This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 17, 2013

Jang Sung-taek ဟာ မိန်းမလိုက်စားသူ ဖြစ်ပြီး၊ အရက်သောက်စားသူဖြစ်တယ်။ လောင်းကစားမှုမှာ အကြွေး ပေါင်စတာလင် ၆.၄သန်း တင်နေသူလို့ ဆို

ဇာနည်ကြီး - မြောက်ကိုးရီးယားခေါင်းဆောင် အရေးအခင်း

မြောက်ကိုးရီးယားခေါင်းဆောင် အရေးအခင်း
ဇာနည်ကြီး
ဒီဇင်ဘာ ၁၆၊ ၂၀၁၃


၂၀၁၁တုန်းက ကွယ်လွန်သွားတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong-il မှာ တစ်ဦးတည်းသော ညီမအရင်း Kim Kyung Hui ဆိုသူရှိပါတယ်။ အစ်ကို အုပ်ချုပ်စဉ်က ညီမဖြစ်သူဟာ ရာထူးကြီးများ ရခဲ့သူဖြစ်ပါတယ်။ မြောက်ကိုးရီးယားအင်ပါယာ ခေါင်းဆောင်သစ် အသက်၃၀အရွယ်  Kim Jong-un အာဏာရပြီး ၂နှစ်ကာလကို အဒေါ်ဖြစ်သူ Kim Kyung Hui နဲ့ သူမယောင်္ကျားဖြစ်သူ ဦးလေး Jang Sung-taek တို့က စောင့်ရှောက်ပေးခဲ့ပါတယ်။ ဦးလေးဖြစ်သူဟာ လက်ရှိ မြောက်ကိုးရီးယားမှာ ဒုတိယခေါင်းဆောင် အဆင့်ရှိသူ ဖြစ်ပါတယ်။  ဒီဇင်ဘာ ၂၀၁၃ သတင်းအရ ဦးလေးဖြစ်သူကို သေနပ်ပစ်အဖွဲ့နဲ့ သေဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ အဒေါ်ဖြစ်သူတို့ ဇနီးမောင်နှံမှာနိုင်ငံရေးတင်မကဘူး၊ အိမ်ထောင်ရေးအဆင်မပြေမှုများစွာရှိပုံပါပဲ။ မြောက်ကိုးရီးယား သတင်းထုတ်ပြန်ချက်အရ ဦးလေးဖြစ်သူ Jang Sung-taek ဟာ မိန်းမလိုက်စားသူ ဖြစ်ပြီး၊ အရက်သောက်စားသူဖြစ်တယ်။ လောင်းကစားမှုမှာ အကြွေး ပေါင်စတာလင် ၆.၄သန်း တင်နေသူလို့ ဆိုပါတယ်။ သူတို့ဆရာတပည့် အသိုင်းအဝိုင်းမှာ လိင်မှုဆိုင်ရ ရုပ်ပုံများနဲ့ အချင်းချင်းဖြန့်ဝေနေကြပြီး၊ ယိုယွင်းတဲ့အရင်းရှင်စရိုက်ဆိုးတွေ ရှိနေသူဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ကင်မ် အင်ပါယာ အာဏာကို ထိပါးလာမဲ့ အန္တရယ်ကို ရှင်းပစ်လိုက်ခြင်းဖြစ်ပါတယ်။ 
ခေါင်းဆောင် Kim Jong-un (အသက်၃၀) ကို နောက်ကထောက်ပို့ပေးနေသူ အမျိုးသမီး(၂)ဦးကတော့ သူ့ရဲ့ အဒေါ်အရင်း Kim Kyung-hui နဲ့ သူ့ဇနီးဖြစ်သူ Ri Sol-ju တို့ဖြစ်ပါတယ်။
ဦးလေးကို စိတ်ကုန်နေပြီဖြစ်တဲ့ ဇနီးလက်ချက်ပဲလို့ ဆိုပါတယ်။ အကြောင်းအချက်တွေ အများကြီးရှိပေမဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ သေဒဏ်ပေးခံရခြင်းဟာ ယောင်္ကျား လူမှုရေးအရှုပ်များကိုစိတ်ပျက်နေတဲ့ သူ့ဇနီးသည် Kim Kyung Hui ရဲ့လက်ချက်ပဲလို့ပြောဆိုကြပါတယ်။
ယခင်က Kim Jong-un ချစ်ကြိုက်ခဲ့ပြီး၊ အခြားစစ်ဗိုလ်ချုပ်တစ်ဦးရဲ့ သားနဲ့လက်ထပ်သွားတဲ့ ရီးစားဟောင်း Hyon Song-wol ကိုလည်း သေဒဏ်ပေးခဲ့ပါတယ်။ ခေါင်းဆောင် Kim ရဲ့ဇနီး လက်ချက်လို့ ပြောဆိုကြပါတယ်။ 
မြောက်ကိုးရီးယားအကျဉ်းထောင်များမှာ အကျဉ်းသား ၂သိန်းကျော် ရှိနေပြီး၊ သေဒဏ်ပေးခြင်းဟာ ယမန်နှစ်က ၁၇ဦး၊ ဒီနှစ်မှာ ၄၀ဦးထိ ရှိသွားပြီလို့ဆိုပါတယ်။ 

မြေက်ကိုးရီးယား ခေါင်းဆောင်သစ်လက်ထက်မှာ အမေရိကန်၊ ဂျပန်ကို အနုမြူလက်နက်၊ ဒုံးပျံများစမ်းသပ်ခြင်းနဲ့ ခြိမ်းချောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်တရုပ်ပြည်ရဲ့ ပုံစံအတိုင်း မြောက်ကိုးရီးယား စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒအသစ်နဲ့ စီးပွားရေးဖွင့်ပေးလိုက်ပါတယ်။ တရုပ်ပြည်က ကူညီပေးနေခြင်းဖြစ်ပါတယ်။ အခု ဦးလေးဖြစ်သူကို သေဒဏ်ပေးပြီး ကွပ်မျတ်လိုက်ခြင်းကို တရုပ်အစိုးရက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ စီးပွားရေးဖွင့်ပေးပြီးတဲ့နောက် ဘာဖြစ်လာမယ်မသိနိုင်ပေမဲ့ တောင်၊ မြောက် ကိုးရီးယား၂နိုင်ငံ တစ်ပေါင်းတစ်စည်း ဖြစ်သွားရင်တော့ တရုပ်နိုင်ငံကြီးအတွက် သိပ်မကောင်းလှဘူး။ တချိန်မှာတော့ တောင်မြောက် တစ်နိုင်ငံတည်းဖြစ်မှာသေချာပါတယ်။

သူငယ်ချင်း နားနီး သူငယ်ချင်း စိတ်ဓာတ်၊ အမူ အရာ ကူးဆက်........................









စိတ်ပညာရှင်တို့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ ယင်း အချက်ကတော့ သူငယ်ချင်း
အပေါင်းအသစ် တစ်စုံတစ်ယောက်၊ တစ်စု တစ်ဖွဲ့နဲ့ အတူနေထိုင်၊ သွားလာမှု များလေလေ သူတို့ရဲ့  အမူ
အကျင် နဲ့ စိတ်ဓာတ်တွေ ကိုယ့်ဆီ ပိုမို ရောက်ရှိ ကူးဆက်လေပဲ ဖြစ်ပါတယ်။

တကယ်အမှန်ပါပဲ။ စကားအပြောအဆို ကြမ်းတဲ့ ကလေး သူငယ်ချင်း များနဲ့ တွဲတာများတဲ့ ကလေးတွေမှာ
နည်းမျိုးစုံ ဆဲတတ်တဲ့ အကျင့်များ ပိုမို ရရှိလာပြီး ဘုရားကျောင်း နေ့တိုင်းတတ်တဲ့ ကလေးတွေနဲ့ ပေါင်းနဲ့
ကလေး များဟာ ဘာသာရေး ပိုမို ကိုင်းရှိုင်းတဲ့ အပြုအမှုပြောဆိုမှုများကို ပြုလုပ် သွားကြ တယ်လို့ ဆိုပါ
တယ်။

ဒါဟာ ကိုယ်တိုင်က ၎င်းတို့ဆီမှ အကျင့် ကူးချမယ်လို့ ခံယူချက် ထားလိုက်သည် မဟုတ်တိုင် မသိစိတ်က
အလိုအလျောက် ကူးချလိုက်ခြင်း ဖြစ်ပါတယ်။ မသိစိတ်ဆိုတာ မှတ်မှတ်သားသားမရှိသော စိတ်သဏ္ဍာန်
ကို ပြောတာပါ။ ကိုယ်က မဆဲတတ်ပေမယ့် ဆဲတတ်တဲ့ သူငယ် ချင်းများနဲ့ ပေါင်းလာတဲ့ ကလေးဟာ ဆဲ
တတ်ပြီး ရန်ဖြစ်တဲ့ ကလေးတွေနဲ့ ပေါင်းသူက ရန်လိုတဲ့ စိတ်ပိုများလာပါတယ်။

ကလေးတင်မဟုတ်ပါဘူး။ လူငယ်၊ လူကြီးတွေမှာလည်း ဖြစ်တတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။ အလုပ်
ကြိုးစားသူနဲ့ ပေါင်းသင်းမိတဲ့သူဟာ အလုပ်ကြိုးစားလိုစိတ် အလိုအလျောက်ရောက်ရှိပြီး တကယ် အ
လုပ်ကြိုးစား ပါတယ်။ ဒါကြောင့် အပေါင်းအသင်း မိတ်ဆွေ ဖွဲ့ရာမှာလည်း ကိုယ့်အတွက် ကောင်းကျိုးပို
ဖြစ်ထွန်းမယ့် အပေါင်းအသင်းမျိုး ကို ရွေး ချယ်စေဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

Ref: dyknow

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး

ရွှေကြွေးကျန် တစ်တန်ခွဲ ပေးသွင်းရန် ကုမ္ပဏီများကို ဒု-၀န်ကြီး သတိပေး ........................

Monday, December 16, 2013

ဝင်းကိုကိုလတ်၊ ထင်လင်းအောင်

နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ရွှေပိဿာချိန် ၁,၀၀၀ (တစ်တန်ခွဲနီးပါး) အမြန်ဆုံးပေးသွင်းရန် ရွှေ လုပ်ငန်းရှင်များသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ၁၁ ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ၁၁ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် တိုက်တွန်းသွားခြင်း ဖြစ်သည်။

“ရွှေလုပ်ကွက်တွေကနေ ပေးသွင်းဖို့ကျန်ရှိနေသေးတဲ့ ရွှေစင်ကျပ်သားတွေကို ဆက်လက်ပြီး အမြန်ဆုံး ပေးသွင်းသွားစေချင်ပါတယ်”ဟု ဦးသန်းထွန်းအောင်က ပြောသည်။

ရွှေလုပ်ကွက်လုပ်ကိုင်သူများသည် တစ်နှစ်လျှင် တစ်ဧကလုပ်ကွက်အတွက် နိုင်ငံတော်အား ရွှေစင် နှစ် ကျပ်သား ပေးသွင်းရခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ရွှေလုပ်ကွက်လုပ်ကိုင်သူအချို့ နိုင်ငံတော် သို့ ပေးသွင်းမှုမရှိသဖြင့် ကျန်ရှိနေခြင်းဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသံဒိုင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ဘယ်အချိန်နောက်ဆုံးထား ပေးသွင်းရမယ်ဆိုတဲ့ နောက်ဆုံးပေးသွင်းရက်ကို သတ်မှတ်ထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ အမြန်ဆုံးပေးသွင်းသွားဖို့အတွက်ကိုတော့ လုပ်ငန်းရှင်တွေကို ပြောထားပါတယ်” ဦး သံဒိုင်က ပြောသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ သတ္တုတွင်းဝန်ကြီးဌာနသို့ စာရင်းစစ် ၀င်ရောက်သည့် အချိန်တွင် ၂၀၀၇ ခုနှစ်မှစတင်ကာ ကုမ္ပဏီပေါင်း ၂၀၀ နီးပါးမှ ရွှေစင်ပိဿာချိန် ၁၀၀၀၊ တန်အားဖြင့် တစ်တန်ခွဲနီးပါး ပေးသွင်းရန် ကျန်ရှိနေခြင်းကို တွေ့ရှိရခြင်းဖြစ်သည်ဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဦးသံဒိုင်က ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံတွင် ရွှေသတ္တုတူးဖော်သည့် အကြီးစားလုပ်ကွက် ငါးကွက်နှင့် အသေးစားလုပ်ကွက် ၄၇၂ ကွက်ရှိရာ ယင်းတို့မှ ရွှေပေးသွင်းရန် ကျန် နေခြင်းဖြစ်သည်။

ယင်းသို့ ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်ကျပ်သားများကိုလည်း လုပ်ငန်းရှင်များထံမှ အမြန်ဆုံး တောင်းခံပေးသွားမည်ဟုလည်း သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ပြီးခဲ့သည့် ပထမအကြိမ်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ပြောဆိုထားသည်။

ရွှေလုပ်ကွက်လုပ်ကိုင်သူ လုပ်ငန်းရှင်များသည် ယခင်က နိုင်ငံတော်သို့ပေးသွင်းရမည့် ရွှေများကို လစဉ် နှစ်ကျပ်သား ပေးသွင်းခဲ့ရသော်လည်း ၂၀၁၁ ဇူလိုင်လမှစတင်ကာ တစ်နှစ်စာအတွက် ၂၄ ကျပ်သား တစ်ကြိမ်တည်း ပေးသွင်းရန် ပြောင်းလဲသည်။

နေပြည်တော်ဆီးဂိမ်းမှာ အား/ကာညွှန်မှူးက ကားမှန်ရိုက်ခွဲ ....................

Monday, December 16, 2013


ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ် ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။ 




“ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက်
လောက် ရှိပြီ။ ဘယ်သူကားလဲဆိုတာ သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင် ကားမှန်ရိုက်ခွဲလိုက်တာ”ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးကျော်မိုးဝင်း ကပြောသည်။ 

ကားပိုင်ရှင်မှာ ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်ကို ၄င်း ကားရပ်နားထားရာ Social Zone အတွင်း ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့ လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရ ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ 


“ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့ ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော်ကားကို တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေးမယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅) ရဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်” ဟု ကိုဗညားက ဆိုသည်။ 

“ ဗိုလ်မှူးကျော်မိုးဝင်းရဲ့ လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့ ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့ မျက်မြင် သက်သေတွေရှိတယ်” ဟု လည်း ကိုဗညား ပြောသည်။ 

နောက်ရက်များတွင် Social Zone အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။ 


ထက်နိုင်ဇော် ~ 





ခွန်အားဖြည့်မိငယ် ရာပြည့် (၁၉၇၇) ၊ ခင်မောင်တိုး (၁၉၈၁)



ငြိမ်းချမ်းအေး - ခွ န် အား ဖြ ည့် မိ င ယ်

ခွ န် အား ဖြ ည့် မိ င ယ်
ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၆၊ ၂၀၁၃


 ဂီတပညာရှင် ရာပြည့် (၁၉၅၅-၂၀၀၉)

၂၀၁၃ နှစ်ဦးကစလို့ မိုးမခ မှာ ဂီတပညာရှင်တွေ ရဲ့ ရုပ်ပုံလွှာတွေကို တတ်နိုင်သမျှ ပြုစုခဲ့တယ်။ အထူးသဖြင့် ကွယ်လွန်ပြီး စတီရီယို ခေတ်ပေါ် ဂီတ သမားတွေရဲ့ နှစ်လည်တွေမှာ သူတို့ အကြောင်း လက်လှမ်းမီသမျှ မှတ်တမ်းပြုရင်း မိုးမခ စာဖတ်ပရိသတ် အတွက် တင်ဆက်နိုင်ဖို့ ကြိုးစားခဲ့တယ်။  ဒီနှစ်မှာ ကျန်ခဲ့တဲ့ ပုဂ္ဂိုလ်များ ကိုလည်း နောင်နှစ်တွေမှာ လုပ်နိုင်ဖို့ မျှော်လင့်တယ်။ 
ဒီလို အစီအစဉ်တွေ လုပ်နိုင်ဖို့ အတွက် ဂီတအသိုင်းအဝန်း က ပုဂ္ဂိုလ်များကို ဆက်သွယ်ရ၊ စာမူတောင်းရ၊ ဓာတ်ပုံဟောင်းတွေ စုရ၊ သက်ဆိုင်ရာ သီချင်းတွေ ပြုလုပ်ရ၊ ကိုယ်တိုင် ရေးနိုင်တဲ့ အကြောင်းအရာ/လူပုဂ္ဂိုလ် ဆိုရင်လည်း ကိုယ်တိုင် ရေးရ ဆိုတော့ ပေးနိုင်သမျှ ကိုယ်ပိုင်အချိန်ကလေးတွေ အတွင်းမှာ အလျင်မမီနိုင် ဖြစ်ရတယ်။  လိုအပ်ချက်၊ အားနည်းချက်၊ အမှားအယွင်းတွေလည်း ရှိမှာပါပဲ။
ဒါ့အပြင် ဒီလို အစီအစဉ်တွေကိုပါ တွဲလုပ်ချင်တော့ တဖက်ကလည်း တခြား ဝါသနာ ပါ စူးနစ်ရာ အာသီသရှိ ရေးချင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ သမိုင်း၊ ပညာရေး၊ အားကစား၊ စီးပွားရေး နဲ့ မျက်မှောက်ရေးရာ ဆောင်းပါးတွေ ရေးဖို့ အားနည်း ခဲ့ရတာတွေ ရှိခဲ့တယ်။  အသံထွက်သင့်တဲ့ ကိစ္စ တချို့ အတွက် အသံထွက်ဖို့ ပျက်ကွက်ခဲ့ရတာတွေ ရှိခဲ့တယ်။
“…ရာသီစာ Cliché တွေနဲ့ ဟို သူ့ လွမ်း ဒီ သူ့ သတိရ Comfort Zone ထဲက ထွက်ခဲ့ကြပါလား။
ခင်ဗျား နေထိုင်တဲ့ လူ့အဖွဲ့အစည်းကြီးဟာ တကယ်တမ်း မယဉ်ကျေးလှပါဘူး။… လင်းထင်”
ဒီလို ပျက်ကွက် ရခြင်းဟာ အလိုမကျစရာ ပစ္စုပ္ပန် ကို ဖယ်ခွာချင်၊ ဝေဖန်သံ မညံရာ နေသားကျ အေးချမ်းရာ အရပ် အလွမ်းစာစု အပ်ကြောင်းထပ် “ကလီရှေး” တွေမှာပဲ ပုန်းလျှိုး ပျော်မွေ့ချင်တာလည်း ပါတယ် ဆိုတာ ဝန်ခံရပါမယ်။
ဒါပေမယ့် ဒီလို ဂီတ အနုပညာရှင်တွေကို တတ်စွမ်းသမျှ ပြန်လည် ဖော်ထုတ် မှတ်တမ်းပြုရခြင်း ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရသ အနုပညာရဲ့ လူ့အဖွဲ့အစည်း အပေါ် သက်ရောက်တဲ့ စွမ်းပကား ကို ယနေ့ခေတ် လူငယ်များ မြင်စေချင်၊ အသိအမှတ်ပြုစေချင်လို့ပါပဲ။  နိုင်ငံတခု တည်ထောင်ရာမှာ ရုပ်ဝတ္ထုပစ္စည်းချည်း၊ အတတ်ပညာချည်းပဲ ဇောင်းပေးလို့ မရဘဲ လူတွေရဲ့ ကျင့်ဝတ်၊ သီလ၊ စိတ္တ အာဟာရ ကို ဖွံ့ဖြိုးစေတဲ့ ရသ အနုပညာ  ကဏ္ဍကိုလည်း အလေးဂရုပြုရပါတယ်။  
ဗမာပြည်ဟာ နိုင်ငံရေး စနစ်ဆိုး ဒဏ်ကြောင့် ရသ အနုပညာ ပိုင်းမှာလည်း ချို့ငဲ့ ခဲ့ပါတယ်။  ခေတ်သစ် ပန်းချီ၊ ကဗျာ၊ စာပေ၊ ဂီတ အစစ အရာရာ အားလုံး နောက်ကျခဲ့ပါတယ်။  နောက်ကျမှုက ရာစုနဲ့ချီကို နောက်ကျခဲ့တာတွေ ရှိပါတယ်။  ဒါပေမယ့် ဗမာပြည်က အနုပညာရှင်များဟာ အဖက်ဖက် မပြည့်စုံ ချို့တဲ့မှုတွေကြားက၊ အတား အဆီး၊ အပိတ်အပင်၊ အတိုက်အခံ၊ ဝေဖန်မှုတွေကြားက နိုင်စွမ်းသလောက် လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းပေးခဲ့၊ ပေးနေကြတယ်။  ဒီအထဲက ဂီတ အနုပညာရှင်တွေ၊ အထူးသဖြင့် မျက်မှောက်ခေတ် လူငယ်များ သိသင့်၊ သိထိုက်သူ၊ အသိအမှတ်ပြုသင့်၊ အားကျသင့်သူ ဂီတပညာရှင်တွေကို ပြန်လည် ဖော်ထုတ် မှတ်တမ်းတင်ခြင်းဟာ ကျနော့် ရဲ့ မိုးမခ ဂီတ ရုပ်ပုံလွှာ အစီအစဉ်တွေရဲ့ ရည်ရွယ်ချက်ပါပဲ။
တခြား သူများလည်း အတူတူပဲ ဖြစ်မယ်ထင်ပါတယ်။  ဘာပဲဖြစ်ဖြစ် ကျနော့် တဦးတည်းအတွက်နဲ့ပဲ ဆိုရရင် လက်ရှိ ဘဝမှာ နေထိုင် ကျင့်ကြံ၊ တွေးခေါ် ရပ်တည်နေတဲ့ ခံယူချက် အားလုံးဟာ ကျောင်းသင်ခန်းစာ ပြင်ပ ငယ်ဘဝ  တလျှောက် စားသုံးလာခဲ့တဲ့ စာပေ၊ ဂီတ ရသအနုပညာ ပစ္စည်းတွေ နဲ့ လိုက်စားလာခဲ့တဲ့ အားကစား ကနေ ရယူခဲ့ပါတယ်။  ကျနော် လက်ရှိ ရေးသားနေသမျှ အာဘော်တွေကလည်း ဒီ ကြားခံ ပစ္စည်းတွေကပဲ လာခဲ့တာပါပဲ။  ကျနော် ကျောင်းခန်းထဲမှာ လေ့လာခဲ့တဲ့ အဆင့်မြင့် သင်္ချာ ပညာ ရပ် ဟာ ဒုံးပျံတွေကို လွှတ်တင်ကောင်း လွှတ်တင်နိုင်ပါမယ်။  အသက်မွေးဝမ်းကြောင်းဖို့ လေ့ကျင့်ခဲ့တဲ့ ကွန်ပျူတာ အစီအစဉ်ရေးဆွဲမှု အတတ်နည်းပညာက လေယာဉ်ပျံကြီးတွေကို ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါမယ်။  ဒါပေမယ့် ကျနော့် ကို လူသား တယောက်ရယ်လို့ ပီပီပြင်ပြင် ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင်ဖို့ ကြိုးစားချင်စိတ်ကိုတော့ စာပေ၊ ဂီတ နဲ့ အားကစား ကပဲ သင်ကြားပေးခဲ့ပါတယ်။
ဦးလတ်ကြီး သီချင်း အတိုင်း ဆိုရရင်တော့ ရာဇဝင် မဟာ သတ္တိတွေကို ဒီအထဲကပဲ ယူခဲ့ရပါတယ်။
ဒီသဘောကို လူအများ၊ အထူးသဖြင့် လူငယ်များ မြင်စေချင်၊ နားလည်စေချင်လို့ ဒီလို အမှတ်တရ စာစုတွေ၊ အလွမ်းတွေ၊ မှတ်တမ်းတွေ တနိုင် လုပ်နေခြင်းပါပဲ။
အထက်မှာ ကျနော့် ကို ကျင့်သားရ ပျော်မွေ့ရာ  Comfort Zone က နေ ထွက်ခဲ့ဖို့ သတိပေးခဲ့သူ ကိုလင်းထင် ရေးဖူးတဲ့ အကြောင်းအရာ ကလေးနဲ့လည်း  ဒီလို အစီအစဉ်တွေ လုပ်ရခြင်း သဘောကို ထပ်ဆင့် ရှင်းပြချင်ပါသေးတယ်။
သူ က ကျနော့်  ကို  လူ့အဖွဲ့အစည်းရဲ့ မျက်မှောက်ရေးရာ ပြဿနာ အစုစု အတွက် ကိုယ်ပိုင် အာဘော် အသံတွေ ပိုထွက်စေချင်လို့ အထက်ကလို သတိပေး တပ်လှန့်ဟန် တူတယ်။  ဒါပေမယ့် ဒီလို အစီအစဉ်တွေ၊ လွမ်းချင်းတွေရဲ့ သဘောကိုလည်း သူကိုယ်တိုင်လည်း နားလည်ပါတယ်။  ဟိုတလောက ပြည်တွင်း စာနယ်ဇင်း ဆောင်းပါးရှင် တယောက် ရဲ့ ဆေးလိပ်ဆန့်ကျင်ရေး ဆောင်းပါး မှာ ဆရာကြီး တင်မိုး ရဲ့ နာမည်ကျော် ကဗျာ “ဧည့်သည်ကြီး” ကို ယူသုံးပြီး ကဗျာရေးသူ မသိလို့ သိသူများ ပြောပြပါ ဆိုတဲ့ အသံ  ကြားရတော့ သူကိုယ်တိုင် ဘုရားတပြီး.. အောက်ပါ အတိုင်း ရေးခဲ့ဖူးတယ်။
“… တင်မိုးကို မသိတော့တဲ့ အန္တရာယ်ဟာ ဆေးလိပ် အန္တရာယ်အောက် မလျော့ဘူးလို့ ကျနော် တွေးနေမိတယ်။  တင်မိုးကိုမသိရင် ဇော်ဂျီ၊ မင်းသုဝဏ်ကို ဘယ်လိုသိမလဲ၊ ဒဂုန်တာရာကို ဘယ်လိုသိမလဲ၊ သခင်ကိုယ်တော်မှိုင်း ကို ဘယ်လိုသိမလဲ။  သူတို့ မပါတဲ့ ဗမာပြည်ဆိုရင် ၀ိညာဉ်မဲ့တဲ့ တိုင်းပြည် ဖြစ်သွားမှာပဲ၊ လူ့ရွာယောင် ဆောင်ရတဲ့ ကြတ်ကုန်းတစပြင်နှယ် ရှိမှာပဲ။
ကျနော် ယုံတာကတော့ လူတွေရဲ့ နေထိုင်မှု ဘ၀ဟန်ပန် ဆင့်ကဲ တိုးတက် ပြောင်းလဲတယ် ဆိုရာမှာ Humanity ဆိုတဲ့ တရားကိုယ် အကြောင်းကြီး ထင်ရှား ထွန်းကားပါမှ တာဝန်ယူ သိတတ်မှုတွေ မြင့်တက်လာရတာနဲ့ တိုက်ရိုက်အချိုးကျတာ ဖြစ်တယ်။
Humanity ဆိုတာ လူဖြစ်ရခြင်းရဲ့ အလင်းဘက်ခြမ်းက ကောင်းမွန်သော အရည်အသွေးကို ဆိုလိုတယ်။  ဂျက်လန်ဒန်ရဲ့ ပင်လယ်ဝံပုလွေထဲက ဇာတ်ကောင် ၀ံပုလွေလာဆင် နဲ့ ပုံဖော်ကိုယ်စားပြုတဲ့ တိရိစ္ဆာန်ဗီဇစိတ် အားလုံးကို ဖိနှိပ်ချူပ်တည်း အောင်နိုင်ထားတဲ့ လူသားရဲ့ ကောင်းမြတ်ခြင်းဘက် အခြမ်းက မျက်နှာစာ ဖြစ်တယ်။
ဒီ Humanity ကြီးထွားပါမှ လူဟာ မိမိကိုယ်ကိုယ် အပါအ၀င် ကိုယ်ရှင်နေရတဲ့ အ၀န်းအ၀ိုင်းပေါ်မှာ တာဝန်ယူလိုစိတ် ရှိလာမှာဖြစ်တယ်။  ဒီတာဝန်ယူစိတ်နဲ့ မကောင်းသော အကျင့်အကြံ ဘ၀ဟန်ပန်တွေကို စွန့်ခွာပစ်ကြတာပဲ။
စာရင်းအင်း အချက်အလက်တွေ၊ သိပ္ပံတွေ့ရှိချက်တွေ သက်သက်က ဒီ Humanity ထွန်းကားဖို့ အကောင်းတရားဘက်ဆီ မျက်မှောက်ပြုဖို့ တိရိစ္ဆာန် ဗီဇစိတ်ကို ဖိနှိပ်ဖို့ လှုံ့ဆော်နိုင်စွမ်း မရှိ၊ ၀ိညာဉ်မဲ့သူတို့ရဲ့ Manipulate လုပ်ခြင်းတောင် လူ့သမိုင်းမှာ ခံရသမို့ သမိုင်းယောင် သိပ္ပံယောင် (Pseudohistory and Pseudoscience) တွေနဲ့ အခိုင်အမာ ဆောက်တည်တဲ့ ဖက်ဆစ်ဝါဒလိုမျိုး ပေါ်ထွန်းခဲ့တာ မဟုတ်လား။
ဒီတော့ တင်မိုးကို ဘာလို့ သိရမှာလဲ၊ Humanity ထွန်းကားအောင်လို့။
လင်းထင်…”
ဆိုတော့ လူသား ရဲ့ အဓိပ္ပာယ်၊ ဖြစ်တည်မှု၊ လူသားဝါဒ ဗြဟ္မစိုရ် တရားထွန်းကားမှုမှာ ရသ အနုပညာ ရဲ့ အစွမ်း မရှမဖြစ် အရေးပါပုံကို ကျနော် တင်ဆက်နေတဲ့ အစီအစဉ် တွေကနေ မိုးမခ စာဖတ် ပရိသတ် အထူးသဖြင့် လူငယ် များ အနည်းငယ် ဖြစ်ဖြစ် သိမြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒါကတော့ ဂီတအနုပညာရှင်တွေရဲ့ အမှတ်တရ ရုပ်ပုံလွှာ အစီအစဉ်တွေရဲ့ သဘောကို နှစ်ကုန်မှာ အရှည် ရှင်းပြခြင်းပါ။
ဒီနေ့ အစီအစဉ်ကတော့ အမှန်က အရင် တပတ် က တင်ဆက်ဖို့ပါ။  အချိန်မပေးနိုင်ခဲ့လို့ နောက်ကျသွားခြင်းပါ။  ပြီးခဲ့တဲ့ ဒီဇင်ဘာ (၉) ရက်နေ့က ကွယ်လွန်ခြင်း (၄) နှစ်ပြည့်ခဲ့တဲ့ တေးရေး/တေးဆို ရာပြည့် နှစ်လည် အမှတ်တရ အစီအစဉ်ပါ။
၈၀ ခုနှစ်များ ၏ ဗမာ ကိုယ်ပိုင်သံစဉ် ဂီတလောကကို သိမ်းပိုက်ခဲ့သည့် ဂီတညီအစ်ကိုသုံးဦး “ခိုင်မိုးပြည့်”
ဝဲမှယာ - မိုးကျော်၊ ရာပြည့်၊ ခိုင်ထူး
ရာပြည့် ၏ ဂီတ ဘဝ အကျဉ်း
ရာပြည့် ကို အဖ ဦးဘာဘာ၊ အမိ ဒေါ်တင်တင်လှ တို့က ၁၉၅၅ ခုနှစ် ၌ မွေးဖွားခဲ့သည်။  သားအငယ်ဆုံး ဖြစ်ပြီး မွေးချင်းမောင်နှမ လေးယောက် ရှိသည်။ အမည်ရင်းမှာ ကိုတင့်လွင် ဖြစ်သည်။  ရာပြည့်သည် ၁၉၇၆ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “မှိုင်းရာပြည့်” ကျောင်းသား အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး နိုင်ငံရေးသီချင်းများ စတင်ရေးသားခဲ့သည်။  အရေးတော်ပုံကြီးအား ဂုဏ်ပြုသောအားဖြင့် အနုပညာ အမည်ကို “ရာပြည့်” ဟု ယူခဲ့သည်။
၁၉၇၇ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူ သက်နိုင်ဦး (Richard) ၏ “ကြယ်ကြွေချိန် ညလေးတစ်ည” တေးစု ၌ ဧည့်သည် အဆိုအဖြစ် ဝင်ရောက် သီဆိုရင်း ဂီတလောက သို့ စတင်ဝင်ရောက်ခဲ့သည်။  ၁၉၈၀ ခုနှစ်များတွင် “သတိမမူဂူမမြင်” ၊ “နဒီမင်္ဂလာ” နှင့် “တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့” တကိုယ်တော် တေးစု သုံးခု ဆက်လက်ထွက်ရှိနိုင်ခဲ့ပြီး အောင်မြင်မှု ရခဲ့သည်။ 
ရာပြည့်သည် တေးရေးဆရာ တယောက် အနေဖြင့်လည်း မြန်မာ ကိုယ်ပိုင်သံစဉ် ဂီတလောက၌ ထင်ရှားအောင်မြင်ခဲ့သည်။  သူငယ်ချင်းများဖြစ်သူ ခိုင်ထူး၊ မိုးကျော် တို့ဖြင့် “ခိုင်၊မိုး၊ပြည့်” ဟု သုံးယောက်တွဲ အနုပညာ နာမည် ယူကာလည်း ကိုယ်ပိုင်သံစဉ် တေးသီချင်းပေါင်းများစွာ စပ်ဆိုခဲ့သည်။  အဆိုတော် ခိုင်ထူး အတွက် ပထမ တေးစု (ရီဇော် နှင့်တွဲ) “တေးမြုံငှက် (၁၉၇၉)” ထွက်ရှိစဉ်ကတည်းကပင် တေးသီချင်းများ ရေးပေးခဲ့သည်။  ရာပြည့်သည် ခိုင်ထူး၊ မိုးကျော် အပြင် ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် အစရှိသည့် မဇ္စျိမလှိုင်းအုပ်စု တေးရေးဆရာများ၊ အဆိုတော် မွန်းအောင်၊ စိုးလွင်လွင် တို့ ဖြင့်လည်း ဂီတလောကတွင် အတွဲများခဲ့သည်။
ရာပြည့် ရေး အောင်မြင်ကျော်ကြားခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများစွာအနက် “အဝေးဆုံး (စာသား - ရာပြည့် ၊ သံစဉ် - ခိုင်ထူး ၊ ခိုင်ထူး ဆို)”၊ “ချစ်ခြင်းရဲ့ အပြစ်ဒဏ် (ခိုင်ထူး ဆို)” “မကောင်းလည်းကိုယ် ကောင်းလည်းကိုယ် (ခိုင်ထူးနှင့် တွဲရေး ၊ ခိုင်ထူး ဆို)”၊ “(၈၄) ရက်စက်တယ် (သားထွေးနှင့် တွဲရေး ၊ ခိုင်ထူး ဆို)”၊ ”ခရေ (ကိုယ်တိုင် ဆို ၊ နောင် စိုးလွင်လွင် ပြန်ဆို)” “အမေ (စိုးလွင်လွင် ဆို ၊ နောင် ထူးအိမ်သင် ပြန်ဆို)”၊ သူငယ်ချင်းဖြစ်သူ မိုးကျော် အမှတ်တရ “တေးမြုံငှက်သို့ တမ်းချင်း” တို့ ဟာ အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။
၁၉၈၈ ခုနှစ် “ရှစ်လေးလုံး” လူထုအရေးတော်ပုံကြီး အပြီးတွင် ပြည်ပ သို့ ထွက်ခွာသွားခဲ့ပြီး အမေရိကန်ပြည်ထောင်စု၌ အခြေချနေထိုင်ခဲ့၍ ဗမာ့ ဂီတလောက နှင့် အဆက်ပြတ်သွားခဲ့သော်လည်း ရာပြည့် သီဆို၊ ရေးသားခဲ့သော တေးသီချင်းကောင်း များစွာဟာ ပြန်လည် သီဆိုမှုများစွာဖြင့် ပြည်တွင်း၌ ဆက်လက်အောင်မြင်လျက်ပင် ဖြစ်ခဲ့သည်။
ရာပြည့်သည် အသက် (၅၄) နှစ်အရွယ် ၂၀၀၉ ခုနှစ် ၊ ဒီဇင်ဘာ (၉)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ၊ ဆန်ဖရန်စစ္စကိုမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။
မှတ်တမ်း စုဆောင်း အကျဉ်း ပြုစုသူ - ငြိမ်းချမ်းအေး
----
ကိုရာပြည့်က စာသားဘက်မှာ အားကောင်းတယ်။  စာသားတွေ ဘာတွေ ရေးပြီးတဲ့ အခါမျိုးကျရင် ပိုပို အဲဒါပဲလို့ ကျွန်တော့်ကို ချပြတဲ့အခါမျိုးမှာ ကျွန်တော်က ဒါကို သံစဉ်ထည့်ရမယ် ဆိုတာ မပြောဘဲနဲ့ နားလည်တယ်။  သီချင်း ဖြစ်လာတဲ့ အခါကျတော့ နှစ်ယောက်လုံး ရင်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်ပေါ့.. ၊ ပျော်တဲ့ ခံစားချက်ပေါ့။ သီချင်းတပုဒ် ဖြစ်လာတဲ့ ခံစားချက်ပေါ့။  အဲဒါလေးအတွက်ပဲ သူနဲ့တွဲဖြစ်တာပါ။
ကိုမိုးကျော် မရှိတဲ့ နောက်ပိုင်း ကိုရာပြည့်ဟာ အဖော်မရှိသလို ဖြစ်နေတယ်။  ကိုမိုးကျော် အကြောင်းကို ပြောရင်းနဲ့ မိုးလင်းတဲ့ ရက်တွေအများကြီးပဲ။  သူရယ်၊ ကိုမိုးကျော်ရယ် ဂီတနဲ့ပတ်သက်ပြီး အရှေ့ကို ရည်ရွယ် မျှော်လင့်ထားတာတွေ အများကြီးရှိတယ်။  ကိုရာပြည့်က သဘောင်္လိုက်ပြီးတော့ ပိုက်ဆံရှာမယ်ပေါ့။  ရတဲ့ ပိုက်ဆံတွေနဲ့ လုပ်ဖို့ရှိကြတယ်။  ကိုမိုးကျော် မရှိတဲ့အခါကျတော့ ဒါတွေက မလုပ်ဖြစ်တော့ဘူး။  ကိုမိုးကျော် ဖြစ်ချင်တာတွေကို ကိုရာပြည့်က လုပ်မပေးလိုက်ရဘူး။  ကိုမိုးကျော်လို လူမျိုးက ရှိတော့မှာ မဟုတ်ပါဘူး။ သူမရှိတော့ ကိုရာပြည့်လည်း လုပ်ချင်တာလုပ်လို့မရတော့ဘူးပေါ့ဗျာ။
(ရေးဖေါ် နောင်တော် ဂီတ ညီအစ်ကို ရာပြည့်၊ မိုးကျော် အကြောင်း တေးရေး/တေးဆို စိုးလွင်လွင် (၁၉၆၂-၁၉၉၉) ပြောပြခဲ့သည့် အချက်တချို့ကို စိုးလွင်လွင် ၏ စာနယ်ဇင်း မေးမြန်းခန်း မှ ကောက်နှုတ်ချက်)
---
အခု ရာပြည့် အမှတ်တရ အစီအစဉ် အတွက် မိုးမခ ပရိသတ် နားဆင်ဖို့ သီချင်း စဉ်းစားတော့ ရာပြည့် ကိုယ်တိုင် ရေး/ဆို သီချင်းကောင်း အများအပြားကို အရင် စဉ်းစားမိပေမယ့်  ကိုနေဝင်း ရေး “ခွန်အားဖြည့်မိငယ်” သီချင်းကိုပဲ နောက်ဆုံး ရွေးဖြစ်လိုက်တယ်။  “ခွန်အားဖြည့်မိငယ်” ကို ရာပြည့် က သူ့ရဲ့ ဂီတ ဘဝအစ မှာပဲ လူမသိတသိနဲ့ သီဆိုခဲ့တယ်။  ဒါကြောင့် အမှတ်တရပြု ရွေးရခြင်း ဖြစ်တယ်။  ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ က အသက် (၆၃) နှစ်ပြည့် ခဲ့တဲ့ ဂီတစာဆို ကိုနေဝင်း (၁၉၅၀ ဖွား) ကိုလည်း တပါတည်း ဂုဏ်ပြုချင်တာလည်း ပါတယ်။  “ခွန်အားဖြည့်မိငယ်” သီချင်းကို နောင်ပိုင်း ခေတ်တလျှောက် ပရိသတ်များ အကြား အထူးရေပန်းစား ထင်ရှား အောင်မြင်အောင် သီဆိုသွားခဲ့တဲ့ မနှစ်ကပဲ ကွယ်လွန်ခဲ့ရှာသူ ဂီတပညာရှင် ခင်မောင်တိုး (၁၉၅၀-၂၀၁၂) ကိုလည်း အမှတ်တရ ထပ်မံ ပြုချင်တာလည်း ပါပါတယ်။
ဒါတွေအပြင် “ခွန်အားဖြည့်မိငယ်” သီချင်းဟာ လက်ရှိ ဗမာပြည် အခြေအနေနဲ့ ကိုက်ညီ၊ ပုံဖော် အားဖြစ်စေလို့ ရွေးရခြင်းလည်း ဖြစ်တယ်။  ၉၀ ခုနှစ်များ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် အချိန်တွေမှာ နဝတ စစ်ဗိုလ်ချုပ်ကြီးတွေဟာ “ခွန်အားဖြည့်မိငယ်” သီချင်းကို အလာဂျီ ဖြစ် မျက်မုန်းကျိုးကာ တားဆီးပိတ်ပင်တာတွေ ရှိခဲ့ဖူးတယ်။  ယောက်ျား ဘသား စစ်ဗိုလ်ကြီးများ ကို အံတု နေသူ အမျိုးသမီးငယ် ကို အားဖြစ်စေတယ် ဆိုတဲ့ အတွေးနဲ့ပေါ့..။  အခုတော့ ခေတ်တွေလည်း ပြောင်းပြီလို့ ဆိုကြပါတယ်။  ဒေါ်အောင်ဆန်းစုကြည် တယောက်လည်း စစ်လွှတ်တော် ကို ရောက်ရှိလို့နေပါပြီ..။  သီချင်း အဆိုရှင် တဦးဖြစ်သူ ခင်မောင်တိုး ကိုယ်တိုင်လည်း “ခွန်အားဖြည့်မိငယ်”ကို ခေါင်းစီးတေး အနေနဲ့ မဆုံးခင် ၂၀၁၂ မှာပဲ နောက်ဆုံး သီဆို တေးစု ထွက်ရှိခဲ့တယ်။   
ဒါပေမယ့် မိငယ် ရင်ဆိုင် ရမယ့် လမ်းကြမ်းခရီးကတော့ မချောမွေ့၊ မဖြောင့်ဖြူးသေးပါဘူး။  ရင်ဆိုင်ရန် ခွန်အားတွေဖြည့်ဖို့ရာ ရှေ့ဆက် အများကြီးလိုနေပါသေးတယ်။  ဒီ “မိငယ်” ကတော့ လူဆိုးကြီးများရဲ့ စစ်အာဏာရှင် စနစ်ဆိုး ဒဏ်ကို အသွင်ပြောင်း ဆက်လက် ခံနေရဆဲ ဖြစ်တဲ့ ဗမာပြည် ဆိုတဲ့ “မိငယ်” ဖြစ်ပါတယ်။  
ငို့ဘသမား စစ်အုပ်စု ရဲ့ မတရားဖိနှိပ်နေဆဲ.. အန္တရာယ်.. ဓား.. တွေ.. အထပ်.. ထပ်.. ရှေ့မှာ ကာရံနေဆဲ ဖြစ်တာကြောင့် ဗမာပြည် ဆိုတဲ့ “မိငယ်” ဟာ ခွန်အားဖြည့်ဖို့လိုနေဆဲဖြစ်ကြောင်း မိုးမခ ပရိသတ်ကို နှိုးဆော် အသိပေးရင်း ရာပြည့် နှစ်လည် အမှတ်တရ အစီအစဉ် ကို “ခွန်အားဖြည့်မိငယ်” သီချင်းလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ရာပြည့် သီချင်းများ ရှင်သန်စေ..။
ခင်မောင်တိုး သီချင်းများ ရှင်သန်စေ..။
ကိုနေဝင်း တယောက် ကျန်းမာစေ..။
ဗမာ့ ဂီတ ချမ်းသာစေ..။
(ဗမာပြည်ဆိုတဲ့…)
မိငယ် တယောက်လည်း ခွန်အားဖြည့်နိုင်စေ..။
နေဝင်ညကို.. ကူးဖြတ်ပြီးမှ.. ရောင်နီသာတဲ့.. နေ့သစ်ကို.. ရောက်မယ်..
ယုံကြည်ခြင်းနဲ့.. ကြိုးစားထားမှ.. တချိန်မှာ.. အောင်မြင်.. လွတ်မြောက်မယ်.. မဟုတ်လား..
သံသရာ.. လမ်းဟာ.. မချောမွေ့တတ်တော့.. တာဝန်ကိုယ်စီ.. အားတင်း.. ရှေ့ဆက်လှမ်း..

အရှုံးမပေးနဲ့.. မိငယ်ရေ.. ရဲရင့်မှ.. ကျော်ဖြတ်သွား..
အများ.. အကျိုး.. အတွက်.. တာဝန်..  ထမ်းရွက်တဲ့.. အခါ..
တကယ်.. ကိုယ်ကျိုး.. စွန့်နိုင်မှ..

ဒီရေ.. လှိုင်း.. တွေ.. တရိပ်ရိပ်.. တက်တော့.. ပင်လယ်ပြင်ဟာ.. လှုပ်ခတ်.. ရစမြဲလေ..
အန္တရာယ်.. ဓား.. တွေ.. အထပ်.. ထပ်.. ရှေ့က.. ကာရံ.. ကွယ်.. ၍.. တားဆီး.. နေပါစေ..
ဉာဏ်.. မြေကတုတ်ဟာ (မှာ).. စွမ်းအား.. သတ္တိ.. တမန်တော်ဟာ.. သတိတရား.. မင်း.. မမေ့နဲ့ဦး..

နေဝင်ညကို.. ကူးဖြတ်ရဲမှ.. ရောင်နီသာတဲ့.. နေ့သစ်ကို.. ရမယ်..
ယုံကြည်ခြင်းနဲ့.. ကြိုးစားထားမှ.. တချိန်မှာ.. အောင်မြင်.. လွတ်မြောက်နိုင်မယ်လေ..
သံသရာ.. လမ်းဟာ.. မချောမွေ့တတ်တော့.. ရင်ဆိုင်ရန်.. ခွန်အားဖြည့်.. မိငယ်.. ရေ..
သံသရာ.. လမ်းဟာ.. မချောမွေ့တတ်တော့.. ရင်ဆိုင်ရန်.. ခွန်အားဖြည့်.. မိငယ်.. ရေ..

ခွန်အားဖြည့် မိငယ် (Two Versions)၊ သံစဉ်/စာသား - ကိုနေဝင်း (မောင့်လပြည့်ဝန်း / မဇ္ဈိမလှိုင်း)၊ တေးဆို - ရာပြည့် (၁၉၇၇) ၊ ခင်မောင်တိုး (၁၉၈၁)


ရေးသားစီစဉ်တင်ဆက်သူ - ငြိမ်းချမ်းအေး
၁၆၊ ဒီဇင်ဘာ၊ ၂၀၁၃

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာနိုင်ပြီ.....................


လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာနိုင်ပြီ..

ပရိသတ်....

ဒီနေ့ အင်ဒိုနဲ့ ပွဲမှာ ပရိသတ်ပေါက်ကွဲ တာကို အပြစ်တင် မစောကြပါနဲ့ ကိုယ့်မြန်မာအသင်းကို ဖြစ်စေချင်တဲ့ဇော၊ နိုင်စေချင်တဲ့ဇောကြောင့် ဝင်ခွင့်လက်မှတ်ကို ပုဆိုးမနိုင် ပုဝါမနိုင် နေပူကြဲတဲမှာ တိုးကြိတ်ဝယ်ယူ၊ မရတော့လည်း ရှိတာလေး ပေါင်နှံမှောင်ခိုဈေးမှာ ၁၀ဆမက ဈေးနဲ့ဝယ်ယူ...။ အလုပ်ပျက်၊ အကိုင်ပျက် ရည်မှန်းချက် မျှော်မှန်းချက်တွေ အပြည့်နဲ့ အားပေးခဲ့ရရှာတာပါ..။ ရှုံးပြီဆိုတဲ့ အသိကို လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့ အချိန်မှာ Tempo မထိန်းနိုင်တဲ့ ပရိသတ်အချို့ ပေါက်ကွဲခဲ့ကြပြီပေါ့..။
ဘောလုံးကွင်းထဲမှာ သံပြိုင်အားပေး၊ တက်လာတဲ့ Tempo ကိုရှုံးတယ်ဆိုတဲ့ Breakဆွဲချလိုက်တော့ အရှိန်မထိန်းနိုင်ပဲ ပေါက်ကွဲမှုတွေ ဖြစ်ကုန်ကြရရှာပြီပေါ့..။ ကိုယ့်ပြည်ကိုယ့်မြေမှာ အုပ်စုပွဲမှာပင် ထွက်ရတယ်ဆိုတဲ့ ရလဒ်ဟာ ပရိသတ်အတွက် ခဲလေသမျှ သဲရေကျခဲ့ရတာပါ..။

မြန်မာအသင်း...

ဂိုးတလုံးဝင်ရင် သိန်းတရာ(ဒေါ်လာ၁သောင်း)ဆိုတဲ့ ဘဏ်တခုရဲ့ ငါးစာဟာလည်း ဘောလုံးသမားတွေအတွက် အိပ်မက်တခု ဖြစ်စေသလို Selfish ဆိုတဲ့ စိတ်ဓာတ်ကို ရိုက်သွင်းပေးသလို ဖြစ်နေတော့ မြန်မာနိုင်ငံလို ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း ထပ်တူကြဖို့ မဖြစ်နိုင်တဲ့ အားကစားသမားတွေ အတွက် သိန်းတရာအရေး သူနိုင်ကိုယ်နိုင် အပြိုင်သွင်းကြပြီပေါ့။ ဒီပွဲကို ပြန်ကြည့်လိုက်တော့လည်း ပယ်နယ်တီဆိုတဲ့ အဆုံးအဖြတ် တခုဟာ အနိုင်အရှုံးရဲ့ အဖြေဖြစ်ခဲ့ရပါတယ်..။

နည်းပြ...

ဒီနေ့ Lineup စကတည်းက သရေဆိုရင် တက်ပြီဆိုတဲ့ တက်မ ထောင်မှုနဲ့ အရံတွေကို ထုတ်သုံး ပြိုင်ဘက်အသင်းကို အထင်သေး လူရွေးမှား လူသွင်းမှားတဲ့ အဓိကတာဝန်ရှိသူ တဦးလို့ မြင်ပါတယ်...။

ဒိုင်...

ဒိုင်သူ့အလုပ် သူလုပ်တယ်ဆိုပေမယ့် ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်သလို မလိုအပ်ပဲ ပစ်ဒဏ်ဘောတွေ ပေးနေတဲ့အတွက် ဝီစီသံတရွှင်ရွှင်နဲ့ ဘောလုံးအရသာ ပျက်ခဲ့ရပါတယ်..။

ပရိသတ်.. အတိုင်းထက်အလွန် အားပေးခဲ့ကြသည်။ ရည်မှန်းချက် ကြီးမားခဲ့ကြသည်.။

သို့ပေတည့် ကျွန်တော်တို့တတွေ ဘယ်လောက်ပင် ဘောလုံးသမားတွေ ကောင်းကောင်း လူမှန် နေရာမှန် မသုံးတတ်သရွေ့၊ အားကစားနဲ့ အသက်မွေးဝမ်းကြောင်းမှု တထပ်တည်း မကျသရွေ့၊ ဘောလုံးနဲ့ အားကစားကို ငယ်စဉ်ကတည်းက ကျောင်းတွေမှာ လေ့ကျင့်မပျိုးထောင်သရွေ့၊ ကျောင်းတိုင်းမှာ ကစားကွင်းတွေ သတ်သတ်မှတ်မှတ် မထားပေးသရွေ့၊ ဘယ်လောက်ပင် တော်တော် လူကြီးနဲ့ နီးစပ်သူတွေ အကပ်ကောင်းသူတွေသာ ရွေးချယ်ခံရတဲ့ လူကြီးခေတ် မကုန်သရွေ့၊ မီးခဲပြာဖုံးတွေ အပေါ်မရောက်သရွေ့၊ ရွှေပြည်တော် မျှော်လေတိုင်းဝေးနေဦးမှာပါ။

အချုပ်အားဖြင့် ဆိုသော်...
မြန်မာဘောလုံးအသင်းကို နိုင်စေချင်တဲ့ ကျွန်တော်တို့တတွေ
မြန်မာဘောလုံးအသင်း ကိုယ့်နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေသရွေ့ မှတပါး အခြားမရှိသည့်အတွက် ဆက်လက် အားပေးနေကြရဦးမှာပါ..။

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာဆိုတဲ့ အိပ်ပျော်နေတဲ့ နဂါး ပြန်လည် နိုးထလာမှာပါ..။
ဒီမိုဝေယံ

Monday, December 16, 2013

Viber for PC (New Version) .......................

PC တွေအတွက် Viber ဗါးရှင်းအသစ်လေးပါ..။ Update အသစ်ထွက်နေတာ တစ်ပါတ်ခန့်ရှိသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီ Update အသစ်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ ကွန်ပျူတာနဲ့ ဖုန်းတွေကို အလွယ်တကူ ဆက်သွယ်လို့ ရစေမယ့်၊ Free Voice Call , Free Video Call, Free SMS တွေကို မိမိတို့ စိတ်ကြိုက် အသုံးပြုလို့ ရစေတဲ့အတွက် လူသိများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Update ဗါးရှင်းလေးမှာ အရင်ကထက် Sticker ရုပ်ပုံများကို ပိုမို ဒေါင်းယူ အသုံးပြုလို့ ရသလို၊ ဝယ်ယူရတဲ့ Sticker ပုံလေးတွေလည်း အများကြီးပါဝင်လာပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ Viber Downloader လေးကို ဒေါင်းယူပြီး Install ထည့်၊ Viber Activate ဖြစ်အောင် မိမိတို့ ဖုန်းနံပါတ်နဲ့ လုပ်တတ် ၊ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည်လုပ်ပြပေးထားပါတယ်..။ 
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ Viber Update မလုပ်မချင်း ကွန်ပျူတာမှာ အသုံးပြုလို့ ရနေပါတယ်..။ တချို့က အဲ့ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။

မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ အောက်ကလင့်ကနေ သွားလိုက်ပါ..။
http://www.viber.com/products/windows/
Viber Downloader လေးကို ၂-ချက်တောက်ပြီး Install ထည့်လိုက်ရင် အောက်ကပုံလေးအတိုင်း အင်တာနက်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူပြီး တခါတည်း Install ထည့်ပေး ပါလိမ့်မယ်..။


Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ တချို့က ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။


အပေါ်ကပုံအတိုင်း ဖုန်းထဲမှာ Active ဖြစ်နေတဲ့ Viber နံပါတ်အမှန်ကို ထည့်ပေးလိုက်ရင်တော့ အင်တာနက်ကနေ မိမိတို့ဖုန်းဆီကို Viber က ကုဒ် ၄-လုံး ပို့ပေးပါတယ်..။ အဲ့ဒီကုဒ်တွေကို မှန်အောင် အောက်ကပုံအတိုင်း ရိုက်ထည့်ပေးပြီး Enter Viber ကို ဆက်ကလစ်ပေးလိုက်ရင် မိမိတို့ ကွန်ပျူတာမှာ Viber ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။




အပေါ်ကပုံအတိုင်း Sticker အသစ်လေးတွေကို ဒေါင်းယူပေးမှာ ဖြစ်ပြီး .. အောက်ကပုံကတော့ ကျနော် စမ်းသုံးထားတဲ့ ပုံလေးပါ..။ Free Voice Call နဲ့ Video Call တွေအပြင် SMS နဲ့ Sticker ပုံတွေကို ကောင်းစွာ အသုံးပြုနိုင်ပါပြီ..။

မြန်မာစာ ပေါ်ဖို့ကတော့ အရင်ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း Notepad မှာ ရေးပြီးမှ copy-paste နဲ့ ထည့်အသုံးပြုရမှာပါ..။ အားလုံးပဲ အသုံးပြုတတ်၍ ပျော်ရွှင်နိုင်ကြပါစေ..http://lwinminbo.blogspot.com/2013/12/viber-for-pc-new-version.html

Viber Version အသစ်လေးပါ စတစ်ကာတွေအစုံပါပါတယ်...................

ဒီအသစ်ကလေးကတော့ လိုင်းသိပ်မကောင်းလည်းပြောလို့အဆင်ပြေပါတယ်...........
စတစ်ကာအသစ်ကလေးတွေလည်း ထပ်ဖြည့်ပြီး အသုံးပြုနိုင်ပါတယ်.......
အရင်တုန်းက viber အသံမရတဲ့ Huawei ဖုန်းတော်တော်များများလည်းအသုံးပြုနိုင်ပါပြီ
အသုံးပြုချင်ရင်တော့ အောက်မှာ
Download ယူနိုင်ပါတယ်............


Sunday, December 15, 2013

“အမျိုးသမီးများအတွက် အန္တာရယ်ကြီးသော ကိုယ်ပျောက်လူသတ်သမား”..........................


သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီ ဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။


”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတော့ လက် မခံချင်၍ မရတော့။ နိုင်ငံတကာစစ်တမ်းများအရ အ မျိုးသမီးများတွင် အဖြစ်အများဆုံး ကင် ဆာမှာ ရင်သား ကင်ဆာပြီးလျှင် သား အိမ်ခေါင်းကင်ဆာပင်ဖြစ်ပြီး သေ ပျောက်မှုနှုန်းမှာတော့ သားအိမ်ခေါင်း ကင်ဆာက အများဆုံးဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် နှစ်စဉ် အမျိုးသမီး ၆၄ဝဝ ကျော် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနေပြီး ၃၅ဝဝ ကျော်နှစ်စဉ် သေဆုံးနေသည်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတွင် ရောဂါလက္ခဏာ ဘာမှမပြတတ်၍ ကမ္ဘာပေါ်တွင် အမျိုး သမီး ၁ဝ ဦး တွင် ၈ ဦးမှာ မသိဘဲ ရောဂါပိုးမှာ ကိုယ်ဆီတွင်
ရောက်နေတတ်သည်ဟု မီးယပ်နှင့် သားဖွား ဆိုင်ရာအထူးကု ဒေါက်တာစိုးလွင်က ပြောသည်။ သားအိမ်ခေါင်ကင်ဆာအဓိက ဖြစ်ပွားရသည့်အကြောင်းရင်းမှာ HPV (Human Papilloma Virus)ပိုးကြောင့် ဖြစ်ပြီး ထိုပိုးသည် လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါများတွင် အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ် သည်။ HPV ပိုးအမျိုးပေါင်း ၄ဝ ကျော် ရှိသည့်အနက် ပိုးမျိုးကွဲ ၁၆ နှင့် ၁၈မှာ သားအိမ်ခေါင်းကင်ဆာရောဂါ ၇ဝ ရာ ခိုင်နှုန်းဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲများ မှာ ၃ဝ ရာခိုင်နှုန်း သားအိမ်ခေါင်းကင် ဆာရောဂါ ဖြစ်စေနိုင်သည်ဟု သိရ သည်။

HPV ပိုးမျိုးကွဲတချို့သည် သား အိမ်ခေါင်းထဲ ဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာ ခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ရောဂါဖြစ်ပွား ခြင်းမရှိဘဲ ခန္ဓာကိုယ်ခုခံအားက ပိုးကို တိုက်ခိုက်နိုင်ကြောင်း သို့သော်ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြား မျိုးကွဲများထက် သားအိမ်ခေါင်းအတွင်း ဆက်လက် တည်ရှိနေပြီး သားအိမ်ခေါင်း ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊ HPV ပိုး သားအိမ်ခေါင်းအတွင်းဝင်ရောက်ပြီး ရောဂါလက္ခဏာမပြသည့် အမျိုးသမီး မှာ ၂ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်း အထိရှိကြောင်း သုတေသန တွေ့ရှိဖော် ပြချက်များအရ သိရသည်။

ထိုသို့ ကြိုတင်မသိရှိနိုင်ခြင်းနှင့် ကျန်းမာရေးအသိ အလွန်နည်းခြင်း ကြောင့် မသန်းဌေးကဲ့သို့ပင် ဆရာဝန် က တိုက်တွန်းမှသာ ဆေးစစ်ကြသလို ထိုရောဂါဖြစ်သူ မိမိပတ် ဝန်းကျင်တွင် တွေ့ရှိမှလည်း ကြောက်ရွံ့ပြီး ရောဂါ စစ်ဆေးသူတို့ ရှိသည်။ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဒေါ်အေးအေးမူက တစ်လင် တစ်မ ယားစနစ်ကျင့်သုံးလျှင် သားအိမ် ခေါင်းကင်ဆာ မဖြစ်နိုင်ဟု ယူဆချက် မှာ ယခင်က မှန်နိုင်သော်လည်း ယခု အချိန်တွင် အမျိုးသားနှင့် ကာမဆက် ဆံဖူးသူ တိုင်း ဖြစ်နိုင်သည့် အခြေအနေ ရှိနေသည်ဟု ပြောသည်။သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်၍ယနေ့အချိန်အထိရောဂါ အစစ် ဆေးခံ သည့် နှုန်းမှာ မြန်မာနို င်ငံတွင် အလွန် နည်းနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။ မကြာခင်က မြောက်ဥက္ကလာ မြို့ နယ်မှ လမ်းတစ်လမ်းတည်းနေ အမျိုး သမီး အယောက်အစိတ်ခန့် တစ်ပြိုင် တည်း ဆေးစစ်မှု ခံယူခဲ့သည်ကိုတော့ ဒေါက်တာ ဒေါ်အေးအေးမူ မမေ့။ တစ်

လမ်းတည်းနေအသက် အစိတ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် လေးဆယ် ကျော် အမျိုးသမီးတစ်ဦးတို့ သားအိမ် ခေါင်းကင်ဆာဖြစ်သည်ကို သိရှိပြီး နောက် ထိုအမျိုး သမီးများတစ်ပြိုင်တည်း ဆေးစစ်ခံခဲ့ခြင်းဖြစ်ပြီး ည ၁၂ နာရီ အထိ ကြည့်ပေးခဲ့ရကြောင်း ၎င်းက ပြောပြသည်။ ရောဂါဖြစ်သည့်အမျိုးသမီး၂ ဦး အနက် အသက်လေး ဆယ်ကျော် အမျိုး သမီးမှာ ရောဂါဖြစ်ကြောင်း သိရှိပြီး မကြာခင် ဆုံးပါးခဲ့၍ သူတို့ ပိုကြောက် လန့်ကာ ထိုသို့ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင် သည့် အကြောင်းအရာများတွင် သား အိမ်ခေါင်းတွင် အနာရှိခြင်း၊လိင်မှ တစ်ဆင့် ကူးစက်တတ်သောရောဂါရှိခြင်း၊ လိင်စတင် ဆက်ဆံသည့် အသက်အ ရွယ်ငယ်ရွယ်ခြင်း၊ ကိုယ်တိုင်သော် လည်းကောင်း ခင်ပွန်းသော်လည်းကောင်း လိင်ဆက်ဆံဖက် များခြင်း၊ ကိုယ်ဝန် ဆောင် ချိန် များခြင်း၊ ဆေး လိပ်စီးကရက် သောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့် ဆွေမျိုးများတွင် သား အိမ်ခေါင်းကင်ဆာဖြစ်ဖူးခြင်း စသည် အချက်များ အဓိက ပါဝင် သည်။ရောဂါဖြစ်ပွားလျှင်တော့ အနံ့အ သက်ရှိသော

အဖြူ ဆင်းခြင်း၊ လိင် ဆက်ဆံပြီးလျှင်သွေးဆင်းခြင်း၊ သွေးဆုံး ပြီး မှသွေးပြန်ဆင်းခြင်း၊ လိင်ဆက်ဆံရာ တွင်နာကျင်ခြင်း၊ ကိုယ်အလေး ချိန် လျော့ကျခြင်း တို့ ဖြစ် တတ်သည်ဟု သိ ရသည်။ သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်ပြီး ကျန်းမာရေးစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးနှံရန် လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စ၍ မြန်မာနိုင်ငံ အတွင်း အသိ ပေးလှုံ့ဆော်မှုများ စတင်ခဲ့ပြီး နိုင်ငံအနှံ့ မဟုတ်သော်လည်း မြို့နယ်ရပ်ကွက် အ ချို့၌ အခမဲ့ ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ထိုအချိန် က ဆောင်ရွက် ခဲ့သည်။ ထိုနောက်တွင်တော့ ထိုကျန်းမာ ရေး အသိပေးလှုံ့ဆော်ခြင်းများ သိပ် မတွေ့ရတော့။ ထိုရောဂါမှာ ဖြစ်ပွား လျှင်ဖြစ်ပွားချင်း မသိနိုင်၍ အမျိုးသမီး အများစု မှာ ဆေးစစ် ရန်စိတ်ကူးပင်သိပ် မရှိသလို ထိုရောဂါ၏ သေဆုံးနိုင်ခြင်း ကိုလည်း မသိရှိကြပေ။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲတွင်ဖြစ်ပွားဖူးသူမရှိသော်လည်း သ တင်းစာထဲတွင် သားအိမ်ခေါင်း ကင် ဆာ ရောဂါအကြောင်း ဖတ်မိ၍ ထို ရောဂါ ရှိမရှိသိနိုင်ရန် ရန်ကုန်ရှိ ဗဟို အမျိုးသမီးဆေးရုံ၌ လာရောက် ဆေး စစ်ခဲ့သည်။ ကျန်းမာရေး အသိရှိသော်လည်း စစ်ဆေးမှုခံယူနိုင် သည့် ရောဂါ စမ်းသပ် ပေးသော အစိုးရဆေးရုံမှာ လက်လှမ်း မီရာတွင် မရှိ၍ ရန်ကုန်သို့ တကူးတက လာရောက်၍ သူမ ဆေးစစ်ခဲ့ခြင်းဖြစ် သည်။ ထိုသို့ ဆေးသွား စစ်ရန်လည်း အမျိုးသားဖြစ်သူက တိုက်တွန်းခဲ့သည် ဟု အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ် သည့် ထိုအမျိုးသမီးက တက်တက် ကြွကြွ ပြောသည်။ ဆေးစစ်ပြီးသော် လည်း အဖြေချက် ချင်းမရ၍ နောက် တစ်ပတ်အကြာတွင် စိုးရိမ်စိတ်ဖြင့် ဘီးလင်းမှ သူမက ပြန်လာရမည်ဟုဆိုသည်။ သားအိမ်ခေါင်ကင်ဆာကို ဗဟို အမျိုးသမီးဆေးရုံ (ရန်ကုန်)၌ တစ်ပတ် လျှင်နှစ်ကြိမ် အခမဲ့စစ်ဆေးပေးနေပြီး သားဖွားနှင့်မီးယပ် ဆရာဝန်များရှိသည့် မြို့နယ်ကျန်းမာရေး ဆေးခန်းများတွင် လည်း စစ်ဆေးပေး လျက် ရှိကြောင်း သိရသည်။ ပုဂ္ဂလိက ဆေးရုံကြီးများ တွင်တော့ စစ်ဆေးခ နှစ်သောင်းကျပ် ခန့်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ကာ ရောဂါ မရှိက ကာကွယ်ဆေး လွယ်ကူ စွာ ဝယ်ယူထိုးနှံနိုင်သည်။ ကာကွယ် ဆေးမှာ နှစ်မျိုးရှိပြီး တစ်လုံးလျှင် သုံး သောင်း ခုနစ်ထောင်ခန့် ဈေးရှိသည်။

”သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးတဲ့ အရွယ်အပေါ်ကာ ကွယ်နိုင်စွမ်းက မူတည်တယ်။ ပုံမှန် အားဖြင့် ကာကွယ်ဆေးက ကာကွယ်မှု ရာခိုင်နှုန်း ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်”ဟု ဒေါက်တာစိုးလွင်က ပြော သည်။ ယင်းကာကွယ်ဆေးမှာ Side Effect မရှိဘဲတစ်ခါထိုးပြီးလျှင် ကိုးနှစ်၊ ၁ဝ နှစ်ခန့် ပြန်ထိုးစရာမလိုကြောင်း သိ ရသည်။ဒေါက်တာ ဒေါ်အေးအေးမူက လည်း အပျိုမိန်းကလေးများအနေဖြင့် ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပြီး အိမ်ထောင်ပြုပြီးကလည်း ရောဂါကူး စက် နိုင်ခြေများသည့်အတွက် ကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးသင့်သည်ဟု သတိပေးသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်စေ နိုင်သည့် HPV ပိုးကို အသက် ၄ဝမှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အများဆုံး တွေ့ရပြီး အသက် ၂ဝနှစ်မှ ၂၉ နှစ်ရှိအမျိုး သမီးငယ်များတွင်လည်း တွေ့ရှိရသည်ဟု စစ်တမ်းများ ကဆို သည်။၂ဝဝ၆ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏လမ်းညွှန်ချက်အရ အသက် ၂၅ နှစ်မှ ၄၉နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများသည် သုံးနှစ်လျှင် တစ် ကြိမ် သားအိမ်ခေါင်း ချွဲ စစစ်ဆေးသင့် ပြီး အသက် ၅ဝ နှစ်အထက် အမျိုးသမီး များမှာ ငါးနှစ်လျှင်တစ်ကြိမ် စစ်ဆေး သင့်ကြောင်း ညွှန်ကြားထားသည်။ သားအိမ်ခေါင်း ကင်ဆာ ပထမ အဆင့် ဖြစ်နေပြီဟု ဆေးစစ်ချက်အရ သိခဲ့ရသည့် မသန်းဌေးနှင့်ဆေးအတူ အစစ်ဆေး ခံခဲ့သည့်အမျိုးသမီး ၁ဝ ဦး ခန့်တွင် ရောဂါတွေ့ရှိသူ နောက်တစ်ဦး ရှိခဲ့သည်။

”သူသိပ်ကြောက်သွားတာ။ ကိုယ် လိုပဲ မဖြစ်နိုင်ဘူးလို့ သူတွေးထားတာ ကိုး။ ရောဂါတွေက သိပ်ဆန်းပြားလွန်း တယ်။ ခုလို စောစော သိလိုက်ရတာ ကံကောင်းတယ်လို့ မှတ်ရတော့မှာပဲ” ဟု မသန်းဌေးက ပြောသည်။

မြတ်စုငြိမ်း
..............................................

လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်။ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။

၁။ ရောဂါဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။

ရောဂါဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးများ၊ အိမ်ထောင် တစ်ဆက်ထက် ပို၍များတဲ့အမျိုးသမီးများ၊ သားသမီးငါးယောက်ထက်များတဲ့ မိခင်များ၊ လိင်ဆက်ဆံရာမှတဆင့် ကူးစက်တက်တဲ့ ရောဂါတစ်ခုခု ရှိခဲ့ဖူးသူများ၊ မျိုးရိုးထဲမှာ သားအိမ်ကင်ဆာဖြစ်ဖူးသူရှိသူများ၊ အမျိုးသမီးများမှာ သဘာဝအတိုင်း ဆင်းတဲ့အဖြူ မဟုတ်ဘဲ ထူးခြားပြီး ရေရှည်အဖြူဆင်းနေတဲ့ အမျိုးသမီးများ၊ အမျိုးသားများနှင့် လိင်ဆက်ဆံတဲ့အခါ သွေးစသွေးနတွေ့တဲ့ အမျိုးသမီးများလည်း အန္တရာယ်ရှိတဲ့ အုပ်စုထဲမှာပါပါတယ်။ အရက်စွဲနေတဲ့ အမျိုးသမီးများ၊ ဆေးလိပ်များများသောက်တဲ့ အမျိုးသမီးများကိုလည်း အန္တရာယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီမှာ အထူးပြောချင်တာက ဒီအုပ်စုထဲမှာပါလို့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ရမယ်လို့ တစ်ထစ်ချမပြောနိုင်သလို၊ ဒီအုပ်စုစာရင်းထဲက လွတ်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်း ကင်ဆာ မဖြစ်တော့ဘူးလို့ မှတ်ယူလို့မရပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။

၂။ ရောဂါဖြစ်မှန်း ဘယ်လိုလုပ်သိမလဲ။

ကင်ဆာတွေအားလုံးဟာ အဆင့်စောတဲ့အခြေအနေမှာ နာကျင်ခြင်းစတဲ့ လက္ခဏာတွေမပြသလို့ ဒုက္ခရောက်နေကြရတာပါ။ သားအိမ်လည်တံ ကင်ဆာကလည်း ရောဂါဖြစ်မှန်း သိပ်မသိလွယ်ပါဘူး။ စောတုန်း အဆင့်မှာ အစားအသောက်လည်း မပျက်ပါဘူး ရောဂါရင့်တဲ့ အဆင့်ရောက်မှ ၀မ်းဗိုက်အောက်ပိုင်းနာတာတို့၊ ခါးနာတာတို့၊ ပေါင်ထိပ်နာတာတို့ ဖြစ်တတ်တာပါ။ အမျိုးသားနဲ့ ဆက်ဆံရင် သွေးစသွေးနတွေ့တယ်ဆိုတာကလည်း၊ ဆရာဝန်စမ်းသပ်တဲ့အခါ ရိုးရိုးမျက်စိနဲ့ မြင်နိုင်လောက်တဲ့ သဖန်းသီးများ ခွဲထားသလိုမျိုး၊ အနာလိုလို၊ အဖုလိုလိုတွေ့တဲ့အခါမှသာ သွေးထွက်ပါတယ်။ ရိုးရိုးမျက်စိနဲ့ ကြည့်လိုက်ရင် ချောမွေ့ပြီးဘာမျှ မမြင်ရဘူး။ ဒါပေမယ့် Pap-Smear လို့ခေါ်တဲ့ မှန်ပြားလေးနဲ့ သူ့မှာတွယ်ကပ်နေတဲ့ ကလာပ်စည်းလေးတွေကို ခြစ်ယူလိုက်ပြီး အဏုဇီဝမှန်ပြောင်းအောက်မှာ ကြည့်လိုက်ရင်၊ အဲဒီကလာပ် စည်းလေးတွေရဲ့ အတွင်းထဲမှာ ကလာပ်စည်း နံရံကို မကျော်သေးဘဲ ဖြစ်ပွားနေတဲ့ ကင်ဆာအဆင့်ကို တွေ့နိုင်ပါတယ်။ Pap-Smear လုပ်တဲ့နည်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်မှန်းကို အစောဆုံး သိနိုင်တဲ့ နည်းပါးပဲ။ ယနေ့အချိန်မှာ အားမရတဲ့အချက်တစ်ခုက ဆေးရုံတွေမှာရော၊ အပြင်ဆေးခန်းတွေမှာပါ သားအိမ်ခေါင်း ကင်ဆာသိရတဲ့အချိန်မှာ ၆၅% လောက်ဟာ အဆင့်လွန်နေတဲ့သူတွေပါပဲ။ ၃၅%ကသာ အန္တရာယ်ရှိနိုင်တဲ့ အုပ်စုထဲက လာရောက် ဆေးစစ်ရင်းနဲ့တွေ့တာပါ။ သားအိမ်ခေါင်း ကင်ဆာဖြစ်တဲ့ လူတော်တော်များများက မီးယပ်ဖြူ၊ မီးယပ်နီဆင်းတယ်။ ခါးတွေ၊ ဆီးစပ် တွေကို ခဲနာကျင်တယ်။ သွေးစသွေးနထွက်တယ်။ အစားအသောက်ပျက်လို့ ပိန်းချုံးသွားတယ်ဆိုတဲ့ သူတွေကများတယ်။ Pap-Smear စမ်းသပ်ခြင်းကို သားဖွားမီးယပ်ဆရာဝန်ထိုင်တဲ့ မည်သည့် ဆေးခန်းမှာမဆို လုပ်လို့ရနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း မများပါဘူး။ မှန်ပြားယူရတာလည်း မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပြီးပါတယ်။ အဖြေကလည်း ငါးရက်မှ တစ်ပတ်အတွင်းရပါတယ်။ ပုံမှန်ဝင်ငွေရှိတဲ့ လူတိုင်းနီးပါး ဒီလောက်ကုန်ကျစရိတ်ကို တက်နိုင်ကြပါတယ်။ Pap-Smaear မှာ ကင်ဆာဖြစ်တယ်လို့ သိရရုံနဲ့ ဓာတ်ကင်လို့မရပါဘူး။ နောက်တစ်ဆင့် အသားစယူရပါတယ်။ အသာစယူတဲ့အခါမှာ တိုက်ရိုက်ပဲယူယူ၊ မှန်ပြောင်းနဲ့ ကြည့်ပြီယူယူ၊ အသားစအဖြေထွက်မှသာလျှင် သားအိမ်ခေါင်းကင်ဆာ တကယ်ဖြစ်ပြီလို့ ရာနှုန်းပြည့်ပြောနိုင်ပါတယ်

၃။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ယခင်တုန်းကတည်းက သုံးလာတဲ့ စံကုထုံးတွေရှိပါတယ်။ ခေတ်မီရောဂါကုထုံး (၃)ခုရှိပါတယ်။ ပထမတစ်ခုက ခွဲစိတ်ကု သတဲ့နည်း။ စောသေးရင် သားအိမ်လည်တံလောက်ပဲဖြစ်တယ် (သို့) သားအိမ်ကိုပါ ထုတ်တယ် (သို့) သားအိမ်တင်မကဘူး သားဥ ပြွန်မျိုးဥ သားနံရည်ကျိတ်တွေတောင် အကုန်ထုတ်တဲ့နည်းရှိပါတယ်။ ဒုတိယနည်းကတော့ အခြားကင်ဆာများလိုပဲ ကင်ဆာဆေး များ နှစ်မျိုး၊ သုံးမျိုးပူးပေါင်းပြီး အကြောဆေးပေးတဲ့နည်းရှိပါတယ်။ စောစောကပြောတဲ့ သားအိမ်နှင့်တကွ သားဥပြွန်မျိုးဥ၊ သားနံ ရည် ကျိတ်တွေကို သမားရိုးကျခွဲစိတ်နည်းနဲ့ မထုတ်ဘဲ Key Hole ဆာဂျရီလို့ခေါ်တဲ့ ပေါက်သေးသေးလေးဖောက်ပြီး အဏုကြည့် မှန်ပြောင်းကို အသုံးပြုပြီး ခွဲတဲ့နည်းကို အသုံးပြုနေပါပြီ။ စင်ကာပူတို့၊ ဘန်ကောက်တို့မှာ လုပ်နေပါပြီ။ ဒီကုထုံး(၃)မျိုးထဲမှာ လူနာ ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ အဆင့်ပေါ်မူတည်ပြီး ခွဲသင့်တဲ့လူနာခွဲတယ်။ ဓာတ်ကင်တဲ့လူနာ ဓာတ်ကင်တယ်။ တစ်ခါတစ်ရံ ဓာတ်ကင်တာရော၊ ခွဲတာရော နှစ်ခုပေါင်းလုပ်တာရှိသလို ကင်ဆာဆေးပါ ပေးရတဲ့နည်း (၃) မျိုးစလုံး ပေါင်းလုပ်ရတာလည်း ရှိပါတယ်။

၎။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမှန်းသိပြီးရင် ဘာတွေလုပ်မလဲ။

ဒါက သိပ်အရေးကြီးပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီလို့ ဓာတ်ခွဲခန်းအဖြေရတဲ့အခါ စိတ်ဓာတ်ကျသွားတဲ့ အမျိုးသမီး တွေ အများကြီးပါပဲ။ အမျိုးတွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေက တစ်ယောက်တစ်ပေါက် အကြံပေးကြတာ ဒါမျိုးဖြစ်ရင် ဓာတ်မကင်နဲ့ ရောဂါကနည်းနည်း၊ ဓာတ်ကင်တာက သေသွားမယ်၊ ဒါမျိုးဆိုရင် မခွဲနဲ့၊ ခွဲလိုက်ရင် ဆီးအိမ်ပေါက်တာတို့၊ ဆီးပြွန်ပြတ်တာတို့၊ အူမကြီးပေါက်တာတို့၊ ပြောတတ်ကြပါတယ်။ ဒါကြောင့် ဘေးစကားကို မယုံပါနဲ့။ ကုန်ကုန်ပြောရရင် သားအိမခေါင်းကင်ဆာ ရောဂါဖြစ်ပြီး ကုသမှုခံယူထားသူရဲ့ စကားကိုတောင်မယုံပါနဲ့။ ဘာလို့လဲဆိုတော့ ကင်ဆာကလာပ်စည်း အမျိုးအစားတူချင်မှ တူမယ်။ ကင်ဆာအဆင့်လည်း တူချင်မှတူမယ်။ ဒါ့ကြောင့် ကိုယ်ယုံကြည် အားကိုးလို့ အပ်နှံထားတဲ့ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာပါ။

၅။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။

သားအိမ်ခေါင်း ကင်ဆာဟာရောဂါ လက္ခဏာတွေမပေါ်ခင် အစောဆုံး သိနိုင်တဲ့နည်းရှိပါတယ်။ အဲဒါကတော့ အသက် (၃၅) နှစ်ကျော်တဲ့ အိမ်ထောင် သားမွေးပြုဖူးသူတိုင်း တစ်နှစ်တစ်ခါ Pap-Smear ကို သတိထားပြီး စမ်းသပ်သင့်ပါတယ်၊ ငွေကုန်ကြေးကျ လည်း မများပါဘူး။

Health Digest