This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 11, 2013

တရုတ်နိုင်ငံကို ဘယ်လို ရင်ဆိုင်မလဲ


တိုင်းကျော်

အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတပုဒ်ကတော့ တရုတ်နိုင်ငံဟာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ် အေ) ကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ နဲ့ တင့်ကားဖျက် လက်နက်တွေ အပါအ၀င် ခေတ်မီ လက်နက်ပစ္စည်းတွေ ရောင်းချခဲ့ တယ် ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

Jane Defense အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြကြတဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြောင်း ကျွမ်းကျင်သူတွေနဲ့ စစ်လက်နက်ကုန် သွယ် မှုအကြောင်း ကျွမ်းကျင်သူတွေက ထောက်ခံ ပြောဆိုကြပေမယ့် တရုတ်သံရုံးကတော့ ဒီသတင်း အခြေအမြစ် မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ “၀” တပ်ဖွဲ့ကို တရုတ်နိုင်ငံက လက်နက်တွေ တ ကယ်ပဲ ရောင်းခဲ့သလား၊ တရုတ်နိုင်ငံဟာ နယ်စပ် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လို သဘောထားခဲ့သလဲ၊ ဒီ ပြဿနာတွေနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံကို ဘယ် လို ရင်ဆိုင်ရမလဲဆိုတာ ခုတပတ် ဆွေးနွေးသုံးသပ် တင်ပြသွားမှာ ဖြစ်ပါတယ်။

ပြောရရင် မြန်မာနိုင်ငံဟာ လက်ရှိ ခေတ်သစ်တရုတ်နိုင်ငံထက် ၁ နှစ်စောပြီး လွတ်လပ်ရေး ရပါတယ်။ ၁၉၄၉ ခုနှစ် ကွန်မြူနစ်တွေ အောင်ပွဲခံ မှုနဲ့ အတူ တရုတ်နိုင်ငံ လွတ်မြောက်ပြီးနောက် တရုတ်ကွန်မြူနစ်အစိုးရကို ပထမဦးဆုံး အသိအမှတ်ပြုတဲ့အထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ တရုတ်ပြည်သစ် တည်ထောင်ပြီးနောက် ကွန်မြူနစ် အစိုးရဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ချမှတ်တဲ့ဆီမှာလည်း ပါဝင်ပြီးနိုင်ငံတ ကာရေးရာမှာ သူများ ပြည်တွင်း မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ ဒီလိုနဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ဟာ ၁၉၆၀ စုနှစ် နှောင်း ပိုင်းအထိ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်ပွားခဲ့သလို အဲဒီ ပြဿနာတွေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာလည်း တရုတ်-မြန်မာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ အဓိကရုဏ်းတွေကို တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရ တုံ့ပြန်လိုက်ပုံကတော့ တရုတ်ပြည်ထဲရောက် နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်တချို့၊ ကချင်တိုင်းရင်းသားခေါင်းဆောင် နော်ဆိုင်း ခေါင်း ဆောင်တဲ့ တိုင်းရင်းသားတချို့ကို ရှေ့တန်းတင်ပြီး လူအင်အားနဲ့ လက်နက်အင်အား အပြည့်အ၀ ထောက်ပံ့မှုပေးပြီး မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့မြောက်ပိုင်းကို အလုံးအရင်းနဲ့ ၀င် ရောက်တိုက် ခိုက်ခြင်းပါပဲ။ လက်ရှိ ၀ တပ်ဖွဲ့နဲ့ မိုင်းလား အခါတပ်ဖွဲ့တွေဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရရဲ့ မြန်မာပြည်တွင်းရေး ၀င်ရောက်စွက်ဖက်မှုက နေ ကျန်နေရစ်တဲ့ အမွေတခုလို့ ဆိုရင်လည်း မမှားပါဘူး။

အဲဒီ အချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ အလံထောင်ထားတဲ့ ခေါင်းစဉ်အောက်မှာ ဗော်လံတီယာတွေလို့ နာမည်တပ်ထားတဲ့ တရုတ်နိုင်ငံသား တပ်ဖွဲ့ဝင်တွေဟာ တရုတ်အစိုးရ လက်နက်တွေနဲ့ပဲ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြောရရင် အဲဒီအချိန်က တရုတ် ပြည်ရဲ့ ကူညီမှုဟာ လက်နက် တခုတည်း မကပါဘူး။ တပ်ဖွဲ့ဝင်တွေ၊ စားရေရိက္ခာတွေနဲ့ လက်နက်ကြီးငယ်တွေ အားလုံး ပါဝင်ခဲ့ပါ တယ်။ နောက်ပိုင်း မြန်မာအစိုးရနဲ့ ပြေလည်မှုရရှိသွားလို့ အဲဒီ ဗမာပြည်ကွန်မြူနစ်ပါတီကို အကူအညီတွေ လျော့ ချခဲ့ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့ တွေ ကတော့ တရုတ်နယ်စပ်မှာ ဒီကနေ့အချိန်ထိ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် အဲဒီ တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံထဲက သယံဇာတ တွေကို တ ရုတ် ပြည်ဘက် ထုတ်ရောင်း၊ ရတဲ့ငွေနဲ့ ဆန်၊ဆီနဲ့ ဆားကအစ တရုတ်ပြည်က ၀ယ်ယူသုံးစွဲပြီး တပ်ဆင်ထားတဲ့ လက်နက်တွေ ဟာလည်း အရင်ကတည်းက တရုတ်လက်နက်တွေဖြစ် သလို နောက်ပိုင်း ဖြည့်တင်းတာဟာလည်း တရုတ်လက်နက်တွေ ချည်း ပဲဖြစ်ပါ တယ်။

လောလောဆယ် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ အစိုးရတပ်တွေ တိုက်ကြခိုက်ကြရာမှာလည်း တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက် မှုကို တွေ့နိုင်ပါတယ်။ ကေအိုင်အေ ဟာ လည်း အရင် တချိန်တုန်းက တရုတ်ပြည်ရဲ့ လက်နက် ထောက်ပံ့မှုကို ရယူခဲ့ဖူးတဲ့ တပ်ဖွဲ့ဖြစ် ပါတယ်။ လက်ရှိအချိန်မှာလည်း အင်အားကြီးတဲ့ မြန်မာအစိုးရတပ်တွေကို အချိန်ကာလ ကြာ မြင့်စွာ စစ်ပွဲဆင်နွှဲနိုင်တဲ့အထိ စစ်လက်နက်ပစ္စည်း တွေ ကို တရုတ်ပြည်ကနေပဲ ရရှိနေတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ကချင်လက်နက်ကိုင် တပ်မှူးတွေကလည်း မငြင်းကြပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အဲလို လက်နက်ရောင်းချတဲ့ တရုတ်အစိုးရဟာ ပြည်တွင်းရေး ၀င်မစွက်ဘူး ဆိုပေမယ့် ပြည်သူကို ဖိနှိပ်တဲ့ မြန်မာစစ်အစိုးရကိုတော့ နှစ်ပေါင်းများစွာ အပြည့်အ၀ ထောက်ခံခဲ့ပါတယ်။ တပြိုင်နက်တည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ပဲ သစ်၊ ကျောက်စိမ်းနဲ့ သယံဇာတ မှန်သမျှ နည်းပေါင်းစုံနဲ့ ထုတ်ယူ အမြတ်ထုတ်ခဲ့ပါတယ်။ ပြောရရင် တရုတ်ပြည် ရဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် ထားတဲ့ သဘောထားဟာ မှတ်တမ်းကောင်းတွေတော့ မဟုတ်ခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံဟာ ဒီနေ့ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သလို မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေတဲ့ အိမ်နီးချင်း တိုင်းပြည်တပြည်လည်း ဖြစ်နေပါတယ်။ ဒေါ် အောင်ဆန်းစုကြည် ပြောသလို အိမ်နီးချင်းဆိုတာ ပြောင်းပြေးလို့ ရတာ မဟုတ်လို့ သင့်မြတ်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံထဲမှာ ဗမာတွေအချင်းချင်း၊ ဗမာနဲ့ တိုင်း ရင်းသား၊ တိုင်းရင်းသားအချင်းချင်း သဘောထား တွေကွဲလွဲ တိုက်နေခိုက်နေကြလို့ကတော့ တရုတ်နိုင်ငံကို ရင်မဆိုင်နိုင်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်နိုင် တဲ့၊ တိုင်း ရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှုတည်ဆောက်နိုင်တဲ့ အင်အားကောင်းတဲ့ဒီမိုကရေစီအစိုးရမျိုးတည်ထောင်နိုင်မှသာမှန်မှန်ကန်ကန်ရင်ဆိုင် နိုင်မယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါ တယ်။

တရုတ်နယ်စပ် မူစယ်၊နမ့်ခမ်းတွင် ကျပ်ငါးထောင်တန်ငွေ စက္ကူအတုများပျံ့နှံ့နေ


Yi Phong

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ယခု တစ်ပတ်အတွင်း ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ နေရာတိုင်း ပျံ့နှံ့နေ ကြောင်း စုံစမ်းသိရှိရ သည်။

“ ကျနော့် ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက် က သစ်ခုတ်သမား ၂ ယောက်က ဆိုင်ကယ်လာဝယ်တာ။ ငါးထောင်တန်အတု ငါးရွက်ပါလာတာ။ဝယ်တဲ့ သူပြန်သွား မှ တွေ့တယ်။ လာဝယ်တုန်းက ငွေရေစက်နဲ့ ပဲရေတွက်တာ ဆိုတော့လေ။ ရွက်ရေပြည့်၊မပြည့်လောက်ဘဲ ဂရုစိုက်မိတာကိုး။ ခါ တိုင်းဆို အတုမှမရှိတာ ။ အခု တစ်ရွက် ချင်း စီပြန်စစ် ကြည့်မှ အတုဖြစ်မှန်း သိတော့တယ်” ဟု နမ့်ခမ်းမြို့မှ ဆိုင်ကယ်အရောင်းဆိုင် ပိုင်ရှင် တစ်ဦး က ပြောသည်။

တရုတ်ဖြစ် ငွေစက္ကူရေစက်မှာ တရုတ်ငွေအတု ကိုသာ စစ်ဆေးသိရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်ငွေစက္ကူသည် အဆင့်မြင့် နည်းပညာဖြင့်ထုတ်လုပ်ထား သောကြောင့်ဖြစ် ကြောင်း၊ မြန်မာငွေစက္ကူများ ကိုမူ အဆိုပါတရုတ်စက်များမှ အတုအစစ် မစစ်ဆေး ကြောင်း ၄င်းက ဆိုသည်။

“မနေ့က ပိုက်လိုင်းစီမံကိန်း က တရုတ်တွေ ကျမဆီက ဟင်းရွက်စိမ်းတွေလာဝယ်တာ ငါးထောင်တန် အတု ပါတယ်။ ကျမ ကကိုင်ကြည့် လိုက်တော့ အ တုမှန်းချက်ချင်းသိလို့ ပြန်လဲပေးခိုင်းတယ်။ စီမံကိန်းက လူတွေ တကယ်မသိလို့ သုံးနေတာလား။ ဒါမှမဟုတ် သိသိကြီးနဲ့ သုံးနေကြတာလား မသိတော့ဘူး”ဟု နမ့်ခမ်းမှ ကုန်စိမ်း သည် ပါ့နွမ်းက ပြောသည်။

ငါးထောင်တန် အတု နှင့် အစစ် ခြားနားပုံများမှာ “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” အစား “မြန်မာနိုင်ငံတော် ဗဟို တဏ် ”ဟု ရေးသားရိုက်နှိပ် ထားပြီး ငွေစက္ကူ မှာလဲ ဖယောင်းသုတ် ထားသကဲ့သို့ ချောမောမာကြော နေခြင်း ၊ငါးထောင်တန်၏ညာဘက် ဆင်ပုံအရိပ်အောက်တွင် ၅၀၀၀ ဂဏန်း ကစောင်းနေခြင်းနှင့်ငွေရောင် လုံခြုံရေးမျဉ်းကလည်း ငွေစက္ကူနှင့် ကပ်မနေခြင်း စသည်တို့တွေ့ရကြောင်း ဘဏ်နှင့် နီးစပ်သူတစ်ဦး ကဆိုသည်။

အဆိုပါ ငါးထောင်တန် ငွေ စက္ကူအတုများသည် တရုတ်ပိုက်လိုင်းစီမံကိန်းနှင့်ပတ်သက်နေသူများ၊ မီးသွေး နှင့် သစ်ကုန် သည်များထံမှ ထွက် လာကြောင်း ဒေသတွင်း သတင်းရပ်ကွက်များ ကပြောဆိုနေကြ ပါသည်။

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ ပြုလုပ် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း


ဓာတ်ပုံ - ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်
Sunday, March 10, 2013

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရု...ိဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။

ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာတွေဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီး သုံးနေကြတာကိုတွေ့ရှိရတယ်။ အမှားကြာလျှင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချ ခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။

ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင် နိုင်ငံ၏ နယ်ပယ်ဖြစ်လာသောအခါ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းရာတွင် ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက် အနိုင်ယူသည့် သမိုင်းဆိုင်ရာ အခြေအနေ၊ စေ့ဆော်ချက်များကို ပြောကြားခဲ့ပြီး စေ့ဆော်ချက်များတွင် နိုင်ငံရေးနှင့် သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထို့ပြင် ရခိုင်ကို မြန်မာများ (၁၇၈၅-၁၈၂၅) ခုနှစ်များအတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲလာမှု အခြေအနေများကို ၎င်းက ရှင်းလင်းရာတွင် (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်း ရခိုင်အထက်တန်းလွှာများအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်း၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်း၊ (၁၇၈၇-၁၈၁၅) ခုနှစ်အတွင်း မြန်မာ ဘုရင်၏ အုပ်စိုးမှုကို ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ ရခိုင်များ အလုံးအရင်းနှင့် ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ (၁၈၁၅ -၁၈၂၅) ခုနှစ်အတွင်း စီးပွားရေးပုံစံ ကူးပြောင်းလာခြင်းနှင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက်ခံရမှု မရှိခဲ့ခြင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အလားတူ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းခဲ့သည်။

၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာပုံ၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာမှုများတွင် ကုန်သွယ်ရေးမှ ရရှိသည့် အခွန်ဘဏ္ဍာများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပုံ၊ ရခိုင်နှင့် ဘင်္ဂလားဒေသတွင် ဒတ်ခ်ျတို့၏ ကုန်သွယ်ပုံများကို ၎င်းကပြောကြားခဲ့ပြီး ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင်ဘက်တွင် ရခိုင်များ၏ ထိန်းချုပ်မှု လျော့နည်းလာရခြင်းမှာ အခွန်ဘဏ္ဍာ ရရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျကုန်သည်များ ထွက်ခွာသွားခြင်းမှာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ရှင်းလင်းခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် (၁၈၂၆-၁၉၇၅) ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ များပြားလာခြင်း၊မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်းတို့ ကို ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါက်တာအေးချမ်းက ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးပုံ၊ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေကြောင်း ပြောသည်။

“ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဖိတ်ကြားထားသူများ၊ ပညာရှင်များက ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရခိုင်သမိုင်း ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ပုဂံခေတ် ရခိုင်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှ လေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက “သက်သေအထောက်အထား မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အလားတူ လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး။ တခြား ယဉ်ကျေးမှုတွေလည်း မြောက်ဦးမှာ ရှိနေပါပြီ။ ၁၆၀၈ ခုနှစ်မှာ ပထမဆုံး ဒတ်ခ်ျလူမျိုး မြောက်ဦးကို ရောက်ပါတယ်။ ၁၆၄၀ ပြည့်နှစ်မှာ ရခိုင်မိခင်တွေနဲ့ ရတဲ့ ဒတ်လူမျိုးကလေးတွေ အများကြီး ရှိနေပါပြီ။
မြောက်ဦးမြို့ဟာ အသွေးအရောင် စုံတဲ့မြို့လို့ ပြောရမှာပဲ” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည်။

ထို့ပြင် ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။

ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရို ဟင်ဂျာ စကားလုံး မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲ၊ မည်သူ စတင်သုံးစွဲခဲ့သလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဖြေကြားသည်။

ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် အကြောင်းကို မေးမြန်းခဲ့ရာတွင် ဒေါက်တာအေးချမ်းက ဦးဌေးလွင်ဦး ပြောကြားသည့် စကားရပ်သည် ရိုဟင်ဂျာဟု မဆိုလိုကြောင်း၊ ဘင်္ဂါလီများက ရခိုင်ကိုခေါ်သည့် စကားလုံးသာ ဖြစ်ပြီး Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း ရှင်းလင်းခဲ့သည်။

“ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါက်တာအေးချမ်းက ရှင်းရှင်းလင်းလင်း ပြောသွားတယ်။ နောက်ပြီး လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခကတော့ နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အကြီးအကဲတွေက ဖြေရှင်းပေးမှပဲ ပြေလည်မယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ကြားနေရ၊ မြင်နေရတာလည်း မကောင်းဘူး။ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံး ကိုယ့်စီးပွားနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဘာသာ ပထမနှစ်ကို တက်ရောက်နေသည့် အရှင်တေဇက မိန့်သည်။

ဆွေးနွေးပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊ဒေါက်တာအေးမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်

Copy from - Eleven Media Group

Towers N' Trolls v1.6.3 Apk Game 50MB


မိစ္ဆာတွေ နန်းတော်ကို လာတိုက်တာကို ကာကွယ်ရတဲ့ဂိမ်းလေးပါ 
နန်းတော်မရောက်ခင်လမ်းမှာ မှော်လက်နက်ဆန်းမျိုးစုံထားပြီးတော့ နိုမ်နှင်းရမှာပါ
မှာလေ့လာပြီး ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>mirrorupload (or)zippyshare (or)sharebeast




http://www.amyokaungtarr.com/2013/03/towers-n-trolls-v163-apk-game-50mb.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FFwmdR+%28%E1%80%A1%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%29

အိန္ဒိယ မြန်မာနယ်စပ်မှာ လက်နက်များဖမ်းမိ


စက်သေနတ် တစ်လက် အပါအဝင်အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် သေနတ် ၃၃ လက်နဲ့ ခဲယမ်းမီးကျောက်တွေကို မြန်မာနယ်စပ် အနီးမှာ တည်ရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အိုင်ဇောမြို့ လေဆိပ် အနီးက တဲတစ်လုံးထဲမှာ လွန်ခဲ့တဲ့ ကြာသပတေးနေ့နဲ့ သောကြာနေ့တွေက ရှာဖွေ ဖမ်းဆီးမိခဲ့ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


AK47လက်နက်များ