Thursday, December 19, 2013
အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၏ နောက်ဆုံးဖိအား..................
မတ်လ အတွင်း ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ –
ဂျေပိုင် / ဧရာဝတီ)
ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိလျှင်
ဂုဏ်သိက္ခာရှိရှိ ဖြင့် ရပ်တည်နေသော နိုင်ငံရေးသမားများအနေဖြင့် လာမည့် ၂၀၁၅
ခုနှစ် ရွေးကောက်ပွဲသို့ ၀င်ရောက်လှုပ်ရှားမှု မပြုသင့်တော့ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရက
ပြောနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုမရှိကြောင်း
သက်သေပြသခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာဝတီမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ
လူထုဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။
အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ
ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မ၀င်ချင်ဘူး။ ဒါ့ကြောင့်
ဂုဏ်သိက္ခာရှိတဲ့ သူတွေအနေနဲ့ လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မ၀င်သင့်ဘူး” ဟု
ပြောဆိုခဲ့ခြင်းသည် ယခင်စစ်အစိုးရက ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး
အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒကို ပြင်ဆင်ရန် ဆန္ဒ
မပြင်းပြသော ဦးသိန်းစိန်အစိုးရနှင့် မြန်မာ့တပ်မတော်အပေါ် အတိုက်အခံ
နိုင်ငံရေးခေါင်းဆောင်၏ နောက်ဆုံးဖိအားဖြစ်သည်။
မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
နိုငင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက
သူရဦးရွှေမန်း တို့နှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက်
လေးပွင့်ဆိုင်ဆွေးနွေးပွဲမျိုး ပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း
အစိုးရဘက်က မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခု
ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တဦးတယောက်အတွက်၊ အဖွဲ့အစည်းတရပ်
အတွက် ရေးဆွဲထားတာ မဟုတ်ပဲ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက်
လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ကိုယ်စားလှယ်များက
စနစ်တကျရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောဆိုခဲ့သလို
တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း
အကြိမ်ကြိမ် ပြောဆိုဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်က သာယာဝတီတွင် မိမိတို့အနေဖြင့်
ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြောဆိုရာတွင် တပ်မတော်နှင့် ပြည်သူတို့
မညီမျှမှုကို ထောက်ပြနေခြင်းဖြစ်ပြီး တပ်မတော်ကို မလိုလားခြင်း
မဟုတ်ကြောင်း၊ တပ်မတော်ကို ပြည်သူနှင့် တသားတည်းဖြစ်စေချင်သောကြောင့်
ထောက်ပြနေခြင်းသာဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သာ
အုပ်ချုပ်ရေး အာဏာရရှိခဲ့မည်ဆိုလျှင် ကလဲ့စားချေမည်ဟု ပြောဆိုနေခြင်းမှာ
မမှန်ဘဲ မိမိတို့စိတ်တွင် အာဃာတ လုံးဝ မရှိပါကြောင်း၊ မိမိတို့အနေဖြင့်
ညီညွတ်ပြီး တိုးတက်သော နိုင်ငံတခု အဖြစ်ကိုသာ လိုလားပါကြောင်း
ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂
ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်ရာ၌ အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက
ကြွေးကြော်သံတစ်ခုဖြစ်ပြီး သူရဦးရွှေမန်း လက်ရှိဦးစီးနေသော
ပြည်သူ့လွှတ်တော်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ
မည်သည့်အချက်များကို ပြင်ဆင်သင့်ကြောင်း မကြာမီ တင်သွင်းမည်ဟု
မျှော်လင့်ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမဝင်ဟု
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏
နိုင်ငံရေးမဟာမိတ် တိုင်းရင်းသားများက ထောက်ခံကြသည်။
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက “ဒီဖွဲ့စည်းပုံ
မပီမပြင်ကြီးနဲ့ ဆက်လှုပ်ရှားမယ်ဆိုလို့ကတော့ သမိုင်းတရားခံဖြစ်မှာပဲ။
လက်ရှိအခြေခံ ဥပဒေကိုက သမ္မတက အာဏာရှိတာလား၊ ကာကွယ်ရေးဦးစီးချုပ်ကပဲ
အာဏာရှိတာလား ဘာမှမပီပြင်ဘူး။ ဒီဖွဲ့စည်းပုံကိုသာ ပြင်ဆင်ရေး
မလုပ်ဘူးဆိုရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားမှာပဲ။ အချောင်သမားတွေကတော့
ဝင်ပြိုင်ကြမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ မပြင်ဘူးဆိုရင်
ဒီဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ဘာမှ
ဝင်ပြိုင်တာတို့ လုပ်မှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထို့အပြင် လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုသည် စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြသော
တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး
ဆွေးနွေးနေကြသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ၊
အတိုက်အခံနိုင်ငံရေးသမားများက တိုင်းပြည်တိုးတက်ရေးအတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း အတွက် အစိုးရနှင့် တပ်မတော်ကို
သည်းခံပြီး ပူးပေါင်းဆောင်ရွက်နေသော အဆင့်တွင်ပင် ရှိနေသေးကြောင်းလည်း
ဦးခွန်ထွန်းဦးက ဆိုသည်။
လတ်တလော အပစ်ရပ်ရေး ဆွေးနွေးနေသော ကချင်လွတ်မြောက်ရေးတပ်မတော်
တပ်မတော်ဗျူဟာလေ့လာရေး ဌာနမှ ဗိုလ်မှူးနော့်နော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို
အပြည့်အ၀ ပြင်ဆင်နိုင်မှသာလျှင် ဖယ်ဒရယ်ပြည်ထောင်စု၊ ဖယ်ဒရယ် တပ်မတော်ကို
တည်ဆောက် ရန် အဆင်ပြေမှာဖြစ်သည့် အတွက် လက်ရှိအစိုးရအဖွဲ့အနေဖြင့်
ပါးစပ်ပြောများကို လျော့ချပြီး လက်တွေ့ အကောင်အထည် ဖော်မှုများ ပြုလုပ်ရမှာ
ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ ဖြစ်စေချင်တာက စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးရေးပါ။
အစိုးရဘက်က၊ စစ်တပ်ဘက်က ဒါကို လက်မခံဘူးဆိုရင်တော့ လက်နက်ကို လက်နက်နဲ့ပဲ
ပြန်ခုခံရတော့မှာပဲ။ ကျနော်တို့ လက်နက်ကိုင်နေတာ တုံ့ပြန်လက်စားချေနေတာ
မဟုတ်ဘူး။ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောင်းဆိုနေတာ တိုင်းပြည်မှာ
တိုင်းရင်းသားတွေသာ မဟုတ်ဘဲ တတိုင်းပြည်လုံးက ပြည်သူတွေဖြစ်နေတာ
သိသာနေပြီလေ” ဟု ဗိုလ်မှူးနော့်နော်က ဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော
ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မြန်မာနိုင်ငံနှင့်
ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
ခေတ်မီဒီမိုကရေစီနိုင်ငံတရပ်နှင့် ညီစေရန်၊ ငြိမ်းချမ်းရေးနှင့်
အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုစေရန်အတွက် ပြီးပြည့်စုံသော
သုံးသပ်မှုများပြုလုပ်ရန်၊ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်သူများအားလုံး
တရားမျှတစွာ ပါဝင်လာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အားလုံး
ယုံကြည်သော၊ ပွင့်လင်းမြင်သာသော၊ အားလုံးပါဝင်နိုင်စေသော အခြေအနေမျိုး
ဖြစ်သင့်သည်ဟု တိုက်တွန်းခဲ့သည်။
Copy from - burma.irrawaddy
ပတ်ဆောင်ဟွာ၏ စကားပြန်နှင့် အင်တာဗျူး.........................

စကားပြန် ကိုနိုင်ဝင်း ဓာတ်ပုံ - ထွန်းခိုင်/ 7day Daily
“သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့”
အင်ဒိုနီးရှားကို မယုံနိုင်စရာ ရှုံးပွဲကြုံရသည့် ဒီဇင်ဘာ ၁၆ ည တွင် မြန်မာအသင်း ဘာတွေဖြစ်ခဲ့ပါလဲ။
ဒေါသကြီးသည့် ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမား၊ နည်းပြများအကြား ဘာသာပြန်အဖြစ် တာဝန်
ယူရမည့် ဦးနိုင်ဝင်းက ထိုညအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာ
များကို ပြောပြခဲ့သည်။
ခပ်အေးအေးနေတတ်ပြီး မြန်မာကစားသမားများ ချစ်ခင်ကြသည့် ကိုနိုင်ဝင်းသည် ပတ်ဆောင်ဟွာဒဏ်
မခံနိုင်သောကြောင့် ထွက်စာတင်သည့် စကားပြန်သုံးဦးနောက်တွင် ဘာသာပြန်အဖြစ် တာဝန်ယူခဲ့သူ
ဖြစ်သည်။
မြန်မာဘောလုံးအသင်းအတွက် နည်းပြပတ်၏ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုပင် ခံခဲ့ရသည့်
ဦးဝင်းနိုင်နှင့် 7Day Daily တွေ့ဆုံခန်းမှ အချို့ကို ဖော်ပြလိုက်ပါသည်။
နည်းပြနဲ့ ကစားသမားတွေကြားမှာ အစ်ကိုက အနီးကပ်ဆုံးနေရတာဆိုတော့ ပထမဆုံးမေးချင်တာ မ
နေ့က ဘာတွေဖြစ်သွားခဲ့တာလဲ။
ဘာဖြစ်လို့ဆိုတာကတော့ အဓိကကိုင်တွယ်တဲ့ ကာယကံရှင်တွေရဲ့ သိသိကြီးနဲ့ အမှားလား၊ မသိဘဲနဲ့
မှားတဲ့ အမှားလားဆိုတာ ကာယကံရှင်ကလွဲလို့ မသိဘူး။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရတာက မဖြစ်
သင့်တဲ့ကိစ္စလို့ ဒီလိုပဲပြောနိုင်တယ်။ မမှားသင့်တဲ့ကိစ္စ။ အသေးအဖွဲ မဟုတ်ဘူး။ အကြီးကြီး။
သတင်းစာရှင်းလင်းပွဲမှာလည်း အစ်ကိုရှိတယ်။ ပတ်ဆောင်ဟွာက နောက်ဆုံးအချိန်မှ စည်းမျဉ်းကိုသိ
တယ်ပြောတယ်။ ဒီအဖြစ်အပျက်က တကယ်လား။
အဲဒါက ကျွန်တော်သိသလောက် အမှန်အတိုင်း ပြောပြပါ့မယ်။ သတင်းစာရှင်းလင်းပွဲမှာပြောတယ်ဆို
တာက ကျွန်တော့်ရဲ့ တာဝန်အရ သူပြောတာ ဘာသာပြန်ပေးတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ
ဖြေရှင်းပိုင်ခွင့်မရှိတဲ့အချိန်ပေါ့။ သိတယ်၊ မသိဘူးဆိုတာက မကစားခင် သုံးရက်လောက်အလိုမှာဖြစ်
မယ်။ ထမင်းစားနေတဲ့ စားပွဲဝိုင်းမှာ နည်းပြတွေနဲ့ တာဝန်ရှိသူတွေနဲ့ အမြဲဆွေးနွေးကြတယ်။ ဆွေးနွေး
တဲ့အချိန်မှာ AFC စည်းမျဉ်းနဲ့ပတ်သက်ပြီး သူက သိချင်တဲ့အခါကျတော့ ဆရာဦးတင်မြင့်အောင်က ဦး
စိုးမိုးဆီကနေပြီး i-Pad လေးနဲ့ သွားကူးလာပြီး သူ့ ကိုပြတယ်။ စည်းမျဉ်းကတော့ အင်္ဂလိပ်လို ရေးထား
တာ။ ဒါက ကတ်နဲ့ထိတာ ဘာညာပေါ့။ ဦးတင်ကလည်း ပြောနေတာပေါ့။ အင်္ဂလိပ်လို။ နည်းပြကြီးက
i-Pad ယူသွားပြီး လက်တွေဘာတွေနဲ့ ဆွဲကြည့်တယ်။ ကြည့်ပြီးတော့ ကျွန်တော့်ကို ဒါဘာလဲလို့ သူမ
သိရင် မေးရင်လည်း ဖြေရမယ့်တာဝန် ကျွန်တော့်မှာရှိတယ်လေ။ သူကြည့်တယ်။ ပြီးတော့ သူလက်ခံ
လိုက်တယ်။ ပြီးတော့ ဦးတင်မြင့်အောင်ကို ပြန်ပေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဒါ စည်း
မျဉ်းကို သူသိပြီလို့ပဲ ခံယူလိုက်တယ်။ မသိရင် မေးခွန်းထုတ်လာမှာကို။ မမေးတဲ့ကိစ္စကို ကျွန်တော်က
မဖြေမိလိုက်ဘူးပေါ့နော်။ ကျွန်တော်လည်း သူသိထားပြီလို့ ခံယူထားတယ်။ ပြီးတော့ ဒီပွဲနဲ့ပတ်သက်
ပြီး ဥက္ကဋ္ဌက ညဘက်လည်းကျရော ဖုန်းလာတယ်။ ဒီပွဲက မဖြစ်မနေ နိုင်မှ တက်ရမယ့်ပွဲဆိုတာပြော
ခိုင်းတယ်။ အရင်တုန်းက ဥပမာပေးတယ်။ ဆူဇူကီးတုန်းက ကျွန်တော်တို့ တစ်ဖက်အသင်းကို လျှော့
တွက်ပြီးကစားခဲ့လို့ ရှုံးတာပြောခိုင်းတယ်။ မနက်ဖြန် အ၀ါတစ်ကတ်နှစ်ကတ်ကို အသာထား။ နိုင်ဖို့
အရေးကြီးတယ်ဆိုတာ ဥက္ကဋ္ဌက သူ့ကိုပြောခိုင်းတဲ့ အချိန်မှာ ဆရာဦးတင်မြင့်အောင်ဖုန်းကနေတစ်
ဆင့် ကျွန်တော့်ကို ပြောခိုင်းတဲ့အချိန်မှာ နည်းပြကြီးက ကြည့်တယ်။ ကျွန်တော်ပြန်ပြောမယ်ဆိုတော့
သူကမင်းငါ့ကို ဘာမှမပြောနဲ့တဲ့ သူဘာပြောမယ်ဆိုတာ ငါသိတယ်ဆိုတော့။ သူစိတ်တိုနေရင် သူ့ကို
ဘာတစ်ခုမှ ပြောခွင့်မရဘူး။ သူပြောမယ့် စကားကို ငါပြောပြမယ်ကွာတဲ့။ မန္တလေးမှာ မိန်းကလေးပွဲ
ကလည်း ရှုံးသွားပြီ။ အဲဒီတော့ မနက်ဖြန် မင်းတို့ နိုင်ကိုနိုင်ရမယ်။ ဘယ်လိုကစား ဒီလိုကစား ဒါပဲမ
ဟုတ်လားဆိုတော့ မဟုတ်ဘူးလို့။ မန္တလေးပွဲ မိန်းကလေးရှုံးတာ မပြောဘူးလို့။ မနက်ဖြန်ပွဲနိုင်ဖို့ပြော
တယ်။ ဆူဇူကီးဖလားမှာ ဖိလစ်ပိုင်နဲ့ရခဲ့တဲ့သင်ခန်းစာကို သတိပေးတယ်။ အ၀ါကတ်ထိထားတဲ့ က
စားသမားတွေကိုလည်း မနက်ဖြန်ပွဲနိုင်မှ နောက်တစ်ဆင့် ဆက်စဉ်းစားမယ်။ နိုင်ဖို့အတွက် ထည့်သုံး
ပါဆိုတော့ အဲဒီမှာ သူဘာပြောလဲဆိုတော့ အ၀ါကတ်ထိတာ ဥက္ကဋ္ဌ ဘယ်လိုသိလဲ။ ဒီကလူတွေ သ
တင်းပို့လို့ သိတာပေါ့ ဆိုပြီး သူက Staff တွေ အပေါ် မဲတာပဲ။ နောက်နေ့ မနက် အစောကြီး လည်း
ဥက္ကဋ္ဌက ကစားသမားတွေ မနက်စာစားနေတုန်း အစောကြီးရောက်လာတယ်။ ထပ်ပြီး နိုင်အောင်က
စားဖို့ ဒီနေ့နိုင်ရင် ဆုတွေဘယ်လောက်ချမယ်ဆိုတာ ပြောသွားတယ်။ ဒါကို ကျွန်တော် သူ့ကိုလည်း ဒီနေ့နိုင်အောင်ကစားရမယ်။ နိုင်ရင်ဆုချမယ်ဆိုပြီး ဘာသာပြန်ပေးလိုက်တာပေါ့။ သူ့နားထဲကို ဒီနေ့
နိုင်အောင်ကစားရမယ်။ ဒီပွဲနိုင်အောင် ကစားရမယ် ဆိုတာ အကြိမ်ကြိမ် သိနေပြီးသား။ စည်းမျဉ်းကို
လည်း ဦးတင်မြင့်အောင်ဆီက သူယူကြည့်ထားပြီးသား။တစ်ခါ ပွဲကစားမယ့်အချိန် ကွင်းထဲမရောက်
ခင်မှာ ၂ နာရီ ၄၀ မိနစ် တွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဒီနေ့ နိုင်ကိုနိုင်ရမယ်။ မနိုင်ရင် နေပြည်တော်မရောက်
တော့ဘူး။ နာတဲ့ ကစားသမားတွေရှိတယ်။ တစ်ရက်ခြားပွဲဖြစ်တဲ့အတွက် အားမပြည့်သေးဘူးဆိုတာ
သူသိတယ်။ သို့သော် ပွဲအရေးကြီးတဲ့အတွက် ကြိုးစားပြီး ကစားပေးပါလို့ပြောတယ်။ နေပြည်တော်
ကို ပျော်ပျော်ရွှင်ရွှင်သွားကြမယ်ပေါ့။ ဒီနေ့ပွဲမှာ အင်ဒိုနီးရှားက ဘယ်လိုကစားမလဲလို့ မင်းတို့ထင်လဲ
လို့ ကစားသမားတွေကို မေးတယ်။ တိုက်စစ်နဲ့ကစားမယ်လို့ သိတယ်ပေါ့။ အဲဒါဆိုတို့က ခံစစ်နဲ့ကစား
ရမယ်။ တန်ပြန်တိုက်စစ်နဲ့ ကစားရမယ်ပေါ့။ အဲဒီလိုလည်း သူက ပြောတယ်။ နောက်ပြီး ရှုံးရင်ထွက်
ရမယ်ဆိုတာရော သိလားဆိုတော့ ကစားသမားတွေက နှုတ်နဲ့လည်း ဖြေတယ်။ ခေါင်းညိတ်လည်း
ဖြေတယ်။ အဲဒီအချိန်မှာ ဆီးဂိမ်းအောင်နိုင်ရေးဥက္ကဋ္ဌ ဦးအောင်မိုးကျော်လည်း အနားမှာရှိနေတယ်။
မြန်မာရှုံးတဲ့အတွက် သူကရော ခံစားရတဲ့ပုံရှိလား။
ပွဲပြီးပြန်လာတော့ “ Why..Why...Why... I don't know” ဆိုပြီး သူက အဲလိုပြောတယ်။ ပြောတော့
ဦးတင်မြင့်အောင်ကလည်း နည်းပြကြီးကို ပြတယ်လေတဲ့။ အဲဒီမှာ သူက ဘာပြန်ပြောလဲဆိုတော့ ပြ
တာ သူမသိဘူးပေါ့။ တကယ်တမ်းဆို သူမေးရမှာလေ။ သူ မသိရင် မမေးဘဲနဲ့ ဒီလောက်အရေးကြီး
တဲ့ စာရွက်စာတမ်းတစ်ခုကို အစအဆုံးသူဖတ်မိလိမ့်မယ် နားမလည်တာရှိရင် မေးလို့ရတာပဲ။ မမေး
တာက သူ့အပိုင်း မပြောဖြစ်တာက ကျွန်တော်တို့တာဝန်ပေါ့ အဲဒါကို သူကအခုမှသိတယ်တဲ့ နောက်
ပြီး Head to Head ဆိုတာ အသက် ၆၀ မှာ အခုမှ ပထမဦးဆုံးအကြိမ် ကြားဖူးကြုံဖူးတာလို့ သူကိုယ်
တိုင်က ဦးတင်မြင့်အောင်ရှေ့မှာ ပြောတာ။ သူက တစ်ခါဘာပြောသေးလဲဆိုတော့ သူမသိဘူးလား
ဆိုaတာ့ နည်းပြကြီးတောင် ပြောသေးတယ်လေလို့ meeting room ထဲမှာ ဒီနေ့ပွဲ ရှုံးလို့မဖြစ်ဘူး။ ရှုံး
ရင်ထွက်ရမယ် သိလားလို့ မေးတော့ ကစားသမားတွေက သိတယ်လို့ ဖြေတယ်လေလို့ ပြောတယ်
ဆိုတော့ သူကငါအဲဒီလိုပြောလိုက်တာ ကစားသမားတွေပိုပြီးတော့ ကြိုးစားချင်စိတ်ပေါက်သွားအောင်
အဲဒီအဓိပ္ပာယ်နဲ့ ပြောတာလေတဲ့။ ဒါကတော့ သူပဲသိမယ်။ သိသိကြီးနဲ့ မသိဘူးလုပ်တာလား။ ၂ နာရီ
၄၀ Meeting မှာ အရှေ့သုံးပွဲမှာ အရမ်းကြိုးစားပြီး ကစားလာတာနော်တဲ့။ ဒီနေ့ပွဲမှာ ခြေချော်လက်
ချော်ဖြစ်သွားရင် ကြိုးစားထားသမျှတွေ အရာမ၀င်ဖြစ်သွားလိမ့်မယ်လို့ သူက အဲဒီလို ပြောတာကို
ကျွန်တော်က ဗမာလို အလွဲအချော်ဖြစ်သွားရင် သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်
သေးတယ်။ ဒါတွေ အားလုံးက ကစားသမားတွေရော၊ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌကြီးရော၊ ဦးစိုး
မိုးတို့အားလုံးရှိတယ်။
အစ်ကိုက သူနဲ့အနီးကပ်နေရတော့ ဒီပြသနာဟာ သာမန်လွဲချော်မှုလို့ ထင်လား။ နောက်ဆုံးအကြိမ်
ကျမှ တေ့ဖြုတ်လိုက်တဲ့သဘောလို့ ထင်လား။
ကျွန်တော်က ဒီစကားကြီးကို ပြောသင့်၊ မပြောသင့်တော့ တော်တော်စဉ်းစားတယ်။ အစ်ကိုတို့က
တော့ မီဒီယာသဘောအတိုင်းပဲလုပ်ပါ။ သူက ဆီးဂိမ်းပြီးရင် သူ့စာချုပ်က ပြီးပြီပေါ့နော်။ တစ်လပိုင်း
သုံးလပိုင်းမှာလည်း ယူ-၂၂ တို့ AFC ပွဲတွေ ရှိနေတဲ့အခါမှာ အဲဒီပွဲတွေကို အရမ်းကို မျှော်လင့်နေ
တာပေါ့နော်။ ကျွန်တော့်ကို စကားစပ်တိုင်းမေးတာ ယူ-၂၂ က ကပ်နေပြီ။ သူ့ကို အခုထိ မကမ်း
လှမ်းသေးဘူး။ ပွဲပြီးမှပြောမယ်ဆိုရင် သူ့ဘက်က ပြင်စရာရှိတာ ပြင်ရမယ်ပေါ့။ အဲဒီလို (စာချုပ်သစ်
ကိစ္စ) မပြောတဲ့အပိုင်းလေးတွေမှာတော့ သူက ဖုနေတာရှိတာပေါ့။ ဒါက သူနဲ့ ကျွန်တော်ရဲ့ အတွင်း
စကားပါ။ (သာမန်လွဲချော်မှုနဲ့ တမင်ကြံစည်မှု) နှစ်ခုစလုံးကတော့ ၅၀/၅၀ ပေါ့ အစ်ကိုရာ။ သိသိကြီး
နဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့။ ဒါက
လည်း ကျွန်တော့်အတွေးပါ။ သူ့ကို လစာပေးထားတာက ဒေ၀ူးပေါ်စကိုကေ ပးတယ်အစ်ကိုရာ။ ဥ
က္ကဋ္ဌကတော့ အသုံးစရိတ်နဲ့ အိမ်ကား အားလုံးပြည့်စုံအောင် ပေးထားတယ်။ ဒေ၀ူးက သူ့ကို လုံးဝမ
ပေးတော့ဘူးလည်းဆိုရော သူက နည်းနည်းလေး ပျာသွားပြီးတော့ ဥက္ကဋ္ဌမှာလည်း ပိုက်ဆံရှိတာပဲ။
သူပေးချင်ပေးလို့ ရတယ်ပေါ့။ အဲဒီလိုတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဆီးဂိမ်းကို ပထမဦး
စားပေးနေတော့ သူ့ကိစ္စက ဒုတိယနေရာရှိနေတာပေါ့။ အင်ဒိုတွေထခုန်ပြီး မြန်မာတွေငိုတော့မှသိ
တယ်ပြောတယ်။ အဲဒါကရော။အင်ဒိုတွေက ထခုန်တော့ ဘာဖြစ်လို့လဲမေးတော့ သူတို့က တက်
သွားတယ်လေလို့။ မြန်မာတွေက ဟိုမှာငိုနေကြတယ်လို့ သူတို့ထွက်သွားရတယ်လေလို့။ အဲဒီတော့
မှ သူက “ Why.. why..why ” ဆိုပြီး မေးတော့ (ကိုရီးယားလူမျိုး) သူ့နည်းပြနှစ်ယောက်ကလည်း
ပြောတယ် ထွက်ရလို့ ငိုတာလို့။
သူ့လက်ထောက်နှစ်ယောက်ကရော သိလား။
နည်းပြကြီးက မေးလိုက်တဲ့ အချိန်မှာ သူတို့က မသိဘူးလို့ ဖြေတယ်။ ဒါပေမဲ့အရန်ခုံမှာ ထိုင်နေတော့
ကျွန်တော့်ကို ဂိုးနည်းပြက ဒီနေ့ပွဲရှုံးရင် နည်းပြကြီးသိလားဆိုတော့ သူသိထားလို့မေးတယ်လို့ ကျွန်
တော်က ဒီလိုယူဆတယ်။ သူသိထားလို့ ဒီမေးခွန်းကို ကျွန်တော့်ကို မေးတာပေါ့။
ပြိုင်ပွဲပြီးသွားတော့ အ၀တ်လဲခန်းထဲမှာ ဘာတွေဖြစ်ကြသေးလဲ။
ဦးတင်မြင့်အောင် ဘာလို့မပြောတာလဲဆိုတော့ ဦးတင်မြင့်အောင်က ပြောတယ်လေ။ သူ့ကိုပြတယ်
လေဆိုတော့ မပြောဘူးတဲ့။ ပြောတာက တခြားကိစ္စ၊ အ၀ါကတ်ကိစ္စဘာညာပဲ ပြောတာပေါ့။ ဒီစည်း
မျဉ်းနဲ့ ပတ်သက်ပြီး ပြောတာမဟုတ်ဘူးဆိုတော့။ ၀ုန်းဝုန်း..၀ုန်းဝုန်းနဲ့ တော်တော်လေး ရုတ်ရုတ်သဲ
သဲဖြစ်တာပေါ့။ တစ်ယောက်အော်၊ တစ်ယောက်အော်နဲ့ ပြောကြတာ။ ပြီးတော့မှ ဟိုတယ်ပြန်ရောက်
တော့မှ စားပွဲမှာပြန်ထိုင်မှ ပြောတော့မှ ဦးတင်မြင့်အောင်က ပြတယ်။ သူကလည်း ကြည့်တယ်ဆို
တော့မှ ဟုတ်တယ်။ ငါကြည့်တာက ကတ်တလောက်ကိုပဲ သူကြည့်လိုက်တာတဲ့။ အောက်အထိ သူ
မကြည့်လိုက်ဘူး။ သူက အင်္ဂလိပ်လိုနားမလည်ဘူး အဲဒီလိုကာလိုက်တယ်။
7day Daily
ကမ္ဘာ့ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား နေရာ မည်သူဆက်ခံမည်နည်း .................................
Wednesday, December 18, 2013
ကမ္ဘာ့ ပြဿနာ များကို ဖခင်ကြီး တစ်ဦး သဖွယ် ကိုင်တွယ် ဖြေရှင်း ပေးလေ့
ရှိသည့် ”နယ်လ်ဆင် မန်ဒဲလား”ကို မကြာခဏ ဆိုသလို ကမ္ဘာ့ သက်ကြီး နိုင်ငံရေး
သမား တစ်ဦး အဖြစ် ဖော်ပြတတ်ကြသည်။ ကိုယ်ကျင့်တရား ဆိုင်ရာ သြဇာ ကြီးမားမှုက
နယ်လ်ဆင်မန် ဒဲလားကို မဟတ္တမ ဂန္ဓီ ဖြစ်စေခဲ့၏။ ယခု သူ့နေရာကို မည်သူ ဆက်ခံ
မည်နည်း။
လော့ကာဘီ၊ ဘာရွန်ဒီ၊ ဒီအာ ကွန်ဂို၊ လီဆိုသို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ ပါလက်စတိုင်း၊ ကက်ရှ်မီးယား၊ စတက် ဖင်လော့ရင့်စ် လူသတ်မှု၊ HIV ပညာ ပေး လှုံ့ဆော်မှု၊ ကမ္ဘာ့ ဖလား ဘောလုံး ပွဲ စသည့် ကမ္ဘာ့ ကိစ္စများနှင့် ပတ်သက် ၍ နယ်လ်ဆင်မန်ဒဲလား က အမျိုးမျိုး အဖုံဖုံ ပြောဆို ကိုင်တွယ် ကူညီခဲ့သည်။
၁၉၉၃-၂ဝဝ၅ အတွင်း ဖြစ်ပွားခဲ့ သော အာဖရိကတိုက် အလယ်မှ လူ ပေါင်း သုံးသိန်းကျော် သေဆုံးခဲ့ရသည့် ဘာရွန်ဒီ ပြည်တွင်းစစ် တွင် ကြားဝင်ဖျန် ဖြေပေးသူ၊ မိမိ မိသားစု ဝင် တစ်ဦးကိုယ် တိုင် AIDS ရောဂါဖြင့် ကွယ်လွန်ခဲ့ကာ ၄င်းရောဂါနှင့် ပတ်သက်သည့် အာဖရိကတိုက် ရှိ အယူသည်းမှု များကို ပျောက် ကွယ်အောင် ကြိုးစားခဲ့ သူ နယ်လ်ဆင် မန်ဒဲလား ၏ ကမ္ဘာ့ လူ့ အဖွဲ့အစည်း အတွက် ဝင်ရောက် ကူညီမှုများ အားလုံး အောင်မြင်ခဲ့ သည်တော့ မဟုတ်သလို အားလုံးက ကြိုဆို လက်ခံခြင်း လည်း မရှိ ခဲ့ကြပေ။
အမေရိကန် နိုင်ငံခြားရေး မူဝါဒကို လည်းကောင်း၊ ၁၉၉ဝ ကိုဆိုဗို ဝင်ရောက် စွက်ဖက်မှုကို လည်းကောင်း၊ နယ်လ်ဆင် မန်ဒဲလား ကပြင်းထန်စွာ ဝေဖန်ခဲ့ဖူးသည်။ ကမ္ဘာ့ ဗီလိန်ကြီး ကဒါဖီနှင့်လည်းကောင်း အင်ဒိုနီးရှား ခေါင်းဆောင် ဆူဟာတိုနှင့် လည်းကောင်း နယ်လ်ဆင် ၏နွေးထွေးသော ဆက်ဆံရေး ကို ကမ္ဘာက အံ့သြခဲ့ရသည်။
သူ၏ AIDS ရာဂါနှင့် ပတ်သက် ၍ ပြောဆိုမှုများသည် နောက်ကျလွန်း လှသည်ဟု ကမ္ဘာက ဝေဖန်ခဲ့၏။
ကမ္ဘာ့ စင်မြင့်ပေါ် တွင် နှိုင်းယှဉ်ရန် အဆင့်တူ မရှိသော အခြေ အနေ သို့ နယ်လ်ဆင် မန်ဒဲလား ရောက်ရှိ လာသည့် အချိန်တွင်တော့ ဝေဖန် ပြစ်တင်သံ တို့ တိတ်ဆိတ် သွား ခဲ့လေသည်။
”နယ်လ်ဆင် မန်ဒဲလား သည် ယုံကြည်ချက် အကျဉ်းသား ဘဝ၊ လူ့ အခွင့် အရေး တိုက်ပွဲဝင် အိုင်ကွန် ဘဝ မှ လက် တွေ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး အဖြစ် သို့ လိုက်လျော ညီထွေဖြစ်အောင် ပြောင်းလဲခဲ့သည်။ ထို့နောက် တောင်အာဖရိက၏ ‘ဖခင်’တစ်ဦး အဖြစ်သို့ စိုက်စိုက် မတ်မတ် ရောက်ရှိခဲ့ကာ ကမ္ဘာ့ သက်ကြီး ခေါင်းဆောင် တစ်ဦး ဖြစ်လာ ခဲ့ရသည်။ ယင်းကဲ့သို့ ဘဝမျိုးမှာ နယ်လ် ဆင်မန်ဒဲလား တစ်ဦးတွင်သာ ရှိပုံရ သည်” ဟု ဝါရှင်တန် Feature Story News မှနိုင်ငံတကာ ဆောင်းပါး ရှင် ဆိုင်မွန်မတ် Simon Marks က ပြော လိုက်သည်။
ပေါ့ပ် အဆိုတော်များ၊ စူပါမော် ဒယ်များ အပါအဝင် အလွန်ကျယ် ပြန့် သော လူထု လူတန်းစားများ၏ လေးစား အထင်ကြီးမှုကို ခံရကာ၊ ထို ကဲ့သို့ မေးခွန်း ထုတ်စရာ မရှိသော တရားဝင် သြဇာဂုဏ်၊ သမာဓိ ဂုဏ်မျိုး ကို နယ်လ် ဆင်မန် ဒဲလားသာ ရရှိခဲ့သည်။
၁၉၈၈ ခုနှစ် လော့ကာဘီ လေယာဉ်ပေါက်ကွဲ မှုတရားခံကို UK နှင့် လစ်ဗျားနိုင်ငံ အကြား လွှဲပြောင်းနိုင်ရန် ကြားဝင် ဖျန်ဖြေခဲ့ သည်။ အရှေ့ အလယ်ပိုင်းတွင် အစ္စရေး နိုင်ငံကို ဝေဖန်ခဲ့သည်။ ၁၉၉၈ခုနှစ်က လီဆိုသိုနိုင်ငံတွင်း သို့ တောင်အာဖရိက တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ ဒီအာကွန်ဂို ငြိမ်းချမ်းရေး အတွက် ထိပ်သီး တွေ့ဆုံမှုများ စီစဉ်ပေးခဲ့သည်။ ကက်ရှ်မီးယား အရေး အတွက်အိန္ဒိယနှင့် ပါကစ္စတန် တို့ကို တွေ့ဆုံညှိနှိုင်းရန် တိုက်တွန်းခဲ့သည်။ ဘာရွန်ဒီ ပြည်တွင်းစစ် ကို ကြားဝင် ဖျန်ဖြေပေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာ အကျဉ်းထောင် တွင်းရှိ အရှေ့ တီမော နိုင်ငံရေး ခေါင်းဆောင်ဂူဆာ မိုကိုသွား ရောက် တွေ့ဆုံခဲ့သည်။ ၁၉၉၃ ခုနှစ်က ဗြိတိသျှလူမည်း လူငယ် စတက်ဖင်လော ရင့်စ် အသတ်ခံရမှု အတွက် ဗြိတိန် ရဲတပ် ဖွဲ့အား တောင်းဆို ဖိအားပေးခဲ့သည်။
”အခြားသူများ ဝင်ရောက် စွက်ဖက်ရန် မတတ်နိုင်သော ကမ္ဘာ့အရေး ကိစ္စများကို ရိုးသားစွာ ဝင်ရောက်ညှိနှိုင်း ပေးနိုင်သည့် အရည်အချင်း မျိုး နယ်လ် ဆင်မန်ဒဲလား တွင်ရှိသည်” ဟု London School of Economics မှ ခရစ္စတိုဖာ အာလ်ဒန်က ပြောဆိုပြီး ၁၉၉၇ ခုနှစ်က အင်ဒိုနီးရှား သမ္မတ ဆူဟာတို ကို ဆန့်ကျင်၍ အကျဉ်းကျ ခံ အရှေ့ တီမော နိုင်ငံရေး သမား ဂူဆာမို (Gusmao) ကို ဂျကာတာမြို့တွင် ၂ နာရီ ကြာမျှ တွေ့ဆုံနိုင် ခဲ့သည့် နယ်လ်ဆင်၏ အရည်အချင်း ကို ထောက်ပြခဲ့သည်။ ယင်း တွေ့ဆုံမှု က အ ရှေ့တီမော နိုင်ငံ လွတ်လပ်ရေး အတွက် လမ်းခင်းပေးခဲ့ ပြီးနောက် နှစ်နှစ် အကြာ တွင် ဂူဆာမို လွတ်မြောက်ခဲ့သည်။
ယခုနှစ်များ အတွင်း ကမ္ဘာက လေးစားရသော အခြား ကမ္ဘာ့သက်ကြီး နိုင်ငံရေး ခေါင်းဆောင် များလည်း ပေါ်ပေါက်ခဲ့သော်လည်း သူတို့၏ လုပ်ကိုင် ဆောင်ရွက်မှု များ သည် ပြည်တွင်း ကိစ္စ များ (သို့မဟုတ်) အစိုးရ ကိုယ်စား ဝင် ရောက် လုပ်ကိုင်မှုများသာ ဖြစ်သည်။
ဂျင်မီကာတာ သည်လည်း မြောက်ကိုရီးယား အငြင်းပွားဖွယ် ကိစ္စ များအတွက် သွားရောက် ဆွေးနွေးခဲ့ခြင်း ၊ ရွေး ကောက်ပွဲများ ကို စောင့်ကြပ် ကြည့်ရှုပေးခြင်း ၊ လေ့ကျင့် သင်ကြားပေးခြင်း တို့ဖြင့် အာဖရိက ဒီမိုကရက် တိုက်ဇေးရှင်းဖြစ် စဉ်ကို အဓိက နေရာမှ ကူညီခဲ့ခြင်း တို့ကို လုပ်ကိုင်ခဲ့သော်လည်း ယင်းတို့မှာ အလုပ် သဘော အရသာဖြစ်ပြီး မန်ဒဲလား ကဲ့သို့ စိတ်လှုပ်ရှားဖွယ် သြဇာ သက်ရောက်မှု များ မရှိခဲ့ပေ။
”ကမ္ဘာ့ဖခင် တစ်ဦး၏ ပုံရိပ် မျိုးထိနိုးထ လာခဲ့ရ သော အဓိကအချက်မှာ နယ်လ်ဆင်မန်ဒဲလား ၏ ကိုယ်ရည် ကိုယ်သွေး ဖြစ်သည်”ဟု ယုံကြည် မိကြောင်း အတ္ထုပ္ပတ္တိရေး သူ ဒေးဗစ်ဂျိမ်းစမစ်က ပြောဆိုခဲ့သည်။
နယ်လ်ဆင်မန်ဒဲလား သည် လွန်စွာ နက်နက် ရှိုင်းရှိုင်း ရှုပ်ထွေး လှသည့် အခြေအနေ များ အကြား ကိစ္စ များကို ပြီး မြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိပြီး တစ်ချိန် တည်းမှာပင် ယာခင်းထဲမှ သိုး ကျောင်းသား တစ်ဦးကဲ့သို့ ရိုးရှင်းမှု၊ ကြည်လင်မှု တို့လည်း ၄င်းထံတွင် ရှိသည်။ အရပ်သား များနှင့် ဘုရင်များ ကိုလည်း တစ် တန်းတည်း ထား၍ စကားပြော ဆိုခဲ့သည်။ မိတ်ဆွေများ၏ အမည်များကို မှတ်မိ အလေးထားပုံ တို့နှင့် လူတစ်ဦးချင်း စီကို အချိန်ပေး စကား ပြောဆိုပေးခြင်း တို့က လည်းသူ့ကို လူတိုင်း က ချစ်ခင်စေပါသည်။
”ကမ္ဘာကြီး၏ မည်သည့် နေရာကို မဆိုသွားပြီး သူ၏ မျက်နှာပုံ ကိုပြလျှင် လူတိုင်းက သူ့အမည်ကို သိကြပါလိမ့် မည်။ ထိုကဲ့သို့ လူမျိုး ယခုသက်ရှိ ထင် ရှားရှိ သူများ အကြား မရှိတော့ပါ”ဟု အတ္ထုပ္ပတ္တိရေးသူ စမစ်က ဆက်လက် ပြောကြားသေးသည်။
”အကျဉ်းသား ဘဝမှ နိုင်ငံရေး သ မားဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းသည့် ဇာတ်လမ်း တစ်ပုဒ်ဖြစ် ကြောင်း၊ သူမ သည် တစ်နေ့ နယ်လ်ဆင် မန်ဒဲလား ဖြစ် လာမည်လား၊ နိုင်ငံရေး ဇာတ်လမ်း များက မည်သို့ ဖြစ်လာဦး မည်ကို ကျွန်တော် တို့ မသိသေးသော် လည်း ”ဖြစ်နိုင်ပါသည်”။ ယုံကြည်ချက် အကျဉ်းသား တစ်ဦး ဖြစ်ခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ထံတွင် အံ့သြ ဖွယ်ရာ ကိုယ်ကျင့် တရား ဆိုင်ရာ သြဇာ ရှိနေပြီး ယခုအခါ တက် ကြွ သော နိုင်ငံရေး အခန်း ကဏ္ဍ တစ်ရပ်ကို ဆောင်ရွက် နေသည်။ အခြေအနေ များစွာ ကလည်း သူမကို ခက်ခဲသည့် အနေ အထား မျိုး ရောက်အောင် ပို့ဆောင်နေ ကြသည်” ဟု နိုင်ငံတကာ ဆောင်းပါးရှင် ဆိုင်မွန်မတ် (Simon Marks) က ပြောကြားသည်။
”တစ်ဦး တစ်ယောက်သည် မလွဲ သာ မရှောင်သာ ခေါင်းဆောင်မှု နေရာ ကို ယူရတော့မည် ဆိုလျှင် မရည်ရွယ်ဘဲ အခြား သူများနှင့် ထိခိုက် ပွတ်တိုက်မှုများ ရှိတတ် သည်မှာ ဖြစ်ရိုး ဖြစ်စဉ်ဟု လက် ခံထားကြသော် လည်း တစ်နေ့သ၌ ရက် စက် ကြမ်းကြုတ်သောနိုင်ငံရေး လုပ်ငန်း များနှင့် ဆက်ဆံစရာ မလိုအပ်တော့ သည့် အချိန်၌ သူမထံ တွင်လည်း ထိုကိစ္စ မျိုး ရှိတော့မည်မဟုတ်ပေ။
မဟတ္တမ ဂန္ဓီ၊ နယ်လ်ဆင်မန်ဒဲ လား၊ ဒေါ်အောင်ဆန်းစုကြည် တို့ အား လုံးသည် နိုင်ငံရေး အကျဉ်းသား များ ဖြစ်ခဲ့ကြပြီး ဤကဲ့သို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စများကို အနစ်နာခံမှု များကလည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ် ဖြစ်ကြောင်း၊ မြောက် ကိုရီးယားနှင့် တရုတ်နိုင်ငံ တို့တွင်လည်း အလားတူ ကိစ္စများ ရှိပြီး ထင်ပေါ်ကျော် ကြားခြင်း မရှိသေးကြောင်း” ကိုဆောင်းပါးရှင် ဆိုင် မွန်မတ်(Simon Marks)က ဆက်လက် ပြောကြား ထားသည်။
သက်ဆိုင်ရာနိုင်ငံ များ၏ အပြောင်း အလဲ တစ်နေရာရာ ၌ သူတို့သည် ဦး ဆောင် လုပ်ကိုင်သူ အေးဂျင့်အဖြစ် ပေါ် ပေါက်လာ ခဲ့ကြရသည်။ ထိုကဲ့သို့ အခြေ အနေမျိုး ၌ ဝင်ရောက် အနစ်နာခံဆောင် ရွက်ရန် မှန်ကန်သော အခိုက် အတန့်ကို ရွေးချယ်နိုင်ရန် လည်း လိုအပ်လေသည်။
ဤနေရာ၌ ‘အနစ်နာခံ’ သည် ဆို သော စကားလုံးသည် အနုတ်လက္ခဏာ (Cynical) ဆောင်သော သဘောမျိုး ရှိသော်လည်း နိုင်ငံရေး အရ မှန်ကန် သော အခိုက် အတန့်တွင် ၄င်းတို့၏ ပုဂ္ဂိုလ်ရေး အနစ်နာခံမှု က နိုင်ငံရေး အရ အမြတ် ထွက်စေပြီး အပြောင်းအလဲ ကို လည်း ပိုမို အကျိုးသက်ရောက်စေသည်။
ဤကဲ့သို့ သာမန်ထက် ထူးခြားသော ပုဂ္ဂိုလ်များသည် မကြာခဏ လွယ်လွယ်ကူကူ ပေါ်ထွန်းလာကြလေ့ မရှိပေ။ သို့သော် ယနေ့ လူမှု မီဒီယာကွန် ရက်ခေတ်တွင် မူ ဝေ ဖန်ပြစ်တင်မှု များကို အလွန် လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင် သောကြောင့် ရေရှည် တည်တံ့သည် နာမည်ကောင်း တစ်ခု တည်ဆောက်ရန် မှာလည်း မလွယ်ကူလှပေ။
”The Elders” ဆိုသည့် ကမ္ဘာ့ ခေါင်းဆောင် များပါဝင်သည့် အဖွဲ့တစ် ဖွဲ့ကို နယ်လ်ဆင်မန်ဒဲလား ၏ ၈၉ နှစ် မြောက် မွေးနေ့တွင် ဖွဲ့စည်းခဲ့ကြသည်။
”ထိုကဲ့သို့ ဝါရင့် နိုင်ငံရေး သမား အမျိုးသမီး၊ အမျိုးသားများ ပါဝင်သော အဖွဲ့အစည်း အနေဖြင့် သူတို့၏ အရည် အချင်းကောင်း များနှင့် လုပ်ဆောင်နိုင်သည့် အရာများ ကို မူ စောင့်ကြည့် ရမည် ဖြစ်ကာ ၄င်းတို့သည်လည်း မျိုးဆက် တစ်ဆက်လျှင် တစ်ဦးသာ ပေါ်ထွန်း တတ်သည့် သူမျိုးများ ဖြစ်ကြသည်။
လူသား မျိုးနွယ် အတွက် ထိုကဲ့သို့ ပုဂ္ဂိုလ်များ လိုအပ်ကာ ၄င်းတို့ မရှိလျှင် ရက်စက် ကြမ်းတမ်းသော ပဋိပက္ခများ အတွင်း ကျရောက် သွားနိုင်ခြေ ရှိသည် ကို အလေး အနက် ထားရမည်။ လိုအပ် သော အချိန် တစ်ချိန်ချိန် မှာ ထိုကဲ့သို့ အမျိုးသား၊ အမျိုးသမီး တစ်ဦးဦးပေါ် ပေါက်လာဖို့ မျှော်လင့်မိ ကြသော်လည်း မိုးကုတ် စက် ဝိုင်းအောက် နယ်လ်ဆင် မန်ဒဲလားလို လူမျိုး တစ်ဦး တစ်ယောက်မျှ မတွေ့ရှိသေးပါ” ဟု London School of Economics မှ ခရစ္စတိုဖာ အာလ်ဒန် က မှတ် ချက်ပေး ခဲ့သည်။
လက်ျာထွန်း
Ref: BBC News – Magazine Mandela Death: Who next as the world’s elder statesman?
By Tom Geoghegan ကို ဆီလျော်အောင် ပြန်ဆိုသည်။
Popular Myanmar News Journal

Thit Htoo Lwin - Feature
Wednesday, December 18, 2013
ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်
ထိုင်းက မြန်မာ လိင်အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း
ငြိမ်းငြိမ်း
မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းသည် မလုပ်သင့်မလုပ်အပ်သည့် အရာတခုအဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ်၏ တဖက်ထိုင်းနိုင်ငံရှိ ယောက်ျားလေး လိင်လုပ်သားများ ထဲတွင် မြန်မာနိုင်ငံမှ ပြောင်း ရွှေ့ခိုလှုံနေထိုင်သူများက အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာပြောင်းရွှေ့နေထိုင်သူများသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို ရှိုးဘား (show bar) များ သို့မဟုတ် အခြား ဖျော်ဖြေရေးဆိုင်ရာ နေရာများတွင် လိင်ကိစ္စအတွက် ရောင်းချခဲ့ကြသည်။ ဘားများသည် တရားဝင် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း ရွှေ့ပြောင်း ခိုလှုံနေထိုင်သူများ ဘားတွင် မလုပ်လုပ်ခွင့်မရှိပါ။ ရလဒ် အနေဖြင့် ယောက်ျားလေး လိင်လုပ်သားအများစုသည် ၎င်းတို့၏ ၀င်ငွေရာရှိရာ အရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြ သည့်အတွက် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများခံစားရသည့် အခါတွင် ဆေးဝါးကုသမှု ခံယူနိုင်ခြင်း မရှိကြပေ။
“ကျနော်တို့ ဘားမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ် အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် လိင်တူချင်းချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသော ဘားတခုမှ အမည်မဖော်လိုသူ အလုပ်သမား တဦးက ပြောသည်။
ယောက်ျားလေး လိင်လုပ်သားများသည် လိင်တူဆက်ဆံသူများဟု အများက ယူဆထားကြသော်လည်း အချို့ ပြောင်းရွှေ့ ခိုလှုံလာသူများသည် မိသားစုကိုထောက်ပံ့နိုင်ရန်အတွက်သာ ယောက်ျားများနှင့် လိင်ဆက်ဆံကြခြင်းဖြစ်ကြောင်းလည်း သူကဆိုသည်။
ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း၌ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား လူနည်းစုပြည်နယ်များ ထိခိုက်ပျက်စီး ခဲ့ရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
ယောက်ျားလေး လိင်လုပ်သား ၅၀ တွင် တ၀က်ခန့်မှာ ရှမ်းပြည်နယ်မှ ရောက်လာသော ပြောင်းရွှေ့ ခိုလှုံသူများ ဖြစ်နေသည်ဟု လိင်လုပ်ငန်းစီးပွားရေးနှင့် ကလေးသူငယ်လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်နေသော Urban Light နှင့် Love 146 အမည်ရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှစ်ခုက ယခုနှစ် အစောပိုင်းတွင် ချင်းမိုင်မြို့ရှိ အနှိပ်ခန်းများနှင့် ဘားများတွင် တွေ့ဆုံမေးမြန်းလေ့လာမှုများပြုလုပ်ပြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။
“Show Bar မှာအလုပ်လုပ်တဲ့ လူငယ်တယောက်ဟာ တလကို ဘတ် ၂၀၀၀၀ ကနေ ၄၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၂၅ မှ ၁၂၅၀ကြား) ရနိုင်ပါတယ်” ဟု လိင်တူချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသည့် အခြား ဘားတခုမှ အမည်မဖော် လိုသူ စားပွဲထိုး တဦးက ဧရာဝတီသို့ပြောသည်။ စားပွဲထိုးများက ယောက်ျားလေး လိင်လုပ်သားများလောက် ၀င်ငွေမရ ရှိ ကြောင်းနှင့် တခါတခါရံ ၎င်းတို့နှင့် ဖောက်သည်များတွေ့ဆုံနိုင်ရန် ကိုယ်စားလှယ်အဖြစ် ကြားဝင်ချိတ်ဆက်ပေးရခြင်းမျိုး လည်း ရှိကြောင်းပြောသည်။
ယောက်ျားလေး လိင်လုပ်သားများသည် ၎င်းတို့ အတွက်ဖောက်သည်ကို Santitham၊ Chiang Mai Land နှင့် Night Bazaar စသည့် ချင်းမိုင်မြို့၏ လူသိများသည့် နေရာများတွင် ရှာဖွေတတ်ကြသည်။ သူတို့၏ အလုပ်က ရေရှည်မဟုတ်ပါ။ “အများစုက သူတို့ရဲ့ နုပျိုမှုကို ထိန်းသိမ်း မထားနိုင်ဘူးလေ၊ အများဆုံး ၃ နှစ်လောက်ကြာတဲ့ အခါ သူတို့ထွက်သွားကြ တာပဲ” ဟု လုပ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သော အဆိုပါ စားပွဲထိုးကပြောသည်။
ငယ်ရွယ်သော ယောက်ျားလေး လိင်လုပ်သား အများအပြားသည် မူးယစ်ဆေးသုံးစွဲသွားကြသည် သို့ မဟုတ် HIV ရောဂါပိုး ကူးစက်ခံကြရသည် ဟုလည်းပြောသည်။ သိုသော်လည်း Show Bar များရှိ အလုပ်သမားများက ယောက်ျား လေး လိင်လုပ်သားများ အနေဖြင့် NGO များထံမှ အကူအညီတောင်းခံ၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူတို့ အလုပ်သည် ဥပဒေကို ဆန့်ကျင်ချိုးဖောက်နေသည့် အတွက် ထုတ်ဖော်မပြောဆိုလို၍ ဖြစ်ကြောင်း ပြောကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းခိုလှုံသူများသည် ဥပဒေအရ အိမ်အကူများ အဖြစ် သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဈေးဆိုင်များတွင်သာ အလုပ်လုပ်ခွင့်ရှိသည်။
“တချို့ကောင်လေးတွေက ယောက်ျား ဧည့်သည်တွေနဲ့ အတူတူ ညဖက်မှာ အပြင်ကို မထွက်ချင်ဘူး။ အပြင်ဖက်မှာ သူ တို့ရဲ့ သူငယ်ချင်းတွေ တွေ့သွားမှာစိုးတယ်လေ။ ကျနော်တို့ ဘားမှာ အဲဒီပြဿနာရှိတယ်။ ဧည့်သည်က ကျနော်တို့ကို ခေါ် ပြီးပြောရင် ကျနော်တို့ကလည်း ပိုက်ဆံပြန်လျော်ပေးရတယ်” ဟုလည်း ဘား အလုပ်သမားတဦးက ပြောပြသည်။ ဧည့်သည်များက တညလုံးစာအတွက် ထိုင်းဘတ်ငွေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၉၀ခန့်) ပေးသည် ဟုလည်း သူကပြောသည်။
လိင်လုပ်သား အဖြစ်လုပ်ကိုင်သည့် ရွှေ့ပြောင်းနေထိုင်သူတဦးကို ရဲအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခြင်း ပြုနိုင်ပြီး ထိုင်းနိုင်ငံမှ ပြန်လည် နှင်ထုတ်ခြင်းနှင့်လည်း ကြုံတွေ့နိုင်သည် ဟုသိရသည်။ “လုံခြုံရေးအတွက်ကတော့ ဘားပိုင်ရှင်တွေက တာဝန်ယူရတယ်” ဟု အာဏာပိုင်များသို့ လာဘ်ငွေပေးရသည်ကို ရည် ညွှန်း၍ မြန်မာစားပွဲထိုး တဦးက ဧရာဝတီကိုပြောပြသည်။ “အလုပ် လုပ်နေတုန်း အဖမ်းခံရတဲ့ လူငယ်တယောက်ကို ပြန် လွှတ်ပေးဖို့ ဆိုရင် ဘတ် ၄၀၀၀ လောက် ပေးရတယ်” ဟုလည်း သူကပြောသည်။
လွန်ခဲ့သော ၂ နှစ်က ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS က ၂၀၁၆ ခုနှစ် တွင် HIV အသစ်ကူးစက်ခြင်းနှင့်သေဆုံးခြင်းများကို “သုည အထိလျှော့ချရန်” ဦးတည်ချက် ချမှတ်ခဲ့သည်။
“UNAIDS ရဲ့ သုည အထိလျှော့ချရေး ဦးတည်ချက်အတိုင်းဖြစ်နိုင်ဖို့ အခုထိတော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေ့ပြောင်း ခိုလှုံလာသူတွေ ART ဆေးဝါးရရှိနိုင်ရေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ကျန်းမာရေးမူဝါဒကို တချို့ ဆေးရုံတွေမှာ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်မပေးနိုင်သေးလို့ပါ” ဟု ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ၀န်ထမ်းတဦး ဖြစ်သော Hark Murng ကပြောသည်။ ART ကုထုံး သို့မဟုတ် antiretroviral therapy ဆိုသည်မှာ HIV ပိုး၏ သက်ရောက်မှုကိုထိန်းချုပ်ရန်နှင့် ရောဂါတိုးပွားမှုကို ရပ်တန့်စေရန်အတွက် antiretroviral (ARV) ဆေးများပေး၍ ကုသခြင်းဖြစ်သည်။
“အရင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေကို ARV ဆေးပေးတဲ့ မူဝါဒ မရှိဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ လည်း ဘတ် ၂၈၀၀ ပေးပြီး ကျန်းမာရေး အာမခံလျှောက်ထားနိုင်တဲ့ လက်ရှိ မူဝါဒကြောင့် ARV ဆေးတွေ ရရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။
ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ယောက်ျားလေး လိင်အလုပ်သမားများလည်း အခြား ထိုင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်ဆောင်ရွက်နေသည်။ ၁၀၀ ကျော်ခန့်ရှိမည့် ယောက်ျား၊ မိန်းမ နှင့် ကလေးငယ်များ သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများ ရရှိခဲ့ပြီး ဖြစ် သည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျကို ခန့်မှန်းရန် ခက်ခဲကြောင်း Hark Murng ကပြောသည်။
“သူတို့က သူတို့ရဲ့ ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောဖို့ တွန့်ဆုတ်နေကြတယ်” ဟု သူကဆိုသည်။
ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)က ရှမ်း၊ ကချင်၊ ဗမာ၊ ကရင်၊ အခါ နှင့် လားဟူ တိုင်းရင်းသားများ နှင့်လည်း အလုပ်လုပ်နေသည်ဟု Hark Murng ကဆိုသည်။
ယခင်အပတ်က ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သော AIDS ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသ ၁၁ကြိမ်မြောက် နိုင်ငံတကာ ကွန်ဂရက် (ICAAP11) သို့ နိုင်ငံပေါင်း ၈၀မှ ကိုယ်စားလှယ် ၄၀၀၀ နီးပါးတက်ရောက်ပြီး HIV ကာကွယ်တားဆီးရေး အတွက် ဆွေးနွေးခဲ့ကြသည်။
အာရှနှင့် ပစိဖိတ်ဒေသတွင် လူ ၄.၉ သန်းခန့် HIV ပိုးကူးစက်ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
Posted by
Koko Zaw

မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး ...................

Tuesday, December 17, 2013
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့ အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း ထားရှိခဲ့ပါသည်။
အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအား အနိုင်ရရှိစေလိုသည့်စိတ်ဖြင့် အားပေးရာမှ အားမလိုအားမရဖြစ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့် ၁၇.၁၂.၂၀၁၃ရက်နေ့ ( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲမှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်းတို့မှ ၎င်းလူငယ်(၉)ဦးဖြစ်သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊ အောင်ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများ ဖြစ်ကြောင်း၊ အဆိုပါလူငယ်များအနေဖြင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီး
ဒေါသအလျောက် နောက်နောင်တွင်ယခုကဲ့သို့ ဥပဒေမဲ့ရမ်းကားမှုများ မပြုလုပ်ရန်နှင့် နိုင်ငံကြီးသား ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန် ပြောဆိုဆုံးမပြီး ခံဝန်သတိပေးလက်မှတ်ရေးထိုး အရေးယူကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး တို့ကိုယ်တိုင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police

Thit Htoo Lwin - News
Video ခိုးရိုက်ချင်တဲ့ သူငယ်ချင်းတွေအတွက် Secret Video Recorder Pro v10.0 Apk (218.86 Kb)
Secret Video Recorder Pro v10.0 Apk (218.86 Kb)
Video ခိုးရိုက်ချင်တဲ့ သူငယ်ချင်းတွေအတွက် Secret Video Recorder Pro တင်ပေးလိုက်ပါတယ်
သူကတော့ ဖုန်းထဲထည့်ပြီး ဆောစ့်ဝဲလ်ကို အသုံးပြုလိုက်ရင် Background ကနေအလုပ်လုပ်ပါတယ်
ခိုးရိုက်ချင်တာဘဲဖြစ်ဖြစ် လုံခြုံရေးအတွက် အများမသိအောင်
မှတ်တမ်းတင်တာဖြစ်ဖြစ် စသည်ဖြင့်လုပ်လို့ရပါတယ်
အသုံးတည့်မယ်ဆောစ်ဝဲလ်ဖြစ်မယ်လို့မျှော်လင့်ပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Posted in:
Android Apphttp://www.amyokaungtarr.com/2013/12/secret-video-recorder-pro-v100-apk.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FFwmdR+%28%E1%80%A1%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%29Tuesday, December 17, 2013
Jang Sung-taek ဟာ မိန်းမလိုက်စားသူ ဖြစ်ပြီး၊ အရက်သောက်စားသူဖြစ်တယ်။ လောင်းကစားမှုမှာ အကြွေး ပေါင်စတာလင် ၆.၄သန်း တင်နေသူလို့ ဆို
ဇာနည်ကြီး - မြောက်ကိုးရီးယားခေါင်းဆောင် အရေးအခင်း
မြောက်ကိုးရီးယားခေါင်းဆောင် အရေးအခင်း
ဇာနည်ကြီး
ဒီဇင်ဘာ ၁၆၊ ၂၀၁၃
၂၀၁၁တုန်းက ကွယ်လွန်သွားတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong-il မှာ
တစ်ဦးတည်းသော ညီမအရင်း Kim Kyung Hui ဆိုသူရှိပါတယ်။ အစ်ကို အုပ်ချုပ်စဉ်က
ညီမဖြစ်သူဟာ ရာထူးကြီးများ ရခဲ့သူဖြစ်ပါတယ်။ မြောက်ကိုးရီးယားအင်ပါယာ
ခေါင်းဆောင်သစ် အသက်၃၀အရွယ် Kim Jong-un အာဏာရပြီး ၂နှစ်ကာလကို အဒေါ်ဖြစ်သူ
Kim Kyung Hui နဲ့ သူမယောင်္ကျားဖြစ်သူ ဦးလေး Jang Sung-taek တို့က
စောင့်ရှောက်ပေးခဲ့ပါတယ်။ ဦးလေးဖြစ်သူဟာ လက်ရှိ မြောက်ကိုးရီးယားမှာ
ဒုတိယခေါင်းဆောင် အဆင့်ရှိသူ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀၁၃ သတင်းအရ
ဦးလေးဖြစ်သူကို သေနပ်ပစ်အဖွဲ့နဲ့ သေဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
အဒေါ်ဖြစ်သူတို့ ဇနီးမောင်နှံမှာနိုင်ငံရေးတင်မကဘူး၊
အိမ်ထောင်ရေးအဆင်မပြေမှုများစွာရှိပုံပါပဲ။ မြောက်ကိုးရီးယား
သတင်းထုတ်ပြန်ချက်အရ ဦးလေးဖြစ်သူ Jang Sung-taek ဟာ မိန်းမလိုက်စားသူ
ဖြစ်ပြီး၊ အရက်သောက်စားသူဖြစ်တယ်။ လောင်းကစားမှုမှာ အကြွေး ပေါင်စတာလင်
၆.၄သန်း တင်နေသူလို့ ဆိုပါတယ်။ သူတို့ဆရာတပည့် အသိုင်းအဝိုင်းမှာ
လိင်မှုဆိုင်ရ ရုပ်ပုံများနဲ့ အချင်းချင်းဖြန့်ဝေနေကြပြီး၊
ယိုယွင်းတဲ့အရင်းရှင်စရိုက်ဆိုးတွေ ရှိနေသူဖြစ်တယ်လို့
သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ကင်မ် အင်ပါယာ အာဏာကို ထိပါးလာမဲ့
အန္တရယ်ကို ရှင်းပစ်လိုက်ခြင်းဖြစ်ပါတယ်။
ခေါင်းဆောင် Kim Jong-un (အသက်၃၀) ကို နောက်ကထောက်ပို့ပေးနေသူ
အမျိုးသမီး(၂)ဦးကတော့ သူ့ရဲ့ အဒေါ်အရင်း Kim Kyung-hui နဲ့ သူ့ဇနီးဖြစ်သူ Ri
Sol-ju တို့ဖြစ်ပါတယ်။
ဦးလေးကို စိတ်ကုန်နေပြီဖြစ်တဲ့ ဇနီးလက်ချက်ပဲလို့ ဆိုပါတယ်။
အကြောင်းအချက်တွေ အများကြီးရှိပေမဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ
သေဒဏ်ပေးခံရခြင်းဟာ ယောင်္ကျား လူမှုရေးအရှုပ်များကိုစိတ်ပျက်နေတဲ့ သူ့ဇနီးသည်
Kim Kyung Hui ရဲ့လက်ချက်ပဲလို့ပြောဆိုကြပါတယ်။
ယခင်က Kim Jong-un ချစ်ကြိုက်ခဲ့ပြီး၊ အခြားစစ်ဗိုလ်ချုပ်တစ်ဦးရဲ့
သားနဲ့လက်ထပ်သွားတဲ့ ရီးစားဟောင်း Hyon Song-wol ကိုလည်း သေဒဏ်ပေးခဲ့ပါတယ်။
ခေါင်းဆောင် Kim ရဲ့ဇနီး လက်ချက်လို့ ပြောဆိုကြပါတယ်။
မြောက်ကိုးရီးယားအကျဉ်းထောင်များမှာ အကျဉ်းသား ၂သိန်းကျော် ရှိနေပြီး၊
သေဒဏ်ပေးခြင်းဟာ ယမန်နှစ်က ၁၇ဦး၊ ဒီနှစ်မှာ ၄၀ဦးထိ
ရှိသွားပြီလို့ဆိုပါတယ်။
မြေက်ကိုးရီးယား ခေါင်းဆောင်သစ်လက်ထက်မှာ အမေရိကန်၊ ဂျပန်ကို အနုမြူလက်နက်၊
ဒုံးပျံများစမ်းသပ်ခြင်းနဲ့ ခြိမ်းချောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ
ကွန်မြူနစ်တရုပ်ပြည်ရဲ့ ပုံစံအတိုင်း မြောက်ကိုးရီးယား
စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒအသစ်နဲ့ စီးပွားရေးဖွင့်ပေးလိုက်ပါတယ်။
တရုပ်ပြည်က ကူညီပေးနေခြင်းဖြစ်ပါတယ်။ အခု ဦးလေးဖြစ်သူကို သေဒဏ်ပေးပြီး
ကွပ်မျတ်လိုက်ခြင်းကို တရုပ်အစိုးရက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
စီးပွားရေးဖွင့်ပေးပြီးတဲ့နောက် ဘာဖြစ်လာမယ်မသိနိုင်ပေမဲ့ တောင်၊ မြောက်
ကိုးရီးယား၂နိုင်ငံ တစ်ပေါင်းတစ်စည်း ဖြစ်သွားရင်တော့
တရုပ်နိုင်ငံကြီးအတွက် သိပ်မကောင်းလှဘူး။ တချိန်မှာတော့ တောင်မြောက်
တစ်နိုင်ငံတည်းဖြစ်မှာသေချာပါတယ်။
Categories:
ဇာနည်ကြီး
သူငယ်ချင်း နားနီး သူငယ်ချင်း စိတ်ဓာတ်၊ အမူ အရာ ကူးဆက်........................

စိတ်ပညာရှင်တို့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ ယင်း အချက်ကတော့ သူငယ်ချင်း
အပေါင်းအသစ် တစ်စုံတစ်ယောက်၊ တစ်စု တစ်ဖွဲ့နဲ့ အတူနေထိုင်၊ သွားလာမှု များလေလေ သူတို့ရဲ့  အမူ
အကျင် နဲ့ စိတ်ဓာတ်တွေ ကိုယ့်ဆီ ပိုမို ရောက်ရှိ ကူးဆက်လေပဲ ဖြစ်ပါတယ်။
တကယ်အမှန်ပါပဲ။ စကားအပြောအဆို ကြမ်းတဲ့ ကလေး သူငယ်ချင်း များနဲ့ တွဲတာများတဲ့ ကလေးတွေမှာ
နည်းမျိုးစုံ ဆဲတတ်တဲ့ အကျင့်များ ပိုမို ရရှိလာပြီး ဘုရားကျောင်း နေ့တိုင်းတတ်တဲ့ ကလေးတွေနဲ့ ပေါင်းနဲ့
ကလေး များဟာ ဘာသာရေး ပိုမို ကိုင်းရှိုင်းတဲ့ အပြုအမှုပြောဆိုမှုများကို ပြုလုပ် သွားကြ တယ်လို့ ဆိုပါ
တယ်။
ဒါဟာ ကိုယ်တိုင်က ၎င်းတို့ဆီမှ အကျင့် ကူးချမယ်လို့ ခံယူချက် ထားလိုက်သည် မဟုတ်တိုင် မသိစိတ်က
အလိုအလျောက် ကူးချလိုက်ခြင်း ဖြစ်ပါတယ်။ မသိစိတ်ဆိုတာ မှတ်မှတ်သားသားမရှိသော စိတ်သဏ္ဍာန်
ကို ပြောတာပါ။ ကိုယ်က မဆဲတတ်ပေမယ့် ဆဲတတ်တဲ့ သူငယ် ချင်းများနဲ့ ပေါင်းလာတဲ့ ကလေးဟာ ဆဲ
တတ်ပြီး ရန်ဖြစ်တဲ့ ကလေးတွေနဲ့ ပေါင်းသူက ရန်လိုတဲ့ စိတ်ပိုများလာပါတယ်။
ကလေးတင်မဟုတ်ပါဘူး။ လူငယ်၊ လူကြီးတွေမှာလည်း ဖြစ်တတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။ အလုပ်
ကြိုးစားသူနဲ့ ပေါင်းသင်းမိတဲ့သူဟာ အလုပ်ကြိုးစားလိုစိတ် အလိုအလျောက်ရောက်ရှိပြီး တကယ် အ
လုပ်ကြိုးစား ပါတယ်။ ဒါကြောင့် အပေါင်းအသင်း မိတ်ဆွေ ဖွဲ့ရာမှာလည်း ကိုယ့်အတွက် ကောင်းကျိုးပို
ဖြစ်ထွန်းမယ့် အပေါင်းအသင်းမျိုး ကို ရွေး ချယ်စေဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
Ref: dyknow
အောင်ခမ်း ( ရိုးရာလေး )
By ရိုးရာလေး
ရွှေကြွေးကျန် တစ်တန်ခွဲ ပေးသွင်းရန် ကုမ္ပဏီများကို ဒု-၀န်ကြီး သတိပေး ........................
Monday, December 16, 2013
ဝင်းကိုကိုလတ်၊ ထင်လင်းအောင်
နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ရွှေပိဿာချိန် ၁,၀၀၀ (တစ်တန်ခွဲနီးပါး) အမြန်ဆုံးပေးသွင်းရန် ရွှေ လုပ်ငန်းရှင်များသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က တောင်းဆိုလိုက်သည်။
ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ၁၁ ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ၁၁ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် တိုက်တွန်းသွားခြင်း ဖြစ်သည်။
“ရွှေလုပ်ကွက်တွေကနေ ပေးသွင်းဖို့ကျန်ရှိနေသေးတဲ့ ရွှေစင်ကျပ်သားတွေကို ဆက်လက်ပြီး အမြန်ဆုံး ပေးသွင်းသွားစေချင်ပါတယ်”ဟု ဦးသန်းထွန်းအောင်က ပြောသည်။
ရွှေလုပ်ကွက်လုပ်ကိုင်သူများသည် တစ်နှစ်လျှင် တစ်ဧကလုပ်ကွက်အတွက် နိုင်ငံတော်အား ရွှေစင် နှစ် ကျပ်သား ပေးသွင်းရခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ရွှေလုပ်ကွက်လုပ်ကိုင်သူအချို့ နိုင်ငံတော် သို့ ပေးသွင်းမှုမရှိသဖြင့် ကျန်ရှိနေခြင်းဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသံဒိုင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။
“ဘယ်အချိန်နောက်ဆုံးထား ပေးသွင်းရမယ်ဆိုတဲ့ နောက်ဆုံးပေးသွင်းရက်ကို သတ်မှတ်ထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ အမြန်ဆုံးပေးသွင်းသွားဖို့အတွက်ကိုတော့ လုပ်ငန်းရှင်တွေကို ပြောထားပါတယ်” ဦး သံဒိုင်က ပြောသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ သတ္တုတွင်းဝန်ကြီးဌာနသို့ စာရင်းစစ် ၀င်ရောက်သည့် အချိန်တွင် ၂၀၀၇ ခုနှစ်မှစတင်ကာ ကုမ္ပဏီပေါင်း ၂၀၀ နီးပါးမှ ရွှေစင်ပိဿာချိန် ၁၀၀၀၊ တန်အားဖြင့် တစ်တန်ခွဲနီးပါး ပေးသွင်းရန် ကျန်ရှိနေခြင်းကို တွေ့ရှိရခြင်းဖြစ်သည်ဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဦးသံဒိုင်က ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံတွင် ရွှေသတ္တုတူးဖော်သည့် အကြီးစားလုပ်ကွက် ငါးကွက်နှင့် အသေးစားလုပ်ကွက် ၄၇၂ ကွက်ရှိရာ ယင်းတို့မှ ရွှေပေးသွင်းရန် ကျန် နေခြင်းဖြစ်သည်။
ယင်းသို့ ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်ကျပ်သားများကိုလည်း လုပ်ငန်းရှင်များထံမှ အမြန်ဆုံး တောင်းခံပေးသွားမည်ဟုလည်း သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ပြီးခဲ့သည့် ပထမအကြိမ်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ပြောဆိုထားသည်။
ရွှေလုပ်ကွက်လုပ်ကိုင်သူ လုပ်ငန်းရှင်များသည် ယခင်က နိုင်ငံတော်သို့ပေးသွင်းရမည့် ရွှေများကို လစဉ် နှစ်ကျပ်သား ပေးသွင်းခဲ့ရသော်လည်း ၂၀၁၁ ဇူလိုင်လမှစတင်ကာ တစ်နှစ်စာအတွက် ၂၄ ကျပ်သား တစ်ကြိမ်တည်း ပေးသွင်းရန် ပြောင်းလဲသည်။
Posted by
Koko Zawနိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ရွှေပိဿာချိန် ၁,၀၀၀ (တစ်တန်ခွဲနီးပါး) အမြန်ဆုံးပေးသွင်းရန် ရွှေ လုပ်ငန်းရှင်များသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က တောင်းဆိုလိုက်သည်။
ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ၁၁ ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ၁၁ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် တိုက်တွန်းသွားခြင်း ဖြစ်သည်။
“ရွှေလုပ်ကွက်တွေကနေ ပေးသွင်းဖို့ကျန်ရှိနေသေးတဲ့ ရွှေစင်ကျပ်သားတွေကို ဆက်လက်ပြီး အမြန်ဆုံး ပေးသွင်းသွားစေချင်ပါတယ်”ဟု ဦးသန်းထွန်းအောင်က ပြောသည်။
ရွှေလုပ်ကွက်လုပ်ကိုင်သူများသည် တစ်နှစ်လျှင် တစ်ဧကလုပ်ကွက်အတွက် နိုင်ငံတော်အား ရွှေစင် နှစ် ကျပ်သား ပေးသွင်းရခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ရွှေလုပ်ကွက်လုပ်ကိုင်သူအချို့ နိုင်ငံတော် သို့ ပေးသွင်းမှုမရှိသဖြင့် ကျန်ရှိနေခြင်းဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသံဒိုင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။
“ဘယ်အချိန်နောက်ဆုံးထား ပေးသွင်းရမယ်ဆိုတဲ့ နောက်ဆုံးပေးသွင်းရက်ကို သတ်မှတ်ထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ အမြန်ဆုံးပေးသွင်းသွားဖို့အတွက်ကိုတော့ လုပ်ငန်းရှင်တွေကို ပြောထားပါတယ်” ဦး သံဒိုင်က ပြောသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ သတ္တုတွင်းဝန်ကြီးဌာနသို့ စာရင်းစစ် ၀င်ရောက်သည့် အချိန်တွင် ၂၀၀၇ ခုနှစ်မှစတင်ကာ ကုမ္ပဏီပေါင်း ၂၀၀ နီးပါးမှ ရွှေစင်ပိဿာချိန် ၁၀၀၀၊ တန်အားဖြင့် တစ်တန်ခွဲနီးပါး ပေးသွင်းရန် ကျန်ရှိနေခြင်းကို တွေ့ရှိရခြင်းဖြစ်သည်ဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဦးသံဒိုင်က ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံတွင် ရွှေသတ္တုတူးဖော်သည့် အကြီးစားလုပ်ကွက် ငါးကွက်နှင့် အသေးစားလုပ်ကွက် ၄၇၂ ကွက်ရှိရာ ယင်းတို့မှ ရွှေပေးသွင်းရန် ကျန် နေခြင်းဖြစ်သည်။
ယင်းသို့ ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်ကျပ်သားများကိုလည်း လုပ်ငန်းရှင်များထံမှ အမြန်ဆုံး တောင်းခံပေးသွားမည်ဟုလည်း သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ပြီးခဲ့သည့် ပထမအကြိမ်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ပြောဆိုထားသည်။
ရွှေလုပ်ကွက်လုပ်ကိုင်သူ လုပ်ငန်းရှင်များသည် ယခင်က နိုင်ငံတော်သို့ပေးသွင်းရမည့် ရွှေများကို လစဉ် နှစ်ကျပ်သား ပေးသွင်းခဲ့ရသော်လည်း ၂၀၁၁ ဇူလိုင်လမှစတင်ကာ တစ်နှစ်စာအတွက် ၂၄ ကျပ်သား တစ်ကြိမ်တည်း ပေးသွင်းရန် ပြောင်းလဲသည်။
နေပြည်တော်ဆီးဂိမ်းမှာ အား/ကာညွှန်မှူးက ကားမှန်ရိုက်ခွဲ ....................
Monday, December 16, 2013
ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ် ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။
“ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက်
လောက် ရှိပြီ။ ဘယ်သူကားလဲဆိုတာ သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင် ကားမှန်ရိုက်ခွဲလိုက်တာ”ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးကျော်မိုးဝင်း ကပြောသည်။
ကားပိုင်ရှင်မှာ ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်ကို ၄င်း ကားရပ်နားထားရာ Social Zone အတွင်း ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့ လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရ ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့ ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော်ကားကို တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေးမယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅) ရဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်” ဟု ကိုဗညားက ဆိုသည်။
“ ဗိုလ်မှူးကျော်မိုးဝင်းရဲ့ လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့ ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့ မျက်မြင် သက်သေတွေရှိတယ်” ဟု လည်း ကိုဗညား ပြောသည်။
နောက်ရက်များတွင် Social Zone အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။
ထက်နိုင်ဇော် ~
ခွန်အားဖြည့်မိငယ် ရာပြည့် (၁၉၇၇) ၊ ခင်မောင်တိုး (၁၉၈၁)
ငြိမ်းချမ်းအေး - ခွ န် အား ဖြ ည့် မိ င ယ်
ခွ န် အား ဖြ ည့် မိ င ယ်
ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၆၊ ၂၀၁၃
ဂီတပညာရှင် ရာပြည့် (၁၉၅၅-၂၀၀၉)
၂၀၁၃ နှစ်ဦးကစလို့ မိုးမခ မှာ ဂီတပညာရှင်တွေ ရဲ့ ရုပ်ပုံလွှာတွေကို တတ်နိုင်သမျှ ပြုစုခဲ့တယ်။ အထူးသဖြင့် ကွယ်လွန်ပြီး စတီရီယို ခေတ်ပေါ် ဂီတ သမားတွေရဲ့ နှစ်လည်တွေမှာ သူတို့ အကြောင်း လက်လှမ်းမီသမျှ မှတ်တမ်းပြုရင်း မိုးမခ စာဖတ်ပရိသတ် အတွက် တင်ဆက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒီနှစ်မှာ ကျန်ခဲ့တဲ့ ပုဂ္ဂိုလ်များ ကိုလည်း နောင်နှစ်တွေမှာ လုပ်နိုင်ဖို့ မျှော်လင့်တယ်။
ဒီလို အစီအစဉ်တွေ လုပ်နိုင်ဖို့ အတွက် ဂီတအသိုင်းအဝန်း က ပုဂ္ဂိုလ်များကို ဆက်သွယ်ရ၊ စာမူတောင်းရ၊ ဓာတ်ပုံဟောင်းတွေ စုရ၊ သက်ဆိုင်ရာ သီချင်းတွေ ပြုလုပ်ရ၊ ကိုယ်တိုင် ရေးနိုင်တဲ့ အကြောင်းအရာ/လူပုဂ္ဂိုလ် ဆိုရင်လည်း ကိုယ်တိုင် ရေးရ ဆိုတော့ ပေးနိုင်သမျှ ကိုယ်ပိုင်အချိန်ကလေးတွေ အတွင်းမှာ အလျင်မမီနိုင် ဖြစ်ရတယ်။ လိုအပ်ချက်၊ အားနည်းချက်၊ အမှားအယွင်းတွေလည်း ရှိမှာပါပဲ။
ဒါ့အပြင် ဒီလို အစီအစဉ်တွေကိုပါ တွဲလုပ်ချင်တော့ တဖက်ကလည်း တခြား ဝါသနာ ပါ စူးနစ်ရာ အာသီသရှိ ရေးချင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ သမိုင်း၊ ပညာရေး၊ အားကစား၊ စီးပွားရေး နဲ့ မျက်မှောက်ရေးရာ ဆောင်းပါးတွေ ရေးဖို့ အားနည်း ခဲ့ရတာတွေ ရှိခဲ့တယ်။ အသံထွက်သင့်တဲ့ ကိစ္စ တချို့ အတွက် အသံထွက်ဖို့ ပျက်ကွက်ခဲ့ရတာတွေ ရှိခဲ့တယ်။
“…ရာသီစာ Cliché တွေနဲ့ ဟို သူ့ လွမ်း ဒီ သူ့ သတိရ Comfort Zone ထဲက ထွက်ခဲ့ကြပါလား။
ခင်ဗျား နေထိုင်တဲ့ လူ့အဖွဲ့အစည်းကြီးဟာ တကယ်တမ်း မယဉ်ကျေးလှပါဘူး။… လင်းထင်”
ဒီလို ပျက်ကွက် ရခြင်းဟာ အလိုမကျစရာ ပစ္စုပ္ပန် ကို ဖယ်ခွာချင်၊ ဝေဖန်သံ မညံရာ နေသားကျ အေးချမ်းရာ အရပ် အလွမ်းစာစု အပ်ကြောင်းထပ် “ကလီရှေး” တွေမှာပဲ ပုန်းလျှိုး ပျော်မွေ့ချင်တာလည်း ပါတယ် ဆိုတာ ဝန်ခံရပါမယ်။
ဒါပေမယ့် ဒီလို ဂီတ အနုပညာရှင်တွေကို တတ်စွမ်းသမျှ ပြန်လည် ဖော်ထုတ် မှတ်တမ်းပြုရခြင်း ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရသ အနုပညာရဲ့ လူ့အဖွဲ့အစည်း အပေါ် သက်ရောက်တဲ့ စွမ်းပကား ကို ယနေ့ခေတ် လူငယ်များ မြင်စေချင်၊ အသိအမှတ်ပြုစေချင်လို့ပါပဲ။ နိုင်ငံတခု တည်ထောင်ရာမှာ ရုပ်ဝတ္ထုပစ္စည်းချည်း၊ အတတ်ပညာချည်းပဲ ဇောင်းပေးလို့ မရဘဲ လူတွေရဲ့ ကျင့်ဝတ်၊ သီလ၊ စိတ္တ အာဟာရ ကို ဖွံ့ဖြိုးစေတဲ့ ရသ အနုပညာ ကဏ္ဍကိုလည်း အလေးဂရုပြုရပါတယ်။
ဗမာပြည်ဟာ နိုင်ငံရေး စနစ်ဆိုး ဒဏ်ကြောင့် ရသ အနုပညာ ပိုင်းမှာလည်း ချို့ငဲ့ ခဲ့ပါတယ်။ ခေတ်သစ် ပန်းချီ၊ ကဗျာ၊ စာပေ၊ ဂီတ အစစ အရာရာ အားလုံး နောက်ကျခဲ့ပါတယ်။ နောက်ကျမှုက ရာစုနဲ့ချီကို နောက်ကျခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ဗမာပြည်က အနုပညာရှင်များဟာ အဖက်ဖက် မပြည့်စုံ ချို့တဲ့မှုတွေကြားက၊ အတား အဆီး၊ အပိတ်အပင်၊ အတိုက်အခံ၊ ဝေဖန်မှုတွေကြားက နိုင်စွမ်းသလောက် လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းပေးခဲ့၊ ပေးနေကြတယ်။ ဒီအထဲက ဂီတ အနုပညာရှင်တွေ၊ အထူးသဖြင့် မျက်မှောက်ခေတ် လူငယ်များ သိသင့်၊ သိထိုက်သူ၊ အသိအမှတ်ပြုသင့်၊ အားကျသင့်သူ ဂီတပညာရှင်တွေကို ပြန်လည် ဖော်ထုတ် မှတ်တမ်းတင်ခြင်းဟာ ကျနော့် ရဲ့ မိုးမခ ဂီတ ရုပ်ပုံလွှာ အစီအစဉ်တွေရဲ့ ရည်ရွယ်ချက်ပါပဲ။
တခြား သူများလည်း အတူတူပဲ ဖြစ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော့် တဦးတည်းအတွက်နဲ့ပဲ ဆိုရရင် လက်ရှိ ဘဝမှာ နေထိုင် ကျင့်ကြံ၊ တွေးခေါ် ရပ်တည်နေတဲ့ ခံယူချက် အားလုံးဟာ ကျောင်းသင်ခန်းစာ ပြင်ပ ငယ်ဘဝ တလျှောက် စားသုံးလာခဲ့တဲ့ စာပေ၊ ဂီတ ရသအနုပညာ ပစ္စည်းတွေ နဲ့ လိုက်စားလာခဲ့တဲ့ အားကစား ကနေ ရယူခဲ့ပါတယ်။ ကျနော် လက်ရှိ ရေးသားနေသမျှ အာဘော်တွေကလည်း ဒီ ကြားခံ ပစ္စည်းတွေကပဲ လာခဲ့တာပါပဲ။ ကျနော် ကျောင်းခန်းထဲမှာ လေ့လာခဲ့တဲ့ အဆင့်မြင့် သင်္ချာ ပညာ ရပ် ဟာ ဒုံးပျံတွေကို လွှတ်တင်ကောင်း လွှတ်တင်နိုင်ပါမယ်။ အသက်မွေးဝမ်းကြောင်းဖို့ လေ့ကျင့်ခဲ့တဲ့ ကွန်ပျူတာ အစီအစဉ်ရေးဆွဲမှု အတတ်နည်းပညာက လေယာဉ်ပျံကြီးတွေကို ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါမယ်။ ဒါပေမယ့် ကျနော့် ကို လူသား တယောက်ရယ်လို့ ပီပီပြင်ပြင် ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင်ဖို့ ကြိုးစားချင်စိတ်ကိုတော့ စာပေ၊ ဂီတ နဲ့ အားကစား ကပဲ သင်ကြားပေးခဲ့ပါတယ်။
ဦးလတ်ကြီး သီချင်း အတိုင်း ဆိုရရင်တော့ ရာဇဝင် မဟာ သတ္တိတွေကို ဒီအထဲကပဲ ယူခဲ့ရပါတယ်။
ဒီသဘောကို လူအများ၊ အထူးသဖြင့် လူငယ်များ မြင်စေချင်၊ နားလည်စေချင်လို့ ဒီလို အမှတ်တရ စာစုတွေ၊ အလွမ်းတွေ၊ မှတ်တမ်းတွေ တနိုင် လုပ်နေခြင်းပါပဲ။
အထက်မှာ ကျနော့် ကို ကျင့်သားရ ပျော်မွေ့ရာ Comfort Zone က နေ ထွက်ခဲ့ဖို့ သတိပေးခဲ့သူ ကိုလင်းထင် ရေးဖူးတဲ့ အကြောင်းအရာ ကလေးနဲ့လည်း ဒီလို အစီအစဉ်တွေ လုပ်ရခြင်း သဘောကို ထပ်ဆင့် ရှင်းပြချင်ပါသေးတယ်။
သူ က ကျနော့် ကို လူ့အဖွဲ့အစည်းရဲ့ မျက်မှောက်ရေးရာ ပြဿနာ အစုစု အတွက် ကိုယ်ပိုင် အာဘော် အသံတွေ ပိုထွက်စေချင်လို့ အထက်ကလို သတိပေး တပ်လှန့်ဟန် တူတယ်။ ဒါပေမယ့် ဒီလို အစီအစဉ်တွေ၊ လွမ်းချင်းတွေရဲ့ သဘောကိုလည်း သူကိုယ်တိုင်လည်း နားလည်ပါတယ်။ ဟိုတလောက ပြည်တွင်း စာနယ်ဇင်း ဆောင်းပါးရှင် တယောက် ရဲ့ ဆေးလိပ်ဆန့်ကျင်ရေး ဆောင်းပါး မှာ ဆရာကြီး တင်မိုး ရဲ့ နာမည်ကျော် ကဗျာ “ဧည့်သည်ကြီး” ကို ယူသုံးပြီး ကဗျာရေးသူ မသိလို့ သိသူများ ပြောပြပါ ဆိုတဲ့ အသံ ကြားရတော့ သူကိုယ်တိုင် ဘုရားတပြီး.. အောက်ပါ အတိုင်း ရေးခဲ့ဖူးတယ်။
“… တင်မိုးကို မသိတော့တဲ့ အန္တရာယ်ဟာ ဆေးလိပ် အန္တရာယ်အောက် မလျော့ဘူးလို့ ကျနော် တွေးနေမိတယ်။ တင်မိုးကိုမသိရင် ဇော်ဂျီ၊ မင်းသုဝဏ်ကို ဘယ်လိုသိမလဲ၊ ဒဂုန်တာရာကို ဘယ်လိုသိမလဲ၊ သခင်ကိုယ်တော်မှိုင်း ကို ဘယ်လိုသိမလဲ။ သူတို့ မပါတဲ့ ဗမာပြည်ဆိုရင် ၀ိညာဉ်မဲ့တဲ့ တိုင်းပြည် ဖြစ်သွားမှာပဲ၊ လူ့ရွာယောင် ဆောင်ရတဲ့ ကြတ်ကုန်းတစပြင်နှယ် ရှိမှာပဲ။
ကျနော် ယုံတာကတော့ လူတွေရဲ့ နေထိုင်မှု ဘ၀ဟန်ပန် ဆင့်ကဲ တိုးတက် ပြောင်းလဲတယ် ဆိုရာမှာ Humanity ဆိုတဲ့ တရားကိုယ် အကြောင်းကြီး ထင်ရှား ထွန်းကားပါမှ တာဝန်ယူ သိတတ်မှုတွေ မြင့်တက်လာရတာနဲ့ တိုက်ရိုက်အချိုးကျတာ ဖြစ်တယ်။
Humanity ဆိုတာ လူဖြစ်ရခြင်းရဲ့ အလင်းဘက်ခြမ်းက ကောင်းမွန်သော အရည်အသွေးကို ဆိုလိုတယ်။ ဂျက်လန်ဒန်ရဲ့ ပင်လယ်ဝံပုလွေထဲက ဇာတ်ကောင် ၀ံပုလွေလာဆင် နဲ့ ပုံဖော်ကိုယ်စားပြုတဲ့ တိရိစ္ဆာန်ဗီဇစိတ် အားလုံးကို ဖိနှိပ်ချူပ်တည်း အောင်နိုင်ထားတဲ့ လူသားရဲ့ ကောင်းမြတ်ခြင်းဘက် အခြမ်းက မျက်နှာစာ ဖြစ်တယ်။
ဒီ Humanity ကြီးထွားပါမှ လူဟာ မိမိကိုယ်ကိုယ် အပါအ၀င် ကိုယ်ရှင်နေရတဲ့ အ၀န်းအ၀ိုင်းပေါ်မှာ တာဝန်ယူလိုစိတ် ရှိလာမှာဖြစ်တယ်။ ဒီတာဝန်ယူစိတ်နဲ့ မကောင်းသော အကျင့်အကြံ ဘ၀ဟန်ပန်တွေကို စွန့်ခွာပစ်ကြတာပဲ။
စာရင်းအင်း အချက်အလက်တွေ၊ သိပ္ပံတွေ့ရှိချက်တွေ သက်သက်က ဒီ Humanity ထွန်းကားဖို့ အကောင်းတရားဘက်ဆီ မျက်မှောက်ပြုဖို့ တိရိစ္ဆာန် ဗီဇစိတ်ကို ဖိနှိပ်ဖို့ လှုံ့ဆော်နိုင်စွမ်း မရှိ၊ ၀ိညာဉ်မဲ့သူတို့ရဲ့ Manipulate လုပ်ခြင်းတောင် လူ့သမိုင်းမှာ ခံရသမို့ သမိုင်းယောင် သိပ္ပံယောင် (Pseudohistory and Pseudoscience) တွေနဲ့ အခိုင်အမာ ဆောက်တည်တဲ့ ဖက်ဆစ်ဝါဒလိုမျိုး ပေါ်ထွန်းခဲ့တာ မဟုတ်လား။
ဒီတော့ တင်မိုးကို ဘာလို့ သိရမှာလဲ၊ Humanity ထွန်းကားအောင်လို့။
လင်းထင်…”
ဆိုတော့ လူသား ရဲ့ အဓိပ္ပာယ်၊ ဖြစ်တည်မှု၊ လူသားဝါဒ ဗြဟ္မစိုရ် တရားထွန်းကားမှုမှာ ရသ အနုပညာ ရဲ့ အစွမ်း မရှမဖြစ် အရေးပါပုံကို ကျနော် တင်ဆက်နေတဲ့ အစီအစဉ် တွေကနေ မိုးမခ စာဖတ် ပရိသတ် အထူးသဖြင့် လူငယ် များ အနည်းငယ် ဖြစ်ဖြစ် သိမြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒါကတော့ ဂီတအနုပညာရှင်တွေရဲ့ အမှတ်တရ ရုပ်ပုံလွှာ အစီအစဉ်တွေရဲ့ သဘောကို နှစ်ကုန်မှာ အရှည် ရှင်းပြခြင်းပါ။
ဒီနေ့ အစီအစဉ်ကတော့ အမှန်က အရင် တပတ် က တင်ဆက်ဖို့ပါ။ အချိန်မပေးနိုင်ခဲ့လို့ နောက်ကျသွားခြင်းပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၉) ရက်နေ့က ကွယ်လွန်ခြင်း (၄) နှစ်ပြည့်ခဲ့တဲ့ တေးရေး/တေးဆို ရာပြည့် နှစ်လည် အမှတ်တရ အစီအစဉ်ပါ။
၈၀ ခုနှစ်များ ၏ ဗမာ ကိုယ်ပိုင်သံစဉ် ဂီတလောကကို သိမ်းပိုက်ခဲ့သည့် ဂီတညီအစ်ကိုသုံးဦး “ခိုင်မိုးပြည့်”
ဝဲမှယာ - မိုးကျော်၊ ရာပြည့်၊ ခိုင်ထူး
ရာပြည့် ၏ ဂီတ ဘဝ အကျဉ်း
ရာပြည့် ကို အဖ ဦးဘာဘာ၊ အမိ ဒေါ်တင်တင်လှ တို့က ၁၉၅၅ ခုနှစ် ၌ မွေးဖွားခဲ့သည်။ သားအငယ်ဆုံး ဖြစ်ပြီး မွေးချင်းမောင်နှမ လေးယောက် ရှိသည်။ အမည်ရင်းမှာ ကိုတင့်လွင် ဖြစ်သည်။ ရာပြည့်သည် ၁၉၇၆ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “မှိုင်းရာပြည့်” ကျောင်းသား အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး နိုင်ငံရေးသီချင်းများ စတင်ရေးသားခဲ့သည်။ အရေးတော်ပုံကြီးအား ဂုဏ်ပြုသောအားဖြင့် အနုပညာ အမည်ကို “ရာပြည့်” ဟု ယူခဲ့သည်။
၁၉၇၇ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူ သက်နိုင်ဦး (Richard) ၏ “ကြယ်ကြွေချိန် ညလေးတစ်ည” တေးစု ၌ ဧည့်သည် အဆိုအဖြစ် ဝင်ရောက် သီဆိုရင်း ဂီတလောက သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၈၀ ခုနှစ်များတွင် “သတိမမူဂူမမြင်” ၊ “နဒီမင်္ဂလာ” နှင့် “တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့” တကိုယ်တော် တေးစု သုံးခု ဆက်လက်ထွက်ရှိနိုင်ခဲ့ပြီး အောင်မြင်မှု ရခဲ့သည်။
ရာပြည့်သည် တေးရေးဆရာ တယောက် အနေဖြင့်လည်း မြန်မာ ကိုယ်ပိုင်သံစဉ် ဂီတလောက၌ ထင်ရှားအောင်မြင်ခဲ့သည်။ သူငယ်ချင်းများဖြစ်သူ ခိုင်ထူး၊ မိုးကျော် တို့ဖြင့် “ခိုင်၊မိုး၊ပြည့်” ဟု သုံးယောက်တွဲ အနုပညာ နာမည် ယူကာလည်း ကိုယ်ပိုင်သံစဉ် တေးသီချင်းပေါင်းများစွာ စပ်ဆိုခဲ့သည်။ အဆိုတော် ခိုင်ထူး အတွက် ပထမ တေးစု (ရီဇော် နှင့်တွဲ) “တေးမြုံငှက် (၁၉၇၉)” ထွက်ရှိစဉ်ကတည်းကပင် တေးသီချင်းများ ရေးပေးခဲ့သည်။ ရာပြည့်သည် ခိုင်ထူး၊ မိုးကျော် အပြင် ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် အစရှိသည့် မဇ္စျိမလှိုင်းအုပ်စု တေးရေးဆရာများ၊ အဆိုတော် မွန်းအောင်၊ စိုးလွင်လွင် တို့ ဖြင့်လည်း ဂီတလောကတွင် အတွဲများခဲ့သည်။
ရာပြည့် ရေး အောင်မြင်ကျော်ကြားခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများစွာအနက် “အဝေးဆုံး (စာသား - ရာပြည့် ၊ သံစဉ် - ခိုင်ထူး ၊ ခိုင်ထူး ဆို)”၊ “ချစ်ခြင်းရဲ့ အပြစ်ဒဏ် (ခိုင်ထူး ဆို)” “မကောင်းလည်းကိုယ် ကောင်းလည်းကိုယ် (ခိုင်ထူးနှင့် တွဲရေး ၊ ခိုင်ထူး ဆို)”၊ “(၈၄) ရက်စက်တယ် (သားထွေးနှင့် တွဲရေး ၊ ခိုင်ထူး ဆို)”၊ ”ခရေ (ကိုယ်တိုင် ဆို ၊ နောင် စိုးလွင်လွင် ပြန်ဆို)” “အမေ (စိုးလွင်လွင် ဆို ၊ နောင် ထူးအိမ်သင် ပြန်ဆို)”၊ သူငယ်ချင်းဖြစ်သူ မိုးကျော် အမှတ်တရ “တေးမြုံငှက်သို့ တမ်းချင်း” တို့ ဟာ အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။
၁၉၈၈ ခုနှစ် “ရှစ်လေးလုံး” လူထုအရေးတော်ပုံကြီး အပြီးတွင် ပြည်ပ သို့ ထွက်ခွာသွားခဲ့ပြီး အမေရိကန်ပြည်ထောင်စု၌ အခြေချနေထိုင်ခဲ့၍ ဗမာ့ ဂီတလောက နှင့် အဆက်ပြတ်သွားခဲ့သော်လည်း ရာပြည့် သီဆို၊ ရေးသားခဲ့သော တေးသီချင်းကောင်း များစွာဟာ ပြန်လည် သီဆိုမှုများစွာဖြင့် ပြည်တွင်း၌ ဆက်လက်အောင်မြင်လျက်ပင် ဖြစ်ခဲ့သည်။
ရာပြည့်သည် အသက် (၅၄) နှစ်အရွယ် ၂၀၀၉ ခုနှစ် ၊ ဒီဇင်ဘာ (၉)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ၊ ဆန်ဖရန်စစ္စကိုမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။
မှတ်တမ်း စုဆောင်း အကျဉ်း ပြုစုသူ - ငြိမ်းချမ်းအေး
----
ကိုရာပြည့်က စာသားဘက်မှာ အားကောင်းတယ်။ စာသားတွေ ဘာတွေ ရေးပြီးတဲ့ အခါမျိုးကျရင် ပိုပို အဲဒါပဲလို့ ကျွန်တော့်ကို ချပြတဲ့အခါမျိုးမှာ ကျွန်တော်က ဒါကို သံစဉ်ထည့်ရမယ် ဆိုတာ မပြောဘဲနဲ့ နားလည်တယ်။ သီချင်း ဖြစ်လာတဲ့ အခါကျတော့ နှစ်ယောက်လုံး ရင်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်ပေါ့.. ၊ ပျော်တဲ့ ခံစားချက်ပေါ့။ သီချင်းတပုဒ် ဖြစ်လာတဲ့ ခံစားချက်ပေါ့။ အဲဒါလေးအတွက်ပဲ သူနဲ့တွဲဖြစ်တာပါ။
ကိုမိုးကျော် မရှိတဲ့ နောက်ပိုင်း ကိုရာပြည့်ဟာ အဖော်မရှိသလို ဖြစ်နေတယ်။ ကိုမိုးကျော် အကြောင်းကို ပြောရင်းနဲ့ မိုးလင်းတဲ့ ရက်တွေအများကြီးပဲ။ သူရယ်၊ ကိုမိုးကျော်ရယ် ဂီတနဲ့ပတ်သက်ပြီး အရှေ့ကို ရည်ရွယ် မျှော်လင့်ထားတာတွေ အများကြီးရှိတယ်။ ကိုရာပြည့်က သဘောင်္လိုက်ပြီးတော့ ပိုက်ဆံရှာမယ်ပေါ့။ ရတဲ့ ပိုက်ဆံတွေနဲ့ လုပ်ဖို့ရှိကြတယ်။ ကိုမိုးကျော် မရှိတဲ့အခါကျတော့ ဒါတွေက မလုပ်ဖြစ်တော့ဘူး။ ကိုမိုးကျော် ဖြစ်ချင်တာတွေကို ကိုရာပြည့်က လုပ်မပေးလိုက်ရဘူး။ ကိုမိုးကျော်လို လူမျိုးက ရှိတော့မှာ မဟုတ်ပါဘူး။ သူမရှိတော့ ကိုရာပြည့်လည်း လုပ်ချင်တာလုပ်လို့မရတော့ဘူးပေါ့ဗျာ။
(ရေးဖေါ် နောင်တော် ဂီတ ညီအစ်ကို ရာပြည့်၊ မိုးကျော် အကြောင်း တေးရေး/တေးဆို စိုးလွင်လွင် (၁၉၆၂-၁၉၉၉) ပြောပြခဲ့သည့် အချက်တချို့ကို စိုးလွင်လွင် ၏ စာနယ်ဇင်း မေးမြန်းခန်း မှ ကောက်နှုတ်ချက်)
---
အခု ရာပြည့် အမှတ်တရ အစီအစဉ် အတွက် မိုးမခ ပရိသတ် နားဆင်ဖို့ သီချင်း စဉ်းစားတော့ ရာပြည့် ကိုယ်တိုင် ရေး/ဆို သီချင်းကောင်း အများအပြားကို အရင် စဉ်းစားမိပေမယ့် ကိုနေဝင်း ရေး “ခွန်အားဖြည့်မိငယ်” သီချင်းကိုပဲ နောက်ဆုံး ရွေးဖြစ်လိုက်တယ်။ “ခွန်အားဖြည့်မိငယ်” ကို ရာပြည့် က သူ့ရဲ့ ဂီတ ဘဝအစ မှာပဲ လူမသိတသိနဲ့ သီဆိုခဲ့တယ်။ ဒါကြောင့် အမှတ်တရပြု ရွေးရခြင်း ဖြစ်တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ က အသက် (၆၃) နှစ်ပြည့် ခဲ့တဲ့ ဂီတစာဆို ကိုနေဝင်း (၁၉၅၀ ဖွား) ကိုလည်း တပါတည်း ဂုဏ်ပြုချင်တာလည်း ပါတယ်။ “ခွန်အားဖြည့်မိငယ်” သီချင်းကို နောင်ပိုင်း ခေတ်တလျှောက် ပရိသတ်များ အကြား အထူးရေပန်းစား ထင်ရှား အောင်မြင်အောင် သီဆိုသွားခဲ့တဲ့ မနှစ်ကပဲ ကွယ်လွန်ခဲ့ရှာသူ ဂီတပညာရှင် ခင်မောင်တိုး (၁၉၅၀-၂၀၁၂) ကိုလည်း အမှတ်တရ ထပ်မံ ပြုချင်တာလည်း ပါပါတယ်။
ဒါတွေအပြင် “ခွန်အားဖြည့်မိငယ်” သီချင်းဟာ လက်ရှိ ဗမာပြည် အခြေအနေနဲ့ ကိုက်ညီ၊ ပုံဖော် အားဖြစ်စေလို့ ရွေးရခြင်းလည်း ဖြစ်တယ်။ ၉၀ ခုနှစ်များ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် အချိန်တွေမှာ နဝတ စစ်ဗိုလ်ချုပ်ကြီးတွေဟာ “ခွန်အားဖြည့်မိငယ်” သီချင်းကို အလာဂျီ ဖြစ် မျက်မုန်းကျိုးကာ တားဆီးပိတ်ပင်တာတွေ ရှိခဲ့ဖူးတယ်။ ယောက်ျား ဘသား စစ်ဗိုလ်ကြီးများ ကို အံတု နေသူ အမျိုးသမီးငယ် ကို အားဖြစ်စေတယ် ဆိုတဲ့ အတွေးနဲ့ပေါ့..။ အခုတော့ ခေတ်တွေလည်း ပြောင်းပြီလို့ ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်လည်း စစ်လွှတ်တော် ကို ရောက်ရှိလို့နေပါပြီ..။ သီချင်း အဆိုရှင် တဦးဖြစ်သူ ခင်မောင်တိုး ကိုယ်တိုင်လည်း “ခွန်အားဖြည့်မိငယ်”ကို ခေါင်းစီးတေး အနေနဲ့ မဆုံးခင် ၂၀၁၂ မှာပဲ နောက်ဆုံး သီဆို တေးစု ထွက်ရှိခဲ့တယ်။
ဒါပေမယ့် မိငယ် ရင်ဆိုင် ရမယ့် လမ်းကြမ်းခရီးကတော့ မချောမွေ့၊ မဖြောင့်ဖြူးသေးပါဘူး။ ရင်ဆိုင်ရန် ခွန်အားတွေဖြည့်ဖို့ရာ ရှေ့ဆက် အများကြီးလိုနေပါသေးတယ်။ ဒီ “မိငယ်” ကတော့ လူဆိုးကြီးများရဲ့ စစ်အာဏာရှင် စနစ်ဆိုး ဒဏ်ကို အသွင်ပြောင်း ဆက်လက် ခံနေရဆဲ ဖြစ်တဲ့ ဗမာပြည် ဆိုတဲ့ “မိငယ်” ဖြစ်ပါတယ်။
ငို့ဘသမား စစ်အုပ်စု ရဲ့ မတရားဖိနှိပ်နေဆဲ.. အန္တရာယ်.. ဓား.. တွေ.. အထပ်.. ထပ်.. ရှေ့မှာ ကာရံနေဆဲ ဖြစ်တာကြောင့် ဗမာပြည် ဆိုတဲ့ “မိငယ်” ဟာ ခွန်အားဖြည့်ဖို့လိုနေဆဲဖြစ်ကြောင်း မိုးမခ ပရိသတ်ကို နှိုးဆော် အသိပေးရင်း ရာပြည့် နှစ်လည် အမှတ်တရ အစီအစဉ် ကို “ခွန်အားဖြည့်မိငယ်” သီချင်းလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ရာပြည့် သီချင်းများ ရှင်သန်စေ..။
ခင်မောင်တိုး သီချင်းများ ရှင်သန်စေ..။
ကိုနေဝင်း တယောက် ကျန်းမာစေ..။
ဗမာ့ ဂီတ ချမ်းသာစေ..။
(ဗမာပြည်ဆိုတဲ့…)
မိငယ် တယောက်လည်း ခွန်အားဖြည့်နိုင်စေ..။
နေဝင်ညကို.. ကူးဖြတ်ပြီးမှ.. ရောင်နီသာတဲ့.. နေ့သစ်ကို.. ရောက်မယ်..
ယုံကြည်ခြင်းနဲ့.. ကြိုးစားထားမှ.. တချိန်မှာ.. အောင်မြင်.. လွတ်မြောက်မယ်.. မဟုတ်လား..
သံသရာ.. လမ်းဟာ.. မချောမွေ့တတ်တော့.. တာဝန်ကိုယ်စီ.. အားတင်း.. ရှေ့ဆက်လှမ်း..
အရှုံးမပေးနဲ့.. မိငယ်ရေ.. ရဲရင့်မှ.. ကျော်ဖြတ်သွား..
အများ.. အကျိုး.. အတွက်.. တာဝန်.. ထမ်းရွက်တဲ့.. အခါ..
တကယ်.. ကိုယ်ကျိုး.. စွန့်နိုင်မှ..
ဒီရေ.. လှိုင်း.. တွေ.. တရိပ်ရိပ်.. တက်တော့.. ပင်လယ်ပြင်ဟာ.. လှုပ်ခတ်.. ရစမြဲလေ..
အန္တရာယ်.. ဓား.. တွေ.. အထပ်.. ထပ်.. ရှေ့က.. ကာရံ.. ကွယ်.. ၍.. တားဆီး.. နေပါစေ..
ဉာဏ်.. မြေကတုတ်ဟာ (မှာ).. စွမ်းအား.. သတ္တိ.. တမန်တော်ဟာ.. သတိတရား.. မင်း.. မမေ့နဲ့ဦး..
နေဝင်ညကို.. ကူးဖြတ်ရဲမှ.. ရောင်နီသာတဲ့.. နေ့သစ်ကို.. ရမယ်..
ယုံကြည်ခြင်းနဲ့.. ကြိုးစားထားမှ.. တချိန်မှာ.. အောင်မြင်.. လွတ်မြောက်နိုင်မယ်လေ..
သံသရာ.. လမ်းဟာ.. မချောမွေ့တတ်တော့.. ရင်ဆိုင်ရန်.. ခွန်အားဖြည့်.. မိငယ်.. ရေ..
သံသရာ.. လမ်းဟာ.. မချောမွေ့တတ်တော့.. ရင်ဆိုင်ရန်.. ခွန်အားဖြည့်.. မိငယ်.. ရေ..
ခွန်အားဖြည့် မိငယ် (Two Versions)၊ သံစဉ်/စာသား - ကိုနေဝင်း (မောင့်လပြည့်ဝန်း / မဇ္ဈိမလှိုင်း)၊ တေးဆို - ရာပြည့် (၁၉၇၇) ၊ ခင်မောင်တိုး (၁၉၈၁)
ရေးသားစီစဉ်တင်ဆက်သူ - ငြိမ်းချမ်းအေး
၁၆၊ ဒီဇင်ဘာ၊ ၂၀၁၃
Categories: ငြိမ်းချမ်းအေး
လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာနိုင်ပြီ.....................
ပရိသတ်....
ဒီနေ့ အင်ဒိုနဲ့ ပွဲမှာ ပရိသတ်ပေါက်ကွဲ တာကို အပြစ်တင် မစောကြပါနဲ့ ကိုယ့်မြန်မာအသင်းကို ဖြစ်စေချင်တဲ့ဇော၊ နိုင်စေချင်တဲ့ဇောကြောင့် ဝင်ခွင့်လက်မှတ်ကို ပုဆိုးမနိုင် ပုဝါမနိုင် နေပူကြဲတဲမှာ တိုးကြိတ်ဝယ်ယူ၊ မရတော့လည်း ရှိတာလေး ပေါင်နှံမှောင်ခိုဈေးမှာ ၁၀ဆမက ဈေးနဲ့ဝယ်ယူ...။ အလုပ်ပျက်၊ အကိုင်ပျက် ရည်မှန်းချက် မျှော်မှန်းချက်တွေ အပြည့်နဲ့ အားပေးခဲ့ရရှာတာပါ..။ ရှုံးပြီဆိုတဲ့ အသိကို လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့ အချိန်မှာ Tempo မထိန်းနိုင်တဲ့ ပရိသတ်အချို့ ပေါက်ကွဲခဲ့ကြပြီပေါ့..။
ဘောလုံးကွင်းထဲမှာ သံပြိုင်အားပေး၊ တက်လာတဲ့ Tempo ကိုရှုံးတယ်ဆိုတဲ့ Breakဆွဲချလိုက်တော့ အရှိန်မထိန်းနိုင်ပဲ ပေါက်ကွဲမှုတွေ ဖြစ်ကုန်ကြရရှာပြီပေါ့..။ ကိုယ့်ပြည်ကိုယ့်မြေမှာ အုပ်စုပွဲမှာပင် ထွက်ရတယ်ဆိုတဲ့ ရလဒ်ဟာ ပရိသတ်အတွက် ခဲလေသမျှ သဲရေကျခဲ့ရတာပါ..။
မြန်မာအသင်း...
ဂိုးတလုံးဝင်ရင် သိန်းတရာ(ဒေါ်လာ၁သောင်း)ဆိုတဲ့ ဘဏ်တခုရဲ့ ငါးစာဟာလည်း ဘောလုံးသမားတွေအတွက် အိပ်မက်တခု ဖြစ်စေသလို Selfish ဆိုတဲ့ စိတ်ဓာတ်ကို ရိုက်သွင်းပေးသလို ဖြစ်နေတော့ မြန်မာနိုင်ငံလို ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း ထပ်တူကြဖို့ မဖြစ်နိုင်တဲ့ အားကစားသမားတွေ အတွက် သိန်းတရာအရေး သူနိုင်ကိုယ်နိုင် အပြိုင်သွင်းကြပြီပေါ့။ ဒီပွဲကို ပြန်ကြည့်လိုက်တော့လည်း ပယ်နယ်တီဆိုတဲ့ အဆုံးအဖြတ် တခုဟာ အနိုင်အရှုံးရဲ့ အဖြေဖြစ်ခဲ့ရပါတယ်..။
နည်းပြ...
ဒီနေ့ Lineup စကတည်းက သရေဆိုရင် တက်ပြီဆိုတဲ့ တက်မ ထောင်မှုနဲ့ အရံတွေကို ထုတ်သုံး ပြိုင်ဘက်အသင်းကို အထင်သေး လူရွေးမှား လူသွင်းမှားတဲ့ အဓိကတာဝန်ရှိသူ တဦးလို့ မြင်ပါတယ်...။
ဒိုင်...
ဒိုင်သူ့အလုပ် သူလုပ်တယ်ဆိုပေမယ့် ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်သလို မလိုအပ်ပဲ ပစ်ဒဏ်ဘောတွေ ပေးနေတဲ့အတွက် ဝီစီသံတရွှင်ရွှင်နဲ့ ဘောလုံးအရသာ ပျက်ခဲ့ရပါတယ်..။
ပရိသတ်.. အတိုင်းထက်အလွန် အားပေးခဲ့ကြသည်။ ရည်မှန်းချက် ကြီးမားခဲ့ကြသည်.။
သို့ပေတည့် ကျွန်တော်တို့တတွေ ဘယ်လောက်ပင် ဘောလုံးသမားတွေ ကောင်းကောင်း လူမှန် နေရာမှန် မသုံးတတ်သရွေ့၊ အားကစားနဲ့ အသက်မွေးဝမ်းကြောင်းမှု တထပ်တည်း မကျသရွေ့၊ ဘောလုံးနဲ့ အားကစားကို ငယ်စဉ်ကတည်းက ကျောင်းတွေမှာ လေ့ကျင့်မပျိုးထောင်သရွေ့၊ ကျောင်းတိုင်းမှာ ကစားကွင်းတွေ သတ်သတ်မှတ်မှတ် မထားပေးသရွေ့၊ ဘယ်လောက်ပင် တော်တော် လူကြီးနဲ့ နီးစပ်သူတွေ အကပ်ကောင်းသူတွေသာ ရွေးချယ်ခံရတဲ့ လူကြီးခေတ် မကုန်သရွေ့၊ မီးခဲပြာဖုံးတွေ အပေါ်မရောက်သရွေ့၊ ရွှေပြည်တော် မျှော်လေတိုင်းဝေးနေဦးမှာပါ။
အချုပ်အားဖြင့် ဆိုသော်...
မြန်မာဘောလုံးအသင်းကို နိုင်စေချင်တဲ့ ကျွန်တော်တို့တတွေ
မြန်မာဘောလုံးအသင်း ကိုယ့်နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေသရွေ့ မှတပါး အခြားမရှိသည့်အတွက် ဆက်လက် အားပေးနေကြရဦးမှာပါ..။
လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာဆိုတဲ့ အိပ်ပျော်နေတဲ့ နဂါး ပြန်လည် နိုးထလာမှာပါ..။
ဒီမိုဝေယံ
Monday, December 16, 2013
Viber for PC (New Version) .......................
PC တွေအတွက် Viber ဗါးရှင်းအသစ်လေးပါ..။ Update အသစ်ထွက်နေတာ
တစ်ပါတ်ခန့်ရှိသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။
လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီ Update
အသစ်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ
ကွန်ပျူတာနဲ့ ဖုန်းတွေကို အလွယ်တကူ ဆက်သွယ်လို့ ရစေမယ့်၊ Free Voice Call ,
Free Video Call, Free SMS တွေကို မိမိတို့ စိတ်ကြိုက် အသုံးပြုလို့
ရစေတဲ့အတွက် လူသိများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Update
ဗါးရှင်းလေးမှာ အရင်ကထက် Sticker ရုပ်ပုံများကို ပိုမို ဒေါင်းယူ
အသုံးပြုလို့ ရသလို၊ ဝယ်ယူရတဲ့ Sticker ပုံလေးတွေလည်း
အများကြီးပါဝင်လာပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ Viber
Downloader လေးကို ဒေါင်းယူပြီး Install ထည့်၊ Viber Activate ဖြစ်အောင်
မိမိတို့ ဖုန်းနံပါတ်နဲ့ လုပ်တတ် ၊ အသုံးပြုတတ်အောင်ပါ
ဒီပိုစ့်မှာ ပြန်လည်လုပ်ပြပေးထားပါတယ်..။
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း
ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို
ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber
ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့
ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး
အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း..
ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊
ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ
အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ Viber Update
မလုပ်မချင်း ကွန်ပျူတာမှာ အသုံးပြုလို့ ရနေပါတယ်..။ တချို့က အဲ့ဒီနည်းနဲ့
ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။
မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ အောက်ကလင့်ကနေ သွားလိုက်ပါ..။
http://www.viber.com/products/windows/
Viber Downloader လေးကို ၂-ချက်တောက်ပြီး Install
ထည့်လိုက်ရင် အောက်ကပုံလေးအတိုင်း အင်တာနက်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူပြီး
တခါတည်း Install ထည့်ပေး ပါလိမ့်မယ်..။
Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber
သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့
ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber
Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို
Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber
မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber
Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း
ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။
တချို့က ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။
အပေါ်ကပုံအတိုင်း ဖုန်းထဲမှာ Active ဖြစ်နေတဲ့ Viber နံပါတ်အမှန်ကို
ထည့်ပေးလိုက်ရင်တော့ အင်တာနက်ကနေ မိမိတို့ဖုန်းဆီကို Viber က ကုဒ် ၄-လုံး
ပို့ပေးပါတယ်..။ အဲ့ဒီကုဒ်တွေကို မှန်အောင် အောက်ကပုံအတိုင်း
ရိုက်ထည့်ပေးပြီး Enter Viber ကို ဆက်ကလစ်ပေးလိုက်ရင် မိမိတို့
ကွန်ပျူတာမှာ Viber ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။
အပေါ်ကပုံအတိုင်း Sticker အသစ်လေးတွေကို ဒေါင်းယူပေးမှာ ဖြစ်ပြီး
.. အောက်ကပုံကတော့ ကျနော် စမ်းသုံးထားတဲ့ ပုံလေးပါ..။ Free Voice Call နဲ့
Video Call တွေအပြင် SMS နဲ့ Sticker ပုံတွေကို ကောင်းစွာ
အသုံးပြုနိုင်ပါပြီ..။
မြန်မာစာ ပေါ်ဖို့ကတော့ အရင်ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း Notepad
မှာ ရေးပြီးမှ copy-paste နဲ့ ထည့်အသုံးပြုရမှာပါ..။ အားလုံးပဲ
အသုံးပြုတတ်၍ ပျော်ရွှင်နိုင်ကြပါစေ..http://lwinminbo.blogspot.com/2013/12/viber-for-pc-new-version.html
Viber Version အသစ်လေးပါ စတစ်ကာတွေအစုံပါပါတယ်...................
စတစ်ကာအသစ်ကလေးတွေလည်း ထပ်ဖြည့်ပြီး အသုံးပြုနိုင်ပါတယ်.......
အရင်တုန်းက viber အသံမရတဲ့ Huawei ဖုန်းတော်တော်များများလည်းအသုံးပြုနိုင်ပါပြီ
အသုံးပြုချင်ရင်တော့ အောက်မှာ
Download ယူနိုင်ပါတယ်............

11:45:00 PM
အမျိုးကောင်း သား