This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, October 27, 2013

တစ်ခါသုံး ..................




လျှော်ပီးပြန်သုံးရတဲ့

လက်ကိုင်ပုဝါတွေအစား

တစ်ခါသုံးတစ်သျူးကို

လူတွေကမက်မောကြသတဲ့ --


ဟင်းဝယ်ရင်သုံးတဲ့

Steel ပစ္စည်းတွေထက်

တစ်ခါသုံးဖော့ဘူးက

ပိုအသုံးကျသတဲ့ -------:/


ဒီလိုနဲ့ပဲ

အချိန်ကြာကြာချစ်တက်တဲ့

နှလုံးသားတွေ

ဘေးထွက်နေရပီး

တစ်ခါသုံးနှလုံးသားတွေ

လူငယ်တွေကြား

ခေတ်စားလာတယ် ---


တစ်ခါသုံးနှလုံးသားတွေ

မင်းမူကြချိန်

သစ္စာရှိတဲ့ နှလုံးသားတွေ

လက်ညှိုးထိုးဟားတိုက်

ခံရတယ် -----


ထားပါတော့လေ

မပြောတော့ပါဘူးး

ဒါ တစ်ခါသုံးတွေ

တစ်ခေတ်ထတဲ့ချိန်ကိုးးး ----:/



စိမ့်စိမ့် ( တောင်ကြီး) http://www.zwmnna.com/2013/10/blog-post_2188.html

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ် .....................

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်


မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။ မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။ ---

Saturday, October 26, 2013

ရန်ကုန် ၊ အောက်တိုဘာ ၂၅။ ။ မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။

မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသမီးအမည်မှာ မဝေမာလင်းဖြစ်ပြီး အောက်တို ဘာ၁၈ရက်က ၎င်း၏အမျိုးသား နှင့်အတူ အလုပ်မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မလေး ရှားနိုင်ငံရှိ အမ်းဘန်းမြို့ဆေးရုံ ၌ ဆေးကုသခံနေရသည်။
အဆိုပါအမျိုးသမီးနှင့်ပတ် သက်၍ သီတဂူအထောက်အကူ ပြုအဖွဲ့မှ ဦးအောင်မြင့်က ''အခု ပြန်လာတဲ့သူတွေကို သွားကြိုရင်း ဓားခုတ်ခံရ တဲ့ ကောင်မလေးတက် နေတဲ့ ဆေးရုံကို သွားကြည့်ဖြစ် တယ်။ ယောက်ျားဖြစ် သူကပြန် လာဖို့ အခက်အခဲရှိတယ်လို့ပြော တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန် တော်တို့ဘက်က လေယာဉ်စီးလို့ ရမယ့်အနေအထား ရတာနဲ့ မြန်မာ နိုင်ငံ ပြန်ခေါ်လာလို့ရအောင် ကူ ညီပေးမှာဖြစ် တယ်''ဟု ပြောသည်။

ယင်းကဆက်လက်၍ အ ဆိုပါအမျိုးသမီး၏ အခြေအနေ စိုးရိမ်ရဖွယ် ရှိကြောင်း၊ ပြင်းထန် စွာ တိုက်ခိုက်ခံရသည့်အတွက် လက်နှစ်ဖက်နှင့် ဦးခေါင်းမှာ ဓား ဒဏ်ရာရရှိပြီး လက်တစ်ဖက် မှာ ပြန်ဆက်၍ ရကြောင်း၊ ဆေးဝါး ကုသရန်လိုအပ်နေပြီး လေယာဉ် စီးနိုင်သည့် အနေအထားကို ရောက် ရှိပါက မြန်မာနိုင်ငံတွင် ပြန်လည် ကုသနိုင်ရန် ကူညီမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

သီတဂူအထောက်အကူပြု အဖွဲ့မှ ဦးပီဂျေစန်းမောင်က ''ဆရာ တော်က မလေးရှားမှာ ဒုက္ခရောက် နေသူတွေကို ကူညီပေးချင်နေ တာဖြစ်တယ်။ အခုလဲ မလေးက ကမ့်ထဲမှာရှိတဲ့ မြန်မာတွေထဲက ပြန်လာချင်တဲ့သူတွေ မလေးရှား လူဝင်မှုကြီးကြပ်ရေးကို ပေးဆောင် ရမှာတွေကို ရရှိထားတဲ့အလှူငွေ တွေထဲကနေ ဆက်လက်ကူညီ ပေးဖို့ရှိပါတယ်'' ဟုပြောသည်။

မဝေမာလင်းမှာ ပါးနှစ်ဖက် တွင် ဓားဒဏ်ရာရရှိသောကြောင့် မေးရိုး အစားထိုးရမည်ဖြစ်ပြီး ဆေး ကုသစရိတ် ရင်းဂစ် ၄ဝဝဝခန့် ကုန် ကျရန် အလှူငွေလိုအပ်နေပြီး ဓားဖြင့်ခုတ်ရန်စေခိုင်းသူ အမျိုး သမီးနှင့် ဓားဖြင့်ခုတ်သူ သုံးဦးကို မလေးရှားနိုင်ငံ အမ်းဘန်းမြို့ရဲ တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာများ၏ ပြောပြချက်အရ သိရသည်။

စိုင်းဟန် - Yangon Media Group

Thit Htoo Lwin - News




ဇွန်လ ၃ ရက်နေ့ နံနက် က  ရိုက်နှက် သတ်ဖြတ်ခံရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား တဦးအား တွေ့ ရစဉ်

အမျိုးသမီး နဲ့ စစ်ရေး

Saturday, October 26, 2013



တပ်မတော်သား ဆိုရင် အမျိုးသားတွေကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။
အမျိုးသမီးတွေကရော တပ်မတော်မှာ တာဝန် မထမ်းဆောင်နိုင်ဘူးလား။ 
 


တရုတ်ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတွေလို့ ယူဆရတဲ့ပုံတွေကို အင်တာနက်သုံးသူတချို့ကြားမှာ ဖြန့်နေပါတယ်။

စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ လေ့ကျင့်နေပုံ၊ ဘောလုံးကန်နေပုံတွေပါ။

တချို့ကလည်း ဒါဟာ တကယ့် လေ့ကျင့်ရေးကျောင်း မှတ်တမ်းဓာတ်ပုံတွေလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။

တရုတ်ပြည်က စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ ဒီလိုပဲ ဆက်ဆီကျကျ ဖက်ရှင်ပြသလား ဆိုတာတော့ သေချာ မသိရပါဘူး။

ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ဆွဲဆောင်မှုကိုယ်စီ ရှိကြပါတယ်။

စစ်သင်တန်းတွေမှာ အမျိုးသမီးများ လေ့ကျင့်နေတဲ့ပုံရိပ်တွေက တွေ့ရတာ ကြုံတောင့်ကြုံခဲဖြစ်တယ် ဆိုတဲ့ အချက်ကြောင့်လည်း  ဒီပုံတွေက ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။

တိုက်ဆိုင်တယ်လို့ ဆိုနိုင်တဲ့ အချက်က ...မြန်မာပြည်မှာ အမျိုးသမီးတွေ ဗိုလ်သင်တန်းလျှောက်နိုင်ခွင့်သတင်း ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာ ဒီပုံတွေ တက်လာတာပါ။

ဗိုလ်သင်တန်းသတန်းကို ဧရာဝတီမှာ ဖော်ပြခဲ့ပြီးပါပြီ။
အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော http://burma.irrawaddy.org/news/2013/10/17/49671.html ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဒီလလယ်ပိုင်းမှာ ထွက်ခဲ့တဲ့ ဒီသတင်းကို နိုင်ငံတကာ မီဒီယာတချို့မှာလည်း ရေးသား ဖော်ပြခဲ့ကြပါတယ်။

ဆက်စပ် ဖတ်သင့်တာကတော့ SSA နဲ့ အမျိုးသမီးစစ်သား  http://blog.irrawaddy.org/2013/02/ssa_22.html ဖြစ်ပါတယ်။ အမျိုးသမီးစစ်သည်တွေအကြောင်း စပ်မိလို့ ဆက်ရေးရရင် ... ကနေဒါ၊ ပြင်သစ်၊ အစ္စရေး၊ ဆွီဒင် တို့က သူတို့ရဲ့ အမျိုးသမီး စစ်သည်တွေကို ရှေ့တန်း လွှတ်ပါတယ်။ အမေရိကန်မှာ ဒီလို လွှတ်ဖို့ ပိတ်ပင်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းမှာ ရှေ့တန်းမှာ တာဝန်ထမ်းခွင့်ပြုလိုက်ပါတယ်။ အင်္ဂလန်ကတော့ စစ်မြေပြင်ကို အမျိုးသမီးစစ်သည်တွေ တာဝန်သွားယူရေး ခွင့်မပြုသေးပါ။ လွှတ်ရေး မလွှတ်ရေးက အငြင်းပွားစရာပါ။

မြန်မာပြည်မှာတော့ အခုမှ သင်တန်း ခေါ်ဆဲဖြစ်တာကြောင့် သူတို့ကို ရှေ့တန်း လွှတ်ရေး မလွှတ်ရေးက ပြဋ္ဌာန်းဖို့၊ အလေးအနက် ငြင်းခုံဖို့ စောနေဦးမယ် ထင်ပါတယ်။

သူတို့ ဗိုလ်သင်တန်းဆင်းချိန်ရောက်ရင် သေနတ်သံ ဘာသံ ညာသံ ဆူညံနေသေးတဲ့ မြန်မာပြည် အခြေအနေ ဘယ်လိုဖြစ်မလဲ။ ဒီထက် ပိုငြိမ်းချမ်းသွားဖွယ် ရှိပါတယ်၊ ဒါမှမဟုတ် အဲဒါရဲ့ ပြောင်းပြန်လည်း ဖြစ်နိုင်ပါတယ်။
သင်တန်းဆင်းချိန်ရောက်ရင်တော့ သူတို့ရဲ့ တာဝန်ပိုင်းနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှု သေချာပေါက် ရှိလာမယ်လို့ ယူဆပါတယ်။

.






 ဆက်စပ်

 SSA နဲ့ အမျိုးသမီးစစ်သား 
http://blog.irrawaddy.org/2013/02/ssa_22.html


ကမ္ဘာ့အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီး ......................


အမေရိကန်ရေတပ်တွင် လက်ရှိ အသုံးပြုနေသော လေယာဉ်တင် သင်္ဘောကြီးသည် အလျားပေ ၁၀၉၂ ရှိပြီး တန်ချိန်ပေါင်း ၁၀၀၀၀၀ တင်ဆောင်နိုင်သည့် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီး ဖြစ်ကြောင်း သိရသည်။ သင်္ဘောပေါ်တွင် အမှုထမ်းပေါင်း ၅၀၀၀ ခန့်ပါရှိပြီး တိုက်လေယာဉ် ၈၅ စင်းမှ ၉၀ အထိ တင်ဆောင်နိုင်ပြီး ဒုံးကျည်ကာကွယ်ရေး စနစ်ပါ လေယာဉ်တင် သင်္ဘောလည်း ဖြစ်သည်။ ယင်းအဏုမြူစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးကို အသုံးပြုနေသည်မှာ နှစ် ၂၀ ကျော်ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ လောင်စာဖြည့်တင်းရန် မလိုအပ်သေးကြောင်းလည်း သိရသည်။ ၎င်းလေယာဉ်တင် သင်္ဘောကြီးကို စတင်အသုံးပြုချိန်တွင် ဆေးခြောက် သုံးစွဲခဲ့သော အမှုထမ်း အခိျု့ကြောင့် ကုန်းပတ်ပေါ်တွင် လေယာဉ်ပျက်ခဲ့ဖူးကြောင်းလည်း သိရသည်။
ref:ပြည်မြန်မာ

သီလဝါ စီမံကိန်း အတွင်းက ဒေသခံတွေကို လျော်ကြေး မပေးဘဲ သိမ်းယူ မှုတွေ စတင်နေ ............










သီလဝါအထူးစီးပွားရေးဇုန်ဧရိယာအတွင်းက ကျေးရွာနဲ့ လယ်ယာမြေတွေနဲ့ပတ်သက်ပြီး အစိုးရက
လျော်ကြေးပေးတာမလုပ်ဘဲ မြေယာသိမ်းယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်
သူတွေက အောက်တိုဘာ ၂၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ http://www.youtube.com/watch?v=81uYBK3qJUM#action=share



by ကမာရွတ် မီဒီယာ

Saturday, October 26, 2013

ဘောလုံးချစ်သူများအတွက် Official Messi Live Wallpaper v.1.1 APK.............



ဒီတစ်ခါတော့ ဘောလုံးဝါသနာအိုးတွေအတွက် Android Live Wallpaper ကိုဝေမျှလိုက်ပါတယ်။ ဖိုင်ဆိုက်က 25mb ရှိပါတယ်။ တော်တော် ဒေါင်းလုတ်ဆွဲပြီး ပြန်တင်ထားရတာပါ။ ပြန် share မယ်ဆိုရင် မူရင်းအတိုင်း share ဖို့တောင်းဆိုပါတယ်။ ဒီတစ်ခါတော့ Messi ချစ်သူများအတွက်ပါ။ အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပါ။ ပိုပြီးသိချင်ရင် http://adf.ly/YAf0l မှာပိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။



Description


Attention all Leo Messi fans. Download our official adidas Team Messi Video Live Wallpaper app and get closer to Leo himself. Join Team Messi today!
From amazing video clips of Leo in action to a live score widget that analyses his game, plus an official game countdown to his next match, this is a must for all true Leo Messi fans. And with your home screen linked directly to the Team Messi Twitter feed @teammessi you’ll always be one step ahead when it comes to Leo’s news.
This app will allow you to follow one of the greatest players of all time. Winner of a record 4 consecutive Ballon d’Or awards and the scorer of an all time record number of goals in a calendar year when he broke Gerd Müller’s previous record with 91 goals in 2012, you can’t afford not to download this live wallpaper.
*Includes full tablet support!!!

Official Messi Live Wallpaper - screenshot

Official Messi Live Wallpaper - screenshot

Official Messi Live Wallpaper - screenshot

Official Messi Live Wallpaper - screenshot

Download => Link 1

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Friday, October 25, 2013

ကြိုး တ န်း လ မ်းေ လျှာ က် ဘ ဝ ထဲ က အိမ်ပြန်ညတွေကျောမလုံဘူး

ကြိုး တ န်း လ မ်းေ လျှာ က် ဘ ဝ ထဲ က အိမ်ပြန်ညတွေကျောမလုံဘူး


ကိုယ်လုံးနှင့် ကျကျနနဖြစ်သည့် ယူနီဖောင်း၏ နောက်ဆုံးကြယ်သီးကို တပ်လိုက်ပြီးသည်နှင့် ကိုစိုးမိုး (အမည် လွှဲ) အဖို့ ယနေ့ည အလုပ်ခွင်သို့ ဝင် ရန် အဆင် သင့်ဖြ စ်နေပြီဖြစ်သည်။ ည က ညဦးပိုင်းသို့အဝင် ၈ နာရီစွန်းစွန်း ခန့်ရှိပြီ။ထို့နောက်ခန်းမသို့ဝင်ရန် တံခါး တစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး မိမိတို့ တာဝန်ယူသည့်နေရာများသို့ သွားကာ လက်နှစ်ဖက်ကို နောက်သို့ယှက်ရင်း အ သင့်အနေအထား နေရာယူလိုက်သည်။ ကိုစိုးမိုး အပါအဝင် ဝတ်စုံဆင် တူများနှင့်အမျိုးသားတစ်စုတို့၏ အလုပ် ချိန်စတင်ပြီဖြစ်ကြောင်း ညကလပ်၏ ဒီဂျေတီးလုံးက နှိုးဆော်လိုက်သည်။ထိုသူတို့သည် ညကလပ် လုံခြုံရေး တာဝန်ယူသူများ ဖြစ်သည်။ ---

Thursday, October 24, 2013

ကြိုး တ န်း လ မ်းေ လျှာ က် ဘ ဝ ထဲ က အိမ်ပြန်ညတွေကျောမလုံဘူး

ကိုယ်လုံးနှင့် ကျကျနနဖြစ်သည့် ယူနီဖောင်း၏ နောက်ဆုံးကြယ်သီးကို တပ်လိုက်ပြီးသည်နှင့် ကိုစိုးမိုး (အမည် လွှဲ) အဖို့ ယနေ့ည အလုပ်ခွင်သို့ ဝင် ရန် အဆင် သင့်ဖြ စ်နေပြီဖြစ်သည်။ ည က ညဦးပိုင်းသို့အဝင် ၈ နာရီစွန်းစွန်း ခန့်ရှိပြီ။ထို့နောက်ခန်းမသို့ဝင်ရန် တံခါး တစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး မိမိတို့ တာဝန်ယူသည့်နေရာများသို့ သွားကာ လက်နှစ်ဖက်ကို နောက်သို့ယှက်ရင်း အ သင့်အနေအထား နေရာယူလိုက်သည်။

ကိုစိုးမိုး အပါအဝင် ဝတ်စုံဆင် တူများနှင့်အမျိုးသားတစ်စုတို့၏ အလုပ် ချိန်စတင်ပြီဖြစ်ကြောင်း ညကလပ်၏ ဒီဂျေတီးလုံးက နှိုးဆော်လိုက်သည်။ထိုသူတို့သည် ညကလပ် လုံခြုံရေး တာဝန်ယူသူများ ဖြစ်သည်။  ညက ပြင်ပကမ္ဘာတွင် တိတ်ဆိတ် လွန်းလှသော်လည်း ညကလပ် အတွင်း နှင့် အပြင်ခပ်လှမ်းလှမ်းတွင်တော့ ဝင် သူ၊ ထွက်သူ၊ ရပ်စောင့်သူ၊ ဧည့်ကြိုသူများနှင့် ကမ္ဘာတစ်ခုအလား ကြက်ပျံ မကျစည်ကားဆဲ။ ထို့ပြင်ကလပ်အတွင်း ၌လည်းစူးရှရှမီးရောင်တန်းများက ကပွဲ ကြမ်းပြင်များကြား လွန်းထိုး သွားလာနေ ပြီး စိတ်ရှိလက်ရှိ ဝုန်းဒိုင်းကြဲကခုန်နေသူ များအပေါ် ဖြတ်သန်းနေချေသည်။

ပုရိသကြီးငယ်တို့၏ ဆူညံပေါက် ကွဲသံ၊ အဖျော်ယမကာ ပုလင်း၊ ခွက် များ တချွင်ချွင် ရိုက်သံတို့ကြီးစိုးနေသည့် ကလပ်သည် သွေးဆူလို့ကောင်းသည့် ကြိုးဝိုင်းတစ်ခု သဏ္ဌာန်ဖြစ်နေသည်။ သင်သည် ဤသို့သော ကလပ် များကို ရောက်ခဲ့သည်ရှိသော်အရောင် စုံအသွေးစုံ သွေးသားရောင်းကုန်များ နှင့် စီးကရက်ငွေ့များကြား မျက်နှာ ထားခပ်တင်းတင်းဖြင့် ကလပ်အတွင်း လှည့်လည်သွားလာနေသည့် လုံခြုံရေး များကို အတိုင်းသားမြင်နိုင်သည်။အသားညိုညို ကိုယ်လုံးကိုယ်ထည် တုတ်တုတ်ခိုင်ခိုင် ရှိပြီး ခန္ဓာကိုယ်နှင့် မလိုက်ဖက်လှသော ကျဉ်းမြောင်းသည့် မျက်လုံးများ ပိုင်ဆိုင်ထားသူ ကိုစိုးမိုး က အသက် ၂၉ နှစ်သာ ရှိသေးသည်။ သို့သော် သူ့သဏ္ဌာန်က အရွယ် ထက် ရင့်ကျက်လွန်းနေသည်။ ကျယ်လောင်လွန်းနေသည့် သီချင်း သံများကြားက သူပြောသည့် စကားများ ကို ကြားစေရန် ကိုယ်ကိုဘေးတစ်ဖက် သို့ အနည်းငယ် ကိုင်း လိုက်ရင်း စကား စသည်။ လက်ညှိုးကမူ သူ၏ ညာဘက် မျက်လုံးအစွန်ကို ညွှန်ပြရင်း ”ဒီဘက် မျက်လုံးက ဝိုင်းကျွေးတာ ခံရလွန်းလို့ ဟိုဘက်ထက် စာရင် ပိုကျဉ်းနေ တာ လေ”ဟုသူ့ကို ကလပ်လာသည့် ဖောက် သည်အချို့က ငြိုးတေးရင်း အိမ်အပြန် လမ်းတွင် ဝိုင်းထိုးကြိတ်ခံရပေါင်းများပုံ ကို သူက ဗန်းစကားဖြင့် ‘ဝိုင်းကျွေးတာ’ ဟု ပေါ့ပေါ့ပါးပါးဆိုသည်။ သည့်အတွက် လည်း သူ့ထံတွင် ကြောက်လန့်သည့်ဟန် မပြ။

သူ၏ အလုပ်နှင့်ဘဝကို စိတ်ဝင် စားဟန်ပြသည့် ကျွန်တော့်ကို ဆက် စကားပြောလိုဟန်ဖြင့် ပြုံးပြရင်း ပါး ကိုလက်ဝါးဖြင့်အုပ်ပြကာ ”အံသွားတွေ လည်း တစ်ချောင်းမှ မရှိတော့ဘူး။ လွန် ခဲ့တဲ့ သုံးနှစ်လောက်က ကလပ်ကအပြန် မှာ ကားဘီးလဲတဲ့ အတံလေ။ စပန်တာ။ အဲဒါနဲ့ အရိုက်ခံရတာ”ဟု သူက ပြော သည်။ ပြောစကားများတွင် အငြိုးသံမပါ ပေမယ့် နာကြည်းချက်တချို့ စိုက်ဝင် နေသည်ဟု ထင်ရသည်။ ကလပ်လုံခြုံ ရေးအလုပ်သည် အန္တရာယ်များလွန်းပြီး အသက်အန္တရာယ်နှင့်လည်း နီးကပ်နေ သည်ဟု ဆိုသည်။    ကလပ်လုံခြုံရေး အလုပ်သည် အခြားသော လုံခြုံရေးဝန်ထမ်းများ၏ တာဝန်နှင့်တူညီမှုရှိသည် မဟုတ်လော။ လုံခြုံရေးဟူသည်လုံခြုံမှုရှိစေရန် အချိန်
ပြည့်စောင့်ဆိုင်းကြည့်ရှုနေကြရ သူများ။ စူပါမားကက်မှအစ နိုင်ငံတော် သမ္မတ အဆင့်အထိပင် လုံခြုံရေးတို့၏ အခန်း ကဏ္ဍပါဝင်သည်။သို့သော် ကလပ်လုံခြုံ ရေးဝန် ထမ်းတစ်ဦး ဖြစ်လိုပါက ကိုယ်ခံ ပညာ အနည်းဆုံးနှစ်မျိုးခန့် တတ်ရ သည်။ ¤င်းပညာများကိုလည်း ကျွမ်း ကျင်ပိုင်နိုင်စွာ သုံးနိုင်မည့်အနေအထား ရှိရမည်။

‘လုံခြုံရေး’ ဆိုသည်ကို ”ဝန်ထမ်း” ဟူသည့်အထိန်းအကွပ်ဖြင့် ကာရံထား သည့်အတွက် ထိုသူတို့တွင် လုပ်ပိုင်ခွင့် က အပြည့်အဝ မရှိ။ လွန်လွန်ကျူး ကျူး သောင်း ကျန်း သည့် သူမျိုးကိုသာ ပညာ အနည်း အကျဉ်းပေးခိုင်းထားသည်ဟု သိရသည်။ထိုပညာသည်လည်း နာကျင် မှု အပြင်းအထန် မဖြစ်စေဘဲ ငြိမ်ငြိမ် သက်သက်ဖြင့် ကလပ် အပြင်သို့ ဆွဲထုတ် သွားရန်သာ ဖြစ်သည်။ ရန်စစိန်ခေါ် သူများကိုလည်း လက်ပိုက်ကြည့်တတ် ရသည်။ ဆိုးဆိုးရွားရွား နှိပ်ကွပ်မိသည် နှင့် မိမိသူဌေး ဖောက် သည် ဆုံးရှုံးနိုင် သည်ကိုလည်း ခေါင်းအတွင်း ဖြည့်ထား ရသည်။ သူတို့သည် နာမည်နှင့် မလိုက် သည့် တာဝန်များစွာရှိနေပြီး လုံခြုံရေး ဟူသည့် စကားက ထိုသူများကိုယ်တိုင် အတွက်မူ အဝေးဆုံးနေရာတွင် ရှိနေ သည်။

”ကလပ်တိုင်းမှာ ဥာဉ်ဆိုတာရှိ တယ်။ ကလပ်ကို လန့်သွားအောင် မလုပ်ရဘူး။ ကလပ်လန့်အောင် လုပ်ပြီ ဆိုရင်တော့ ကလပ်ပိတ်ရဖို့ နီးသွားမှာ။ ဒါဆို ကျွန်တော်တို့ လည်း ထမင်းအိုး ကွဲပြီ”ကိုစိုးမိုး၏ စကားအရ သူတို့၏ အလုပ်မှာ ကြိုးတန်းလမ်းလျှောက်နေရ သည်ဟု မြင်မိသည်။ ကိုစိုးမိုးကဲ့သို့ လုံခြုံရေးဝန်ထမ်း က ကလပ်အတွင်း ငါးဦးခန့်သာ ရှိပြီး အားလုံးနီးပါးမှာ ကိုယ်ပိုင်အရည် အ သွေးများနှင့်ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်ရ သိရသည်။ သူကိုယ်တိုင်လည်း တက္ကသိုလ်မှဘွဲ့ရထားသူဖြစ်ပြီး ကျန် သူများကလည်း အနိမ့်ဆုံး ဆယ်တန်း အောင်မြင်ထားသူများသာ ဖြစ်ကြသည်။ အလုပ်အကိုင် ရှားပါးမှုကြောင့် ညပိုင်း အချိန်မှသာ အလုပ်စတင်ဝင်ရသည့် က လပ် လုံခြုံရေးအလုပ်ကိုလုပ်ခဲ့ခြင်းဖြစ်ပြီး လစာနှုန်းထားကတော့ ငါးသောင်းစွန်း စွန်းသာရသည်ဟု ၎င်းက ဆိုရှာသည်။

အချို့က အလုပ်ပြောင်းချင်၍ အလုပ်ထပ်ရှာသော်လည်း အခြေအနေ မပေးမှုကြောင့် ထိုအလုပ်၌ပင် သံမှိုစွဲ နေသည်။ သူကိုယ်တိုင်ကတော့ သူနှစ် သက် သည့် မွေ့ထိုင်း ပညာရပ်ကို အသုံး ချခွင့်ရနေ၍ ယင်းအလုပ်၌ပင် ပျော် နေခြင်းဖြစ်သည်ဟု ဝန်ခံသည်။ သို့ သော် ရမ်းကားစွာဖြင့် ကိုင်တွယ် လုပ် ဆောင်ခွင့်မရှိ။ သူတို့သည် လုံခြုံရေး နှင့်အတူ ဝန်ဆောင်မှုကိုပါ တစ်ပြိုင် တည်း ပေးနေရသူများဟု သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုသည်။စကားအနည်းငယ် ပြောပြီးသည် နှင့် တာဝန်ကျရာ နေရာ သို့ ပြန်သွားကာ လုံခြုံရေး ပြန်ယူသည်။ လူများများ စု ဝေးမိလာပြီဆိုသည်နှင့် ထိုလူစုများကြား တိုးဝင်ရသည်။ လူစုခွဲရသည်။ တစ်ဖက် ဖက်က တင်းမာလာဟန် ရှိသည်နှ င့် ဝင် ရောက်ဖျန်ဖြေရသည်။ တချို့ကို ထိုင်ခုံ နေရာသို့ ပြောဆိုပြန်လွှတ်ရသည်။ ပြီး လျှင် အသင့်အနေအထား နေရာပြန်ယူ ရသည်။ လူစုပြန်လျှင် ကြားဝင်ရသည်။ ဤသည်က ကလပ်လုံခြုံရေးတို့၏ တာဝန် ဟုဆိုနိုင်သည်။သို့သော်လည်း တစ်စိတ် တစ်ပိုင်းဟူ၍လည်း ဆိုနိုင်သည်။ သူတို့ ထံတွင် စည်းကမ်းနှင့်အန္တရာယ်တို့ ကျန် ရှိနေသေးကြောင်း သိရသည်။

အဆင့်မြင့် မင်္ဂလာဈေးကြီး၏ ည ကလပ်ကြီးတစ်ခုမှ လုံခြုံရေးခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုမိုးသူက ¤င်းတို့ သည် တာဝန်ချိန်အတွင်း အရက်သေ စာ မဆိုထားနှင့် ဆေး လိပ်ပင် သောက် သုံးခွင့် မရှိဟု ဆိုသည်။ သူတို့လို လုံခြုံရေးခေါင်းဆောင် အပါအဝင် ဝန်ထမ်းများကို လက်ထောက် မန်နေဂျာ ဆိုသူက လှည့်ပတ်၍ ထပ်မံ စောင့်ကြ ပ်နေကြောင်းကို၎င်းကအနောက် တိုင်းဝတ် စုံပြည့်နှင့် ခပ်ထွားထွားလူကို ညွှန်ပြရင်းဆိုသည်။ ကိုမိုးသူက ကလပ် လုံခြုံရေးလုပ်သက် ဆယ်စုနှစ်တစ်စု စာရှိပြီး သူ့အ ထပ် တွင် ‘ပ’အဆင့် လုံခြုံ ရေးခေါင်း ဆောင်ရှိသေးကြောင်း ပြောပြသည်။ကလပ်လုံခြုံရေးတို့တွင် လက်နက် ကိုင်ဆောင်ခွင့် မရှိ။ သူတို့၏ အဓိက အားကိုးက လက်နှ င့်ခြေေ ထာက်သီးသန့်သာ ဖြစ်သည်။ အရပ်ငါးပေ ငါးလက်မခန့်ရှိသည့် ကိုမိုးသူက လုံခြုံရေးလုပ်သက်ရင့်နေပြီ ဟု ဆိုနိုင်သော်လည်း သူတကယ်ဖြစ် ချင်သည် ကဈေး ကွက် ရှာဖွေရသည့် မားကက်တင်း။ စမတ်ကျကျဝတ်ဆင်ရင်း အပြော ချိုချိုဖြင့် လုပ်ကိုင်လိုပြီး စားပွဲတွင် ထိုင် ကာ ဘောလ်ပင်ဖြင့် လက်မှတ်ထိုး တာ ဝန်ပေးနိုင်သည့် မားကက် တင်းမန်နေ ဂျာအဆင့်ကို ယခုအချိန်ထိ မျှော်လင့် နေမိသေးသည်ဟု ပြုံးတုံ့တုံ့ဖြင့် ဆို သည်။ သို့သော် လက်ရှိဘဝကား မျှော် လင့်ချက်နှင့် ပြဒါးတစ်လမ်း၊ သံတစ် လမ်း သာ ရှိနေသည်။

ကလပ်လုံခြုံရေး မလုပ်လိုတော့ဘဲ ထွက်လိုက်ပါက အလုပ် အကိုင်ရှားပါး သည့်ခေတ်တွင် စားအိုးပျောက်မည်ကို စိုးရွံ့သဖြင့် ရှိရင်းစွဲအလုပ်ကို မှိန်းလုပ် ရင်းက

ထိုအလုပ်၌ပင်မြုပ်မှန်းမသိ မြုပ်ဝင်ခဲ့ရသည်ဟု သူ့လုပ်သက် ကြာမြင့်ရ ပုံကို ဖွင့်ဟသည်။ အမှန်အတိုင်းဆိုရ လျှင် သူ့ထံတွင် အလုပ်မပြောင်းလိုသည့် အကြောင်းရင်း တစ်ချက်လည်း ရှိသေး သည်။ ”ဘာအလုပ် လုပ်လုပ်၊ အလုပ်က အလုပ်ပဲလေ။ အလုပ် လုပ်ရင်တော့ အဲဒီအလုပ်ထဲမှာ အမြင့်ကို ရောက်ချင် တာပဲ။ ကလပ်မှာ မန်နေဂျာ ဆိုတာ ဝိတ်တာအဆင့်က ဖြစ်ခွင့်မရှိဘူး။ လုံခြုံ ရေးခေါင်းဆောင်ကသာ လုပ်သက်ကြာ ရင် မျှော်လင့်ခွင့်ရှိတာ” သူ့ထံက မျှော်လင့်ချက်ကြီးကြီး သည် ပေး ဆပ်မှုကြီး ကြီးနှင့် ရင်းနှီးထား ရခြင်းလည်းဖြစ်ကြောင်း သူကိုယ်တိုင် သိသည်ဟုလည်း ဆိုသည်။

”မန်နေဂျာမဖြစ်ခင်လည်း ဘဝ ပြောင်းသွားနိုင်တယ်။ ဒါကတော့လည်း ကံပေါ့”ဟု ကိုမိုးသူက ပြောသည်။ ကလပ်လုံခြုံရေးများ အားလုံးကို စစ်တမ်းကောက်မည် ဆိုပါက တူညီ သည့် အချက်တစ်ခု ရှိမည်ထင်မိသည်။ ထိုထင်မြင်ချက်သည် ၎င်းတို့၏ လက် တွေ့လုပ်ကိုင်နေရသည့်လုပ်ငန်းအပေါ် ထားသည့် စိတ်တို့ကြောင့်လည်း ဖြစ် သည်။ ထိုသူတို့သည် မိမိတို့တတ်ကျွမ်း ထားသည့် ကိုယ်ခံပညာရပ်များအပေါ် မှီခိုရင်း စွန့်စားလိုကြသူများ ဖြစ်သည် ဟု လုံခြုံရေးဝန်ထမ်းတို့ ကိုယ်စားကိုစိုးမိုးက ဆိုသည်။

”ဒီအလုပ်က သတ္တိမရှိလို့ကတော့  မတွေးတာတောင် အကောင်းဆုံးပဲ။ လူ မိုက်လို မိုက်လားချမလားလည်း လုပ်လို့ မရဘူး။ အတတ်နိုင်ဆုံး သည်းခံရတယ်။ မနက်ပိုင်း အလုပ်နားချိန်တွေဆို စိတ် ကို စုစည်းမှုရှိအောင် တရားထိုင်ရသေးတယ်”  ကိုစိုးမိုး၏ စကားက ကလပ်လုံခြုံ ရေးတို့ကို လူမိုက်စာရင်းထဲ မသွင်းမိရန် ကာရံပြောလိုက် သည်ဟု ထင်မိသည်။ သူတို့တွင် အရည်အသွေးများ ရှိပြီး ၎င်းအရည်အသွေးများကိုလည်း ကလပ်ပိုင် ရှင်က ထုတ်ဖော်ချီးကျူးမှု ပြုစေလိုသည် ဟု ကိုစိုးမိုးက ဆိုသည်။ ထို့နောက်ယူ နီဖောင်းကို အနည်းငယ်တည့်လိုက်ရင်း ”ကျွန်တော့်ဆို သူဌေးက နည်း နည်း ပိုအခွင့်ပေးထားတယ်။ လွန်လာ တဲ့သူဆိုရင် ထိုးတာမျိုးလောက်ထိ ပေး လုပ် တယ်။ ဒါလည်း ကလပ်အပြင်မှပါ” ဟု ၎င်းက ပြောသည်။

ညကလပ်သည် အရောင်စုံ၊ အနံ့ စုံဖြင့် အပြင်ပန်းမြင်ကြည့်လျှင် စည် ကားသယောင် ဖြစ်သည်။ လက်တွေ့ တွင်တော့ ဒုစရိုက်အမှုတို့ လွန့်လူးကျက် စားရာသာ ဖြစ်သည်။ ညကလပ်တို့ကား ည ၈ နာရီမှ နံနက် ၄ နာရီခန့်ထိ ဖွင့် လှစ်ကြပြီး ကလပ်တစ်ခုအတွက် လုံခြုံ ရေးကို ဂရုစိုက်ကြသည်။ ကလပ်ပိုင်ရှင် တို့က ၎င်းတို့ပိုင် ကလပ်များ ပိတ် သိမ်း မခံရရေးအတွက် လုံခြုံရေးကို ကြပ်မတ် သည်။ လုံခြုံရေးခန့်အပ်မှုကိုတော့ အ ရေအတွက်ထက် အရည်အချင်းကို ရှာ ဖွေကြသည်ဟု သိရသည်။ ရှာဖွေရရှိ သည့် ဝန်ထမ်းများကို အတတ်နိုင်ဆုံး သည်းခံရမည်ဟု သင်ကြားထားသော် လည်း ထိခိုက်ဒဏ်ရာရရှိပါက ယင်းဝန် ထမ်းအတွက် ဆေးဖိုးတော့ ထောက်ပံ့ သည်။

သို့သော်ကလပ်ပြင်ပတွင် ဖြစ်ပွား မည့်အငြိုးအတေးရန်ပွဲများအတွက်ကိုမူ ကလပ်က ဝန်ထမ်းများကို အရိပ်မပေး နိုင်တော့။ကိုယ်ဖြစ်ကိုယ်ခံ သဘောတရား နှလုံး သွင်း ထားရကြောင်း ကိုစိုးမိုးက သူ့ခံယူချက်ကို ပြောသည်။”အမှန်အတိုင်း ပြောရရင် အိမ် ပြန်ရတဲ့အချိန်တွေက ကျောမလုံဘူး။ ကိုယ်က တစ်ယောက်တည်း ဖြစ်သွား ပြီလေ။ ဘယ်လောက် သတ္တိရှိတယ် ပြောပြော လူအုပ်နဲ့ဆိုရင်တော့ ခံရမှာ ပဲ မဟုတ်လား” ကိုစိုးမိုး၏ စကားက လက်တွေ့ ခံစားကြုံတွေ့နေရပုံကို မြင်သာစေ သည်။ သူတို့အ တွက် ကလပ်အတွင်းက လုံခြုံမှုရှိနေသယောင်တောင် ထင်ရသည်။ ကိုယ်က ပြဿနာအစရှာသူမဟုတ်သော် လည်း ပြဿနာများက ဆိုက်ဆိုက်မြိုက် မြိုက် ရောက် လာခြင်းဖြစ်ပြီး တစ်ညကို အနည်းဆုံး ရန်ပွဲလေးပွဲခန့် ဝင်ဖြေရှင်း နေကြရသည်။

သူတို့သည် လူမိုက်ဂိုဏ်း အဖွဲ့သားများ မဟုတ်သော်လည်း ရန် များနေကြရစမြဲ ဖြစ်သည်။ သူတို့ထဲတွင် အသက်နှင့် ရင်းရသည့်အလုပ်အတွက် မျှော်လင့်ချက်လည်း ရှိနေသည်။ ယင်း အလုပ်က ရုန်းမထွက်နိုင်သေးသည့် အချို့ သော မြှုပ်ကွက်များလည်း ရှိကောင်း ရှိနိုင်သည်။ မည်သို့ဆိုဆို ထိုသူတို့သည် ကလပ်၏ လူကြမ်းများ တစ်ဖြစ်လဲ ဝန် ထမ်းများသာ ဖြစ်သည်။ ဒေါသအရှိန် ကို မျိုသိပ်ထားတတ်ရင်း ဝန်ဆောင်မှု ပါ တွဲပေးတတ်ကြရသူများ ဖြစ်သည်။ ညကလပ်တစ်ခုအတွင်း လုံခြုံစွာ ပျော် ရွှင်မှုရစေရန်က ထိုသူတို့အပေါ်တွင် များ စွာ မူတည်နေသည်။

အကယ်၍ သင်သည် ညကလပ် တစ်ခုကို ရောက်ပါက ထိုသူများကို စီးကရက်ငွေ့များ၊ အရောင်စုံအသွေး စုံ သွေးသားရောင်းကုန်များကြား က ပြတ်သား စွာ မြင်တွေ့နိုင် သည်။ ထိုသူတို့သည် ညကလပ်တို့၏ လုံခြုံရေးဝန်ထမ်းများ ဖြစ်သည်။

သုတလင်း

Popular Myanmar News Journal



Thit Htoo Lwin - Feature



ဇနီးဖြစ်သူ ကိုယ်ဝန် ရှိသည့် ကိစ္စ စကားများပြီး ယောက်ျား ဖြစ်သူ ဆွဲကြိုးချ


Bookmark and Share [ ]


သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများကြရာမှ ယောက်ျားဖြစ်သူ
ဆွဲကြိုးချသေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က
ဆို သည်။

ဆွဲကြိုးချ သေဆုံးခဲ့သူမှာ (၁၆)ရပ်ကွက်၊ ကံ့ကော်ရိပ်သာလမ်းတွင် နေထိုင်သည့် ၄၅ နှစ်အရွယ်ရှိ
ဦး မောင်မောင်စိုး ဖြစ်သည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် အိမ်နောက်ဖေးခန်း ခေါင်မိုးထုတ်တန်းတွင် အရှည်ငါးပေခန့်၊ လုံးပတ် လက်မ၀က်ခန့်ရှိ
နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများရာမှ ယင်းကဲ့သို့ သေကြောင်းကြံ
စည်ခြင်း ဖြစ်ဟု ကနဦးအရ သိရှိထားရသည်ဟု ဆိုသည်။

သေဆုံးသူအလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ထားရာ ပီအာရ် ၇၇ ဖြင့် လက်ခံစစ်ဆေး
နေ သည်ဟုဆိုသည်။

ထို့ပြင် ယင်းသေဆုံးအား ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဟုတ် မဟုတ် ဆက်လက်စစ်ဆေးဖော်ထုတ်
ပေးရန် ဒု-ရဲအုပ် ငွေမိုးကတရားလိုပြုလုပ် တိုင်တန်းထားသည်။ ထို့ကြောင့် ရဲစခန်းက သေမှုသေခင်း
အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ရဲမှူး သိန်းဟန်က စစ်ဆေးနေသည်ဟု တိုင်းရဲ
တပ် ဖွဲ့မှူးရုံးက ဆိုထားသည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဇနီးဖြစ်သူ ကိုယ်ဝန် ရှိသည့် ကိစ္စ စကားများပြီး ယောက်ျား ဖြစ်သူ ဆွဲကြိုးချ http://www.simon-vlog.com/2013/10/blog-post_8158.html#ixzz2igMNUDsH
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်


မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။ ---




Thursday, October 24, 2013

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်

မန္တလေး၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။
“လက်ရှိအနေအထားနဲ့လည်း ဆောင်ရွက်နေတယ်။ နိုဝင်ဘာလလောက် ဆို နေပြည်တော်မှာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး သင်တန်းတွေ ပေးပါတော့မယ်” ဟု အထက်ပါဌာနမှ ဒုရဲအုပ် အေးအေးဝင်းက The Voice သို့ ပြောကြားသည်။

လူကုန်ကူးသူများသည် မြန်မာနိုင်ငံ မြို့နယ်အများစုရှိ ကလေးသူငယ်များကို ပစ်မှတ်ထားကာ ဇနီးမောင်နှံအသွင်၊ သမီးရည်းစား အသွင်များ ဆောင်လျက် လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်များတွင် အလုပ်အပ်နှံပေးမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်မှုများ ရှိလာ၍ ယင်းသို့ ပြောဆို ခေါ်ဆောင်ခြင်းများ ရှိလာလျှင် သတိထားရန် လိုအပ်ကြောင်း အဆိုပါ ဒုရဲအုပ်က သတိပေး ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိပ် ၁၁ ခု၊ တပ်ဖွဲ့စု ၁၈ ခုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စုသုံးခု စုစုပေါင်း ၃၂ ဖွဲ့အထိ ဖွဲ့စည်းထားရှိသည်။

အမျိုးသမီးနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ၂၀၀၅ခုနှစ် ဥပဒေ ပြဋ္ဌာန်းချက် အခန်း ၉ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သဖြင့် ယင်းဥပဒေ အတိုင်း ဆောင်ရွက်ရန် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်တားဆီး နှိမ်နင်းရေး တပ်ဖွဲ့များ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် သီးခြား ဖွဲ့စည်းထားရှိတော့မည် ဖြစ်ကြောင်း ဒုရဲအုပ် အေးအေးဝင်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ လူကုန်ကူး ခံရသူများတွင် အများဆုံးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဦးတည်မှုများပြီး တရုတ်အမျိုးသားနှင့် ကိုယ်တိုင် ချစ်ကြိုက်၍ အိမ်ထောင်ပြုသူများ၊ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် သဘောတူပြီး ပွဲစားက ခေါ်ဆောင်စဉ်လမ်း၌ အဖမ်းခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်ပြီးမှ တရုတ်အမျိုးသားထံ ရောင်းစားရန် ခေါ်ဆောင်စဉ် အဖမ်းခံရသူများ၊ အလုပ်လုပ်ကိုင်ရန် လာရောက် သူများ၊ ဖျော်ဖြေရေးလုပ်ငန်း လုပ်ရန် ခေါ်လာပြီး ပြည့်တန်ဆာ အဖြစ် စေခိုင်းခံရသူများ ပါဝင်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မှတ်တမ်းများအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးမှု ခုနစ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ ၁၁၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်င လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဆင့်မြင့် အရာရှိကြီးတစ်ဦးက မေလအတွင်း ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

(သန်းဖေသား)

The Voice Weekly

Thit Htoo Lwin - News

ထူးဆန်း ဖက်ရှင်ဒီဇိုင်းများ...

Thursday, October 24, 2013






















































acidcow/http://lwanmapyay.blogspot.com/