This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, August 7, 2013
Galaxy Grand GT-I9082 v4.1.2 Customer များ သတင်းကောင်းလေးပါးလိုက်ပါတယ်
 Galaxy Grand GT-I9082 Version 4.1.2 Customer သတင်းကောင်းလေးပါးလိုက်ပါတယ်.................
 မြန်မာစာစနစ်ပါပြီးသားကို SAMSUNG မှ Update ပေးလိုက်ပါတယ်...........အဲတော့ ဝိုင်ဖိုင် ရှိတဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်များ ကိုယ့်ဖုန်းကို Update လုပ်နိုင်ပါတယ်......
စိတ်တော့ရှည်ရပါတယ်...(4) ခါလောက်လုပ်မှအဆင်ပြေနိုင်ပါတယ်..................:)
Ref : https://www.facebook.com/itgardenmr
Credit : IT Garden
ပြည်တွင်းတွင် WiMax အင်တာနက် ကို တပ်ဆင်ခ ကနဦးပေးသွင်းငွေပေးရန်မလိုဘဲ တပ်ဆင်နိုင်မည်
 ပြည်တွင်းတွင် WiMax အင်တာနက် ၀န်ဆောင်မှုပေးသည့် Red Link Communications Company Ltd. မှ အင်တာနက် တပ်ဆင်ခ ကနဦးပေးသွင်းငွေပေးရန်မလိုဘဲ တပ်ဆင်နိုင်မည်ဖြစ်သည်ဟု ယင်း ကုမ္ပဏီမှ သိရသည်။
ယင်းသို့ရောင်းချရာတွင် ကနဦးတပ် ဆင်ခအခမဲ့ဖြစ်ပြီး တပ်ဆင်ရမည့်ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်ကာ သုံးစွဲမည့် အင်တာနက်လိုင်း Plan အလိုက် ဈေးနှုန်းကွာခြားချက်များရှိမည်ဖြစ်သည်။
ပရိုမိုးရှင်းကာလအဖြစ် သြဂုတ် ၂ ရက် မှ ၈ ရက်အထိ Red Link ၏ Sales Office များဖြစ်သော Pearl Condo, BAK IT Mall, Junction Square၊ ချော်တွင်းကုန်းအရောင်းဆိုင်၊ Junction Mawtin အရောင်းဆိုင်နှင့် ဈေးကွက်အတွင်းရှိ Red Link အရောင်း ကိုယ်စားလှယ်ကြီးများထံတွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
ယခင် ကျပ် ၄၅၀၀၀၀ နဲ့ရောင်းချရာ မည်သည့် Plan ဖြင့် ၀ယ်ယူသည်ဖြစ်စေ ယင်းဈေးနှုန်းတွင် ကနဦး တပ်ဆင်ခ၊ CPE (Router) တန်ဖိုးနှင့် နှစ်စဉ်ကြေးများ ပါဝင်သည်။ ယခုလျှော့ချပေးသောဈေးနှုန်းများတွင် ကနဦးတပ်ဆင်ခလျှော့ချပေးပြီး Gold Plus Plan အသုံးပြုလိုသူများအတွက် Router တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့ချပေးပြီး နှစ်စဉ်ကြေးအပါအ၀င် ကျပ်၂၃၀၀၀၀ ဖြစ်သည်။ Prepaid Plan အသုံးပြုသူများအတွက် Router တန်ဖိုး ၃၀ ရာခိုင်နှုန်း လျှော့ချပေးပြီး နှစ်စဉ်ကြေးအပါအ၀င် ကျပ် ၃၀၀၀၀၀ နှင့် အခြား Plan အသုံးပြုသူများမှာ ကျပ် ၄၀၅၀၀၀ ကျသင့်မည်ဖြစ်သည်။
ယင်းအပြင် Prepaid Plan အသုံးပြုသူများအတွက် 3 GB ငွေဖြည့်ကတ် ၁၀ ကတ် ၀ယ်ယူပါက 1 GB ငွေဖြည့်ကတ် ၁၀ ကတ် ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းမြင့်
Mizzima - News in Burmese 
Ref :  http://www.thithtoolwin.info
Tuesday, August 6, 2013
လက်ပံတောင်းမှာ ရွာတရွာကို လုံထိန်းတွေ ၀င်ရောက်စီးနင်း
Tuesday, August 6, 2013
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသက ပုဒ်မ ၁၄၄ အထုတ်ခံထားရတဲ့ ဇီးတောကျေးရွာကို ယနေ့ နံနက် ၁ နာရီခွဲလောက်က လုံထိန်းအင်အား ၃၀၀ ၀န်းကျင်လောက်နဲ့ ၀င်ရောက် စီနင်းခဲ့တယ် လို့ ဒေသခံ တဦး က ပြောပါတယ်။ 
 ယမန်နှစ် နိုဝင်ဘာ ၂၉ မနက် ၃ နာရီက လက်ပံတောင်း သပိတ်စခန်း စီးနင်းဖြိုခွဲခံရစဉ်မြင်ကွင်း၊ 
ဓာတ်ပုံ- ဧရာဝတီ
အဲဒီလို စီးနင်းရာမှာ လုံထိန်း တပ်ဖွဲ့ဝင်တွေဟာ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ ကြသလို ရွာသားတွေကိုလည်း ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ သိရပြီး ရွာသား ၂ ဦးကတော့ လက်ထိပ် တန်းလန်းနဲ့ ထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
ရွာထဲ ၀င်ရောက်စီးနင်းချိန်မှာ ဒေသခံတွေကို ကူညီနေတဲ့ ကျောင်းသားတွေကို ပိုက်စိပ်တိုက်ရှာဖွေမှုတွေ လုပ်ကြောင်းလည်း အဆိုပါ ဒေသခံက ပြောပါတယ်။ 
ဒါကြောင့် အနီးရှိ ဆည်တည်း၊ မိုးကြိုပြင်၊ တုံရွာတို့ကလည်း လုံထိန်းတွေ ၀င်ရောက်စီးနင်းတာ မခံရစေဖို့ ရရာ လက်နက် စွဲကိုင်ပြီး ကာကွယ်ဖို့ အဆင်သင့် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 
 ဒေါ်အောင်ဆန်းစုကြည် မုံရွာကို လာမယ့်နေ့ ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်ကို လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲ ခဲ့လို့ သံဃာတော်တွေနဲ့ ဒေသခံတချို့ မီးလောင် ဒဏ်ရာတွေသင့်ခဲ့ကြပါသေးတယ်။ 
ဒီနေ့လည်း ရှစ်လေးလုံး ငွေရတု အခမ်းအနား စတင်ကျင်းပမယ့် နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ 
ဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းလည်း နောက်ပိုင်းမှာ ရွာသားတွေက သာသနာ့မြေကို ပြန်လည် ပေးအပ်နိုင်ခဲ့တယ်လို့ လက်ပံတောင်း အရေး ကူညီပေးနေသူ ပြည်သူ့ အကျိုး ဆောင် ကွန်ယက်က ကိုဝေဠုက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အောက်ပါအတိုင်း အသိပေးထားပါတယ်။ 
လက်ပံတောင်းဆိုတာ ဖိရင် ကြွမယ် ဆိုတဲ့ သခင်စိတ်နဲ့ အစီးနင်းခံရတဲ့ ဇီးတော ဘုန်းတော်ကြီးကျောင်းကို ပြန်သိမ်းလိုက်နိင်ပါပြီ ။ ဒီင်္လို ညကြီး သန်းခေါင် မီးမှောင်မှောင်မှာ ရွာသား အင်အား (၅၀၀) ခန့်က သာသနာ့မြေကို သံဃာတွေအတွက် ပြန်ပေးလိုက်နိင်ပြီ ။
ဘာတွေ ဆက်ဖြစ်လာအုန်းမည်နည်း . . . မည်သူတွေ ထိန်းညှိုနိင်ကြမည်နည်း . . .
လေးစားလျှက်
ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်
အိမ့်သံစဉ် ~
Fashion ဆိုင်အရောင်း ဝန်ထမ်းများ၏ လှည့်စားခြင်းကို ဝယ်ယူသူများ အထူး ဂရုပြုသင့်ပြီ
အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။
Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။
Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က အခွင့်အရေးပဲ။ ဝယ်ယူသူတွေ လာရင် ပစ္စည်းတွေကို ဈေးတင်တယ်။ အဲဒီ အချိန်မှာ အခြားဝန်ထမ်း နှစ်ဦးက အပေါက်ဝကနေ ဆိုင်ရဲ့ အုပ်ချုပ်သူ လာ၊ မလာကို စောင့် ကြည့်ကြတယ်။ ဆိုင်ထဲမှာ ဝယ်တဲ့သူကို ဂွင်ရိုက်နေချိန် ဆိုင်ရဲ့အကြီးအကဲ ပြန်လာရင် သင်္ကေတ တစ်ခုခုနဲ့ အချက်ပြတယ်။ ဥပမာ- လက်ဖျောက် တီးတာတို့၊ လေချွန်တာ တို့ပေါ့ဗျာ။ အဲဒီ အချိန်အထဲမှာ ဝယ်သူကို ဈေးတင်ပြီးသား ဖြစ်နေရင်လည်း အခြား တစ်ယောက်က ရုပ်ရှင် ရိုက်ရတာပေါ့။ စာရွက်တစ်ခုကို ကြည့်ပြီး ဈေးမှားနေတယ်လို့ ပြောရ တာပေါ့'' ဟု
Read More >> http://www.myawady.com.mm/allnews/local/item/21577-2013-08-06-09-51-23
ပရိတ်တရားတော် Payate v1.0
Name : Payate
Version :1.0
Size : 17.2 MB
Format : apk
O/S : Android
ပရိတ်တရားတော် ကို Android ဖုန်းပေါ်မှာ နားထောင်ရင်း ပရိတ်တရားတော်များကို ဖတ်ရှုနိုင်တဲ့ application ပါ။ နားထောင်ရင်း စာပါဖတ်လို့ရတော့ ပိုအဆင်ပြေတာပေါ့ဗျာ။ ထွက်ထားတာတော့ နဲနဲကြာပါပြီ။ လိုရမယ်ရ ပြန်လည် တင်ပေးလိုက်ပါတယ်ဗျာ။ အားလုံးအဆင်ပြေပါစေ။
MMZ | Dropbox
(Dropbox နှင့် MMZ (MyanmarMobileZone) တို့သည် Direct Link များဖြစ်ပါတယ်)
(နှိပ်လိုက်တာနှင့် Download တန်းကျလာပါလိမ့်မယ်)
Sunday, August 4, 2013
ငွစက္ကူရဲ့  ရောဂါပိုး သယ်ဆောင် နိုင်မှုက ကြောက်ဖို့ ကောင်း
YTalk
အများဆုံးရယ်လို့ မဟုတ်ပါဘူး။ သို့ပေမယ့် ငွေစက္ကူရဲ့  ရောဂါပိုး သယ်ဆောင် နိုင်မှုက ကြောက်ဖို့ ကောင်းပါတယ်။
Flu လို့ခေါ်တဲ့ တုပ်ကွေး ဗိုင်းရက်စ် တစ်မျိုးဟာ လူ့ခန္ဓာကိုယ် အပြင်ဘက် မှာ အချိန် အကြာဆုံးအားဖြင့် ၄၈ နာရီသာ အသက်ရှင် နိုင်ပါတယ်။ သို့ပေမယ့် သူဟာ ငွေစက္ကူပေါ်မှာ ကပ်နေရင်တော့ ၁၀ ရက်အထိလည်း အသက်ရှင်နိုင်ပါတယ်။
၁၀ ရက်ကြော်သွားတဲ့အခါ မရှင်တော့ပေမယ့် ယင်းနေရာအစား အခြား ဗိုင်းရက်စ်က အစားနေရာ ပြန်ယူပါတယ်။ နေ့စဉ် လူတွေ ကိုင်တွယ် အသုံးပြုတဲ့ ငွေစက္ကူဟာ ရောဂါပိုးသယ်ဆောင်မှု အများဆုံး အရာဝတ္ထု ပစ္စည်းစာရင်းထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ငွေစက္ကူအများဆုံး ကိုင်တွယ် လုပ်ကိုင်ရသူများ အနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆုတ် ကင်ဆာ ရောဂါ အစရှိသဖြင့် ရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ငွေစက္ကူများကို အများအားဖြင့် ကိုင်တွယ်နေရသူများဟာ လက် သန့် ရှင်းရေး ကို အထူးသတိထားရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။
medic-facts
နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါ
နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး
ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ်တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။
တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့ အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။
နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါပဲ။
ref:(Discoveries Myanmar)
ရောဂါကြောင့် မရပ်မနား ရယ်မောနေရရှာ သည့် Xu Pinghui
တရုတ်ပြည် အနောက်ပိုင်း ချောင်ကျင်းတွင် နေထိုင်သည့် Xu Pinghui သည် အသက် ရှစ်လက အရွယ်က ဖျားခဲ့ပြီးနောက် မရပ်မနား စတင် ရယ်မောခဲ့သည်။ လှိျု့ဝှက်ဆန်းကြယ်သည့် သူမ၏ ကျန်းမာရေး အခြေအနေကြောင့် အသက် နှစ်နှစ်အရွယ်တွင် စကားပြောနိုင်စွမ်း ဆုံးရှုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်အထိ ရယ်သံများနှင့်သာ ဆက်သွယ်နိုင်သည်။ စကားပြောရန် ကြိုးစားတိုင်း ရယ်သံများ ချည်းထွက်နေရာ ငယ်စဉ်က အဖျားရောဂါ ဖြစ်ပြီး ဦးနှောက်ရှိ Frontal Lobe အစိတ်အပိုင်း ထိခိုက်မှုကြောင့် ဖြစ်ရသည့် အကြောင်းရင်းကို ဆေးပညာရှင်တို့က ရှာဖွေလေ့လာလျက် ရှိကြောင်း သိရသည်။Ref:ပြည်မြန်မာ
မှတ်ဖွယ်စုံရာ
မှတ်ဖွယ်စုံရာ သုတပဒေသာ(၄)
      ပေါက်ကြပါတယ်။
 ၂။ ကမ္ဘာကျော်သိပ္ပံပညာရှင် အဲဗက်အိုင်းစတိုင်း (Albert Einstein)ဟာ
      သူအသက် ၄ နှစ်သားမတိုင်ခင်အထိ စကားမပြောခဲ့ပါဘူး။
 ၃။ ကမ္ဘာပေါ်တွင်တွေ့ရှိခဲ့ပြီးသော အကြီးဆုံးစိန်ရိုင်းတုံးကြီးမှာ (၃၁၀၆)မက်ထရစ်
      ကာရက်(၁ ၁/၄ ပေါင်)ရှိ ကူလီနန်စိန်ကြီး ဖြစ်ပါတယ်။
 ၄။ မိုးရေမှာ ဗီတာမင် B12 ပါဝင်ပါတယ်။
 ၅။ ခြင်္သေ့ထီးတွေဟာ တစ်နေ့ မှာအကြိမ် ၅၀ လောက် မိတ်လိုက်နိုင်ပါတယ်။
 ၆။ အစ္စရေးနိုင်ငံမှာရှိတဲ့ ပင်လယ်သေ (Dead sea)ဟာ ပင်လယ်ရေမျက်နှာပြင်
      အောက် ၁၃၁၂ ပေ နိမ့်ပါတယ်။
      ဖြစ်ပါတယ်။
 ၈။ ချင်ပန်ဇီ(Chimpanzee) တွေဟာ မှန်ထဲမှာသူတို့ ပုံကို သူတို့ သိနိုင်ပါတယ်။
      ဒါပေမယ့် မျောက်တွေကတော့ မသိကြပါဘူး။
 ၉။ မျောနေတဲ့ ရေခဲတောင် (Ice berg) တွေရဲ့ ပျမ်းမျှအလေးချိန်ဟာ ၂၀ ၀၀၀ ၀၀၀တန်
      လေးပါတယ်။
       နိုင်ငံ ယောခ့်ရှိုင်းယားနယ် တွင်စတင်သုံးခဲ့ပါတယ်။ ဒီရထားဟာ ၁၅၅၀
       မတိုင်ခင်ကကျောက်မီးသွေးတွင်းများမှာအသုံးပြုခဲ့တဲ့ ရေနွေးငွေ့သုံးမီးရထား
       ဖြစ်ပါတယ်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ.............နေခရမ်း
ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းခြင်းကို ခံရ
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၃)
ဒီလိုသဘာဝလွန်အဖြစ်မျိုးတွေက ယုံကြည်ဖို့ ခက်ပါတယ်။အမှန်တရားတစ်ခု
အနေနဲ့တင်ပြခြင်းမဟုတ်ပါဘူး။ နိုင်ငံတကာမှာဖြစ်ပျက်နေတာတွေ မှတ်တမ်း
တင်ထားတာတွေကို ပြန်လည်တင်ပြပေးခြင်းပါ။ ဒီတစ်ခါတင်ပြမဲ့အကြောင်း
လောင်တဲ့ အဖြစ်တစ်ခုကိုပါ။
၁၉၆၄ ခုနှစ်က အမေရိကန်ပြည်နယ် တက္ကဆတ်ပြည်နယ် ဒါးလက်မြို့ မှာပါ။
အသက် ၇၅ နှစ်ရှိတဲ့ အိုလ်ဂါစတီဖင် ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ ကားပေါ်မှာ
ထိုင်နေစဉ် ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းခြင်းကို ခံရပါတယ်။
မီးအရှိန်ဘယ်လောက်ပြင်းသလဲဆို စက္ကန့် ပိုင်းအတွင်းပြာကျသေဆုံးခဲ့ရပါတယ်။
အချိန်ခဏအတွင်းလောင်ကျွမ်းပြီးမီးငြိမ်းသွားသဖြင့် ကားထဲက ပစ္စည်းတွေက
တော့အကောင်းအတိုင်း ကျန်ရှိနေပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားနေစဉ်မှာ
အနီးမှာ မျက်မြင်သက်သေတွေရှိခဲ့ကြပါတယ်။
တစ်စုံတစ်ခုသော ပယောဂကြောင့်ဆိုရင် ပြာကျလောက်အောင်ပြင်းထန်စွာ
လောင်သောမီးဟာ ခဏအတွင်းမှာ မငြိမ်းနိုင်ပါဘူး။အနည်းဆုံးတော့ ကားကတော့
ရစရာမရှိအောင် ဖြစ်သွားမှာပါ။ ဥပမာ ဗုံးခွဲခြင်းမျိုးပေါ့။ လူကိုသာမီးရှို့ သာဆိုရင်
တော်တော်နဲ့မသေနိုင်ပါဘူး။စဉ်းစားစရာကောင်းတဲ့ အဖြစ်မျိုးပါ။
ဒီလိုအဖြစ်မျိုးတွေကို မှတ်တမ်းတင်ထားရာမှာ
၁၉၅၀ တွင် ၁၁ မှု။
၁၉၆၀ တွင် ၇ မှု။
၁၉၇၀ တွင် ၁၃ မှုရှိခဲ့ပါတယ်။ ဒါ ၃ နှစ်ထဲစာရင်းပါ။ နှစ်တိုင်းနီးပါးဖြစ်ပျက်မှတ်တမ်း
တင်ထားကြပါတယ်။ လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတောင် ဒါမျိုးအဖြစ်အပျက်ကို
ဖြစ်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။
နောင်လာမဲ့ အပိုင်းမှာ ဒီလိုပဲ ထူးဆန်းစွာဖြစ်ခဲ့သူများကို ဆက်လက်တင်ပြပေး
ပါမယ်။            
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ………… နေခရမ်း
နှစ်ပေါင်း ၇၂ သန်းကျော် ၀န်းကျင်ခန့်က ဒိုင်နိုဆောကြီး တစ်ကောင်၏ အမြီးပိုင်း ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိ
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ ကန္တာရတစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၂ သန်းကျော် ၀န်းကျင်ခန့်က ဒိုင်နိုဆောကြီး တစ်ကောင်၏ အမြီးပိုင်း ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက ထုတ်ဖော်ခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သော အမြီးပိုင်းရုပ်ကြွင်းမှာ ၁၅ ပေခန့် ရှည်လျားပြီး ပုံသဏ္ဍာန် ပျက်စီးယိုယွင်းခြင်း မရှိဘဲ အရိုးအဆစ်များမှာ နဂိုမူလ အမြီးအတိုင်း ကျန်ရှိနေခြင်း ဖြစ်ကြောင်း အမျိုးသား မနုဿဗေဒနှင့် သမိုင်းတက္ကသိုလ် ညွှန်ကြားရေးမှူး ဖရန်စစ္စကိုအဂွီလာက ပြောကြားခဲ့သည်။
အမြီးရုပ်ကြွင်းကို မက္ကဆီကိုနိုင်ငံ နယ်စပ်ဒေသရှိ ကိုဟီလာပြည်နယ် အနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆစ်ပေါင်း ၅၀ကျော် ပါဝင်သည့် အမြီး ရုပ်ကြွင်းကြီးမှာ ကန္တာရအတွင်း ရက် ၂၀ ကျော်ကြာ သဲများ ကြားမှ ခက်ခက်ခဲခဲဖြင့် တူးဖော်ခဲ့ပြီးနောက် ရုပ်လုံးကြွလာပြီ ဖြစ်ကြောင်း အဂွီလာက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတူးဖော်မှုကို မက္ကဆီကိုနိုင်ငံ အမျိုးသားတက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်များက ဦးဆောင် လုပ်ကိုင်ခဲ့ပြီး ဒိုင်နိုဆောများ ကမ္ဘာပေါ်မှ မျိုးသုဉ်း ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို ရှာဖွေတွေ့ရှိ နိုင်မည့် သဲလွန်စ တစ်ခု ဖြစ်ကြောင်း ဖရန့်စစ္စကိုအဂွီလာက သုံးသပ် ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ
ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန် လွှဲပြသခဲ့ရာ လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့
မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့် ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန် လွှဲပြသခဲ့ရာ လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ အန်ဒီဂရော့စ်သည် မီချီဂန်ပြည်နယ် အတွင်းရှိ ဥယျာဉ် တစ်ခုတွင်းသို့ ၀င်ရောက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ကာ ခါးပိုင်းကို လက်ဖြင့်ကိုင်ပြီး လမ်းလျှောက်ပြခဲ့သည်။
ထိုမျက်လှည်ပြကွက်ကို ရုတ်တရက် ပြသခဲ့ချိန်တွင် အခိျု့အမျိုးသမီးများသည် အထိတ်တလန့် ထွက်ပြေးခဲ့သဖြင့် အလဲလဲ အပြိုပြို ဖြစ်ခဲ့ရသည်။ ထိုမျက်လှည့်ပြကွက်ကို စိတ်ဝင်စားသော လူငယ်လူရွယ်အခိျု့က မှတ်တမ်းတင် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အန်ဒီဂရော့စ် မျက်လှည့် ပြသခဲ့ချိန်တွင် ရုတ်တစ်ရက် အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားမူက လွှမ်းမိုးခဲ့ပြီး ထွက်ပြေးရန်ပင် သတိရမိခဲ့ခြင်း မရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ
Saturday, August 3, 2013
ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့
ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများနှင့် အတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ
 ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံရသူမှာ ဦးအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
“ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော်မြို့နယ် လမ်းမတော်ရွာမှ ဒေါ် မအေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျဉ်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။
အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ်ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။
နှစ်လုံး/သုံးလုံး လောင်းကစား ဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေ
Thursday, 1 August 2013
ပန်းဘဲတန်းမြို့နယ်ရှိ လောင်းကစား ဒိုင်ကြီးအား ဖမ်းဆီး အရေးယူ
ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံး လောင်းကစား ဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ ရန်ကုန်၊ သြဂုတ် ၁
၁.၈.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) နှင့် အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်း အကူဌာနမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်း မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ အဖွဲ့များခွဲကာ လောင်းကစား သတင်းအရ သက်သေများနှင့် အတူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်၏ ၀ဲဘက်ခြမ်းတွင် နေမျိုးလွင်၊ (ဘ)ဦးသန်းလွင်၊ ပန်းဘဲတန်းမြို့နယ် နေသူနှင့် ထွန်းရွှေ၊ (ဘ)ဦးကြည်အေး၊ လသာမြို့နယ်နေသူတို့ (၂)ဦးအား နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ် ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ်(၁၃၈၁၀၀) တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့် အရေးယူထားရှိပါသည်။
ဆက်လက်၍ အဆိုပါနေအိမ်၏ ယာဘက်ခြမ်းတွင် ထွန်းသိန်း (ခ)ကစ္စနား (ဘ)ဦးမာရီပါး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စိုးဝင်း(ခ)ရှဖီး (ဘ)ဦးသန်းမြင့်၊ ပန်းဘဲတန်းမြို့နယ်၊ အီစမိုင်အင် (ဘ)ဦးရာကွပ်၊ ပန်းဘဲတန်းမြို့နယ်၊ အောင်ဝင်း (ဘ)ဦးလှမောင်၊ ပုဇွန်တောင်မြို့နယ်၊ ဗာလု (ဘ) ဦးရေနေမလယ်၊ မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ အောင်မြင့် (ဘ)ဦးဘစိန်၊ဒဂုံမြောက်မြို့နယ်၊ တမီးလ် (ဘ)ဦးဆာမိ၊ ဒလမြို့နယ်၊ ကျော်ကျော်လွင် (ဘ)ဦးသိန်းလွင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ကြည် (ဘ)ဦးမောင်ပါ၊ ပန်းဘဲတန်းမြို့နယ်၊ ရာအိမ် (ဘ)ဦးအဒူရမန် သင်္ဃန်းကျွန်းမြို့နယ်၊ မောင်သန်း (ဘ)ဦးမြသိန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မောင်တင် (ဘ)ဦးအဇူး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဥာဏ်ထွန်း (ဘ)ဦးချစ်လွန်း၊ လမ်းမတော် မြို့နယ်၊ သန်းအေး (ဘ)ဦးစိန်လှအောင်၊ ဒလမြို့နယ်၊ ဖာဂွန် (ခ)သန်းထွန်း (ဘ)ဦးနူမော်မက်၊ ပန်းဘဲတန်းမြို့နယ်၊ မတင်လှ (ဘ)ဦးရှိန်ဒါဝင်၊ ဒလမြို့နယ်၊ မဥမ္မာ (ဘ)ဦးကျော်၊သာကေတမြို့နယ်၊ စိုးရာဇာဝင်း (ဘ)ဦးမြင့်သန်း၊ မရမ်းကုန်းမြို့နယ်၊ ဇော်ဝင်း (ဘ)ဦးလှရွှေ၊ ပန်းဘဲတန်းမြို့နယ်၊ ခင်ဇော် (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ်၊ တင်ငွေ (ဘ)ဦးခင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ လှဝင်း (ဘ)ဦးလှမောင်၊ ပန်းဘဲတန်းမြို့နယ်၊ မောင်အေး (ဘ)ဦးမြင့်သိန်း၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒိုင်ချုပ်ဖြစ်သူ ကျော်ကိုကို (ခ)အငယ်လေး (ဘ)ဦးမောင်စိန်၊ ပန်းဘဲတန်းမြို့နယ် နေသူတို့ (၂၄)ဦးတို့အား နှစ်လုံးထီ၊ သုံးလုံးထီလောင်း ကစားစာရွက်စာတမ်း များနှင့် လောင်းကြေးငွေကျပ်(၃၃၁၁၉၅၀)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိ သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၄/ ၂၀၁၃၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
Edward Snowden ကို ရုရှားနိုင်ငံက ခိုလှုံခွင့် ပေးလိုက်ပြီ
Snowden ရုရှားမှာ ယာယီခိုလှုံခွင့်ရရှိ
စနိုဒမ်အတွက် ရုရှနိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီ အထောက်အထား (သြဂုတ်လ ၁၊ ၂၀၁၃) အမေရိကန်ထောက်လှမ်းရေးဌာနမှာ ၀န်ထမ်းခဲ့တဲ့ ၀ရမ်းပြေး Edward Snowden ကို ရုရှားနိုင်ငံက ခိုလှုံခွင့် ပေးလိုက်ပြီဖြစ်တဲ့အတွက် သူရောက်နေတဲ့ မော်စကိုမြို့လေဆိပ် ဖြတ်သန်းရာ နားနေဇုံကနေ ရုရှားနိုင်ငံထဲကို တရားဝင် ၀င်ရောက်သွားပြီ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ထောက်လှမ်းရေးဝန်ထမ်းဟောင်း စနိုဒန်ကို ရုရှားအာဏာပိုင်တွေက ၁ နှစ် ခိုလှုံခွင့်ပြုလိုက်တဲ့အကြောင်း စနိုဒန်ရဲ့ရှေ့နေ Anatoly Kuchenrena က ကြာသပတေးနေ့မှာ ပြောပါတယ်။ သူ့ကို ထွက်ခွာခွင့်ပြုတဲ့ စာရွက် သူ့လက်ထဲ ထဲ့ပေးပြီး နာရီအနည်းငယ်အကြာမှာပဲ လေဆိပ်ကနေ သူထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ စနိုဒန်ဟာ လျှို့ဝှက် လုံခြုံတဲ့နေရာကို ဦးတည်သွားနေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။
သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အမေရိကန်အစိုးရက ဖျက်သိမ်းလိုက်တဲ့အတွက် စနိုဒန်ဟာ ဘယ်ကိုမှ ထွက်ခွာခွင့်မရှိပဲ မော်စကိုမြို့ Sheremetyevo လေဆိပ်က ဖြတ်သန်းရာ နားနေဇုံမှာ တလကျော်ကြာ ပိတ်မိနေခဲ့တာပါ။ သူ့ကို သူလျှိုမှုနဲ့ စွဲချက်တင်နိုင်ရေးအတွက် သူ့ကို ပြန်ပို့ပေးဖို့ အမေရိကန်အစိုးရက လိုလားနေတာ ဖြစ်ပါတယ်။
စနိုဒန်ကို ရုရှားနိုင်ငံက အခုလို ခိုလှုံခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား ဆက်ဆံရေးတွေ ပိုတင်းမာလာနိုင်ပါတယ်။ စနိုဒန်ကို အမေရိကန် ပြန်ပို့ပေးဖို့ ရုရှားသမ္မတ Vladimir Putin ကို အမေရိကန်သမ္မတ Barack Obama က တောင်းဆိုခဲ့ပေမယ့် မစ္စတာ ပူတင်က ငြင်းဆိုခဲ့ပါတယ်။ ရုရှားရဲ့ အဲဒီ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
Voice Mail ဆိုတာ
မြန်မာနိုင်ငံတွင် Voice Mail စတင်အသုံးပြုနိုင်ပြီဆိုပဲ...
Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။
GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမသိပါဘူး။
အသုံးပြုပုံကတော့ ...
မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။
Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ
ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း
Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Teleport မှဖြေကြားချက်အရသိရှိရပါကြောင်း။
Ref : Thit Htoo Lwin
Credit to : Alex in WinKabarKyaw.net
မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်းစားပြု တင်ပြမှာမဟုတ်ဟု NLD ဆို
ABC
အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​ရဲ့ ​လွှတ်တော်ကိုယ်စားလှယ် ​တွေအနေနဲ့ ​မျိုးစောင့်ဥပဒေကို ​လွှတ်တော်ထဲမှာ ​ကိုယ်စားပြုပြီး ​တင်ပြဖို့ ​အစီအစဉ် ​မရှိဘူးလို့ ​ပြောပါတယ်။
ဗုဒ္ဓဘာသာ ​ဘုန်းတော်ကြီး ​အများစုကတော့ ​ဒီဥပဒေဟာ ​မြန်မာ ​အမျိုးသမီးတွေ ​အတွက်လိုအပ်တယ်ဆိုပြီး ​ဥပဒေပြဌာန်းဖို့ ​ကြိုးစားမယ်လို့ ​အတိအလင်းပြောလာပါတယ်။ ​ဒီအကြောင်း ​အပြည့်အစုံကိုတော့ ​ဆက်သွယ်မေးမြန်းပြီး ​သတင်းရယူထားတဲ့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​ပြောပြမှာ ​ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ​ထောက်ခံမဲပေါင်း ​၂ ​သန်း ​နီးပါးနဲ့ ​လွှတ်တော်မှာ ​ဥပဒေတစ်ခု ​ဖြစ်ဖို့ ​တင်ပြလိုက်ပြီ ​ဖြစ်တဲ့ ​မျိုးစောင့် ​ဥပဒေကို ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်ရဲ့လွှတ်တော် ​ကိုယ်စားလှယ် ​၄၀ကျော်က ​ကိုယ်စားပြုပြီး ​တင်ပြမှာ ​မဟုတ်သလို ​ဒီဥပဒေဟာ ​မလိုအပ်တဲ့ ​ဥပဒေတစ်ခု ​ဖြစ်တယ်လို့ ​နေပြည်တော် ​ဇဗ္ဓူသီ၇ီ ​မြို့နယ် ​မဲဆဒနယ်က ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဒေါ်စန္ဒာမင်းကပြောပါတယ်။
ဒီဥပဒေနဲ့ ​ပတ်သက်ပြီးတော့ ​ကျမတို့ ​လွှတ်တော်ထဲမှာ ​တင်ပြလာတာ ​မရှိသေးပါဘူး။လွှတ်တော်ကိုယ်စားလှယ် ​များ ​အနေနဲ့ ​လည်းတင်ဖို့ ​အစီအစဉ် ​မရှိပါဘူး။ ​သေချာတာကတော့ ​ကျမတို့ ​အဖွဲ့ချုပ်က ​လွှတ်တော် ​ကိုယ်စားလှယ် ​၄၃ ​ဦးလုံးက ​တင်ပြထားတာ ​မရှိပါဘူး။ ​ကျမတို့အနေနဲ့ ​ကတော့ ​မြန်မာဓလေ့ ​ထုံးတမ်း ​ဥပဒေတွေ ​ကတော့ ​ရှိပြီးသားပါ။
ဒါပေမဲ့ ​တစ်ဖက်မှာတော့ ​ဗုဒဘာသာ ​သံဃာတော် ​အချို့ကတော့ ​ဒီဥပဒေဟာ ​လိုအပ်တယ်ဆိုပြီးတော့လည်း ​ပြောဆိုမှုတွေ ​ရှိနေတာပါ။ ​ဒီဥပဒေကို ​အတည်ပြုနိုင်ဖို့ ​လွှတ်တော်ထဲမှာ ​ဥပဒေကြမ်းအဖြစ် ​တင်ပြလိုက်ပြီလို့လည်း ​မျိုးစောင့် ​ဥပဒေ ​ရေးဆွဲပြဌာန်းနိုင်ရေး ​ကြိုးပမ်းနေတဲ့ ​အဖွဲ့က ​ပြန်ကြားရေးတာဝန်ခံ ​ဆရာတော် ​တစ်ပါး ​ဖြစ်တဲ့ ​ဦးစန္ဒာသီ၇ီက ​မိန့်ပါတယ်။
လွှတ်တော်ရယ် ​နိုင်ငံတော်သမ္မတရယ် ​ကိုတင်ပြထားပါတယ်။ ​မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ​မြို့နယ် ​အသီးသီးက ​ပြည်သူ ​တွေ ​လက်မှတ်ထိုးထားတဲ ​ထောက်ခံလက်မှတ် ​၁၈.၉ ​သန်းကိုလည်း ​တင်ပြထားပြီးဖြစ်ပါတယ်။
လွှတ်တော်ထဲ ​ဒီဥပဒေနဲ့ ​ပတ်သက်ပြီး ​မဲခွဲ ​ဆုံးဖြတ်မှုတွေ ​လုပ်တဲ့ ​အခါမှာ ​ဒီမိုကရေစီ ​နည်းအရ ​ကန့်ကွက်သူတွေ ​ရှိရင်လည်း ​ထွက်လာတဲ့ ​ဆုံးဖြတ် ​ချက်အပေါ်မှာ ​ကြည့် ​ရမယ်လို့ ​၉၆၉ ​လှုပ်ရှားမှုမှာ ​ဦးဆောင်သူဖြစ်တဲ့ ​မန္တလေးမြို့ ​မစိုးရိမ်တိုက်သစ် ​ဆရာတော် ​ဦးဝီရသူ ​က ​မိန့်ပါတယ်။
ဒီမိုကရေစီခေတ်က ​ဒီလိုပဲလေ။ ​အမြင်မတူသူတွေ ​ငြိမ်သက်စွာ၊ ​ငြင်သာစွာ၊ ​သိမ်မွေ့စွာ၊ ​ငြင်းခုံကြတာပဲလေ၊ ​လွှတ်တော်ထဲမှာလည်း ​ငြင်းခုံကြမှာပဲလေ၊ ​ထောက်ခံသူ ​ကန့်ကွက်သူတွေ ​လည်းရှိပါတယ်။ ​ဦးဇင်းတို့ ​ကတော့ ​အမြင်လွှတ်လပ်စွာ ​ကွဲလွဲခွင့် ​ပေးထားတယ်။
ဒီမျိုးစောင့် ​ဥပဒေကြမ်းမှာတော့ ​မြန်မာဗုဒ္ဓဘာသာဝင် ​အမျိုးသမီးကို ​လက်ထပ်မယ့်သူဟာ ​တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ ​ဆိုထားပါတယ်။ ​ဒါမှမဟုတ် ​လက်ထပ်မယ်ဆိုရင် ​ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း ​တရားဝင် ​လက်မှတ်ရှိရမယ်လို့ ​ဆိုရပါတယ်။ ​ဒါကိုမလိုက်နာရင် ​ထောင်ဒဏ် ​၁၀ ​နှစ်အထိ ​ကျခံရမယ်ဆိုပြီး ​ပြစ်ဒဏ်ကိုပါ ​တပါတည်း ​အဆိုပြုထားပါတယ်။
ဒါကြောင့် ​ပြည်တွင်းပြည်ပ ​က ​လူ့အခွင့်အရေးလှုပ်ရှားသူတွေ ​ဒီဥပဒေဟာ ​လူအခွင့်အရေး ​ချိုးဖောက်မှု ​တွေ ​ရှိနေတယ်လို့ ​ပြောဆိုမှုတွေ ​လည်းရှိနေပါတယ်။
မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်
 သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ ကျောင်းသားနှင့် ကျောင်းသူနှစ်ဦးစာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင် ကို မသမာသူများကအင်တာနက် မှ လွှင့်တင်လိုက်ရာ ဂျာနယ်စာ မျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်းချလာသည်ကို တွေ့ရသည်။
ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူ တစ်ဦးက ပြောကြားရာတွင် ““အင်းယားလမ်းမီးပွိုင့်နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC  အခွေတွေ ပြပြီး လူငယ်တွေလိုက်ရောင်းနေ တယ်။ ဒါဟာမလုပ်သင့်တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှမပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်းစာနာသင့် ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ် ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင် တောင်တားမြစ်သင့်သလို၊ရဲစခန်း ကိုအကြောင်းကြားသင့်ပါတယ်။ ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်း တာဖြစ်ပေမဲ့ မသမာသူတွေရဲ့ လုပ်ရပ်ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ရပါတယ်။ ထဘီနက်ပြာ ၀တ်တဲ့ ကျောင်းသူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရ တော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။ အဲဒါကြောင့်အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေ ကို ဖမ်းဆီးအရေးယူသင့်ပါတယ်”” ဟု ပြောကြားသွားခဲ့သည်။
အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ်တစ်စောင်၌ ဖော် ပြခဲ့ရာ GTC  ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်း ပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဆိုပါဂျာနယ် အနေဖြင့် တောင်းပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆို ထားကြောင်းလည်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကိုတင်ပို့မယ့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းနီးပါးကို စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့
ကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ စစ်တွေမှာ ဖမ်းဆီးရမိ
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကိုတင်ပို့မယ့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းနီးပါးကို စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိတဲ့ ဒီမူးယစ်ဆေးဝါးတွေကို စစ်တွေမြို့မှာနေထိုင်သူတစ်ဦးက လက်ဆွဲအိတ်မှာထည့်ပြီး စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို သွားရောက်ဖို့ပြင်ဆင်နေစဉ် ရွှေပြည်တန်အမြန်ရေယာဉ်ဂိတ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိတယ်လို့လည်း ရဲအရာရှိတွေကဆိုပါတယ်။
ဒါ့အပြင် ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောဒေသကနေတဆင့် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မယ်လို့ယူဆရကြောင်း စစ်တွေမြို့မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတွေက RFA ကိုပြောဆိုပါတယ်။
Friday, August 2, 2013
ဖားအံရေဘေးသင့်ပြည်သူ ၆ထောင်ကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲ
(ကေအိုင်စီ)
မိုးရွာသွန်းမှုကြောင့် ရေကြီးနေသည့် ကရင်ပြည်နယ်၊ ဖားအံမြို့၌ ယခုချိန်ထိ ရေဘေးသင့်ပြည်သူ ၆ထောင် ကျော်သည် အိမ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာမြို့အာဏာပိုင်များ ဖွင့်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၃ခု တွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်သည်ဟု သိရသည်။
ဇူလိုင် ၁၉ရက်နေ့မှစ၍ ဖားအံမြို့ရှိ အမှတ်(၁)၊ (၂)၊ (၅)နှင့် (၉)ရပ်ကွက်တို့တွင် အပြင်းအထန် မိုးရွာသွန်းခဲ့ သလို သံလွင်မြစ်ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ နေအိမ်ရေမြုပ်နေသည့် မြို့ခံလူထုများသည် လွတ်မြောက်ရာ ကုန်းမြင့်နေရာများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရခြင်းဖြစ်သည်။
လက်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့် ရေဘေးသင့် မြို့ခံပြည်သူ အိမ်ထောင်စု ၁,၂၉၇ စုအနက် လူဦးရေ ၆,၈၁၆ဦး ရှိပြီး ၎င်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့(NGOs)များနှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)တို့ ကူညီထောက်ပံ့ပေးခဲ့သည်ဟု ဖားအံမြို့ ရွှေရည်မျှော် ရေဘေးကယ်ဆယ်ရေးစခန်း တွင် ရောက်ရှိနေသည့် ဖားအံမြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က ပြောဆိုသည်။
“ရွှေရည်မျှော်မှာ ရေဘေးသင့်ပြည်သူတွေ ၁၉ရက်နေ့ကတည်းက ရောက်လာကြတယ်။ အဲဒီနေ့ကစပြီးတော့ အစိုးရအဖွဲ့က လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာနနဲ့ NGOs အဖွဲ့က Save The Children ကနေပြီး လူသုံးကုန် ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေ လာလှူတယ်။ တစ်မိသားစုကို တစ်အိတ်ပေးတယ်”ဟု ပြောသည်။
ရွှေရည်မျှော် ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့် အမျိုးသမီးဖြစ်သူ မဖြူကလည်း “ကျမတို့ကို လာကူတာ KNU ဆိုရင် ခေါက်ဆွဲဖာ၊ ရေသန့်ဗူး၊ ဆန်အိတ် ငါးဆယ် ကူညီခဲ့တယ်။ အာဒရာမြန်မာ NGO အဖွဲ့က ခေါက်ဆွဲ ခြောက်ဖာတွေ လာကူတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်ရန် အရံ မီးသတ်ကားများ ထားရှိမှုရှိသလို ကျန်းမာရေးအတွက် ဆေးသူနာပြုဆရာမအချို့ ထားရှိပြီး လတ်တလော ဆိုးရွားသည့် ရောဂါဖြစ်ပွားမှုမရှိကြောင်း သိရသည်။
အမှတ်(၂)ရက်ကွက် ဆယ်အိမ်စုမှ မစီက “ဒီရေဘေးဒုက္ခသည်စခန်းမှာ ရိက္ခာခြောက်တွေလာကူညီတာရှိတော့ သိပ်တော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် အခု ရေကြီးတာ ကျမတို့ အိမ်ခေါင်းမိုးတောင် မပေါ်တော့ဘူး။ အိမ်က ကွင်းပြောင်မှာ၊ (သံလွင်)မြစ်နဲ့လည်း နီးတော့ အိမ်တွေ ရေထဲမှာ မျှောပါသွားမှာ စိုးတယ်”ဟု ဆိုသည်။
လက်ရှိ ဖားအံမြို့တွင် ဖွင့်ထားသည့် ရေဘေးကယ်ဆယ်ရေး ၁၃ခုတို့မှာ မြို့နယ်အားကစားရုံ၊ ကြားတောရ ဘုန်းကြီးကျောင်း၊ အထက(၁) မြကြေးမုံဆောင်၊ ရွှေရည်မျှော်ဘုရား၊ အစ္စလမ်စာသင်ကျောင်း၊ အထက (၃)၊ အလက(၃)၊ အမက(၆)၊ အောင်သံလွင်အားကစားကွင်း၊ လှာကန်ကျေးရွာမှ ဓမ္မရာတီဘုန်းတော်ကြီးကျောင်း၊ အမှတ်(၅)ရက်ကွက်မှ ပရဟိတကျောင်း၊ လှာကန်အမက(၂)နှင့် အမှတ်(၉)ရက်ကွက်မှ ပြည်နယ်ကမ္မဌာန်း ကျောင်း စသည့်နေရာတို့ ဖြစ်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့သည် နှစ်စဉ်မိုးရာသီအတွင်း၌ မြေနိမ့်ပိုင်းတွင်ရှိသော ရပ်ကွက်များသည် ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်ခဲ့ရာ ယခု ၂၀၁၃ခုနှစ်၊ ဖားအံမြို့ ရေလွှမ်းမိုးမှုသည် ယခင်နှစ်များထက် ကြီးမားကာ ယမန်နေ့ ဇူလိုင်လ ၃၁ရက်နေ့ ညနေအထိ ဖားအံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၈၇၀ စင်တီမီတာ ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုရက်ပိုင်းအတွင်း ဆက်တိုက်မိုးရွာသွန်းမှုကြောင့် ကရင်ပြည်နယ်ရှိ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။
မိခင်နို့တိုက် အမျိုးသမီးများ ရင်သားနှင့် သားအိမ် ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်ဟုဆို
YTalk
ရန်ကုန်၊ သြဂုတ် ၁
မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်သည်ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြေညာချက်ကို သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“အမျိုးသမီးတစ်ယောက်က ကလေးမွေးပြီးတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သားအိမ်နဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုံ့ဆော်မှု နည်းသွားပြီး ဦးနှောက်ကို ပိုလှုံ့ဆော် ဖြစ်တယ်။ ရင်သားကင်ဆာ လျော့တာကလည်း ကလေးမွေးပြီး နို့တိုက်တဲ့ အချိန်မှာ ရင်သားဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တဲ့အတွက် ကင်ဆာတွေ ဖြစ်နိုင်ခြေ နည်းသွားတာပါ” ဟု သားဖွားနှင့် မီးယပ်အထူးကုဆရာဝန် ဒေါက်တာဝင်းကိုက ရှင်းပြသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးထု အကြားတွင် ဖြစ်ပွားသော ကင်ဆာများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းသည် ဒုတိယအများဆုံး ဖြစ်ကြောင်း WHO ကို ကိုးကားကာ ဆရာဝန်များက ပြောကြားသည်။
မိခင်နို့ရည်သည်သာ မွေးကင်းစ ကလေးငယ်များအတွက် အကောင်းဆုံး ဖြစ်သောကြောင့် မွေးပြီးခြောက်လအထိ တိုက်ကျွေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် National Institute of Health ၏ မြန်မာနိုင်ငံ၏ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း သုတေသနစာတမ်းတွင် ကလေးခြောက်ဦးနှင့်အထက် မွေးခဲ့ဖူးသော မိခင်လောင်းများ၏ သုံးပုံတစ်ပုံကမူ ကလေးလေးဦးအောက် မွေးခဲ့ဖူးသော မိခင်လောင်းများထက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုများကြောင်း၊ ကလေးတစ်ကြိမ် မွေးဖွားဖူးသော အမျိုးသမီးများအနက် အသက် ၃၀ နှစ်ကျော်မှ ပထမဆုံး ကလေးမွေးဖွားဖူးသော အမျိုးသမီးများသည် ရင်သားကင်ဆာ အန္တရာယ် ပိုရှိကြောင်း ဖော်ပြထားသည်။
The Voice Weekly
ရန်ကုန်မြို့ကို မြ၀တီလမ်းကြောင်းကနေ ထိုင်းကုန်စည်အ၀င် ပြတ်တာက်နေတာ သုံးရက်ရှိသွားပြီ
ရေကြီးမှုကြောင့် ရန်ကုန်တွင် ထိုင်းစားသောက်ကုန် ပြတ်လပ်
ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ်မှာ ကားလမ်းရေကျော်တာတွေဖြစ်ပြီး ကုန်းစည်စီးဆင်းမှု မရှိတဲ့အတွက် ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မိုးရွာတာ များတဲ့အတွက် ထိုင်းနိုင်ငံနယ်စပ် မြ၀တီကုန်သွယ်ရေးလမ်း တောင်ပြိုပြီး ကရင်ပြည်နယ်အတွင်း မြ၀တီအပါအ၀င် မြို့အချို့မှာ ကာလမ်းရေကျော်တာတွေ ဖြစ်နေတာကြောင့် ကုန်ကားတွေ အချိန်မီမရောက်နိုင်ဘဲ ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်တွေ ပြတ်လပ်တော့မယ့် အခြေအနေဖြစ်နေပါတယ်။
ရန်ကုန်မြို့ မြေနီကုန်း အမ်ဒီ စတိုးဆိုင်ပိုင်ရှင်က “အမ် ၁၅၀၊ လစ်ပိုတို့ဘာတို့ ကျနော်တို့မှာ လုံးဝ ရောင်းစရာတောင် မရှိဘူး။ ကုမ္ပဏီကို ဘာကြောင့် မရောင်းတာလဲ စုံစမ်းကြည့်တော့ ဟိုမှာ ပစ္စည်းပြတ်နေပြီ။ ဒီဘက်က ကုန်သည်တွေက လုပ်တာလား၊ ကျနော်တို့လည်း စဉ်စားလို့မရဘူး။ ဒါပေမယ့် ပစ္စည်းကတော့ လုံးဝ မ၀င်တာ သေချာတယ်” လို့ ပြောပါတယ်။
လူသုံးကုန်ပစ္စည်းတွေကတော့ ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲသေးတယ်လို့ မင်္ဂလာဈေးမှာ အလှကုန်ဖြန့်ဖြူးနေတဲ့ မနီလာက ပြောပါတယ်။
“ရှိနေတဲ့ ပစ္စည်းကိုပဲ ရောင်းဝယ်နေကြတယ်။ ဟိုဘက်က ပစ္စည်း လုံးဝမဆင်းဘူး။ အတက်အကျတော့ အများကြီးမရှိဘူး၊ နည်းနည်းပါးပါးပဲ ရှိတယ်။ မှီအောင် လိုက်ရောင်းနိုင်တဲ့ အခြေအနေပဲ ရှိတယ်၊ အရောင်းအ၀ယ်လည်း ပါးတယ်။ တယောက်နဲ့ တယောက်က အဆင်ပြေအောင် ရောင်းနေကြတာပဲရှိတယ်။ အရင်တုန်းကဆို သုံးလေးရက်ပေါ့။ အခုတော့ တော်တော်ကြာမယ်လို့ ပြောနေကြတာပဲ။”
လက်ရှိဖြစ်နေတဲ့ ကားလမ်းအခြေအနေကို မြ၀တီ-ဘားအံ-ရန်ကုန်လမ်းမှာ ကုန်အကြိုအပို့လုပ်နေတဲ့ ကိုကျော်မင်းစိန်က “ကျနော်တို့ဆီမှာ ရေက ထပ်ပြီး တက်နေတာကိုး။ အရင်တုန်းက ဖြစ်ဖူးတာတော့ တောင်ပြိုလို့ လမ်းကြောင်းပိတ်တယ်။ တပတ်နှစ်ပတ်လောက် ရှင်းပြီးတာနဲ့ လမ်းပွင့်သွားတယ်။ အခု လုံးဝ အသွားအလား ဆိုင်ကယ်လောက်ပဲ သွားတာလာတာ ရှိတယ်။ ကားတွေက သောင်တင်နေတယ်။ တောင်ပေါ်ကားလမ်းက အခုမှ ရှင်းနေတော့ တပတ် နှစ်ပတ်လောက် ကြာဦးမယ် ထင်တယ်” လို့ ပြောပါတယ်။
ဒီနေ့အထိ ရန်ကုန်မြို့ကို မြ၀တီလမ်းကြောင်းကနေ ထိုင်းကုန်စည်အ၀င် ပြတ်တာက်နေတာ သုံးရက်ရှိသွားပြီ ဖြစ်ပါတယ်။
 by မျိုးဇော်လင်း  (ဒီဗွီဘီ)
Thit Htoo Lwin - News
မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင် ၁၀ ဦးဆီက နောက်ထပ် အကြွေးကျန်ပမာဏ ကျပ်သန်းပေါင်း ၁၃,၂၂၀.၅၄၉ ကို ဒီနေ့ကစပြီး ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပေးဆပ်သွားဖို့ ကြေညာချက်ထုတ်ပြန်
လုပ်ငန်းရှင် ၁၀ ဦး၏ ကြွေးကျန်စာရင်း မွေးမြူရေ၀န်ကြီးဌာန ကြေညာ
မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သူတို့ကို အကြွေးပေးရန်ရှိနေတဲ့ ပုဂ္ဂလိက မွေးမြူ ရေးလုပ်ငန်းရှင် ၁၀ ဦးရဲ့ ကြွေးကျန်စာရင်းကို ဒီနေ့မှာ ထပ်မံကြေညာလိုက်ပါတယ်။
မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင် ၁၀ ဦးဆီက နောက်ထပ် အကြွေးကျန်ပမာဏ ကျပ်သန်းပေါင်း ၁၃,၂၂၀.၅၄၉ ကို ဒီနေ့ကစပြီး ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပေးဆပ်သွားဖို့ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
သတ်မှတ်ကာလရက်အတွင်းမှာ လုပ်ငန်းရှင် ၁၀ ဦးအနေနဲ့ ကြွေးကျန်တွေကို မဆပ်နိုင်ဘူးဆိုရင် ဝန်ကြီးဌာနက စာချုပ်ပါစည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုသွားမှာပါ။
မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက တာဝန်ရှိသူ ဒေါ်သင်းသင်းဝါက “ လူကြီးတွေက ဥပဒေအရပဲ ဆောင်ရွက်မှာပါ။ အထက်အကြီးအကဲတွေက အချိန်နဲ့ အမျှ အခြေအနေရ ပြောင်းလဲနေတော့လေ။ ဥပဒေအရပဲ တောင်းတာပါ။ ကျမတို့က စာချုပ်တွေ ချုပ်ထားပါတယ်၊ ရှေ့နေချုပ်ရုံးရဲ့ သဘောတူညီချက်နဲ့ စာချုပ်ချုပ်ထားတာပါ။ စာချုပ်မှာလည်းပါတယ်” လို့ ပြောပါတယ်။
ကြွေးကျန်ပေးဖို့ရှိတဲ့ လုပ်ငန်းရှင် ၁၀ ဦးဟာ မြေဩဇာ၊ ငါးစာနဲ့ ကြက်၊ ဝက်တွေဝယ်ယူဖို့အတွက် ချေးယူထားကြတာပါ။
ကြွေးကျန်လုပ်ငန်းရှင် ၁၀ ဦးထဲမှာပါတဲ့ တိရစ္ဆာန်အညစ်အကြေးတွေကနေ မြေဩဇာလုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်  ဦးမျိုးမင်းသိန်းက  “မိုးခေါင်တယ်၊ ရေကြီးတယ်။ ဆက်တိုက်ဖြစ်လာတဲ့ဟာတွေပါ။ တောင်သူတွေဆီမှာ ကျနော်တို့ ဆုံးရှုံးတာတွေပေါ့နော်။ တကယ် အခက်အခဲဖြစ်တဲ့ တောင်သူတွေဆီက တင်ပြချက်တွေအတိုင်းပဲ ကျနော် ပြန်လည် တင်ပြပါတယ်။ ဒါပေမယ့် မျက်ကွယ်ပြုတာလား မသိဘူး။ ဒီသမ္မတကြီးက တောင်သူလယ်သမားတွေကို အကူအညီပေးဖို့ဆိုပြီး အစီအစဉ်တွေ အများကြီး ဆွဲနေပေမယ့်လည်း တောင်သူတွေနဲ့ ကျနော်တို့ ကြွေးရှိ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီတွေကိုလည်း ဒီလိုမျိုး တရားစွဲမယ်ဆိုရင် ကျနော်တို့အနေနဲ့ကလည်း ကျနော်တို့ ဖြန့်ချိထားတဲ့ လက်အောက် ကိုယ်စားလှယ်တွေကို တရားစွဲရမှာပဲ။ လက်အောက် ကိုယ်စားလှယ်တွေက တောင်သူတွေကို တရားပြန်စွဲရမှာပဲ။ မဖြစ်သင့်တာတွေ ဖြစ်သွားမှာပေါ့” လို့ ပြောပါတယ်။
ဝန်ကြီးဌာက ကြွေးကျန်ရှိတဲ့ လုပ်ငန်းရှင်တွေကို ၁ လ အချိန်ပေးတာ နည်းပါးလွန်းတဲ့အတွက် အချိန်ထပ်တိုးပေးရင် အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး သမ္မတဆီကို တင်ပြသွားဖို့ရှိပြီး ဒီကိစ္စဟာ လွှတ်တော်ဘက်ကလာတာဖြစ်တဲ့အတွက် လွှတ်တော်ဘက်က လျှော့ပေါ့ပေးရင် ဝန်ကြီးဌာဘက်ကလည်း မလိုက်လျောနိုင်စရာမရှိဘူးလို့ သက်ဆိုင်ရာဝန်ကြီးဌာနက ပြောတယ်လို့ သိရပါတယ်။
မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် စုစုပေါင်း ၇၅ ယောက်ဆီကနေ ကြွေးကျန် ကျပ်သန်း ပေါင်း ၂၈,၆၈၄ ဒဿမ ၇၄၄ ရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက နိုင်ငံပိုင်သတင်းစာတွေမှာ ကြွေးဆပ်ဖို့ ကြေညာခံရတဲ့ လုပ်ငန်းရှင် ၄၃ ဦးထဲက ၂ ဦးဟာ ကြွေးကျန်တွေ လာဆပ်သွားပြီလို့ သိရပါတယ်။
by ယုဇနကိုကို  (ဒီဗွီဘီ)
Thit Htoo Lwin - News
နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်သုံးခဲ့မိတာများ ရှိလေမလား
နေပြည်တော်အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား
မေစစ်ပိုင်
နေပြည်တော်နဲ့အတူ ပေါ်လာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မတော်တဆမှုတွေနဲ့ ကြုံကြိုက်တဲ့အခါ ခါတိုင်းတော့ အိပ်ငိုက်တဲ့ယာဉ်မောင်းသူ၊ စနစ်မကျတဲ့ လမ်းမကြီး ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့သူ တို့ကို မကြာခဏ အပြစ်ပုံကြပါတယ်။
အခုတော့ အပြစ်ဖို့စရာတခု ထပ်တိုးလာပါပြီ။ အဲဒါကတော့ မကောင်းဆိုးဝါးတွေ၊ နာနာဘာဝတွေ ဖြစ်ပါတယ်။
ရွှေလီဦး အဝေးပြေးကားအသင်း ယာဉ်မောင်းတဦးဖြစ်တဲ့ စိုင်းဘခိုင်ကတော့ အမြန်လမ်းမကြီးပေါ် ပုံမှန်ဖြတ်သန်းနေကြဖြစ်တဲ့ ကားသမားတချို့ဟာ ပရလောကသူ၊ ပရလောကသား တို့နဲ့ မတွေ့ချင်ဘဲ တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို အခုလို ပြောပြပါတယ်။
“အသိ ကားသမားတချို့ကတော့ နာနာဘာဝတွေရဲ့ နှောင့်ယှက်တာကို ခံရတယ်လို့တော့သိရတယ်၊ ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး၊ အမြန်လမ်းပေါ်မောင်းရင်တော့
တော်တော်လေး ဂရုစိုက်ပြီးတော့ မောင်းနေရတယ်။ အန္တရာယ်ကင်းအောင်”
လို့ စိုင်းဘခိုင်က ဆိုပါတယ်။
မတော်တဆဖြစ်တဲ့ယာဉ်အများစုကတော့ သတ်မှတ်တဲ့အရှိန်ထက် ပိုပြီးမောင်းနှင်ကြတယ်၊ ဒါကြောင့် သူကတော့ အန္တရာယ်ကင်းအောင် သတ်မှတ်နှုန်းနဲ့ပဲ မောင်းတယ်လို့ သူက ဆိုပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဲစုတို့မိသားစု သင်္ကြန်ဝန်းကျင် ခရီးထွက်တဲ့ညက ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကြုံခဲ့ရတာကလည်း ထူးခြားနေပါတယ်။ သူပြောပြတာက ဒီလိုပါ။
“ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။ ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ”လို့ မသဲစုက ပြောတယ်။
အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး သရဲခြောက်ခံရတယ် ဆိုတဲ့အကြောင်း အတည် အခန့် ရေးသားမှု၊ နောက်ပြောင်ရေးသားမှု၊ သရုပ်ဖော်ပုံတွေနဲ့ ရေးသားမှုတို့ကို တွေ့ရမှာပါ။
ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။
အာဏာပိုင်တို့ဘက်ကလည်း အမြန်လမ်းမပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်ဆန်းများ ရှိနေကြောင်း ယုံကြည်နေပုံရပါတယ်။
အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်း ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ မိုင်တိုင် အပိုင်းခြားအလိုက် တာဝန်ယူပြီး ဆရာတော်ကြီး တွေကို ပင့်ဖိတ်ကာ ပရိတ်တရားတွေ လစဉ်၊ အပတ်စဉ် ပုံမှန်ရွတ်ဆိုမှုတွေ လုပ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။
“ နိုင်ငံတော်က အဓိပတိဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ပုံမှန် ပရိတ်တရားတွေ ရွတ်ဖြစ်ပါတယ်၊ လမ်းပြုပြင်ထိန်းသိမ်းရေး စခန်းတွေရှိတဲ့ နေရာတွေအလိုက် တာဝန်ယူပြီး လတိုင်း လုပ်ကြတယ်၊ အန္တရယ်ကင်းအောင်ပေါ့” လို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။
ဇူလိုင် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ခရီးသွား ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အမြန်လမ်းမကြီး တလျှောက် ပရိတ် တရားတော်တွေ ရွတ်ဖတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းရှိန်ရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။