This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 28, 2013

ကြည့်ဖို့မမေ့ကြပါနဲ့နော်မိမိတို့နေထိုင်သည့်နိုင်ငံပေါ်မူတည်ပြီးကြည့်ရန်

အလွန်မြင်ရခဲလှပါသည်။ ယနေ့ည(သို့)မနက်ဖြန်ည (စာဖတ်သူတို့နေထိုင်သည့်နိုင်ငံပေါ်မူတည်ပြီး
) နေ၀င်ပြီး(၄၅)မိနစ်မှ(၇၅)မိနစ်အတွင်း နေ၀င်သောအရပ်ကိုကြည့်လိုက် ပါက အောက်ပါပုံတွင်မြင်ရသည့်အတိုင်း
အဓိကဂြိုလ်များထဲမှ Jupiter , Mercury , Venus တို့်သည် တြိဂံ

ပုံအဖြစ်တစ်စုတစ်စည်းထဲ မြင်တွေ့ရမည်ဖြစ်ပါသည်။
လာမည့် ဇွန်လ(၅)ရက်နေ့ရင်လည်း ၎င်းဂြိုလ်သုံးခုကို မျဉ်းဖြောင့်လိုတစ်တန်းတည်း
ကျရောက်နေသည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။

ကြည့်ဖို့မမေ့ကြပါနဲ့နော် ။
http://aungthetkhing.blogspot.com/2013/05/blog-post_27.html

ကလေးခိုးနေကြသဖြင့်သတိထားကြပါရန်(သတင်း)

ကလေးသူခိုးများသတိထားကြပါရန်။
စိတ်မကောင်းစွာနဲ့ သတိပေးပါရစေ ကလေးမိဘအပေါင်းတို့ ... ..

  ပြည်ကြီးတံခွန်မြို့ နယ်(စ)ရပ်ကွက်ကြီး
တတ/ ၁၆ဝန်ထမ်းရပ်ကွက်မှ၁၃နှစ်
အရွယ်ကလေး ၁ဦးထပ်မံပျောက်ဆုံး
ပါကြောင်း။ ကလေးတွေကျောင်း
ဆင်းချိန်မှာ မိခင်မှကြိုခိုင်းပါသည်
ဆိုကာ လိမ်ပြီးခေါ်သွားပါကြောင်း။

ရပ်ကွက်အတွင်းမှ ကလေးတွေ ၁၅
ရက်အတွင်း ပျောက်တာ၎ယောက် ရှိ
သွားပါပြီ။ ဒါကြောင့် မူလတန်းက
လေးတွေအား ကျောင်းဆင်းချိန်တွင် အိမ်မှ မိဘများကိုယ်တိုင် ကြိုကြပါရန် အသိပေးလိုက်
ပါသည်။

နေလင်းအောင် (မန္တလေး သတင်း ပုံရိပ်)
  ကလေးရှိသောမိဘတိုင်းအတွက်ပြန်လည်မျှဝေပေးပါသည်)  kyawshein

လားရှိုးမြို့နယ်အတွင်း မသင်္ကာသည့် ကားတစ်စီး အတွင်းမှ လက်နက်ကိုင် တစ်ဖွဲ့စာ လက်နက်များ ဖမ်းမိ

တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှား ၀ါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လား ရှိုးမြို့ မှ သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ၃င/၄၁၂၀ မတ်တူး အဖြူရောင် ယာဉ်အား  မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေး ၍ ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊ နားဆော့ေ ကျးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။
အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက် ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃ )လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်- ၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ေ ကျး ရွာ အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ သိမ်းဆည်း ရမိခဲ့ပါ သည်။
၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရေး တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ

KIO/ KIA ကို မြစ်ကြီးနား မှာ ကြို

Thitsar Ko shared Freedom News Group(Burma)'s photo.
KIO/ KIA ကို မြစ်ကြီးနား မှာ ကြို 

သတင်း နှင့် ဓာတ် ပုံများ - http://wp.me/pozkf-8dZ
KIO/ KIA ကို မြစ်ကြီးနား မှာ ကြို

သတင်း နှင့် ဓာတ် ပုံများ - http://wp.me/pozkf-8dZ

923174_451973374895702_1002212670_n
ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ အတွက် ကချင် ပြည် နယ် မနော ကွင်း သို့  ရောက် ရှိ လာ သည့်
ကချင် လွတ်မြောက် ရေး အဖွဲ့  နှင့် ၎င်း ၏ လက်နက် ကိုင် တပ် ဖွဲ့  ဖြစ်သည့် ကချင် လွတ်
မြောက် ရေး တပ် မတော် KIA အား မြစ်ကြီး နား မြို့  တွင် ကချင် ပြည်သူ လူ ထု က
သောင်း သောင်း ဖျ ဖျ ကြို ဆို သည်။
မြန်မာ အစိုးရ ဘက် မှ ၀န်ကြီး ဦးအောင် မင်း ခေါင်းဆောင် သည့် ဆွေး နွေး ပွဲ အတွက်
ကချင် ဘက် မှ ဦး ဇွန်လွတ်ဖန် ၊ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော် တို့   တက်
ရောက်သည်။
ကချင် ပြည် နယ် မြစ် ကြီး နား သို့  တနင်္လာ နေ့  အစော ပိုင်း တွင် ရောက် ရှိ လာသည့်
KIO / KIA အား ဒေသခံ ကချင် လူ မျိုး သုံးသောင်း ကျော် မှ KIA အလံ များ ထောင် ၍
၎င်း ၊ အတီး အမှုတ် နှင့် ဆိုင်းဘုတ်များ ထောင် ၍ ၎င်း ကြို ဆို ကြသည်။
၂၀၁၁-၂၀၁၂ တိုက် ပွဲ တွေ ပြီး နောက် မှာ တတိယ အကြိမ်မြောက် လုပ် တဲ့ ငြိမ်း ချမ်း
ရေး ဆွေးနွေး ပွဲ  ကို တရုတ် အစိုးရ ကိုယ် စားလှယ်က တက်ရောက် မှာ ဖြစ် ပြီး  အနောက်
တိုင်း သံတမန် တွေ ကို တော့ တက် ရောက် ခွင့် မပြု ဘူး လို့  သိရ ပါတယ်။
Photo Credit : Jinghpaw Kasa and Lachid Kachin

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

Ko Htwe shared Ye Yint Nge's photo.
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
*****************************************************
    27 May 2013  | 
    By ရိုးရာလေး 

youtubeမြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့  လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
ရိုးရာလေး နည်းပညာ
yoyarlay.com
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
******************************
***********************
27 May 2013 |
By ရိုးရာလေး

youtubeမြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
ရိုးရာလေး နည်းပညာ
yoyarlay.com

Monday, May 27, 2013

အိန္ဒိယမသွားခင် အွန်လိုင်းကို အရင်သွားပါ

Monday, May 27, 2013

အင်တာနက်ခေတ်ထဲ ရောက်နေကြပြီ ဆိုတာကို အိန္ဒိယသွားမယ့်သူတွေက ပိုပြီး သဘောပေါက်နေကြဖွယ် ရှိပါတယ်။

(photo - http://muncity.blogspot.com/2012/01/india-visa.html )

ဗီဇာလျှောက်မယ်ဆိုရင် အွန်လိုင်းကနေလျှောက်ပါ ဆိုတာကို ရန်ကုန်မှာရှိတဲ့အိန္ဒိယသံရုံးရဲ့ အရင်တပတ်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရမှာပါ။ 
အွန်လိုင်းကလျှောက်ရုံနဲ့လည်း ဗီဇာ မရသေးပါဘူး။ သံရုံးသွားပြီး လက်ဗွေပေးရတာတို့ ဘာတို့ လုပ်ရပါအုံးမယ်။
နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းလမ်းတွေအတိုင်းပေါ့။

လုပ်ငန်းရှင်တွေက   နေပြည်တော်ရောက်တဲ့အခါ သာသနာရေး ၀န်ကြီးဌာနကို ဒီအကြောင်း ပြောပြကြပါတယ် တဲ့။

သာသနာရေးဝန်ကြီးရဲ့ တုံ့ပြန်ချက်က -
 ဒီလို ကိစ္စမျိုးက မိမိတို့ ဌာနနဲ့ မသက်ဆိုင်ပါ။
သို့သော်လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနကနေ တစ်ဆင့် တင်ပြပေးပါ့မယ်။

အိန္ဒိယသံရုံးရဲ့ ဗီဇာဆိုင်ရာ လုပ်ထုံးလုပ်နည်းအပြောင်းအလဲမှာ လုပ်ငန်းရှင်တချို့ဆီက အသံတွေ ထွက်လာပါတယ်။

ဗုဒ္ဓဂါယာ  ဘုရားဖူးတွေ အတွက် အခက်အခဲ ဖြစ်စေတယ်လို့ ခရီးသွား လုပ်ငန်းရှင် ဒေါ်နှင်းမိုးဝေ ကပြောပါတယ်။

    “ဂါယာ ဘုရားဖူး ခရီးစဉ်ကို လိုက်တဲ့လူတွေက နယ်တွေကလည်း များတယ်။ နယ်က လာတဲ့ လူဆိုရင် ဒီပြောင်းလဲလိုက်တဲ့ အဆင် မပြေနိုင်ဘူး။
ငွေလည်း ထပ်ကုန်နိုင်တယ်။ အချိန်လည်း ကုန်နိုင်တယ်။ လူပင်ပန်းလည်း ဖြစ်အုံးမယ်”
ဒေါ်နှင်းမိုးဝေ

    “တစ်နေ့ တစ်နေ့ ခရီးသွား လုပ်ငန်းရှင်တွေကနေ လာမယ့် လူတွေက အများကြီး ဆိုတော့ အဲဒီစနစ်မှာ ဆိုရင် သံရုံးမှာ လူတော်တော် သွားပုံနေလိမ့်မယ်။
သံရုံးကလည်း အချိန်အကန့် အသတ်နဲ့ ဆိုတော့ ပြီးမှာကို မဟုတ်တော့ဘူး”  
ခရီးသွား လုပ်ငန်းရှင် တစ်ဦး

“သူတို့နိုင်ငံ လုံခြုံ ရေးအတွက် ဗီဇာ စနစ်ပြောင်းလဲ ကျင့်သုံးတာကို ဒီဘက်က ဘယ်ဝန်ကြီးကမှ သွားပြောလို့ ရမှာ မဟုတ်ဘူး။
သူတို့နိုင်ငံက ဒီစနစ်ကို ကျင့်သုံးဖို့အတွက် သက်ဆိုင်ရာ လူကြီးတွေက အဆင့်ဆင့် ဆုံးဖြတ်ပြီးမှ ကျလာတဲ့ စနစ်ကို ဒီဘက်ကနေ အဲဒီစနစ်ကြောင့် အခက်အခဲ ဖြစ်ရတယ်လို့ ပြောလို့မှ မရတာ။ သူတို့ဘက်က လိုအပ်တယ်ထင်လို့ ပြောင်းလဲတာ”
Ruby Land ခရီးသွားလုပ်ငန်းရဲ့ MD ဦးအေးကျော်

    အိန္ဒိယနိုင်ငံကို မြန်မာပြည်သားတွေ သွားရောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဘုရားဖူး၊ ပညာသင်၊ စီးပွားရေး စတဲ့ ကိစ္စရပ်များကြောင့်ပါပဲ။

လတ်တလော အပြောင်းအလဲကြောင့် ဗုဒ္ဓဂါယာ ဘုရားဖူး အရေအတွက် လျော့ကျသွားနိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းကြပါတယ်။

သိပ်မကြာသေးခင်အချိန်အထိ ဗုဒ္ဒဂါယာ ဘုရားဖူး အရေအတွက် တိုးတက် များပြားနေပါတယ်။
ဂါယာ ဘုရားဖူး ပို့ဆောင်ရေး  လုပ်ကိုင်တဲ့ လုပ်ငန်းကတော့ ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ဗုဒ္ဓဂါယာမှ အပြန် (နောက်ဆုံးပိုင်း)
 အပိုင်း (၆)- ရှေးဟောင်းမြို့တော် ဗာရာဏသီ
 အပိုင်း (၅)- ဖွားတော်မူတဲ့ လုမ္ပီနီ
 အပိုင်း (၄)- ပတ္တနား၊ ဝေသာလီနဲ့ ပရိနိဗာန်ပြုတဲ့ ကုသိနာရုံ
 အပိုင်း (၃)- ရာဇဂြိုလ်၊ နာလန္ဒာ တက္ကသိုလ်
 အပိုင်း (၂)- ဒုက္ခရစရိယာ ကျင့်ရာ တောင်နဲ့ သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်
ဗုဒ္ဓဂါယာ လေ့လာရေးခရီး အပိုင်း (၁)- ဂါယာနှင့် ဗုဒ္ဓပွင့်ရာ မဟာဗောဓိ

ရန်ကုန်ကနေ ဂါယာ ကိုသွားမယ်ဆိုရင် ကျပ် ဆယ်သိန်းနီးပါး ကုန်ကျပါလိမ့်မယ်။

ဂါယာသွားမယ့်သူတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

Embassy of India
Yangon

Press Release

Introduction of Online and Biometric for visa applicants

With a view to provide efficient and hassle free service to the visa applicants, the Embassy of India, Yangon has introduced Online Visa Application and Biometric Enrolment system with immediate effect. To apply visa online, one would need to fill up the form at http://indianvisaonline.gov.in/visa/ and take the print out of the application and then submitted it to the Embassy along with 2 photos of 2" X 2" (inches) with black and white background, copy of passport and other relevant documents.

Under the revised process, all applicants are required to physically appear at the Mission for enrolment of Biometric Traits. Applicants below 12 years and above 70 years of age are exempted from 'Biometric Enrolment'.

Instructions for filing the online visa application form are as below;

1. Go to Government of India’s website indianvisaonline.com

2. Click online visa application registration

3. Select office “Myanmar Yangon".

Note: It is important to select Myanmar Yangon otherwise the system will    not generate the data.

4. If there is @ (alias) in the name then you have to fill alias and not @.

5. Leave the surname column unfill. (This is because; Myanmar passport does      not have surnames.)

6. Due care should be exercised while fill up the form, clearly spell out type of visa and the duration of the visa required.

7. Timings for submitting the application are 0930 to 1100 hrs (Monday to Friday)

8. At the time of submitting the application you will have to deposit the Visa fee also and you will be given a date and a time for the bio metrics for which the applicant will have to come to Mission personally.

9. Important Technical Information:

This site (indianvisaonline.com) is best viewed in Internet Explorer (Windows) version 8.0 and above.
You must also have Adobe Acrobat Reader version 7.0 or higher installed on your PC in order to download and print the completed application form.
If you do not have Adobe Acrobat Reader version 7.0 or higher, you may download a copy.
 You should use either an Ink-Jet or Laser printer to print the completed Visa Application form/s once you have submitted it online.
Sign and date it and present it along with the relevant documents and passport to Embassy of India, Yangon.
Depending on the speed of your Internet connection, it may take several minutes to download the initial and completed copies of the form/s. We request you to please leave your popup blockers turned off for the duration of this activity.

17th May, 2013

.

စစ်သားဘဝ အမှတ်တရများ (၁)

Ei Tong shared Aga Ngwesetthaung's photo.
စစ်သားဘဝ အမှတ်တရများ (၁) 
         
          ဒီပုံကတော့ 2006-April လလယ်လောက်တုန်းက ဗိုလ်ကြီးAga နှင့် အဖွဲ့ မြန်မာပြည်မြေပုံ အရှေ့အလယ်ပိုင်းနားမှာ စစ်ဆင်ရေးဝင်ရင်း  BP-9 ဆိုတဲ့ နယ်စပ်မျဉ်းအနီးမှာ ရိုက်ထားတာပါ။ Aga ရဲ့ မျက်နှာချင်းဆိုင် တောင်ကြောပေါ်မှာ ယိုးဒယားကင်းစခန်း နဲ့ ညာဖက်မျက်စောင်းထိုးတောင်ကြောမှာ ABSDF ကျောင်းသားစခန်း ရှိပါတယ်။ တကယ့်ရှေ့တန်း စတိုင်ကတော့ ဦးထုပ်မကျွတ်၊ ယူနီဖောင်းမကျေတဲ့ မြန်မာစစ်ကားတွေထဲက မင်းသားတွေနဲ့ နည်းနည်းတော့ ကွာခြားပါလိမ့်မယ်။
          
         ဆန်ပိုးထိုး၊ ပဲပိုးထိုး နဲ့ ရိက္ခာ ဆန့်စား/ကွေးစား နေရတုန်း ဆြာတွတ် နဲ့ ဗိုက်ကလေး အဖွဲ့ ကောက်ကောက်ညွန့်  (စားလို့ရမယ်ထင်သောအညွန့်) နဲ့ ဋညွန့် (ချွဲသောအရသာပဲရှိ) အမဲခူး ထွက်နေကြတဲ့ပုံပါ။ ဆေးလိပ်ပြတ်လို့ လောက်သေရွက်လည်း ရှာရင်းနဲ့ပေါ့။ ( ရှေ့တန်းမှာ ဆေးလိပ်ပြတ်ရင် အာသာပြေ လောက်သေရွက်ကို လှော်ပြီး ပွတ်ချွန်းအနေနဲ့ လိပ်သောက်ကြပါတယ်၊ မီးခိုးထွက်တော့ ခံတွင်းချဉ်ပြေသယောင်ယောင်ပေါ့ )
            
             ပိုက်ဆံလား ... ဒီအချိန် အသုံးမဝင်ပါဘူးဗျာ ။ ဗာတာဆိုတဲ့ ကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်တဲ့ စနစ်ပဲ သုံးကြတာများတယ်၊ အသုံးအဝင်ဆုံးကတော့ နို့ဆီပေါ့။ သိပ်ရှားပါးလာပြီဆိုရင် နို့ဆီ၁ဗူးကို ဆေးပေါ့လိပ်၃လိပ်ပဲ ရတော့တယ်။ နောက်ဆုံးကျရင်တော့ ဘာနဲ့လဲလဲကို လဲစရာ ဆေးလိပ်မကျန်ရင် လှလှ နဲ့ ဒုက္ခ တွေ့ကရော။ ( မှတ်မှတ်ရရ တခါက ဆေးလိပ်သောက်ချင်လိုက်တာလို့ ညဉ်းမိလိုက်တာ တော်တော်ကြာတော့ တပည့်ကျော်တွေ ဘယ်ကဘယ်လို ကြံဖန်လာတယ် မသိ၊ ငွေတောင် ဆေးပေါ့လိပ် မှိုတက်လေး တစ်လိပ် ပါလာတယ်၊ သုံးပုံတစ်ပုံလောက် အားပါးတရ ဖွာရှိုက်ပြီး သူတို့ကို ပေးလိုက်တော့ တစ်ယောက်တလှည့် နှစ်ဖွာစီဆွဲလိုက်ကြတာ မီးနီတန်းကြီးကို ရဲလို့၊ ဖင်ပူနေတာတောင် ဖွာလိုက်ကြတာ အစီခံလောင်မှပဲ ကိစ္စပြတ်တော့တယ်။ )  သြော် ... ရဲဘော် ရဲဘက်ဆိုတာ..... ဒီလိုပါပဲ ။ 

            ရှေ့တန်းမှာ သိပ်မျက်နှာပွင့်တာကတော့ ပေးအဖွဲ့ (နောက်တန်းမှ လစာ လာပို့သောအဖွဲ့) ပဲ ခင်ဗျ။ စခန်းကုန်းတွေက မရောက်ခင်ကကို စည်စည်ကားကားနဲ့ ဆင်းကြိုလိုက်ကြတာ လူကြီးလာသလိုပါပဲ ။ သူတို့ လာပြီဆိုရင် အူလည်းစို အသည်းလည်းစို ဆိုတော့ ကြိုကြပေမပေါ့။ အဲ့ညတော့ ပြေးကြည့်စရာတောင်မလိုဘူး .. ဆိုင်ရာဆိုင်ရာ နေရာလေးတွေမှာ ဆိုင်ရာဆိုင်ရာ စာချွန်လွှာလေးတွေးနဲ့ လွမ်းနေ..တွေးနေ..ဆွေးနေ ကြမယ့် ကိုကိုစစ်တို့ရဲ့ ဖြစ်အင်ကို။

            နောက်ထပ် မှတ်မှတ်ရရ တစ်ခုက စစ်ကြောင်း/ စစ်စခန်းထဲကို ဂျီ(ချေ) ဖြတ်ရင် ကံဆိုးတယ်ဆိုတဲ့ ကိစ္စပါပဲ။ အယူမသည်းပေမယ့် ၂ကြိမ်တိတိ လက်တွေ့ကြုံလာတော့လည်း အခက်သား။ ချောင်းအကျော်လေးမှာ ညအိပ်နားဖို့ ခြေလျင်တပ်ရင်းမှူးက Aga ကို ပြောဆိုနေတုန်း ဂျီက ၅ပေလောက်အကွာလေးကကို ဖြတ်ပြေးတယ်၊ ရဲဘော်တွေ သေနတ်ဆွဲ လိုက်ပစ်ကြရောပေါ့၊ ရလာလို့ ကြည့်လိုက်တော့မှ ဂျီက မျက်စိတစ်ဖက် ပျက်နေတယ်။ ပျက်နေတဲ့ဘက်က Aga တို့ရပ်နေတဲ့ဘက်က ဖြစ်နေတယ်။ အတွေ့အကြုံရင့်ကျက်နေတဲ့ တပ်ရင်းမှူးက နိမိတ်မကောင်းကြောင်း နဲ့ အထူး သတိဝီရိယရှိဖို့ မှာကြားတယ်။ ဒါပေမယ့် အဲ့ညမှာ Aga ဆီက အားကိုးရတဲ့ Senior တပ်ကြပ်ကြီးတစ်ယောက် ငှက်ဖျား အသည်းအသန် တက်ပါလေရော။ ဆေးဗိုလ်ကြီးနဲ့ အတူ ကြည့်ရှုပြီးနောက် လူနာစောင့်ကင်း ထုတ်လိုက်တယ်။ မနက်၅နာရီတိတိမှာ အခြေအနေ မကောင်းကြောင်း လူနာစောင့်က လာပြောလို့ ဆေးဗိုလ်ကြီးကို သွားနှိုးခိုင်းပြီး ထပ်ကြည့်တော့ အခြေအနေ မကောင်းတော့ဘူး၊ ဝ, လို့ အကြောစမ်းမရတော့ ဆေးလည်းသွင်းမရ၊ ဒီအခြေအနေမှာပဲ  အပ.. မှီတယ်ဆိုတာ ကိုပါ ထပ်ဆင့် ကြုံဖူးလိုက်ရတယ် ၊ 5:35မှာ ဆရာကြီး ဆုံးပါတယ်။ အားကိုးခင်မင်ရသူမို့ နီးရာ စခန်းကို သယ်ချင်ပေမယ့် တပ်ရင်းမှူးက မသယ်ကောင်းကြောင်း ဖျောင်းဖျလို့ အဲ့နေရာမှာပဲ မြေမြုပ်သင်္ဂြိုလ်ပြီး အမိန့်စာပြန်လိုက်ရတယ်။ ဒီဓါတ်ပုံရိုက်ချိန်မှာ ဆရာကြီး ဆုံးပါးပြီးခဲ့တာ ၂လ ရှိပါပြီ။ နောက်တစ်ခါကတော့ လမ်းမှာပဲ Aga အိပ်တဲ့ ဘေးက လျှိုထဲကနေ ဂျီက နီးနီးကပ်ကပ်ထိ လာဟောက်ပါတယ်။ နောက်နေ့ နေ့လည်မှာ ဒီပုံထဲမှာပါတဲ့ Aga ရဲ့ တပည့်တစ်ဦး မိုင်းကြောင့် ဒုက္ခိတ ဖြစ်ခဲ့ရတယ်။ ဒိနောက်ပိုင်း ဂျီကို နည်းနည်း ဖြုံသွားတယ်။ ဂျီဟောက်သံ ကြားတာနဲ့ ကိုယ့်နေရာမှာလည်း သေနတ်သံပေး အသံလာရာဆီလည်း ခြောက်လှန့် ပစ်ရှင်း ရှင်းခိုင်းရတော့တယ်။

              ဒီသံလွင် အရှေ့ခြမ်းဒေသမှာ စစ်ဆင်ရေးဝင်ရင် လိုက်နာရတဲ့ ဆောင်ပုဒ်လေး တစ်ခု ရှိတယ်။ အဲ့ဒါက “ ဖွတ်၊မြွေ၊လိပ်၊ဒေါင်း မစားကောင်း ” တဲ့၊ ဒါပေမယ့် စစ်သားဆိုတာ မ, တစ်ထောင်သားတွေ ဆိုတော့ သူတို့ ပါးစပ်ထဲမှာ “ ဖြွတ်၊မြွေ၊လိပ်၊ဒေါင်း အကုန်ကောင်း ” ဖြစ်သွားပါလေရော။

              နောက်ထပ် အမှတ်တရလေးတွေကတော့ အဲ့ အချိန်က MP-3တောင် မပေါ်သေးပါဘူး၊ ကိုကိုစစ်တို့ရဲ့ main entertainment ကတော့ တရှဲရှဲမြည်နေတဲ့ ရေဒီယိုလေးတွေပါပဲ။ တခါသုံး ဓါတ်ခဲလေးတွေလည်း ကိုကိုစစ်တို့နဲ့ တွေ့မှ ဆက်သွယ်ရေးစက်က generator နဲ့ အားသွင်းပြီး recycle ဘဝ ရောက်ရရှာတယ်။

             ဒီပုံရိုက်ကူးချိန်မှာ Aga နဲ့ အဖွဲ့တွေ ခြေလက်မျက်နှာဆေးဖို့ တစ်နေ့ကို တစ်ယောက်အတွက် ရေတစ်ပုံးလောက်သာ ခွဲတမ်းရှိလို့ ရေမချိုးဖြစ်တာ သုံးလေးရက်လောက် ရှိနေပါပြီ၊ ဒီနေရာကိုရောက်ဖို့ 3222 ဆိုတဲ့ အမြင့်ပေ3222 ရှိတဲ့ တောင်ကို ကျော်ပြီးမှ ရောက်တာဆိုတော့ တောင်ထိပ်တွေမှာ ရေရှားတဲ့အပြင် နွေလည်း ဖြစ်နေတာ ပါပါတယ်။ ဒိနောက်ပိုင်း 4358 , 5416  ဆိုတဲ့ တောင်ထိပ်တွေ ရောက်ပါသေးတယ်။ ပထမတစ်ကြိမ်ပဲ အနေခက်ပြီး နောက်ပိုင်းတော့ နေရတာရော ၊ ရှူရတဲ့ ကိုယ်နံ့တွေလည်း ယဉ်သွားလို့ ကျင့်သားရသွားပါပြီ။

             ဒီ စစ်ဆင်ရေးကို Nov.5.2005 မှာ စတက်ခဲ့ပြီး စစ်ဆင်ရေး မရုတ်ခင်မှာပဲ Aga  ဗထူးမှာ သင်တန်းတက်ဖို့အတွက် အဖွဲ့တွေကို ထားပြီး ယာဉ်တန်းကြုံနဲ့ May.24.2006 မှာ ပြန်လာပါတယ်။ 7လ နီးပါး ကြာပြီဆိုတော့ ပြန်လာချိန်မှာ နောက်ကဆံပင်ဟာ ကျောကိုရောက်လို့ ပိုနီတေး စည်းလို့ ရနေပါပြီ။ ယာဉ်တန်း လွိုင်ကော် ရောက်ရောက်ချင်းပဲ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ရှိ G1ကြီး ( စစ်ဦးမှူးပထမတန်း) ထံရောက်ကြောင်း သတင်းပို့ပါတယ်။ ငယ်ရာမှ ကြီးလာတဲ့ လူကြီးက ဘာမှမပြောသေးဘဲ ပြုံးကြည့်ပြီးနောက်မှ ထူးခြားမှု ရှိ/မရှိ မေးပြီး သင်တန်းရှိ၍ ပြန်ခေါ်တာဖြစ်ကြောင်း နှင့် အုပ်ချုပ်မှု ကိစ္စများ စီစဉ်၍ သင်တန်းအမီသွားရောက်ရန် ညွှန်ကြားပါတယ်။ နောက်နေ့မှာပဲ သင်တန်းကိစ္စ လိုအပ်တာ စီစဉ်ရင်း ဆံပင်လည်း ညှပ်လိုက်ပါတယ်။

            ဒီနေရာမှာ တွေးမိတိုင်း ပြုံးချင်တာ တစ်ခုက G1 ကြီး အား သတင်းပို့ပြီးနောက် လာကြိုတဲ့ လွိုင်ကော်နှစ်ထပ်ဈေးမီးပွိုင့်ဘက်ကို မြို့ပြအရသာခံစားရင်း ဖြေးဖြေးချင်းလျှောက်လာရာမှာ မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲ (ရန်ကုန်/မန္တလေးက ပြောင်းလာဟန် တူပါတယ်) က “ ပိန်ညော်ညော် ညှင်းသိုးသိုး အရောင်လွင့်ပြယ်နေတဲ့ ယူနီဖောင်းနဲ့ ပစ္စတို ခါးထိုးထားတဲ့ ဆံပင်ရှည်ရှည် စစ်ဗိုလ်တစ်ယောက်ကို မမြင်ဖူးလို့ အထူးအဆန်းသဖွယ် လိုက်ပြီး ငေးကြည့်နေတဲ့ မျက်လုံးတစ်စုံ ” ကို ပါပဲ။

M P T ကို ထာဝစဉ် အားပေးသူ တစ်ယောက်ဧ။် ရင်ဖွင့်သံ

မခိုး၇ ၇င်လက်တို သွားမှာ
စိုးလို.ပါ
ဘယ်လိုများလုပ်လိုက်တာလည်း M P T .....
       ကျနော် အမှန်တော့ ဒီပို့ စ် ကို မတင်ချင်ပါဘူး ။ ကျနော် ဒီတခါတော့ ဘယ်လိုမှ မခံစားနိုင်တော့လို့ တင် လိုက်ပြီး ရင်ဖွင့်မိတာပါ  ။
     ကျနော် ၀န်ထမ်းတစ်ယောက်ပါ ။ဝန်ထမ်းတောင်မှ ၂၄ နာရီ အပြည့် တာဝန် ထမ်းဆောင်နေတဲ့သူပါ ။
     ဒါကြောင့် အင်တာနက်သုံးရင် WIFI ဆိုတာ အိမ်မက်ပါပဲ  ။ အဓိက ဖုန်းနဲ့   Computer ပါ ။
     ဒီနေ့ အင်တာနက်လိုင်း ဖွင့်တာ မဖွင့်ခင် ငွေ အရင် စစ်လိုက်ပါတယ် ။
၁၈၅၆.၄၀ ကျပ်ပါ ။  ဖွင့်ပြီးလို့ ၆ မိနစ် ကျော် လောက်မှာ ပြန်ပိတ်ပြီး ငွေပြန်စစ်တော့ ၁၇၆၄.၈၀ ကျပ်ပါ ။
       ငွေပြန် နှုတ်ကြည့်တော့ ၉၁.၆ ကျပ် ပါ ။ ကျနော် သုံးတဲ့ ဖုန်းက CDMA 800 MHz ၅ သိန်းတန်ပါ ။
       တကယ်တန်းကျသင့်တာ ( ၇ ) မိနစ်ပဲ ထား ။ ၄  ×  ၇  =  ၂၈ ကျပ်ပါ ။
ငွေကျပ် ၆၀ ကျပ် ကွာနေပါတယ် ။
  မေးစရာရှိပါတယ် ! ခင်ဗျား ဒီကြားထဲ ဖုန်းဆက်မိသလား ဆိုပြီးတော့ !
        ကျနော် စစ်သား သစ္စာဆိုပါရစေ ။ ဒီစာမှာ မုသားပါခဲ့ရင် သွားတဲ့ ခရီးလမ်း ဘေး အန္တာရယ် ကျရောက်ပါစေ လို့ အဓိဌာန်ပြုပါတယ် ။
        ခဏလေးနဲ့ မသိသာပေမယ့် ရေရှည် မှာ သိသာလာပါတယ် ။
          အခု ၆၀ ကျပ်က နေ ၁၀ ခါဆို ၆၀၀ ကျပ် ၁၀၀ ခါဆို ၆၀၀၀ ကျပ် ဖြစ်လာနေပါပြီ ။
     ဒီနေ့ မှ တိုက်တိုက် ဆိုင်ဆိုင် စစ်မိတာပါ ။
        ဆာဖာ အမှားဆို လည်း ဘာမှ မတတ်နိုင်တော့ပါ ။ 
       M  P  T  ကို အပြစ်တင်နေခြင်း မဟုတ်ပါ ။
        ဆာဖာ များကို ပြန်လည် စစ်ဆေးသင့်ကြောင်းပါ  ။
         ကျနော် တင်ပြချက် အမှားပါခဲ့ပါက ကျနော့် အားနည်းချက် ဖြစ်ကြောင်း ၀န်ခံပါရစေ ။
          M  P   T   ကို ထာဝစဉ် အားပေးသူ 
     ကိုကိုအောင်  ( ဘုရင့်နောင်  )
ကိုယ်တိုင်ကြုံတွေ့ ရေးဖွဲ့သည်  ။

ရန်ကုန် ယာဉ်ထိန်းရဲ Nissan Fair Lady ပြိုင်ကား သုံးပြီ

Sunday, May 26, 2013
ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ပြိုင်ကားတစင်းကို ပထမဆုံး ယာဉ်ထိန်းရဲကားအဖြစ် အသုံးပြုတော့မယ့် အကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာ နောက်ကျောဖုံးမှာ ရေးထားပါတယ်။

ဓာတ်ပုံ-( ကြေးမုံသတင်းစာ)

နာမည်ကြီး Nissan Fair Lady ပြိုင်ကားတစီးကို အခု မေလ ထဲမှာပဲ ဂျပန်နိုင်ငံက လှူဒါန်းလာတာကြောင့် ဒီကားကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့လည်း အသုံးလိုနေတာကြောင့် ဒီပြိုင်ကားဟာ ပထမဆုံး ယာဉ်ထိန်းရဲ ပြိုင်ကား ဖြစ်လာမှာပါ။

အခုလို ပြိုင်ကား အကောင်းစားတစီးကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့ အသုံးပြုရတာဟာ ညဖက်တွေမှာ အရှိန်ပြင်း မောင်းနှင်တဲ့ ကားတွေနဲ့ စည်းကမ်းဖျက် တိမ်းရှောင်ယာဉ်တွေကို လိုက်လံ ဖမ်းဆီးရာမှာ အသုံးပြုဖို့နဲ့ VIP ရှေ့ပြေး ယာဉ်အဖြစ်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ယာဉ်ထိန်းရဲ ဋ္ဌာနက ရဲမှူးကြီး ကျော်ထွေးကို ကိုးကားပြီး ကြေးမုံသတင်းစာက ဖော်ပြထားပါတယ်။

Nissan Fairlady-Z Club Myanmar မှာ တွေ့ရတဲ့ ရဲပြိုင်ကား ဓာတ်ပုံ

ယာဉ်ထိန်းရဲကားကို အခုလို လူကြိုက်များ ပြိုင်ကားအသုံးပြုလိုက်တာကြောင့် ရန်ကုန်မြို့မှာ ည အချိန်မတော် သောင်းကျန်းနေတဲ့ လူကြီးသားသမီးများဆိုတဲ့ ကားပြိုင်မောင်းတာနဲ့ ရမ်းကားမှုတွေ အတွက် ဘယ်လောက် အထောက်အကူဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

facebook မှာပြောတဲ့ အမေ စု

နိုင်ငံရေးလုပ်ရာမှာ အခြေအနေ၊ အချိန်အခါကို သုံးသပ်ပြီး သင့်တော်တဲ့ မဟာဗျုဟာကို ရွေးချယ်ရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး အပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုဟာ အသွင်ပြောင်းလာတာနဲ့ အလျောက်
နိုင်ငံရေးလုပ်သူများရဲ့ အတွေးအခေါ် အပြုအမူ ဗျူဟာတွေကို ပြောင်းလဲဖို့လိုလာပါတယ်။ စစ်အတွင်းက
စစ်ရေးနည်းလမ်းနဲ့ တိုက်ခိုက်လှုပ်ရှားခဲ့ရာကစစ်ပြီးခေတ်မှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းစဉ်ကို
ဖေဖေနဲ့ဖဆပလအဖွဲ့ကြီးက ရွေးချယ်ခဲ့ကြပါတယ်။ တစ်ချို့နိုင်ငံရေးအစုအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေက တော်လှန်
ရေးလမ်းစကိုပဲ ဆက်လိုက်ဖို့ အားသန်ကြတာကြောင့် နိုင်ငံရေးအဖွဲ့အစည်း ပုဂ္ဂိုလ်များအကြား သဘောထား
ကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သမိုင်းဆိုတာ တစ်ကျော့ပြန်လည်တတ်တယ်ဆိုတဲ့ သဘောအရ ကြည့်မယ်ဆိုရင်
ကျွန်မတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးဟာ
တော်လှန်ရေးနဲ့တည်ဆောက်ရေးလမ်းစဉ် နှစ်သွယ်အကြား ရွေးချယ်ရမယ့်
အခြေအနေ ရောက်နေပြီလားလို့ စဉ်းစားမိပါတယ်။ယခုအခါမှာ ကျွန်မတို့ဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီမရရှိသေးပါဘူး။
ဒါပေမဲ့ အကြမ်းမဖက်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးမူပေါ် အခြေခံပြီး တည်ဆောက်ရေးစိတ်ဓါတ်နဲ့ ရရှိနိုင်မယ်လို့
ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်။

Sweat and Virus ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ်တဲ့

၂ဝဝ၇ ခုနှစ်က ကျန်းမာရေးသတင်းတပုဒ်ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports အာကစား လုပ်သူတွေအချင်းချင်း ချွေးကနေကူးနိုင်တယ်လို့ ဓါတ်ပုံနဲ့ ဖေါ်ပြထားပါတယ်။ သုတေသနလုပ်သူတွေက အိုလန်ပစ် နပမ်းသမား (ယောက်ျား အသက် ၁၈-၃ဝ) ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ "မကူးစက်နိုင်တဲ့နည်းလမ်းတွေ" ထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။
• Touching or Hugging ထိကိုင်၊ ပွေ့ဖက်ခြင်း၊
• Utensils, Towels, Bedding မီးဖိုချောင်သုံးပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊
• Sweat or Tears ချွေး နဲ့ မျက်ရည်၊
• Swimming pools, Saunas, Hot tubs, Toilets ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊
• Coughs or Sneezes ချောင်းဆိုး၊ နှာချေ။

Hepatitis B virus အသဲရောင် (ဘီ) ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကိုကူးခြင်းတို့ဖြစ်တယ်။ မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဘာမှ မလုပ်ဘဲ (ဆေးမကုဘဲ) နေရင် သူကနေ မွေးလာမဲ့ကလေးကို မွေးနေတုံးကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူဆိုရင် သူကနေမွေးလာမဲ့ကလေးကို မွေးနေတုံး ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။
နောက်ပြီး အတူနေမိသားစုအတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။ ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

Sweat Can Transmit Viral Infections http://news.softpedia.com/news/Sweat-Can-Transmit-Viral-Infections-48302.shtml?fb_action_ids=304402569689733&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၃

မြန်မာဆိုဒ်များကို အကြည့်များသူများသွင်းထားသင့်တဲ့ addons ပါ

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် နေပြည်တော် အမြန်လမ်းမကြီးတွင် တိမ်းမှောက်ပြီး ၁၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရရှိ

caraccidentyangonmandalay-may26
ကိုးဂွတံတားအောက်သို့ ထိုးကျပျက်စီးနေသော မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်အား မေ ၂၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)
မေ ၂၅ ရက် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-မော်လမြိုင်-ဘားအံ-သံဖြူဇရပ်သို့ မောင်းနှင်သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ပြည်ထောင်စု အမြန်လမ်းမကြီးပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကိုးဂွတံတားအောက်သို့ ထိုးကျခဲ့သဖြင့် ခရီးသည် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံယာဉ်သည် ရန်ကုန်မှ မေ ၂၄ ရက် ည ၈ နာရီခွဲမှ စတင်ကာ မန္တလေးသို့ ထွက်ခွာလာစဉ် ယာဉ်မောင်းသီဟအောင် မောင်းနှင်ချိန်၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြည်ထောင်စု အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံ အကြားသို့အ ရောက်တွင် ကိုးဂွတံတားအနီး လမ်းမဘယ်ဘက် နံဘေးရှိ ဘာဂျာတုံးအား တိုက်မိရာမှ ကိုးဂွတံတားအား ဆက်လက်တိုက်မိကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်ပေါ်တွင် ယာဉ်မောင်းယာဉ်နောက်လိုက်နှင့် ခရီးသည် စုစုပေါင်း၂၆ ဦး လိုက်ပါခဲ့ပြီး အမေရိကန်နိုင်ငံသား ခရီးသွား တစ်ဦးလည်း ပါဝင်ခဲ့ရာ အမေရိကန်နိုင်ငံသား Gleen အသက် ၃၁ နှစ်ခန့်အား ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ပြီး တစ်ဦးမှာ မိမိအစီအစဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

လမ်းမှာထမင်းစားနားတဲ့ အချိန်မှာ သူတို့ကားကို ပြင်နေတာ တွေ့တယ်။ ဦးဇင်းလည်း ကားပေါ်တက်ခါနီး ကားဘီးကို ကြည့်လိုက်တော့ ကားဘီးက ကွဲနေတာတွေ့တယ်။ တာယာကကွဲနေတာ အခုမှောက်တဲ့နေရာရောက်တော့ ကားကဘီးပေါက်တာလား ဘာလားမသိဘူး၊ ဟိုဘက်ယိမ်း ဒီဘက်ယိမ်း ဖြစ်ပြီးတော့မှ ချောက်ထဲကို ထိုးကျသွားတာ . . . . .
မှန်လုံယာဉ်မှာ ခါးပိုင်းကျိုး အနေအထားဖြင့် တံတားပေါင်မှ အောက်ဘက်သို့ ထိုးကျတိမ်းမှောက်ရာ ကားတစ်စီးလုံး ပျက်စီးသွားခဲ့ပြီး ခရီးသည် ကျား ၅ ဦး၊ မ ၅ ဦးနှင့် သံဃာ ၁ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးသွားခဲ့ကြောင်း မေလ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်စာရင်းအရ သိရှိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအား ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကျား ၉ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၁၃ ဦး တက်ရောက်ကုသနေပြီး ကျား ၂ ဦးမှာ စိုးရိမ်ရသော အခြေအနေရှိနေပြီး သတိပြန်လည်လာခြင်း မရှိသေးကြောင်း၊ ဖြူးမြို့ဆေးရုံကြီးရှိ အတွင်းလူနာများအား နိုင်ငံတော်မှ ထုတ်ပေးထားသော အရေးပေါ် အထူးကုဆေးဝါးများ၊ ဓာတ်မှန်ရိုက်ပေးခြင်းတို့အား ဆေးရုံရှိ အထူးကု ဆရာဝန်ကြီးများဖြင့် အခမဲ့ ကုသပေးလျက်ရှိကြောင်း ဖြူးမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဦးဇော်လွင်က ပြောကြားသည်။
caraccidentyangonmandalay2-may26
ဒဏ်ရာရ ခရီးသည်များအား ဖြူးဆေးရုံတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းချစ်)
"ဦးဇင်းက မြစ်ကြီးနားကိုပြန်ဖို့ ရန်ကုန်ကနေ မန္တလေးကို စီးလာတာပါ။ ကားက ရန်ကုန်ကနေ ည ၈ နာရီခွဲမှာ စထွက်တာ၊ စထွက်ပြီး သိပ်မကြာဘူး အမှတ် ၃ လမ်းမကြီးကို မရောက်ခင်ကတည်းက နှစ်ကြိမ်လောက် ပျက်သေးတယ်။ အဲဒီက ဆက်မောင်းလာပြီး လမ်းမှာထမင်းစားနားတဲ့ အချိန်မှာ သူတို့ကားကို ပြင်နေတာ တွေ့တယ်။ ဦးဇင်းလည်း ကားပေါ်တက်ခါနီး ကားဘီးကို ကြည့်လိုက်တော့ ကားဘီးက ကွဲနေတာတွေ့တယ်။ တာယာကကွဲနေတာ အခုမှောက်တဲ့နေရာရောက်တော့ ကားကဘီးပေါက်တာလား ဘာလားမသိဘူး၊ ဟိုဘက်ယိမ်း ဒီဘက်ယိမ်း ဖြစ်ပြီးတော့မှ ချောက်ထဲကို ထိုးကျသွားတာ။ နောက်တော့ ဦးဇင်းတို့လည်း ဘာမှမသိတော့ဘူး" ဟု ဖြူးမြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေသော မြစ်ကြီးနားမြို့၊ မဟာဗောဓိကျောင်းတိုက်မှ ဦးဇင်းဦးဇန္နကမှ မိန့်ကြားတော်မူသည်။
"ကျွန်မတို့ကဖြစ်ပြီး ၁၀ မိနစ် ပတ်ဝန်းကျင်လောက်မှာ ရောက်တယ်။ အရေးကြီးတဲ့သူတွေ အရင်ပို့တယ်။ ၁၀ မိနစ်လောက်သာ နောက်ကျမယ်ဆိုရင် နောက်ထပ် ၃၊ ၄ ယောက်လောက် ထပ်ပြီးသေမှာပါ။ ရောက်ရောက်ချင်း နှလုံးခုန်ရပ်နေတဲ့ မိန်းကလေးကို နှလုံးခုန်အောင် လုပ်နိုင်ခဲ့တဲ့အတွက် အသက်ဆုံးရှုံးမှုကနေ လွတ်မြောက်အောင် ကူညီနိုင်ခဲ့တယ်။ ယခုလို ကားမှောက်ရတာ အဓိကကတော့ ကားဘီးတွေက ပွိုင့်တွေမကောင်းတာလည်း ပါတယ်" ဟု အရေးပေါ် ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဒေါ်သန်းသန်းမြင့်က ပြောကြားခဲ့သည်။
"ဖြစ်တဲ့နေရာကို ကျွန်တော်တို့ ၁၀ မိနစ်အတွင်း ရောက်ရှိသွားတယ်။ ဒီတစ်ခေါက် ဖြစ်စဉ်မှာ အမြန်လမ်းပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အားသုံးပြီးတော့ လုပ်ဆောင်ခဲ့တဲ့အတွက် အသက်တွေကို ကယ်နိုင်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိတဲ့ သူတွေရဲ့ ပစ္စည်းတွေကို ဆောက်လုပ်ရေး၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး၊ ပြည်သူလူထု ပါဝင်တဲ့ ဘုတ်အဖွဲ့ဖွဲ့ပြီး သိမ်းဆည်းထားပါတယ်။ အမြန်လမ်းပေါ်မှာ တာယာပေါက်ပြီးတော့ ယာဉ်တိမ်းမှောက်ဖြစ်စဉ်တွေက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီအတွက် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးဖို့ လိုပါတယ်" ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်းက ဆိုခဲ့သည်။
မန်းရွှေမြို့တော် မှန်လုံယာဉ်သည် ရန်ကုန်မှ စထွက်ပြီး ကားခဏခဏ ပျက်ခြင်း ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါယာဉ်အား ယာဉ်မောင်းသီဟအောင်နှင့် ညွန့်ဝေနှစ်ဦး မောင်းနှင်ပြီး ရန်ကုန်မှစထွက်ချိန်တွင် ယာဉ်မောင်း ညွန့်ဝေမှ မောင်းနှင်ပြီး ဖြူးမြို့နယ် ယာဉ်ရပ်နားစခန်းတွင် ထမင်းစားနားပြီး ဆက်လက်ထွက်ခွာရာ ယာဉ်မောင်းသီဟအောင်က ပြောင်းလဲမောင်းနှင်ရာတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာများ ရရှိကာ ဖြူးမြို့ပြည်သူ့ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူကြသူ ခရီးသည်များက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ အမြန်လမ်း ရဲစခန်း၊ ကယ်ဆယ်ရေးစခန်း၊ ဆောက်လုပ်ရေးဌာနနှင့် ခရိုင်အတွင်းရှိ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ အင်အားများဖြင့် လာရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းအား ယာဉ် ပ-၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄( က)/၃၃၈/၃၃၇ ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရှိရသည်။
http://news-eleven.com/local/19539

messages တွေ video နဲ့ အသံ တွေ Free ပို့မယ် WhatsApp Messenger အကောင်းဆုံးလို့ပြောရပါတယ်

WhatsApp Messenger 2.10.222 Apk 10MB Direct Download

WhatsApp Messenger အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 26 ရက်နေ့ထွက်Update တင်ပေးလိုက်ပါတယ်
messages တွေ video နဲ့ အသံ တွေ Free ပို့မယ် WhatsApp Messenger အကောင်းဆုံးလို့ပြောရပါတယ် 
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အားလုံးအရေး ထည့်သွင်းဆွေးနွေးဖို့ တောင်းဆို

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက်အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ကြပါတယ်။
 
လာမယ့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ဆွေးနွေးပွဲမှာ ကျန်တဲ့တိုင်းရင်းသားအရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးပေးစေလိုတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ လက်မှတ်ရေးထိုးရာမှာပါဝင်တဲ့ ဦးစိုင်းထိန်လင်းက RFA ကို ပြောပါတယ်။
 
“ကချင်ပြည်နယ်မှာ သမိုင်းအစဉ်အဆက် အခုချိန်ထိနေခဲ့တဲ့ ကျနော်တို့ ရှမ်းမျိုးနွယ်စုဟာ ကချင်ပြည်နယ်ထဲမှာ သွတ်သွင်းတဲ့ အချိန်ကစပြီးတော့ ကျနော်တို့လူမျိုးစုနယ်မြေတွေဟာ တိမ်မြှပ်နေတယ်၊ နောက်ကျနော်တို့ဟာ ပြောရေးဆိုခွင့်ဟာလည်း မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာနဲ့မြန်မာကိုသိဖို့အတွက် စည်းဝေးရခြင်းဖြစ်ပါတယ်၊ ကျနော်တို့ ငြိမ်းချမ်းရေး သဘောတူညီမှုများ ချမှတ်တဲ့အခါမှာ ကချင်လူမျိုးစုအတွက် အဓိကမဟုတ်ပဲနဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ ရှမ်းလူမျိုးစုများအပါအဝင် တခြားတိုင်းရင်းသားများရဲ့ အကျိုးစီးပွား၊ အခွင့်အရေးကိုလည်းပဲ မထိခိုက်ဖို့
အတွက် အလေးထားနိုင်ဖို့အတွက် ကျနော်တို့က သဘောထားထုတ်ပြန်ရခြင်းဖြစ်ပါတယ်”
 
အဲဒီကြေညာချက်မှာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင်မဟုတ်တဲ့ ကျန်တဲ့တိုင်းရင်းသား လူမျိုးစုတွေရဲ့ တန်းတူညီမျှမှုအခွင့်အရေး ဆွေးနွေးပေးဖို့အပြင် ကုလသမဂ္ဂက ပြဌာန်းထားတဲ့ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးကိုလည်း အားလုံးကလေးစားလိုက်နာကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။ မြစ်ကြီးနား၊ တာလောကြီး၊ ဝိုင်းမော်၊ ခတ်ချိုစတဲ့ မြို့ရွာတွေမှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ် စုစုပေါင်း ၃၁ ယောက်က ဒီကနေ့မြစ်ကြီးနားမြို့ ၀န်းသို ကျောင်းတိုက်မှာ အစည်းအဝေးပွဲကျင်းပခဲ့ပြီး စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြတာပါ။

Sunday, May 26, 2013

"ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်"

••••••••••••••••••••••••••••••••••••••••••••••••
လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။

ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်

စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။

အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။

လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။

ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။

လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။

လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း
မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ
မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေတတ်ပါတယ်။
 
ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်းသေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊
အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။

အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊ ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ
ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။
အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။
လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့
ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။

ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊ မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ
ဖြစ်လေရာ ဘ၀တိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။
လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။
မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။
 
ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊
မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့
အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။
မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။

မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။
အရူးအနှမ်းဖြစ်တတ်ပါတယ်။သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊
မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။

ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။

ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။
အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။

သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။

ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။

ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။

- အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)

Dhamma Danã Source
►Young Buddhist's Association
ဒီနေရာမှ ကူးယူမျှဝေပါသည်။
                                                                                                  လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2013/05/blog-post_8820.html

ဖုန်း ဖြင့် 3G အင်တာနက် သုံး သူများ ဆောင် သင့် တဲ့ ဆော့ဝ် Apk

ဂျပန် ၀န်ကြီးချုပ်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ပြီး ဘာတွေ ပြောခဲ့လဲ

Sunday, May 26, 2013
ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုဘာဘေးနဲ့ ဂျပန်ကိုယ်စားလှယ် အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ယနေ့ 
နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ 

အဲဒီလိုတွေ့ဆုံကြရာမှာ  ရန်ကုန်တက္ကသိုလ်နှင့် နာဂိုယာ တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်-မြန်မာ ဥပဒေရေးရာ သုတေသနဋ္ဌာန (Japan-Myanmar Legal Center) တည်ထောင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကူညီပံ့ပိုးပေးရေး ကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာ 
ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ရုံး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
ဒီအပြင် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ/ အတတ်ပညာ အကူ အညီပေးရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများအတွက် အသေးစား
ငွေကြေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မြို့ပြစီမံကိန်း ရေးဆွဲမှု၊ မြို့ပတ်ရထားလမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး နှင့် ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံတွင် မော်တော်ကား စက်ရုံများ တည်ဆောက် ထုတ်လုပ်ရေး ကိစ္စတွေလည်း ၂ နိုင်ငံ ခေါင်းဆောင်တွေက  ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် တို့ဟာ ၂ နိုင်ငံဆိုင်ရာ စာချွန်လွှာလက်မှတ်ထိုးပွဲတွေကို တက်ရောက်ကြပါတယ်။ 
စာချွန်လွှာရေးထိုးကြရမှာ ပညာသင်ဆုပေးရေး၊ ရန်ကုန်မြို့တော်ရေပေးရေးစနစ်စတဲ့ ကဏ္ဍတွေကို ဂျပန်က ကူညီပေးသွားမယ့် ကိစ္စလည်း ပါဝင်ပါတယ်။
"ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်း သုံးရပ်အတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ ဂျပန်ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံအား ပေးအပ်ရေးအတွက် လဲလှယ်မှု စာချွန်လွှာ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် ဂျပန်ယန်း ၁၂ ဒသမ ၅ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် နောက်ကျကြေး ဂျပန်ယန်း ၁၇၆ ဒသမ ၁ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာတို့ကို ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်နှင့် ဂျပန်နိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်" လို့လည်း သမ္မတ ရုံး ၀က်ဆိုက် မှာ ဖော်ပြထားပါတယ်။
ဂျပန်-မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အနက် သီလဝါ အထူးစီးပွားရေးဇုန် ကိစ္စလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင်အထည်
ဖော်ခဲ့ပြီး ယန်းချေးငွေသစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရန် ဂျပန်အစိုးရက ဆုံးဖြတ်ပေးခဲ့သည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

ဒီအပြင် ဂျပန်ဘက်က အကူအညီတွေ ထပ်ပေးမယ့် ကိစ္စတွေကိုလည်း သမ္မတရုံးဝက်ဆိုက်မှာ အခုလို ဖော်
ပြထားပါတယ်။ 
"ဂျပန်အစိုးရ အနေဖြင့် ထပ်မံကူညီ ပေးမည်ဖြစ် ပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ ပြည်သူတို့၏ လူမှုဘဝ မြင့်မားရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ် စသည့် ကဏ္ဍ များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် ယန်းငွေ သန်း (၉၁၀၀၀) ဖြင့် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင်လည်း နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု အပါအဝင် အဘက်ဘက်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် အတွေ့အကြုံ နှင့် နည်းပညာကြွယ်ဝသည့် ဂျပန်နိုင်ငံတို့ အနေဖြင့် အနာဂတ် တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်" လို့ ဆိုပါတယ်။