမ်းရှောင်နေသူတစ်ဦးဖြစ်သည်ဟု ရဲစခန်း က အတည်ပြုထားသည်။

လက်ရှိတွင် ၎င်းအား မိခင်တပ်ရင်းသို့ လွှဲပြောင်းပေးရန်အတွက် ဆက်သွယ်ထားပြီး စခတ(၅) တောင် ငူနှင့် အမှတ် (၅) ပညာရေးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး နှစ်ဦးတို့မှ လာရောက်ခေါ်ဆောင်ရန် စီစဉ်နေသည်ဟုဆိုသည်။

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေး ၇ ဦး သေဆုံးပြီးနောက် ကာကွယ်ဆေး ထိုးခြင်း ရပ်ဆိုင်း..........................









(နိရဉ္စရာ- ၂၄ ဒီဇင်ဘာ ၂-၀၁၃)

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ် (၇) ဦး သေဆုံးသွားခြင်းမှာ ကာကွယ်ဆေးကြောင့်ဟု သံ
သယ ရှိနေသဖြင့် ယခုအခါ ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်ဆိုင်းထားလိုက်သည်
ဟု တရုတ်အစိုးရပိုင် Xinhua မှ ယမန်နေ့ (တနင်္လာနေ့)က သတင်း ဖေါ်ပြသည်။

တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူများမှ အဆိုပါ ကလေးငယ်များ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး
စစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ၎င်းမွေးကင်းစ ကလေးငယ် ၇ ဦးမှာ ဘီအမျိုးအစား အသည်းရောင်
ရောဂါ ကာကွယ်ဆေး (Hepatitis B Vaccinations) ကို ပုံမှန် အတိုင်း ထိုးပြီးနောက် သေဆုံးသွား
ခြင်း ဖြစ်ကြောင်း ၎င်းသတင်းဌာက ဆိုသည်။

သေဆုံးသွားသည့် ကလေးငယ် များမှာ တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ် တစ်ခု ဖြစ်သော
Guangdong မှ ၄ ဦးနှင့် ကျန်ကလေးငယ်များမှာ တောင်-အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်
သော Hunan နှင့် အနောက်တောင်းပိုင်းပြည်နယ် Sichuan တို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာနမှ Shenzhen ပြည်နယ် အခြေစိုက် Biokangtai မှ ထုတ်သော ဆေးများကို
စစ်ဆေးမူ မပြီးမချင်း ဆေးရုံများအားလုံးတွင် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်
တန့်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆေးကုမ္ပဏီမှလည်း ကျေညာချက် တစ်စောင်ထုတ်ပြန်ပြီး လုံခြုံမူ ရှိစေရေးအတွက် လိုက်နာ
ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း ဆေးကြောင့် ဟုတ်မဟုတ်ကို စစ်ဆေးနေကြောင်း ဖေါ်
ပြသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေး ၇ ဦး သေဆုံးပြီးနောက် ကာကွယ်ဆေး ထိုးခြင်း ရပ်ဆိုင်း http://www.simon-vlog.com/2013/12/blog-post_6525.html#ixzz2oQctEsIA
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း .................................


Tuesday, December 24, 2013

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ။ ။ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေးအများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

ဖုန်းဟန်းဆက်တစ်လုံး၏ ပေါက်ဈေးသည် ဟန်းဆက်အ မျိုးအစားပေါ်မူ တည်ပြီး ကျပ် သိန်းဂဏန်းဝန်းကျင် ပေါက် ဈေးရှိရာ လူငယ်တိုင်း သုံးစွဲနိုင် ကြသည်တော့ မဟုတ်ပေ။ ခေတ်လူငယ်လေးများ ပီပီ လှိုင်မြို့နယ်အတွင်းမှ လူ ငယ်လေး ရှစ်ဦးသည် လည်း သူ များနည်းတူ ထိုသို့သောဟန်း ဆက်များ ကို ကိုင်ချင် သုံးချင် ကြသည့် ဖုန်းခရေဇီများဖြစ်ကြ သည်။

သို့ရာတွင် ကျောင်းသား လူငယ်ဖြစ်သည်က တစ်ကြောင်း အခြေခံလူတန်း စား မိသားစု များမှ မွေးဖွား လာ ကြသူများ ဖြစ်သည်က တစ်ကြောင်း တို့ ကြောင့် သူတို့အဖို့ ဝယ်မကိုင် နိုင်ကြပေ။

ဒီဇင်ဘာ၆ရက် ညတွင် လှိုင်မြို့နယ်၊ သံလမ်းရှိ ဟန်း ဆက် အရောင်း ဆိုင်တစ်ဆိုင် ကို အဆိုပါလူငယ်ဆယ်ဦးတို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူ ခဲ့ကြသည်။ ထိုသို့ ခိုးယူခဲ့ကြပြီး ရရှိ လာခဲ့သည့် ဟန်းဆက်များကို အချင်းချင်းခွဲဝေယူခဲ့ကြပြီး ယင်း တို့အနက်မှ သုံးဦးက ဟန်းဆက် ကိုးလုံးနှင့် ငွေ သုံးသောင်းယူကာ မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်ခဲ့ကြ သည်။

ကျိုက် ထီးရိုးတွင် ပါလာသည့်ပိုက်ဆံ များမလုံလောက်သဖြင့် ကျိုက် ထီးရိုးမုခ်ဝအနီးရှိ ရွှေနန်းကျင် နတ်နန်း အလှူခံရာနေရာမှ ငွေ ခုနစ်ထောင်ကို ခိုးယူခဲ့ရာ ကျိုက် ထီးရိုးလုံခြုံရေးရဲများက တွေ့ ရှိပြီး ယင်းတို့သုံးဦးကို ကလေး များဖြစ်နေသည့်အတွက် အပြစ် ပေးသည့် အနေဖြင့် ကတုံးတုံး ကာ ကင်မွန်းစခန်းတောင်ခြေ သို့ ပြန်လွှတ် ရာ တွင် ရန်ကုန် ၌ကျူးလွန်ခဲ့သည့် ဖောက်ထွင်း မှုနှင့်ဆက်စပ်နေကြောင်း သိ ရှိရသဖြင့် ရန်ကုန်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဒီဇင်ဘာ၁၂ရက် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ပြစ် မှုကျူးလွန်ခဲ့သည့် အသက်၁ရ နှစ်အရွယ် ကျော်ကျော်(အမည် လွှဲ)က ''ကျွန်တော်တို့ ဟန်းဆက် အကောင်းစားနဲ့ ဖုန်းတွေကိုင် ချင်လွန်းအားကြီးလို့ အခုလို မလုပ်သင့်တာကို လုပ်မိကြတာ ပါ။ အခုတော့ နောင်တရ နေ ပြီ။ ဒါပေမဲ့ ကျွန်တော့် အသက် က ၁ရနှစ်ထဲကိုရောက်နေလို့ ကျွန်တော့်သူငယ်ချင်းတွေလို သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာမနေရဘူးတဲ့။ အင်း စိန်ထောင်ကိုပဲ ပို့မယ်လို့ပြော တယ်။ ကျွန်တော်တို့ အခုတော့ မှားမှန်း သိပါပြီ''ဟု ပြောသည်။

ကျော်ကျော်က ''ကျွန်တော် တို့ သုံးယောက်ဆီမှာ ဟန်းဆက် ကိုးလုံးနဲ့ ငွေသုံးသောင်းပဲပါ တယ်။ ဒါနဲ့ ကျိုက်ထီးရိုးတက် တာ။ ရလာတဲ့ဖုန်းတွေကို သူ ငယ်ချင်းတွေလဲ ခွဲပေးတယ်။ ကျွန်တော်တို့လဲ ယူထားတယ်။ ကျိုက်ထီးရိုးကို ရထားနဲ့သွား တာ။ ဟိုရောက်တော့ ပိုက်ဆံ မလောက်လို့ ရင်ပြင်တော်က ရွှေနန်းကျင်နတ်ရုပ်ကို ပူဇော် တဲ့ပိုက်ဆံထဲက ခုနစ်ထောင်ကို ယူခဲ့တာ။ ကင်မွန်းစခန်းတောင် ခြေမှာမိတယ်။ ဒါနဲ့ ကလေး တွေ နောက်မလုပ်နဲ့ဆိုပြီး ခေါင်း တုံးတုံးပြီး လွှတ်လိုက်တယ်။ နောက်တော့ ရဲတွေက ရန်ကုန် ဖောက်ထွင်းမှုတစ်ခုနဲ့လဲ ဆက် စပ်တယ်လို့ သတင်းရထားတယ် ဆိုပြီးတော့ ကျွန်တော်တို့ကို လာခေါ်တဲ့ ရဲတွေလက်ထဲထည့် ပြီး ရန်ကုန်ကိုရောက်လာတာ ပဲ။ အခုတော့ ကျွန်တော်တို့ မှားမှန်းသိပါပြီ''ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင် သည့် တခြားသောလူငယ်ခြောက် ဦးကို လှိုင်မြို့နယ်ရှိ ယင်းတို့ ၏နေအိမ်များမှာပင် ဒီဇင်ဘာ ၁၁ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုပြစ်မှုကျူးလွန်သော ကလေးများမှာ အသက်၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ်အရွယ် လူငယ် များဖြစ်ပြီး ゞင်းတို့ထဲမှလေးဦး မှာ လှိုင်မြို့နယ် အလက(၄)၊ အထက(၁)နှင့် အထက(၄)တို့ တွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ကြောင်း၊ ゞင်းတို့မှာ လှိုင်မြို့နယ် (၁)ရပ် ကွက်၊ (၅)ရပ်ကွက်နှင့် (၇)ရပ် ကွက်တွင် နေသူများဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါအမှုကိုစစ်ဆေးသော လှိုင် မြို့နယ်မှ အမှုစစ်ဒုရဲအုပ်ကိုကို ဝင်းက ''ကလေးတွေကို ကျွန် တော်တို့က အတင်းအဓမ္မဖမ်း တာလဲ မဟုတ်ပါဘူး။ ပျောက် တဲ့ကလေးတွေကိုရှာပြီး ခေါ် တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့တွေက လူငယ်တွေစုပြီး ပျော်ပျော်ပါးပါးနဲ့ကိစ္စတစ်ခုကို အတူလုပ်လိုက်ကြတဲ့ သဘော လိုပဲ။ မေးရင်လဲ အမှန်အတိုင်း ဖြေတယ်။ ဒါပေမဲ့ သူတို့ကျူး လွန်ထားတဲ့ ပြစ်မှုတွေကိုတော့ ပိတ်သိမ်းလို့မရဘူး။ စာရိတ္တ မှုနဲ့ ဆိုင်တယ်။ အခု လှိုင်ရဲ စခန်းမှာ တစ်ယောက်ချုပ်ထား တယ်။ နောက်ရှစ်ယောက်က သန်လျင် လူငယ်ထိန်းသိမ်းရေး စခန်းမှာ။ သူတို့တွေအနေနဲ့ အမှုတော့ ရင်ဆိုင်ရလိမ့်မယ်။ တစ်ယောက်ကတော့ လွတ်နေ သေးတယ်။ သက်သေခံပစ္စည်း တချို့ကိုလဲရထားပြီးပြီ။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ ဆက်လက် ရှာဖွေနေတယ်။ သူတို့ ကလေး တွေကို အတင်းအကျပ်မေးရ တာမျိုးမရှိဘူး။ အကုန်အမှန် ဖြေတယ်''ဟုပြောသည်။

ဖောက်ထွင်းခံရသောလှိုင် မြို့နယ် သံလမ်းရှိ  family ဟန်း ဖုန်းနှင့် ဟန်းဆက်ပစ္စည်းများ အရောင်းဆိုင်ပိုင်ရှင် ကိုရာဇာ က ''ကျွန်တော်က ဆိုင်ကို နံနက် ၁ဝနာရီကနေ ည၁ဝနာရီအထိ ဖွင့်တာ။ နှစ်ယောက်ဝင်ပြီးတော့ ခေါင်မိုးကနေ ဖောက်သွားတာ။ ဟန်းဆက် ၉၂လုံးပါသွားတယ်။ ဖုန်းငွေဖြည့်ကတ်၊ စပီကာ၊ နား ကြပ်တွေနဲ့ ငွေနှစ်သိန်း စုစု ပေါင်း သိန်း၆ဝနီးပါးလောက် ခိုးခံလိုက်ရတာ။ ရဲစခန်းက အ တတ်နိုင်ဆုံး ရှာပေးလို့ အခု ဟန်းဆက်၃၁လုံး ပြန်ရပြီလို့ တော့ သိရတယ်။ တကယ့်ဝါ ရင့် ဖောက်ထွင်းသမားတွေလို လုပ်တာ။ ကျွန်တော်ကတော့ ဆိုင်က ပစ္စည်းတွေပြန်ရရင်ပြီး ပြီ။ ကလေးတွေကိုလဲ ဘာပြ ဿနာမှ မလုပ်စေချင်ဘူး။ ဒီ ကလေးတွေနဲ့ပတ်သက်ပြီး မိဘ တွေက စနစ်တကျ သွန်သင် ဆုံးမ ဖို့လို ပါတယ်''ဟု ပြောသည်။

အဆိုပါကလေးများနှင့် ပတ်သက်သည့်အမှုကို ဒီဇင်ဘာ ၃ဝရက်တွင် ရန်ကုန်ရှိ ကလေး သူငယ်များ တရားရုံးတွင်စစ် ဆေးမည်ဖြစ်ကြောင်း၊ ယင်း နေ့အမှုအခြေအနေကို ကြည့် ပြီး လုပ်ဆောင်စရာများကို ဆက် လက်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဖခင်ဖြစ် သူက စိတ်မကောင်းဖြစ်သော အမူအရာဖြင့် ''ကျွန်တော့်သား လေးကို အဲဒီအမှုမှာပါဝင်ပတ် သက်တယ်လို့ဆိုပြီး အိမ်ကို ရဲ နဲ့ (၇)ရပ်ကွက်ဥက္ကဋ္ဌဌတွေ လာ ပြီး လှိုင်ရဲစခန်း ကို လွန်ခဲ့တဲ့တစ် ပတ်ကျော်က ခေါ်သွားတာ။ အခုတော့ ကလေးမိဘတွေစု ပြီး အခိုးခံရတဲ့ဖုန်းဆိုင်ပိုင်ရှင်ကို တောင်းပန်မယ်လို့တော့ စိတ် ကူးထားတာပဲ။ သားက အခု သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာ။ ဒါပေမဲ့ ဒီဇင် ဘာ၃ဝ ရက်ကျရင် ကလေးသူ ငယ်များတရားရုံးမှာ အမှုရင် ဆိုင်ဖို့ရှိတယ်။ ဘယ်လိုတွေဖြစ် မလဲတော့မသိဘူး။ ကျွန်တော့် သားက ရှစ်တန်းတက်နေတဲ့ ကျောင်းသားလေးပါ။ စာလဲ တော်ပါတယ်။ အပေါင်းအသင်း မှားလို့ ဒီလိုမ ဖြစ်သင့် တာတွေ ဖြစ်သွားခဲ့တာပါ။ အရမ်းစိတ် မကောင်းဖြစ်ရတယ်။ သားလေး က ကျွန်တော်တို့ကိုတွေ့တော့ နောက်ဆိုရင် အပြင်ကို ထွက် မလည်တော့ပါဘူး။ မိဘစကား တွေပဲ နားထောင်တော့မယ်ဆို ပြီး ပြောတာမြင်ရတော့ အရမ်း စိတ်မ ကောင်းဖြစ်မိတယ်။ ဘယ် လိုလုပ်ရမလဲ မသိပါဘူးဗျာ''ဟု ပြောသည်။

ကျော်မြတ်ဇံ - Yangon Media Group

Thit Htoo Lwin - News

ကမ္ဘာကျော် အေကေ – ၄၇ ကို တီထွင်ထုတ်လုပ်ခဲ့သူ ကွယ်လွန် ....................................


Tuesday, December 24, 2013

ရုရှား မောင်းပြန် ချေမှုန်းရေး ရိုင်ဖယ်သေနတ်ဖြစ်တဲ့ အေကေ -၄၇ ကို ဒီဇိုင်းထုတ်ခဲ့သူ မီးခေလ် ကလက်ခ်ျနီကော့လ် (Mikhail Kalashnikov) အသက် ၉၄ နှစ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က ကွယ်လွန်သွားပါတယ်။

ဆားဘီးယားနိုင်ငံ တောင်ပိုင်းမှာ ဆလပ်လူမျိုး လယ်သမား မိဘနှစ်ပါးက မွေးဖွားလာတဲ့ ကလက်ခ်ျနီကော့လ်ဟာ အတန်းပညာ မတတ်ခဲ့ရှာပါဘူး။

ဒုတိယကမ္ဘာစစ်မှာ စစ်တိုက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အသက် ၂၀ ကျော်အရွယ်မှာ နာမည်ကျော်  အေကေ -၄၇ ကို ဒီဇိုင်းထုတ်ခဲ့ပါတယ်။

အေကေ – ၄၇ က အက္ခရာ A ဟာ ရုရှားစကားနဲ့ “avtomat” အော်တိုမတ်တစ်လို့ ခေါ်ပြီး အက္ခရာ K ကတော့ ကလက်ခ်ျနီကော့လ်ရဲ့ နာမည် K ကိုယူထားပါတယ်။ 47 ဂဏန်းကတော့ ဒီဇိုင်းထုတ်ခဲ့တဲ့ခုနှစ် ၁၉၄၇ ကို ရည်ညွှန်းပါတယ်။

အေကေ – ၄၇ သေနတ်ဟာ သဲထဲ၊ ရေထဲနဲ့ မိုးထဲ အခြေအနေအမျိုးမျိုးမှာ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် တိုက်ခိုက်ရေးသမားမျိုးစုံရဲ့ လက်စွဲ ဖြစ်သွားပါတယ်။

ဈေးသက်သာပြီး ရိုးရှင်းတဲ့ ရိုင်ဖယ်သေနတ် ဖြစ်တာကြောင့်လည်း အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကအစ ဆိုမာလီအကြမ်းဖက်သမားတွေနဲ့ လိုင်ဘေးရီးယား ကလေးစစ်သားတွေအဆုံး ကိုင်ဆောင်ခဲ့ကြလို့ တီထွင်ခဲ့သူကိုယ်တိုင် ၀မ်းနည်း ကြေကွဲရတယ်လို့ ၂၀၀၈ ခုနှစ် လက်နက်ကွန်ဖရင့်တခုမှာ ပြောဖူးပါတယ်။

တကယ်တော့ဟာ ရုရှားနိုင်ငံကို ကာကွယ်ဖို့ အေကေ – ၄၇ ကို တီထွင်ခဲ့တာလို့ ပြောပါတယ်။

၂၀၀၉ ခုနှစ် ကလက်ခ်ျနီကော့လ်ရဲ့ အသက် ၉၀ ပြည့်မွေးနေ့မှာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒဗ် (Dmitry Medvedev) က သူ့ကို ရုရှားနိုင်ငံရဲ့ အမြင့်ဆုံးသူရဲကောင်း ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။

ဒါပေမယ့် ကလက်ခ်ျနီကော့လ်ဟာ သူ့တီထွင်မှုအတွက် တခြားလူတွေလို အကျိုးမခံစားခဲ့ရပါဘူး။

၁၉၉၀ ပြည့်နှစ်တွေအတွင်း အမ် – ၁၆ ကို ဒီဇိုင်းထုတ်ခဲ့တဲ့ အမေရိကန်လူမျိုး ယူဂျင်းစတွန်းနား (Eugene Stoner) နဲ့ တွေ့တဲ့အခါ  ကလက်ခ်ျနီကော့လ်က သူ့ရဲ့ အမေရိကန်သူငယ်ချင်းက ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားနေတဲ့အချိန်မှာ သူကတော့ သူ နေထိုင်တဲ့ တောမြို့ကနေ မိုင် ၆၀၀ လောက်ဝေးတဲ့ မော်စကိုမြို့ကို သွားဖို့ လေယာဉ်လက်မှတ်တောင် မ၀ယ်နိုင်ပါဘူးလို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။

လောလောဆယ် ရုရှား မောင်းပြန် ချေမှုန်းရေး ရိုင်ဖယ်သေနတ်ဖြစ်တဲ့ အေကေ -၄၇ ကို နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ တရားဝင် အသုံးပြုနေပါတယ်။

By ဒီဗွီဘီ

Thit Htoo Lwin - World News

ပြိုင်ကား တစ်စီးမှ လိုက်ထရပ် ကားသုံးစီးအား တစ်ပြိုင်နက် ဝင်တိုက်........................................









လားရှိုး ဒီဇင်ဘာ ၂၁။

လားရှိုးမြို့တွင်းရှိ လမ်းမတော်လမ်းမကြီးပေါ်တွင် ရပ်ထားသော လိုက်ထရပ်ကား (၃)စီးအား ပြိုင်ကား
(၁)စီးမှ တစ်ပြိုင်နက်ဝင်ရောက် တိုက်မိမှုတစ်ခု ဒီဇင်ဘာ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါပြိုင်ကားလေးသည် ရပ်ကွက်(၄)ဘက်မှ မြို့တော်ခန်းမဘက်သို့ လမ်းမတော်လမ်းမကြီးအတိုင်း
မောင်းနှင်လာရာ လားရှိုးဆရာဝန်များ အသင်းရုံးရှေ့ သို့အရောက်တွင် ယာဉ်စက်ချို့ယွင်းမှုဖြစ်ပြီး
လမ်းဘေးတွင်ဂိတ်ထိုးရပ်ထားသော ခရီးသည်တင်လိုက်ထရပ်ကား ၃စီးကို ၀င်ရောက်တိုက်မိခဲ့သည်။

“ ကျွန်တော်က ဈေးကပြန်လာတာပါ၊ ဒီဆရာဝန်များ အသင်းရုံးရှေ့ရောက်တော့ ပြိုင်ကားလေးက အ
သံကလည်းကျယ် အဖြူရောင်ပေါ်မှာ အပြာရောင်စတေကာကပ်ထားတော့လှတာပေါ့၊ ဒါနဲ့လိုက်ကြည့်
နေမိတာ၊ ဒီရုံးရှေ့ရောက်တော့ ကျွန်တော့်အထင် ပြောရရင် ကျွန်တော့်အထင်နော် ဒစ်ဘရိတ်ဆွဲမိ
လိုက်တဲ့ ပုံစံပဲဗျ၊ ဘာလို့လဲဆိုတော့ မောင်းနေရင်းကနေ ညာဘက်ကို ချက်ခြင်းကွေ့ပြီး တိုက်လိုက်
တာကိုတွေ့လိုက်ရလို့ပါ၊ ကားကတော့အကိုမြင်တဲ့ အတိုင်းပဲ၊ ရပ်ထားတဲ့(၃)စီးက နည်းနည်းစီထိခိုက်
သွားတာပေါ့၊ ပြိုင်ကားကတော့ ရှေ့ပိုင်းစုတ်သွားတာပဲ၊ ကားတွေကိုတော့ ယာဉ်ထိန်းရဲတွေက ယာဉ်
ထိန်းရုံးကို ဆွဲသွားကြတယ် ” ဟု လမ်းလျှောက်မျက်မြင်တစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လားရှိုးယာဉ်ထိန်းရုံးသို့မေးမြန်းရာ “ဟုတ်ပါတယ် ယာဉ်တိုက်မှုဖြစ်တာ
ကတော့၊ ကားတွေကလည်း သိပ်ဘာမှမဖြစ်ဘူး၊ လူလည်းထိခိုက်နစ်နာမှုမရှိဘူးဆိုတော့ သူတို့အ
ချင်းချင်းပြေလည်သွားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမှုမဖွင့်တော့ပါဘူး၊ ပြေပြေလည်လည်ဖြစ်
သွားတဲ့အတွက် အဆင်ပြေပါတယ် ” ဟု ယာဉ်ထိန်းရုံးက တာဝန်ရှိသူတစ်ဦးကပြောတယ်။

စိုးမင်းနိုင်

မြန်မာ့ခေတ်သတင်းဂျာနယ်မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ပြိုင်ကား တစ်စီးမှ လိုက်ထရပ် ကားသုံးစီးအား တစ်ပြိုင်နက် ဝင်တိုက် http://www.simon-vlog.com/2013/12/blog-post_678.html#ixzz2oQZkKvK1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မောင်ကိန်းရွှေဆိုင် ဓားပြတိုက်မှု သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရ၊ တစ်ဦးမိထားပြီး ၂ဦးမှာ လွတ်မြောက်...............


မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၉ လမ်းဒေါင့်မှာရှိတဲ့ မောင်ကိန်းရွှေဆိုင်မှာ ဒီဇင်ဘာ ၂၄ ရက် ၅ နာရီကျော်ကျော်က ဓါးပြတိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။ ဒီဓါးပြတိုက်မှုမှာ တရားခံလို့ယူဆရသူ တယောက်ကိုမိထားတယ်လို့ အမှတ် ၈ ရဲစခန်းက အတည်ပြုပြောကြားပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မျက်မြင်တွေအဆိုအရ လူသုံးယောက်လာပြီး တယောက်က သေနတ်ပြခြိမ်းခြောက်ခဲ့တာကို အော်ဟစ်အကူအညီတောင်းလို့ ဓါးပြကသေနတ်နဲ့ပစ်လိုက်တဲ့အတွက် လူတဦးဒဏ်ရာရခဲ့လို့ဆိုပါတယ်။ အဲဒီနောက် ဓါးပြတွေထွက်ပြေးရာက ပတ်ဝန်းကျင်အကူအညီနဲ့ တယောက်ကိုဖမ်းမိပြီး ၂ယောက်လွတ်သွားတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှတ် ၈ ရဲစခန်းကတော့ အသေးစိတ်စုံစမ်းဆဲမို့ဆိုပြီး အတည်ပြုချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

BBC Burmese

Tuesday, December 24, 2013

ကင်ဆာ ဖြစ်ပွါးမှု လျော့ကျစေရန် ဒီ post လေး ကို share ပေးခြင်းဖြင့် ပါဝင်ကူညီ ပြီး ကုသိုလ် ယူကြပါရန် .................

မြန်မာနိုင်ငံသည် ကမ္ဘာပေါ် မှာ ဒုတိယမြောက် ကင်ဆာ အဖြစ်အများဆုံး နိုင်ငံဖြစ်နေပါပြီ

ကင်ဆာ ဖြစ်ပွါးမှု လျော့ကျစေရန် ဒီ post လေး ကို share ပေးခြင်းဖြင့် ပါဝင်ကူညီ ပြီး ကုသိုလ် ယူကြပါရန် တိုက်တွန်းအပ်ပါသည်

ကင်ဆာဖြစ်စေသော အစားအစာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။စားအုန်းဆီ စားသုံးချင်း

၂။ဓာတုဗေဒ ဆိုးဆေးပါသော အစာအသောက်များ

၃။chemical ဖြင့်ပြုလုပ်ထားသော coffee mixများ နှင့် တာရှည်ခံရန်အသုံးပြု ထားသောစားသောက်ကုန်များ

၎။အချိုမှုန့် များ နှင့် အဆင့်မမှီသောနို့ မှုန့် များ

၅။ဖော့ဘူး/ကျွပ်ကျွပ်အိပ်များ နှင့် ထုပ်ပိုးသော အစားအသောက်များ အပူဖြင့်သော်လည်းကောင်း ဆီဖြင့်သော်လည်ကောင်း ဓါတ်ပြုကြသည်။

၆။ကွမ်းယာ နှင့် မှိုတတ်ငရုပ်သီးမှုန့် များ 


--------------------------------------------------------------------
ပညာရေး၊ ကျန်းမာရေး၊ ဗဟုသုတ ၊ ဟာသ နဲ့ သတင်းထူးများကို သိလိုလျှင်
https://facebook.com/ShweNews ကို LIKE လုပ်ထားပါ

ကောင်းခြင်းငါးဖြာ ပြည့်စုံလှသည် အမျိုးဂုဏ်ဆောင်ကြ ချစ်နှမတို့... ..................

တာဝတိံသာ နတ်ရွာလော ... နတ်ရွာလော ...

ကောင်းခြင်းငါးဖြာ ပြည့်စုံလှသည် အမျိုးဂုဏ်ဆောင်ကြ ချစ်နှမတို့...

ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင်.................

Inbox
x

Ruby <ruby.mirror786@gmail.com>
Dec 21 (3 days ago)

to မှော်ဆရာအဖွဲ့
Boxbe This message is eligible for Automatic Cleanup! (ruby.mirror786@gmail.com) Add cleanup rule | More info

ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင် (သေသေချာချာ ဖတ်ကြပါ ခင်ဗျာ)

့" ဦးရွှေမန်းဆီ ငါဖုံးဆက်လိုက်မယ် " ဆိုတာမျိုးနဲ့  အဖြေတစ်ချို့  ယ ကနေ က ဖြစ်ကုန်ကြပါတယ်။ ဒါဟာ မျက်ရမ်းမှန်းဆစွပ်စွဲချက်မဟုတ်ပဲ ဗကသ က သူတွေ အသိဆုံး ၊ ကြုံဖူးတဲ့သူတွေအသိဆုံးပါ ။

ကိုကိုကြီး၏ကောက်ကြောင်းများ.....

၈၈ များထဲမှာ ကေကျူဟု ခေါ်ဆိုကြသည့် ကိုကိုကြီး၏ အကြောင်းကို ဆက်လိုပါတယ် ။ ၈၈တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ နှင့်ပတ်သက်ပြီး ပြည်သူတွေကြားမှာ အသံတစ်ချို့ ထွက်လာဖူးတာက ဒေါ်စုကိုက လက်မတွဲတာ ၊ ငြင်းဆန် ဖယ်ထုတ်နေတာ ဆိုပြီးပါ ။ စဉ်းစားဖို့ တစ်ခု ပြောချင်တာက ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၄၃ နေရာ ရှိတဲ့အထဲက ၈၈တွေကို နေရာ ၂၀ ပေးခဲ့တာပါ ။ NLD က ၂၃ နေရာဝင်မယ် ။ ၈၈တွေ နေရာ ၂၀ ယူပါ ။ အတူလက်တွဲပြီး ဝင်ကြဖို့ ပါ ။ ဒါဟာ ကောလဟာလ မဟုတ်ပါဘူး ။ အဲဒီအချိန်က NLD CEC မှာ တင်ပြီးတော့ ဆွေးနွေး ပြီးသားပါ ။ အဲဒီအဆိုပြုချက်ကို အဓိက ကန့် ကွက်ခဲ့တာက ကိုကိုကြီး ဖြစ်ကြောင်းကိုလည်း ၈၈ အဖွဲ့ ရဲ့  စည်းဝေးမှတ်တမ်းများက သက်သေရှိနေဦးမှာပါ ။ ပွင့်လင်းရုံးခန်းဟာ ကိုကိုကြီးရဲ့  ချုပ်ကိုင်မှုအောက်မှာဆိုတာကို ဆက်စပ်မှုရှိတဲ့သူတိုင်း သိတဲ့အရာပါ ။ အံ့သြစရာကောင်းတာက ၈၈ တွေအတွင်းမှာ အနည်းဆုံး ၃ ဖွဲ့ လောက် အမြင်မတူတာတောင် နောက်ဆုံး ကိုကိုကြီးသြဇာက အတည်ဖြစ်နေနိုင်တာကိုပါ ။ ကိုဂျင်မီ မမီးမီး မနီလာသိန်းတို့ အင်အားစုရဲ့  အမြင်ကတစ်မျိုး ၊ ကိုဌေးကြွယ် ကိုမင်းဇေယျာ တို့ ရဲ့  အမြင်ကတစ်မျိုးနဲ့  ကိုကိုကြီးအမြင်ဆိုတာပါ ။

ကိုပေါ်ရဲ့ အေးဆေးတည်ငြိမ်မှုနဲ့  ခပ်အေးအေးသာနေလိုတော့မှုတွေအပေါ်မှာ ဒါမှမဟုတ်လည်း ကျွန်တော်တို့ မသိနိုင်သေးတဲ့နောက်ထပ် အကြောင်းတရားများရဲ့ အောက်မှာ ကိုမင်းကိုနိုင်ရဲ့ အပေါ်မှာ ကိုကိုကြီး ရဲ့ သြဇာက လက်ရှိအချိန်မှာ အများဆုံးလွှမ်းမိုးထားနိုင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကယ်၍ ဆိုတာမျိုး မှာ ထည့်သွင်းတွက်ချက်ထားပြီးသားသူပါ ။သူဟာ သမ္မတဖြစ်ဖို့ အတွက် နိုင်ငံရေးလုပ်နေတဲ့သူမဟုတ်ပါဘူး ။ နိုင်ငံအတွက်မို့  လုပ်ပေးနေတဲ့သူပါ ။ ပြည်သူအတွက်မို့ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဖို့  ကြိုးစားနေတာပါ ။ ပြည်သူကိုမတရားဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပြင်ဖို့  လုပ်နေတာပါ ။ ၅၉ (စ)ကိုပြင်ဖို့  သူ့ အတွက်သူရဖို့  လုပ်နေတဲ့သူ မဟုတ်ပါဘူး ။ အဲဒီအတွက် အကယ်၍ ၅၉(စ) ကိုပြင်မရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင် လို့ အစကမြင်ထားခဲ့တာပါ ။ ဒါဟာ ကိုကိုကြီးရဲ့  အသည်းကို စိုက်ခဲ့တဲ့မြှားလို့ ပဲ ဆိုကြပါစို့  ။ ကိုကိုကြီးဟာ ကျောင်းသားဘဝကတည်းက ရည်မှန်းချက်ကြီးပါတယ်။ အကြံကြီးပါတယ် ။ စနစ်တကျ ကြိုတင်ပြင်ဆင်မှု ကောင်းပါတယ် ။

စာဖတ်အားလေ့လာအားကောင်းပါတယ် ။ စကားပြော ကောင်းပါတယ်။ စည်းရုံးရေး စွမ်းရည်ကောင်းပါတယ် ။ သူ့ မှာ မရှိတဲ့တစ်ခုတည်းသောအရာက ရိုးသားမှုပါ ။ အဲဒီလိုပဲ မင်းကိုနိုင်နဲ့  ကိုကိုကြီးရဲ့  အဓိကကွာခြားချက်ကလည်း ရိုးသားမှု ဖြစ်နေတာကို အသက်အရွယ်အရကော ၊ ဖြတ်သန်းမှုအရပါ သိနေတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပါ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုကိုကြီးအပေါ်မှာ မယုံကြည်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်များ မှားနေမလားလို့ ပြန်ဆန်းစစ်ကြည့်ရအောင်ပါ ။ ပထမဆုံးအကြိမ် ထောင်ကပြန်လွတ်အပြီးမှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမတိုင်ခင်အချိန်တွေအထိကြားမှာ ကိုကိုကြီးရဲ့ လှုပ်ရှားမှုတွေ မြုပ်နေခဲ့ပါတယ် ။ အတည်မပြုနိုင်သော သတင်းများအဆိုအရ ကိုကိုကြီးဟာ အဲဒီကာလတွေမှာ ဗိုလ်ခင်ညွန့် ရဲ့  လှမ်းအဖွဲ့ နဲ့  နီးစပ်မှုများ ရှိတယ်လို့ ဆိုကြပါတယ် ။ အဲဒီကနေတစ်ဆင့် စစ်အစိုးရနဲ့  တွေ့ ဆုံဆွေးနွေးပတ်သက်မှုတွေရှိခဲ့တယ်လို့ သိရပြီး မြန်မာ အီးဂရက် ရဲ့  လှုပ်ရှားမှုအစအနများမှာ တတိယလမ်းကြောင်းဆိုတာကို အကောင်အထည်ဖော်ဖို့  အားသန်ခဲ့သူ တွေထဲ ပါခဲ့တယ်လို့  ယူဆရပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားသခင် မဟုတ်ပေမယ့် အတွေ့ အကြုံရှိပြီးသား လူကြီးသူမတစ်ယောက်အနေနဲ့  မယုံသင့် မယုံထိုက်တာ အချို့ ကို မြင်ခဲ့သိခဲ့တာဖြစ်ပါလိမ့်မယ် ။ လက်ရှိဗကသ ခေါင်းဆောင်များ ၊ လှုပ်ရှားမှုများအပေါ်မှာအထိပါ ကိုကိုကြီးရဲ့ သြဇာညောင်းပါတယ် ။ ဘာဖြစ်လို့  ညောင်းရသလဲဆိုတော့ အဲဒီအဖွဲ့ တွေရဲ့  နိုင်ငံရေးလှုပ်ရှားမှုများအပေါ်မှာ ဖမ်းဆိးခြိမ်းခြောက်မှု တစ်စုံတစ်ရာရှိလာတဲ့အခါ ကိုကိုကြီးသိတာနဲ့ " ဦးရွှေမန်းဆီ ငါဖုံးဆက်လိုက်မယ် " ဆိုတာမျိုးနဲ့  အဖြေတစ်ချို့  ယ ကနေ က ဖြစ်ကုန်ကြပါတယ်။ ဒါဟာ မျက်ရမ်းမှန်းဆစွပ်စွဲချက်မဟုတ်ပဲ ဗကသ က သူတွေ အသိဆုံး ၊ ကြုံဖူးတဲ့သူတွေအသိဆုံးပါ ။

ကိုကိုကြီး မိနေတဲ့ထောင်ချောက်က ဒုတိယသမ္မတပါ ။ သမ္မတကိုတော့ ဦးရွှေမန်းဒါမှမဟုတ် ကာချုပ်လုပ်ပါ့မယ် ။ ဒုသမ္မတ တစ်ယောက်က ကိုကိုကြီး ဆိုပြီး မျှားထားတဲ့ငါးစာတစ်ခုရှိပါတယ် ။ အဲဒါကို ၈၈ များက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိုကိုကြီးကိုတော့ အားကိုးပါတယ် ။ သူဟာ ၈၈ တွေကို တစ်စုံတစ်ရာတော့ အရေးပါတဲ့လမ်းကြောင်းအပေါ်မှာ ဦးဆောင်မှုပေးသွားနိုင်မယ့်သူအဖြစ် လက်ရှိသူ့ ဦးဆောင်မှု နောက်ကို လိုက်နေကြတာပါ ။ ဒါတွေကို သိရက်နဲ့  ကျွန်တော်တို့ ဘာလို့ မရေးလည်းဆိုရင် အတိုက်အခံအင်အားစုအချင်းချင်း အင်အားချိနဲ့ မှု မဖြစ်စေချင်လို့ ပါ ။ ဒါပေမယ့်လည်း ကိုကိုကြီးဟာ သူ့ ခြေလှမ်းတွေ ၊ သူ့ အကြံအစည်တွေကို ဘယ်သူမှမသိလောက်ဘူးဆိုတဲ့ အထင်နဲ့  အရှိန်အဟုတ်မြှင့်လာတဲ့အခါမှာတော့ ကျွန်တော်တို့ ဟာ အ အတွေမဟုတ်ကြောင်းကိုတော့ ဖော်ထုတ်ကြရမှာပါ ။ တစ်ခုတော့ရှိပါတယ် ။

ခုလက်ရှိအတိုင်းဆိုရင် ဒုသမ္မတနှစ်ယောက်လုံးသူတို့ လူဖြစ်နေတာပဲ ။ ကိုကိုကြီးဖြစ်တော့ မကောင်းဘူးလား ဆိုရင် ကောင်းတော့ကောင်းတာပေါ့ဗျာ ။ ဒါပေမယ့် ကိုယ့်အတွက် ရဲဘော်ရဲဘက်ကို ဒါမှမဟုတ် အဖွဲ့ ကို ထိုးကျွေးဖို့ ဝန်မလေးတဲ့သူတစ်ယောက်ဟာ ၊ တိုင်းပြည်ကိုလည်း လိုအပ်ရင် ထိုးကျွေးမှာပဲပေါ့ဗျာ ။ လိုအပ်ရင် ရန်သူနဲ့ ပူးပေါင်းဖို့ လိုပေမယ့် အဲဒါဟာ ယုံကြည်ချက်ကို သစ္စာဖောက်လိုက်တာ အထူးသဖြင့်တော့ ကိုယ့်အပေါ်ယုံကြည်ထားတဲ့ ပြည်သူအများကိုသစ္စာဖောက်လိုက်တာ ပိုပြီးတော့ မဖြစ်ရပါဘူးဗျာ ။ ပြီးတော့ မြန်မာပြည်သူတွေဟာ

လူထုစိန်ဝင်းစကားနဲ့ ပြောရရင်တော့ ကြောက်ရင်သာကြောက်မယ် မညံ့ဘူး။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ အကြိမ်ကြိမ်လည်း အလိမ်ခံခဲ့ပါးဝနေပြီ ။ ထင်သလောက်တော့ ညံ့လိမ့်မယ်လို့  မထင်ထားပါနဲ့  လို့ ပဲပြောချင်ပါတယ် ။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်ချင်တယ်ဆိုရင်တော့ ရိုးသားမှု ၊ အခြေခံရိုးသားမှုတစ်ခု အရင် တည်ဆောက်ပေးပါလို့ ပဲ ပြောချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းတို့ သားအဖနှစ်ယောက်လုံးကို ပြည်သူယုံတဲ့အချက်က အရည်အချင်း မဟုတ်ပါဘူး ။ ရိုးသားမှုပါ ဆိုတာကို နိုင်ငံရေးသမားတွေ သတိမလွတ်စေချင်ပါဘူးဗျာ ။ ။


ပြည်ချစ်သူ 20.12.2013
— with Myo Myint and 18 others.


--

May Peace Be Upon You
Regards,
Ruby