This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, April 28, 2013

အိမ်ဖော်အား ငှက်ပျောသီး ၊ ပုလင်းများဖြင့် အနိုင်ကျင့်ခဲ့သည့် ညီအမ ထောင်ဒဏ်ထပ်တိုး (မလေးရှား)

Way Min Way Min shared သထုံ သားသား ကလေး's photo.
အိမ်ဖော်အား ငှက်ပျောသီး ၊ ပုလင်းများဖြင့် အနိုင်ကျင့်ခဲ့သည့် ညီအမ ထောင်ဒဏ်ထပ်တိုး (မလေးရှား)

လွန်ခဲ့သော 2003 ခုနှစ် နိုဝင်ဘာ လမှ 2014 စက်တင်ဘာလအထိ တစ်နှစ်တိတိအတွင်း  Wong Choy Ling နှင့် Wong Choy Kin ညီအမ ၂ ဦးတို့သည် မိမိ အိမ်တွင် ခိုင်းစေရန် ငှားရမ်းထားသည့် အိမ်ဖော် အင်ဒိုနီးရှားသူ Hanif Muawanah Muhyi အား ငှက်ပျောသီး ၊ ပုလင်း စသည်တို့ဖြင့် အနိုင်ကျင့် နှိပ်စက်ကြောင်းကို Hanif မှ တိုင်ကြားခဲ့သည်အတွက် Petaling Jaya တရားရုံးတွင် တရားဆွဲခံခဲ့ကြရပါတယ်။

Taman Bukit Serdang, Seri Kembangan အိမ်တွင်းမှာပင် တစ်နှစ်အတွင်းမကြာခဏထိုသို့ ပြုကျင့်ရုံမျှမက လက်ခံနိုင်စရာမရှိသော ရုန့်ရင်းကြမ်းတမ်းမှု့အဖြစ် အိမ်ဖော်၏ ဒွာရပေါက်များထဲသို့ ဘီစကွတ်များ ထည့်ကာရက်စက်မှု့ကိုပြုကျင့်ကြောင်းတရားရုံးမှတွေ့ရှိခဲ့ပါတယ် ။

ထိုသို့ နှိပ်စက်မှု့အတွက် Hahif မှတရားစွဲနိုင်ခဲ့ပြီး 2011 အောက်တိုဘာ 13ရက်နေ့တွင် မူ Pataling Jaya တရားရုံးမှ အဆိုပါ ညီအမအား အိမ်ဖော်အား နာကျင်စေမှု့ကြောင့် ထောင်ဒဏ် 8 လ နှင့် ရက်စက်ကြမ်းကြုတ်မှု့ အတွက် ထောင်ဒဏ် 2 နှစ်ချမှတ်ကာ အမှု့အဆုံးသတ်ခဲ့ပါတယ် ။ အဆိုပါ ဆုံးဖြတ်မှု့ကို Choy Ling, 41, နှစ်နှင့် Choy Kin, 39,တို့ ကသနားခံစာတင်ခဲ့ကြရာ Shah Alam တရားရုံးတော်မှ လက်မခံပဲ ပယ်ချပစ်ခဲ့ပါတယ် ။ 

ထိုသို့လက်မခံသောကြောင့် အဆိုပါညီအမ နှစ်ဦးတို့က Pataling Jaya တရားရုံးများသို့ဆက်လက် လျှောက်ထားသောကြောင့် တရားရုံးချုပ်တရားသူကြီး ၃ ဦးပါသော အဖွဲ့ဖွဲ့ကာ ဆက်လက်စုံစမ်းမှု့များပြုလုပ်အပြီး မတရားကျင့်မှု့ထင်ရှားသောကြောင့် ယခင်ထောင်ဒဏ် ၂ နှစ် ၈ လချမှတ်ထားသည့် ပစ်မှု့အား ထောင်ဒဏ် 5 နှစ်သို့ပြောင်းလဲချမှတ်ကာ တရားဥပဒေတွင် နိုင်ရာစားမရှိကြောင်းပြသခဲ့ပါတယ် ။

သို့ကြောင့် 2011 အောက်တိုဘာလမှ စတင်ဖမ်းဆီးခံခဲ့ရသော ညီအမ နှစ်ဦးဖြစ်သူ Wong Choy Ling နှင့် Wong Choy Kinတို့သည် သနားခံစာတင်ကာ တရားရုံးမှ ဆုံးဖြတ်ချက်အား စောဒကတက်သောကြောင့် မကြာမီထွက်ရမည့် အစား လာမည့် 2006 ခုနှစ်တိုင် 5 နှစ်ပြည့်အောင် ထောင်ဒဏ်ကြခံရတော့မည်ဖြစ်ပါတယ်။

မြန်မာညီအကိုမောင်နှမများအဖို့ အိမ်ဖော် ပုံပြင်များစွာအား နား ၊ မျက်စိတို့ဖြင့် ကြားသိနေကြရပေမယ့် ယခုကဲ့သို့ ကြမ်းကြုတ်မှု့များကြားရသောအခါ လွန်စွာအံအားသင့်ပြီး အဖွဲ့ဝင်များလည်းသိရှိသင့်လို့ ဘာသာပြန်ပေးခြင်းပါ ။

မလေးရှားသာမက အရှေ့တောင်အာရှနိုင်ငံများ အတွင်း တိုးတက်ဆဲနိုင်ငံများဖြစ်ကြသည့် စင်္ကာပူ ၊ ထိုင်း နိုင်ငံတို့တွင်လည်း အိမ်ဖော်အားလူမဆန်စွာနှိပ်ဆက်မှု့များ ရှိခဲ့ပြီး ထိုသို့ဖြစ်ပျက်မှု့များတွင် တရားဆွဲဆိုနိုင်ခဲ့သော အမှု့များအားသတင်းအဖြစ်ဖတ်နိုင်ကြပေမည့် သတင်းစာပေါ်သို့တက်မလာသော အမှု့များစွာ ဖြစ်ပျက်နေဆဲဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူ ရှေ့နေမှ ယနေ့စကားဝိုင်းတွင် ပြောကြားခဲ့ပါတယ် ။

နိုင်ငံတကာသို့ အလုပ်သမားအဖြစ်ရောက်ရှိလာကြမည့် ၊ ထွက်ခွာလာကြမည့် မြန်မာနိုင်ငံသားများအတွက် သတိ ၊ အသိများရရှိစေရန် သာမက တတ်နိုင်လျှင် မြန်မာအမျိုးသမီးငယ်များ မည်သည့်အလုပ်ကိုလုပ်မည်ဖြစ်စေ စဉ်းစားဆုံးဖြတ်နိုင်ကြစေရန် စေတနာဖြင့် တင်ဆက်လိုက်ရပါတယ် ။

Ref : Thestar (Malaysia) , Asia One News
လွန်ခဲ့သော 2003 ခုနှစ် နိုဝင်ဘာ လမှ 2014 စက်တင်ဘာလအထိ တစ်နှစ်တိတိအတွင်း Wong Choy Ling နှင့် Wong Choy Kin ညီအမ ၂ ဦးတို့သည် မိမိ အိမ်တွင် ခိုင်းစေရန် ငှားရမ်းထားသည့် အိမ်ဖော် အင်ဒိုနီးရှားသူ Hanif Muawanah Muhyi အား ငှက်ပျောသီး ၊ ပုလင်း စသည်တို့ဖြင့် အနိုင်ကျင့် နှိပ် စက်ကြောင်း ကို Hanif မှ တိုင်ကြားခဲ့ သည်အတွက် Petaling Jaya တရားရုံးတွင် တရားဆွဲခံခဲ့ကြရပါတယ်။

Taman Bukit Serdang, Seri Kembangan အိမ်တွင်းမှာပင် တစ်နှစ်အတွင်း မကြာခဏ ထိုသို့ ပြုကျင့် ရုံမျှမက လက်ခံနိုင်စရာမရှိသော ရုန့်ရင်းကြမ်းတမ်းမှု့အဖြစ် အိမ်ဖော်၏ ဒွာရပေါက်များထဲ သို့ ဘီစကွတ် များ ထည့်ကာရက်စက်မှု့ကိုပြုကျင့်ကြောင်းတရားရုံးမှတွေ့ရှိခဲ့ပါတယ် ။

ထိုသို့ နှိပ်စက်မှု့အတွက် Hahif မှတရားစွဲနိုင်ခဲ့ပြီး 2011 အောက်တိုဘာ 13ရက်နေ့တွင် မူ Pataling Jaya တရားရုံးမှ အဆိုပါ ညီအမအား အိမ်ဖော်အား နာကျင်စေမှု့ကြောင့် ထောင်ဒဏ် 8 လ နှင့် ရက်စက်ကြမ်းကြုတ်မှု့ အတွက် ထောင်ဒဏ် 2 နှစ်ချမှတ်ကာ အမှု့အဆုံးသတ်ခဲ့ပါတယ် ။ အဆိုပါ ဆုံးဖြတ်မှု့ကို Choy Ling, 41, နှစ်နှင့် Choy Kin, 39,တို့ ကသနားခံစာတင်ခဲ့ကြရာ Shah Alam တရားရုံးတော်မှ လက်မခံပဲ ပယ်ချပစ်ခဲ့ပါတယ် ။

ထိုသို့လက်မခံသောကြောင့် အဆိုပါညီအမ နှစ်ဦးတို့က Pataling Jaya တရားရုံးများသို့ဆက်လက် လျှောက်ထားသောကြောင့် တရားရုံးချုပ်တရားသူကြီး ၃ ဦးပါသော အဖွဲ့ဖွဲ့ကာ ဆက်လက်စုံစမ်းမှု့များပြုလုပ်အပြီး မတရားကျင့်မှု့ထင်ရှားသောကြောင့် ယခင်ထောင်ဒဏ် ၂ နှစ် ၈ လချမှတ်ထားသည့် ပစ်မှု့အား ထောင်ဒဏ် 5 နှစ်သို့ပြောင်းလဲချမှတ်ကာ တရားဥပဒေ တွင် နိုင်ရာစားမရှိကြောင်းပြသခဲ့ပါတယ် ။

သို့ကြောင့် 2011 အောက်တိုဘာလမှ စတင်ဖမ်းဆီးခံခဲ့ရသော ညီအမ နှစ်ဦးဖြစ်သူ Wong Choy Ling နှင့် Wong Choy Kinတို့သည် သနားခံစာတင်ကာ တရားရုံးမှ ဆုံးဖြတ်ချက်အား စောဒက တက်သောကြောင့် မကြာမီထွက်ရမည့် အစား လာမည့် 2006 ခုနှစ်တိုင် 5 နှစ်ပြည့်အောင် ထောင် ဒဏ်ကြခံရတော့မည်ဖြစ်ပါတယ်။

မြန်မာညီအကိုမောင်နှမများအဖို့ အိမ်ဖော် ပုံပြင်များစွာအား နား ၊ မျက်စိတို့ဖြင့် ကြားသိနေကြရပေမယ့် ယခုကဲ့သို့ ကြမ်းကြုတ်မှု့များကြားရသောအခါ လွန်စွာအံအားသင့်ပြီး အဖွဲ့ဝင်များလည်းသိရှိသင့်လို့ ဘာသာပြန်ပေးခြင်းပါ ။

မလေးရှားသာမက အရှေ့တောင်အာရှနိုင်ငံများ အတွင်း တိုးတက်ဆဲနိုင်ငံများဖြစ်ကြသည့် စင်္ကာပူ ၊ ထိုင်း နိုင်ငံတို့တွင်လည်း အိမ်ဖော်အားလူမဆန်စွာနှိပ်ဆက်မှု့များ ရှိခဲ့ပြီး ထိုသို့ဖြစ်ပျက်မှု့များတွင် တရားဆွဲဆိုနိုင်ခဲ့သော အမှု့များအားသတင်းအဖြစ်ဖတ်နိုင်ကြပေမည့် သတင်းစာပေါ်သို့တက်မလာသော အမှု့များစွာ ဖြစ်ပျက်နေဆဲဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူ ရှေ့နေမှ ယနေ့စကားဝိုင်း တွင် ပြောကြား ခဲ့ပါတယ် ။

နိုင်ငံတကာသို့ အလုပ်သမားအဖြစ်ရောက်ရှိလာကြမည့် ၊ ထွက်ခွာလာကြမည့် မြန်မာနိုင်ငံသားများ အတွက် သတိ ၊ အသိများရရှိစေရန် သာမက တတ်နိုင်လျှင် မြန်မာအမျိုးသမီးငယ်များ မည်သည့်အလုပ် ကို လုပ်မည်ဖြစ်စေ စဉ်းစားဆုံးဖြတ်နိုင်ကြစေရန် စေတနာဖြင့် တင်ဆက်လိုက်ရပါတယ် ။

Ref : Thestar (Malaysia) , Asia One News

CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ

CDMA 800 MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်ကျင်သာရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော အချက်များမှ သိရသည်။
၎င်းအရေအတွက်မှာ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဖုန်းအမျိုးအစားများ၌ အနည်းဆုံး အရေအတွက်ဖြစ်သည်။ CDMA (800 WLL) ဖုန်း အသုံးပြုသူ သုံးသိန်းကျော်ရှိပြီး MCWLL 400 အသုံးပြုသူ ငါးသောင်းကျော် ရှိကြောင်း သိရသည်။ ပြည်တွင်း၌ GSM ဖုန်း အသုံးပြုသူ အများဆုံးဖြစ်ပြီး အရေအတွက် သုံးသန်းကျော်၊ လေးသန်းနီးပါးရှိကြောင်း သိရသည်။ WCDMA ဖုန်းအမျိုးအစားအသုံးပြုသူ ခုနစ်သိန်းကျော်ရှိပြီး CDMA 450MHz အသုံးပြုသူ လေးသိန်းကျော်ရှိကြောင်း သိရသည်။ ပြည်တွင်း၌ မိုဘိုင်းဖုန်းအမျိုးအစားခြောက်မျိုးကို အသုံးပြုလျက်ရှိပြီး ၎င်းတို့မှာ CDMA 450 MHz, CDMA800 MHz, CDMA 800 WLL, MC (400), WCDMA, GSM တို့ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်း ချထားမည့် ဖုန်းများတွင် GSM ဖုန်းများသာ အဓိကချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ မြန် မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံချက်များရေးဆွဲပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း၊တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်း (၈) သန်း၊ ၂၀၁၄-၂၀၁၅ တွင် လိုင်း (၁၈) သန်း၊ စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂-၂၀၁၃ တွင် (၁၀) ရာခိုင်နှုန်း ၂၀၁၃-၂၀၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် (၅၀) ရာခိုင်နှုန်းဖြစ်လာအောင် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ မတ်လ (၂၉) ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် တန်ဖိုးနည်းမိုဘိုင်း SIM Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ၎င်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခုဖြစ်ပြီး တယ်လီဖုန်းသုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားကြောင်း အခြေခံ အဆောက်အဦ တည်ဆောက်သည့်အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ရှိပြီး အခြေခံအဆောက်အဦနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီများသာမက၊ ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားကြောင်း နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။http://hlyothwetuyin.blogspot.com/2013/04/cdma-800mhz.html

Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူများအတွက် တန်ဖိုးနည်း Tablet ဖုန်းထွက်ရှိ

Tablet  စနစ်နှင့် ဖုန်းစနစ် နှစ်မျိုးစလုံးကို ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုလိုသူများအတွက် တန်ဖိုးနည်း Tablet ဖုန်းအမျိုးအစား ထွက်ရှိလာကြောင်း သိရသည်။

အဆိုပါ Tablet ဖုန်းမှာ ဈေးနှုန်းအားဖြင့် ကျပ် ၁ သိန်းကျော်သာ ကျသင့်မည်ဖြစ်သည့်အပြင် ဂျီအက်စ်အမ် 3G ဖုန်းလိုင်းစနစ်နှင့် Tablet စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်း Tablet ဖုန်းတွင်းမှတ်ဉာဏ်စနစ်အတွက် Internal 4GB နှင့် 1GB ROM စနစ် ပါဝင်မည်ဖြစ်သောကြောင့်  မှတ်ဉာဏ်စနစ်အတွက်လည်း အဆင်ပြေနိုင်မည် ဖြစ်သည့်အပြင် Tablet အတွင်းပါဝင်သော CPU မှာလည်း 1GHz CPU ဖြစ်သောကြောင့် Function စနစ်ပိုင်းများနှင့် ဖုန်းတွင်းလုပ်ဆောင်ချက်ပိုင်းများတွင်လည်း မြန်ဆန်ချောမွေ့မှု ရှိနေမည်ဖြစ်ကြောင်း သိရသည်။ OS စနစ်မှာ Android OS Version 4.0.4 ဖြစ်ပြီး ကင်မရာစနစ်ပိုင်းအတွက်လည်း ကောင်းမွန်မြန်ဆန်မည်ဖြစ်သည်။ Dual ကင်မရာစနစ်ဖြစ်ပြီး အွန်လိုင်းအသုံးပြုစနစ်များ အနေဖြင့်လည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။ Gmail, Gtalk စနစ်များကိုလည်း အကောင်းဆုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇော်ဂျီမြန်မာစာစနစ်နှင့် အခြား Video Call စနစ်များကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။ ၎င်း Tablet ဖုန်း၏ အရွယ်အစားမှာ ၇ လက်မ Screen အရွယ်အစားဖြစ်သောကြောင့် Samsung ၏ Galaxy Tab 7.0 နှင့်အရွယ်အစား တူတူပင်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်မည်ဖြစ်သည်။

သမဝန်ကြီး ဦးကျော်ဆန်း အသေးစား ငွေချေးမည်

မေခ

မြို့ပြနေ အခြေခံအလုပ်သမားများကို သမ၀ါယမ၀န်ကြီးဌာနမှ အသေးစား ချေးငွေများထုတ်ချေးပေးရန် စီစဉ်နေပြီး လုပ်ငန်းစဉ်ကလည်း ကမ္ဘာကျော်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်၏ ဂရာမင်ဘဏ်ကဲ့သို့ ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ် ဖြစ်သည်။

သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ဧရာဝတီသို့ ပြောကြားရာတွင် ချေးငွေချေးယူရန် မြို့ပြနေ အခြေခံလုပ်သားများအနေဖြင့် မူလအစတွင် ဝိုင်းကြီးချုပ် ၅ ဦးဖြင့် စတင်စုစည်းရမည်ဖြစ်ပြီး ၎င်းမှတဆင့် သမအသင်းတစ်ခု ဖွဲ့စည်းရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းရာတွင် ၀ိုင်းကြီးအဖွဲ့မှ စတင်သည့် သက်ဆိုင်ရာစက်ရုံ ကိုယ်စားပြု အခြေခံအသင်း၊ ထိုသို့အသင်းများ စုစည်းထားသော မြို့နယ်ကိုယ်စားပြု သမအသင်း၊ ၎င်းမှတဆင့် တိုင်းဒေသ/ ပြည်နယ်ဆိုင်ရာ ကိုယ်စားပြု တိုင်းဒေသ/ပြည်နယ် သမအသင်းဟူ၍ ဖွဲ့စည်းခွင့် ပေးသွားမည်ဟု ဆိုသည်။

“စစချင်း ၀ိုင်းကြီးချုပ်အနေနဲ့ ဖွဲ့တဲ့ ၅ ဦးအနေနဲ့ စည်းကမ်းချက် ၃ ခု ရှိတယ်။ အဲဒါ လိုက်နာရပါမယ်။ ဒီ ၅ ယောက်က သူ့ဘာသာ သူ ထိန်းရမယ်။ ဒီမှာ ၀န်ကြီးဌာနက ဘာမှဝင် ရောက် စွက်ဖက်မှာ မဟုတ်ဘူး။ အသင်းတခုဖြစ်ဖို့ဆို အနည်းဆုံး ၀ိုင်းကြီးချုပ် ၅ ဦး အဖွဲ့တွေ ၅ ဖွဲ့နဲ့ အထက် ရှိရပါမယ်”ဟု ဆိုသည်။

အဆိုပါ သတ်မှတ်ထားသော စည်းကမ်းချက် ၃ ခုမှာ ငွေကြေးများပေါ်တွင် ချေးဌားပေးသောငွေကြေးကို အလွဲသုံးစား မလုပ်ရန်၊ ချေးယူသည့် ငွေကြေးကို သုံးစွဲရန် တင်ပြသည့် အကြောင်းအရာ သို့မဟုတ် အကျိုးရှိရှိ သုံးစွဲခြင်း ရှိမရှိ စစ်ဆေးရန်၊ သတ်မှတ်ချိန်တွင်း ပြန်လည်ပေးဆပ်ရန် တဦးဦးက ပျက်ကွက်ပါက ကျန်လေးဦးမှ တာဝန်ယူ ဆပ်ပေးရန် စသည့် စည်းကမ်းများ လိုက်နာရမှာဖြစ်သည်။ အဆိုပါ ၀ိုင်းကြီးချုပ် ၅ ဦးမှအစပြုကာ စက်ရုံအလိုက် သမ၀ါယမအသင်းများ ဖွဲ့စည်းရမည်ဟု သိရသည်။

“ သမ၀ါယမအသင်းဖွဲ့ပြီဆိုရင် ဥက္ကဌ၊ အတွင်းရေးမှုး၊ ငွေကိုင် စတဲ့ အမှုဆောင် အသင်းဝင်တွေကို ကိုယ့်ဘာသာ ရွေးချယ်ရပါမယ်။ အတိတ်တုန်းကလို ၀န်ကြီး ဌာန တာဝန်ရှိသူတွေက အသင်းဖွဲ့စည်းရေးမှာ ၀င်ရောက်စွက်ဖက်တာမျိုးတွေ ဘာမှလုပ်ဆောင် သွားမှာမဟုတ်ဘူး။ သတ်မှတ်ထားတဲ့ ဥပဒေတွေကို အသင်းတွေက လိုက်နာမှုမရှိရင်ဘဲ ဌာနအနေနဲ့ ကြပ်မတ်သွားမယ်။ ကျန်တဲ့အချိန်တော့ အသင်းသားတွေ စိတ်ကြိုက် သူ့ဘာသာ ရပ်တည်သွားရမှာပါ။ ငွေကြေးပိုင်းလည်း သူတို့ပဲ ကိုင်ရမယ်။ ဌာနက ချေးငွေပဲ ချပေးမှာပါ။ စွက်ဖက်တာနဲ့ ကြပ်မတ်တာ မဆိုင်ပါဘူး။ အရင် စနစ်ဟောင်းတုန်းကလို ၀န်ကြီးဌာနက အသင်းတွေနဲ့ ရောထွေးမှုတွေ မရှိအောင် တင်းကျပ်စွာ တားမြစ်ထားပါတယ်။ သမ အသင်းတွေ အရင်က မအောင်မြင်ခဲ့တာ ဒါကြောင့်ပါဘဲ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်ရှိတဲ့ သဘောပါ”ဟု ဦးကျော်ဆန်းက ဧရာဝတီသို့ ပြောသည်။

အသင်းလုပ်ငန်းဆိုင်ရာများကို လုပ်ဆောင်မည့် အသင်းဝင်များအတွက် သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ရေး သင်တန်းများကို ဌာနမှ အခမဲ့ သင်ပေးသွားမည်ဖြစ်ပြီး ချေးယူမည့်သူ၊ ချေးယူသည့်ပမာဏကို အမှုဆောင်အသင်းဝင်မှ ၀န်ကြီးဌာန သို့ တာဝန်ယူ တင်ပြရမည်ဟုလည်း ဆိုသည်။

“ချေးငွေချေးသူဟာ ပထမအနေနဲ့ စစချင်းချေးပြီဆိုရင် မစုမနေရ ငွေ ၅၀၀၀ စုပေးရမယ်။ ဒါက အသင်းသားငွေကြေး ဖြစ်ပါတယ်။ ဒုတိယအကြိမ် အဲဒီအထက်ချေးခွင့်ရရင် ချေးသူကချေးတဲ့ငွေကြေးရဲ့ ၁၀ရာခိုင်နှုန်း ပေးရပါမယ်။ ဒီမှာချေးငွေမှန်မှန် ကန်ကန် ပြန်ဆပ်သူတွေကို ငွေချေးပမာဏ ထပ်တိုးချေးသွားမှာပါ” ဟု ဦးကျော်ဆန်းက ပြောသည်။

ချေးယူသည့် ငွေပမာဏအတွက် ၀န်ဆောင်စရိတ်အနေဖြင့် ငွေကျပ် ၁၀၀ လျှင် ၂ ကျပ်ခွဲ နှုန်းကို ငွေချေးသူမှ ပြန်လည်ပေးဆောင်ရမှာ ဖြစ်ကြောင်း၊ ၎င်းပေးဆောင်သည့် ၂ ကျပ်ခွဲမှ ၇၅ ပြားကို အခြေခံအသင်း ရန်ပုံငွေ အဖြစ် ၀န်ကြီးဌာနမှ အသင်းကို ပြန်လည် ပေးအပ်မှာ ဖြစ်ကြောင်း၊ ပြား ၄၀ ကို မြို့နယ် သမအသင်းစုသို့ ၎င်း၊ တိုင်းဒေသကြီးအဆင့် သမအသင်းစုကို ပြား ၂၀၊ အသေးစား ချေးငွေဘဏ် ကို ၄၂ ပြား စသည်ဖြင့် အသီးသီးခွဲဝေပေးမည်ဟုလည်း ဆိုသည်။

ယင်းသို့ စီမံချက်မှာ အသေးစားငွေချေးမှုများဖြင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို အထောက်အကူဖြစ်စေပြီး ရေရှည်တည်တံ့နိုင်သော လူမှုဖွံ့ဖြိုးရေးအခြေပြု စီးပွားရေးလုပ်ငန်း စံပြပုံစံလည်း တည်ဆောက်ခြင်းကြောင့် နိုဘဲလ်ငြိမ်းချမ်းရေးကို ချီးမြှင့်ခြင်း ခံရသည့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်၏ ဂရာမင်းဘဏ်၏ လုပ်ထုံးများနှင့် အလားသဏ္ဍာန် တူညီသည်။

ထို့ကြောင့် သမဝါယမ ဝန်ကြီး၏ စီမံချက် အောင်မြင်နိုင်ဖွယ် ရှိ မရှိ အခြားသက်ဆိုင်သူများထံ ဧရာဝတီက မေးမြန်းခဲ့သည်။

တိုင်ရီ စက်ရုံ အခြေခံအလုပ်သမားအဖွဲ့၁ မှ ဥက္ကဌ မမိုးဝေက “သမအသင်းတွေဖွဲ့ဖို့ အဆင်ပြေ မပြေ ဆိုတာပြောဖို့ ခက်ပါသေးတယ်။ ဒီလို သမအသင်းတွေဖွဲ့ဖို့မှာ အလုပ်သမားတွေမှာ အခက်အခဲ ရှိလာနိုင်မယ်။ အလုပ်သမားတဦး အနေနဲ့ ချေးငွေထုတ်ချေးဖို့မှာက လုပ်ငန်းခွင်တည်မြဲမှုရှိဖို့ လိုပါတယ်။ အဲလို မရှိခဲ့ရင် သူတို့ပြောသလို အမှုဆောင်ထဲမှာပါပါ ၀ိုင်းကြီးပတ်အဖွဲ့ထဲမှာဘဲပါပါ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်တချက်က အချိန် အခက်အခဲပါဘဲ။ ငွေကြေးလုပ်ငန်းတခုဖြစ်လို့ အလုပ်ချိန်အတွင်းမှာ လုပ်တဲ့အခါ အလုပ်ရှင်က လက်ခံမလား။ ဒီအတွက် အချိန်သီးသန့် ပေးမလား ဆိုတာက လုပ်ငန်းရှင်တွေကိုအနေနဲ့ တခုခုကို ခွင့်ပြုပေးစေချင်ပါတယ်” ပြောသည်။

အထည်ချုပ်လုပ်ငန်းရှင် ဥက္ကဌ ဦးမြင့်စိုးကမူ “ဒီလို သမအသင်းတွေပေါ်ဖို့ ကျနော်တို့အသင်းနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က စဉ်းစားမိပြီး လုပ်ဖြစ်ခဲ့တာပါ။ သမအသင်းတွေဖွဲ့ဖို့ အထည်ချုပ်လုပ်ငန်းရှင်တွေကို အသင်းကနေ ညှိနှိုင်းခဲ့ပြီးပါပြီ။ လုပ်ငန်းရှင်တွေကလည်း အလုပ်သမားတွေ ဖွဲ့စည်းဖို့ လက်ခံတယ်လို့ ပြောထားပြီးပါပြီ။ အလုပ်သမားတွေအနေနဲ့ ဒီ သမအသင်းဖွဲ့တဲ့ခါမှာ လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့လည်း အသင်းချုပ်အနေနဲ့ စီစဉ်ကူညီပေးမှာပါ။ သမအသင်းဖွဲ့တဲ့ခါ လိုအပ်တဲ့ စာရင်းဇယား ကိုင်တွယ်တာမှာ အခက် အခဲတွေရှိမယ်ဆိုရင် အကူအညီတောင်းတယ်ဆိုရင် အထည်ချုပ်လုပ်ငန်းရှင် အဖွဲ့ရဲ့ စီမံခန့်ခွဲရေးဌာနက ကူညီပေးသွားမှာပါ” ဟု ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် သမ၀ါယမ၀န်ကြီးဌာနမှ အသေးစားချေးငွေများ ထုတ်ချေးရန် ကျပ်ဘီလီယံပေါင်း ၅၀ကျော် သုံးစွဲရန် လျာထားကြောင်း၊ ပထမတွင် ၂၀ ဘီလီယံ၊ ဒုတိယတွင် ၂၀ ဘီလီယံ၊ တတိယတွင် ၁၀ ဘီလီယံကျော် သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

“ချေးငွေပြန်ဆပ်တဲ့ကာလကိုတော့ အားလုံး ၀ိုင်း တိုင်ပင်ရမှာပါ။ မွေးမြူရေးသမားတွေကို ၆ လ သတ်မှတ်တယ်။ နောက် စိုက်ပျိုးရေးမှာဆို စပါးစိုက်တဲ့သူကို ၄ လ၊ နှမ်းစိုက်ဆိုရင် ၃ လ အဲလို သတ်မှတ်ပေးထားပါတယ်။ ပြန်ဆပ်ကာလက စက်ရုံတရုံနဲ့ တရုံ တူချင်မှတူမယ်။ ချေးတာမှာလည်း ငွေ ပိုရင်ပိုသလို ထပ်တိုးချေးတာတွေ လုပ်မယ်”ဟု သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ပြောသည်။

လက်ရှိတွင် တနိုင်ငံလုံးအနေဖြင့် သမအသင်းပေါင်း တသောင်း ရှစ်ထောင်ကျော် ဖွဲ့စည်းပြီးဖြစ်ပြီး ယခု ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ် တွင် နောက်ထပ် အသင်းအဖွဲ့ပေါင်း ငါးထောင်ကျော် ထပ်မံဖွဲ့စည်းသွားရန်ရှိကြောင်း ဦးကျော်ဆန်းက ဆိုသည်။

Android ဖုန်းထဲမှာ Google Earth သုံး၍ မြေပုံ ကြည့်ချင်ရင်

http://www.zwmnna.com/2013/04/android-google-earth.html

Download - Google Earth For Android Phone

မေမေ ဘုရား ဘာလို့ ရှိခိုးတာလဲဟင်

ပိုး ပိုး ချစ်လေး shared Myanmar News Update's photo.
'မေမေ...'

'ဟေ'

'ဟိုဟာ ဘာလဲဟင်'

'ကြသာပတေးဒေါင့်ပေါ့ သမီးရဲ့'

'အောက်က ဘာရုပ်လေးလဲ'

'ပူးရုပ်လေ'

ကြွက်ကလေးပါ မေမေရဲ့... သမီးလိုချင်တယ် မေမေ..။

အို... မဟုတ်တာ။ သမီးကဘာလို့ လိုချင်ရတာလဲ။ ဒါ ဘုရားအရုပ်တွေလေ။ အဲဒီလိုမပြောကောင်းဘူး။

ပြောရင် ဘာဖြစ်လဲမေမေ

ငရဲကြီးတာပေါ့။

မြန်မာပြည်ပြန်ရောက်ခိုက် ဇန္နဝါရီလ နှစ်ဆန်းတစ်ရက်မှာ ရွှေတိဂုံဘုရားမှာ ပဋ္ဌာန်းရွတ်ရင်း လေး၊ငါးနှစ်ရွယ် သမီးလေးနှင့် မိခင်တို့ပြောဆိုသံကို ပဋ္ဌာန်းရွတ်ဆိုရင်း ကြားနေရပါတယ်။ ကလေးမှာ ဘုရားမှာရှိသောအရာ အားလုံးကို စိတ်ဝင်စားဟန်ဖြင့် စူးစမ်းလိုစိတ်၊ သိလိုစိတ်ရှိဟန်တူပါတယ်။

'မေမေ'

'ဟေ'

'မေမေ ဘာလို့ဘုရားရှိခိုးတာလဲဟင်...'

'ကုသိုလ်ရအောင်ပေါ့ သမီး'

ဘုရားရှိမခိုးရင်း ငရဲကြီးလားမေမေ။

ငရဲတော့ မကြီးဘူးပေါ့ ၊ ကုသိုလ်မရဘူးပေါ့ သမီးရယ်။

ကုသိုလ်ဆိုတာဘာလဲ မေမေ။

ကိုသိုလ်ဆိုတာ အများကြီးရှိတယ် သမီးရဲ့ ဘုရားရှိခိုးတော့ ရှိခိုးတဲ့ ကုသိုလ်၊ လှူတော့ လှူတဲ့ ကုသိုလ်ပေါ့။ ရှိခိုးတယ်ဆိုတာ.. မြတ်စွာဘုရားမှာရှိတဲ့ ၊ ဂုဏ်တွေ၊ စိတ်နေ့စိတ်ထားတွေ၊ မေတ္တာဓာတ်တွေကို အတုခိုးယူတာ ၊ အားကျပြီး အာရုံပြုတာ ၊အဲဒီတော့ မေမေတို့သန္တာန်မှာရှိတဲ့ မကောင်းတဲ့ အကုသိုလ်တွေ ကင်းနေတော့ ကုသိုလ် ရတာပေါ့သမီးရဲ့။

ဒကာမကြီးက သူသိသလောက် သမီးငယ်ကို စိတ်ရှည်ရှည်ထားကာ ရှင်းပြသံကို ပဋ္ဌာန်းပြီးခါနီးထိ ကြားနေရပါတယ်။

'မေမေ...ဟို ပန်းအိုးထဲက ပန်းတွေနော် အဲဒါဘာလုပ်တာလဲဟင်..'

'အဲဒါ ဘုရားကို ပန်းလှူတာပေါ့သမီး'

ဘုရားကို ဘာလို့ပန်းတွေလှူတာလဲ၊ လှူခိုင်းလို့လာမေမေ။

သြော် ..ဒီကလေး စကားများလိုက်တာ မေးခွန်းက မပြတ်တော့ဘူးနော်။

ဒကာမကြီးလည်း ဘုန်းကြီးကို အားနာဟန်နှင့် သူ့သမီးကို ပြောလိုက်ပါတယ်။

'ပန်းတွေးက မြတ်စွာဘုရားကို ကြည်ညိုလို့၊ လေးစားလို့ လှူတာပေါ့သမီး ၊ သမီးတို့ဆရာမကို အမှတ်တရ ပန်းတွေပေးသလိုပေါလို့' စားရေးသူက ဝင်ဖြေလိုက်ပါတယ်။

ထိုအခါ ကလေးမက စာရေးသူကို ပြုံးပြုံးကလေးကြည့်ကာ...

" ပန်းလှူတော့ ဘာဖြစ်လဲ ဘုန်းဘုန်း

ကလေးအမေက.." ဘုန်းဘုန်း ဒီကလေးမကို စကားသွာပြောရင်တော့ ပြီးတော့မဟုတ်ဘူး"

ရပါတယ်.. ကလေးဆိုတာ သိချင်၊ နာလည်ချင်မှာပေါ့။ ဒီအရွယ်ဟာ မိဘတွေ လုပ်တာကို လိုက်လုပ်တတ်တဲ့ အရွယ်ပဲ။ ဒီအချိန်မှာ
ကောင်းကောင်းပုံစံချထားရင် ကြီးတော့ ဆုံးမဖို့လွယ်တယ်။ ဒီလိုမေးရတာဟာလဲ သူတို့ရဲ့ အသိဥာဏ်ထဲကို မှတ်ဥာဏ်သွင်းနေတာ။ တစ်ခါတစ်ခါ ထပ်ခါထပ်ခါမေးတတ်တယ်။ စိတ်ရှည် လက်ရှည် ဖြေပေးပါ။ ဘုန်းဘုန်းတို့ ငယ်ခါကလည်း ဒီလို လူကြီးတွေကို မေးခဲ့တာပဲလေ။

ဒီလိုပြောတော့ ကလေးမ ဘုန်းဘုန်းနားကို ကပ်လာပါတယ်။ ကလေးမ ဘုန်းဘုန်းတွေနဲ့ ရင်းနီးဟန်တူပါတယ်။ 

'ပန်းလှူတော့ ရုပ်ရည်လှပတာပေါ့သမီး။ ယခု သမီးလှလှလေးဖြစ်နေတာ ဟိုဘဝက ပန်းတွေ လှူခဲ့လို့ပေါ့"

'ဟုတ်လား မေမေ...'

ဘုန်းဘုန်းစကားကို သေချအောင် သူ့အမေကို လှည့်မေးနေပြန်ပါတယ်။

ဟုတ်တာပေါ့ သမီးရဲ့။

သူ့မေမေက ယပ်တောင် ခပ်ရင်းဖြေလိုက်ပါတယ်။ ဒီတော့ ကလေးမက ကောက်ခါငင်ကာ .. ဘုရားကို ယပ်တောင်လှူကော ရလား ဘုန်းဘုန်း။

'ရတာပေါ့သမီး'

ဆွမ်းကြွးတဲ့ ဘုန်းဘုန်းတွေ ယပ်တာင်တွေနဲ့ နေပူရင် နေကာဖို့ ယပ်တောင် လှူထားတာ တွေ့ဘူးတယ်မဟုတ်လာ ယပ်တောင်အညိုဝိုင်းကြီးတွေလေ။

ယပ်တောင်လှူတော့ ဘာဖြစ်လဲဘုန်းဘုန်း 

ကလေးမက သိချင်တာတွေကို ထပ်ပြီး မေးနေပြန်ပြီ

ယပ်တောင်လှူတာ စိတ်ပူပန်ဆင်းရဲ မဖြစ်အောင်လို့တဲ့။ ဘုန်းကြီးတွေကို ယပ်လှူရင် နောက်ဘဝနဲ့ ယခုဘဝမှာ စိတ်ပူပန်းဆင်းရဲ့ မဖြစ်ဘူးတဲ့ သမီး။

သမီးငယ် အမေးကို စိတ်ရှည်လက်ရှည်ဖြေနေတာ့ ဒကာမကြီးလည်း မေးစရာ တချို့ရှိဟန်တူပါတယ်။

"ဘုန်းဘုန်း ..ပန်းဆိုင်တွေမှာ တံခွန်တွေ ကုက္ကားတွေ ရောင်းတယ်။ အဲဒါတွေလှူတော့ကော ဘာဖြစ်လဲဘုရား"

ဒကာမကြီး လူစည်းစိမ်၊နတ်စည်းစိမ်၊အိမ်ထောင်ဖက် ချောချောလှလှရတာဟာ 
ရှေး ဘဝက ဘုရားတွေ၊ စေတီတွေမှာ တံခွန်၊ ကုက္ကားတွေလှူခဲ့လို့လို ဗုဒ္ဓစာပေတွေမှာ လာတယ်ဗျ။ ဘုန်းဘုန်း အမြင်ပြောရရင် ။ ယခုလို ပန်းဆိုင်တွေက စက္ကူ တံခွန်၊ ကုက္ကားမဟုတ်ဘူး။ တကယ့်ကြီးကြီးမားမား တံခွန်၊ကုက္ကားကြီတွေလုပ်လှူတာဗျ။ ဒါကြောင့် ဘုန်းဘုန်းကတော့ စက္ကူလှူမယ့်အစား ၊ တံခွန်၊ကုက္ကားဆောက်ဖို့ 
ဘုရားမှာ အလှူငွေ လှူလည်းအတူတူပဲလို့ ယုံကြည်တယ်ဗျ။

ဒါဆို အခုကားတွေ၊ယာဉ်တွေပိုင်တဲ့သူတွေကော ဘာတွေလှူခဲ့လို့လဲဘုရား။

အင်း..ဟုတ်တာပေါ့ ဒါလည်း သိဖို့လိုတာပေါ့နော်။ ဘုန်းဘုန်းသိသလောက်ပြောရရင် ရှေးဘဝက ရဟန္တာတာတွေ သံဃာတော်တွေကို ဖိနပ်လှူခဲ့လို့ပေါ့။

အော်.. ဒါကြောင့် ဘုံကထိန်ပွဲတွေမှာ ပဒေသာပင်သီးရင် ဖိနပ်တွေ ၊ ထီးတွေ၊ ဖရောင်းတိုင် ၊အမွေတိုင်းတွေ သီးတာပေါ့နော်ဘုရား။ 

ကလေးအမေက ထပ်ပြီး အမွေးတိုင်၊ဖရောင်းတိုင် လှူရကျိုးတွေကို ရှင်းပြပါဦးဟု မေးနေပြန်ပါတယ်။

ကျမ်းစာအုပ်တွေမှာတော့ ၊ ကျန်းမာတာ၊
ရောဂါကင်းတာ ဆေးလှူလို့၊ ဒါပေမယ့် အကျိုးမျှော်ကိုးပြီး လှူတိုင်းလည်း မကောင်းဘူးဗျ။ စေတနာ၊သဒ္ဓါသန့်သန့်နဲ့ လှူရင် ပိုကောင်းတာပေါ့နော်။ အမွှေးတိုင်လှူရင် အမွေးနံ့သာနဲ့ သန်းရှင်းသ်ရပ်တဲ့ အနံကောင်းတွေ ခံစားရမယ်။ ဟာသဥာဏ်ကိုလည်း ရတတ်သတဲ့။ ကြားလား သမီး ရယ်စရာ ပြောတတ်တဲ့ ဟာသဥာဏ်ရခြင်ရင် အမွှေးတိုင် လှူရမယ်နော်။ 

ခုဘဝမှာ ပညာဥာဏ်ကောင်းတာ ရှေးဘဝက သီလရှိတဲ့ သံဃာတော်တွေကို မျက်စင်းလှူခဲ့လို့၊ ဘေးအန္တရာယ် အမျိုးမျိုးကင်းတာ ရေစစ်လှူခဲ့လို့တဲ့ဗျ။ 

အင်း.. ဘုန်းဘုန်းပြောတော့မှာပဲ တပည့်တော်ရှင်းသွားတယ်။ တပည့်တော်တို့လည်း အသက်ကြီးသွားပေမယ့် ဘာသာရေးနဲ့ ပတ်သတ်ရင် ကလေးပဲရှိပါတယ်တယ်ဘုရား။

မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ

ဒီ broser လေးနဲ့အင်တာနက်ကြည့်ရှုရတာ အခြား browser တွေထက် သုံးဆလောက်ကိုပိုမြန်Lightning Browser v2.4.2 Apk (231.88 Kb) Direct Download

Lightning Browser v2.4.2 Apk (231.88 Kb) Direct Download

Lightning Browser + version အသစ် v2.4.2 ကိုတင်ပေးလိုက်ပါတယ်။
 ဒီ broser လေးနဲ့အင်တာနက်ကြည့်ရှုရတာ အခြား browser တွေထက် သုံးဆလောက်ကိုပိုမြန်ပါတယ်။
ဒီ browser လေးမှာပါဝင်တဲ့ features တွေကတော့ Features:
● website အများကြီးတစ်ပြိုင်တည်းဖွင့်ဖို့ရန်အတွက် tab တွေအများကြီးဖွင့်လို့ရခြင်း (Unlimited tab)
● Android version 2.2 နှင့်အထက်ရှိသောဖုန်းအားလုံးတွင်အသုံးပြုနိုင်ခြင်း
● Adobe Flash Player (Flash Player) ကိုအထောက်အပံပေးသောကြောင့် flash သုံးထားသော website များ ၊ game များကိုကြည့်ရှုဆော့ကစားနိုင်ခြင်း
● အခြား web browser များထက်သုံးဆပိုမြန်ခြင်း
● web စာမျက်နှာအထက်အောက် scroll လုပ်ရာမှာအခြား web browser များထက်ပိုမိုချောမွေ့ကောင်းမွန်မှုရှိခြင်း စတဲ့ features အလန်းတွေအများကြီးပါဝင်ပါတယ်။
မှာလေ့လာပြီး ကြိုက်ရင် အောက်လိပ်စာမှာရယူနိုင်ပါတယ် 

Android ဖုန်းလုံခြုံရေးအတွက် လက်ဗွေနဲ့ သောခတ်ထားလို့ ရတဲ့ဆော့ဝဲ

Ko Ka Yin shared မောင်(စွယ်စုံကျမ်း)'s photo.
Android ဖုန်းလုံခြုံရေးအတွက် လက်ဗွေနဲ့ သောခတ်ထားလို့ ရတဲ့ဆော့ဝဲ

လက်ဗွေကို Scan ဖတ်ပီး မှတ်ထားတာမို့ လက်ပြောင်းလို့ မရပါဘူး

ဖုန်းမှာသုံးတဲ့ စနစ်တွေအပြင် အပိုတစ်ခုပါ လက်ဗွေ နှိပ်ပီးသွားရင်

ဖုန်းမှာခံထားတဲ့ စနစ်ကို ထပ်ဝင်ရပါတယ် 2မျိုး ချထားတော့လုံခြုံတာပေါ့

စမ်းသုံးချင်သူများ အောက်ကလင့်မှာ ယူသုံးကြည့်ပါ

http://www.zwmnna.com/2013/04/android_7638.html

Download - Finger Security For Android

ဗီတာမင်များ၏ အကျိုးပြုပုံများကို ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဖော်ပြ

လူ့ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနှင့် သန်းစွမ်းကျန်းမာမှုများအတွက် မရှိမဖြစ်အသုံးဝင်သည့် ဗီတာမင်များ၏ အကျိုးပြုပုံများကို ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်.....

Vitamin A - အရေပြားနှင့် အမြင်အာရုံကိုကောင်းမွန်စေပါသည်
Vitamin D - အရိုးနှင့်သွားများ ကျန်းမာခိုင်ခံ့စေပါသည်။
Vitamin E - Antioxidant (အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးသည့် ဓာတ်တိုးပစ္စည်း) တစ်မျိုးဖြစ်ပြီး သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါသည်။
Vitamin K - သွေးထွက်လွန်ခြင်းနှင့် အရိုးပွခြင်းတို့ကို ကာကွယ်ပေးပါသည်။
Vitamin C - အနာကျက်မြန်စေပြီး ရောဂါပိုးမွှားများကိုကာကွယ်ပေးပါသည်။

Vitamin B Complex များ၏အကျိုးကျေးဇူးများ

Vitamin B Complex များသည် ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်များကို ထုတ်လုပ်ပေးနိုင်ပြီး ဦးနှောက်နှင့် အာရုံကြောစနစ်ကို အထူးကောင်းမွန်စေပါသည်။ ဒါ့အပြင် အရေပြား၊ ဆံပင်နှင့် လက်သည်းများ၏ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပြီး အစာခြေစနစ်ကိုလည်းကောင်းမွန်စေပါသည်။ အောက်တွင် Vitamin B အုပ်စု တစ်ခုချင်းစီအလိုက် ခန္ဓာကိုယ်အတွက် အကျိုးပြုပုံများကိုလည်းဖော်ပြပေးလိုက်ပါသည်။

Vitamin B1 - အာရုံကြောတစ်သျှူး၊ ကြွက်သားနှင့် နှလုံးများပုံမှန်လုပ်ငန်းဆောင်ရွက်ရန် ကူညီပေးပါသည်။
Vitamin B2 - ဆံပင်၊ အသားအရေနှင့် လက်သည်းများအား ကျန်းမာစေသည်။
Vitamin B3 - ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောအဆီ (Bad Cholesterol) များကို လျော့ကျစေပြီး ကောင်းသော Cholesterol များကိုမြင့်တက်စေသည်။
Vitamin B6 - ဦးနှောက်နှင့် အာရုံကြောစနစ်ကို ကောင်းမွန်စေသည့်အပြင် စိတ်ဖိစီးမှုနှင့် အိပ်မပျော်ခြင်းများ၊ မူးဝေအော့အန်ခြင်းများကိုလည်း သက်သာစေသည်။
Vitamin B12 - သွေးအားကောင်းစေပြီး ခေါင်းမူးခေါင်းကိုက်ခြင်းများကိုသက်သာစေသည်။

Folic acid - ခန္ဓာကိုယ်အတွက် လိုအပ်သည့် သွေးနီဥများကိုဖြစ်ပေါ်စေသည့်အတွက် သွေးအားကိုကောင်းမွန်စေပါသည်။

Amino acids (L-leucine, L-lysine, L-tryptophane, L-valine, L-phenylalanine) - ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်အားလုံးကို ထိန်းညှိပေးနိုင်ပြီး အစာစားချင်စိတ်ကဖြစ်ပေါ်စေသည့်အပြင် ဥာဏ်ရည်ထက်မြက်စေပါသည်။

Minerals
Potassium - ကြွက်သားနှင့် နာဗ်ကြောလုပ်ဆောင်မှုများကို ကောင်းမွန်စေသည်။
Iron - သွေးအားကောင်းစေပြီး သွေးနီဥဖြစ်ပေါ်မှုကိုလည်း အားပေးသည်။
Copper - အရိုးများကြီးထွားသန်မာစေရန်ကူညီပေးသည်။
Magnesium - ကိုယ်ခန္ဓာအတွက် လိုအပ်သော အသားဓာတ်ကိုဖြစ်ပေါ်စေသည်။
Zinc - ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ရောဂါပိုးမွှားများကိုကာကွယ်ပေးနိုင်သည်။
Manganese - ဆဲလ်တည်ဆောက်မှုကိုအားပေးသည်။
Iodine - သိုင်းရွိုက်ဂလင်းပုံမှန်လုပ်ဆောင်စေပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကိုထိန်းညှိပေးသည်။
Selenium - ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးသည်။

နန်းထိုက်အောင်
fb.com/MarketChannel
လူ့ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနှင့် သန်းစွမ်းကျန်းမာမှုများအတွက် မရှိမဖြစ်အသုံးဝင်သည့် ဗီတာမင်များ၏ အကျိုးပြုပုံများကို ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်.....

Vitamin A - အရေပြားနှင့် အမြင်အာရုံကိုကောင်းမွန်စေပါသည်။
Vitamin D - အရိုးနှင့်သွားများ ကျန်းမာခိုင်ခံ့စေပါသည်။
Vitamin E - Antioxidant (အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးသည့် ဓာတ်တိုးပစ္စည်း) တစ်မျိုးဖြစ်ပြီး သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါသည်။
Vitamin K - သွေးထွက်လွန်ခြင်းနှင့် အရိုးပွခြင်းတို့ကို ကာကွယ်ပေးပါသည်။
Vitamin C - အနာကျက်မြန်စေပြီး ရောဂါပိုးမွှားများကိုကာကွယ်ပေးပါသည်။

Vitamin B Complex များ၏အကျိုးကျေးဇူးများ

Vitamin B Complex များသည် ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်များကို ထုတ်လုပ်ပေးနိုင်ပြီး ဦးနှောက်နှင့် အာရုံကြောစနစ်ကို အထူးကောင်းမွန်စေပါသည်။ ဒါ့အပြင် အရေပြား၊ ဆံပင်နှင့် လက်သည်းများ၏ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပြီး အစာခြေစနစ်ကိုလည်းကောင်းမွန်စေပါသည်။ အောက်တွင် Vitamin B အုပ်စု တစ်ခုချင်းစီအလိုက် ခန္ဓာကိုယ်အတွက် အကျိုးပြုပုံများကိုလည်းဖော်ပြပေးလိုက်ပါသည်။

Vitamin B1 - အာရုံကြောတစ်သျှူး၊ ကြွက်သားနှင့် နှလုံးများပုံမှန်လုပ်ငန်းဆောင်ရွက်ရန် ကူညီပေးပါသည်။
Vitamin B2 - ဆံပင်၊ အသားအရေနှင့် လက်သည်းများအား ကျန်းမာစေသည်။
Vitamin B3 - ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောအဆီ (Bad Cholesterol) များကို လျော့ကျစေပြီး ကောင်းသော Cholesterol များကိုမြင့်တက်စေသည်။
Vitamin B6 - ဦးနှောက်နှင့် အာရုံကြောစနစ်ကို ကောင်းမွန်စေသည့်အပြင် စိတ်ဖိစီးမှုနှင့် အိပ်မပျော်ခြင်းများ၊ မူးဝေအော့အန်ခြင်းများကိုလည်း သက်သာစေသည်။
Vitamin B12 - သွေးအားကောင်းစေပြီး ခေါင်းမူးခေါင်းကိုက်ခြင်းများကိုသက်သာစေသည်။

Folic acid - ခန္ဓာကိုယ်အတွက် လိုအပ်သည့် သွေးနီဥများကိုဖြစ်ပေါ်စေသည့်အတွက် သွေးအားကိုကောင်းမွန်စေပါသည်။

Amino acids (L-leucine, L-lysine, L-tryptophane, L-valine, L-phenylalanine) - ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်အားလုံးကို ထိန်းညှိပေးနိုင်ပြီး အစာစားချင်စိတ်ကဖြစ်ပေါ်စေသည့်အပြင် ဥာဏ်ရည်ထက်မြက်စေပါသည်။

Minerals
Potassium - ကြွက်သားနှင့် နာဗ်ကြောလုပ်ဆောင်မှုများကို ကောင်းမွန်စေသည်။
Iron - သွေးအားကောင်းစေပြီး သွေးနီဥဖြစ်ပေါ်မှုကိုလည်း အားပေးသည်။
Copper - အရိုးများကြီးထွားသန်မာစေရန်ကူညီပေးသည်။
Magnesium - ကိုယ်ခန္ဓာအတွက် လိုအပ်သော အသားဓာတ်ကိုဖြစ်ပေါ်စေသည်။
Zinc - ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ရောဂါပိုးမွှားများကိုကာကွယ်ပေးနိုင်သည်။
Manganese - ဆဲလ်တည်ဆောက်မှုကိုအားပေးသည်။
Iodine - သိုင်းရွိုက်ဂလင်းပုံမှန်လုပ်ဆောင်စေပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကိုထိန်းညှိပေးသည်။
Selenium - ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးသည်။

နန်းထိုက်အောင်
fb.com/MarketChannel

facebook မှတဆင့်မုဒိန်းကျင့် လူသတ်ခံရသူ မြန်မာမိန်းခလေး (ထိုင်း)

ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့ ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။

စောစောက ထိုင်းသတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။

၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေး တဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။

ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုးတစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။

ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့ သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြ သွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။
သေဆုံးသူ Sky Queen ၏ Facebook စာမျက်နှာသို့ သွားလိုပါက ပုံကိုကလစ်နိုင်သည်
ဖေဘုတ်မှတင်ပြသည်။

မြန်မာ့တပ်မတော် ခေတ်မှီ တိုးတက်ဖို့ အမေရိကန် ကူညီမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း  တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ် Photo: RFA

အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

Saturday, April 27, 2013
ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး ရောက်လာသည်။
ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပါ၊ ဖုန်းကတ် ကံထူးရှင်ရွေးချယ်ပွဲကြီး ဖြစ်လေ၏ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း/တောင်ကြီး)
မဲပေါက်သူတချို့ထံမှ လာသည်ဟု ယူဆရသည့် ကတ်တချို့က ဖုန်းအရောင်းဆိုင်တွင် တကတ် ကျပ် ၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်နေသည်။ 

"ကျွန်မတို့ကို ဖုန်းကတ်မဲပေါက်သူတွေကလာရောင်းပေးတယ်...သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိရှိတယ်...၊ ကျွန်မတို့လည်း ဆိုင်မှာပြန်ရောင်းရအောင်လို့ ကျပ် ၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊  ပြီးတော့ ဆိုင်မှာ ကျပ် ၇၀,၀၀၀  နှင့်ပြန်လည်ရောင်း ချပေးပါတယ်" ဟု ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းအ၀ယ်လုပ်သူတဦးက ပြောဆိုသည်။

    ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက  ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိတို့ရောင်းပေးလိုက်ကြောင်း၊ နောက်ပိုင်းလများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင်တို့က ပြောဆိုသည်။

မဲနှိုက်သည့်နေ့က ရောက်လာသူတချို့မှာ တန်ဘိုးကြီးမားသည့် မော်တော်ယာဉ်များဖြင့် ရောက်လာကြသည်ကို တွေ့ရကြောင်း၊
တတ်နိုင်သူတို့က ၀င်ငွေနည်းပါးသူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏အခွင့်အရေးဖြစ်သော်လည်း ထိုလုပ်ရပ်ကို အံ့အားသင့်မိကြောင်း ယူဆသူလည်း ရှိနေသည်။

ဖုန်းကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်းအ၀ယ်ဖြစ်နေကြောင်းကို သတင်းဂျာနယ်များ၊ နေ့စဉ်ထုတ်သတင်းစာများတွင်လည်း ဖော်ပြထားကြသည်။
 
ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

.
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

Saturday, April 27, 2013

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

Friday, April 26, 2013

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် တံတား

ခဏပိတ်သွားတဲ့အတွက် ကားတွေ ရပ်ပြီး စောင့်ဆိုင်းလိုက်ရပါတယ်။
ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတားပလက်ဖောင်းမှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်” နဲ့ အော်နေတာ တွေ့ရပါတယ်။
 ဆိုင်ကယ်မောင်းလာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ခဏအကြာမှာ သန်လျင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ  ဆိုင်ကယ်နဲ့ ရောက်လာလို့ မေးမြန်းချိန်မှာ ဒဏ်ရာရသွားတဲ့  ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့်ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထားရင်း ပြောနေတာ တွေ့ရပါတယ်။

အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မတွေ့ရပါဘူး။

တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။
ဒါပေမယ့် အရပ်သားဆိုင်ကယ်တချို့လည်း နားလည်မှုနဲ့ မကြာခဏ ဆိုင်ကယ်နဲ့ တံတားဖြတ်ကြတာ တွေ့ရလေ့ရှိပါတယ်။

ဘေးက ရပ်ကြည့်နေသူ ကားဒရိုင်ဘာတွေကတော့ အခုလိုဖြစ်ရတာ နောက်က ဝင်တိုက်သူ မှားတာလို့ ပြောနေပါတယ်။

အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ...
 “နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။
 ဒီတံတားပေါ်မှာ ဘယ်ကားမှ ကျော်တက်ခွင့်မရှိဘူး။
ရှေ့က မောင်းနေတဲ့ကားကို ဝင်တိုက်တယ်ဆိုတာကတော့ တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဒီတံတားကြီးပေါ်မှာ ကားကြီးတွေပျက်ရင် နောက်ကားတွေအတွက် တော်တော် ဒုက္ခရောက်ကြလေ့ရှိပါတယ်။
ဒါကြောင့်မို့လည်း အမှတ် ၂ တံတားတစင်း တည်ဆောက်ပြီး ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံးတင်ကားကြီးတွေ ဖြတ်သန်းကြပါတယ်။

 ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင်ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။
တာဝန်ရှိတဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျမှ နောက်ကကားတွေ ဆက်ထွက်ခွင့် ရကြပါတယ်။

.

Friday, April 26, 2013

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

Friday, April 26, 2013

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။

ဆေးလ...ိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

AIDS ရောဂါ တိုက်ဖျက်ရေး ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်စေရန်

==============================================

ကွန်ဒုံးများသည် သန္ဓေတား ဆီးရန်နှင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်သော ရောဂါ များကို ကာကွယ် တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှု ရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ
အသုံးပြုတတ်ရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေး လိုက်သည်။ ကင်းဆေးတက္ကသိုလ် ကွန်ဒုံး အသုံးပြုမှု သုတေသန အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဆောင်းပါး ၅၀ ကျော်အပြင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့ အပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လေ့လာချက် များကို လေ့လာ ခဲ့ကြသည်။

သူတို့သည် ကွန်ဒုံး အထုပ်ကို ဖောက်ရာတွင် ချွန်ထက်သော ပစ္စည်းများကို အသုံးပြုခြင်း၊ ကွန်ဒုံးကို အလွန် နောက်ကျမှ ချွတ်ခြင်း၊ ကွန်ဒုံးကို အလွန်စောစွာ ချွတ်ခြင်းနှင့် ရေကို အခြေခံသော ချောဆီများ အသုံးပြုရန် ပျက်ကွက်ခြင်းတို့ အပါအ၀င် မှားလေ့ မှားထရှိသည့် အမှားများစွာကို တွေ့ရှိ ခဲ့ကြသည်။ ယခု လေ့လာချက်များတွင် တစ်လင် တစ်မယား စနစ် ကျင့်သုံးသည့် လက်ထပ် ထားသည့် စုံတွဲ များမှသည် ပြည့်တန်ဆာများ အထိ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ လေ့လာချက်အရ ကွန်ဒုံးများကို လိင်ဆက်ဆံ နေစဉ် တစ်လျှောက်လုံး အသုံးပြုလေ့ မရှိကြောင်း၊ ၁၇ မှ ၅၁ ဒသမ ၁ ရာခိုင်နှုန်းသည် လိင်ဆက် ဆံမှုစတင်ပြီး နောက်မှသာ ကွန်ဒုံး စွပ်လေ့ ရှိပြီး ၁၃ ဒသမ ၆ မှ ၄၄ ဒသမ ၇ ရာခိုင် နှုန်းသည် လိင်ဆက်ဆံခြင်း ပြီးမြောက်မှု မရှိမီ ကွန်ဒုံးကို စောစောစီးစီး ချွတ်ပစ်လေ့ ရှိကြောင်း တွေ့ရှိရသည်။ အမျိုးသားများ အနေဖြင့် ကွန်ဒုံးကို အသုံးပြုရာ၌ ကွန်ဒုံးအတွင်း၌ သုက်ရည်အတွက် နေရာလပ်ချန် ပေးမထားကြောင်း၊ ကွန်ဒုံးကို တပ်ဆင်ခြင်းမရှိမီ မမှန်မကန် အလိပ်ဖြေလေ့ ရှိကြောင်း၊ ကွန်ဒုံး တစ်ခုလုံး၌ မည်သည့် ပြဿနာ ရှိကြောင်း စစ်ဆေးခြင်းမရှိဘဲ ကွန်ဒုံးကို ကောက်စွပ် လိုက်ကြောင်း တွေ့ရှိ ရသည်ဟု ဆိုသည်။ ၅၀ရာခိုင်နှုန်းသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကွန်ဒုံးကို စွပ်ပြီးနောက် လေထုတ် ပစ်လေ့ မရှိကြောင်း တွေ့ရှိရသည်။ လိင်ဆက်ဆံစဉ် ကွန်ဒုံး ပေါက်ပြဲခြင်းနှင့် ယိုစိမ့်မှု ဖြစ်ပွားခြင်းတို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိကြောင်း တွေ့ရသည်။

ပညာရှင်တို့က ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်မှု တိုးတက်လာ ခင်းအားဖြင့် ရောဂါ ကူးစက်မှုပေါင်း သန်းနှင့်ချီလျက်ကို ရှောင်ရှား နိုင်လိမ့်မည် ဖြစ်ကြောင်း သတိ ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်မည်ဟု ဦးအောင်မင်း ပြော

Hits:1,555
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာနိုင်ငံသားများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ် သက်ပြီး မေးမြန်းကြရာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူများ အပေါ် မူတည်သည်ဟု ဦးအောင်မင်းက ပြောဆိုသွားကြောင်း လွတ်လပ်သည့် အာရှအသံ (RFA) မြန်မာပိုင်းတွင် ထုတ်လွှင့်သွားသည်။
NLD ပါတီ၏ နာယက ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ပါဝင် အရွေးခံနိုင်ရန် အချက်တချို့ကို ပြင်ဆင်ပေးနိုင် ဖွယ် ရှိကြောင်း၊ ပြင်ဆင်သော်လည်း စစ်တပ်၏အခန်းကဏ္ဍသည် နိုင်ငံရေးမှပျောက်သွားမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)အနေဖြင့်လည်း ၎င်းတို့၏ အာဏာခိုင်မြဲရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။
“ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရင်တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ်အောင်လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံမှုများမှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦး သည် ပြည်ပနိုင်ငံ အစိုးရ၏ ကျေးဇူး သစ္စာစောင့်သိသူ၊ အခွင့်အရေးများနှင့် ကျေးဇူးခံစားသူများ မဖြစ်စေရဟု ဖော်ပြထားသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး ကမူ ၎င်းတို့ပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မည့်သည့် အစီအစဉ်မှ မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ဘာမှ မစဉ်းစားသေးပါဘူး၊ ပြင်ချင်တိုင်းလည်း ပြင်လို့မရပါဘူး၊ ပြင်မယ် ဆိုရင်လည်း အားလုံးကို ကြိုတင် အသိပေးမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦး ဌေးဦး က ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒု သမ္မတ တဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုတင်သွင်းခြင်း အချက်ကို ပယ်ဖျက် လိုကြောင်း မီဒီယာများကို ပြောဆိုသည်ဟု ပြည်တွင်းထုတ် Messenger News Journal တွင် ရေးသားသည်။
ဦးအောင်သိန်းလင်းက “ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့သူသာ သမ္မတ ဖြစ်သွားမယ်ဆိုရင် သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ အချက်ကို ပြင်ဆင်ချင်တယ်”ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ဒု သမ္မတ ၃ ဦးရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်မှ ၁ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ ဦးစီနှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသူ ၁ ဦးဖြစ်ပြီး ထို ၃ ဦးမှ ၁ ဦးကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်သည်။
ဦးအောင်သိန်းလင်း၏ ပြောဆိုမှုသည် ပါတီနှင့်မသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍လည်း ပါတီ အနေဖြင့် မည်သည့် အစည်းအဝေးမှ မလုပ်ဆောင်ရသေးကြောင်း ဦးဌေးဦးက ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုပါကလည်း လူပုဂ္ဂိုလ်၊ ပါတီတခု၏ လုပ်ဆောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကော်မတီ၊ ကော်မရှင် များ၏ စဉ်းစားသုံးသပ်မှုသည် ကောင်းမွန်မည်ဟု ယူဆ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သုံးသပ်မည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း
၏ရန် ပြည် ထောင်စု လွှတ်တော် က သဘောတူ အတည်ပြုပေးခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဦးဌေးဦးက“ဖွဲ့စည်းပုံကို ဘယ်ပါတီ၊ ဘယ်အဖွဲ့ကပဲ ပြင်ပြင်၊ ပြင်ချင်တယ်ဆိုရင် ကော်မတီ၊ ကော်မတီရှင်က စဉ်းစားတာဟာ အ ကောင်းဆုံးပါ”ဟု ဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး”အဆို တခုကို  ကြံ့ခိုင်ရေးပါတီ ၏ ဒု ဥက္ကဋ္ဌ နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က မတ်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရာ ကြံ့ခိုင်ရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေးခဲ့သည်။
ထိုအဆိုကို ပြည်ထောင်စုလွှတ်တော် ကလည်း သဘောတူ အတည်ပြုပေးခဲ့သည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်များကို ဇူလိုင်လ တွင် ပြန်စမည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းမည်ဟု ကိုယ်စားလှယ်များက ပြောသည်။
ယင်းသို့ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို လက်ဦးမှု ရယူလိုက်ပြီး ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောဆိုကြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီ တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့က ကြိုးပမ်းဆောင်ရွက် နေ ချိန်တွင် “ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းရေး” အဆိုတင်ခြင်းသည် ကန့်သတ်လိုသည့် သဘော ဟုတ် မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က လည်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ၌ ဒီမိုကရေစီ မကျသည့် အချက်များနှင့် တိုင်းရင်းသား အရေးနှင့်ပတ်သက်သော စာပိုဒ်တချို့ ပြင်ဆင်နိုင်ရန် ကြိုး ပမ်းနေ ကြောင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများအတွက် စေတနာ အပြည့်အ၀ဖြင့် အားလုံးက ၀ိုင်းဝန်း ပြင်ဆင်သင့်ကြောင်း၊ ကြံ့ ခိုင်ရေး အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာမည့်အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ ထောက်ခံမှု ရရှိရေးအပေါ် မူတည်ကြောင်း၊ လွှတ်တော်၌ စစ်တပ်က ပါဝင်နေသည့် အတွက် နိုင်ငံရေး နောက်ပြန်လှည့်နိုင် ခြေ နည်းပါးကြောင်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အချက် တခုခုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက် ခံ မှုဖြင့် အဆို တင်သွင်းရမည် ဖြစ်ကြောင်း၊ အခန်း တခုခု၏ ပြဌာန်းချက်ကို ပြင်ဆင်လိုပါကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီမှုရှိရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကျင်းပ၍ ယင်းဆန္ဒမဲ အရသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည်။
လွှတ်တော်ထဲ၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး အရပ်ဘက် ကိုယ်စားလှယ် အများစုမှာလည်း ကြံ့ခိုင်ရေးပါတီ ၏ ကိုယ်စားလှယ်များ ဖြစ်သည်။

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

သြော် .. ငါချမ်းသာတဲ့ အတွင်းပစ္စည်းတွေ ထုတ်ပြောမိရင်တော့ ... Victoria's Secret တွေပဲ ဖြစ်နေမှာ .. ပြန်ပေးဆွဲတဲ့သူကို ပေးဝတ်အုံးမှာ ... :D
ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
Ref: telegraph
ရိုးရာလေး နိုင်ငံတကာ

--
www.yoyarlay.com/international-news/asia/35248-tharpar-and-dead-history

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > YoYarLay<<Thank

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း

Ko Sein Than shared ကို စိန်သန်း's photo.
၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း
( Myanmar Mobile Application Store မှ ကူးယူဖေါ်ပြပါသည် )

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။

Internet Setting ထည့်နည်း

၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ

၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။

၃ – Mobile networks ထဲကိုဝင်ပါ

၎ – Access Point Names ကိုဝင်ပါ

၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ

Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )

APN – #777

Proxy – ဘာမှမထည့်ပါ

Port – ဘာမှမထည့်ပါ

username – mectel@c800.mm

Password – 0000

Server – ဘာမှမထည့်ပါ

MMSC – ဘာမှမထည့်ပါ

MMS Proxy – ဘာမှမထည့်ပါ

MMS Port -ဘာမှမထည့်ပါ

MMC – 414 လို့ပေါ်နေရပါမယ်

MNC – 01 လို့ပေါ်နေရပါမယ်

Authentication Type – PAP or CHAP

APN type – * ( * ဒါလေးပဲရေးလိုက်ပါ )

APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ

ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။ 

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

    ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။

    ၁ – setting ကိုဝင်

    ၂ – Wireless & Networks ထဲကိုဝင်

    ၃ – Mobile Network ထဲကိုဝင်

    ၄ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ

    ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်

    အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။ 

http://www.myanmarmobileapp.com/

အသစ်အဆန်း ကိုင်ချင်သူများအတွက် ဈေးသက်သာ Guophone N7100

Samsung Galaxy Note 2 နဲ့တောင် သူသယောင် ရှိတဲ့ အသွင်အပြင် မို့ Note 2 လို့တော့ မထင်လိုက်ပါနဲ့။ Samsung Product လည်း မဟုတ်ပါဘူး။

အွန်လိုင်းမှာ အရောင်းသွက်နေတဲ့ စမတ်ဖုန်း တစ်မျိုး ဖြစ် ပါတယ်။ ဈေးသက်သာ ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၃ လက်မ၊ Android 4.0 OS သုံး စမတ်ဖုန်း ဖြစ်ပြီး RAM 512 ပဲ ရှိပါတယ်။ Internal Memory ကတော့ 2GB ပါ။ SD ကဒ်က 32 GB လည်း ထည့်နိုင်ပါသေးတယ်။

ကင်မရာ ကတော့ သိပ်အကောင်းကြီး ဖြစ်တဲ့ ဖုန်း မဟုတ်ပါဘူး။ ရှေ့ နဲ့ နောက် နှစ်ခုလုံးပါပေမယ့် နှစ်ခုလုံးရဲ့  ကင်မရာက 2 MP အတူတူတွေချည်း ဖြစ်ပါတယ်။ ဒီတစ်ခုက သူ့ရဲ့  ထူးခြားချက်ပါ။ ဖန်သားပြင်က VWGA Screen ဆိုတော့ AMOLED တို့လောက် မကောင်းတာတော့ သေချာပါတယ်။

အနှစ်ချုပ်ကြည့်လိုက်ရင် သူ့ Specification တွေက အမြင့်ဖုန်းတွေကိုလည်း သိပ်မမှီ၊ အနိမ့်ဖုန်းတွေထက်လည်း သာနေပါတယ်။ ဒီတော့ ဈေးကိုကြည့်ရအောင် ..

အမေရိကန်ဒေါ်လာ ၁၁၅.၄၃ ဒေါ်လာပဲ ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် တစ်သိန်း ဝန်းကျင်ပါပဲ။ တကယ်ရောက်ရင်တောင် ၁ သိန်း ၂ သောင်းထက် မပိုနိုင်ပါဘူး။ ဒါဆိုရင် သူ့ဟာနဲ့သူလေးတော့ တန်တဲ့ ဖုန်းတစ်လုံး ဖြစ်နေပါပြီ။ အာမခံချက် ၁ နှစ်ပေးထားပါတယ်။ ဖုန်းနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.ahappydeal.com/product-125107.html?lkid=8175&utm_source=facebook&utm_medium=facebook_Tec&utm_campaign=wangjun&buffer_share=5cb4c

-
ရိုးရာလေး နည်းပညာ