This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, September 13, 2013

Leaf တက်တူး...


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
oddstuffmagazine

ဆိုင်ကယ်နှစ်စီး တိုက်မှု ၄ ဦးသေဆုံး

ဆိုင်ကယ်နှစ်စီး တိုက်မှု ၄ ဦးသေဆုံး


စက်တင်ဘာ (၁၂)

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျောင်းမြောင်းရပ်ကွက် (၁၆)မိုင်(၁)လုံအနီး၊ ယနေ့ညနေ(၃း၂၀)နာရီ (12-9-2013)ရက်နေ့တွင် ကိုကျော်စွာထိုက် အသက်(၂၀)နှစ်မောင်း သည့် ဆိုင်ကယ်နှင့် မမီးအေး မောင်းသည့် ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ (၅)ဦးတွင်(၄)ဦး သေဆုံးခဲ့ပါသည်။

ထိုသေဆုံးသူများမှာ-
ဖိုးထော်ကလေး၊အသက်(21)နှစ်၊(အဘ)ဦးမြင့်သိန်း၊
ဥတ္တူကျေးရွာ။မဌေးရီ၊အသက်(58)နှစ်၊(အဘ)ဦးမြဝင်း၊
ပန်းတောရပ်ကွက်။။မမီးငယ်၊အသက်(33)နှစ်၊(အဘ)ဦးအောင်စိုး၊
ပန်းတောရပ်ကွက်။။မမီးအေး၊အသက်(43)နှစ်၊(အဘ)ဦးသန်းဌေး၊

ပန်းတောရပ်ကွက် တို့ဖြစ်ပါသည်။

ယာဉ်မောင်းကိုကျော်စွာထိုက်မှာ မြို့နယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသပေးထားပါသည်။

Hein Zaw

အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း***

***ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့်

အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း***

                    
           ***ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့် အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း***


Unlimited Starter 3G အမြန်နူန်း 150 MB နှင့် 1ရက်ကို 49ဘတ်
*104 * 29* 5443522 # call ကိုနှိပ်ပါ

Unlimited Starter 3G အမြန်နှုန်း 1GB နှင့် 1 လကို 399ဘတ်
*104* 21 * 5443522 # call ကိုနှိပ်ပါ

Unlimited Pro 3G အမြန်နှုန်း 3 GB နှင့် Dtac wifi အကန့်သတ်မရှိ 1လကို 650 ဘတ်
* 104* 23* 5443522 # call ကိုနှိပ်ပါ

Unlimited Master 3G မြန်နှုန်း 5GB နှင့် Dtac wifi အကန့်သတ်မရှိ 1လ ကို 890 ဘတ်
*104* 22* 5443522 # call ကိုနှိပ်ပါ

(အင်တာနက် နာရီပိုင်းသုံးသူများအတွက်) 3G မြန်နူန်း 384 Kbps အထိအသုံးပြုခွင့်ရမည်

အင်တာနက် 1 ရက်အတွင်း 3နာရီကို 15 ဘတ်
*104* 30 * 5443522 # call ကိုနှိပ်ပါ

အင်တာနက် 1လ အတွင်း နာရီ 20 ကို 99 ဘတ်
*104* 12 * 5443522 # call ကိုနှိပ်ပါ

အင်တာနက် 1လ အတွင်း နာရီ 70 ကို 199 ဘတ်
*104 * 13* 5443522 # call ကိုနှိပ်ပါ


အင်တာနက်လက်ကျန်မိနစ်စစ်ရန်-*101*4# call နှိပ်ပါ
ကျေးဇူးတင်ပါသည်....
Broken Heart
ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့် အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း <br / Unlimited Starter 3G အမြန်နူန်း 150 MB နှင့်

Thursday, September 12, 2013

ဖုန်းရှိရုံဖြင့် လုပ်နိုင်သော စီးပွားရေးများ

ဖုန်းရှိရုံနဲ့ လုပ်နိုင်တဲ့ စီးပွားရေးများ ဆိုပြီး ဆောင်းပါး ဖတ်မိတော့ မြန်မာပြည်မှာလည်း ဖြစ်နိုင်တာလေးတွေ တွေ့ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း လုပ်ရင်ဖြစ်နိုင်တဲ့ ဖုန်းအခြေခံ (မိုဘိုင်းဖုန်း သို့မဟုတ် ကြိုးဖုန်း) စီးပွားရေး လုပ်ငန်းများကို ဖော်ပြလိုက်ရ ပါတယ်။ ( အတည်ကော၊ နောက်တာကော ပါပါတယ်)


၁။ ဖုန်းမေး ဗေဒင်

ဖုန်းမေး ဗေဒင်က လုပ်တောင်လုပ်နေကြတယ်ကွယ်။ ပြောနေစရာတောင် မလိုဘူး။ ဖုန်းမေးဗေဒင် လုပ်ကြပြီး ငွေချေဖို့ အတွက်ကျတော့ အိမ်အရောက် လိုက်ကောက်တာမျိုး လုပ်သတဲ့။ ဗေဒင်မဟောတတ်ပဲတော့ လက် ကမျဉ်းဖို့ မကြိုးစားနဲ့လေ။ စာအုပ်လေးဘာလေးဖတ်၊ သေ ချာ လေ့လာပြီး ဗေဒင် တကယ်ဟောတတ်သူ အတွက် ကတော့ အဆင်ပြေ နိုင်ပါတယ်လေ။


၂။ ခရီးသွား လမ်းညွှန်

တိုးရစ်စ်ဂိုက် လုပ်ဖို့က တိုးရစ်ဂိုင် လိုင်စင်ရှိဖို့လိုအပ်တာတော့ အမှန်ပါပဲလေ။ ဒီတော့ လုပ်ချင်သပဆိုရင် ပြည်တွင်းက လူအချင်းချင်းပဲ ဂိုက်လုပ်လေ။ ဥပမာ ကိုယ်နေတာက လူအရောက်နည်းတဲ့ မြို့ ငယ်မှာဆိုရင် ဘယ်သူပဲ လာလည်လည် နေရာစုံအရောက် ပို့ပေးမယ့် ဘာညာနဲ့ Facebook မှာတင်၊ Blog မှာတင်ပေါ့။ ဒါဆို ရန်ကုန်မှာကျ ဘယ်လိုလုပ်ရမလဲတဲ့။ ရန်ကုန်မြို့  တစ်ပတ်အလည်ခရီးတွေ ဘာတွေလုပ်ချင်လုပ်ပေါ့။


၃။ မိုဘိုင်း စာရေးဆရာ

ဒါကတော့ အတည်ပါ မိုဘိုင်းဖုန်းနဲ့ စာရေးတဲ့ Mobile Writer တွေ အင်မတန် များလာပါပြီ။ အထူးသဖြင့် ဂျပန်မှာပါ။ ရထားစီးပြီးကုန်နေတဲ့ အချိန်မှာ မိုဘိုင်းဖုန်းနဲ့ စာတွေ ရေးပြီး blog မှာတင်တယ်။ WordPress မှာတင်တယ်။ နောက်တော့ အရမ်းများလာတဲ့အခါကျ စာအုပ်တွေဘာတွေ ဖမ်းထုတ်ပစ်တာ Cellphone novels ဆိုပြီးတော့တောင် ဂျပန်မှာနာမည်ကြီးသွားသေးတယ်။ အဲဒါလည်း မြန်မာပြည်မှာ ရနိုင်ပါတယ်။ ဘတ်စ်ကား တိုးစီးတုန်း မရေးနိုင်ရင် အားအားနေတဲ့အခါက ရေးကြည့်ပေါ့။


၎။ ဓာတ်ပုံဆရာ၊ ဗီဒိယိုဆရာ


ကင်မရာဆရာလည်း ဖြစ်နိုင်ပါတယ်။ ဒါလည်း အတည်ပါ။ နိုင်ငံတကာမှာ ဆိုလည်း မိုဘိုင်းဖုန်းနဲ့ပဲ Documention တွေရိုက်၊ Real Life အကြောင်းတွေရိုက်၊ အလွဲတွေကို ရိုက်ရင်း တကယ် အောင်မြင်နေကြ တယ်။ ဆီးရီးယားလို ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံမှာဆိုရင် တိုက်ပွဲ ဗီဒီယို၊ ဓာတ်ပုံတွေ ရိုက်ပြီး နိုင်ငံတကာ သတင်း ဌာနတွေကို ပြန်ရောင်းစားတယ်။ ဒီတော့ ရှာကြည့်ပေါ့နော်။ ရောင်းစားလို့ရမယ့် ဗီဒိယိုလေးရအောင်။ မရောင်းချင်လဲ ကိုယ်ပိုင် Blog မှာတင်တာမျိုး၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်တာမျိုးတို့တော
င် လုပ်နိုင်ပါသေးတယ်။


၅။ မိုဘိုင်း အကြံပေး

အဲဒါက မြန်မာပြည်မှာ လုပ်လို့ ဖြစ်မဖြစ်တော့ မပြောတတ်ဘူး။ လောလော ဆယ် Call Center မှာတော့ စီးပွားရေး အကြံပေးဆိုပြီး Private လိုင်းတွေ ခွဲထားပေးတယ်လေ။ အခုလည်း ဒီလိုပဲပေါ့။ ကိုယ့်ဆီမှာ သာမန် လူတွေ ထက် ပိုမိုများပြားတဲ့ သတင်းအချက်အလက်တွေ၊ အိုင်ဒီယာတွေ ရှိနေမယ်ဆိုရင် စီးပွားရေး အကြံပေး၊ ဘဝ အကြံပေး၊ ပညာရေး အကြံပေး အစရှိသဖြင့်တို့ကို ဖုန်းကတစ်ဆင့်တောင် လုပ်နိုင်ပါတယ်။ ပြီးမှ ပိုက်ဆံကို အိမ်အရောက်သွားယူပေါ့လေ။ မဟုတ်လည်း အပြင်မှာ ချိန်းပြီး ဆရာကြီး လုပ်ပေါ့။ အပြောကောင်းရင် ကိုယ့်ကိုတောင် သူဌေးတွေက ရာထူးကောင်းကောင်းနဲ့ ခန့်ကောင်းခန့်ပါလိ့မ်မယ်။ ကိုယ့်ဆီမှာ လုံလောက်တဲ့ Background မရှိရင်တော့ အစွဲစား ခံရမှာပဲလေ။


၆။ နည်းပညာ ရှင်

ကွန်ပြူတာလေးဖွင့်မရလို့ သို့မဟုတ်လည်း Facebook အကောင့်ဖွင့်မရလို့ ခက်နေသလား ဒီဖုန်းကို ဆက်လိုက်ပါ ဘာညာနဲ့ Post လေးတွေတင်ပြီး Customer ခေါ်ကြည့်လေ။  သူငယ်ချင်းတွေ ဖုန်း ခဏခဏ ဆက်မေးလို့ Facebook, Blog , G Talkဆိုင်ရာ ပြဿနာတွေကို ဖုန်းကနေ ဖြေရှင်းပေးနေရတယ်။ သူတို့ကလည်း နောက်မသိတဲ့ အပေါင်းအပါတွေကို တစ်ဆင့်ပြီးတစ်ဆင့်ပေးရင် ကိုယ့်မှာဖုန်းဖြေတာ နဲ့တင် နေ့တစ်ပိုင်းကုန်မယ့်အထိ ရောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲဒါနဲ့ စီးပွားလုပ်ဖို့ အတွေး မပေါ်ဖူးဘူး။ ဒါလေး ကုသိုလ်ရပါတယ်လေ ဆိုတဲ့ စိတ်လေးနဲ့ပဲ ကူညီပေးတော့ လူချစ်လူခင်ပေါတာပေါ့။ (အဓိက ကတော့ ပိုက်ဆံချေးလို့ကောင်းတာပေါ့. ဟဲဟဲ) အဲတော့ အခုလို ဖုန်းနဲ့ဖြေရတာ ကိုမှ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ပြီး စီးပွားရှာမယ်ဆိုလည်း သဘော ပဲလေ။ လုပ်ကြည့်ပေါ့။ ဖုန်းဖြင့် ဖြေကြား Gtalk အကောင့်၊ Facebook အကောင့် တစ်ခါတည်း ဖွင့်ပေးသည်။ ၂ ခုပေါင်း ၃ ထောင်ကျပ်၊ ၆ စုံဖွင့် ၁ စုံ ဖရီး၊ ၁ စုံ ဖရီး ၂ စုံ လက်ကီး ဒရော စမ်းကြည့်လေနော်၊ လေတော့ ကုန်မယ်။


၇။ မိုဘိုင်းဖုန်း ပွဲစား

ငါးကျင်းဆီနဲ့ ငါးကျင်းပြန်ကြော်ရမယ်လေ။ စမတ်ဖုန်း အဟောင်းနဲ့ အသစ်လဲမလား၊ ဘာကိုင်ချင်လဲ။ သူငယ်ချင်း တစ်ယောက်က S3 ကိုင်ပြီး iPhone 4 ကိုချင်တယ်။ iPhone 4 သမားက S3 ကိုင်ချင်တယ်။ သူတို့ ၂ ယောက်ကို ခေါင်းချင်းတေ့ပေးလိုက်တာ ဒိုးနတ်တော့ အလကား စားလိုက်ရတယ်။ အဲဒါလည်း စီးပွားရေး လုပ်ကြည့်လေနော်။ နံပါတ်လှလှ ဖုန်းနံပါတ်များ ရှိသည်။ အမည်ပေါက်ဘယ်လောက်၊ မိုဘိုင်းအဟောင်း ရှိသည် ဘယ်လောက်ဈေး အရှိသဖြင့် ဘော်ဒါတွေမှာ သတင်းဖြန့်ကြည့်ပေါ့ ရနိုင်ပါတယ်။


၈။ မိုဘိုင်းဖုန်း အောင်သွယ်

ကိုယ့်ဆီမှာ အလွတ် ဖီးမေးလ်နဲ့ မေးလ် မိတ်ဆွေတွေ ရှိတယ်ဆိုရင် သွေး တိုးစမ်းကြည့်လေ။ ဒီနံပါတ်ပေးမယ် ဆက်ကြည့် ဘာညာနဲ့ တည့်ပေးလိုက် ရင် ဖူးစာ ပါရင်တော့ စုံမယ်လေ။ အောင်သွယ်ခ ကို မင်္ဂလာဦးညကျ တံခါးရှေ့ အိပ်ပြီးတောင်းပေါ့။ နောက်တာပါလေ။ အဲဒါလည်း လုပ်ကြည့်ရင် ရနိုင်ပါတယ်။

ပြောတာသာ ပြေတာ။ နိုင်ငံခြားမှာကျ ဖုန်းကတစ်ဆင့်ပေးတဲ့ ဝန်ဆောင်မှုတွေကို ဘယ်လို ငွေပို့စနစ်နဲ့ ပို့လိုက်ဘာညာနဲ့ အဆင်ကိုပြေလို့။ မြန်မာပြည်မှာကျ အနီးစပ်ဆုံးဆိုရင် ဘဏ်အကောင့် နံပါတ် ဘယ်ကို ထည့်ပေးပါပဲ ရအုံးမယ်ထင်ပါတယ်။ အဲဒါလည်း သေချာ သိဘူးပဲ။ ဒီတော့ ဟိုက တစ်ခုခု စမေးလိုက်ပြီဆိုရင် ညီမလေးရေ  မမဆီကို ပိုက်ဆံအရင်ရောက်အောင် ပို.နော် လို့ပြောပေါ့။ မရလည်း အိမ်လိပ် စာတောင်းပြီး အရောက် တောင်းပေါ့လေ။ Call Centre ကျ မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီး Mobile Bill ကနေ ဖြတ်ယူတယ်။

ကိုယ်ကတော့ ဖုန်းတစ်လုံးနဲ့ တစ်ပိုင်တစ်နိုင်လုပ်တာလေ။ ငွေကို ဘယ်လို တောင်းရင်ကောင်းမလဲ စဉ်းစားကြည့်ပေါ့။ ဖုန်းငွေချေကဒ် ခဲချစ်ပြီး နံပါတ်ပို့ခိုင်းရင်ကော ကောင်းဘူးလားလို့ စဉ်းစားမိသေးတယ်။ သို့ပေမယ့် ပို့လည်းပြီးရော ဦးသူယူဆိုပြီး သွင်းလိုက်မှ ဂိနေမယ်။ ဘယ်လို ပဲ ဖြစ်ဖြစ်လေ။ မိုဘိုင်းဖုန်းက စတင်လို့ Real World မှာအထိ Business ကို Expand လုပ်သွား နိုင်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ စီးပွားလုပ်ချင်သူများကို လုပ်ချင်စိတ်ပျောက် သွားအောင်၊ အဲလေ တစ်ဖွားဖွား ပေါ်လာအောင် ရေ လာမြောင်းပေး လုပ်လိုက် ရပါတယ်။
                                 လူသားအားလုံး ဆန္ဒနဲ.ဘ၀တစ်ထပ်တည်းကျပါစေ အစစအရာရာအောင်မြင်မှုပန်းတိုင် လျှောက်လှမ်းနိုင်ပါစေ......

ရမြေဒေသကို လိုက်လျောညီထွေပြီး အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး

အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး


Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။ အာဖရိကတိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေများစာရင်းများလည်း ပါဝင်ပါသေးတယ်။

အရှည်အားဖြင့် ၄ ပေနဲ့ ၅ ပေကြားမှာရှိပြီး အလေးချိန်က ၁၉ ပေါင်ထိ ရှိတာကြောင့် ကမ္ဘာ့အလေးဆုံး မွေးစာရင်းမှာတောင် ပါဝင်လိုက်ပါသေးတယ်။ သူ့ရဲ့  ထူးခြားချက်က အပြင်က အရေခွံပါ။ ရေမြေဒေသကို လိုက်လျောညီထွေပြီး အညိုနု၊ အသားရောင်၊ သစ်ပုပ်ရောင်၊ အနက်ရောင် အစရှိသဖြင့် ရှိနေတတ်ပါတယ်။ ရုတ်တရက်ဆိုရင် မြင်နိုင်မှာတောင် မဟုတ်ပါဘူး။

ခပ်နှေးနှေးသွား ရှင်သန်စားသောက်တတ်တဲ့ အဆိပ်ပြင်း မြွေပွေးပါ။ အာဖရိကတိုက် အလယ်ပိုင်း၊ အနောက်ပိုင်းတို့မှာသာ မြင်တွေ့ရတဲ့ Gaboon မြွှေပွေးဟာလည်း မျိုးသုန်းတော့မယ့် မြွှေပွေးစာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။

Ref: wiki

Aung Kham (ရိုးရာလေး)

အွန်လိုင်းသုံးတဲ့သူမှန်သမျှ သိထားသင့်တယ်( အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲ)

.


လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။
မြန်မာပြည်လည်း နောက်ဆိုရင် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို့ က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။ အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။

သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ့ဖို့ဆိုတာ ဝေလာဝေးလေ။ ဒီတော့ အွန်လိုင်း မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားပြော ပြေပြစ်မှု ရှိမရှိကို အရင်သုံးသပ်ရပါမယ်။

Chatting တွင် စကားပြောပါ

Chatting မှာ စကားပြောတာတော့ သင်ပေးစရာမလိုဘူးလေ။ လူတိုင်းပြောတတ်နေတာပဲ။ တစ်ယောက် နဲ့ တစ်ယောက် ပြောပုံဆို ပုံ၊ ပြုမှုဆက်ဆံပုံက မတူတော့ ဘယ်လိုပြေပါ။ ဘာညတော့ ပြောလို့မရ ပါဘူး။ သို့ပေမယ့် ပြောဆိုမှုထဲမှာ အမည်၊ အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လက်ရှိနေရပ်၊ အိမ်ထောင် ရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အရှင်း ရှိမရှိ အစရှိတဲ့ အရေးကြီး အချက်များကို မေးမြန်းဖို့လို ပါတယ်။ မေးမြန်း ပြောဆိုချက်များအရ Single ဖြစ်မယ်။ အရှုပ်အရှင်းကင်းမယ်ဆိုရင် Chatting level မှာ အောင်မြင်ပါပြီ။

Profile စစ်ဆေးပါ

နောက်တစ်ဆင့်ကတော့ Profile စစ်ဆေးတဲ့ အဆင့်ပါ။ ဒီခေတ်က Facebook ခေတ်လေ။ Facebook ဝင်ကြည့်ရင် အကုန်သိတယ်။ Timeline ကို ဒီနေ့ကစလို့ အကောင့်စဖွင့်တဲ့နေ့အထိ တောက်လျှောက်စစ်ဆေး။ Info မှာ သူ့ရဲ့  အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို ပြောထားတဲ့ အတိုင်းထည့်ထားလား၊ သို့မဟုတ် ဘာမထည့်ထားဘူးလား။ ထည့်ထားတာ နဲ့ ပြောတာနဲ့  လွဲနေလား အားလုံး စစ်ဆေးဖို့ လိုပါတယ်။ Chatting နဲ့ Profile Check နှစ်ခုလုံးက Virtual world မှာပါ။ ဒီနှစ်ဆင့်လုံး မှာ ပြောစရာမရှိအောင် အပြစ်ကင်းနေရင် နောက်တစ်ဆင့် အနေနဲ့ Real World ကိုတက်နိုင်ပါပြီ။

ဖုန်းပြောပါ

အွန်လိုင်းမှာ စကားပြောလို့က အဆင်ပြေသွားပြီ စိုပါဆို့။ နောက်တစ်ဆင့်က ဖုန်းဆက်တာပေါ့။ လူကို ဓာတ်ပုံထဲမှာသာ မြင်ဖူးပြီး စကားအပြောအဆို ဘယ်လိုရှိမယ်ဆိုတာ မသိဘူးလေ။ ဒီတော့ ဒုတိယ အဆင့် လုပ်ရမှာပါ။ အွန်လိုင်းမှာ သိထားတဲ့ အချက်အလက်၊ Chat ထဲက ပြောဆိုမှု နဲ့ အပြင်မှာ တကယ် ဖုန်းပြော ရတာနဲ့က ကွဲနိုင်ပါတယ်။ အသံနေအထားကို မူတည်ပြီးတော့ ဒီလူ လိမ်နေတာလား၊ အတည်လား ဆိုတာကို အခြေခံအားဖြင့် လူကဲခတ်လေးတော့ တတ်ဖို့လိုပါမယ်။ ဒါလည်း အားလုံး သိမှာပါ။ ဖုန်းဆက်လို့ အဆင်ပြေသွားပြီဆိုရင် နောက်တစ်ဆင့် ကတော့ တွေ့ဆုံရန် ချိန်းဆိုခြင်း ဖြစ်ပါတယ်။

အပြင်မှာ တွေ့ပါ

အွန်လိုင်းမှာကတော့ ပြောလို့အဆင်ပြေနေပါပြီ။ အပြင်မှာတွေ့ဖို့ ချိန်းကြတော့မယ်ဆိုပါစို့။ Public Place တွေကိုပဲ ရွေးရမှာပါ။ သတိထားရမှာတစ်ခုက မိမိရဲ့ နေရပ်လိပ်စာအနီးအနားကို မခေါ်မိစေဖို့ပါပဲ။ ဒါက အမျိုးသမီးများရဲ့ Personal Safety အတွက် စိုးရိမ်ရနိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်း၊ လူသိများ စားသောက် ဆိုင်တို့ အအေးဆိုင် တို့လို နေရာမှာ ချိန်းရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

အပြင်မှာတွေ့တဲ့အခါလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ ဓာတ်ပုံတွေလည်း အင်တနက် ပေါ်က အတိုင်းပဲ ဆိုပါစို့။ ဒါနဲ့ပဲ အဆင်ပြေပြီလို့ မမှတ်လိုက်ပါနဲ့။ ပထမဆုံး တွေ့ဆုံမှုက ဖူးစာရှင်လို့ မှတ်ယူရင် မှားသွား နိုင်ပါတယ်။ ပထမဆုံး တွေ့ဆုံမှုက ရှေးရေ စက်ကြောင့်မို့ တွေ့ရတယ်လို့ မှတ်ယူပြီး နောက်ပိုင်း အကြိမ်ကြိမ် အခါခါတွေ့ဖို့လိုပါမယ်။ ဒါကျတော့ Real World မှာလေ။ Real World မှာ ကောင်လေး တစ်ယောက် အနေနဲ့၊ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါတွေ့ပြီးရင်၊ ဖုန်းနံပါတ်တွေလည်း ရှိသွားပြီ ဆိုရင် ဘယ်လို စစ်ဆေး၊အကဲခတ်၊ လေ့လာရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ခုက လူငယ်တွေတောင် မဟုတ်တော့ ပါဘူး။ လူကြီးတွေအတွက်လည်း၊ အလုပ်များတာကြောင့် Romantic ဆန်ဖို့အတွက် အချိန် မပေးနိုင်သူ များက အွန်လိုင်းကတော့ ဘဝလက်တွဲဖော်များ တွေ့လေမလားလို့ ရှာလာ တတ်ကြပါတယ်။

အနှစ်ချုပ်

အချို့ တွေများ အမှန်အကန်နဲ့တွေ့သွားတာ ရှိပေမယ့် အချို့ အညာမိသွားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးမှ အများကြီးပါ။ အိမ်ထောင်ရှိလျက်နဲ့ အပျို၊လူပျို ဇာတ်ခင်းပြီး ကွဲကွဲပြဲပြဲ ဖြစ်သွားတဲ့ အချစ်ဇာတ်လမ်း တွေ လည်း မြင်တွေ့နေရပါတယ်။ သူတို့ အဓိက လွဲသွားတဲ့ အဆင့်ကတော့
စောင့်ကြည့် စစ်ဆေးတဲ့ အချိန်ကာလမှာပါ။ အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့တာက တစ်လတောင် မရှိသေးဘူး။ အိမ်ထောင်ပြု လိုက် တာမျိုးကျ လွန်တယ်လေ။ Online Dating လုပ်တယ်ဆိုတာက ရည်းစားဖြစ်ကြပါ၊ အိမ်ထောင်ပြကြပါဆိုတာမျိုး မဟုတ်ပါဘူး။ အပြင် မှာ တွေ့ဆုံပြီး ကိုယ်နဲ့ မိတ်ဆွေဖြစ်ဖို့ သင့်မသင့် စတင် စစ်ဆေးတဲ့ Stage မှာပဲ ရှိပါသေးတယ်။ အွန်လိုင်းမှာတုန်းက ပြောထားတဲ့ အချက်တွေ အားလုံးက ဟုတ်နေပြီ။ အပြင်မှာ ရုပ်လေး တွေ့ပြီး ဆုံးဖြတ်လို့ရ ပြီးရော ဆိုရင်တော့ ဒုက္ခရောက်သွား နိုင်ပါတယ်။ အလုပ်အရမ်းများပြီး ဘဝအတွက် လက်တွဲဖော် ရှာဖို့ အချိန်ပေးနိုင်သူများအတွက် ရည်ရွယ်ပါတယ်။
အဆင်ပြေပါစေ
နွေည
 သတိတရားဖြင့်
အရာရာကိုထိန်းချူပ်နိုင်ပါစေ။
.

2013 Miss Supranational Myanmar- Khin Wint Wah


2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah

Related Postshttp://www.myanmarcutegirl.com/2013/09/2013-miss-supranational-myanmar-khin.html

Tuesday, September 10, 2013

ခွေးတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား ဟု သေဆုံးသူ ဧ။် ဦးလေး တော်စပ်သူ ကဆို

 i Love Myanmar's photo.
တောက်... သတ္တိရှိရင် ထွက်လာခဲ့... မြန်မာပြည်က မိန်ကလေးရဲ့ လက်သန်းတစ်ချောင်းနဲ့ဘဲ စိန်ခေါ်တယ်... လာရင်ဆိုင်လိုက်.... 
------------------------
ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်
9.9.2013
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ခ်ျရနပ် ကွက်တွင်နေထိုသင်ည့်ရာဘာခြံအလုပ်သမား တစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်.များ ယူဆောင်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေးပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီးညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ် ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်းဗျာ။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စာဆို သည်။

ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပေလာမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား လူပျို လူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင် အလုပ်လုပ်ကိုင်နေ သည့် အလုပ်သများတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင်ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်ခဲ.ပြီးဖြစ်သည်

သတင်းဓာတ်ပုံ= ရွှေလုပ်သား
Myanmar daily news

မန္တလေးတွင် ငွေစက္ကူအတုများ ဖမ်းမိ .................


Monday, September 9, 2013

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်တာရိုးဘေးရှိ နေအိမ်တစ်လုံးကို သံသယရှိသဖြင့် မှုခင်းရဲ တပ်ဖွဲ့က စက်တင်ဘာ ၆ ရက် ည ၇ နာရီခန့် တွင် ၀င်ရောက်ရှာဖွေရာ ငါးထောင်ကျပ်တန်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိကြောင်း ရဲဌာနက ထုတ်ပြန်သည်။

အိမ်ရှင်၏ အင်္ကျီအိတ်အတွင်းမှ ငါးထောင်ကျပ်တန် ငွေအတုနှစ်ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေအတု ငါးရွက်တို့ကို ရဲများက ရှာဖွေတွေ့ရှိခဲ့သောကြောင့် အိမ်အတွင်း၌ ဆက်လက်ရှာဖွေကြရာ ဆာလာအိတ်ဖြင့် ထည့်ပြီး ဂွမ်းစောင်ဖြင့် ပတ်ထားသော တစ်ထောင်ကျပ်တန်ငွေအတု ၅၀၀ ရွက်နှင့် ငါးထောင်ကျပ်တန်ငွေ အတု ၆၀ ရွက်တို့ သိမ်းဆည်းရမိ ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားကို မန္တလေးအမှတ် ၂ ရဲစခန်းက အမှုအမှတ် (ပ)၂၃၂/၂၀၁၃ ဖြင့် အမှုဖွင့် ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(ခ) /၄၈၉(ဂ)ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိတွင် အမှတ် ၁၃ မှုခင်းတပ်ဖွဲ့ စုမှ ရဲများကသံသယရှိသူကို စစ်ဆေးနေကြောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။

အောင်ကိုဦး
Mizzima - News in Burmese

Thit Htoo Lwin - Crime

ရရှိတဲ့ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်း လှူဒါန်းမည့် Miss Internet, Most Beautiful Girl in the World, People Choice Award နဲ့ Face of Miss Supranational စတဲ့ဆု၇ှင် ခင်ဝင့်ဝါ

အလှမယ်ပြိုင်ပွဲတွေ ထပ်မပြိုင်ဘူးလို့ ခင်ဝင့်ဝါ ထုတ်ဖော်ပြောလိုက်ပြီ

ဘီလာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Top Ten စာရင်းဝင်မော်ဒယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်တဲ့ ခင်ဝင့်ဝါဟာနောက်ဆုံး ဆန်ခါတင်အဆင့်အထိ တက်လှမ်းနိုင်တဲ့အပြင်  Miss Internet, Most Beautiful Girl in the World, People Choice Award နဲ့ Face of Miss Supranational စတဲ့ဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ ဒီလိုဆုတွေကို ဆွတ်ခူးခဲ့တဲ့သူမ ဟာစက်တင်ဘာ ၈ ရက်မွန်းလွဲ ၁၂ နာရီကျော်မှာ အမိမြန်မာနိုင်ငံကို မျက်နှာပန်း လှလှနဲ့ပြန်လာ ခဲ့ပေမယ့်လည်း ခရီးရောက်မဆိုက်မှာဘဲသူမအနေနဲ့ ရှေ့ဆက်ပြီး ဒီလိုမော်ဒယ်ပြိုင်ပွဲတွေ ၀င်ပြိုင်တော့မှာ မဟုတ်တဲ့အကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဘာကြောင့်လဲ၊ ဘာပြုလို့လဲ စတဲ့အတွေးပေါင်း များစွာကို အဖြေပေးထားတဲ့ ဒီအင်တာဗျူးလေးကို ဖတ်ရှုကြည့်ကြပါစို့လား။

ခင်ဝင့်ဝါအနေနဲ့ အခုလိုဆုတွေတပွေ့ကြီးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ တဲ့ခံစား ချက်က ဘယ်လိုရှိလဲ။

အတိုင်းမသိပျော်မိပါတယ်။ ဟိုမှာ ပြိုင်ပွဲဝင်ကတည်းက ပြန်ချင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တွေ့ ချင်စိတ်က အတိုင်းမသိပါပဲ။

ရရှိတဲ့ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်း လှူဒါန်းမယ်လို့ သိရတယ်။ ဘယ်လိုနေရာတွေကို လှူဒါန်းဖို့ ရည်ရွယ် ထားလဲ။

ဟုတ်ပါတယ်။ Organization က အစ်ကိုတွေနဲ့ တိုင်ပင်ပြီးတကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ စဉ်းစားထားပါတယ်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်မှာ ဟိုကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရတာရောရှိခဲ့လား။ တခြား အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေ ပြောဆိုလုပ်ကိုင်ခဲ့တာတွေရော ရှိခဲ့လား။

မရှိပါဘူး။ Miss တွေက ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းတန်းပြန်ရမယ့်သူတွေရှိတာကြောင့် မြန်မြန်ပဲပြန်လာခဲ့ ရပါတယ်။

အခုပြိုင်ပွဲမှာ ကိုယ်ကဆုလေးဆု ရရှိခဲ့ပြီဆိုတော့ နောက်ထပ် Miss ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားထားသေးလား။

Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖြစ်တော့ပါဘူး။ မပြိုင်တော့ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ နောက်ထပ် သွားပြိုင်မယ့် သူတွေအတွက် ဘာတွေလိုအပ်လဲ။ လိုအပ်တာရှိရင် ကူညီပေးမှာပါ။ Miss Universe အတွက် ညီမကို ကမ်းလှမ်းတာမျိုးရှိတယ်။ ဒါပေမဲ့ ညီမအနေနဲ့ ၀င်မပြိုင်ဖြစ်တော့ဘူး။ Miss ပြိုင်ပွဲတွေ ၀င်မပြိုင်တော့ပေမယ့် အနုပညာအလုပ်တွေတော့ ဆက်လုပ်သွားမှာပါ။

ဘာကြောင့် Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

ပညာရေးဘက်လည်း လုပ်ဖို့ရှိတာရယ်၊ နောက်ပြီးတခြားအနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေပဲ ဆက်လုပ်ချင် တာကြောင့်ပါ။ တခြားတော့ ဘာမှမရှိပါဘူး။

ဒါဆို ခင်ဝင့်ဝါ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေရှိရင် လည်း ပြောပါဦး။

ကြော်ငြာတွေ ရိုက်မယ်။ rand Ambas- sador လုပ်ဖို့ ရှိလာခဲ့ရင်လည်း သေချာစဉ်းစားပြီးလုပ်ဖို့ အစီ အစဉ်ရှိပါတယ်။

ပရိသတ်အားပေးမှုအတိုင်းအတာက ခင်ဝင့်ဝါ မျှော်လင့်ထားတာနဲ့ ထပ်တူကျခဲ့လား။

အစက vote ပေးတဲ့နေရာမှာ နည်းနေသေးတယ်။ ညီမရဲ့ official voting မှာမဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။ အဲဒါက လည်း ညီမကိုချစ်တဲ့ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့ တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit\ Debit Card အွန်လိုင်းငွေချေစနစ်ဆိုတာမတွင်ကျယ်သလို နိုင်ငံတကာက နိုင်ငံသားတိုင်း မှာက Credit\ Debit Card အားလုံးမှာ ရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။ အခုညီမကို ချစ်တဲ့ ပြည်ပက မြန်မာပရိသတ်ကြီးတွေ က ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက် ညီမအတိုင်းမသိ ၀မ်းသာပျော်ရွှင်ရပါတယ်။

အခုရရှိခဲ့တဲ့ဆုတွေထဲမှာ ဘယ်ဆုကို အားရကျေနပ်ဆုံးလဲ။

Miss Internet ဆုကိုပါ။ မြန်မာနိုင်ငံက ကော်နက်ရှင်လည်း မကောင်းဘူး။ အဲဒီကြားထဲက vote တွေ ပေးကြတယ်။ ပရိသတ်အားပေးမှုနဲ့ တန်အောင်လည်း ညီမကြိုးစားခဲ့ပါတယ်။ ပရိသတ်ကပေးတဲ့ဆုဖြစ် တဲ့အတွက် ဒီဆုကို ပိုပြီးနှစ်သက်မိပါတယ်။

မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါရဲ့သဘောထားကိုလည်း သိပါရစေ။

ညီမအသက်အရွယ်နဲ့ဆိုရင် ငယ်ပါသေးတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမဝေဖန်ချင်ပါဘူး။

အခုအချိန်မှာ အားပေးခဲ့တဲ့ ခင်ဝင့်ဝါရဲ့ပရိသတ်တွေကို အပြောချင်ဆုံးစကားက ဘာများဖြစ်မလဲ။

ပရိသတ်အားပေးမှုနဲ့တန်အောင် ညီမဆက်ကြိုးစားသွားမှာပါ။ ပရိသတ်ကြီးက ညီမကို ဆက်လက်အားပေးစေချင် ပါတယ်။ ပရိသတ်ကြီးကုန်သွားတဲ့ပိုက်ဆံတွေ အလကားမဖြစ်ရအောင် ညီမဆုရတဲ့ငွေကို ပရဟိတလုပ်ပြီး လှူမှာပါ။ ညီမကို မျှော်လင့်ချက်အားမာန်တွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ အမြဲအား ပေးနေတဲ့ပရိသတ်ကြီးရဲ့ကျေးဇူးကို ညီမ,မမေ့ပါဘူး။ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေး ပါတယ်လို့ ပြောချင်ပါတယ်။

Profile

အမည်ရင်း   ခင်ဝင့်ဝါ

မိဘအမည်   ဦးလှဟန် + ဒေါ်ကြည်ကြည်ဆွေ

မွေးနေ့  စက်တင်ဘာလ ၂၁၊ ၁၉၉၄

ပညာအရည်အချင်း   တတိယနှစ် (ရုက္ခဗေဒ)


ပန်းမြတ်ဇော်

Mizzima - News in Burmese

ဂရင်းကန်ညွန် ချောက်ကြီးနှင့် အရွယ်အစား တူညီသော အလွန်ကြီးမားသည့် ချောက်နက်ကြီး တစ်ခုကို ဂရင်းလန်း ရေခဲပြင်လွှာ အောက်တွင် သုတေသီများက ရှာဖွေ တွေ့ရှိ

ဂရင်းကန်ညွန် ချောက်ကြီးနှင့် ဆင်တူသည့် ချောက်ကြီးတစ်ခု ဂရင်းလန်း ရေခဲလွှာ အောက်တွင် သိပ္ပံ ပညာရှင်များ တွေ့ရှိ


ဂရင်းကန်ညွန် ချောက်ကြီးနှင့် အရွယ်အစား တူညီသော အလွန်ကြီးမားသည့် ချောက်နက်ကြီး တစ်ခုကို ဂရင်းလန်း ရေခဲပြင်လွှာ အောက်တွင် သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ချောက်ကြီးသည် အရှည်အားဖြင့် အနည်းဆုံး ၄၆၆ မိုင် ရှည်လျားပြီး ချောက်၏ အနက်မှာ ၂၆၂၄ ပေ အထိ နက်သည်ဟု သိရသည်။ အဆိုပါ ချောက်ကြီးသည် ပုံသဏ္ဌာန်အားဖြင့် ကွေ့ကောက် နေသည့်မြစ် လက်တက်နှင့် အသွင်တူပြီး သက်တမ်းမှာလည်း နှစ်သန်းပေါင်းများစွာ ရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ချောက်ကြီးကို airborne radar ဖြင့် ဖမ်းယူ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ radar သည် ရေခဲထုကို ထိုးဖောက်နိုင်သည့် အပြင် ကုန်းမြင့်အောက်ရှိ အရာဝတ္ထုများ ကိုလည်း ရှာဖွေနိုင်သည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ဆယ်စုနှစ်များစွာအတွင်း အာတိတ်ဒေသကို သုတေသန ပြုသူများက စုစည်း ထားသော တိုင်းတာမှု အချက်အလက်များကို ပေါင်းစည်း၍ လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ဆက်စပ် လေ့လာမှုများ ပြီးဆုံးပြီးနောက်တွင် သိပ္ပံပညာရှင်များသည် ဂရင်းလန်း ပြည်နယ်၏ အလယ်ဗဟိုမှ မြောက်ဘက်သို့ ဆန့်ထွက်သွားသည့် မြေလွှာအောက်မှ ကျောက်သားတွင် အက်ကွဲကြောင်းကြီး တစ်ခု ရှိနေကြောင်းကို သက်သေ အထောက်အထားများ ရရှိခဲ့သည်။

အဆိုပါ ချောက်ကြီးသည် အာတိတ် သမုဒ္ဒရာနှင့် ဆက်သွယ်နေသည့် ပင်လယ် ရေဝင်လမ်း တစ်ခုတွင် အဆုံးသတ် သွားသည်ဟု ဗြိတိန်နိုင်ငံ ကိန်းဘရစ် အခြေစိုက် သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဒေးဗစ်ဗော့ဂန်က ပြောကြားသည်။
ref: မြ၀တီ

လိုင်ဇာ ဌာနချုပ်ရှိ ဒုက္ခသည် စခန်းများအား လာရောက် အကူအညီ ပေးခဲ့သည့် UN ကူညီရေး အဖွဲ့သည် ယနေ့ ခရီးစဉ် ပြီးဆုံး

ကချင် ဒုက္ခသည် များအား UN ကူညီ

အဲာပိုန်

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) လိုင်ဇာ ဌာနချုပ်ရှိ ဒုက္ခသည် စခန်းများအား လာရောက် အကူအညီ ပေးခဲ့သည့် UN ကူညီရေး အဖွဲ့သည် ယနေ့ ခရီးစဉ် ပြီးဆုံးသည့် အတွက် နက်ဖြန် မြစ်ကြီးနားသို့ ပြန်တော့မည်ဟု လိုင်ဇာရှိ ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ အတွင်းရေးမှူး ဖြစ်သူ ဇော်ရော်က ဆိုပါသည်။

“ UN ကယ်ဆယ်ရေး ကားတန်း ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ (၇) ရက်နေ့ ညနေပိုင်း လောက်က ရောက်လာတာပါ။ ကားငယ် (၆) စီးနဲ့ ကုန်တင်ကား (၁၁) စီးနဲ့ ပေါ့လေ။ ၀န်ထမ်းက (၂၆) ယောက် ပါလာတယ်။ သူတို့ကတော့ စက်တင်ဘာလ (၈-၉) နှစ်ရက်တာ နေသွား တာပေါ့လေ” ဟု ဆိုပါသည်။

အကူအညီ များသည် လိုင်ဇာရှိ ၀ိုင်းကျိုင် စခန်း၊ အမှတ် (၃) ဈေးစခန်းနှင့် လိုင်ဇာမှ (၈)ကီလိုဝေးသော ဂျေယန်စခန်းနှင့် ပုံလွန်ယန် စခန်းများ အတွက် ဖြစ်ပြီး UN ၀န်ထမ်းများ ကိုယ်တိုင် ဝေငှပေးခဲ့ပါသည်။

သို့သော် အဆိုပါ ဒုက္ခသည်စခန်း (၄)ခုတွင် ဒုက္ခသည်ပေါင်း (၂၀၀၀၀) ခန့် ရှိသော်လည်း UN အကူအညီသည် လူ(၄) ထောင်စာအတွက် တလစာသာ အကူအညီ ပေးသွား ခဲ့ပါသည်။ အကူအညီများမှာ ဆန်ဆီဆားနှင့်ပဲ သာရရှိခဲ့ပါသည်။

ဤအကူအညီသည် လိုင်ဇာ ဒုက္ခသည်များအတွက် UN ၏ ဒုတိယ အကြိမ်မြောက် အကူအညီဖြစ်ပါသည်။ UN သည် လိုင်ဇာ ဒုက္ခသည်များအား ဆက်လက် အကူအညီပေးရန် ရှိကြောင်း အတွင်းရေးမှူး ဇော်ရော်က ဆိုပါသည်။

KIO ထိန်းချုပ် နယ်မြေထဲတွင် ကချင်စစ်ပြေး ဒုက္ခသည် (၇)သောင်းခန့်ကို လက်ခံ ကျွေးမွေး စောင့်ရှောက် ထားရပါသည်။ ရိက္ခာမလုံလောက်ခြင်း၊ ဆေးဝါးပြသနာ၊ စာသင်ကျောင်း အမိုးအကာနှင့် ဆောင်းရာသီ အနွေးထည်များလို အပ်နေသည်ဟု ဆိုပါသည်။

အထူးသဖြင့် ပြည်တွင်း အလှူရှင်များက အလှူ ရံပုံငွေ အဖြစ် တေးဂီတ သီဆိုပွဲများ ဆင်နွှဲပြီး ရသည့် အမြတ်အစွန်းဖြင့် ထောက်ပံ့ကြသော်လည်း မလုံလောက်သဖြင့် KIO ကသာ အဓိက ထောက်ပံ့ နေရပါသည်။

မြောက်အရပ်မှ မဟာအိမ်နီးချင်း ...................................

မြန်မာ့နိုင်ငံရေးဆောင်းပါးများ's photo.

ဇေယျသူ

တရုတ်အကြောင်းကို မြန်မာတို့်သိသလိုလိုနှင့် တကယ်မသိခြင်းသည် နိုင်ငံကို အကျိုးယုတ် စေသည် သာမက အန္တရာယ်လည်းကြီးသည်။ မြန်မာနှင့် တရုတ်အကြောင်းမသွားမီ တရုတ်၏ လက်ရှိအခြေ အနေကို လေ့လာ ကြည့်ကြပါစို့။


တရုတ်စွာလာခြင်း

တရုတ်သည် ၁၉၇၉ တွင် စီးပွားရေးပြုပြင်ပြောင်းလဲရေး စကတည်းက အရှိန်မြန်စွာ တိုးတက်ကာ ၁၉၉၀ ခန့် တွင် အားလုံးသတိထားမိလာသည့် အခြေအနေသို့ ဆိုက်သည်။ ထိုအခါ တရုတ်နဂါးကြီး နိုးလာပြီဟု ကြောက်ကြပြီး အင်အားကြီးထွားလာခြင်းကို အိမ်နီးချင်းတို့ ကြောက်ရွံ့မည် စိုးသဖြင့် တရုတ်သည် “Rise” မြင့်တက်ခြင်းဟုပင် မသုံးဘဲ “Peaceful Development” “ငြိမ်းချမ်းစွာဖွံ့ဖြိုး တိုးတက်ခြင်း” ဟု ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ဘဲ တိုးတက်ခြင်းဟု တမင်သုံးစွဲခဲ့သည်။ နိုင်ငံတကာ အရေးများ တွင်လည်း မျက်စိစပါးမွှေးစူးမခံရစေရန် တက်ထောင် မောင်းနင်း သိပ်မလုပ်ဘဲ ခပ်လျှိုလျှိုနေခဲ့သည်။ သို့သော် ၂၀၀၈ ဘေဂျင်းအိုလံပစ်ကို ခမ်းနားကြီး ကျယ် စွာ ကျင်းပအပြီးတွင် တရုတ်သည် ခေါင်းမော့ရင်ကော့လာသည်။ ယခင်ကထက် ကိုယ့်ကိုယ် ကို ယုံကြည်မှုပိုလာကာ အခြားနိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းများ ပိုမြင်လာရ သည်။

ပူပူနွေးနွေး သမ္မတသစ် ရှီကျင့်ဖျင် အပါအဝင် တရုတ်ခေါင်းဆောင်မျိုးဆက်သစ်များ တာဝန်လွှဲယူစ အချိန်တွင် တရုတ်သည် ယခင်ကထက် စွာလိမ့်မည်ဟု ယူဆရသည်။ မိမိသည် ရဲရင့်ပြတ်သား ကြောင်း၊ ဦးဆောင်နိုင်ကြောင်း၊ ပြိုင်ဘက်တို့ကို ဦးမညွတ်ကြောင်း ခေါင်းဆောင်သစ်သည် ပါတီကို ပြသလိမ့်မည် ဖြစ်သည့်အတွက် ယခင်ကထက် ခပ်မာမာ ခပ်ထန်ထန် ပြောဆိုခြင်းများ၊ တုံ့ပြန်ခြင်း များ မြင်တွေ့ရနိုင်သည်။

တရုတ်ကို ကြောက်လာခြင်း

တရုတ်ကို ကြောက်ရွံ့လာကြခြင်း၏ အကောင်းဆုံးသာဓကမှာ ဂျပန်ခြေလှမ်းပြောင်းလာခြင်း ဖြစ်သည်။ ဂျပန် သည်တရုတ်နှင့် ဒေသတွင်း အဓိကပြိုင်ဘက် ဖြစ်သည်။ တရုတ်ကို ဂျပန်က ၂၀ ရာစု အစောပိုင်းတွင် ကျူးကျော်ခြယ်လှယ်ခဲ့သည်ကို တရုတ်က မမေ့။ သမိုင်းစာအုပ်များတွင် တခုတ်တရ သင်သလို ရုပ်ရှင်များ တွင် ဂျပန်ဆန့်ကျင်ရေးများ လူကြိုက်များလှသည်။ ဂျပန်သည် တရုတ်နှင့် စီးပွားရေးအရ ကြီးမားသော ဆက်ဆံရေးရှိသလို တရုတ်ကို အထောက်အပံ့များစွာ ပေးခဲ့သော်လည်း တရုတ်ကို သတိအမြဲထားသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန်သည် တရုတ်နှင့် ယခင်က ဖြစ်ပွားခဲ့သော အငြင်းပွားမှုများတွင် တိုးတိုးတိတ်တိတ်ဖြင့် ဖြေရှင်းသော်လည်း ကျွန်းကို သူပိုင်ငါပိုင် အငြင်းပွားမှုတွင်မူ လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် တုံ့ပြန်ခဲ့သည်မှာ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်၏ မူဝါဒ ပြောင်းလဲလာခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက စစ်ရေးတွင် ကိုယ်ရှိန်သတ်ခဲ့သည့် ဂျပန်သည် မကြာသေးမီကာအတွင်း စစ်ရေးကို ပြန်လည် တိုးချဲ့လာခြင်းသည် တရုတ်ကြောင့် (China Factor) ဟု အကဲဖြတ်နိုင်သည်။

တောင်တရုတ်ပင်လယ်တွင် အရှေ့အာရှနိုင်ငံအများအပြားသည် တရုတ်နှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေ ကြသည်။ ဖိလစ်ပိုင်ဆိုလျှင် သူနှင့် ဆက်စပ်နေသည့် တောင်တရုတ်ပင်လယ်အခြမ်းကို တောင်တရုတ် ပင်လယ်ဟုပင် မခေါ်ဘဲ အနောက်ဖိလစ်ပိုင်ပင်လယ်ဟု ခေါ်သည်။ တရုတ်သည် ထိုနိုင်ငံများနှင့် ယခင်က ထက်စာလျှင် ထိပ်တိုက်တွေ့ရန် မရွံ့သည့်ဟန်များမြင်လာရသည်။ အမေရိကန်သည် အိုဘားမားလက်ထက် တွင် အာရှသို့ ပြန်အဝင်နှင့်လည်း တိုက်ဆိုင်ချိန်တွင် တရုတ်နှင့်အငြင်းပွားနိုင်ငံအားလုံးက အမေရိကန်ကို အားကိုးလာကြသည်။ အမေရိကန် တစ်ဦးတည်း သာ တရုတ်ကို ထိန်းနိုင်မည်ဟု တွက်ကြသည်။

အမေရိကန်တို့မည်သည့်အခါမှ ဝန်ခံမည်မဟုတ်သော်လည်း မြန်မာနှင့်အမေရိကန် အဆက်အဆံ ပြန်နီးကပ် လာခြင်းကိုယ်တိုင်က တရုတ်နှင့်ကပ်လျက်ရှိသောကြောင့်ဖြစ်သည်။ အခြားတရုတ်နှင့် အိမ်နီးချင်းများနှင့်မတူ ထူးခြားသည်မှာ မြန်မာသည် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်နေခြင်းပင်။ လက်ရှိမဟာအင်အားကြီး အမေရိကန်သာ နောက်ပေါက်စိန်ခေါ်သူ တရုတ်ကို ထိန်းလိုလျှင် တရုတ်၏ ဂယ်ပေါက်ကို ပိတ်မည်ပင်။ ယခုလည်း မြန်မာနိုင်ငံအပါအဝင် အာရှတွင် အမေရိကန်နိုင်ငံ ၏ ခြေလှမ်းများမှာ ထိုဘက်သို့ ဦးတည်နေသည်။

မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်သည့် အမေရိကန်နှင့် ဂျပန်သည် အတွဲလိုက် အတိုင်အဖောက် ညီညီ ကစားတတ်သည်။ အမေရိကန်က စစ်ရေးနည်းဖြင့် လှုပ်ရှားလျှင် ဂျပန်က စီးပွားရေးနည်းဖြင့် ဝင်တတ်သည်။ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ဂျပန်က ငွေကြေးထောက်ပံ့တတ်သည်။ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သဘောထားပြောင်းသွားအပြီးတွင် ဂျပန်သည်လည်း တိုက်တိုက် ဆိုင်ဆိုင် စိတ်ရောကိုယ်ပါ မြန်မာ နိုင်ငံကို ကူညီလာခဲ့သည်။ သီလဝါစီမံကိန်းအပါအဝင် ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး အပါအဝင် ကဏ္ဍ များတွင် ဂျပန်တို့ပါဝင်ကူညီနေခြင်းမှာ ယင်းမူဝါဒ အနည်းဆုံးတစ်စိတ်တစ်ပိုင်း ပါဝင်သည်။

မြန်မာနှင့် တရုတ်

ယခုလောလောဆယ်တွင် မြန်မာက တရုတ်အကြောင်းကု သိသည်ထက် တရုတ်ကမြန်မာအကြောင်း ကို ပိုသိသည်။ တရုတ်တို့သည် မြန်မာတို့ကို စနစ်တကျလေ့လာနေကြပြီး အချက်အလက် စုဆောင်းနိုင် မှု သည် အားကောင်းသည်။ နဂိုကတည်းက အရေအတွက်နည်းလှသည့် မြန်မာပညာရှင်များထဲတွင် တရုတ် အကြောင်းကို ဂဃနဏသိသည့် တရုတ်ဆိုင်ရာ မြန်မာပညာရှင် ကျွန်တော်သိသလောက် မရှိပါ။

တရုတ်နိုင်ငံသည် ယနေ့ကမ္ဘာက လက်ခံထားသော လွတ်လပ်သော ဈေးကွက်နှင့် ဒီမိုကရေစီ အတွဲအဖက် ဆေးနည်းဖြင့် မဟုတ်ဘဲ နှစ် ၃၀ အတွင်း နိုင်ငံသားသန်း ၃၀၀ ခန့်ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး စီးပွားရေးတိုးတက်နှုန်းဖြင့် နှစ်ကြာရှည်စွာ တိုးတက်နေဆဲ။ တရုတ် တစ်ချိန်ချိန်တွင် ပြိုကျမည်ဟု အများအပြားဟောကိန်း ထုတ်ကြသော်လည်း ဟောကိန်းထုတ်အပြီးတိုင်း တရုတ် က ပိုမိုခိုင်မာစွာတိုးတက်လာသည်။ တရုတ်စီးပွားရေး တည်တည်ငြိမ်ငြိမ် တိုးတက်အောင် ကာလရှည်ကြာစွာ ထိန်းထားနိုင်ခြင်းသည် ကမ္ဘာ့အံ့ဖွယ်ထက် မလျော့သော အောင်မြင်မှုဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ထိုဖြစ်ရပ်မျိုး မကြုံခဲ့ဖူးပါ။ တစ်ချိန်တည်းတွင် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ သည်လည်း တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ဟာကွက်များဖြစ်သည်။ တရုတ်သည် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများ ဓာတ်ခွဲခန်းကြီးဖြစ်နေချိန်တွင် တရုတ်နှင့်ရေမြေချင်း၊ အကျိုးစီးပွားခြင်း ဆက်စပ်နေသည့် မြန်မာနိုင်ငံသည် တရုတ်ထံမှ အတုယူသင့်သည်ယူ၊ ပယ်သင့်သည်ပယ်ရန် တရုတ်ကို အနီးကပ် လေ့လာသင့်သည်။

မြန်မာနိုင်ငံသည် တရုတ်အန္တရာယ်ကို သတိထားရမည်ဖြစ်သော်လည်း အနာဂတ်ရန်သူဟု အပိုင်မတွက် သင့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ရန်ကြိုတင်ပြင်ထားရမည်။ အမြတ်ထုတ်မသွားအောင် တွက်နိုင်၊ချက်နိုင်ရ မည်ဖြစ်သော်လည်း ရန်သူဟု မြင်နေလျှင် တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသကဲ့သို့ တကယ့်ရန်သူဖြစ်လာနိုင် သည်ကို သဘောပေါက်ရမည်။ တရုတ်နှင့်မြန်မာဆက်ဆံရေးသည် မြစ်ဆုံဆည်ရပ်အပြီးတွင် ခေတ္တတန်း သွားသော်လည်း ချစ်ကြည်ရင်းနှီးသည့် အဆင့်ရှိသေးသည်ကို ဆက်ထိန်းရန်လိုသည်။ အမေရိကန်၊ ဂျပန် တို့နှင့် အလျင်အမြန်ရင်းနှီးလာခြင်းသည် လွတ်လပ်သော နိုင်ငံပီပီ ကိုယ့်အကျိုးစီးပွားအတွက် ဆက်ဆံခြင်း သာဖြစ်ပြီး တရုတ်ကို ရည်ရွယ်ကာ ဆက်ဆံခြင်း မဟုတ်ကြောင်း အာမခံပြောကြားရန်လိုသည်။

လူဦးရေအားဖြင့် ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအားပါ တစ်နေ့ပြီးတစ်နေ့ တိုးတက် လာ သည့် တရုတ်နိုင်ငံနှင့်အိမ်ချင်းကပ် တည်ရှိခြင်းသည် မြန်မာနိုင်ငံအတွက် သုံးတတ် လျှင် မွေးရာပါ လက်ဆောင်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် မဟာဗျူဟာသည် တရုတ်ထံမှ ဘာရနိုင်မလဲ၊ ကိုယ့်ဘက်အပေး နှင့် အရ တန်မတန် စဉ်းစားခြင်းဖြစ်သည်။ ကျောက်ဖြူမှ တရုတ်သို့ ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် လယ်ယာထုတ်ကုန် မြင်သာထင်သာ ဥပမာနှစ်ခု စဉ်းစား ကြည့်နိုင်သည်။

ကမ္ဘာ့နိုင်ငံအများအပြား လိုအပ်သမျှ ကုန်ပစ္စည်းအများအပြားကို ထုတ်လုပ်ပေးနေသော ကမ္ဘာ့စက်ရုံကြီး၊ စွမ်းအင်ဆာလောင်နေသော တရုတ်အတွက် ဓာတ်ငွေ့ပိုက်လိုင်းသည် အသက်သွေးကြောဖြစ်သည်။ အသက်သွေးကြော တရုတ်ရေနံ ဓာတ်ငွေ့ပိုက်လိုင်း မြန်မာနိုင်ငံကို ဖြတ်သွားခြင်းမှာ အကောင်းအဆိုး ရောပြွန်းသည်။ တရုတ်သည် အသက်သွေးကြောဖြစ်သည့် ပိုက်လိုင်းကို မဟာဗျူဟာအကျိုးစီးပွားအဖြစ် သတ်မှတ် ကာကွယ်မည်မှာ သေချာသည်။ တစ်စုံတစ်ရာပိုက်လိုင်းအန္တရယ်ဖြစ်မည်ဆိုလျှင် ဘာမဆို ဆောင်ရွက်မည်ဟု တရုတ်က စဉ်းစားထားနိုင်သည်။ တစ်ဖက်တွင် ပိုက်လိုင်း ချောချောမွေ့မွေ့ လည်ပတ် နိုင်ရေးသည် တရုတ်၏ အညှာဖြစ်သည့်အတွက် မြန်မာနှင့် ဆက်ဆံရေးကို ချောမွေ့စေရန် တရုတ်က ကြိုးစား မည်ဖြစ်သည်။

တရုတ်သည် ၂၀၁၃ တွင် ဆန်တန်ချိန်လေးသန်း ပြည်ပမှ တင်သွင်းပြီး ကမ္ဘာ့အကြီးဆုံး ဆန်ဈေးကွက်ကြီး ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။ လယ်ယာစိုက်ပျိုးရေးအဓိက မြန်မာနိုင်ငံ၏ ပြည်ပပို့ဆန်များ၏ ၆၀ ရာခိုင်နှုန်းသည် လောလောဆယ်တွင် တရုတ်နိုင်ငံသို့ သွားသည်ဟု ခန့်မှန်းရရာ ပါးစပ်ပေါက်သန်း ၁၃၀၀ ရှိပြီး ချမ်းသာသည်ထက် ချမ်းသာလာသည့် တရုတ်သည် ဆန်အပါအဝင် မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ၏ အဓိကဈေး ကွက်ကြီးဖြစ်သည်။ မြန်မာသည် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ ဈေးကွက်အကြောင်းကို သေသေချာချာလေ့လာဆန်းစစ်ခြင်းမရှိသေး၊ မြန်မာက မည်သည့်ကုန်များပို့လျှင် တရုတ်ဈေးကွက်နှင့်အံကျဖြစ်မည်ကို မသိသေးသည့်အတွက် ယခုထက်ပိုသိရန် အရေးကြီးသည်။

တရုတ်နယ်စပ်များတွင် တရုတ်ဘာသာကိုသာ အသုံးများကြပြီး ၁၉၈၈ မတိုင်မီ ဆက်ဆံရေးများ ရှိခဲ့သည့်အတွက် တရုတ်နယ်စပ်ရှိကေအိုင်အေနှင့် ဝတပ်ဖွဲ့များသည် တရုတ်ကိုင်ထားသည့် ဖဲချပ်များဖြစ်ပြီး မြန်မာနှင့်ဆက်ဆံရေး ဟန်ပုံမပေါ်လျှင် ထိုဖဲချပ်များကို ထုတ်သုံးနိုင်သည်ဟု ပြည်တွင်းပြည်ပ အကဲခတ်များက အကဲဖြတ်ကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး ပီပီပြင်ပြင် မရသေးသရွေ့ မည်သည့် အစိုးရတက်တက် အိမ်ကြက် ချင်း အိုးမည်သုတ်ခွပ်ကြသည့် ဖြစ်ရပ် မျိုးကြုံတွေ့ရနိုင်သည်။ တရုတ်သည် မော်စီတုန်းလက်ထက်တွင် ကွန်မြူနစ်ညီအစ်ကိုများ ကူညီရေး မူဝါဒအရ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့ခဲ့ပြီး နောက်ပိုင်း တိန့်ရှောင်ဖိန်တက်သောအခါမှ အထောက်အပံ့များ တဖြည်းဖြည်း လျော့သွားသည်။ တစ်ချိန်က အင်အား အကြီးဆုံးလက်နက်ကိုင် အဖွဲ့ ဖြစ်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်၏ ထောက်ပံ့မှုများ ထိုးကျ သွားချိန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တရုတ်နယ်စပ်အနီးတွင် ယခုတည်ရှိနေသည့် ဝ နှင့် ကိုးကန့် တပ်များ ၁၉၈၉ တွင် ခွဲထွက်အပြီးတွင် ပြိုကျသွားခဲ့ခြင်းမှာ မြန်မာတွင် တရုတ်၏ အရေးကြီးသော အခန်းကဏ္ဍ ကို မြင်သာ သည်။

သိအောင် ဘယ်လိုလုပ်မလဲ

တရုတ်အကြောင်း ကောင်းကောင်းသိရန် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံလေ့လာရေးဌာနကြီး (Chinese Studies Institute) တစ်ခုကို တွဲဖက်ပြီးလည်းကောင်း၊ သီးသန့် think-tank အဖြစ်လည်းကောင်း၊ တပ်တော် ၏ ဌာနကြီးတစ်ခု အဖြစ်လည်းကောင်း ဖွင့်လှစ်ရန် လိုအပ်သည်။ ထိုဌာနများတွင် ထမ်းဆောင်မည့် နိုင်ငံရေး၊ စီးပွားရေး စစ်ရေး ပညာရှင်များသည် တရုတ်ဘာသာ တတ်ကျွမ်းမှ တရုတ်အကြောင်း တကယ်သိမည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ရနိုင်သည့် ရင်းမြစ်များ ကိုသာ အားကိုးနေရလျှင် တရုတ်ဆိုင်ရာအသိ အကန့် အသတ်ဖြင့်သာ ရှိမည်။ တရုတ်နှင့်ဝေးသော နိုင်ငံများပင်လျှင် တရုတ်လေ့လာရေးဌာနကြီးများ ဖွင့်လှစ်ထား ကြသည်ဖြစ်ရာ အဓိက ကုန်သွယ် ဖက်၊ အဓိကရင်းနှီးမြှုပ်နှံသူ၊ လက်နက်များ အဓိကဝယ်ယူရာ၊ မဟာ အင်အားကြီးလောင်းလျာ တရုတ်နှင့် နယ်စပ်ချင်း မိုင်ထောင်ချီ ဆက်စပ်နေသည့် မြန်မာနိုင်ငံတွင် တရုတ် လေ့လာရေး ဌာနကြီးတစ်ခုမရှိလျှင် မျက်ကန်းတစ္ဆေမကြောက်သလို၊ အမြော်အမြင် မရှိသလို ဖြစ်ပေလိမ့် မည်။ ကျွန်တော်သိသလောက် ထိုသို့သော ဌာနများ မရှိသေးပါ။ အရှေ့အာရှလေ့လာရေးဌာနတစ်ခုကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည်ကိုမူ သိသည်။ သို့သော် တရုတ်၏ အခန်းကဏ္ဍနှင့် အလားအလာ သည်ကြီးမားလှသဖြင့် သီးသန့်ဌာနကြီးတစ်ခုဖွင့်လှစ်ရန် မဖြစ်မနေလိုအပ်ပါသည်။

မဟာအင်အားကြီးလောင်းလျာနှင့် မဟာဈေးကွက် တရုတ်နှင့် အိမ်နီးချင်းအဖြစ် ယှဉ်တွဲနေရခြင်း သည် မြန်မာ အတွက် ကောင်းကျိုးရော ဆိုးကွက်ပါ ဒွန်တွဲနေသည်။ ဆိုးကွက်ကို လျော့စေပြီး ကောင်းကွက်ကို တိုးစေ၊ အန္တရာယ်ကို လျော့စေ၊ သူလည်းအဆင်ပြေ ကိုယ်လည်းအကျိုးရှိ ဖြစ်စေရန် တရုတ်အကြောင်း သိဖို့လိုသည်။ ကျွန်တော်တို့ တရုတ်အကြောင်း မသိသေးပါ။

The Voice Weekly ဂျာနယ် အတွဲ-၉၊ အမှတ်(၃၅) မှ ကူးယူဖော်ပြသည်

ယောက်ျားများကိုထိန်းနည်း ၄ နည်း

ယောက်ျားများကိုထိန်းနည်း

Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.



ယောက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုယ်ထိန်းနည်း



၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)

နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သောယောက်ျားသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သောယောက်ျားကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်းဟင်းလျှာများကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။

၂. ပိုက်ဆံကိုထိန်းနည်း

နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား၏မာန၊ ယောက်ျားများကိုငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။ မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန်ပြီးနိုင်သည်ဟု မြင်ထားသောကြောင့်ဖြစ်သည်။

၃. လူကိုထိန်းနည်း

နံပါတ်သုံးနည်းကိုအသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကိုအသုံးပြုလေသည်။ ဘယ်ယောက်ျားမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန်နီးကပ်နေပြီဖြစ်ကြောင့် သတိပြုသင့်သည်။

၎. မိမိကိုယ်ကိုယ်ထိန်းနည်း

နံပါတ်လေးနည်းကိုအသုံးပြုသော မိန်းကလေးသည် အသိဉာဏ်ပညာရှိသော သူဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။ ယောက်ျားများကို အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေးဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကိုပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုယ်မထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ်ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

မိန်းကလေးတစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင်နေခြင်းမဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကိုရှာနိုင်သော မိန်းကလေးဖြစ်ရမည်။

အရာရာကိုဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထိုမိန်းကလေးမျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောက်ျားသည် မည်မျှပင်ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေ၊ မှီခိုမနေပေ။ မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို လုပ်ရင်းဘဝကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။

မိမိကိုယ်ကိုယ်အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။

သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ
သင်သည် ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ယူချင်ပါသလဲ။


*** နိုင်းနိုင်းစနေ ဟင်းကောင်းကောင်းလည်း မချက်တတ်ဘူး။ ပိုက်ဆံထိန်းဖို့ ပိုက်ဆံလည်းမရှိဘူး။ လူကိုလည်း မထိန်းရဲဘူး။ ကိုယ့်ကိုယ်ကိုလည်း မထိန်းတတ်ဘူး။ နိုင်းနိုင်းစနေ အပျင်းကြီးပြီး အစားကြီးတယ်

ဟိုး စာရေးစ မြေစမ်းခရမ်းပျိုးကာလက ဘာသာပြန်ထားတဲ့စာလေးပါ .. အားလုံး အပျင်းပြေပါစေ..

နိုင်းနိုင်းစနေ (Wednesday, July 19, 2006)

၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောကြား ......................


Monday, September 9, 2013

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင်တက်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ထားဝယ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဒေသခံလွှတ်တော်အမတ်တွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နဝတအစိုးရက မိမိတို့ကျင့်သုံးနေတဲ့ အာဏာအရပ်ရပ်ကို နောင်တက်လာတဲ့ အစိုးရအဖွဲ့ကိုလွှဲပေးတာ ဘယ်နိုင်ငံမှမလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဘယ်ပုံစံနဲ့လွှဲပေးတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပေးတာ၊ ဒီအခြေခံဥပဒေသည် ထိုခေတ်ထိုအခါက ဒီလိုအာဏာလွှဲပေးနိုင်အောင် ရေးသားပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ၊ အဲဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်ခဲ့ရင် အခုလိုအာဏာလွှဲပေးနိုင်မှာ မဟုတ်ဘူး"

ဒါ့အပြင် အာဏာရှိတဲ့သူတွေဟာ မိမိရဲ့အာဏာကို တခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီကို လွှဲပြောင်းပေးဖို့ဆိုတာဟာ အင်မတန်ခဲယဉ်းတဲ့ ကိစ္စဖြစ်တယ်လို့ သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

သူရ ဦးရွှေ့မန်းနဲ့အဖွဲ့ဟာ ထားဝယ်ရေနက်စီမံကိန်း အထူးစီပွားရေးဇုံကို သွားရောက်ကြည့်ရှုခဲ့သလို ထားဝယ်ဒေသမှာ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတာတွေနဲ့ ပတ်သက်ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ ထားဝယ်ဒေသခံတွေ တွေ့ဆုံပွဲကို ထားဝယ်မြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေကိုတော့ ဖိတ်ကြားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

RFA Burmese

Thit Htoo Lwin - News