This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, December 3, 2012

ပရိတ် နှင့် ပရိတ်ရွတ်ဖတ်ခြင်း သဘောတရားများ.


ပရိတ် ဟူသည် ပရိတ္တဟူသည့် ပါဋ္ဌိမှဆင်းသက်လာခြင်းဖြစ်သည်။ အကာအကွယ်၊ အရံအတားဟု
ဆိုလိုကြောင်း သိထားကြပါတယ်။ ဘုရားရှင် ဟောကြားခဲ့သော သုတ်တော် ဒေသနာတော်များထဲမှာ ဆရာတော်များက ထုတ်နှုတ်ရွတ်ဖတ်ပူဇော်စေတာဖြစ်ပါတယ်။

ပရိတ်ကြီး(၁၁)သုတ်ကိုစီစစ်လျှင်
ပရိတ်ကြီး(၁၁)သုတ်၏ အရင်းအမြစ်ကို စီစစ်ရင် အောက်ပါအတိုင်း တွေ့ရပါမယ်။
၁။ မင်္ဂလသုတ် - ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော်။
၂။ ရတနာသုတ် - ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော်။
၃။ မေတ္တသုတ် - ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော်။
၎။ ခန္ဓသုတ် - ဝိနယပိဋက စူဋ္ဌဝဂ္ဂပါဠိ၊ အင်္ဂုတ္တရ နိကာယ၊ တိကနိပါတ ပါဠိ၊ တိကနိပတ်။
၅။ မောရသုတ် - ခုဒ္ဒက နိကာယ၊ ဇာတက ပဠိ၊ ဧကက နိပါတ်။
၆။ ဝဋ္ဋသုတ် - ခုဒ္ဒကနိကာယ၊ စရိယာပိဋက ပါဠိ၊ ဇာတကပါဠိ၊ ဧကက နိပါတ်။
၇။ ဓဇဂ္ဂသုတ် - သံယုတ္တနိကာယ၊ သတ္တ သံယုတ်။
၈။ အာဋာနာဋိယသုတ် - ဒီဃနိကာယ၊ ပါထိ ကဝဂ္ဂ ပါဠိ။
၉။ အင်္ဂုလိမာလသုတ် - မဇ္ဈှမနိကာယ၊ မဇ္စျိမ မဏ္ဏာသ ပါဠိ။
၁၀။ ဗောဇ္ဈင်္ဂသုတ် - သံယုတ္တနိကာယ၊ ဗောဇ္ဈင်္ဂသံယုတ်။
၁၁။ ပုဗ္ဗာဏှသုတ် - အင်္ဂုတ္တရနိကာယ၊ တိကနိပါတ် ပါဠိ တို့၌ အသီးသီး ပါဝင်နေကြောင်း တွေ့ရှိရပေသည်။
ဒါဆိုရင်တော့ ပရိတ်တော်တွေကို မူရင်းပိဋကတ်တော်တွေမှာ တိုက်ရိုက်လေ့လာလို့ရပါပြီ။
ပရိတ်ဟာ ဓမ္မလည်း ဖြစ်ရမယ် ။ အကာအကွယ်လည်းဖြစ်ရမယ်။လောကီ ၊လောကုတ်ကိုလည်း အကျိုးပြုရမယ်… လို့ဆိုပါတယ်။ ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းရဲ့ အကျိုးကျေးဇူးကို အာဋာနာဋိယသုတ် တော်ရဲ့ အဆုံးနားမှာ အချုပ်အားဖြင့် တွေ့ပါမယ်။

မြန်မာဆရာတော်တွေကတော့ နတ်တွေစောင့်ရှောက်မယ်၊အနာရောပါကင်း ၊အဆင်းလှ၊ စိုးရိမ်မှုကင်း၊ ဘေးရန်ကင်း၊ အသက်ရှည်ခြင်းတွေ ဖြစ်မယ်လို့ ဆိုပါတယ်။သီဟိုရ်ကဆရာတော်တွေကတော့
အာဋာနာဋိယသုတ် တော်ရဲ့ အဆုံးနားမှာ နည်းနည်းမူခွဲပြီး ရွတ်ဆိုတယ် လို့ သိရပါတယ် ။
ဒါတွေကတော့ ပရိတ်စာအုပ်တွေမှာပါနေကျ သတိပြုစရာတွေပါ ။

ပရိတ်ရွတ်သူအင်္ဂါ(၃)ပါး
၁။ ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင်ရွတ်ဆိုခြင်း။
၂။ အနက်အဓိပ္ပာယ်ကိုသိရှိနားလည်ခြင်း။
၃။ ပရိတ်နာသူတို့ အပေါ်၌ သနားကရုဏာရှိခြင်း။

ပရိတ်နာသူအင်္ဂါ(၃)ပါး
၁။ ပဉ္စနန္တရိယ ကံကြီးငါးပါးမှ လွတ်ကင်းခြင်း။
၂။ ကံ၊ ကံ၏ အကျိုးကို ပစ်ပယ်သော (နိယတ) မိစ္ဆာဒီဋ္ဌိ အယူမရှိခြင်း။
၃။ ပရိတ်တော်ကို ယုံကြည်ခြင်း။

ပရိတ်ဒေသနာတော်များကို ရွတ်ဖတ်ကြမည့် ပုဂ္ဂိုလ်များသည် အောက်ပါတို့ကို လိုက်နာ ဆောင်ရွက်သင့်
ပါတယ်။
၁။ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စွာ ရေချိုးခြင်း။
၂။ လျှော်ဖွတ်ပြီး သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ခြင်း။
၃။ သင့်တင့်မျှတရုံသာ စားသောက်ထားခြင်း။
၎။ ပတ်ဝန်းကျင်ဆူညံမှုမဖြစ်ရန် စီမံထားခြင်းပြု၍ အာရုံပြုသင့်ပါတယ်။
ထို့အပြင် ပါဠိတော်များကို ပီသအောင် ရွတ်ဆို၍ ဋ္ဌာန်ကရိုဏ်းကျစေခြင်း၊ ယုံကြည်မှုရှိခြင်း၊ အနက်အဓိပ္ပါယ်ကို နားလည်ခြင်း၊ ပရိတ်နာသူတို့ အပေါ်ဝယ် မေတ္တာဂရုဏာတရားထား၍ လာဘ်လာဘကို မမျှော်ကိုးခြင်း
စသည့်တို့ဖြင့်လည်း ပြည့်စုံရမယ် ဆိုပါတယ်။

ပရိတ်နာသူတို့၌ ရှိရမည့် အင်္ဂါရပ်သုံးပါးမှာ -
၁။ လေးစားကြည်ညိုစွာ နာကြားခြင်း။
၂။ အယူမှားသော မိစ္ဆာဒိဋ္ဌိ ဝါဒတို့မှ ကင်းလွတ်ခြင်း။
၃။ စူးစိုက်ယုံကြည် စွဲမြဲစွာ မှတ်သားခြင်း။
ထိုအင်္ဂါရပ်များနှင့် ပြည့်စုံမှသာ ပရိတ်တော် ဒေသနာ နာရကျိုးအပြည့်အဝ ရရှိနိုင်ပါမယ်။
ဒီတော့ ပရိတ်တော်တွေရဲ့ လိုရင်း ရည်ရွယ်ချက်နဲ့ ဖြစ်စဉ်ကို အရင်လေ့လာကြရအောင် ။ ပြီးမှ အချို့
ဆွေးနွေးလို့ကောင်းတဲ့ သုတ်တော်တစ်ခုခြင်းကို အကျယ်ပြောကြတာပေါ့ ။

( ပရိတ်တွေ ဖြစ်ပေါ်လာပုံ ၀တ္ထုတွေကတော့ တော်တော်များများသိပြီးသား ဖြစ်ပါလိမ့်မယ်။ အားလုံးကို
အကျယ်မရေးချင်တော့ပါ။ ပရိတ်ကြီး (၁၁)သုတ် စာအုပ်တွေမှာ ပါပါတယ်။ အချို့သုတ်တွေမှာတော့
ဗဟုသုတရစရာလေးတွေ ပါနေလို့ ဖြစ်စဉ်ကိုပါ ပြန်ရေးပါမယ် )

၁။ မင်္ဂလသုတ် -
အ - မင်္ဂလာတွေ ၊ဒု - မင်္ဂလာ တွေကို ဘ၀မှာ မဖြစ်စေဖို့ သု-မင်္ဂလာတွေပဲ ဖြစ်စေဖို့
မင်္ဂလသုတ်ကိုရွတ်ကြရတယ် လို့ဆိုပါတယ်။ မင်္ဂလသုတ် ဟာ ဘ၀နေနည်းပါပဲ ။ ကျွန်တော်သဘောကတော့
ရွတ်ဆိုခြင်းဟာ ဘုရားရှင် ရဲ့ နှုတ်တော်က ထွက်လာတဲ့ ဓမ္မခန္မာတွေကို ပူဇော်တာဖြစ်လို့ ကုသိုလ်ရတာကို
လက်ခံပါတယ်။ ဒါပေမယ့် မင်္ဂလသုတ်ကိုရွတ်ဆိုခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်းကို ပိုပြီးသဘောကျပါတယ်။
အသေ၀နာစ ဗာလာနံ လို့ရွတ်နေပြီး ၊ ရာဇ၀တ်သားကို ပုခုံးဖက်ပေါင်းသင်းနေရင် သု-မင်္ဂလာထက် အ -
မင်္ဂလာပဲဖြစ်ဖို့ သေချာပါတယ်။ ရွတ်ဆိုခြင်းက အကျိုးနည်းသွားပါမယ်။ကျင့်ကြံနေထိုင်ခြင်း အရေးကြီးပါမယ်။
ဘုရားရှင်ဟောတော်မူခဲ့တဲ့ သုတ်တော်တွေမှာ ဦးတည်ချက် တစ်ခုကို အကျဉ်း၊ အကျယ် စသည်
ချဉ်းကပ် ဟောပြောတာမျိုးများပါတယ်။ မင်္ဂလသုတ်ကတော့ အကြောင်းအရာများပြီး လောကီ နေနည်းမှသည် နိဗ္ဗာန်အထိ အကြောင်းအရာ စုံလှပါတယ်။ ပိဋကတ်(၃)ပုံ၏ အနှစ်ချုပ် လို့လည်း ဆိုကြပါတယ်။ လူမိုက်နဲ့ပေါင်းမိတာနဲ့ ပညာရှိကို ချဉ်းကပ်မှီဝဲခြင်း၊ ပူဇော်ထိုက်သူကို ပူုဇော်ခြင်း စတဲ့ နောက်ဆက်တွဲ အချက်တွေ ပါပျက်ဆီးသွားပြီး ၊ နောက်ဆုံး နိဗ္ဗာန် ၊ မဂ်၊ဖိုလ်တွေ နဲ့ပါ ဝေးသွားတဲ့ အကြောင်းကို အစီအစဉ်ကျကျ ဟောပြောထားကြောင်း တွေ့ရပါမယ်။
မင်္ဂလသုတ်ဟာ အကျယ်ရေးလို့ ၊ဆွေးနွေးလို့ သိပ်ကောင်းပါတယ်။

၂။ ရတနသုတ် -
ဝေသာလီမှာ ငတ်မွတ်ဆင်းရဲပြီး လူတွေသေကြတယ် ။ဒီတော့ သေသူတွေရဲ့ အပုပ်နံ့တွေကြောင့်
ဘီလူးတွေ၊သူရဲ သဘက်တွေ မြို့ထဲ ၀င်လာပြီး စားကြသောက်ကြနဲ့လူတွေမှာ ဒုက္ခရောက်ရပြန်တယ်။ ဒါကြောင့်
ဘုရားရှင်က ညီတော်အာနန္ဒာကို ရတနာသုတ် သင်ပေးပြီး ရွတ်စေပါတယ်။ ပရိတ်ရေ ဖြန်းစေပါတယ်။ဘုရားရှင်ရဲ့
ဗျာဒိတ်ခံ ပါရမီဖြည့်ခဲ့ရသော ဖြစ်စဉ်များကို အောက်မေ့ ဆင်ခြင်ပြီးမှ ဘုရားဂုဏ်တော် ၊တရား ဂုဏ်တော် ၊သံဃာ
ဂုဏ်တော် တွေကို ရွတ်ဆိုခြင်းသာဖြစ်ပါတယ်။ စကြာဝဠာ ကမ္ဘာတစ်သိန်းအထိ ဘုရားရှင်ရဲ့ အာဏာတော် ထိရောက်
ဖော်ကျူးတယ်လို့လည်း ဆိုပါတယ်။
ရတနသုတ်ဟာလည်း အကျယ်ရေးလို့ ၊ဆွေးနွေးလို့ သိပ်ကောင်းပါတယ်။

၃။ မေတ္တသုတ် -
ရွတ်ဆိုခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်းကို ပိုပြီးဦးစားပေးတဲ့ သုတ်တော်လို့ထင်ပါတယ်။ဒါပေမယ့် ဒီသုတ်တော်ကို ရွတ်ဆိုခြင်းကလဲ အကျိုးရှိကြောင်း ဘုရားရှင်က Recommend ပေးထားပါတယ်။
မေတ္တသုတ်ကို အသေးစိတ်လေ့လာရင် အရံအတားအဖြစ် ရွတ်ဆိုခြင်းထက် ၊ မေတ္တာဘာဝနာကို ပွားများဖို့
ကျင့်စဉ်ဖြစ်နေပါတယ်။လိုအပ်တဲ့ အချက် (၁၅)ချက်နဲ့ တကွ လိုက်နာကျင့်ကြံစရာတွေကို
တိတိကျကျလမ်းညွှန်ထားတဲ့ သုတ်တော်ဖြစ်နေပါတယ်။ ရွတ်ဆိုအော်ဟစ်နေုခြင်းထက် ၊ မေတ္တာဘာဝနာကို
ပွားများပြီး မေတ္တာပို့နေခြင်းဟာ လိုရင်းဖြစ်ပါတယ။်အကျယ်ရေးလို့ ၊ဆွေးနွေးလို့ သိပ်ကောင်းတဲ့ သုတ်တော်ပါပဲ။
စာအုပ်တွေ ၊ဆရာတော်တွေ ဟောပြောတာတွေ အများကြီးကို ရှိပါတယ်။

၎။ ခန္ဓသုတ် -
မြွေနဲ့ အခြား အဆိပ်ရှိသတ္တ၀ါတွေကို သီးသန့် မိတ်ဆွေဖွဲ့ ၊မေတ္တာပို့ တဲ့ သုတ်တော်ဖြစ်ပါတယ်။

၅။ မောရသုတ်
လူတွေရဲ့ အန္တရာယ်ကို ကြောက်တဲပ ဥဒေါင်းမင်း ဟာ နေထွက်လာရင် ရှိခိုးခြင်းကြောင့် အန္တရာယ်မှ
ကင်းလွတ်တဲ့ သုတ်တော်ဖြစ်ပါတယ်။ ဒီနေရာမှာ သက်မဲ့ နေမင်းကို ရှိခိုးတာ မဟုတ်ဘဲ ၊ နေမင်းကို တိုင်တည်ပြီး
လောကကို ဥာဏ်အလင်းပေးတဲ့ ဘုရားရှင်တွေကို ရှိခိုးတာဖြစ်ပါတယ်။

၆။ ဝဋ္ဋသုတ်
မဖောက်မပြန်မှန်ကန် တဲ့ သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။

၇။ ဓဇဂ္ဂသုတ်
ကြောက်စိတ်ပေါ်နေတဲ့ အခါ ဘုရားဂုဏ်တော် ၊တရား ဂုဏ်တော် ၊သံဃာ ဂုဏ်တော် တွေကို အမှတ်ထား
ရွတ်ဆို ပူဇော်ခြင်းဖြစ်ပါတယ်။ အရံအတား လဲ ဖြစ်၊ ကုသိုလ်လည်း ရစေတဲ့ သုတ်တော် ဖြစ်ပါတယ်။

၈။ အာဋာနာဋိယသုတ်
မကောင်းသော နတ်ဆိုးများ၏ရန်မှ ရှောင်ရှားရန် ၄င်း ၊ နတ်ကောင်းနတ်မြတ်တို့ စောင့်ရှောက်ရန်၎င်း
ဘုရားရှိခိုးခြင်း ကိုဖော်ကျူးသော သုတ်တော်ဖြစ်ပါတယ်။

၉။ အင်္ဂုလိမာလသုတ်
အရိယာ ရဟန်းတစ်ပါးရဲ့ သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။

၁၀။ ဗောဇ္ဈင်္ဂသုတ်
သတိ၊ပညာ၊၀ီရိယ၊ ပီတိ ၊ ပဿဒ္မိ ၊သမာဓိ ၊ ဥပေက္ခာ စသော ဗောဇ္ဈင် တရား (၇)ပါး ကို
တိုင်တည်ရွတ်ဆိုသော သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။

၁၁။ ပုဗ္ဗာဏှသုတ်
ကိုယ်၊နှုတ်၊စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသော
နက္ခတ် ၊ကောင်းသော နိမိတ်များသာ ဖြစ်နေမည့် အကြောင်း ရတနာ (၃)ပါးကို အခြေခံ တိုင်တည် သစ္စာတရားကို
ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။

ဒါဆိုရင် -
ပရိတ်ကြီး (၁၁) သုတ်ကို ပြန် သုံးသပ်တဲ့ အခါ
(၁) မင်္ဂလာ ကျင့်စဉ် (မှန်ကန်သော ဘ၀ နေနည်း)
(၂) ရတနာ့ ဂုဏ်တော် များ
(၃) ဘုရားရှိခိုး
(၄) မေတ္တာ
(၅) သစ္စာ တွေပဲ ဖြစ်နေကြောင်း တွေ့ရပါတယ်။
ဒီတော့ ရွတ်ဆိုဖို့ထက် ကျင့်ကြံ ဖို့ကို ဦးစားပေးတဲ့ သုတ်တော်တွေကို ကျင့်ကြံဖို့နဲ့ ၊ ရွတ်ဆို ခြင်းဖြင့်
ကုသိုလ်ရမယ့် သုတ်တော်တွေကို အမှားနည်းအောင် ပီပီပြင်ပြင် ရွတ်ဆိုရင်း အရံအတား ဖြစ်စေကြောင်း ရှေးဦးစွာ
သတိပြုမိပါတယ်။
——————–—————–—————–—————–—————–————–

နောက်တစ်ခုကတော့ - ထေရ၀ါဒ ဗုဒ္မဘာသာဆိုတာ any time , any where, any person ဘယ်သူက
ဘယ်အချိန်မှာပဲ ကျင့်ကျင့် အကျိုးထူးစေမယ့် သစ္စာဓမ္မတွေ ဖြစ်ပါတယ်။ ဥပမာ - ဘုရားဂုဏ်တော် တွေကို အရဟံ ၊
သမ္မာသမ္ဗုဒေါ ၊၀ိဇ္ဖာစရဏ သမ္ပန္နော…………….လို့ လက်ရှိအစဉ်အတိုင်း မရွတ်ဆိုဘဲ ၊ ကိုယ်ကြိုက်သလို ဘဂ၀ါ ၊
လောက၀ိဒူ ၊ အရဟံ စသည် ရွတ်ဆို နှလုံးသွင်းရင်လည်း ဂုဏ်တော်ပွားများမှု အနုဿတိ ရဲ့ စွမ်းအားတွေ
မလျော့ပါဘူး။

တနင်္လာသားမို့ အရဟံ ဂုဏ်တော်ကို တနင်္လာဂြိုလ်သက် အတိုင်း ရှစ်ကြိမ်ရွတ်ရမယ်။ (၀ါ) ပုတီး
(၈) ပတ်ပဲ စိပ်ရမယ် ၊ (၀ါ) တနင်္လာနေ့မှာဘဲ ရွတ်ရမယ် ဆိုတာမျိုးတွေ သတ်မှတ်လိုက်ရင်တော့ ထေရ၀ါဒ
ဗုဒ္မဘာသာ မဟုတ်တော့ပါဘူး။ ဓမ္မစေတီ ဦးကောသလ္လ စကားနဲ့ ပြောရရင်တော့ ” This is no Theravada ” ပါပဲ ။
ကြီး(၉)ကြီးကို အချိန်နဲ့ မီအောင် ပင်ပင်ပန်းပန်း လိုက် ကန်တော့ရတဲ့ အဓိဋ္ဌာန်တွေ ၊ သာမညကို ဘယ်နှခေါက်
သွားရင် ထူးခြားမယ်ဆိုတာတွေ ဟာ ထေရ၀ါဒကနေ တည့်တည့်ကြီးကို သွေဖည်နေကြပါတယ်။
ဘုရားဟော တရားတော်တွေကို ဥုံ ၊ သြောင်း ဘာ၊ညာတွေ ထည့်ပြီး မရွတ်ဆို ဖို့လည်း
အရေးကြီးပါတယ်။ ဒါတွေ ထည့်လိုက်တာနဲ့ ထေရ၀ါဒမဟုတ်တော့ဘူး ဆိုတာ သတိရသင့်ပါတယ်။
ဒီလိုပါပဲ …. ပရိတ်တော်တွေကိုလည်း ဘယ်နေ့မှာ ဘာရွတ်ရမယ်လို့ ၀တ်ရွတ်အသင်းများ
အချိန်အစဉ်ပြေအောင် စီမံရလျှင် ပြဿနာမဟုတ်သော်လည်း ၊ ထိုနေ့တွင် ရွတ်ဖတ်မှ အကျိုးကျေးဇူးပိုရမည်
ဆိုတာမျိုး တွေးခေါ်စီမံလိုက်လျှင် ” This is no Theravada ” ပါပဲ ။ … ဗုဒ္ဓ၏ဒေသနာတော်များသည်
ဘယ်နေ့ဘယ်အချိန်ရွတ်ရွတ် ရွတ်ဖတ်ကောင်းသည်သာဖြစ်ပါသည်။) ဒီစာကြောင်း အရေးကြီးပါတယ်။
ပရိတ်တော် ရွတ်နည်းစာအုပ်တွေမှာ ပါလေ့ပါထရှိတဲ့ သမန္တာ စက္က၀ါဠေသု ….. မှ စပြီး နာနာဥပ ဒ ဝ
တောဝါ အာရက္ခံ ဂဏှ န္တု ။ အထိ စကားရပ်များကတော့ ဘုရားဟော ပါဠိတော်များ မဟုတ်ပါ ။ နတ်များကို ပင့်ဖိတ်ခြင်း သာ ဖြစ်ပါတယ်။ ဘုရားရှင် ပွင့်တော်မူစဉ်ကာလမှာ လူတွေထဲက ကျွတ်တမ်းဝင်သူတွေထက် နတ်၊ဗြဟ္မာမှ ကျွတ်တမ်း ၀င်သူ တွေဟာ မရေနိုင်အောင် များပါတယ်။ သူတော်ကောင်းနတ်၊ဗြဟ္မာတွေဟာ ဘုရားရှင်ရဲ့ တရားတော် တွေကို လွန်စွာကြည်ညို လေးစားကြပါတယ်၊ နာယူရန်လည်း အစဉ်မျှော်လင့်နေတတ်ပါတယ်။
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တာဟာ သူတို့အတွက် ရက်ပိုင်း မျှသာ ( ဥပမာ တာဝတိ’ သာ အတွက် ၂၅ ရက်ကျော်ရုံ ) ရှိသေးလို့ ဘုရားရှင်ရဲ့ အသံတော်တွေ ၊ တရားတော်တွေကို သတိရ တမ်းတနေကြတုန်းရှိပါလိမ့်မယ်။ ဒါကြောင့်မို့ နတ်တွေရဲ့ ကောင်းသော အလိုဆန္ဒကို ဖြည့်ဆည်းရင်း ၊ ကိုယ်ကလည်း သူတို့၏ အစောင့်အရှောက်ကို ရယူနိုင်ရန် လေးလေးစားစား ပင့်ဖိတ်ကြရပါတယ်။

သူတော်ကောင်းနတ်၊ဗြဟ္မာတွေ ရောက်လာရင် သူတို့ထက် ဘုန်း၊ကံနည်းပြီး လူတွေကို ဘေးဥပါဒ်ပေးတတ်တဲ့ နတ်ဆိုးတွေ ၊ သူရဲ ၊သဘက် …စသည် တွေဟာ ပြေးရှောင်ကြရတယ်လို့ ဆိုပါတယ် ။ ဒါကြောင့်လည်း လူသားတွေမှာ အနာရောဂါ၊ဘေးအန္တရာယ်တွေကနေ လွတ်ကင်းကြရပါတယ်။
နတ်ပင့်ရာမှာထိရောက်မှန်ကန်ဖို့လည်း လိုပါတယ်။
(၁) ပင့်ဖိတ်သံကို နတ်များ သတိပြုမိရမယ်၊
(၂) ဘုရားဟော တရားတော်ကို မှန်မှန်ကန်ကန်ရွတ်ဖတ်တာလည်း ဖြစ်ရမယ်၊
(၃) ရွတ်ဖတ်သူကလည်း စည်းစနစ်တကျ ရွတ်ဖတ်တာ ဖြစ်မယ်……..ဆိုရင် သူတော်ကောင်းနတ်၊ဗြဟ္မာတွေတရားနာဖို့ ကြွရောက်ကြမယ်လို့ ယုံကြည်နိုင်ပါတယ်။

ဆရာတော်ကြီးများ ဟောကြားချက်များ သွန်သင်ဆုံးမချက်များနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ၀က်ဆိုက်များမှနေ၍ တစ်ဆင့် ဘာသာ သာသနာ တည်တံ့စေရေး၊ ဆက်လက် ပြန့်ပွားစေရေးအလို့ငှာ ပြန်လည် မျှဝေလိုက်ပါသည်။ နောက်ထပ်လည်း အကျယ်တ၀င့်များ ဆက်လက် တင်ပြပေးပါဦးမည်။


Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင်


Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ …
အဲ ဒါပေမယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ

… ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် …
အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ …
Wi-Fi ချိတ်ထားဖို့ လိုပါတယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ …
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern
ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …
ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …
OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ရင် ဒီလိုလေးပေါ်လာမယ် …
ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ …
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် …
ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် …
ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …
အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???
PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
အားလုံးပဲ အဆင်ပြေကြပါစေဗျာ …

Ref>>>http://myanmarplay.com/?p=4051
www.youtube.com/ မှာလည်းလေ့လာနိုင်ပါတယ်
1.Made a call from my bros mobile .
2.then i clicked the end call button,then there will be small amount of time to go back to lock screen from call screen
3.in this time start clicking menu or home button on the phone.( better is to press end call and immediately start pressing home button,this will take to home scrren)
4.In your web browser from a computer change the password for your account.
5.make sure u have net connection for the mobile
6.now click the sync in mobile,and get back to lock screen and enter the new password

တမာရွက် ရဲ့ထူးကဲတဲ့အာနိသင်များ



Posted by nang kha yea
တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သတိပြု မိကြ ပါတယ်။ တ မာရွက်တင်မက တမာခေါက်တွေ ကို အိန္ဒိယမှာ အလွန်ထင်ရှားတဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့  ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါပေ မဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေးသင့်ပါတယ်။
(၁) ပိုးသတ်အာနိသင်ရှိပါတယ်
တမာရွက်မှာ ဘက်တီးရီးယား၊ ကပ် ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်း ရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာ တဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်
သင့်ခန္ဓာကိုယ်အရေပြား ယားယံ နေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက် ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင် ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့
ပိုး မွှားတွေကို ကင်းစင်စေပါတယ်။
(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်
သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမ ဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာ ဆီကိုလိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အ နာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါ တယ်။
(၄) အရေပြားအနာတွေအတွက် ဆေး စွမ်းကောင်းပါ
နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မ တည့်တာ၊ အရေပြားမှာ အနီကွက်ပေါ် တာ၊ အရေပြားမှာ ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံး ပြုပေးပါ။
(၅) မီးလောင်ဒဏ်ရာကို အမြန်သက် သာစေပါတယ်
မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေး ပါ။ အရေပြားကို အနာအမြန်ကျက်စေ ပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၆) ဆံပင်သား ကျန်းမာစေပါတယ်
တခြားဆံပင်လိမ်းဆီအစား ဆံပင် မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူ အောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထ တာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေ ကို သက်သာလျော့ပါးစေပါတယ်။
(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှု ကို သက်သာစေပါတယ်
တမာဆီကို နာကျင်နေတဲ့ ကြွက် သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ် ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အ ဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
(၈) အစာခြေစနစ်ကို ကောင်းမွန်စေ ပါတယ်
တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက် သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာစေပါတယ်။ ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။
(၉) သန်ကောင်တွေကို ကင်းစင်စေပါ တယ်
တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန် ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အ စွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေလို့ပါ။
(၁၀) သွေးသန့်စင်စေပါတယ်
တမာရွက်ကို ပုံမှန်စားပေးရင် သွေး သန့်စင်စေပါတယ်။ တမာရွက်ဟာ သွေး ထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေပါတယ်။
(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်း ပေးနိုင်ပါတယ်
တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။ အကြောင်းက တော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ ပါ။
(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်
တမာရွက်ကို စားပေးရင် ခန္ဓာကိုယ် ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
ကြယ်စင်
Ref;Good Health

ငွေကြေးစာရင်းမရှင်းနိုင်သဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းကော် မတီ တိုင်ကြားခံရ


မင်းတော်လဝီ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်ရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေး ရွာမီးလင်းရေးကော်မတီက ဒေသခံရွာသားများထံငွေ ကောက် ခံခဲ့ပြီး စာ ရင်းမရှင်းနိုင်သဖြင့် ရွာသားများက မြို့နယ်သို့တိုင်ကြားထားကြောင်း သိရ သည်။

ငွေစာရင်းရှင်းတမ်းနှင့်ငွေသားလက်ကျန်ကို မရှင်းပြနိုင်သည့်အတွက် မီး လင်းရေးအဖွဲ့ ယခင်ဥက္ကဌဟောင်း ဦးအောင်သောင်းနှင့် လက်ရှိ ဥက္ကဌ ဦးဘရွှေ တို့အား နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဘားအံမြို့တရားရုံးသို့ တရား လိုအဖြစ် တိုင်ကြားထားသည်ဟု ဦးဆောင်သူ နိုင်ကွန် ဗလိုင်က ပြော သည်။

“မီးလင်းရေးကော်မတီဥက္ကဌတွေဟာ ကျေးရွာဥက္ကဌတွေပါပဲ၊ဥက္ကဌအဆက် ဆက်က သူတို့လက် ဆင့်ကမ်းပြီးမရှင်းလင်းခဲ့သည့်ငွေကျပ်၂၇၃ သိန်းကို ကျေးရွာလူထုကိုယ်စား လှယ်တွေနဲ့ မှန်ကန်တဲ့ငွေစာရင်းရှင်းတမ်းနဲ့ ရုံးမှာမျက်နှာ ချင်းဆိုင်ရှင်းပေးဖို့ ရပ်ကွက် ကိုယ်စား လှယ် တွေကအကြိမ် ကြိမ်တောင်းဆိုခဲ့တယ်”ဟု နိုင်ကွန်ဗလိုင်က ပြောသည်။

၂၀ဝ၇ ခုနှစ် မတ်လမစတင်၍ လျှပ်စစ်မီးသွယ်တန်းခြင်း၊ မီးတာဘောက်တပ်ဆင်ခြင်းလုပ်ငန်း များကိုလုပ်ဆောင်ခဲ့သဖြင့် မီးလင်းပြီးဖြစ် သော်လည်း မီးလင်းရေးကော်မတီတို့၌ ငွေကြးကိစ္စအရှုပ်အထွေးများ ဆက်လက်ပေါ်ပေါက်နေသည်ဟုလည်း ရွာခံများက ပြောသည်။

ထုံးအိုင်ရွာ၏ရပ်ကွက် (၉) ရပ်ကွက်မှ ကောက်ခံထားသည့်ငွေရှင်းတမ်းကိုမပြနိုင်ဖြစ်နေပြီး ယခုအခါငွေသားလက်ကျန်လည်း မရှိတော့ ကြောင်း သိရသည်။

ထုံးအိုင်ရွာ လျှပ်စစ်မီးလင်းရေးအတွက် အိမ်ခြေ(၈၅၁)အိမ်ထောင်စုမှ အိမ်ထောင်စုအလိုက် ပထမအရစ် (၁)သိန်း၊ ဒုအရစ်(၅)သောင်း၊ တ အရစ်(၁)သိန်း စုစုပေါင်းငွေကျပ် (၂)သိန်းခွဲကို ကောက်ခံခဲ့ခြင်းဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဥက္ကဌဦးဘရွှေနှင့် မီးလင်းရေးကော်မတီဝင်များကို နိုဝင်ဘာ ၂၉ ရက်နေ့က ထုံးအိုင်ပြည်သူ့ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၀၂)အရစုံစမ်းစစ်ဆေးရေးမှုများပြုလုပ်ခဲ့ ကြောင်းကို ထုံးအိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဦးဘရွှေအနေဖြင့် ၄င်းငွေကြေးကိစ္စရပ်များအတွက် ဆက်လက်တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ပြီး ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အ တွက် သုံးစွဲထားရသည်ဟုလွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

အိန္ဒိယမှ ပလက်ဝ ဆိပ်ကမ်း စီမံကိန်းကို စတင်


မောင်ရမ္မာ

ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းတွင်ပါဝင်သည့် ပလက်ဝဆိပ် ကမ်းကို ယခုအခါအိန္ဒိယ၀န်ထမ်များမှစတင်အကောင် အထည်ဖေါ်တည် ဆောက် နေပြီ ဖြစ်သည်။

“ စုစုပေါင်း အိန္ဒိယ နိုင်ငံသား ၁၀ ယောက်က စက်ကရိယာတွေကို အသုံးပြုပြီး မြေ နေရာတွေကို စတင် ရှင်းလင်းနေပြီ ဖြစ်ပါတယ်။ ကျွန် တော်တို့ ပလက်ဝမြို့ကကု လားတန်မြစ် အနောက်ဘက်ကမ်း တည်ရှိ ပါတယ်။ အခု ဆိပ် ကမ်းတည်ဆောက် ရေး အတွက် မြေနေရာ ရှင်းလင်းနေတာ က အရှေ့ဘက် ကမ်းမှာ ဖြစ်ပါ တယ်” ဟု ပလက်ဝ ဒေသခံ ရခိုင်အမျိုးသား တစ်ဦးက ပြောသည်။

ဆိပ်ကမ်း တည်ဆောက်မည့်နေရာကို မြေတူးစက်ကြီး တစ်စီး၊ ဘော်ဒူဇာ bulldozer တစ်စီ၊း ကရိန်း တစ်စီးဖြင့် တောင်များကို ဖြိုချကာ လုပ်ကိုင်နေပြီဟု ဆိုသည်။

“ အခု အဲဒီ ဆိပ်ကမ်းနေရာ အတွက် မြေ(၁၀) ဧကကို အစိုးရက ပေးထားတယ်လို့သိရပါတယ်။ ကြိုးဝိုင်းသစ်တောထဲက မြေတွေပါ။ လက်ရှိ အချိန်ထိတော့ ဒေသခံတွေရဲ့ လယ်တွေ မပါဝင်သေးပါဘူး” ဟု ဆိုသည်။

အိန္ဒိယ နိုင်ငံသားများသည် ပလက်ဝ မြို့ပေါ်တွင် အိမ် (၂) ဆောင်အား ဌားရမ်း နေထိုင်နေကြသည်ဟု ဆိုသည်။

၎င်းအပြင် ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ၁၂၉ ကီလိုမီတာ ရှည်လျားသော အဝေးပြေး ကား လမ်းကိုလည်း အိန္ဒိယ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အိန္ဒိယ ဘက်ခြမ်းတွင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မြန်မာဘက်က လမ်းကိုလည်း ကျောက်တော်မြို့နယ် မဟာမုနိမှ ဖေါက်ယူလာရာ ပလက်ဝ မြို့အနီး ရောက်ရှိနေပြီဟု ဒေသ ခံက ပြောသည်။

ယခုကဲ့သို့ ပလက်ဝတွင် ဆိပ်ကမ်း တည်ဆောက်နေသဖြင့် ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်လာမည်ဟု ဒေသခံပြည်သူများက မျှော်လင့် နေ ကြသည်ဟု ဆိုသည်။

ဤစီမံကိန်းသည် စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ပလက်ဝမြို့ထိ ကုလားတန်မြစ်ကြောင်း အတိုင်း ကုန်စည်များကို သင်္ဘောများဖြင့် သယ် ယူ ပို့ဆောင်မည်ဖြစ်သည်။ ပလက်ဝမှ တစ်ဆင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်ထိ အဝေးပြေး လမ်းမကြီး တစ်ခု ဖေါက်လုပ်ကာ ကုန်ပစ္စည်း များ တင်ပို့မည့် စီမံကိန်း ဖြစ်သည်။

စစ်တွေမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံ ကိန်း အပေါ် သူ့အမြင်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ကုလားတန်မြစ်ကြောင်း စီမံကိန်းက လူဦးရေ သန်း ၁၀၀ နီးပါးရှိတဲ့ အိန္ဒိယရဲ့ အ ရှေ့ဖက်ခြမ်းနဲ့ ရခိုင်ပြည်စစ်တွေမြို့အကြားဆက်သွယ် ပေးမယ့် ကူးသန်းရောင်းဝယ်ရေး ဇုံလို ဖြစ်လာမယ်ဆိုတော့ ရေရှည်မှာ အကျိုးရှိသွားနိုင်တဲ့ အ တိုင်းအတာကြီးမားတဲ့စီမံကိန်းတစ်ခုလို့ မြင် ပါတယ်” ဟု ဆိုသည်။

သို့သော် ကုလားတန် မြစ်ကြောင်း စီမံကိန်းတွင် မြစ်ကြောင်းကို တူးဖေါ်ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်နစ်နာမူများ ရှိနိုင် သ ဖြင့် အထူး သတိထားပြီး လုပ်ဆောင်ရန် လိုကြောင်း သူက ပြောသည်။

“ ပြည်သူ လူထုတွေရဲ့ လိုလားချက်ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍကို ဂရုမစိုက်၊ အသံကိုလည်း လုံးဝ နားမထောင် ဆိုလို့ရှိရင် ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ် အ တွက် ကောင်းကျိုးထက် ဆိုးကျိုးများ နိုင်ပါ တယ်” ဟု ဆိုသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက လူထုဆွေးနွေးပွဲများ ပြုလုပ်ပြီး ချပြခဲ့သော်လည်း စီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာ မူ များ မရှိသည့်အတွက် ပြည်သူများကြားတွင် မကျေနပ်မူများ ရှိနေသည်ဟုလည်း ဦးအောင်မြကျော်က ပြောသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းကို အိန္ဒိယနိုင်ငံ Essar က ၂၀၁၃ ခုနှစ်တွင် အပြီး သတ် အိန္ဒိယရူပီ ၁၁ ဒဿမ ၂၅ ဘီလီယံအကုန်ကျခံ တည်ဆောက်နေသည်။

ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံဖြိုးရေးစီမံကိန်းကို ၂၀၁၀ ခုနှစ် စက်တင်္ဘာလက စတင် အကောင်အထည် ဖေါ် လုပ်ဆောင်လာခဲ့ရာ ၂၀၁ ၃ ခုနှစ်တွင် ပြီးစီးရန် လျာတားထားသည်ဟု သိရသည်။

ထိုင်းမှ တရားမ၀င်လိုင်စင်မဲ့ ကြက်ကလီစာများ ဖမ်းဆီးမီးရှိ့ဖျက်ဆီးနေသော်လည်း ၀င်ရောက်မှုများရှိနေဆဲ ဟုဆို


ထိုင်းမှ တရားမ၀င်လိုင်စင်မဲ့ ကြက်ကလီစာများ ဖမ်းဆီးမီးရှိ့ဖျက်ဆီးနေသော်လည်း ၀င်ရောက်မှုများရှိနေဆဲ ဟုဆို

ရန်ကုန်မြို့-ဒီဇင်ဘာ၂
ထိုင်းနိင်ငံမှတရားမ၀င်လိုင်စင်မဲ့ကန့်သတ် ကြက်ကလီစာများအားဖမ်းဆီးမီးရှိ့ဖျက်ဆီးနေသော်လည်းဝင်ရောက်မှုများရှိနေဆဲဟု မြ၀တီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းMobile Team တာဝန်ခံကပြောသည်။ "
       တရားမ၀င်ကုန်ပစ္စည်းများနှင့် အခွန်ဆောင်မထားသော ကုန်သွယ်မှုလိုင်စင်မဲ့ ပစ္စည်းများအား နိုဝင်ဘာ၂၀ရက်နေ့မှစတင်ကာ တားဆီးပညာပေးမှုများကိုပြုလုပ်နေသော်လည်း ထိုင်းနိုင်ငံမှထုတ်လုပ်သော ကြက်ကလီစာများမှာ ၀င်ရောက်မှုမြင့်မားဆဲဖြစ်ကြောင်း၎င်းကပြောသည်။
       "ဒီနေ့အထိ ကြက်ကလီစာနဲ့ယိုးဒယား ပုဇွန်အဖြူသိန်း၂၀၀ကျော်ဘိုးလောက်ဖမ်းဆီးမီးရှိ့နေတာအခုထိကုန်
သည်တွေကသယ်ဆောင်နေတုန်းပါပဲ "ဟု၎င်းကဆက်
ပြောသည်။
       ကြက်ကလီစာနှင့် ယိုးဒယား ပုဇွန်အဖြူ များသည် ပြည်တွင်စားသောက်ကုန်လုပ်ငန်းများတွင် ကျန်းမာရေးထောက်ခံချက်မရှိပဲစားသုံးရန်မသင့်ဟုရောင်းချရန်ပိတ်ပင်ထားသောကုန်ပစ္စည်းများဖြစ်ကြပြီး မြ၀တီ-ရန်ကုန် လမ်းကြောင်းမှအများဆုံးဝင်ရောက်သော စားသောက်ကုန်များ ဖြစ်သည်။
                                                                                                                                                                                                      ပြည့်ဖြိုး။

ထိုင်းနိင်ငံမှတရားမ၀င်လိုင်စင်မဲ့ကန့်သတ် ကြက်ကလီစာများအားဖမ်းဆီးမီးရှိ့ဖျက်ဆီးနေသော်လည်းဝင်ရောက်
မှုများရှိနေဆဲဟု မြ၀တီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းMobile Team တာဝန်ခံကပြောသည်။ "
တရားမ၀င်ကုန်ပစ္စည်းများနှင့် အခွန်ဆောင်မထားသော ကုန်သွယ်မှုလိုင်စင်မဲ့ ပစ္စည်းများအား နိုဝင်ဘာ၂၀ရက်
နေ့မှစတင်ကာ တားဆီးပညာပေးမှုများကိုပြုလုပ်နေသော်လည်း ထိုင်းနိုင်ငံမှထုတ်လုပ်သော ကြက်ကလီစာများ
မှာ ၀င်ရောက်မှုမြင့်မားဆဲဖြစ်ကြောင်း၎င်းကပြောသည်။

"ဒီနေ့အထိ ကြက်ကလီစာနဲ့ယိုးဒယား ပုဇွန်အဖြူသိန်း၂၀၀ကျော်ဘိုးလောက်ဖမ်းဆီးမီးရှိ့နေတာအခုထိကုန်
သည်တွေကသယ်ဆောင်နေတုန်းပါပဲ "ဟု၎င်းကဆက်ပြောသည်။

ကြက်ကလီစာနှင့်ယိုးဒယားပုဇွန်အဖြူ များသည် ပြည်တွင်စားသောက်ကုန်လုပ်ငန်းများတွင်ကျန်းမာရေးထောက်
ခံချက်မရှိပဲစားသုံးရန်မသင့်ဟုရောင်းချရန်ပိတ်ပင်ထားသောကုန်ပစ္စည်းများဖြစ်ကြပြီး မြ၀တီ ရန်ကုန်လမ်း
ကြောင်းမှအများဆုံးဝင်ရောက်သော စားသောက်ကုန်များ ဖြစ်သည်။ ဧဒင် မှ
 

Apple Company ၏ တရားဝင် ဖြန့်ချိမှု ရရှိရန် ပြည်တွင်း ကုမ္ပဏီအချို့ ဆောင်ရွက်


hlyothwetuyin | 12/02/2012 06:29:00 AM |
နိုင်ငံပေါင်း များစွာကို ဖြန့်ချိလျက် ရှိတဲ့ Apple ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ  တရားဝင် ဖြန့်ချိမှုရရှိဖို့ အတွက် ပြည်တွင်းရှိ ကုမ္ပဏီ အချို့မှ
ကြိုးပမ်းလျက် ရှိတယ်လို့ KMD မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို တရားဝင် ဖြန့်ချိမှု ရရှိဖို့ အတွက် လျှောက်ထားတဲ့ ကုမ္ပဏီတွေ ကတော့ KMD အပါအ၀င် ခန့်မှန်းခြေ ကုမ္ပဏီ ၆ ခုခန့် ရှိတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ရရှိအောင် လျှောက်ထား ရာမှာ အိုင်တီ ကုမ္ပဏီတွေ ပါဝင်သလို အိုင်တီနဲ့ ဆက်စပ်မှု မရှိတဲ့ ကုမ္ပဏီ တွေလည်း လျှောက်ထား တယ်လို့ သိရပါတယ်။
Apple မှ တရားဝင် ကိုယ်စားလှယ် ပေးရာမှာ ထုတ်ကုန် အမျိုးအစား အလိုက် ပေးအပ်တာ ဖြစ်ပြီး ပြည်တွင်းမှ တရားဝင် ဖြန့်ချိမှု အတွက် လျှောက်ထားရာမှာ Apple ထုတ်ကုန် အားလုံး ကိုယ်စားလှယ် ရရှိအောင် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေနဲ့ မိုဘိုင်းလ်ဖုန်း၊ Note Book စတဲ့ ကဏ္ဍအလိုက် ကိုယ်စားလှယ် ရရှိအောင် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အခုလို တရားဝင် ဖြန့်ချိမှု ကိုယ်စားလှယ် ရရှိဖို့အတွက် Apple company က ကျင်းပတဲ့ စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲ ကိုတော့ ပြည်တွင်းမှာ ဖြေဆိုရမှာ မဟုတ်ဘဲ ထိုင်း၊ စင်္ကာပူ စတဲ့ ပြည်ပနိုင်ငံရှိ Apple company ရုံးခွဲတွေမှာ သွားရောက် ဖြေဆိုရမှာ ဖြစ်ပါတယ်။
ဒီလို စာမေးပွဲ ဖြေဆိုပြီး တရားဝင် ဖြန့်ချိခွင့် ရရှိပြီး ပါကလည်း အရောင်းဆိုင်ရဲ့ အရောင်း တာဝန်ခံ ထမ်းဆောင်မယ့်သူ အနေနဲ့လည်း Apple စာမေးပွဲကို ဖြေဆို အောင်မြင် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ဆောင်မှု ပေးတဲ့ စင်တာ Service center မှာ အလုပ်လုပ် လိုသူတွေလည်း ကဏ္ဍအလိုက် Apple စာမေးပွဲ များကို ဖြေဆို အောင်မြင် ပြီးမှသာ တရားဝင် ဖြန့်ချိမှု အတွက် ခွင့်ပြုချက် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားဝင် ဖြန့်ချိမှု အတွက် လျှောက်ထားသူ တွေဟာ Apple Company မှ ချမှတ်ထားတဲ့ အခြား အချက်အလက်တွေ ကိုလည်း သိရှိထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံပေါင်း များစွာကို ဖြန့်ချိလျက် ရှိတဲ့ Apple ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ  တရားဝင် ဖြန့်ချိမှုရရှိဖို့ အတွက် ပြည်တွင်းရှိ ကုမ္ပဏီ အချို့မှ
ကြိုးပမ်းလျက် ရှိတယ်လို့ KMD မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို တရားဝင် ဖြန့်ချိမှု ရရှိဖို့ အတွက် လျှောက်ထားတဲ့ ကုမ္ပဏီတွေ ကတော့ KMD အပါအ၀င် ခန့်မှန်းခြေ ကုမ္ပဏီ ၆ ခုခန့် ရှိတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ရရှိအောင် လျှောက်ထား ရာမှာ အိုင်တီ ကုမ္ပဏီတွေ ပါဝင်သလို အိုင်တီနဲ့ ဆက်စပ်မှု မရှိတဲ့ ကုမ္ပဏီ တွေလည်း လျှောက်ထား တယ်လို့ သိရပါတယ်။
Apple မှ တရားဝင် ကိုယ်စားလှယ် ပေးရာမှာ ထုတ်ကုန် အမျိုးအစား အလိုက် ပေးအပ်တာ ဖြစ်ပြီး ပြည်တွင်းမှ တရားဝင် ဖြန့်ချိမှု အတွက် လျှောက်ထားရာမှာ Apple ထုတ်ကုန် အားလုံး ကိုယ်စားလှယ် ရရှိအောင် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေနဲ့ မိုဘိုင်းလ်ဖုန်း၊ Note Book စတဲ့ ကဏ္ဍအလိုက် ကိုယ်စားလှယ် ရရှိအောင် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အခုလို တရားဝင် ဖြန့်ချိမှု ကိုယ်စားလှယ် ရရှိဖို့အတွက် Apple company က ကျင်းပတဲ့ စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲ ကိုတော့ ပြည်တွင်းမှာ ဖြေဆိုရမှာ မဟုတ်ဘဲ ထိုင်း၊ စင်္ကာပူ စတဲ့ ပြည်ပနိုင်ငံရှိ Apple company ရုံးခွဲတွေမှာ သွားရောက် ဖြေဆိုရမှာ ဖြစ်ပါတယ်။
ဒီလို စာမေးပွဲ ဖြေဆိုပြီး တရားဝင် ဖြန့်ချိခွင့် ရရှိပြီး ပါကလည်း အရောင်းဆိုင်ရဲ့ အရောင်း တာဝန်ခံ ထမ်းဆောင်မယ့်သူ အနေနဲ့လည်း Apple စာမေးပွဲကို ဖြေဆို အောင်မြင် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ဆောင်မှု ပေးတဲ့ စင်တာ Service center မှာ အလုပ်လုပ် လိုသူတွေလည်း ကဏ္ဍအလိုက် Apple စာမေးပွဲ များကို ဖြေဆို အောင်မြင် ပြီးမှသာ တရားဝင် ဖြန့်ချိမှု အတွက် ခွင့်ပြုချက် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားဝင် ဖြန့်ချိမှု အတွက် လျှောက်ထားသူ တွေဟာ Apple Company မှ ချမှတ်ထားတဲ့ အခြား အချက်အလက်တွေ ကိုလည်း သိရှိထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ လကုန်ပိုင်းတွင် နိုင်ငံတကာ အဆင့်မီ Data Center စတင် တည်ဆောက် သွားရန်ရှိ


hlyothwetuyin | 12/02/2012 06:24:00 AM |

ပြည်တွင်းမှာ နိုင်ငံတကာ အဆင့်မီ Data Center တစ်ခုကို ဒီဇင်ဘာ လကုန်ပိုင်းမှာ စတင်ပြီး တည်ဆောက်ဖို့ ပြင်ဆင် လျက်ရှိတာ ဖြစ်တယ်လို့
သိရပါတယ်။ အခုလို တည်ဆောက် ခြင်းကိုလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hitachi ကုမ္ပဏီနဲ့ ပြည်တွင်းမှ MICTDC နဲ့ ပူးပေါင်းပြီး တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာ အဆင့်မီ Data Center ကို တည်ဆောက် သွားဖို့ အတွက် နေရာကိုလည်း လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက် အဆောက်အအုံ တည်ရှိရာ ၀န်းထဲမှာပဲ ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တည်ဆောက်ရာ မှာလည်း ဂျပန်နိုင်ငံမှ အင်ဂျင်နီယာ တွေက ကြီးမှူးပြီး ပြည်တွင်းမှ အင်ဂျင်နီယာ တွေကို နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ပေးပြီး ပူးပေါင်း တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို နိုင်ငံတကာ အဆင့်မီ Data Center ကို ပြည်တွင်းမှာ တည်ဆောက် ရတာဟာ Data Server နဲ့ ပတ်သက်တာ တွေကို လုံခြုံမှုပိုင်းကို အဓိက ရှိစေဖို့နဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တဲ့ အခါ သိမ်းဆည်း ထားတဲ့ ဒေတာတွေကို ပျက်ဆီးမှု၊ ဆုံးရှုံးမှု နည်းပါးစေရေး အတွက် ရည်ရွယ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နိုင်ငံတကာ အဆင့်မီ ဒေတာ စင်တာ တည်ဆောက်မှု ကာလ ကတော့ ၁ နှစ်လောက် နီးပါး အချိန်ယူပြီး တည်ဆောက် သွားဖို့ လိုအပ်တယ်လို့ သိရပါတယ်။


ပြည်တွင်းမှာ နိုင်ငံတကာ အဆင့်မီ Data Center တစ်ခုကို ဒီဇင်ဘာ လကုန်ပိုင်းမှာ စတင်ပြီး တည်ဆောက်ဖို့ ပြင်ဆင် လျက်ရှိတာ ဖြစ်တယ်လို့
သိရပါတယ်။ အခုလို တည်ဆောက် ခြင်းကိုလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hitachi ကုမ္ပဏီနဲ့ ပြည်တွင်းမှ MICTDC နဲ့ ပူးပေါင်းပြီး တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာ အဆင့်မီ Data Center ကို တည်ဆောက် သွားဖို့ အတွက် နေရာကိုလည်း လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက် အဆောက်အအုံ တည်ရှိရာ ၀န်းထဲမှာပဲ ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တည်ဆောက်ရာ မှာလည်း ဂျပန်နိုင်ငံမှ အင်ဂျင်နီယာ တွေက ကြီးမှူးပြီး ပြည်တွင်းမှ အင်ဂျင်နီယာ တွေကို နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ပေးပြီး ပူးပေါင်း တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို နိုင်ငံတကာ အဆင့်မီ Data Center ကို ပြည်တွင်းမှာ တည်ဆောက် ရတာဟာ Data Server နဲ့ ပတ်သက်တာ တွေကို လုံခြုံမှုပိုင်းကို အဓိက ရှိစေဖို့နဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တဲ့ အခါ သိမ်းဆည်း ထားတဲ့ ဒေတာတွေကို ပျက်ဆီးမှု၊ ဆုံးရှုံးမှု နည်းပါးစေရေး အတွက် ရည်ရွယ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နိုင်ငံတကာ အဆင့်မီ ဒေတာ စင်တာ တည်ဆောက်မှု ကာလ ကတော့ ၁ နှစ်လောက် နီးပါး အချိန်ယူပြီး တည်ဆောက် သွားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ပင်စိမ်းရွက်နဲ့ပျောက်စေမဲ့ရောဂါအမျိုးလေးဆယ်


by popozaw
ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။
ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်းအမျိုးမျိုးရှိကြသည်။
မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။
အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွားစေသည်။
ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။
(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။
(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)
(၄) ခေါင်းတခြမ်းကိုက်=ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။
(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ=နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။
(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေးလာပြီးသည့်နောက် သုံးရက်ဆက်တိုက် သောက်ပေးပါ။
(၇) အဖျားနာတာရှည်=န့နက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျသွားပါမည်။
(၈) ငှက်ဖျား=ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။
(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။
(၁၀) အစာမကြေ၊ ဝမ်းကိုက်=ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။
(၁၁) လည်ချောင်းနာ၊ အသံဝင်=ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။
(၁၂) အိုင်းအနာ၊ အဖုအနာ=ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။
(၁၃) အရေပြားအနာများ=(အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။
(၁၄) ဗိုက်ကြောပြတ်=(ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။
(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။
(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။
(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို=ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။
(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်=ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။
(၁၉) ငှက်ဖျားတုန်ချမ်း=ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။
(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။
(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။
(၂၂) သားသမီး ဝေးလိုသော=အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
(၂၃) ချောင်းဆိုးပျောက်=ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။
(၂၄)အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။
(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး=ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။
(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။
(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။
(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက=ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။
(၂၉) သူငယ်နျာ ကျောပူခေါင်းပူ=ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ်ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။
(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။
(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။
(၃၂) ဆီးရောဂါ=ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။
(၃၃) ကင်းမြီးကောက်ကိုက်=ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။
(၃၄) ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။
(၃၅) သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။
နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။
(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက
သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။
(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။
(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။
(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။
(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့်
ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။
ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့်
ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။
ကသစ်ဦး(ကျိုင်းတုံ)
( သူရဇ္ဇ ၂၀၀၃-စက်တင်ဘာ)
source>>>http://natureenergycare.blogspot.com/2012/11/blog-post_6267.html#more

SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်


hlyothwetuyin | 12/02/2012 06:18:00 AM |
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5
ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက် နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သွယ်တန်းမှု ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဟာ စင်ကာပူ နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အချို့ကို သွယ်တန်း နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ချောင်းသာ သို့မဟုတ် ငွေဆောင် ကမ်းခြေ တစ်ခုခုမှ ခန့်မှန်းခြေ ရေမိုင် ကီလိုမီတာ ၂၀၀ ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အတွက် SE-ME-WE-5 ဖိုက်ဘာကြောင်းနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖိုက်ဘာ ဆက်ကြောင်းနဲ့ ချိတ်ဆက်မှု ကိုတော့ လာမယ့် ၅ လအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ချိုင်းနား ယူနီကွန်း နဲ့ တည်ဆောက်ရေး လုပ်ငန်းများ သဘောတူ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
 
 
 
 
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5
ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက် နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သွယ်တန်းမှု ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဟာ စင်ကာပူ နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အချို့ကို သွယ်တန်း နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ချောင်းသာ သို့မဟုတ် ငွေဆောင် ကမ်းခြေ တစ်ခုခုမှ ခန့်မှန်းခြေ ရေမိုင် ကီလိုမီတာ ၂၀၀ ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အတွက် SE-ME-WE-5 ဖိုက်ဘာကြောင်းနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖိုက်ဘာ ဆက်ကြောင်းနဲ့ ချိတ်ဆက်မှု ကိုတော့ လာမယ့် ၅ လအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ချိုင်းနား ယူနီကွန်း နဲ့ တည်ဆောက်ရေး လုပ်ငန်းများ သဘောတူ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
 
 
 
 

ကုမ္ပဏီနှင့် စီးပွားရေး လုပ်ငန်းများ မှတ်ပုံတင် ထုတ်ပေးမှုမှာ လုပ်ငန်း လိုင်စင်ပေါင်း သုံးသောင်းကျော် ရှိသွားပြီဖြစ်


hlyothwetuyin | 12/02/2012 06:14:00 AM | 
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက် တွေအရ ၂၀၁၂ ခုနှစ် ၁၀ လပိုင်း အကုန်ထိ ကုမ္ပဏီနှင့် စီးပွားရေး လုပ်ငန်းများ
အတွက် ကုမ္ပဏီ လုပ်ငန်းများ မှတ်ပုံတင် ထုတ်ပေးမှုဟာ စုစုပေါင်း သုံးသောင်း ကျော်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထုတ်ပေးရာမှာ မြန်မာ ကုမ္ပဏီများ အနေနဲ့ စုစုပေါင်း နှစ်သောင်း ရှစ်ထောင့် လေးရာ ကျော်ရှိပြီး နိုင်ငံခြား ကုမ္ပဏီနဲ့ ကုမ္ပဏီခွဲ များဟာ စုစုပေါင်း တစ်ထောင့် လေးရာ ရှစ်ဆယ် ကျော်ရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင် များမှ Patnership အနေနဲ့ လုပ်ဆောင်တဲ့ ကုမ္ပဏီ တစ်ထောင့် ခုနစ်ဆယ် ကျော်ရှိပြီး ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ Joint Venture စနစ်နဲ့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်တဲ့ ကုမ္ပဏီ ၇၂ ခုနဲ့ Associate အနေနဲ့ တွဲဖက် လုပ်ဆောင်မယ့် ကုမ္ပဏီ ၅၅ ခုရှိတာ ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန် ဒေါ်လာသန်းပေါင်း(၄၁၁၁.၈၉၀)သန်းရှိပြီး နိုင်ငံပေါင်း(၃၂)နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်း လုပ်ငန်းရှင် များမှ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ မြန်မာငွေ ကျပ်သန်းပေါင်း တစ်သန်း ကိုးသိန်းကျော် ကိုလည်း ရင်းနှီးမြှုပ်နှံ ထားတယ်လို့ သိရပါတယ်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု တွေထဲမှာ တရုတ်နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒုတိယ အဆင့်နဲ့ ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံး အနေနဲ့ ရေအား လျှပ်စစ် လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 
 
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက် တွေအရ ၂၀၁၂ ခုနှစ် ၁၀ လပိုင်း အကုန်ထိ ကုမ္ပဏီနှင့် စီးပွားရေး လုပ်ငန်းများ
အတွက် ကုမ္ပဏီ လုပ်ငန်းများ မှတ်ပုံတင် ထုတ်ပေးမှုဟာ စုစုပေါင်း သုံးသောင်း ကျော်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထုတ်ပေးရာမှာ မြန်မာ ကုမ္ပဏီများ အနေနဲ့ စုစုပေါင်း နှစ်သောင်း ရှစ်ထောင့် လေးရာ ကျော်ရှိပြီး နိုင်ငံခြား ကုမ္ပဏီနဲ့ ကုမ္ပဏီခွဲ များဟာ စုစုပေါင်း တစ်ထောင့် လေးရာ ရှစ်ဆယ် ကျော်ရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင် များမှ Patnership အနေနဲ့ လုပ်ဆောင်တဲ့ ကုမ္ပဏီ တစ်ထောင့် ခုနစ်ဆယ် ကျော်ရှိပြီး ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ Joint Venture စနစ်နဲ့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်တဲ့ ကုမ္ပဏီ ၇၂ ခုနဲ့ Associate အနေနဲ့ တွဲဖက် လုပ်ဆောင်မယ့် ကုမ္ပဏီ ၅၅ ခုရှိတာ ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန် ဒေါ်လာသန်းပေါင်း(၄၁၁၁.၈၉၀)သန်းရှိပြီး နိုင်ငံပေါင်း(၃၂)နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်း လုပ်ငန်းရှင် များမှ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ မြန်မာငွေ ကျပ်သန်းပေါင်း တစ်သန်း ကိုးသိန်းကျော် ကိုလည်း ရင်းနှီးမြှုပ်နှံ ထားတယ်လို့ သိရပါတယ်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု တွေထဲမှာ တရုတ်နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒုတိယ အဆင့်နဲ့ ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံး အနေနဲ့ ရေအား လျှပ်စစ် လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 
 

အောင်မြင်သူနဲ့ ရှုံးနိမ်သူ


(၁) အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။

ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။
(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။

ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။

(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့ တယ်။

ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။

(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူလက်လျော့နောက် ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကိုအရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။

ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစ်တယ်။

(၅)အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာ မရှိဘဲမျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။

ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။

(၆)အောင်မြင်သူက တစ်ပါးသူရဲ့ရှုထောင့်ကနေ ကိစ္စရပ်ကိုကြည့်တယ်။ တစ်ပါးသူရဲ့ခံစားချက်ကို နားလည်အောင်လုပ်တယ်။

ကျရှုံးသူက ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပူပန်တတ်သူဖြစ်တယ်။

(၇) အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို ဒုတိ ယနေရာထားသူဖြစ်တယ်။

ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို
နောက်ချန်ထားသူဖြစ်တယ်။

(၈)အောင်မြင်သူ အောင်မြင်ရခြင်းက ကိုယ်အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။

ကျရှုံးသူ ရှုံးနိမ့်ရခြင်းက ကိုယ်အောင်မြင်မယ်လို့ မယုံကြည်ရဲသူဖြစ်တယ်။

(၉)အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါကိုယ့်ကိုသင်ယူ စရာ၊ လုပ်စရာတွေနဲ့ သိမ်းကျုံးလုပ်နေတတ်တယ်။

ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ သက်ပြင်းအခါခါချပြီး
အဲဒီခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။

(၁ဝ) အောင်မြင်သူက လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်သူဖြစ်တယ်။

ကျရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတောင် အချိန်ဆွဲပြီး လုပ်တတ်သူဖြစ်တယ်။

(၁၁)အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအား ကျပြီးသူတို့ရဲ့ကောင်းကွက်ကို ကြိုးစားသင်ယူလေ့ရှိတယ်။

ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြတ်သူ ကို မနာလိုမုန်းတီးပြီး
သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေတတ်တယ်။

(၁၂)အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေ ကပြင်ပလောက,က လာတာဖြစ်တယ်။

ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကသူတို့ အတွင်းစိတ်ထဲက လာတာဖြစ်တယ်။

(၁၃) အောင်မြင်သူက အမြင့်ကိုတက်လှမ်းနိုင်ဖို့ အာသီသပြင်းထန်တယ်။

ကျရှုံးသူက ကြံ့ကြံ့ခံနိုင်ဖို့ အာသီသမရှိဘူး။

(၁၄) အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီး က မျှော်လင့်ချက်ဖြစ် တယ်။

ကျရှုံးသူအတွက် အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။

(၁၅) အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။

ကျရှုံးသူက အခွင့်အရေးကို စောင့်တယ်။

(၁၆) အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။

ကျရှုံးသူက ယုံကြည်မှုဆိုတာ မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။

(၁၇)အောင်မြင်သူက ရှည်လျားတဲ့လမ်းတွေကို တစ်လမ်းချင်းနဲ့ အဆုံးထိ
လျှောက်နိုင်မယ်ဆိုတာကို ယုံကြည်ထားသူဖြစ်တယ်။

ကျရှုံးသူက တိုတောင်းတဲ့လမ်းဖြစ်လည်း ရှေ့ခြေတစ်လှမ်းမတိုးရင်
အဆုံးထိလျှောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မသိသူဖြစ်တယ်။

(၁၈) အောင်မြင်သူက အလုပ်မလုပ်ခင် အရင်တွေးတောကြံစည်တယ်။

ကျရှုံးသူက အလုပ်မလုပ်ခင် တွေဝေပြီး အလုပ်ပြီးချိန် နောင်တရတတ် သူဖြစ်တယ်။

(၁၉) အောင်မြင်သူက ခရီးလမ်းမှာ တစ်ခါတရံရပ်နားပြီး အနားယူလေ့ ရှိတယ်။

ကျရှုံးသူက မကြာခဏရပ်နားပြီး တောင်တောင်မြောက်မြောက် ငေးတတ် သူဖြစ်တယ်။

(၂ဝ) အောင်မြင်သူက နေရာတစ်ခုတည်းမှာ နှစ်ကြိမ်လဲမကျဘူး။

ကျရှုံးသူက တစ်နေရာမှာ လဲကျပြီးနောက် ပြန်မထတော့ဘူး။

(၂၁) အောင်မြင်သူက လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တတ်တယ်။

ကျရှုံးသူက လျှောက်ခဲ့တဲ့လမ်းကို ပြန်လျှောက်တတ်တယ်။


လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။
လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင် ရှင်သန်စေပါတယ်။

သေးငယ်သောအမှုကိစ္စတို့တွင် ကတိသစ္စာမရှိသောသူသည်
ကြီးသောအမှုကိစ္စတို့တွင်လည်း ကတိသစ္စာရှိလိမ့်မည် မဟုတ်။

တစ်ချို့တွေက..အခက်အခဲကို အကြောင်းပြုပြီး..ဦးကျိုးတယ်....။

တစ်ချို့တွေက...စံချိန်ချိုးတယ်...။

(ဝီလျံအာသာဝဒ်)
ref;facebook

အောင်လိုသူအတွက်စည်းကမ်း


Author: သုတေသီ ဘုန်းမြင့်သွေး (လမ်းမှန် ကမ်းမှန်)
အောင်လိုသူမှန်သမျှ နည်းလမ်းသည်အရေးကြီးသကဲ့သို့ စည်းကမ်းသည်လည်း အရေးအလွန်ကြီး၏။
လူ့လောကတွင် စည်းကမ်းဥပဒေ စသည်တို့ကိုကျယ်ပြန့် များပြားစွာ သတ်မှတ်ထားရ၏။
အောင်လိုသူသည် စည်းကမ်းဟူသမျှကို လိုက်နာကျင့်သုံးသူဖြစ်ရ၏။
စည်းကမ်းဆိုသည်မှာ မလွဲမသွေ လိုအပ်သောကြောင့် ပေါ်ပေါက်လာရသော ချုပ်ချယ်မှုဖြစ်၏။
လူသည် မိမိတစ်ဦးတည်း မနေနိုင်သောကြောင့် အများနှင့်ငြိမ်းချမ်းစွာ ပူးပေါင်းနေနိုင်ရေးအတွက် ပေါ်ပေါက်လာရသော လိုလားအပ်သည့် ချုပ်ချယ်မှုများဖြစ်သည်။
အောင်မြင်သူမှန်သမျှသည် နည်းလမ်းကောင်းသကဲ့သို့ စည်းကမ်းလည်းကောင်းကြ၏။ ပြောရာ၊ လုပ်ရာ၊ စားရာ၊ သွားရာ နှင့်အရာရာတွင် စည်းကမ်းအတိုင်းလုပ်နေခြင်းသည် အောင်မြင်ခြင်းအစ ဖြစ်သည်။
စည်းကမ်းရှိစွာ ရိုးသားဖြောင့်မတ် မှန်ကန်သော အပြောအဆို အပြုအမူသည် ကိုယ်ကျင့်စာရိတ္တ၏ ကျောရိုးပင်ဖြစ်သည်။
အောင်မြင်သော အကြောင်းတရားမှာ….
၁။ ဇွဲ
၂။ ပညာ
၃။ စည်းကမ်း
၎။ သမ္ဘာ
၅။ လေ့လာဆည်းပူးမှု
၆။ ပတ်ဝန်းကျင်ကောင်းတို့ ဖြစ်၏။
ပညာအခံရှိပြီး ဇွဲနှင့် စည်းကမ်းကောင်းက အောင်မြင်ခြင်းများသည် တစ်ဆင့်ပြီးတစ်ဆင့် ရနိုင်သည်။
အကွပ်မဲ့ကြမ်းမှန် သမျှ ပရမ်းပတာ ဖြစ်တတ်သကဲ့သို့ စည်းကမ်းမဲ့သူမှန်သမျှလည်း ပရမ်းပတာဖြစ်တတ်၏။
စည်းကမ်းသည် လူ့တန်ဖိုး ဖြစ်ပြီး စည်းကမ်းရှိမှ လူပီသ၏။
စည်းကမ်းရှိသော လူနှင့်စည်းကမ်းမဲ့သော လူသည် ဘ၀တိုးတက်ခြင်း ကွာခြားသကဲ့သို့ အတူလည်း ပေါင်းသင်းပြီးလည်း မနေနိုင်ပါ။
ဘာသာရေးပညတ်ချက်များသည်လည်း စည်းကမ်းများပင် ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ငါးပါးသီလ၊ ခရစ်ယာဉ်ဘာသာဝင်တို့၏ ပညတ်တော် (၁၀)ပါး စသည်တို့သည် လေ့လာကြည့်လျှင် လူတို့ငြိမ်းချမ်းပျော်ရွှင်စွာနေနိုင်အောင် သတ်မှတ်ထားသော စည်းကမ်းကြီးများဖြစ်သည်။
အစားမှာလည်း စည်းကမ်းရှိရသကဲ့သို့ စကားမှာလည်း စည်းကမ်းရှိရသည်။ စည်းကမ်းမရှိသော စကားလေးတစ်ခွန်း ကလည်း အမှားကြီးတစ်ခုကို မှားတတ်၏။ အလုပ်တစ်ခု ကိုသော်လည်းကောင်း ၊ ဘ၀တစ်ခုကိုသော်လည်းကောင်း ပြောင်းလဲသွားတတ်၏။
စည်းကမ်းမဲ့ခြင်းသည် အသေးအဖွဲကလေးများမှ စတင် စည်းဖောက်ရာမှ အလေ့စွဲလာခြင်းဖြစ်၏။
မကောင်းသော အကျင့်နှင့် စည်းကမ်းမဲ့မှုသည် အသေးအဖွဲကလေးများမှ တစ်စတစ် အရင့်အမာကြီးဖြစ်အောင် စွဲတတ်ကြသည်ကို သတိပြုရမှာဖြစ်သည်။
စည်းကမ်း၊ နည်းလမ်းကျစွာနှင့် ကောင်းစွာ ဆင်ခြင်လေ့ရှိသောသူသည် အမှားအယွင်းနည်း၏။
စည်းကမ်းနှင့် ကြိုတင်ကောင်းစွာ ဆင်ခြင်သောကြောင့် မှားခြင်းမရှိနိုင်။ ထိုသို့သော လူများသည်၊ ရိုးရိုးလုပ်ပြီမဆင်ခြင်သော လူများထက် အောင်မြင်ရေးမှာ ခရီးပေါက်တတ်သည်။
လူတစ်ဦးတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ စာရိတ္တနှင့် စည်းကမ်းဖြစ်သည်။ မိမိဘ၀ကို မြတ်နိုးလျှင် အချိန်ကိုလည်း စည်းကမ်းကြီးစွာ ထားရ၏။
အချိန်ကိုစည်းကမ်းမဲ့က ဘ၀ရှေ့ရေးသည်လည်း စည်းကမ်းမဲ့သွားတတ်၏။ တွေးခေါ်ရှင်ဘင်ဂျမင်ဖရင်ကလင်က. . .
ဘ၀ကိုမြတ်နိုးသလား၊ မြတ်နိုးလျှင် အချိန်ကိုမဖြုန်းနှင့် ဘ၀ဆိုသည်မှာ အချိန်ဖြင့် ဖွဲ့စည်းထားသောကြောင့်ဟုဆို၏
ပြောရာတွင် စည်းကမ်း ၊ လုပ်ရာတွင် စည်းကမ်း၊ သွားရာတွင် စည်းကမ်း၊ အချိန်တွင် စည်းကမ်း၊ အရာရာတိုင်းသည် စည်းကမ်းသည် အရေးကြီးတကာ့ အရေးကြီးပါ ကြောင်းရေးသား တင်ပြ အပ်ပါသည်။

»»»Gtalk...သူ«««


အိမ်မက်လား.....တကယ်လား.....
Gtalk.....သူ....

ငါလေမမြင်နိုင်တဲ့ကြားက. အင်တာနက်ထဲမှာ

လူတွေပြောပြောနေတဲ့....

အင်တာနက်ချစ်သူလေးရာ...ငါကိုယ်တိုင်....

ကြုံလာနေဆဲမှာ....ချက်တင်ကို....

ငါထိုင်နေဆဲပါ....နေ့နေ့ညညတွေ့ချင်တာ...

Gtalkသူလေးပါ....မင်းအတွက်ငါ....

စိတ်ကူးယဉ်တာ....အိမ်မက်လေးထဲမှာ....

နိုင်ငံတွေခြားနေလဲ....ငါချစ်ဆဲပါ....

ချစ်သူလူတွေပြောတဲ့...

အင်တာနက်ချစ်သူ....ငါလေမထူမယုံပါ....

အခုတော့ငါဖြစ်ခဲ့တာ....အင်တာနက်အရူးပါ.....

နိုင်ငံတွေခြားနေလဲ...ငါချစ်ဆဲပါ....

Gtalkသူလေးရာ....

By. R kar hein

အသိပေးစကားစုများ ( ဓမ္မဒူတ အရှင်ဆေကိန္ဒ )


၁ ။ အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို အားသာချက်ကြောင့် လည်း အထင်ကြီးတတ်တယ်၊ တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှမကောင်း ဘူး။
၂ ။ သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်။ လူတိုင်းရဲ့ တစ်မျိုးစီအလှ ကို မြင်တတ်ရင် ဘယ်လောက်သာယာလိုက်မလဲလို့ ။
၃ ။ ခွင့်လွှတ်နိုင်ဖို့ အကြောင်းပြချက်ရှာနေတတ်တယ်၊ သည်းခံနိုင်ဖို့ မျိုသိပ် မှုကို မွေးယူရတယ်။ နားလည်နိုင်ပြီဆိုရင် ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှုပွင့်လင်း တဲ့ သည်းခံမှုတွေ ဖြစ်နေပါပြီ။
၎ ။ မကောင်းတာကိုကြောက်ပြီး မကောင်းလုပ်သူကို သနားလိုက်စမ်းပါ၊ မကောင်းတဲ့သူကို စိတ်ဆိုးလိုက်တာနဲ့ ကိုယ်ပါ သနားစရာသတ္တ၀ါစာရင်းဝင် သွားပြီ။
၅ ။ ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့  “ တောင်းပန် ပါတယ် “ ဆိုတဲ့ စကားကို လွယ်လွယ်မသုံးမိအောင် သတိထားပါ။
၆ ။ ငယ်တုန်းက ထမင်းကို ၀ါးပြီး ခွံ့ ခဲ့တာကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေထင်တတ်တယ်။
၇ ။ ကဲ့ ရဲ့ စရာတွေ့ ရင်ပါးစပ်ကိုတတွတ်တွတ်နဲ့ အမြဲဖွင့်တတ်ပေမယ့်ချီးမွမ်း စရာကြုံရင် သော့ခတ်ပြီး အသေပိတ်ထားတတ်တယ်။
၈ ။ သူများတွေ ဖတ်ချင်သလို ဖတ်ကြပါစေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ က ကောင်းဖို့လိုတယ်။ သူတို့ အကြိုက်လိုက်ပြီး မရေးနဲ့ ။
၉ ။ သူတစ်ပါးလဲနေလို့ ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ၊ ကိုယ်ချော်လဲနေ တာကိုလည်း ရပ်နိုင်အောင် အရင်အားမွေးပါဦး။
၁၀။ ပုံနှိပ်စာအုပ်၊ လောကစာအုပ်၊ စိတ်စာအုပ် သုံးမျိုးရှိတယ်။ စိတ်ကိုဖတ် တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။
၁၁။ “ ကိုယ့်ကိုသာအချစ်ဆုံးပါပဲ။ “ ဒီစကားကိုမယုံရင် တစ်လောကလုံး ရဲ့ အလိမ်အညာတွေကိုခံနေရပြီမှတ်။
၁၂။ အသိပေးဆုံးမပေးမည့်သူကို ရှာသင့်ပေမယ့် ကိုယ့်စကားနားထောင် မည့်သူကိုပဲ ရှာနေကြတယ်။
၁၃။ အပြစ်ကိုကဲ့ရဲ့ တာနဲ့ လူကိုကဲ့ရဲ့ တာ၊ ခွဲခွဲခြားခြားသိတတ်ကြရင် ကဲ့ ရဲ့ မှု ကလွတ်မယ်။
၁၄။ လျှာကို သွားက ကိုက်မိတတ်တယ်၊ ဒါပေမယ့် ကိုယ့် လျှာကိုတော့ သူများရဲ့ သွားက လာပြီးမကိုက်ပါဘူး။ ၁၅။ ကျွေးတာအကုန်စား ကိစ္စမရှိဘူး။ စေတနာကိုတော့ အကုန်မသုံးလိုက် ပါနဲ့ ။ ။
၁၆။ “ ကိုယ်ချင်းစာတယ် “ ဆိုတာ ကိုယ် လောဘ ဒေါသကြီးသလို သူ လည်း လောဘကြီး ဒေါသကြီးမှာပဲလို့ ထင်တာမျိုးမဟုတ်ပါဘူး။ တကယ် ကိုယ်ချင်းစာတတ်ရင် သူများချင်းလည်း စာနာတတ်လာတယ်။
၁၇။ မျက်စိစွေနေသူကို “ ကြည့်ရတာတော်တော်ခက်မှာပဲ “ လို့ အထင် နဲ့ တည့်အောင်လုပ်ပေးချင်လို့ မရပါဘူး။သူဟာနဲ့ သူတော့ အဆင်ပြေနေ တယ်ဆိုတာ သိလိုက်စမ်းပါ။
၁၈။ ရယူထားနိုင်ရင် အရသာရှိတယ်တဲ့ ၊ ပေးစွန့် လိုက်ရရင်လည်း အရသာ ရှိတာပါပဲ။ အရသာချင်းတော့မတူပါဘူး။ ၁၉။ သူ့ အတွက်ပါဆိုပြီး ငါ့ဖို့ ပါတတ်တယ်။ ငါ့အတွက်ပါဆိုပြီး သူ့ ဖို့ ပါ တတ်တယ်။ ငါနဲ့ သူမျှရဲ့ လား။ ၂၀။ အထင်သေးတတ်ရင် အားလုံးကို အထင်သေးတယ်။ အထင်ကြီးတတ် ရင်လည်း အားလုံးကိုအထင်ကြီးတယ်။ ၂၁။ နင့်အတွက်သာ နင်ကြည့်တတ်သလို ငါလည်း ငါ့အတွက်သာကြည့် လိုက်ရင် …………? ၂၂။ အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို အားကိုးလို့ ရနိုင် သလို ပြဿနာကြောင့်ရရှိလာတဲ့ အသိဥာဏ်ကိုလဲ အားကိုးနိုင်တယ်။ ၂၃။ အများတကာရဲ့ ရှေ့ မှာထုတ်ပြောရဲတဲ့အတွေးကိုပဲ စဉ်းစားတော့မယ်။ ။ ၂၄။ သိလျက်နဲ့ ဆိုးနေတဲ့သူကို သိအောင်ထပ်ပြီး မပြောဝံ့တော့ဘူး။ အမှန်သိစမ်းပါ။ ၂၅။ စကားပြောတတ်တာ ကောင်းပါတယ်။ စကားများတာ မကောင်းဘူး၊ စကားများရင် စကားများမယ်။ ၂၆။ စိတ်ဆိုးတော့မယ်ဆိုရင် “ သူမ ကိုယ်မဟုတ်ပဲ “ ဆိုတာကို မမေ့ပါနဲ့ ။

ဖုန်းကလေးနဲ့ဂျီတော့လည်းချက်ဂျီတော့ဖုန်းလေးခေါ် ချင်ရင်



မင်ဂလာပါသူငယ်ချင်းတို့
သူငယ်ချင်းတို့တွေတွက်ဖုန်းကလေးနဲ့ဂျီတော့ခြက်းရင်းဂျီတော့ဖုဏ်းလေးပါပြောချင်ကြရင်ဗြာ
အောတ်မှာရူလိုက်နော်
လုပ်နည်း၎ကလွယ်၂ လေးပါဒေါင်းလော့လုပ်
ဖုန်းထဲထည့် အင်စတော့လုပ်
အကောင့်ဖွင့် ဒါပဲ
လက်နဲ့တို့ရတဲ့ အမ်းရွိုက် အတွက် APK 
လက်နဲ့စိတ်တုတ်နဲ့ထိုးရတဲ့ တောက်စခွှန်ဖုန်းအတွက် SISX 


မှတ်ခြက်= ၃လို့မရရင် ဖုန်းနာမည် ဖုန်းမော်ဒယ်ပြောခဲ့ပါ ယှာပေးပါ့မရ်
အာာာာာာာာကာမိုးနိုင်

ကြမ်း - ၉ - ကြမ်း


for everyone
အချို့သောသူများ၌ ဥစ္စာရှိ၏ . . . အဆောင်အယောင်ရှိ၏. . . သို့သော် အနေအထိုင်မတတ်၊ ကြမ်း - ၉ - ကြမ်းကြောင့် လူရာမ၀င်သလိုဖြစ်နေသည် . .
အချို့သောသူများ၌ ဥစ္စာရှိ၏ . . . ကျောင်းပညာ၊ အတတ်ပညာ၊ လက်မှုပညာတတ်ပါလျက်နှင့် သတိမပြုမိသော ကြမ်း - ၉ - ကြမ်းကြောင့် လူအထင်အမြင်အသေးခံရ၏ . . .
အချို့သောမိန်းကလေးများ ရုပ်ရည်လှပပါလျက် . .ကြမ်း - ၉ - ကြမ်းကြောင့် ရုပ်ကလေးသနားကမားနဲ့ လူက အောက်တန်းကျလိုက်တာ ဟု ပြောဆိုခံရတတ်၏ . .
"နာမည်ဆိုးရမည်ကိ သေရမည်ထက်ကြောက်ပါ "ဟူသော အီဂျစ်စကားပုံရှိသည်. . .
တန်ဖိုးမဲ့သော ၊ လူအထင်သေးခံရသော ၊ နာမည်ဆိုးရသော ကြမ်း - ၉ ကြမ်းမှာ . .
၁. ပလုတ်ပလောင်း ပါးဖြဲနားဖြဲနားဖြဲ စားသော အစားကြမ်း ၊
၂. ဒူးထောင်ပေါင်ကားအိပ်သော အအိပ်ကြမ်း၊
၃. ခြေနင်းပြင်း၍ ဟိုယိုင်သည်ယိုင်သွားသော အသွားကြမ်း၊
၎. ပေပေရေရေထိုင်သော အထိုင်ကြမ်း၊
၅. လက်ခုပ်လက်ဝါးတီး၍ အော်ကျယ်ဟစ်ကျယ် ရယ်သော အရယ်ကြမ်း၊
၆. အရိုအသေမထားသော ကိုယ်ကြမ်း
၇. ဆဲရေးတိုင်းထွာပြောသော နှုတ်ကြမ်း
၈. အမှုနှင့်မလိုက်အောင် ရိုက်နှက်ဆုံးမသော အဆုံးအမကြမ်း၊
၉. သူတစ်ပါးအား ထစ်ခနဲ့ရှိလျှင် စိတ်လိုက်မာန်ပါ မကောင်းကြံတတ်သာ စိတ်ကြမ်း။
သုတမရှာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ အကျင့်မြတ်ကွာ၊ဤ ငါးဖြာ အမှန်ရိုင်းစိုင်းကြောင်း ဆိုသကဲ့သို့ ကြမ်း - ၉ - ကြမ်းသည်လည်း ရိုင်းစိုင်းကြောင်း အမှန်ပင်ဖြစ်၏ ....
သုတေသီဘုန်းမြင့်သွေး(ဘ၀တန်ဖိုး အမှန်တိုးအောင် )
မှထုတ်နှုတ်တင်ပြလိုက်ပါသည်...

ဘီယာသောက်ခြင်းနှင့် ဆီးကြိတ်ကင်ဆာ


for everyone
တစ်နေ့လျင် ဘီယာတစ်ပိုင့်မျှ သောက်ခြင်းသည် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်လာစေကြောင်း သုတေသီများက သတိပေးပြောဆိုလိုက်သည်။
ဗြိတိန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ဘီယာနှစ်ခွက်မျှ နေ့စဉ်သောက်သုံးသည့် အမျိုးသားများတွင် အဆိုပါကင်ဆာ ဖြစ်ပွားနိုင်ခြေ (၂၀)ရာခိုင်နှုန်းမျှ တိုးလာစေမည်ဟု သိရှိရသည်။
ဘီယာသောက်ခြင်းနှင့် ဆီးကြိတ်ကင်ဆာကြား ဆက်စပ်မှု ရှိမရှိဆိုသည့် သုတေသနပြု စမ်းသပ်မှု (၃၅)ခုအား ကောက်နှုတ်ပြီး ယခုတွေ့ရှိချက်ကို ထုတ်ဖော်ကြေငြာခြင်းဟု ပညာရှင်များကဆိုသည်။
ဩစတြေးလျရှိ ကာတင် တက္ကသိုလ်မှ ပညာရှင်များ၏ မူလတွေ့ရှိချက်အရ ဘီယာပုံမှန်သောက်ခြင်းဖြင့် နှလုံးရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဟု ဖော်ပြခဲ့သော်လည်း ယခုအခါတွင် ဗြိတိန်ပညာရှင်များက ဘီယာသည် ဆီးကြိတ်ကင်ဆာ၏ အန္တရာယ်ကို လက်ယပ်ခေါ်နေကြောင်း ပြောကြားခဲ့ကြသည်။
အဆိုပါ ဖော်ပြချက်ကို မော်လီကျူးဆိုင်ရာ အာဟာရဖြည့်တင်းမှုနှင့် အစားအသောက် သုတေသနဂျာနယ်အတွင်း ထည့်သွင်းရေးသားထားပြီး ၎င်းတွင် (၂၀၀၆)ခုနှစ်မတိုင်မီက သုတေသန လုပ်ငန်းအားလုံးကို ထည့်သွင်းထားကြောင်း သိရသည်။
တစ်ပါတ်အတွင်း ဘီင်္ယာ(၁၄)ခွက်ထက် ပိုသောက်သူများသည် (၂၀)ရာခိုင်နှုန်းအထက် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေတိုးပွားလာကြောင်း အထောက်အထားများ ခိုင်ခိုင်မာမာ တွေ့ရှိရကြောင်း ပညာရှင်များက အတည်ပြုခဲ့သည်။
ဗြိတိန်နိုင်ငံတွင် ကင်ဆာဖြင့် သေဆုံးသူဦးရေ၏ (၆)ရာခိုင်နှုန်းသည် အရက်နှင့်ဘီယာကို စွဲမြဲစွာ သောက်သုံးလေ့ရှိသူများဟု ပညာရှင်များက ပြောကြားခဲ့ပြီး နှစ်စဉ်အရေအတွက် (၉၀၀၀)မျှ သေဆုံးနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံ၊ ကင်ဆာသုတေသနဌာနမှ ဒေါက်တာဂျိုဒီမောဖတ်က အရက်နှင့်ဘီယာ သောက်သုံးမှု လျော့နည်းလေလေ၊ လူတစ်ဦးအနေနှင့် ကင်ဆာနှင့် ကြုံတွေ့နိုင်မှု လျော့နည်းလေလေဖြစ်ကြောင်း ထောက်ခံပြောဆိုသွားသည်။

ကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီးများ


ဒီတစ်ခေါက်တော့ ကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီးများ ကိုတင်ပြချင်ပါတယ်။ 

1.Hyperion

 
ဒီကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီး Hyperion ကတော့ 397.3 ပေ(သို့ ) 115.61 meters မြင့်
ပါတယ်။  Redwood Creek Trutary မှာတည်ရှိတာပါ။

2. Helios


ဒီသစ်ပင်ကြီးကတော့ 114.58 meters (သို့) 375.9ပေမြင့်ပါတယ်။Hyperion သစ်ပင်ကို
မှတ်တမ်းမတင်ချိန်အထိ ဒီသစ်ပင်က အမြင့်ဆုံးဆိုပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

3.Icarus


သူ့ရဲ့အမြင့်ကတော့ 371.2 ပေ(သို့) 113.14 meters ရှိပါတယ်။
ဒီသစ်ပင်ကို ၂၀၀၆ခု ဇွန်လ (၁)ရက်နေ့မှာတွေ့ရှိခဲ့တာပါ။

4.Stratosphere Giant


371.1 ပေ(သို့) 113.11 meter မြင့်ပါတယ်။

5. National Geographic Society


၁၉၉၅ ခုနှစ်မတိုင်မှီအချိန်အထိတော့ ဒီသစ်ပင်ကအမြင့်ဆုံးဆိုပြီး စံချိန်တင်ခဲ့ပါတယ်။
112.71 meters (သို့) 369.9 ပေ မြင့်ပါတယ်။

6. Orion


369.5 ပေ (သို့) 112.63 meters ပါ။

7. Lauralyn


369.5ပေမြင့်ပါတယ်။

8. Rockefeller


369.3 ပေ(သို့)112.60 meters မြင့်ပါတယ်။

9. Paradox


အများနှင့်မတူပဲသူတစ်ပင်ထဲ သီးသီးခြားခြား ထိုးထွက်မြင့်တက်နေတဲ့အပင်ပါ။
369.2 ပေ(သို့)112.56 meters မြင့်ပါတယ်။

10. Mendocino


ဒီသစ်ပင်ကြီးရဲ့အမြင့်ကိုတော့ မူလဆိုဒ်မှာမပါလို့ ပါ။ဒါပေမယ့်သစ်ပင်တွေက
တစ်ပင်နှင့်တစ်ပင်သိပ်မကွာတာကိုတွေ့ရမှာပါ။ သူလဲ 369 ပေ နီးပါးပဲဖြစ်မှာပါ။
ဒီအမြင့်ဆုံးသစ်ပင်တွေက အများအားဖြင့် Redwood (အမေရိကန်ပြည် ကယ်လီဖိုးနီးယားနယ်ပေါက် အဖိုးတန်သစ်မျိုး) တွေပါ။ အမျိုးအစားသီးသီးသန့်သန့်
ကိုတော့ကျွန်တော်တကယ်မသိပါ။ရုက္ခဗေဒ ပညာကျွမ်းကျင်သူများသာသိနိုင်မှာပါ။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ.................နေခရမ်း

ဘ၀လက်တွဲဖော်ကို တန်ဖိုးထားတတ်ပါစေ



  
ကောင်လေး    ။          ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး  ။          ။ ဘာ ပြောတယ်....
ကောင်လေး    ။          ။ စိတ် မွန်းကြပ်လွန်းလို့ကွာ....
ကောင်မလေး  ။          ။ နင် စိတ်ဖိစီးမှု များလို့ ငါ့ကို လမ်းခွဲမယ်ပေါ့....
ကောင်လေး    ။          ။ ဟုတ်တယ်...နင့်ရဲ့ အရည်အချင်းက ငါ့ထက်ပိုတော်တော့ ငါနဲ့ မလိုက်ဖက်ဘူးလေ...
ကောင်မလေး  ။          ။ ငါ ဂရုမစိုက်ဘူး...ငါနင့်ကို ချစ်တယ်... နင်နဲ့ ပတ်သက်တဲ့  အရာအားလုံးကို ငါချစ်တယ်....
ကောင်လေး    ။          ။ တကယ်ပြောတာလား...
ကောင်မလေး  ။          ။ အင်း.....
ကောင်လေး    ။          ။ ကျေးဇူးပဲ....
 
 

၃ နှစ်ကြာပြီးနောက်....

ကောင်လေး    ။        ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး  ။         ။ ပြောပြန်ပြီလား....
ကောင်လေး    ။        ။ ငါ့မှာ အခု ပိုက်ဆံလဲ မရှိ၊ ကားလဲ မရှိ၊ အိမ်ခန်းလဲ မရှိဘူး...၊ နင့်ကို ပျော်အောင်
                              ထားနိုင်မှာ မဟုတ်ဘူး....
ကောင်မလေး  ။        ။ ငါ ဂရုမစိုက်ဘူး....ငါ ချစ်တာ နင်....အဲဒီ ပစ္စည်းတွေ မဟုတ်ဘူး...
                              ငါနင့်ကို ချစ်တယ်ဆိုတာ နင်နဲ့ ပတ်သက်သမျှကို ချစ်တာနဲ့ အတူတူပဲ....
ကောင်လေး    ။         ။ ငါလဲ နင့်ကို ချစ်တယ်...ငါတို့ လက်ထပ်ကြရအောင်....
ကောင်မလေး  ။         ။ ငါ လက်ခံပါတယ်.....♥
 
 
၁၀ နှစ်ကြာပြီးနောက်....

ကောင်လေး   ။        ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး ။       ။ ဘာလို့လဲ....
ကောင်လေး   ။       ။ ငါတို့ မကြာခင် အသက်တွေ အိုမင်းတော့မယ်.. ငါအသက်ကြီးတဲ့ အခါ နင့်ကို
                            မစောင့်ရှောက်နိုင်မှာစိုးတယ်....
ကောင်မလေး ။       ။ ငါ ဂရုမစိုက်ပါဘူး... တကယ်လို့ နင် ငါ့ကို မစောင့်ရှောက်နိုင်ရင်...
                            ငါ နင့်ကို စောင့်ရှောက်မှာပေါ့...        နင်နဲ့ ပတ်သက်သမျှကို ချစ်တယ်....အခုပဲ ဖြစ်ဖြစ်
                           အနာဂတ်မှာ ပဲ ဖြစ်ဖြစ် ပြောင်းလဲ မှာ မဟုတ်ဘူး....
ကောင်လေး   ။         ။ ကျေးဇူးပဲ မိန်းမရယ်....


123tagged.Com
အနှစ် ၂၀ ကြာပြီးနောက်....
 

အဘွားအို တစ်ဖြစ်လဲ ကောင်မလေးက ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ပြောတယ်..
"စိတ်မကောင်းပါဘူး... ယောကျာ်းရယ်... အစက ပြောတာ ငါနင့်ကို စောင့်ရှောက်မယ်လို့.. ဒါပေမဲ့ အခုတော့ နင်ကငါ့ကို ပြုစုနေရပြီလေ..."
 

ကောင်လေး။        ။ ငတုံးလေး..... အရင်တုန်းက အမြဲတမ်း နင်ပြောတယ် မလား...
                          ငါ ဘာပဲ ဖြစ်ဖြစ် နင် ဂရုမစိုက်ဘူးဆိုတာလေ... အခုငါက နင့်အစား ပြန်ပြောတော့မယ်....
                          ငါ နင် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး.....။

ကောင်မလေး ။          ။ ကျေးဇူးပဲ ယောက်ျားရယ်...

ကောင်လေး   ။          ။ ငါနင့်ကို ချစ်တာ နင်နဲ့ ပတ်သက်သမျှကို ချစ်ခဲ့တာပါ.... ဒီစကားက နင့်စကားပါ....
                              ဒါပေမဲ့ ငါနင့်ကို ဒီစကားနဲ့ သက်သေခံပါရစေ.....

ကောင်မလေး  ။           ။ ငါနင့်ကို ချစ်တယ်....

ကောင်လေး    ။          ။ အင်း...ဒါပေမဲ့ ငါက နင့်ထက် ပိုချစ်တယ်လေ.....

ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် အရေးမစိုက်ပါဘူးလို့ ဆိုလာတဲ့ ကိုယ့်နားက ဘ၀လက်တွဲဖော်ကို တန်ဖိုးထားတတ်ပါစေနော်
 

  
From....facebook
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1886721&xgs=1&xg_source=msg_share_post