Saturday, April 13, 2013
၁၅၀၀ ကျပ် ဖုန်းလိုင်းကဒ် အိမ်ထောင်စု တစ်ခုလျှင် တစ်ကဒ်နှုန်းသာရောင်းချပေးမည်ဟုဆို
၁၅၀၀ ကျပ် တန်ဖိုးနည်း ဖုန်းလိုင်းကဒ်များကို အိမ်ထောင်စု တစ်ခုလျှင်
တစ်ကဒ်နှုန်းသာရောင်းချပေးမည်ဟုဆိုသည့် ကြော်ငြာဘုတ်ကို စိတ်ဝင်းတစား
ဖတ်ရှုနေသူတစ်ဦးကို ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့
ညနေပိုင်းက တွေ့ရစဉ်။ The Voice Weekly
သံကောင်လိုအကောင်မျိုးက မျက်လုံးထဲမှာ ပေါက်ဖွား
`
ကိုယ်တွင်းကပ်ပါးကောင် သံကောင်လိုအကောင်မျိုးက မျက်လုံးထဲမှာ
ပေါက်ဖွားလာပြီး မျက်လုံးယောင်ရမ်းတာတွေ အမြင် လျော့နည်းလာတဲ့ ဒုက္ခတွေ
ဖြစ်လာပါတယ်။
This worm is the result of unhygienic lifestyle
and environmental factors. It is known to cause blindness. It can
present as Eye Swelling, Red Eye, Boils, Eye Pain, Decreased vision,
Floaters, etc.
by Dr. Ashley Mulamoottil
နိုင်ငံတကာ ဖုန်းကုမ္ပဏီ ၁၂ ခု ဈေးပြိုင်စနစ်နဲ့ လက်ခံမည်
Browse › Home ›
မြန်မာ့သတင်း
» နိုင်ငံတကာ ဖုန်းကုမ္ပဏီ ၁၂ ခု ဈေးပြိုင်စနစ်နဲ့ လက်ခံမည်
မြန်မာနိုင်ငံတွင်း မိုဘိုင်းလက်ကိုင်ဖုန်း
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် ကမ္ဘာ့တ၀ှမ်းက
မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေ ကြိုးစားနေကြတာမှာ အခုနောက်ဆုံး ကုမ္ပဏီကြီး
၁၂ ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီ
၁၂ ခုထဲကမှ ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာ
ဖြစ်ပါတယ်။ အခု ပထမအဆင့် စိစစ်ပြီး ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်တဲ့
ကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီတွေ ပါဝင်လဲ။ ဒီကုမ္ပဏီတွေထဲက နှစ်ခုကို
ဘယ်အချိန်မှာ လိုင်စင်ခွင့်ပြုချက် ထုတ်ပေးမှာပါလဲဆိုတာကို ကြည့်ရအောင်ပါ။လက်ရှိမြန်မာနိုင်ငံတွင်းက ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း နှစ်ခုနဲ့အတူ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေ လက်တွဲ လုပ်ကိုင်နိုင်ဖို့ အတွက် ပြည်တွင်းပြည်ပကုမ္ပဏီတွေ ပထမအဆင့် လျှောက်လွှာတွေ တင်ခဲ့ကြပြီးတဲ့နောက် အခုအခါ ကုမ္ပဏီ ၁၂ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့် ပြု လိုက်တာဖြစ်ပါတယ်။
ဒီအထဲမှာတော့ အိန္ဒိယ Bharti Airtel Ltd, China Mobile, Japan’s KDDI Corp, Africa’s MTN, Singapore Telecommunications Ltd, Norway’s Telenor SA and Digicel ကုမ္ပဏီတွေ ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး သူတို့ရဲ့ လျှောက်လွှာတွေကို တင်ရမှာဖြစ်တဲ့ အကြောင်း တယ်လီဖုန်း ဆက်သွယ်ရေး ဈေးပြိုင် ကမ်းလှမ်းမှုတွေကို သုံးသပ် ရွေးချယ်မယ့် ကော်မတီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် နိုင်ငံခြားကုမ္ပဏီတွေ ဈေးပြိုင်ကမ်းလှမ်း နေကြရာမှာ China Mobile ကုမ္ပဏီက Vodafone နဲ့ ပူးတွဲ လျှောက်လွှာ တင်ထားသလို ပြင်သစ် Telecom-Orange ကလည်း Murabeni ကုမ္ပဏီနဲ့ ပူးတွဲ လျှောက်လွှာ တင်ထားတာဖြစ်ပါတယ်။ အာဖရိကရဲ့ အကြီးဆုံး မိုဘိုင်းကုမ္ပဏီကြီးဖြစ်တဲ့ တောင်အာဖရိက MTN ကုမ္ပဏီ ကတော့ M1 Telecom and Amara Communications ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားတာဖြစ်ပါတယ်။
MTN ကုမ္ပဏီအနေနဲ့ ဒုတိယအဆင့် ဈေးပြိုင် လျှောက်လွှာ တင်သွင်းခွင့် ရထားပြီးဖြစ်ကြောင်း MTN အကြီးအကဲ Sifiso Dabengwa က ပြောပါတယ်။
“လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ရရှိလာမယ့် အကျိုးအမြတ်၊ အခွင့်အလမ်းတွေကို ကျနော်တို့ စူးစမ်းနေပါတယ်။ ကျနော်တို့အနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရဖို့ စိတ်အားထက်သန်နေတဲ့ ဒေသတချို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုကစလို့ ဇွန်လ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်နှစ်ခု ချပေးဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ ကျနော်တို့ လျှောက်လွှာ တင်ထားပါတယ်။ အာဖရိကမြောက်ပိုင်း နိုင်ငံတချို့မှာ လုပ်ငန်းချဲ့ထွင်ဖို့လည်း ကျနော်တို့ စိတ်ဝင်စားနေတာရှိသလို ကျနော်တို့အတွက် အကျိုးအမြတ် အခွင့်အလမ်းကောင်းတွေ ရနိုင်မယ့် တခြား နိုင်ငံတွေမှာလည်း လုပ်ငန်းတွေ လုပ်သွားချင်ပါတယ်။”
တောင်အာဖရိကနိုင်ငံ Johannesburg မြို့အခြေစိုက် MTN ကုမ္ပဏီဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသသတွေက နိုင်ငံပေါင်း ၂၂ ခုမှာ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုး ရင်းနှီးမြှုပ်နှံနေတဲ့ အာဖရိကရဲ့ အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံ မှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရဖို့ အပြိုင် လျှောက်လွှာ တင်ထားကြတဲ့ ကုမ္ပဏီ ၁၂ ခုထဲက ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီတွေ လုပ်ငန်းလုပ်ကိုင်ခွင့်ရမလဲ ဆိုတာကို ဇွန်လထဲမှာ ကြေညာနိုင်လိမ့်မယ်လို့ စိစစ် ရွေးချယ်ရေးကော်မတီက ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။
မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေမှာတောင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းတွေ အသုံးပြုနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ လူဦးရေ သန်း ၆၀ ရှိတဲ့အထဲ စုစုပေါင်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်သာ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေး ဈေးကွက် အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ ကမ္ဘာ့ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အကြီးအကျယ် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
မိုဘိုင်းဆင်းကဒ်တွေ ဈေးကြီးလှတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုလာနိုင်တဲ့အထိ တိုးချဲ့လာနိုင်ဖို့လည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း သိပ်မကြာခင်တုန်းကပဲ မြန်မာနိုင်ငံမှာ တန်ဖိုးနည်းလက်ကိုင်ဖုန်းတွေနဲ့ ကျပ် ထောင်ဂဏန်းသာပေးရမယ့် ဆင်းကဒ်တွေ ရောင်းချပေးမယ်လို့ ကတိပေး ပြောဆိုထားတာဖြစ်ပါတယ်။
မခင်ဖြူထွေး (ဗွီအိုအေ)
Android ဖုန်းမှ 3G Network (အင်တာနက်) ကို Computer တွင် အသုံးပြုနည်း
Kyaw Htet: ဖုန်းကနေ WiFi လွှတ်ပြီး Computer ကနေ WiFi ဖမ်းသုံးလို့ရတဲ့ Software ရှိရင် ကူညီပါအုံးနော်..
ဖုန်းမှာ Wi Fi Hotspot တစ်ခု တည်ဆောက်ပေးရပါမယ် Android 2.3.6 အောက်ဖုန်းတွေ Wi Fi Hotspot ပြုလုပ်ရန် (Phone Setting > Wireless and Networks > Tethering and portable hotspot) ကို သွားလိုက်ပါ Android 4.0.0 အထက်ဖုန်းတွေ Portable Wi-Fi hotspot ပြုလုပ်ရန် (Settings>More settings>Tethering and portable hotspot) ကို သွားလိုက်ပါ ပြီးရင်တော့ Portable WiFi Hotspot Setting ထဲကို ထပ်ဝင်၍ Configure Portable Wi Fi hotspot ကို နှိပ်ပါ။
Configure Portable Wi-Fi hotspot ကို ၀င်လိုက်ပြီဆိုရင် Network SSID, Security , Password ဆိုပြီးရှိပါတယ်။ Network SSID နေရာမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည်တစ်ခုကို ပေးပါ အခုပေးလိုက်တဲ့ နာမည်ကို computer ရဲ့ Wireless နေကြည့်လိုက်မယ်ဆိုရင် မြင်နေရမှာ ဖြစ်ပါတယ် Security နေရာမှာတော့ security Type ရွှေးစရာတွေ ပါလာခဲ့ရင် WPA2 PSK ကို ရွေးပေးပါ Password ကိုတော့ မိမိကြိုက်နှစ်သက်ရာ ရေးနိုင်ပါတယ် ကိုယ်ပေးထားတဲ့ Password ကို မှတ်ထားပါ ဒါဆိုရင်တော့ Android ဖုန်းရဲ့ Portable Wi-Fi hotspot တည်ဆောက်လို့ပြီးပါပြီ။
ပြီးရင် Portable Wi-Fi hotspot ကို On ထားပေးပါ Computer နဲ့ ချိတ်ဆက်ဖို့ ဆက်ပြောပါမယ် Computer Taskbar ညာဘက်အောက်ခြေမှာရှိတဲ့ Wireless Icon လေးကို နှိပ်လိုက်ရင် ဖုန်းရဲ့ Network SSID နေရာမှာ ထည့်ခဲ့တဲ့နာမည်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ် အဲဒါလေးကို Contact လုပ်ပြီး မိမိပေးထားတဲ့ Password ကို ရိုက်ထည့်ပေးလိုက်ပါ။ Internet Access ဖြစ်သွားပြီဆိုရင်တော့ Android Phone က Internet Connection ကို Computer မှာ အသုံးပြုလို့ ရပါပြီ။
Credit to:http://mhandroidappstore.blogspot.com/2013/03/android-3g-network-computer.html
ဖုန်းကနေ ပိုက်ဆံအလွယ်ထည့်ဖို့ နဲ့  လက်ကျန်ငွေ အလွယ်စစ်ပေးတဲ့ဆော့ဝဲ
Description
1st Myanmar Balance is an application to check remaining balance and top
up balance of your mobile in Myanmar.[1] Only support Myanmar mobile
network
[2] Support both GSM and CDMA.
[3] 100% Free
[4] No need root user access
Features
[5] Check remaining balance.
[6] Top up balance.
Download - Myanmar Balance GSM, CDMA
[2] Support both GSM and CDMA.
[3] 100% Free
[4] No need root user access
Features
[5] Check remaining balance.
[6] Top up balance.
Download - Myanmar Balance GSM, CDMA
သင်္ကြံန်မှာအမုန်းကဲမယ် - KaNoung , SawYa , Mc YarMa
သီချင်းနာမည် - သင်္ကြံန်မှာအမုန်းကဲမယ်
ဆို - KaNoung , SawYa , Mc YarMa
PASouth Production
rapschool.sawya@gmail.com
kanoung.rapschool@gmail.com
Download with Mediafire
Download with Minus
Download with Dropbox
http://www.myanmarhiphopchannel.com/2013/04/kanoung-sawya-mc-yarma.html
MDY ThinGyan - Emc DNO
Song name : MDY ThinGyanArtist : Emc DNO
Download with Mediafire
Download with Dropbox
Download with Minus
O'' Shake - Nyan Htet (G3)
Titel - O'' Shake
Artist,Lyrics,Music & Mixing by Nyan Htet (G3)
Download with Mediafire
Download with Minus
Download with Dropbox
Miss YoU - Phyo Paing & PainG PainG
Song name-Miss YoU
Download with Mediafire
Download with Minus
Download with Dropbox
Friday, April 12, 2013
"ရန်လိုတဲ့ အပြုအမူတွေ ရပ်ပါ မြောက်ကြီး"
အိုဘားမား လည်း ထုတ်ပြောပြီ။
ကမ္ဘာကြီးကို စစ်ကြေငြာလိုက်တဲ့ မြောက်ကိုရီးယားဇော်အောင် (မုံရွာ)၊ ဧပြီ ၁၀၊ ၂၀၁၃
မြောက်ကိုးရီးယားက အမေရိကန်ကို စစ်ကြေငြာလိုက်တယ်... ဆိုတဲ့ သတင်း၊ သတင်းစာထဲ မမြင်လိုက်လို့ အင်တာနက်မှာ အတင်းလိုက်ရှာတော့၊ ပဋိပက္ခ အကြီးအကျယ်ဖြစ်နေတာ ။ စစ်သည်တော် အင်အားကိုပဲ ကြည့်ပြီး ခြေလျှင်တပ်နဲ့ တောင်ကိုးရီးယားမြို့တော်ကို အလွယ်တကူဝင်သိမ်း၊ အနိုင်ယူမယ် ဆိုတဲ့ သမရိုးကျ မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုပါ။
တရုတ်ရဲ့တပည့် ကွန်မြူနစ်နိုင်ငံဖြစ်ပြီး ဆင်းရဲ မွဲတေတဲ့ နိုင်ငံဖြစ်ပါတယ်။ သယံဇာတ ကြွယ်ဝပေမဲ့ အားလုံးစစ်ရေးမှာပဲ သုံးပစ်ပြီး အသက်၂၉နှစ်သား Kim Jong-un ကို ဘုရင်ပုံစံ ခေါင်းဆောင်တင်ထားတဲ့ ခပ်ကြမ်းကြမ်း မြောက်ကိုးရီးယားကို ထိန်းမရနိုင်ဖြစ်နေပါတယ်။
အထက်ပါ ဇယားကိုကြည့်ရင် ခြေလျှင်တပ် တစ်သန်းတစ်သိန်း နဲ့ ၇သိန်း အရေအတွက် အားဖြင့်၊ စစ်လက်နက်ပစ္စည်းများမှာ သာလွန်တဲ့အပြင် နူကလီယာဗုံး ၄လုံးကနေ ၁၂လုံးအထိ မြောက်ကိုးရီးယားက ပိုင်ဆိုင်ပါတယ်။
သို့သော် အမေရိကန်နောက်ခံထားတဲ့၊ ဂျပန်မှာအခြေချ လေတပ်၊ ရေတပ်များနဲ့ နောက်ဆုံးပေါ် နည်းပညာများ ရှိပါတယ်။ ဒါကြောင့် စစ်နည်းဗျူဟာရှင်များ အားလုံးနီးပါးက မြောက်ကိုးရီးယား စစ်ဝင်ရင်တော့ (ဆူဆိုက်)လုပ်တာပဲ လို့ဆိုပါတယ်။
လူအင်အားနဲ့ကြည့်ရင် တောင်ကိုးရီးယားစစ်သည် အင်အားတ၀က်ပဲရှိပေမဲ့ ကျန်းမာ၊ ကြံခိုင်၊ ခေတ်ပညာတတ်၊ ကျွမ်းကျင်မှုများရှိပါတယ်။ အထူးလေ့ကျင့်ထားသူများဖြစ်ပါတယ်
မြောက်ကိုးရီးယားမှာ နူကလီယာဗုံးများနဲ့ ဒုံးပျံပစ်စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်။ ဓါတုလက်နက်မှာလည်း ကမ္ဘာ့တတိယ အကြီးဆုံးအင်အား တန်ချိန် ၅၀၀၀ ပိုင်ဆိုင်ပါတယ်။ စစ်သည် ၁သန်း ၁သိန်း၊ တင့်ကား ၄၁၀၀၊ သံချပ်ကား ၂၅၀၀၊ အမြောက်လက်နက် ၃၀,၀၀၀ ရှိပါတယ်။ ၁၉၅၃ခုနှစ် ကိုးရီးယားစစ်ပွဲနောက်ပိုင်း စစ်တိုက်တဲ့အတွေ့ကြုံ မရှိသေးပါဘူး။ ကိုရီးယားလက်နက်ကြီးများဟာ ၁၉၆၀ မတိုင်မီက လက်နက်များဖြစ်ပြီး ထက်ဝက်ဟာ ဒီထက်ပိုပြီး ဟောင်းနွမ်းပါတယ်။ (BLOOMBERG)
ကိုးရီးယားစစ်ပွဲ ၁၉၅၀-၁၉၅၃ (၃နှစ်၁လ) နောက်ကြောင်းပြန် …
စစ်ပွဲတွင် တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယား ကွန်မြူနစ်နိုင်ငံများနှင့် အမေရိကန်၊ အနောက်နိုင်ငံများ၊ တောင်ကိုးရီးယားတို့ စစ်အင်အားစမ်းပွဲဖြစ်သည်။ မြောက်ကိုးရီးယားစစ်တပ်နှင့် ဆိုဗီယက်စစ်အကြံပေးများ ၂လအတွင်း တောင်ကိုးရီးယားမြို့တော် ဆိုးလ်မြို့တော်ကို သိမ်းပိုက်လိုက်သည်။ အမေရိကန်နှင့် တောင်ကိုးရီးယားတပ်များ အကြီးကျယ်ဆုံးရှုံးမှုမှာ လေကြောင်းအင်အား အကူဖြင့် ၂ပတ်အကြာ ဆိုးလ်းမြို့တော်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး၊ ရက်ပိုင်းအတွင်း မြောက်ကိုးရီးယားနိုင်ငံမြို့မျ
တောင်ကိုးရီးယားတပ်များ တန်ပြန်ထိုးစစ်ဖြင့် အနိုင်ရရှိနေချိန် မမျှော်လင့်ပဲ တရုပ်စစ်တပ်ကြီး (25 Oct 1950) တွင် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သမိုင်းတွင် အရှည်လျှားဆုံ တပ်ဆုတ်ခွာခရီး စတင်ခဲ့ရသည်။ ဆိုးလ်မြို့လည်း ပြန်လည်ကျဆုံးသွားပြီး တရုတ်၊မြောက်ကိုးရီးယားတပ်များ တောင်ကိုးရီးယားတစ်ခုလုံး သိမ်းပိုက်လုနီးပါးဖြစ်ခဲ့သည်။ အမေရိကန်က နူကလီယာလက်နက်သုံးလုနီးပါး အရှုံးကြီးရှုံးခဲ့သည်။ အမေရိကန်သမ္မတ ထရူးမင်းက စစ်ဗိုလ်ချုပ်မက်အာသာ MacArthur, နေရာတွင်၊ စစ်ဗိုလ်ချုပ်ရစ်ဝေး Ridgway ဖြင့်အစားထိုးလိုက်သည်။ Jul 1953 တိုင် ၂ နှစ်ကြာအောင် အမေရိကန်၊ ကုလနှင့် တောင်ကိုးရီးယားတပ်များက တိုက်ပွဲများစွာဖြင့် လက်လွတ်ခဲ့ရသော မြို့၊နယ်မြေများကို ပြန်သိမ်းခဲ့ရသည်။ ၁၉၅၃ ဇူလိုင်လတွင် နေမြဲနေရာများသို့ ပြန်လည်ဆုတ်ခွာပြီး စစ်ရပ်စဲခဲ့သည်။
အမေရိကန်၊ တောင်ကိုးရီးယား စစ်သားများ ၂သိန်းခန့်သေဆုံးပြီး၊ ၆သိန်းခန့် ဒဏ်ရာရခဲ့သည်။ တရုတ်၊ မြောက်ကိုးရီးယား စစ်သားများ ၄ သိန်းကျော် သေဆုံးခဲ့ပြီး၊ ၇သိန်းခန့် ဒဏ်ရာရခဲ့သည်။ ပြည်သူလူထု ၂သန်းခွဲခန့် သေကြေဒဏ်ရာရခဲ့သည်။
Myanmar News
Thursday, April 11, 2013
ဧပြီလ ၁၀ရက် ဂျပန်နိုင်ငံ သတင်းအချို့..
မြောက်ကိုရီးယား နေရာ ဒေသ၂ခုမှ ဂျပန်နိုင်ငံသို့Missile များဖြင့် ပစ်လွှတ်မည်ဟု ချိန်းခြောက် ပြောဆိုသွားသည်...။ ယနေ့လည်း ဖြစ်နိုင်သည်ဟု ဂျပန်သတင်းဋ္ဌာနများမှ ကြေငြာသည်...။
ယနေ့ ဂျပန်သတင်းဋ္ဌာနများမှ မြောက်ကိုရီးယား၏ စစ်ရေးချိန်းခြောက်မှုအပေါ် သတင်းသုံးသပ်မှုများ ထုတ်လွှင့် ပြသနေသည်...။ ဂျပန်ဝန်ကြီးချုပ်မှ မိမိ ပြည်သူများ၏ လုံခြုံရေးအား အစွမ်းကုန်ကာကွယ် သွားမည်ဟု ပြောဆိုသွားသည်...။
ဓာတ်ပုံ ယနေ့ ဖူဂျီတောင် အက်ကွဲကြောင်း
ဂျပန်နိုင်ငံ၏ နာမည်ကျော် ဖူဂျီတောင်၏ တောင်ပေါ်လမ်းတခု၌
အက်ကွဲကြောင်းများ တွေ့ရှိကြောင်း ထုတ်လွှင့်ပြသသည်..။ ဖူဂျီမီးရှင်တောင်
ပြန်လည်ပေါက်ကွဲ နိုင်ကြောင်း ပြောဆိုနေကြသလို.. အားပြင်း ငလျင်လည်း
လှုပ်ခတ်နိုင်ကြောင်း သုတေသီများမှ ယခင်နှစ်များကပင် ထုတ်လွှင့်နေကြသည်..။ဒီမိုဝေယံ
သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏..ယခင်မြောက်ကိုရီးယား လူမိုက်နှင့် ပေါင်းသင်းဆက်ဆံခဲ့သည်.. ဆက်ဆံနေသည့် အာဏာရှင်များ မည်သို့တုန့်ပြန်မည်နည်း..
ကွန်နရှင်ကျနေချိန်မှာတောင် Facebook ကို မြန်ဆန်စွာသုံးနိုင်တဲ့ Fast Pro for Facebook v1.9.8.5
တင်ပေးလိုက်တဲ့ Application ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ မြန်ဆန်လွန်းလှတဲ့ အင်တာနက်ကွန်နရှင်
နဲ့တော့ကွက်တိဘဲဗျာ။ အခု မြန်မာနိုင်ငံမှာ ယခင်နှစ်များထက် Facebook အသုံးပြုလာသူဟာ တော်တော်
လေးမြင့်မားလာတာကိုတွေ့ရပါတယ်။ အဲဒါကြောင့် Android ဖုန်းနဲ့ Tablet တွေမှာ Facebook ကိုလွယ်ကူ
စွာသုံးနိုင်ဖို့ Fast Pro for Facebook v1.9.8.5 ဆိုတဲ့ နောက်ဆုံးထွက်ထားတဲ့ Application လေးတစ်ခုမျှ
ဝေပေးလိုက်ပါတယ်ဗျာ။ သာမန် Facebook Application နဲ့ကွာခြားချက်ကတော့ အင်တာနက်ကွန်နရှင်ကျ
နေချိန်မှာတောင်မှ အခုတင်ပေးလိုက်တဲ့ App: နဲ့ မြန်ဆန်စွာဘဲအသုံးပြုနိုင်မှာပါဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
၂၀၁၃သင်္ကြန်တွင် ခေတ်စားမည့်သီချင်းများ
မူးကြမယ့်ပုလင်းသံ ပျံ့လွင့်လို့နေ ..♪ ♫
ကူးပြောင်းစ တန်ခူးလေမှာ .. ♪ ♫
တစ်ယောက်တစ်ခွက်နဲ့ကမ်းကာ သောက်လိုက်ကြစဉ်
မသောက်ဘူးပြောကာ အန်အောင်သောက်သူရေ ..
ခေါင်းကြီးစိုက်လို့ မသောက်ဘူးပြောကာ အန်အောင် သောက်သူရေ ... ♪ ♫
သည်တန်ခူးရွှင်မြူး အမူးသောက်မယ်လေ....
ကမ်းကုန်အောင်သောက်လိုက်တော
ကမ်းကုန်အောင်သောက်လိုက်တော
မြန်မာဘီယာကမူးပါတယ်ဆို...ဒ
ရှာပုံတော်မင်းသားကြီး...မဏ္ဍ
ဘယ်အရပ်သူဇာတိမှန်းလဲ မသိတော့အခက်တွေ့ပြီ....
မနှစ်ကပေးတဲ့ မင်းလိပ်စာ...ဦးပိုင်မြေကွက
.မမှတ်မိတော့ အခတ်သားလှဒေ၀ီ...♪ ♫
သင်္ကြန်နွေဦး ချွတ်ပြ ချွတ်ပြ ချွတ်တဲ့ပွဲတော်ပါ♪ ♫
သင်္ကြန်နွေဦး ရူးကြ မူးကြ ဆဲတဲ့ပွဲတော်ပါ
ဟိုဘက်မှာလည်း ချွတ်ပြ ချွတ်ပြ sexy ပျိုမေပါ♪ ♫
ဒီဘက်မှာလည်း ရူးကြ မူးကြ သေကြေကုန်ပြီခင်ဗျာ♪ ♫♪ ♫
Credit to သားကို ဆိုးပေပေကောင်လေး မန္တလေး
Myanmar News Week ဂျာနယ်အား မော်ဒယ်အမရာငြိမ်းတရားစွဲမည်
» Myanmar News Week ဂျာနယ်အား မော်ဒယ်အမရာငြိမ်းတရားစွဲမည်
မိုက်ကယ်လန်းမှ အဆိုတော် တစ်ဦးနှင့် မော်ဒယ်အမရာငြိမ်းအား Myanmar News
Week ဂျာနယ်မှ မတရား စွပ်စွဲရေးသား ထားခြင်းနှင့် ပတ်သတ်၍ အမရာငြိမ်းက
အဆိုပါဂျာနယ်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း
မော်ဒယ်အမရာငြိမ်းက ယနေ့ခေတ်သို့ ပြောကြားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
| မိုက်ကယ်လန်း နှင့် မော်ဒယ်အမရာငြိမ်း ။ သတင်း ဓာတ်ပုံ Facebook |
မြန်မာစီးပွားရေး ၆.၃ရာခိုင်နှုန်း တိုးလာဟု အာရှဖွံ့ဖြိုးရေးဘဏ်ပြော
ABC
၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ စီးပွားရေးက ၆.၃% တိုးတက်မှုရှိပြီး အရင်နှစ်တုန်းက ၅ ရာခိုင်နှုန်း သာ ရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။
မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေတာနဲ့အမျှ စီးပွားရေးတိုးတက်မှုတွေ ရှိလာတာလို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်အတွင်း ရင်းနှီးမြုပ်နှံသူတွေကိုလည်း ဆွဲဆောင်မှုပိုရှိလာပြီး ရင်းနှီးမြုပ်နှံဖို့ ကြိုးစားတဲ့ကုမ္ပဏီက အရင်ကနဲ့စာရင် ၁၄ ဆ တိုးများလာတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ကုမ္ပဏီပေါင်း ၆၂ ခုကို မြန်မာအစိုးရက ရင်းနှီးမြုပ်နှံခွင့်ပေးခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်ထက် ပိုများတဲ့ အရေအတွက် ဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကနေ ဝင်ငွေဒေါ်လာ သန်းပေါင်း ၅၀၀ လောက်ရှိပြီး အရင်နှစ်နဲ့ ယှဉ်ရင် ၆၀ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ၊ နိုင်ငံခြားငွေလဲလှယ်မှုတွေနဲ့ ဖွံ့ဖြိုးရေးအတွက်ရတဲ့ ထောက်ပံ့မှုတွေဟာ စုစုပေါင်းဒေါ်လာ ၅.၁ ဘီလီယံလောက်ရှိပြီး မြန်မာပြည်တွင်း ဝန်ဆောင်မှုနဲ့ သွင်းကုန်တန်ဖိုးရဲ့ ၄ လစာနဲ့ ညီမျှမှုရှိကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။
Posted by
ကိုကို၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ စီးပွားရေးက ၆.၃% တိုးတက်မှုရှိပြီး အရင်နှစ်တုန်းက ၅ ရာခိုင်နှုန်း သာ ရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။
မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေတာနဲ့အမျှ စီးပွားရေးတိုးတက်မှုတွေ ရှိလာတာလို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်အတွင်း ရင်းနှီးမြုပ်နှံသူတွေကိုလည်း ဆွဲဆောင်မှုပိုရှိလာပြီး ရင်းနှီးမြုပ်နှံဖို့ ကြိုးစားတဲ့ကုမ္ပဏီက အရင်ကနဲ့စာရင် ၁၄ ဆ တိုးများလာတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ကုမ္ပဏီပေါင်း ၆၂ ခုကို မြန်မာအစိုးရက ရင်းနှီးမြုပ်နှံခွင့်ပေးခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်ထက် ပိုများတဲ့ အရေအတွက် ဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကနေ ဝင်ငွေဒေါ်လာ သန်းပေါင်း ၅၀၀ လောက်ရှိပြီး အရင်နှစ်နဲ့ ယှဉ်ရင် ၆၀ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ၊ နိုင်ငံခြားငွေလဲလှယ်မှုတွေနဲ့ ဖွံ့ဖြိုးရေးအတွက်ရတဲ့ ထောက်ပံ့မှုတွေဟာ စုစုပေါင်းဒေါ်လာ ၅.၁ ဘီလီယံလောက်ရှိပြီး မြန်မာပြည်တွင်း ဝန်ဆောင်မှုနဲ့ သွင်းကုန်တန်ဖိုးရဲ့ ၄ လစာနဲ့ ညီမျှမှုရှိကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။
အခွန်မဆောင်ခြင်းကြောင့် ပြည်သူများ ဆုံးရှုံးမှုဖြစ် ဟု ပြည်သူ့လွှတ်တော် ဥက္ကဌဆို
စောဇင်ညီ
မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဝန်ထမ်းများ အခွန်မဆောင် ကြခြင်းသည် နိုင်ငံတော် ဆုံးရှုံးမှုမဟုတ်ပဲ ပြည်သူများအတွက် ဆုံးရှုံးမှုသာ ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့သည်။
ထိုသို့ ပြောကြားခြင်းမှာ အခွန်ဆောင်နိုင်သူများမှာ အခွန်မဆောင်၍ ကျန်အခွန် မဆောင်ရသော ပြည်သူများ အတွက် ထောက်ပံ့မှုများ နိုင်ငံတော်မှ မလုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သူရဦးရွှေမန်းက “ဘယ်သူတွေကို အခွန်ကောက်ရမယ် မကောက်ရဘူးလဲ ဆိုတာ စာရင်းတွေရှိဖို့ လိုတယ်။ ကောက်ရမဲ့လူတွေကို မှတ်သားပြီးတော့ ကောက်သင့်တယ်။ ဒါမှ နိုင်ငံတော်က ပြည်သူတွေကိုထောက်ပံ့မှုတွေ ပေးနိုင်မယ်” ဟု ရှင်းပြခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင် ပြည်သူများ အနေဖြင့် တလလျှင် ၁၄.၄ သိန်း ရရှိပါက အခွန်ထမ်း ရမည်ဖြစ်ပြီးအောက်ခြေဝန်ထမ်း ပြည်သူတဦးအနေဖြင့် ၁.၂ သိန်း ရရှိပါက အခွန်ထမ်းရမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကောက်ခံမည် အကောက်အခွန်များအနေဖြင့် အများပြည်သူမှ လက်ခံနိုင်စရာ အခြေအနေ တစ်ရပ်ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
"ကျွန်မတို့နိုင်ငံမှာ အခွန်ကောက်တယ် ဆိုတာက ပြည်သူ့အကျိုး အတွက်လည်းပါတယ်ဆိုတာ သိဖို့လိုပါတယ်။ တဖက်တည်းစဉ်းစားလို့ရတာမဟုတ်ဘူး။အခွန်ကောက်ဝန်ထမ်းတွေက လည်း အခွန်အကြောင်းကို ပြည်သူတွေ သိဖို့ ပြောကြားဖို့ လိုတယ်။" ပာု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရလက်ထက်က မြန်မာပြည်၏ ထိပ်သီး စီးပွားရေးလုပ်ငန်းကြီးများမှ အခွန်ရှောင်ခဲ့ရာ အစိုးရသစ် တက်လာပြီး ယခုနှစ်မှသာ အခွန်ဆောင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အသိပေး ပြောကြားခဲ့ကြောင်း သတင်းအချက်အလက်များမှ သိရသည်။
အခွန်ထမ်းရမည့် ပြည်သူများအနေဖြင့် အခွန်အခနှုန်းထားများအား ပေးဆောင်ရန် စားဝတ်နေရေး အဆင်ပြေသည့် အချိန်အတိုင်းအတာ လိုအပ်ကြောင်း ထိုမှသာ အခွန်ပေးဆောင် နိုင်ကြမည်
ဖြစ်ကြောင်း ရွှေလင်ပန်း စက်မှုဇုန်ရှိ ကေဇာမြန်မာ ကုမ္ပဏီပိုင်ရှင် ကိုဝင်းကိုမျိုးက ပြောသည်။
၎င်းက “ နိုင်ငံအတွက် အခွန်က အရေးကြီးပါတယ်။ လူတွေအတွက်လဲ စားဝတ်နေရေး ဖူလုံဖို့က အရေးကြီး တယ်။ ဖူလုံမှ အခွန်ပေးနိုင်မှာ။ ဒီလိုဖြစ်မှပဲ အပြန်အလှန် အဆင်ပြေမှာပါ ” ဟု ဆိုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် နယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ ယနေ့ တွေ့ဆုံခဲ့ကြသည်။
Posted by
ကိုကိုမြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဝန်ထမ်းများ အခွန်မဆောင် ကြခြင်းသည် နိုင်ငံတော် ဆုံးရှုံးမှုမဟုတ်ပဲ ပြည်သူများအတွက် ဆုံးရှုံးမှုသာ ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့သည်။
ထိုသို့ ပြောကြားခြင်းမှာ အခွန်ဆောင်နိုင်သူများမှာ အခွန်မဆောင်၍ ကျန်အခွန် မဆောင်ရသော ပြည်သူများ အတွက် ထောက်ပံ့မှုများ နိုင်ငံတော်မှ မလုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သူရဦးရွှေမန်းက “ဘယ်သူတွေကို အခွန်ကောက်ရမယ် မကောက်ရဘူးလဲ ဆိုတာ စာရင်းတွေရှိဖို့ လိုတယ်။ ကောက်ရမဲ့လူတွေကို မှတ်သားပြီးတော့ ကောက်သင့်တယ်။ ဒါမှ နိုင်ငံတော်က ပြည်သူတွေကိုထောက်ပံ့မှုတွေ ပေးနိုင်မယ်” ဟု ရှင်းပြခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင် ပြည်သူများ အနေဖြင့် တလလျှင် ၁၄.၄ သိန်း ရရှိပါက အခွန်ထမ်း ရမည်ဖြစ်ပြီးအောက်ခြေဝန်ထမ်း ပြည်သူတဦးအနေဖြင့် ၁.၂ သိန်း ရရှိပါက အခွန်ထမ်းရမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကောက်ခံမည် အကောက်အခွန်များအနေဖြင့် အများပြည်သူမှ လက်ခံနိုင်စရာ အခြေအနေ တစ်ရပ်ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
"ကျွန်မတို့နိုင်ငံမှာ အခွန်ကောက်တယ် ဆိုတာက ပြည်သူ့အကျိုး အတွက်လည်းပါတယ်ဆိုတာ သိဖို့လိုပါတယ်။ တဖက်တည်းစဉ်းစားလို့ရတာမဟုတ်ဘူး။အခွန်ကောက်ဝန်ထမ်းတွေက လည်း အခွန်အကြောင်းကို ပြည်သူတွေ သိဖို့ ပြောကြားဖို့ လိုတယ်။" ပာု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရလက်ထက်က မြန်မာပြည်၏ ထိပ်သီး စီးပွားရေးလုပ်ငန်းကြီးများမှ အခွန်ရှောင်ခဲ့ရာ အစိုးရသစ် တက်လာပြီး ယခုနှစ်မှသာ အခွန်ဆောင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အသိပေး ပြောကြားခဲ့ကြောင်း သတင်းအချက်အလက်များမှ သိရသည်။
အခွန်ထမ်းရမည့် ပြည်သူများအနေဖြင့် အခွန်အခနှုန်းထားများအား ပေးဆောင်ရန် စားဝတ်နေရေး အဆင်ပြေသည့် အချိန်အတိုင်းအတာ လိုအပ်ကြောင်း ထိုမှသာ အခွန်ပေးဆောင် နိုင်ကြမည်
ဖြစ်ကြောင်း ရွှေလင်ပန်း စက်မှုဇုန်ရှိ ကေဇာမြန်မာ ကုမ္ပဏီပိုင်ရှင် ကိုဝင်းကိုမျိုးက ပြောသည်။
၎င်းက “ နိုင်ငံအတွက် အခွန်က အရေးကြီးပါတယ်။ လူတွေအတွက်လဲ စားဝတ်နေရေး ဖူလုံဖို့က အရေးကြီး တယ်။ ဖူလုံမှ အခွန်ပေးနိုင်မှာ။ ဒီလိုဖြစ်မှပဲ အပြန်အလှန် အဆင်ပြေမှာပါ ” ဟု ဆိုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် နယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ ယနေ့ တွေ့ဆုံခဲ့ကြသည်။
Samsung Galaxy Grand (GT-I9082) အား မ Root ပဲ မြန်မာဖောင့်ထည့်နည်း
အရင်ဆုံး လိုအပ်တာလေးတွေ ဒေါင်းပါ
Odin (For Samsung)
http://www.mediafire.com/?yhak82qwccf3ych
Galaxy Grand (for Touch Recovery)
http://www.mediafire.com/?76v7f4a367dwoc1
MM Font & Keyboard (Build In System)
http://www.mediafire.com/?bfow8p96a6nb985
လိုအပ်တာတွေ ဒေါင်းပြီးပြီ ဆိုရင်တော့ ဖုန်းကို လိုအပ်တာတွေ Back up
လုပ်ထားလိုက်ပါ အစိုးမရတဲ့ စက်ပစ္စည်းတွေ ရဲ့ ထုံးစံကြောင့် သင့် Data တွေ
ရရှိနိုင်ဖို့ Backup လုပ်ထားတာ အကောင်းဆုံးပါပဲ။
ဖုန်းအား Recovery သွင်းဖို့ မစခင် ဖုန်းဟာ ဘတ်ထရီ အနည်းဆုံး Level 75% ရှိနေရပါမယ် (သတိပြုပါ)
ကဲ အားလုံးပြီးပြီဆိုရင် လုပ်ငန်းစပါမယ်...
၁။ ပထမဆုံးအနေနဲ့ ဖုန်းအား ပါဝါပိတ်လိုက်ပါ ပြီးလျင် ငါးစက္ကန့်ကြာပြီးလျင်
Volume Down + Power + Home buttons
တွဲ နှိပ်ထားလိုက်ပါ။
အပေါ်ပုံပါအတိုင်း နှိပ်ပြီးလျင် Download Mode ပေါ်လာပါမယ်
Volume Up
ကိုနှိပ်ပြီး Download Mode ၀င်ကြောင်း အတည်ပြုပေးပါ
၂။ ယခုဆိုလျင် ကွန်ပြုတာဖြင့် ချိတ်ဆက်၍ ရနိုင်ပါပြီ
ကွန်ပြုတာဖြင့် မချိတ်ဆက်ခင် ကွန်ပြုတာမှာ လုပ်စရာရှိတာလေးတွေ အရင်လုပ်ထားကြရအောင်...
အရင်ဆုံး Odin.exe အား ဖွင့်လိုက်ပါ။
အထက်ပါ ပုံအတိုင်း Odin ပေါ်လာပါမယ် ကြိုးထိုးလိုက်ပါ ကြိုးထိုးလိုက်လျင်
ပထမ အကွက်လေးမှာ မီးပြာလေး လင်းလာပါမယ် ဒါဆိုရင် Mobile Device အား
ကွန်ပြုတာမှ အသိအမှတ်ပြုလိုက်ပါပြီ စတင်ပြီး Recovery ရေးပါတော့မယ်...
၃။ အထပ်ပါပုံအတိုင်းပင် PDA မှ တဆင့် မိမိဒေါင်းထားသော CWM-touch_i9082_chotu.tar.md5
အား သွားရွေးပေးလိုက်ပါ ပုံပါအတိုင်း PDA မှာ ၀င်သွားပြီဆိုရင်
Auto Reboot နှင့် F.Reset Time နှစ်ခုအား အမှန်ခြစ်ကာ
Start ကို နှိပ်ပေးပါ။
အထက်ပါ ပုံစံအတိုင်း သူ့အလိုလို ရေးသွားပါမယ်
Odin မှာ Pass! ဆိုပြီး အစိမ်းရောင် အကွက်လေး ပေါ်နေပြီဆိုရင် ကြိုးဖြုတ်လို့ရပါပြီ။
၎။ ပါဝါပွင့်လာတဲ့ ဖုန်းကို ပါဝါပြန်ပိတ်ပါ
ပြီးလျင် ဒေါင်းလုပ် ဆွဲထားတဲ့ MM Font & Keyboard.zip ဖိုင်လေးအား
SD Card ထဲသို့ ထည့်ပြီး ထို SD Card အား ဖုန်းထဲသို့ ထည့်ထားလိုက်ပါ။
၅။ ခုဆိုရင် ထည့်ထားတဲ့ MM Font & Keyboard အား Install လုပ်ဖို့အတွက်
Recovery Mode ခေါ်ပါမယ်
Volume Up + Power + Home buttons
များ ပေါင်းနှိပ်ထားပါ
Recovery Menu တက်လာပါမယ်။
အထက်ပါ ပုံစံအတိုင်း တက်လာလျင် Recover Menu (CWM) ၀င်သွားပြီဖြစ်လို့
မိမိ ထည့်ထားတဲ့ MM Font & Keyboard.zip အား
Install Zip From SD Card မှ တဆင့် ရှာဖွေကာ Install လုပ်ပေးလိုက်ပါ
Touch Recovery ဖြစ်တာကြောင့် လက်ဖြင့် တို့ထိပြီး ပြုလုပ်နိုင်ပါတယ်။
အားလုံး ပြီးရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ
ပါဝါပြန်တက်လာရင် မြန်မာစာ နဲ့ ကီးဘုတ် အော်တိုပါနေတာကို မြင်ရမှာဖြစ်ပါတယ်..
အားလုံးအဆင်ပြေနိုင်ကြပါစေ...
သစ်ဆန်းခန့်
mr.thitsankhant@gmail.com
နိုင်ငံသား မစိစစ်ဘဲ ဘင်္ဂလီများပြန်လည်နေရာချထားခြင်းကို ကန့်ကွက်ဆန္ဒပြသူများအား ရုံးတင်စစ်ဆေးလျက်ရှိ
ဇင်ကီး
လွန်ခဲ့သည့် မတ်လမှစ၍ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားမစီစစ်ဘဲ ဘင်္ဂလီများပြန်လည်နေရာချထားခြင်းကို ကန့်ကွက်ဆန္ဒပြသူ ခေါင်းဆောင်(၁၁)ဦးအား ရုံးတင်စစ်ဆေးလျက်ရှိကြောင်း ရခိုင်လူမှုကွန်ယက် တာဝန်ရှိသူများက ဆိုသည်။
၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အဆင့်ဆင့်သော အာဏာပိုင်များသို့ ခွင့်ပြုချက် တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရ၍ နောက်ဆုံးတွင်ခွင့်ပြုချက်မဲ့ဆန္ဒပြရာမှ ယခုကဲ့သို့ အရေးယူခံနေရခြင်း ဖြစ်သည်။
တောင်ကုတ်မှ ဦးမင်းထွန်း၊ ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး၊ ရသေ့တောင်မှ ဦးတိုးတိုး၊ ဦးသန်းဌေး၊ စစ်တွေမှ ဦးကျော်ဇောဦး၊ ဒေါ်ညိုအေးနှင့် ကျောက်တော်မှ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေ၊ ဒေါ်တင်တင်အေးတို့မှာ သက်ဆိုင်ရာ တရားရုံးများ၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် ရုံးတင်စစ်ဆေးခံနေရကြောင်း သိရသည်။
တောင်ကုတ်မှ တရားစွဲခံထားရသူများကို ဧပြီလ ၉ ရက်နေ့မှ မြို့နယ်တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း တရားစွဲခံထားရသူ ဦးစိုးဝင်းက အာရ်ကန်တိုင်းမ်စ် ကိုပြောသည်။
" ကျနော်တို့ ၃ ယောက်ကို ဒီနေ့ တရားရုံးကခေါ်တယ်။ တရားလိုက ရဲမြို့နယ်မှူးဖြစ်တယ်။ သူ့ကိုပဲ အဓိကမေးတယ်။ ကျနော်တို့ကိုတော့ ထူးထူးခြားခြား မစစ်သေးဘူး။ သက်သေတွေလည်း မစစ်သေးဘူး။ လာမယ့် ဧပြီ ၂၅ ရက်မှာ ရုံးချိန်း ရှိတယ်။ " ဟု ဆိုသည်။
ထို့အတူ ရသေ့တောင်မြို့နယ်မှ ဦးတိုးတိုးနှင့် ဦးသန်းဌေးတို့အား ဧပြီ ၈ ရက်နေ့တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း ရသေ့တောင် လူမှုကွန်ယက်က ဆိုသည်။
စစ်တွေမှ ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့နှစ်ဦးအား ဧပြီ ၉ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ စွဲချက်တင်ခဲ့ကြောင်း တရားစွဲခံနေရသူ စစ်တွေလူမှုကွန်ယက်ခေါင်းဆောင် ဒေါ်ညိုအေးက ပြောသည်။
" ဒီနေ့ ကျမနဲ့ ဦးကျော်ဇောဦးကို ရုံးတင်တရားစွဲဆိုတယ်။ တရားလိုကတော့ စစ်တွေပြို့အမှတ်(၁)ရဲစခန်းက စခန်းမှူး ဦးမိုးကျော်ဖြစ်တယ်။ လိုပြသက်သေ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်းပါတယ်။ ကျမတို့ကို တရားစွဲနိုင်ဖို့သက်သေ အထောက်အထားတွေပြတယ်။ ကျမတို့ တယောက်စီအတွက် ၅ သိန်းတန်ခံဝန်နဲ့ လူသုံးယောက်က အာမခံပေးရတယ်။ ဧပြီ ၂၃ မှာ ထပ်ပြီးတော့ ရုံးချိန်းထားတယ်။ " ဟု ဆိုသည်။
၎င်းတို့မှာ နိုင်ငံသားစီစစ်မှုမရှိဘဲ ဒုက္ခသည်များပြန်လည်နေရာချထားခြင်းအား ကန့်ကွက်သည့်ဆန္ဒပြမှုများကို ဦးဆောင်ကာမတ်လအတွင်း၌ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ်၊သံတွဲ မြို့နယ်များတွင် ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
Posted by
ကိုကို
နိုင်ငံသား မစိစစ်ဘဲ ဘင်္ဂလီများပြန်လည်နေရာချထားခြင်းကို စစ်တွေမြို့သူမြို့သားများ ကန့်ကွက်ဆန္ဒပြနေကြစဉ်။

ယနေ့ အသုံးပြုနေသော ATM Card များနဲ့  Smart Card အမျိုးမျိုးအကြောင်း
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့ တကွ အသုံးပြုတဲ့ နည်းပညာ နည်းစနစ်တွေကိုပါ
သေချာရှင်းပြထားတာမို့  အင်တာနက်ခေတ်မှာ အသုံးများလာတဲ့ ကတ်အကြောင်း
ဗဟုသုတရနိုင်ပါလိမ့်မယ် .လေ့လာလိုသူများ အောက်ကလင့်မှာ ယူဖတ်ကြည့်ပါ
Download- Smart Card Knowledge Myanmar Ebook
ကမ္ဘာ့လူကြည့်အများဆုံး ဓာတ်ပုံ
![]() |
Wednesday, April 10, 2013
ကမ္ဘာ့လူကြည့်အများဆုံး ဓာတ်ပုံအဖြစ်ဦးဆောင်နေတာကတော့ Microsoft ရဲ့
Windows XP မှာ wallpaper အဖြစ်အသုံးပြုထားတဲ့ Bliss (သုခချမ်းမြေ့) ဆိုတဲ့
ပုံပဲဖြစ်ပါတယ်...ဒီပုံဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Sonoma County က
အစိမ်းရောင်တောင်ကုန်းလေးပါတဲ့ ရှုခင်းပုံလေးဖြစ်ပြီး လမ်းမဘေးတစ်နေရာကနေ
ဓာတ်ပုံဆရာ Charles O'Rear က အလယ်အလတ်တန်းစား
ကင်မရာနဲ့ရိုက်ကူးခဲ့တာဖြစ်ပါတယ်...
ဒီပုံပထမဆုံးထွက်ပေါ်လာတဲ့ 2002 ခုနှစ်အတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၁ ဘီလီယံကျော်ခဲ့တယ်လို့သိရပါတယ်. ..
ဒီဓာတ်ပုံအတွက် ဘီလ်ဂိတ်ဟာ ဘယ်လောက်ပေးခဲ့ရသလဲဆိုတာကို အတိအကျမသိရပေမဲ့ O'Rear ကတော့ တန်ဖိုးကိုအဆမတန်ပေးထား ပါတယ်လို့ ဆိုပါတယ်....
ဒီနေရာလေးရဲ့လိပ်စာကတော့ 3101 Fremont Dr. (Sonoma Hwy.), Sonoma, CA. ဖြစ်ပြီး တောင်ကုန်းရဲ့ တည်နေရာက 38.250124, -122.410817 ဖြစ်ပါတယ်...
ဒီနေရာလေးကိုပဲ တခြား ဓာတ်ပုံဆရာတွေက အချိန်ကာလအသီးသီးမှာ ရိုက်ကူးခဲ့တဲ့ပုံတွေကိုတော့ ကိုးကားလင့်လေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်...
Ref: http://petapixel.com/2012/08/ 03/the-most-viewed-photo-
of-all-time/
ဒီပုံပထမဆုံးထွက်ပေါ်လာတဲ့ 2002 ခုနှစ်အတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၁ ဘီလီယံကျော်ခဲ့တယ်လို့သိရပါတယ်.
ဒီဓာတ်ပုံအတွက် ဘီလ်ဂိတ်ဟာ ဘယ်လောက်ပေးခဲ့ရသလဲဆိုတာကို အတိအကျမသိရပေမဲ့ O'Rear ကတော့ တန်ဖိုးကိုအဆမတန်ပေးထား ပါတယ်လို့ ဆိုပါတယ်....
ဒီနေရာလေးရဲ့လိပ်စာကတော့ 3101 Fremont Dr. (Sonoma Hwy.), Sonoma, CA. ဖြစ်ပြီး တောင်ကုန်းရဲ့ တည်နေရာက 38.250124, -122.410817 ဖြစ်ပါတယ်...
ဒီနေရာလေးကိုပဲ တခြား ဓာတ်ပုံဆရာတွေက အချိန်ကာလအသီးသီးမှာ ရိုက်ကူးခဲ့တဲ့ပုံတွေကိုတော့ ကိုးကားလင့်လေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်...
Ref: http://petapixel.com/2012/08/
of-all-time/
Rangonnewsdaily
You might also like:
ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်များတွင် ခါးပိုက်နှိုက်မှု အများဆုံး ဖြစ်ပွားနေ၊အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ခါးပိုက်နှိုက်အချို့ ယင်းအလုပ်သာ ပြန်လည် လုပ်ကိုင်သောကြောင့်ဟု သိရ
လုပ်ကိုင်နေ၍ ခါး ပိုက် နိုက်မှု များ ရှိနေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း အရှေ့ပိုင်းခရိုင်နှင့် အ
နောက်ပိုင်းခရိုင်များတွင်ခါးပ
နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်
တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်း အဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။
လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ရန်ကုန်မြို့ ရွှေတိဂုံ
ဘုရားလမ်းနှင့် ဗိုလ်တထောင်သို့ ပြေးဆွဲလျက်ရှိသော ၂၀၄ ယာဉ်လိုင်းတွင်ခရီးသည်နှင့်ဘုရားဖူး ပြည်သူ
များ ရောထွေးလျက် ကျပ်ကျပ်တည်းတည်း စီးနေရပြီး ယင်း ကားပေါ်၌ ခါးပိုက်နှိုက်များ ကျင်လည် ကျက်
စားစပြုလာကြောင်း၊သတင်းရရှိ၍ ခရီးသည်များ လုံခြုံစိတ်ချစွာ သွားလာနိုင်ရန် မည်သို့ စီစဉ် ဆောင်ရွက်
ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်း သည့်အပေါ်တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ လူဦးရေ ခြောက်သန်းကျော် နေထိုင်လျက်ရှိပြီး နေ့စဉ် စားဝတ်နေ
ရေးနှင့် လူမှုရေးကိစ္စများအတွက် လှုပ်ရှားသွားလာရာတွင် ကိုယ်ပိုင်ကား မစီးနိုင်သော ခရီးသွားပြည်သူ
များအဖို့ရာ လိုင်းကားများကိုသာ ကျပ်တည်းစွာ စီးနင်းရကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက''ယခုအခါ အကျဉ်းထောင်
အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ ခိုး၊ ဆိုး၊နှိုက် ဒုစရိုက်သမားများဟာလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်
မြောက်လာပြီးနောက်မှာ တချို့သော ဒုစရိုက်သမားများဟာ သမာအာဇီဝလုပ်ငန်းတွေ လုပ်တဲ့သူ တချို့ရှိ
သလို တချို့သော ခိုးဆိုးနှိုက်များဟာ အလွယ်တကူ ခိုးဆိုးနှိုက် လုပ်ငန်းများကိုသာ ပြန်လည်လုပ်ကိုင် လာ
ကြတာ ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
တိုးပွားလာတဲ့လူဦးရေကြောင့်စီးနင်းရတဲ့လိုင်းကားများ ကျပ်တည်းမှု၊ ယာဉ် ကြော ပိတ်ဆို့မှုတွေကိုအခွင့်၏
ကောင်းယူပြီး ခါးပိုက်နှိုက်များဟာ မိမိတို့ရဲ့ အသက်ဝမ်းကျောင်းမှု လုပ်ကိုင်ခွင့်ကောင်းစွာ ရရှိနေကြောင်း ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ သိရှိနား လည်ပြီး ဖြစ် ပါတယ်။ အခါကြီး ရက်ကြီးများတွင်သာမက လူသွား
လူလာ များပြားတဲ့နေရာများမှာ ခါးပိုက်နှိုက် တွေ လုပ်ကိုင်ခွင့် သာနေပါတယ်''ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌ ခါးပိုက်နှိုက်မှု အများဆုံးဖြစ်ပွားသည့် နေရာမှာအရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်း ခရိုင်များဖြစ်
ပြီး မြို့နယ်များအနေဖြင့် မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံအရှေ့၊ ဒဂုံ
တောင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ လသာ၊ ပန်းဘဲတန်း၊ ကြည့်မြင်တိုင် စသော လူစည်ကားသော မြို့နယ်
များ၌ အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် ယာဉ်လိုင်းများပေါ်၌ ခါးပိုက်နှိုက်ခံရမှု မဖြစ်စေရေးအတွက် စောင့်ကြည့် ဖမ်းဆီးလျက်
ရှိပြီး ၂၀၁၃ ခုနှစ်မတ်လ ၂၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခါးပိုက်နှိုက် ၁၁ မှုကို ဖမ်းဆီးအ
ရေးယူထားကြောင်း သိရသည်။
Eleven Media Group , Rangonnewsdaily
You might also like: