This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 21, 2012

နတ်ပိုက်ဆံနဲ့ ရန်ကုန်မှာ ဘတ်စ်ကားစီးနိုင်ပြီ(အခြေခံဥပဒေလိုပဲနော်သေချာဖတ်ပါ)



ဟုတ်ပါတယ်၊ နတ်ပိုက်ဆံ တဲ့။ နာမည်က အင်မတန် လန်းသလို သုံးစွဲရတာလည်း အင်မတန် အဆင်ပြေဖွယ် ရှိပါတယ်။

ipay ကတ် ၀ယ်ပြီး ဘတ်စ်ကား စီး၊ ကားခပေးနိုင်ပြီ ဆိုတော့ ကြော်ငြာထားသလို အကြွေမရှိ၊ အကြွေမကိုင်ချင်တဲ့သူတွေ စိတ်ချမ်းသာပြီပေါ့။
စပယ်ယာ ပိုက်ဆံပြန်မအမ်းတာ ပူစရာမလိုတော့သလို၊ လူတကာကိုင်တွယ်ထားတဲ့ အကြွေကိုလည်း စိတ်မသက်သာစွာနဲ့ ခဏခဏ ကိုင်စရာမလိုတော့ဘူးပေါ့။
နတ်ပိုက်ဆံ စိတ်ကူးကို ကစ္စပနဒီကုမ္ပဏီက အကောင်အထည်ဖော်နေတယ်၊ ရန်ကုန်က ဘတ်စ်ကားလိုင်းတွေအားလုံးမှာ ဒီစနစ်သုံးဖို့ တိုက်တွန်းနေတယ် တဲ့။

(နတ်ပိုက်ဆံကိုပဲ ကိုင်ရမယ်လို့ မဆိုလို၊ ခြင်္သေ့ပိုက်ဆံလည်း ဆက်ပြီး ကိုင်နိုင်ပါတယ် တဲ့)

ipay ကတ် စစ်ဆေးတဲ့စက်တွေကို ဘတ်စ်ကားတွေမှာ အခမဲ့ လိုက်တပ်ပေးနေတယ် လို့ အလဲဗင်းမီဒီယာ အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။

"နှစ်လအတွင်း ရယူတပ်ဆင်မှုမရှိသော ယာဉ်ပိုင်ရှင်များအနေဖြင့်မူ နောင်မှတပ်ဆင်မည် ဆိုပါက ၀ယ်ယူတပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်" တဲ့။

လောလောဆယ် ဘတ်စ်ကားစီးရာမှာ ဒီကတ် သုံးနိုင်ပြီ ဆိုပေမယ့် အနာဂတ်မှာတော့ တခြားနေရာတွေမှာပါ သုံးနိုင်တော့မယ်လို့ ဆိုပါတယ်။ ကတ်အသုံးပြုနိုင်သောနေရာများ
ဆိုပြီး http://www.ipay.com.mm မှာ ရေးထားတာက - - ဘတ်(စ်)ကား၊ သင်္ဘော၊ တိုးဂိတ်၊ မီးရထား၊ ကုန်စုံဆိုင်၊ Super Market ဆိုပဲ။

ဘဏ်ကတ်ခေတ်၊ ခရက်ဒစ်ကတ်ခေတ် မရောက်သေးတဲ့ မြန်မာပြည်မှာ ဒီကတ်နဲ့ ဈေးဝယ်နိုင်တယ်ဆိုတော့ ဒါဟာ ဧရာမ စီးပွားရေး လုပ်ငန်းကြီး ဖြစ်လာပါပြီ။
"ipay ကတ် အသုံးပြုခြင်းဖြင့် ငွေစက္ကူပေးချေရာတွင်အကြွေ
အခက်အခဲကို ပြေလည်စေပါသည်။ငွေပေးချေသည့်အခါတိုင်း ငွေလက်ခံဖြတ်ပိုင်းကို ရရှိမည်ဖြစ်ပါသဖြင့် မိမိကတ်ထဲရှိ ငွေလက်ကျန်ပမာဏနှင့် ပေးချေလိုက်သော ငွေပမာ
ဏကို စစ်ဆေးသိရှိနိုင်မည်ဖြစ်ပါသည်။ipay ကတ်ဖြင့် လွယ်ကူလျင်မြန်တိကျ၍
လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ်ကို လက်ဝယ်ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ipayကတ်ကို အသုံပြုခြင်းဖြင့် ခေတ်မီဖွံ့ ဖြိုးတိုးတက်နေသော နည်းပညာများကို
လက်တွေ.အသုံးပြုနိုင်ပါမည်။ - ကတ်ကိုသက်တမ်း အကန့် အသတ်မရှိအသုံးပြု
နိုင်ပါသည်။ ကတ်တစ်ခါဝယ်ထားရုံဖြင့် ငွေထပ်ဖြည့်ပြီး အသုံးပြုနိုင်ပါသည်" လို့ ဆိုပါတယ်။


ဒီကတ်အကြောင်း စည်းကမ်းချက်တွေကတော့ အချက် ၃၀ ရှိပါတယ်။ အခြေခံဥပဒေနဲ့ နင်လားငါလားပါပဲ။

စည်းကမ်းချက်အမှတ် 27 မှာ ရေးထားတာက "ဆက်သွယ်မှုကွန်ယက်များ သို့မဟုတ် လျှပ်စစ်ဓါတ်အားများ ရုတ်တရက်ရပ်ဆိုင်း ချို့ယွင်းခြင်း နှင့် ကွန်ပျူတာစနစ် သို့မဟုတ် ဆက်သွယ်မှုလိုင်းစနစ်များ ရပ်ဆိုင်းချို့ယွင်းခြင်း စသည့် အခြေအနေမျိုးဖြစ်ပေါ်ခြင်း" အတွက် ငွေကြေး / လျော်ကြေး ပြန်ပေးမည်မဟုတ် ဆိုပဲ။

ကဲ - နတ်ပိုက်ဆံကို စိတ်ဝင်စားသူများ လေ့လာဖို့ အချက် ၃၀ ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


ipay Card သုံးစွဲသူများလိုက်နာရန် စည်းမျဉ်းစည်းကမ်းများ

1. Card ၀ယ်ယူပြီးသည်နှင့်နီးစပ်ရာ ipay ဌာနများတွင် Card ၏ မူလလျှို့ဝှက်နံပါတ် 1234 ကို မိမိနှစ်သက်ရာ လျှို့ဝှက်နံပါတ်သို့ ချက်ချင်းပြောင်းလဲရပါမည်။ ယင်းသို့ပြောင်းလဲရာတွင် သုံးစွဲသူ Card ပိုင်ရှင်၏ စိတ်ချလုံခြုံမှုအတွက် ဇီဝဆိုင်ရာ စစ်ဆေး အတည်ပြုချက်များဖြစ်သည့် လက်ဗွေမှတ်တမ်းတင်ခြင်း၊ မျက်ကြည်လွှာဖတ်ခြင်းနှင့် အခြား ကိုယ်ရေးအချက်အလက်များထည့်သွင်းခြင်း၊ ဓါတ်ပုံရိုက်ခြင်းနှင့် သုံးစွဲမည့် လျှို့ဝှက်နံပါတ်ကို မှတ်မိရန်အတွက် ကိန်းဂဏန်းများထည့်သွင်းပေးခြင်းစသည့် လိုအပ်ချက်များကို ပြုလုပ်ရမည် ဖြစ်ပါသည်။

2. အကယ်၍ Card ပျက်စီး/ပျောက်ဆုံးခြင်း စသည့်ကိစ္စရပ်များဖြစ်ပေါ်၍ ကုမ္ပဏီသို့ အကြောင်းကြား ပါက အထက်ဖော်ပြပါ ဇီဝဆိုင်ရာ စစ်ဆေးအတည်ပြုခြင်းများပြုလုပ်ထားမှသာလျှင် Card ပိုင်ရှင် ဖြစ်ကြောင်းသိရှိအတည်ပြု၍ ယင်း Card ကို Black List ထည့်သွင်းပြီး အခြားတစ်စုံတစ်ဦး မှ မသုံးစွဲနိုင်ရန် အချိန်အတိုင်းအတာတစ်ခုအတွင်း ကာကွယ်ပေးနိုင်မည်ဖြစ်ခြင်း။ Card ရှိ ငွေတန်ဖိုး၏ တစ်စိတ်တစ်ပိုင်းသာလျှင် ဆုံးရှုံးနိုင်မည်ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ကျပ် ၅၀၀၀ အောက် ငွေကြေးပမာဏကို လျှို့ဝှက်နံပါတ်မလိုဘဲ သုံးစွဲနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

3. Card ပိုင်ရှင်ဖြစ်ကြောင်း ဇီဝဆိုင်ရာ စစ်ဆေးအတည်ပြုချက် ပြုလုပ်ထားခြင်းမရှိသည့် Card သုံးစွဲသူများသည် Card ပျက်စီးပျောက်ဆုံးကြောင်းနှင့် အခြားမလိုလားအပ်သော ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့၍ ကုမ္ပဏီသို့ အကြောင်းကြားပါက တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်ပေးနိုင်မှု မရှိပါ။ Card ပိုင်ရှင်ဖြစ်ကြောင်းစစ်ဆေးအတည်ပြုချက် ရယူရာတွင် ဇီဝဆိုင်ရာစစ်ဆေး အတည်ပြုချက်များ နှင့်အတူ Card ပိုင်ရှင်၏ အမည်၊ နေရပ်လိပ်စာတို့ကို တစ်ပါတည်းပေးရန် လိုအပ်ပါသည်။ Card သုံးစွဲသူသည် အထက်ဖော်ပြပါ လိုအပ်ချက်များအပြင် မိမိ၏ ရုံးဖုန်း ၊ အိမ်ဖုန်း ၊ လက်ကိုင်ဖုန်း၊ မီတာအမှတ်၊ ရေမီတာအမှတ်၊ အစရှိသည့် အချက်အလက်များကိုလည်း တစ်ပါတည်း ဖြည့်စွက် ပေးအပ်နိုင်ခြင်း။ ယင်းသို့ ပေးအပ်ထားခြင်းအတွက် Card ပိုင်ရှင်များသည် အဆိုပါ အချက်အလက်များကို ထပ်မံဖြည့်စွက်ရန် မလိုအပ်တော့ဘဲ ကုမ္ပဏီမှ ကမ်းလှမ်းမည့် - မီတာခွန် ၊ ရေခွန်၊ ဖုန်း Bill - စသည့် ၀န်ဆောင်မှုများကို အလွယ်တကူ ရရှိနိုင်ပါသည်။

4. Card သုံးစွဲသူသည် Card တွင် အနည်းဆုံး ကျပ် ၇၀၀ ထည့်သွင်းမှသာလျှင် Card သုံးစွဲ၍ ရနိုင်မည်ဖြစ်ပြီး Card လက်ကျန်ငွေ ကျပ် ၁၀၀ အောက်ဖြစ်ပါက Card သုံးစွဲ၍ မရနိုင်ပါ။ Card သုံးစွဲရန်အတွက် ကားပေါ်ရှိ ယာဉ်နောက်လိုက်ထံတွင် သို့မဟုတ် နီးစပ်ရာ ipay Station များတွင် ကျပ် ၇၀၀ မှ စတင်၍ တစ်ကြိမ်လျှင် ကျပ် ၁၀၀၀ ၊ ကျပ် ၂၀၀၀၊ စသည်ဖြင့် အများဆုံး ကျပ် ၅၀၀၀ အထိ ငွေပမာဏကို Card တွင်းသို့ ထည့်သွင်းနိုင်ပါသည်။ Card အသစ်ဝယ်လျှင် အနည်းဆုံး ကျပ် ၇၀၀ ထည့်သွင်းရမည်ဖြစ်ပြီး၊ ရှိပြီး Card အား ကျပ် ၁၀၀၀ မှစတင်၍ ထည့်သွင်းနိုင်ပါသည်။ Card တွင် စုစုပေါင်း ကျပ်ငွေ တစ်သိန်းထက် ပိုထည့်၍ မရပါ။

5. Card တွင် ငွေပမာဏ ကျပ် ၁၀၀၀ မှ စ၍ ထည့်သွင်းနိုင်ရန်အတွက်၊ နီးစပ်ရာ ipay Station များတွင် ထည့်သွင်းနိုင်ပါသည်။ Card တွင် အများဆုံးထိန်းသိမ်းထားနိုင်သည့် ငွေပမာဏမှာ ကျပ်တစ်သိန်း အထိဖြစ်ရာ၊ တစ်ကြိမ်လျှင် Card ရှိငွေတန်ဖိုးကို အများဆုံး ကျပ်တစ်သိန်းပြည့်သည်အထိ ထည့်သွင်း နိုင်ပါသည်။ Card သုံးစွဲရန်အတွက် သုံးစွဲသူတစ်ဦးလျှင် Card တစ်ခုဖြင့် သုံးစွဲရမည်ဖြစ်ပြီး ၊ Card တစ်ခုဖြင့် သုံးစွဲသူ တစ်ဦးထက်ပို၍ သုံးစွဲနိုင်ခွင့်မရှိပါ။ မိမိသုံးစွဲသည့် Card ကို အခြားသူတစ်ဦး၏ ယာဉ်စီးခ အတွက် ပေးချေနိုင်ခွင့် မရှိပါ။

6. Card သုံးစွဲသူ၏ စိတ်ချလုံခြုံရေးအတွက် စီးနင်းလိုက်ပါမည့် ယာဉ်ပေါ်တွင် Card ကိုအသုံးပြုပြီး ၈ မိနစ်ပြည့်သည်အထိ အဆိုပါယာဉ်ပေါ်တွင် ထပ်မံသုံးစွဲ၍ မရနိုင်ပါ။သို့ရာတွင် အဆိုပါယာဉ်မှ အခြားယာဉ်တစ်စီးပေါ်သို့ ဖြစ်စေ ၊ အခြားတစ်နေရာသို့ဖြစ်စေ ပြောင်းလဲပြီးပါက ချက်ချင်းသုံးစွဲနိုင် ပါသည်။ Card ပျက်စီး / ပျောက်ဆုံးမှုအပါအ၀င် Card နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအားလုံးအတွက် ဆက်သွယ်မေးမြန်းခြင်း၊ တစ်စုံတစ်ရာဆောင်ရွက်ပေးရန် တောင်းဆိုခြင်းအားလုံးတို့ကို Card ပိုင်ရှင်ကိုယ်တိုင်မှ လွဲ၍ Card ပိုင်ရှင် မဟုတ်သော ပုဂ္ဂိုလ်/အဖွဲ့အစည်း၊ သို့မဟုတ် Card ပိုင်ရှင်နှင့် သက်ဆိုင်သော / မသက်ဆိုင်သော ပုဂ္ဂိုလ်/အဖွဲ့အစည်း မည်သူပင်ဖြစ်စေ ပြုလုပ်ဆောင်ရွက်ခွင့် မရှိပါ။

7. Card သုံးစွဲသူ၏ လုံခြုံရေးအတွက် ကျပ်ငွေ ငါးထောင်နှင့် အထက်ကို Card ဖြင့် ငွေပေးချေရာတွင် လျှို့ဝှက်နံပါတ်ကို အသုံးပြုရပါမည်။ ကျပ်ငွေငါးထောင်အောက်အတွက် Card ဖြင့် ငွေပေးချေရာတွင် ပုံမှန်အားဖြင့် လျှို့ဝှက်နံပါတ် မလိုအပ်ပါ။ သို့ရာတွင် လုံခြုံရေးအရ တစ်ခါတစ်ရံအသုံးပြုရမည်ဖြစ်ပါသည်။ Card သုံးစွဲသူသည့် ယာဉ်စီးခပေးချေပြီးတိုင်း မိမိရရှိသည့် ဖြတ်ပိုင်းတွင် ပါရှိသည့် ယာဉ်စီးခ၊ လက်ကျန်ငွေပမာဏစသည်တို့ကို ပြန်လည်စစ်ဆေးမှု ပြုရန်လိုအပ်ပါသည်။။

8. Card ပိုင်ရှင်သည် Card ကို ထုတ်ယူပြီး သို့မဟုတ် နောက်ဆုံးသုံးစွဲသည့် နေ့မှ စတင်၍ ၃ လ အထိ အသုံးမပြုဘဲထားရှိခဲ့ပါက locked ဖြစ်ပြီးသုံးစွဲ၍ မရနိုင်တော့ပါ။ အဆိုပါ Card သည် Black List စာရင်းဝင်မဟုတ်သော Card ဖြစ်ပြီး ကုမ္ပဏီမှ Card ပိုင်ရှင် ဖြစ်ကြောင်း စစ်ဆေး အတည် ပြုထားပြီးသည့် Card ဖြစ်ပါက၊ Card ပိုင်ရှင်သည် နီးစပ်ရာ ipay Centre တွင် ယင်း Card ကို ပြန်လည်သုံးစွဲနိုင်ရန် အတွက် unlocked ပြုလုပ်ရမည် ဖြစ်ပါသည်။

9. Card ပိုင်ရှင်သည် ၀ယ်ယူသုံးစွဲသည့် Card အား ပျက်စီးခြင်း ၊ ပျောက်ဆုံးခြင်း သို့မဟုတ် အခိုးခံရခြင်းများ မဖြစ်စေရန်အတွက် လုံခြုံစွာ ထိန်းသိမ်းထားရပါမည်။ Card အားလေးလံသည့်အရာဖြင့်ဖိခြင်း၊ ချိုးခြင်း ၊ကွေးကောက်ခြင်း၊ တစ်စုံတစ်ခုဖြင့် ပွတ်တိုက်ခြင်း၊ ခြစ်ခြင်း၊ ပူပြင်းသည့်နေရောင်အောက် နှင့် နေရာများတွင်ထားရှိခြင်းစသည်တို့ လုံးဝမပြုလုပ်ရန် လိုအပ်ပါသည်။ မိမိ Card အား သူတစ်ပါးအား လွှဲပြောင်းပေးခြင်း သို့မဟုတ် သုံးစွဲခွင့်မပြုရန် ၊ မိမိ၏ လျှို့ဝှက် နံပါတ်ကို အခြားသူမှ မသိရှိနိုင်စေရန် အတွက် မိမိကိုယ်တိုင် တာဝန်ယူထိန်းသိမ်းရန်အထူးလိုအပ် ပါသည်။

10. မိမိသုံးစွဲသည့် Card ပျောက်ဆုံးခြင်း ၊ အခိုးခံရခြင်း သို့မဟုတ် မရှောင်လွဲနိုင်သည့် သဘာဝ ဘေးအန္တရာယ်(ဥပမာ - မီးဘေး )စသည့် အကြောင်းတစ်စုံတစ်ခုကြောင့် ပျက်စီးဆုံးရှုံးခဲ့လျှင် ကုမ္ပဏီသို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။ Card ပျက်စီး ၊ ပျောက်ဆုံးမှုအတွက် ကုမ္ပဏီသို့ အကြောင်းကြားပါက Card တွင် ကျန်ရှိသည့် ငွေပမာဏအနည်းအများပေါ်မူတည်၍ လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများကို ပြုလုပ်ပြီး စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

11. Card ပိုင်ရှင်မှ ပျက်စီး / ပျောက်ဆုံးခြင်းစသည့် အကြောင်းတစ်စုံတစ်ခုကြောင့်ကုမ္ပဏီသို့ အကြောင်းကြားထားသည့် Card ကို Black List အဖြစ် စာရင်းသွင်းသတ်မှတ်ပြီး ဆက်လက်အသုံးပြု၍ မရနိုင်စေရန်အတွက် ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။ အသုံးပြုနေသည့် ipay စက်အားလုံးသို့ Black List စာရင်းသွင်းရန်အတွက် ၇၂ နာရီ ကြာမြင့်မည်ဖြစ်ပါသည်။

12. သို့ရာတွင် Card ပျောက်ဆုံးမှုကို ကုမ္ပဏီသို့ အကြောင်းမကြားခဲ့ပါက၊ တစ်စုံတစ်ယောက်က ယင်း Card ကိုရရှိအသုံးပြုနေခဲ့လျှင် Card ပိုင်ရှင်၏ တာဝန်သာဖြစ်ပါသည်။ ငွေပမာဏ ကျပ် ၅၀၀၀ အောက်ကို လျှို့ဝှက်နံပါတ်မလိုဘဲ သုံးစွဲနိုင်သည့်အတွက် အချို့ငွေပမာဏမှာ ဆုံးရှုံးနိုင်ပါသည်။ ပျက်စီး / ပျောက်ဆုံး၍ ကုမ္ပဏီသို့ အကြောင်းကြားသည့် Card ကို Black List သို့ စာရင်းသွင်းပြီး Card အသစ်ပြန်လည်ပြုလုပ်/သုံးစွဲရန်အတွက် ကုမ္ပဏီမှ လိုအပ်ချက်များကိုစီစစ်ပြီး၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုအပ်သကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

13. Card ပျက်စီး/ပျောက်ဆုံးသွားပါက Card အသစ်ကို ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထပ်မံ ၀ယ်ယူ သုံးစွဲရပါမည်။ မိမိသုံးစွဲသည့် Card ကို မိမိကိုယ်တိုင်ဖြစ်စေ ၊သူတစ်ပါးအားပေး၍ ဖြစ်စေ၊ တနည်းနည်းဖြင့်ပျက်စီး အောင် မပြုလုပ်နိုင်စေရန် Card ပိုင်ရှင်မှ တာဝန်ယူရပါမည်။

14. Card တွင်ပါရှိသော အချက်အလက်များ၊ ငွေတန်ဖိုးများကို တစ်နည်းနည်းဖြင့် ထပ်မံဖြည့်စွက်ခြင်း ၊ ပြင်ဆင်ခြင်း ၊ ထပ်မံပုံနှိပ်ခြင်း ၊ Card မျက်နှာပြင်ကို ပြုပြင်ပြောင်းလဲခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း ၊ Card ပေါ်ရှိ ကုမ္ပဏီအမည် ၊ Logo ၊ Trade Mark နှင့် ညွှန်ကြားစာ စသည့် ဖော်ပြချက်များကို အစားထိုးပြင်ဆင်လဲလှယ်ခြင်းများကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဖြစ်စေ၊ ပြုလုပ်နိုင်ခွင့် မရှိပါ။ အစစ်အမှန်မဟုတ်သော Card များနှင့် ၊ ခိုးယူ၍ ဖြစ်စေ၊ ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ တစ်နည်းနည်းဖြင့် ရယူထားသော Card များ ၊ တနည်းအားဖြင့် Black List စာရင်းဝင် Card များသည် မည်သည့် ငွေဖြတ်စက်တွင်မှ အသုံးပြု၍ ရနိုင်မည်မဟုတ်ပါ။

15. အကယ်၍ Card တွင် ပါရှိသော ကိန်းဂဏန်းများ ၊ အချက်အလက်များ ပျောက်ဆုံးခြင်း ၊ Card ကို ဖတ်မရနိုင်ခြင်းစသည်တို့သည် Card သုံးစွဲသူ၏ ထိန်းသိမ်းခြင်းပေါ့ဆမှုအတွက် မတော်တဆကျိုးပဲ့ ပျက်စီးပြီး ချို့ယွင်းမှုဖြစ်သည်ဟု ယူဆနိုင်ပါက Card ပိုင်ရှင်၏ တာဝန်သာဖြစ်ပါသည်။ ကုမ္ပဏီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် အချက်အလက်များကို ကူးယူခြင်း ၊ ပြန်လည်ပုံနှိပ်ခြင်းနှင့် Mail ဖြင့် ပြင်ပ ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ ပေးပို့ခြင်းများကို မည်သည့် ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းပင်ဖြစ်စေ၊ ပြုလုပ်ခွင့်မရှိပါ။

16. ကုမ္ပဏီ၏ အုပ်ချုပ်မှုစနစ် ပြောင်းလဲခဲ့ပါက အဆိုပါပြောင်းလဲသည့်အုပ်ချုပ်မှုစနစ်၏ စည်းမျဉ်း စည်းကမ်း ၊ မူဝါဒများ နှင့် အညီ ဆောင်ရွက်သွားမည် ကို Card သုံးစွဲသူမှ သဘောတူညီပါသည်။ Card သုံးစွဲမှုနှင့် စပ်လျဉ်း၍ ipay Card ၀န်ဆောင်မှုပေးသူကုမ္ပဏီမှ လက်ရှိနှင့် ထပ်မံထုတ်ပြန်မည့် ညွှန်ကြားချက် ၊ စည်းမျဉ်းစည်းကမ်းများ ၊ အသိပေးစာများတွင် ဖော်ပြပါရှိချက်များအား လိုက်နာ ဆောင်ရွက်သွားရန်လည်း Card သုံးစွဲသူမှ သဘောတူညီပါသည်။

17.။ Card သုံးစွဲသူများသည် မိမိတို့ မသိရှိဘဲ ကုမ္ပဏီမှ လိုအပ်သည့်အလျောက် အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲသည့် စည်းမျည်းစည်းကမ်းနှင့် အသိပေးစာ၊ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ စသည်တို့ကို ကုမ္ပဏီ Website နှင့် ipay Station များတွင် ကြည့်ရှုနိုင်ပြီး၊ အဆိုပါ ပြင်ဆင် ပြောင်းလဲသည့် ထုတ်ပြန်ချက်၊ ညွှန်ကြားချက်တို့ကို သိရှိသဘောတူပြီး ဖြစ်ပါသည်။ Card သုံးစွဲသူသည် မိမိသုံးစွဲသည့် Card ကို ကုမ္ပဏီမှ ဖြစ်စေ ၊ ကုမ္ပဏီမှ တာဝန်ရှိသူတစ်စုံတစ်ဦးက ဖြစ်စေ၊ တစ်စုံတစ်ရာ စစ်ဆေးဆောင်ရွက်မှု ၊ လိုအပ်သကဲ့သို့ ပြန်လည်ပြင်ဆင်ဆောင်ရွက်မှု စသည်တို့ ပြုလုပ်ရန်လိုအပ်သည်ဟု ယူဆချက်အရ ပြန်လည်တောင်းခံခြင်း သို့မဟုတ် စစ်ဆေးရန် ကြည့်ရှုခွင့်တောင်းခံခြင်းစသည်တို့ကို သဘောတူလက်ခံပါသည်။

18. Card သုံးစွဲသူသည် မိမိသုံးစွဲသည့် Card ကို အောက်ဖော်ပြပါ အချက်အလက်များနှင့် စပ်လျဉ်း၍ Black List အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိထားရန် လိုအပ်ပါသည်

- အသုံးပြုသည့် Card သည် အစစ်အမှန်မဟုတ်ခြင်း၊ ပျောက်ဆုံးပျက်စီး သို့မဟုတ် အခိုးခံရ သည်ဟု ကုမ္ပဏီသို့ အကြောင်းကြားထားသည့် Card ဖြစ်ခြင်း သို့မဟုတ် Card ကို ပျက်စီးရန်ရည်ရွယ်ပြီးတစ်စုံတစ်ရာ ပြုလုပ်ထားသည့် Card ဖြစ်သည်ဟူ၍လည်းကောင်း ၊ အခြားတစ်စုံတစ်ဦး၏ Card ကို အလွဲသုံးစားပြု၍ သုံးစွဲခြင်းဟူ၍လည်းကောင်း ၊ သံသယ ဖြစ်ဖွယ်ရှိခြင်း။
- အသုံးပြုသည့် Card အား လက်ကျန်ငွေပမာဏသို့မဟုတ် Card တွင်ရှိ ကိန်းဂဏန်း အချက်အလက်များကိုပြင်ဆင်ထားသည်ဟု သံသယဖြစ်ဖွယ်ရာ လုပ်ရပ်များတွေ့ရှိရခြင်း။
- အသုံးပြုသည့် Card သည် အသုံးပြုရန်အတွက် မသင့်လျော်ခြင်း၊ ဥပမာအားဖြင့် ကျိုးပဲ့/ကွေးကောက်ပျက်စီးနေခြင်းနှင့် တရားမ၀င်ရယူထားသည့် Card ဖြစ်သည်ဟု သံသယ ဖြစ်ဖွယ်ရှိခြင်း၊

19. အထက်ဖော်ပြပါ Black List အဖြစ် သတ်မှတ်ခြင်းခံရသည့် Card များကို ကိုင်ဆောင်အသုံးပြုပြီး card ရှိ ငွေလက်ကျန်နှင့် အခြားမည်သည့် တောင်းဆိုမှုမျိုးကိုမဆို ၊ ကုမ္ပဏီနှင့် ၀န်ထမ်းများ၊ တာဝန်ရှိသူများသည် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရန် မရှိပါ။ သို့ရာတွင် အထက်ပါ အချက်အလက်များအရ Black List အဖြစ် သတ်မှတ်ခံရသည့် Card မဟုတ်သော ဇီဝဆိုင်ရာစစ်ဆေးအတည်ပြုချက်ရယူထားပြီးဖြစ်သည့် Card ပိုင်ရှင်၏ ပျက်စီး / ပျောက်ဆုံးနှင့် Card အသုံးပြု၍ ရနိုင်စေရန် unlocked ပြုလုပ်ပေးရန် စသည့် တောင်းဆိုမှုတို့ကို ကုမ္ပဏီမှ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုအပ်သလို စီစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

20. အောက်ဖော်ပြပါပျက်စီးဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ Card ပိုင်ရှင်မှ ကုမ္ပဏီသို့ ငွေကြေး / လျော်ကြေး ၊ တစ်စုံတစ်ခုတောင်းခံခဲ့ပါက ကုမ္ပဏီနှင့် ကုမ္ပဏီရှိဝန်ထမ်းများမှ ယင်းသို့ တောင်းခံခြင်းအတွက် ပေးရန် တာဝန်မရှိပါ။

21. Card ပျက်စီး/ပျောက်ဆုံးမှုဖြစ်ခြင်း ၊ အခိုးခံရခြင်း၊ မိမိ Card ကို ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ဦး မှ အသုံးပြုခြင်း။
22. အကြောင်းတစ်စုံတစ်ရာကြောင့် Card ကို ဖတ်မရခြင်း၊ ဟောင်းခြင်း၊ ပွန်းပဲ့ခြင်း၊ ကျိုးပဲ့ သွားခြင်း၊
23. Card ထုတ်ယူပြီး တစ်စုံတစ်ခုကြောင့် သုံးစွဲရန် နှောင့်နှေးကြန့်ကြာမှုဖြစ်ခြင်း။
24. Card သုံးစွဲသည့် စနစ်၏ Software သို့မဟုတ် အသုံးပြုသည့် System ၏ ဆောင်ရွက်မှု သို့မဟုတ် System တွင် အသုံးပြုသည့် စက်ကိရိယာများ၏ လုပ်ဆောင်ချက် တစ်စုံတစ်ခု ချို့ယွင်းပြီး Card သုံးစွဲနိုင်မှု မရှိသည့် ကာလမျိုးဖြစ်ခြင်း။
25. ရေကြီးခြင်း ၊ မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း ၊အကြောင်းအရင်း တစ်စုံတစ်ရာရှာမရနိုင်သော ကိစ္စမျိုးဖြစ်ခြင်း ၊ ငလျင်လှုပ်ခြင်း ၊ သဘာဝဘေးအန္တရာယ်မျိုးဖြစ်ခြင်းတို့အတွက် ပျက်စီး ဆုံးရှုံးခြင်း။
26. နိုင်ငံတော်ဥပဒေအရ ထုတ်ပြန်သည့် ညွှန်ကြားချက်၊ မူဝါဒ ၊ စည်းမျဉ်းစည်းကမ်းများ၊ ကန့်သတ်ချက်များနှင့် တရားရုံးမှ ထုတ်ပြန်တားမြစ်ချက်များစသည့် ကိစ္စရပ်များနှင့် စပ်လျဥ်းခြင်း။
27. ဆက်သွယ်မှုကွန်ယက်များ သို့မဟုတ် လျှပ်စစ်ဓါတ်အားများ ရုတ်တရက်ရပ်ဆိုင်း ချို့ယွင်းခြင်း နှင့် ကွန်ပျူတာစနစ် သို့မဟုတ် ဆက်သွယ်မှုလိုင်းစနစ်များ ရပ်ဆိုင်းချို့ယွင်းခြင်း စသည့် အခြေအနေမျိုးဖြစ်ပေါ်ခြင်း။
28. ကုမ္ပဏီနှင့်Card သုံးစွဲသူမဟုတ်သော ပြင်ပပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းတို့၏ တစ်စုံတစ်ရာ ဆောင်ရွက်မှုကြောင့် ဥပမာ - သောင်းကျန်းသူများကြောင့်ဖြစ်စေ၊ အဓိကရုန်း ဖြစ်ခြင်း၊ အကြမ်းဖက်မှုများဖြစ်ပွားခြင်းစသည့် အခြေအနေမျိုးတို့ကြောင့် ဆုံးရှုံးမှု ဖြစ်ခြင်း။

29. Card ကိုင်ဆောင်သူသည် ကုမ္ပဏီမှလက်ရှိနှင့် အခါအားလျော်စွာပြင်ဆင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များအတိုင်း ပုံမှန်ဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ၊ အဆိုပါ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်ထားချက်များကို ကင်းလွတ်နိုင်ခွင့်ရှိသည်ဟု မယူဆနိုင်ပါ။ ipay Card အား ရယူအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ www.ipay.com.mm တွင် ဖော်ပြထားသော လိုက်နာရမည့် အချက်များ၊ စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာရန် သဘောတူပါသည်။

30. အောက်ဖော်ပြပါအခြေအနေမျိုးတွင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏ တာဝန်ရှိသူတစ်စုံတစ်ဦးသည် Card ကိုင်ဆောင်သုံးစွဲခြင်းအား ငြင်းပယ်၊ တားဆီးနိုင်ခွင့်ရှိခြင်း။

- အခိုးခံရခြင်း၊ ပျက်စီးပျောက်ဆုံးခြင်း၊ Black List ဖြစ်ခြင်း အတွက် သတင်းပို့ အကြောင်းကြားထားသည့် Card ဖြစ်ခြင်း သို့မဟုတ် အဆိုပါ Card အမျိုးအစားဖြစ်ကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရခြင်း။

ဝိုင်းဝန်းကူညီပေးကြပါ

Inbox
x

Agthutun agthutun@googlemail.com
4:23 PM (2 hours ago)

to mrsorcerer
အားလုံးသော ဘလော့ဂ်ဂါမောင်နှမများ မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်လိုက်ပါတယ်။ အခု ဒီအလှူခံပိုစ်လေးကို ရေးသင့် မရေးသင့် ဦးဇင်းဘလော့မှာ တင်သင့် မတင်သင့် စဉ်းစားနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ သို့သော် လိုအပ်နေသောနေရာလေးရဲ့ ကိုယ်စား ဦးဇင်းဘလော့လေးကဘဲ လိုအပ်နေသူတို့ရဲ့ ရင်ဖွင်သံစကားကို ဒီဘလော့လေးကနေ ရင်ဖွင့်ပြောပြလိုက်ပါတယ်။
ကျန်ခဲ့တဲ့ ၂၀၁၁ခုနစ် ဧပြီလ(၂၆)ရက်နေ့မှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဝက်ခြံဂယက်ကျေးရွာအုပ်စု ကညင်ကုန်းရွာ သို့ တရားဟောသွားခဲ့ပါတယ်။အဲမှာ အဖြစ်ပျက်လေးတစ်ခုက တရားဟောတဲ့ထိ မိုက်က ပြင်လို့မပြီးဘူး။ လျှပ်စစ်မီးကမရှိတော့ မီးစက်နှိုးပြီး ဟောရတာပါ။ မီးစက်ကမနိုင်လို့လားတော့မသိဘူး။ မိုက်က အသံတက်လာလိုက် ကျသွားလိုက်နဲ့ အချိန်တော်တော်ကြာသွားတယ်။ ဦးဇင်းထင်တာက မီးမလာလို့ မီးစက်နှိုးတယ်လို့ထင်တာ။ ဒါပေမယ့်အဲလိုမဟုတ်ဘူး။ လျှပ်စစ်မီးကိုမရှိတာ။ အဲညက မကောင်းတဲ့မိုက်လေးနဲ့ ထိန်းပြီးဟောခဲ့တယ်။ နောက်နေ့ ရွာထဲက အိမ်တစ်အိမ်ရောက်လို့ လျှပ်စစ်မီးမလာလို့ မီးစက်နှိုးပြီးဟောစေတာ လားလို့မေးတော့ ဒကာကြီးက မဟုတ်ဘူးဦးဇင်းတဲ့ ။တပည့်တော်တို့ ရွာတည်တဲ့အချိန်ကစပြီး ယနေ့ချိန်ထိ လျပ်စစ်မီးကိုမရှိတာတဲ့။ ဒါဖြင့်ရင် ဒကာကြီးတို့ ဘယ်လိုနေကြလဲ။ ညဘက်မှောင်နေတဲ့အချိန်မှာ ဆိုတော့ သူကဆက်ပြောတယ်။ ဖယောင်းတိုင်မီးထွန်းနေတယ်တဲ့။ ကက်ဆက်တို့ဘာတို့ ဘယ်လိုဖွင့်ကြလဲဆိုတော့ မြို့မှာ ဘက်ထီရီ တစ်ပါတ်တစ်ခါ အားသွင်းပြီးဖွင့်တယ်လို့ပြောတယ်။ ဒါနဲ့ဦးဇင်းဆက်မေးတယ်။ ဒကာကြီးတို့ ရွာကလူတွေ စုပြီး လျှပ်စစ်မီးရအောင် မီးစက်ဖြစ်ဖြစ် လုပ်ပါလားဆိုတော့ တပည့်တော်တို့ရွာ အရှင်ဘုရား မြင်တဲ့ အတိုင်း လက်လုပ်လက်ကိုင်သမားတွေဆိုတော့ မတတ်နိုင်ကြဘူးတဲ့။
အဲလိုကြားရတော့ ဦးဇင်းအတော်လေး စိတ်မကောင်းဖြစ်ရသလို သူတို့ကိုလည်း အတော်လေး သနားသွားပါတယ်။ ဒါဖြင့်ရင် ဒကာကြီးတို့ ဦးဇင်း ဒကာကြီးတို့ရွာမှာ ထရန်စဖာဖြစ်ဖြစ်၊ တစ်ရွာလုံး မီးရနိုင်လောက်တဲ့ မီးစက်ဖြစ်ဖြစ် ရအောင်ကြိုးစားကြည့်မယ်။ ဦးဇင်းကို အဆင်ပြေအောင်သာ ဆုတောင်းပေးပါလို့ ဦးဇင်း သူတို့ကို ပြောခဲ့တယ်။ အဲဒီစကားကြောင့် မီးစက်က ဘယ်ဆီနေမှန်း မသိသေးဘူး။ ရွာသူရွာသားတွေ အတော်လေး ဝမ်းမြောက်သွားပုံရပါတယ်။ ရွာက အိမ်ခြေ(၁၂၀) လောက်ရှိပါတယ်။ တစ်ရွာလုံး မီးရဖို့အတွက်ဆို တော်တော်လေး ကုန်ကျမယ်ဆိုတာ ဦးဇင်းသိပါတယ်။ ဦးဇင်းအနေနဲ့လည်း ငွေကြေးပြည့်စုံတဲ့ ဦးဇင်းတစ်ပါးမဟုတ်ပါ။ စာသင်သားဘဝနဲ့ ပရဟိတအလုပ်ကို စေတနာထက်သန်ပြီး စိတ်ပါဝင်စားတဲ့ ဦးဇင်းလေးမို့ ဒီ(ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေးကို) မီးရစေဘို့ အမြဲစဉ်းစားမိခဲ့တယ်။ ဦးဇင်းသာငွေကြေးပြည့်စုံ ပိုလျှံနေတဲ့ စာသင်သား ဦးဇင်းတစ်ပါးဖြစ်ခဲ့မယ်ဆိုရင် ဒီရွာလေးမီးရဘို့ မီးစက်ချက်ချင်း ဝယ်လှူမိမှာပါ။ ဒါပေမယ့် ပညာသင်တစ်ဖက်နဲ့ဆိုတော့ ငွေမတတ်နိုင်ဘူး။ ဆန္ဒတွေသာရှိခဲ့ပြီး လက်တွေ့အကောင်အထည် မဖော်ခဲ့နိုင်ဘူး။ဦးဇင်းအနေနဲ့ မနိုင်ဝန်ထမ်းတယ်လို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။ ရွာသူရွာသားတွေကို လျှပ်စစ်မီးရစေချင်တဲ့ စေတနာအား ကြီးမားသောကြောင့်သာ ဒီလိုပြောခဲ့ခြင်း ဖြစ်ပါတယ်။
ဒီကိစ္စကို ဘယ်လိုဆောင်ရွက်ရမလဲလို့ နေ့စဉ်နေတိုင်းစဉ်းစားမိတယ်။ စဉ်းစားရင်း အချိန်တွေသာ ကုန်လွန်ခဲ့ပြီး တစ်နှစ်သာပြည့်တော့မှာ ဖြစ်တယ်။ ဦးဇင်းလက်ထဲမှာ ငွေအင်အားက ဘာမှမရှိသေးပါဘူး။ ဒါနဲ့ ကျန်ခဲ့တဲ့ သီတင်းပါတ်အချို့က ဘလော့မောင်နှမတွေဖြစ်တဲ့( ဒကာကြီး-ရာဇာထွေး.- ဒကာမ-အလွမ်းမြို့- ဒကာမ ချစ်စံအိမ်) တို့ကို အွန်လိုင်းပေါ်မှာ ဆုံတုန်း ပြောပြခဲ့ပါတယ်။ သူတို့ကလည်း တတ်နိုင်သလောက် ကူညီမယ်လို့ပြောတော့ ဦးဇင်းအလွန် အားတက်သွားတယ်။ တတ်နိုင်သလောက် ကူညီမယ့်အပြင် အကြံကောင်းဥာဏ်ကောင်းများကိုလည်း ပေးခဲ့ပါသေးတယ်။ တစ်ရွာလုံး မီးရဖို့ဆိုရင် ဦးဇင်းတစ်ပါးတည်း လတ်တလောမှာ မတတ်နိုင်သလို သူတို့လေးတွေကလည်း တစ်ဦးတည်း တစ်ယောက်တည်း ဒီရွာလေးမီးရဘို့ကို မတတ်နိုင်ကြတာမို့ ခုလိုအကြံလေးကို ပေးပါလာတယ်။“ဦးဇင်းကိုယ်တိုင် တရားဟောကြွခဲ့တာမို့ ရွာရဲ့လိုအပ်ချက်နဲ့ အခြေနေကို ပိုစ့်လေးတစ်ပုဒ်လောက် ရေးပြီး စေတနာထက်သန်တဲ့ အလှူရှင်တွေကို ဘလော့တွေကနေ ဖိတ်ခေါ်ကြည့်ပါလားတဲ့။ မြန်မာလူမျိုးတွေဆိုတာ အလှူအတန်း အလွန်ရက်ရောကြသူတွေပါ။ ဦးဇင်းရဲ့ မီးစက်အလှူလေးကို ပိုစ့်တင်ပြီး သဒ္ဒါတရားထက်သန်တဲ့ အလှူရှင်တွေကို နည်းများမဆို ဖိတ်ခေါ်မယ်ဆို ဒီရွာလေးမှာ အိမ်တိုင်းမီးမကြာခင်မှာ မြင်ရမှာဖြစ်ပြီး ဦးဇင်းအပါအဝင် အလှူရှင်များအားလုံးလည်း အလှူပြီးမြှောက်ပြီး ဝမ်းသာပီတိဖြစ်ခဲ့ကြရမှာပါ။ မိုးရေစက်လေးတွေလိုပေါ့ တစ်စက်ချင်းကျပေမဲ့ အချိန်တန်တော့ ရေအိုးလေးပြည့်ခဲ့ရသလို ဦးဇင်းတို့အလှူမှာလည်း တစ်ယောက်နည်းနည်းအားနဲ့ ဝိုင်းဝန်းကူညီ သဒ္ဒါဖြူကြမယ်ဆို မိုးရေခံတဲ့အိုးလေးလို အချိန်တန်တော့ ဆန္ဒတွေပြည့်ဝသွားရမှာပါ။ ဒါကြောင့် (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေးကို) မီးရရှိဖို့အတွက် ဒီပိုစ့်လေးကိုတင်ပြီး ကိုယ့်ဘလော့လေးမှာ ကြေငြာထားရင် စေတနာ သဒ္ဒါထက်သန်သူတွေရဲ့ စေတနာ မေတ္တာ သဒ္ဒါတွေပေါင်းစပ်ပြီး စုပေါင်းစပ်ပေါင်းလေးနဲ့ ဝိုင်းဝန်းကြိုးပန်း တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကူညီကြမယ်ဆို ရွာလေးမှာ မီးစက်အလှူအတွက် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ အကြံပေးပါတယ်။” ဒါနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်ခဲ့တာပါ။
(ဦးဇင်းအနေနဲ့ အခုလိုအွန်လိုင်းပေါ်မှာပရဟိတ လုပ်ဖို့တခါဖူး မှအလှူမခံခဲ့ဖူးပါဘူး။ အခုတော့ အမှောင်တောထဲမှာ နေကြရတဲ့ (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က..ကညင်ကုန်းရွာလေး) ကို အလင်းရောင်ရစေချင်တဲ့ ဆန္ဒတွေကဦးဇင်းရဲ့စိတ်ကို တော်တော်လေးတွန်းအားပေးနေပါတယ်။ ဒါပေမယ့် ဦးဇင်းဟာ စာသင်သားရဟန်းတစ်ပါးသာ ဖြစ်နေတာမို့ကုန်ကျမယ့် မီးစက်အလှူအတွက် ဦးဇင်းတပါးထဲနဲ့လည်း မတတ်နိုင်ပါဘူး။ ဒါကြောင့် ဦးဇင်းနဲ့အတူ (ကညင်ကုန်းရွာလေး) မီးလင်းဖို့အရေး စိတ်အားထက်သန်တဲ့ စေတနာရှင် အလှူရှင် ဘလော့မောင်နှမတွေကိုလည်း တတ်အားသ၍ (နည်းသည်၊ များသည်အဓိကမထားဘဲ) ပါဝင်လှူဒါန်းနိုင်ဖို့ ဦးဇင်းဖိတ်ခေါ်ပါတယ်..။ )
ဦးဇင်းရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က ရွာစတင်တည်ထောင်ကတည်းက မီးမရသေးသော (ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေးကို) ရွာလေးကို မီးအလင်းရစေလိုတဲ့ စေတနာ သက်သက်သာဖြစ်ပါတယ်။ ပရဟိတဆိုပေမဲ့ ဦးဇင်းတစ်ပါးတည်း ဒီမီးစက်အလှူဖြစ်လာဘို့ အရေးကိုတစ်ပါးတည်း မတတ်နိုင်သောကြောင့် ဘလော့ဂ်ဂါမောင်နှမများကို ဦးဇင်းနဲ့အတူ အလှူမှာပါဝင်အားဖြည့်ပေးဘို့ အထူးဖိတ်ခေါ်ပါတယ်။ ဒီပိုစ့်လေးဟာ ဦးဇင်းရဲ့ပထမဆုံး အလှူခံပိုစ့်လေးဖြစ်သလို ပရဟိတလုပ်ဆောင်မှု့ ပထမဆုံးဖြစ်တာမို့ စေတနာ သဒ္ဒါတရား ထက်သန်သူနဲ့ အကြံညဏ်ကောင်းများ ပေးလိုသူတွေကိုလည်း ဦးဇင်းမှလှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။
တစ်ဆက်တည်းမှာ မီးအလှူနဲ့ပါတ်သက်ပြီး ဦးဇင်းအနည်းငယ် ပြောပြချင်ပါတယ်။
မီးအလှူနဲ့ ပတ်သတ်ပြီး မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားစာလေးတစ်ကြောင်းကိုသတိရမိတယ်။ အဲဒါဘာလဲလို့ဆိုတော့ “ဒီပတော စက္ခုတော ဟောတိ” မီးလှူတာဟာ မျက်စိကိုပေးလှူတာဖြစ်ပါတယ်။ မျက် မမြင်တစ်ယောက်ဘဝဟာ အမြဲတန်းမှောင်မိုက်နေပါတယ်။ ထိုမျက်မမြင်ကို မျက်လုံးပေး လှူလိုက်မည်ဆိုပါက အလင်းရသလိုမျိုး၊ အမြဲတန်းမှောင်မိုက်နေတဲ့ ရွာလေးမှာ အလင်းရဖို့အတွက် မီးစက်လေးတစ်လုံးလောက် ပေးလှူလိုက်မယ်ဆိုလျှင် ထိုရွာသူရွာသားများလည်း မီးအလင်းရပြီး စိတ်ချမ်းချမ်းသာသာနဲ့ နေရမှာအမှန်ဖြစ်ပါတယ်။ ထိုမီးအလင်းရောင် လှူဒါန်းခြင်းကြောင့်လည်း အကျိုးများပါတယ်။ ယခုဘဝ နှင့် နောင်ဘဝတွေမှာ တပြောင်ပြောင် ကိုယ်ရောင်ထွန်းတောက်၍ အရပ်ဆယ်မျက်နှာတို့မှာ မိုက်စွာသော အမှောင်မရှိ၊ ပကတိ မီးအရောင်ကဲ့သို့ ထွန်းလင်း၍ ကောင်းခြင်းပြည့်စုံတဲ့ ပဘာဝတီသတို့သမီးတို့လို၊ တစ်ခုသော လက်ချောင်း၏ အရောင်ဖြင့် တစ်ထောင်သော စကြာဝဠာကို ထွန်းလင်းနိုင်တဲ့ ဗြဟ္မာမင်းတို့လို၊ တညီးညီးတရှိန်ရှိန် တထိန်ထိန် တောက်ပ၍ ကိုယ်ရောင်၏ လှပခြင်းသို့ မီးအလှူရှင်များဟာ အကျိုးများစွာကိုရစေနိုင်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တော်က သာသနာမှာ ဗကုလာထေရီမဆိုတာ ရှိခဲ့ဖူးပါတယ်။ ဗကုလာထေရီမ လောင်းလျာဘဝ ကဿပမြတ်စွာဘုရှင် သာသနာတော်မှာ ပုရဗိုဇ်ရဟန်းမိန်းမ ပြုလုပ်ကာ တစ်ယောက်တည်း နေခဲ့ပါတယ်။ တစ်နေ့တော့ ထိုပုရဗိုဇ် ရဟန်းမိန်မက အိမ်စဉ်လှည့်လည်ကာ ဆီကိုအလှူခံပြီး ကဿပမြတ်စွာ ဘုရားရှင်၏ ရင်ပြင်တော်မှာ ညဥ့်သုံးယံပတ်လုံး ဆီမီးကို ပူဇော်လှူဒါန်းခဲ့ပါတယ်။ ထိုရဟန်းမိန်းမ စုတေသော် တာဝတိံသာ နတ်ပြည်မှာနတ်သမီးဖြစ်လို့ အခြွေအရံ နတ်သားတွေနဲ့ အရောင်အဝါတောက်ပလို့နေပါတယ်။ နောက်ပြီး ကဿပမြတ်စွာဘုရားရှင် နှင့်ဂေါတမမြတ်စွာဘုရားရှင် ကြားကာလမှာလည်း အပါယ်လေးပါးသို့ မလားရောက်ဘဲ နတ်ပြည်မှာသာ မွေ့လျှော်ပြီး နောက်ဆုံးပစ္ဆိမဘဝမှာ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ဝယ် သာဝတ္ထိမြို့ ပုဏ္ဏားအမျိုးမှာ လာဖြစ်ပြီး နာမည်ကို ဗကုလာသတို့သမီးရယ်လို့ ဖြစ်လာခဲ့ပါတယ်။ ထိုသတို့သမီးသည် လူဘောင်ကို ခွာရှောင်ပြီး ဘိက္ခူနီမတို့ထံ သွားပြီးရဟန်းပြုပါတယ်။
ရှေးကုသိုလ် ဆီမီးအလှူဒါနကြောင့် ရဟန္တာဖြစ်လာပြီး ဗကုလာထေရီမရယ်လို့ ထင်ရှားကာ နိဗ္ဗာန်ရွှေပြည်မြတ်ကို ရခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။ ထို့ပြင် မီးအလှူဟာ အလင်းရဖို့ ပေးလှူတာဖြစ်တဲ့အတွက် မျက်စိကို ပေးလှူသကဲ့သို့ဖြစ်သလို ပညာဥာဏ်ကြီးမားစေဖို့ ပေးလှူခြင်းမျိုးလည်းဖြစ်ပါတယ်။ ပညာဆိုတာ အားလုံးအတွက် အလွန်အရေးကြီးပါတယ်။ လောကီပညာပြည့်စုံဖို့ လိုအပ်သလို လောကုတ္တရာပညာရှိဖို့ ကလည်း လိုအပ်ပြန်တယ်။ အမိုက်မှောင်ကိုပယ်ဖျောက်နိုင်တဲ့ အလင်းရောင်(၄)မျိုးရှိပါတယ်။ ပညာအလင်း၊ မီးအလင်း၊ နေအလင်း၊ လအလင်းပါ။ ပကတိသော အမှောင်ကို ပယ်ဖျောက်ပေးနိုင်တာက မီးအရောင်၊ နေအရောင်၊ လအရောင်ဖြစ်ပြီး၊ပညာရောင်ကတော့ အချိန်ကာလမရွေး ကာလသုံးပါးလုံးမှာရှိတဲ့ အမိုက်မှောင်ကို ပယ်ခွာနိုင်သလို တစ်သံသရာလုံးက အမှောင်ကျလာတဲ့ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင် ကိုပယ်ခွာနိုင်ပါတယ်။( ပညာစက္ခုံ အနုတ္တရံ) ဟုဟောတော်မူသည့်အတိုင်း ပညာတည်းဟူသော မျက်စိ၊ ပညာတည်းဟူသော အလင်းရောင်သာ အမြတ်ဆုံးဖြစ်ပါတယ်။ လောကီအထွတ်ဆုံး အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်စေနိုင်ခြင်းဟာ ထိုပညာမျက်စိကြောင့်ပင် ဖြစ်ပါတယ်။ အမှား အမှန်ကိုခွဲခြားနိုင်ဆုံးဖြတ်နိုင်တာဟာ ပညာကြောင့်ပါပဲ။ ပညာရဲ့ အရာကျယ်ပုံ အသုံးကျပုံ မြင့်မြတ်ပုံကတော့ ပြောလို့ပင် ကုန်ဆုံးမည်မဟုတ်ပါ။ ထိုအမြတ်ဆုံးပညာမျက်စိရစေဖို့ အထောက်ကူဖြစ်စေဖို့ မီးအလင်းကို ပေးလှူကြပါစို့လို့ တိုက်တွန်းမှုပြုလိုက်ရပါသည်။
မီးလှူရကျိုးရှစ်ပါး
၁။ လုံခြုံစွာကြီးပွားချမ်းသာခြင်း။
၂။ အမျိုးမြတ်ခြင်း။
၃။ ဥာဏ်ပညာကြီးမားခြင်း။
၎။ အင်္ဂါကြီးငယ်တို့နှင့်ပြည့်စုံခြင်း။
၅။ အဆင်းလှခြင်း။
၆။ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း။
၇။ ဘုန်းတန်ခိုးကြီးခြင်း။
၈။ ဘေးအန္တရာယ်ကင်းခြင်း။
ဆောင်။ ။ လုံခြုံစွာ့၊ ကြီးရတဲ့ချမ်းသာ၊ မျိုးမြတ် ဥာဏ်ကြွယ်နှင့်။ အင်ကြီးငယ်ပြည့်စုံရ။ ဆင်းလှရောင်ဝါ၊ ဘုန်းတေဇာ၊ ကြီးစွာပတန်ခိုး၊ ရန်ဘယာ၊ ဘေးကာဆီးတယ်၊ မီး၏အကျိုး။
(မှတ်ချက်။ ။ ဦးဇင်းအနေနဲ့ အထွေထွေကုန်ကျမယ့် စာရင်းကို နားလည်တတ်ကျွမ်းသော သူများနဲ့တိုင်ပင်ပြီး အနီးဆုံးခန့်မှန်းတွက်ချက်ပြီး ထပ်မံဖော်ပြပေးပါမယ်..။ ကောက်ခံရရှိလာမယ့် အလှူရှင် စာရင်းနဲ့ လှူဒါန်းငွေ အစုစုတို့ကိုလည်း ဦးဇင်းရဲ့ ဘလော့ဖြစ်တဲ့ ၀ိရဓမ္မ(WIRADHAMA) ဘလော့အပြင် အလွမ်းမြို့လေး၊ ချစ်စံအိမ်၊ ရာဇာထွေးblogမှတ်စု ဘလော့တွေမှာပါ ဖော်ပြပေးထားပါမယ်...။ အလှူငွေစာရင်းနှင့် အလှူအပြီးတွင်လည်း အလှူရှင်စာရင်းနှင့် လုပ်ဆောင်မှု့များကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(ကောက်ခံရရှိမည့် အလှူငွေနှင့်အတူ (၅လပိုင်း-မေလ အကုန်တွင်) (၂၀၁၂) ဦးဇင်း မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပြီး ဦးဇင်းကိုယ်တိုင် ((ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က ကညင်ကုန်းရွာလေး) ) ကြွရောက် အလှူပေးမှာဖြစ်ပါတယ်။
အလှူနဲ့ပါတ်သက်ပြီး လှူဒါန်းချင်ရင်
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း +918083881812
ဆက်သွယ်ရန် အီးမေးလ် ashinwimalawuntha@gmail.com


အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ် ( alwanmyolay@gmail.com)


ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း = 016 6787843
ဆက်သွယ်ရန် အီးမေးလ် = yarzar.htwe5@gmail.com

စကာၤပူ တာဝန္ခံ
နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန်မေလ်း - rainblue2010@gmail.com
ဆက်သွယ်ရန် ဖုန်း - +6593812015
ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း - +6581422464
မြန်မာပြည် တာဝန်ခံ
အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း - thirinda000387@gmail.com
မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန် ဖုန်း - 95973036380

တူးတူးမာ - မုံရွာ - ဆက်သွယ်ရန် (ရုံးဖုန်း) 71-23629
                                                                        ttchitnyima@gmail.com
တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်....)
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာနိုင်ပါသည်။

ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ

Inbox
x

လင်းဇော်ထက်
6:49 PM (13 minutes ago)

to mrsorcerer
 ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ
 ဧပြီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်-YPI  မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပြီး နောက်ထပ်ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန် ဂျပန်နိုင်ငံမှ သဘောတူလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖေါ်ပြချက် အရသိရှိရသည်။  မြန်မာနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ ဘက်အသီးသီးတွင် လုပ်ဆောင်လျှက်ရှိခြင်းကို ထောက်ခံသည့် အနေဖြင့် ယခုကဲ့သို့ ကြွေးမြီများအား လျှော်ပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်-မြန်မာ စီးပွားရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်သွားမည်ဟု ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ က ပြောကြားကြောင်း ယင်းသတင်းတွင် ဖေါ်ပြထားသည်။  ယမန်နေ့မှ စတင်ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးအပြီး ယခုလို ကြေညာလိုက်ခြင်းဖြစ်သည်။  မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်တို့ ၂၈ နှစ်အကြာကာလအတွင်းပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်ကာ ဆယ်စုနှစ် ၂ ခုကျော်ကြာ အထီးကျန်နေထိုင်ခဲ့သည့် မြန်မာနိုင်ငံအား ယင်းအဖြစ်မှ အဆုံးသတ်စေမည့် နောက်ထပ် ခြေလှမ်းတလှမ်းဖြစ်သည်ဟု နိုင်ငံခြား သတင်းမီဒီယာများ ကဖေါ်ပြကြသည်။  မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများဖြစ်သည်။ ။Yangon Press International

How to Root Android + How to Install Myanmar Fonts on Android



Android ဖုံး တွေကို မြန်မာဖေါင့် ထည့်နည်း နဲ့ Root လုပ်နည်းတွေ  မေးနေကြတဲ့ သူငယ်ချင်းများအတွက် သူရ http://www.tramyanmar.co.cc  ကနေ ပြန်လည်မျှဝေပေးလိုက်ပါတယ် ...။ အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့် ပါတယ်.....:)

 
 
ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။
  
Root ဆိုတာ ဘာလဲ .......... ?? 

Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 

Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 


ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
  
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......
 
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။ 
 
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။

စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
-       Z Root
-       Gingerbreak
-       Easy Root Tookit
-       Eric Root
-       CF Root
-       Super one Click
-       Revolutionary (HTC)
-       S2 Root (Samxung Galaxy)
 စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 
How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading From MediaFire

Downloading From Sharebeast 

Downloading From Ziddu 

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

အားလုံးပဲ အဆင်ပြေကြပါစေ ....  လေးစားစွာဖြင့် .... သူရ

 

 

ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ  

 

 
 
Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ 
 
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက 
 
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
 
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး 
 
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ 
 
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
 
Step (1)  Installing of Root Explorer
 
Step (2) Installing of Zawgyi Fonts
 
Step (3) Installing of Frozen Keyboard
 


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger 
 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts 
 
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက် 
 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
 
For Android ဆိုပြီး Zip File ရလာပါမယ်။

 
 

အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
 
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
 
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root 
 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
 
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
 
 ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 
 ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ 
 
မိမိရဲ့ SD Card ကိုရှာပါ။
 
 

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ 
 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
 
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို 
 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
 
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 
 fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
 
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning 
 
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။
 
 
 

နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
 
 DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok 
 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount 
 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။ 
 
 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ 
 
 
website တွေကို 
 
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ 
 
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။ 
 
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts 
 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို 
 
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ 
 
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk 
 
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ 
 
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings 
 
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
 
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
 
 ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ … လေးစားစွာဖြင့်  သူရ