This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 5, 2013

ကား ၀ယ် မယ် ဆို ရင် ဒီ ဆော့ဝ် လေး သုံး

MH Car Buy for Android (Myanmar )

ကား ၀ယ် မယ် ဆို ရင် ဒီ ဆော့ဝ် လေး သုံး သင့် ပါ တယ် ။
ကား ဈေးနှုန်း တွေ ကို ပုံနှင့် တကွ အချက် အလက် များ နဲ့ ဖော်ပြ  ပေး ထားပါတယ် ။
ကား ကောင်းကောင်း  ၀ယ် နိုင် စေဖို့ ဒီဆော့ဝ် ကို Mobile House မှ ဖန်တီး ပေးလိုက်ပါတယ် ။

  Download Here
  MH Car Buy

CIF ဈေး နှုန်း ကြည့် ဖို့ က တော့ အင်တာနက် မလိုပါဘူး အောက် မှာ ယူ ပါ ။ CIF က တော့ Myanmarcardb က နေ မ လာတာ ပါ ။

Download CIF Search App for Android
...............

စိုးမြတ်သူဇာနှင့် အင်တာဗျူး

ဆိတ်ဆိတ်နေရင် ဝန်ခံသလို ဖြစ်မှာစိုးလို့ အချစ်ရေးကောလာဟလစိုးမြတ်သူဇာ ဖြေရှင်းပြီ

Photo: ဆိတ်ဆိတ်နေရင် ဝန်ခံသလို ဖြစ်မှာစိုးလို့ အချစ်ရေးကောလာဟလစိုးမြတ်သူဇာ ဖြေရှင်းပြီ

စိုးမြတ်သူဇာက လတ်တလောမှာ ဒါရိုက်တာသားကြီးရိုက်ကူးတဲ့ 'ယောက္ခမအလွမ်း (ယာယီ)' ဇာတ်ကားမှာ ဖြိုးငွေစိုး၊ ပြည့်ဖူးခိုင်တို့နဲ့ သရုပ် ဆောင်နေပါတယ်။ ဆံပင်အတိုညှပ်ထားတာတွေ့ရပြီး ရာသီဥတုပူတဲ့အတွက် ခေါင်းသွားလျှော်ရင်းနဲ့ ညှပ်ဖြစ်သွားတာဖြစ်ကြောင်း ပြောပါတယ်။ 

သူငယ်ချင်း မြတ်ကေသီအောင်ရဲ့မွေးနေ့မှာလည်း သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါးနေတာတွေ့ရသလို၊ ချစ်သူများနေ့မှာလည်း သူငယ်ချင်းတွေနဲ့သာ ပျော်ခဲ့ တဲ့ပုံတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ထားတာ တွေ့ရပါတယ်။ဒီလိုပဲ သူငယ်ချင်းတွေ၊ မိသားစုတွေ နဲ့သာနေသွားတော့မှာလား၊ ဘဝလက်တွဲဖော် မရှာ တော့ဘူးလားလို့မေးတော့ စိုးမြတ်သူဇာက ''ဒီ အသက်အရွယ်ပဲ ရောက်နေပါပြီ။ အခုအချိန်အထိ အိမ်ထောင်ပြုဖို့ဆိုတာ စဉ်းကိုမစဉ်းစားပါဘူး''လို့ ပြောပါတယ်။ တချို့က အသက် ၄ဝ ကျော်မှ ဘဝကစတယ်လို့ ပြောကြတဲ့အတွက် အခုအရွယ်မှာ အဲဒီစကားအပေါ် ဘယ်လိုထင်မြင်မိလဲလို့မေးတော့ စိုးမြတ်သူဇာက..
''ကျွန်မအတွက်ကတော့ သိပ်မထူးခြားပါဘူး။ 

၎ဝ မှာ ဘဝစတယ်လို့ ပြောလေ့ပြောထ ရှိပါတယ်။ မိကေ (မြတ်ကေသီအောင်) ဆို ဟိုတစ်နေ့က ၄၁ နှစ်ပြည့်တယ်။ သူက သူ့ဘာသာသူ ရယ်စရာအမြဲပြောတယ်။ ငါက အခုမှ တစ်နှစ်သမီးပဲ ရှိသေးတယ်။ ကလေးပဲရှိသေးတာတဲ့။ ကျွန်မကကျတော့ ၈ လပိုင်းဆိုရင် ၄၂ နှစ်ပြည့်ပြီ။ ကျွန်မအတွက် ဘာမှမထူးခြားဘူးဆိုတာက အမှန်အတိုင်းပြောရရင် အခုအချိန်မှာ ငယ်ငယ်တုန်းကနဲ့လည်း တူစရာ အကြောင်းမရှိဘူး။ ကျွန်မကို သူများတွေကပြောကြတယ် ။ ကောလာဟလအနေနဲ့ ဘယ်သူနဲ့ပတ်သက်တယ်၊ ဘယ် သူနဲ့ဘယ်လို ဆိုပြီး ပြောကြတယ်။ ကျွန်မအားလုံးကို ခင်ခင်မင်မင်ဆက်ဆံတာပဲရှိတယ်။ ဘယ်သူ့ဘယ်သူနဲ့မှ တုပ် နှောင်ထားခြင်း၊ ချည်နှောင်ထားခြင်း၊ ဘယ်သူ့ကိုမှ ချုပ်ကိုင်ထားခြင်း ကျွန်မမှာလည်းမရှိဘူး။ ကျွန်မကိုလည်း ဘယ်သူကမှ ကွန်ထရိုးလုပ်ထားခြင်း မရှိဘူး။ ဟိုဟာမလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူးလို့ ပြောမယ့်လူမရှိဘူး။ ကျွန်မအနားမှာရှိတဲ့ လူတော်တော်များများကတော့ သိပါတယ်။ 

ရည်းစားရှိလားလို့ အမေးခံရတာ ရှက်ဖို့ကောင်း ပါတယ်။ ဒီအရွယ်ကြီးကျမှ ရည်းစားရှိလားဆိုတဲ့ စကားကို ပြောကိုမပြောချင်တာ။ ချစ်သူရှိလားတို့၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့လူရှိလားလို့ မေးကြတယ်။ တစ်ယောက်မှမရှိဘူး။ ကြားနေရတဲ့ကောလာဟလ သတင်းတွေနဲ့ ပတ်သက်လို့ အဲဒါတွေလည်း လုံးဝမဟုတ်ပါဘူး။ 

အချစ်ရေးအကြောင်းတွေလည်း မပြောချင်ပါဘူး။ မပြောချင်ပေမယ့်လည်း အများကြီးမေးလာတဲ့အခါကျတော့ ကျွန်မအနေနဲ့ပြောရမယ့်ဝတ္တရား ရှိပါတယ်။ မပြောဘဲ ဆိတ်ဆိတ်နေရင် ဝန်ခံသလိုဖြစ်မှာစိုးလို့ ကျွန်မဘက်ကတော့ ဘယ်သူ့ဘယ်သူ့ကိုမှ မနစ်နာစေချင်ဘူး။ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးပြောနေတာမဟုတ်ဘူး။ ကြားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လုံးဝလုံးဝမဟုတ်ပါဘူးလို့ အတိအလင်းငြင်းဆိုပါတယ်"လို့ အခု လတ်တလောမှာကြားနေရတဲ့ သူ့ရဲ့ အချစ်ရေးကောလာဟလတွေနဲ့ ပတ်သက်ပြီး အခုလို အတိအလင်း ငြင်းဆိုခဲ့ပါတယ်။ အရင်ကထက်စာရင် စိတ်ကို ပေါ့ပေါ့ပါးပါးပဲထား ပြီး ဘဝက ကျေနပ်ဖို့ကောင်းပါတယ်လို့ ဆိုတဲ့ စိုးမြတ်သူဇာက ''အရင်ကထက်စာရင် ပိုပြီးပေါ့ပေါ့ပါးပါးနေ တတ်လာသလိုပဲ။အရင်ကတော့ တအားတွေးတယ် လေ။ အခုတော့ သိပ်မတွေးတော့ဘူး။ နောင်ရေးတို့၊ ရှေ့ရေးတို့ သိပ်အများကြီး မစဉ်းစားတော့ဘူး။ 

ကျွန်မမှ ချစ်စရာ ကောင်းတဲ့ ကလေးလေးနှစ်ယောက် ရှိတယ်။ ခင်မင်စရာကောင်းတဲ့ မိတ်ဆွေကောင်းတွေရှိတယ်။ တော်ပြီလေ။ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးတစ်ခုရှိတယ်။ ကျေနပ်ဖို့ကောင်းပါတယ်။ ကျွန်မအတွက် အဆင်ပြေပါ တယ်။ အစတုန်းကတော့ ရည်ရွယ် ချက်တွေ၊ တွေးခဲ့ဖူးတာတွေ အများကြီးပါ။ အလကားပါပဲ။ အဲဒါတွေလည်း ဖြစ်ချင်တိုင်းဖြစ်တာမှ မဟုတ်တာ။ မဖြစ်လို့ဆိုပြီး ကျွန်မက ဘယ်တော့မှ တမ်းလည်း တမ်းတမှာမဟုတ်ဘူး။ နောင်တလည်း မရဘူး။ ပြန်လည်းတွေးမှာ မဟုတ်ဘူး။ ဖြစ်လာတဲ့အနေအထားပေါ် မူတည်ပြီး အကောင်းဆုံး ကျင့်ကြံနေထိုင်သွားမှာပဲ။ အားလုံးနဲ့ ပြေလည်အောင်ဆက်ဆံသွားမှာပဲ'' လို့ပြောပါတယ်။

ခိုင်ဝေလွင်

Monday, March 4, 2013

လိုင်ဇာအနီးတွင် အစိုးရတပ် လှုပ်ရှားမှုများ ရှိနေ

ဖနိဒါ | တနင်္လာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၃

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးသို့ အစိုးရ စစ်တပ်အင်အား ယခု ရက်ပိုင်းအတွင်း သွားလာ လှုပ်ရှားမှု များ ရှိနေကြောင်း KIO နှင့် ကျောင်းသားတပ်ဖွဲ့က ပြောသည်။

မတ်လ ၁ ရက်နေ့က မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာသို့ အစိုးရ စစ်ကား အစီး ၄၀ ကျော်တက်လာ ပြီး မတ်လ ၂ ရက်နေ့တွင် ဗန်းမော် ကားလမ်းဘက်မှ ဒေါ့ဖုန်း ယန်မြို့နယ် သို့ စစ်ကားအစီး ၂၀ ကျော် တက်လာသည်ဟု ကျောင်းသားတပ် မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်း က ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် လိုင်ဇာအနီး တိုက်ပွဲဖြစ်ပွား ခြင်း မရှိတော့သော်လည်း မြစ်ကြီးနား-လိုင်ဇာ လမ်းရှိ ဝိုင်းမော်မြို့နယ် အတွင်း ဤရက်ပိုင်းတွင် အစိုးရ စစ်တပ် လှုပ်ရှားမှုများ ရှိလာခြင်း ဖြစ်သည်။

“သူတို့ ဂန်ဒေါင်ယန်ကနေ ဒီဘက်မှာ အစိုးရ တပ်စခန်းတွေ အများကြီးရှိတယ်။ နာ့ဖော့ ဘက်မှာလည်း သူတို့ စခန်းတွေရှိတော့ အဲဒီကနေပြီး တခြားစခန်းတွေဘက် ရိက္ခာပို့တာတို့၊ လူပြောင်းတာတွေတော့ ရှိတယ်။ ခုချိန်က အဲဒီလို တပ်လှုပ်ရှားသွားလာတာ မလုပ်သင့်ဘူး။ ဒါပေမယ့် သူတို့က မသင့်တော်တာက သူတို့ အတွက် အရေးမကြီးဘူး၊ သူတို့အလုပ် အောင်မြင်ဖို့ပဲ ကြည့်တယ်” ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီ ရေးတာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

ဒေါ့ဖုန်းယန်ဘက်မှာလည်း အစိုးရစစ်တပ် အပြောင်းအလဲများ ရှိနေကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍ ချီဖွေ-ပန်ဝါဒေသဘက်တွင် အစိုးရ စစ်တပ်၊ နယ်ခြားစောင့် တပ်များနှင့် KIO တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရစစ်တပ်ဘက်မှ လက်နက်ဖြင့် ပစ်ခတ်မှုများကြိုး ကြား ကြိုးကြား ရှိသေးကြောင်း ဦးဒွဲပီဆား က လိုင်ဇာမြို့မှ မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံတွင် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံစဉ် စစ်ရှိန်လျော့ရန် သဘောတူညီခဲ့ ကြသည်။

မတ်လ ဒုတိယအပတ်တွင်း ပြန်လည် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

လိုင်ဇာအနီးတဝိုက်ရှိ စစ်ပြေးဒုက္ခသည်များ ကူညီရန်အတွက် ကုလသမဂ္ဂက နေပြည်တော်မှ အစိုးရထံ တင်ပြထားကြောင်းကို KIO ထံ အ ကြောင်းကြားလာသည်ဟုလည်း ဦးဒွဲပီဆား က ပြောသည်။

“အထက် အစိုးရကို ခွင့်တောင်းထားတယ်။ တင်ပြထားတယ်ဆိုတော့ ဒီဒုက္ခသည် ကူညီဖို့ ခွင့်တောင်းပြီးမှပေးမယ်ဆို တော့ ကူညီမယ်ဆို တော့ မျှော်လင့်ချက် မရှိဘူး” ဟု ဆိုသည်။

၂ နှစ်ခန့်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် တသိန်းကျော်ရှိခဲ့ပြီ ဖြစ်ပြီး ဖားကန့်မြို့ နယ်ရှိ စစ်ပြေး ဒုက္ခသည်များအား ကုလသမဂ္ဂက ဖေဖော်ဝါရီလအတွင်း ပထမဆုံးအကြိမ် သွားရောက် ကူညီနိုင်ခဲ့သည်။

Android ဖုန်းထဲက အင်စတောလုပ်ထားတဲ့ မလိုတဲ့ဆော့ဝဲများ ဖျက်ပစ်ရန်

http://www.zwmnna.com/2013/03/android.html

ဒီလင့်မှာ Download ယူပါ - www.mediafire.com/မလိုတာဖျက်ဆော့ဝဲ

ဒီလင့်မှာ Download ယူပါ - http:/zippyshare.com/မလိုတာဖျက်ဆော့ဝဲ

Firefox ကို ဖလမ်းဖလမ်းထအောင် မြန်နှုန်းမြင့် အင်တာနက် ဆော့ဝဲလေးပါ

ဒီဆော့ဝဲလေးကတော့ ဖိုင်းရားဖောက် သုံးတဲ့သူတွေအတွက် အမြန်ပွင့်စေတဲ့နည်းပါ

အရင်တင်ဖူးပါတယ် လင့်သေနေတာ ပြန်ရှာရ မလွယ်ကူပဲလို့ ထပ်တင်လိုက်ပါတယ်

အင်တာနက်က နှေးနေနေတာဆိုရင်တော့ မြင့်နေလည်း အလကားပဲ ။ ဒါပေမယ့်လဲ

မြင့်ပေးထားတော့ မမြင့်တာနဲ့ စာရင်တော်သေးတာပေါ့ မူလထက်တော့ မြန်လာ၏

စမ်းသုံးချင်သူများ အောက်က လင့်မှာ Download ယူပါ.....................................။

ဒီလင့်မှာ Download ယူပါ - www.mediafire.com/Speed up firefox App

http://www.zwmnna.com/2013/03/firefox.html

ရေဇွာ – လိုင်လင်းပီ- ရှင်းလက်ဝ ကားလမ်း ၊ဖောက်လုပ်တော့မည်

khonumthung

ပြည်ထောင်စုနယ်စပ်ရေးရာဝန်ကြီး တာဝန်ယူဖော်ဆောင်မည့် ချင်းပြည် နယ် အတွင်း ၉၂ မိုင် အရှည် မော်တော်ကားလမ်းတခုဖောက်လုပ်တော့ မည်ဟု ကြားသိရသည်။

အဆိုပါကားလမ်းသည် ရေဇွာမြို့နယ်ခွဲရေဇွာမြို့သစ်မှ မတူပီမြို့နယ် လိုင် လင်းပီ – လိုင်လင်းပီမှ ပလက်ဝမြို့နယ် ကုလား တန်မြစ် ပေါ်ရှိ ရှင်းလက်ဝ အကြားကား လမ်းဖြစ်သည်။

အဆိုပါကားလမ်းဖောက်လုပ်ရေးကို ချင်းပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင် က လိုင်လင်းပီရွာမှ ပူး အေဘီ က ဖောက် လုပ် ရန် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က အတည် ပြုလိုက်ပြီဟု ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ပူး ဗန်ကျင် က ၄င်း၏ ဖေဖေါ်ဝါရီ ၁၉ – ၂၆ အကြား မဲဆန္ဒနယ်ခ ရီးစဉ် အတွင်းပြောကြားခဲ့သည်။

“ အဲဒီကားလမ်းသာ ရာသီမရွေးသွားလာနိုင်ပါက ရခိုင်ပြည်နယ်မှ ပလက်ဝအထိဝင်လာ တဲ့ ရေထွက် ပစ္စည်းတွေဟာပလက်ဝကနေတရက် ထဲ မြို့တော်ဟားခါးကို နေ့ချင်းပေါက် ၀င်ရောက် နိုင်မှာပါ” ဟု ဟားခါးမြို့ပေါ်မှ ကုန်သည်တဦးက ပြောသည်။

လက်ရှိတွင် ရေဇွာ နှင့် လိုင်လင်းပီကားလမ်းသည် နွေရာသီတွင်သာ သွားနိုင်ခဲ့ပြီး လိုင်လင်းပီနှင့် ရှင်းလက်ဝကားလမ်းကို ဒေသခံများက ကိုယ်ထူကိုယ်ထဖြင့် စတင်ဖောက်လုပ်နေကြသည်ဟု သိရ သည်။

ရှင်းလက်ဝသည် အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရတို့ ဖော်ဆောင်နေသည့် ကုလားတန်ဖက်စုံစီမံ ကိန်းလမ်း ကြောင်း ပေါ် တွင်တည်ရှိသော ကြောင့် အိန္ဒိယ နိုင်ငံမှ ကုန်စည်များလည်း ကုလားတန် မြစ်ကြောင်း မှ တဆင့် ချင်းပြည်နယ်ထဲသို့ တင် သွင်းနိုင်ကြမည် ဖြစ်သည်။

လက်ရှိချင်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်း ဆက်သွယ်သွားလာရာတွင် မတူပီနှင့် ဟားခါးကားလမ်းသည်နွေရာသီသာသွားလာနိုင်ကြောင်း မတူပီမှ တောင်ဖက် ပလက်ဝကားလမ်း ကို ဖောက်လုပ်နေ ဆဲ ဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ် အစိုးရသစ်ဟာ ယခင် စစ်အစိုးရနဲ့ စာယင် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး အတွက် အာရုံပိုစိုက် လာတာကိုတော့ အ များအမြင်ပါ” ဟု မတူပီမြို့မိမြို့ဖ တဦးက ပြောသည်။

ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်း မြို့များအကြား ခရီးသွားလာရာတွင် မတူပီ – မင်းတပ် ကားလမ်းသာ ရှိပြီး ကန် ပက်လက် – ပလက်ဝ – မတူပီအကြား ဆက်သွယ်သည့် ကားလမ်း မရှိသေးကြောင်း ပြော ကြသည်။

ဆွမ်းကိစ္စ စကားများရာမှကျောင်းထိုင်ဆရာတော်ကို ပေါက်တူးဖြင့် ခုတ်သတ်

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊ကြာအင်းရွာ လေးကျွန်းရန်အောင်
ကျောင်းတွင် သီတင်းသုံးနေသော ကြာအင်းဆရာတော်ဦးပညာသာရ ကို အဆိုပါကျောင်းတွင် ကိုရင်ကြီး ဝတ်နေသူ ဦးသိန်းထွန်းက
ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ နံနက် ( ၄) နာရီခန့်တွင် အာရုံဆွမ်း ချက်သည့် ကိစ္စစကားများရာမှ ပေါက်တူးဖြင့် ခုတ်သတ်ခဲ့ကြောင်း မိုးကောင်း
ရဲစခန်း ထံမှစုံစမ်းသိရှိရသည်။

သက်တော် (၆၃) နှစ်နှင့် ဝါတော် ( ၂၀ ) နှစ်ရှိ ဆရာတော် ဦးပညာသာရမှာ ဦးခေါင်းတွင် ၃ ချက်၊ မေးစေ့တွင် တစ်ချက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ဆေးရုံအရောက်နံနက်၆း နာရီ ၄၀ မိနစ်ီတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ပေါက်တူးဖြင့်ခုတ်သူဦးသိန်းထွန်းမှာအဆိုပါ
လေးကျွန်းရန်အောင် ကျောင်းတွင် ကိုရင်ကြီးဝတ်နေသည်မှာ ၄ ရက်ခန့်သာရှိသေးကြောင်း မိုးကောင်းမြို့နယ်ရဲစခန်းမှူး က
ပြောကြားသည်။
 by-The Voice Weekly

ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း

၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ မြ၀တီ ဓါတ်ဆီဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန်အကျွန် မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ်နိုင်တဲ့ အနေအထား ရှိနေတာကို တွေ့ရပါတယ်။
 
ဒါနဲ့ လမ်းသွား လမ်းလာများက အမြင်မတော်လို့ ၀င်ရောက် ကူညီရာမှာ ဦးမျိုးဝင်းက ကားပေါ်က ဆင်းလာပြီး ကားနဲ့ အတိုက်ခံရလို့ လမ်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ မွန်ပြည်နယ်က အားကစား သမားလေးတွေကို မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆိုနေတာ တွေ့ရပါတယ်။ အဲသည် အပြင် လာရောက်ကူညီ သူတွေကိုပါ “ မင်းတို့က ဘာကောင်း တွေလဲ .. ငါ ဘာကောင်လဲ .. သိလား .. ဘယ်သူ့ ကိုမှ သောက် ဂရု မစိုက်ဘူး ” စတဲ့ ရိုင်းပျတဲ့ အသုံးအနှုန်းတွေ ပြန်ကြားရေးက ဗိုလ်မှူး ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ အာဏာရှင် ဆန်စွာ ပြုမူခဲ့တာတွေကို သက်သေ မြောက်များစွာ ရှိနေပါတယ်။
 
ဦးမျိုးဝင်းဟာ သူကိုယ်တိုင် လူမှန်းသူမှန်း မသိအောင် မူးရူးနေပေမယ့် သူ့ရဲ့ရာထူးနဲ့ ပြုမူ ပြောဆို ဆောင်ရွက်ခဲ့ တာကြောင့် ၀န်ကြီးဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယဉ်မှုစစ်မှ ပုဂ္ဂိုလ်များ၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ ပုဂ္ဂိုလ်များကို လေးစားစွာနဲ့ အသိပေး ချင်ပါတယ်။
 
ယခုဖြစ်တဲ့ ကိစ္စတွေကို ကြည့်ရင် ဦးမျိုးဝင်းဟာ ဥပဒေနဲ့ ညီညွတ်စွာ သွားလာခြင်း မရှိတဲ့အပြင် ရာထူး အာဏာကိုပါ အလွဲသုံးစား လုပ်တာကြောင့် ထိထိရောက်ရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူ စေချင်ပါတယ်။ ဦးမျိုးဝင်းရဲ့ လုပ်ရပ်တွေကို ပြည်သူအများ သိအောင် တရားဝင်ထုတ်ဖော် ပြောဆို စေချင်ပါကြောင်း ကိုတင်ပြပါတယ်။
 
Copy from - Than Hteik Zaw(FB) အင်တာနက်စာမျက်နှာသတင်း

ရန်ကုန်မှာ ထူးထူးခြားခြားကြော်ငြာနေတဲ့ Lenovo ကွန်ပြူတာ

Sunday, March 3, 2013

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းမှာ ကွန်ပြူတာပစ္စည်း၊ အိုင်တီပစ္စည်း ရောင်း တဲ့ ဆိုင်တွေ အများအပြားရှိပါတယ်။
မဟာဗန္ဓုလလမ်းနဲ့ အနော်ရထာလမ်း ကြားထဲကပါ။

ကွန်ပြူတာ၊ ပရင်တာ၊ ပရော်ဂျက်တာ စသဖြင့် ၀ယ်မယ်ဆို အဲဒီလမ်းကို ပြေးရပါတယ်။ 

    ဒီရက်ပိုင်းမှာ ထူးခြားတာက ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ တိုက်တွေက ဆေးရောင်အသစ်တွေနဲ့ တောက်ပနေတာပါပဲ..။

 ပြီးတော့ ဆေးအသစ်သုတ်ထားတဲ့ တိုက်နံရံတွေမှာ Lenovo အမှတ်တံဆိပ်တွေ ရေးဆွဲထားတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။

    ဒါဟာ Lenovo ကွန်ပြူတာ ကြော်ငြာသူတွေရဲ့ ထူးခြားတဲ့ အိုင်ဒီယာလို့ ဆိုရပါမယ်။

 ဒီလိုလုပ်ဖို့အတွက် Lenovo ကို အဓိ ကဖြန့်ချိနေတဲ့ KMD ကုမဏီက စီစဉ်ပါတယ်။

 တိုက်ခန်းပိုင်ရှင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊  စည်ပင်သာယာရေးကော်မတီတို့ကို ဆက်သွယ်ရပါတယ် တဲ့။

 “ကျွန်တော်တို့ဒီလို လုပ်လို့ရဖို့ အတွက် တိုက်ခန်းပိုင်ရှင်တွေနဲ့ ပြောရပါတယ်၊ တချို့ တိုက်ခန်းအနည်းအငယ်ကပဲ ဆေးအသစ်သုတ် ပေးတာကို လက် ခံပြီး
တံဆိပ်တပ်တာကိုတော့ လက်မခံပါဘူး၊ အများစုက တော့ ဆေးအသစ်သုတ်ပေးပြီး Lenovo တံ ဆိပ် ရေးတာကို လက်ခံတယ်” လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 “Lenovo က လူသိများတဲ့ အထဲမှာ မပါသေးဘူး၊ ဒါပေမဲ့ သုံးပြီးတဲ့လူတိုင်းကတော့ ဒီအမျိုးစားကို နှစ်သက်ပြီးတော့ သုံးကြပါတယ်” လို့ သူကပြောပါတယ်။

ကမ္ဘာ့အဆင့် တစ် ရတဲ့ ဒီပစ္စည်းအမျိုးအစားကို ရန်ကုန်မှာ ပိုပြီး သိလာအောင် အခုလို ကြော် ငြာ တာပါလို့ သူက ဆက်ပြောပါတယ်။

    ကုန်ပစ္စည်းကို ဒီလိုကြော်ငြာတာဟာ Lenovo က ပထမဆုံးပါပဲ။ 

တခြား ကုမဏီတွေကပါ အပြိုင်အဆိုင်လိုက်လုပ်ကြရင်တော့ တိုက်ဟောင်းတွေကတော့ ဆေးအသစ်တွေနဲ့ ဖြစ်ကုန် မှာပါလို့ အဲဒီလမ်းထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ကြော်ငြာဖန်တီးသူတွေ၊ ဒီဇိုင်းဆရာတွေကတော့ သူတို့ကြော်ငြာတွေကို လှပအောင် အစွမ်းကုန် ကြိုးစားကြတာပါ။

ကုန်ပစ္စည်းတခုရဲ့ ကြော်ငြာ အများကြီးကို မကြာခဏတွေ့ရရင် စိတ်အနှောက်အယှက်ဖြစ်စရာပါပဲလို့ တချို့က ဆိုကြမယ် ထင်ပါတယ်။ ဒီလို မဖြစ်အောင် ကြော်ငြာတခုကို ဒေသ/ဇုန် အကန့်အသတ်နဲ့ပဲ ခွင့်ပြုရင် အဆင်ပြေမှာပါ။

မန္တလေး အပါအ၀င် နယ်မြို့တချို့မှာ မွေ့ယာဆိုင်တခုရဲ့ကြော်ငြာတွေကို လမ်းတကာ ချိတ်ဆွဲထားတာ တွေ့ရမှာဖြစ်ပါတယ်။

ရွက်စိမ်း ~

<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး စာအုပ်

Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ
Downlaod>>>mediafire

Chateau Man
  Founder At Collection Of Android
  Admin At Android Users Group

ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ပြောကြား

AddThis Social Bookmark Button
3.3.4
"Peace Building and Myanmar Transition" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား တွေ့ရစဉ်
ဥပဒေနှင့်အညီ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် ဗဟိုအစိုးရ၊ သက်ဆိုင်ရာ ဒေသနှင့် ဆင်းရဲသည့် ဒေသတို့အား အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည့် “Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျွန်တော်တို့ နှစ်ပေါင်းခြောက်ဆယ်လောက် ဖြစ်ခဲ့တာ နာတာရှည် ရောဂါကို ဆေးမြီးတိုနဲ့ သွားကုလို့မရဘူး။ နာတာရှည် ရောဂါကို နာတာရှည်ဆေးနဲ့ပဲ ကုရမယ်။ တိုင်းရင်းသား တွေဘာလို့ ဒီလိုဖြစ်တာလည်း။ သူတို့ဖြစ်တယ်ဆိုတာ တန်းတူညီတူ အခွင့်အရေး မရလို့ပေါ့။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရလို့ပေါ့။ အဲဒါကို ကျွန်တော်တို့က သူတို့ကို ပေးရမယ်။ သူတို့ကို ဒါတွေပေးမယ်ဆိုရင် အာဏာခွဲဝေတာတွေ သယံဇာတ ခွဲဝေတာတွေဆက်ပြီး စဉ်းစားရမယ်” ဟု ပြောကြားခဲ့သည်။
“အာဏာခွဲဝေမှုမှာ ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ပေါ့၊ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်ပေါ့ဗျာ။ ခြွင်းချက်တော့ ရှိတာပေါ့။ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ် သို့သော်လည်း ဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ သူတို့ပြည်နယ်က ကျောက်စိမ်း ဆိုလို့ရှိရင် ကျွန်တော်တို့က ထိုက်သင့်တဲ့ အချိုးတစ်ခု ခွဲပေးရမှာပေါ့။ အဲဒါမှ သူတို့က ကြိုက်မှာပေါ့။ သယံဇာတ ခွဲဝေရာမှာ ကျွန်တော် အကြမ်းဖျင်း စဉ်းစားထားတာက အပုံသုံးပုံ ပုံလိုက်မှာပေါ့။ တစ်ပုံကတော့ သူ့ပြည်နယ် အတွင်းမှာ သူ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ သုံးမယ်။ နောက်တစ်ပုံက ဗဟိုအစိုးရ၊ နောက်တစ်ပုံ ကျန်တာက သိပ်ဆင်းရဲတဲ့ ချင်းပြည်နယ်တို့ ဘာတို့ကို ခွဲပေးရမှာပေါ့။ ဒါကရှင်းရှင်းလေးပဲ ဒီကိစ္စတွေ အောင်မြင်ဖို့က ကျွန်တော် တစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းဝန်း လုပ်ဆောင်မှရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။
“Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်နေသူများ ဖြစ်သည့် Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး၊ ဒေါတ်တာကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်နှင့် ဦးသီဟန်မျိုးညွန့်တို့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များအား ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဒေါက်တာမင်းဇော်ဦးက “အဓိက ကတော့ အများပြည်သူကို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နားလည်တာ၊ ကျွန်တော်တို့ဘက်က အမြင်တွေ၊ ကျွန်တော်တို့ သွားချင်တဲ့ဟာတွေကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်တာပါ။ နောက်ပိုင်းမှာလည်း ဒီလိုဆွေးနွေးပွဲတွေလုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
Eleven Media Group

ရေခဲသေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ခုကို မျိုချခဲ့တဲ့ ကလေးငယ်

ကလေးငယ်က ရေခဲသေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ခုကို မျိုချ

 BY GOOD HEALTH

ရုရှားသူ မိခင်ဖြစ်သူက သူမရဲ့ ၁၆လ အရွယ်ကလေး ငယ်အနီးမှ ခွာပြီးမီးဖိုး ချောင်ထဲဝင် နေစဉ်မိနစ် ပိုင်း အတွင်း သူမရဲ့အိမ်ထဲက ရေခဲသေတ္တာမှာ ကပ်ထား တဲ့ သံလိုက်တွေ အားလုံးပျောက် ဆုံးသွားတာကို သတိထားမိ တဲ့အတွက် သူမရဲ့ကလေးကို ခေါ်ကာ နီးစပ်ရာ ဆေးခန်းသို့ သွားရောက်ပြ သခဲ့ပြီး ဓာတ်မှန် လမ်းလျှောက် တတ်စအရွယ် ကလေးငယ်က ရေခဲ သေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ကို မျိုချ ရှောက်ရည်သောက် ခြင်း၏အကျိုး ကျေးဇူးများ ရိုက် ကြည့်ရာ ကလေးငယ်ရဲ့ ဝမ်းဗိုက်အတွင်း သေး ငယ်တဲ့ သံလိုက်အဝိုင်း တုံးလေးတွေ အများ အပြား တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့်ကလေး ကိုနီးစပ် ရာဆေး ရုံသို့ခေါ်သွားပြီး ချက်ချင်းခွဲ စိတ်မှုခံယူ ခဲ့ရပါတယ်။ ခွဲစိတ်ကုသ ဆရာဝန်က ကလေးရဲ့အစာ ခြေစနစ် အတွင်း သံလိုက်တုံး ၄၂ ခုကို တွေ့ရှိခဲ့ကာ ဖယ် ထုတ်ပေး ခဲ့ရတယ်လို့ ဆိုပြီးသူ့အ နေနဲ့တစ်နှစ် အတွင်းမှာ ဒီလိုကလေး ငယ်တွေရဲ့ ဝမ်းဗိုက်တွင်းက သံလိုက်တုံး အပါအဝင် ပြင်ပပစ္စည်း အများအပြားကို ထုတ်ယူပေးခဲ့ ရတယ်လို့ ပြောပြပါတယ်။
လမ်း လျှောက် တတ်စအရွယ် ကလေးတွေဟာ ကမ္ဘာလော ကကို စူးစမ်းလိုစိတ် အလွန်များပြားတာကြောင့် တွေ့တွေ့သမျှ ပစ္စည်းတွေကို ပါးစပ်တွင်း ထည့်သွင်းတတ်တဲ့ အတွက်မိဘတွေ အနေနဲ့မျက်စိ အောက်ကအပျောက် မခံဘဲစောင့်ရှောက် သင့်ကြောင်း ဆရာဝန်တွေက အကြံပေးထားပါတယ်။  

ဒေါက်တာခင်မိုးမိုး

အေးချမ်းမွန်မှ ( GOOD HEALTH ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

RND: 3.3.2013
( GOOD HEALTH )

သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်

သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်

အာဂျင်တီးနား၊ ဖေဖော်ဝါရီ ၂၈

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။ ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံရိုက်ပြီး ၁၂ နာရီအကြာ ရေခဲတိုက်ထဲတွင် ထားခဲ့ပြီးနောက် မိဘများက သွားရောက်ကြည့်ရှုချိန် အခေါင်းကိုဖွင့်လိုက်သောအခါ အသက်ရှင်လျက်ရှိနေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။ ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်ကြသည်။ ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန် ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး  စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။ မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

Category: မောက္ခနိုင်ငံတကာသတင်း
Published on Friday, 01 March 2013 03:13
Written by ရွှေမောင်

အေးချမ်းမွန်မှ (  မောက္ခ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။ ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံရိုက်ပြီး ၁၂ နာရီအကြာ ရေခဲတိုက်ထဲတွင် ထားခဲ့ပြီးနောက် မိဘများက သွားရောက်ကြည့်ရှုချိန် အခေါင်းကိုဖွင့်လိုက်သောအခါ အသက်ရှင်လျက်ရှိနေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်ကြသည်။ 
 
ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန် ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ 
 
ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။
 
 မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

RND: 2.3.2013 
မောက္ခနိုင်ငံတကာသတင်း

မြဝတီလောင်းကစားပွဲကြီးများကို ပထမဆုံးအကြိမ် ဖမ်းပြီ

Sunday, March 3, 2013ဧရာဝတီဘလော့မှ

 လောင်းကစားလုပ်ငန်းရှင်တို့အတွက် နေ့တိုင်းနေ့တိုင်း ရက်ရာဇာ ဖြစ်လေ့ရှိသော်လည်း ယနေ့အတွက်မူ ပြဿဒါးနေ့ ဖြစ်ဟန်ရှိသည်၊ အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖြစ်သည်။

မြ၀တီခရိုင်အတွင်း အနှစ် ၂၀ နီးပါး သက်တမ်းရှိခဲ့သော ကြည့်ချင်ပွဲနှင့်တွဲဘက်ကျင်းပသည့် တရားမ၀င် လောင်းကစားပွဲ(အာဝါဒေး)များကို  ယနေ့မှစတင်ပြီး ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရသည်။

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

အဓိဌာန်အောင်ဘုရားဝင်းအတွင်း ဖမ်းဆီးထားသည့် လောင်းကစားခုံကြီး ၉၂ ခုကို  မီးရှို့ဖျက်ဆီးလိုက်သည်။

“ပိုင်ရှင်တွေကိုဖမ်းဆီးရမိတာမရှိပေမဲ့ နောက်ကိုဆိုရင်တော့ ဒိုင်ကော၊  ပစ္စည်း ကော၊  ထိုးသားတွေကိုပါ ဖမ်းဆီးအရေးယူမယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတဦးကပြောသည်။

လောင်းကစားပစ္စည်းများဖျက်ဆီးမှု အစီအစဉ်သို့  မြ၀တီခရိုင်ဥက္ကဌဦးသန်းဆွေ၊  ခရိုင်ရဲမှူးကြီးဦးအောင်မြင့် အပါအ၀င် အရာရှိ အများအပြား တက်ရောက်ခဲ့ကြသည်။

မြ၀တီမြို့ခံကျောင်းဆရာတဦးက “အရင်က ဘယ်လူကြီးပဲလာလာ ဘာအရေးယူမှုမှ မရှိဘူး။ အခုလာတဲ့ ခရိုင်ဥက္ကဌအသစ် ဦးသန်းဆွေကတော့ စပြီး ကိုင်တွယ်ပြီ။ ဘယ်အတိုင်းအတာအဖြစ် အလုပ်ဖြစ်မလဲ၊  တကယ်လား၊  အဟုတ်လား ဆိုတာတော့ စောင့်ကြည်ရအုံးမယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

“ဒီပြဿနာက ကျောင်းသားလူငယ်တွေကို အများစု ပျက်စီးစေသလို (လောင်းကစားကြောင့်) ဒီနယ်မှာလည်း ရာဇ၀တ်မှုတွေက နေ့တိုင်းနီးပါးရှိတယ်” ဟု ကျောင်းဆရာက ဆက်ပြောသည်။

တန်ဆောင်မုန်းလမှ စတင်သည့် အာဝါဒေးပွဲများကို ခရိုင်အတွင်း နွေရာသီကာလများတွင် ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း၊    မြို့တွင်းမြို့ပြင်များတွင် နေရာ ၇ ခုခန့်ရှိကြောင်း၊  ကစားကွင်းတနေရာတွင် လောင်းကစားခုံ ၅၀ ခန့်နှင့်လောင်းကြေးငွေ ကျပ်သိန်းရာချီရှိကြောင်း လောင်းကစားဒိုင်တဦးကပြောသည်။

အာဝါဒေးပွဲကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA စတင် ပေါ်ပေါက်ပြီးနောက် ထိုအဖွဲ့ရံပုံငွေရရှိရေးအတွက် ယခင်စစ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမှကျောင်းထိုင်ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

 မြ၀တီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဘားအံ စသည့် ကရင်ပြည်နယ်ရှိ  မြို့များတွင်  အာဝါဒေးပွဲများ အစဉ်အလာတရပ်အနေနှင့် တည်ရှိလာသည်မှာ နှစ် ၂၀ ပြည့် တော့မည်ဟုလည်း ၎င်းဘုန်းတော်ကြီးက ဖြည့်စွက်မိန့်ကြားသည်။

ယနေ့ဖမ်းဆီးမှုကြောင့် မြ၀တီခရိုင်အတွင်းရှိ လောင်းကစားပွဲများ ရပ်နားထားရသည်ဟု သိရှိရသည်။

 မြ၀တီခရိုင်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတခုမှ တပ်မှူးတဦးက  ၎င်းတပ်ရင်းအတွက် လစဉ်ကုန်ကျသည့် ရိက္ခာဘိုး ကျပ်သိန်း ၃၀၀ ခန့်ကို အာဝါဒေးပွဲမှတဆင့် ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း ကျင်းပသည့် ဘာသာရေးပွဲတော်များတွင်လည်း တညလျှင် ကျပ် ၅ သိန်းနှင့် အထက်ငှားရသည့် ဇာတ်ပွဲများအတွက် အာဝါဒေးကို မလွဲမသွေ ထည့်သွင်းရသည်ဟု ပြီးခဲ့သည့် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲ ကျင်းပခဲ့သည် ကော့ကရိတ်မြို့နယ်မှ ဆရာတော်တပါးက မိန့်ကြားသည်။

ပြည်တော်မြင့် ~

<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

Sunday, March 3, 2013

တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။ မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရ

Khin Mya Htwe Naing and Chit Zaw shared ရာဇာဓိ ရာဇာ's photo.
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလုပ်နေပါတယ် ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပို့စ်တွေ တွေ့ရလို့ ဒီစတေးတပ်စ်ကို ရေးလိုက်တာပါ။ 

အခုပုံကတော့ တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။ မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရပါဘူး။ ပုံကတော့ သူတို့ရဲ့ ယောဂကျင့်စဉ်တွေထဲက ကာမဂုဏ်ခံစားတဲ့ ကျင့်စဉ်တစ်ခုကို ပုံဖော်ထားတဲ့ ကာမမုဒြာ ပုံပါ။ 

တိဘက်ထုံးစံ အရ ဇနီးမောင်နှံ နှစ်ဦးစလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ်လို့ ဆိုပါတယ်။ အမျိုးသားနဲ့အမျိုးသမီး ပူးတွဲလေ့ကျင့်လို့ ရသလို တစ်ဦးထဲလည်း လေ့ကျင့်လို့ရပါတယ်တဲ့။ 

ဝဇီရာယန ဆိုတာ လက်ရှိ ဒလိုင်းလားမား ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ ဝါဒလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် တန်ထရာယောဂကို ကျင့်ကြံလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ မြန်မာပြည်မှာ အသံထွက်လာတဲ့ ကာမကို အလှူခံလို့ရတယ် ဆိုတဲ့ ဝါဒနဲ့တော့ မသက်ဆိုင်ဘူးထင်ပါတယ်။

ကျွန်တော်တို့ရဲ့ ထေရဝါဒနဲ့ မဟာယန မတူသလို ထေရဝါဒနဲ့ ဝဇီရာယန ဟာလည်း လားလားမှ မဆိုင်ပါဘူး။ တင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ မနေ့တနေ့ကမှ ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြားအယူဝါဒ ကျင့်စဉ်တွေနဲ့ ရောပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန ) ပိဋကတ်တော်တွေကို ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်တင်ခဲ့ရတာ ဝိနယတော်တွေကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။ 

ဝဇီရာယနနဲ့ တန်ထရာယောဂ အကြောင်း အသေးစိတ်သိလို သူများ အောက်ပါလင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ 

http://en.wikipedia.org/wiki/Tantra_techniques_(Vajrayana)

http://en.wikipedia.org/wiki/Karmamudr%C4%81

http://tantrismuskritik.blogspot.com.au/2011/01/true-face-of-dalai-lama-playing-around_21.html

http://en.wikipedia.org/wiki/Karmamudrā

http://tantrismuskritik.blogspot.com.au/2011/01/true-face-of-dalai-lama-playing-around_21.html

ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ် (13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစား၍ အလုပ်သမားများ ၀မ်းလျှောခဲ့ကြ

Moe Moe shared မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)'s photo.
ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ် (13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစား၍ အလုပ်သမားများ ၀မ်းလျှောခဲ့ကြပါသည်။ နောက်တစ်ရက် (14.2.2013) (Thu:)တွင်ဝမ်းလျှောသည့်သူများ အတွက်ဆေးခွင့်တောင်းရာ ဆေးခွင့်မပေးခဲ့ပါ။ ဒါကိုရုံးခန်းသို့ သူတို့ကျွေးတဲ့ထမင်း ၊ ဟင်း ပန်ကန်ကိုယူပြီး ကောင်းမွန်စွာပြောပြီးတင်ပြခဲ့သော်လည်း တာဝန်ရှိတရုတ်လူမျိုးမှ ရိုင်းပျစွာပြောဆိုဆက်ဆံပြီး အမူအရာကြမ်းတမ်းစွာဖြင့် ခုံကိုလက်သီးဖြင့်ထုခဲ့ပါသည်။ ထို့ကြောင့် မြန်မာတာဝန်ခံ ဦးရဲထွန်းမှ စက်ရုံတွင်း၌အလုပ်သမားများအုံကြွက်လာမှုများ မဖြစ်စေရန် မြန်မာအလုပ်သမား အမျိုးသား/သမီးအယောက်(၂၀)ကျော်အား တိုင်ပင် ဆွေးနွေးရန်ခေါ်ဆောင်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တောင်းဆိုချက်(၃)ချက်ကို မြန်မာအလုပ်သမားများမှ တစ်ညီတစ်ညွတ်တည်းတောင်းဆိုခဲ့ကြပါသည်။ (၁) အခြေခံလစာကို အမေရိကန်ဒေါ်လာ(၁၅၅ ဒေါ်လာ) မှ (ဒေါ်လာ ၂၀၀) သို့ တိုးမြှင့်ပေးရန်၊ (၂) လူမျိုးခွဲခြားဆက်ဆံခြင်းမျာကို အခြားလူမျိုးများနည်းတူ တန်းတူဆက်ဆံ ပေးရန်၊ (၃) ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာလူမျိုးများနှင့်ကိုက်ညီသောအစား အသောက်များကျွေးရန်၊ အခြေခံလစာကိုတိုးမြှင့်တောင်းဆိုရခြင်းမှာ ဒီနိုင်ငံကငွေကြေး(အခေါ်အဝေါ် JD)သည် ဒေါ်လာထက်မြင့်ပြီး ကွာခြားချက်မှာ ဒေါ်လာ ၁၀၀လျှင် JD ၇၀ဖြစ်ပါသည်။ အလုပ်သမားများသည် စက်ရုံမှကျွေးသော ထမင်း၊ဟင်းများလည်းမကောင်းသောကြောင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရခြင်း ၊ လုပ်အားခနှင့် သုံးစွဲမှုကုန်ကျစရိတ်မမျှတမှုစသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။ ယခုနှစ်တွင် ကုန်ဈေးနှုန်းပိုမြင့်လာသဖြင့် မူလအဆင်မပြေမှုအပြင် အခက်အခဲများမှာ ပိုမိုဆိုးရွားလျက်သာရှိနေရပါသည်။ ဤကဲ့သို့ မိမိတို့၏ အခက်အခဲအကြပ်အတည်းများဖြင့်သာ လုံးပန်းနေရသဖြင့် မိသားစုများထံသို့ ငွေပို့နိုင်ရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပါ။ အချိန်ကုန်၍လူပင်ပန်းမှုများသာဖြစ်နေကြရ ပါသည်။ သို့ဖြစ်ပါ၍ အလုပ်သမားများမှ ယင်းဒုက္ခများမခံစားနိုင်ပဲမခံမရပ်နိုင်သောကြောင့် အဆုံးတွင် အလုပ်သမားများအားလုံးမှအထက်ပါအချက်များအား အသနားခံတောာင်းခံ ခဲ့ကြပါသည်။ (17.2.2013) (Sun:) တွင် Aman စက်မှုဇုန်ရှိ အလုပ်သမားရုံး နှင့် CMJ စက်ရုံသို့ တိုင်ကြားစာပို့ခဲ့ပါသည်။ အလုပ်သမားရုံးသို့တိုင်ကြားစာ သွားရောက်ပို့ရာတွင် အကြီးအကဲနှင့်မတွေ့ခဲ့ရပဲ ရုံးတာဝန်ခံ(ဤနိုင်ငံသား)နှင့်သာတွေ့ပြီး ၄င်း၏ပြောကြားမှု များဟုဆိုကာ မြန်မာတာဝန်ခံ ဦးရဲထွန်းမှစကားပြန်ပေးခဲ့ပါသည်။ ( ''မင်းတို့ ခုလိုတောင်းဆို ချင်ရင် ဒီအလုပ်သမားရုံးနဲ့မင်းတို့အခုအလုပ်လုပ်နေတဲ့ စက်ရုံကို (၁၄)ရက်ကြိုတင်အကြောင်း ကြားပြီးတင်မှ တရားဝင်တယ်။ ဒီတော့အခု မင်းတို့က(၁၄)ရက်ကြိုတင်အကြောင်းမကြားပဲ ဒီလိုလုပ်တဲ့အတွက် တရားမ၀င်တာကြောင့် မင်းတို့ကိုတရားစွဲပြီးဒဏ်ကြေးပေးဆောင် ခိုင်းလို့ရတယ်။ ဒါကြောင့် အလုပ်ပြန်ဆင်းပါ ၊ မဆင်းရင် ပထမဆုံးရက်ကို JD ၅၀ ဖြတ်မယ်။ နောက်ရက်တွေထပ်ပျက်ရင် တစ်ရက်ကို JD ၅ကျပ်နှုန်းနဲ့ဖြတ်သွားလိမ့်မယ်'' ) ယင်းမှာ ဦးရဲထွန်း၏ စကားပြန်ပြောကြားချက်ဖြစ်ပါသည်။ နောက်တစ်ရက် (19.2.2013) (Tue:) တွင် အဆောင်၌အထက်ပါသတိပေးစာ လာကပ်ထားပါသည်။ အလုပ်သမားများ၏လစာရငွေမှာ ဒေါ်လာဖြစ်ပြီး ဖြတ်မည့်ငွေမှာ JD ဟု ဆိုသဖြင့် မတရားမှုမှာသိသာလှပါသည်။ အမှန်တွင်လစာရသင့်သည်မှာJDဖြစ်ပြီး ဒေါ်လာနှင့် နှိမ်ပေးခြင်းဖြစ်ပါသည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာလူမျိုးတို့၏ တာဝန်ခံဖြစ်သူ မြန်မာပြည်ပေါက် မွတ်စလင်လူမျိုး ဦးရဲထွန်းမှ company ပိုင်ရှင်သူဌေးနှင့် တွေ့ဆုံဆွေးနွေးပေးမည်ဟုဆိုကာ ခေါ်ဆိုသဖြင့် (25.2.2013) (Mon:) နေ့လည် 2:00 တွင် အစည်းအဝေးခန်းမသို့ အလုပ်သမား ၂၀ ကျော်မှ အလုပ်သမားများ၏ကိုယ်စားသွားရောက်ခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံ အလုပ်သမားရုံးမှ တာဝန်ရှိသူ (၂)ဦး အရင်လာရောက်ခဲ့ရာ အလုပ်သမားများမှ မှတ်တမ်းတင် ဗွီဒီယို၊ဓါတ်ပုံရိုက်သောအခါတွင် လုံးဝလက်မခံပဲ ခါးသီးစွာငြင်းပယ်ခဲ့ပါသည်။ အစည်းအဝေး လာရောက်သူများမှာ ယောင်္ကျားလေးများဖြစ်သည်ကိုအကြောင်းပြ၍ မိန်းကလေး (၅)ဦးအား ခေါ်ဆောင်ခိုင်းကာ အချိန်ဆွဲပြီး အစည်းအဝေးကိုခေတ္တရပ်ဆိုင်းထားပါသည်။ မိန်းကလေးများ ရောက်လာသော်လည်း ''သူဌေးက ၄င်း၏အလုပ်မပြီးသေးသဖြင့် ခဏစောင့်ပါ''ဟု ဦးရဲထွန်းနှင့် အားဝေ ဆိုသော စကားပြန်တစ်ယောက်ကပြောခဲ့ပါတယ်။ ထိုသို့စောင့်နေစဉ်တွင် အဆောင်မှကျန်ရှိနေခဲ့သောမိန်းကလေးတစ်ဦးအား ခေါ်ဆောင်လာခဲ့ပါသည်။ ယင်းမိန်းကလေးမှာ မည်သည့်အကြောင်းကြောင့်ခေါ်လာမှန်းမသိပဲ အထက်လူကြီးမှခေါ်သဖြင့်လိုက်လာခဲ့ခြင်းသာဖြစ်ပါသည်။ အမှန်မှာ ဦးရဲထွန်းမှ ၄င်းတို့၏ လူအဖြစ်ခေါ်ဆောင်လာခြင်းသာဖြစ်ပြီး အလုပ်သမားအချင်းချင်း သူ့ဘက်ကိုယ့်ဘက် သူ့လူ ကိုယ့်လူ ဤသို့ဖြစ်ကာသွေးကွဲစေရန် လိမ်ညာမှုတစ်ခုသာဖြစ်ပါသည်။ အလုပ်သမားများမှ ၂နာရီ စမည့်အစည်းအဝေးကို ၄နာရီအထိ စောင့်ဆိုင်းခဲ့သော်လည်း ဤသို့ အချိန်များဆွဲ ၊ သူဌေးလည်းရောက်မလာ ၊ ဦးရဲထွန်းမှလည်း မူမမှန်သော အပြုအမူလုပ်ဆောင်မှုများကြောင့် မယုံသင်္ကာဖြစ်ကာ ဆက်လက်မစောင့်ဆိုင်းတော့ပဲပြန်လာခဲ့ကြပါတယ်။ ထိုအချိန်မှစ၍ မြန်မာတာဝန်ခံ ဦးရဲထွန်း ကို ယနေ့အချိန်ထိမတွေ့ရတော့ပဲ ပုန်းရှောင်နေပါသည်။ (27.2.2013) (Wed:) နေ့လည် 12:00 အချိန်တွင်သူဌေးနှင့်တွေ့ပေးမည်ဟု အေးဂျင့် ကိုစိုင်း မှ ချိန်းဆိုသဖြင့် အဆောင်အောက်တွင်အလုပ်သမားများမှစောင့်ဆိုင်းနေစဉ် CMJ စက်ရုံမှလွှတ်လိုက်သည်ဟုဆိုကာ ဤနိုင်ငံမှရဲများရောက်လာပါသည်။ ဤသည်မှာ တဖက်လှည့်ဖြင့် အလုပ်သမားများ ထိတ်လန့်ဆူပူပြီး အပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်ပါသည်။ အေးဂျင့် ကိုစိုင်းမှ အလုပ်သမားများအားမခေါ်ပဲ '' CMJ စက်ရုံသို့သွားရောက် ကာသူဌေးနှင့်တွေ့ခဲ့ပြီးပြီ။ သူဌေးက အလုပ်သမားများအားအလုပ်ပြန်ဆင်းရန်နှင့် မဆင်းပါက မည်သို့မျှတာဝန်ယူဖြေရှင်းပေးမည်မဟုတ် ''ဟုဆိုသည့် ၄င်း၏နှုတ်ထွက်စကားကိုသာကြားခဲ့ ကြရပါသည်။ ( ပြဿနာဖြစ်ချိန်ကာလမှစ၍ ယနေ့အချိန်ကာလထိ သူဌေးဆိုသူနှင့်တိုက်ရိုက် တွေ့ဆုံပေးခြင်းမရှိပဲ ဦးရဲထွန်း ၊ အေးဂျင့် ကိုစိုင်း တို့၏လိမ်ညာမှုများဖြင့်သာ အချိန်ဆွဲလှည့်စား ခံနေကြရပါသည်။ မည်သူ့ထံမျှလည်း ယခုအချိန်ထိ အကူအညီရရှိခြင်းမရှိသေးပါဘူး။) အကူအညီလိုအပ်လျှက်ရှိပါသည်။ ကျေးဇူးပြု၍အောက်ပါဖုန်းနံပါတ်နှင့် E mail တို့သို့ ဆက်သွယ်ကူညီပေးပါရန် ......... ph: 00962-787372905, 00962-777813917, 00962-7774174109, 00962-777429461, 00962-777865365 E mail: koko4693@gmail.com , decemberei0988@gmail.com , kyawzinoo.kyaw1989@gmail.com
ဂျော်ဒန်ရောက် CMJ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ဆန္ဒပြမှု ပြဿနာဖြစ်စဉ် (13.2.2013) (Wed:) တွင်စက်ရုံမှကျွေးသောထမင်းကိုစာ
း၍ အလုပ်သမားများ ၀မ်းလျှောခဲ့ကြပါသည်။ နောက်တစ်ရက် (14.2.2013) (Thu:)တွင်ဝမ်းလျှောသည့်သူများ အတွက်ဆေးခွင့်တောင်းရာ ဆေးခွင့်မပေးခဲ့ပါ။ ဒါကိုရုံးခန်းသို့ သူတို့ကျွေးတဲ့ထမင်း ၊ ဟင်း ပန်ကန်ကိုယူပြီး ကောင်းမွန်စွာပြောပြီးတင်ပြခဲ့သော်လည်း တာဝန်ရှိတရုတ်လူမျိုးမှ ရိုင်းပျစွာပြောဆိုဆက်ဆံပြီး အမူအရာကြမ်းတမ်းစွာဖြင့် ခုံကိုလက်သီးဖြင့်ထုခဲ့ပါသည်။ ထို့ကြောင့် မြန်မာတာဝန်ခံ ဦးရဲထွန်းမှ စက်ရုံတွင်း၌အလုပ်သမားများအုံကြွက်လာမှုများ မဖြစ်စေရန် မြန်မာအလုပ်သမား အမျိုးသား/သမီးအယောက်(၂၀)ကျော်အား တိုင်ပင် ဆွေးနွေးရန်ခေါ်ဆောင်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တောင်းဆိုချက်(၃)ချက်ကို မြန်မာအလုပ်သမားများမှ တစ်ညီတစ်ညွတ်တည်းတောင်းဆိုခဲ့ကြပါသည်။ (၁) အခြေခံလစာကို အမေရိကန်ဒေါ်လာ(၁၅၅ ဒေါ်လာ) မှ (ဒေါ်လာ ၂၀၀) သို့ တိုးမြှင့်ပေးရန်၊ (၂) လူမျိုးခွဲခြားဆက်ဆံခြင်းမျာကို အခြားလူမျိုးများနည်းတူ တန်းတူဆက်ဆံ ပေးရန်၊ (၃) ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာလူမျိုးများနှင့်ကိုက်ညီသောအစား အသောက်များကျွေးရန်၊ အခြေခံလစာကိုတိုးမြှင့်တောင်းဆိုရခြင်းမှာ ဒီနိုင်ငံကငွေကြေး(အခေါ်အဝေါ် JD)သည် ဒေါ်လာထက်မြင့်ပြီး ကွာခြားချက်မှာ ဒေါ်လာ ၁၀၀လျှင် JD ၇၀ဖြစ်ပါသည်။ အလုပ်သမားများသည် စက်ရုံမှကျွေးသော ထမင်း၊ဟင်းများလည်းမကောင်းသောကြောင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရခြင်း ၊ လုပ်အားခနှင့် သုံးစွဲမှုကုန်ကျစရိတ်မမျှတမှုစသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။ ယခုနှစ်တွင် ကုန်ဈေးနှုန်းပိုမြင့်လာသဖြင့် မူလအဆင်မပြေမှုအပြင် အခက်အခဲများမှာ ပိုမိုဆိုးရွားလျက်သာရှိနေရပါသည်။ ဤကဲ့သို့ မိမိတို့၏ အခက်အခဲအကြပ်အတည်းများဖြင့်သာ လုံးပန်းနေရသဖြင့် မိသားစုများထံသို့ ငွေပို့နိုင်ရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပါ။ အချိန်ကုန်၍လူပင်ပန်းမှုများသာဖြစ်နေကြရ ပါသည်။ သို့ဖြစ်ပါ၍ အလုပ်သမားများမှ ယင်းဒုက္ခများမခံစားနိုင်ပဲမခံမရပ်နိုင်သောကြောင့် အဆုံးတွင် အလုပ်သမားများအားလုံးမှအထက်ပါအချက်များအား အသနားခံတောာင်းခံ ခဲ့ကြပါသည်။ (17.2.2013) (Sun:) တွင် Aman စက်မှုဇုန်ရှိ အလုပ်သမားရုံး နှင့် CMJ စက်ရုံသို့ တိုင်ကြားစာပို့ခဲ့ပါသည်။ အလုပ်သမားရုံးသို့တိုင်ကြားစာ သွားရောက်ပို့ရာတွင် အကြီးအကဲနှင့်မတွေ့ခဲ့ရပဲ ရုံးတာဝန်ခံ(ဤနိုင်ငံသား)နှင့်သာတွေ့ပြီး ၄င်း၏ပြောကြားမှု များဟုဆိုကာ မြန်မာတာဝန်ခံ ဦးရဲထွန်းမှစကားပြန်ပေးခဲ့ပါသည်။ ( ''မင်းတို့ ခုလိုတောင်းဆို ချင်ရင် ဒီအလုပ်သမားရုံးနဲ့မင်းတို့အခုအလုပ်လုပ်နေတဲ့ စက်ရုံကို (၁၄)ရက်ကြိုတင်အကြောင်း ကြားပြီးတင်မှ တရားဝင်တယ်။ ဒီတော့အခု မင်းတို့က(၁၄)ရက်ကြိုတင်အကြောင်းမကြားပဲ ဒီလိုလုပ်တဲ့အတွက် တရားမ၀င်တာကြောင့် မင်းတို့ကိုတရားစွဲပြီးဒဏ်ကြေးပေးဆောင် ခိုင်းလို့ရတယ်။ ဒါကြောင့် အလုပ်ပြန်ဆင်းပါ ၊ မဆင်းရင် ပထမဆုံးရက်ကို JD ၅၀ ဖြတ်မယ်။ နောက်ရက်တွေထပ်ပျက်ရင် တစ်ရက်ကို JD ၅ကျပ်နှုန်းနဲ့ဖြတ်သွားလိမ့်မယ်'' ) ယင်းမှာ ဦးရဲထွန်း၏ စကားပြန်ပြောကြားချက်ဖြစ်ပါသည်။ နောက်တစ်ရက် (19.2.2013) (Tue:) တွင် အဆောင်၌အထက်ပါသတိပေးစာ လာကပ်ထားပါသည်။ အလုပ်သမားများ၏လစာရငွေမှာ ဒေါ်လာဖြစ်ပြီး ဖြတ်မည့်ငွေမှာ JD ဟု ဆိုသဖြင့် မတရားမှုမှာသိသာလှပါသည်။ အမှန်တွင်လစာရသင့်သည်မှာJDဖြစ်ပြီး ဒေါ်လာနှင့် နှိမ်ပေးခြင်းဖြစ်ပါသည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာလူမျိုးတို့၏ တာဝန်ခံဖြစ်သူ မြန်မာပြည်ပေါက် မွတ်စလင်လူမျိုး ဦးရဲထွန်းမှ company ပိုင်ရှင်သူဌေးနှင့် တွေ့ဆုံဆွေးနွေးပေးမည်ဟုဆိုကာ ခေါ်ဆိုသဖြင့် (25.2.2013) (Mon:) နေ့လည် 2:00 တွင် အစည်းအဝေးခန်းမသို့ အလုပ်သမား ၂၀ ကျော်မှ အလုပ်သမားများ၏ကိုယ်စားသွားရောက်ခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံ အလုပ်သမားရုံးမှ တာဝန်ရှိသူ (၂)ဦး အရင်လာရောက်ခဲ့ရာ အလုပ်သမားများမှ မှတ်တမ်းတင် ဗွီဒီယို၊ဓါတ်ပုံရိုက်သောအခါတွင် လုံးဝလက်မခံပဲ ခါးသီးစွာငြင်းပယ်ခဲ့ပါသည်။ အစည်းအဝေး လာရောက်သူများမှာ ယောင်္ကျားလေးများဖြစ်သည်ကိုအကြောင်းပြ၍ မိန်းကလေး (၅)ဦးအား ခေါ်ဆောင်ခိုင်းကာ အချိန်ဆွဲပြီး အစည်းအဝေးကိုခေတ္တရပ်ဆိုင်းထားပါသည်။ မိန်းကလေးများ ရောက်လာသော်လည်း ''သူဌေးက ၄င်း၏အလုပ်မပြီးသေးသဖြင့် ခဏစောင့်ပါ''ဟု ဦးရဲထွန်းနှင့် အားဝေ ဆိုသော စကားပြန်တစ်ယောက်ကပြောခဲ့ပါတယ်။ ထိုသို့စောင့်နေစဉ်တွင် အဆောင်မှကျန်ရှိနေခဲ့သောမိန်းကလေးတစ်ဦးအား ခေါ်ဆောင်လာခဲ့ပါသည်။ ယင်းမိန်းကလေးမှာ မည်သည့်အကြောင်းကြောင့်ခေါ်လာမှန်းမသိပဲ အထက်လူကြီးမှခေါ်သဖြင့်လိုက်လာခဲ့ခြင်းသာဖြစ်ပါသည်။ အမှန်မှာ ဦးရဲထွန်းမှ ၄င်းတို့၏ လူအဖြစ်ခေါ်ဆောင်လာခြင်းသာဖြစ်ပြီး အလုပ်သမားအချင်းချင်း သူ့ဘက်ကိုယ့်ဘက် သူ့လူ ကိုယ့်လူ ဤသို့ဖြစ်ကာသွေးကွဲစေရန် လိမ်ညာမှုတစ်ခုသာဖြစ်ပါသည်။ အလုပ်သမားများမှ ၂နာရီ စမည့်အစည်းအဝေးကို ၄နာရီအထိ စောင့်ဆိုင်းခဲ့သော်လည်း ဤသို့ အချိန်များဆွဲ ၊ သူဌေးလည်းရောက်မလာ ၊ ဦးရဲထွန်းမှလည်း မူမမှန်သော အပြုအမူလုပ်ဆောင်မှုများကြောင့် မယုံသင်္ကာဖြစ်ကာ ဆက်လက်မစောင့်ဆိုင်းတော့ပဲပြန်လာခဲ့ကြပါတယ်။ ထိုအချိန်မှစ၍ မြန်မာတာဝန်ခံ ဦးရဲထွန်း ကို ယနေ့အချိန်ထိမတွေ့ရတော့ပဲ ပုန်းရှောင်နေပါသည်။ (27.2.2013) (Wed:) နေ့လည် 12:00 အချိန်တွင်သူဌေးနှင့်တွေ့ပေးမည်ဟု အေးဂျင့် ကိုစိုင်း မှ ချိန်းဆိုသဖြင့် အဆောင်အောက်တွင်အလုပ်သမားများမှစောင့်ဆိုင်းနေစဉ် CMJ စက်ရုံမှလွှတ်လိုက်သည်ဟုဆိုကာ ဤနိုင်ငံမှရဲများရောက်လာပါသည်။ ဤသည်မှာ တဖက်လှည့်ဖြင့် အလုပ်သမားများ ထိတ်လန့်ဆူပူပြီး အပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်ပါသည်။ အေးဂျင့် ကိုစိုင်းမှ အလုပ်သမားများအားမခေါ်ပဲ '' CMJ စက်ရုံသို့သွားရောက် ကာသူဌေးနှင့်တွေ့ခဲ့ပြီးပြီ။ သူဌေးက အလုပ်သမားများအားအလုပ်ပြန်ဆင်းရန်နှင့် မဆင်းပါက မည်သို့မျှတာဝန်ယူဖြေရှင်းပေးမည်မဟုတ် ''ဟုဆိုသည့် ၄င်း၏နှုတ်ထွက်စကားကိုသာကြားခဲ့ ကြရပါသည်။ ( ပြဿနာဖြစ်ချိန်ကာလမှစ၍ ယနေ့အချိန်ကာလထိ သူဌေးဆိုသူနှင့်တိုက်ရိုက် တွေ့ဆုံပေးခြင်းမရှိပဲ ဦးရဲထွန်း ၊ အေးဂျင့် ကိုစိုင်း တို့၏လိမ်ညာမှုများဖြင့်သာ အချိန်ဆွဲလှည့်စား ခံနေကြရပါသည်။ မည်သူ့ထံမျှလည်း ယခုအချိန်ထိ အကူအညီရရှိခြင်းမရှိသေးပါဘူး။) အကူအညီလိုအပ်လျှက်ရှိပါသည်။ ကျေးဇူးပြု၍အောက်ပါဖုန်းနံပါတ်နှင့် E mail တို့သို့ ဆက်သွယ်ကူညီပေးပါရန် ......... ph: 00962-787372905, 00962-777813917, 00962-7774174109, 00962-777429461, 00962-777865365 E mail: koko4693@gmail.com , decemberei0988@gmail.com , kyawzinoo.kyaw1989@gmail.com

ခေါင်းအုံးနှင့် ကျန်းမာရေး

လူထုကျန်းမာရေး(ခေါင်းအုံးနှင့်ကျန်းမာရေး )-
          မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများ သည် ခေါင်းအုံးအတွင်းပိုင်းသို့စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက် သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။ အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။

         ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံး ထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါ ကူးစက်တတ် သည်။ ထို့ကြောင့် ခေါင်းအုံးကိုသန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကိုမကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင်
 ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။

              အထူးသဖြင့်အအေးမိရောဂါနှင့်အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင် အောင် လျှော်ဖွပ် ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါ သည်။
 
                                                                 လေးစားစွာဖြင့်    ....    မောင်မြင့်

"မြတ်စွာဘုရားရှင်အား အစွမ်းကုန်စော်ကားထားတဲ့ ဓာတ်ပုံ (ဆက်လက်မျှဝေပေးကြပါ)"

ကြာကလပ်ပေါ်တွင် စံပယ်တော်မူနေသော ဗုဒ္ဓ ဘုရား ရှင်၏ ဆင်းတုတော်ပေါ်သို့ အ၀တ်မဲ့ အမျိုး သမီး တစ်ဦး တင်ပြီး ဖက်ထားသည့် ဗီယက် နမ်နိုင်ငံ တွင် ရိုက်ထားသည့် ဓာတ်ပုံ တစ်ပုံကြောင့် အင်တာ နက် ဗုဒ္ဒဘာ သာ ၀င်များအကြားတွင် စိတ်တိုဒေါ သထွက်စရာများ ဖြစ်နေကြောင်း ဘန်ကောက် ပို့စ်သတင်းတွင် ဖော်ပြ ထားပါ သည်။

အဆိုပါ ဓာတ်ပုံသည် Facebook ပေါ်တွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသားများမှ အဆိုပါ ပုံနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးကြကြောင်း ဖော်ပြထားသည်။
ပေးထားသည့် ကွန်မန့်များအရ ထိုင်းအာဏာပိုင်များအနေဖြင့် ထို ဆင်းတုတော်အား ရှာဖွေပြီး ဖျက်ဆီးသင့် ကြောင်း၊ ဗုဒ္ဓဆင်းတုသည် ဗုဒ္ဓဘာသာတို့၏ အလေးအမြတ်ထားရာ ဖြစ်သည့်အတွက် ဖြစ်ကြောင်း ရေးသား ထားသည်။
ပြီးခဲ့သည့် အပတ်များကလည်း ပြင်သစ် ဟိုတယ်တစ်ခုတွင် ရေအိမ်သုံး စက္ကူအား ဗုဒ္ဓ ဦးခေါင်းတော်ပုံ ဖြင့် ပြုလုပ် သဖြင့် ထိုင်းလူမျိုးများ စိတ်ဆိုးခဲ့ပြီး ဘန်ကောက်ရှိ ပြင်သစ်သံရုံးမှ ဟိုတယ်မန်နေဂျာထံသို့ ကန့်ကွက် စာ ပေးပို့ခဲ့ကြောင်း သိရသည်။ (Face Book)မှတဆင့် မျှဝေသည်။ ဆက်လက်ပြီးမျှဝေပေးကြပါရန်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ

onnectify Hotspot Professional 4.1.0.25941

C

မင်္ဂလာပါခင်ဗျာ..... ကို drizzle.zaw ဗားရှင်းအသစ်ကလေးတင်ပေးပါလို့ တောင်းထားတဲ့ မိမိကွန်ပျူတာမှ အင်တာနက်ကို Router လိုမျိုး တစ်ခြား wi fi အသုံးပြုနိုင်တဲ့ ကွန်ပျူတာ၊ ဖုန်း စသည်ဖြင့် wi fi share လုပ်ပေးနိုင်တဲ့ Connectify Hotspot Professional 4.1.0.25941 ကို မျှဝေပေးလိုက်ပါတယ်... အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းပါတယ်... အသေးစိပ်သလိုလျှင် www.connectify.me ကိုကလစ်ပြီး သူ့ဆိုက်မှ လေ့လာနိုင်ပါတယ်... Full version ဖြစ်ဖို့အတွက် serial key ထည့်ပေးထားပါတယ်... အင်တာနက်ကို ဖြုတ်ထားပြီးမှ Install လုပ်ပါ Install လုပ်ပြီးတဲ့အခါ နောက်ဆုံးမှာ Restart တောင်းလျှင် Restart မလုပ်ပါနဲ့ License Key ကိုအရင်ထည့်ပေးပြီးမှ Restart လုပ်ပါ... အသုံးပြုလိုတဲ့ သူငယ်ချင်းများအတွက် Sharebeast, Dropbox မှာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ.......

If you don’t want to spend your money on a new router that would help you set up a wireless network, it’s probably the time to give Connectify a try. In case the name doesn’t tell you that much, Connectify is a downloadable application that can turn your wireless-capable computer into a virtual router, thus allowing you to use the same Internet connection on multiple devices. The interface is definitely the ace up its sleeve, because all the things have been designed to make the whole process very easy to use, even by those uninitiated. The configuration process can be done in a minute, as Connectify prompts you to choose the hotspot name, the password, the WiFi device to be used, the security mode and choose whether to enable Internet sharing or not.

Of course, you’ll have full control over your wireless network all the time, so you will know exactly who is connected to your server. We’ve tested the application on a Windows 7 laptop and everything worked quite smooth, but keep in mind that a wireless network adapter is a must have in order to use the program. All in all, you won’t find an application that’s easier to use than Connectify and although you’ll have to purchase a pro license to unlock its full powers, it’s definitely worth the price.

Highlights of Connectify Pro Include:
- Share Wi-Fi from 3G/4G Networks – Connectify Pro now supports sharing Internet from 3G/4G cards in addition to a wide variety of other USB cards and dongles
- “Scannify” Service Discovery – Connectify Pro will automatically scan your network for available shared folders or drives, web servers, and other remote services
- AutoInternet Selection – When set to “Automatic,” Connectify Pro intelligently chooses which Internet connection to share and makes necessary configuration changes to your hotspot
- Fully Customizable SSID – Name your hotspot whatever you want! Connectify Lite requires your hotspot name to start with “Connectify”
- Support for Windows XP and Windows Vista – Ad-Hoc Mode only
Connectify Hotspot Professional 4.1.0.25941

Sharebeast

>>>  Download  <<<

Dropbox

>>>  Download  <<<

Download ယူနည်းများ

>>>   ကြည့်ရန် <<<

 ဒီ Post လေးကို Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ ...

Saturday, March 2, 2013

အွန်လိုင်းကနေ ထီ တိုက်စစ်ရန် Myanmar E-Lottery

လစဉ်လတိုင်း အွန်လိုင်းကနေ ထီတိုက်စစ်နိုင်ရန်အတွက် Myanmar E-Lottery ဆိုတဲ့ website တစ်ခုကို မသိ့သေးတဲ့ မိတ်ဆွေတွေ အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ ကျပ်သိန်း 1500 မှ မင်္ဂလာစုံတွဲ ကျပ်သိန်း 100 အထိကို လစဉ် ၁ ရက်နေ့ နံနက် (၁၀နာရီခွဲ) နဲ့ ကျန်ဆုများကို ၁ ရက်နေ့ ညနေပိုင်းနှင့် ၂ ရက်နေ့ နံနက် အစောပိုင်းများတွင် မိမိထိုးထားတဲ့ ထီလက်မှတ်ကို အွန်လိုင်းကနေ စစ်ဆေးနိုင်ပါပြီ။ အသုံးပြုပုံကလည်း အရမ်း လွယ်ကူပါတယ်။ Site လိပ်စာကတော့ www.myanmarelottery.com ပါ။ အားလုံးပဲ အဆင်ပြေကြပါစေ .. လေးစားစွာဖြင့် .. သူရ

စင်တော်ဖွင့်အမီ

.

ကြည့်စမ်းပလေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ .. လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း
 .

ကြည့်စမ်းပလေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ ထားတဲ့အတိုင်း
 .

ကြည့်စမ်းပလေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း
 .

ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ
 .

သူတို့  … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့
.

မေမေရယ်
လောကကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့ ကြိုးစားပေးသင့်တယ်မဟုတ်လား။

.
.

ကိုကြည်နိုင် (၁. ၃. ၂၀၁၃)
.

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

မီမီဇော် မီမီဇော် and U Nyar Na shared Aye Chan Mon's photo.
မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါသုတေသနပြုလေ့လာမှုကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများက ပြုလုပ်ကြခြင်းဖြစ်ပြီး ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုးအဆအမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်ပြီး ဓါတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်၏သေစေနိုင်သော သတ္တိအား ချေဖျက်နိုင်စွမ်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေးယားသီး အနှစ်ရည်ကို တစ်ပတ်လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သောသတ္တိကို ခြေဖျက်နိုင်စွမ်းရှိကြောင်း ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများတွင် စမ်းသပ်ချက်အရ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသတစ်ချို့တွင် မွေကိုက်လူနာများကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ် ကုသသုံးစွဲခြင်းများကို ပြည်တွင်းသုတေသီများက ခွေးလှေးယားသီးမှ စနစ်တကျလေ့လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်းထားသော ယုန်၏သွေးရည်ကြည်တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိအပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အမာ သက်သေပြဆိုနိုင်ခဲ့ကြကြောင်း သိရသည်။

အေးချမ်းမွန်မှ  The Mirror Daily တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

Thuya Zaw shared Myanmar Online News's photo.
ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ
Friday, March 1, 2013

ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယို
မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ
များကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေး
နိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။

ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။

နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။

ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ ၀ယ်ချင်သူတွေဘက်က လတ်တလော ပေးချင်တဲ့ဈေးလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကတ်တခု ငါးထောင်နဲ့ရောင်းဖို့ စီစဉ်မယ်လို့ ကုမ္ပဏီတခုက အော်ချက် ထုတ်ဖူးပါတယ်။ ခုချိန်ထိတော့ ဖုန်းကတ်ဈေး ငါးထောင်အထိ ချပေးဖို့တော့ အရိပ်အယောင် မမြင်ရသေးပါ။

သို့သော်လည်း ဆက်သွယ်ရေးအတွက် ကြိုးစားနေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ... ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရက ၂ နှစ်အတွင်း ဆင်မ်ကတ်ဈေး ကျပ်ထောင်ဂဏန်းဖြစ်အောင် လုပ်ပေးမယ် ဆိုရင် ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားရမယ်လို့ ယူဆရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆင်မ်ကတ် တခု ပေါက်ဈေးက ကျပ် တထောင်ထက် မပိုပါ။

ဆင်းမ်ကတ် အခမဲ့ ဝေငှတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။

ဧရာဝတီ