This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, December 12, 2012

ဇနီးသည်က ကွာရှင်းခွင့်တောင်း၍ ဒိုင်းမွန်းပလာဇာ ခေါင်မိုးပေါ်မှ ခုန်ချသေကြောင်းကြံသူ အထမမြောက်


မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က ဒိုင်းမွန်းပလာဇာခေါင်မိုးပေါ် ခုန်ချသေကြောင်းကြံစည်သူ အမျိုးသားမှာ ဇနီးဖြစ်သူမှ ကွာရှင်းခွင့်တောင်းသဖြင့် ထိုသို့ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ၎င်းအမျိုးသားသည် မဟာအောင်မြေမြို့နယ် တာရဲတန်းရပ်ကွက် တွင် နေထိုင် သူတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးမှ ကွာရှင်းခွင့်တောင်းခံရာမှာ ယခုကဲ့သို့ မိမိကိုယ်ကို သတ်သေရန် ကြံစည်အားထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအမှုကို စစ်ဆေးနေသည့် အမှတ် (၈) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းအမျိုးသားသည် ဒိုင်းမွန်းပလာဇာအနီးတွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် အလုပ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ပလာဇာဝန်ထမ်းအချို့က ပြောသည်။ ၎င်းက ပလာဇာပေါ်မှ ခုန်ချမည် ကြံစည်၍ မီးသတ်ဝန်ထမ်းများ၊ ရဲဝန်ထမ်းများ လာရောက်ခဲ့ကြပြီး မီးသတ်ကားများ၊ ကယ်ဆယ်ရေးလေအိတ်များ အဆင် သင့်ပြင်ဆင်ထားခဲ့ကြသည်။ တာဝန်ရှိသူများက ၎င်းအမျိုးသားနှင့် မွန်းလွဲ ၁၂ နာရီ ၀န်းကျင်တွင် ညှိနှိုင်းဆွေးနွေးအောင်မြင်ခဲ့ ကာ မြေပြင်သို့ ခေါ်ဆောင် လာနိုင်ခဲ့သည်။
ထို့နောက် ၎င်းအား အမှတ် (၈)ရဲစခန်းမှ (ပ) ၇၁၄/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ အလုပ်မဲ့ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်။
7Day News Journal

ကေအိုင်အိုဌာနချုပ်အနီး အစိုးရတပ်နဲ့ ကေအိုင်အို ထိတွေ့တိုက်ပွဲဖြစ်


ဒီလကုန်မှာ နိုင်ငံရေး ဆွေးနွေးကြဖို့ သဘောတူ ထားပေမယ့် အင်အားဖြည့် ထားတဲ့ အစိုးရတပ် တွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က  ကေအိုင်အို ဌာနချုပ် အနားထိ တိုးလာပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်လို့  ကေအိုင်အိုနဲ့ မဟာမိတ် ပူးတွဲ တိုက်နေတဲ့ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ကပြောပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကျောင်းသား တပ်မတော် (မြောက်ပိုင်း) တာဝန်ခံ လဗျလဆိုင်း (ဓာတ်ပုံ- ဒီဗွီဘီ)

အာကာသထဲအထိ သွားနိုင်မည့် အမြန်ဆုံး ခရီးသည်တင်လေယာဉ်



အာကာသထဲအထိ သွားနိုင်မည့် အမြန်ဆုံး ခရီးသည်တင်လေယာဉ်ဗြိတိန် လေယာဉ် ထုတ်လုပ်မှု ကျွမ်း ကျင်သူများက ယခုအခါ လန်ဒန်မြို့မှ ဩစတြေးလျနိုင်ငံ
ဆစ်ဒနီမြို့ သို့ လေးနာရီ ကျော် ကြာသော မောင်းနှင် ရောက် ရှိနိုင်သည့် တစ်နာရီမိုင် ၄၀၀၀နှုန်း ပျံသန်းနိုင်သည့် မျိုးဆက်သစ် ဂျက်လေယာဉ် တစ်မျိုးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ဖော်ပြော ကြားလိုက်သည်။

ထိုလေယာဉ်မှာ ဆန်း သစ်ပြီး သမာရိုးကျ ဒီဇိုင်းများနှင့်မတူ တစ်မူထူးခြားသည့် လေယာဉ်မျိုးဖြစ်ကာ ထိုလေယာဉ်တီထွင်နိုင်မှုမှာ အသေအ ချာပင်ဖြစ်ကြောင်း ဥရောပအာကာသ အေဂျင်စီမှ အတည်ပြုခဲ့ပြီး ၄င်း သည် ထပ် မံ၍ အနည်းငယ်မွမ်းမံရုံနှင့် အာကာသထဲ ထိဂြိုဟ်တုများကို သယ်ဆောင် သွားနိုင် မည်ဖြစ်ပြီး ၄င်းမှာ အာကာသထဲရှိလေထု နှင့် အရှိန်၏ပွတ်တိုက်အားကို ခံနိုင်ရည်ရှိ ဟုသိရသည်။
ထိုလေယာဉ်ကို အောက်စဖို့ဒ် ရှိုင်းယားနယ် အခြေစိုက် ကုမ္ပဏီမှ ဒီဇိုင်းထုတ်၍ လေယာဉ်၏ မြန်နှုန်းမှာ မျက်တောင်တခတ် ကြာချိန် ထက် ခြောက်ဆ ပိုမြန်သည်ဟု သိသာလွယ်အောင်ပြောဆိုခဲ့ကြသည်။
အဆိုပါလေယာဉ်သည် အမြင့်ပေ ၉၂၀ဝ၀ အထိ ပျံသန်းနိုင်ပြီး တစ်နာရီမိုင် ၄၀၀၀ အထိ မြန်နှုန်းမြှင့်နိုင်သောကြောင့် သောကြောင့် ယခု ခေတ်စားနေသော အမြန်ဆုံး ဂျက်လေယာဉ် Air Bus နှင့် Con Cord တို့ထက် သုံးဆကျော် ပိုမို မြန်ဆန်သည်။
အဆိုပါ လေယာဉ်တစ်စင်း ဖန်တီး တီထွင်ရန်အတွက် စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၄၀ဝ နီးပါး အကုန်ကျခံခဲ့ရပြီး များမကြာမီ နှစ်များ အတွင်း ဈေးကွက် ထဲသို့ တင်သွင်းသွားမည်ဟု စဦးထုတ်လပ်သူများထဲမှ တာ ဝန်ရှိသူတစ်ဦးကဆိုသည်။
(The Mirror, 29.11.12)
သက်တံ့လူ
Pyi Myanmar

လှိုင်းအောက်ရောက်သွားသည့် ခွေးအား ကယ်ဆယ်ရင်း သားနှင့် မိဘနှစ်ပါး သေဆုံး





လှိုင်းအောက်ရောက်သွားသည့် ခွေးအား ကယ်ဆယ်ရင်း သားနှင့် မိဘနှစ်ပါး သေဆုံးကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း ယူရေကာ ဒေသရှိ ဘစ်လာဂွန် ကမ်း ခြေတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ လယ်ပိုင်းတွင် ခွေးတစ်ကောင် ပင်လယ်လှိုင်းအောက် ရောက်ရှိသွားသည်ကို ဆယ်ကျော်သက်တစ်ဦးက လိုက်လံ ကယ်ဆယ်သည်ကို ၄င်း၏ မိဘတို့က လိုက်လံရှာဖွေရင်း သုံးဦးစလုံး သေဆုံးခဲ့ရကြောင်း ။ အဆိုပါဒေသ၏ လုံခြုံရေးအရာရှိ တစ် ဦးဖြစ်သည့် ဒါနာဂျုံးက ထုတ်ဖော်ပြော ကြားခဲ့သည်။
ထိုဆယ်ကျော်သက် ကလေးငယ်သည် ကမ်းခြေတွင် ၄င်း၏ ခွေးနှင့် ဆော့ကစားနေစဉ် ဆယ်ပေခန့် မြင့်သည့် ပင်လယ် လှိုင်းလုံး ရိုက်ခတ်မှုကြောင့် ၄င်း၏ခွေး ခွေးမျောပါသွားသည်ကို လိုက်လံရှာဖွေခဲ့ရာ ၄င်းပါ မျောပါသွား ခဲ့သည်။ ထို ဆယ်ကျော်သက် ကလေး ငယ်၏ မိဘနှစ်ပါးဖြစ်သူတို့သည် ၄င်းတို့၏သား ပင်လယ်လှိုင်း များကြား မျောပါ သွားသည်ကို တွေ့ရှိရ၍ လိုက်လံ ကယ်ဆယ်ရင်း ၄င်းတို့ပါ သေဆုံးခဲ့ရ ကြောင်း ဂျုံးက ဆက်လက်ပြောကြား သည်။
အာဏာပိုင်များက ရဟတ်ယာဉ် များ၊ အသက်ကယ်လှေများနှင့် လိုက်လံ ရှာဖွေခဲ့ရာ အဆိုပါကမ်းရိုးတန်းဒေသရှိ ထူထပ်စွာကျရောက်နေသော မြူခိုး ကြောင့် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီး မိဘနှစ်ပါး၏ အလောင်းကိုသာ တွေ့ရှိခဲ့ရကြောင်းနှင့် ကလေးငယ်၏ အလောင်းမှာမူ ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။ (AP,25.11.2012) 
ကိုစိုး
Pyi Myanmar

Computer ဆက်တိုက် သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်း ကြမလဲ



 seinpanpyar Esther      Personal Message     Report Abuse       Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ...ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ်ရက်ဆက်
အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို့ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလိုမချွတ်ယွင်း၊ အားမနည်းအောင် ကျွန်မတို့ဘယ်လို ကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေးတွေကို လိုက်နာပေးလိုက်ပါ။
နေရာမှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့်နေရပါမယ်။
အလင်းရောင်
သင့်အခန်းတွင်း အလင်းရောင် ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာ နှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။
မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိအား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။
မျက်စဉ်းခတ်ပေးပါ
လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။
လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက် လုပ်ပေးပါ။ ထိုလက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက်ခြောက်အထုပ်
သောက်ပြီးသား လက်ဖက်ခြောက် အထုပ်ကလေးများကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။
အစားအသောက်
ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများလဲ ပိုစားပေးပါ။
Ref By - http://seinpanpyar.multiply.com
ရိုးရာလေး

ကျောက်မျက်ရတနာ မှတ်စုစာအုပ်


 

ကျောက်မျက်ရတနာ မှတ်စုစာအုပ်ကျောက်မျက်ရတနာ (Gems) တို့ကို ရှေးကမ္ဘာဦး လူသားများ အရိုင်းဘ၀မှ အယဉ်ဖြစ်စ ကတည်းက စတင်သုံးစွဲခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရသည်။ သမိုင်းမတိုင်မီက အဓိကအားဖြင့် ပုတီးစေ့များ၊ အရောင်ရှိ ကျောက်များကို မသွေးပဲ မူလပုံအတိုင်း လူ့ခန္ဓာကိုယ်တွင် အလှဆင်ခြင်းဖြင့် သုံးစွဲခဲ့ကြပြီး ယဉ်ကျေးမှု မြင့်မားလာသည့် အလျောက် ဤကျောက်မျက် အလှဆင်သည့် ဖက်တွင်လည်း ပညာရပ်များ (ဒေသအလိုက်) တိုးတက်လာခဲ့သည်။ အလှဆင်ရာတွင် အမြတ်တနိုး တန်ဖိုးထားကာ အဓိက သုံးစွဲကြသည်များမှာ ကျောက်မျက်တွင်းထွက်များသာ အများဆုံးဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါ ကျောက်မျက်များမှာ သဘာဝ မိခင်ကမ္ဘာမြေကြီးက လူသားတို့အတွက်ပေးသော လက်ဆောင်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုလျှင် လွန်အံ့မထင်ပေ။ ယခုခေတ်တွင် ပညာရှင်များ ၊ကုန်သည်များက သွေးပြီး အရောင်တင်ထားသည့် တန်ဖိုးတစ်စုံတစ်ရာရှိသည့် တွင်းထွက်များကို ကျောက်မျက် ရတနာအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင်
၁။ လှပခြင်း
၂။ မာကျောခိုင်ခံ့ခြင်း
၃။ ရှားပါးခြင်း
၎။ အများလက်ခံနိုင်ခြင်း ဂုဏ်အင်များ ပါရှိမှသာလျှင် ရတနာတန်းဝင်ကျောက်ဟု အသိအမှတ်ပြုကြသည်။
ကျောက်မျက်နှစ်မျိုး
ကမ္ဘာပေါ်ရှိ ကျောက်မျက်များကို အဓိကအားဖြင့် ဇီဝမူလ ကျောက်မျက်(Organic Gems)နှင့် သက်မဲ့မူလ ကျောက်မျက် သို့မဟုတ် သဘာဝ တွင်းထွက် ကျောက်မျက် (Inorganic Gems) ဟုခွဲခြားလေ့လာနိုင်ပါသည်။
ဖွဲ့တည်ပုံများ
အဓိကအားဖြင့် ကျောက်မျက်များသည် ကမ္ဘာ့မြေလွှာအောက် အလွန်မနက်လှသော နေရာများတွင် ခိုအောင်းနေလေ့ရှိတတ်သည်။ မီးတောင်ပေါက်ကွဲခြင်း၊ ကမ္ဘာ့မြေလွှာများ တွန့်ခေါက်ခြင်း၊ ပြတ်ရွှေ့များ ပွတ်တိုက်လှုပ်ရှားခြင်း အစရှိသည်တို့ကြောင့် ကမ္ဘာမြေကြီး အတွင်းပိုင်းတွင် မြင့်မားသော အပူချိန်နှင့် ကြီးမားသော ဖိအား ပြောင်းလည်းမှုတို့ ဖြစ်ပေါ်ရာမှ ကျေက်မျက်များ ဖြစ်ပေါ်လာသည်ဟု သိရပါသည်။ ဥပမာအားဖြင့် စိန်ကို မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးသင့်ကျောက် တို့နှင့်အတူ ရောနှောတွေ့နိုင်ပြီး မြန်မာနိုင်ငံ၏ ရှမ်းကုန်းမြင့်မြေလွှာနှင့် မြန်မာ့မြေလွှာတို့၏ တိုးတိုက်မိမှုကြောင့် ဖေါ့ဇုံ (Fault zone) ဖြစ်ပေါ်နေသော မိုးကုတ် ပတ်ဝန်းကျင်တလျောက် တွင် ပတ္တမြား၊ နီလာ အပါအ၀င် အခြားနာမည်ကျော် တွင်းထွက်ကျောက်မျက်များ ထွက်ရှိပါသည်၊ ကချင်ပြည်နယ်တွင် ကျောက်စိမ်း စသည်တို့ ပေါ်ထွန်းလာခြင်းတို့ကိုလည်း တွေ့ရှိလေ့လာရသည်။
ပတ္တမြား နှင့် နီလာ (Ruby & Sapphire/Corundum)
ပတ္တမြား နှင့် နီလာတို့သည် သဘာဝအားဖြင့် ကိုရမ်ဒမ် အုပ်စုဝင်ဖြစ်၍ အတူတူပင်ဖြစ်သည်။ ဓါတုဗေဒ ပေါင်းစပ်မှု မှာလည်း အလူမီနီယမ် အောက်ဆိုက်ဒ် ဒြပ်ပေါင်းသာဖြစ်၍ ပတ္တမြား တွင် ခရိုမီယံ ဒြပ်စင်အနည်းငယ် ပါဝင်ပြီး၊ နီလာတွင် တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်ပါသည်။ ထိုခရိုမီယံ နှင့် တိုက်တေနီယံ ဒြပ်စင်များ၏ ပါဝင်မှုနှုန်းမှာ ၂ ရာခိုင်နှုံးထက် မများသင့်ချေ။ အကယ်၍ ထိုရာခိုင်နှုံးထက် များခဲ့လျှင် ပတ္တမြား၏အရောင်မှာ ပြည့်ဝလွန်းအားကြီးပြီး အနီရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်သကဲ့သို့ နီလာတွင်လည်း အပြာရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်ပြီး ကျောက်၏ အရောင်မှာလူကိုဆွဲဆောင်နိုင်စွမ်း နည်းသွားပါသည်။ မာဆင့်မှာ မိုးလ်စကေးအရ စိန် (၁၀) နှင့် မွိုက်ဇိုနိုက် (၉.၂၅) တို့၏ အောက်တစ်ဆင့် (၉) နေရာတွင်ရှိပါသည်။ ပတ္တမြားကို မြန်မာ၊ ဗီယက်နမ် ၊ ပါကစ္စတန် ၊ အာဖဂန်နစ္စတန် ၊ ထိုင်း ၊ ကမ္ဘောဒီယား ၊ သီရိလင်္ကာ နှင့် တန်ဇန်းနီးယား တို့တွင် အဓိကထွက်ရှိပြီး မြန်မာ့ပတ္တမြား ၏အရည်အအသွေးမှာ အကောင်းဆုံးအဖြစ် ကမ္ဘာကျော်ပါသည်။ နီလာကို သီရိလင်္ကာ ၊ သြစတေးလျ ၊ ကတ်ရှ်မီးယား ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၄င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြပါသည်။
ပတ္တမြားနှင့် နီလာဂေါ်ကြိုး(Star Ruby & Sapphire)
ပတ္တမြားနှင့်နီလာတို့၏ ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိ ရတတ်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့်နီလာတို့၏ အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော ရူတိုင်းအောင်းဝင် များကြောင့်ဖြစ်သည်။
မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး
မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာ ဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေး သည်။ အောက်ပါအတိုင်းဖြစ်သည်။
လေးသွယ်နီလာ၊ ပြားကြရာတွင်
(၁) 'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊
(၂) ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်
(၃) 'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏
(၄) တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည်း။
စိန်(Diamond)
စိန်ကိုကမ္ဘာ့အကောင်းဆုံး အမာဆုံးတွင်းထွက်အဖြစ် သတ်မှတ်ကြပါသည်။ စိန်ကို အလွယ်တကူ တူးဖော်နိုင်ခြင်းမရှိသလို ဈေးကွက်အတွင်း အဖိုးတန်ကျောက်မျက်အဖြစ် ရောင်းချနိုင်လောက်အောင် သတ်မှတ်အရည်အသွေး (အရောင်၊ သန့်စင်မှု၊ အလေးချိန်၊ ဖြတ်တောက် သွေးခြင်း) တို့ရရန်လည်း အလွန်မှခက်လှပါသည်။ စိန်မှာကာဗွန်ဒြပ်စင်ဖြစ်ပြီး မူလရင်းမြစ်အနေနှင့် အလွန်သက်တမ်းရင့်သည့် မီးသင့် ကျောက်များအတွင်းတွင် တွေ့ရှိရပါသည်။ ထိုသို့တွေ့ရှိရန် ပေပေါင်း ရာထောင်ချီသည့် တွင်းနက်ကြီးများတူးဖော်ကာ ရှာဖွေရပြီး အလွန်ကုန်ကျစရိတ် များပါသည်။
အဓိကတွေ့ရှိရသည့် အိမ်ခံကျောက်အမျိုးအစားများမှာ အာဖရိကတိုက်တွင်
ကမ်ဘာလိုက်(Kimberlite) စိန်တွင်း
ကမ်ဘာလိုက်(Kimberlite) နှင့် သြစတေးလျတွင် လမ်ပိုရိုက်(Lampolite) တို့ဖြစ်ပါသည်။
ဒုတိယရင်းမြစ်အနေနှင့် ပလေစာခေါ် ကြွင်းစုသိုက်များတွင် တွေ့ရှိနိုင်ပါသည်။ သို့သော် စိန်၏အသုံးဝင်ပုံမှာ များပြားလွန်းလှသည့်အတွက် ထုတ်လုပ်သူများ၊ ကုမ္ပဏီကြီးများအနေဖြင့် အကျိုးအမြတ် မနည်းတတ်ကြပေ။ စိန်ကို ကျောက်မျက်ရတနာ တစ်ပါးအဖြစ်သာမက စက်မှုလုပ်ငန်းများ၊ အာကာသသုတေသနများ ၊မျက်စိခွဲသည့် ခွဲစိတ်ဓါး စသည်ဖြင့် အမျိုးမျိုးသောလုပ်ငန်းများတွင်ပါ အသုံးပြုကြသည်။ ထိုကဲ့သို့ သုံးစွဲရာတွင် ကျောက်မျက်တန်းမ၀င်သော စိန်များကိုသာ အသုံးများပါသည်။စိန်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အလွန်မှ သက်တမ်းရင့် သည့်မီးတောင် ပေါက်ကွဲမှုများ၏ အပူချိန်၊ဖိအား နှင့် အချိန်နှစ်ကာလတို့ကြောင့် စိန်၏မာဆင့်မှာ မိုးလ်စကေးအရကမ္ဘာ့အမာဆုံး အဆင့် (၁၀) တွင်ရှိနေပြီး သွေးယူ ဖြတ်တောက်ခြင်းအတွက်မှု စိန်ကို စိန်ဖြင့်သာပြန်သွေးနိုင်တော့သည်။ ရူပဗေဒ သဘောအရ လားရာ၏ မာကျောမှုပြင်းအား (Directional hardness) ဟူ၍ရှိရာ စိန်မျက်နှာပြင်ကို စိန်၏ အနားစောင်း သို့မဟုတ် စိန်မှုန့်များ ဖြင့်သွေးနိုင်ပါသည်။ စိန်သည် ကာဗွန်ဒြပ်စင်ဆိုသော်လည်း အနည်းငယ်သော နိုက်ထရိုဂျင် ဒြပ်စင် ပါဝင်ခဲ့လျှင် အ၀ါရောင်သန်းသွားပြီး၊ ဘိုရွန် ဒြပ်စင်ပါဝင်လျှင် အပြာရောင် သန်းနေတတ်သည်။ အဓိက ထွက်ရှိရာဒေသများမှာသြစတေးလျ၊တောင်အာဖရိက၊ဘရာဇီး၊ဆိုက်ဘေးရီးယား(ရုရှား)၊အိန္ဒိယ၊အန်ဂိုလာ၊ ဘော့စ်ဝါနာ၊တရုတ်၊နီမီးဘီးယား၊ဆီရီယာလီယွန် နှင့် တန်ဇီးနီးယား တို့ဖြစ်သည်။အိန္ဒိယ သည် စိန်ကို ရှေးအကျဆုံး စတင်တွေ့ရှိသုံးစွဲခဲ့သည့်ဒေသအဖြစ် မှတ်တမ်းဝင်သော်လည်း ယခုအခါ အရည်အသွေးနိမ့်စိန်များကိုသာ ရောင်းဝယ်ခြင်းပြုသည့်အနေအထားတွင်သာရှိတော့သည်။
အညံ့ပန်း(Spinel)
အညံ့ပန်းမှာ ပတ္တမြား နှင့်တွဲတွေ့ရတတ်သည့် တွဲဖက်ကျောက် ဖြစ်ပါသည်။ ဓာတုဖွဲ့စည်းမှုမှာ မဂ္ဂနီဆီယံ အလူမီနီယံအောက်ဆိုက်ဒ် ဖြစ်သည်။ ယခင်က တန်ဖိုးနည်း ကျောက်အဆင့်သာ သတ်မှတ်သော်လည်း ယခုအခါ လှပပြီး အရည်မီသည့် အညံ့ပန်းဆိုလျှင် ဈေးကောင်းတတ်သည့်အတွက် လူတို့၏ အာရုံစိုက်ခြင်း ခံလာရပြီဖြစ်သည်။ မာဆင့်မှာ ၈ရှိပြီး အနီရောင်ကို လူတို့က ပတ္တမြား အစားသုံးရန် ပိုနှစ်သက်ကြပါသည်။ မြန်မာ၊ သီရိလကာင်္၊ အာဖဂန်နစ္စတန်၊ ဘရာဇီး နှင့် ထိုင်းနိုင်ငံတို့တွင် ပေါများစွာ တွေ့ရသည်။
မြ-မျက်ရွှဲအုပ်စု(ဘယ်ရယ်အုပ်စု)(Beryl)
ဘယ်ရယ်မှာ မြအပါအ၀င် အခြားကျောက်မျက်အချို့၏ မူရင်းအုပ်စူဖြစ်ပါသည်။ဓာတုဖွဲ့စည်းမှုမှာ ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် ဖြစ်ကာ အတန်ပင်ရှုပ်ထွေး၍အမျိုးကွဲများပြားပါသည်။သို့သော်လူများ အဓိကတန်ဖိုးထားသည့် မျိုးကွဲမှာ မြ(အမ်မရယ်/Emerald)ဖြစ်သည်။မြ၏အစိမ်းရောင်မှာ ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် ဒြပ်ပေါင်းတွင် ခရိုမီယံ (သို့မဟုတ်)ဗနေဒီယံ ဒြပ်စင်ပါဝင်မှုကြောင့်ဖြစ်ပြီး ထိုကဲ့သို့ ဒြပ်စင်ပါဝင်မှုကွဲသည့်အလိုက် အရောင်လဲကွဲပြားရသည်။ မာဆင့်မှာ ၇ မှ ၇.၅ ထိရှိ၍ အတန်ပင်မာကျောသည်ဟုဆိုနိုင်သော်လည်း အက်ကွဲစေသည့် ကျွတ်ဆက်မှုမှာ အလွန်ပြင်မြင့်မားသည့်အတွက် အလွယ်တကူပင် ကွဲကျေ လေ့ရှိသည်။အစိမ်းရောင်ရှိသည့် ဘယ်ရယ်ကို မြ(အမ်မရယ်)၊အပြာရောင်ရှိလျှင် မြပြာ (အကွာမရင်း/Aquamarine)၊ ပန်းရောင်ရှိလျှင် မော်ဂန်နိုက်(Morganite)၊အ၀ါရှိလျှင် ဘယ်ရယ်ဝါ(Yellow Beryl) ဟုခေါ်ကြကာ အလွန်ရှားပါးစွာတွေ့ရတတ်သည့် ရွှေရောင်ဘယ်ရယ်ကိုမူ ဟီလီယိုဒေါ(Heliodor) ဟုခေါ်ပါသည်။အဓိကထွက်ရှိသည့်ဒေသများမှာ ကိုလံဘီယာ၊အိန္ဒိယ၊ဇမ်ဘာဘွေ၊ဆိုက်ဘေးရီးယား(ရုရှား) နှင့် ပါကစ္စတန် တို့ဖြစ်ကြသည်။
အလက်ဇန်းဒရိုက်၊သုံးပန်လှကျောက် (Alexandrite)
အလက်ဇန်းဒရိုက် မှာ ဘယ်ရယ်အုပ်စုဝင် မျိုးကွဲတစ်ခုမှ ခရိုက်ဆိုဘယ်ရယ်၏ မျိုးစိတ်တစ်ခု ပင်ဖြစ်သော်လည်း အလွန်မှ ရှားပါးပြီး ထူးခြားကျော်ကြားသည့် လက္ခဏာရှိသောကြောင့် သီးသန့်လေ့လာကြခြင်း ဖြစ်ပါသည်။မြန်မာအခေါ်အားဖြင့် သုံးပန်လှ ဖြစ်ပါသည်။နာမည်ကဲ့သို့ပင် အရောင်မှာ တစ်ရောင်တည်း အဖြစ်ရပ်တည်မနေပဲ သာမန်အချိန်တွင် လိမ္မော်ရောင်ရှိတတ်ကာ၊ တန်စတင်မီးရောင်(သို့မဟုတ်) ဖယောင်းတိုင်မီးရောင် အောက်တွင် အနီရင့်ရင့် နှင့် နေ့ခင်းနေရောင်အောက်တွင်မူ မြစိမ်းရောင်များ အဖြစ်ပြောင်းလဲ သွားလေ့ရှိသည်။ သမိုင်းမှာ ရုရှားဇာဘုရင် တစ်ပါးဖြစ်သော အလက်ဇန္ဒား-၂ ၏မွေးနေ့တွင် ထူးခြားစွာ ဆက်သလာသည့် အတွက်အလက်ဇန်းဒရိုက် ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ဘယ်ရယ်လီယံ အလူမီနီယံ အောက်ဆိုက်ဖြစ်ပြီး မာဆင့်မှာ ၈ အထိရှိပါသည်။ ထွက်ရှိရာဒေသမှာ ရုရှား၏ ယူရယ်တောင်တန်း၊ဘရာဇီး၊သီရိလကာင်္၊ဇမ်ဘာဘွေ၊ဇမ်ဘီးယား တို့ဖြစ်ပါသည်။
ကျောက်စိမ်း(Jade)
ကျောက်စိမ်းကို အနောက်တိုင်းသားများက သိပ်အလေးအနက်မထားသော်ငြား အရှေ့ဖျားတိုင်းသားများ အထူးသဖြင့် တရုတ်အပါအ၀င် ဂျပန် နှင့်ကိုးရီးယားတို့ တွင်အလွန်အရေးပါသည့် ကျောက်မျက်ဖြစ်သည်။ကျောက်စိမ်းတွင် ဂျေဒိုက်(Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍ အဓိကမျိုးကွဲနှစ်မျိုးရှိပြီး ရူပဖွဲ့စည်းပုံသာတူညီ၍ ဓာတုဗေဒဖွဲ့စည်းပုံ အပါအ၀င် ကျန်အရည်အသွေးများမှာ အလွန်ခြားနားလေ့ရှိပါသည်။ ကျောက်စိမ်း၏ဖွဲ့စည်းပုံမှာ အခြားကျောက်မျက်များနည်းတူ အစိုင်အခဲ တစ်ခု (သို့မဟုတ်)နှစ်ခုတွဲ မဟုတ်ပဲ ကောက်ညှင်းပေါင်းကဲ့သို့ ကျောက်မှုန်လေးများစွာစုဖွဲ့ထားသည့်အစုအဝေးကြီးဖြစ်သည်။ထိုအမှုန် လေးများကို မြန်မာဈေးကွက်တွင် “ယမ်း”ဟုခေါ်ဝေါ်ကြပါသည်။
ဂျေဒိုက်(Jadeite)
ဂျေဒိုက် (Jadeite) မှာ ဆိုဒီယံ အလူမီနီယံ ဆီလီကိတ် ဖြစ်သည်။ မာဆင့်မှာ ၇ တစ်ဝိုက် (၆.၇ မှ ၇.၃) တွင် ရှိလေ့ရှိပြီး အရည်အသွေးမှာ နက်ဖရိုက် အမျိုးအစားထက်ပိုကောင်းကာ ပိုကြည်လင်သဖြင့် အများက ပိုနှစ်သက်ကြသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ ကမ္ဘာကျော် ကျောက်စိမ်းမှာ ဂျေဒိုက် (Jadeite) အမျိုးအစားဖြစ်ပြီး အရည်အသွေး အကောင်းဆုံးဖြစ်ကာ ဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုံးကို ရရှိထားပါသည်။ ကျန်ထွက်ရှိရာ နိုင်ငံများမှာ ဂျပန်၊ ကယ်လီဖိုးနီးယား (အမေရိကန်ပြည်ထောင်စု)၊ ဂွာတီမာလာ နှင့် ရုရှားဖက်ဒရေးရှင်း တို့ဖြစ်ပါသည်။
နက်ဖရိုက်(Nephrite)
နက်ဖရိုက် (Nephrite) မှာ ဂျေဒိုက်လောက် လူကြိုက်မများလှပဲ မျက်နှာပန်းမလှပေ။ မဂ္ဂနီဆီယံ ပါဝင်သောကြောင့် အရောင်မှာ အနက်ရောင်ဖက်ယိုင်ကာ ခပ်ပိတ်ပိတ်ပင်ဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ကယ်လ်ဆီယံ မဂ္ဂနီဆီယံ ဆီလီကိတ် ဖြစ်ပြီးမာဆင့်မှာမူ ဂျေဒိုက် ထက်နည်းကာ ၆.၅ သာသာလောက်ရှိပါသည်။ နယူးဇီလန်၊ ဆိုက်ဘေးရီးယား (ရုရှား)၊ ၀န်းမင်း(အမေရိကန်)၊ ကနေဒါ၊ ကိုးရီးယား နှင့် ထိုင်ဝမ်တို့တွင် ထွက်ရှိလေ့ရှိသည်။
ဂေါ်မိတ်(Zircon)
ဂေါ်မိတ်မှာ စိန်ကိုတုပနိုင်လောက်အောင် ရောင်လက်အား/မီးအား(Dispersion/Fire)ကောင်းလှသည့် တွင်းထွက်ဖြစ်သည်။ မြန်မာတို့ န၀ရတ် ကိုးပါးစာရင်းဝင် အဖြစ်နားလည်ကြသည်။ ဓာတုဖွဲ့စည်းမှုမှာ ဇာဂွန်နီယံဆီလီကိတ် ဖြစ်ပြီး မာဆင့် ၇ မှ ၇.၅ ရှိသည်။ ရေဒီယိုဓာတ်ကြွသည့် ဂုဏ်သတ္တိ အနည်းငယ်ရှိသော်လည်း လူကိုဘေးဥပါဒ်ဖြစ်စေသည်အထိ အန္တရာယ်မရှိပေ။ အရောင်မျိုးကွဲများစွာရှိပြီး အတွေ့ရများသည့် အရောင်များအနက်မှ ရောင်မဲ့၊အ၀ါရောင် နှင့် အပြာရောင် တို့သာ လူတို့ကနှစ်သက်ကြသည်။ မြန်မာ၊သီရိလင်္ကာ နှင့်ထိုင်းနိုင်ငံတို့တွင် အဓိကထွက်ရှိပြီး ကျန်ကမ္ဘာ့ဒေသများတွင်လည်း ထွက်ရှိသည်။
ဥဿဖယား/ထပ်တစ်ရာ(Topaz)
ဥဿဖယား(ခေါ်) ထပ်တစ်ရာသည်လည်း န၀ရတ် ကိုးပါးဝင်ရတနာဖြစ်သည်။ ဓာတ်ဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓါတ်စင်ရောနှောပါဝင်သည်။ မာဆင့် ၈ ရှိပြီး အညိုရောင် နှင့် အ၀ါရောင်မှာ လူကြိုက်များသည်။ ထို့ကြောင့်အခြားအရောင်ရှိ ဥဿဖယားများကို ဓါတ်ရောင်ခြည်ဖြင့်ပြုပြင်ကာ အညိုရောင်နှင့် အ၀ါရောင်ဖြစ်ရန် ဖန်တီး တတ်ကြသည်။ အမေရိကန်ပြည်ထောင်စု၊ ၾသစေတ်းလ်၊ မကၠဆီကို၊ ယူနိုက်တက်ကင်းဒမ်း နှင့် မြန်မာတို့တွင်ထွက်ရှိသည်။ မှတ်မီး/မဟူရာ/ဖရဲအူ (Tourmaline) မြန်မာတို့အမြင်တွင် မဟူရာကိုသာအသိများပြီး ကျန် မှတ်မီး နှင့် ဖရဲအူတို့ကို အမျိုးတူဟုအသိနည်းပါသည်။ဓာတုဖွဲ့စည်းမှုမှာ ဘိုရို ဆီလီကိတ်တွင် မဂ္ဂနီစီယံ၊အလူမီနီယံ၊သံဓါတ်တို့ ရောနှောပါဝင်သည်။ပါဝင်သည့် အချိုးပေါ်မူတည်ကာ အရောင်များ ကွဲပြားရခြင်းဖြစ်သည်။မာဆင့် ၇ မှ ၇.၅ ထိရှိသည်။အရောင်အလိုက် နာမည်အခေါ်အဝေါ်များ ကွဲပြားသည်။ရှားပါးစွာတွေ့ရသည့် အရောင်မဲ့ကို အာခရိုရိုက်၊ပန်းရောင်(သို့)အနီရောင်ရှိလျှင် ရူဘယ်လိုက်(ဖရဲအူ)၊ညိုဝါရောင်မှ အညိုရောင်ရှိလျှင် ဒါဗိုက်၊အစိမ်းရောင်ဆိုလျှင်ဗာဒီလိုက်(မှတ်မီး၊စောလဖေါ်မြ၊လွိုင်ကော်မြ၊မဟူရာစိမ်း)၊အပြာရောင်ရှိလျှင် အင်ဒီဂိုလိုက်၊အနက်ရောင်ကို စခေါလ်(မဟူရာ)၊ အရောင်များစပ်တွဲနေလျှင် ပါတီ ဟုခေါ်ကြသည်။
ပြောင်ခေါင်းစိမ်း(Peridot)
ပြောင်ခေါင်းစိမ်းကို ပေါများစွာတွေ့ရှိရသည့် ဒေသများတွင် မြန်မာနိုင်ငံ လည်းပါဝင်သည်။ မိုးကုတ်မြို့ နှင့်အတော်လှမ်းလှမ်းရှိ ပြောင်ခေါင်းရွာအနီးတွင် တူးဖေါ်တွေ့ရှိရသည်ကို အစွဲပြုကာ မြန်မာတို့က ပြောင်ဂေါင်းစိမ်း ဟုခေါ်ခြင်းဖြစ်သည်။ မာဆင့် အတော်ပြော့ပြီး ၆.၅ သာရှိသည်။ စိမ်းဝါရောင်ရှိသည်။ အနောက်တိုင်းသားများကတော့ သံလွင်စိမ်းရောင်(Olive green)ဟုသတ်မှတ်ကာ ဓာတုဗေဒ အမည်ကိုလည်း အိုလီဗင်း(Olivine) ဟုခေါ်ကြသည်။ အားနည်းချက်မှာ မာဆင့်နှိမ့်လွန်းသဖြင့် ငရဲမီးစားသည့်ဒဏ်ကို မခံနိုင်ပေ။ မြန်မာ၊တရုတ်၊ဘရာဇီး၊သြစတေးလျ နှင့် တောင်အာဖရိက တို့တွင် တွေ့ရှိရသည်။
ကျောက်မျက်ရတနာအမည်ဖြင့် သတ်မှတ်သည့် ရတု (မင်္ဂလာပွဲ ) အကြိမ်များ
၂၅ နှစ် - ငွေရတု
၃၀ နှစ် - ပုလဲရတု
၃၅ နှစ် - ကျောက်စိမ်းရတု
၄၀ နှစ် - ပတ္တမြားရတု
၄၅ နှစ် - နီလာရတု
၅၀ နှစ် - ရွှေရတု
၅၅ နှစ် - မြရတု
၆၀ နှစ် - စိန်ရတု
၇၅ နှစ် - ဒုတိယအကြိမ် စိန်ရတု
Ref By - http://www.bobogoldsmith.com
ရိုးရာလေး

ရန်ကုန်မြို့ မြို့သစ်အိမ်ခြံမြေ ဈေးအတက်ဘက်သို့ဦးတည်





ရန်ကုန်မြို့ မြို့သစ်အိမ်ခြံမြေ ဈေးအတက်ဘက်သို့ဦးတည် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ်များမှ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းအိမ်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ရန်ကုန်မြို့တော် ဥက္ကလာ၊ မြောက်ဥက္ကလာ စသည့် မြို့နယ်များတွင် အရောင်း အငှား လုပ်ငန်းများ ပုံမှန်အထက်တွင် တည်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။
တောင်ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်း အိမ်ရာရောင်းဝယ်ငှား သာမန်ထက်ပို
တောင်ဒဂုံဆိပ်ကမ်း အိမ် ရာမှာဆို ပေ ၄၀ * ပေ ၆၀အကွက်ကိုသိန်း ၂၀ဝ နဲ့ ၃၀ဝ ကြားမှာ ရှိတယ်။ အိမ်ပါတယ် တစ်ထပ်လမ်း ထဲတော့ဝင်ရမယ်။ အတွင်း နည်းနည်းကျတယ်။ လမ်းမတန်းမှာဆိုရင် အိမ်အပါ ပေါ့၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၅၀ဝ နဲ့ ၆၀ဝ ကြားမှာ ရှိတယ်၊ အဲဒါလမ်းမ ဘက်ပေါ့၊ ဒီမှာက အိမ်ကြီး အိမ်ကောင်းတွေ နည်းသေးတယ်၊ သိပ်မရှိဘူး။ တောင်ဒဂုံ အရှေ့ဘက်ဆိုရင် အတွင်းလမ်းဘက် ဆို ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၀ဝ ဝန်းကျင်ရှိပြီး လမ်းမဘက်မှာဆိုရင်တော့ သိန်း ၁၀ဝ၀ ဈေးလောက်အထိ ဈေးရှိ တယ်" IHome အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မတင်တင်ခိုင်က ပြောသည်။ တောင်ဒဂုံ ဆိပ်ကမ်းအိမ်ရာနှင့် တောင် ဒဂုံအရှေ့ပိုင်းတွင် အိမ်ခြံမြေ အရောင်း အဝယ်ဈေးကွက်မှာ ယခုအခါ ပိုမိုလုပ်ကိုင် ရပြီး အနည်းဆုံးသိန်း ၉၀ မှ အမြင့်ဆုံး သိန်းထောင်ဂဏန်း အထိဈေးရှိကြောင်း၊ ပုံမှန်အရောင်းအဝယ်ရှိပြီး အငှားဈေးကွက် မှာလည်း သောင်းဂဏန်းမှ သိန်းဂဏန်း ဈေးအထိ အမျိုးမျိုးရှိပြီး အိမ်၏တည် နေရာပေါ်မူတည်၍ ဈေးနှုန်းမှာကွာဟမှုရှိ ကြောင်း အဆိုပါရပ်ကွက်တွင်း နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် ကိုမင်းကပြော သည်။
တက်ရိပ်ပြလာသည့် မြောက်ဒဂုံအိမ်ခြံမြေဈေး
"အစ်မတို့မြောက်ဒဂုံ (၄၉)ရပ်ကွက်ထဲ မှာ ၄၃ ပေ * ပေ ၆၀ တစ်ထပ်အိမ်ပါတယ်။ လမ်းထဲတော့ဝင်ရတယ်၊ဈေးကသိန်း ၃၀ဝ ကျော်မယ်ညှိလို့ရတယ်၊ ၄၁ ရပ်ကွက်မှာ လမ်းမဘက်ပေါ့ အိမ်ပါတယ်။ တစ်ထပ် အိမ်ပဲ ပေ ၄၀ * ပေ ၆၀ သိန်း ၁၃၀ဝ ဈေးရှိ တယ်၊ ဒီမှာကလမ်းမဘက်ပိုနီးရင် ဈေးနှုန်း ပိုပေးရတယ်။ ရပ်ကွက်အလိုက်ပေါ်မူ တည်ပြီး ဈေးနှုန်းလည်း ပြောင်းတယ်၊ ရပ် ကွက်ကောင်းရင်ကောင်းသလို ဈေးလည်း ကောင်းကောင်းခေါ်နိုင်တယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မမေသူ က ပြောသည်။ မြောက်ဒဂုံအိမ်ခြံမြေဈေးသည် တောင် ဒဂုံအိမ်ခြံမြေဈေးထက် ပိုမိုရခြင်းမှာသွား လာရလွယ်ကူခြင်းမှာ အဓိကဖြစ်ပြီး ဝန်ထမ်းအများစုမှာ နေထိုင်ရသည်မှာအဆင် ပြေကြောင်း၊ မိမိတတ်နိုင်သည့် ငွေကြေး အင်အားနှင့် ညီမျှသော အိမ်ကိုငှားရမ်း နေထိုင်နိုင်ပြီး ရပ်ကွက်အများစုမှာ အေးအေး ချမ်းချမ်းရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် မချိုချိုစန်းက သူ့အမြင် ကိုဆိုသည်။
ဈေးကောင်းနေဆဲ လှိုင်သာယာနှင့် ရွှေပြည်သာ အိမ်ခြံမြေဈေး
"လှိုင်သာယာမှ အောင်မြေသာစည် ရပ်ကွက်မှာ ပေ ၄၀ * ပေ ၆၀ ကို အိမ်ပါ သိန်း ၄၀ဝ အထက်မှာရှိတယ်။ တံတား ဖြူ ဘက်မှာဆိုရင် ပေ ၂၀ * ပေ ၆၀ ကို သိန်း ၂၀ဝ ဈေးရှိတယ်။ အရင်ကထက် တော့ အရောင်းအဝယ်ပိုလုပ်ရပါတယ်။ ရွှေပြည်သာ ထန်းခြောက်ပင်ဘက်မှာ ပေ ၆၀ ပတ်လည်တစ်ထပ်တိုက်ကို သိန်း ၈၀ဝ ဈေးခေါ်ထားတယ်။ အစ်မတို့ အဓိက အလုပ်ဖြစ်တာက အရောင်းပေါ့၊ စက်မှုဇုန် ဘက်တွေ မှာဆိုရင် မြေကွက် ဂိုဒေါင် ပါအရောင်းအငှားပိုအလုပ်ဖြစ်တယ်" ဟု ပြည့်စုံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မငြိမ်းသူထွေးက ပြောသည်။
ဈေးကောင်းမွန်သည့် မြောက်ဥက္ကာလာနှင့် တောင်ဥက္ကလာ
အခု တောင်ဥက္ကလာ ပင်းယလမ်း သွယ် မှာ ပေ ၄၀ * ပေ ၆၀ တစ်ထပ်တိုက် ရေမီးအစုံဂရန်ပါကို သိန်း ၁၀ဝ၀ ဈေးရှိ တယ်၊ သစ္စာလမ်းက ပေ၄၀ * ပေ ၆၀ တိုက်ဆိုရင် ဖုန်းပါတယ်၊ ဂရန်ပါတယ်၊ သိန်း ၈၅၀ဝ ဈေးပေါက်တယ်။ မြောက် ဥက္ကလာပ(ဃ)ရပ်ကွက်ထဲမှာ ပေ ၂၀ * ပေ ၆၀ ခုနစ်ထပ်တိုက် ရေမီးဂရန်ပါတယ်။ သိန်း ၆၀ဝ ဈေး၊ (ခ)ရပ်ကွက်ထဲမှာ တစ် ထပ်တိုက် ရေမီးပါတယ်၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၆၀ ခေါ်ထားတယ်။ အိမ်ဈေး အဓိက ကွာသွားတာက အိမ်ရဲ့အကျယ် အဝန်း ပြင်ဆင်ပုံပါဝင်တဲ့ပစ္စည်းပေါ့၊ ပြီးရင် ရပ်ကွက်ရဲ့လမ်းအခြေအနေ တိတ်ဆိတ်မှု အပေါ်မူတည်ပြီး ဈေးကိုတောင်းကြတာပါ အရောင်းအဝယ်လည်း ဖြစ်ကြပါတယ်။ ဒီလပိုင်းမှာ အလုပ်ကောင်းနေတယ်" ဟု အဆိုပါ ဒေသ၏ အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်ဇော်မင်းက ပြောသည်။
သာကေတ အိမ်ခြံမြေဈေးလည်း ကောင်းနေမြဲ
"သာကေတ (၉)ရပ်ကွက်မှာ ပေ ၂၀ * ပေ ၆၀ တစ်ထပ်တိုက် သိန်း ၄၀ဝ ကျော် ဈေးရှိတယ်၊ လမ်းအတွင်းတော့ ဝင်ရမယ် အထဲနည်းနည်းရောက်တယ်၊ ဝါဝါဝင်း အိမ်ရာမှာ ပေ ၈၅ ပတ်လည် ဂရန်ပါ၊ နှစ် ထပ်တိုက်ကို သိန်း ၇၅၀ဝ ဈေးရှိတယ်၊ ဒီဘက်မှာလည်း အဝယ်လိုက်ပါတယ်၊ ဝယ်သူအများစုကတော့ အိမ်နဲ့လမ်း အနေအထားကို အဓိကထားကြည့်တာ ပေါ့၊ အခုရောင်းတဲ့သူ အများစုကလည်း ဝယ်သူအသင့်နေထိုင်လို့ရအောင် အိမ်ထဲ မှာ ပါတဲ့ပစ္စည်းတွေပါ အပြီးရောင်းချပြီး တော့ အရောင်းအဝယ်လုပ်လာကြတယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ မမေသူက ပြောသည်။ အိမ်ခြံမြေဈေးနှုန်းများ ကောင်းမွန်ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အိမ်ခြံ မြေလုပ်ငန်းမှ လက်ရှိတွင် အကောင်းမွန် ဆုံးလုပ်ငန်းဖြစ်ပေါ် လျှက်ရှိကြောင်း ကား ဈေးကွက်၊ ရွှေဈေးကွက်မှာ အတတ် အကျအလွန်ကြမ်းသောကြောင့် စီးပွားရေးသမားများမှာ အိမ်ခြံမြေလုပ်ငန်း ဘက်သို့ ခြေဦး လှည့်လာခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးကျော်နိုင်က ဆိုသည်။
ဖိုးတုတ်(လှည်းတန်း)
Venus News Journal

Jaguar LandRover ကားကုမ္ပဏီ ၂၀၁၃ ခုနှစ်တွင် တရားဝင်ရောင်းရန် ပြင်ဆင်





Jaguar LandRover ကားကုမ္ပဏီ ၂၀၁၃ ခုနှစ်တွင် တရားဝင်ရောင်းရန် ပြင်ဆင်အိန္ဒိယ၏ Ta Ta ကားကုမ္ပဏီ အုပ်စုလက်အောက်မှ Jaguar LandRover ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ တွင် ၄င်းတို့၏ အမှတ်တံဆိပ်ကား များကို ၂၀၁၃ တွင် တရားဝင် ရောင်း ချသွားနိုင်ရန် ပြည်တွင်းကုမ္ပဏီများ နှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း CEO ဖြစ်သူမစ္စတာ Dase Jones က ထိုင်းနိုင်ငံ၏ ၂၉ ကြိမ်မြောက် ကားပြပွဲတွင် ပြောကြားလိုက်သည်။ ပြီးခဲ့သော နှစ်အနည်းငယ်အ တွင်းက မြန်မာနိုင်ငံကို ၄င်းတို့၏ ကားများ ရာဂဏန်းအထိ စတင်ရောင်း ချနေသည် ဟုသိရပြီး ၂၀၁၃ တွင် တရားဝင် စတင်ရောင်းချနိုင် ရန် ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာမှ ဈေးကွက် အခြေအနေ အထိလေ့လာမှုများ ပြုလုပ်နေသည်ဟု သိရသည်။ "မြန် မာနိုင်ငံမှာ မူဝါဒအသစ်တွေ အများကြီး ပဲ ဒါကို အခွင့်အလမ်းသစ်လို့ ယူဆတယ်။ အဲဒီမှာ ကုမ္ပဏီကို ဘယ်လိုတောင်း မလဲဆိုတာနဲ့ ဈေးကွက်မြန်မြန်ဆန် ဆန်ပြောင်းလဲနေတာတွေကို လေ့လာ နေတယ်" ဟု မစ္စတာ Dule Jones က ပြောကြားသည်။ ၄င်းတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ၂၀၁၃ အတွင်း ကား အစီးရေ ၂၀ဝ မှ ၂၅၀ အထိ ရောင်း ချသွားရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံ တွင်လည်း အလားတူမှန်းဆထားကာ ဗီယက်နမ်ဈေးကွက်ကိုလည်း မှန်းဆ ထားသည်ဟု ဆိုသည်။ Ta Ta အုပ်စုအနေဖြင့် မြန်မာ နိုင်ငံမှ ကုမ္ပဏီများနှင့် ၄င်းတို့၏အမှတ် တံဆိပ်ကားမျိုးစုံကို ရောင်းချခွင့် ရရေး အတွက် ၂၀၁၁ မှစတင်ကာ အားစိုက် ကြိုးပမ်းလာနေပြီး အာဆီယံဒေသတွင်း ဈေးကွက်၏ လိုအပ်ချက်ကိုလည်း မြန်မာနိုင်ငံမှ တစ်ဆင့် ချဲ့ထွင်သွားရန် ပြင်ဆင်နေသည်ဟုသိရကာ မြန်မာနိုင်ငံတွင်ရှိပြီးသား ၄င်းတို့၏ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံမှာလည်း ၂၀၁၃ ခုနှစ်တွင် စတင်အသက်ဝင်လာ ရန်ရှိနေသည်ဟု ၄င်းတို့၏ ကနဦး ဆွေးနွေးထားသော ပြည်တွင်းကုမ္ပဏီ တစ်ခုထံမှသိရသည်။
အေ၀ိုင်အီး
itTimes

အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီး သည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရ





အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီးသည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရအင်ဒိုနီးရှားနိုင်ငံမှ ဘယ်လ်ဂျီယံ သံအဖွဲ့ခွဲဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်
မိသားစုမှ မွေးဖွားလာ သော ဘယ်လ်ဂျီယံ လူမျိုး ဂျန်ဆိုသူသည် အင်ဒိုနီးရှား တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ပြီး ၁၉နှစ် ကြာပြီးနောက်မှ သူ့ဇနီးသည် ဖြစ်သူ၏ ဇာတိအမှန်မှာ ယောက်ျားကြီး ဖြစ်ကြောင်းသိရလေသည်။

အဆိုပါ ဇနီး သည်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် မော်နီကာဆိုသူနှင့် လွန်ခဲ့သည့် ၁၉ နှစ်က ချစ်ကြိုက်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ခေါ်ဆောင်လာခဲ့သော် လည်း ဂျန်မှာ ယခုအခါ သူ၏ဇနီးသည်နှင့် ကလေးယူ လို စိတ်မရှိတော့ဘဲ ဇနီးသည်အား သူ၏မိသားစုဝင် အ ဖြစ်မှပါ ထုတ်ပယ်ပစ်ရန် ဘယ်လ်ဂျီယံတရားရုံးအားလျှောက်ထားခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့သည်။
“ကျွန်တော် လှည့်စားခံခဲ့ရတယ်လို့ ခံစားမိနေတယ်ဗျာ" ဟူ၍ ဂျန်က ဒေသတွင်း သတင်းစာသို့ ပြောဆိုခဲ့သည်။
(Telegraph, 28.11.12)
သက်တံ့လူ
Pyi Myanmar

အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို နိုင်ငံတော်အဆင့် တရားစွဲပါ.. ထို့အတူ လုံခြုံရေးစည်းပေါက်ခဲ့အောင် တာဝန်မဲ့လွန်းတဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုအားလည်း ရာထူးမှ ဖယ်ရှားပေးပါ...


အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို နိုင်ငံတော်အဆင့် တရားစွဲပါ.. 
ထို့အတူ လုံခြုံရေးစည်းပေါက်ခဲ့အောင် တာဝန်မဲ့လွန်းတဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုအားလည်း ရာထူးမှ ဖယ်ရှားပေးပါ... 

ဒီယုံမြင်လို့ ဒီခြုံထွင်ဝါဒ ဖြန့်လုပ်ဆောင်နေတဲ့ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အမေရိကန် တပ်ဖွဲ့တွေ သင်ခန်းစာ ပေးခဲ့တဲ့ အဖြစ်အပျက် ၂ခုကို ပြန်မြင်ယောင်မိတယ်.။ မှတ်မိကြဦးမလားပဲ ၂၀၀၃ခုနှစ် အီရတ်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့ ဘဂ္ဂဒက် မြို့သိမ်းတိုက်ပွဲ မစဉ်နွှဲခင်ကပေါ့..။ အီရတ်လေဆိပ်ကို သိမ်းပိုက်အပြီး ထိုစဉ်က အီရတ် ပြန်ကြားရေးဝန်ကြီး Muhammed Saeed (မြန်မာအခေါ် ဗိုလ်ကျော်ဆန်း)က အမေရိကန်တွေ လက်နက်ချ အဖမ်းခံနေပါတယ် ဆုတ်ခွာနေပါပြီးဆိုပြီး ဗြောင်လိမ်နေချိန်မှာ အရင်ဦးဆုံး အမေရိကန် တင့်ကား ၂စီးမြို့ထဲဝင်လာပြီး ရှာဖွေပစ်ခတ် တိုက်ခိုက်လိုက်တာကတော့ ဆဒမ်ဟူစိန်ရဲ့ ဘတ်ပါတီဋ္ဌာချုပ်ကို မဟုတ်ပဲ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကိုပါပဲ..။ ထိုစဉ်က အမေရိကန် တင့်ကားနှစ်စီး အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို သေသေချာချာကို ချိန်ရွယ် ပစ်ခတ်လိုက်ပြီး ပြန်ထွက်သွားတဲ့ သတင်းရုပ်သံကို ထုတ်လွှင့်ပြသခဲ့ပါတယ်..။

 ထို့အတူ ၂၀၀၁ခုနှစ်ကလည်း အာဖဂန်နစ္စတန်က အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနရဲ့ ရုံးခန်းကို အမေရိကန်လေတပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တာပါပဲ...။ ဒါဘာကို ပြသလဲဆိုတော့ ဝါဒဖြန့် သတင်းတွေ တောက်လျှောက် ဖော်ပြနေတဲ့ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနဟာ ရန်သူထက် အရေးကြီးလို့ တမင်ဝင်တိုက်ပြလိုက်တာပါပဲ..။

ယခုတဖန် အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနဟာက ယနေ့ရခိုင်အရေးမှာလည်း ဘင်္ဂလီတွေ Genocide မျိုးဖြုတ်သတ်ခြင်း ခံနေရပါတယ် ဆိုပြီး မြန်မာအစိုးရ ကန့်ကွက်တဲ့ကြားက မဟုတ်မမှန် သတင်းမှတ်တမ်း ထုတ်လွှင့်သွားခဲ့တာပါပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အနေနဲ့ အယ်လ်ဂျာဇီယာသတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ရိုဟင်ဂျာဇီယာ သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် မဟုတ်မမှန် လုပ်ကြံတင်ပြမှုကို ကန့်ကွက်ရမှာပါ..။ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုအတွက် နိုင်ငံတော်အဆင့် ကမ္ဘာသိ တရားစွဲနိုင်အောင် ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်..။ ပြည်သူတွေ အနေနဲ့ OIC အရေးမှာ နိုင်ငံအနှံ တညီတညွတ်တည်း ကန့်ကွက်ကြောင်း ညီညွတ်မှုကို ပြခဲ့ပြီးပါပြီ..။ အစိုးရအနေနဲ့ အယ်လ်ဂျာဇီယာသတင်းဋ္ဌာနကို နိုင်ငံတကာ ခုံရုံးမှာ တရားစွဲနိုင်ဖို့ လုပ်ဆောင်ပြရမှာပါ...။

ထို့အတူ ယနေ့ လက်ပံတောင်အရေးမှာ ကိုယ့်ပြည်သူနဲ့ သံဃာတော်တွေကို အလွန်အကျွံ အကြမ်းဖက် နှိမ်းနင်း လုပ်ဆောင်ခဲ့ပြီး တိုင်းတပါး အယ်လ်ဂျာဇီယာသတင်းဋ္ဌာနမှ ယခုလို လွယ်လွယ်ကူကူ သတင်းမှတ်တမ်း ရယူနိုင်အောင် လုံခြုံရေးစည်းပေါက်ခဲ့တဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ တာဝန်ရှိသူများအားလည်း ရာထူးမှ ဖယ်ရှားအရေးယူပေးဖို့ တောင်းဆိုပါတယ်..။

ဒီမိုဝေယံ

ဘာမြူဒါ တြိဂံ(Bermuda Triangle)



 ဒီတစ်တခါတင်ဆက်ပေးမဲ့ အကြောင်းအရာလေးကတော့ Bermuda Triangle လို့ လူသိများတဲ့ ထူးခြားတဲ့ ကမ္ဘာပေါ်က နေရာလေးတစ်ခု အကြောင်းပါ။ ကြားဖူးတဲ့သူတွေကတော့ Devil's Triangle လို့လဲ သိကြပါတယ်။ လေယာဉ်တွေ၊ သဘောင်္တွေ သူ့အလိုလို အဲ့ဒီနေရာကို ရောက်သွားတာနဲ့ ပျောက်ကွယ်သွားကြပြီး ပြန်လည်ရှာဖွေလို့ မရတော့တဲ့ နေရာလေးပါ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် MYMC ကနေပြီးတော့ .. ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ပါတယ်..  

Bermuda Triangle တည်နေရာ

1 ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့   Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။ လူအများစုကတော့ ဒီထူးဆန်းစွာ ပျောက်ပျက်သွားမူကို ထူးခြားတဲ့ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်းဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေကို သွားတဲ့အခါ မဖြစ်မနေ ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေအတွက် ကုန်တင်လေယာဉ်တွေ တောင်အမေရိက၊ Florida၊ နဲ့ Caribbean ကျွန်းတွေအတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။

History

2>ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ်ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ George X ရေးသားတဲ့ Fate မဂ္ဂဇင်း က ဆောင်းပါးမှာလည်း Sea Mystery At Our Back Door ဆိုတဲ့ ဆောင်းပါးတိုလေးမှာလည်း ဒီနေရာလေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားထားပါတယ်။ Sand က ဖော်ပြထားတဲ့ ဆောင်းပါးလေးမှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက်အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် Flight 19 လို့လူသိများတဲ့ US navy TBM avenger bombers လေယာဉ်ငါးစီးဟာ December 5, 1945 မှာ  Naval Air Station Fort Lauderdale, Florida ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူတစ်ခုကို ပြုလုပ်နေစဉ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ အဲဒီပျောက်ကွယ်မူမှာ လေယာဉ်မောင်း ၁၄ ယောက်ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ဝန်ထမ်း ၁၃ယောက် ပါဝင်တဲ့  PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ ယူဆရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပဲ လေယာဉ်တွေ ဓာတ်ဆီကုန်ပြီး သူ့အလိုလို ပျက်သွားတယ်လို့ ယူဆရပါတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်းကစပြီး ဒီထူးခြားတဲ့ နေရာလေးအကြောင်းကို လူတွေစိတ်ဝင်စားမှု ပိုများလာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။

Explanations (ဘာကြောင့် နစ်မြုပ်တွေ ဖြစ်ပေါ်စေတာလည်း)

Compass variations

3 ဒီလိုထူးခြားမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ လူတွေထင်မြင်ချက်နဲ့ သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ် ထားမူတွေက...။ ပထမဦးဆုံး Compass Variations ဆိုတဲ့ သံလိုက်အိမ်မြောင် တွက်ချက်မှု ပြောင်းလဲခြင်းဆိုတဲ့ ဖော်ပြချက်ပါ။ ဒီသံလိုက်အိမ်မြောင်နဲ့ ပတ်သတ်တဲ့ ပြောင်းလဲမှုက Triangle ဖြစ်ပေါ်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။ သံလိုက်ဓာတ်တွေဟာ သာမန်အားဖြင့် သံလိုက်ဖြစ်ပေါ်တဲ့ နေရာ ကနေစပြီး ပြောင်းလဲတတ်တယ်လို့ လူသားတွေ သိရှိထားကြပါတယ်။ ဒါပေမယ့် တချို့မသိရှိသေးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝအားဖြင့် အလိုအလျောက် သံလိုက်ဓာတ်တွေ ပြောင်းလဲတတ်ခြင်းပါ။ တခါတလေ တြိဂံကြီးတစ်ခုအဖွယ် ပြောင်းလဲတတ်တဲ့ သဘောလည်းရှိပါတယ်။
Deliberate acts of destruction

4  Deliberate acts of destruction ဆိုတဲ့ ဖော်ပြချက်မှာတော့ အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။ အဲဒါတွေက စစ်မက်တွေကြောင့် ဖြစ်ပွားမူနဲ့ ပင်လယ်ဓားပြ တိုက်ခိုက်ခံရခြင်း ဆိုတာတွေပါ။ မြောက်များစွာသော ရေတပ်သဘောင်္တွေ နစ်မြုပ်သွားမှု ဖြစ်စဉ်တွေကို စစ်မက်ဖြစ်ပွားနေစဉ်မှာ မှတ်တမ်းတင်လေ့ရှိပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာ မကျန်ခဲ့တဲ့ ထူးခြားစွာနစ်မြုပ် ပျောက်ကွယ်သွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဥပမာ ၁၉၁၈ ခုနှစ်မှာ USS Cyclops လို့ ခေါ်တဲ့ စစ်သဘောင်္နဲ့ သူရဲ့ အမျိုးအစားတူတဲ့ သဘောင်္တွေဖြစ်တဲ့ Proteus နဲ့ Nereus သဘောင်္တွေဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ ပင်လယ်ရေအောက်ကို နစ်မြုပ်ခဲ့တယ်လို့သာ သိခဲ့ကြပါတယ်။ ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက်တွေတော့ ဘယ်မှတ်တမ်းတွေမှာမှ မတွေ့ရ နိုင်ပါဘူး။

နောက်တစ်ချက်က ပင်လယ်ဓားပြ တိုက်ခိုက်ခြင်းပါ်။ ဒီနေ့ဒီအချိန်ထိ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သဘောင်္တွေကို တားဆီး လုယှက်မှုတွေဟာ ဖြစ်ပေါ်နေတုန်းပါ။ များသောအားဖြင့် ကုန်တင်သဘောင်္တွေကို ဓားမြတိုက်မှုဟာ များပါတယ်။ ဇိမ်ခံသဘောင်္တွေကိုလည်း တိုက်ခိုက်လေ့ရှိတယ်။ အများအားဖြစ်တော့ မူးယစ်ဆေး မှောင်ခိုထုတ်လုပ်တဲ့ သူတွေက မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းဖို့အတွက် ဇိမ်ခံသဘောင်္တွေကို ဓားမြတိုက်လေ့ရှိပါတယ်။ အဲဒီလိုဆိုတော့ အဲ့ဒီ Bermuda Triangle မှာ နစ်မြုပ်သွားတဲ့ သဘောင်္တွေ ပင်လယ်ဓားမြတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Gulf Stream

5ို နောက်ထပ် အချက်လေးတစ်ချက်ကတော့ ပင်လယ်ရေစီးကြောင်းလို့ ပြောနိုင်ပါတယ်။ များသောအားဖြစ် Mexico ပင်လယ်ကွေ့ကနေ Straits of Florida ကို ဖြတ်ပြီး North Atlantic ထိ စီးဆင်းလေ့ရှိတဲ့ ပင်လယ်ရေစီးကြောင်း တွေကြောင့်လည်း နစ်မြုပ်မှူဖြစ်စဉ်တွေဟာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သမုဒ္ဒရာထဲမှာပဲ စီးဆင်းနေတဲ့ ပင်လယ်တွေလည်း ရှိတယ်လေ။ ပင်လယ်လိုမျိုး သူ့ရေစီးကြောင်းနဲ့သူ စီးနေကြတာ။ အဲဒီ ပင်လယ်တွေက ရေပေါ်မှာ မျှောနေတဲ့အရာတွေကို ဆွဲခေါ်သွားလေ့ရှိတယ်။ ပုံမုန်အားဖြင့်က တစ်စက္ကန့် ကို ၂.၅ မီတာ လောက်ကို အရှိန်နှူန်းမြန်မြန်နဲ့ စီးဆင်းနေလေ့ ရှိတယ်လေ။ ဒါကြောင့်လည်း ရေပေါ်မှာ ခဏ ရပ်နားတတ်တဲ့ လေယာဉ်ငယ်တွေ ဒါမှမဟုတ် စက်ချွတ်ယွင်းမှုရှိတဲ့ သဘောင်္တွေ အတွက်ကတော့ အဲဒီ ရေစီးကြောင်းတွေက အလွယ်တကူ ဆွဲယူနစ်မြုပ်လိုက်နိုင်ပါတယ်။

Human Error

5 >နောက်တစ်ချက်ကတော့ အဖြစ်အများဆုံး လူသားတွေနဲ့ ပတ်သတ်တဲ့ အမှားအယွင်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမှားနဲ့ မကင်းဘူးဆိုတဲ့ လူသားတွေရဲ့ ချွတ်ယွင်းချက်တွေကြောင့် ဆုံးရူံးမူတွေ အများအပြား ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၇၂ မှာ ဖြစ်ပွားခဲ့တဲ့ Tanker SS VA Fogg နစ်မြုပ်မှူမှာ Benezne လို့ခေါ်တဲ့ ဓာတုအနည်တွေကို ကောင်းမွန်စွာ မသန့်စင်နိုင်တဲ့အတွက်ကြောင့်၊ ကောင်းမွန်စွာ သန့်စင်ဖို့ လေ့လာမူ အားနည်းချက်တွေကြောင့် နစ်မြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ခေါင်းမာ အရဲစွန့်မူတွေကြောင့် စီးပွားရေးသမား တစ်ယောက်ဖြစ်တဲ့ Harvey Conover ဟာ သူ့ရဲ့ အပျော်စီး ရွက်လှေကို ဆုံးရူံးလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ သူက ၁၉၅၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ Florida တောင်ပိုင်းမှာ မုန်တိုင်းဖြစ်နေတဲ့ ကြားကခေါင်းမာပြီး အရဲစွန့် ရွက်လွင့်ခဲ့ရာကနေ အခုလို ဆုံးရူံးမှုတွေနဲ့ ကြုံရတာပါ။

Hurricanes

6ဟာရီကိန်းလို့ ဆိုတာနဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းဆိုတာ လူတွေသိပြီးသား ဖြစ်မှာပါ။ အပူပိုင်း ဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဟာရီကိန်းတွေကြောင့် မြောက်များစွာသော လူ့အသက်တွေနဲ့ ဆုံးရုံးမှုတွေဟာ ဖြစ်ပွားလေ့ရှိပါတယ်။ အတိတ်မှာကော ခုချိန်ထိပါ မလွန်ဆန်နိုင်တဲ့ သဘာဝတရားရဲ့ ကြောက်မက်ဖွယ် ပြောင်းလဲမှုတွေဟာ လူသားတွေရဲ့ ဘ၀များစွာကို တခဏအတွင်းမှာ ချုပ်ငြိမ်း သွားနိုင်ပါတယ်။ ၁၅၀၂ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ စပိန်သဘောင်္ Francisco de Bobadilla ရဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် နစ်မြုပ်မှုဟာ ပထမဦးဆုံး Bermuda ဒေသမှာ မှတ်တမ်းတင်ရတဲ့ မုန်တိုင်းကြောင့် နစ်မြုပ်မှုပါ။

Methane Hydrates

6  နောက်တစ်ချက်က မြောက်များလှစွာသော နစ်မြုပ် ပျောက်ကွယ်မှုတွေ အဓိကကျ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဓာတ်ငွေ့ တစ်ခုဖြစ်တဲ့ Methane Hydrates တွေ တည်ရှိနေမှုပါ။ Australia နိုင်ငံက သုတေသန ပြုချက်အရ Methane ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မြောက်များလှစွာသော ရေပွက် ( bubbles ) တွေဟာ ရေရဲ့ သိပ်သည်းဆကို လျော့နဲစေခြင်းအားဖြင့် သဘောင်္တွေကို နစ်မြုပ်နိုင်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းအရာက mud volcanoes လို့ ခေါ်လေ့ရှိတဲ့ Methane Eruptions တွေဟာ ရေမျက်နှာပြင် ကို အမြုပ်တွေထ ရေပွက်တွေ ဖြစ်ပေါ်လာစေနိုင်ပြီ သဘောင်္တွေအတွက် ရေပြင်ပေါ်နိုင် စွမ်းအားကို လျော့နဲလာစေနိုင်ပြီး နစ်မြုပ်သွားစေနိုင်တာပါ။ USGS လို့ခေါ်တဲ့ United States Geological Survey Agency က ဖော်ပြချက် တစ်ခုမှာတော့ ကမ္ဘာရေပြင်ရဲ့ အောက်ခြေမှာ မြောက်များလှစွာတဲ့ Methane ဓာတ်ငွေ့တွေ ရှိနေပါတယ် လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ထပ်ဖော်ပြချက် တစ်ခုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ လောက်ကတည်းက စပြီးကြီးမားတဲ့ ဓာတ်ငွေ့ ထုတ်လွတ်မှုတွေ Bermuda ဒေသမှာ မဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

Rogue Waves

7နောက်ဆုံး အချက်ကတော့  Rogue Waves လို့ခေါ်ဆိုတဲ့ ခက်ထန်ကြမ်းတမ်းတဲ့ လှိုင်းတွေကြောင့်ပါတဲ့။ အများကလည်း Killer Waves, monster waves, Extrem waves, abnormal waves စသဖြင့် ခေါ်လေ့ရှိတဲ့ လှိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလောက်ဆို  Bermuda Triangle မှာ ဘာကြောင့် ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေလည်းဆိုတာ အကြမ်းပျင်းအားဖြင့် သိရှိသွားပြီလို့ ထင်ပါတယ်.။


မှတ်တမ်းမှတ်ရာတွေထဲက နစ်မြုပ်မှုဖြစ်စဉ်များ

Flight 19

8
Flight 19 ဖြစ်စဉ်ကိုတော့ အကျယ်တ၀င့် အပေါ်မှာ ဖော်ပြခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ဘူးနော်။ အဲဒီဖြစ်စဉ်က ၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ယောက် ပျောက်ဆုံးခဲ့ပါတယ်။


USS Cyclops

8
ဒီဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဆုံးရှူံးမှုမှာ အများဆုံးလူပေါင်း ၃၀၉ ယောက်လောက် တစ်ချိန်ထဲမှာ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ ၁၉၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ Barbados ကမ်းကနေ ထွက်ခွာလာတဲ့  Lieutenant Commander G.W Worley ဦးဆောင်တဲ့ အမေရိကန် ရေတပ်ကြီး တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တချို့ကတော့ သူတို့အားလုံး မုန်တိုင်းထဲမှာ သေဆုံးသွားကြတယ်ဆိုပြီး ပြောဆိုထင်မြင်ချက် ပေးကြပါတယ်။

Star Tiger and Star Ariel

9
ဒီဖြစ်စဉ်က British South American Airways (BSAA) ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်နှစ်စီးဖြစ်တဲ့ G-AHNP Star Tiger နဲ့ G-AGRE Star Ariel ဆိုတဲ့ လေယာဉ်တွေပါ။ Star Tiger လေယာဉ်မှာတော့ ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် စုစုပေါင်း ၃၁ ယောက် ပါဝင်ပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ၁၉၄၈ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာပါ။ နောက် Star Ariel လေယာဉ်မှာတော့ ခရီးသည် ၁၃ ယောက် လေယာဉ်ဝန်ထမ်း ၇ ယောက် ဟာ ၁၉၄၉ ဇန်န၀ါရီလာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘာကြောင့် ပျောက်ဆုံးသွားတယ် ဆိုတဲ့ အဖြေကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။

Douglas DC-3

10
1948 December ၂၈ ရက်မှာ Douglas DC-3 လေယာဉ်ဟာ ခရီးသည် ၃၂ ယောက်ကို တင်ဆောင်ပြီး San Juan ကနေ Miami ကို ပျံသန်းနေတုန်းမှာ ဘယ်လိုမှ ရှာဖွေလို့မရလောက်အောင် ပျောက်ကွယ်ခဲ့ပါတယ်။ Civil Aeronautics Board က စုံစမ်းစစ်ဆေးမှုမှာတော့ လေယာဉ်မပျံသန်းခင် ကတည်းက လေယာဉ် ဘက်တရီ ဟာ အားနည်းနေခဲ့ပြီး pilot က သေချာမစစ်ဆေးပဲ ပျံသန်းခဲ့တဲ့ အတွက်ကြောင့် လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေကတော့ သိပ်ယုံကြည်ရတဲ့ အဖြေတော့ မဟုတ်ခဲ့ပါဘူး။
  
MYMC မှ.. တဆင့် ကူးယူဖော်ပြပါသည်...

ဦးပိန်တံတား


 
ကျွန်တော်တို့မြန်မာ နိုင်ငံမှ ဦးပိန်တံတားဟာလည်း ကမ္ဘာ့ကျော်တံတားတစ်စင်းပါပဲ။
ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ မဖြစ်မနေသွားရောက်လည်ပတ်တက်ကြတာမို့
ဂုဏ်ယူစွာဖြင့် ရှာဖွေတွေ့ရှိတဲ့ ဓာတ်ပုံလေးတွေကိုတင်ပေးလိုက်ပါတယ်။
မူရင်းဓာတ်ပုံရှင်များမှ ခွင့်ပြုပေးကြပါခင်ဗျာ...
တောင်တမန်နှင့်ဦးပိန်တံတား ပနံရပါတယ်ဗျာ...

 




 

 
မန္တလေးရောက်ရင်သွားလည်ကြပါအုံးနော်....................... နေခရမ်း
 



ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင်း ( နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများ တိုင်ကြားစာ)




သို့
    ဒီမိုဝေယံ မှတဆင့်  တပ်ချူပ်ကြီးနှင့် ကျင့်ချူပ်ကြီး သိသာပါရန်

     ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင်း

     ကျွန်တော်တို့ ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်တွင် တပ်ခွဲကိုင်အရာရှိများမှ ဗိုလ်လောင်းများအပေါ် မတရားရိုက်နှက် နှိပ်စက်ခြင်း ၊ လစာများအား မတရားဖြတ်တောက်မှုများပြုလုပ်နေပါသည်။

၁။ တပ်ခွဲမူးဗိုလ်ကြီး ဇေယျာအောင် (ကြည်း) ၄၄၅၆၇ သည် ပြင်ဦးလွင်မြို့တွင်းရှိ KTV ၊ မာဆက် ဆိုင်များသို့ သွားရောက် သောင်းကျန်းသဖြင့် ၎င်းသုံးဖြုံးသောငွေများအား ဗိုလ်လောင်းများထံမှ အကြောင်းအမျိုးမျိုးပြရ်ျ ကောက်ခံနေပါသည်။ ဖြတ်တောက်ခံရပြီးလစာငွေ ၆၀၀၀၀ သာရသော ငွေထဲမှ နောက်ထပ်တခါ တိုက်ပုံအင်္ကျီကြေး ဟုဆိုကာ ပထမနှစ်မှ စတုတ္ထနှစ် အထိ ဗိုလ်လောင်းများထံမှ တစ်ယောက် ၉၅၀၀ကျပ် ထပ်မံဖြတ်ပါသည်။ ကျွန်တော်တို့ ဧ။် လစာမှာ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် လစာအား တကြိမ်မှ အပြည့်အ၀မရရှိခဲ့ဘူးပါ ယခုဆိုလျှင် ၅၀၀၀၀ ကျပ်သာရရှိပါသည်။

၂။ တာဝန်ကျ အရာရှိများမှာလည်း ဗိုလ်လောင်းများအား နှစ်ပေပတ်လည်ရှိသော တုတ်များနှင့် တန်းစီကွင်းထဲတွင် ခေါင်း ၊ မျက်နှာတို့အား မတရားရိုက်နေသောကြောင့် ဗိုလ်လောင်းများမှာ ခေါင်းကွဲ၊ မျက်နှာ စုတ်ပြတ် ဒဏ်ရာများ သင်းတန်းသားများ ရရှိနေပါသည်။

၃။ အနော်ရထာမှ အရာရှိက စပရိန်ကြိုးနှင့် ရိုက်သောကြောင့်  ဗိုလ်လောင်းများခေါင်းကွဲ၊ မေးရိုးကျိုးသွားကြပါသည်။      ထိုကဲ့သို့ မတရား အနိုင်ကျင့် နှိပ်စက် ညှင်းပန်းနေသော အရာရှိများအား တပ်ချူပ်ကြီးနှင့် ကျင့်ချူပ် တို့ဖော်ထုတ် အရေးယူ ဆောင်ရွှက်ပေးပါရန် တိုင်ကြားအပ်ပါသည်။
                                                                                                                                                                                                                                                                                                                                        နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများ

ဖုန်းတံဆိပ် မျိုးစုံ ဖြန့်ချိသည့် MDRက မြန်မာကုမ္ပဏီသုံးခုနှင့် ပူးပေါင်း



ဖုန်းတံဆိပ် မျိုးစုံ ဖြန့်ချိသည့် MDRက မြန်မာကုမ္ပဏီသုံးခုနှင့် ပူးပေါင်းကမ္ဘာကျော် ဖုန်းတံဆိပ် များဖြစ် သော Samsung, Nokia, Sony Ericsson, LG အစ ရှိသည် တို့ကို ဈေး ကွက်ဖြန့်ဖြူးပေးနေသည့် MDR Ltd. အကျိုးတူ ပူးပေါင်း လုပ်ဆောင်ကာ မြန်မာ့ ဆက်သွယ်ရေး ဈေးကွက် အတွင်း ဝင်ရောက်တော့မည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေး ကွက်ဝယ်လို အားကောင်းမွန်လာမှုကို နိုင်ငံတကာ က စောင့်ကြည့်နေပြီး မြန်မာ့ဈေးကွက်အတွင်း ဝင်ရောက်ရန် ပြင်ဆင်နေမှုကိုMDR က လက်ဦး မှု တစ်ခုရယူလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“Be-wel (မြန်မာ) ကုမ္ပဏီ၊Be-wel ကော်ပိုရေးရှင်း၊ Avitar Enterprises စတဲ့ မြန်မာ ကုမ္ပဏီသုံးခုနဲ့ အတူပူးပေါင်းပြီး မြန်မာ့ ဆက်သွယ်ရေးဈေးကွက်ကို ဝင် ရောက်ဖို့ သဘောတူလက်မှတ်ရေး ထိုးလိုက်ပါပြီ” ဟု MDR ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
MDR အနေဖြင့် ယင်းပူးပေါင်းလုပ် ဆောင်မှုမှ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ရယူမည်ဖြစ်ကြောင်း သိရကာ မြန်မာ ဈေးကွက်တွင် လူကြိုက်များသောSamsung, Nokia Sony Ericsson, LG တို့ကို တိုက်ရိုက်ဖြန့်ချိပေးသွားရန် ရှိနေသည်ဟု သိရသည်။
လတ်တလောတွင် Sansung ၏ Galaxy မျိုးဆက်များစွာ မြန်မာလူ ထုကြားရေပန်းစားနေပြီး အသစ်ထပ် မံရေပန်းစားနေမှုတစ်ခုအဖြစ်Sky Fal ရုပ်ရှင်ကားမှ ဂျိမ်းစ်ဘွန်း မင်းသား ကိုင်ဆောင်သောSony Erisson Xperia T သည်လည်း မြန်မာနိုင်ငံ ကို မရောက်သေးမီမှာပင် ရေပန်းစားမှု တစ်ခုဖြစ်နေသည့် အပြင် ဥရောပဈေး ကွက်တွင် ရောင်းမလောက် ဖြစ်နေ သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ လုပ်ငန်းသုံးခုနှင့် ပူးပေါင်းသော MDR သည် After Sale Service (ရောင်းပြီး နောက်ပိုင်းဆက်လက်ဝန်ဆောင်မှုပေး ခြင်း) ကိုလည်း လုပ်ဆောင်ပေးမည် ဖြစ်ကာ အခြားသော မြန်မာလုပ်ငန်း စုတစ်ခုကို ထပ်မံချိတ်ဆက်နေသည်။

itTimes

သမုဒ္ဒရာ စစ်ဆင်ရေးတွင် ရန်သူကို လှည့်စားနိုင်ရန် အီရန်ရေငုပ်သင်္ဘော ကို စိမ်းပြာရောင် သုတ်လိမ်း


 mar

သမုဒ္ဒရာစစ်ဆင်ရေးတွင် ရန်သူကိုလှည့်စား နိုင်ရန် အီရန်ရေငုပ်သင်္ဘောကို စိမ်းပြာရောင် သုတ်လိမ်းအီရန်နိုင်ငံသည် သမုဒ္ဒရာ စစ်ဆင်ရေး များတွင် ရန်သူကို လှည့်စားနိုင်ရန် အတွက်
၎င်း၏ ရေတပ်မှ ရေငုပ်သင်္ဘောများကို စိမ်းပြာရောင် ဆေးများ သုတ်လိမ်း ထားကြောင်း အီရန် ပြည်တွင်း သတင်း တစ်ရပ်တွင် ထုတ်လွှင့် ပြသ ခဲ့သည်။

အီရန်နိုင်ငံ တောင်ပိုင်း ပါရှန်ပင် လယ်ကွေ့အတွင်းရှိ ဘန်ဒါအာဗက်ဆိပ် ကမ်းတွင် အီရန်၏စိမ်းပြာရောင်ဆီနာ ၇ ရေငုပ် သင်္ဘောကို နိုဝင်ဘာလ ၂၈ ရက် နေ့တွင် ဆိုက်ကပ်ပြသခဲ့သည်။
အီရန်နိုင် ငံသည် ၁၉၇၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ်မစ် တော်လှန်ရေး နောက်ပိုင်းတွင် မည်သည့် ပြည်ပနိုင်ငံများ၏ အကူအညီကို မယူဘဲ ကိုယ့်ခွန် ကိုယ်အား ဖြင့်သာ ရပ်တည်နိုင်ခဲ့ကြောင်း အီရန်ရေတပ်ဒုတိယ ဗိုလ်မှူးကြီးဟာဘီပိုလက်ဆာရာရီက ပြော ကြားသွားခဲ့သည်။
ဆီနာ 7 ရေငုပ်သင်္ဘော ဒုံးကျည် ကာကွယ်ရေး စနစ်များ တပ်ဆင်ထားပြီး အီရန် အစိုးရ၏ ကာကွယ်ရေး အတွက်များစွာ အထောက်အကူပြုကြောင်း သိရှိရသည်။
(AP, 1.12.12)
ကိုစိုး
Pyi Myanmar

နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ




 သေချာဖတ်စေချင်ပါတယ်။ လူတော်တော်များများက နှာဖာချေး ကလော်တက်ကြလို့ပါ။ နားတွေမှာ သူဘာသာ သန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ် နိုင်ခြင်းဆိုတဲ့ သဘာဝ သတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက် ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုး ဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

နားဖာချေးကို မကလော်ပါနဲ့ နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်း ပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာ မဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်း မဖြစ်အောင် ထိန်းသိမ်း ပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေ ဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲ မရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရ တတ်ပါတယ်။

နားစည်ထဲ ဘာမှ မထည့်ပါနဲ့ နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပ ပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက် ပျက်စီးစေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေး ထွက်သွားအောင် နားထဲကို ပြင်ပ ပစ္စည်းထည့်ပြီး ကလော်ထုတ် တတ်ကြပါတယ်။ နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိ ရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီ နားမကြားတော့တာမျိုး ဖြစ်သွား တတ်ပါတယ်။ နားစည် အရေပြား ခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်း ကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။

နားအတွင်းထဲ မဆေးကြောပါနဲ့ နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်း ပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့ လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပ ပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့ နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်း ထည့်တတ်ကြပါတယ်။

ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့ မလွယ်ပါဘူး။ အင်းဆက် ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ် ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။

နားထဲ နားဖာချေး ပိတ်ဆို့နေခြင်း နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေ ရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။ အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။

Ref: ကျန်းမာရေးစကားဝိုင်း
facebook အင်တာနက်စာမျက်နှာသတင်း

ကျော်မြင့် ဦးဆောင်သော “ဇုန်” လူသတ်ဘင်္ဂါလီအဖွဲ့ အာဏာစက်ကြီးထွားလာ ဟု ဆို




Coral Arakan News ၊ [ သတင်း ]
ရခိုင်လူ့အဖွဲ့အစည်းနှင့် ဆက်သွယ်ပြောဆို သတင်းပေးသူ ဘင်္ဂါလီများအား သတ်ဖြတ်ခြင်း၊ မိမိတို့ကိုယ်ကို မိမိတို့ ဘင်္ဂါလီဟု မခံဘဲ ‘ရိုဟင်ဂျာ’ အမည်ကို လ၀က စာရင်းများတွင် ရေးဖြည့်ရန် တောင်းဆိုစေခြင်း စသည့် လှုပ်ရှားမှုများ၏ နောက်ကွယ်မှ “ဇုန်” (ခေါ်) ပြည်တွင်းအခြေစိုက် ဘင်္ဂါလီလှုပ်ရှားသူများအဖွဲ့သည် ဘင်္ဂါလီအသိုက်အ၀န်းအတွင်း သြဇာအာဏာစက် ကြီးသထက်ကြီးလာကြောင်း ဘင်္ဂါလီ သတင်းရင်းမြစ်များက Coral Arakan အား ပြောကြားသည်။
ဇုန် သြဇာခံလူအုပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် ရခိုင်များနှင့် ဌာနဆိုင်ရာများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခြင်းခံရသူ ဘင်္ဂါလီနှစ်ဦး အသက်ဆုံးရှုံးရပြီးဖြစ်သည် ဟု ရှေ့ဆောင်ဂျာနယ် အတွဲ(၁) အမှတ်(၁)ပါ သတင်းထောက် ဘသိန်း၏ ဆောင်းပါးတွင် လည်း ရေးသားထားသည်။ ထိုနှစ်ဦး မှာ ဒါးပိုင်အကွက်(၃)နေ ကာလာဘော်ဒါ (ခေါ်) ရွှေမောင် နှင့် ခေါင်းဒုက္ကာကျေးရွာနေ ဦးရော်ရှိတ်ဖြစ်သည် ဟု ဆိုသည်။
ဦးစီးအဖွဲ့ဝင် (၃၁)ဦးဖြင့် ဖွဲ့စည်းထားသော ဇုန် အဖွဲ့ကို အဓိကဦးဆောင်သူ ငါးဦးမှာ
(၁) ခေါ်ဘီ (အောင်မင်္ဂလာရပ်ကွက်)
(၂) ရွှေလှ (အောင်မင်္ဂလာရပ်ကွက်)
(၃) ကျော်လှအောင် (ယခင် စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်နေသူ)
(၄) မောင်ဖြူ (ယခင် စစ်တွေမြို့ စက်ရုံစုရပ်ကွက်နေသူ) နှင့်
(၅) ကျော်မြင့် (သက်ကယ်ပြင်ကျေးရွာ) တို့ ဖြစ်သည်ဟု ဘင်္ဂါလီအသိုက်အ၀န်းနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ရပ်က Coral Arakan အား ပြောကြားသည်။
၎င်းတို့အနက် သက်ကယ်ပြင်သား ကျော်မြင့်မှာ ဗိုလ်တကာတို့၏ ဗိုလ် (boss of the bosses) ဟု အမည်ပေးခြင်းခံရသူဖြစ်သည်။ ၄င်းမှာ ဇွန်လ ဘင်္ဂါလီဆူပူမှုမဖြစ်ခင်အထိ နာမည်သိပ်မထွက်လှသော်လည်း ဇွန်လအရေးအခင်းနောက်ပိုင်း စစ်တွေမြို့ထဲ အတွင်းမှ ဘင်္ဂါလီများ သဲချောင်းဒုက္ခသည်စခန်းနှင့် သက်ကယ်ပြင်ကျေးရွာသို့ ပြောင်းရွှေ့ကြရာတွင် ဘင်္ဂါလီလူချမ်းသာများ၊ ထိပ်ထိပ်ကြဲဘင်္ဂါလီမိသားစုများ သက်ကယ်ပြင်ကျေးရွာသို့ ရွေးချယ်ရွှေ့ပြောင်းလာကြလေရာ၊ စစ်တွေမြို့ပြင် သက်ကယ်ပြင် အခြေစိုက် ရခိုင်မြောက်ပိုင်း ထိပ်ထိပ်ကြဲသူဌေး (ကုလား) ကျော်မြင့် အဖို့ရာ ၄င်း၏ သြဇာသက်ရောက်မှု နှင့် မာဖီးယား အဆင့်အတန်းတို့ တဟုန်ထိုး တိုးတက်မြင့်မားလာခဲ့သည်။
အစိုးရစီစဉ်ပေးသော သဲချောင်းဒုက္ခသည်စခန်းတွင် အောက်တန်းလွှာ အနိမ့်စား တို့ စိုးမိုးကြလေရာ၊ ပြောင်းလာခါစ ဇွန်လအတွင်း ခေတ်ပညာတတ် လူရည်သန့် ဘင်္ဂါလီမိန်းကလေးအချောအလှများစွာတို့မှာ အတူနေ ဘင်္ဂါလီများ၏ မုဒိမ်းကျင့်ခြင်းကို ခံကြရလေရာ၊ တတ်နိုင်သူ ဘင်္ဂါလီမိသားစုများမှာ သက်ကယ်ပြင်ကျေးရွာသို့ ပြောင်းနေနိုင်အောင် ကြိုးစားကြရသည်။ ဤသည်ပင်လျှင် ကျော်မြင့်၏ ကံဇာတာ တက်ခြင်း သြဇာနယ်ပယ်ကြီးထွားလာခြင်းပင်ဖြစ်သည်။
ပါးနပ်လိမ္မာ ပရိယာယ်ကြွယ်ဝသူ ကျော်မြင့် ကို (ပြည်ခိုင်ဖြိုးသတင်းပေး ဘင်္ဂါလီနှစ်ဦး အား သတ်သည့်ကိစ္စမှလွဲ၍) သေနတ် တဒိုင်းဒိုင်းဖောက်နေသည့် မာဖီးယား တစ်ယောက် အနေဖြင့် မမြင်ရပေ။ အကွက်ရွှေ့တတ်သူ ခေါင်းဆောင် တစ်ယောက် အနေဖြင့်သာ ကြားသိရသည်။
တစ်။ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်အောင် နှင့် လက်တွဲကာ နိုင်ငံခြားဆရာဝန်များကို ဘင်္ဂါလီ ကျေးရွာများ ဒုက္ခသည်စခန်းများတွင် တရားမ၀င် နေထိုင်ကာ ဆေးကုသစေသည်မှာ ကျော်မြင့် လက်စလက်နက်မကင်းဟု စွပ်စွဲသူများက စွပ်စွဲကြသည်။ အင်္ဂလိပ်လိုရေးသားထားသည့် နိုင်ငံတကာ ဆောင်းပါး များ တွင် ထို တရားမ၀င်ဆရာဝန်များအကြောင်းကို တစွန်းတစ ရေးသားကြဖူးသည်။
နှစ်။ သက်ကယ်ပြင်ရောက် ဟိန္ဒူဘာသာဝင်ကုလားများကို မူဆလင်ဘင်္ဂါလီများက ရိုက်ပုတ် သတ်ဖြတ်မည်ဟုကြံကြသည့်အခါ ကျော်မြင့်က ၀င်ရောက်တားဆီးပေး ခဲ့ရသည် ဟု အဆိုပါ ဟိန္ဒူများက Coral Arakan ကို ပြောပြသည်။ ဟိန္ဒူတွေ ကို သတ်ရင် မင်းတို့ကို ရခိုင်တွေက ဒီအတိုင်း လက်ပိုက်ကြည့် နေမှာ မဟုတ် ဘူး ဆိုကာ ၄င်းက တားဆီးခဲ့ရသည် ဟု ဆိုသည်။
သုံး။ သဲချောင်းသို့သွားရာလမ်း ဘုမေရွာအနီး ကားလမ်းဘေးတစ်လျှောက်တွင် ဘင်္ဂါလီကုလားများကို တဲထိုးနေထိုင်ဖို့ ညွှန်ကြားသည်မှာ ကျော်မြင့်ပင်ဖြစ်သည်ဟု ထိုတဲထိုးကျူးကျော် ဘင်္ဂါလီတချို့က ပြောသည်ဟု ရဲဘက်ဆိုင်ရာအသိုင်းအ၀ိုင်းက ဆိုသည်။ ကားလမ်းဘေးတွင် ထိုသို့တဲထိုးနေထိုင်ပြမှသာလျှင် မိမိတို့ ဒုက္ခရောက်နေ ကြောင်းကို ကမ္ဘာသိအောင်ပြနိုင်မည် ဆိုသည့်သဘောဖြင့် ၄င်းက ညွှန်ကြားသည် ဟု ဆိုသည်။
လေး။ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာတွင် ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ရှိမရှိ စစ်ဆေးသည့်ဖြစ်စဉ်တွင် ‘ရိုဟင်ဂျာ’ ဟု ရေးသွင်းခြင်းမပြုလျှင် လက်မှတ်မထိုးဆိုသော ကုလားတိုက်ပွဲကို ညွှန်ကြားခဲ့သူများထဲတွင် ကျော်မြင့်ပါဝင်သည်ဟု သတင်းထွက် သည်။
ငါး။ ‘ရိုဟင်ဂျာ’ လူမျိုးဟု ရေးသွင်းပြီးသား လ၀ကလျှောက်လွှာပုံစံများကို စစ်တွေ ဘုမေရွာထဲတွင် မကြာခင်ရက်များအတွင်းက ပျံ့နှံ့စေခြင်းမှာ ကျော်မြင့်၏ ညွှန်ကြားချက်များအရ ဖြစ်ရသည်ဟု ထွက်ဆိုချက်များရှိနေသည်။
ခြောက်။ လွန်ခဲ့သော ငါးနှစ်လောက်က အထိ ဟွန်ဒီငွေလွဲလုပ်ငန်းကို အကြီးအကျယ်လုပ်ခဲ့သူ၊ ၂၀%ကော်မရှင်ဖြင့် ဆော်ဒီမှလွှဲသောငွေများကို ရန်ကုန်မှ ငွေသားသယ်မလာပဲ သင်္ဘောစီးတိုက် ပစ္စည်းဝယ်လာကာ ရန်ကုန်ဈေးရင်းဖြင့် ဘူးသီးတောင် မောင်တောတွင် ရောင်းချကာ ရခိုင်ကုန်သည်များကို အပြုတ်တိုက်ခဲ့သူ၊ ပြီးခဲ့သော ဇွန်လအရေးအခင်းအပြီး တပ်ဖက်အရာရှိများနှင့် ပေါင်းဖက်ကာ ငွေတစ်သိန်းအတွက် ငွေလွှဲခ လေးသောင်းနှုန်းယူသည်ဟု သတင်းထွက်သူ၊ အဆိုပါ ကျော်မြင့် သည် ဘင်္ဂါလီလောကသားတို့အတွက် ဘဏ်လုပ်ငန်းတစ်ရပ်လည်း ဖြစ်နေရုံသာမက နိုင်ငံတကာငွေသားတို့စီးဝင်ရာနေရာလည်း ဖြစ်နေဆဲပင်ဖြစ်သည် ဟု ဘင်္ဂါလီများနှင့် ခိုးကြောင်ခိုးဝှက် ဖုန်း အဆက်အသွယ် ရှိကြသည့် ရခိုင်ကုန်သည်ငယ် အချို့က Coral Arakan ကို ပြောပြသည်။
(သောင်းကြွယ် ရေးသားသည်။)
By Thaung Kwre (ကိုရယ်အာရကန် သတင်းဝက်ဆိုက်မှ ကောက်နုတ်ဖော်ပြပါသည်)

ဗိုလ်ချုပ်တို့ ဆရာတပည့် ပိုက်ဆံမပါဘဲ ပလာတာဆိုင်မှာ အကြွေးစားခဲ့ပုံ



၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နောက်ပိုင်း တစ်လခန့်က ဟု စာရေးဆရာ တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ) ဖော်ပြထားပါသည်..။

ဆရာတပည့်နှစ်ယောက် ထိုနေ့မနက်ပိုင်းက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကျွေးသော ဘဲဥဟင်းတစ်မယ်နှင့် ထမင်းစားခဲ့ကြသည်..။ ဗိုလ်ချုပ်က ဘဲဥဟင်းနှင့် ထမင်းကိုခံတွင်းတွေ့ပုံမရ၊ ထမင်းတစ်ပန်းကန်စားပြီး အတွင်းဝန်ရ
ုံးသို့ ထွက်ခဲ့ကြသည်..။ ထိုနေ့က ယာဉ်မောင်း ရဲဘော်ကျော်စိန် နေမကောင်း၍ ဗိုလ်ထွန်းလှက ရုံးသို့ ကားမောင်းပို့ခဲ့ရသည်..။ ညနေရုံးဆင်းချိန်တွင် ဗိုလ်ချုပ် ဗိုက်ဆာလာပုံ..၊ ဗိုလ်ထွန်းလှ ကို တစ်ခုခုစားရင်ကောင်းမည်ဟု ဆိုပုံ..၊ ဗိုလ်ထွန်းလှမှာလည်း ငွေအလုံအလောက်ကမပါ.. သို့သော်လည်း ဆရာစားချင်ရင် လိုက်ကျွေးပါ့မည်.. ပိုက်ဆံပါသည်ဟု ပြောဆိုပြီး မဂိုလမ်းက ပလာတာဆိုင်ကို ထွက်ခွါလာပုံကို ယခုလိုရေးဖွဲ့ခဲ့ပါသည်..။

"ကျနော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာဗိုလ်ချုပ်အား သူစားချင်သော ပလာတာ နှင့် ခပတ် ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီးဖြစ်သည်..။ မဂိုလမ်း(ရွှေဘုံသာလမ်း) ရှိ ပလာတာ နှင့် ဒံပေါက်ဆိုင် မှာ ကျနော် တက္ကသိုလ်ကျောင်းသား ဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်..။ ယင်းအချက်ကို အားကိုးပြီး ကျနော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်..။

ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်းခင်းပေးကြရာ ကျနော်တို့လည်း စားပွဲတစ်လုံးတွင်ဝင်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သား ခပတ်ဟင်း တစ်ပွဲစီနှင့် နှစ်ယောက်အတွက် နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်သည်..။ ပြီးတော့မှ ကျနော်သည် ဆေးလိပ် မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင်ထိုင်နေသူ ဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်..။ "ဒီမယ်ခင်ဗျား ကျုပ်ကိုသိတယ်မဟုတ်လား..။ ဒီဆိုင်မှာစားနေကျဖောက်သည် တစ်ယောက်ပါပဲ..။ ဟိုမှာထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားတို့သိမှာပေါ့..။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်..။ ခက်တာက ကျုပ်မှာ ငွေအလုံအလောက်မပါဘူး..။ ဒါကြောင့် ကျုပ်တို့ အခုစားလို့ကျသင့်ငွေကို မနက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ..။ နောက်ပြီး ကျုပ်တို့ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီးပြီလို့လည်း ပြောပေးပါ..."

သို့နှင့် ဆရာတပည့်နှစ်ယောက် ပလာတာနှင့် ဆိတ်ခပတ်ဟင်းတစ်ပွဲစီ အကြွေးစားသောက်ခဲ့ပုံ နောက်တစ်နေ့ကျမှ အကြွေးသွားဆပ်ခဲ့ပုံများကို ရေးသားဖော်ပြခဲ့ပါသည်..။

(ဆောင်းပါးရှင် သိန်းအေး ၊ ဒီတစ်ပတ်ထုတ် ENVOY ဂျာနယ်မှ သူငယ်ချင်းများအတွက် ထုတ်နှုတ်ပေးလိုက်ပါတယ်..)
—