This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 7, 2012

မုသာဝါဒ (၁)



လုပ်ငန်းများတွင် တွေ့ ကြုံရသော အခက်အခဲများကို ကျော်လွှားနိုင်ရုံနှင့်လည်း လူဟူသည် ပြည့်စုံသည် မမည်သေး။ သစ္စာရှိဘို့ လည်း လိုသေး၏။

မြတ်စွာဘုရား အလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းတို့ ကာလပတ်လုံး မုသာဝါဒ သိက္ခာပုဒ်ကိုမူ မည်သည့်အခါမျှ မကျူးလွန်ခဲ့ချေ။ မုသာဝါဒ သိက္ခာပုဒ်သည် ထိုမျှလောက် အရေးကြီး၏။

မုသာဝါဒ သိက္ခာပုဒ် အရေးကြီးသည်နှင့်အမျှသစ္စာပါရမီသည်လည်း အရေးကြီး၏။ လူလူချင်းဆက်ဆံရာ၌ စကားကို အခိုင်အမာပြု၍ဆက်ဆံရသည်ဖြစ်လေရာ၊ တစ်ဦးစကားကိုမှ တစ်ဦးမယုံကြည်နိုင်ပါလျှင် ဤလောက၌ လူမှုဆက်ဆံရေးဟူ၍ မည်သို့ မျှရှိနိုင်တော့မည် မဟုတ်။


လူမှုဆက်ဆံရေး မရှိတော့လျှင် ဤလောကသည် ကမောက်ကမ ဖြစ်ရုံမှ တစ်ပါး အခြား ဘာမှ မဖြစ်နိုင်တော့။

ထို့ ကြောင့် ဤလောကသည် ကမောက်ကမ မဖြစ်ရလေအောင် လူသည် မှန်မှန်ကန်ကန် ပြောဘို့ လည်း လိုအပ်ပါ၏။ သို့ မှသာ တစ်ဦး၏ စကားကို တစ်ဦးက ယုံကြည်ပြီး အချင်းချင်းဆက်ဆံ၍ ရမည်ဖြစ်၏။

(ဆရာကြီးဦးရွှေအောင် ဘ၀အမြင်သစ်)

မုသာဝါဒ (၂)

ကိုယ် ၊နှုတ်၊ စိတ် ညီအောင် ကြိုးစားပါ။
မုသာဝါဒါ ဝေရမဏိ - မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဟူ၍ဆိုရာ၌ မုသားဆိုသည်မှာ လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်း မလုပ်ခြင်းပင် ဖြစ်သည်။ အမှန်အားဖြင့် လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်းမလုပ်ခြင်းသည် သူတစ်ဖက်သားကို အထင်မှားအောင် လှည့်စားခြင်း ဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကိုဖြစ်စေ၊ လူအများကိုဖြစ်စေ၊ အထင်မမှားရလေအောင် ကြွားဝါခြင်း မပြုဘဲ မှန်မှန်ကန်ကန် ပြောဆိုခြင်းနှင့် ပြောသည့်အတိုင်း လုပ်ခြင်းသည် မုသာဝါဒါ ဝေရမဏိအရ မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်သည်မည်၏။
          ကုသိုလ်အရာတွင် သစ္စ၀ါစာသည် အင်အားကောင်း၍ အကုသိုလ်အရာတွင် မုသာဝါဒါသည် အင်အားကောင်း၏။ မြတ်စွာဘုရားအလောင်းတော်အနေဖြင့် ငါးပါးသီလတွင် ပါဏာတိပါတ စသော သိက္ခာပုဒ်များကို အကြောင်းအားလျော်စွာ လွန်ကြူးနိုင်သော်လည်း မုသာဝါဒသိက္ခာပုဒ်ကိုကား သူတစ်ပါး အကျိုးပျက်လောက်အောင် မည်သည့်အခါမှ လွန်ကြူးခဲ့ခြင်းမရှိ ဟူ၍ ဆရာတော် အရှင်ဇနကာဘိဝံသက သူ၏ဗုဒ္ဓ၀င် အမေးအဖြေ၌ ဆို၏။ ထို့ကြောင့် မုသာဝါဒ သိက္ခာပုဒ်သည် ဘုရားကိုပင် ဖြစ်စေနိုင်လောက်အောင် ကုသိုလ်အရာ၌ အရေးပါ၏။ ကုသိုလ်အရာ၌ အရေးပါကြောင်းကိုမူ အပြန်နည်းဖြင့် သိနိုင်လေ၏။
          မှန်ကန်သောစကား သစ္စ၀ါစာသည် မုသာဝါဒ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ထို့ကြောင့် မှန်ကန်စွာပြောဆိုခြင်းကို သစ္စပါရမီ အနေဖြင့် ဟောကြားတော်မူခြင်း ဖြစ်၏။ သို့ရာတွင် မှန်ကန်စွာပြောဆိုတိုင်းလည်း သစ္စပါရမီ ဖြစ်သည်မဟုတ်။ ပါရမီဟူသည်မှာ မြင့်မြတ်သူတို့၏ လုပ်ငန်းဖြစ်၏။ ထို့ကြောင့် မှန်ကန်စွာ ပြောဆိုရာ၌ မြင့်မြတ်မှု သဘောပါအောင် ပြောဖို့လို၏။ သို့မှသာ မှန်ကန်စွာ ပြောခြင်းသည် သစ္စပါရမီမြောက်သော ပြောဆိုခြင်း ဖြစ်ပေလိမ့်မည်။ အမှန်အားဖြင့် သူတစ်ပါးထံမှ အကျိုးကို မမျှော်ကိုးသော စိတ်ထားဖြင့် မှန်မှန်ကန်ကန် ပြောဆိုခြင်းသည်သာ မြင့်မြတ်သော သဘောကို ဆောင်၏။ အသိပညာနှင့်  ယှဉ်ရာ၌ လည်း ရောက်၏။ နိဗ္ဗာန်၏အထောက်အပံ့လည်း ဖြစ်၏။ လောက၌ မည်သည့်လုပ်ငန်းးကို လုပ်သည်ဖြစ်စေ၊ ဉာဏ်နှင့် ယှဉ်ပြီးလုပ်ပါမှ မြင့်မြတ်ရာရောက်၏။ မြင့်မြတ်ရာရောက်ပါ မှ လည်း ပါရမီမြောက်၏။ ပါရမီမြောက်ပါမှလည်း နိဗ္ဗာန်ကို ရောက်နိုင်၏။ သို့မဟုတ်ပါက နိဗ္ဗာန်ကို ရောက်ဖို့အကြောင်း မရှိပါချေ။
          လောကတွင် လူဟူသည် တစ်ဦးနှင့်တစ်ဦး မလွဲမသွေ ဆက်ဆံရ၏။ ထိုသို့ ဆက်ဆံရာတွင် စကားသည် ပဓာနကျသော ကဏ္ဍမှ ပါဝင်၏။ စကားကို အားကိုး၍ ယုံထိုက် မယုံထိုက်ဆုံးဖြတ်ကာ ဆက်ဆံရခြင်း ဖြစ်လေရာ မမှန်ကန်သော စကားကို အားကိုးပြီး ဆက်ဆံမိပါက လောကသည် ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းရေးအတွက် မုသာဝါဒ သိက္ခာပုဒ်မှ ရှောင်ကြဉ်ကာ မှန်မှန်ကန်ကန် ပြောဆိုပြီး ဆက်ဆံဖို့ လို၏။ ထိုကဲ့သို့ ပြောဆိုပြီး ဆက်ဆံခြင်းအားဖြင့် လောက၌ ငြိမ်းချမ်းသာယာမှု ကို ဖြစ်ထွန်းစေနိုင်၏။ ပြောသူအနေဖြင့် မြင့်မြတ်မှုသဘော ပါဝင်ပါက သစ္စပါရမီကို ဖြည့်ကျင့်ရာလည်း ရောက်၏။ သစ္စပါရမီသဘော မရောက်သည့်တိုင်အောင် မုသာဝါဒ သိက္ခာပုဒ်ကို လိုက်နာကျင့်သုံးရာ ရောက်သည်ကတော့ အမှန်ဖြစ်၏။
          နှုတ်တစ်ရာ စာတစ်လုံးဟူသော ဆိုရိုးစကား ရှိ၏။ အမှန်အားဖြင့် စာ ဟူသည်မှာလည်း စကား၏ အုပ်စုဝင် ပင်ဖြစ်၏။ သို့ဖြစ်လေရာ ဝစီကံသည် သစ္စာနှင့် ယှဉ်ပါက လောကကို စောင့်ရှောက်တတ်၏။ သစ္စာနှင့် မယှဉ်ပါက လောကကို ဖျက်ဆီးတတ်၏။ ထို့ကြောင့် လောက၏ ကောင်းကျိုးဆိုးပြစ်သည် ဝစီကံအပေါ်၌ တည်၏။ ဝစီကံဟူသည် စကားပင်ဖြစ်၏။ ဒဿနကျမ်းများ၌မူ စကားသံနှင့် ပတ်သက်၍ အဆင့်လေးဆင့် ထားကြ၏။ ယင်းအဆင့် လေးဆင့်မှာ -
          (၁)ပရာ၊ (၂)ပဿန္တီ၊ (၃)မဇ္ဈိမာ၊ (၄) ဝဲခါရီ တို့ဖြစ်ကြ၏။ ပရာအဆင့်မှာ “စကားလုံးအလျဉ်” အဆင့်ဖြစ်၏။ ပဿန္တီအဆင့်မှာ စကားလုံးအလျဉ် အဆင့်ထဲမှ “ပုံစံမဲ့စကားသံ” အဆင့်ဖြစ်၏။ မဇ္ဈိမာအဆင့်မှာ “ပုံစံရှိစကားသံ” အဆင့်ဖြစ်၏။ ဝဲခါရီအဆင့်မှာ ဌာန် ကရိုဏ်း ပယတ်သို့ ရောက်သော အသံ အဆင့်ဖြစ်၏။ အမှန်အားဖြင့် ပရာအဆင့်၊ ပဿန္တီအဆင့်၊ မဇ္ဈိမာအဆင့်တို့သည် ဌာန် ကရိုဏ်း ပယတ်သို့ရောက်သော အသံအဆင့်များ မဟုတ်ကြ။ ထို့ကြောင့် ထိုအဆင့်သုံးဆင့်တို့သည် ဒိဗ္ဗသောတ အဘိဉာဏ်မှတစ်ပါး ပကတိနားဖြင့် ကြားနိုင်သော အဆင့်များမဟုတ်ကြချေ။ ဝဲခါရီအဆင့်သည်သာလျှင် ပကတိနားဖြင့် ကြားနိုင်သော အသံအဆင့် ဖြစ်၏။ ထို့ကြောင့် လူတို့ကြားနေရသော စကားသံများသည် ဝဲခါရီအဆင့် စကားသံများ ဖြစ်ကြ၏။ ဤသို့ ဒဿနပညာရှင်များက ဆိုကြ၏။
          မုသာဝါဒါ ဝေရမဏိအရ မုသားကို မဆိုခြင်းသည် ဖြောင့်မတ်ခြင်း ဖြစ်၏။ ထိုဖြောင့်မတ်ခြင်းသည် နှစ်မျိုးရှိ၏။ သာမန်ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်းတို့ ဖြစ်ကြ၏။ သာမန်ဖြောင့်မတ်ခြင်းကို ပါဠိဝေါဟာရအားဖြင့် ဥဇုဟု ခေါ်၏။ အလွန်ဖြောင့်မတ်ခြင်းကို သုဟုဇု ဟုခေါ်၏။ သာမန်ဖြောင့်မတ်ခြင်းအရ ကိုယ် နှင့် နှုတ် ရှေ့နောက်ညီညွတ်ခြင်း ဖြစ်ပါက မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို အသွင်သဏ္ဍာန်အားဖြင့် စောင့်ထိန်းရာရောက်၏။ အမှန်အားဖြင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်အရ အပြောနှင့် အလုပ် ရှေ့နောက်ညီညွတ်လျှင်ပင် သိက္ခာပုဒ်၏ ဆိုလိုရင်းအနက်သည် ပြီးပြည့်စုံ၏။ သို့ရာတွင် အနှစ်သာရအားဖြင့်မူ သိက္ခာပုဒ်ကို စောင့်ထိန်းရာမရောက်သေးချေ။ အနှစ်သာရအားဖြင့် မုသာဝါဒါ ဝေရမဏိသိက္ခာပုဒ်ကို စောင့်ထိန်းမည် ဆိုပါလျှင် စိတ်၏စွမ်းအား ပါဝင်ဖို့လို၏။ အမှန်အားဖြင့် လောက၏ ကောင်းကျိုးဆိုးပြစ်ကို ဖန်တီးသည်မှာ စိတ်သာ ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို တကယ်တမ်း အနှစ်သာရအားဖြင့် စောင့်ထိန်းမည်ဆိုပါက စိတ်စွမ်းအား ပါဝင်ဖို့လိုခြင်း ဖြစ်သည်ဟု ဆိုခြင်း ဖြစ်၏။
          ဤလောက၌ စိတ်က တကယ်တမ်းမပါဘဲ နှုတ်က ပြောပြီး ပြောသည့်အတိုင်း လုပ်ကိုင်ခြင်းများသည် ရှိတတ်ပါ၏။ စိတ်ထဲကမူ ဆန့်ကျင်ဘက် ဖြစ်ချင်ဖြစ်နေတတ်၏။ သို့မဟုတ် လုံးလုံးစိတ်မပါဘဲလည်း ဖြစ်ချင်ဖြစ်နေတတ်၏။ ဤသို့ဖြစ်နေပါက မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို လုံသည်ဆိုရုံမျှ စောင့်ထိန်းရာ ရောက်၏။ ထိုသို့ စောင့်ထိန်းရုံ မျှ နှင့် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းပေါ်ပေါက်ဖို့ ခက်ပါ၏။ အမှန်အားဖြင့် လောက၌ ငြိမ်းချမ်းသာယာမှု ဟူ၍ မရှိဘဲ မိမိတို့၏ ဘဝလုံခြုံမှုဟူသည် တကယ်တမ်း ဖြစ်ကောင်းသော အရာမဟုတ်ချေ။ ထို့ကြောင့် လုပ်ငန်းများကို လုပ်ရာတွင် မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ လောက၌ ငြိမ်းချမ်းသာယာ မှု ဖြစ်ရေးကို ရှေးရှုပြီး လုပ်ငန်းများကို လုပ်ဖို့ လူတိုင်း၌ တာဝန်ရှိပါ၏။ လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်မှ မိမိတို့၏ဘ၀ လုံခြုံမှုသည်လည်း ဖြစ်ပေါ်ပေလိမ့်မည်။
          သို့ဖြစ်လေရာ မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အသွင်သဏ္ဌာန်အားဖြင့် စောင့်ထိန်းရုံမျှနှင့် မကျေနပ်သေးဘဲ အနှစ်သာရအားဖြင့်ပါ စောင့်ထိန်းနိုင်အောင် ကြိုးပမ်းအပ်၏။ အနှစ်သာရအားဖြင့် စောင့်ထိန်းနိုင်အောင် ကြိုးပမ်းရာ၌ ကိုယ် ၊ နှုတ်၊ စိတ်တို့ တစ်ဖြောင့်တည်းကျဖို့ လို၏။  ကိုယ် နှင့် နှုတ်တို့ တစ်ဖြောင့်တည်း ကျရုံနှင့် မလုံလောက်။ စိတ်ပါတစ်ဖြောင့်တည်းကျဖို့ လိုခြင်းဖြစ်၏။ စိတ်ထဲကလည်း အမှန်အတိုင်း ပြောချင်မည်။ နှုတ်ကလည်း စိတ်ထဲက ရှိသည့်အတိုင်း ပြောမည်။ ကိုယ် ကလည်း ပြောသည့်အတိုင်း လုပ်မည်ဆိုပါမှ အလွန်ဖြောင့်မတ်ခြင်း သုဟုဇု ဂုဏ်နှင့် ပြည့်စုံမည်ဖြစ်၏။ သုဟုဇုဂုဏ်နှင့် ပြည့်စုံအောင် ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းဖြစ်လျှင် မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာရောက်၏။ သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာ ရောက်ပါမှလည်း လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းခြင်းသည် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ခြင်း မည်၏။ အမှန်အားဖြင့် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ဖို့ရန် လူတိုင်း၌ တာဝန်ရှိ၏။ တာဝန်ရှိသည်ဟု သိရုံနှင့်လည်း မပြီးသေး။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့လည်း လိုသေး၏။ တာဝန်ကိုကျေအောင် ဆောင်ရွက်ပါမှ ရတောင့်ရခဲ ရလာသော လူ့ဘဝကို ရကျိုးနပ် ပေလိမ့်မည်။
          စကားလုံးများနှင့် ပတ်သက်၍ ဗုဒ္ဓစာပေ ကျမ်းဂန်များ၌ နိရုတ္တိ၊ ဓမ၊္မ အတ္ထ၊ ပဋိဘာန ဟူသော ဝေါဟာရများ ရှိကြ၏။ ထိုတွင် နိရုတ္တိ ဟူသည်မှာ အသံသာ ဖြစ်၏။ ဓမ္မဟူသည်မှာ ဝေါဟာရအဖြစ်သို့ရောက်သော အသံဖြစ်၏။ ယင်းကို သဒ္ဒါ ဟူ၍ လည်းကောင်း၊ အမည်ဟူ၍ လည်းကောင်း ဆိုရ၏။ အတ္ထ ဟူသည်မှာ သဒ္ဒါ သို့မဟုတ် အမည်က ထွန်းပြသော အရာဝတ္ထု ဖြစ်၏။ ပဋိဘာန ဟူသည်မှာ နိရုတ္တိအပေါ်၌ အခြေခံသော သဒ္ဒါနှင့် အရာဝတ္ထုတို့၏ အဆက်အစပ် ဖြစ်၏။  ယင်းကို ဉာဏ်၌ ထင်လာခြင်း ဟူ၍ လည်းကောင်း၊ အနက် ဟူ၍ လည်းကောင်း ဆိုရ၏။ ဤသို့လျှင် နိရုတ္တိ၊ ဓမ၊္မ အတ္ထ နှင့် ပဋိဘာန တို့၏ အနက်ကို ဖော်ပြနိုင် ၏။ ဤသို့ဖော်ပြခြင်းမှာ စကားနှင့်စပ်သော ဖော်ပြခြင်း ဖြစ်၏။
          ဖော်ပြပါ နိရုတ္တိ၊ ဓမ၊္မ အတ္ထ နှင့် ပဋိဘာန တို့၏ အနက်ကို သိသာနိုင်ရန် ငွေစက္ကူ ဥပမာဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ငွေစက္ကူတွင် စက္ကူသားလည်း ပါ၏။ စက္ကူသား၏ တစ်ဖက်စီ တွင် ခေါင်းနှင့်ပန်းလည်း ပါ၏။ ထို့နောက် တန်ဖိုးလည်း ပါ၏။ ထိုတွင် ငွေစက္ကူသားသည် နိရုတ္တိနှင့် တူ၏။ ခေါင်းသည် ဓမ္မ နှင့်တူ၏။ ပန်းသည် အတ္ထနှင့် တူ၏။ တန်ဖိုးသည် ပဋိဘာန နှင့် တူ၏။ ငွေစက္ကူတွင် ခေါင်းနှင့်ပန်း မပါဝင်လျှင် ဖြစ်စေ၊ ခေါင်းချည်း ပါဝင်လျှင် ဖြစ်စေ၊ သို့မဟုတ် ပန်းချည်းပါဝင်လျှင် ဖြစ်စေ၊ တန်ဖိုးကို ရိုက်နှိပ်မထားလျှင် ဖြစ်စေ ထိုငွေစက္ကူသည် အသုံးပြု၍ မရသကဲ့သို့ နိရုတ္တိတွင်လည်း ဓမ္မ မပါလျှင်ဖြစ်စေ၊ အတ္ထမပါလျှင်ဖြစ်စေ၊ ပဋိဘာန မပါလျှင်ဖြစ်စေ ထိုနိရုတ္တိသည် အသုံးပြု၍ရသော နိရုတ္တိမဟုတ်။
          နိရုတ္တသည် ဓမ္မသည် သဒ္ဒါ  သို့မဟုတ် အမည်ဖြစ်၏။ အတ္ထဟူသည် သဒ္ဒါ သို့မဟုတ် အမည်က ထွန်းပြသော အရာဝတ္ထုဖြစ်၏။ပဋိဘာန ဟူသည်ကား သဒ္ဒါနှင့် အရာဝတ္ထုတို့၏ အဆက်အစပ် ဖြစ်၏။ ယင်းကိုပင် အနက်ဟူ၍ ခေါ်ရ၏။ ထို့ကြောင့် ပဋိဘာနတွင် ဓမ္မသဘော လည်း ပါဝင်၏။ အတ္ထသဘောလည်း ပါဝင်၏။ နိရုတ္တိသဘောလည်း ပါဝင်၏။ အမှန်အားဖြင့် ဆိုရလျှင် ငွေစက္ကူ၏တန်ဖိုးကို သိသည်နှင့် တစ်ပြိုင်နက် စက္ကူသားသဘောကိုလည်း သိပြီးဖြစ်၏။ ခေါင်း၏သဘောကိုလည်း သိပြီးဖြစ်၏။ ပန်း၏သဘောကိုလည်း သိပြီးဖြစ်၏။ ထို ငွေစက္ကူကား ကျပ်တန်ဖြစ်သည်၊ ငါးကျပ်တန် ဖြစ်သည်၊ တစ်ဆယ်တန်ဖြစ်သည်ကို လည်းကောင်း၊ ခေါင်းက မည်သို့ဖြစ်သည်၊ ပန်းက မည်သို့ဖြစ်သည်ကို လည်းကောင်း ငွေစက္ကူ၏ တန်ဖိုးကို မြင်သည်နှင့် သိနိုင်၏။ ထိုနည်းအတူ ပဋိဘာနကို မြင်သည်နှင့် မြင်သည်နှင့် နိရုတ္တိနှင့် သဘောကိုလည်း သိ၏။ ဓမ္မ၏သဘောကိုလည်း သိ၏။ အတ္ထသဘော ကိုလည်း သိ၏။ ထိုသို့သိခြင်းသည် တစ်ပြိုင်နက်သိခြင်း ဖြစ်၏။ ထို့ကြောင့် ပဋိဘာနကို အသိ၏အသိ ဟူ၍ လည်းကောင်း၊ ဉာဏ်၏ဉာဏ် ဟူ၍လည်းကောင်း ဆိုရခြင်းဖြစ်၏။ အသိ၏အသိ၊ သို့မဟုတ် ဉာဏ်၏ဉာဏ် ဟူသည်မှာ နိရုတ္တိအသိ၊ ဓမ္မအသိ၊ အတ္ထအသိ တည်းဟူသော အသိသုံးမျိုးတို့ကို တစ်ပြိုင်နက် ဖြစ်ရာ အသိပင်ဖြစ်၏။
          အမှန်အားဖြင့် သဒ္ဒါကိုသာသိပြီး  ယင်းသဒ္ဒါက ရည်ညွှန်းသော အရာဝတ္ထုကို မသိလျှင် “ ဒီသဒ္ဒါက ဘာကို ဟောပါလိမ့်” ဟူ၍ စူးစမ်းရ၏။ အရာဝတ္ထုကိုသာ သိပြီး သဒ္ဒါကို မသိပါကလည်း “ ဒီအရာဝတ္ထုကို ဘာခေါ်ပါလိမ့်” ဟူ၍ စူးစမ်းရ၏။ ထို့ကြောင့် နိဗ္ဗာန်သိမှတစ်ပါး ကျန်သော အသိ ဟူသမျှသည် သဒ္ဒါနှင့် အနက်တို့ဖြင့် ၀န်းရံရ၏။ သဒ္ဒါနှင့် အနက်တို့ ၀န်းရံရသဖြင့်လည်း ကျန်သော အသိအားလုံးကို သဒ္ဒါနှင့် အနက်တို့ဖြင့် ပြောဆိုနိုင် ခြင်းဖြစ်၏။ ပြော၍ဆို၍ ရခြင်းသည်လည်း ဖြစ်၏။ နိဗ္ဗာန်မှာမူကား သဒ္ဒါနှင့်အနက်တို့ ၀န်းရံခြင်း မရှိသဖြင့် နိဗ္ဗာန်ကို သဒ္ဒါနှင့် အနက်တို့ဖြင့်လည်း ပြောနိုင်ဆိုနိုင်ခြင်း မရှိ။ ပြော၍ဆို ၍လည်းမရ။
          အသိ၏ကိုယ်သည် စကားလုံးဖြစ်၏။ စကားလုံးဟူရာ၌ အသံထွက်ခြင်းနှင့် အသံမ ထွက်ခြင်းသည် ပဓာနမဟုတ်။ သဒ္ဒါနှင့် အနက်ပါခြင်းသာ ပဓာနဖြစ်၏။ အမှန်အားဖြင့် အနက်ဆိုသည်မှာ သဒ္ဒါနှင့်သဒ္ဒါက ရည်ညွှန်းသော အရာဝတ္ထုတို့၏ အဆက်အစပ်ဖြစ်၏။ ယင်း ကို ပဋိဘာန ဟုခေါ်၏။ ငွေစက္ကူတွင် ခေါင်း၊ ပန်းနှင့် ယင်းတို့၏ တန်ဖိုးပါဖို့သာ ပဓာနဖြစ်သကဲ့ သို့ပင် ဖြစ်၏။ အသံထွက်ခြင်းနှင့် မထွက်ခြင်းမှာ ပဓာနမဟုတ်ဟူ၍ ဆိုရာ၌ စကားလုံးဟူသမျှသည် အသံမထွက်သောအဆင့်မှ အသံထွက်သော အဆင့်သို့ ရောက်မြဲ ဖြစ် ၏။ လောကတွင် မည်သည့်အရာဝတ္ထုကို သိသည်ဖြစ်စေ ရှေးဦးစွာ စိတ်ထဲက အရာဝတ္ထု၏ အမည်ကို ရွတ်ဆိုရ၏။ အသံကတော့ ထွက်ချင်မှ ထွက်၏။ ခွေးကို သိရာ၌ စိတ်ထဲက “ ခွေး” ဟူ၍ ရွတ်ဆိုရ၏။ စိတ်ထဲက ရွတ်ဆိုရုံမျှနှင့် သိခြင်းကိစ္စသည် ပြီး၏။ သိခြင်းကိစ္စပြီးမှ သိသည့်အတိုင်း အသံထွက်၍ ရွတ်ဆိုချင်လည်း ရွတ်ဆိုပေလိမ့်မည်။ မရွတ်ဆိုဘဲ တိတ်တိတ် နေချင်လည်း နေပေလိမ့်မည်။ အမှန်အားဖြင့် နိဗ္ဗာန်ကိုသိသော အသိမှတစ်ပါး ကျန်အသိဟူ သမျှသည် သဒ္ဒါ သို့မဟုတ် အမည်၊ အနက်တို့နှင့် ကင်း၍ ဖြစ်ကောင်းသော သဘောမရှိ။ ထို့ကြောင့် အသိ၏ ကိုယ်ထည်သည် စကားလုံးဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ အသိ ၏ ကိုယ်ထည် အရ စကားလုံးများကို ပြောသည့်အခါ စကားလုံးများသည် မှန်ဖို့အရေးကြီး၏။ စကားလုံးများ မှန်နိုင်စေရန် အသိကလည်း မှန်ဖို့ အရေးကြီး၏။ စကားလုံးများသောအခါ သစ္စာပြု၍ ရ၏။
          လူဟူသည် စကားမပြောဘဲ မနေနိုင်သော သတ္တဝါဖြစ်၏။ စကားပြောသောအခါ ကိုယ် ဖြင့်လည်း ပြော၏။ ကိုယ် ဖြင့် ပြောပါက ကာယကံ ဟူ၍ ဆိုရ၏။ နှုတ်ဖြင့်လည်း ပြော၏။ နှုတ်ဖြင့်ပြောပါက ၀စီကံဟူ၍ ဆိုရ၏။ စိတ်ဖြင့်လည်း ပြော၏။ စိတ်ဖြင့် ပြောပါက မနောကံ ဟူ၍ ဆိုရ၏။ အမှန်အားဖြင့် လောကတွင် နှုတ်ဖြင့် ပြောသည်ကိုသာ စကားပြောသည် ဟူ၍ ဆိုကြ၏။ နှုတ်ဖြင့် ပြောမှသာ ကြားရခြင်းကြောင့် ကြားရသည်ကို အကြောင်းပြု၍ နှုတ်ကပြော သော စကားလုံးများကိုသာ စကားဟူ၍ ဆိုခြင်းဖြစ်၏။ သို့ရာတွင် ကံသုံးပါးလုံးဖြင့် စကားပြော သည်ကတော့ အမှန်။ ဖြောင့်မှန်ခြင်း ဆိုသည်မှာ ကံသုံးပါးလုံးနှင့် ဆိုင်သော ဝေါဟာရ ဖြစ်၏။ ထို့ကြောင့် ကံသုံးပါးတို့ဖြင့် စကားပြောသည် ဟူ၍ ဆိုရခြင်း ဖြစ်၏။ စကားပြောရာတွင် ကြားရ သည်၊ မကြားရသည်မှာ ပဓာနမဟုတ်။ အမှန်အားဖြင့်လည်း လောကတွင် ကြားရသော စကား များထက် မကြားရသော စကားများက ပို၍ စိတ်ဝင်စားဖွယ် ကောင်း၏။ “စားပါ” ဟူ၍ နှုတ်က ပြောသော်လည်း ကိုယ် ကမူ မပေး။ စိတ်ကလည်း မပေးချင်။ ထိုအခါ ကိုယ်ဖြင့် ပြောသော စကားများနှင့် နှုတ်ဖြင့်ပြောသော စကားများကိုမူ ကြားရ၏။ စိတ်ဖြင့် ပြောသော စကားကိုမူ မကြားရ။ အကယ်၍သာ စိတ်ဖြင့် ပြောသော စကားကို ကြားရပါမူ အမှန်အတိုင်း ပို၍ သိမည် ဖြစ်၏။ လောကတွင် အမှန်အတိုင်းသိဖို့က ပို၍ အရေးကြီး၏။ သဘာဝ တောတောင် ရေမြေ တို့သည် စကားပြောကြသည်ပင် ဖြစ်၏။ သို့ ရာတွင် သူတို့ ပြောသော စကားများကား ပကတိ နားဖြင့် ကြားရသောစကားများ မဟုတ်ကြ။ ဉာဏ်နားဖြင့် နားထောင်တတ်သူမှ ကြားရသော စကားများ ဖြစ်ကြ၏။ ထို့ကြောင့် လောကတွင် ပကတိနားဖြင့် ကြားရသော စကားများထက် ပကတိနားဖြင့် မကြားရသော စကားများက ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည် ဟု ဆိုခြင်းဖြစ်ပါသည်။
          လူမှုဆက်ဆံရေးနယ်ပယ် ၌ “မုသားမပါ လင်္ကာမချော” ဟူသော ဆိုရိုးစကား ရှိ၏။ ထို စကားသည် လူမှုဆက်ဆံရေးနယ် ပယ်၌သာ မှန်၏။ သစ္စာနယ်ပယ်၌မူ မမှန်။ သစ္စာနယ်ပယ်၌ မှန်စေရန်အတွက် ကာယကံနှင့် ၀ဇီကံလည်း ရှေ့နောက်ညီညွတ်ဖို့ လို၏။ အထူးအားဖြင့် မနောကံပါ ရှေ့နောက်ညီညွတ်ဖို့ လို၏။ သို့မှသာ ဖြောင့်မတ်ခြင်း ဖြစ်မည်။ အလွန်ဖြောင့်မတ် ခြင်းဖြစ်မည်။ ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်း ဖြစ်ပါမှ သစ္စာဆို၍ ရ၏။ သစ္စာဆိုရ ခြင်းသည် သစ္စာနယ်ပယ်၍ မှန်ကန်ခြင်း ဖြစ်၏။ သစ္စာနယ်ပယ်၌ မှန်ကန်ခြင်းဖြစ်ပါမှ မုသာဝါဒါ ဝေရမဏိ အရ မုသားကို အသွင်သဏ္ဌာန်အားဖြင့်သာမက အနှစ်သာရအားဖြင့်သာ ရှောင် ကြဉ်ရာ ရောက်၏။ ထိုသို့ရှောင်ကြဉ်နိုင်မှလည်း လောက၌ ငြိမ်းချမ်းသာယာမှုကို ဖြစ်စေနိုင် မည် ဖြစ်၏။ အမှန်အားဖြင့် ချမ်းသာခြင်း ဟူသည်မှာ ငြိမ်းချမ်းသာယာ မှု အပေါ်၌ တည်၏။ ငြိမ်းချမ်းသာယာမှု မရှိသမျှ ကာလပတ်လုံး မိမိတို့၏ ဘဝလည်း မလုံခြုံ၊ ချမ်းသာခြင်းလည်း မရှိ။ ထို့ကြောင့် လောက၌ ငြိမ်းချမ်းသာယာမှု ရှိရလေအောင် ဆောင်ရွက်ဖို့ လိုအပ်ခြင်းဖြစ် ၏။
          မုသာဝါဒါ ဝေရမဏိအရ လောက၌ ပကတိနားဖြင့် မကြားရသော စကားများထက် ပကတိနားဖြင့် ကြားရသော စကားများက ပို၍ အရေးကြီး၏။ ပကတိနားဖြင့် မကြားရသော စကားများကို ဉာဏ်နားဖြင့် ကြားနိုင်သူတို့ကား လူနည်းစုများသာ ဖြစ်ကြ၏။ လူမှုဆက်ဆံရေး နယ်ပယ်  တွင် လူအများစုသည် ပဓာန ဖြစ်၏။ မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်မှာလည်း လူတိုင်း လူတိုင်းကို ရည်ရွယ် ၍ ဟောကြားထားသော သိက္ခာပုဒ် ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အသွင်သဏ္ဌာန်အားဖြင့် စောင့်ထိန်းသည့် သဘောနှင့် ကာယ ကံနှင့် ဝစီကံတို့ ရှေ့နောက် ညီညွတ်အောင် စောင့်ထိန်းရမည် ဖြစ်၏။ ထို့ထက် ကျော် လွန်၍ အနှစ်သာရအားဖြင့်ပါ စောင့်ထိန်းသည့် သဘောနှင့် ကာယကံ၊ ဝစီကံ၊ မနောကံတည်း ဟူသော ကံသုံးပါးတို့ ရှေ့နောက်ညီညွတ်အောင် စောင့်ထိန်းရာ၏။   
(ဦးရွှေအောင်၊ ဘ၀အမြင်သစ်)

အကြမ်းဖက်နှိမ်နင်းမှုတွင် ဓာတုပစ္စည်း သုံး၊ မသုံး ပြင်ပပညာရှင်များနှင့် စစ်ဆေးမည်


hlyothwetuyin | 12/06/2012 07:22:00 AM |

လက်ပန်းတောင်း အရေးကိစ္စ စုံစမ်း စစ်ဆေး တဲ့နေရာမှာ ဓာတု ပစ္စည်း သုံး၊ မသုံး ကို ပြင်ပ ပညာရှင်တွေနဲ့ စစ်ဆေး သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ လက်ပန်းတောင်း အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆို လိုက်တာ ဖြစ်ပါတယ်။

“ကျမတို့ ဒီကိစ္စတွေကို ပြင်ပပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အစိုးရဘက်က လုံးဝပါဝင် စိစစ်မှာ မဟုတ်ပါဘူး။ အဲလို စိစစ်ရင်လည်း အမျိုးမျိုး မေးခွန်းထုတ်စရာတွေ ဖြစ်လာမှာမို့လို့ပါ။”

ကော်မရှင်အနေနဲ့ လူတိုင်းကျေနပ်အောင်လုပ်ဖို့ တာဝန်မဟုတ်ဘဲ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်တရားကို အခြေခံပြီး နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

“ကျမတို့အနေနဲ့တော့ ပြည်သူအားလုံးကျေနပ်တဲ့ အဖြေတာ့ထွက်မှာမဟုတ်ပါဘူး။ ဘယ်တော့မှ စုံစမ်းရေးမှာ အားလုံးကျေနပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့ ကော်မရှင်ရဲ့ ရည်ရွယ်ချက် တခုပဲရှိပါတယ်။ အမှန်တရားကို ကျမတို့ ဖော်ထုတ်မယ်။ ကျမတို့ရဲ့ အကြံပြုချက်တွေဟာ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ဒီမိုကရေစီခိုင်မာရေးရဲ့ အကျိုးစီးပွားတွေကို ကြည့်ပြီး အကြံပြုချက်တွေလုပ်မှာဖြစ်တယ်။ မြင်ရင်မြင်တဲ့အတိုင်းတင်ပြပါမယ်။ အဖြစ်ကို အဖြစ်အတိုင်း တင်ပြပါမယ်။ အဲဒါကို ကျေနပ်တဲ့သူလည်းရှိမယ်၊ မကျေနပ်တဲ့လူလည်းရှိမယ်။ ဘာလို့လဲဆိုတော့ ဒီလိုကိစ္စတွေပေါ်လာရင် လူတိုင်း လူတိုင်းက ကိုယ့်ဘက်ပဲ နိုင်စေချင်တာပဲ။ ဒါက သဘာဝကျပါတယ်။ လူတိုင်းကို ကျေနပ်အောင်ဆိုတာ လုပ်မရပါဘူး။ လူတိုင်းကို ကျေနပ်အောင်လုပ်ဖို့က ကော်မရှင်တခုရဲ့ တာဝန်မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့၊ အမှန်တရားကို အခြေခံပြီးတော့ နိုင်ငံအတွက် အကောင်းဆုံး၊ တိုင်းသူပြည်သားတွေအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ပါ။ ဒါကို ဦးတည်ပြီး လုပ်သွားမှာပါ။ အားလုံးသဘောကျအောင် ကျမတို့ မလုပ်နိုင်ပါဘူး။”

လက်ပန်းတောင်းအရေးအခင်းအတွင်း ထိခိုက်ဒဏ်ရာရသူ သံဃာတော် ၆၇ ပါးနဲ့ လူပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း ၇၃ ဦး ရှိတယ်လို့ ဆေးရုံးစာရင်းတွေအရ သိရပြီး ပြင်ပမှာ သူတို့အစီအစဉ်နဲ့ သူတို့ ကုသနေသူတွေလည်း ရှိနေနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော ပြောဆိုပါတယ်။  ဒီထဲမှာ ဆေးရုံက ဆင်းသွားတဲ့ သံဃာအပါး ၃၀ ကျော် မပါပါဘူး။

ဒီအရေး အတွင်းဖမ်းဆီးခံရသူတွေ ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က “မုံရွာဘက်က ဘယ်သူမှမပါပါဘူး။ ကျမ ၂၈ ရက်နေ့ မုံရွာရောက်သွားတော့ ၂၉ ရက်နေ့မှာ ရဲအရာရှိများ၊ ဦးပိုင်က တာဝန်ရှိသူတွေနဲ့ တွေ့ပြီးတော့ သပိတ်နဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ မဖမ်းဖို့ သဘောတူခဲ့ပါတယ်။ ကျမတို့ နားလည်သလောက်တော့ မုံရွာဘက်မှာ ဖမ်းဆီးထားတာ မရှိပါဘူး။ ရန်ကုန်မှာ ဖမ်းတာတော့ ရှိတယ်။ ရန်ကုန်မှာ ဖမ်းတာကလည်း ကြေးနီစီမံကိန်းနဲ့ ဆက်နွယ်နေတယ်ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း ကျမတို့အနေနဲ့ စုံစမ်းထားပါတယ်၊ ရဲနဲ့လည်း ဆက်သွယ်ထားတယ်၊ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။”

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့်ဆန္ဒပြနေကြတာလဲ သိချင်တယ်လို့ ပြောပါတယ်။

“အန်တီသိချင်တာက ဘာအတွက် ဆန္ဒပြနေတာလဲဆိုတာ သိချင်ပါတယ်။ ဘာအတွက် ဆန္ဒပြနေတယ်ဆိုတာ သိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒပြသူတွေရဲ့ သဘောထားတွေကို နားလည်ရင် ပိုအဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲဒါက အရေးကြီးပါတယ်။ ကျမတို့အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားမယ်။ ဒါပေမယ့်လည်း နားလည်မှုနဲ့ အားလုံးအဆင်ပြေရေးကိုလည်း ဦးတည် လုပ်သွားမှာပါ။”

အခု ကြေးနီစီမံကိန်းကိစ္စဟာ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် ဘယ်အစိုးရ လက်ထက်မှာပဲ လုပ်ခဲ့ လုပ်ခဲ့ မိမိနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေမို့ အားလုံးက တာဝန်ယူရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“တကယ်ဆိုရင် ကြေးနီစီမံကိန်း စတာက မဆလ အစိုးရ ခေတ်ကတည်းက စတာပါ။ ၁၉၈၄ ခုနှစ် က စခဲ့တာပါ။ အဲမတိုင်ခင် ဒေသခံတွေကလည်း တပိုင်တနိုင်ကြေးနီလေးတွေတူးတာ ရှိခဲ့တာလည်း အင်မတန်ကြာပါပြီ။ ကြေးနီစီမံကိန်းက အခုမှ ဖြစ်တာမဟုတ်ပါဘူး။ ဘယ်တုန်းကပဲ စခဲ့ စခဲ့ ကျမအမြင်ကတော့ ကျမတို့နိုင်ငံရဲ့ကိစ္စတွေကို နိုင်ငံသူနိုင်ငံသားတွေအားလုံးက တာဝန်ယူရမယ်။ ကျမအနေနဲ့တော့ ဘယ်အစိုးရလုပ်ခဲ့လို့ ကျမနဲ့တော့ မဆိုင်ဘူးလို့ စိတ်ထဲဘယ်တော့မှမထားပါဘူး။ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေအားလုံးဟာ ကျမနဲ့ဆိုင်ပါတယ်။ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေ အားလုံးကို နိုင်ငံသူနိုင်ငံသားတွေကလည်း ကိုယ်နဲ့ဆိုင်တယ်လို့ စိတ်ဓာတ်ထားစေချင်ပါတယ်။ ဘယ်အစိုးရလက်ထက်က လုပ်ခဲ့လို့ ကျမတို့မှာ တာဝန်မရှိဘူးဆိုတဲ့ အမြင်နဲ့ ကျမ ဘယ်တော့မှ မလုပ်ပါဘူး။”

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပြည်သူတွေအားလုံး အတွက် အကောင်းဆုံး အဖြေရှာသွားမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ရဲ့ ကော်မရှင်ဟာ ဘယ်သူ့မှာတော့ တာဝန်ရှိတယ်၊ ဘယ်သူ့ကြောင့်လို့ ပြောပြီးတော့ ကျမတို့ရဲ တာဝန်ကို ခေါင်းရှောင်မှာ မဟုတ်ပါဘူး။ ဒီတာဝန်ကို လက်ခံထားပြီးဆိုရင်တော့ ဒီတာဝန်ကျေပွန်ဖို့က ကျမတို့ရဲ့ တာဝန်ပဲ။ ဒါကိုပဲ မီးမောင်းထိုးလုပ်သွားမှာဖြစ်ပါတယ်။ ကျမ ခဏ ခဏပြောတယ်၊ ကျမတို့နိုင်ငံမှာ ပြဿနာတွေရှိတာက အရေးကြီးတာ မဟုတ်ဘူး။ ပြဿနာဆိုတာ အခုလည်း ရှိမှာ နောင်လည်း ရှိမှာပဲ။ ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းဖြေရှင်းမယ်ဆိုတာက အရေးကြီးတာပါ။ အဲတော့ ကျမတို့ ပြဿနာဖြေရှင်းပုံဖြေရှင်းနည်းကို နားလည်ရမယ်။ အကောင်းဆုံး ဖြေရှင်းပုံဖြေရှင်းနည်းတွေကို အသုံးပြုရမယ်။ အကောင်းဆုံးဖြေရှင်းပုံဖြေရှင်းနည်းဆိုတာဟာ အခြေခံအားဖြင့်တော့ ကျမတို့ ညှိနှိုင်းဆွေးနွေးပြီးတော့ အပေးအယူလုပ်ရမယ်၊ အပေးအယူမလုပ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ ဘယ်တော့မှ တိုးတက်မှုမရှိနိုင်ဘူး။ ကျမတို့ ကော်မရှင်က ကျမတို့နိုင်ငံရဲ့ ရေရှည်အရေးကို မျှော်ကိုးပြီးတော့ အကြံပြုသွားမှာပါ။ ထုတ်ဖော်တဲ့အချက်အလက်တွေဟာလည်း အမှန်အတိုင်း ထုတ်ဖော်မှာပါ။ အရင်တုန်းက ဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်လိုတောင်းဆိုမှုတွေ ဖြစ်ခဲ့တယ်။ ဘယ်လိုတောင်းဆိုမှုတွေကနေ နောက် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မြင်တဲ့အတိုင်း မှန်မှန်ကန်ကန်တင်ပြပါမယ်။ ဒါကို ကြိုက်တဲ့သူလည်း ရှိမယ်။ မကြိုက်တဲ့သူလည်း ရှိမယ်။ အဓိကကျတာကတော့ အဖြစ်ကို အဖြစ်အတိုင်း ကျမတို့တင်ပြမယ်။ အဲအပေါ် အခြေခံပြီးတော့ ပေးသင့်ပေးထိုက်တယ်ထင်တဲ့ အကြံပြုချက်တွေကို ကျမတို့ ပေးမယ်။ ကျမတို့ပေးတဲ့ အကြံပြုချက်တွေအတိုင်းပဲ ဖြစ်အောင် ကျမတို့ ကြိုးစားရမယ်။ တိုက်တွန်းရမယ်။ ဒါဟာ ကျမတို့ရဲ့ တာဝန်ပဲ။ ကျမတို့အနေနဲ့ အားလုံးက ကြိုက်တဲ့အဖြေကို ရှာဖို့ မဟုတ်ပါဘူး။ အားလုံးအတွက် အကောင်းဆုံးအဖြေရှာဖို့ ဖြစ်ပါတယ်။”

သာကေသတံတားဟောင်း၏ ကြံ့ခိုင်မှုအန္တရာယ်ရှိနိုင်


ငမိုးရိပ်ချောင်းကူး (သံဘောင်တံတား) သာကေသတံတားဟောင်း၏ ကြံ့ခိုင်မှုအရ ဖြတ်သန်းအသုံးပြုသည့် ယာဉ်များအန္တရာယ်ရှိနိုင်ပါသဖြင့် ယနေ့ (ဒီဇင်ဘာလ ၆ရက်) ည ၁၂ နာရီ အချိန်မှ စတင်၍ ဖြတ်သန်းအသုံးပြုခြင်း မပြုလုပ်ကြပါရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မေတ္တာရပ်ခံထားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနများမှ ယနေ့ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

from- Eleven Media Group

♥♥♥အရက်သောက်မယ့် ကိုကို မမတို့ အတွက် ....♥♥♥



လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့်အစာအိမ်တို့မှစုပ်ယူပါတယ်။ပျမ်းမျှအားဖြင့်အူသိမ်တွင် သွေးလည်ပတ်မှုအားကောင်းသော ကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။Alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။



 ကိုယ်အလေးချိန်
သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။


  အမျိုးသားနဲ့ အမျိုးသမီး
အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေ လောက် မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊သန္ဓေတားဆေး သောက်သုံးထားခြင်းများ အပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။


  အစားအသောက်
အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။


  စိတ်ခံစားမှု
အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်


  သောက်သည့် ပမာဏ
နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။


 အရက်အမျိုးအစား
အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။
Alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ၀မ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။
သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
Alcoholသည်


 အဆင့် (၁)
သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်
ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်းမိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်းစကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်းသက်တောင့်သက်သာ ရှိနေခြင်း
စိတ်ဖိစီးမှုများ လျော့နည်းလာခြင်းမိမိကိုယ်ကိုယုံကြည်စိတ်လွန်ကဲနေတတ်ခြင်းလူမှုရေးအရှုပ်အထွေးများ ဖြစ်ပေါ်စေရနအားပေးခြင်း တို့ဖြစ်သည်။


အဆင့်(၂)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နိုင်တော့ခြင်း။အာလေးလျှာလေး ဖြစ်လာခြင်း။သတိလက်လွတ်စကားများ ပြောတတ်လာခြင်း။ ကိုယ်နေဟန်ချက်ကိုမထိန်းနိုင်တော့ခြင်း။အာရုံစိုက်၍အသေးစိတ်လုပ်ရသောလုပ်ငန်းများကိုမလုပ်နိုင်တော့ခြင်း။မိမိကိုယ်ကိုမထိန်း
သိမ်းနိုင်တော့ခြင်း။စိတ်လိုက်မာန်ပါလုပ်ကိုင်လာခြင်း၊ရုပ်ရင်းကြမ်းတမ်းလာခြင်းသူငယ်အိမ်ကျယ်လာခြင်း။ လျှာခြောက်လာခြင်း ။ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။


 အဆင့် (၃)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်>နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။သား ငယ်အိမ်ကျဉ်းလာခြင်း။ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။နူတ်တ်ခမ်းများ ပြာလာခြင်း။ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။
ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။
ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။ တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
 1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )
1 drink= ၀ိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။


 တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
 စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊
သက်တောင့် သက်သာရှိခြင်း၊
ကားမောင်း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း
တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
 အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း


 နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
 အာလေး လျှာလေးဖြစ်လာခြင်း
အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊
 တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း
 စိတ်ဓါတ် တက်ကြွလာခြင်း
ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊
အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း


 နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
 မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
 မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
 မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
 မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
 မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း


 လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
 အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
 ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိုးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။


 လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း
ခံစားချက်မဲ့သွားခြင်း သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။
 ဒါကြောင့်  ပျော်ရွှင်ချင်လို့ ဒါမှမဟုတ် မဖြစ်မနေမို့ အရက်သေစာကို သောက်သုံးရမည့် သူများ သောက်သုံးလျှင် ကိုယ့် အတိုင်းအတာကို ကိုယ်သိနိုင်ပြီး ၊ မလိုလားအပ်သော လူမှုရေး၊ စီးပွားရေး အရှုပ်အထွေးများမှ ကင်းရှင်းနိုင်ဖို့ လက်ဆောင် တခုအနေနဲ့ပေးလိုက်ပါတယ်။


For word Mail မှတစ်ဆင့်ပြန်လည် မျှဝေပါသည်။

စက်ရဲ့ Ram ကို ထိန်းညှိပေးမယ့်Super Ram v6.11 Full Version + Patch


Computer ရဲ့ Memory ကိုအကောင်းဆုံးထိန်းပေးတဲ့ Software တစ်ခုပါ......
ကျွန်တော်ဆို..Firefox ကိုတစ်ခါ Run ရင် Tab တွေအများကြီးဖွင့်....Window တွေချဲ့......
Firefox ဆိုတာကလည်း.....Memory ကိုအရမ်းစားပါတယ်......အဲ့လိုမျိုးသုံးလိုက်ရင်...စက်ကမတရားလေးသွားတတ်တယ်......
တချို့က..အဲ့လိုလေးတာကို...Repair Software တွေကြောင့်ဆိုပြီး.....ပြန်ဖြုတ်တတ်ပါတယ်...
တကယ်တော့.......Memory က အလုပ်တွေများပြီး........လေးသွားတာပါ.....
အဲ့ဒီ့ပြသနာကို..ဒီSoftware က ဖြေရှင်းပေးပါလိ့မ်မယ်.....
ဆောင်ထားသင့်တဲ့ Software တစ်ခုပါ....အမြဲတမ်းအသုံးပြုနိုင်အောင်...Patch ပါပါတယ်....
Patch ကိုထည့်ခါနီးကျရင်....Antivirus ကိုပိတ်ဖို့လိုမယ်ဆိုတာ....ပြောဖို့လိုမယ်မထင်တော့ပါဘူး.   :P

Download ပြုလုပ်ရန်

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ



Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။

ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။


ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။

FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။

FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။

ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
--
Ref :rare medic facts.
---
http://www.innewsmyanmar.com/2012/12/blog-post_6.html

ကြိုက်သလောက်စား နိုင်သလောက်သာရှင်းစရာလိုသော စားသောက်ဆိုင် အား ဘွန်ဂျိုဘီက ဖွင့်လှစ်ထား


ကြိုက်သလောက်စား နိုင်သလောက်သာရှင်းစရာလိုသော စားသောက်ဆိုင် အား ဘွန်ဂျိုဘီက ဖွင့်လှစ်ထား အမေရိကန် ရော့ခ်ဂီတ အဆိုတော်ကြီး ဘွန်ဂျိုဘီ (Bon Jovi) ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက စလို့ ကြိုက်သလောက်စား နိုင် သလောက်သာ ရှင်းစရာလိုတဲ့ စားသောက်ဆိုင် ကို သူ့ရဲ့ မွေးရပ်မြေ အမေရိကန်၊ နယူးဂျာဆီ ပြည်နယ်မှာပဲ ဖွင့်လှစ်ထားပါတယ်။ အင်္ဂလိပ်လိုတော့ Pay what you can စားသောက်ဆိုင်လို့ အမည်ပေး ထားပါတယ်။ သက်သက် အလှူလုပ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ ပေး စရာ ငွေမရှိရင် နောက်ဖေးမှာ ပန်းကန်သွားဆေးပေးလို့ လည်း ရပါတယ်။ စားပွဲထိုး မိနစ်အနည်းငယ် လုပ်ပေးလိုက်လို့လည်း ရပါတယ်။ တစ်ခု ခုတော့ ပြန်ပေးရမှာ ဖြစ်ပါတယ်။ အငယ်၍ တစ်ဒေါ်လာပဲရှိတယ်ဆိုရင် တစ်ဒေါ်လာပဲ ပေးခဲ့လို့ ရပါတယ်။ ဘာမှ မရှိလို့ သူများစားပြီးသား စားပွဲခုန် တစ်လုံး သွားရှင်းပေးလိုက်လို့လည်း ရပါတယ်။ စေတနာ ရှိလွန်းလို့ ဒေါ်လာ ၁၀၀ မကပေးချင်လည်း ရပါတယ်။ ဆိုင်ကိုတော့ မရှိဆင်းရဲများ စားသောက်ရန် ရည်ရွယ်ပါတယ်။ သို့ပေမယ့် လူတန်းစား အားလုံး လာရောက်စားသောက်ရန်လည်း ဖိတ်ခေါ်ပါတယ်။ ဆိုင်နဲ့ အစားအစာများက အဆင့်အတန်းရှိပြီး ကျန်းမာရေးညီညွတ်တဲ့ ဟင်းလျာများ ဖြစ်ပါတယ်။ ဘွန်ဂျူဘီဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းထဲမှာ ပါရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်း ပုဂ္ဂိုလ်များ စာရင်းမှာလည်း ပါရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်လို့လည်း လူသိများသူ ဖြစ် ပါတယ်။ ဒါကြောင့် အလှူအတန်းလည်း ရက်ရောပါတယ်။ ကမ္ဘာတစ်လွှား လိုအပ်တဲ့ နေရာများအားလုံးကို တတ်နိုင်သလောက် လှူဒါန်းနေပြီး ဖောင်ဒေးရှင်းပေါင်း မြောက်များစွာလည်း တည်ထောင်ပါ တယ်။ ယခု ဖွင့်တဲ့ စားသောက်ဆိုင်ကလည်း အလှူအတန်းလည်း ပြုလုပ် ရင်း ဖောင်ဒေးရှင်းအတွက်လည်း ငွေ အလှူခံရင်း ဖြစ်ပါတယ်။ Pay waht you can အမည်ရ စားသောက်ဆိုင်လေးမှာ ကြိုက်သလောက်မှာစားတဲ့ အမေရိကန်ပြည်သူများဟာ ဖောင်ဒေးရှင်းအတွက် အလှူငွေပါ တတ်နိုင် သလောက် ထည့်ဝင်လှူဒါန်းကြကြောင်း သိရပါတယ်။ -- Ref: rarefacts http://www.innewsmyanmar.com/2012/12/blog-post_5884.html --- www.ads.com.mm --


အမေရိကန် ရော့ခ်ဂီတ အဆိုတော်ကြီး ဘွန်ဂျိုဘီ (Bon Jovi) ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက စလို့ ကြိုက်သလောက်စား နိုင် သလောက်သာ ရှင်းစရာလိုတဲ့ စားသောက်ဆိုင် ကို သူ့ရဲ့ မွေးရပ်မြေ အမေရိကန်၊ နယူးဂျာဆီ ပြည်နယ်မှာပဲ ဖွင့်လှစ်ထားပါတယ်။

အင်္ဂလိပ်လိုတော့ Pay what you can စားသောက်ဆိုင်လို့ အမည်ပေး ထားပါတယ်။ သက်သက် အလှူလုပ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ ပေး စရာ ငွေမရှိရင် နောက်ဖေးမှာ ပန်းကန်သွားဆေးပေးလို့ လည်း ရပါတယ်။ စားပွဲထိုး မိနစ်အနည်းငယ် လုပ်ပေးလိုက်လို့လည်း ရပါတယ်။ တစ်ခု ခုတော့ ပြန်ပေးရမှာ ဖြစ်ပါတယ်။ အငယ်၍ တစ်ဒေါ်လာပဲရှိတယ်ဆိုရင် တစ်ဒေါ်လာပဲ ပေးခဲ့လို့ ရပါတယ်။ ဘာမှ မရှိလို့ သူများစားပြီးသား စားပွဲခုန် တစ်လုံး သွားရှင်းပေးလိုက်လို့လည်း ရပါတယ်။ စေတနာ ရှိလွန်းလို့ ဒေါ်လာ ၁၀၀ မကပေးချင်လည်း ရပါတယ်။

ဆိုင်ကိုတော့ မရှိဆင်းရဲများ စားသောက်ရန် ရည်ရွယ်ပါတယ်။ သို့ပေမယ့် လူတန်းစား အားလုံး လာရောက်စားသောက်ရန်လည်း ဖိတ်ခေါ်ပါတယ်။ ဆိုင်နဲ့ အစားအစာများက အဆင့်အတန်းရှိပြီး ကျန်းမာရေးညီညွတ်တဲ့ ဟင်းလျာများ ဖြစ်ပါတယ်။

ဘွန်ဂျူဘီဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းထဲမှာ ပါရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်း ပုဂ္ဂိုလ်များ စာရင်းမှာလည်း ပါရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်လို့လည်း လူသိများသူ ဖြစ် ပါတယ်။ ဒါကြောင့် အလှူအတန်းလည်း ရက်ရောပါတယ်။ ကမ္ဘာတစ်လွှား လိုအပ်တဲ့ နေရာများအားလုံးကို တတ်နိုင်သလောက် လှူဒါန်းနေပြီး ဖောင်ဒေးရှင်းပေါင်း မြောက်များစွာလည်း တည်ထောင်ပါ တယ်။

ယခု ဖွင့်တဲ့ စားသောက်ဆိုင်ကလည်း အလှူအတန်းလည်း ပြုလုပ် ရင်း ဖောင်ဒေးရှင်းအတွက်လည်း ငွေ အလှူခံရင်း ဖြစ်ပါတယ်။ Pay waht you can အမည်ရ စားသောက်ဆိုင်လေးမှာ ကြိုက်သလောက်မှာစားတဲ့ အမေရိကန်ပြည်သူများဟာ ဖောင်ဒေးရှင်းအတွက် အလှူငွေပါ တတ်နိုင် သလောက် ထည့်ဝင်လှူဒါန်းကြကြောင်း သိရပါတယ်။
--
Ref: rarefacts

http://www.innewsmyanmar.com/2012/12/blog-post_5884.html
---

ချစ်သူရှိသောအမျိုးသားများတွင် မရှိအပ်သည့်အချက်(၂၀)


၁ ။ မိမိချစ်သူက ရှော့ပင်ထွက်ချိန်သည့်အခါတွင် အကြောင်းအမျိုးမျိုးပြ ပိုက်ဆံ
မရှိလို့အချိန်မအားလို့ စသဖြင့် (အမှန် က သူငယ်ချင်းများနှင့် ဘီယာသောက် ၊
ဘောလုံးပွဲကြည့်ရန် ) မိမိချစ်သူကိုငြင်းပယ်တတ်ခြင်း ။
၂ ။ ချစ်သူရှေ့တွင် အလိုက်ကမ်းဆိုးမသိ ကွမ်းစား ခြင်း ဆေးလိပ်သောက်ခြင်း ဖြင့်
ချစ်သူ အား ရော ဂါတိုးစေခြင်း ။
၃ ။ မိမိချစ်သူက အချော့ခံချင်၍ အသေးအဖွဲကိစ္စလေးကအစ စိတ်ကောက်သည့်အခါ
နားလည်မှုမပေးပဲ ပြဿ နာ အကြီးကြီးရှာတယ် ဘာမှမဟုတ်တာလေးနဲ့ စိတ်ကောက်တယ် ဟု
အထင်လွဲခြင်း ။
၎ ။ မိမိချစ်သူက စိတ်အားငယ်သည့်အခါတွင် အားပေးဖော်မရပဲ မင်းမျက်နှာကြီးကလည်း
အမြဲစိတ် ပျက်နေ တဲ့ပုံကြီးပဲ ငါနဲ့တွဲရတာပျော်တော့ဘူးလားဟု
ဘုဂလန့်စကားများပြောဆိုခြင်း ။
၅ ။ မိမိချစ်သူက အမှတ်တရလက်ဆောင်ပစစ္စည်းအသေးအဖွဲလေးများ လဲလိုသည့်အခါတွင်
အရေးမကြီး တဲ့အ လုပ်တွေပါကွာ စိတ်ထဲက ချစ်နေရင်ပြီးတာပါပဲဟု ငြင်းပယ်တတ်ခြင်း ။
၆ ။ မိမိချစ်သူကိုပေးရမည့်အချိန်ထက် ဘောလုံးပွဲနှင့် မိမိအလုပ်များကို သာ
အချိန်ပေးနေတတ်ခြင်း ။
၇ ။ မိမိချစ်သူက ရှေ့ရေးအတွက် အလေးအနက်ထားတိုင်ပင်သည့်အခါတွင်
ပေါ့ပျက်ပျက်ဖြင့် အလေးမထားသလို အချိန်တန်ရင်နွားပိန်ကန်ပါလိမ့်မယ်ကွာ
နောက်တော့လည်း ဖြစ်လာမှာပေါ့ စသဖြင့် ဆင်ခြေဆင်လက်ပေးတတ်ခြင်း ။
၈ ။ မိမိချစ်သူက လုပ်ဖော်ကိုင်ဖက် အမျိုးသားများနှင့်
အလုပ်သဘောအရဆက်ဆံမှုရှိသည့်အခါမျိုးတွင် နားလည်မပေးနိုင်ပဲ နင်ငါ့ကွယ်ရာမှာ
တခြားဘဲနဲ့ကြိတ်ပုန်းခုတ်နေတာလားဟု သံသယထား စွပ်စွဲတတ်ခြင်း ။
၉ ။ မိမိချစ်သူက အကြောင်းတစုံတခုကြောင့် စိတ်ကောက်နေသည့်အချိန်တွင် မိမိက (
ဘာကြောင့်ပဲ မှားမှား ယောင်္ကျားလေးဖက်က အရင်စချော့ရမည် ) ဟူသော မူကို
လက်ကိုင်မထားပဲ ယောင်္ကျားတန်မဲ့ မိန်း
ကလေးနှင့်အပြိုင်စိတ်ဆိုးစိတ်ကောက်တတ်ခြင်း ။
၁၀ ။ မိမိချစ်သူက မိမိအား တခြားအမျိုးသမီးများနှင့် မိန်းကလေးသဘာဝ
သ၀န်တိုသောအခါများတွင် အော် ဒါ မိန်းကလေးသဘာဝပါလား ငါ့ကို ချစ်ရှာတာပဲလေဟု
နားလည်မပေးပဲ နင်င့ါကို မယုံဘူးလား ငါ့အချစ်ကို စော်ကားတယ် စသဖြင့်
ရန်စကားပြောဆိုခြင်း ။
၁၁ ။မိမိချစ်သူက မိမိအတွက် အလှပဆုံး ပြင်ဆင်လာသည့်အခါတွင် အော် သူလှတာလေးကို
ငါ့ကို ကြည့်စေ ချင်ပါလား ဟု ဖြည့်စွက်မတွေးပဲ နင်ငါရှိနေတာတောင်
တခြားဘဲတွေကြောင်အောင် ဘာလို့ အလှပြင်လာတာလဲ စသဖြင့် ပြဿနာရှာခြင်း ။
၁၂ ။ မိမိချစ်သူက တစ်ဖက်က PCO ဖုန်းပြောနေသည့်အခါတွင် မိမိက အားမနာလျှာမကျိုး
အရည်မရအဖတ်မရ ဖုန်းဘေလ်တတ်အောင် ပြောဆိုခြင်း ။
၁၃ ။ မိမိချစ်သူက Facebook တွင်တခြားအမျိုးသား သာမန်သူငယ်ချင်းများသို့
သွားလည်သည့်အခါတွင် ထိုအမျိုး သားများအား အကြောင်းမရှိအကြောင်းရှာ
ရန်သွားစတတ်ခြင်း ။
၁၄ ။ မိမိချစ်သူက အတူသုံးချင်၍ ဂျီမေလ်းပါ့စ၀ပ်တောင်းသည့်အခါတွင်
ကိုယ်ကြူထားတာပေါ်သွားမှာစိုး၍ အကြောင်း အမျိုးမျိုးပြ ငြင်းပယ်တတ်ခြင်း ။
၁၅ ။ မိမိချစ်သူက ဘယ်မှာရောက်နေတာလဲဟု မေးသောအခါတွင် (ဘီယာဆိုင်တွင်ရောက်နေပါက
Toilet ထဲ အမြန်ပြေးသွား၍ အေး ငါထမင်းဆိုင်မှာ ဟ ထမင်းစားနေတုန်းပဲ ) (
မာဆတ်ရောက်နေပါက အင်း ခဏလေးနော် ချစ်ရေ ကိုယ်ပုတီးစိပ်နေလို့ ) စသဖြင့်
လိမ်ညာပြောဆိုတတ်ခြင်း ။
၁၆ ။ မိမိချစ်သူ၏ ဖေ့ဘုတ်စာမျက်နှာကို လာလည်သလိုလိုနှင့် သူ့သူငယ်ချင်းများအား
လှည့်ပတ် ၍ အရောဝင်ခင်မင်၍ ကြုံရင် ကြုံသလို ကြူတတ်ခြင်း ။
၁၇ ။ မိမိချစ်သူက ကဗျာရေးသူစာရေးသူဖြစ်ပါက ကွန်မန့်ပေးဖော်မရပဲ အင်တာနက်သုံး၍
ကွန်နက်ရှင်ကျခြင်း လိုင်း မကောင်းခြင်းများကို အကြောင်းပြကာ
ဒိုတာခုတ်ခြင်းဖြင့်အချိန်ကုန်နေတတ်ခြင်း ။
၁၈ ။ မိမိချစ်သူနှင့်ရှော့ပင်အတူထွက်သည့်အခါမျိုးတွင် ကိုယ်တော့
ဒီဟာလေးကြိုက်လာတာ ချစ်ရဲ့လက်ဆောင် အနေနဲ့ဝယ်ပေးပါလားဟင် ဟင် ..ဒီဖိနပ်လေးက
ကိုယ်နဲ့သိပ်လိုက်မှာပဲ ကိုယ့်ကို လက်ဆောင် မပေးချင်ဘူးလားဟင်စသဖြင့်
အားမနာတမ်းပူဆာတတ်ခြင်း ။
၁၉ ။ မိမိချစ်သူက ရေခြားမြေခြားတွင် ရှိနေ၍ မိမိအားမမြင်နိုင်သောအခါမျိုးတွင် (
သူမမြင်ရသော အလုပ် ကိစ္စနှင့်တခြားအကြောင်း ပြချက် များစွာကို အရင်းပြုကာ)
အင်တာနက် ချက်တင်ထိုင်ရန်ပျက်ကွက်ခြင်း ။
၂၀ ။ မိမိချစ်သူက မိမိနှင့်တွေ့ဆုံရန်ချိန်းဆိုပြီးမှ
ကိစ္စတစ်ခုခုကြောင့်ပျက်ကွက်ခြင်း ( မိန်းကလေးကျန်းမာရေး ၊ ဖျားနာခြင်း )
ဆိုလျှင် ချိန်းထားတာ အလေးအနက်ထားပြီးမလာဘူးဟု တစ်ဖက်လူပြဿနာကို အရင်မစုံစမ်းပဲ
မိမိကအရင်ပြဿနာရှာတတ်ခြင်း ။
ကိုပုရိသတို့အတွက်လည်း ရှောင်ရမယ့်အချက်တွေပြောမယ်ဆိုရင် ပြောကုန်မယ်ထင်ပါဘူး ။
ဒီတခါတော့ မျှမျှ တတ အားလုံးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ် ။
စိတ်ထဲကအတွေးလေးတွေကို မျှဝေထားတာဖြစ်တဲ့အတွက် ကျနော်ရေးတဲ့စာတွေကို
ဗွေမယူစေချင်ပါဘူး ။ ဒီအတိုင်းလေးကိုယ်နဲ့တိုက်ဆိုင်တာလေးကို ပြင်လိုက်ပြီး
ချစ်သူတိုင်းပြုံးပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေခင်ဗျားး)
မူပိုင်--- ဘိုးတော် ပြန်လည်မျှဝေသည် --လေးးစားးလျက် (လမင်း)

((((( သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု )))))


သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။
၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက် ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။
၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲဖြစ်ဖြစ် ၊ www.addictinggames.com မှာ အွန်လိုင်းဂိမ်းတစ်ခုခုကို ကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဂိမ်းအခွေတစ်ခွေကို ကစားတာပဲဖြစ်ဖြစ်ပေါ့၊ ဂိမ်းကစားခြင်းဟာ သင့်ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
၃။ အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး လိုက်ဆိုပါ။ ကခုန်ပါ။ သီချင်းသံနဲ့အတူစီးမျောရင်း သင့်ရဲ့အချိန်ကို ပျော်ရွှင်စွာ ခံစားပါ။
၎။ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြီး သူတို့မှာ လုပ်စရာ ဘာအစီအစဉ်တွေရှိလဲလို့ မေးကြည့်ပါ။
၅။ ရုပ်ရှင်တစ်ကားလောက် ကြည့်ပါ။ ဘယ်ဇာတ်လမ်းကို ကြည့်ရမယ်ဆိုတာ မသိဘူးဆိုရင်တော့ ခွေငှားဆိုင်ကိုသွားပါ၊ ပြီးတော့ ဘာခွေတွေ အသစ်ထွက်သလဲဆိုတာ မေးကြည့်ပါ။
၆။ တီထွင်ဖန်တီးမှု တစ်ခုခု လုပ်ပါ- ပုံဆွဲပါ။ ဆေးခြယ်ပါ။ လက်မှုပစ္စည်းတစ်ခုခု လုပ်ပါ။ ဒါမှမဟုတ် အဲဒီသုံးမျိုးစလုံး လုပ်ပါ။ သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တံခါးဖွင့်ပေးလိုက်ပါ။
၇။ ကဗျာတစ်ပုဒ် ၊ သီချင်းတစ်ပုဒ် ၊ ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ် ရေးပါ။ အဲဒီ သင့်ရဲ့ အနုပညာတွေကို သိမ်းထားဖို့ နေရာမရှိဘူးဆိုရင်တော့ အခြားသူတွေနဲ့ မျှဝေပါ။ blog တစ်ခု ရေးပါ။ ဒါမှမဟုတ် DeviantArt စာမျက်နှာတစ်ခု ပြုလုပ်ပါ။
၈။ စာအုပ်ဖတ်ပါ။ ဖတ်စရာ စာအုပ်တစ်အုပ် မရှိဘူးလား။ ဒါဆို စာကြည့်တိုက်ကိုသွားပြီး စာအုပ်တစ်အုပ် ငှားပါ။ သင် ဘယ်လိုစာအုပ်မျိုးကို ကြိုက်တတ်တယ်ဆိုတာ မသေချာဘူးဆိုရင် စာကြည့်တိုက်မှူးကို ဘာစာအုပ်ဖတ်ရမလဲဆိုတာ လမ်းညွှန်ခိုင်းပါ။ စာကြည့်တိုက်မှူးက သင့်ကို လိုလိုလားလား ကူညီမှာပါ။
၉။ လုပ်ချင်ရဲ့သားနဲ့ အချိန်မရလို့ မလုပ်ဖြစ်တဲ့အရာတစ်ခုခုကို လုပ်ပါ။ သင့်ရဲ့ အခန်းကို သန့်ရှင်းပါ။ စာအုပ်စင်ပေါ်က စာအုပ်တွေကို ပြန်စဉ်ပါ။ အ၀တ်လျှော်ပါ။ အမှိုက်တွေ ရှင်းချင်ရှင်းပါ။ ဒါမှမဟုတ် လုပ်စရာရှိတဲ့ အိမ်စာကို စောစောစီးစီးလုပ်ထားလိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ သင့်ရဲ့ လုပ်စရာစာရင်းထဲက တခြားတစ်ခုခုကို လုပ်ပါ။
၁၀။ လုပ်အားပေးပါ။ သင့်မှာ အားလပ်ချိန်တွေလည်း တော်တော်များများရှိနေတယ် ပြီးတော့ ပျင်းလည်းပျင်းနေတယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ သင်ပါဝင်လုပ်အားပေးနိုင်တဲ့ ကိစ္စတစ်ခုခု ရှိသလားဆိုတာကြည့်ပါ။ သူတစ်ပါးကို ကူညီဖို့အတွက်ဆိုရင် အချိန်တိုင်းဟာ အချိန်ကောင်းတွေပါပဲ။
ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ပါစေ။ ပျော်စရာကောင်းတဲ့ လုပ်စရာတစ်ခုခု အမြဲတမ်း ရှိနေတယ်ဆိုတာ သတိရပါ။
မူရင်း ။ ။ Top 10 Things to do When You’re Bored by Mel (Teenhelp)http://yourlifesuccess.blog.com/2011/05/18/top-10-things-to-do-when...

((((( ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု )))))


သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။ စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။ ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။ ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။ ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?
၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။
၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။
၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ
သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။
၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ
သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။
၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ
သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။
၇။ အခြားသူတွေကို ကူညီပါ
အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။
၈။ TV သိပ်မကြည့်ပါနဲ့
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။
၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ
ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။
၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ
အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။
Ref: 10 Ways to Start Loving Life by Aja Trinidadhttp://yourlifesuccess.blog.com/2011/04/25/10-ways-to-start-loving-life/

((((( မိန်းမကောင်းအင်္ဂါ (၆၄) ရပ် )))))

ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်
ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
ကိုယ်လက္ခဏာ ၁၆ ရပ်
၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း
စိတ်လက္ခဏာ ၆ ရပ်
၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း
လည်ပင်းလက္ခဏာ ၁ ရပ်
၁။လည်ရေး ၃ ဆင့်ရှိခြင်း
အသံလက္ခဏာ ၃ရပ်
၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း
မျက်နှာလက္ခဏာ ၈ ရပ်
၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း
သွားလက္ခဏာ ၁ ရပ်
၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း
မျက်စေ့လက္ခဏာ ၄ ရပ်
၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း
ဆံပင်လက္ခဏာ ၃ ရပ်
၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း
ဤကားကောင်းခြင်း ၆၄ ရပ်တည်း
ဆရာကြီး ဦးထွန်းလှ

Primary biliary cirrhosis အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသဲခြောက်ရောဂါ


ကျွန်တော်တို့က ရန်ကုန်မှာနေပါတယ်။ ကျွန်တော့်အမေက အသက် (၄၇)နှစ်ပါ။ လွန်ခဲ့တဲ့ ၄ လလောက်က သွေးစစ်ပြီး ဆရာဝန်က PBC လို့ပြောပါတယ်။ Anitbody ကို စင်္ကာပူကိုပို့ပြီးစစ်တာ Positive ဖြစ်နေပါတယ်။ ကျွန်တော်တို့က မောင်နှစ်မ နှစ်ယောက်တည်းရှိတာပါ။ အမေ့အတွက် အရမ်းစိုးရိမ်ပူပန် နေရပါတယ်။ အခုပြနေတဲ့ဆရာဝန်ကတော့ မစိုးရိမ်နဲ့လို့ ပြောပါတယ်။ အခုနောက်ဆုံးသွေးစစ်ထားတဲ့ Bilirubin result က 0.8 ပါ။ ပထမကတော့ 1.5 ရှိပါတယ်။ ဒီရောပါက ဆေးသောက်ပြီး ထိန်းထားလို့ ရ-မရ သိချင်လို့ပါ။ လူနာ အနေနဲ့ ဘယ်လိုမျိုး ဆောင်ရန်-ရှောင်ရန်တွေ လုပ်ဆောင်ရမလဲ သိချင်ပါတယ်။
Primary biliary cirrhosis ဆိုတာ အသဲထဲက အရည်တွေစီးဆင်းတဲ့ Bile ducts ပြွန်လေးတွေမှာ ရောင်ပြီး ရောဂါရတာ ဖြစ်တယ်။ သည်းခြေရည်တွေ မစီးနိုင်တော့ရာကနေ အသဲခြောက်လာတာပါ။ ဘာလို့ဖြစ်သလဲ တိတိကျကျ မပြောနိုင်ဘူး။ Autoimmune disorder (အော်တို-အင်မြူးန်) ရောဂါ၊ ခုခံအား ကမောက်ကမ ဖြစ်တာကနေ ရောဂါရတယ်။ ကိုယ့်ဟာကို ရန်သူထင်ပြီး တိုက်ခိုက်လို့ ဒီရောဂါ ဖြစ်လာတာမျိုး။
၂၅% ဟာ သွေးစစ်ရာကနေသိလာတယ်။ လူနာတဝက်ကျော်မှာ ရောဂါရှိတာသိတဲ့အချိန် ဘာမှမခံစားရသေးဘူး။ တဖြေးဖြေးနဲ့ ဒါတွေဖြစ်လာမယ်။
• အားယုတ်တယ်လို့ ၆၅% ကပြောတယ်။
• ယားတယ်လို့ ၅၅% ကပြောတယ်။
• အသဲကြီးနေတာ ၂၅%၊
• အစက်အပျောက်တွေပေါ်နေတာ ၂၅%၊
• ဘေလုံးကြီးနေသူ ၁၅%၊
• အသားဝါဖြစ်သူ ၁ဝ%၊
• မျက်စိခြောက်၊ အာခေါင်ခြောက် ၅ဝ-၇၅%၊
• ဗိုက်အောင့်၊ အရေပြားအောက်မှာ အဆီလာစု၊ မျက်ခွံမှာ အဝါစက်ဖြစ်။ ဝမ်းထဲအဆီပါ၊ လက်ဖဝါးနီရဲ၊ ပင့်ကူလိုသွေးကြောတွေဖြာထွက်၊ ကြွက်သားတွေလှီ၊ ခြေထောက်ရောင်၊ ဖျဉ်းစွဲ။
နာတာရှည် ဆက်တိုးလာ ဆိုးလာတဲ့ အသဲရောဂါဖြစ်တယ်။ အမျိုးသမီးတွေမှာ ၇၅-၉ဝ% ဖြစ်တယ်။ အသက်အားဖြင့် ၃၉ နှစ်မျာအများဆုံး။ ၃ဝ-၆၅ နှစ်အတွင်အများဆုံးဖြစ်ကြတယ်။ အငယ်ဆုံး ၂၂ နှစ်သမီး၊ အကြီးဆုံး ၉၃ နှစ်ဖြစ်ဘူးတယ်။ ယောက်ျားတွေလဲ ကံမကောင်းပါ။ hepatocellular carcinoma အသဲကင်ဆာပိုဖြစ်တယ်။
ဓါတ်ခွဲခန်း
- Aminotransferases alanine aminotransferase (ALT) နဲ့ aspartate aminotransferase (AST) တွေ မြင့်တက်နေမယ်။
- Alkaline phosphatase (ALP), γ -glutamyl transpeptidase (GGTP) နဲ့ immunoglobulin levels (IgM) တွေ သိသိသာသာမြင်နေမယ်။
- Lipid levels နဲ့ Cholesterol levels (HDL) တွေလဲ မြင့်နေနိုင်တယ်။ ဒါတွေမြင့်နေရင်တော့ atherosclerosis သွေးကြော ကျဉ်းတဲ့အန္တရာယ် ရှိနိုင်တယ်။
- Bilirubin level မြင်နေတာကိုကြည့်ပြီး အသဲအစားထိုးရနိုင်တယ်။
- Prothrombin time များနေတယ်ဆိုတာဟာ Portal hypertension ဖြစ်နေတာကိုပြနေတယ်။
- Albumin level နည်းမယ်၊
- Ceruloplasmin, Bile acids နဲ့ Serum hyaluronate တွေလဲ မြင့်ချင်မြင့်နေမယ်။ အမြဲတော့ မဟုတ်ဘူး။
သွေးထဲမှာ Antimitochondrial antibodies (AMAs) ရှိနေတဲ့အချက်စာ အဓိကကျတယ်။ လူနာတွေရဲ့ ၉ဝ-၉၅% ရှိမယ်။
anti-M2, anti-M4, anti-M8, and anti-M9 တွေဟာ ဆိုးလာတာကိုပြတယ်။
• Profile A (only anti-M9) ဒါမှမဟုတ်
• Profile B (anti-M9) နဲ့/ဒါမှမဟုတ် anti-M2–positive by enzyme-linked immunosorbent assay [ELISA] ဆိုရင်
• Profile C (anti-M2, anti-M4 နဲ့/ဒါမှမဟုတ် anti-M8–positive by ELISA) နဲ့
• Profile D (anti-M2, anti-M4 နဲ့/ဒါမှမဟုတ် anti-M8–positive by ELISA and complement-fixation test တွေထက် အလားအလာကောင်းတာကိုပြတယ်။
Antinuclear antibodies (ANAs) ကို လူနာ ၂ဝ-၅ဝ% မှာတွေ့တယ်။ တချို့မှာ လူကိုစစ်ဆေးကြည့်တော့ ဒီရောဂါ လက္စဏာတွေ ပြနေပေမဲ့ AMA မပြတာလဲရှိနိုင်တယ်။ (အာလ်ထွာဆောင်း)၊ CT နဲ့ MRI တွေကို ဆက်စစ်ဆေးသင့်တယ်။ Anti-mitochondrial antibodies ၉၅% အပေါင်းပြမယ်။ Serum alkaline phosphatase အရေးကြီးတယ်။ Liver biopsy လုပ်နိုင်တယ်။
Treatment ဘယ်လိုကုသမလဲ ဆေးကုသမှုရဲ့ရည်ရွယ်ချက်က ခံစားနေရတာတွေသက်သာစေဘို့နဲ့ နောက်ဆက် ဖြစ်မှာတွေ ကာကွယ်ဘို့ ဖြစ်တယ်။
Medical Care ဆေးဝါးတွေ
• Ursodeoxycholic acid (UDCA) ဆေးကို အများဆုံးသုံးတယ်။ ရောဂါဆက်တိုးနေတာကို နှေးစေမယ်။ ရောဂါ နောက်ကျနေရင် ထိရောက်မှုက မသေခြာဘူး။ ၁ နှစ်ဆေးပေးပြီးနောက်မှာ ဓါတ်ခွဲစစ်ဆေးချက်တွေက တိုးတက်လာသူဆိုရင် အသက်ရှင်နှုန်းဟာ လူကောင်းတွေလိုဘဲ။
• Corticosteroids (ကော်တီကို-စတီရွိုက်) ဆေး၊ ရောဂါလက္စဏာတွေသက်သာစေမယ်။ ဒီဆေးကြောင့် အရိုးပျော့စေနိုင်တာ သတိထားဘို့လိုတယ်။
• Ursodeoxycholic acid က သွေးထဲရောက်နေတဲ့ သည်းခြေရည်ကို ထုတ်ပေးမယ်။ တချို့ ၄ နှစ်အထိ ဆေးပေးတယ်။
• ဝမ်းသွားရာကနေကုန်သွားမဲ့ Vitamins A, K, and D တွေကိုပြန်ဖြည့်ပေးတယ်။ ကယ်လ်စီယမ် ကိုလဲပေးပြီး အရိုးအားနည်းတာ သက်သာစေမယ်။
• Antipruritic treatment အယားသက်သာဆေးတွေ။
o Antihistamines (အင်တီဟစ်တမင်း) ဆေးကို အများဆုံးသုံးတယ်။
o Cholestyramine (Colestipol) ဆေးက အူထဲက ယားစေတတ်တဲ့ သည်းခြေဓါတ်ဆားတွေကို ရှင်းပေးမယ်။
o ဒီဆေးတွေနဲ့ မသက်သာသူတွေကို Rifampin (ရီဖန်ပင်) ဆိုတဲ့ တီဘီ ဆေးကိုလဲ သုံးနိုင်တယ်။
o Dronabinol (Marinol) နဲ့ Plasmapheresis ဆေးတွေကလဲသက်သာစေတယ်။
အလားအလာ တယောက်နဲ့ တယောက် မတူပါ။ ၁ဝ နှစ်တာရောဂါရှိထားသူတချို့၊ ရောဂါဆိုးလာသူ (Bilirubin level များ၊ Prothrombin time များ၊ Albumin နည်းသူ) အတွက် Liver transplantation အသဲအစားထိုးခွဲစိတ်တာ လုပ်ရတယ်။
နောက်ဆက်တွဲဖြစ်နိုင်တာတွေကတော့ သွေးယို၊ ဦးနှောက်ထိခိုက်၊ အရည်နဲ့ ဓါတ်ဆား အချိုးအဆ ပြောင်း၊ ကျောက်ကပ်ထိခိုက်၊ အစာစုပ်မယူနိုင်၊ အာဟာရချို့တဲ့၊ အရိုးအားနည်းတာတွေဖြစ်တယ်။
ရောဂါရှိမှန်းသိချိန်မယ် ဘာမှ မခံစားရသေးသူတွေက နောက်ထပ် ၁၆ နှစ်အသက်ရှင်မယ်။ ခံစားနေရသူဆိုရင် ၇့၅% ရှင်မယ်။ ဒါက ယေဘုယျကိန်းဂဏန်းသာဖြစ်တယ်။
ဒေါက်တာတင့်ဆွေ

သိုင်းလောက၏ စိမ်ခေါ်သံ







တစ်နေ့သ၌ ၀ူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်၏ ဆရာတူ ပညာသင်ဘက်ညီအစ်ကို များ ဖြစ်ကြသော ပွေးမနိုင်ဓားရှင် သာအေးနှင့် မီးခိုးဗုံးနှင့်သွပ်ဒိုင်း သိုင်းဘုရင် ကိုကိုတို့နှစ်ဦး တပည့်များနှင့်အတူ သိုင်းလောကသရဖူလုပွဲ ကျင်းပရာ လက်ပတောင်းတောင်ထိပ်သို့ ကိုယ်ဖော့ပညာဖြင့် အပြေးအလွှား ရောက်လာကြသည်။ ၎င်းတို့၏ ချပ်ဝတ်စုံများကား လေထဲတွင် လွင့်ခနဲ။

လက်ပတောင်းတောင်တ၀ိုက် သိုင်းလောကသားတို့၏ တံခွန်မျ
ားကား တလူလူလွင့်လျှက်ရှိနေသည်။ အစဉ်အလာချန်ပီယံ သရဖူကိုနှစ်တိုင်း နည်းမျိုးစုံဖြင့် ရယူထားသည့် ၀ူတန်းဂိုဏ်းသားများက တခြားသိုင်းလောကသားများအတွက် အဓိကပြိုင်ဖက်ဖြစ်နေသည်။ အဆိုပါသရဖူလုပွဲအား တိုက်ရိုက်ထုတ်လွှင့်ခွင့်ရထားသည့် ဒီဗီဘီရုပ်သံမှ နိုင်ငံတကာသို့ အချိန်နှင့်တပြေးညီ ထုတ်လွှင့်လျှက်ရှိသည်။

ဂိုဏ်းအားကိုးဖြင့် သိုင်းလောက၏ ပထမဓားဘွဲ့ကို ရယူထားသည့် ဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်ကား ဤပွဲသို့ ကိုယ်တိုင်တက်ရောက်ခြင်း မရှိချေ။ ၎င်း၏ လူယုံများကိုသာ ယုံကြည်အားကိုးစွာ စေလွှတ်လိုက်သည်။ ၀ူတန်းဂိုဏ်းသားများအား စိမ်ခေါ်ရန် အားမာန်အပြည့်ဖြင့် စောင့်ဆိုင်းနေသူများသည်ကား ခေတ်အဆက်ဆက် ၀ူတန်းဂိုဏ်း၏ အနိုင်ကျင့်ဗိုလ်ကျမှုများကို ခံစားနေရသူ အရပ်သားများဖက်မှ အမြဲတစေ ရပ်တည်ကာကွယ်ပေးနေသည့် ပြည်သူ့ဖက်တော်သား ရှောင်လင်ဂိုဏ်းသားများပင် ဖြစ်ပေသည်။ ရှောင်လင်ဂိုဏ်း၏ သပိတ်လက်နက်သိုင်းကွက်မှာ ယခုနှစ်ပိုင်းအတွင်း သိုင်းလောကတွင် တဟုန်ထိုးကျော်ကြားလာသော သိုင်းကွက်ဖြစ်သည်။ ယခုအချီတွင် ထိုသိုင်းကွက်၏ အစွမ်းသတ္တိကို ၀ူတန်းသိုင်းသမားများနှင့် ယှဉ်ပြိုင်၍ သက်သေပြရန် ရှောင်လင်ကိုယ်တော်များ ဆန္ဒပြင်းပြလျှက်ရှိသည်။

သရဖူလုပွဲသို့ရောက်သည်နှင့် ၎င်းတို့အတွက် သီးသန့်စီစဉ်ထားရာ နေရာမှ ပွဲခင်းတ၀ိုက်ကို လှမ်းမျှော်ကြည့်ရင်း ပွေးမနိုင်ဓားရှင်သာအေး ကျောနည်းနည်းစိမ့်သွားသည်။ ရှောင်လင်ဂိုဏ်းသားများကား ကြွေးကြော်သံများ အော်ဟစ်လျှက်ပွဲခင်းတစ်ခုလုံး ပြည့်အောင် နေရာယူထားသည်ကို တွေ့ရသည်။ သာအေးက သွပ်ဒိုင်းကိုကိုအား တီးတိုးတစ်ခုပြောလိုက်သည်နှင့် သွပ်ဒိုင်းကိုကိုက သူ့လူများအား အချက်ပြလိုက်သည်။ ၀ူတန်းဂိုဏ်း၏ နာမည်ကျော် သွပ်ဒိုင်းရန်ကာ သိုင်းကွက်စခင်းလေပြီ။

" တာဝတိံသာ နတ်ရွာလော..ဒူးချပ်ချပ်.. ဒူးချပ်ချပ်"

ဝူတန်းဂိုဏ်း၏ သွပ်ဒိုင်းသိုင်းကွက်အား ရှောင်လင်များ မမှုချေ။ နောက်မဆုတ်တမ်း အံတုသောအခါ သွပ်ဒိုင်းသိုင်းသမားများ အသာအယာပြန်ဆုတ်သွားကြသည်။ နောက်ထပ် သုံးလေးခါ ကြိုးစားကြည့်သည်။ အရာမထင်ချေ။ ပွေးသိုင်းသာအေး ဒေါသတကြီးဖြင့် လက်နက်ပုန်းဖြင့် ပစ်ရန်ပြုသည်။ သို့သော် ပြိုင်ပွဲစည်းကမ်းအရ လက်နက်ပုန်း သုံးခွင့်မရှိသည့်အတွက် လက်ရုတ်ထားလိုက်ရသည်။ ထိုအချိန်တွင် ဗုံတီးသံများ ရုတ်တရက်ကြားလိုက်ရပြီး တူညီဝတ်စုံဝတ်ဆင်ထားသည့် လူတစ်စု သာအေးအနီးရောက်ရှိလာသည်။

"၀မ်ပေါင်းဂိုဏ်း"

ဝမ်းပေါင်းဂိုဏ်းခွဲမှူးက ပွေးသိုင်းသာအေးနှင့် သွပ်ဒိုင်းကိုကိုတို့အား တီးတိုးပြောလိုက်သည်။

"မနက်ဖြန် အော်မေ့ဂိုဏ်းချုပ်ကိုယ်တိုင် ရှောင်လင်တွေကို ကူဖို့ တက်လာမယ်လို့ သတင်းရထားတယ် သူရောက်လာရင် မလွယ်ဘူး ဒါကြောင့် ဒီကိုယ်တော်တွေကို ဒီနေ့အပြတ်ရှင်းရမယ် ဟောဒီမှာ အထူးစပါယ်ရှယ်စီရင်ထားတဲ့ လက်နက်ဆန်း အဲဒါနဲ့စမ်းတိုက်ကြည့်"
" အဲဒီလက်နက်ဆန်းက ဘာစွမ်းတုန်း"
" မမေးနဲ့ လုပ်စရာရှိတာလုပ် အဲဒါဝမ်ကျားပေါင် အမိန့်ပဲ"

ဝမ်ကျားပေါင်နာမည်ကြားသည်နှင့် သာအေးနှင့်ကိုကို ဆတ်ခနဲတုန်သွားသည်။ တလောက သူတို့စီနီယာကြီး အောင်မင်းပင် ၀မ်ကျားပေါင်အား ချီးတုန်အောင်ကြောက်ရကြောင်း သိုင်းလောကတစ်ခုလုံးကို ၀န်ခံဖူးသည်။ ဤပွဲ၌ အရှုံးပေး၍ကလည်း မဖြစ်၊ အော်မေ့ဂိုဏ်းချုပ်ရောက်လာလျှင် သူတို့အရှက်တကွဲ ရှုံးနိမ့်တော့မည်။ သူတို့၏ အကျိုးစီးပွားအား နည်းမျိုးစုံဖြင့် နှောင့်ယှက်နေသော ရှောင်လင်များကိုလည်း သမချင်သည်။ သို့သော် ဘလိုင်းကြီး လက်နက်ဆန်းထုတ်တိုက်လျှင် ဤပွဲ၏အနိုင်အရှုံးကို လောင်းကြေးထပ်နေကြသည့် ပြည်ပရောက်သိုင်းလောကသားများက သူတို့ကို အန္တရာယ်ပြုရန် အကြောင်းရှာ၍ ရသွားနိုင်သည်။ ထို့ကြောင့် ကိုကိုက အတွင်းအားသုံး၍ လော်စပီကာဖြင့် အော်လိုက်သည်။

"ရှောင်လင်ကိုယ်တော်များ ဆုတ်ခွာပေးကြပါ ဆုတ်ခွာမပေးပါက မိမိတို့အနေဖြင့် လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားရပါလိမ့်မည် "

ရှောင်လင်ကိုယ်တော်များက တုတ်တုတ်ပင်မလှုပ်။ ကိုကိုက သာအေးအား မေးဆတ်ပြလိုက်သည်။ သာအေးက ခေါင်းပြန်ငြိမ့်ပြသည်။ ၀မ်ပေါင်းဂိုဏ်းချုပ်က ပြုံးနေသည်။

"မီးခိုးဗုံးသိုင်းကွက်"
"ဖောင်း...၀ုန်း..ဂွမ်း"

ကောင်းကင်ပေါ်သို့ မီးခိုးတန်းများ ထိုးတက်သွားပြီး ရှောင်လင်ဂိုဏ်းသားများထံ ကျရောက်သွားသည်နှင့် မီးလုံးကြီးများဖြစ်သွားပြီး ကျသည့်နေရာအနှံ့ မီးတောက်မီးလျှံများ ပြန့်နှံ့သွားသည်။ ရှောင်လင်ဂိုဏ်းကား ၀မ်ပေါင်းလက်နက်ဆန်းအောက်တွင် မရှုမလှရှုံးနိမ့်သွားရလေပြီ။

*******************************
ဝူတန်းဂိုဏ်းဌာနချုပ်

ဝူတန်းဂိုဏ်းချုပ်ကြီးရှေ့တွင် ပွေးသိုင်းသာအေးနှင့် သွပ်ဒိုင်းကိုကိုတို့ မျက်နှာငယ်လေးနှင့် ရပ်နေသည်။ ၀ူတိန့်ရှိန်က ၎င်းတို့နှစ်ဦးအား ဒေါသတကြီးဆူပူလျက်ရှိသည်။

"မင်းတို့လုပ်တဲ့ ပြဿနာ ခု ငါ့ခေါင်းပေါ်ရောက်လာပြီ အဲဒါဘယ်လိုရှင်းမလဲ ပြော "

သာအေးက မျက်လုံးလေး ထောင့်ကတ်ပြီး ပြန်ဖြေသည်။

"ဟင့် တားတို့ ဘယ်လိုရှင်းတတ်မှာယဲရို့"

"အေး မရှင်းတတ်လို့မရဘူး၊ မင်းတို့မရှင်းတတ်ရင် ငါ့ကိုလူတွေ ၀ိုင်းသမကြလိမ့်မယ်.. လက်ဝဲရံ ဘယ်ရောက်နေလဲ လာခဲ့စမ်း ဒီကို"

လက်ဝဲရံ မှူးဇော်ထွက်လာသည်။ ၀ူတိန့်ရှိန်က-

"ဒီကောင်တွေ စောက်သုံးမကျဘူး ထုံးစံအတိုင်း မင်းကြည့်ကျက်လှုပ်ရှားလိုက်"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး"

လက်ဝဲရံကချက်ချင်း သူ၏ဖေ့ဘုတ်စာမျက်နှာနှင့် ၀ူတန်းဂိုဏ်းပြန်ကြားရေးဝက်ဆိုက်တွင် ကြေငြာချက်တစ်စောင်ထုတ်လိုက်သည်

"ရှောင်လင်ဂိုဏ်းသားများသည် မီးလောင်နိုင်သည့် ချပ်ဝတ်တန်ဆာများကို ၀တ်ဆင်ထားသောကြောင့် ၀ူတန်းဂိုဏ်းမှ အမြဲသုံးနေကျ မီးခိုးဗုံးသိုင်းကွက်ကို ခံနိုင်ရည်မရှိပဲ မီးလောင်ခံရခြင်းဖြစ်ကြောင်း ကြေငြာအပ်ပါသည်"

အဆိုပါကြေငြာချက်ကြောင့် သိုင်းလောကတစ်ခုလုံး ဆူပွက်သွားသည်။ ၀ူတန်းဂိုဏ်းသားများက ထိုကြေငြာချက်ကို ထောက်ခံကြောင်း ထပ်ဆင့်ကြေငြာကြပြန်သည်။ တခြားဂိုဏ်းများက လုံးဝလက်မခံ။ တကိုယ်တော်သိုင်းသမားများပင် ထိုကြေငြာချက်ကို ခါးခါးသီးသီး ကန့်ကွက်ကြသည်။ ကန့်ကွက်သည့် သိုင်းသမားများတွင် အော်မေ့ဂိုဏ်းမှ ကုန်းကုန်း ဒီမို ဖက်တီး ကအဆိုးဆုံးဖြစ်သည်။ ထိုအချိန်တွင် ၀ူတန်းဂိုဏ်း၏ လက်ယာရံဇော်ဦးက လက်ဝဲရံမှူးဇော်အား ကြေငြာချက်ပြန်ဖျက်ခိုင်းသည်။ ပြန်ဖျက်လိုက်သော်လည်း သိုင်းလောကသားများ၏ မကျေနပ်ချက်က လျှော့မသွားပေ။ ၀ူတန်းဂိုဏ်းကို ၀ိုင်းဝန်းစိမ်ခေါ်လျှက်ရှိနေကြသည်။ ဒီမိုဖက်တီးအား ၀ူတန်းဂိုဏ်း လျှို့ဝှက် ဂိုဏ်းဝင် ပလေတိုဒီမိုက နှစ်ယောက်ချင်းချရန် ပေါ်တင်စိမ်ခေါ်လိုက်သည်။ သိုငးလောကတစ်ခုလုံး ရှုပ်ထွေးနေချိန်တွင် စတင်ကျူးလွန်သူ သာအေးနှင့် ကိုကိုတို့နှစ်ဦး ၎င်းတို့ကိုအပြစ်တင်ခြင်းမှ လွတ်ရာလွတ်ကြောင်း တပည့်များကို ရှောင်လင်ဂိုဏ်းသို့ လွှတ်၍ တောင်းပန်ခိုင်းလိုက်သည်။ သို့သော် သက်ကြီးဝါကြီးဆရာတော်ကြီးများမှလွဲ၍ တခြားကိုယ်တော်များက လက်မခံချေ။ ထိုအချိန်တွင် သိုင်းလောက အရေးအခင်းကို အခွင့်ကောင်းယူ၍ ၀ူတန်းဂိုဏ်းထိန်းချုပ်ရာနယ်မြေမှ မူဂျာဟစ်ဂိုဏ်း ထသောင်းကျန်းလေ၏။ လောင်းကြေးထပ်သည့်ပွဲတွင် အငြင်းပွားဖွယ် အနိုင်ယူသည့် ကိစ္စကြောင့် ပြည်ပသိုင်းလောကသားများအကြားတွင်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ ၀ူတန်းဂိုဏ်းအား စိမ်ခေါ်ရန်ပြင်ဆင်ကြလေသည်။ ထို့ကြောင့် ၀ူတိန့်ရှိန် ကြံရာမရဖြစ်ကာ အသက်ရှူပေါက်ရှာသည့် အနေဖြင့် ထုံးစံအတိုင်း အချိန်အကန့်အသတ်မရှိကြာမြင့်မည့် စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်သည်။ ဤသို့အခြေအနေများ အရှုပ်ထွေးဆုံးအချိန်တွင်......

မူလတရားခံ ၀မ်းပေါင်းဂိုဏ်းနှင့် ၀ူတန်းဂိုဏ်းမှ ကျောထောက်နောက်ခံပြုထားသည့် ဦးပိုင်ဂိုဏ်းတို့သည်ကား အော်မေ့ဂိုဏ်းချုပ်ဦးဆောင်မည့် စုံစမ်းရေးကော်မရှင် ရောက်မလာခင် သက်သေအထောက်အထားများကို လက်စလက်နဖျောက်ရန် ပြင်ဆင်နေကြပါတော့သည်။

ဆက်ရန်.....:p

နေပြည်တော်လေဆိပ်မှာ ငှက်နဲ့ ခွေး အလိုမရှိ၊ လေယျာဉ်ကွင်းကို စောင့်ကြည်နေ


နေပြည်တော်လေဆိပ်မှာ ငှက်နဲ့ ခွေး အလိုမရှိ၊ လေယျာဉ်ကွင်းကို စောင့်ကြည်နေ
ပေါ်ပြူလာသတင်းဂျာနယ် ကောက်နုတ်ချက်၊ ဒီဇင်ဘာ ၆၊ ၂၀၁၂
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် နှစ်ခုအတွင်း ငှက်၊ ခွေးတို့နှင့် တိုက်မိပြီး လေယာဉ်အန္တရာယ် ဖြစ်ပွားမှု မရှိစေရန် လုံခြုံရေးရဲများ အပါအဝင် ဒေသခံပြည်သူများပါ စောင့်ကြည့် မောင်းထုတ်နေရကြောင်း လေဆိပ် တာဝန်ကျ ရဲတပ်ဖွဲ့ (နေပြည်တော်)မှ သိရသည်။
နေပြည်တော်လေဆိပ် အဟောင်းနှင့် အသစ်ကြားရှိ လေယာဉ်ပြေးလမ်းတွင် ငှက်နှင့် ခွေးများ ဖြတ်သန်းသွားလာမှုကြောင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ သွားလာနေသော လေယာဉ်များအတွက် စိုးရိမ်စရာများ ကြုံတွေ့နေရပြီး တိုက်မှုဖြစ်စဉ်များ မဖြစ်ပွားစေရန် လုံခြုံရေးများနှင့် ဒေသခံတို့မှ ပူးပေါင်းမောင်းထုတ် ကာကွယ်နေရကြောင်း၊ ငှက်နှင့် ခွေးများ တိုက်မိ၍ လေယာဉ်အင်ဂျင် ပျက်စီးခြင်း၊ လေယာဉ်ဘီး ပေါက်ကွဲလမ်းချော်မှု ဖြစ်စဉ်အချို့သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော် လေယာဉ်ကွင်းတွင် ဖြစ်ပွားခဲ့ဖူးကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ကျပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
“ကွင်းအဟောင်းနဲ့ အသစ်ကြားမှာ လေယာဉ်ပြေးလမ်းက တစ်ခုပဲရှိတယ်။ ငှက်က လေပေါ်မှာ ဖြတ်ပျံပြီး လေယာဉ်ကို ဝင်တိုက်ရင် လေယာဉ်ရဲ့ တောင်ပံဘေးနှစ်ဖက်က အင်ဂျင်ထဲကို ရောက်သွားတဲ့အခါ စက်တစ်ခုလုံး ပျက်စီးသွားပြီး ပျက်ကျသွားနိုင်တယ်။ ခွေး ဆိုရင်လည်း ပြေးလမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ သွားနေတဲ့အခါ တိုက်မိတာနဲ့ လမ်းချော်တာ၊ ဘီးကွဲထွက်သွားတာတွေ ဖြစ်ပြီး ခရီးသည်အတွက် အသက်အန္တရာယ်ရှိတယ်။ အဲဒါကြောင့် အခုနေပြည်တော်မှာ ကြိုတင်ကာကွယ် နေရတာပါ” ဟု ၄င်းက ပြောသည်။
လက်ရှိ၌ အဆိုပါလေဆိပ်တွင် အများပြည်သူ သွားလာရေးအတွက် ပြည်တွင်းခရီးသွား လုပ်ငန်းကိုသာ အသုံးပြုနေပြီး ပြည်ပခရီးစဉ်များအတွက် အစိုးရပိုင်း (နိုင်ငံတော် အကြီးအကဲများ၊ ပြည်ပအရေးကြီး ပုဂ္ဂိုလ်များ) အတွက်သာ အသုံးပြု ပျံသန်းပြေးဆွဲပေးနေကြောင်း နေပြည်တော် လေဆိပ်အတွင်းရှိ လေယာဉ်ပြေးလမ်းမှာ အရှည်ပေပေါင်း ၁၂၀၀၀ ရှိကြောင်း သိရသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။












Reference:
http://moemaka.com

Computer မှပြသနာများဖြေရှင်းနည်း (E-Book)


Computer ဆိုတဲ့အမျိုးကလည်း...တော်တော်ထူးဆန်းတယ်....
မဖြစ်ရင်လည်း လုံးဝမဖြစ်ဘူး...ဖြစ်ရင်လည်း.တကယ်ခြေမကိုင်မိလက်မကိုင်မိပါ.......
Computer ကျန်းမာရေးကောင်းနေချိန်မှာတော့.......နည်းပညာကိုမလေ့လာကြပါဘူး...
တစ်ခုခုဖြစ်ပြီဆိုတာနဲ့....စပြီလေ...ဟိုလူ့မေး.....ဒီလူ့မေးနဲ့....   :)
အဲ့လိုမျိုးမဖြစ်အောင်.....ဒီစာအုပ်ကိုဆောင်ထားသင့်ပါတယ်ခင်ဗျာ......
ဆိုဒ်ကလည်း ဘယ်လောက်မှမရှိပါဘူး............
MPT ဈေးမတက်ခင်....ဒေါင်းထားလိုက်ပါခင်ဗျာ........  :D

Download ပြုလုပ်ရန်

ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး - ၂

Liked · about an hour ago

"Beyond the Women"
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/31631_462011610506938_797050896_n.jpg


Yati Magazine

မေး။ ။ လက်ရှိတက္ကသိုလ် ပညာရေးကိုရော ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။

ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်း မဟုတ်ဘူး၊ ဒါအားလုံး ကျွမ်းကျင်တဲ့ သူတွေ၊ တကယ်စိတ်ပါဝင်စားတဲ့ သူတွေနဲ့ ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စပါ။
အဓိကကတော့ တက္ကသိုလ်ပညာရေးဆိုတာက ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ် ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝ စိန်ခေါ်ချက်တွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေးတာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့တံဆိပ်လေး ရရုံနဲ့ မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊

ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင်မှုတွေလည်း ရလာတာပေါ့၊ Lecture တွေကိုလည်း အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်းခန်းထဲမှ ရတာမဟုတ်ဘူး၊ ကျောင်းပြင် ကလည်းရတာ၊ အဲဒီအတွက် ဦးတည်ပြီးတော့ တက္ကသိုလ်ပညာရေးကို ပြန်ပြီး ထူထောင်ရမှာပါ၊

မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊ ကြားရတာရောတွေ့ရ တာရောပေါ့။

ဖြေ။ ။ အားရကျေနပ်မှု ရှိပါတယ်၊ အမေတို့ ဒီကြားဖြတ်ရွေးကောက်ပွဲ အတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွစွာပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ်က နုသေးတာပေါ့၊ စိတ်ကနုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။

အဲဒါကတော့ လူငယ်တွေ မပြောပါနဲ့ လူကြီးတွေတောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီးတယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့ ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊

မေး။ ။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊ အဲဒါမှာ အမေ့အနေနဲ့ ဘယ်လို သုံးသပ်ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။

ဖြေ။ ။ နည်းတယ်ဆိုပေမယ့်လည်း ရှိတော့ရှိသေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြောတယ်၊ ဟို … သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လိုအဆိုလဲ (ပြုံးလျက်) လုံးဝ လက်မခံနိုင်ဘူး။

ဒါလက်ခံနိုင်တဲ့ဟာမဟုတ်ဘူး။ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆိုတာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေးအရ လေ့လာလိုက်တဲ့အခါ ဆိုရင်. . ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊ သူ့ရဲ့ သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်းသည်အတွက် အမြဲပဲ ဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသားနှစ်တုံး သုံးတုံးရှိတယ်ဆိုလို့ ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေ ကျွေးတယ်။

စသဖြင့် နောက်ပြီးတော့ မိသားစုတော်တော်များများမှာလည်း သားယောက်ျားလေးတွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။ နောက်ဆေးတက္ကသိုလ်ကိစ္စ အမေ ခဏခဏ ပြောတာလေ။ အမှတ် . .မိန်းကလေးတွေဆို အမှတ်ပိုများဖို့လိုတယ်ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။

မေး။ ။ နိုင်ငံအတွက်တာဝန်ကျေတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့ မိသားစုအပေါ်မှာ တာဝန်ကျေဖို့ ရာနှုန်းအားဖြင့် ဘယ်လောက် ရှိမယ်လို့ အမေ ယူဆပါသလဲ။

ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစုတာဝန်ကို ယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေမှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကိုယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ။ ရွေးတဲ့အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီးအနေနဲ့ပဲနေမှာလား၊ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။

မေး။ ။ မြန်မာအမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်းနေရာတွေ ရောက်တဲ့နေရာမှာ နည်းနည်းမရှိသလောက် နည်းတယ်လို့ ယူဆရတဲ့အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်မယ်လို့ ထင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ ဆိုင်တာပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့ ဆိုင်တယ်လို့ အမေထင်တယ်။
ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ လွှတ်တော်အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလအတိုင်းအတာတစ်ခုအထိ လိုတယ်။ တစ်ခါတလေ အမျိုးသမီး တစ်ယောက်အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသားတစ်ယောက်အနေနဲ့ကျလို့ရှိရင်တော့ လုပ်ရဲကိုင်ရဲတယ်လို့ မြင်ကြတယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသားတွေကတော့ ဇော်ပဲ။ (ရယ်လျက်)

မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ်အတွင်းမှာ သားတွေအပေါ် လွမ်းဆွတ်မှု အတိုင်းအတာ ဘယ်လောက်ရှိခဲ့ပါသလဲ။

ဖြေ။ ။အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင်နေတတ်တယ်။၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ်ဆိုတဲ့အလုပ် မလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။

မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါသလဲ ခင်ဗျ။

ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာက အလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့ စိတ်ရှိတဲ့ ပညာရှိဆိုရင် အင်မတန် အန္တရာယ်များတယ်။ အဲဒီတော့ စိတ်ဓာတ်က အဓိကလို့ ထင်ပါတယ်။

မေး။ ။ THE LADY ဇာတ်ကားဟာ အမေ့ရဲ့ ဘဝပုံရိပ်ကို ဖော်ပြပေးနိုင်မယ်လို့ ထင်ပါသလား၊ အစစ်အမှန် အငွေ့အသက်လေး ပါသလားခင်ဗျ။

ဖြေ။ ။ မသိဘူး၊ လုံးဝလည်းမကြည့်ဘူး၊ ကြည့်ဖို့လည်း ရည်ရွယ်ချက် မရှိဘူး၊

မေး။ ။ ဗိုလ်ချုပ်ရဲ့ ဇာတ်ကားကိုရိုက်တဲ့အခါ အမေ ဘယ်လို အခန်းကဏ္ဍကနေပြီး ပါဝင်မယ်လို့ ယူဆထားပါသလဲ၊ ဇာတ်ကား ဖန်တီးမှုပီပြင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရော ရှိပါသလားခင်ဗျ။

ဖြေ။ ။ အဲဒါကတော့ ပီပြင်ပါ့မလားဆိုတဲ့ အတွေးလေးက အတိုင်းအတာတစ်ခုထိ ရှိတာပေါ့၊
ဒါပေမဲ့လည်းတော်တဲ့ အနုပညာရှင်တွေကို အားကိုးနေတယ်ဆိုတော့ ဒါကိုဖြစ်မြောက်မယ်လို့ ထင်တယ်။ တခြားနိုင်ငံတကာကလည်း ကူညီချင်တဲ့ စိတ်တွေရှိတဲ့ အခါကျတော့ဒါ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ အမေ့အနေနဲ့ အနုပညာရှင်တွေ အလုပ်ကို ဝင်ပြီးတော့ နှောင့်ယှက်တာမျိုး မလုပ်ပါဘူး၊ ဝင်ပြီတော့ ချုပ်ချယ်တာမျိုး မလုပ်ပါဘူး၊

ဒါပေမဲ့လည်း တချို့နေရာတွေမှာ အမေ့ကိုလည်း အကြံဥာဏ် တောင်းတာတွေတော့ ရှိမှာပေါ့၊ အဲဒီအခါကျလို့ ရှိရင်တော့လည်း အမေမြင်တာတွေ ပြောပြမှာပေါ့။

မေး။ ။ ဒီအသက်အရွယ်မှာ အမြဲတမ်းလန်းဆန်းပြီး သွက်သွက်လက်လက် နေထိုင်နိုင်အောင် ဘယ်လိုများ ကျင့်ကြံနေထိုင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ စည်းကမ်းနဲ့နေတယ် (ရယ်လျက်)။ နောက်ဆုံး ဒါပါပဲ။ စည်းကမ်း ရှိရှိနေလို့ရှိရင် ကျန်းမာရေးကောင်းပါတယ်။

မေး။ ။ အခု အမေရေးတဲ့ စာတွေကို စာဖတ်ပရိသတ်က သဘောကျ တာတွေများတယ်ဆိုတော့ စာအုပ်တွေ ဘာတွေရော ထွက်ဖို့ရှိပါသလား ခင်ဗျ၊

ဖြေ။ ။ စာအုပ်.. ခု သတ်သတ် လုံချင်းစာအုပ်ထုတ်ဖို့တော့ အချိန်လည်း မရှိဘူး၊ အဲဒီတော့ အစီအစဉ်လည်း မရှိသေးပါဘူး၊

မေး။ ။ အမြဲပဲကျင့်သုံးနေထိုင်တဲ့ ဘဝနေနည်းလေးတစ်ခု၊ အဲဒီနည်းလေး တစ်ခုကို စာဖတ်ပရိသတ်အတွက် မျှဝေပေးနိုင်မလားခင်ဗျ။

ဖြေ။ ။ ဘဝနေနည်း… ဘဝနေနည်းဆိုတော့ ပြောရတော့ ခက်တယ်၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်နော်။ အမေကတော့အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်လို့ပဲ စိတ်ထဲမှာထားတယ်၊ အဖြစ်ကို အဖြစ်အတိုင်း မရင်ဆိုင်ဘဲနဲ့ ရှောင်လို့ရှိရင် ဘဝမှာ တိုးတက်မှု မရှိနိုင်ဘူး၊ ရှင်သန်ဖို့လည်း မရှိနိုင်ဘူး၊

အဲဒီတော့ ဘာမဆိုရင်ဆိုင်ရဲရမယ်၊ အဲလို ရင်ဆိုင်တဲ့ အခါကျလို့ရှိရင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ၊ ဒီဆုံးဖြတ်ချက်အတွက် ကိုယ်တိုင်တာဝန်ယူ ရမယ်၊ ဟိုလူ့ကို လွှဲချ ဒီလူ့ကိုလွှဲချ ဒီလို မလုပ်ရဘူး။ တာဝန်ယူတဲ့ တာဝန်ယူစိတ် ရှိရမယ်။

မေး။ ။ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ၊ သူ့အနေနဲ့ သမ္မတ ဒုတိယ သက်တမ်းကို ပြည်သူ့ဆန္ဒရှိရင် သူက အရွေးချယ် ခံမယ်လို့ ပြောထားတာကြောင့် အမေ့ရဲ့ အမြင်သဘောထားလေး တစ်ချက်လောက်တော့ သိပါရစေ။

ဖြေ။ ။ အဲဒါ နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ဘယ်သူမဆို အားလုံးကနေပြီးတော့ မျှမျှတတအခြေခံပေါ်ကနေပြီးတော့ အရွေးချယ် ခံနိုင်အောင်လို့ ကြိုးစားပေးသင့်တယ်။

အခုပြိုင်ရမှာပဲ၊ အခုဒီဖွဲ့စည်းပုံအခြေခံဥပဒေက တရားမှ မတရားတာ၊ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်တဲ့စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင်ပါတယ်။

အောင်ထက် (NYK)

တရားဥပဒေအရဆောင်ရွက်ပေးပါ..။ မြန်မာအမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပါ....။


ရန်ကုန်ဆေးရုံကြီး ဓာတ်မှန် ဌာနမှ အမျိုးသမီး ၀န်ထမ်းတစ်ဦးအား မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ပြီး အတင်းအဓမ္မ လက်ထပ် ခိုင်းစေမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့
ကျွန်မသ
ည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်မှန်ဌာနမှ ဓာတ်မှန်ကျွမ်းကျင်အဆင့်(၂)ဖြင့် တာဝန် ထမ်းဆောင်နေ သူ တစ်ဦး ဖြစ်ပါသည်။ ကျွန်မ၏အမည်မှာ မသင်းဟေမာစိုး (၂၈)နှစ်ဖြစ်ပါတယ်။ ကျွန်မ ၁၄-၁၀-၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဆေးရုံကြီးအဆောင်တွင်ရှိနေစဉ် ဆွေမျိုး နီးစပ်တော်စပ်သော မဇင်မာစိုး၊ မဇင်မင်းစိုး၊ သန်းဇော်အောင်၊ ချစ်ကိုကိုတို့မှ ဆူပါကပ်စတန်ကား (ဇ)/၈၀၇၄ ဖြင့် လာရောက်ခေါ် ဆောင်ခဲ့ပါတယ်။ ပုဇွန်တောင်တွင် မဇင်မာစိုးနှင့် အတူ ဆံပင်ညှပ်ပြီး တာမွေ အခွန် လွတ်ဈေးရှိ မမာလာမြင့် ဆိုင်သို့သွားပြီး မဇင်မာစိုးနှင့် မဇင်မင်းစိုးတို့ ဆင်းနေခဲ့ပါတယ်။ အခွန်လွတ်ဈေး ကနေ တစ်ဆင့် ကျွန်မကို ဆေးရုံပို့ပေးမယ်ပြောပြီး မပို့တော့ဘဲ သန်းဇော်အောင်မှ ဓားထောက်ပြီး မအော်နဲ့ ဟု ပြောပြီး ခရမ်းသုံးခွဘက် ခေါ်သွားပါတယ်။
လမ်းတစ်နေရာတွင်ကားပျက်သွားသဖြင့် ဒေါ်မာလာမြင့်နှင့် စိုးအေး(ခ) ဒါဝတ် တို့ ပြန်လာ ခေါ်ပါ တယ် ။ ပြန်ေ ခါ် လာပြီး သင်္ဃန်းကျွန်း လွတ်လပ်ရေးရပ်ကွက်မှ အိမ်တစ်အိမ် တွင် ဗလီ ဆရာခေါ်ပြီး သန်းဇော်အောင်နှင့် လက် ထပ်ခိုင်းပါသည်။ ထိုစဉ် အချိန်မှာ ည ၃ နာရီခန့် ရှိပါပြီ။ လက် ထပ်ပြီးနောက် အခွန်လွတ်ဈေး ရှိ ဒါဝတ်(ခ) စိုးအေးနှင့် ဒေါ်မာလာမြင့်တို့ ဆိုင်သို့ အတင်းပို့ခဲ့ ပါတ်ယ်။ ဆိုင်တွင် ကျန်ခဲ့ပြီး ကျွန်မမှ သန်းဇော်အောင် အား အမျိုးမျိုး တောင်းပန် ခဲ့ပါတယ်။ ကျွန်မမှာ နံနက်တွင် နိုင်ငံတော်မှ ဓာတ်မှန် ရိုက်စေရန် ခိုင်းစေထားသော အလွန် အရေးကြီး ပုဂ္ဂိုလ် ၄ အား ဓာတ်မှန်ရိုက်ရန် တာဝန်ရှိပြီး ဓာတ်မှန် ခန်းသော့များလည်း ကျွန်မထံ ပါလာသည့် အကြောင်း ပြောပြတောင်း ပန်ပြီး နံနက် ၆ နာရီတွင် ပြန်ပြေး လာခဲ့ပါတယ်။
ကျွန်မ၏အဖြစ်အပျက်များကို ဟင်္သာတရှိ မိဘများထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ မိဘများက လည်း စိုးရိမ်ပူပန်စိတ်များဖြစ်ခဲ့ရပါတယ်။ ထိုသူများ၏ ရန်ကို ရှောင်တိမ်းရန်အတွက် မိဘများက ခွင့်ယူပြီး ဟင်္သာတတွင် ခေတ္တပုန်းအောင်းခိုင်းသဖြင့် မိဘများနှင့်အတူ ဟင်္သာတတွင် နေထိုင်ခဲ့ပါတယ်။
ယခုဖြစ်ရပ်ကို ဦးဆောင်စီစဉ်သူမှာ အောင်မြင့်(ခ)အီစမိုင်း (အမှတ်(၁၈)၊ ၁၂၇ လမ်း၊ ၄ လွှာ သပြေ ကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်များကို သူက ရှင်းပေး မယ်ပြောပြီးကြိုးကိုင်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
သူတို့အားလုံးက ဆေးရုံကြီးတွင် ကျွန်မ လက်ထပ်ထားသော စာချုပ်အား မိတ္တူများ လာရောက်ဖြန့် ဝြေ ခင်း ၊ ဟင်္သာတ ရှိ မိဘများအိမ်ရှေ့မှ ကားဖြင့်လာရောက် အရှက်ခွဲခြင်း များ ပြုလုပ်လာကြပါတယ်။ ဒါကြောင့် ကျွန်မ လည်း လသာရဲစခန်းတွင် ၂-၁၁-၂၀၁၂ ရက်နေ့တွင် သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ပါ တယ်။ ၈-၁၁-၂၀၁၂ ရက်နေ့တွင် ရဲစခန်းမှ ခေါ်သဖြင့် သွားရောက်လက်မှတ်ထိုးခဲ့ရပါတယ်။ (ပ) ၃၄၀/၂၀၁၂၊ ပုဒ်မ ၃၆၆/၁၁၄ ဟု သိရပါတယ်။
တစ်ဖက်မှ တရားခံများကို စတင်ပြီး ခေါ်စစ်ကတည်းက ဟင်္သာတအိမ်ကို ဖုန်းနှင့်အမျိုးမျိုးဆဲဆို ခြိမ်းခြောက် ခဲ့ကြပါတယ်။ အဲဒီကိစဖြစ်ပြီးကတည်း ကျွန်မအမေလည်း နှလုံးရောဂါဖြင့် ဆေးရုံကို တင်ခဲ့ရပါ တယ်။ ကျွန်မ မှာလည်း အရှက်တကွဲအကျိုးနည်းဖြစ်ရသဖြင့် လုပ်ငန်းခွင် သို့ ပြန် မ၀င်ရဲသေးပါ။ရဲစခန်းမှ တရားခံများကို စစ်ဆေးနေတဲ့အချိန်မှာပဲ ကျွန်မကို အနှောင့်အယှက် အမျိုးမျိုးပြု လုပ်တဲ့ အပြင် လူကို ပါ သတ်မည် ဟု ခြိမ်းခြောက်ပြော ဆိုလာပါတယ်။
ယခုအခါ ၄င်းတို့မှာ မလေးရှားသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေပါတယ်။ သူတို့လက်ထဲမှာ လည်းပတ်စ်ပို့စ်များကိုအသင့်ကိုင်ဆောင်ထားပြီးဖြစ်ပါတယ်။ဝန်ထမ်းတစ်ယောက်အနေနှင့်ဆက်လက်တာဝန်ထမ်းဆောင်ရန်မှာလည်း အခက်အခဲများစွာ ရှိနေတဲ့ အပြင် တရား ဥပဒေ၏ စိုးမိုးမှုကိုလည်း မရရှိဘဲကြောက်ရွံ့စွာပုန်းအောင်းနေရပါတယ်။ဒါကြောင့် ကျွန်မကိုအကူအညီပေးဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။

မသင်းဟေမာစိုး
၁၄/ဟသတ(နိုင်)၂၅၀၂၈၉
ဓာတ်မှန်ကျွမ်းကျင်အဆင့်(၂)
ဆေးရုံကြီး ၀န်ထမ်းအိမ်ရာ

(singaporefeel.blogspot.com)

နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်

Lu Bo shared Aye Chan Mon's photo.
နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်

Wednesday, December 05, 2012  

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် "မဖြုတ်ပေးနိုင်ဘူး" ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။

တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်" ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။

ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။

"Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ" ဟု မင်းသမီးက ပြောသည်။

ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။

ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့်  “အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။
မိုးမခအွန်လိုင်း http://moemaka.com/ ကနေ ကူးယူ ဖော်ပြပါတယ်။
 

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ


Wednesday, December 05, 2012

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန်ြ
ငင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် "မဖြုတ်ပေးနိုင်ဘူး" ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။

တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်" ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။

ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။

"Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ" ဟု မင်းသမီးက ပြောသည်။

ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။

ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။
မိုးမခအွန်လိုင်း http://moemaka.com/ ကနေ ကူးယူ ဖော်ပြပါတယ်။


အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ