Monday, November 5, 2012
ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်ရေးအထူးစီမံချက်ကို နှစ်ပတ်ကြာပြုလုပ်မည်
ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်းရေးအထူးစီမံချက်ကို လာမည့်နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းစားသောက်သူနှင့် မိဘမဲ့လေလွင့်ကလေးများကို ရန်ကုန်မြို့ ရှိလမ်းဆုံမီးပွိုင့်များ၊ခုံးကျော်တံတားအောက်များတွင် အများဆုံးတွေ့ရှိထိန်းသိမ်းခဲ့ရပြီး ထိန်းသိမ်းခဲ့ရသည့်သူများအထဲတွင် ကလေးငယ်များ၊ လူကြီးများအပြင် အနာကြီးရောဂါဝေဒနာရှင်များ၊ဒုက္ခိတမသန်စွမ်းသူများ၊စိတ် ရောဂါရှိသူများနှင့်
ကလေးငယ်အားရင်ခွင်ပိုက်ကာ တောင်းရမ်းနေသူများလည်း ပါဝင်ကြောင်းသိရသည်။
''အခြေအနေမဲ့သူတွေ၊ တောင်းရမ်းစားသောက်သူတွေ၊ မိဘမဲ့ လေလွင့်ကလေးငယ်တွေကို ဦးတို့အနေနဲ့ ဖမ်းတာမဟုတ်ပါဘူး။ ရန်ကုန် မြို့ကို အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်တဲ့နေရာမှာ လမ်းဆုံလမ်းခွနေရာတွေမှာ အမြင်မသင့်လျော်တာကြောင့် ထိန်းသိမ်းတာ ဖြစ်ပါတယ်။ ထိန်းသိမ်းခဲ့တဲ့သူတွေ ကိုဦးတို့ကနေတဆင့် လူမှုဝန်ထမ်းကို ပြန်အပ်ပြီးလူမှုဝန်ထမ်းကနေတဆင့် ယောက်ျားလေး၊ မိန်းကလေး၊ လူကြီးခွဲပြီး သက်ဆိုင်ရာသင်တန်းကျောင်းတွေ၊ စောင့်ရှောက်ရေးဌာနတွေကို ခွဲ ပြီးပို့တာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထိန်းသိမ်းခံရသူများအထဲတွင် မွေးစမှငါးနှစ်အထိကလေးငယ်များ ဖြစ်ပါက ရွှေဂုံတိုင်ရှိကလေးပြုစုရေးဌာန၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ (ကျား) များအားကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ၁၂နှစ်မှ ၁၆ နှစ်အထိ (ကျား)များအား သန်လျင်နှင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ၅ နှစ်မှ ၁၂ နှစ်အထိ(မ)များအား အမျိုးသမီးသက်ငယ်သင်တန်းကျောင်း၊ ၁၂ နှစ်မှ ၁၆ နှစ်အထိ(မ)များအား အမျိုးသမီးသက်မွေးသင်တန်းကျောင်း၊ အသက် ၁၈ နှစ်အထက်(ကျား၊မ) များအား ၀ါးနက်ချောင်းလူမှုစောင့်ရှောက်ရေးဌာန၊ ယင်းအထဲမှ စိတ်ရောဂါဝေဒနာရှင်များအား စိတ်ရောဂါဆေးရုံ၊ အနာကြီးရောဂါဝေဒနာရှင်များအား ရန်ကုန်ဆေးရုံကြီးအရေပြားဌာန၊ မျက်မမြင်ဆိုပါက မျက်မမြင် ကျောင်း၊မိသားစုကစွန့်ပစ်သောသက်ကြီးများအား တိုင်းလူမှုဝန်ထမ်းဌာနသို့လည်းကောင်း ပို့ဆောင်ပြီး အချို့ အယောင်ဆောင် တောင်းရမ်းစားသောက်သူများကို မွေးကင်းစမှ အသက် ၁၆ နှစ်အထိအား မိဘထံပြန်လည်အပ်နှံပြီး မိဘမရှိပါက လူမှု ၀န်ထမ်းသို့အပ်နှံကာ အသက် ၁၈ နှစ်အထက်ဖြစ်ပါက ဥပဒေအရအရေးယူရန်ရဲစခန်းသို့ လွှဲပြောင်းပေးကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းသူများနှင့် မိဘမဲ့လေလွင့်ကလေးများထိန်းသိမ်းရေး စီမံချက်ကို ပုံမှန်ပြုလုပ်နေပြီး နိုဝင်ဘာ ၅ ရက်နေ့တွင်ပြုလုပ်မည့် အထူးစီမံချက်မှာ ယခုနှစ်အတွင်း ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကာ ပထမအကြိမ်အထူးစီမံချက်ကို ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက တစ်ပတ်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
ဆီးရီးယား ပဋိပက္ခ အစ္စရေးအထိ ရိုက်ခတ်
ဆီးရီးယား ပဋိပက္ခ အစ္စရေးအထိ ရိုက်ခတ်
ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယား နိုင်ငံက သံချပ်ကာကား ၃ စင်းဟာ
စနေနေ့မှာတုန်းက ဂိုလန်ကုန်းမြင့်က စစ်မဲ့ဇုန်နယ်မြေကို ၀င်ရောက်လာတဲ့
အတွက် အစ္စရေးနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ထိန်းသိမ်းရေးတပ်ကို
တိုင်ကြားခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း
ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် ဆီးရီးယား ပြဿနာတွေ
ဒေသတွင်း ပျံ့နှံ့လာမှာကို စိုးရိမ်မကင်းမှုတွေလည်း
ပိုမိုကြီးထွားလာခဲ့တာပါ။ စစ်သည်တင်ယာဉ် ၂ စင်းအပါအ၀င် သံချပ်ကာကား ၃
စင်းဟာ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ဆီးရီးယားနိုင်ငံ ထံကနေ
သိမ်းပိုက်ထားတဲ့ အစ္စရေးပိုင် ဂိုလန်ကုန်းမြင့်ထဲက စစ်စခန်းတွေနဲ့
မိုင်အနည်းငယ် အကွာလောက်အထိ ရောက်ရှိလာတာလို့လည်း သတင်းတွေက ဖော်ပြနေကြ
ပါတယ်။ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း တနာရီကို လူ ၆ ဦးနှုန်း သေဆုံးနေတယ်လို့ ဆီးရီးယားအရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။ အောက်တိုဘာလ အတွင်းက ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၄,၅၃၂ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယားကွန်ယက် လူ့အခွင့်အရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ တရက်ကို ၁၄၇ ယောက်နှုန်းနဲ့  တနာရီကို ၆ ယောက်နှုန်း သေဆုံးနေ တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ဆီးရီးယား သူပုန်တွေဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တက်ဖ်တန်နက်ဇ် (Taftanaz) လေတပ်စခန်းကို သိမ်းယူဖို့အတွက် အစိုးရတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒီလေတပ်စခန်းဟာ ဆီးရီးယားမြို့တော် ဒမတ်စကတ်နဲ့ မြောက်ပိုင်းက အလက်ပိုမြို့တွေကို ဆက်သွယ်ပေးထားတဲ့ အဝေးပြေးလမ်းမနားမှာ တည်ရှိပြီးတော့ လပေါင်းများစွာ ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
သောကြာနေ့မှာတော့ ဆီးရီးယားသူပုန်တွေဟာ ဆုရောကစ်ဘ် မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ အကဲခတ်တွေက ပြောပါတယယ်။ ဒီမြို့ဟာဆိုရင် ဆီးရီးယား မြောက်ပိုင်းမှာ ဗျူဟာကျတဲ့ မြို့တမြို့ ဖြစ်ပြီး အလက်ပိုမြို့ကို ကာကွယ်ဖို့အတွက် အစိုးရတပ်တွေက သူပုန်တွေကို အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
အစိုးရတပ်တွေဟာ စီးပွားရေးအရ အချက်အချာကျတဲ့ နိုင်ငံရဲ့ အကြီးဆုံးမြို့ အလက်ပိုမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် လပေါင်းများစွာ သူပုန်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အခုအခါမှာ လပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ခန့်မှန်းခြေ လူ ၃၆,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ အစိုးရတပ်တွေဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း လေကြောင်းကနေ အရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် လူရာပေါင်းများစွာ ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သေဆုံးခဲ့ရပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Sunday, November 4, 2012
ဆရာမျိုးဟန်ကို - 2012, November လ အတွက် ဗေဒင် ဟောစတမ်း
အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ်
အဆင်မပြေ ဖြစ်နေမည်။ နေရာထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။ ငွေကြေး
ကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။
ခရီးဝေး ခရီးနီးများကို သွားလာနေရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည်
ပြင်ဆင်ရမည်။ စက်ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး
ကြိုးစားနေရသော အချိန်လေး ဖြစ်သည်။ ယခု အချစ်ရေးကိစ္စများ ချစ်သူနှင့်
ဝေးကွာနေရသူများ ပြန်လည် ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ
အဆင်ပြေနေသော အချိန်လေးပါ။ ကျန်းမာရေး အိပ်ရေးပျက် ၊ စိတ်ပင်ပန်း ၊
ကိုယ်ပင်ပန်း ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ပန်း ၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။
အကျိုးပေး သောဂဏန်းများ ။ ။ ၃ ၆ ၈ ဝ
၂။ တနင်္လာ သားသမီးများ အတွက်
ယခုလအတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင်
ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင်
နေရာရကိန်း ရှိသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။
ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။
လူမှုရေး ဘာသာရေး ကိစ္စများ ၊ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ
မိတ်ဆွေများနှင့် အထင်လွဲမှုကိစ္စများ ကြုံမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။
စက်ပစ္စည်းဝင်မည်။ ယာယီ ခရီးထွက်ရမည်။ မိတ်ဆွေများနှင့် ပြန်လည်
ဆုံတွေ့ရမည်။ ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။
အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ နီးရက် ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေး
စိတ်နေသဘောထား သင့်မြတ်နေသော အချိန်လေးပါ။ ကျန်းမာရေး သွေးထွက်သံယို
ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။
စိတ်ပူစရာ မရှိပါ။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကြာပန်း
၂ပွင့်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော
ဂဏန်းများ ။ ။ ၈ ၆ ၅ ဝ
၃။ အင်္ဂါ သားသမီးများ အတွက်
အလုပ်အကိုင်များ နေရာများ ပြောင်းရွေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့
စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ် ပေးသူများ
ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။ ယခုလအတွင်း ငွေကြေးကိစ္စများ
အဆင်မပြေသေးပါ။ ကြွေးတင်မည်။
ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။
သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးယာယီ သွားလာရမည်။
စက်ပစ္စည်းများ ပျက်မည်။
ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။ သင်တန်းများ တက်ရမည်။ အချစ်ရေး
ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။
ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။
အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။ ကျန်းမာရေး ခေါင်းမူး ၊ ခေါင်းကိုက်
ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်
ဘုရားတွင် လက်ဖက်သုပ် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။
၅ ၃ ၉ ၂
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
အလုပ် အကိုင်များ အဆင်ပြေလာမည်။ အလုပ် ကိစ္စများ နေထိုင်မှုကိစ္စများ
ပြသာနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေ
သော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီ ပေးသူ ပေါ်မည်။ ယခုလအတွင်း ငွေကြေး
ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်သည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက
သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။
ရသလောက် ကုန်ကျမှု များရှိနေမည်။ အိမ်ထောင် ပရိဘောဂ ပစ္စည်းများဝင်မည်။
ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။
ပညာရေး ကံကောင်းပါသည်။ အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။
မိမိနှင့် မိမိ ချစ်သူအကြား ပြသာနာမရှိသော်လည်း သူတစ်ပါးကိစ္စများ အတွက်နဲ့
ပြသာနာ ဖြစ်နေမည်။
အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။
ကျန်းမာရေး ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက်
ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သစ်တော်သီး ၃
လုံးကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၄ ၅ ၇ ဝ
၅။ ကြာသပတေး သားသမီးများ အတွက်
မျှော်လင့်နေသော ဆန္ဒများ ပြည့်စုံလာမည်။ ကူညီပေးသူ ပေါ်လာမည်။ အလုပ်အကိုင်
ကိစ္စများ အဆင်ပြေလာမည်။ နေရာရကိန်းရှိသည်။ အထက်လူကြီးနဲ့ ပူးတွဲ၍
လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများ အဆင်ပြေနေပေမဲ့
မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စက်ပစ္စည်းဝင်မည်။ အိမ်မက်ကောင်း
မက်မည်။
စီးပွားရေး ပုံမှန်လေး အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ စမ်တူကိစ္စများ
ရှောင်ကြည်ပါရန်။ ခရီးယာယီများ သွားလာမှုများ သွားသင့်ပါတယ်။
အဆင်ပြေလာမည်။ မိတ်ဆွေများနှင့် အတူတူ ခရီးယာယီ သွားရမည်။
ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။ အချစ်ရေး
ချစ်သူနဲ့စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေး
ပြန်လည် ဆုံဆည်းရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ ယတြာ =
ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပန်းသီး ၅
လုံးကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၆ ၅ ၁ ဝ
၆။ သောကြာ သားသမီးများ အတွက်
လိုရာဆန္ဒအမြန် ပြည့်ဝလာဖို့ လုပ်စရာရှိတာကို မှန်မှန်လေး ပြုလုပ်သွားပါ။
မိမိရဲ့ဆန္ဒတွေ ပြည့်ဝလာမှာပါ။ အလောမကြီးဖို့ သတိပေးပါရစေ။ အလုပ်အကိုင်
ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ ပြောဆိုဆက်ဆံ၍ လုပ်ကိုင်
ဆောင်ရွက်လိုက်ပါ။ အဆင်ပြေမဲ့ အနေအထားလေးတွေ ရှိပါတယ်။
ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။
မိမိ ကုန်သလောက်ရနေမည်။ အမွေကိစ္စများ ဖြေရှင်းရမည်။ သူတစ်ပါးကို ဂရုစိုက်၍
ကူညီပါ။ အထင်လွဲခြင်း ခံရမည်။ ကြာသတေးနံ ပစ္စည်းများ ဝင်လာမည်။ ခရီးကိစ္စများ
သွားလာမှု အဆင်ပြေနေမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။
အချစ်ရေး အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ ဝေးနေရမည်။ ယခုလ
ကျန်းမာရေး ဇက်ကြောတက် ၊ ကိုက်လက်ကိုက်ခဲခြင်း ဖြစ်မည်။ ယတြာ = မိမိ
နေအိမ်ဘုရားတွင် သရက်သီး ၆ လုံးကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်
တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၉ ၅
၂
၇။ စနေသား သမီးများ အတွက်
အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ ရည်ရွယ်သော အလုပ်များကို
လုပ်ဆောင်ရမည်။ အထက်လူကြီးနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ယခုလအတွင်း
ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ မိသားစုအတွင်း
လူဝင် လူထွက်ရှိသည်။ ခရီးကိစ္စမျာ သွားလာမှု အဆင်ပြေမည်။ မိသားစုအတွင်း
နေရာထိုင်ခင်း ကိစ္စများ ပြုပြင်ရမည်။
ထီး ဖိနပ် နာရီ အဝတ်အထည်များဝင်မည်။ အချစ်ရေးမှာ အေးချမ်းနေမဲ့
အချိန်လေးပါ။ အိမ်ထောင်ရေး အဆင်ပြေပြီး စကားများနေရမည်။ ယခုလ ကျန်းမာရေးမှာ
လက်နာမည် အအေးမိ ဖြစ်မည်။ ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်
နှင်းဆီနီ ၇ ပွင့်ကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာ စေရန်အတွက်
ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေး သောဂဏန်းများမှာ ။ ။ ၇ ၆ ၀ ၁
ယခုလ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။
ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို
ဆက်သွယ်ရန် ၊ အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် နဘေး ၊ No.118, Jalan
Tun H.S.Lee, 50000, Kuala Lumpur. Kuala Lumpur Malaysia - Website :
http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph;
017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
လူကြီးမင်း မိုဘိုင်း *** ဆမ်ဆောင်းဂလက်စီမီနီဟန်းဆက် ကျပ် ၅၀၀၀ နှင့် မရောင်းဖြစ်
်နေဂျာတစ်ဦးဖြစ်သူကပြောသည်။
လူကြီးမင်းမိုဘိုင်းသည် ၄င်းတို့၏ ယခုအစီအစဉ်ကို အထက်ပါအတိုင်း တရားဝင် ကြေညာခဲ့ခြင်းဖြစ်သဖြင့် ကျပ်ငါးထောင်တည်းနှင့် ဆမ်ဆောင်းဂလက်စီမီနီဖုန်းကို ရယူလိုသူများသည် ရန်ကုန်မြို့ရှိ ဆိုင်ခွဲခုနစ်ဆိုင်လုံးတွင် ထောင်နှင့်ချီသည်အထိ ဖြစ်သွားခဲ့သည်။
"ဆိုင်ဖက်ကလည်း အစီအစဉ်ကို စနစ်တကျနဲ့လုပ်ဖို့လိုတယ်။ ဈေးကွက်မှာက ပရိုမိုးရှင်းအတွက် တစ်ခုခုကို စမ်းသပ်ကြည့်မယ်ဆို အစကတည်းက သေချာမစီစဉ်ထားရင် မနိုင်မနင်းဖြစ်တတ်တယ်။ အခု လူအုပ်ထဲမှာ အခြေခံလူတန်းစားတွေပါနိုင်ပြီး တစ်အိမ်ကို မိသားစုလိုက် လာကံစမ်းနိုင်တယ်။ သူတို့သာပေါက်သွားခဲ့ရင် ပြန်ရောင်းဖို့ကများတယ်။ ဒါတွေကို အစကတည်းက စိစစ်ထားရမှာ။ လူတွေအနေနဲ့လည်း မကျေနပ်ရင် ဖျက်ဆီးမယ်ဆိုတဲ့ စိတ်တွေ မရှိဖို့လိုတယ်"ဟု ရန်ကုန်အခြေစိုက် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းလုပ်ငန်းတစ်ခုမှ ဒုတိယအထွေထွေမန်နေဂျာတစ်ဦးက သုံးသပ်သည်။
အဆိုပါ မိုဘိုင်းဖုန်းဆိုင်များမှ ၄င်းတို့သတ်မှတ်ထားသော ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ တွင် ဆိုင်ရှေ့အသီးသီးသို့ ရောက်ရှိစောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးကို ကံစမ်းနိုင်ရန်တိုကင်နံပါတ်ပြားများ စတင်ဝေငှခဲ့ပြီး တိုကင်နံပါတ်ပြားများမှာ စောင့်ဆိုင်းနေသူအရေအတွက်နှင့် မမျှတရာမှတစ်ဆင့် တိုကင်မရရှိသူများ၏ မကျေနပ်ချက်များမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းနေရာအချို့တွင် ရောက်ရှိနေကြသည့် ရန်ကုန်မြို့ခံအချို့ထံမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံးရှိ လူကြီးမင်းဖုန်းဆိုင်ခွဲ ၁၁ ဆိုင်လုံးတွင် အဆိုပါဖုန်း အလုံးတစ်ရာကျော်ကို ကံစမ်းမဲဖြင့် မဲဖောက်ရောင်းချပေးမည့် အစီအစဉ်သည် ရန်ကုန်မြို့ရှိ ဆိုင်ခွဲခုနစ်ဆိုင်လုံးတွင် ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုပြဿနာအား ရဲဝန်ထမ်းများက ဝင်ရောက်ဖြန်ဖြေပေးခဲ့ရပြီး လူအုပ်ကြီးထဲမှ ဝန်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်ကြသူများနှင့် ဆိုင်များကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ကြသူများရှိခဲ့သဖြင့် ၀န်ထမ်းအချို့ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ကာ ရန်ကုန်မြို့ရှိ ဆိုင်ခွဲအများစု ပျက်စီးခဲ့ရကြောင်း လူကြီးမင်းမိုဘိုင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
အားပေးသူများကို ကျေးဇူးတုံ့ပြန်ရန်အတွက် ယခုကဲ့သို့ ပြုလုပ်မည့်အစီအစဉ် ပျက်သွားခဲ့ရခြင်းအတွက် လူကြီးမင်းမိုဘိုင်းမှ လာရောက်အားပေးကြသူများကို တောင်းပန်ကြောင်းနှင့် မထင်မှတ်ပဲ ဖျက်သိမ်းလိုက်ရသော အစီအစဉ်ကို မည်ကဲ့သို့ ပြန်လည်စီစဉ်ပေးမည်ကို တာဝန်ရှိသူများက မဆုံးဖြတ်ရသေးကြောင်း ၄င်းကပြောသည်။
လူကြီးမင်းမိုဘိုင်းသည် ယနေ့တွင် ၄င်းတို့၏ အားပေးသူများအတွက် ဆမ်ဆောင်းဂလက်စီမီနီ အလုံး ၁၁၀ ကို တစ်ဆိုင်လျှင် ၁၀ လုံးကျစီဖြင့် တစ်နိုင်ငံလုံးရှိ ဆိုင်ခွဲပေါင်း ၁၁ ဆိုင်အတွက် ကျပ်ငါးထောင်တည်းဖြင့် ရောင်းချပေးမည့်အစီအစဉ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်မှစတင်ကာ ကြေညာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုအစီအစဉ်ကို စိတ်ဝင်စားကြသူများသည် လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်များရှေ့တွင် နံနက် ၄ နာရီဝန်းကျင်မှ ရောက်ရှိနေခဲ့ကြခြင်းဖြစ်သည်။
ယင်းအစီအစဉ်ကြောင့် ရန်ကုန်မြို့ရှိ ဆိုင်ခွဲများနှင့် အနီးတစ်ဝိုက်တွင် လမ်းများပိတ်ဆို့သည်အထိ ဖြစ်ပွားခဲ့ပြီး အချို့သောနေရာများတွင် လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်များ၏ အဆိုပါကြော်ငြာဗီနိုင်းများ ပျက်စီးနေသည်ကို တွေ့ရှိရသည်ဟုလည်း ရန်ကုန်မြို့ခံအချို့ကပြောသည်။
7 Days
မင်းမဲ့စရိုက် ဆန်ဆန်ရမ်းကားမှုများ မပြုလုပ်စေရန် ရဲတပ်ဖွဲ့ မှ ထိန်းသိမ်း ဆောင်ရွက်နေမှုများ
မင်းမဲ့စရိုက် ဆန်ဆန်ရမ်းကားမှုများ မပြုလုပ်စေရန် ရဲတပ်ဖွဲ့ မှ ထိန်းသိမ်း ဆောင်ရွက်နေမှုများ
ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း ညအချိန်များတွင် ပြိုင်ကားများအား
အုပ်စုဖွဲ့ ၍ စည်းကမ်းမဲ့ ရမ်းကား မောင်းနှင်မှုများနှင့် နိုက်ကလပ်များမှ
မူးယစ်သောက်စား ကခုန်ပြီး အပြန် ပြိုင်ကားများ စည်းကမ်းမဲ့
မောင်းနှင်မှုများကြောင့် မလိုလား အပ်သော ရန်ဖြစ် ရမ်းကားမှု ၊ လူသတ်မှု
ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။ ---

နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်း ရန်ကုန်မြို့ မှာ ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ်တွေ့ ရပုံ။
နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်း ရန်ကုန်မြို့ မှာ ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ်တွေ့ ရပုံ။













Posted in: 





