This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, June 13, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၁.၆.၁၂ ) မှ ( ၁၇.၆.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ

တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ

ငွေအစုလိုက်အပုံလိုက်ဝင်လိမ့်မည်။ အလှူအတန်းမုချပြုလုပ်ရမည်။ ထိုအချိန်တွင် အိမ်ပိုင်ကားပိုင်ဖြစ်
တတ်သည်။ ဖြတ်လမ်းနည်းနှင့်စီးပွားမရှာပါနှင့်။ ရိုးရိုးသားသားစီးပွားရှာလျှင်သေချာပေါက်အောင်မြင်မည်။
ယခုရက်ပိုင်းတွင် အရင်ကမသင့်မြတ်သူများနှင့်ပြန်လည်သင့်မြတ်မည်။ မိမိပတ်သက်သောသူများ၏
မင်္ဂလာသတင်းကောင်းကြားရလိမ့်မည်။ ထိုသတင်းကြားပြီးသော်သင်စီးပွားတက်မည်။ အလုပ်တွင်

စိတ်မပါသလိုဖြစ်နေတတ်သည်။ အလုပ်ပြောင်းခြင်းအိမ်ပြောင်းခြင်းပြုလုပ်ရတတ်သည်။

ကောင်းသောပြောင်းလဲခြင်းများဖြစ်မည်။

ကျန်းမာရေး။ အပူကြောင့် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၇ ၇)

တနင်္လာသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးကောင်းရှိသည်။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများ
ဆက်တိုက်လုပ်နေရမည်။ စိတ်ပင်ပမ်း လူပင်ပမ်းဖြစ်နေမည်။ ရွှေလက်စွပ်၊စိန်လက်စွပ်ပြုပြင်ရခြင်း၊
ထွက်ခြင်းဖြစ်တတ်သည်။ စာချုပ်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။ မိမိကိုယ်အမှုပတ်တတ်သည်။
ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ အလုပ်
တွင် အခက်အခဲများနှင့်တွေ့နေရတတ်သည်။ သည်းခံပါ။ အမှုမဖြစ်အောင်နေပါ။ ငွေကုန်ပြီးကြာတတ်သည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေမည်။
အချစ်ရေး။အဆင်မပြေဖြစ်နေမည်။ စိတ်တိုင်းမကျစရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၆ ၆)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ပညာထူးရတတ်သည်။ မြေ၀င်ခြင်း၊ လုပ်ငန်းသစ်လုပ်ရခြင်း၊ နေရာသစ်ရောက်ရခြင်းဖြစ်တတ်သည်။
ကိုယ်ပိုင်လုပ်ငန်းလုပ်လျှင် ထင်သလောက်မအောင်မြင်သေးပါ။ လူမျိုးခြားများ၏
ဒုက္ခပေးခြင်းကြုံတွေ့ရတတ်သည်။ ခရီးသွားရတတ်သည်။ ကာမဂုဏ်အပျော်အပါးနှင့်တွေ့ရတတ်သည်။
သားသမီးရှိကသားသမီးအတွက်စိတ်ညစ်ရတတ်သည်။ သို့မဟုတ် ဆွေမျိုးသား
ချင်းများအတွက်ပူပင်သောကဖြစ်နေရတတ်သည်။ ငွေကုန်များနေမည်။ ငွေအတွက်စိတ်ညစ်နေရမည်။

ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရတတ်သည်။ အရိုးအဆစ်များနာကျင်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲရုတ်တရက် အိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးပါသောမုန့် (၆) ခုကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၆ ၇)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ဆိုင်ခန်းဝင်ခြင်း၊ အိုးပိုင်အိမ်ပိုင်ရတတ်ခြင်းဖြစ်မည်။ စာရွက်စာတမ်းကိစ္စများ အစစအရာရာအဆင်ပြေမည်။ ကားပြင်ခြင်း၊ ကားထွက်ခြင်းဖြစ်တတ်သည်။ ငွေကြောင့်ပူပင်သောကဖြစ်နေ
တတ်သည်။ ငွေပျောက်ခြင်း၊ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ သူခိုးခိုးခံရတတ်သည်။
ခင်မင်သောမိတ်ဆွေနှင့်စကားများပြီး လမ်းခွဲရတတ်သည်။ အလုပ်ထဲတွင်
အတိုက်အခံတွေ့ရတတ်သည်။ ဆိုင်ကယ်၊ ကားသတိထားပါ။

ကျန်းမာရေး။ ခေါင်းတွင်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားအသစ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၃ ၀ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

စာရွက်စာတမ်းကိစ္စကြောင့် စိတ်ညစ်နေရခြင်း၊ ငွေအတွက်ပူပင်သောကရောက်နေရတတ်သည်။ သို့သော်မကြာခင်
မှာငွေရေးကြေးရေး အဆင်ပြေသွားမည်။ အလုပ်ထဲတွင်လက်အောက်ငယ်
ထွက်ပြေးတတ်သည်။ ရွှေအသစ်ဝင်ခြင်း၊ စက်ပစ္စည်းအတွက်စိတ်ညစ်ရခြင်းဖြစ်တတ်သည်။ အိမ်၊ ခြံ၊ မြေထွက်
တတ်သည်။ ကြာသပတေးနံအကြောင်းပြုပြီးစိတ်ညစ်စရာဖြစ်နေတတ်သည်။

ကျန်းမာရေး။ ဗိုက်အောင့်နေတတ်သည်။
အချစ်ရေး။ မင်္ဂလာဆောင်ရန်ရက်ရွေးနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လုံးရေပေါ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၄ ၆ ၆ )

သောကြာသားသမီးများ၏ကံကြမ္မာ

ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ထီပေါက်တတ်ခြင်း၊ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ ပြည်တွင်းခရီးလဲသွားရတတ်သည်။
ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်ဆောင်နေရတတ်သည်။
ဆွေမျိုးသားချင်းများမှမိမိထက်ငယ်သူကြောင့်ပူပင်သောကဖြစ်ရတတ်သည်။ အသွားအလာသတိထားပါ။
စာချုပ်စာတမ်းအာမခံခြင်းမလုပ်ပါနှင့်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ်
ရတတ်သည်။ အင်တာဗြူးဖြေခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများဖြေဆိုလျှင် ထူးချွန်စွာအောင်မြင်မည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မိမိကိုယ်တိုင် မရေမရာဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၇ ၅ ၅ )

စနေသားသမီးများ၏ကံကြမ္မာ

အိုးသစ် အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရခြင်း၊ လုပ်ငန်းသစ်ပြောင်းရွှေ့ရခြင်းဖြစ်တတ်သည်။ ငွေဝင်မည်။
ငွေကုန်များနေမည်။ လူမျိုးခြားများ၏ဒုက္ခပေးခြင်းခံနေရတတ်သည်။ နိုင်ငံရပ်ခြားကိစ္စများ
တိုးတက်မှုမရှိဘဲကြန့်ကြာနေတတ်သည်။ လုပ်သမျှလွဲချော်နေတတ်သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။
မိမိကိုယ်တိုင်စိတ်တိုင်မကျဖြစ်နေခြင်း၊ သူတပါးကိုစိတ်တိုင်းမကျဖြစ်ခြင်းဖြစ်နေမည်။

ကျန်းမာရေး။ ဒူးနာခြင်း၊ နားနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ တကျက်ကျက်စကားများခြင်း၊ ရန်ဖြစ်ခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အသီး ( ၆ ) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၆ ၁ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏ တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း
( ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး )
ဖုန်း- +6016 690 3513 ၊ +6012 9133 093

facebook: www.facebook.com၊/swezinwati

E-mail:swezinwati@gmail.com

*မလေးရှားမဟုတ်သောတခြားပြည်ပရောက် ဗေဒင်မေးမြန်းလိုသူများ အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်*

ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသော မီဒီယာ


ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသော မီဒီယာ
ရေးသားသူ - ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦး
(နစ်နေမန်းဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းရရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရော ဆိုတာထက် ပိုကျော်လွန်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွနေတဲ့ Eleven Media Group ဟာ ပြဿနာတွေ ကြီးထွားအောင် ဖန်တီးလှုံဆော်နေတာမို့ မရိုးသားပါ။

ဒီလိုလုပ်နေတာဟာ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနဲ့အတူ နောက်ကွယ်က ဒီပြဿနာဖြစ်အောင် ဖန်တီးနေတဲ့လုပ်ရပ်ရဲ့ ဆောင်ရွက်ချက်လို့ သက်သေတခုအနေနဲ့ မီဒီယာလိုင်းကနေ အကွက်ကျကျ စီစဉ်မှုဆိုတာပါပဲ။

ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦးက အောက်ဖေါ်ပြပါ ရေးသားဖော်ပြချက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှု အစအဆုံးကို အသေးစိတ် သုံးသပ်ကြည့်ရှုနေနကြသူတွေအနေနဲ့ ဒီပြဿနာရဲ့အခြေခံဟာ ဘယ်သူတွေလဲဆိုတာ ကြည့်တတ်မြင်တတ်ကြမှာပါ။

ကျနော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ EMG က ထုတ်သမျှ edition အားလုံးကို တစောင်မကျန် (ပိုက်ဆံအကုန်ခံပြီး) စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်းပဲ တလကို ငွေ ၆,၅၀၀ လောက်သုံးနေတဲ့ EMG ပရိသတ် (ဘက်မလိုက်တဲ့ မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦးပါ။ မကြိုက်တာ ရေးမိလို့ နာမည်ပြောင်းခေါ်လဲ ဘာတတ်နိုင်မှာတုန်းဗျာ။

EMG ဟာ ဘယ်စာစောင်၊ ဘယ်ဂျာနယ်ကမှ ခဏခဏ မပြောတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ethic, ethic နဲ့ တဖွဖွပြောတဲ့ ဂျာနယ်မို့လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မရွေးဘဲ အလယ်က နေခဲ့တယ်၊ နေနေတယ်၊ နေဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကို အားပေးခဲ့တယ်။ ဒါတွေဟာ ပြီးခဲ့တဲ့ တပတ်လောက်ကထိ EMG က ဒီလိုပဲလို့ ထင်ခဲ့တာပဲ။

“မြန်မာနိုင်ငံထဲမှာ ဖြစ်တယ်။ မြန်မာတည်ဆဲ ရာဇ၀တ်ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင်ထည့်လိုက်ရင် ပြီးနေပြီ။ ဘာမှ ဆက်ဖြစ်စရာမရှိဘူးလေ။ ဒီဟာလေးကို EMG က စ ဖွတယ်။ အင်မတန် ထိလွယ် ရှလွယ်တာကို လွယ်လွယ်ရေးချတယ်။ မွတ်ဆလင်ကုလား usage သုံးပြီး comment တွေ ရေးခွင့်ပေးတယ်။ ဘယ်ဘာသာဝင်လို့ ရေးကတည်းက သွားပြီ။ တင်ပြတာ မမှန်တော့ဘူး။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ သိသင့်တယ်။ သိသိကြီးနဲ့ လွယ်လွယ်ရေးချတယ်။ လွယ်လွယ်ဖတ်တဲ့ လူအုပ်စုတစုက သွေးကြွတယ်။ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေ ဖြစ်လာတယ်။ Eleven က ဘာဖြစ်စေချင်တာလဲ။ ဆက်ပြီးတော့ သတ်ကြစေချင်တော့ ...”

အလဲဗင်းမီဒီယာအုပ်စု၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်

ဒါပေမယ့် Leading Media တခုဖြစ်တဲ့ EMG က တောက်လျှောက်ကိုင်စွဲလာတဲ့ ethic policy ကို လွတ်လိုက်ပြီလား။ အရမ်းသိချင်လာပါတယ်။ ဘယ်သွားမလဲ Eleven၊ ဘာတွေလုပ်နေတာလဲ Eleven၊ ကိုယ့်မူဝါဒကို လွှတ်ချလိုက်တာလား၊ လွှင့်ပစ်လိုက်တာလား၊ ကိုယ့်ကိုကိုယ် ဘယ်ရောက်နေမှန်းတောင် မမြင်တော့တာလား၊ EMG က ဆရာတွေ ဘာဖြစ်ကုန်တာလဲ၊ တောက်လျှောက် အကောင်းလား၊ အစကတည်းက ဒီလိုလား ...။

အခုရခိုင်ကိစ္စမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကွယ်၊ အလယ်က သတင်းသမားသာ တင်ပြတာ မမှန်ခဲ့ရင်၊ ဘက်လိုက်ဇောင်းပေး biased လုပ်ခဲ့ရင် လူမျိုးရေး၊ ဘာသာရေး ဆူပူတာ ပိုကြွလာမယ်၊ နှစ်ဘက်လုံး မလိုအပ်ဘဲ အသက်စည်းစိမ်တွေ ပိုဆုံးရှုံးမယ်။ သေးတဲ့အမှု ပိုကြီးလာမယ် ဆိုတာ ဆရာတို့လို တက္ကသိုလ်က လူတွေ အပါအ၀င် ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး၊ စာတကယ်ဖတ်သူအားလုံး နားလည်မှာပါ။

ပထမ - ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရပြီး ပစ္စည်းယူ၊ အသတ်ခံရတယ်။ ဘယ်သူကပဲ လုပ်လုပ် ရဲပိုင်တဲ့ criminal case ရာဇ၀တ်မှုသာ ဖြစ်တယ်။ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဆရာဝန်မတဦးကို သူ့မိတ်ဆွေက ဓာတ်ဆီလောင်း မီးရှို့သတ်တာ၊ ၁၆ လမ်းက ၁၀ တန်းဖြေထားတဲ့ ကောင်မလေးတယောက် လူသတ်၊ ပစ္စည်းယူ၊ မီးရှို့သတ်ခံရတာ၊ ၁၃ နှစ်အရွယ် ကောင်လေးတယောက်ကို လိင်တူယောင်္ကျားချင်း မုဒိမ်းကျင့်၊ ပါးစပ်ပိတ် လူသတ်သွားတာ ... စတဲ့ ဖြစ်စဉ်တွေနဲ့ ဘာမှမကွာလှတဲ့ ဖြစ်စဉ်တူတခုပါပဲ။ ပြီးခဲ့တဲ့ လပိုင်းက ဂျပန်မတယောက်ကို မြန်မာနှစ်ယောက် မုဒိမ်းကျင့်ပြီး သတ်ပစ်တယ်။ ဥပဒအရ နောင်ကျဉ်နေအောင် မြန်မာပြည်မှာ ဒါကို လက်မခံဆိုပြီး ထိထိရောက်ရောက် သေဒဏ်ပေးဆော်ထည့်တယ်။ ဒီဟာတွေမှာလည်း ဘယ်ဘာသာဝင်က လုပ်တယ်လို့ ဘယ်မီဒီယာကမှ မရေးဘူး၊ ရေးစရာလည်း မလိုဘူး။ ရဲက အရေးယူ၊ ထိရောက်တဲ့ အပြစ်ဒဏ်ချ၊ ဥပဒေပိုင်းဆိုင်ရာအရ ပြီးပြီ။ မြန်မာနိုင်ငံထဲမှာ ဖြစ်တယ်။ မြန်မာတည်ဆဲ ရာဇ၀တ်ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင်ထည့်လိုက်ရင် ပြီးနေပြီ။

ဘာမှ ဆက်ဖြစ်စရာမရှိဘူးလေ။ ဒီဟာလေးကို EMG က စ ဖွတယ်။ အင်မတန် ထိလွယ်ရှလွယ်တာကို လွယ်လွယ်ရေးချတယ်။ မွတ်ဆလင်ကုလား usage သုံးပြီး comment တွေ ရေးခွင့်ပေးတယ်။ ဘယ်ဘာသာဝင်လို့ ရေးကတည်းက သွားပြီ။ တင်ပြတာ မမှန်တော့ဘူး။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ သိသင့်တယ်။ သိသိကြီးနဲ့ လွယ်လွယ် ရေးချတယ်။ လွယ်လွယ်ဖတ်တဲ့ လူအုပ်စုတစုက သွေးကြွတယ်။ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေ ဖြစ်လာတယ်။ Eleven က ဘာဖြစ်စေချင်တာလဲ။ ဆက်ပြီးတော့ သတ်ကြစေချင်တော့ ...

ဒုတိယ - တောင်ကုတ်မှာ လူ ၁၀ ယောက်(ဆရာကတော့ လူလို့ပဲ မြင်မိလို့၊ ဥပဒေအရတော့ နိုင်ငံသားကတ် တရားဝင်ရှိတဲ့ လက်နက်မဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်) ကို အခြားသံတုတ်၊ တုတ်ကိုင် နိုင်ငံသား ၂၀၀ ကျော်က မသေမချင်း ဦးနှောက်တွေ ပွင့်ထွက်တဲ့ထိ ရည်ရွယ်ပြီး စောင့်ပြီး ၀ိုင်းရိုက်သတ်တယ်။ သူတို့ ဘာလုပ်မိလို့များ ဒီလိုတောင် လုပ်ခံထိရတာလဲ။ သူတို့က တရားခံတွေမို့လား။ မြန်မာနိုင်ငံမှာ ဒီလောက်ကြီးတောင် ဥပဒေမဲ့ လုပ်ရသလား။ ဘာသာရေးအဆုံးအမ ရှိသူတိုင်း၊ တရားရှိသူတိုင်း ယဉ်ကျေးပြီးသူတိုင်း ဒီဖြစ်ရပ်ကို လက်ခံစရာမရှိပါဘူး။ သူငယ်ချင်း နိုင်ငံခြားက တက္ကသိုလ်ဆရာတွေကတောင် phone နဲ့ mail နဲ့ မေးတယ်။ ဘယ်ကစလဲ။ ပြောပြတော့ ဒီကိစ္စက သေးသေးလေးပဲ၊ ဒီလောက်ကြီးသွားရသလား၊ မင်းတို့လို ဘာသာတရားလေးစားတဲ့ နိုင်ငံမှာ ဒီလို ဥပဒေမဲ့ လွယ်လွယ်လေးသတ်တာတွေ ရှိနေပြီလား မေးတယ်။ ဆရာ့မှာ ရှက်စိတ်အပြည့်နဲ့ အဖြေမရှိခဲ့ဘူး။ ဆရာက ဥပဒေသမားမို့ ဥပဒေရှုထောင့်ကပဲ ကြည့်တတ်တယ်။ လူ ၁၀ ယောက် သေတာကို နောက် လူတွေက ပျော်နေရလောက်အောင် မြန်မာတွေက စိတ်ဓာတ်က ဆိုးဝါးအကြမ်းဖက်စိတ် ရှိခဲ့လို့လားဗျာ။ EMG လုပ်ရပ်က နိုင်ငံတကာမှာ မြန်မာသိက္ခာကျစေတာပေါ့။ ရခိုင်ပြည်နယ်ကို နိုင်ငံခြားက လာရောက်လည်ပတ်ချင်သူ၊ ရင်းနှီးမြှုပ်နှံချင်သူတွေ ဘယ်လာရဲတော့မလဲ။ မျက်တောင်တဆုံးပဲ ဆက်ကြည့်တတ်တော့ EMG က ဆက်ဖွနေတယ်၊ ဆက်ဆွနေတယ်၊ ဘယ်ဂျာနယ်ကမှ ရခိုင်အရေးနဲ့ပတ်သက်ရင် သတိကြီးကြီးထား မတိမ်းစောင်းစေဘဲ မဖွဘဲ ရေးတယ်။

The Voice တို့လို့ ဂျာနယ်အကြီးတွေတောင် ပြသနာပိုကြီးထွားမသွားစေချင်လို့ media သမား ပီပီသသနဲ့ comment တွေကို ပိတ်ထားတယ်။ Eleven ကတော့ လွယ်လွယ် ရေးခွင့်ပေးလို့ comment တွေ အပြန်အလှန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ရေးကြပြန်တယ်။ ဆရာ သိသလောက် ဘယ်မြန်မာလူမျိုးမှ မရိုင်းပါဘူး။ Eleven Site ထဲမှာ ဘယ်သူမှ ဖတ်လို့မရလောက်အောင် ဆဲဆိုနေတာတွေက မြန်မာ reader တွေ ရေးတင်တာလို့ ကျနော်တာ့ မယုံကြည်ဘူး။ EMG က လူတွေပဲ ပြဿနာကြီးထွားလာအောင် comment တွေ ထိုင်ပေးနေသလား ထင်ရလောက်အောင်ပါပဲ။ Eleven က ဘာဖြစ်စေချင်တာလဲ။ ဆက်ပြီးတော့ သတ်ကြ၊ ဆူပူကြ ဖြစ်စေချင်တော့...

တတိယ - မောင်တောကိစ္စ ဖြစ်လာတယ်။ တဘက်ဘက်ကို အလွန်အကျွံ နှိပ်ကွပ်တော့ ပြန်ကြွတတ်တာ မသိလို့လား၊ comment တွေ၊ သတင်းတွေ တဖက်သတ် ဖြစ်ကုန်တယ်။ တောင်ကုတ်မှာ လူ ၁၀ ယောက်ကို မသေမချင်း ဦးနှောက်တွေ ပွင့်ထွက်တဲ့ထိ ရိုက်သတ်ခံရတဲ့ ဓာတ်ပုံတွေကိုတောင် မတင်ခဲ့တဲ့ Eleven က မောင်တောမှာ မီးရှို့တာ၊ အပြန်အလှန် ချကြတာတွေကို အချိန်နဲ့ တပြေးညီ update လုပ် တင်ပေးလာတယ်။ အာဃာတလား၊ racists လား၊ သတင်းသမားလား၊ လူဖတ်များ စောင်ရေများ စေချင်တာလား၊ ကြားဝင်လှုံ့ဆော်တဲ့ အပြုအမူတွေကို ဘာလို့ ရွေးလုပ်ချင်ရသလဲ၊ ဘာတွေကို အမြတ်ထုတ်ချင်နေတာလဲ Eleven၊ အလယ်က လူတွေရဲ့လုပ်ရပ်က ဒီလိုပဲလား၊ တရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

စတုတ္တ - ဒီနေ့ Eleven ရဲ့ လုပ်ရပ် ၃ ခုက စာဖတ်သူတွေကို စိတ်အပျက်စေဆုံးပါပဲ။ သတင်းခိုင်မာမှုကိုတောင် မစောင့်နိုင် EMG ရဲ့ ဖွရရင်ပြီးရော မူဝါဒကို သေချာမြင်လာရပါတယ်။

၁။ GTC ကျောင်းသားတဦး စစ်တွေမြို့လယ် အားကစားရုံးနားမှာ သေတဲ့ကိစ္စ၊ ဘာကြောင့် သေရသလဲ အတိအကျ မသိသေးပါဘူးတဲ့။ ဒဂုံတက္ကသိုလ်က ဆရာတွေတောင် စစ်တွေတက္ကသိုလ်က အသိတွေကို သာမန်ဖုံးလေးတချက် ဆက်တာနဲ့တင် အကြမ်းဖျင်း၊ ဟုတ် မဟုတ် သိနိုင်တဲ့ကိစ္စပဲဟာ။ အတိအကျ မသိသေးရင် မရေးပါနဲ့လား ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရယ်။ ဆရာတို့ဟာကလည်း ဖွလိုက်ရရင်ပြီးရော လုပ်လိုက်ပြန်ရော။ ဖြစ်တာက အဆောင်ပိုင်ရှင်နဲ့ GTC ကျောင်းသား ရခိုင်ချင်း ပြဿနာဖြစ် လက်လွန်ပြီး သတ်မိတဲ့ကိစ္စ၊ မောင်တော လူမျိုးရေး၊ ဘာသာရေးသတင်းနဲ့ တမျက်နှာတည်းမှာ ထားပြီး ရောသမမွှေလိုက်တယ်။ လွယ်လွယ်ဖတ်မိတဲ့ လူအုပ်စုတစုကို သွေးကြွစေပြန်တယ်။ ကျောင်းသား အသတ်ခံရတယ်၊ ကုလားတွေကြောင့်၊ သတ်ပစ်ကြ၊ သေကြေမှုတွေ ဆက်ဖြစ်ကြပြန်ရော။ ဘယ်သူ့လက်ချက်မှန်း မသိရသေးဘဲ ethic ဆရာကြီးတွေက ethic လုံးဝမရှိဘဲ လက်သွက်သွက် ရေးချနိုင်တာကို (အံ့သြမကုန်နိုင်ဖွယ်) တွေ့ရပြန်တယ်။ စာတကယ်ဖတ်တဲ့ သူတွေကို လိမ်လို့ မရပါဘူးဗျာ။ အေးအေးချမ်းချမ်း နေလိုသူတွေ EMG ကြောင့် ပူလောင်လာရပြန်တယ်။

၂။ အစိုးရထုတ် သတင်းစာတစောင်မှာမှ မပါသေးတဲ့ ခရေကုန်းဘောင်ရွာက ကျောင်းဆရာမနှစ်ဦး ဓားဒဏ်ရာတွေနဲ့ အသေရောက်လာတဲ့ သတင်းဦး၊ သတင်းထူးကြီးကလည်း ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန်ကျေကျေ အတိုင်အဖောက်ညီညီ လျှောက်ဖွလိုက်တာပဲ ဖြစ်နေပြန်တယ်။ လုံးဝမသေချာဘဲနဲ့၊ လုံးဝမမှန်ဘဲနဲ့ Eleven က ဆူပူအုံကြွမှုတွေဖြစ်၊ စစ်တပ်က ကိုင်မှ၊ အာဏာသိမ်းမှ ရမယ်လို့၊ နှပ်ကြောင်းပေးချင်တာလား၊ တတိုင်းပြည်လုံးက အသေအကြေ ဒုက္ခခံ၊ အသက်ထောင်သောင်းများစွာပေးပြီး စစ်ဖိနပ်အောက်က ရလာတဲ့ ဘာမှ သက်တမ်းမကြာသေးတဲ့ ဒီမိုကရေစီစနစ်ကလေးကို အသေသတ်၊ ပြောင်းပြန်လှန်ချင်နေတာလား။

ကလောင်သွားထက်တာကို အမြတ်ယူချင်တာလား။ လုပ်သူ ခံရသူ ကြားမှာ အမြတ်ထွက်သူရှိတာ မဆန်းပေမယ့် စတုတ္ထဒေါက်တိုင် Eleven ကတော့ နောက်ပြန်လှည့်ဖို့ ဘေးတီးပေးနေ၊ အဆင်းဘီးတပ်ပေးနေသလိုပါပဲ။ လူတဖွဲ့က နောက်လူတဖွဲ့ကို ဘာကြောင့်ပဲ သတ်သတ်၊ သူ့ငရဲ သူသွားမှာပါပဲ။ ဘယ်ဘာသာတရားမှာမဆို လူမသတ်ရဆိုတာ ပညတ်ပြီးသားပါ။ ကုလားကိုသတ်တယ်ပြောပြော၊ ရခိုင်ကိုသတ်တယ်ဆိုဆို၊ လက်စားချေတယ်ပြောပြော၊ ဘာသာရေး၊ လူမျိုးရေး ကြိုက်တဲ့ခေါင်းစဉ်တပ်ပြီး လူသတ်ပါ။ ကိုယ်သေတဲ့အချိန်မှာ တဦးချင်းတယောက်ချင်း သွားရတဲ့ ဘုံအဆင့်ဆိုတာ ကျိန်းသေပေါက် ဘာသာတရားတိုင်းမှာရှိပြီး သတ်မှတ်ပြီးသားပါ။ ဘာကြောင့်များ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး လူတွေအချင်းချင်း (ဆရာကတော့ လူလို့ပဲ မြင်မိလို့၊ ကုလား၊ ရခိုင်၊ တရုတ်၊ အင်္ဂလိပ်၊ ခရစ်ယာန်၊ အသားအရောင်၊ ယုံကြည်တာပဲ ကွာမယ်) သတ်ဖြတ်သေကြေတာတွေဖြစ်အောင် ဘာလို့ မမှန်သတင်းတွေနဲ့ လမ်းကြောင်းပြောင်း လှုံဆော်ချင်နေရတာလဲ။ ကုလားတမျိုးလုံးကို သတ်တော့ရော၊ ရခိုင်တွေသေတော့ရော ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး ဘာတွေများ စီးပွားရေးအမြတ်ထွက်လာမလဲ။ တခုခုကို ခုတုံးလုပ်ပြီး နင်းတက်ချင်တဲ့ စိတ်ဓာတ်က EMG ရဲ့ မူဝါဒလား။

၃။ မောင်တောက ကန်တော်ကြီးသောက်ရေကန်ကို ဘင်္ဂလီတွေက အဆိပ်ခပ်ထားတယ် ဆိုတဲ့ကိစ္စ၊ ဒီသတင်းကို အတည်ပြုဖို့ EMG က အတည်ပြုနိုင်ဖို့ ဆက်သွယ်နေပါပြီတဲ့၊ လုပ်ချလိုက်ပြန်ပြီ။ တကယ့်ရှက်စရာပါ။ ၈၈ အရေးအခင်းက ထွက်ခဲ့တဲ့ စာစောင်တွေလောက်တောင် Eleven အဆင့်မရှိတော့ပါ။ အတည်မပြုရသေးတာကို ဘာလို့ ရေးရတာတုန်း၊ ethic တွေ ဘယ်ရောက်သွားပြီလဲ။ စိတ်တော့မဆိုးပါနဲ့။ ဆရာကတော့ ဥပမာသတင်းလေးတခု ရေးမိတော့မယ်။ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားတွေ မနေ့ညက တောင်မြင်းပြိုင်ကွင်းလမ်းက EMG ရုံးချုပ်မှာ မကောင်းတဲ့အမျိုးသမီးတွေ အုပ်စုလိုက်နဲ့ ပါတီပေး ညလုံးပေါက် မူးရူးကခုန်ပျော်ပါးပြီး ရှိနေခဲ့ပါတယ်၊ ဒီသတင်းကို အတည်ပြုဖို့ EMG ကို ဆက်သွယ်နေပါတယ်။ ဒီလိုဆို ဘာဖြစ်လာမလဲ၊ ကိုယ့်ဆရာတွေ မပျော်တော့တာ သေချာပြီ။ ဒီလိုလေး ရေးလိုက်မိတာတောင်မှ ကိုယ့်ဆရာတွေ ကျနော့်ကို သတ်ချင်လောက်အောင် ဒေါသထွက်စေ၊ စိတ်ကြွစေရင် သောက်ရေကန်ကို အဆိပ်ခပ်ထားတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ သတင်းကြီးကလည်း အခုဖြစ်နေကြတဲ့ ဘက်နှစ်ဘက်ကို ဘယ်လောက်အတိုင်းအတာအထိ ဒေါသတွေဖြစ်စေ၊ သေကြေစေမလဲ မစဉ်းစားတတ်တာလား၊ ဖွလိုက်ရရင် ပြီးရောလား၊ မီဒီယာတခုရဲ့ဖြောင့်မတ်မှု၊ သတင်းတခုရဲ့ ခိုင်မာတိကျမှုဟာ အသက်ပေါင်းများစွာကို ကယ်တင်စေနိုင်သလို၊ သေကြေစေနိုင်ပါတယ်။ ဥပဒေသမားတဦးနဲ့ သတင်းသမားတဦးမှာ အခြေခံအကျဆုံးက ရိုးသားဖြောင့်မတ်မှုရှိခြင်းပါပဲ။

အခုလို Online မှာ Open Source သတင်းတွေ အများကြီး ရနိုင်ချိန်မှာတောင် သတင်းအမှားတွေ၊ သတင်းအလိမ်တွေ၊ ဒီလိုလေးတော့ ဆော်လိုက်ဦးမှ အောက်တန်းကျစိတ်ဓာတ်တွေနဲ့ လုံးဝတည်ငြိမ်အေးချမ်းဖွံ့ဖြိုးနေတဲ့ ဒေသတခုကို ၁၀ ရက်အတွင်း လုံးဝဆိုးရွားသွားစေလောက်အောင် လူမျိုးရေးအဓိကရုဏ်းတခု ပေါ်ထွက်လာအောင် နောက်ကွယ်ကနေ ဘေးတီးလှုံဆော်ဖန်တီးချင်တဲ့ မူဝါဒရှိနေတာ၊ စာမဖတ်ဖြစ်ကြတဲ့ လူအများစုကို မျိုးချစ်စိတ်အရင်းခံသယောင် စည်းရုံးလှုံ့ဆော် ဆူပူစေတာ၊ ရလဒ်က ရခိုင်ပြည်နယ်ရဲ့ လူနေမှုပုံရိပ်တွေ ကျဆင်းစေတာ၊ စီးပွားရေးတွေ ပုံမှန်မဖြစ်စေတော့တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားစေတာ၊ ပေါ်လာတဲ့ အမြတ်က EMG ကို ပိုမိုထင်ပေါ် စောင်ရေတက် အရောင်းကောင်းစေချင်တာ၊ EMG က ငါတို့ဘက်က မျိုးချစ်တွေ၊ Patriotic တွေလို့ ထင်ရအောင် လုပ်ပြပြီး နိုင်ငံရဲ့လူတိုင်းရဲ့ လက်ရှိပန်းတိုင် နှစ်ပေါင်းများစွာ စောင့်စားနေကြတဲ့ ဒီမိုကရေစီပန်းတိုင်ကိုေ၀၀ါးလမ်းကြောင်း ပြောင်းပစ်နေတာ၊ ဘာမှ စာဖွဲ့စရာတောင်မရှိ (ကုန်ကုန်ပြောရရင် တရက်တိုက်စရာတောင်မရှိ၊ နေ့ဝက်နဲ့ အပြီးရှင်းပစ်လို့တောင်ရ) တဲ့ လူလက်တဆုပ်စာကြောင့် စစ်တပ်က ၀င်လာမှသာ၊ တပ်ဝင်လာပါတော့လား၊ စစ်တပ်ကသာ ကယ်တင်နိုင်တော့မယ်လို့ တစာစာအော်ခေါ်ပြီး အမြင်နောက်ပြန်ဆွဲနေတာ၊ နိုင်ငံပုံရိပ်ကို အဆုံးထိ ဆွဲချပစ်တာတွေဟာ မြန်မာ Journalist တယောက်အနေနဲ့ ရှက်တတ်ရင် ရှက်ပြီး သေပစ်ချင်စရာပါပဲ။ စစ်တပ်ပိုင် မြ၀တီ Eleven လို့တောင် အမည်ပြောင်းပေးရတော့မှာပါ။

ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး သိသင့်တာက အမှန်သတင်းမီဒီယာတွေဟာ (နောင်အနာဂတ်တကယ်ရှိတဲ့) နိုင်ငံတိုင်းမှာ အသက်သွေးကြောပါပဲ။ နောင်အနာဂတ် နိုင်ငံတော်သစ်ဆီကို လူတိုင်းလူတိုင်း ချွေးသံ၊ အားမာန်အပြည့်နဲ့ ချီတက်နေချိန်မှာ လိမ်ဆင်မမှန် သတင်းအပြည့်နဲ့ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရဲ့ နောက်ပြန်ဆွဲချ၊ လှုံ့ဆော်ရန်တိုက်ပေးနေတဲ့ လုပ်ရပ်က ဆရာတို့ တက္ကသိုလ်အသိုင်းအ၀ိုင်းအတွက်တော့ ရှက်ဖွယ်လိလိပါ။ ဘယ်သူတွေ ဘာပြောပြော မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ Eleven အတွက်ချည်းပဲ တလကို ငွေ ၆,၅၀၀ လောက် သုံးနေတဲ့ ဆရာကတော့ နောက်လကစပြီး တခြားဂျာနယ် ပြောင်းဖတ်တော့မယ်ဗျာ။

ရွှေမြန်မာတွေ မျက်လုံးဖွင့်ကြည့်ကြပါ။ ထလော့ ... မြန်မာ၊ မြန်မာ ... ထလော့။

တရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

ရေးသားသူ - ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတဦး

from ဒေါက်တာလွဏ်းဆွေ by ဒေါက်တာလွဏ်းဆွေ

မဲဆောက် အိုင်တီလောက

ကျော်ဇင် (မဲဆောက်)
ဇွန် ၁၂၊ ၂၀၁၂

ထိုင်း -မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကွန်ပျူတာဆိုင်များတွင် အသုံးပြုသော ၀င်ဒိုး (windows XP, windows7, Office 2007, 2010,Photoshop) စသည့် ဆော့ဝဲလ်များကို မူပိုင်ခွင့်အရ စတင်စစ်ဆေးအရေးယူနေပြီလို့ သိရပါတယ်။ ယခင်နှစ်ကလည်း ၀င်ရောက်စစ်ဆေး အ ရေးယူခဲ့ပြီးဖြစ်ပါတယ်။ ယခုတစ်ကြိမ်တွင် ပိုပြီးတင်ကြပ်စွာစစ်ဆေးအရေးယူမှာဖြစ်တယ်လို့ ထိုင်း လုံခြုံရေးအရာရှိတစ်ဦးက ပြောပြကြောင်း လည်း သိရပါတယ်။

ဗိုင်းရပ်စ်ကာကွယ်သည့်ဆော့က်ဝဲများကိုလည်း စစ်ဆေးမှာဖြစ်ပြီး လက်ဝယ်တွင် ကော်ပီကူးထားသော windows CD အပါအ၀င် Install CD များကိုတွေရှိပါကလည်း ထိရောက်သောပြစ်ဒဏ်များကျခံရနိုင်တယ်လို့ သိရပါတယ်။ ယနေ့နံနက်ပိုင်းမှစတင်ပြီး မဲဆောက် မြို့လယ် ဖိုးထူးလက္ဘရည်ဆိုင်လမ်းရှိကွန်ပျူတာဆိုင်များအပါအ၀င် နာမည်ကြီးကွန်ပျူတာပြုပြင်ရောင်ဝယ်သည့်သူများနှင့် ကွန်ပျူတာဖြင့် သီချင်း သွင်းဓာတ်ပုံရိုက်သော ဆိုင်များအားလုံး ပိတ်ထားလိုက်ပြီဖြစ်ပြီး ဒီလိုအဖြစ်များဖြစ်ပေါ်တိုင်း မြန်မာပြည်သားပိုင်ဆိုင်များမှာ အဓိက ပစ် မှတ်ထား စစ်ဆေးခံရကြောင်းသိရပါတယ်။

VZO Website မြန်မာဘာသာဖြင့် လေ့လာနိုင်



VZO Website ကို မြန်မာဘာသာဖြင့် လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ စိတ်ဝင်စာလို့ လေ့လာချင်သူများ ဒီနေရာမှတဆင့် ဝင်ရောက်လေ့လာပါ။

ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းသည်သာ ဒီမိုကရေစီတန်ဖိုး


ဧရာဝတီ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများသည် ယနေ့ မြန်မာနိုင်တွင် ဖြစ်တည် စပြုနေသော ပြုပြင်ပြောင်းလဲရေး ခြေလှမ်းသစ် များကို နှောင့်နှေးစေသည်။

နိုင်ငံတော် အစိုးရနှင့် တပ်မတော်က ယခုဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများကို ဥပဒေဘောင်အတွင်းမှ တားဆီး ရပ်တန့်ရန် ဆောင်ရွက် ရမည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ကလည်း ဥပဒေနှင့် အညီဆောင်ရွက်ရန်၊ လူမျိုးရေး မုန်းတီးမှု၊ လက်စားချေမှုများကို ရှေ့တန်းမတင်ရန် သူ၏ အရေးပေါ် မိန့်ခွန်းတွင် ပန်ကြားပြီးဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင် တဦး အနေဖြင့် ပြောသင့်ပြောအပ်သော မိန့်ခွန်းဟု ယူဆပါသည်။

မီဒီယာနှင့် ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်များကလည်း ယခုဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှု များ ရှေ့ဆက်မဖြစ်ပွားစေရန်အတွက် တိုက်တွန်း ပြောကြား သည့် နေရာမှ ပါဝင်ဆောင်ရွက်သင့်သည်။

ယမန်နေ့ ညနေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မီဒီယာများ၏ ရေးသားမှုများနှင့် ပတ် သက်၍ သတိပေးပြောဆိုခဲ့သည်။ သို့သော် ရန်ကုန်တိုင်းဝန်ကြီးချုပ် အနေဖြင့် ဆူပူမှု ဖြစ်ပွားရန် လှုံ့ဆော်သည့် အရေးအသားများ ရေးသား ခဲ့သော မီဒီယာကို တိုက်ရိုက် အရေးယူ ဆောင်ရွက်ခြင်း မပြုဘဲ မီဒီယာ ကျင့်ဝတ်နှင့်အညီ ရေးသားနေသော ဂျာနယ်အားလုံးကိုပါ ခြိမ်း ခြောက် သကဲ့သို့ သတိပေးပြောဆို ခဲ့သည့်အတွက် ပြည်တွင်း မီဒီယာ များအားလုံး စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရသည်။ ပြည်တွင်း မီဒီယာ သမား အားလုံးမှာ သတင်းစာလွတ်လပ်ခွင့် အတွက် တာ ဝန် ယူမှု ရှိရှိဖြင့် ရေးသား ဖော်ပြ နေချိန်တွင် ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုပ်ရသော အဖြစ်မျိုးကို မလိုလားပေ။

အဓိကရုဏ်းနှင့် ပတ်သက်သော ကိစ္စရပ်အားလုံးကို ဖြေရှင်းရာတွင် အစိုးရ တာဝန်ရှိသူများ အနေဖြင့် အကျယ်အကျယ် မဖြစ်စေရန် လိမ္မာ ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ယူဆသည်။

သမ္မတဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပေးခဲ့သော စုံစမ်းရေး ကော်မတီကလည်း အဖြစ်မှန်ပေါ်ပေါက်ရေးကို အမြန်ဆုံး ဆောင်ရွက်သင့်သည်။ ကျဉ်းမြောင်းသော လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုများ၊ ၀ါဒဖြန့် မှိုင်းတိုက်မှုများ၊ ဥပဒေမဲ့ မင်းမဲ့စရိုက် လုပ်ဆောင် ကျူးလွန်မှုများကို ရပ် တန်းကအမြန်ရပ်တန့်ဖို့လည်း လိုပါသည်။ သမ္မတဦးသိန်းစိန်၏ ညွန်ကြားချက်အတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်း ဖက်မှု များကို တ ရားဥပဒေဘောင် အတွင်းက ကြပ်မတ် ဆောင်ရွက်သင့်ပါသည်။ အရေးယူသင့်သူများကို အမြန်ဆုံး အရေးယူ အပြစ်ပေးသင့်သလို၊ နစ်နာ ဆုံးရှုံးသူများကိုလည်း ကူညီဆောင်ရွက် ထောက်ပံ့မှု များ အမြန်ဆုံး လုပ်ဆောင် ပေးသင့်ပါသည်။

ရခိုင်ပြည်နယ် အဓိကရုဏ်း ဖြစ်ရသည့် အကြောင်းရင်းကို ပြန်ကြည့်မည်ဆိုပါက ၎င်းကိစ္စ မြစ်ဖျားခံရာ မသီတာထွေး ဖြစ်ရပ်၌ အစိုးရက ပြစ် မှုကျူးလွန်သူတို့အား အရေးယူမှု နှောင့်နှေးခဲ့သောကြောင့်ဟု ဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။ ထိုဖြစ်ရပ်တွင် နှောင့်နှေးခဲ့သောကြောင့် သာ မဖြစ်သင့်သော ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပြီး အပ်နှင့်ထွင်းရမည့် ကိစ္စရပ်ကို ပုဆိန်နှင့် ပေါက်ရသည့် ကိန်း ကြုံနေရခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသည် သက်တမ်းနုသေးသော ပြုပြင်ပြောင်းလဲခါစ နိုင်ငံ တနိုင်ငံဖြစ်သည်။ ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်ကို သိမ်မွေ့စွာ ဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ တစုံ တခု သော ပဋိပက္ခ ဖြစ်ပေါ်လာသည်နှင့် စစ်တပ် အာဏာသုံး၍ ဖြေရှင်းရသည် ဆိုခြင်းက တိုင်းပြည် အလားအလာအတွက် ကောင်းမွန်သော အနေအထားဟု မဆိုနိုင်ပေ။

သို့သော် မလွှဲမသွေ စစ်တပ်အကူအညီကို ယူ၍ ဖြေရှင်းရပြီဟု ဆိုရာ၌လည်း လုံခြုံရေးနှင့် လူ့အခွင့်အရေး စံနှုန်းများကို ခွဲခြား၍ မျှမျှတတ ဆုံးဖြတ်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် ကွဲပြားသောတခြားဘာသာဝင်များ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်သော နိုင်ငံတနိုင်ငံဖြစ်ပြီး ကျဉ်းမြောင်းသော အစွန်းရောက် အမျိုး သားရေး၊ အစွန်းရောက် ဘာသာရေး အတွေးအခေါ် များကို ရှေ့တန်းတင်သော နိုင်ငံတနိုင်ငံ မဖြစ်သင့်ပါ။

အကျည်းတန်သွေးစွန်းသော လုပ်ရပ်များ ရပ်တန့်ပြီး မတူကွဲပြားသော လူမျိုးစုဝင်များ၊ ဘာသာရေး ယုံကြည်ကိုးကွယ်သူများ
ငြိမ်းချမ်းစွာ အ တူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးလှပါသည်။ ယင်းသည်သာ ဒီမိုကရေစီ စနစ်၏ အခြေခံ တန်ဖိုး ဖြစ် ပေ သည်။