Saturday, September 7, 2013
J-me ဆိုထားတဲ့ sea game သီချင်းမိုက်တယ်ဗျို
နားထောင်ကြည့်ပါ အရမ်းကြိုက်တယ်..မြန်မာတစ်ယောက်အနေနဲ့ တော့ ကျေနပ်နေမိတယ်
သူငယ်ချင်းတို့ လည်း မြန်မာနိုင်ငံသား ဆိုရင်တော့ နှစ်သက်မှာသေချာပါတယ်...
သီချင်းနာမည်လေးက မကြောက်နဲ့ ကျုံးတဲ့..ဟယ်ဟယ်
လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း၏ အစွမ်း
06 SEPTEMBER 2013 | BY GOOD HEALTH
လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း၏ အစွမ်းလေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက် ရပါတယ်။
(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကောင်းခြင်း
ကိုယ်လက်လေ့ကျင့် လုပ်ပြီးတဲ့ အ ခါ ချွေးတွေထွက်တာမျိုး၊ အားကစား လုပ်တဲ့အခါ တခြားသူတွေနဲ့ ထိတွေ့ရ တာမျိုးတို့မှာ ရေချိုးပေးတာဟာလည်း တွေမှာလည်း ရေကူးပြီးတိုင်း ရေ ပြန်ချိုး ဖို့ မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင်တွေ ထည့်ထားတာ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးကန်က ထွက်လာတိုင်းတဘက်နဲ့ ရေသုတ်ရုံ ပြီးစလွယ် အကျင့်ကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရှောင် သင့်ပါတယ်။
(၂) နာကျင်မှုကို သက်သာစေခြင်း
အားကစား အပြင်းအထန်လုပ်ပြီး တဲ့အခါ ကြွင်းသားတွေ နာကျင် ကိုက်ခဲ ပြီးကျန်ခဲ့တတ်ပါတယ်။ ဒါတွေကို သက် သာဖို့ ရေခဲရေနဲ့ နာနေတဲ့နေရာ တွေကို လောင်းချိုးပေးလို့ ရပါတယ်။ မနက်ပိုင်း အိပ်ရာထလို့ ကိုယ်လက်တွေ တင်းတင်း ကြီးဖြစ်နေတယ် လို့ ခံစားနေရရင်လည်း ရေနွေးနွေး လေးနဲ့ ချိုးပေးတာဟာ သွေး လည်ပတ်မှုကောင်းစေတဲ့ အပြင် ကြွက်သားနာကျင် တာလည်း လျော့နည်းစေ မှာပါ။
(၃) ကိုယ်အလေးချိန် ကျစေခြင်း
လေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ ရေ အေးအေးနဲ့ ရေချိုးလိုက်တာဟာ ကယ် လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့ အခါ ခန္ဓာကိုယ်ကအအေးဓာတ် ခံနိုင် မယ့်အပူတွေကို ထုတ်ပေးနေရတဲ့အ တွက် ဇီဝရုပ် ဖြစ်ပျက်မှု ( Metabolism) က ၅၅၀ ရာခိုင်နှုန်းအထိ အသုံး ပြုရပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ အများအပြားလောင်ကျွမ်းသွားတာကြောင့် ကိုယ်အလေးချိန် ကျနိုင်ပါတယ်။
(၄) ကျန်းမာပြီး စိတ်ကြည်လင်နေခြင်း
လေ့ကျင့်ခန်း လုပ်တဲ့ နေရာတချို့ မှာဆို ရေချိုးတာကို လေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အားပေးထားပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့အခါ ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးနိုင်တဲ့ ဂလူတာသိုင်အုန်း (Glutathione) ဟော်မုန်းထွက် လာပြီး ခန္ဓာ ကိုယ်ကို ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ တွေ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
အိဖြူ (ဆေးဝါးတက္ကသိုလ်)
အေးချမ်းမွန် Credit To >GOOD HEALTH< Thanks
Re-posted By ACM 6-9-2013
https://www.facebook.com/ excellencemedia
လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း၏ အစွမ်းလေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက် ရပါတယ်။
(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကောင်းခြင်း
ကိုယ်လက်လေ့ကျင့် လုပ်ပြီးတဲ့ အ ခါ ချွေးတွေထွက်တာမျိုး၊ အားကစား လုပ်တဲ့အခါ တခြားသူတွေနဲ့ ထိတွေ့ရ တာမျိုးတို့မှာ ရေချိုးပေးတာဟာလည်း တွေမှာလည်း ရေကူးပြီးတိုင်း ရေ ပြန်ချိုး ဖို့ မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင်တွေ ထည့်ထားတာ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးကန်က ထွက်လာတိုင်းတဘက်နဲ့ ရေသုတ်ရုံ ပြီးစလွယ် အကျင့်ကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရှောင် သင့်ပါတယ်။
(၂) နာကျင်မှုကို သက်သာစေခြင်း
အားကစား အပြင်းအထန်လုပ်ပြီး တဲ့အခါ ကြွင်းသားတွေ နာကျင် ကိုက်ခဲ ပြီးကျန်ခဲ့တတ်ပါတယ်။ ဒါတွေကို သက် သာဖို့ ရေခဲရေနဲ့ နာနေတဲ့နေရာ တွေကို လောင်းချိုးပေးလို့ ရပါတယ်။ မနက်ပိုင်း အိပ်ရာထလို့ ကိုယ်လက်တွေ တင်းတင်း ကြီးဖြစ်နေတယ် လို့ ခံစားနေရရင်လည်း ရေနွေးနွေး လေးနဲ့ ချိုးပေးတာဟာ သွေး လည်ပတ်မှုကောင်းစေတဲ့ အပြင် ကြွက်သားနာကျင် တာလည်း လျော့နည်းစေ မှာပါ။
(၃) ကိုယ်အလေးချိန် ကျစေခြင်း
လေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ ရေ အေးအေးနဲ့ ရေချိုးလိုက်တာဟာ ကယ် လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့ အခါ ခန္ဓာကိုယ်ကအအေးဓာတ် ခံနိုင် မယ့်အပူတွေကို ထုတ်ပေးနေရတဲ့အ တွက် ဇီဝရုပ် ဖြစ်ပျက်မှု ( Metabolism) က ၅၅၀ ရာခိုင်နှုန်းအထိ အသုံး ပြုရပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ အများအပြားလောင်ကျွမ်းသွားတ
(၄) ကျန်းမာပြီး စိတ်ကြည်လင်နေခြင်း
လေ့ကျင့်ခန်း လုပ်တဲ့ နေရာတချို့ မှာဆို ရေချိုးတာကို လေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အားပေးထားပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့အခါ ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးနိုင်တဲ့ ဂလူတာသိုင်အုန်း (Glutathione) ဟော်မုန်းထွက် လာပြီး ခန္ဓာ ကိုယ်ကို ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ တွေ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
အိဖြူ (ဆေးဝါးတက္ကသိုလ်)
အေးချမ်းမွန် Credit To >GOOD HEALTH< Thanks
Re-posted By ACM 6-9-2013
https://www.facebook.com/
ဖုန်းဆင်းကဒ်မဲပေါက်သူများ အုပ်ချုပ်ရေးရုံးထောက်ပံ့ကြေးပေးခဲ့ရ
မင်းတော်လဝီ
လစဉ်ခွဲတမ်းရောင်းချပေးလျှက်ရှိသော ၁၅၀ဝ ကျပ်တန် ဖုန်းဆင်းကဒ်များကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာတွင် မဲပေါက်သူများက ကျေးရွာအုပ်ချုပ်ရေးရုံးထောက်ပံကြေး ငွေပေးဆောင်ခဲ့ကြသည်။
ကျေးရွာများအတွက်ခွဲတမ်းရဆင်းကဒ်များကို ရေးမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ကျေးရွာအုပ်ချုပ် ရေးမှူးအားတာဝန်ပေးပြီး ရွာလူထုကိုရောင်းချစေသည်။
“ကိုးမိုင်ရွာအတွက် ဒီတပါတ်ခွဲတမ်း ၁၅ ခုရတယ်၊ ရွာသားတွေကို မဲနှိုက်ခိုင်းပြီးပေါက်တဲ့လူကို ငွေကျပ် ၁၅၀ဝ မူရင်းသတ်မှတ်ဈေးအတိုင်းရောင်းပေးတယ် ။ဒါပေမယ့် အကျိုးဆောင်ကြေးနဲ့ ရုံးပံ့ပိုးကြေးအတွက် ကျပ်ငွေ ၁၂၀ဝ၀ ပေးရတယ်” ဟုဆင်းကဒ်ဝယ်ခွင့်ရရွာသားတဦးက ပြောသည်။
ကိုးမိုင်ကျေးရွာအတွက်ရရှိသည့်ခွဲတမ်းဆင်းကဒ်(၁၅)ခုကိုရွာသားများအားသြဂုတ်လ ၂၉ ရက်နေ့တွင် မဲဖေါက် ပြီး ဝယ်ခွင့်ရကြသည်ဟု မဲပေါက်ပြီး ဆင်းကဒ်ဝယ်ခွင့်ရသည့်ရွာသားတဦးက ပြောသည်။
ကိုးမိုင်ကျေးရွာအတွက် ဆင်းကဒ် ၆ ခုခွဲတမ်းကိုရေးမြို့နယ်မှပြီးခဲ့သည့်မေလတုန်းက ပထမအကြိမ် ချပေး ခဲ့သော်လည်း ကိုးမိုင်ရွာသားများမရရှိခဲ့၍ရွာလူကြီးများအပေါ် ရွာသားများ အထင်အမြင်မှားမှုများ ဖြစ်ပေါ်နေ သည်ဟုလည်း ၄င်းရွာသားပြောသည်။
ယခုအကြိမ်ခွဲရရှိလာသည့် ဆင်းကဒ်ခွဲတမ်း ၁၅ ခုကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အထူးအခွင့်အရေး တရပ် အဖြစ်မယူပဲ ရွာသားများအား ၁၅ ခုလုံးမဲဖေါက်ပြီးရောင်းချပေးခဲ့သည်ဟု ကိုးမိုင်ရွာ အုပ်ချုပ်ရေးမှူး နိုင်ရွှေဘ ကပြောသည်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် ဆင်းကဒ်(၂)ခုကိုမြို့နယ်အုပ်ချုပ်ရေးရုံး၏ ခွင့်ပြုချက်ဖြင့် ရယူနိုင်မည် ဖြစ်သော်လည်းမယူပဲ ဆင်းကဒ်(၁၅)ခုလုံးကို ရွာသားများကိုမဲဖေါက်ကာ ရောင်းချပေးခဲ့သည့်အတွက် ရုံးပံ့ပိုး ကြေး ထည့်ပေးဖို့ နှိုးဆော်ခဲ့ရတာဟုပြောသည်။
“ငွေကျပ် ၁၂၀ဝ၀ ကိုကောက်ခံတာမဟုတ် ၊အမှန်မှာမဲပေါက်ပြီး ဝယ်ခွင့်ရသူတွေတစ်ဦးကို ရုံးပံးပိုးကြေး အ ဖြစ်ငွေ ၁၀ဝ၀ဝ ထည့်ဝင်ပေးဖို့ပဲနှိုးဆော်ခဲ့တာပါ”ဟုနိုင်ရွှေဘ ကပြောသည်။
ဒါ့အပြင်ကျပ်ငွေ ၂၀ဝ၀ အတွက်ကို ပြင်ပအကျိုးဆောင်များက ဆင်းကဒ်ဝယ်ခွင့်မဲပေါက်ပြီး ရရှိသူတွေ အတွက်ကိုအိမ်ထောင်စု၊မှတ်ပုံတင်မိတ္တူများနှင့်ပတ်စပို့ဓါတ်ပုံအတွက် မြို့နယ်သို့ ပေးပို့ရန်အတွက် အခကြေး ငွေယူတာဖြစ်သည်ဟုပြောသည်။
ရေးမြို့နယ်ကိုးမိုင်ရွာသည် ရေးမြို့နှင့်ထားဝယ်မြို့ကိုဆက်သွယ်သည့် မီးရထားလမ်းနှင့် မော်တော်ယဉ် လမ်းတွင် တည်ရှိနေသောရွာဖြစ်ပြီးရွာလူထုသည် ဆက်သွယ်ရေးအတွက်အသုံးများနေသဖြင့် ယခုကဲ့သို့ဈေးနှုန်းသင့် သည့် ဆင်းကဒ်များကို ပိုလိုအပ်နေကြသည်ဟု သိရသည်။
တန်ဖိုးနည်း ၁၅၀ဝ ကျပ်တန် CDMA 800 MHz ဆင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၃ ခုနှစ် ဧပြီလတွင်၎င်း၊ GSM ဆင်းကဒ်များကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင်၎င်း တိုင်းဒေသကြီးများနှင့် ပြည်နယ် အသီးသီးတို့အား ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
Posted by
Koko Zaw
လစဉ်ခွဲတမ်းရောင်းချပေးလျှက်ရှိသော ၁၅၀ဝ ကျပ်တန် ဖုန်းဆင်းကဒ်များကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာတွင် မဲပေါက်သူများက ကျေးရွာအုပ်ချုပ်ရေးရုံးထောက်ပံကြေး ငွေပေးဆောင်ခဲ့ကြသည်။
ကျေးရွာများအတွက်ခွဲတမ်းရဆင်းကဒ်များကို ရေးမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ကျေးရွာအုပ်ချုပ် ရေးမှူးအားတာဝန်ပေးပြီး ရွာလူထုကိုရောင်းချစေသည်။
“ကိုးမိုင်ရွာအတွက် ဒီတပါတ်ခွဲတမ်း ၁၅ ခုရတယ်၊ ရွာသားတွေကို မဲနှိုက်ခိုင်းပြီးပေါက်တဲ့လူကို ငွေကျပ် ၁၅၀ဝ မူရင်းသတ်မှတ်ဈေးအတိုင်းရောင်းပေးတယ် ။ဒါပေမယ့် အကျိုးဆောင်ကြေးနဲ့ ရုံးပံ့ပိုးကြေးအတွက် ကျပ်ငွေ ၁၂၀ဝ၀ ပေးရတယ်” ဟုဆင်းကဒ်ဝယ်ခွင့်ရရွာသားတဦးက ပြောသည်။
ကိုးမိုင်ကျေးရွာအတွက်ရရှိသည့်ခွဲတမ်းဆင်းကဒ်(၁၅)ခုကိုရွာသားများအားသြဂုတ်လ ၂၉ ရက်နေ့တွင် မဲဖေါက် ပြီး ဝယ်ခွင့်ရကြသည်ဟု မဲပေါက်ပြီး ဆင်းကဒ်ဝယ်ခွင့်ရသည့်ရွာသားတဦးက ပြောသည်။
ကိုးမိုင်ကျေးရွာအတွက် ဆင်းကဒ် ၆ ခုခွဲတမ်းကိုရေးမြို့နယ်မှပြီးခဲ့သည့်မေလတုန်းက ပထမအကြိမ် ချပေး ခဲ့သော်လည်း ကိုးမိုင်ရွာသားများမရရှိခဲ့၍ရွာလူကြီးများအပေါ် ရွာသားများ အထင်အမြင်မှားမှုများ ဖြစ်ပေါ်နေ သည်ဟုလည်း ၄င်းရွာသားပြောသည်။
ယခုအကြိမ်ခွဲရရှိလာသည့် ဆင်းကဒ်ခွဲတမ်း ၁၅ ခုကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အထူးအခွင့်အရေး တရပ် အဖြစ်မယူပဲ ရွာသားများအား ၁၅ ခုလုံးမဲဖေါက်ပြီးရောင်းချပေးခဲ့သည်ဟု ကိုးမိုင်ရွာ အုပ်ချုပ်ရေးမှူး နိုင်ရွှေဘ ကပြောသည်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် ဆင်းကဒ်(၂)ခုကိုမြို့နယ်အုပ်ချုပ်ရေးရုံး၏ ခွင့်ပြုချက်ဖြင့် ရယူနိုင်မည် ဖြစ်သော်လည်းမယူပဲ ဆင်းကဒ်(၁၅)ခုလုံးကို ရွာသားများကိုမဲဖေါက်ကာ ရောင်းချပေးခဲ့သည့်အတွက် ရုံးပံ့ပိုး ကြေး ထည့်ပေးဖို့ နှိုးဆော်ခဲ့ရတာဟုပြောသည်။
“ငွေကျပ် ၁၂၀ဝ၀ ကိုကောက်ခံတာမဟုတ် ၊အမှန်မှာမဲပေါက်ပြီး ဝယ်ခွင့်ရသူတွေတစ်ဦးကို ရုံးပံးပိုးကြေး အ ဖြစ်ငွေ ၁၀ဝ၀ဝ ထည့်ဝင်ပေးဖို့ပဲနှိုးဆော်ခဲ့တာပါ”ဟုနိုင်ရွှေဘ ကပြောသည်။
ဒါ့အပြင်ကျပ်ငွေ ၂၀ဝ၀ အတွက်ကို ပြင်ပအကျိုးဆောင်များက ဆင်းကဒ်ဝယ်ခွင့်မဲပေါက်ပြီး ရရှိသူတွေ အတွက်ကိုအိမ်ထောင်စု၊မှတ်ပုံတင်မိတ္တူများနှင့်ပတ်စပို့ဓါတ်ပုံအတွက် မြို့နယ်သို့ ပေးပို့ရန်အတွက် အခကြေး ငွေယူတာဖြစ်သည်ဟုပြောသည်။
ရေးမြို့နယ်ကိုးမိုင်ရွာသည် ရေးမြို့နှင့်ထားဝယ်မြို့ကိုဆက်သွယ်သည့် မီးရထားလမ်းနှင့် မော်တော်ယဉ် လမ်းတွင် တည်ရှိနေသောရွာဖြစ်ပြီးရွာလူထုသည် ဆက်သွယ်ရေးအတွက်အသုံးများနေသဖြင့် ယခုကဲ့သို့ဈေးနှုန်းသင့် သည့် ဆင်းကဒ်များကို ပိုလိုအပ်နေကြသည်ဟု သိရသည်။
တန်ဖိုးနည်း ၁၅၀ဝ ကျပ်တန် CDMA 800 MHz ဆင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၃ ခုနှစ် ဧပြီလတွင်၎င်း၊ GSM ဆင်းကဒ်များကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင်၎င်း တိုင်းဒေသကြီးများနှင့် ပြည်နယ် အသီးသီးတို့အား ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
Tuesday, September 3, 2013
"အပျိုစင်တစ်ယောက်ရဲ့ည"
Kyar Phyu Nwe shared Myanmar Online News's photo.
Monday, September 2, 2013
ကျမ အိပ်ပျော်လုလု အချိန်မှာ သူရောက်လာတယ်
တနေကုန် အလုပ်မှာ ပင်ပန်းထားတော့
ကျမ အရမ်းအိပ်ချင်နေပြီ
သူ့ကို တွန်းလှန်ဖို့ရာ အင်အားမရှိဘူး
ကျမ အိပ်ပျော်လုလု အချိန်မှာ သူရောက်လာတယ်
တနေကုန် အလုပ်မှာ ပင်ပန်းထားတော့
ကျမ အရမ်းအိပ်ချင်နေပြီ
သူ့ကို တွန်းလှန်ဖို့ရာ အင်အားမရှိဘူး
သူ....
ကျမ တကိုယ်လုံး ခြေဆုံးခေါင်းဆုံး လိုက်ကြည့်တယ်
သူ့လက်တွေခြေတွေနဲ့ ပွတ်သပ်ကျည်စယ်တယ်
အသံကလည်း ပလုံးပထွေးနဲ့ ဘာတွေမှန်းလဲ မသိဘူးရှင်
ပြီးတော့...
ကျမခန္ဓာကိုယ်ရဲ့ တနေရာကိုရောက်တော့
သူ... သူ... သူ့စိတ်တိုင်းကျ
ကျမ အသွေးအသားတွေကို စားသုံးတော့တယ်
သူ့ လိုအင်တွေလည်း ပြည့်ရော
ကျမကို ထားခဲ့ပြီး
သူပြန်သွားပါတော့တယ်...
ကျမမှာသာ တစ်ကိုယ်တည်း
နာကျင်ပြီး ကျန်ခဲ့ရတာပါ... ...
သူကိုက်သွားတဲ့နေရာလေးမှာ
ယားကျိကျိလေးနဲ့
ဖုလေးတောင် ကျန်ခဲ့တယ်
တော်တော်ဆိုးတဲ့ "ခြင်"
သန်၎ကို-ပေါက်ကရရေးသည်
https://www.facebook.com/
ဟာသဗိမာန်-ဆရာသန်
ကမ္ဘာ့ဈေးအကြီးဆုံး PC Software ( ၁၀ ) မျိုး. ( ဗဟုသုတ )
တစ်နေ့က မိတ်ဆွေတစ်ယောက်က Software ကို ဝယ်သုံးရတာလားတဲ့.. တကယ်တော့ Programmer တွေ၊ Developer တွေ ရေးဆွဲတီထွင်ထားတဲ့ Software တွေကို အလကားမတ်တင်းသုံးနေရတဲ့ ကျွန်တော်တို့တွေ သူတို့ကို အားနာသင့်ပါတယ်.. ဆိုင်မှာ CD တစ်ခွေ ၅၀၀၊ DVD တစ်ခွေ ၁၀၀၀ နဲ့ ဝယ်တာကို Software ဝယ်တာလို့ မှတ်ယူနေတဲ့သူတွေလည်း ရှိနေပါသေးတယ်.. တကယ်တော့ တန်ရာတန်ကြေးပေးပြီး ဝယ်တာမဟုတ်ပါဘူး.. ကဲ လေရှည်တယ်..
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး Software (10) မျိုးစာရင်းကို ဖေါ်ပြလိုက်ပါတယ်..
1. CryENgINE 3 ( Price: $1,200,000 )

CryENgINE 3 ရဲ့ တန်ဖိုးက ဒေါ်လာ ၁၂၀၀၀၀၀ တဲ့ဗျာ.. မြန်မာနိုင်ငံမှာ အကောင်းဆုံး အိမ် တစ်လုံးဆောက်ပြီးတဲ့အပြင် ကားကောင်းကောင်းတစ်စီး၊ မိန်းမ လှလှလေးတစ်ယောက်တောင် တောင်းလို့ရတယ်ဗျ.. ဒီ Software ကို CryteK Ame က Develop လုပ်ပြီးတော့ Navy တွေမှာ ပင်လယ်ရေကြောင်းသုံး သင်္ဘောတွေနဲ့ လေ့ကျင့်ရေးဆင်းတာမျိုး Technology Demonstration တွေမှာသုံးတာပါတဲ့.. လက်ရှိ ဒေါ်လာပေါက်ဈေးနဲ့တွက်ရင် မြန်မာငွေ 1140000000 ကျပ်လောက်ရှိတယ်..
-----
2. Unreal Engine ( Price: $750,000 )

Unreal Engine ရဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၅၀၀၀၀ နဲ့ ကမ္ဘာပေါ်မှာ ဒုတိယဈေးအကြီးဆုံး နေရာက လိုက်နေလေရဲ့.. Epic Games က Develop လုပ်ထားပြီး game developing engine တစ်ခုအဖြစ် ထင်ရှားလျက်ရှိပါတယ်.. မြန်မာငွေနဲ့ဆို ၇၁၂၅၀၀၀၀၀ လောက်ရှိပါတယ်..
------------------
3. RenderWare ( Price: $250,000 )

Criterion Games က Develop လုပ်ထားပြီး Video Games တွေမှာ virtual worlds လုပ်တဲ့ Software ပါ.. ဒေါ်လာ ၂၅၀၀၀၀ ဆိုတော့ မြန်မာငွေ ပျမ်းမျှ ၉၅၀ လောက်နဲ့ မြှောက်ကြည့်ပေါ့ဗျာ.. တို့နိုင်ငံမှာ အိမ်ကြီး ကောင်းကောင်း ဆောက်လို့ရပြီ..
----------------
4. Source Engine ( Price: $200,000 )

-----------------
5. VxWorks RTOS ( Price: $199,000 )
----------------
6. Softimage Face Robot ( Price: $95,000 )

3D graphics software ဖြစ်ပြီး နာမည်ကြီး Autodesk ကထုတ်လုပ်တာပါ.. Computer graphics နဲ့ Animated Characters တွေဖန်တီးနိုင်ပါတယ်.. ဒေါ်လာ ၉၅၀၀၀၀ နဲ့ဝယ်ပြီး မြန်မာပြည်မှာသုံးရင် Customer ကို ဘယ်လို ဈေးတောင်းရမလဲမသိဘူး...
-----------------
7. Core Impact Pro ( Price: $50,000 )

Penetration နဲ့ Cyber-attacks တွေကို စစ်ဆေး ကာကွယ်တဲ့ Security Software ဆိုပဲ.. ဈေးကလည်း မသေးပါလား.. ဒေါ်လာ ၅၀၀၀၀ တဲ့..
-------------------
8. Adobe Acrobat Capture 3.0 ( Price: $20,000 )

ဟိုးအရင်ကတည်းကထုတ်ခဲ့တဲ့ PDF ကိုဖတ်တယ်.ဖန်တီးတယ်ဆိုရင်သုံးဖို့ထုတ်ခဲ့တဲ့ Software ပါ.. ခုတော့ ဒီဗားရှင်းကို ထပ်မထုတ်တော့ပါဘူး.. ဒါပေမယ့် ခုချိန်ထိ ကမ္ဘာ့ဈေးအကြီးဆုံး အဆင့် (၈)မှာ ဒေါ်လာ ၂၀၀၀၀ နဲ့ရပ်တည်နေပါသေးတယ်..
----------------------
9. Autodesk Maya ( Price: $11,000 )

Autodesk ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Animation နဲ့ 3D graphics ရေးဆွဲတဲ့ Software ပါ.. Maya ဆိုတဲ့ Haidi ဘာသာစကားကိုယူထားပြီး Linus, Windows , MAC တွေနဲ့ OS အမျိုးမျိုးမှာ အလုပ်လုပ်ပါတယ်.. ဈေးကလည်း ဒေါ်လာ ၁၁၀၀၀ ဆိုတော့..
----------------------
10. Auto Cad ( Price: $9500 )

Auto
Cad ကိုတော့ အထူးမိတ်ဆက်စရာလိုမယ်မထင်ပါဘူး.. မြန်မာနိုင်ငံရဲ့
အသုံးအများဆုံး Design Software လို့ပြောရင် မှားမယ်မထင်ပါ.. Auto Cad ရဲ့
တရားဝင် ဝယ်ရင်းဈေးက ကျွန်တော်တို့အဖို့ သွေးပျက်စရာကောင်းတယ်..
မြန်မာငွေနဲ့ သိန်း ၉၀ ကျော်တယ်လေဗျာ.. မိတ်ဆွေတို့
အဲဒီဈေးနဲ့ဝယ်သုံးလို့လား.. မသုံးပါဘူး.. ကွန်ပျူတာ ဆော့ဖ်ဝဲ
ခွေရောင်းတဲ့ဆိုင်မှာ DVD တစ်ချပ်ကို ၁၀၀၀ နဲ့ဝယ်သုံးတာလေ.. အဲဒီလို
ဈေးပေါပေါနဲ့ သုံးလို့ရအောင် တင်ပေးတဲ့ Blogger တွေရှိနေတာ သိန်း ၉၀
ကျော်တဲ့ software တစ်ခုကို ၁၀၀၀ လောက်နဲ့သုံးလို့ရတယ်လို့များ
ဂုဏ်ယူစရာကောင်းလေမလား..
Myanmar IT Helper မှမျှဝေသည်..။
ငှက်ငယ်
စင်ကာပူနဲ့ မြန်မာ အိမ်ဈေးထိန်းချုပ်ပုံ
နိုင်ငံတော်ကြီးကို ပုံစံအမျိုးမျိုးနှင့်စဉ်းစားကြသည်။ ယခင်က မြန်မာနိုင်ငံသည် ၁၉၆၂မှစတင်ပြီး စစ်အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သည်မှာ နှစ်၅၀ကြာသွားသည်။ တိုင်းပြည်လည်း အဖတ်ဆယ်စရာမရှိသလောက် ပျက်စီးသွားသည်။ အဆိုးဝါးဆုံးမှာ အကျင့်ပျက်သူ အလွန်များပြားလာခြင်းဖြစ်သည်။
ခရစ်ယာန်သမ္မာကျမ်းစာ၊ သုတ္တကျမ်းတွင် ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်း ၂မျိုးကို မပေးပါရန်၊ ဆင်းရဲလွန်းပါက ခိုးယူအကျင့်ပျက်မည်ကို စိုးရိမ်ရသို၊ ငွေရတတ်လွန်းပါက ဘုရားမေ့သွားမည်ကို စိုးရိမ်သည်ဟု ဆိုသည်။ လူတစ်ဦး၊ မိသားစုတစ်ခု၊ ကုမ္မဏီတစ်ခု ..ခပ်သေးသေးစဉ်းစားပါက ချမ်းသာလျှင် ဘုရားမေ့၊ တရားကိုကိုယ့်အကြိုက်လုပ်တတ်ကြသည်။ ဆင်းရဲလွန်းပါက အကျင့်ပျက်ပြီး၊ ခိုးယူတတ်လာပါသည်။
လူ့ဘဝတွင် များစွာသောအသီးအနှံကြဲသော်လည်း အသီးအနှံနည်းပါးရသည်။ စားရသော်လည်း ဝစွာ မစားမသောက်ရကြ၊ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ကြရ၊ အလုပ်လုပ်၍အခရသော်လည်း မလုံလောက်သောအိတ်မှာသိုထားရသည်.. စကားရပ်အတိုင်း လူလောကတွင် လူများစွာတို့သည် ချိုးခြံချွေတာရင်း သေသွားကြသည်။ ဥပမာ မက်ဒေါနယ်သူဌေးကြီးသည် ကွယ်လွန်သောအခါ ဒေါ်လာသန်းပေါင်း ရှစ်ထောင်ကျော် ချန်ထားခဲ့သည်။ သူ့ကို ချစ်မေတ္တာပြနိုင်သော ညစားသောက်ဆိုင်အလုပ်သမလေးတစ်ဦးနှင့် လက်ထပ်ခဲ့သဖြင့် ထိုငွေအားလုံးသည် အလုပ်သမလေးလက်ထဲသို့ ရောက်သွားလေသည်။ အလုပ်သမလေးတဖြစ်လဲ ..သူဌေးမကြီးက ထိုငွေအားလုံးနီးပါးကို ဘုရားသခင်နှင့်လူမှုရေးဆိုင်ရာများသို့ လှုဒါန်းပစ်လိုက်သည်။
နိုင်ငံတကာတွင် ဘဏ်ထဲစုထားသောပိုက်ဆံများ ပိုင်ရှင်လာမထုတ်ပဲ နှစ်ပေါင်းများစွာ အကောင့်အသေဖြစ်သွားပါက၊ ဆွေမျိုးရှာမရလျှင့် နိုင်ငံတော်က ပိုင်သည်။ ဘဏ်ကလည်း ထိမ်းသိမ်းစောင့်ရှောက်သည့် အခကြေးငွေရပါသည်။ ထို့ကြောင့် လောကတွင် ရှာသမျှငွေများကို သားစဉ်မြေးဆက် စားမကုန်အောင် စုဆောင်းပေးထားလိုသူများကို မြန်မာပုံပမာ ကုဋေကြွယ်သူဌေးသား – ကောင်သေ လင်းတကျ၏တည်း …ဟု ပညာမတတ်ပါက၊ ရှိသမျှအကုန်ပြောင်မည်သာဖြစ်သည်။
အထူးသဖြင့် ခေတ်ပြောင်းကာလအချိန်တွင် တောကြောင်လက်ခမောင်းခတ် ဆိုသည့်အတိုင်း၊ ဂျပန်ခေတ်၊ ဒုကမ္ဘာစစ်တွင် ဓါးပြများစွာပေါ်ပေါက်ခဲ့သည်။ ယခု မြန်မာပြည်ခေတ်ပြောင်းသောအခါ အေးဆေးစွာ၊ ပြောင်းလဲနေခြင်းမှာ ကျေနပ်စရာဖြစ်သည်။ လူသားဖြစ်သောကြောင့် မကျေနပ်စရာများစွာ ရှိနေသေးရာတွင် ခြစားမှုကို စိတ်အပျက်ဆုံးဖြစ်သည်။ ယခင်အစိုးရလက်ထက်ကတည်းက ကမ္ဘာ့ခြအစားဆုံးနိုင်ငံဖြစ်ရသော်လည်း စစ်အစိုးကဖမ်းမည်စိုးရိမ်သဖြင့် မပြောရဲ၊ မပြောဝံ့၊ ယခုအခါ မီဒီယာ၊ ဖေ့စ်ဘုတ်များဖြင့် လွတ်လပ်ခွင့်ကိုပေးထားသောကြောင့် ဖွဘုတ်အဖြစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖေါ်ပြနေကြသည်။
အိမ်မြေဈေးကြီးမှုသည် အရှေ့တောင်အာရှတွင်သာမက၊ ကမ္ဘာ့အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သိသမျှရေးပါမည်။ ကမ္ဘာ့ခြအစားဆုံး (အကျင့်ပျက်ဆုံး) မြန်မာနိုင်ငံနှင့် ခြမစားဆုံး(အကျင့်မပျက်ဆုံး) စင်ကာပူနိုင်ငံကို ယှဉ်ရေးမည်ဖြစ်သည်။ ကျနော်တို့ ပြည်ပရောက်မြန်မာအများစုတွင် ဝင်ငွေများသောအနောက်နိုင်ငံရောက်မြန်မာများက လစာကောင်းမည်ဖြစ်သော်လည်း၊ စင်ကာပူရောက်မြန်မာများက ငွေစုဆောင်းနိုင်မှုအကောင်းဆုံးဖြစ်သည်။ ထိုင်းနိုင်ငံကို ယှဉ်ပြီး မြေဈေးကြီးမှုကို ယှဉ်လိုသော်လည်း ထိုင်း၊ မလေးရှားနိုင်ငံတွင် အိမ်ပိုင်သောမြန်မာများ အလွန်နည်းပါးသည်။ အမေရိကန် ၊သြစတြေးလျရောက် မြန်မာများကလည်း စင်ကာပူကဲ့သို့သဘောထားနိုင်ပါသည်။
အိမ်မြေဈေးနှုန်းထိန်းချုပ်ခြင်း
အစိုးရတိုင်းသည် ပြည်သူလူထုအများစုကို စားဝတ်နေရေး၊ အဆင်ပြေရန် အလုပ်အကိုင်ရရှိရေး အိမ်မြေပိုင်ရေး၊ သက်ကြီးပင်စင်ကိစ္စများ စသည်တို့ကို လုပ်ဆောင်ပေးရသည်။ အထူးသဖြင့် နေစရာသည် အရေးကြီးသည်။ ဝင်ငွေကောင်းပါက အိမ်ငှားခ မထောင်းသာ၊ ဝင်ငွေမရှိပါက အိမ်ငှားခသည် ပြသနာကြီးဖြစ်လာသည်။ စင်ကာပူ၊ အမေရိကားတွင် အလုပ်မရှိလျှင် Homeless အိမ်ခြေမဲ့အဖြစ် ရှောက်သွားနေရသူများစွာ ရှိသည်။ အိမ်ငှားဖို့ပင် မတတ်နိုင်ပါ။ စားစရိတ်က သိပ်မကြီးလှပါ။ မြန်မာပြည်တွင် အလုပ်မရှိပါက တောပြန်ပြီး၊ ထမင်းနှင့်ငပိ ၊ငြုတ်သီးစား နေလို့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲနိုင်ငံများမှာ နေစရာထက်၊ စားဖို့ကို ပိုခက်ပါသည်။
ယခု မြန်မာပြည်ပြုပြင်ပြောင်းလဲလာသဖြင့် ခုပဲ အနောက်နိုင်ငံများကဲ့သို့ ချမ်းသာတော့မည့်အလား အိမ်မြေဈေးများ တဟုန်ထိုးတက်လာသည်ကို အစိုးရက ဝယ်ခွန် ၃၇%ဖြင့် ထိန်းချုပ်ထားသော်လည်း ယခုအချိန်တွင် ကမ္ဘာထိပ်ဆုံးတွင် တန့်နေပြီဖြစ်သည်။ တက်ပြီးပြန်ကျလေ့မရှိတော့။ ငွေဖေါင်းပွနှုန်း Inflation က ကမ္ဘာ့ပေါက်ဈေးပြန်ရောက်အောင် ဆွဲချမည်ဖြစ်သည်။ ၃နှစ်မှ ၅နှစ်ထိ စောင့်ရမည်။ ယခု သိန်း ၁,၀၀၀ တန်အိမ်သည် (1USD = 1,000 kyat) ဒေါ်လာတစ်သိန်းနှင့်ညီမျှသည်။ နောက်၅နှစ်ကြာလျှင် (1USD=2,000 kyat) မလွဲမသွေဖြစ်လာတော့မည်။ ထိုအခါ သိန်း ၁,၀၀၀ အိမ်ဈေးက မတက်၊မကျတော့ပဲဖြစ်နေမည်။ ထိုအချိန်တွင် ကျပ်ငွေဖြင့် သိန်း ၁,၀၀၀ ဈေးပေါက်သော်လည်း ဒေါ်လာအားဖြင့် ၅သောင်းပဲ တန်ဖိုးရှိတော့မည်ဖြစ်သည်။ ၅နှစ်အတွင်း အိမ်တန်ဖိုး ၂ဆ ပြန်ကျသွားမည်။ ကျပ်ငွေကိုသာ အာရုံထားသော ၉၀ ရာနှုန်းသော မြန်မာများအဖို့ မိမိပိုင်သောအိမ်တန်ဖိုး ဈေးမကျဟု ဖြေပြီး ကျေနပ်နေမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာနှင့် ကူသန်း၊ရောင်းဝယ်နေသူအဖို့ ယခုအချိန်၊ သူပိုင်သော အိမ်မြေအများပြားမှာ သိန်း ၁,၀၀၀ တန်အိမ်ကို ရောင်းချပြီး၊ အရောင်းအဝယ်လုပ်သဖြင့် ငွေတိုးပွားလာဦးမည်။
နောက်၅နှစ် ကြာချိန် ကျပ်ငွေပြန်ပြောင်းပြီး အိမ်၂လုံးဝယ်နိုင်မည်ဖြစ်သည်။ အချို့က စီးပွားမလုပ်တတ်သဖြင့် အိမ်ရောင်းလိုက်မှ၊ အိမ်လဲဆုံး၊ ရောင်းရငွေလဲဆုံး ဖြစ်သွားမည်ကိုသိသဖြင့် ဒီအတိုင်းပဲနေကြသည်။
စင်ကာပူတွင်
၂၀၀၇တွင် ကမ္ဘာ့စီးပွားပျက်ချိန်၊ စကာပူနိုင်ငံသားများစွာ အလုပ်လက်မဲ့ဖြစ်ရသည်။
နိုင်ငံသားအားလုံးနီးပါးမှာ အကြွေးနှင့်အိမ်ဝယ်ကြသဖြင့် လစဉ်အိမ်ဖိုး Installment ဒေါ်လာ တစ်ထောင်မှ၊ နှစ်ထောင်အထိ ပေးသည်။
အလုပ်မရှိ၊ ဝင်ငွေမရှိသောအခါ အလုပ်သစ်ကလည်း အရင်လောက် လစာမရတော့။ အိမ်ကို အစိုးရထံ ထိုးအပ်လိုက်ရသည်။ (စင်ကာပူတွင် ၈၀% အိမ်အများစုမှာ အစိုးရက ပိုင်သည်)။ စင်ကာပူအစိုးရတွင် အိမ်များစွာ ပိုလျှံနေပြီး၊ အရေးထဲ Reserve Money ဆိုသော ဒေါ်လာ ဘီလျံ ၂၀၀ကျော်မှာ ကမ္ဘာ့ ကုမ္ပဏီရှယ်ယာဈေးကသည်နှစ် တစ်ဝက်ခန့် တဟုန်ထိုး ကျဆင်းသွားသည်။ တနည်းအားဖြင့် ဘီလျံ ၁၀၀ကျော် ကမ္ဘာ့စီးပွားကပ်နှင်အတူ ဆုံးရှုံးသွားသည်။ နိုင်ငံသေးသဖြင့် ပိုခံရသည်။ နိုင်ငံတွင်းမှ အလုပ်သမားများစွာ အလုပ်ပြုတ်ရာတွင်၊ နိုင်ငံခြားအလုပ်သမားများ သိန်းနှင့်ချီပြီး အလုပ်ပြုတ်၊ မိမိနိုင်ငံသို့ပြန်ရသည်။ အိမ်ဈေးနှုန်းများ မကျရန် အစိုးရက ရာဖြတ် Valuation ဖြင့် ထိန်းထားသည်။ လူများက အစိုးရရာဖြတ်ဈေးထက် လျှော့ရောင်းကြနေချိန်၊ အစိုးရက နိုင်ငံခြားသား တစ်သန်းကျော်ကို အမြဲနေထိုင်ခွင့် PR Permanence Resident ချပေးလိုက်သည်။ ထိုသူများက ငွေစုဆောင်းမိထားသူများဖြစ်သောကြောင့် ပိုလျှံနေသော အစိုးရအိမ်များကို ဝယ်ခွင့်ရသည်။ ထိုနည်းဖြင့် စင်ကာပူသည် နိုင်ငံခြားသားပေါင်းများစွာထံမှာ တစ်ဦးလျှင် ဒေါ်လာတစ်သိန်းခန့် ပြန်ယူထားနိုင်ခဲ့သည်။

(ဓာတ်ပုံ - Steve Tickner/ဧရာဝတီ) ယခု ၂၀၁၂တွင် အိမ်ဈေးများ ထပ်မံထိုးတက်လာသည်။ ကမ္ဘာ့စီးပွားရေးကလည်း ၂၀၀၈နောက်ပိုင်း နာလံမထူနိုင်သေးပါ။
စင်ကာပူတွင်လည်း အိမ်များစွာ ပိုလျှံနေချိန်က အိမ်ဝယ်ရန်၊ ဘဏ်ချေးငွေ ၈၀%နှင့်၊ ကျန်သော၂၀%ကိုလည်း ချေးရနိုင်သဖြင့် လူတိုင်း Cash down payment မလိုပဲ ဝယ်ခွင့်ရသည်။ ထို့ကြောင့် အိမ်ဈေးများ ထိုးတက်လာရာ၊ ၂၀၁၂တွင် အမြင့်ဆုံးရောက်ခဲ့သည်။ ထိုအခါ စင်ကာပူနိုင်ငံသားများက အိမ်ကိုရောင်းပြီး အမြတ်ကိုထုတ်ယူ၊ နောက်တစ်အိမ်ကို ၈၀% ဘဏ်ချေးငွေဖြင့် ပြန်ဝယ်ကြသည်ဖြင့်၊ အိမ်အရောင်းအဝယ် အရမ်းကောင်းလာသည်။ အိမ်ဈေးအရမ်းတက်လာသဖြင့် စီးပွားရေး နလံထူနိုင်ပြီးဖြစ်သော စင်ကာပူအစိုးရက အိမ်ဝယ်သူများ ငွေသားမရှိပဲ ဝယ်မရအောင် နည်းမျိုးစုံဖြင့် ကြပ်ပစ်လိုက်ပါသည်။
ဒေါ်လာတစ်သိန်း လက်ထဲမရှိလျှင် အိမ်ဝယ်ရန်မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်သွားသည်။ အစိုးရတိုက်ခန်းအိမ်တစ်ခါရောင်းပြီး ၅နှစ်အတွင်း ပြန်မရောင်းရ သတ်မှတ်သည်။ ယခု ၂၀၁၃တွင် အိမ်အရောင်းအဝယ် မရှိသလောက်ဖြစ်သွားသည်။ အိမ်ဈေးလည်း တရိပ်ရိပ်ကျလာပါတော့သည်။ ဒေါ်လာ၎သိန်းတန် အိမ်ကို ငှားစားပါက တစ်လ ၂၄၀၀ဒေါ်လာ၊ တစ်နှစ်လျှင့်၂၈၈၀၀ ဒေါ်လာ (အိမ်တန်ဖိုး၏ ၇%) ရမည်ဖြစ်သည်။ စင်ကာပူတွင် ဘဏ်တိုးနှုန်းသည် ၀.၂ ရာနှုန်းသာ ရှိသည်။
စင်ကာပူနှင့်တိုးတက်သောနိုင်ငံများတွင် Valuation ဟုခေါ်သောအိမ်မြေတန်ဖိုးဖြတ်ခြင်း (ရာဖြတ်)သည် ၅%မျှပင် အတိမ်းအစောင်းမရှိအောင် စနစ်ကျလှသည်။
မြန်မာနိုင်ငံမှရာဖြတ်များ တကယ်အရောင်းဝယ်တန်ဖိုး၏ ၃၃%ဖြင့် ရာဖြတ်ပေးခွင့် အောက်ပါဖြစ်ရပ်မျိုး စင်ကာပူ၊ အမေရိကားတွင် သွားလုပ်မိပါက ထောင်နှစ်ပေါင်းများစွာကျသွားနိုင်ပေသည်။ မြန်မာပြည်တွင် ထိုသို့အစိုးရကိုခြစားမှ အိုကေသည်။
မြန်မာပြည်တွင်
၂၀၀၇ မတိုင်မီကတည်းက တရုတ်နှင့်မြန်မာကုမ္ပဏီများက မြန်မာနိုင်ငံရှိ လယ်မြေ၊ ခြံ များစွာကို ဈေးသက်သာစွာဖြင့်၊ ဝယ်ယူထားပြီးဖြစ်သည်။ ၂၀၀၇နောက်ပိုင်းတွင် လယ်မြေကွက်သာမက မြို့ပေါ်မှအိမ်များပါ အရောင်းအဝယ် အရမ်းကောင်းလာသည်။ အရောင်းအဝယ် ကောင်းလာလျှင် ဈေးတက်လေ့ရှိသည့်အတိုင်း၊ ဝယ်ရောင်း လုပ်စားသူ၊ ငွေမည်းပိုင်ရှင်များက အိမ်များကို ဆက်ကာ၊ ကုမ္မဏီငွေဖြင့် နိုင်ငံခြားကုမ္ပဏီကြီးများနှင့်အပြိုင်ပေးပြီး ဝယ်ယူကြသည်။ နောက်ဆုံး အရှေ့တောင်အာရှတွင် အိမ်မြေဈေးအကြီးဆုံး နိုင်ငံဘဝသို့ ရောက်သွားသည်။ စင်ကာပူတွင် ဒေါ်လာ ၃သိန်းတန် တိုက်ခန်းကိုလည်း မြန်မာပြည်တွင် ဒေါ်လာ၃သိန်းနီးပါးဈေးပေါက်သွားသည်။ ရန်ကုန်တွင်သာမက နယ်မြိုအားလုံး ဈေးတက်သွားပြီး၊ အစိုးရကလဲ ၃၇% ဝယ်ခွန်တောင်းပြီး၊ ထိန်းချုပ်သည်။
နိုင်ငံခြားသားများနှင့်မြန်မာနိုင်ငံသားများက အိမ်မြေဈေး အဆမတန်ဈေးကြီးသွားခြင်းသည် တိုင်းပြည်စီးပွားပျက်၊ ခေတ်ပျက်သို့ ပိုပြီး ဇောက်ထိုးကျသွားရသည်။ မြန်မာနိုင်ငံတွင်နေသူများသာမက နိုင်ငံခြား (စင်ကာပူ)တွင် ကုတ်ကပ် လုပ်ကိုင်ပြီး၊ စုဆောင်းမိသော ဒေါ်လာတစ်သိန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြန်မာပြည်သို့သွားက အိမ်ဝယ်ရန် လိုက်စုံစမ်း၊မေးမြန်းသည်။ တပ်ခေါက်ပြီး ဈေးမတတ်နိုင်သဖြင့် ပြန်လာရသည်။ ဒေါ်လာတစ်သိန်း (ကျပ်သိန်း ၁,၀၀၀) မှာ အိမ်ကောင်းကောင်း မရတော့ပါ။ ယခင်၂၀၀၆ခန့်က သိန်းတစ်ထောင်တန်အိမ်သည် ယခု သိန်း ၅,ဝဝဝ အထက်ဖြစ်နေလေပြီ။ မြန်မာပြည်တွင် သိန်း ၁,၀၀၀ တန် အိမ်ကိုငှားစားပါက တစ်လ၂သိန်းခန့်သာ ရသည်။ တစ်နှစ် ၂၄သိန်း (အိမ်တန်ဖိုး၏၂.၄%) သာရသည်။ စင်ကာပူတွင် ၇% ရသဖြင့် မြန်မာပြည်သည် ၃ဆခန့် အိမ်ဈေးဖောင်းပွနေသည်ဟု သတ်မှတ်ရပေမည်။
အစိုးရဌာနအားလုံး မြေပိုင်ရှင်ကြီးများဖြစ်နေသည်။ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးမွေးမြူရေးခြံ၊ တောင်ကြီးမြို့)
သမ္မတဦးသိန်းစိန်လည်းမတတ်နိုင်
အိမ်မြေ၊ ၂ခု၊ ၃ခု ပိုင်ရှင်များအတွက် ယခုကာလသည် အလွန်ကောင်းသည်။ တစ်လုံးကို သိန်းတစ်သောင်းနှင့် ရောင်းလိုက်သည်။ ဒေါ်လာ တစ်သန်းရသည်။
စင်ကာပူတွင် ကုမ္ပဏီလာထောင်ပြီး အိမ်ဝယ်သည်။ ဒေါ်လာ၂သိန်းပေးလျှင် ကွန်ဒိုတစ်လုံး ၈၀% အကြွေးဖြင့် ဝယ်ရသည်။
အိမ်ငှားတင်လျှင် တစ်လ ဒေါ်လာ ၄,၀၀၀ ရသည်။ ထိုအိမ်ငှားရငွေကို လစဉ်အိမ်ဖိုး ဘဏ်ချေးငွေပြန်သွင်းခြင်းဖြင့် စင်ကာပူတွင်လည်း အိမ်ပိုင်ရှင်ဖြစ်သည်။ အမေရိကား၊ သြစတြေးလျားသွားပြီးလျှင် ဟိုမှာလည်း ကုမ္ပဏီထောင်ပြီး အိမ်ဝယ်ပြန်သည်။ နိုင်ငံခြားနေတာ သဘောကျသော ငယ်ရွယ်သူသားသမီးများကို နိုင်ငံခြားတွင်ထားခဲ့သည်။ သူတို့ကတော့ နိုင်ငံခြားမှ ပို့ပေးသောငွေဖြင့် နိုင်ငံတကာတွင် အိမ်ပိုင်ဖြစ်နေသည်။ စီးပွားလုပ်တတ်သောသူဖြစ်ပါက ခရိုနီဖြစ်လာတော့သည်။ ခရိုနီ၊ မိုနိုပိုလီ ငွေရှင်များသည် စစ်အာဏာရှင်ဟောင်းများနှင့်ပေါင်းဖေါ်ပြီး လက်ဝါးအုပ်စီးပွားရေးများတွင် ပါဝင်က ဒေါ်လာတစ်သန်းသည် တစ်နှစ်အတွင်း ၁၀သန်းဖြစ်လာသည်။ ၂နှစ်အတွင်း အိမ်မြေဈေးများကို အစိုးရက မည်သို့မျှမချုပ်ကိုင်နိုင်တော့ပါ။ အစိုးရတွင် အခြား Fire Fighting များစွာရှိနေသဖြင့် အိမ်မြေဈေးကို ခရိုနီများ ဦးဆောင်သော၊ မြန်မာလူထုကြီးက အဆမတန်ဖြစ်အောင် ဈေးမြှင့်ပေးလိုက်သဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို အဟန်တားကြီးစွာဖြစ်စေခဲ့သည်။
ဖားအံမြို့ကို ကြည့်ပါ။ ကရင်ပြည်နယ်တွင် တောမြို့ကလေးက ၄၀x၆၀ ပေမြေနှင့်၊ အိမ်အစုတ်လေးတစ်ခုကို သိန်းတစ်ထောင်၊ နှစ်ထောင် အော်ဟစ်နေကြသည်။ တကယ်ဝယ်လျှင် သိန်း ၇၀၀ လောက်ဖြင့် ရနိုင်ပါသည်။ သို့သော် အိမ်ပိုင်ရှင်များက သူတို့အိမ်ဈေးကို ပါးစပ်ဖျားကမလျှော့၊ မနေ့က မြန်မာပြည်အလယ်ပိုင်းမှ စင်ကာပူအလည်လာသော ခရစ်ယန်တရားဟောဆရာတစ်ဦးက သူဝယ်တုန်းက တစ်သိန်းပဲပေးရတယ်။ အခုတော့ သိန်းတစ်ထောင်ဖြစ်သွားပြီး..ဟု ကြွားဝါလိုက်ရာ၊ တရားနားထောင်နေသူ လူ ၁၀၀ ခန့်က ဟာကနဲ ဖြစ်သွားသည်။
စင်ကာပူတွင် အလုပ်လာလုပ်သူများမှာ တစ်လထောင်ဂဏန်းမျှသာ ရသဖြင့် တစ်နှစ် ငွေငါးထောင်စုမိဖို့ဆိုသည်မှာ အရမ်းခက်ခဲသည်။ စင်ကာပူတွင် ကျွန်လာခံ၊ အလုပ် ၅နှစ် လုပ်ပြီး ဒေါ်လာတစ်သောင်းရရင် မြန်မာပြည်မှာ ကိုယ်ပိုင်အိမ်နဲ့ အေးအေးဆေးဆေးနေမယ်၊ စင်ကာပူက ဒေါ်လာ၎သိန်းတန်အိမ် မဝယ်နိုင်တော့ မြန်မာပြည်မှာ ဒေါ်လာတစ်သောင်းဆို သိန်းတစ်ရာနဲ့ အိမ်ဝယ်ဖို့ ရည်မှန်းချက်ကြီးတွေ အားလုံးပြိုကျ၊ ပျက်စီးသွားလို့ …ဟာ ခနဲ အော်လိုက်ကြတာပါ။ မပူပါနဲ့။ ဒေါ်လာတစ်သောင်းကိုသာ စီးပွား မလုပ်တတ်ရင် မလုပ်ပါနဲ့။ ကျစ်ပါဆုတ်ထားရင် နောက်၅နှစ်ဆို ဒေါ်လာတစ်သောင်းနဲ့ အိမ်ပြန်ဝယ်နိုင်မှာပါ ။ မလေးရှားမှာဆို ဒေါ်လာတစ်သောင်းဆို အိမ်တစ်လုံး ရေမီးအပြည်စုံ၊ ကားတစ်စီး ဒေါ်လာ ၅၀၀ နဲ့ဝယ်လို့ရပါသည်။
အမေရိကားမှာ စင်ကာပူသို့ အလယ်လာသော မြန်မာလူငယ်တစ်ဦးက စင်ကာပူလူငယ်၊ ဆွေမျိုးများကို ကြည့်ပြီး အင်း ... တစ်ခန်းကို ဒေါ်လာ၄၀၀ပေးပြီး ၂ယောက်နေကြတယ်။ မာစတာအိပ်ခန်းဆို ကုတင်၃လုံးသွင်းပြီး ပြွတ်ကျပ်နေရတယ်။ အိမ်ဈေးတွေက ခေါင်ခိုက်လို့ အစိုးရကလဲ အိမ်မဝယ်နိုင်အောင်လုပ်ထားတော့ စင်ကာပူရောက်၊ မြန်မာများဘဝကို ကြည့်ပြီးစိတ်ပျက်တယ် တဲ့။ သူတို့ Taxas တက္ကဆက်ပြည်နယ်မှာ ဒေါ်လာတစ်သိန်းတန်အိမ်ဆို အကြီးကြီးပဲ၊ ဒေါ်လာတစ်သောင်း လက်ထဲရှိရင် ဝယ်လို့ရပြီး၊ အခန်းပေါင်း ၁၀ ခန်းလောက်၊ ၂ထပ်တိုက်နဲ့ နေစမ်းပါ ..တစ်လကို အိမ်ဖိုး အရစ်ကျငွေ ဒေါ်လာ ၅၀၀ လောက်ပဲ ပေးရတယ်။ အမေရိကားဘဝ ကောင်းမွန်ကြောင်း လာပြီးပြောပြတယ်။ စင်ကာပူမှာ ၁၀နှစ်လောက်နေပြီး အိမ်တွေ၊ စီပီအက်စုဆောင်းငွေတွေ တန်ဖိုးက ဒေါ်လာတစ်သန်းခွဲလောက် ပိုင်ဆိုင်နေတဲ့ စင်ကာပူရောက်မြန်မာကတော့ အမေရိကားရောက်မြန်မာကို သနားနေမှာပါပဲ။ ဒီလိုပါပဲ။ လူဆိုတာ ကိုယ်နေတဲ့နေရာ ကုတင်ရွှေနန်းပါပဲ။
အိမ်မြေအရောင်းအဝယ် ခြစားမှုကြီးများ
ဖားအံက မြို့နယ်ဦးစီးမှုးတွေဆို လယ်မြေ၊ အိမ်တွေ အများကြီး ပိုင်နေကြတာကို တွေ့ရတယ်။ တိုင်းဦးစီးမှုးဆို တိုင်းတစ်ခုထဲမှာ ပါတဲ့မြို့နယ်တိုင်းက အိမ်မြေ၊ ဝေစုတွေရယူထားတော့ အစိုးရဝန်ထမ်းများဟာ အိမ်မြေပိုင်ရှင်ကြီးဘဝကနေ၊ မမျှော်လင့်ပဲ ၂၀၁၂နောက်ပိုင်းမှာ မြေပိုင်ရှင်သူဌေးအကြီးစားဘဝ ရောက်သွားပါတော့တယ်။ အာဏာပိုင်များ၊ ကုမ္ပဏီပိုင်ရှင်သူဌေးများ၊ နိုင်ငံခြားသားပေါက်ဖေါ်များက အိမ်မြေအရောင်းအဝယ်လုပ်တိုင်း ဝန်ထမ်းရာထမ်း၊ စာရေးများလည်း မြတ်မြတ်ကလေးရပါတယ်။ အရင်ခေတ် မနှစ်ကမကြည့်ပဲ ခြစားမှု အပြင်းအထန်တိုက်ဖျက်နေတယ်ဆိုတဲ့ အခုခေတ်ကို ကြည့်ပါ။
ဖားအံမှာ သိန်းငါးထောင် တန်တဲ့ မြေကွက်အစုတ်တစ်ခုကို ပိုက်ဆံအလွယ်တကူရှိသူ၊ လူတစ်ယောက်က ဝယ်မယ်ဆိုပါသည်။ ထိုလူ အလွယ်တကူ ကျပ်သိန်းငါးထောင်ရသလဲဆိုသည်ကို ထားတော့။ လောလောဆယ်တော့ အိမ်ပိုင်ရှင်က သိန်းငါးထောင် ပက်ခနဲရမည်။ ဖားအံတွင် တစ်သက်လုံးနေခဲ့ပြီး အထီးကျန်ဖြစ်နေချိန် သားသမီးများရှိသော ရန်ကုန် (သိုမဟုတ်) စင်ကာပူမှာ အိမ်ဝယ်ဖို့ ငွေမရှိဖြစ်နေတဲ့ သားသမီးများကို ပံ့ပိုးဖို့ဖြစ်လာသည်။
အရောင်းအဝယ်လုပ်သောအခါ ဝယ်သူက ၃၇% အခွန်ပေးရမည်ဆိုပါက ကျပ်သိန်းပေါင်း ၁,၈၅၀ ပေးရမည်။ ဝယ်သူက မပေးချင်ပါ။ အလွန်များလှသောငွေကို ဘာဖြစ်လို့ အစိုးရဆိုတဲ့ အကောင်အထည်မရှိသူကို ပေးရခြင်းထက်၊ အခွန်ဆောင်ရုံး၊ မြေစာရင်းရုံးမှာလူတွေကို သိန်း ၃၀၀ လောက် ပေးလိုက်တာက ကျေးဇူးတောင် ရှိသွားပြီး မိတ်ဆွေကောင်းတိုးပွားမယ် ဟု ခံယူသူချည်းဖြစ်သည်။
ထို့ကြောင့် ယခုထုံးစံအတိုင်း ရာဖြတ်၊ တန်ဖိုးသတ်မှတ်သူက သုံးပုံတစ်ပုံ အိမ်တန်ဖိုးကို သိန်း ၁,၅၀၀ ဟု သတ်မှတ်လိုက်သည်။ အခွန် သိန်း ၅၅၀ ကျသင့်သည်ဟု အခွန်ရုံးက တွက်ပေးသည်။ အိမ်ဝယ်သူကလည်း မိမိငွေသည် ငွေမည်း မဟုတ်၊ ဘာညာ၊ စာရွက်စာတမ်းတင်ပြကာ နောက်ဆုံး ဝယ်ခွန် သိန်း ၄၀၀နှင့် တည့်သွားသည်။ ရောင်းဝယ်တွင် ပါဝင်သည့် ဌာနဆိုင်ရာလူ အဓိကလူ ၃ ဦးကို သိန်း ၃၀ စီ ပေးလိုက်သည်။ ကျန်လူများကို ကြည့်ပေးလိုက်သည်။ အစိုးရကတော့ သိန်း ၁,၈၅၀ ရမည့်အစား သိန်း ၄၀၀ ပဲ ရရှိသည်။ အိမ်ရောင်းသူက ဘိုးဘွားပိုင်ဖြစ်လျှင် အခွန်သိပ်ပေးစရာ မလို၊ သို့သော် အရောင်းဝယ်လုပ်ပေးသူများနှင့် ပွဲစားခပေးရမည်ပင်။
ထိုနည်းဖြင့် ဖားအံမြို့ငယ်လေးတွင် အိမ်ယာများစွာ အရောင်းအဝယ်ဖြစ်နေရာ၊ ခြစားခွင့်ရှိသော ဝန်ထမ်းများသည် အကြီးအကျယ် ချမ်းသာနေသည်။ ယခင်က ဝန်ထမ်းများကို မြေကွက်များဖေါ်ပေးသဖြင့် ရထားသောမြေယာများကိုလည်း ရောင်းစားလျှင်လည်း ငွေလက်ဖျားသီးနေပြီဖြစ်သည်။ သူတို့ကတော့ ရှေးကုသိုလ်ကောင်းလှသည်ဟု ကြွေးကြော်၊ ကျေနပ်နေမည်ဖြစ်သည်။ အခြားသူများကလည်း ထိုသူများနှင့်စစ်အာဏာရှင်ဟောင်းများ၊ ခရိုနီများကို မုဒိတာထားကြ၊ သြော် ကုသိုလ်ထူးတယ် ..ဟု ခြအကြီးစားကြီးများကိုပင် ရိုသေလေးစားနေကြသည်မှာ ခေတ်ပျက်ကြီးဖြစ်လေတော့သတည်း။
အဆင်ပြေသူလူနည်းစုနှင့် ရွှေပုံပေါ်ထိုင် ထမင်းငတ်နေသူလူများစု
မြို့ပေါ်တွင် ကန်ထရိုက်တိုက် ထပ်မံဆောက်ခွင့်ရသောသူများမှာ ၁၀ ထပ်တိုက်ဆောက်ပြီး၊ အခန်း၃၀တွင် ၁၀ခန်းပဲရောင်းချလျှင် အရင်းကျေပြီဖြစ်သည်။ ကျန်တိုက်ခန်းများကို မိမိတို့ကုမ္မဏီပိုင်အဖြစ် သတ်မှတ်ထားသည်။ သို့နှင့် ကုမ္မဏီပိုင်ဆိုင်မှုမှာ ကြီးသထက်ကြီးလာသည်။ ငွေစာရင်းရှင်းလိုက်သောခါ စာရင်းစစ်က အမြတ်မရှိအောင်လုပ်ထားသော ကုမ္မဏီကြီးအတွက် အမြတ်ခွန်ပေးစရာ မလိုတော့။ မိမိမိသားစု အားလုံးကို လခအများကြီးပေးထားပြီး၊ အလုပ်မလုပ်ပဲ တစ်လ ကျပ်သိန်း၂၀၊ ၄၀ လစာထုတ်သည်။
အပြင်မှာ အလုပ်ခန့်ထားသော လုပ်သက်၂၀နှစ် အင်ဂျင်နီယာကြီးကို တစ်လ ၂သိန်းပေးပြီး၊ ဦးလေးက သိပ်တော်တယ်နော် ..ဟု သိန်း၂၀ ရသူက မြှောက်ပင့်ခိုင်းစားနေသည်။ အလုပ်သမားများမှာ မြန်မာပြည်ပေါက်ဈေး တစ်လ ကျပ်၅သောင်း၊ ခရီးစရိတ်၊ စားစရိတ် ၂သောင်း၊ အိုဗာတိုင် တစ်သောင်း .. မြန်မာလစာဖြင့် ကျေနပ်နေရသည်။ ထိုအလုပ်သမားများ (အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ)မှာ ယခုခေတ်တွင် ထိုလစာဖြင့် မည်သို့ရှင်သန်မည်မသိတော့။ အစိုးရ ကျောင်းဆရာမတစ်ဦး၊ ဆေးဆရာမတစ်ဦးမှာ လစာ တစ်သိန်းခန့်ရသော်လည်း ပြင်ပတွင်ကျူရှင်ဖွင့်ခြင်း၊ ဆေးခန်းဖွင့်ခြင်းများဖြင့် လုပ်စားနိုင်သည်။ အစိုးရဝန်ထမ်းအရှိန်အဝါဖြင့် လုပ်ပိုင်ခွင့်များစွာရှိသည်။ ကုမ္မဏီဝန်ထမ်းများမှာ ခြစားခွင့်မရပါ။ ခြစားနိုင်သောနေရာများ (ဥပမာ ဝယ်ယူရေး၊ အရောင်းမန်နေဂျာ စသည်တို့မှာ ဆွေမျိုးများကိုသာ ခန့်ထားကြသည်။ ထို့ကြောင့် ယခုခေတ် မြန်မာပြည်သည် ဆင်းရဲသူများ ပိုဆင်းရဲသွားပြီး၊ ချမ်းသာသူများ အဆမတန် ကျိကျိတက်ချမ်းသာလာသည့် ခေတ်ပျက်ကြီးဖြစ်သည်။
အိမ်မြေဈေးတက်ရာတွင် ထူးဆန်းသည့်တစ်ချက်မှာ နေပြည်တော်ရှိ အိမ်မြေ၊ တိုက်ခန်းများ ဈေးမတက်ခြင်းဖြစ်သည်။ ရောင်းခွင့်မရှိ၍လား၊ ရောင်းရခက်သောကြောင့်လား .. ဈေးတော့မတက်ပါ။ သမ္မတဦးသိန်းစိန်ကို ကြောက်သောကြောင့်လား၊ လေးစားသောကြောင့်လား. .နေပြည်တော်အိမ်မြေများမှာ အေးချမ်းနေပါသည်။ အခြားတပြည်လုံး အိမ်ယာမြေဈေးမှာ ပူလောင်လှပေသည်။ ကျနော့်မိတ်ဆွေတစ်ဦး အကြောင်းတစ်ခုကြောင့် သူတို့ဇနီးမောင်နှံပိုင်ဆိုင်သော သိန်း တသောင်းခန့်တန်သော အိမ်မြေဥစ္စာများ ရောင်းမရဖြစ်နေသည်။ စီးပွားရေးလုပ်ငန်းကလည်း တပြည်လုံးလုပ်ငန်းရှင်များကဲ့သို့ ခွက်လန်ရှုံးနေသဖြင့် လုပ်ငန်းကို ရပ်ထားရသည်။ မလည်မဖြစ် လည်ပတ်နေသောလုပ်ငန်းကလေးမှာပင် တစ်လကို သိန်း၅၀ခန့် ရှုံးနေသောကြောင့် ဘာမှမလုပ်ပဲ၊ အိမ်မြေအားလုံးကို အငှားတင်လိုက်ပြီး၊ ရတဲ့ငွေသိန်း၅၀နဲ့ပဲ ထိုင်စားနေပါလား…ဟု အကြံပေးသောအခါ၊ အမျိုးသမီးက လုပ်ငန်းရပ်လိုက်ပါက၊ အရှက်ကွဲပြီး၊ မိမိကိုယ်ကိုယ် သတ်သေပစ်ချင်သည်ဟု ပြန်ပြောသည်။ သြော်..ပူလောင်လှပါသည်။
(ဓာတ်ပုံ - လောအယ်စိုး) မိမိအိမ်မြေများ ရောင်းလဲမရ၊ ငှားလဲမရ၊ တရားတဘောင်ရင်ဆိုင်နေရသူများအတွက် ..ရွှေပုံပေါ် ထိုင်ငိုနေရသော စီးပွားပျက်သူဌေးများစွာရှိသည်။ သူတို့ထံတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးက သူဌေးခွက်ပျောက်တာ အရေးမကြီးဘူး၊ သူတို့လစာမှန်မှန်ရဖို့လိုကြောင်း ..ပြောပြသည်။ အချို့ မြန်မာပြည်မှလုပ်ငန်းရှင်များစွာ စီးပွားပျက်၊ ငွေထုတ်ပိုက်ပြီး၊ အမေရိကားရောက်လာကြသည်။
နိုင်ငံခြားကုမ္မဏီများလည်း မြန်မာပြည်ကို အချဉ်ဖမ်းဖို့လာကြည့်သည်။ ရင်းနှီးမြှုတ်နှံရာတွင် ကန့်သတ် ပြည်တွင်းသယံဇာတနှင့် ကန့်သတ် ပြည်ပဇိမ်ခံ၊ အထူးကုန်များကို ထုတ်/သွင်းလုပ်ခွင့်ရသူများ ကျိကျိတက် ချမ်းသားရင်းမက၊ ချမ်းသာနေသည်။ အခွန်လဲပေးစရာမလို။ နိတ်ဟ…။ အမေရိကန်၊ စင်ကာပူဆို အခွန်၄၀% ပေးရမည်.. မြန်မာပြည်တွင် ရှောင်နိုင်သည်။ အစိုးရက ဟေ့ကောင်..ထောင်ချ၊ ဒဏ်ငွေတပ်တော့ အမေရိကန်၊ စင်ကာပူတွင် အခွန်မရှောင်ရဲ။ မြန်မာပြည်မှာ အခွန်ရှောင်သူများကို အစိုးရက တောင်းပန်ပြီး အခွန်ပေးရန် တိုးရှိုးနေရသည်မှာ ရယ်စရာဖြစ်သည်။
Infra Structure လျှပ်စစ်၊ ရေ၊ မြေ မရှိသေး၊ အဆင့်မပြေသေးသောကြောင့်ဟု အကြောင်းပြပြီး ခဏပဲ လာကြည့်၊ ရီပို့ရေးပြီး ပြန်သွားကြသည်။ အရေးကြီးဆုံး Infra Structure မှာ စာရင်းစစ် Audit နှင့် အာမခံ Insurance ဖြစ်သည်။ ထို၂ချက်မရှိပဲ နိုင်ငံခြားကုမ္မဏီများ မလာရဲပါ။ ပြည်တွင်းစာရင်းစစ်နှင့် ပြည်တွင်းအာမခံများကို သုံးပါ ..ဟု ဆိုသောအခါ ဆောရီးပြောပြီး၊ ပြန်သွားသည်။ ၂၀၁၅နောက်ပိုင်းမှာ လာတော့မည်ဟု ဘိုင်ဘိုင်လုပ်ကြသည်။ ကမ္ဘာ့လူလည် ကုမ္မဏီကြီးများပဲ မြန်မာပြည်လာရင်းနှီးမြှုတ်နှံကြသည်။
သို့သော် အခွင့်အရေးကို အသုံးချတတ်သော လူငယ်၊ လူကြီးများသည် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်ပြီး၊ လုပ်ကိုင်ကြသည်ဖြင့် ထိုလူငယ်၊ လူကြီးအတွက် အခွင့်အရေးကြီးတစ်ခုဖြစ်သည်။ ပြောင်းလဲသောခေတ်တွင် မိမိကိုယ်ကိုပြောင်းလဲနိုင်ပါက အဆင်ပြေမည်ဖြစ်ပါသည်။ အင်္ဂလိပ်လို Illegal Land Transfer ဟုခေါ်သော လယ်မြေများအား လွန်ခဲ့သော ၅နှစ်ကျော်က ပေါက်ဈေး၊ တဧက ကျပ်တစ်သိန်းခန့်ပေးဝယ်ခဲ့ခြင်းများမှာ ယခုအခါ ထိုမြေများက သိန်း ၁၀၀ကျော် ဈေးပေါက်နေပြီးဖြစ်သည်။ လယ်သမားများနှင့် နော်အုန်းလှကဲ့သို့ ဆင်းရဲသားများဖက်တွင် လိုက်ပါလုပ်ဆောင်သူများမှာ အဖမ်းခံ၊ ထောင်ချ လုပ်ခံနေရသည်။
အိမ်မြေ၊ လယ်မြေများ အဆမတန်ဈေးကြီးပြီး မြန်မာပြည် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲနေချိန်ဖြစ်သည်။
စင်ကာပူအထိ စင်ကြယ်အိမ်ယာများ လာရောက်ရောင်းချရာ ကုန်သွားသည်ဟု ဆိုသည်။ အိမ်မြေဈေးတက်ချိန် ဈေးကြီးသော ကန်ထရိုက်တိုက်များလည်း အရောင်းကောင်းနေသည်ကို တွေ့ရသည်။ စက်မှုဇုံများတွင်လည်း မြေယူထားပြီး၊ စက်မှု မလုပ်သော စက်မှုလုပ်ငန်းရှင်။ လယ်မြေ ဝယ်ထားပြီး လယ်မလုပ်သော လယ်ပိုင်ရှင်၊ အိမ်ခြံမြေအများကြီး ပိုင်ထားပြီး Property Tax မပေးသောသူ သူဌေးကြီးများကို အစိုးရက မြေကွက်အသစ်ဖေါ်ကာ အိမ်မြေများ၊ တန်ဖိုးနည်းအိမ်ယာများ၊ စက်မှုဇုံများစွာ လုပ်ပေးနိုင်ပါသည်။ ထိုအခါ အိမ်မြေခြံများ ဈေးကျသွားမည်။ မိမိပိုင်သော အိမ်မြေခြံများအား ဈေးကျသွားအောင် အစိုးလူတန်းစားက ဘယ်တော့မှ မလုပ်ပါ။ သူတို့ပိုင်သော အိမ်မြေဈေးကျသွားလျှင့် အိပ်မပျော်ဖြစ်နေကြရှာသည်။ ပူလောင်နေကြရှာသည်။ သမ္မတဦးသိန်းစိန် မိသားစုကတော့ စီးပွားမလုပ်ကြဟုဆိုသည်။ စီးပွား မလုပ်သော ဝန်ထမ်းမျိုး၊ လခစားမျိုးဖြစ်သော သမ္မတဦးသိန်းစိန်၏ သမီးသည်လည်း ပူလောင်နေမည်မဟုတ်ပါ။ သို့သော် အခြားသူများ ပူလောင်နေခြင်းကို သိမည်ဖြစ်သည်။ သို့သော် မကယ်နိုင်ပါ။ ထို ပူလောင်နေသော အစိုးရလူတန်းစားဘဝတွင် ကျွန်ုပ်မပါဝင်ရခြင်းသည်၊ အပယ်ငရဲမှ လွတ်သည့်အပြင်၊ နိဗ္ဗာန်ရောက်ဖို့ဖြစ်လာသည်ဟုသာ ဖြေသာမိပါကြောင်း။
ဝတ်မှုန် (ဝန်ထမ်းဟောင်းတစ်ဦး)
၃၀-သြဂုတ်-၂၀၁၃
(မိုးမခ စာမျက်နှာက အလုပ်ဖြစ်နေဆဲအိမ်မြေဈေးများ http://moemaka.com/archives/37736 ဆောင်းပါးကို ကူးယူ ဖော်ပြပါတယ်)
Monday, September 2, 2013
လိင်တူစုံတွဲများ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Tango ကမ္ဘာ့ချန်ပီယံရှစ် ဗျူနိုအေးရီးစ်မြို့ရှိ လူနာပါ့ခ် အားကစားရုံကြီးတွင် ကျင်းပသော ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံ (၃၇)ခုမှ စုံတွဲ (၅၀၀)ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြ
လိင်တူစုံတွဲများ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Tango ကမ္ဘာ့ချန်ပီယံရှစ်
ချန်ပီယံရှစ်တွင် Salon Tangoနှင့် Stage Tangoဟု ပြိုင်ပွဲအမျိုးအစား နှစ်ခု ခွဲခြားကျင်းပပြီး Stage Tangoတွင်လည်း အာဂျင်တီးနား စုံတွဲဖြစ်သည့် ဂွီဒိုပလာစီယို့စ်နှင့် ဖလိုရန်စီယာ ကက်စ်တီလာတို့က အောင်ပွဲခံခဲ့သည်။ ယခုဗိုလ်စွဲသူများသည် ပေါင်စတာလင် (၄၅၀၀)စီ ဆုကြေး ချီးမြှင့်ခံရပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်သို့ သွားရောက်ဖျော်ဖြေခွင့်လည်း ရရှိခဲ့ကြသည်။ (၂)ပတ်ကြာ ကျင်းပသည့် ပြိုင်ပွဲသည် အာဂျင်တီးနား၏ ရိုးရာအမွေအနှစ် တစ်ခုဖြစ်သော Tangoအကကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အကသည် အာဂျင်တီးနားနှင့် ဥရုဂွေးတို့ကြား (၁၉)ရာစု နှောင်းပိုင်းများတွင် စတင် တီထွင်လာခဲ့သည်။
ယခုချန်ပီယံရှစ်၏ ထူးခြားမှုမှာ ဒိုင်လူကြီးများက လိင်တူစုံတွဲများကို ပါဝင်ရန် ပထမဆုံးအကြိမ် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားစုံတွဲ (၃)တွဲနှင့် အမျိုးသမီးစုံတွဲ (၁)တွဲတို့ စာရင်းသွင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းတို့အနက် ဗင်နီဇွဲလားမှ အသက်(၁၈)နှစ်အရွယ် ဒန်နီရယ်လ် အာရိုယိုနှင့် အာဂျင်တီးနားမှ အသက်(၃၄)နှစ်အရွယ် ဟွမ်ပက်ဘလို ရာမီရက်ဇ်တို့ အမျိုးသား စုံတွဲကို ပရိသတ်များက အားပေး ချီးကျူးခဲ့ကြသည်။ "Tangoမှာ ခွဲခြားတာဆိုလို့ ပြိုင်ပွဲ အမျိုးအစား (၂)ခုပဲ ရှိတယ်။ လိင်သတ်မှတ်ချက် ခွဲခြားတာမျိုးက မလိုအပ်ပါဘူး"ဟု ရာမီရက်ဇ်က ပြောဆိုသွားခဲ့သည်။
လိင်တူစုံတွဲများကို ကမ္ဘာ့ချန်ပီယံရှစ်တွင် ပါဝင်ခွင့် ပေးလိုက်ခြင်းသည် အာဂျင်တီးနားက လိင်တူစုံတွဲများအပေါ် ပိုမိုပွင့်လင်းသည့် အမြင်ဖြင့် လက်ခံလာခြင်းကို ပြဆိုသည့် သဘောမျိုးလည်း သက်ရောက်လာသည်။ အာဂျင်တီးနားသည် လက်တင်အမေရိက ဒေသတွင် လိင်တူချင်း လက်ထပ်ခွင့်ကို စံပြုအနေဖြင့် စတင်လက်ခံသော နိုင်ငံဖြစ်ပြီး ဗျူနိုအေးရီးစ်သည် လိင်တူစုံတွဲများ အနှစ်သက်ဆုံး ပျော်မွေ့သည့် မြို့တော်တစ်ခု အဖြစ်လည်း နာမည်ရခဲ့သည်။
Planet Myanmar Network
ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦးသည် စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိ ကိုယ်ကို အဆုံးစီရင်ခဲ
ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦး စတိုးဆိုင်တိုက်အပေါ်ထပ်မှ ခုန်ချ၍ သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် ယခုလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ခွဲ အချိန်ခန့်က အသက် (၄၃)နှစ် အရွယ် ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦးသည် စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိ ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း တောင်ဖီလာရပ်ကွက်နေ ဒေသခံ ပြည်သူတစ်ဦးမှ ဆက်သွယ်ပြောကြားသည်။
“ သေဆုံးသူက စတိုးဆိုင်ပိုင်ရှင်နဲ့ အဒေါ်တော်စပ်တယ်လို့ သိရပါတယ်..” ဟု ၎င်း ဒေသခံ ဆက်လက်၍ ပြောသည်။
ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦး စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တစ်ဦးမှ “ သေဆုံးသူကတော့ တောင်ဇလပ်ရပ်ကွက် မှနေတဲ့ ဒေါ်စောအီယံ အသက် ၄၃ နှစ် ဆိုသူဖြစ်ပါတယ်..။ ခုခံအားကျဆင်းမှုရောဂါ ခံစားနေရသူတစ်ဦးလို့လည်း သေဆုံး သူရဲ့ အသိုင်အ၀န်းက ဆိုပါတယ်..” ဟု ၎င်းမှ တုန့်ပြန်ပြောကြားသည်။
အဆိုပါ လူသေဆုံးရမှုနှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉ / ၂၀၁၃ အရ အမှုရေးဖွင့်၍ မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို သိရှိနိုင်ရန် တာဟန်းရဲစခန်းမှုး ရဲအုပ် မြင့်စိုး မှ ဆက်လက်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
သတင်း၊ ကိုတိုးကြီး
ညနေ ၄ နာရီခွဲအချိန် နီးလာလေလေ ရင်ခုန်သံပို၍ မြန်လာလေလေ
Sunday, September 01, 2013
၁လုံး ၂လုံး ၃လုံး ပုန်းနိုင်လို့ လွတ်ရိုးလား လောင်းကစားတွေ နှိမ်နင်းတော့မည်
|
![]() |
![]() |
![]() |

ဒီကနေ့ အလုပ် လုပ်ရတာကို စိတ်မဖြောင့်၊ မတင်လှ (နာမည်လွှဲထား) တစ်ယောက် ပုံမှန်ရွေ့လျား
နေသော နာရီ စည်းချက်အသံနှင့် အတူ ရင်ခုန်သံ မြန်နေသည်။
ညနေ ၄ နာရီခွဲအချိန် နီးလာလေလေ ရင်ခုန်သံပို၍ မြန်လာလေလေ၊ မဖြစ်တော့ မဖြစ်တော့ အလုပ်
ကို လက်စသတ်ပြီး မိမိ တဲအိမ်လေး ရှိရာသို့ ကတိုက်ကရိုက် ပြန်လာခဲ့ သည်။ ရပ်ကွက်လမ်းမထိပ်
ကုန်စုံဆိုင်ဖွင့်ထားသည့် ဒေါ်မြမြခင်က “ဟဲ့.. မတင်လှ ဘယ်လိုဖြစ်နေတာတုန်း”ဟု မေးလိုက်သည်
ကိုပင် မကြားယောင်ပြုနေမိသည်။
လူနှင့်စိတ်မကပ်တော့ဘူးဟု ပြောချင်လည်း ပြောကြပါစေတော့။
မှန်ပါသည်။ သည်တစ်နေ့တော့ ညက အိပ်မက်ကောင်းကြောင့် မတင်လှတစ်ယောက် လူတစ်ခြားစိတ်
တစ်ခြား ဖြစ်နေသည်။ အလုပ် လုပ်ရတာကို စိတ်မဖြောင့်၊ မတင်လှက ရပ်ကွက်အတွင်းရှိ အိမ်တွေကို
အ၀တ်လိုက်လျှော်ပေးနေရသူ။သွက်သွက်လက်လက်ရှိ၍ အိမ်ရှင်မတော်တော်များများက သဘောကျ
ကြသည်။ သူ့တစ်နေ့ဝင်ငွေကလည်း အိမ်သုံးလေးအိမ်လောက် အ၀တ်လျှော်ပေးလိုက်လျှင်တစ်အိမ်က
နှစ်ရာ၊ တစ်အိမ်က ၃၀၀ စသဖြင့် စုစုပေါင်း တစ်နေ့တစ်ထောင်နီးပါး လောက်ရသည်။ သို့သော် လုပ်
အားခရငွေထဲက တစ်ဝက်လောက်ကိုတော့ ကံစမ်း ကြည့်လေ့ရှိသည်။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို
မည်သူမျှမသိ၊ ကံတစ်ချက်ကောင်းလိုက်လျှင် တင်လှတို့ ဘ၀ပြောင်းပြီ။ရွှေတွဲလဲ ငွေတွဲလဲဖြင့် ဟန်ကျ
တော့မည်။ ညကလည်း အိပ်မက်ကောင်းသည်ကိုး။ အိပ်မက်ထဲမှာ အံ့သြစရာ ၄၂ ဆိုသည့် ဂဏန်းကို
ထင်ထင်ရှားရှားကြီး တွေ့နေရသည်။ဒီလိုသေချာတာမျိုးတော့အလွဲ မခံနိုင်။ မနက်အလုပ်မသွားခင်က
တည်းက ငွေ ၇၀၀ ဖိုး အောထည့်လိုက်သည်။ အိမ်နီးချင်း ကုန်စိမ်းရောင်းနေသည့် မအေးကြင်က “ဟဲ့
ကောင်မနံပါတ်ကောင်းလေးရှိရင် လက်တို့စမ်းပါ”တဲ့။ ဒါတော့ ဘယ်ဖြစ်မလဲ။ အိပ်မက်ထဲမှဘယ်သူ့ကိုမှ
မပြောနဲ့ဆိုတဲ့အသံကို ကြားလိုက်ရသမို့ ပါးစပ်ပိတ်ကာ မြုံစိလုပ်နေရသည်။ ကိုယ့်အိပ်မက် ဂဏန်းကို
ပြောဖြစ်လျှင် ကြိမ်းကျေသွားပြီး ပေါက်ဂဏန်းလွဲသွားလျှင် ခက်ချေတော့မည်။ဒီပေါက်ဂဏန်းလေးက
ညနေ ၄နာရီခွဲ ဆိုလျှင်မတင်လှရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးတော့မည်ကော။ စိတ်အပူဖြင့်
အတွေးတွေ ယောက်ယက်ခပ်ရင်း ပြန်လာသည့် မတင်လှ ခြေလှမ်းတွေက ၀င်းကြားထဲချိုးအကွေ့တွင်
ဝေါကနဲ အသံတွေ ကြားလိုက်ရသည်။
နှစ်လုံးထီဂဏန်းစလောင်းဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ဆီက လွင့်မျောလာသည့်အသံ။ တစ်ရပ်
ကွက်လုံး ပွက်ပွက်ညံသွားစေသည့် ဂဏန်း နံပါတ် ၄၈ တဲ့၊ ၄၈ တဲ့။ မတင်လှတစ်ယောက် ဟင်ကနဲ
ဖြစ်ရင်း တစ်ခဏမျှ ငေးငိုင်ကျသွားသည်။
သူထိုးတဲ့ဂဏန်းက ၄၂၊ ထွက်လာသည့်ဂဏန်းက၄၈၊ဂဏန်းနံပါတ်မှားသွားတာနဲ့ လက်ထဲရလာမယ့်
ငွေထုတ် လွတ်ကျ သွားရတဲ့ အဖြစ်၊ ဘယ်တတ်နိုင်မလဲ၊ မနက်ဖြန်အတွက်မျှော်လင့်ချက်တွေရှိသည်။
စနေ၊ တနင်္ဂနွေနှစ်ရက်မှလွဲ၍ မတင်လှအတွက် မျှော်လင့်ခြင်းမနက်ဖြန်တွေရှိနေပါသည်။
တကယ်တော့ အခြေခံ လူတန်းစားအတွက် ဆင်းရဲမွဲတေခြင်းနှင့်လောင်းကစားက ဖွားဖက်တော်ပမာ
ပူးကပ်နေလျက်ရှိသည် လောင်းကစား မပျောက်သရွေ့ ဆင်းရဲ မွဲတေမှုမှ ရုန်းထွက်နိုင်ဖို့ မလွယ်ကူ
လှပေ။
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အစီအစဉ် အရ လက်ရှိ ဆင်းရဲနွမ်းပါးမှု၂၆ ရာခိုင်နှုန်းမှ
၁၆ရာခိုင်နှုန်းသို့ လျော့ချမည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားထားပြီး ဆင်းရဲနွမ်းပါးမှု
တိုက်ဖျက်ရေးအတွက် ချဲထီနှင့်လောင်းကစားလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းနှိမ်နင်းရန်နိုင်
ငံတော်သမ္မတကလမ်းညွှန်ထားကြောင်း သိရှိရသည်။
မန္တလေးမြို့ ဒေသခံတစ်ဦးက “အပြင်မှာလည်း ကြားနေရတယ်။ ဟိုနေ့ကလည်း VOICE Daily Vol
(1).No(120)မှာလည်း ဖတ်လိုက်ရတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်
ကြီးဌာန ပြည်ထောင်ဝန်ကြီး ဦးအုန်းမြင့်ကပြောတာတဲ့။ အဲဒီထဲမှာ “ပြည်ထဲရေးဝန်ကြီးကို ပြောတော့
ဝန်ကြီးချုပ်တွေနဲ့ ပြဿနာ တက်လိမ့်မယ်လို့ ပြောတယ်။ တက်ရင် တက်ပါစေ၊ ပြည်ထဲရေးပြောမရ
ရင် ၀န်ကြီးချုပ်တွေပြောပြီး မဖြစ်ဖြစ်အောင်လုပ်နိုင်သမျှလုပ်မယ်”ဆိုပြီးရေးထားတယ်။
လောင်းကစားတွေ နှိမ်နင်းမယ်ဆိုတော့ ကောင်းတယ်။ ဦးအုန်းမြင့်ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးပါ
တယ်။ ဒါပေမယ့် စဉ်းစားမိတာက နိုင်ငံတော်သမ္မတက ညွှန်ကြားထားတဲ့ကိစ္စကို ပြည်ထဲရေးဝန်ကြီး
က ၀န်ကြီးချုပ်တွေနဲ့ ပြဿနာတက်လိမ့်မယ်လို့ပြောတာ တစ်မျိုးကြီးဖြစ်နေတယ်။ ပြည်ထောင်စုဝန်
ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက ခန့်အပ်ထားတာပဲ။
နောက်ပြီး ပြည်ထဲရေးဝန်ကြီးက ၀န်ကြီးချုပ်တွေနဲ့ ပြဿနာတက်လိမ့်မယ်ဆိုတော့ လောင်းကစား
ကိစ္စတွေကို ၀န်ကြီးချုပ်တွေကပဲကိုင်တွယ်ထားသလိုဖြစ်နေတယ်။မဖြစ်ဖြစ် အောင် လုပ်မယ်ဆိုတဲ့
ကိစ္စအကောင်အထည်ဖော်စေချင်တယ်”
လို့ ပြောပြသည်။
၎င်းက ဆက်၍ “ဒီနှစ်လုံး၊ သုံးလုံး၊ လောင်းကစား၊ ဘောလုံးလောင်းကစားတွေကို နှိမ်နင်းမယ်ဆိုရင်
တော်တော်လုပ်ယူရမှာ။ ဘာလို့လဲဆိုတော့ လူတွေထဲမှာအမြစ်တွယ်နေပြီ။ ရုံးဝန်ထမ်းတွေလည်း ပါ
တာပဲ။ဒါက၁၉၆၈မှာမြ၀တီ၊မဲဆောက်က အလုပ်သမားတွေ အလုပ်မရှိလို့ထိုင်းထီနောက်ဆုံး၃လုံးဂ
ဏန်းလောင်းကစားလုပ်ရင်းစတာ။ ၁၉၆၉ မှာ တရားဝင်ချဲထီပေါ်လာပြီ။ ၁၅ ရက်တစ်ကြိမ်၊ ငွေရှိတဲ့
လူတွေ ဒိုင်လုပ်ကြတယ်။ ၁၀၀၀ ဖိုးထိုးရင် အဲဒီခေတ်က ၆သိန်းရတယ်။ အခု ၅သိန်းရတယ်။ ဆိုလို
တာက ချဲထီသက်တမ်း ၄၅ နှစ်ရှိတာကို ပြောတာ။ နှစ်လုံးထီလည်း ဗမာထီနောက်ဆုံးဂဏန်း ၂လုံး
ကနေ တစ်လခုနစ်ရက်၊တစ်ရက်တစ်ကြိမ်ကနေ စခဲ့တာ။ အခု ဗမာထီက တစ်ရက်ထဲဖွင့်တော့ ထိုင်း
ကစတော့ရှယ်ယာဈေးကွက်ဂဏန်းကို တစ်ရက်ထဲမနက်နေ့လည်ညနေကစားကြတယ်။ များသော
အားဖြင့် နေ့လည်၊ ညနေနှစ်ကြိမ်ပေါ့။ သူက တစ်ရာဖိုးပေါက်ရင် ရှစ်ထောင်ရတယ်။
ဆူလွယ် နပ်လွယ်၊ ဘောလုံးဆိုလည်း ဒီအတိုင်းပဲ။ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊ယူရိုပါလိဂ်၊ ပွဲစဉ်
တွေ တစ်နှစ်လုံးပဲ။ အသင်းပေါင်း ၁၀၀နီးပါးရှိတယ်။ နိုင်ငံစုံအသင်းတွေ မပါသေးဘူး။ မောင်း၊
ဘော်ဒီ၊ လယ်ဘယ်၊ ပတ်မောင်း၊ ပတ်ခွေ၊ စုံနေတာပဲ။ ဘောလုံးမှာတော့ မောင်းထိုးကြတာများ
တယ်။သုံးမောင်းကနေ ရှစ်မောင်းထိ၊ တစ်ပွဲအောင်တိုင်း ဆတိုးရတယ်။ ရှစ်ပွဲအောင်ရင် ၁ကနေရှစ်
ထိဆတိုး၊၅၀၀မောင်းဆိုရင် ခုနှစ်သောင်းကျော်ရတယ်။ အကောက်(ဒိုင်)က ၁၅ရာ ခိုင်နှုန်းစားတယ်”
ဟု ပြောသည်။
လောင်းကစားလက်ခွဲဒိုင်တစ်ဦးက “ဖြစ်လည်းဖြစ်နိုင်တယ်။ မဖြစ်လည်း မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူး
ဆိုတာကကျွန်တော်တို့ကအားလုံးချိတ်ပြီးသား၊ကွန်တက်ရှိတယ်။အရေးအကြောင်းရှိရင် ဖုန်းကြို
ဆက်တယ်။ email နဲ့ပို့တယ်။ Viber နဲ့ ပို့ တယ်။ခေတ်က တိုးတက်နေတော့ အရေးပေါ်အထူးစီမံ
ချက်ရှိတဲ့ တစ်ပတ်ဆယ်ရက်ပဲနားတယ်။ အခုလည်း ပုံမှန်ပဲ။ နေ့မှာ နှစ်လုံး၊ ညမှာ ဘောလုံးပဲ။ ပုံ
မှန်လိုင်းကြေးပေးနေသရွေ့ ဘယ်မှမဖြစ်ဘူး။ လိုင်းကြေးမရှိရင်တော့ ဖမ်းတယ်”ဟု ပြောပြသည်။
ရပ်ကွက်နေပြည်သူတစ်ဦးက “ကျွန်မဟိုတစ်လောကဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုပြီး သမက ငွေ
ငါးသောင်းချေးပေးတယ်။ အစုငွေ ၅၀၀၀ထည့်ခဲ့ရပြီး စာအုပ်ဖိုး၊ဘာဖိုး၊ ညာဖိုးနှုတ်တော့ လေး
သောင်းလေးထောင်ကျော်ကျန်တယ်။ အဲဒီငွေနဲ့ လမ်းဘေးမှာ မုန့်ပျားသလက်ပဲ ထိုးရောင်းလို့ရ
မယ်။ ဒါတောင် စည်ပင်ကို တစ်ရက် ၂၀၀ ကျပ်ပေးရဦးမှာ။ ဒါနဲ့ နှစ်လုံးကစားတာ။ နှစ်ပတ်နဲ့ကုန်
သွားတယ်။ချဲကလည်း တစ်လုံးလွဲသွားတာ။ မလွဲရင် နှစ်ထောင်ဖိုး ဆယ်သိန်းလောက်ရမယ်”လို့
ပြောပြသည်။
လောင်းကစားသမားကိစ္စများနှင့် ပတ်သက်၍ နှစ်လုံးထီ၊ ချဲထီ၊ ဘောလုံး၊ ဖဲဝိုင်းများအား အမှန်
တကယ်နှိမ်နင်းသင့်ကြောင်း၊ လောင်းကစားဒိုင်များနှင့် ပတ်သက်သူများ ဌာနဆိုင်ရာ အာဏာပိုင်
များကိုလည်း စိစစ်အရေးယူသင့်ကြောင်း အများပြည်သူများကိုလည်း အသိပညာပေးသင့်ကြောင်း
ဝန်ကြီးချုပ်တွေနဲ့ ပြဿနာတက်မှာကြောက်နေရင် ၂၀၁၅ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကိစ္စ
၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ကျမသွားသည့်အပြင် ရာခိုင်နှုန်းများစွာ တက်လာနိုင်
ကြောင်း ပြည်သူများက ဝေဖန်သုံးသပ်လျက်ရှိသည်။
ချစ်ငယ်
The Light of Mandalay
Day Club များသည် ကျောင်းချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်သောကြောင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေ
နေ့မင်းသားတို့ ပျော်စံရာ
အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ်က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်း အခန်း အတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက်လက် တောက်ပနေသည်။
ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ် လည်တွင် လူငယ် ငါးဦးက တက်ကြွသော ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိ လူအားလုံး နီးပါးကလည်း ထိုစားပွဲငယ်ဘေးရှိ လူငယ်များကိုသာ လှုပ်လှုပ်ရွရွဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။
‘Ready နော်။ 1, 2, 3…စပြီ’။ စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးသံ အဆုံးတွင် လူငယ် ငါးဦး တို့သည် စားပွဲငယ်ပေါ်ရှိ Johnny Walker အရက် သုံးပက်စီ ထည့်ထားသော တစ်ခါသုံး ပလတ်စတစ် ခွက်ငယ်ထဲမှ အရက်များကို ပိုက်ဖြင့် အလျင်အမြန် စုပ်ယူနေကြသည်။ ယင်းလူငယ် ငါးဦးထဲမှ အမြန်ဆုံး ကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူ အတွက်လည်း Jägermeister ၁ ဒသမ ၅ လီတာ အရက်ပုလင်း တစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။
အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink ပြိုင်ပွဲများတွင် မြင်တွေ့နေကျ မြင်ကွင်း တစ်ခုသာ ဖြစ်သည်။ ရန်ကုန်မြို့တွင် ကျင်းပလေ့ရှိသော Day Party များ၌ အဆိုပါ Break Drink ပြိုင်ပွဲသာမက Shuffle Dance ပြိုင်ပွဲ၊ Sexy Dance ပြိုင်ပွဲ၊ Kissing Time ပြိုင်ပွဲများကို အလျဉ်းသင့်သလို ထည့်သွင်း ကျင်းပလေ့ ရှိသည်။
“ဒီလို ပြိုင်ပွဲမျိုးတွေက ပါတီတွေမှာ နှစ်ခု သုံးခုလောက်တော့ အမြဲ ပါတာပဲ။ ကလပ်ထဲကို လာတာ ကလည်း လူငယ်တွေ များတယ်။ အများစုက တက္ကသိုလ် ကျောင်းသားတွေပေါ့။ ဒီထက်ငယ်တာ တွေလည်း ပါပေမယ့် နည်းပါတယ်။ သူတို့တွေက အပျော်သဘော အနေနဲ့ ပြိုင်ကြတာပေါ့” ဟု တာမွေမြို့နယ်အတွင်းရှိ Day Club များသို့ မကြာခဏ သွားရောက်လေ့ရှိသူ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖြိုးမင်းသူက ဘီယာခွက်ကို လက်တစ်ဖက်က ကိုင်ရင်း ပြောသည်။
Day Club များသည် ကျောင်းချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်သောကြောင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“ကျွန်မတို့ ညဘက် ကလပ်သွားမယ်ဆိုရင် အိမ်က သတ်မှာပေါ့။ ဒီတော့ သူငယ်ချင်းတွေနဲ့ ပျော်ချင်ရင် နေ့ခင်းပိုင်း ဖွင့်တဲ့ Day Party တွေ သွားဖြစ်တယ်။ ခဏခဏတော့ မသွားဖြစ်ဘူး။ အိမ်က သိသွားရင် မလွယ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုသည်။
Day Club အများစုတွင် ဝင်ကြေးသည် တစ်ဦးလျှင် ၅၀၀၀ ကျပ်ခန့်သာ ကျသင့်၍ Day Party ကျင်းပသော နေ့များတွင် ၆၀၀၀ ကျပ်အထိ ကျသင့်ပြီး ရန်ကုန်မြို့အတွင်း တာမွေ၊ အလုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့် စသော မြို့နယ်များတွင် ဖွင့်လှစ်ထားကြသည်။
“အများစုက ကျောင်းသားတွေဆိုတော့ အိမ်က မသိအောင် ခိုးလာကြတာ များတယ်။ တချို့ မိန်းကလေးတွေဆို အဝတ်အစားတွေ အိမ်က လူကြီးတွေ မသိအောင် ယူလာကြတယ်။ ကလပ်ထဲက အိမ်သာထဲမှာပဲ အလှပြင် အဝတ်အစားလဲ ပေါ့လေ။ တစ်ခါတလေကျရင် ဇယားလား၊ ကျောင်းသူလား သိပ်မကွဲဘူး” ဟု ကိုဖြိုးမင်းသူက ဆိုသည်။
ထို့အပြင် အဆိုပါ နေရာများတွင် အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် အပျော်မယ်များလည်း ရှိနေသော ကြောင့် မိမိတို့ သားသမီးများ သွားရောက် ပျော်ပါးမည်ကို မိဘအများစုက စိုးရိမ်ကြသည်။
“Club ဆိုတာ ကောင်းတဲ့ နေရာလို့တော့ ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ အဲဒီတော့ ဒီကိုသွားပြီ ဆိုမှတော့ ကောင်းပါတော့မလား။ အရက်တွေ၊ မကောင်းတဲ့ မိန်းမတွေ ရှိနေတာကို။ ကိုယ့်သားသမီး က အပြင်မှာ ဘယ်လောက် လိမ္မာနေပါစေ။ အထဲမှာက သူ့ကို လမ်းမှား ရောက်သွားစေနိုင်တဲ့ အရာတွေ အများကြီးပဲ။ မသွားကြတာပဲ ကောင်းပါတယ်” ဟု တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ အထက်တန်းကျောင်းသူ သမီး နှစ်ဦး၏ မိခင် ဒေါ်ချယ်ရီအောင်က ဆိုသည်။
“ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ…”
ယခင်က Day Club များကို အကြီးအကျယ် ဖမ်းဆီးမှုများ ရှိခဲ့ဖူးသော်လည်း ယခုအခါ ပြန်လည် ဖွင့်လှစ်လာကြပြီး Day Party များကလည်း မရင့်ကျက်သေးသော လူငယ်များကို ဆွဲဆောင်နေ ကြသည်။
“Day Party က အမြဲတမ်း လုပ်နေတာ မဟုတ်ဘူး။ တစ်ပတ်တစ်ခါ နှစ်ပတ် တစ်ခါလောက်မှ လုပ်ဖြစ်တာ။ အဲဒီမှာမှ Sexy Dance ပြိုင်ပွဲတွေ၊ Shuffle ပြိုင်ပွဲတွေ၊ အသောက် ပြိုင်ပွဲတွေ ဘာတွေ လုပ်ကြတာ။ နောက်ပြီး Promotion အနေနဲ့ ဒီတစ်ခါ ပါတီလာရင် နောက်တစ်ခါ ထပ်လုပ်မယ့် ပါတီမှာ ဈေးလျှော့ပေးတာမျိုးလည်း ရှိတယ်” ဟု ပါတီပွဲ အချို့ စီစဉ်ဖူးသူ ကိုဇာနည် (အမည်လွှဲ) က ဆိုသည်။
Day Party များကို ရန်ကုန်မြို့တွင် Yangon International Hotel ဝင်းအတွင်းရှိ Flamingo Bar၊ ဗဟန်းရှိ B&W Music Pub၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Cloud 9၊ အလုံရှိ Sky Way၊ တာမွေ မြို့နယ်အတွင်းရှိ DJ Club စသည့် နေရာများတွင် ကျင်းပကြလေ့ ရှိသည်။
အဆိုပါ Day Party များတွင် လူငယ် အများစု စိတ်ဝင်စားသော Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေ အတွက် Kissing Time (စုံတွဲနှစ်ဦး အချိန် အကြာဆုံး ဆက်တိုက် နမ်းရှုပ်သည့် ပြိုင်ပွဲများ) ကျင်းပလေ့ရှိပြီး ဆုကြေးအနေဖြင့် ၅၀,၀၀၀ ကျပ်အထိ ဆုချလေ့ ရှိကြောင်း ကိုဖြိုးမင်းသူက ဆိုသည်။
အလွန် ငယ်ရွယ်သော စုံတွဲများက အဆိုပါ Day Club များက ထွက်လာပြီး ဟိုတယ်သွားရန် ကားငှား ခြင်းမျိုး မကြာခဏ ကြုံတွေ့ခဲ့ရဖူးကြောင်း တာမွေမြို့နယ်အတွင်းရှိ Day Club တစ်ခု အနီးတွင် ဂိတ်ထိုး တက္ကစီ မောင်းနှင်နေသူ ဦးစိုးအောင်ဆိုသူက မှတ်ချက်ပေးသည်။
သို့သော်ငြားလည်း Day Club များကို တည်ဆဲ ဥပဒေများအရ တရားဝင် ဖွင့်လှစ်ခွင့် မပြုထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖွင့်ခွင့်မရှိဟုဆိုသော အဆိုပါ Day Club များသည် ပွဲစီစဉ်သူများ၏ အမည်နှင့် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ ပါဝင် ဖျော်ဖြေမည့် DJ များ၊ အနုပညာရှင်များ၊ ထည့်သွင်း ပြုလုပ်မည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ (ဥပမာ- Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေအတွက် Kissing Time ပြိုင်ပွဲများ) ထည့်သွင်း ကြေညာထားသော ကြော်ငြာများကို ပွဲစီစဉ်သူများ၏ ဖေ့စ်ဘွတ်စ် စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဝေမှုများ ပြုလုပ်နေပြီး လူစည်ကားရာ နေရာများနှင့် တက္ကသိုလ်ကျောင်း အချို့တွင် လက်ကမ်း စာစောင် ဖြန့်ဝေမှုများလည်း ရှိသည်။
Day Club နှင့် Night Club များကို တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့ ကလပ်များမှာ စည်ပင်သာယာရေး ကော်မတီ၏ ထောက်ခံချက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ် ရဲစခန်း၏ ထောက်ခံချက်များဖြင့် ဖွင့်လှစ်ထားမှုများ ရှိကြောင်း ခရိုင်အဆင့် အဆင့်မြင့် တာဝန် ထမ်းဆောင်ခဲ့သော အငြိမ်းစား ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ပွဲတွေ ဘာတွေ လုပ်တော့မယ်ဆိုရင် အဆင်ပြေသလိုတော့ ဖြေရှင်းရတယ်” ဟု ကိုဇာနည်က ဆိုသည်။
အဆိုပါ Club များကို အရေးယူမည် ဆိုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညာ အမိန့်ကို ဖီဆန်ခြင်း) ဖြင့် တရား စွဲဆိုနိုင်ပြီး ထောင်ဒဏ် တစ်လအထိ ဖြစ်စေ၊ ဒဏ်ငွေ နှစ်ရာ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်။
ယင်းအပြင် အဆိုပါ ကလပ်တွင် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်မှု၊ သတ်ပုတ် နှောင့်ယှက်မှု၊ လုံခြုံရေးကို ထိခိုက်စေမှုများ ဖြစ်ပွား ခဲ့ပါက ခြောက်လထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ တစ်ထောင် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်။
“တစ်ခါတလေကျရင် ရန်ဖြစ်ကြတာမျိုး၊ ရုန်းရင်းဆန်ခတ် ဖြစ်ကြတာမျိုးတွေလည်း ကြုံရတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပြီးတော့လည်း ကလပ် လုံခြုံရေးကပဲ ရှင်းသွားတာပါပဲ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။
ကျောင်းသား၊ ကျောင်းသူများ အဆိုပါ ကလပ်များသို့ သွားရောက်ရာတွင် စာရိတ္တ ပျက်ပြားနိုင်သော် လည်း ဖြစ်နိုင်ခြေ နည်းကြောင်း၊ ယင်းကဲ့သို့ သွားရောက် ပျော်ပါးရုံမျှဖြင့် အရေးယူ၍ မရနိုင်ဘဲ ၎င်းတို့၏ ကျင့်ဝတ်နှင့်သာ သက်ဆိုင်ကြောင်း၊ အဆိုပါ ကလပ်များထဲတွင် ပြည့်တန်ဆာများကို ဖမ်းဆီးရမိပါက ပြည့်တန်ဆာ အက်ဥပဒေနှင့် အရေးယူနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။
“Night Club, Day Club နဲ့ ပတ်သက်ပြီး လုပ်ငန်း လိုင်စင် တရားဝင် ချပေးနိုင်တယ်ဆိုတာ မကြားမိဘူး။ အရေးယူရင် ၁၈၈ နဲ့ အရေးယူတယ်။ ဒဏ်ငွေ ပေးရတာများတယ်။ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ အဆိုပါ ကလပ်များကို ဒေသန္တရ အမိန့်ထုတ်၍ ပိတ်ပင် သွားမည် ဖြစ်ကြောင်း ယခုသြဂုတ်လ အတွင်းတွင် ကြေညာချက် ထုတ်ပြန်ထားသည်။
သို့သော်လည်း ပြည်တွင်းရှိ ကလပ်များကို နိုင်ငံတကာတွင်ကဲ့သို့ စနစ်တကျ အသက်အရွယ် ခွဲခြား ကန့်သတ်၍ ဖွင့်လှစ်စေခြင်းများ ပြုလုပ်သင့်ကြောင်း အချို့က အကြံပေးကြသည်။
“ကလပ်ဖွင့်တဲ့သူတွေ အနေနဲ့ အသက် ကန့်သတ်တာမျိုး လုပ်သင့်တယ်။ မဖွင့်နဲ့လို့တော့ သွားပြောလို့ မရဘူးပေါ့။ အသက် ဘယ်နှနှစ်အောက် မဝင်ရတို့၊ ဘာတို့ ကန့်သတ်လိုက်ပြီး ထိထိ ရောက်ရောက်လည်း လုပ်မယ်ဆိုရင် တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မယ် ထင်တယ်” ဟု အထက်တန်းပြ ဆရာတစ်ဦးဖြစ်သူ ဦးကျော်ရွှေက အကြံပြုသည်။
ထို့အပြင် မိဘများ အနေဖြင့်လည်း ယင်းကိစ္စအပေါ် ရှုမြင်ပုံ ပြောင်းလဲသင့်ပြီး သားသမီးများ အကောင်းအဆိုး နားလည်လာစေရန် စနစ်တကျဖြင့် ရှင်းပြ ဆုံးမသင့်သည်ဟု လူငယ် အချို့က ဆိုကြသည်။
“ကျွန်မ မိဘတွေကတော့ သိပ်စိတ်မပူဘူး။ ကျွန်မက သွားရင်လည်း ညီအစ်ကို မောင်နှမတွေနဲ့ သွားလေ့လည်း ရှိတယ်။ နောက်ပြီး လူကြီးတွေကို ပြောပြီးသွားတယ်။ ပျော်စရာရှိတာ ပျော်တယ်။ မမှားသင့်တာကို မမှားအောင် နေတယ်” ဟု ကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မဥမ္မာက ဆိုသည်။
Day Club များ ဖွင့်လှစ်ချိန်မှာ နေ့ခင်းနေ့လယ် ဖြစ်သောကြောင့် အလွန်အကျွံ မူးယစ် သောက်စား ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း ဖြစ်နိုင်ခြေမှာ ညပိုင်းထက် နည်းပါးကြောင်း ကိုဇာနည်က ဆိုသည်။
“ဥပမာဗျာ လူငယ်တွေအတွက်တော့ ညဘက်ဆိုရင် အန္တရာယ် ပိုမများဘူးလား။ နေ့ခင်း နေ့လယ် ဆိုရင် အမှားအယွင်းတွေ ဖြစ်ဖို့ ပိုနည်းတယ်။ အဓိကကတော့ လူငယ်ဆိုတာ ကိုယ်မတွေ့ကြုံဖူးတဲ့ အသစ်အဆန်း ကိစ္စမှန်သမျှကို စိတ်ဝင်စားတယ်။ အဲဒါကို အတင်းပိတ်ပင်တာထက် စာရင် အဲဒါ ဘာလဲဆိုတာ ထိတွေ့ခွင့် ပေးပြီး ကောင်းခြင်း၊ မကောင်းခြင်းကို သူတို့ကို ဆုံးဖြတ်ခိုင်းတာ ပိုသင့်တော်မယ် ထင်တယ်” ဟု ကိုဇာနည်က ဆိုသည်။
အဆိုပါနေရာများသို့ သွားရောက်ခြင်းကြောင့် ပျက်စီးနိုင်သည်ဆိုသော အချက်ကို လူငယ် အချို့က သဘောမတူကြပေ။
“ရန်ကုန်မှာ လူဦးရေ ခြောက်သန်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာကို လာတဲ့ အရေအတွက်က ရာဂဏန်း လောက်ပါပဲ။ ဒီနေရာမျိုးက လူတချို့ပဲ လာနိုင်ကြတာလေ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။
သက်ဆိုင်ရာဘက်က တရားမဝင်ဟု ဆိုနေသော်ငြား အရက်နှင့် စီးကရက် ကုမ္ပဏီ အချို့က ကြော်ငြာခြင်းနှင့် စပွန်ဆာ ပေးခြင်းများ ကြုံတွေ့ရဖူးကြောင်း ကလပ် ပါတီများသို့ မကြာခဏ သွားရောက်ကြသော လူငယ်များက တညီတညွတ်တည်း ပြောကြားကြသည်။
“ဒီနေရာတွေကို လာလို့သာ ပျက်စီးတယ်ဆိုရင် အရက်၊ ဘီယာဆိုင်တွေ၊ တည်းခိုခန်းတွေ၊ မာဆတ် တွေ မှိုလိုပေါက်နေတာကို အရင် အရေးယူသင့်တယ်။ Club ကို လာတဲ့ လူအရေအတွက်ထက် အဲဒီကိုသွားတဲ့ လူငယ် အရေအတွက်က ပိုများတယ်။ ကလပ်ဆိုတာ လူငယ်တိုင်း နေ့တိုင်း မလာနိုင်ဘူး။ အရက်ဆိုင်ကတော့ နေ့တိုင်း သွားလို့ ရတယ်။ ဘယ်ဟာက လူငယ်တွေအတွက် ပိုအန္တရာယ်များလဲ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သော နည်းပညာတက္ကသိုလ် ကျောင်းသား ကိုဗုံဗုံက ဆိုသည်။
ရန်ကုန်တွင် ကလပ် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရပြီး ပေါများစွာ တည်ရှိနေသော အရက်ဆိုင်များက လူငယ်များအတွက် ပိုအန္တရာယ်ပေးနိုင်ကြောင်း အထက်တန်းပြဆရာ ဦးကျော်ရွှေက မှတ်ချက်ပေးသည်။
“တကယ်ဆိုဗျာ လူတစ်ယောက် ကလပ်သွားမယ်ဆိုရင် တစ်ယောက်တည်း ဘယ်လိုမှ မသွားဘူး။ စိတ်တူကိုယ်တူ လူစုရဦးမယ်။ ပိုက်ဆံလည်း လက်ထဲမှာ လုံလုံလောက်လောက် ရှိဦးမှ သွားဖြစ်တာ။ ဘယ်သူမှ အမြဲတမ်း မသွားနိုင်ပါဘူး။ ဒီဟာတွေကို လိုက်ပိတ်ရင် အရက်ဆိုင်တွေ လူတောင် ပိုစည်သွားဦးမယ်” ဟု ကိုဗုံဗုံက ဆိုသည်။
“ဒီကိုသွားတိုင်း ပျက်စီးတာ မဟုတ်ဘူး။ အဓိကက လူပဲလေ။ မမှားအောင် ထိန်းရမှာပေါ့။ နောက်ပြီး ကိုယ့်ကို ထိန်းသိမ်းနိုင်တဲ့ လူမျိုးတွေနဲ့ သွားတာ ပိုကောင်းပါတယ်။ ကလပ်ဆိုတာ အခုမှ ပေါ်တာမှ မဟုတ်တာ။ အရင်ကတည်းက ရှိနေတာ။ လူတွေက အခုမှ အရေးကြီး ခွင်ကျယ်လုပ်ပြီး ပြောနေကြ တာ” ဟု ကိုဇာနည်က ၎င်း၏ အမြင်ကို ပြောပြသည်။
ပါတီများသို့ ကျောင်းသားအရွယ် လူငယ်များ လာရောက်ကြသော်လည်း လာရောက်တိုင်း ပျက်စီး မည်ဟု မမြင်သင့်ကြောင်း ကိုဇာနည်က ဆိုသည်။
“အဓိကက လူတစ်ဦးချင်းစီရဲ့ ချင့်ချိန်နိုင်စွမ်းပါပဲ။ ဒီကိုလာလို့ ပျက်စီးသွားတယ်လို့ ကျွန်တော် မထင်ဘူး။ ပျက်စီးချင်တဲ့သူက ပျက်စီးမှာပဲ။ ဒီကိုလာမှ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
Day Club များသို့ လာရောက်ခြင်းကြောင့် လူငယ်များတွင် အပြစ်ရှိသည် ဆိုသော်လည်း ၎င်းတို့ သည် အသက်အရွယ် ငယ်ရွယ်သေးသောကြောင့် ဆုံးမ ပြောဆိုသည့် လူကြီးများနှင့် ဆရာ ဆရာမ များတွင် ပိုမို တာဝန်ရှိနိုင်ကြောင်း တက္ကစီ ယာဉ်မောင်း ဦးစိုးအောင်က သူ၏ အမြင်ကို ပြောပြသည်။
“ကလေးတွေ ကျောင်းက ပြေးပြီး လာတယ်ဆိုရင် ဘာကြောင့် ကျောင်းပြေးလဲ။ ကျောင်းမှာ ဘာကြောင့် မပျော်တာလဲ အဖြေ ရှာရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်နေ့ လူကြီးတွေ ဖြစ်လာမှာလေ” ဟု ၎င်းက ဆိုသည်။
မည်ကဲ့သို့ပင် အမြင်အမျိုးမျိုး ရှိနေကြသော်လည်း Day Club များတွင် ကျင်းမည့် Day Party လက်ကမ်း စာစောင်များသည် လူငယ်များကြား ပျံ့နှံ့နေဆဲ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ အပေါ်တွင်လည်း ဖြန့်ဝေနေကြဆဲပင် ဖြစ်သည်။ ပါတီများတွင်လည်း လူစည်ကားနေဆဲ ဖြစ်သည်။ အမျိုးစုံသော ပြိုင်ပွဲများကလည်း လူငယ်များကို ဆွဲဆောင်နေဆဲ ဖြစ်သည်။
“ခဏနေရင် Sexy Dance ပြိုင်ပွဲ စပါမယ်။ ဝင်ပြိုင်မယ့် မိန်းကလေးတွေ စာရင်းလာပေးလို့ ရပါပြီ” ဟု စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးလိုက်သည်။
အနည်းငယ် မူးယစ် ရီဝေနေပြီး ပျော်နေပုံရသော မိန်းကလေးငယ် တစ်စုက ဒိုင်လုပ်သူ အနားတွင် စုဝေး တိုးဝှေ့နေကြသည်။
အချိန်သည် တစ်ဖြည်းဖြည်း ညနေစောင်းလာပြီ ဖြစ်သော်လည်း သူတို့ပျော်ရွှင်မှုက အမြင့်ဆုံး အနေအထားတွင်ပင် ရှိနေသေးသည်။ အိမ်ပြန်လိုသူ အချို့သာ သုတ်သုတ်ပြာပြာဖြင့် ကလပ်ထဲမှ အလျင်အမြန် ပြန်ထွက်သွားကြသည်။
“ဒီအချိန်က ကလပ်ထဲမှာ ပျော်စရာ အကောင်းဆုံး အချိန်ပဲ။ Sexy Dance ပြိုင်ပွဲပြီးရင် ပါတီလည်း သိမ်းပြီ ဆိုတော့ အပြတ်ကဲလိုက်ဦးမယ်” ဟု ကိုဖြိုးမင်းသူက ဘီယာဘားကို မှီနေရင်း ရယ်ရယ်မောမော ဆိုလိုက်သည်။
ရဲဇွန်အောင်၊ စိုးမိုး
The Voice Weekly
UK အခြေစိုက်The Economist မဂ္ဂဇင်းမှာလဲ မြန်မာနိုင်ငံ အစိုးရရဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်တန့် ပစ်တဲ့ ရည်ရွယ် ချက်ကတော့ မြန်မာ အစိုးရ အနေနဲ့ အနောက်နိုင်ငံ တွေရဲ့အာရုံစိုက် ခံရလိုမှု ကြောင့် ဖြစ်နိုင်တယ်လို့ဆို
တရုတ် ကုမ္ပဏီတွေ ဆုံးရှုံးနေတာ မြန်မာအစိုးရရဲ့ လှည့်ကွက်ကြောင့်လား
Mr. Li Li
အနောက် နိုင်ငံတွေရဲ့လှည့်ကွက်တွေက မြန်မာနိုင်ငံရဲ့ရေအား လျှပ်စစ် ပရောဂျက်တွေကို အကြပ်အတည်း ဖြစ်စေပြီး တရုတ် ကုမ္မဏီက နှစ်စဉ် RMB သန်း ၃၀၀ လောက် ဆုံးရှူံး နေရပါတယ်။
လွန်ခဲ့တဲ့၂နှစ်ကျော်က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ရုတ်တရက် မြစ်စုံ စီမံကိန်း စာချုပ် ကို ရပ်ဆိုင်း လိုက် ခြင်းကြောင့် Takungpo ကသတင်းသမား တစ်ယောက်ဟာ ဘာကြောင့် ဒီကိစ္စြ ဖစ်ပေါ်တယ် ဆိုတာကို လိုက်လံ စုံစမ်း ခဲ့ပါတယ်။
အဲဒီ သတင်း သမားရဲ့စုံစမ်းရေး တစ်ပတ်တာ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဘာကြောင့် တရုတ် ကုမ္မဏီတွေရဲ့ အကြီးဆုံး "Go Global" လို့ခေါ်တဲ့ ပရောဂျက်ကို ဘာလို့ငြင်းဆန်နေရတာလဲ ဆိုတာ ကိုလေ့လာခဲ့ပါတယ်။ ရှေ့တိုးကြည့် မယ် ဆိုရင် တရုတ် ကုမ္မဏီတွေရဲ့ကမ္ဘာအနှံ့ခရီးဆက်တဲ့ လုပ်ငန်းတွေ၊ နည်းဗျူဟာ အသစ်တွေနဲ့ အခြားနိုင်ငံ တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေကို တားမြစ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ (သတင်းထောက် လီလီက သြဂုတ် ၈ ရက် နေ့မှာ မြန်မာနိုင်ငံကနေ သတင်းပို့ခဲ့တာပါ။
မြန်မာ တရုတ် နယ်စပ်ဟာ၂၁၈၅ ကီလိုမီတာ ရှည်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ယခုအခါမှ နိုင်ငံတကာ အသိုက်အ၀န်း သို့ပြန်လည် ပွင့်လင်း လာတာဖြစ်ပြီး တရုတ်နိုင်ငံ ကတော့ ကမ္ဘာ့အကြီးဆုံး စားသုံးသူ ဈေးကွက် ရှိနေတဲ့ နိုင်ငံတစ် ခု ဖြစ်ပါတယ်။
Mr. Li GuangHua ယူနန်နိုင်ငံ တကာ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီ ဥက္ကဌက အမြဲတမ်း လိုလို ကူမင်းကနေ ရန်ကုန်ကို လေကြောင်း ခရီးဖြင့် လာတတ် သူပါ။ သူက မြစ်ဆုံ စီမံကိန်းကြီး တစ်ခုလုံးရဲ့သက်သေဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းရပ်ဆိုင်း မှုအပေါ်အမြင်ကို ဒီလို ရေးထား ပါတယ်။
"ဂျူလိုင်၂၁ ၂၀၁၃ ရဲ့ ညတစ်ညမှာ မြန်မာနိုင်ငံက ပြည်တွင်း ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားလှယ်နဲ့တွေ့ဆုံဖို့သွားခဲ့ ပါတယ်။ သူပြောတာ ကတော့ "ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့တာ ကတော့ မြန်မာနိုင်ငံက နိုင်ငံခြားရင်း နှီး မြှုပ်နှံမှုတွေကို အရင်တုန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ကြိုဆို လက်ခံ ခဲ့ပါတယ်။ အခုလဲ တကယ်တမ်း ရင်းနှီးမြှုပ်နှံမည့်သူ လာ တာကို မြန်မာနိုင်ငံ အနေနဲ့ ကြိုဆို သင့်တယ်လို့"ကျွန်တော် ထင်ပါတယ်လို့ပြောပါတယ်။
မြစ်ဆုံ ဆိုတာ တကယ်တော့ ရွာငယ်လေး တစ်ခုပါ ။ မြောက်ပိုင်းမြန်မာပြည်ရဲ့ ထူတပ်တဲ့ တောအုပ်တွေထဲက အသိုက်အ မြုံလေးပါ။ အခုတော့ အဲဒီ နေရာဟာ မြစ်ဆုံ စီမံကိန်းကြောင့် လူသိများလာခဲ့ပါပြီ။ စုစုပေါင်း ဒေါ်လာ သန်းထောင်ပေါင်း ၂၀၀ ကျော်တဲ့ ရေတံခွန် ခုနှစ်ခု စီမံကိန်း (မြစ်ဆုံ အပါအ၀င်) တွေဟာ တရုတ်နိုင်ငံရှိ ကုမ္မဏီတွေရဲ့အများဆုံးနိုင် ငံခြား ရင်းနှီးမြှုပ်နှ့မှုတွေလို့တောင်ပြောနိုင်ပါတယ်။
အစီအစဉ် အတိုင်းဖြစ်သွားမည် ဆိုရင် မြစ်ဆုံ စီမံကိန်းဟာ ၂၀၁၈ ခုနှစ်မှာ စတင် လည်ပတ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံရဲ့အခက်အခဲ ကြုံနေရတဲ့ စွမ်းအင်ပြဿနာကို သန့်ရှင်းတဲ့ စွမ်းအင် အရင်းအမြစ်တွေကနေ ထောက်ပံ့ပေးနိုင်မှာပါ။
သဘော တူညီချက်တွေ အတိုင်း လျှပ်စစ်ဖြန့်ဖြူးတဲ့နေရာမှာလဲ ထွက်ရှိတဲ့ လျှပ်စစ် စွမ်းအားရဲ့ ၁၀% အပြင် ကျန်တဲ့ လျှပ်စစ်လည်း မြန်မာနိုင်ငံကို ဦးစားပေး ထောက်ပံ့မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာ ကတော့ မြန်မာ အစိုးရ အနေနဲ့မြန် မာနိုင်ငံရဲ့ရေသယံဇာတတွေကို အရင်းပြုပြီး အမှန်တကယ် လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေကို ရရှိမှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် မြစ်ရေတွေကို ငွေဖြစ်အောင် ပြောင်းလဲလိုက်တာပါပဲ။ ဒါပေမယ့် ဒေသခံ ပြည်သူတွေက ပိုပြီး အကျိုးအမြတ်တွေ လိုချင်နေကြပါတယ်။
"မြစ်ဆုံ စီမံကိန်း ဆောက်လုပ်တဲ့ အခါမှာ ပထမပိုင်း အဆင့်တွေမှာ တုန်းက မယုံနိုင်စရာ ကောင်းလောက်အောင် ချော ချောမွေ့မွေ့ဖြစ်နေပေမယ့် ၁ နှစ်လောက် အကြာမှာ လုံးဝကို ပြောင်းပြန်ပြောင်းလဲ သွားပါတယ်"လို့ Li GuangHua က ပြောပါတယ်။ ဆောက်လုပ် ခဲ့စဉ်အတွင်း တစ်လနီးပါး အချိန်ကာလမှာ များစွာသော အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေက မကြာခဏ လာ ရောက်ကြပြီး ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ဒီလို အခြေအနေမှာ သမ္မတဦးသိန်းစိန်က အခြေအနေ တွေ အကုန်လုံးကို ပြောင်းလဲပစ် မယ် လို့ဘယ်သူမှ မထင်ပါဘူး။
အောက်တိုဘာ ၃၀ ရက်နေ့ ၂၀၁၁ မှာ.ပါလီမန်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို သူ့သမ္မတ သက်တမ်း တစ် လျှောက်နဲ့နောက်ထပ် ၂၀၁၅မှာ ကျင်းပမယ့် အထွေတွေ ရွေးကောက်ပွဲ မတိုင်ခင် အထိ လုံးဝ ရပ်ဆိုင်း ရမယ်လို့ကြေ ငြာသွားပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ "ပြည်သူ့ဆန္ဒကို အလေးထားသော အားဖြင့်"ပါတဲ့။
မြန်မာနိုင်ငံရဲ့မြောက်ပိုင်း မြစ်ကြီးနားမှာတော့ အသက် ၈၄ နှစ် အရွယ်ရှိတဲ့ ကချင် လူမျိုးစု ခေါင်းဆောင် Zaw Gam က Takungpao က သတင်းတောက်ကို ပြောကြား ခဲ့ရာမှာ "ဒီစီမံကိန်းကို အစိုးရ အနေနဲ့ သေသေ ချာချာ ပြန်လည် စဉ်းစား သင့်တယ်"လို့ပြောပါတယ်။ "အကျိုးအမြတ်တွေ အများကြီးကို ရရှိနိုင်ပါတယ်"လို့ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ကလဲ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင် ခဲ့ရပြီး အမျိုးသား ပြန် လည်သင့် မြတ်ရေး အတွက် စက်တင်ဘာ ၂၃ မှာ ရန်ကုန်ကို လာပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကျွန်တော့်ကို ခေါ်ဖို့ လူလွတ်လိုက်ပါတယ်လို့ Zaw Gam ကပြောပါသေးတယ်။
ဒေသခံ လက်နက်ကိုင်တွေ အနေနဲ့အကျိုးအမြတ်တွေ ပိုမို ရရှိနိုင်အောင် မြစ်ဆုံ စီမံကိန်းက ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ် ပါတယ်။ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို မရပ်ဆိုင်းမီမှာပဲ ဒေါ်အောင်ဆန်းစုကြည်က "ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ဂေဟ ဗေဒ စနစ် လုံခြုံမှုကို ကာကွယ်ခြင်း" ဆိုပြီး စာတမ်း တစ်စောင် ရေးခဲ့ပါတယ်။
အမေရိကန် မီဒီယာတွေက တရုတ် မီဒီယာတွေထက် လျှင်လျှင်မြန်မြန် တုံ့ပြန်ခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပါလီမန်မှာ ကြေငြာတဲ့နေ့ဟာ တ၇ုတ်နိုင်ငံရဲ့အမျိုးသားနေ့ မရောက်ခင်မှာ ဖွင့်ပြောလိုက်တာကြောင့် တရုတ်နိုင်ငံ သံအမတ်တွေ သိပ်သတိ မထားမိ လိုက်ပါဘူး။
အမေရိကန် မီဒီယာတွေကလဲ ဒီစီမံကိန်း ရပ်ဆိုင်းမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင် တယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တ၇ုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး Jin Honggen ဆိုသူက မြန်မာနိုင်ငံရဲ့အစိုးရ အသစ်က မြန်မာနိုင်ငံရဲ့တံခါး သစ်ကို ဖွင့်ပေးလိုက်ပြီးတော့ တရုတ်နဲ့နှစ်နိုင်ငံ စီမံကိန်းတွေကို ရပ်ဆိုင်း လိုက်ခြင်းအားဖြင့် အနောက်နိုင်ငံ တွေဆီက အကူအညီတွေကို ရလိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ မြန်မာနိုင်ငံ အနေနဲ့တရုတ်နိုင်ငံရဲ့ စီမံကိန်း တွေကို ရပ် တန့် ပစ်လိုက်ပြီးတော့ အဲဒါကို ပြပြီး အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို လျော့ချလာအောင် ပြုလုပ်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ပြောပါတယ်။
နောက်ထပ် ထွက်လာတဲ့ သက်သေ အထောက်အထားတွေ အရ မြစ်ဆုံ စီမံကိန်းဟာ မြန်မာ နိုင်ငံ အတွက် စတေး ခံခဲ့ရ သလိုဖြစ်နေပါတယ်။ အနောက်နိုင်ငံရဲ့ နိုင်ငံရေး သမားတွေရဲ့ "Action for Action" ဆိုတာကို သတိထား မိစေဖို့ပြု လုပ်တဲ့ အသွင်ကို ဆောင်နေပါတယ်။UK အခြေစိုက်The Economist မဂ္ဂဇင်းမှာလဲ မြန်မာနိုင်ငံ အစိုးရရဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်တန့် ပစ်တဲ့ ရည်ရွယ် ချက်ကတော့ မြန်မာ အစိုးရ အနေနဲ့ အနောက်နိုင်ငံ တွေရဲ့အာရုံစိုက် ခံရလိုမှု ကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
Posted by
Koko Zaw
အနောက် နိုင်ငံတွေရဲ့လှည့်ကွက်တွေက မြန်မာနိုင်ငံရဲ့ရေအား လျှပ်စစ် ပရောဂျက်တွေကို အကြပ်အတည်း ဖြစ်စေပြီး တရုတ် ကုမ္မဏီက နှစ်စဉ် RMB သန်း ၃၀၀ လောက် ဆုံးရှူံး နေရပါတယ်။
လွန်ခဲ့တဲ့၂နှစ်ကျော်က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ရုတ်တရက် မြစ်စုံ စီမံကိန်း စာချုပ် ကို ရပ်ဆိုင်း လိုက် ခြင်းကြောင့် Takungpo ကသတင်းသမား တစ်ယောက်ဟာ ဘာကြောင့် ဒီကိစ္စြ ဖစ်ပေါ်တယ် ဆိုတာကို လိုက်လံ စုံစမ်း ခဲ့ပါတယ်။
အဲဒီ သတင်း သမားရဲ့စုံစမ်းရေး တစ်ပတ်တာ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဘာကြောင့် တရုတ် ကုမ္မဏီတွေရဲ့ အကြီးဆုံး "Go Global" လို့ခေါ်တဲ့ ပရောဂျက်ကို ဘာလို့ငြင်းဆန်နေရတာလဲ ဆိုတာ ကိုလေ့လာခဲ့ပါတယ်။ ရှေ့တိုးကြည့် မယ် ဆိုရင် တရုတ် ကုမ္မဏီတွေရဲ့ကမ္ဘာအနှံ့ခရီးဆက်တဲ့ လုပ်ငန်းတွေ၊ နည်းဗျူဟာ အသစ်တွေနဲ့ အခြားနိုင်ငံ တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေကို တားမြစ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ (သတင်းထောက် လီလီက သြဂုတ် ၈ ရက် နေ့မှာ မြန်မာနိုင်ငံကနေ သတင်းပို့ခဲ့တာပါ။
မြန်မာ တရုတ် နယ်စပ်ဟာ၂၁၈၅ ကီလိုမီတာ ရှည်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ယခုအခါမှ နိုင်ငံတကာ အသိုက်အ၀န်း သို့ပြန်လည် ပွင့်လင်း လာတာဖြစ်ပြီး တရုတ်နိုင်ငံ ကတော့ ကမ္ဘာ့အကြီးဆုံး စားသုံးသူ ဈေးကွက် ရှိနေတဲ့ နိုင်ငံတစ် ခု ဖြစ်ပါတယ်။
Mr. Li GuangHua ယူနန်နိုင်ငံ တကာ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီ ဥက္ကဌက အမြဲတမ်း လိုလို ကူမင်းကနေ ရန်ကုန်ကို လေကြောင်း ခရီးဖြင့် လာတတ် သူပါ။ သူက မြစ်ဆုံ စီမံကိန်းကြီး တစ်ခုလုံးရဲ့သက်သေဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းရပ်ဆိုင်း မှုအပေါ်အမြင်ကို ဒီလို ရေးထား ပါတယ်။
"ဂျူလိုင်၂၁ ၂၀၁၃ ရဲ့ ညတစ်ညမှာ မြန်မာနိုင်ငံက ပြည်တွင်း ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားလှယ်နဲ့တွေ့ဆုံဖို့သွားခဲ့ ပါတယ်။ သူပြောတာ ကတော့ "ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့တာ ကတော့ မြန်မာနိုင်ငံက နိုင်ငံခြားရင်း နှီး မြှုပ်နှံမှုတွေကို အရင်တုန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ကြိုဆို လက်ခံ ခဲ့ပါတယ်။ အခုလဲ တကယ်တမ်း ရင်းနှီးမြှုပ်နှံမည့်သူ လာ တာကို မြန်မာနိုင်ငံ အနေနဲ့ ကြိုဆို သင့်တယ်လို့"ကျွန်တော် ထင်ပါတယ်လို့ပြောပါတယ်။
မြစ်ဆုံ ဆိုတာ တကယ်တော့ ရွာငယ်လေး တစ်ခုပါ ။ မြောက်ပိုင်းမြန်မာပြည်ရဲ့ ထူတပ်တဲ့ တောအုပ်တွေထဲက အသိုက်အ မြုံလေးပါ။ အခုတော့ အဲဒီ နေရာဟာ မြစ်ဆုံ စီမံကိန်းကြောင့် လူသိများလာခဲ့ပါပြီ။ စုစုပေါင်း ဒေါ်လာ သန်းထောင်ပေါင်း ၂၀၀ ကျော်တဲ့ ရေတံခွန် ခုနှစ်ခု စီမံကိန်း (မြစ်ဆုံ အပါအ၀င်) တွေဟာ တရုတ်နိုင်ငံရှိ ကုမ္မဏီတွေရဲ့အများဆုံးနိုင် ငံခြား ရင်းနှီးမြှုပ်နှ့မှုတွေလို့တောင်ပြောနိုင်ပါတယ်။
အစီအစဉ် အတိုင်းဖြစ်သွားမည် ဆိုရင် မြစ်ဆုံ စီမံကိန်းဟာ ၂၀၁၈ ခုနှစ်မှာ စတင် လည်ပတ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံရဲ့အခက်အခဲ ကြုံနေရတဲ့ စွမ်းအင်ပြဿနာကို သန့်ရှင်းတဲ့ စွမ်းအင် အရင်းအမြစ်တွေကနေ ထောက်ပံ့ပေးနိုင်မှာပါ။
သဘော တူညီချက်တွေ အတိုင်း လျှပ်စစ်ဖြန့်ဖြူးတဲ့နေရာမှာလဲ ထွက်ရှိတဲ့ လျှပ်စစ် စွမ်းအားရဲ့ ၁၀% အပြင် ကျန်တဲ့ လျှပ်စစ်လည်း မြန်မာနိုင်ငံကို ဦးစားပေး ထောက်ပံ့မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာ ကတော့ မြန်မာ အစိုးရ အနေနဲ့မြန် မာနိုင်ငံရဲ့ရေသယံဇာတတွေကို အရင်းပြုပြီး အမှန်တကယ် လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေကို ရရှိမှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် မြစ်ရေတွေကို ငွေဖြစ်အောင် ပြောင်းလဲလိုက်တာပါပဲ။ ဒါပေမယ့် ဒေသခံ ပြည်သူတွေက ပိုပြီး အကျိုးအမြတ်တွေ လိုချင်နေကြပါတယ်။
"မြစ်ဆုံ စီမံကိန်း ဆောက်လုပ်တဲ့ အခါမှာ ပထမပိုင်း အဆင့်တွေမှာ တုန်းက မယုံနိုင်စရာ ကောင်းလောက်အောင် ချော ချောမွေ့မွေ့ဖြစ်နေပေမယ့် ၁ နှစ်လောက် အကြာမှာ လုံးဝကို ပြောင်းပြန်ပြောင်းလဲ သွားပါတယ်"လို့ Li GuangHua က ပြောပါတယ်။ ဆောက်လုပ် ခဲ့စဉ်အတွင်း တစ်လနီးပါး အချိန်ကာလမှာ များစွာသော အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေက မကြာခဏ လာ ရောက်ကြပြီး ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ဒီလို အခြေအနေမှာ သမ္မတဦးသိန်းစိန်က အခြေအနေ တွေ အကုန်လုံးကို ပြောင်းလဲပစ် မယ် လို့ဘယ်သူမှ မထင်ပါဘူး။
အောက်တိုဘာ ၃၀ ရက်နေ့ ၂၀၁၁ မှာ.ပါလီမန်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို သူ့သမ္မတ သက်တမ်း တစ် လျှောက်နဲ့နောက်ထပ် ၂၀၁၅မှာ ကျင်းပမယ့် အထွေတွေ ရွေးကောက်ပွဲ မတိုင်ခင် အထိ လုံးဝ ရပ်ဆိုင်း ရမယ်လို့ကြေ ငြာသွားပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ "ပြည်သူ့ဆန္ဒကို အလေးထားသော အားဖြင့်"ပါတဲ့။
မြန်မာနိုင်ငံရဲ့မြောက်ပိုင်း မြစ်ကြီးနားမှာတော့ အသက် ၈၄ နှစ် အရွယ်ရှိတဲ့ ကချင် လူမျိုးစု ခေါင်းဆောင် Zaw Gam က Takungpao က သတင်းတောက်ကို ပြောကြား ခဲ့ရာမှာ "ဒီစီမံကိန်းကို အစိုးရ အနေနဲ့ သေသေ ချာချာ ပြန်လည် စဉ်းစား သင့်တယ်"လို့ပြောပါတယ်။ "အကျိုးအမြတ်တွေ အများကြီးကို ရရှိနိုင်ပါတယ်"လို့ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ကလဲ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင် ခဲ့ရပြီး အမျိုးသား ပြန် လည်သင့် မြတ်ရေး အတွက် စက်တင်ဘာ ၂၃ မှာ ရန်ကုန်ကို လာပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကျွန်တော့်ကို ခေါ်ဖို့ လူလွတ်လိုက်ပါတယ်လို့ Zaw Gam ကပြောပါသေးတယ်။
ဒေသခံ လက်နက်ကိုင်တွေ အနေနဲ့အကျိုးအမြတ်တွေ ပိုမို ရရှိနိုင်အောင် မြစ်ဆုံ စီမံကိန်းက ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ် ပါတယ်။ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို မရပ်ဆိုင်းမီမှာပဲ ဒေါ်အောင်ဆန်းစုကြည်က "ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ဂေဟ ဗေဒ စနစ် လုံခြုံမှုကို ကာကွယ်ခြင်း" ဆိုပြီး စာတမ်း တစ်စောင် ရေးခဲ့ပါတယ်။
အမေရိကန် မီဒီယာတွေက တရုတ် မီဒီယာတွေထက် လျှင်လျှင်မြန်မြန် တုံ့ပြန်ခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပါလီမန်မှာ ကြေငြာတဲ့နေ့ဟာ တ၇ုတ်နိုင်ငံရဲ့အမျိုးသားနေ့ မရောက်ခင်မှာ ဖွင့်ပြောလိုက်တာကြောင့် တရုတ်နိုင်ငံ သံအမတ်တွေ သိပ်သတိ မထားမိ လိုက်ပါဘူး။
အမေရိကန် မီဒီယာတွေကလဲ ဒီစီမံကိန်း ရပ်ဆိုင်းမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင် တယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တ၇ုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး Jin Honggen ဆိုသူက မြန်မာနိုင်ငံရဲ့အစိုးရ အသစ်က မြန်မာနိုင်ငံရဲ့တံခါး သစ်ကို ဖွင့်ပေးလိုက်ပြီးတော့ တရုတ်နဲ့နှစ်နိုင်ငံ စီမံကိန်းတွေကို ရပ်ဆိုင်း လိုက်ခြင်းအားဖြင့် အနောက်နိုင်ငံ တွေဆီက အကူအညီတွေကို ရလိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ မြန်မာနိုင်ငံ အနေနဲ့တရုတ်နိုင်ငံရဲ့ စီမံကိန်း တွေကို ရပ် တန့် ပစ်လိုက်ပြီးတော့ အဲဒါကို ပြပြီး အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို လျော့ချလာအောင် ပြုလုပ်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ပြောပါတယ်။
နောက်ထပ် ထွက်လာတဲ့ သက်သေ အထောက်အထားတွေ အရ မြစ်ဆုံ စီမံကိန်းဟာ မြန်မာ နိုင်ငံ အတွက် စတေး ခံခဲ့ရ သလိုဖြစ်နေပါတယ်။ အနောက်နိုင်ငံရဲ့ နိုင်ငံရေး သမားတွေရဲ့ "Action for Action" ဆိုတာကို သတိထား မိစေဖို့ပြု လုပ်တဲ့ အသွင်ကို ဆောင်နေပါတယ်။UK အခြေစိုက်The Economist မဂ္ဂဇင်းမှာလဲ မြန်မာနိုင်ငံ အစိုးရရဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်တန့် ပစ်တဲ့ ရည်ရွယ် ချက်ကတော့ မြန်မာ အစိုးရ အနေနဲ့ အနောက်နိုင်ငံ တွေရဲ့အာရုံစိုက် ခံရလိုမှု ကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရ
Sunday, September 1, 2013
မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို
ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး
အဖမ်းခံရတယ်လို့ သိရပါတယ်။အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီး သူတို့ဟာ ခရစ်ယန်ဘာသာဝင်တွေမို့ တနင်္ဂနွေနေ့ ဘုရားကျောင်းကိုအလာမှာ အဖမ်းခံရတာဖြစ်ပါတယ်။
ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။
“လော်လီကား အရှည်ကြီး ၅ စင်းလောက်နဲ့ လူတွေကို မတ်တပ်ရပ်ပြီး အပြည့်တင်သွားတယ်၊ ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့”
အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။
ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။
RFA Burmese
Thit Htoo Lwin - News
ဗုဒ္ဓဘာသာ နှင့် မြင့်မိုရ်တောင် - .............
August 30, 2013 at 7:51pm

အချို့သော ဘာသာဝင်များ မှ- တကယ်မရှိသော မြင့်မိုရ်တောင် ကို ဗုဒ္ဓက ရည်ညွှန်း သည်.. စသည် .. စသည် ဖြင့် ဗုဒ္ဓဘာသာကို အဓိပ္ပါယ်မရှိသော ဘာသာ ဖြစ်သယောင် တိုက်ခိုက် ရေးသားချက်များကို စိတ်မကောင်းစွာ တွေ့မြင်ရပါသည်။
ဗုဒ္ဓသည် “သတ္ထာဒေ၀ မနုဿာနံ” ဟူသော လူနတ် သတ္တ၀ါများ၏ ဆရာ ဖြစ်၍- အခြား ဘာသာများ၏ ဘုရားများ ကဲ့သို့ ထာဝရ ဖန်ဆင်းရှင်မျိုး မဟုတ်ပါပေ။
ထိုဖန်တီးရှင် ကိုးကွယ်မှု နှင့် ပတ်သက်၍ ကျွန်တော့် အနေနဲ့ မှတ်ချက် ပေးစရာ မရှိပါ။ မိမိယုံကြည်ရာ ကိုးကွယ် နိုင်ခွင့်သည် လူတိုင်းတွင် ရှိပါ၏။
သို့သော် ကျွန်တော်တို့ နားလည် ထားရမည်မှာ- ဗုဒ္ဓမြတ်စွာသည် ဆရာ ဖြစ်သဖြင့်- ဆရာ ဆိုသည်မှာ မိမိ သင်ကြားသူပေးရမည့် သူ၏ တတ်မြောက် ခဲ့ရာ အတတ်၊ ကျင်လည်ရာ ပတ်ဝန်းကျင်၊ အသိဥာဏ် အတိုင်းအတာ အဆင့်၊ ဘ၀ ပေး အလုပ် အနေအထား တို့နှင့် ကိုက်ညီစွာ နမူနာ ပြု သင်ကြားပြရမည် ကို လူတိုင်း သိပါ၏။
ကွန်ပျူတာ အကြောင်း နကန်း တစ်လုံးမျှ မသိသူအား- CPU (Central Processing Unit) ၏ အလုပ်လုပ် ပုံ နှင့် ယှဉ်တွဲ ၍- အဘိဓမ္မာ သဘောကို မည်သို့ ရှင်းပြနိုင်ပါမည်နည်း။
တစ်ချိန်က ကွန်ပျူတာ စတင်လေ့လာသူ တစ်ဦးအား- သူငယ်ချင်း တစ်ယောက်မှ ကွန်ပျူတာ ဗိုင်းရပ်စ် အကြောင်း ပြောပြသော အခါ- နားလည် သူအနေဖြင့်- ကွန်ပျူတာ ဗိုင်းရပ် ဆိုသည်မှာ ကွန်ပျူတာ ထဲတွင် ရောဂါ ပိုးမွှားများ ၀င်ရောက် ဖျက်ဆီး နေသည်ဟု နားလည် သွားသည် ကိုလည်း ကြုံတွေ့ ခဲ့မိပါသည်။
ထိုခေတ် အခါက- သာမာန် လူများ အနေဖြင့် အာကာသ နက္ခတ် ပညာ နှင့် ဂြိုဟ်တို့၏ အကြောင်း၊ နေ နှင့် စကြ၀ဠာ တို့ အကြောင်းကို သမားရိုးကျ ယုံကြည်မှု ဖြင့်သာ သိထားကြပြီး၊ ရှင်းပြပါကလည်း နားလည် နိုင်စရာ အကြောင်း မည်သို့မျှ မရှိသည်ကို- အချိန်ကုန်ခံ ရှင်းပြနေမည့် အစား- ၄င်းလက်ခံ ထားသော အချက်များကို နမူနာ ထားလျှက်- အကျိုးရှိမည့် သစ္စာတရားကို ဟောကြားခြင်းက များစွာ ပို၍ သဘာဝ ကျသည် မဟုတ် ပါလော။
ဗုဒ္ဓ ခေတ်အခါက - အိန္ဒိယ ပြည်တွင် ခေတ်ပညာ တတ်ဆိုသူများမှာ- ပုရာဏ် ကျမ်းများကို တတ်ကျွမ်း သူများ၊ ဂျိန်း ဘာသာဝင် တက္ကဒွန်းများ၊ ပရပိုဒ် များ၊ ဟိန္ဒူ ၀ါဒီ ဗြဟ္မဏ များကို တရား ဟောဆို ရှင်းပြခဲ့ရာတွင်- ထိုသူများ နှင့် အသိဥာဏ်တွင် စွဲဝင် သိရှိထားပြီး ဖြစ်သော မြင့်မိုရ် တောင်ကို ပုံခိုင်း နှိုင်းယှဉ် ခြင်း ဖြစ်ပါမည် ဟု ကျွန်တော် နားလည်မိပါသည်။
ထိုသို့သော ရှင်းလင်းမှု များကို ဗုဒ္ဓသည် မြင်း ဆရာ ကေသီ အား- မြင်းများကို သင်ကြားပုံ ကို နမူနာ ပေး၍ သော်လည်းကောင်း၊ မုဆိုး အား လေးနှင့် မြှား ဥပမာ၊ စောင်း အတတ်ကို ကျွမ်းကျင်သူ အား စောင်းကြိုး နမူနာ၊ လယ်သမား အား လယ်ထွန်တုံး ဥပမာ စသည် ဖြင့် ပြဆို ၍ ရှင်းပြခဲ့သည်ကို စာရှုတို့ သိပြီး ဖြစ်ပါ၏။
သို့သော် အခြားတစ်ဘက်တွင်- အချို့ချို့သော အဌကထာ၊ ဋီကာ များတွင် မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်သို့ ခြေ ၃-လှမ်း ဖြင့် ကြွတော်မူ သည် စသည် တို့သည်လည်း- ဘုရား ဟော ဖြစ်နိုင်ခြင်း မရှိသည်သာ မက- အဌကထာ၊ ဋီကာ များ၏ ဘာသာပြန် - အနက်ချဲ့ ရာတွင် မူလ ဆိုလိုယင်း နှင့် ကွာဟ သွားသည် များ ဖြစ်နိုင်ပါသေး၏။
အဌကထာ ဆရာမြတ်များ၊ ဋီကာ ဆရာမြတ်များ အနေဖြင့်လည်း- ပုရာဏ် ကျမ်း (မြန်မာ အခေါ် ပေါရာဏ) များ၏ အငွေ့အသက် များ လွှမ်းမိုးကြောင့်လည်း ဖြစ်နိုင်ပါသေး၏။
ဘုရားဟော ပါဠိတော်များကို ပေထက် အက္ခရာတင် လျှင် ထိုသို့သော လွဲချော်မှုများ၊ အိန္ဒိယ တွင် ထိုအချိန်ထက် များစွာ စောသော ကာလကပင် လွှမ်းမိုးထားသော ဟိန္ဒူ နှင့် ဂျိန်း ၀ါဒ တို့၏ ရောယှက် လာမှုများ ပါဝင်မည့် အရေးကို သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓသည်- ကြိုတင် သိမြင်တော် မူထားသောကြောင့်- ထိုခေတ် ထိုအခါက ဟိန္ဒူတို့၏ ဘာသာရေး ဆိုင်ရာ စာပေ Holy Language ဖြစ်နေသော တစ်ခုတည်းသော စာပေ ဖြစ်သည့် - သက္ကတ စာပေ ဖြင့် ပေထက် အက္ခရာ တင်ခွင့် မပြုခဲ့ပဲ- နှစ်ပေါင်း ၅၀၀ ကျော်တိုင် နှုတ်တိုက် အာဂုံ ဆောင်စေခဲ့ခြင်း ဖြစ်မည် ဟုလည်း ကျွန်တော့် အနေဖြင့် နားလည် မိပါသည်။
တနည်းအားဖြင့် ဆိုသော် - ဗျိုင်းဆိုသည်မှာ မည်သို့နည်းဟု မမြင်ဘူးသူ မွေးရာပါ အမြင်ဓါတ် ကင်းမဲ့သူ၏ မေးမြန်းမှု အား ဖြေကြားရာတွင် - ဗျိုင်းဆိုသည်မှာ အဖြူရောင် ရှိကြောင်း ပြောရာမှ- အဖြူကိုလည်း မမြင်ဘူးပြန် သဖြင့်- အဖြူရောင် သည် သင် သောက်သုံး သည့် နွားနို့နှင့် တူကြောင်း ရှင်းပြရသော အခါ- မျက်မမြင် အနေဖြင့် ဗျိုင်းသည် နွားနို့ ကဲ့သို့ ဆိမ့်သော အရသာ ရှိသည့် အရည်ဟု နားလည် သွားသည် ကို ကြားခဲ့ဘူးပါလျှင်- --
ကျွန်တော်တို့သည် -
မြင့်မိုရ်တောင်ကို မျက်စိဖြင့် မမြင်မတွေ့ရဟု မရှိဟု ဆိုကြမည် ဆိုလျှင်- ကျွန်တော် ငယ်စဉ်- က အီကွေတာမျဉ်းကို နားလည် ခဲ့မိသည့် အနေအထားပင် ရှိနေကြ ပါလိမ့်မည်။
အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)
Article source: http://www.motaa.info/2012/08/blog-post_11.html
image source: http://decodehindumythology.blogspot.com/





















