This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 3, 2013

အမျိုးသမီးများ ကြိုတင်ကာကွယ်ပါ ရှက်ရှက်မှာဖြစ်တဲ့ ကင်ဆာ

Hla Wai shared Mails From Freinds's photo.
အမျိုးသမီးများ ကြိုတင်ကာကွယ်ပါ ရှက်ရှက်မှာဖြစ်တဲ့ ကင်ဆာ

သိသင့်သည်ဟုထင်သော အမျိုးသမီးရောဂါတစ်ခု အကြောင်းတင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်းကင်ဆာလို့ခေါ်ပါတယ်

သားအိမ်ခေါင်းကင်ဆာသည် အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ဖြစ်ပွား သောရောဂါတစ်မျိုး ဖြစ်ပြီးတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သောရောဂါ ဖြစ်ပါတယ်။ ဖြစ်ပွားရခြင်းမှာ Human Papilloma Virus (HPV) ဟုခေါ်သော virus တစ်မျိုးကြောင့်ဖြစ်ရပြီး ကူးစက်မှု၏ ၇၀%သည် ပိုးရှိသူအမျိုးသားများနှင့် အတူနေမိမှုကြောင့် ဖြစ်ပါတယ်။ အိမ်ထောင်များသူများ၊ မီးဖွားမှုများသူများ၊ အပျော်အပါးများသူမျာ၊ အပျော်အပါးများသောအိမ်ထောင်ဖက်ရှိသူအမျိုးသမီးများ နှင့် ပဋိသန္ဓေတားရန် အမျိုးသား အကာအကွယ်မသုံးပဲ ဆေးစားသူများ တို့ မှာဖြစ်တတ်ပါတယ်။

မေးခွန်းတစ်ခုမေးမယ်။ မြန်မာနိုင်ငံက အမျိုးသမီး ဘယ်နှစ်ဦးက မိမိတို့ရဲ့ အမျိုးသားက သူ့ဘ၀မှာမိမိသာလျှင် တစ်ဦးတည်းသော အဖော်ဖြစ်ပါတယ်လို့အာမခံနိုင်တဲ့သူ ရှိသလဲ။ ဘယ်နှစ်ယောက် ကကော မိမိတို့ လက်ထပ်မဲ့ အမျိုးသားက အရင်ကဘာအပျော်အပါးမှ မလိုက်စားပါဘူး ဒီ ပိုးမရှိပါဘူးလို့ အာမခံနိုင်သလဲ။
စာရေးသူ ကလဲ ယောက်ျားတစ်ယောက်ပါ။ ယောက်ျားမကောင်းကြောင်းရေးနေတာမဟုတ်ပါဘူး။ သိသင့်တယ်ထင်တာ ဆန်းစစ်သင့်တာလေးတွေကို ထောက်ပြနေတာပါ။

ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်သူမဆို ဒီကင်ဆာရောဂါ တော့ဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒီကင်ဆာရောဂါ ကဘယ်လိုဖြစ်တာလဲ ဆိုတော့ ပိုးဝင်သွားရင် ဒီပိုးက အရမ်းသေးတယ်။ အဆ သိန်းသန်းမက ချဲ့ထားတဲ့ အနုကြည့်မှန်ပြောင်းနဲ့မှ မြင်ရမှာ။ သူက ဆဲလ်ထဲကိုဝင်တယ် ပြီးရင်ဆဲလ်တွေက ပွားလာတယ်။ သားအိမ်ရဲ့ ထိပ်ဝမှာ မှိုပွင့်လိုကားကား အနာကြီးဖြစ်လာတယ်။ ပြီးရင် သားအိမ်တွေရောသားမွေးလမ်းကြောင်းကိုရော တစ်ကိုယ်လုံးကိုပါပြန့်သွားတယ်။

ဘယ်လိုသိနိုင်မလဲ။ ဒီကင်ဆာဖြစ်တော့မယ်ဆို၇င် သူက အဆင့်လေးတွေနဲ့လာတယ်ပေါ့နော်။ လက္ခဏာတွေကတော့

သွေးတွေဆင်းလာတယ်။ ပုံမှန်ဓမ္မတာလာတာနဲ့မှားတတ်တယ်။ သူကတော့ အကြာကြီးကိုဆက်ဖြစ်နေတာ။ ပြီးတော့ သံဝါသပြုပြီးနောက်ရော ဆီးသွားတဲ့အခါ အညစ်အကြေးစွန့်တဲ့အခါ မျိုးတွေမှာ ဆက်တိုက်ဆိုသလိုသွေးတွေဆင်းလာတယ်
ပြီးတော့ သားမွေးလမ်းကြောင်းကနေ သွေးမျှင်တန်းလေးတွေ နံတဲ့အချွဲတွေပါ ဆင်းလာတတ်တယ်။
ပြီးရင်နာလာတယ်။ နာတဲ့အခါမှာလည်း ယောနိဝကနေ အပေါ်ကိုဒေါင်လိုက် နာတာကပြန့်တက်လာတယ်။ နောက်တော့ ခါးအောက်ပိုင်းတစ်ခုလုံး နာလာတယ်။
နောက်ပိုင်းမှာ ဆီး ၀မ်းမထိန်းနိုင်တော့တာတွေ နဲ့ ဆီးအိတ်နဲ့ အစာဟောင်းအိမ်တွေမှာပါ အနာတွေ ဖြစ်လာတယ်။
လူလည်းပိန်လာတယ်။ အနာတွေကနေပိုးတွေဝင်လာပြီး သွေးထဲမှာ အဆိပ်သင့်ပြီး ရှော့ရတတ်တယ်။
ပိုးတွေဝင်လာတာဟာ ဆီးပြွန်ကိုရောက်လာပြီး ကျောက်ကပ်ကိုပါပျက်စီးနိုင်တယ်။

ဒါဆိုရင်ဘာလုပ်ကြမလဲ။

ရောဂါမဖြစ်အောင်ကာကွယ်လို့ရတယ်။

ကိုယ့်ရဲ့ ကိုယ်ခံအားကိုမြင့်တင်နိုင်အောင် ကာကွယ်ဆေးထိုးလို့ရတယ်။ အဆင်ပြေတဲ့သားဖွားမီးယပ်ဆရာမကြီးတစ်ဦးထံမှာ သုံးကြိမ်ထိုးရမယ်။ ပထမလထိုးပြီးရင် နောက်တစ်လနေရင်တစ်ခါထိုးမယ်။ နောက်ခြောက်လနေရင်နောက်ဆုံးအကြိမ်ထိုးမယ်။ ကဒ်ပြားလေးတွေပေးတယ်။ နောက်ထပ်ထိုးရမဲ့ ရက်ကိုရေးပေးထားတယ်။ မပျောက်အောင်တော့သိမ်းထား။ အဲသည်လိုထိုးပြီးပြီဆိုရင် ရှစ်နှစ်အထိခံတယ်။ ဟုတ်ပြီ ဘယ်တော့က စ ထိုးကြမလဲ။ နိုင်ငံခြားမှာတော့ ၉နှစ်ကစပြီးထိုးကြတယ်။ ဒီမှာကတော့ အဲဒီလောက်မလိုသေးပါဘူး။ အပျိုဖော်ဝင်စလောက်ကဆိုရပါတယ်

ရောဂါရှိမရှိစစ်ကြည့်လို့ရတယ်။ မိန်းမကိုယ်ထဲကို ပစ္စည်းလေးထည့်ပြီး အသားစအဖြေထုတ်တယ်။ ဒါပေမယ့်တော်တော်များများ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများက ကြောက်ကြတယ်။ သူတို့ခန္ဓာကိုယ်ထဲကိုပစ္စည်းထည့်ပြီးယူ၇မှာ ကိုမကြိုက်ကြဘူး။ တကယ်တော့ သုံးနှစ်တစ်ခါ ယူသင့်တယ်။ စစ်ကြည့်သင့်တယ်။

ပိုးဝင်လာပြီဆိုရင်စောစောစီးစီး သိရင်တားလို့ရသေးတယ်။ CIN 1,2,3ဆိုပြီးတော့အဆင့်သုံးဆင့်မှာ မှာ 1ဆို ကာကွယ်ဆေးလောက်နဲ့တားလို့ရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ ကုရတော့မယ်။ ပိုးဝင်ပြီး လပိုင်းလောက်ဆို ကာကွယ်ဆေးနဲ့ရသေးတယ်။

ဘယ်လိုကုမလဲ။

ဖြစ်တဲ့နေရာလေးကိုလှီးထုတ်တယ်။ ဓာတ်ကင်တယ်။ ဆေးကျွေးတယ်။

တစ်ခါတစ်လေမှာဖြစ်တာ ကြာသွားလို့ အရမ်းဆိုးသွားရင်တော့ သားအိမ်တစ်ခုလုံးထုတ်လိုက်ရတာတို့ ပေါင်က အကျိတ်တွေကိုပါ လှီးထုတ်လိုက်ရတာတို့ လုပ်ရတယ်။

ဘာဆေးတွေပေးလဲ။

ပေးတာကတော့ ထိုးဆေးရော သောက်ဆေးရောပေါ့ အသုံးများတဲ့ဆေးတွေကတော့

Cyclophosphamine ၁၀ရက်စာ(ခန္ဓာကိုယ်အလေးချိန်အလိုက်သောက်သုံးရန်တွက်ချက်ရသည်)

လက်တလောဆိုးကျိုး-ပျို့၊အန်

ူLomustine နေ့စဉ်သောက်သုံးရန် (ခန္ဓာကိုယ်အကြီးအသေးအရွယ်အစားအလိုက် တွက်ချက်သောက်သုံးရသောဆေးဖြစ်သည်။)

လတ်တလောဆိုးကျိုး-ပျို့၊အန်

ဘာရောဂါတွေနဲ့မှားတတ်သလဲ။

ဓမ္မတာမမှန်တာ အထူးသဖြင့်သွေးဆုံးကာနီး အမျိုးသမီးတွေမှာနဲ့ဆင်မှားတတ်တယ်။
သားအိမ်ထိပ်ဝမှာ သံဝါသပြုပြီးနောက်တို့ သားအိမ်အတွင်းမှာပဲသွေးဆင်းတာတို့ဖြစ်ပြီး သားအိမ်ထိပ်ဝမှာ အနာတရစုတ်ပြဲသွားတဲ့အခါ။
သားခဏခဏလျှောတတ်တဲ့သူတွေမှာ ပိုးဝင်တာ။
ကာလသာရောဂါမှာရတတ်တဲ့အနာ။ တီဘီပိုးကြောင့်ဖြစ်တဲ့အနာ။
အခြားသောသားအိမ်ထိပ်ဝမှ သွေးယိုစိမ့်စေသည့်အနာများ။

ဒါဆိုဘယ်လိုသိနိုင်မလဲ။

အထက်မှာပြထားတဲ့ လက္ခဏာတစ်ခုခုပေါ်လာတဲ့အခါ
အချိန်အခါမဟုတ်ဘဲ သွေးဆင်းလာတာ
ဝမ်းဗိုက်အောက်ပိုင်း ချက်အောက်တည့်တည့်ကနာလာတဲ့အခါ
ကိုယ့်ကိုကိုယ်သံသယ ရှိတဲ့အခါ

ultra-sound ရိုက်ကြည့်လို့ရပါတယ်။ ပိုသေချာအောင် အသားစ အဖြေယူရပါမယ်။ မရှိသေးဘူးဆိုရင် ကာကွယ်ဆေးသုံးခါထိုးပြီး ရှစ်နှစ်စိတ်ချလက်ချနေလိုက်ပါ။ ရှိနေပြီဆိုရင် ဘယ်အဆင့်ထိရောက်နေပြီလဲမေးပါ။ လုံးဝပျောက်ကင်းသည် အထိကုသလိုက်ပါ။

ဆေးဝါးများမှာသောက်ဆေးများဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုး အလွန်များသောဆေးများ ဖြစ်သဖြင့် ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာသောက်သုံးရန်။
သိသင့်သည်ဟုထင်သော အမျိုးသမီးရောဂါတစ်ခု အကြောင်းတင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်းကင်ဆာလို့ခေါ်ပါတယ်

သားအိမ်ခေါင်းကင်ဆာသည် အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ဖြစ်ပွား သောရောဂါတစ်မျိုး ဖြစ်ပြီးတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သောရောဂါ ဖြစ်ပါတယ်။ ဖြစ်ပွားရခြင်းမှာ Human Papilloma Virus (HPV) ဟုခေါ်သော virus တစ်မျိုးကြောင့်ဖြစ်ရပြီး ကူးစက်မှု၏ ၇၀%သည် ပိုးရှိသူအမျိုးသားများနှင့် အတူနေမိမှုကြောင့် ဖြစ်ပါတယ်။ အိမ်ထောင်များသူများ၊ မီးဖွားမှုများသူများ၊ အပျော်အပါးများသူမျာ၊ အပျော်အပါးများသောအိမ်ထောင်ဖက်ရှိသူအမျိုးသမီးများ နှင့် ပဋိသန္ဓေတားရန် အမျိုးသား အကာအကွယ်မသုံးပဲ ဆေးစားသူများ တို့ မှာဖြစ်တတ်ပါတယ်။

မေးခွန်းတစ်ခုမေးမယ်။ မြန်မာနိုင်ငံက အမျိုးသမီး ဘယ်နှစ်ဦးက မိမိတို့ရဲ့ အမျိုးသားက သူ့ဘ၀မှာမိမိသာလျှင် တစ်ဦးတည်းသော အဖော်ဖြစ်ပါတယ်လို့အာမခံနိုင်တဲ့သူ ရှိသလဲ။ ဘယ်နှစ်ယောက် ကကော မိမိတို့ လက်ထပ်မဲ့ အမျိုးသားက အရင်ကဘာအပျော်အပါးမှ မလိုက်စားပါဘူး ဒီ ပိုးမရှိပါဘူးလို့ အာမခံနိုင်သလဲ။
စာရေးသူ ကလဲ ယောက်ျားတစ်ယောက်ပါ။ ယောက်ျားမကောင်းကြောင်းရေးနေတာမဟုတ်ပါဘူး။ သိသင့်တယ်ထင်တာ ဆန်းစစ်သင့်တာလေးတွေကို ထောက်ပြနေတာပါ။

ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်သူမဆို ဒီကင်ဆာရောဂါ တော့ဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒီကင်ဆာရောဂါ ကဘယ်လိုဖြစ်တာလဲ ဆိုတော့ ပိုးဝင်သွားရင် ဒီပိုးက အရမ်းသေးတယ်။ အဆ သိန်းသန်းမက ချဲ့ထားတဲ့ အနုကြည့်မှန်ပြောင်းနဲ့မှ မြင်ရမှာ။ သူက ဆဲလ်ထဲကိုဝင်တယ် ပြီးရင်ဆဲလ်တွေက ပွားလာတယ်။ သားအိမ်ရဲ့ ထိပ်ဝမှာ မှိုပွင့်လိုကားကား အနာကြီးဖြစ်လာတယ်။ ပြီးရင် သားအိမ်တွေရောသားမွေးလမ်းကြောင်းကိုရော တစ်ကိုယ်လုံးကိုပါပြန့်သွားတယ်။

ဘယ်လိုသိနိုင်မလဲ။ ဒီကင်ဆာဖြစ်တော့မယ်ဆို၇င် သူက အဆင့်လေးတွေနဲ့လာတယ်ပေါ့နော်။ လက္ခဏာတွေကတော့

သွေးတွေဆင်းလာတယ်။ ပုံမှန်ဓမ္မတာလာတာနဲ့မှားတတ်တယ်။ သူကတော့ အကြာကြီးကိုဆက်ဖြစ်နေတာ။ ပြီးတော့ သံဝါသပြုပြီးနောက်ရော ဆီးသွားတဲ့အခါ အညစ်အကြေးစွန့်တဲ့အခါ မျိုးတွေမှာ ဆက်တိုက်ဆိုသလိုသွေးတွေဆင်းလာတယ
ပြီးတော့ သားမွေးလမ်းကြောင်းကနေ သွေးမျှင်တန်းလေးတွေ နံတဲ့အချွဲတွေပါ ဆင်းလာတတ်တယ်။
ပြီးရင်နာလာတယ်။ နာတဲ့အခါမှာလည်း ယောနိဝကနေ အပေါ်ကိုဒေါင်လိုက် နာတာကပြန့်တက်လာတယ်။ နောက်တော့ ခါးအောက်ပိုင်းတစ်ခုလုံး နာလာတယ်။
နောက်ပိုင်းမှာ ဆီး ၀မ်းမထိန်းနိုင်တော့တာတွေ နဲ့ ဆီးအိတ်နဲ့ အစာဟောင်းအိမ်တွေမှာပါ အနာတွေ ဖြစ်လာတယ်။
လူလည်းပိန်လာတယ်။ အနာတွေကနေပိုးတွေဝင်လာပြီး သွေးထဲမှာ အဆိပ်သင့်ပြီး ရှော့ရတတ်တယ်။
ပိုးတွေဝင်လာတာဟာ ဆီးပြွန်ကိုရောက်လာပြီး ကျောက်ကပ်ကိုပါပျက်စီးနိုင်တယ်။

ဒါဆိုရင်ဘာလုပ်ကြမလဲ။

ရောဂါမဖြစ်အောင်ကာကွယ်လို့ရတယ်။

ကိုယ့်ရဲ့ ကိုယ်ခံအားကိုမြင့်တင်နိုင်အောင် ကာကွယ်ဆေးထိုးလို့ရတယ်။ အဆင်ပြေတဲ့သားဖွားမီးယပ်ဆရာမကြီးတစ်ဦးထံမှာ သုံးကြိမ်ထိုးရမယ်။ ပထမလထိုးပြီးရင် နောက်တစ်လနေရင်တစ်ခါထိုးမယ်။ နောက်ခြောက်လနေရင်နောက်ဆုံးအကြိမ်ထိုးမယ်။ ကဒ်ပြားလေးတွေပေးတယ်။ နောက်ထပ်ထိုးရမဲ့ ရက်ကိုရေးပေးထားတယ်။ မပျောက်အောင်တော့သိမ်းထား။ အဲသည်လိုထိုးပြီးပြီဆိုရင် ရှစ်နှစ်အထိခံတယ်။ ဟုတ်ပြီ ဘယ်တော့က စ ထိုးကြမလဲ။ နိုင်ငံခြားမှာတော့ ၉နှစ်ကစပြီးထိုးကြတယ်။ ဒီမှာကတော့ အဲဒီလောက်မလိုသေးပါဘူး။ အပျိုဖော်ဝင်စလောက်ကဆိုရပါတယ်

ရောဂါရှိမရှိစစ်ကြည့်လို့ရတယ်။ မိန်းမကိုယ်ထဲကို ပစ္စည်းလေးထည့်ပြီး အသားစအဖြေထုတ်တယ်။ ဒါပေမယ့်တော်တော်များများ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများက ကြောက်ကြတယ်။ သူတို့ခန္ဓာကိုယ်ထဲကိုပစ္စည်းထည့်ပြီးယူ၇မှာ ကိုမကြိုက်ကြဘူး။ တကယ်တော့ သုံးနှစ်တစ်ခါ ယူသင့်တယ်။ စစ်ကြည့်သင့်တယ်။

ပိုးဝင်လာပြီဆိုရင်စောစောစီးစီး သိရင်တားလို့ရသေးတယ်။ CIN 1,2,3ဆိုပြီးတော့အဆင့်သုံးဆင့်မှာ မှာ 1ဆို ကာကွယ်ဆေးလောက်နဲ့တားလို့ရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ ကုရတော့မယ်။ ပိုးဝင်ပြီး လပိုင်းလောက်ဆို ကာကွယ်ဆေးနဲ့ရသေးတယ်။

ဘယ်လိုကုမလဲ။

ဖြစ်တဲ့နေရာလေးကိုလှီးထုတ်တယ်။ ဓာတ်ကင်တယ်။ ဆေးကျွေးတယ်။

တစ်ခါတစ်လေမှာဖြစ်တာ ကြာသွားလို့ အရမ်းဆိုးသွားရင်တော့ သားအိမ်တစ်ခုလုံးထုတ်လိုက်ရတာတို့ ပေါင်က အကျိတ်တွေကိုပါ လှီးထုတ်လိုက်ရတာတို့ လုပ်ရတယ်။

ဘာဆေးတွေပေးလဲ။

ပေးတာကတော့ ထိုးဆေးရော သောက်ဆေးရောပေါ့ အသုံးများတဲ့ဆေးတွေကတော့

Cyclophosphamine ၁၀ရက်စာ(ခန္ဓာကိုယ်အလေးချိန်အလိုက်သောက်သုံးရန်တွက်ချက်ရသည်)

လက်တလောဆိုးကျိုး-ပျို့၊အန်

ူLomustine နေ့စဉ်သောက်သုံးရန် (ခန္ဓာကိုယ်အကြီးအသေးအရွယ်အစားအလိုက် တွက်ချက်သောက်သုံးရသောဆေးဖြစ်သည်။)

လတ်တလောဆိုးကျိုး-ပျို့၊အန်

ဘာရောဂါတွေနဲ့မှားတတ်သလဲ။

ဓမ္မတာမမှန်တာ အထူးသဖြင့်သွေးဆုံးကာနီး အမျိုးသမီးတွေမှာနဲ့ဆင်မှားတတ်တယ်။
သားအိမ်ထိပ်ဝမှာ သံဝါသပြုပြီးနောက်တို့ သားအိမ်အတွင်းမှာပဲသွေးဆင်းတာတို့ဖြစ်ပြီး သားအိမ်ထိပ်ဝမှာ အနာတရစုတ်ပြဲသွားတဲ့အခါ။
သားခဏခဏလျှောတတ်တဲ့သူတွေမှာ ပိုးဝင်တာ။
ကာလသာရောဂါမှာရတတ်တဲ့အနာ။ တီဘီပိုးကြောင့်ဖြစ်တဲ့အနာ။
အခြားသောသားအိမ်ထိပ်ဝမှ သွေးယိုစိမ့်စေသည့်အနာများ။

ဒါဆိုဘယ်လိုသိနိုင်မလဲ။

အထက်မှာပြထားတဲ့ လက္ခဏာတစ်ခုခုပေါ်လာတဲ့အခါ
အချိန်အခါမဟုတ်ဘဲ သွေးဆင်းလာတာ
ဝမ်းဗိုက်အောက်ပိုင်း ချက်အောက်တည့်တည့်ကနာလာတဲ့အခါ
ကိုယ့်ကိုကိုယ်သံသယ ရှိတဲ့အခါ

ultra-sound ရိုက်ကြည့်လို့ရပါတယ်။ ပိုသေချာအောင် အသားစ အဖြေယူရပါမယ်။ မရှိသေးဘူးဆိုရင် ကာကွယ်ဆေးသုံးခါထိုးပြီး ရှစ်နှစ်စိတ်ချလက်ချနေလိုက်ပါ။ ရှိနေပြီဆိုရင် ဘယ်အဆင့်ထိရောက်နေပြီလဲမေးပါ။ လုံးဝပျောက်ကင်းသည် အထိကုသလိုက်ပါ။

ဆေးဝါးများမှာသောက်ဆေးများဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုး အလွန်များသောဆေးများ ဖြစ်သဖြင့် ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာသောက်သုံးရန်။

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/03/2013 04:54:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Click here to Reply, Reply to all, or Forward
8% full
Using 0.8 GB of your 10.1 GB
©2012 Google - Terms & Privacy
Last account activity: 1 minute ago
Details

Tuesday, January 1, 2013

ပါကင်ဖွင့်ခြင်း

Samsung Galaxy Note 2 ပါကင်ဖွင့်ခြင်း :P :P :P

သစ်ဆန်းခန့် တစ်ယောက် ဖုန်းကောင်းကောင်း ၀ယ်ချင်ပါတယ်
ဒါနဲ့ ပြီးခဲ့တဲ့ ရက်က Samsung Galaxy Note 2 ကို 500000 Ks နဲ့
ဝယ်ယူလိုက်ပါတယ်...
ပါကင်ဖွင့်ရမှာဆိုတော့ ရင်တွေ ခုန်တာပေါ့နော် :)

အခုလက်ရှိမြင်ရတာကတော့ ပါကင် မဖွင့်သေးခင် စည်းတံဆိပ်ကပ်ထားတဲ့ Galaxy Note 2 အသစ်စက်စက်ပါ။
ဒါကတော့ ညဘက်စည်း ပုံစံပါ

ဒါကတော့ ဘယ်ဘက် စည်းပုံစံပါ

ဒါကတော့ ကျောဘက် ပုံစံပါ

ခုတော့ စည်းတွေကို ဖျက်ပြီး ပါကင်ဖွင့်လိုက်ပါပြီ

ညဘက် ရိုက်ထားတဲ့ ရိုက်ကွက်မို့လို့ ၀ါးနေပေမယ့် တကယ်အပြင်မှာ 
မြင်ရတာကတော့ လုံးဝကို အမှန်အကန် တောက်ပနေပါတယ်

ဒါကတော့ ပါဝင်လာတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်
ချာဂျာခေါင်း ၊ ကြိုး ၊ နားဂျပ် နဲ့ နားဂျပ် အပိုခေါင်းတွေ ဖြစ်ပြီး
ဘတ်ထရီ ရယ် လမ်းညွှန်စာအုပ်ရယ်ပါ

မြင်ရတာတော့ ကျတ်သရေ ရှိတယ်ဗျာ အသစ်မို့လို့လား မသိဘူး

ဒါကတော့ အဖုံးဖွင့်ပြီး အတွင်းဘက် မြင်ကွင်းပါ အင်မတန်ရိုးရှင်းပါတယ်

Internal SD 16 GB ပါဝင်ပါတယ် ကျွန်တော်ကတော့ 32GB ထပ်စိုက်လိုက်တယ်
စက်မလေး ပါဘူးအလုပ်လုပ်တယ် အစက မချိုးရတဲ့ Sim Card လဲ
Micro Sim အဖြစ် ချိုးလိုက်ရပါပြီ။

ဒါကတော့ Power ဖွင့်ဖွင့်ခြင်း မြင်ရတဲ့ Active လုပ်ခိုင်းတဲ့
ပထမ စာမျက်နှာ ဖြစ်ပါတယ်...

အခုဆိုရင် သစ်ဆန်းခန့် ရဲ့ Website စာဖတ်သူများလဲ
Galaxy Note 2 ကို သစ်ဆန်းခန့် နဲ့ အတူ ပါကင် ဖွင့်လိုက်ရတဲ့အတွက်
ဝမ်းသာမယ် ထင်ပါတယ် :P :P :P
သစ်ဆန်းခန့်
thitsankhant@gmail.com
www.thitsankhant.comhttp://www.thitsankhant.com/2012/12/samsung-galaxy-note-2-p-p-p.html

ကိုရီးယားမင်းသမီး၏ ငှက်ပျောသီးသုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း

ကိုရီးယားမင်းသမီး၏ ငှက်ပျောသီးသုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်းကိုယ်အလေးချိန် များလာတဲ့အခါ တခြားသူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့ အတွေးတွေ ဝင်လာနိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက် ကို လျှော့ချချင်ပေမယ့် ဒီလိုလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဒါကြောင့် ကိုရီးယား မင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန် လျှော့ချနည်းကို ဖော်ပြပေးလိုက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန်စေပြီး ကိုယ် အလေးချိန်ကို လျှော့ချပေးကြောင်း သီအိုရီတစ်ခုအရ သိရပါတယ်။ တခြားသီအိုရီတစ်ခုအရ ငှက်ပျောသီးက ကြာကြာ ဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။
ငှက်ပျောသီးဖြင့် ဝိတ်ချနည်း

နံနက်စာအဖြစ် ငှက်ပျောသီး ၁-၂ လုံး စားပြီး ရေနှစ်ဖန်ခွက် သောက်လိုက်ပါ။ နေ့လယ်စာကိုတော့ သင်ကြိုက်ရာ စားနိုင်ပါတယ်။ ဒါပေမဲ့ အဆီပါဝင်မှုများ တဲ့အစာကို ရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင် ငှက်ပျောသီးတစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်း သီးဟင်းရွက်တွေပဲ စားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်း ဒိန်ချဉ်ကို တွဲစားပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီလောင်ကျွမ်းမှု မြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။
ကြယ်စင်http://wlovestory.blogspot.com/2012/12/blog-post_4726.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ၈၈ ကြားဝင်စေ့စပ်မယ်

ပြင်းထန်လာနေသော စစ်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ ပိုမိုထိတ်လန့်နေကြသည် (ဓာတ်ပုံ- ဧရာဝတီ)

စစ်ပွဲများဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အ ခတ် ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမှာဖြစ်ပါတယ်။ 

ကေအိုင်အေ ဌာနချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံမယ့် ၈၈ မျိုးဆက်ကျောင်းသားများ တွင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မစန်းစန်းမော်၊ မမီမီလွင်တို့ ပါဝင်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် အခြားခေါင်းဆောင်များက အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံညှိုနှိုင်းရန် အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ 

ကေအိုင်အေနှင့် အစိုးရအကြား ၁၈ လကျော်ကြာသည်အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်း ကျော် အိုးအိမ်များ စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည်တွေမှာ ဆိုးရွားသော ရာသီဥတုဒဏ်၊ အငတ်ဘေး ဒုက္ခများကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်တွင် အစိုးရတပ်များက အပြင်းအထန် ထိုးစစ် ဆင်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် အမြောက်ကြီးများကို အသုံးပြုလာတာကြောင့် စစ်ဘေးသင့် 
ပြည်သူတွေဟာ များစွာကြောက်ရွံ့ထိတ်လန့်နေကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖြစ်ပွားသော အပြန် အလှန် ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ရွာသား ၁ ဦး သေဆုံးပြီး ၄ ဦးပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း၊ ထို့ကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်စလုံးကို တောင်းဆိုကြောင်း ၈၈ မျိုးဆက် ကျောင်း သားများ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်အပါအ၀င် လူမှုအခြေပြုအဖွဲ့အစည်းတွေက ရန်ကုန် မြို့ တော်ဝင် နှင်းဆီ ခန်းမတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်တောင်းဆိုပါတယ်။ 

အဆိုပါသတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သာလွန်ဇောင်းထက် ရေးသားတင်ပြ ထားတဲ့  ကချင် ငြိမ်းချမ်းရေး ၈၈ ကျောင်းသားများ ကြားဝင်စေ့စပ်မည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။http://blog.irrawaddy.org/2012/12/blog-post_31.html

အီးပေါက်တာဘယ်သူလဲ မပြောသဖြင့် ရိုက်နှက်မှု ထောင်ကျ

သမီးများကို ရက်စက်စွာ ရိုက်နှက်သည့်
 ဖခင်တစ်ဦးအား ရဲများက
ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။
 အော်စတင် ဒေးဗစ်ဆိုသူ အသက်
၃၂ အရွယ်ရှိ ဘခင်တစ်ဦးသည်

ကားအတူစီးလာသည့် သမီး ၃ ဦးထဲမှ အီးပေါက်လိုက်သဖြင့် အနံ့အသက်ဆိုးသောကြောင့် မည်သူပေါက်သလဲ
ဟုမေးကြောင်း၊ မည်သူကမျှ ၀န်ခံခြင်းမပြုသဖြင့် ခါးပတ်ချွတ်ပြီး သမီးများကို ရက်စက်စွာ ရိုက်နှက်ဆုံးမခဲ့ကြောင်း၊ သမီးများမှာ အသက် ၆ နှစ်၊ ၉ နှစ်နှင့် ၁၂ အရွယ်များဖြစ်ကြကြောင်း သိရသည်။

ရဲများကို ဒေးဗစ်နှင့် အိမ်နီးချင်းဖြစ်သူ အမျိုးသမီးတစ်ဦးက ဖုန်းဆက်ခေါ်လိုက်ခြင်းဖြစ်သည်။ ကလေးသုံး ယောက်ထဲမှ တစ်ဦးက သူမတို့ကို ဘခင်ဖြစ်သူကရိုက်နှက်ကြောင်း လာရောက်တိုင်ကြားသဖြင့် ထိုသို့ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရခြင်းဖြစ်သည်ဟုဆိုသည်။

အိမ်နီးချင်း အမျိုးသမီးက ရဲများကို ကလေးများ၏ ခြေထောက်၊ တင်ပါး၊ ပေါင်တို့တွင် အရိုက်ခံထားရသည့် ဓာတ်ပုံများကို ပြသခဲ့ကြောင်း သိရသည်။

ဓာတ်ပုံထဲတွင် ၆ နှစ်သမီးလေး၌ တင်ပါး၊ ခြေထောက်နှင့် ပေါင်များတွင် အရှိုးရာများကို တွေ့ရပြီး၊ ၁၂ နှစ် သမီး လေးတွင်လည်း ခြေထောက်၊
ပေါင်နှင့် တင်ပါးများပေါ်တွင် အရှိုးရာများ အပြည့်တွေ့ကြရသည်။ အသက် ၉ နှစ် အရွယ် သမီးဖြစ်သူကမူ ဓာတ်ပုံအရိုက်မခံကြောင်း၊ သူ့ဖခင် သိသွားလျှင် ထပ်အရိုက်ခံရမည်ကို စိုးရိမ်သော ကြောင့်ဖြစ်ကြောင်း အိမ်နီးချင်း အမျိုးသမီးက ပြောကြားသည်။

ဒေးဗစ်ကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ကလေးသူငယ်များကို မတရားအကြမ်းဖက်မှုဖြင့် တရားရုံး သုံးရုံးတွင် စစ်ဆေးခံရပြီး ထောင်ဒဏ်
ကျခံလိမ့်မည်ဟုဆိုသည်။

မောက္ခသတင်း

Y-Talk ကို အင်တာနက်လိုင်း မလိုဘဲ အသုံးပြုနည်း

၁။ (က) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် အသုံးပြုရန် ( Internet မလို ) ၀၁ – ၄၄ ၅၅၅၅၅ သို့ဆက်ပါ။ သင့် Ytalk Account Password ၏ နောက်တွင် “#” ကို ထည့်ပြီးနှိပ်ပါ။
( ဥပမာ 1234567890# )
မိမိ ခေါ်ဆိုလိုသော နံပါတ်နှိပ်ပြီး “#” ကိုထည့်၍ ဖုန်းခေါ်ဆိုပါ။ ( ဥပမာ 00 65 90000000# )
(ခ) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် ငွေဖြည့်ရန် ( Internet မလို )
Ytalk Account အတွက် ငွေဖြည့်ရန် ဖြစ်သည်။ ၀၁ – ၄၄ ၅၅၅၅၄ သို့ဆက်ပါ။ မိမိ Ytalk Account Password ကိုနှိပ်ပါ။ ( ဥပမာ 1234567890# )
 
PIN Code ၏ နောက်တွင် “#” ကိုထည့်ပြီး ငွေဖြည့်ပါ။

Singapore ၁၂ ကျပ်/မိနစ်
Malaysia ၂၄ ကျပ်/မိနစ်
Philippines ၁၂၇ ကျပ်/မိနစ်
Indonesia ၆၅ ကျပ်/မိနစ်
Thailand ၂၅ ကျပ်/မိနစ်
USA ၁၂ ကျပ်/မိနစ်
UK ၂၀ ကျပ်/မိနစ်
Australia ၁၉ ကျပ်/မိနစ်
Norway ၂၂ ကျပ်/မိနစ်
Newzealand ၂၀ ကျပ်/မိနစ်
Japan ၂၅ ကျပ်/မိနစ်
China ၁၁ ကျပ်/မိနစ်
Hongkong ၁၂ ကျပ်/မိနစ်
Taiwan ၁၂ ကျပ်/မိနစ်
South Korea ၃၉ကျပ်/မိနစ်
UAE ၂၁၂ ကျပ်/မိနစ်
Qatar ၂၁၂ ကျပ်/မိနစ်
Saudi Arabia ၂၂၉ ကျပ်/မိနစ်
India ၂၅ကျပ်/မိနစ်
တို့အပြင် အခြား နိုင်ငံပေါင်းများစွာကိုလည်း ဈေးနှုန်းသက်သာ စွာဖြင့် ဖုန်းခေါ်ဆို နိုင်ပါသည်။
မြန်မာ Mobile မှကူးယူဖော်ပြသည်။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

Photo: ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်မှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို အဝေးရောက် ပရိသတ်များက <a href=http://www.ustream.tv/channel/mrtv4 တွင် တိုက်ရိုက် ၀င်ရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါး လိုက် ရပါတယ်။ ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ" height="403" width="403" />
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
ရုပ်ရှင်ဓာတ်ပုံဆုကို ဦးတင့်ဆန်း( ပန်းကြာဝတ်မှုန်)မှ ရရှိသွားပါသည်။

Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ရုပ်ရှင်ဓာတ်ပုံဆုကို ဦးတင့်ဆန်း( ပန်းကြာဝတ်မှုန်)မှ ရရှိသွားပါသည်။
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ကို ဟိန်းထက်(လယ်ဝေး)မှ ထာဝရအလင်းတန်းများ မှရရှိသွားပါသည်။

Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ကို ဟိန်းထက်(လယ်ဝေး)မှ ထာဝရအလင်းတန်းများ မှရရှိသွားပါသည်။
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ကို ဇော်မျိုးထွဋ် မှ ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်။

Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ကို ဇော်မျိုးထွဋ် မှ ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်။
အကောင်းဆုံး အသံတည်းဖြတ်ဆု အား ဆန်းဦး မှ ပန်းကြာဝတ်မှုန် ဇာတ်ကားဖြင့်ရရှိသွားပါသည်။
Photo: အကောင်းဆုံး အသံတည်းဖြတ်ဆု အား ဆန်းဦး မှ ပန်းကြာဝတ်မှုန် ဇာတ်ကားဖြင့်ရရှိသွားပါသည်။
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို မော့စ်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်။
Photo: အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို မော့စ်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်။
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ချစ်စနိုးဦးမှ ရင်ကွဲနာ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်

Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ချစ်စနိုးဦးမှ ရင်ကွဲနာ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်
Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင် ချစ်စနိုးဦး
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အကောင်းဆုံး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု နောင်နောင် (ထာဝရအလင်းတန်းများ)

Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု နောင်နောင် (ထာဝရအလင်းတန်းများ)
Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အား နောင်နောင်မှ ထာဝရအလင်းတန်းများရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်။
သူတို့နှစ်ဦးဟာ ထာဝရအလင်းတန်းများ ဇာတ်ကားကနေ ရရှိတာ ဖြစ်ပါတယ်။
Photo: သူတို့နှစ်ဦးဟာ ထာဝရအလင်းတန်းများ ဇာတ်ကားကနေ ရရှိတာ ဖြစ်ပါတယ်။
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု - ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် (ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး)မှဆုလက်ခံရယူနေစဉ်
Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု - ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် (ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး)မှဆုလက်ခံရယူနေစဉ်
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရှင် မယ်လိုဒီ

Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရှင် မယ်လိုဒီ
Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အား မယ်လိုဒီမှ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့်ရရှိသွားပါသည်။
အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကားဖြင့်ရရှိသြွးပါသည်။
Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကားဖြင့်ရရှိသြွးပါသည်။

Photo
Photo: အလှချင်းပြိုင်နေတဲ့ ချောရတနာတို့ညီအစ်မ
Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
Photo
Photo: အဆိုတော် စိုင်းစိုင်းခမ်းလိုင်က ရှမ်းတိုင်းရင်းသားဝတ်စုံဖြင့် အကယ်ဒမီပေးပွဲကိုတက်ရောက်လာပါတယ်။ — The Modern News Journal
Photo: အကယ်ဒမီပေးပွဲအခမ်းအနားကိုရောက်လာတဲ့ သက်မွန်မြင့်။ The Modern News Journal
Photo: နဝရတ် The Myanma Age
Photo: ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
Photo
Photo: အကယ်ဒမီပွဲတွေမှာ နှစ်ကာလရှည်ကြာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ မင်းသားစိုးသူ။ By- Ko John
Photo: အကယ်ဒမီပွဲတက်လာကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာတို့ ညီအမ နှစ်ဦး The Modern News Journal
Photo: လူမင်းနှင့်မိသားစု
Photo: ချမ်းမီမီကို
Photo: အကယ်ဒမီပွဲသို့ တက်ရောက်လာသော သရုပ်ဆောင် သတ္တိ

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဆုစာရင်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။