Tuesday, July 8, 2014
♪ လေးမိနစ်အတွင်း အလုံးရေ ၅၀,၀၀၀ ရောင်းချခဲ့ရသည့် Xiaomi MiPad ♫...................
တရုတ်နိုင်ငံ၏
စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာသော Xiaomi သည် Apple ၏ iPad
mni နှင့် ယှဉ်ပြိုင်နိုင်မည့် MiPad tablet အလုံးရေ ၅၀,၀၀၀ ကို
လေးမိနစ်အတွင်း ရောင်းချခဲ့ရကြောင်း ပြောကြားခဲ့သည်။
Xiaomi သည် အဆိုပါ MiPad အလုံးရေ ၅၀,၀၀၀ ကို တရုတ်နိုင်ငံတွင် ရောင်းချခဲ့ရခြင်း ဖြစ်သည်။
MiPad
သည် စွမ်းဆောင်ရည် မြင့်မားသည့်အပြင် ဈေးနှုန်းသက်သာသောကြောင့် tablet
ကွန်ပျူတာအသစ်တစ်လုံး ရှာဖွေသူများ အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သည်။
MiPad တွင် ၇.၉ လက်မ 2,048x1,536 pixel resolution IPS display ပါဝင်ပြီး
NVIDIA Tegra K1 processor အပြင် 2GB RAM နှင့် အနည်းဆုံး 16GB onboard
storage တို့ပါဝင်သည်။ ထို့အပြင် microSD card များကိုလည်း
အထောက်အပံ့ပေးနိုင်သည်။
ကျောဘက်ကင်မရာသည်
8-megapixel ဖြစ်ပြီး အရှေ့ဘက် ကင်မရာက 5-megapixel ဖြစ်သည်။ ဘက်ထရီမှာ
6,700mAh ဘက်ထရီဖြစ်ပြီး အရောင်ငါးမျိုးဖြင့် ရရှိနိုင်သည်။ တန်ဖိုးက
အမေရိကန်ဒေါ်လာ ၂၄၀ ဝန်းကျင်သာရှိသည်။
Ref: Ubergizmo
လက်ထက်ပွဲမှာ ကွာရှင်းခွင့် တောင်းတဲ့ အမျိုးသား........................
Posted by: Ko Myo
on Tuesday, July 08, 2014
Categories:
ထူးဆန်းထွေလာ
07 July 2014 | By Aung Kham Kyaw
ဆော်ဒီအာရေဗိယ
နိုင်ငံမှာ ဖြစ်ပါတယ်.. မင်္ဂလာဆောင်နေစဉ် အတွင်းမှာပဲ ကွာရှင်းခွင့်ပါ
အမျိုးသား တစ်ဦးက တောင်းဆိုခဲ့ ပါတယ်။ အမျိုးသားကို အပြစ်မြင်နေကြ
ပါလိမ့်မယ်။ ဖြစ်စဉ်က ဒီလိုပါ။ မင်္ဂလာဆောင်ဖို့ တစ်ရက် အလိုမှာပဲ
အမျိုးသားဆီ လူတစ်ယောက်က Memory Stick တစ်ချောင်း လာပေး ပါတယ်။ ယင်းထဲမှာ
သူနဲ့ လက်ထက်တော့မယ့် ချစ်သူ နဲ့ သူ့ အရင်ရည်းစား ဟောင်းတို့
တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထည့်ထားတာကို ဖွင့်ကြည့် မိလိုက်ပါတယ်။
ရိုးရိုးတန်း ဓာတ်ပုံတွေ မဟုတ်ပါဘူး။ ဟိုတယ် အခန်းမှာ တစ်ညတာ ကုန်ဆုံးတဲ့
အမှတ်တရ အနေနဲ့ နှစ်ယောက်သား အတူ ရိုက်ထားကြတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဓာတ်ပုံ မြင်မြင်ချင်း Shock ဖြစ်သွားခဲ့ ပါတယ်။
သို့ပေမယ့် ဘယ်သူ့ကိုမှ မဖွင့်မပြောခဲ့ ပါဘူး။ မင်္ဂလာဆောင်တဲ့ ခန်းမက ဘုန်းတော်ကြီး ကောင်းချီးပေး နေချိန်မှာပဲ တွေဝေ နေတဲ့ စိတ်ကနေ တစ်ထစ်ချ ကောက်ချက်ချပြီး ကွာရှင်းဖို့ပါ တောင်းဆိုခဲ့ခြင်း ဖြစ်ပါ တယ်။ သူနဲ့ လက်ထက်တော့မယ့် အမျိုးသမီးဟာ အရင်ချစ်သူဟောင်းရဲ့ ဆက်သွယ် ခြိမ်းခြောက်မှုကို ခံရကြောင်း ဆိုပါတယ်။ သူ့ကိုပဲ လက်ထက်ပါလို့ တောင်းဆိုတာကို ငြင်းလို့ ဓာတ်ပုံ များကို ပို့လိုက်ခြင်း ဖြစ်ပါတယ်။ ဒီသတင်း ကနေလည်း ရိုးရာလေး စာဖတ်သူကို ဆင်ခြင်စရာ သိစရာ တွေ ပါလိမ့်မယ်လို့ ယုံကြည် ပါတယ်။
Ref: Mirror
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ဆော်ဒီအာရေဗိယ
နိုင်ငံမှာ ဖြစ်ပါတယ်.. မင်္ဂလာဆောင်နေစဉ် အတွင်းမှာပဲ ကွာရှင်းခွင့်ပါ
အမျိုးသား တစ်ဦးက တောင်းဆိုခဲ့ ပါတယ်။ အမျိုးသားကို အပြစ်မြင်နေကြ
ပါလိမ့်မယ်။ ဖြစ်စဉ်က ဒီလိုပါ။ မင်္ဂလာဆောင်ဖို့ တစ်ရက် အလိုမှာပဲ
အမျိုးသားဆီ လူတစ်ယောက်က Memory Stick တစ်ချောင်း လာပေး ပါတယ်။ ယင်းထဲမှာ
သူနဲ့ လက်ထက်တော့မယ့် ချစ်သူ နဲ့ သူ့ အရင်ရည်းစား ဟောင်းတို့
တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထည့်ထားတာကို ဖွင့်ကြည့် မိလိုက်ပါတယ်။
ရိုးရိုးတန်း ဓာတ်ပုံတွေ မဟုတ်ပါဘူး။ ဟိုတယ် အခန်းမှာ တစ်ညတာ ကုန်ဆုံးတဲ့
အမှတ်တရ အနေနဲ့ နှစ်ယောက်သား အတူ ရိုက်ထားကြတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဓာတ်ပုံ မြင်မြင်ချင်း Shock ဖြစ်သွားခဲ့ ပါတယ်။သို့ပေမယ့် ဘယ်သူ့ကိုမှ မဖွင့်မပြောခဲ့ ပါဘူး။ မင်္ဂလာဆောင်တဲ့ ခန်းမက ဘုန်းတော်ကြီး ကောင်းချီးပေး နေချိန်မှာပဲ တွေဝေ နေတဲ့ စိတ်ကနေ တစ်ထစ်ချ ကောက်ချက်ချပြီး ကွာရှင်းဖို့ပါ တောင်းဆိုခဲ့ခြင်း ဖြစ်ပါ တယ်။ သူနဲ့ လက်ထက်တော့မယ့် အမျိုးသမီးဟာ အရင်ချစ်သူဟောင်းရဲ့ ဆက်သွယ် ခြိမ်းခြောက်မှုကို ခံရကြောင်း ဆိုပါတယ်။ သူ့ကိုပဲ လက်ထက်ပါလို့ တောင်းဆိုတာကို ငြင်းလို့ ဓာတ်ပုံ များကို ပို့လိုက်ခြင်း ဖြစ်ပါတယ်။ ဒီသတင်း ကနေလည်း ရိုးရာလေး စာဖတ်သူကို ဆင်ခြင်စရာ သိစရာ တွေ ပါလိမ့်မယ်လို့ ယုံကြည် ပါတယ်။
Ref: Mirror
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကလေးများအတွက် နည်းပညာနဲ့ ဆိုင်သော အကြံပေးချက် တစ်ချို့ ............................
|
Posted by: Ko Myo
on Monday, July 07, 2014
Categories:
ကျန်းမာရေးနှင့် ဆေးပညာ
7 July 2014 | By Aung Hein Oo
ပြီးခဲ့တဲ့
ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား.... ဆိုတဲ့ သတင်းတစ်ပုဒ်ကို
စာဖတ်သူများ အတွက် ရေးသားခဲ့ပြီးတော့ ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊
ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့
နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ နည်းနည်း စကားစချီပါရစေ။
ထိုကဲ့သို့ ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကား
လမ်းညွှန်းမူတွေ အနေနဲ့ ...
(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။
(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။
Screen time ကို ဘယ်လို လျော့ချမယ် ?
ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။
- ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။ ( ဖုန်း၊ နဲ့ အခြား တပ်ပလပ် များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)
- အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။
- ကြည့်လိုသည့် တီဗီအစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။ ( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)
- အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။
- မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။ - မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။
အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။
ပြီးခဲ့တဲ့
ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား.... ဆိုတဲ့ သတင်းတစ်ပုဒ်ကို
စာဖတ်သူများ အတွက် ရေးသားခဲ့ပြီးတော့ ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊
ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့
နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ နည်းနည်း စကားစချီပါရစေ။ ထိုကဲ့သို့ ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကား
တစ်ရပ်ကတော့ Screen time လို့ခေါ်ပါတယ်။ ထို ကရိယာတွေ ရဲ့ Screen ရှေ့မှာ
အသုံးပြုနေတဲ့ အချိန်ပေါ့။ ထို Screen time ဟာ များသောအားဖြင့်
ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ထိုင်နေစဉ်တွင် မလှုပ်ရှားဘဲ လုပ်ရတဲ့
အလုပ်ဖြစ်ကာ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ထိုအချိန်တွင် အသုံးပြုမူ မဆို
စလောက် နည်းပါးစေပါတယ်။ ဒီလို အချိန်တွေ ကလေးတွေမှာ များလာတဲ့အခါ ညအခါမှာ
အိပ်မပျော် တာ၊ တော်တော်နဲ့ မအိပ်တာတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး
အာရုံစူးစိုက်မူနဲ့  အ၀လွန်မူ ပြသာနာတွေ ဖြစ်လာပါတယ်။ ဒါက
အကြမ်းဖျင်းလောက်သာ ဖြစ်ပါသေးတယ်။
လမ်းညွှန်းမူတွေ အနေနဲ့ ...
(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။
(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။
Screen time ကို ဘယ်လို လျော့ချမယ် ?
ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။
- ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။ ( ဖုန်း၊ နဲ့ အခြား တပ်ပလပ် များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)
- အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။
- ကြည့်လိုသည့် တီဗီအစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။ ( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)
- အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။
- မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။ - မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။
အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။
Ref: childhealth
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
Ooredoo ရဲ့ ညောင်လေးပင် ဘကကျောင်းအလှူ ..........................
Tuesday, July 8, 2014
~

Ooredoo မြန်မာကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင်ရရှိခြင်း တနှစ်ပြည့်အမှတ်တရအဖြစ် ညောင်လေးပင်မြို့နယ်ထဲက ဘုန်းတော်ကြီးသင်စာသင်ကျောင်းတခုမှာ အလှူဒါနပြုခဲ့ပါတယ် တဲ့။
သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
Ooredoo မြန်မာ သည် မြန်မာနိုင်ငံ တွင် တယ်လီကွန် လိုင်စင် ရရှိသော တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Ooredoo မြန်မာ မှ ကိုယ်စားလှယ်များ အဖွဲ့ သည် ဆရာတော် အရှင် ဘဒ္ဒန္တပဏ္ဍိတ ဦးဆောင်၍ တည်ထောင် ထားသော ပဲခူး တိုင်း ဒေသကြီး ၊ ညောင်လေးပင်မြို့နယ် ၊ ခုံအင်း ကျေးရွာ အုပ်စု ၊ ကြံခင်းရွာ ရှိ ပြည်သူ့အားမာန် ဘုန်းတော်ကြီးသင် စာသင်ကျောင်း သို့ ဇွန်လ ၂၇ ရက်နေ့ သောကြာနေ့တွင် သွားရောက်ပြီး အလှူဒါနများ ပြုလုပ်ခဲ့သည်။
ကြံခင်း ကျေးရွာ ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က စတင် တည်ထောင် ခဲ့သော်လည်း ယမန်နှစ်ကမှ စ၍ စာသင်ကြောင်း ရှိခဲ့သည်။
Ooredoo မြန်မာက စာသင်ကြားရေး တွင် ကျောင်းသားများ နှင့် ဆရာများကို အထောက်အကူ ဖြစ်စေမည့် ကျောင်းသုံး စာရေး ကိရိယာများ ကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လှူဒါန်းခဲ့သည်။
အလှူဒါန ပြုလုပ်ရခြင်း နှင့် စပ်လျှင်း ၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က
“ဒီနေ့ ဟာ ကျွန်တော်တို့ လိုင်စင် ရရှိကြောင်း သတင်းကောင်းကြားတာ တစ်နှစ်တိတိ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။
ကျွန်တော် တို့ အနေ နဲ့ အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ မြန်မာမှူ မြန်မာ့ဟန်ကို ထိမ်းသိမ်း ရင်း အလှူဒါန ပြုရခြင်း ဖြစ်ပါတယ်။
မြန်မာပြည်သူ လူထု ရဲ့ဘ၀တွေ တိုးတက် ပြောင်းလည်း ဖို့ အင်အားတွေ ဖြည့်ရန် ဆိုတာ က ကျွန်တော်တို့ အဓိက ရည်မှန်းချက် ဖြစ်ပြီး ဒီနေ့အလှူဒါနလေး ကလည်း အခြေခံ လူမှူဘ၀တွေ ကို တတ်စွမ်းသမျှ ကူညီတဲ့ အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟုပြောကြားလိုက်ပါသည်။
ဆရာတော် အရှင် ဘဒ္ဒန္တပဏ္ဍိတ က Ooredoo မြန်မာ ၏ အလှူဒါန ကို ၀မ်းမြောက်စွာ လက်ခံ ရရှိပြီး၊
“မြန်မာ့ ကျေးလက် ပညာရေး ကို မြေတောင် မြှောက်ပေးနေကြသည့် Ooredoo မြန်မာ မိသားစုဝင် များ ကျန်းမာကြပါစေ။” ဟု ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။
.

- ဇူလိုင်လ ၇ ရက်နေ့ ၂၀၁၄
- ရန်ကုန်၊ မြန်မာ။

ဗီယက်နမ်စစ်ရဟတ်ယာဉ်ပျက်ကျမှု ၁၆ ဦးသေဆုံး ....................
8 July 2014 02:07(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
MI - 171 ရဟတ်ယာဉ်ဟာ လေ့ကျင့်ရေး ခရီးစဉ်အတွင်း စက်ချို့ယွင်းမှုကြောင့် Thach That ခရိုင်ရှိရွာထဲကို ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဒုတိယစစ်ဦးစီးချုပ် Vo Van Tuan က ဘီဘီစီကို ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ အားလုံးဟာ စစ်မှုထမ်းတွေဖြစ်ကြတယ်လို့ သူက ပြောပါတယ်။
ရဟတ်ယာဉ်ဟာ မပျက်ကျခင်အချိန်မှာ ခက်ခက်ခဲခဲပျံသန်းနေရတယ်လို့လည်း မျက်မြင်တဦးက ပြောပါတယ်။
ဒါ့ပြင် ရဟတ်ယာဉ်ဟာ အနိမ့်မှာ ပျံသန်းနေစဉ် မြေပြင်နဲ့ထိပြီးတပြိုင်နက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
လေယာဉ်မှူးဟာ အနားမှာရှိတဲ့ ဈေးနဲ့လူနေအိမ်တွေပေါ်မပျက်ကျမိစေဖို့ လမ်းကြောင်းပြောင်းရာမှာ ကွင်းပြင်ပေါ်ထိုးကျသွားခဲ့ပုံရတယ်လို့ သူကပြောပါတယ်။
ဗီယက်နမ်လေတပ်ရဲ့ သက်တမ်းရင့်လေယာဉ် အများစုဟာ ရုရှားနိုင်ငံက ဝယ်ယူထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်က ဒီရက်မှာပဲ MIC - 21 တိုက်လေယာဉ် တစီးပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးတွေက အချိန်မီ လေထီးနဲ့ခုန်ဆင်းနိုင်ခဲ့ပါတယ်။
၂၀ဝ၈ခုနှစ်မှာလည်း တကြိမ် ဟနွိုင်းမြို့အပြင်ဘက်မှာ စစ်လေယာဉ်တစီးပျက်ကျခဲ့ရာ လေယာဉ်မှူး ၅ ဦး သေဆုံးခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140707_vietnam_plane_crashed.shtml
![]() |
| ဗီယက်နမ်က ရုရှားလုပ် MI - 171 ရဟတ်ယာဉ် တစီး |
ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေရောက် Miss Universe Myanmar ဆန်ခါတင် အလှမယ်များ.................

The Swimsuit Photo Making of Miss Universe Myanmar 2014 Finalists was held on Karon Beach of Phuket Island in Thailand on July 6, 2014. Miss Universe Myanmar 2014 Beauty Pageant will be held at the National Theater in Yangon on July 26, 20 finalists are vying for the crown.

ref;Myanmar Celebrity
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
သွေးမလွန် တုပ်မကွေးကြစေဖို့.....................
Posted by: Ko Myo
on Tuesday, July 08, 2014
Categories:
ကျန်းမာရေးနှင့် ဆေးပညာ
![]() |
| သရုပ်ဖော် ပန်ချီ အာကာ |
လူတိုင်းက ကိုယ့်အိမ် ကိုယ့်ရာ၊ ကိုယ့်နေရာမှာ လုပ်သင့်တာလေးတွေ လုပ်နိုင်ရင် ကာကွယ်မှု အတော်လေး ရနိုင်ပေမယ့် ထုံးစံ အတိုင်း ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး မူဝါဒကြီးနဲ့ အရိုးစွဲနေတဲ့ လူ့ အဖွဲ့အစည်းမှာတော့ ဖြစ်လာမှ အငိုလွယ် အရှိုက်ခက် ဖြစ်ကြ ရတာပါပဲ။ အရင်တုန်းကနဲ့ နှိုင်းစာရင် သေပျောက်မှု နည်းလာပေမယ့် ရှိနေတုန်း၊ ရှိနေဆဲ ဆိုတာတော့ သတိပြုမိကြမှာပါ။ မိုးတွင်း မှာ ကိုယ့်ကလေး ဖျားနာလာမှ သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်လို့ ဆေးခန်း အမြန်ပြေးပြတဲ့ အလေ့အထ ဖွံ့ဖြိုးလာပေမယ့် ရောဂါရဲ့ ပင်မဖြစ်တဲ့ ခြင်နှိမ်နင်းဖို့ ကိုယ့်တနိုင် လုပ်စရာလေးတွေ လုပ်ဖို့ကျတော့ အာပေါက်အောင် ပြောနေရဆဲ၊ လိုက်နာမှုလည်း အားနည်း နေမြဲပါ။
မိုးရာသီရောက်ရင် သွေးလွန်တုပ်ကွေးအတွက် စိတ်ပူရတယ်ဆိုတဲ့ အသိလောက်တော့ ရှိကြပေမယ့်၊ သွေလွန်တုပ်ကွေးရောဂါက ခြင်ကိုက်လို့ ဖြစ်ရတယ်ဆိုတာတော့ သိကြပေမယ့် ဘာတွေသတိပြုရမယ်၊ ဘာတွေလုပ်ထားရင် ကာကွယ်ရာရောက်တယ် ဆို တာ ကိုတော့ မေ့လွယ်ပျောက်လွယ် လုပ်ပစ်ကြတာ စိတ်မသက်သာစရာပါ။
သွေးလွန်တုပ်ကွေးရဲ့ အခြေခံအချက်အလက်များ
သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ရောဂါပါ။ အဲဒီ ဗိုင်းရပ်စ် ပိုးကို သယ်ဆောင်တဲ့ ခြင်ကျား ကိုက်ရာက တဆင့် တဦးကိုတဦး ကူးစက်တာပါ။ ဒီခြင်ကျားက ရေ ကြည်ရေသန့်တွေမှာ ပေါက်ပွားပြီး နေ့ဘက်မှာသာ ကိုက်တာများတဲ့ ခြင်အမျိုးအစားပါ။ ခြင်မှာ ခြင်မ တွေကသာ ကိုက်တတ်တယ် ဆိုတာတော့ ကြားဖူးကြမှာပေါ့။ ခြင်ကိုက်ခံရလို့ သွေးလွန်တုပ်ကွေး ဖြစ်ပြီ ဆိုရင် သာမန်ဖျားနာတာမျိုးနဲ့ ပြီးသွား တတ်သလို အသက်ဆုံရှုံးတဲ့အထိလည်း ဖြစ်သွား တတ်တယ် ဆိုတာကိုလည်း သိကြမယ် ထင်ပါတယ်။
အရင်ကတော့ ၃ နှစ်ကနေ ၁၃ နှစ်လောက် ကလေး တွေမှာ အဖြစ်များတယ်ဆိုပေမယ့် အခုတော့ အရွယ်မရွေး ဖြစ်တတ်တာကို တွေ့လာရပါတယ်။ ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေမှာဖြစ်ရင်တော့ အသက် အန္တရာယ်ပါ စိုးရိမ်ရတတ်ပါ တယ်။ ဒီရောဂါအတွက် တိကျထိရောက်တဲ့ ကာကွယ်ဆေးရယ်လို့ မကြားဖူး သေးသလို ဖြစ်လာရင်လည်း ရောဂါလက္ခဏာတွေ ကိုသာ စောင့်ကြည့်ကုသရပြီး ဗိုင်းရပ်စ်ပိုးသေစေတဲ့ ဆေးဝါးတွေ မရှိသေးတာကတော့ ဒီရောဂါရဲ့ အဓိက ခြိမ်းခြောက်မှုပါပဲ။
ဒီရောဂါရဲ့  အဓိက လက္ခဏာက ဖျားတာပါ။ ခေါင်းကိုက်၊ မျက်လုံးတွေကိုက်၊ အဆစ်အမြစ်တွေ ကိုက်၊ ပျို့အန်၊ ကြွက်သားတွေ နာ ကျင်ပြီး ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အခြား အဖျားတွေထက် ပိုပြီး နုံးချည့်နေတတ်ပါတယ်။ အစား အသောက် ပျက်ပြီး မှိန်းနေတတ်ပါတယ်။ ဖျားပြီး ၃ ရက်ကနေ ၆ ရက်အတွင်း လောက်မှာတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ တွေ့ ရတတ်ပါတယ်။ ရုတ်တရက် အဖျားကျ သွားတတ်ပါ တယ်။ နောက်ပြီး အလိုအလျောက် သွေးယိုစိမ့်တဲ့လက္ခဏာတွေ ဖြစ်တဲ့ နှာခေါင်းသွေးယိုမယ်၊ သွားဖုံး သွေး ထွက်မယ်၊ ပြင်းထန်စွာ ဗိုက်အောင့်မယ်၊ ကော်ဖီရောင်တွေ အန်မယ်၊ ဝမ်းမည်းမည်းတွေ သွားမယ်၊ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေပေါ်လာမယ် စတဲ့ ကိုယ်တွင်း သွေးယိုတဲ့ အခြေအနေ ရောက်လာပါတယ်။ သွေးယိုစိမ့်မှုတွေ များလာရင် သွေးလန့်ခြင်း ခေါ်တဲ့ ရှော့ခ် (Shock) ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေ အေးစက်၊ သွေးပေါင်ချိန် ကျဆင်းပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးရ တတ်ပါတယ်။
ဒီတော့ အခုလို မိုးဦးကျကာလမှာ ကလေးဖျားနာပြီဆိုရင် ဆေးရုံဆေးခန်းမှာ ပြသပါ။ အဲဒီမှာ အဖျားတိုင်းတာနဲ့အတူ သွေးပေါင်ချိန် ကိရိယာကို လက်မောင်းမှာပတ်ပြီး သွေးလွန်တုပ်ကွေးရဲ့လက္ခဏာ အနီစက်လေးတွေ စစ်ဆေးတဲ့ Hess test လုပ်ကြည့်ပြီး အတိအကျ မဟုတ်သည့်တိုင် သွေးလွန်တုပ်ကွေး နဲ့ သက်ဆိုင်မှုရှိ မရှိကို မှန်းဆပေးပါလိမ့်မယ်။ အခုဆို သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် သေချာစေမယ့် ပဋိပစ္စည်း တိုင်းတာတဲ့ အမြန်သွေးစစ်ကိရိယာလေးတွေလည်း ရှိနေပြီမို့ ရောဂါကို အချိန်စောစော ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေ့လို့ ဂရုတစိုက်ရှိမယ်ဆိုရင် အခြေအနေပေါ်လိုက်ပြီး အိမ်မှာပဲ စောင့်ကြည့်ကုသနိုင်သလို ဆေးခန်း၊ ဒါမှမဟုတ် ဆေးရုံ အဆင့်ဆင့်ကို ရောဂါအဆင့်လိုက်ပြီး အချိန်မီ လွှဲပို့ကုသနိုင်ပါတယ်။
လူတိုင်းပါဝင်ရမယ့် ကာကွယ်ရေးကဏ္ဍ
ရောဂါရဲ့အရင်းအမြစ်က ခြင်ကိုက်ရာက ကူးစက်ရတာဆိုတော့ ခြင်နှိမ်နင်းရေးက ရောဂါ ကာကွယ်ရေးရဲ့ သော့ချက်လို့ သတ်မှတ် ရမှာပါပဲ။ အဲဒီတော့ ခြင်နှိမ်နင်းရေးလုပ်ဖို့ ဘယ်လိုဆောင်ရွက် ရမယ်ဆိုတာ အခြေခံအသိ ရှိသင့်ပါတယ်။ ခြင်ကိုကာကွယ်ဖို့ ရှင်းရှင်း လင်းလင်း အနှစ်ချုပ်မှတ်သားစရာ ပြောရမယ်ဆိုရင်
• ခြင်မပေါက်ပွားအောင်
• ခြင်မခိုလှုံနိုင်အောင်
• ခြင်ကိုက် မခံရအောင်
အဲဒီ ၃ မျိုးကိုလုပ်နိုင်ရင် ခြင်အန္တရာယ် ကာကွယ်တာပဲပေါ့။ ဒါကလည်း အထူးတလည် လုပ်ဆောင်နေ ရတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ပုံမှန်လုပ်ဆောင်မှုမျိုးနဲ့ လုပ်လို့ ရတာတွေပါ။
ခြင်မပေါက်ပွားအောင်
ဒီခြင်က ရေကြည်ရေသန့်၊ ရေဝပ်နေတဲ့ နေရာတွေမှာ ပေါက်ပွားတတ်ပါတယ်။ ဥချပြီး ၂ ရက်မှာ ပိုးလောက်လန်းဖြစ်၊ လောက် လန်း ဘဝက ၅ ရက် လောက်နေရင် ခြင်သားလောင်းဖြစ်၊ နောက် ၂ ရက်လောက် နေရင်တော့ ရောဂါ ကူးစက်စေမယ့် ခြင်ဘဝကို ရောက်တာမျိုးပါ။ ဒီတော့ သိုလှောင် ထားတဲ့ ရေတွေကို ၂ ရက်၊ ၃ ရက် တခါလောက် လဲလှယ်ပေးတာက ခြင်မပေါက်အောင် လုပ်ပေးတာ ပဲပေါ့။ ဘုရားပန်းအိုးကအစ အိမ်မှာရှိတဲ့ ဘူးခွံ၊ ပုလင်းခွံ တွေအထိပါ ခြင်မပေါက်နိုင်အောင် သတိပြုရ ပါမယ်။ ရေကို သိုလှောင်သုံးရတယ်ဆိုလည်း ဖုံးအုပ်ထား၊ ပုံမှန် စစ်ကြည့်ပြီး လောက်လန်းတွေ ရင် စစ်ထုတ်၊ ဖြစ်နိုင်ရင် သွန်ပြီးလဲပေါ့။ တချို့ဒေသ တွေမှာတော့ ပိုးလောက်လန်းဘဝမှာ ခြင်တွေဆက်ပြီး မရှင်သန်နိုင်တဲ့ Abate ဆေးကို သိုလှောင်ထားတဲ့ရေတွေထဲ ခပ်ပေးကြ ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ ရှိတဲ့ ခြင် ပေါက်ပွားနိုင်တဲ့နေရာတွေကို ရှင်းလင်းပစ်ပြီး ရေဝပ်နေတဲ့ ရေမြောင်းတွေကိုလည်း ရေ စီးရေလာ ကောင်းအောင် လုပ်ပေးရမှာပါ။
ခြင်မခိုအောင်းနိုင်အောင်
အိမ်တွင်း အိမ်ပြင် သန့်ရှင်းအောင် ထားရပါမယ်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ရပါမယ်။ ချုံနွယ် ပိတ်ပါင်းတွေ ရှိရင် ရှင်းလင်းပေးရပါမယ်။ ကပ်ရောဂါအသွင်နဲ့ နေရာတခုတည်းမှာ လူနာအများ ကြီးဖြစ်ကြတဲ့ အခါတွေမှာတော့ ခြင်ဆေးမှုတ်တဲ့ လုပ်ငန်းလုပ်ကြရပါတယ်။ ဒါပေမယ့် တခု သတိပြုဖို့က အဲဒီခြင်ဆေးရဲ့အာနိသင်က ရက်ကြာကြာ မခံတတ်ပါဘူး။
ခြင်ကိုက်မခံရအောင်
အိပ်တဲ့အချိန်တိုင်းမှာ ခြင်ထောင်နဲ့ အိပ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ကျောင်းတွေမှာ ခြင်ဆန်ခါတွေ တပ်ဆင်ထားသင့် ပါတယ်။ အလင်းရောင် ရအောင် အိမ်တံခါးတွေကို နေ့လယ် နေ့ခင်းပိုင်း ဖွင့်ပေး တာကလည်း ခြင်ကိုက် သက်သာစေပါတယ်။ ခြင် မကိုက် အောင် လူးတဲ့ဆေးတွေလည်းပေါ်ပေါက် နေပါပြီ။ ဒါလည်း ထိရောက်ပါတယ်။ အခုဆိုရင် စေးကပ်မှုမရှိအောင် တီထွင်ထားတဲ့ လူးဆေးတွေ ပေါ်နေပါပြီ။ ခြင်ဆေးခွေထွန်းတာကတော့ အကျိုးထက် အပြစ်ပိုစေတဲ့ နည်းလမ်းတခုလို့သာ ဆိုပါရစေ။
ဒီလို ခြင်အန္တရာယ် ကာကွယ်ခြင်းကသာ သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ အထိရောက်ဆုံးဆိုတဲ့ အသိလေး မြဲကြရင်၊ ဘယ် လိုတွေ ပြုမူလုပ်ဆောင်ရမယ်ဆိုတာကိုသိရှိလိုက်နာကြရင် အများကြီး စိတ်အေးကြရမှာပါ။ ဒီနည်းလမ်းတွေကလည်း တကယ်ဆို ကိုယ့်အိမ်ကိုယ်ရာမှာ ပုံမှန်လုပ်နေသင့်တဲ့ အလုပ်တွေသာဖြစ်ပြီး တကူးတက အကုန်အကျခံနေစရာလည်း မလိုပါဘူး။ ခြင်အန္တရာယ် ကာကွယ်ရေး အတွက် နှိုးဆော်ပေးတာ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လိုက်လံ ပညာပေး၊ ကူညီ လုပ်ဆောင်တာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ကလည်း တကယ့် လိုအပ်ချက်ပါ။
အတွေ့အကြုံအရဆိုရင် နှစ်စဉ် အဲဒီလို လုပ်ဆောင်ပေးနေတဲ့ ဒေသတခုမှာတော့ “မိုးရောက်လာပြီ၊ အိမ်မှာ ဘုရားအိုးတွေ လာ မလဲပေးသေးဘူးလား၊ အိမ်နားက အမှိုက် သရိုက်တွေ လာရှင်းမပေး သေးဘူးလား” ဆိုတဲ့ တောင်းဆိုမှုမျိုး ကြုံခဲ့ရဖူးသလို အိမ်က အိုးခွက်တွေကို ပိုးလောက်လန်း စစ်ဆေးပေးတာကို ရန်လိုတာလည်း ခံရဖူးပါတယ်။ တကယ်တော့ ဒါတွေက လူတိုင်း ကိုယ့် တာဝန် ကိုယ်ကျေပွန်ရင် နှိုးဆော်နေရမှာ မဟုတ်သလို ရောဂါဘယလည်းကင်းမယ့် နည်းလမ်းတွေပါ။ အသိတရားလည်း ရှိပါမှ၊ သတိတရားလည်း ရှိပါမှ အသက် အန္တရာယ် ဖြစ်စေတဲ့အထိ ဆိုးရွားတဲ့ ရောဂါကို ကာကွယ်ပေးနိုင်မှာပါ။ တဦးတယောက်က မလိုက်နာရင်လည်း ကျန်တဲ့ဝန်းကျင် တခုလုံးကို ထိခိုက်စေမှာပါ။
ကဲ လာပါ။ အရေးမကြီးတဲ့ ကိစ္စတွေအတွက် ဖြုန်းပစ်နေကြမယ့် အချိန်တွေထဲကနေ ကိုယ့်အိမ်တွင်းနဲ့ ပတ်ဝန်းကျင်မှာ ခြင်ပေါက် ပွား ခိုလှုံမှုမရှိအောင် လုပ်ဆောင်ကြပါစို့။ ကိုယ့်အိမ်က ကလေးတွေသာမက ပတ်ဝန်းကျင်တခွင်လုံးက ကလေးတွေပါ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်သွားကြရင် စိုးရိမ်သောကတွေ၊ နာဖျားမကျန်းမှု အတွက် ပေးရမယ့် အချိန်တွေ၊ စရိတ်စက တွေ လျော့နည်းပြီး စိတ်ချမ်းမြေ့ကြရမယ် မဟုတ်ပါလား။ ။
The post သွေးမလွန် တုပ်မကွေးကြစေဖို့ appeared first on ဧရာဝတီ.

၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ ................
|
၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ
ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးလ်မှာ ကျင်းပနေတာ ကွာတားဖိုင်နယ်
အဆင့်တောင် ပြီးပါပြီ။ ဘောလုံးပွဲတွေ ကြည့်ရင်း ကမ္ဘာ့ဖလားပွဲ ပြင်ဆင်ထားတဲ့
အကြောင်း ဘောလုံးကွင်း၊ ဘောလုံးနည်းပညာတွေ အကြောင်းလည်း ဖတ်ကြည့်ဖြစ်
ပါတယ်။ ဘောလုံးရောဂါ ထနေတဲ့ အချိန်ဖြစ်လို့ ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့
ဖလားပြိုင်ပွဲ ဘရာဇီးလ်မှာ ပထမဦးဆုံး သုံးစွဲခဲ့တဲ့ နည်းပညာ အသစ်တွေ
အကြောင်း ရေးထားပါတယ်။
ဂိုးလိုင်းနည်းပညာ အစ
ဘောလုံး ပြိုင်ပွဲကြီးတွေ ကျင်းပ ပြီးစီးတိုင်း အောင်မြင်သူတွေ၊ ကျရှုံးသူတွေ ပေါ်ထွက်လာတဲ့ နောက်ကွယ်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘောလုံးအသင်း၊ ကစားသမားတွေ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုတွေ၊ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ အကြောင်းလည်း ပြောစရာဖြစ်၊ ကျန်ရစ် ခဲ့လေ့ ရှိပါတယ်။
ကွင်းလယ် ဒိုင်တဦးတည်းကနေ တကွင်းလုံး စောင့်ကြည့်ရတာ ဖြစ်လို့ မှားယွင်းဆုံးဖြတ်မှု တွေလည်း ရှိနိုင်ပါတယ်။ ကွင်းလယ်ဒိုင် တွေရဲ့ ကစားသမားတယောက်ကို အနီကတ်ပြ ထုတ်ပယ်လိုက်မှုတွေ၊ လူကျွံဘော သတ်မှတ် လိုက်မှု တွေ၊ ပင်နယ်တီ အဆုံးအဖြတ် ပေးလိုက်တာတွေ၊ ဘောလုံး ဂိုးစည်း ကျော်သွားတယ်လို့ သတ်မှတ်မှု တွေဟာ အမြဲ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းလယ် ဒိုင်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဖြစ်ပြီး ဘယ်လိုမှ အယူခံဝင်ခွင့် မရှိပါဘူး။ တခြား ဆုံးဖြတ်ချက်တွေ ထက်စာရင် ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် တိုင်ထိပြီး ဂိုးစည်း ကျော်သွားတယ် ဆိုပြီး မပေးသင့်တဲ့ ဘောလုံးကို ဂိုးပေးမိ လိုက်တာမျိုးဟာ တဖက်အသင်း အတွက် အထူးအခွင့်အရေး ပေးလိုက်သလို ကျန်တဲ့ တဖက်အသင်း အတွက် အများကြီး ထိခိုက် နစ်နာသွားစေပါတယ်။
၂၀ဝ၀ ပြည့်နှစ် အာဖရိကနိုင်ငံများ ဖလား ဖိုင်နယ်ဘောလုံး ပြိုင်ပွဲရဲ့ ဖိုင်နယ်ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယားနဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။ အဲဒီ ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယား ကစားသမား ဗစ်တာ (Victor Ikpeba) ကန်သွင်းတဲ့ ဘောလုံးကို ကွင်းလယ်ဒိုင်က ဂိုးစည်း မကျော်သွားဘူး ဆိုပြီး ဂိုးမဝင်ဘူးလို့ ဆုံးဖြတ် ခဲ့ပါတယ်။
ဒါပေမယ့် တီဗီကင်မရာမှာ ပြန်ကြည့်တဲ့ အခါမှာတော့ ဘောလုံးဟာ ဂိုးစည်း ကျော်သွားပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လို့ ကင်မရွန်းက အနိုင်ရ ဗိုလ်စွဲသွားပြီး အာဖရိက ညီညွတ်ရေး ဖလားကို ကိုင်မြှောက်ခွင့် ရသွားခဲ့ပါတယ်။
၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင် ဟမ်ဟော့စပါး ဘောလုံးပွဲ မှာလည်း တော့တင်ဟမ် ကွင်းလယ်လူ ပီဒရိုမင်းန်ဒက်စ် (Pedro Mendes) က ၅၅ ကိုက်အကွာက ကန်လိုက်တဲ့ ဘောလုံးကို မန်ယူဂိုးသမား ရွိုင်းကာရိုးလ် (Roy Carroll) က ဖမ်းရာမှာ လက်ထဲကလွတ်ကျပြီး ဂိုးလိုင်းနဲ့ တကိုက်လောက် ကျော်သွားပြီးမှ ပြန်ပုတ်ထုတ် လိုက်တာကို ကွင်းလယ်ဒိုင်ကရော စည်းကျပ်ဒိုင်ကပါ မမြင်ခဲ့ဘဲ ဂိုးမပေးခဲ့ပါဘူး။
အဲဒီလိုဖြစ်ရပ်မျိုးကို ၂၀ဝ၉ ခုနှစ်၊ ဩဂုတ်လမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရစ်စတို စီးတီးရဲ့ ပွဲမှာလည်း အလားတူ အငြင်းပွားစရာ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။
အဲဒီလို မှားယွင်းဆုံးဖြတ်မှုတွေ မဖြစ်အောင် ဂိုးလိုင်း နည်းပညာ သုံးဖို့ စကော့တလန်နဲ့ အင်္ဂလန်က ဘောလုံး အဖွဲ့ချုပ်တွေက ၆ မဲ ၂ မဲနဲ့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ UEFA ဥရောပ ဖလားရဲ့ ပြိုင်ပွဲဝင်အသင်း ခေါင်းဆောင်တွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ကလည်း ဂိုးလိုင်းနည်းပညာကို အသုံးပြုဖို့ မဲပေးခဲ့ကြ ပါတယ်။
၂၀၁၀ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အာဖရိကမှာ ဂျာမနီနဲ့ အင်္ဂလန် ဘောလုံးပွဲမှာ ဂျာမနီက ၄း ၁ နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ အဲဒီပွဲမှာ ဖရန့်လမ်းပတ် (Frank Lampard) က ပင်နယ်တီ စည်းအပြင်ဘက်ကနေ ကန်လိုက်တဲ့ ဘောလုံးဟာ ဂိုးတိုင်အပေါ်တန်းထိပြီး ဂိုးစည်း ကျော်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စည်းကျပ်ဒိုင်ကနေ ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့လို့ ဖြစ်ပါ တယ်။
အဲ့ဒီမှာ ဖီဖာက ဂိုးလိုင်း နည်းပညာသုံးဖို့ ပိုပြီး စိတ်ဝင် စားလာပါတယ်။ ၂၀၁၂ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲ မတိုင်ခင်က ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီ (Michel Platini) က ဂိုးလိုင်း နည်းပညာ အစား လက်ထောက်ဒိုင် တဦးကို ဂိုး ၂ ဖက်မှာ တာဝန်ပေး ကစားဖို့ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။
ဒါပေမယ့် အုပ်စု (D) ပွဲစဉ် ယူကရိန်းနဲ့ အင်္ဂလန် ပွဲစဉ်မှာ ဟန်ဂေရီဒိုင်လူကြီး မာကိုဒီဗစ် (Marko Devic) နဲ့ အစ်စ်ဗန်ဗက် (Istvan Vad) တို့ နှစ်ဦး စလုံး အင်္ဂလန်က ဂျွန်တယ်ရီ (Joho Terry) သွင်းလိုက်တဲ့ ဂိုးစည်း ကျော်သွားတဲ့ ဘောလုံးကို မမြင်လိုက် ပါဘူး။
ဂိုးလိုင်းနည်းပညာတွေ
ဂိုးလိုင်းနည်းပညာ တွေကို စတင်စမ်းသပ်ခဲ့တာ ကြာပါပြီ။ နည်းပညာတွေ ကလည်း အမျိုးမျိုးရှိနေ ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက သုံးစွဲစမ်းသပ်ခဲ့တဲ့ နည်းပညာတွေ ရှိနေပြီး အဲဒီ နည်းပညာတွေ အကြောင်း အရင်ရေးထား ပါတယ်။
ကိုင်ရို ဂိုးလိုင်းနည်းပညာ
ကမ္ဘာကျော် အားကစားကုမ္ပဏီကြီး အက်ဒီ ဒက်စ်ကုမ္ပဏီနဲ့ ကိုင်ရိုနည်းပညာ ကုမ္ပဏီ (Cairos Technologies AG) တို့ တီထွင်ထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ကင်မရာ မသုံးဘဲ သံလိုက် စက်ကွင်းတွေ သုံးပြီး ဘောလုံးရဲ့ တည်နေရာကို ခြေရာခံ လုပ်ဆောင် စစ်ဆေးပေးမယ့် နည်းပညာ ဖြစ်ပါတယ်။
ဘောလုံးကွင်းရဲ့ ပင်နယ်တီ ဧရိယာ အတွင်း မြက်ခင်း အောက်မှာ ဝါယာ အသေးလေးတွေ မြှုပ်ထားပြီး ဆင်ဆာတွေ ကနေ သံလိုက်စက်ကွင်း ဇယားကွက်တွေကို တိုင်းတာပြီး ရလာတဲ့ ဒေတာတွေကို ကွန် ပျူတာဆီကိုပို့၊ ကွန်ပျူတာကနေ ဘောလုံး ဂိုးစည်း ကျော်မကျော် ဆုံးဖြတ် တွက်ချက်ပေးပါလိမ့်မယ်။ အဲဒီ ကိုင်ရိုနည်းပညာကို ၂၀ဝ၅ ခုနှစ် အသက် ၁၇ အောက် ဖီဖာကမ္ဘာ့ချန်ပီယံရှစ်ပ် ပြိုင်ပွဲမှာ စမ်းသပ် သုံးခဲ့ပေမယ့် လုံလောက်တဲ့ အမြန်နှုန်းနဲ့ တိကျမှု မရခဲ့ပါဘူး။
အက်ဒီဒက်စ်ရဲ့ တင်းမ်ဂျီးယက်စ်
ကိုင်ရို-အက်ဒီဒက်စ် နည်းပညာနဲ့ တွဲသုံးမယ့် ဘောလုံး ဖြစ်ပါတယ်။ အက်ဒီဒက်စ်ကနေ တီထွင် ထားပြီး၊ ဘောလုံးထဲမှာ ချစ်ပ် (Chip) ကို သံအထိန်း ကြိုးတွေနဲ့ တွဲထိန်းထားပါမယ်။ အဲဒီမှာ ပြဿနာရှိတာက လက်ရှိ သုံးစွဲနေတဲ့ ဘောလုံးတွေ အားလုံး သုံးလို့ မရတော့ဘဲ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေကို ပြောင်းသုံး ရပါမယ်။ ပြိုင်ပွဲမှာ သာမက လေ့ကျင့်တဲ့ အချိန်တွေ အတွက်ပါ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေ လိုအပ်မှာ ဖြစ်လို့ ငွေကြေး အကုန် အကျ များလွန်းတယ် ဆိုပြီး ဂျာမန် ဘွန်ဒက်စ်လီဂါက ဘောလုံးအသင်းကြီးတွေ ကန့်ကွက် ခဲ့ပါတယ်။
ချစ်ပ် သုံးထားတဲ့ ဘောလုံးတွေကို သုံးမယ် ဆိုရင် ပေါင်စတာလင် ၁၀ သန်းလောက် ကုန်ကျမှာ ဖြစ်ပြီး သိန်းငှက်မျက်လုံး(Hawk-Eye) ဒါမှမဟုတ် Goal Control နည်းပညာကို သုံးရင် ပေါင်စတာလင် သန်း ၂၀ ကျော်လောက် ကုန်ကျမှာဖြစ်လို့ ဘွန် ဒက်စ်လီဂါက အသင်းတော်တော်များများက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဘောလုံးနဲ့ နည်းပညာကို ပီရူးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀ဝ၇ ခုနှစ် အသက် ၁၇ အောက် ကမ္ဘာ့ဖလား လူငယ် ဘောလုံး ပြိုင်ပွဲမှာ စမ်းသပ်သုံး ခဲ့ပါတယ်။ တိကျမှု အနေနဲ့ ၉၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တဲ့ အတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာက အဲဒီ နည်းပညာကို လက်ခံသုံးစွဲဖို့ ငြင်းဆိုခဲ့ပါတယ်။
သိန်းငှက်မျက်လုံး (Hawk-Eye)
ဘောလုံးပြိုင်ပွဲတွေမှာ မသုံးခင်ကတည်းက ခရစ်ကတ်၊ တင်းနစ်နဲ့ စနူကာပြိုင်ပွဲတွေမှာ သုံးခဲ့ ပြီးတဲ့ နည်းပညာ ဖြစ်ပါတယ်။ အခု ဘောလုံးပြိုင်ပွဲ တွေမှာ ဂိုးဝင်၊ မဝင် စောင့်ကြည့်ပေးမယ့် လုပ်ဆောင်ချက် ကတော့ မြန်နှုန်းမြင့် ဗီဒီယိုကင်မရာတွေ တပ်ဆင်ထားပြီး ဘောလုံးရဲ့ တည်နေရာကို တွက်ချက် လုပ်ဆောင်ပေးပါမယ်။
ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးတဲ့ ဂိုးလိုင်းနည်းပညာ
ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးထားတဲ့ ဂိုးလိုင်းနည်းပညာကို Goal Control လို့ ခေါ်ပါတယ်။ အဲဒီ နည်းပညာဟာ သိန်းငှက်မျက်လုံး နည်းပညာနဲ့ ဆင်တူပေမယ့် ၁၀ဝ ရာခိုင်နှုန်း တိကျမှုရှိတယ် လို့ ပြောပါတယ်။
ဂိုးတိုင် တဖက်စီမှာ မြန်နှုန်းမြင့် ကင်မရာ ၇ လုံးစီနဲ့ ဂိုးတိုင်နှစ်ဖက် အတွက် ကင်မရာ ၁၄ လုံး သုံးထားပါတယ်။ အဲဒီ ကင်မရာတွေက တခြား အားကစားနည်းတွေမှာ သုံးထားသလိုမျိုး ရှုထောင့် အမျိုးမျိုးကနေ ရိုက်ထားပြီး အနှေး ပြန်ရစ်ကြည့် တာမျိုး မဟုတ်ပါဘူး။ အဲဒီကင်မရာတွေဟာ တမိနစ်ကို ပုံ ၅၀ဝ လောက် အထိ ရိုက်ပါတယ်။ ဂျာမနီက တီတွင်ထားပြီး ဂိုးတိုင်တဖက်စီမှာ ဗွီဒီယိုကင်မရာ ၇ လုံး၊ ဂိုးတိုင် နှစ်ဖက်မှာ ကင်မရာ ၁၄ လုံး တပ် ထားပါမယ်။
အဲဒီ ဗီဒီယိုကင်မရာ ၁၄ လုံးကနေ ဘောလုံးသွားတဲ့ လမ်းကြောင်းကို အဆက်မပြတ် ရိုက်ကူးနေပြီး ဘောလုံး ဂိုးစည်းကို ကျော်၊ မကျော် စစ်ဆေးပေးပါ လိမ့်မယ်။ ကင်မရာတွေ ဖမ်းမိမယ့် ဧရိယာအတွင်းကို ရောက်လာတဲ့ အရာတွေ အားလုံးကို ဖမ်းယူထားပြီး ဘောလုံးရဲ့ တည်နေရာကို ၃ ဖက်မြင် X-Y-Z coordinate ကို အဆက်မပြတ် တွက်ချက်ပေးမှာ ဖြစ်ပြီး ဘောလုံးတည်နေရာကို မီလီမီတာ လောက်အထိ အတိအကျ ပြသနိုင်ပါမယ်။
ဘောလုံးက ဂိုးစည်းကျော်သွားခဲ့ရင် လျှို့ဝှက်အချက် ပေးမှု ပြောင်းထားတဲ့ ရေဒီယို အချက်ပေးမှု (En-crypted Radio Signal) တွေကို ကွင်းလယ်ဒိုင်ရဲ့ စမတ်လက် ပတ်နာရီကို တစက္ကန့် အတွင်း ပို့ပေးပါမယ်။ အဲဒီ Virtual 3 D ပုံတွေကိုလည်း Screen မှာ ဖော်ပြပေး နိုင်ပါတယ်။
ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးလ်မှာ ကျင်းပနေတာ ကွာတားဖိုင်နယ်
အဆင့်တောင် ပြီးပါပြီ။ ဘောလုံးပွဲတွေ ကြည့်ရင်း ကမ္ဘာ့ဖလားပွဲ ပြင်ဆင်ထားတဲ့
အကြောင်း ဘောလုံးကွင်း၊ ဘောလုံးနည်းပညာတွေ အကြောင်းလည်း ဖတ်ကြည့်ဖြစ်
ပါတယ်။ ဘောလုံးရောဂါ ထနေတဲ့ အချိန်ဖြစ်လို့ ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့
ဖလားပြိုင်ပွဲ ဘရာဇီးလ်မှာ ပထမဦးဆုံး သုံးစွဲခဲ့တဲ့ နည်းပညာ အသစ်တွေ
အကြောင်း ရေးထားပါတယ်။ ဂိုးလိုင်းနည်းပညာ အစ

ပထမဦးဆုံး ဂိုးလိုင်း နည်းပညာ သုံးတဲ့ပွဲ
လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်တခုဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူးရပ်စ်ပွဲ ဘီရာရီယို (Beira-Rio) ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြင်သစ်က သွင်းလိုက်တဲ့ ဒုတိယမြောက် ဘောလုံးဟာ ဟွန်ဒူးရပ်စ် ဂိုးသမား ရဲ့ ဘယ်ဘက်ဂိုးတိုင်ကို ထိပြီး ပြန်ကန်လာတာကို ဂိုးသမားဖမ်းရာမှာ ဂိုးသမားနဲ့ထိပြီးမှ ဂိုးဝင်သွားခဲ့ ပါတယ်။
အဲဒီမှာ ဂိုးတိုင်ထိတဲ့ အချိန်မှာ ဂိုးလိုင်း နည်းပညာက ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးသမားနဲ့ ထိပြီးတဲ့အချိန်မှာ ဂိုးဝင်တယ်လို့ ဆုံးဖြတ်ပေးပါတယ်။ ဘီဘီစီ ရုပ်သံသတင်းကြေညာ သူတွေအတွက် အနှောင့်အယှက် ဖြစ်စေပြီး ဟွန်ဒူးရပ်စ်နည်းပြ၊ ပြင်သစ်နည်းပြတို့ပါ နားလည်မှုတွေ လွဲကုန်ပြီး ဂိုးလိုင်းနည်းပညာရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို အတည်ပြုချက် ရယူမလဲဆိုတာ အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။
ဖီဖာကတော့ ဂိုးလိုင်းနည်းပညာ သုံးစွဲတာနဲ့ မရင်းနှီးသေးလို့ အခုလိုဖြစ်တာလို့ ဆိုပါတယ်။ အဲဒီ ပွဲစဉ်ရဲ့ ရုပ်သံထုတ်လွှင့်မှုတွေနဲ့ ဂိုးလိုင်းနည်းပညာ တွေကို ပြန်လည်သုံးသပ်ပြီး ဘောလုံးဝါသနာအိုးတွေ အတွက် အကောင်းဆုံး အတွေ့အကြုံသစ်တွေ ရရှိအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ပြောပါတယ်။
ဘရာဇူကာ
၂၀၁၄ ကမ္ဘာ့ဖလား ဘရာဇီးလ်မှာ အသုံးပြု ခဲ့တဲ့ ဘောလုံးကို အက်ဒီဒက်စ် (Adidas) ကုမ္ပဏီ ကြီးက တီထွင်ထားပြီး ဘရာဇူကာ (Brazuca) လို့ နာမည် ပေးထားပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာ သုံးခဲ့တဲ့ ဂျာဘူလာနီ (Jabulani) လို့ ခေါ်ခဲ့ပါတယ်။ အဲဒီ ဂျာဘူလာနီ ဘောလုံးဟာ လမ်းကြောင်း ပြောင်းသွားလေ့ ရှိလို့ ဂိုးသမားတွေက ဖမ်းရခက်တယ် လို့ ညည်းတွားနေတာမျိုး အခု ဘောလုံး အသစ် ဘရာဇူကာမှာ မဖြစ်အောင် ဒီဇိုင်း လုပ်ထားပြီး အရင်ဘောလုံး ထက်စာရင်လည်း ကုတ်အား ပိုကောင်းလာတယ် လို့ သိရပါတယ်။
အက်ဒီဒက်စ်ရဲ့ ပုံမှန်သုံးနေကျ ဘောလုံးတွေကို ၃၂ ခြမ်း စပ်ထားပြီး ဂျာဘူလာနီက ၈ ခြမ်း၊ အခု ဘရာဇူကာက ၆ ခြမ်းစပ် ထုတ်လုပ်ထားပါတယ်။ ဂျာဘူလာနီက တိုက်စစ်မှူးတွေ အတွက် အခွင့် အရေးရစေမယ့် ဘောလုံးဖြစ်ပါတယ်။ အက်ဒီဒက်စ်ရဲ့ ပြောကြားချက်အရ အရင်က ဘောလုံးထက် ပိုကုတ်အား ကောင်းလာမယ်၊ ပိုအကြမ်းခံ၊ တည်ငြိမ် မှုလည်း ပိုရှိလာမယ့် အပြင် လေထုထဲမှာ ဖြတ်သန်း သွားတဲ့ အရာဝတ္ထုတွေရဲ့ လေခွင်းအား သက်ရောက်မှုကို တိုင်းတာတဲ့ အယ်ရိုဒိုင်းနမစ် (Aerodynamic) နည်းပညာအရ လေခွင်းအား ပိုကောင်းလာစေတယ် လို့ သိရပါတယ်။
အဲဒီ ဘောလုံးကို အမေရိက အာကာသသိပ္ပံ ဆိုင်ရာ အဖွဲ့အစည်း နာဆာ (NASA) ကနေ အယ်ရိုဒိုင်းနမစ် နည်းပညာအရ စမ်းသပ်ခဲ့ပါတယ်။ သူတို့ စမ်းသပ်ချက် အရလည်း ဘရာဇူကာ ဘောလုံးဟာ ရှေ့တန်း တိုက်စစ်မှူးတွေ ထက်စာရင် ဂိုးသမားတွေ အတွက် အခွင့်အရေး ပိုရစေမယ်လို့ ပြောပါတယ်။ တရားဝင် (Offical) ဘောလုံးတွေက ဒေါ်လာ ၁၅၀ လောက် ပေးရမှာဖြစ်ပြီး၊ ပုံစံတူ ရောင်းချတဲ့ ဘောလုံးတွေက ဒေါ်လာ ၄၀ လောက်နဲ့ ရောင်းချ ထားပါတယ်။
9:15 Fairplay
အလွတ်တည်ကန်ဘော (ဖရီးကစ်) တွေမှာ ကစားသမားတွေက လူနံရံလုပ်ကာတဲ့ နေရာနဲ့ ဖရီးကစ်ကန်မယ့် သူရဲ့ နေရာ အကွာအဝေးကို သတ်မှတ်ပေးပြီး ကစားသမားတွေ စည်းခိုးတာ၊ နေရာရွှေ့တာမျိုး၊ ဒိုင်က စောင့်ကြည့် အာရုံစိုက်နေစရာ မလိုအောင် အဖြူရောင် စပရေးဘူးတွေသုံး လိုင်းသားတာ တွေ့မိမှာပါ။
အဲဒီ အဖြူရောင် စပရေးဘူးတွေ ကို 9:15 Fairplay လို့ခေါ်ပြီး ဓာတုပစ္စည်း မပါဘဲ ဇီဝဓာတ်ပြယ်မှု ဖြစ်စေကာ အဖြူရောင် စပရေးဘူးတွေကို အမေရိကန်ဘောလုံး (American Football) မေဂျာလိဂ် ဘောလုံးပွဲတွေနဲ့ ဘရာဇီးလ်လိဂ်တွေမှာ သုံးခဲ့ပြီးဖြစ်ပေမယ့် ကမ္ဘာ့ဖလားမှာတော့ ဒီနှစ်မှ စတင်သုံးခဲ့တဲ့ နည်းပညာအသစ် ဖြစ်ပါတယ်။
တကယ်တမ်း လက်တွေ့ လုပ်ဆောင်ရာမှာတော့ နည်းပညာတွေက ကွင်းလယ်ဒိုင်လူကြီးကို အထောက်အကူ ပေးတဲ့ အဆင့်ပဲ ရှိနေပြီး ကွင်းလယ် ဒိုင်ကပဲ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာဖြစ်သလို လက်ရှိ ဘောလုံးပွဲတွေရဲ့ အငြင်းပွားစရာ ဖြစ်ရပ်တွေ ကလည်း ဂိုးလိုင်းနည်းပညာ တခုတည်းမဟုတ်ဘဲ တခြားဆုံးဖြတ်ချက်တွေ ရှိနေသေးတဲ့ အတွက် ပြဿနာတွေကတော့ ဆက်ရှိနေပါဦးမယ်။
ဘယ်လို ပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာ့ဖလားမှာ သုံးတဲ့ နည်းပညာတွေအကြောင်း၊ အားကစားပွဲတွေရဲ့ နောက်ကွယ်မှာ လည်း သတင်းအချက်အလက် နည်းပညာတွေ၊ ဆက်သွယ်ရေးနည်းပညာတွေဟာ မရှိမဖြစ် လိုအပ် နေပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
The post ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ appeared first on ဧရာဝတီ.

အမျိုးသမီး လစဉ်သုံး ပစ္စည်းများနဲ့ ကင်ဆာရောဂါ အန္တရာယ်....................
Posted by: Ko Myo
on Tuesday, July 08, 2014
Categories:
အသက် (၁၈)နှစ်အထက် ဆေးစာများ
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital (ခေါ်) ကင်ဆာဆေးရုံမှ
အမျိုးသမီးများအတွက် ကျမ္မာရေး အသိပေး နှိုးဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာတို့ ဖြင့် လာရောက် ကုသမှုခံနေကြတဲ့ အမျိုးသမီး ဝေဒနာရှင်များ ကို ဆေးမှတ်တမ်း ပြုစု၍ ရောဂါရာဇ၀င်ကို လေ့လာစမ်းစစ်တဲ့ အခါမှာ၊ ထိုကင်ဆာ ဝေဒနာသည် အများစုဟာ ဓမ္မတာရာသီ လာတဲ့အခါ pad(ခေါ်) လစဉ်သုံး ပစ္စည်းကို အတွင်းခံ ဘောင်းဘီမှာ အချိန်ကြာမြင့်စွာ ထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိ ခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်)လစဉ်သုံးပစ္စည်းက အပြင် အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့ စုပ်ယူထိန်းထားပေးလေ့ ရှိပါတယ်။ pad တွေကို ဓာတု ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ် ထားခြင်းကြောင့်သာ၊ အခုလို ရာသီးသွေးရည်များနဲ့ အစိုဓာတ်ကို အချိန် ကြာကြာ စုပ်ယူု ထိန်းထားနိုင်တာပါ။ ဒါပေမယ့် အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ ဓာတုပစ္စည်းများ ပျက်ပြယ်ကာ အထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်များကို ဓာတ်ပြောင်းလဲ စေပြီး၊ အနီရောင်မှ အစိမ်းရောင် မှိုဖြစ်သွားပါတော့တယ်။
ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း ကြောင်းတေ လျှာက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီအိမ်နဲ့  သားအိမ်တို့ ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာ အကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata Cancer Hospital က အကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။

၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို
အချိန်ကြာကြာ သုံးစွဲ ခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့ 
ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ ခုနှစ် စက်တင်္ဘာလ လယ်အထိ ၅၆ ဦး
ရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်း ကျမ္မာရေး အတွက်
လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ
အပေါင်းအသင်းများ အား ကျယ်ကျယ် ပြန့် ပြန့် မျှဝေ အသိပေးပါလို
့ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြုထားပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း Daily Health Tips 20th September 2013)
--
*promise.pauk*
---------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း Daily Health Tips 20th September 2013)
--
*promise.pauk*
---------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
Monday, July 7, 2014
WhoViewMyProfile. Apk......................
အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
Facebook မှာမိမိ Profile ကို ဘယ်သူ က အများဆုံး
ကြည့်တယ် ဆိုတာကိုဖော်ပြပေးတဲ့ APK လေးပါနော်
ကွန်ပြူတာနဲ့ကြည့်သလိုအလုပ်မရှုပ်ပါဘူး
Apk လေးကို install လုပ် ဖွင့်ပီး
FB Account ကို ၀င်ယုံပါပဲ

အဆင်ပြေပါစေ...............
Minokekar(ဘီလူးကျွန်းသားလေး)
Download အဆင်မပြေရင် ပြောပါ
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားပါ့မယ်

မစားသင့်တဲ့ တရုပ်နိုင်ငံထုတ် အစားအစာ (၅)မျိုး....................
Posted by: Ko Myo
on Sunday, July 06, 2014
Categories:
ကျန်းမာရေးနှင့် ဆေးပညာ

တရုပ်နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းတွေဟာ ကျန်းမာရေးနှင့် ညီညွတ်မှု မရှိတာကြောင့် စားသုံးဖို့  မသင့်တဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းစာ-ဂျာနယ်-ရေဒီယို-တီဗွီ-အင်တာ နက် စသဖြင့် သတင်းမီဒီယာတွေ ကတဆင့် လွန်ခဲ့တဲ့နှစ်အတော် များများကတည်းကစပြီး ကျန်းမာရေး အသိပေးလှုံ့ ဆော်နေကြရပါတယ်။
မယ်လမင်းဓာတ်ပါသော နို့ ထွက်ပစ္စည်းများမှအစ ပျားရည်အဆုံး လူကိုသေစေတဲ့ အဆိပ်အတောက် တွေ ပါဝင်နေကြတာကြောင့် တချို့ နိုင်ငံတွေမှာဆိုရင်၊ တရုပ်ပြည်ထုတ်ပစ္စည်းများ တင်သွင်းလာမှုကို ပိတ်ပင် ထားကြပါတယ်။ သို့ သော် တရုပ်ပြည်၏ နယ်နမိတ်ကုန်စည် လမ်းကြောင်းကတဆင့် စိမ့်ဝင် လာ လျှက်ရှိပြီး၊ ထုပ်ပိုးပစ္စည်းလှပ၍ဆွဲဆောင်မှု၊ ဈေးနှုန်းချိုသာမှု တို့ ကြောင့်လည်း လူထုလက်ဝယ် ရောက်ရှိနေကြတုန်းပါဘဲ။ ကျန်းမာရေးကို အထူးကြပ်မတ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် တရုပ် ပစ္စည်းတွေ လှိမ့်ဝင်လာလျက်ရှိပြီး၊ သတင်းမီဒီ ယာတွေကတဆင့် လူထုကို ထိထိရောက်ရောက် လွှမ်းမိုး ပိတ်ပင်နိုင်ခြင်းမရှိသေးဘူး လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရှိ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဗဟို(ခေါ်) FDA ကလည်း လက်ရှိ အမေရိကန်သို့  ၀င်ရောက်ပြီးဖြစ်တဲ့ တရုပ်ပြည် အစားအစာများ၏ ၂.၃ ရာခိုင်ပစ္စည်းမျှကိုသာ ထိန်းချုပ် စစ်ဆေးနိုင်ပါသေးတယ်။ အဲဒီစစ်ဆေးတွေ့ ရှိထဲကမှ၊ အောက်ပါ အစားအစာ(၅)မျိုးကို (လုံးဝ) စားသုံးဖို့ မသင့်ကြောင်း FDA က ထိပ်တန်းသတင်းအဖြစ် ကြေငြာခဲ့ ပါကြောင်း ၂၀၁၃ ခုနှစ်၊ သြဂုတ် လ ၆ ရက်နေ့  ထုတ် Epoch Times မှာ ဖော်ပြသွားခဲ့ပါတယ်။
(၁) တီလားပီးယားငါး။
ယနေ့ အမေရိကန်ပြည်ထောင်စုမှာ တီလားပီးယားငါး စားသုံးမှုမြင့်မားလျက်ရှိပြီး၊ သူတို့ နိုင်ငံအတွက် သွင်းကုန်အဖြစ် ၀ယ်ယူရတဲ့ တီလားပီးယားငါးတွေ၏ ၈၀-ရာခိုင်နှုန်းမှာ တရုပ်ပြည်ကဖြစ်ပါတယ်။ နှစ်စဉ် တရုပ်ပြည်က ပေါင်ချိန် ၃၈၂.၂၀ သန်း ၀ယ်ယူ လေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က တရုပ်ပြည် တီလားပီးယား ငါးမွေးမြူရေးရွာမှ လယ်သမားတစ်ဦး၏ သမီးငယ်တစ်ဦးဟာ အသက် (၇)နှစ်အရွယ်က စပြီး အရွယ်မတိုင်မီ ရာသီသွေး ပေါ်လာခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ကန်ထဲရှိ ငါးများကို ကြီးထွားအသား တိုးအောင် antibiotics တစ်မျိုးဖြစ်တဲ့ ဟိုမုန်းဆေးဝါးတွေကို ငါးစာနှင့် အတူရောကျွေးခဲ့ တာကြောင့်၊ ထိုငါးတွေကို နေ့ စဉ်စား သောက်လေ့ရှိတဲ့ ကလေးမလေးမှာ ဓမ္မတာရာသီ စောစောလာရခြင်းဖြစ်ပါ တယ်။ ဒါကြောင့်လည်း တရုပ်ပြည် ငါးမွေးမြူရေးသမားများက သူတို့ မွေးကန်မှ ထွက်ရှိတဲ့ ငါးတွေကို ကလေးငယ်များကို မကျွေးကြတော့ပါဘူးတဲ့။
(၂) ငါးကြီးဆီထုတ်တဲ့ Cod (ခေါ်) ပင်လယ်ငါးကြီးများ။
အမေရိကန်နိုင်ငံရဲ့  ပင်လယ်ငါးကြီး စားသောက်မှု၏ ၅၁-ရာခိုင်နှုန်းကိုလည်း တရုပ်ပြည်ကဘဲ တင်သွင်း လာလေ့ရှိပြီး၊ နှစ်စဉ် ပေါင်ချိန်အားဖြင့် ၇၀.၇၀ သန်း ပမာဏရှိတဲ့ ပင်လယ်ငါးကြီးတွေကို တရုပ်ပြည်က ၀ယ်ယူလေ့ရှိပါတယ်။ တရုပ်ပြည်မှာ ပင်လယ်ငါးကြီးတွေကို တီလားပီးယား ငါးတွေလိုဘဲ မွေးမြူကျွေးမွေး လေ့ရှိတာကြောင့် မစားသင့်ပါဘူးတဲ့။
(၃) ပန်းသီးဖျော်ရည်များ။
တရုပ်ပြည်ကနေ လမ်းခရီးရှည်ကို ဖြတ်သန်းပြီး ရောက်ရှိလာရတာကြောင့် တရုပ်ပြည်မှ တင်သွင်းလာ တဲ့ ပန်းသီးဖျော်ရည်တွေဟာ မလတ်ဆတ်ကြတော့ဘဲ အရသာဓာတ် ပြယ်နေကြပါပြီ်။ ယနေ့  အမေရိကန်၏ သစ်သီးဖျော်ရည်ဈေးကွက် ၅၀-ရာခိုင်နှုန်းဟာ တရုပ်ပြည်ထုတ်ပစ္စည်း များဖြစ်ကြပြီး၊ နှစ်စဉ် ပန်းသီးဖျော်ရည် ဂါလံပေါင်း ၃၇၆ သန်း ၀ယ်ယူနေရပါတယ်။ ပန်းသီးဖျော်ရည်သာမက၊ တရုပ်ပြည်ထွက် သစ်သီးဝလံ - ဟင်းသီးဟင်းရွက် - သစ်သီးခြောက်တွေ အားလုံးဟာ လမ်းခရီးရှည် ကိုဖြတ်သန်းလာ၍ မလတ်ဆတ်တော့ခြင်း၊ တာရှည်ခံအောင် ဓာတုဆေးဝါးတွေ ဆေးထိုးအသုံးပြုခြင်း တို့ ကြောင့် မစားသင့်ပါဘူးတဲ့။ ဒါ့ပြင် စစ်တမ်းများအရ၊ တရုပ်ပြည်ဟာ ကမ္ဘာ့အကြီးမားဆုံး ပိုးသတ် ဆေးဝါးအသုံးပြုတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
(၄) မှိုများ။
ရေမြေသဘာဝ ရာသီဥတု နှင့် တရုပ်ရိုးရာ အစဉ်အလာများအရ၊ တရုပ်ပြည်ထွက်မှိုဟာ အရသာ လည်းရှိ၊ ကျန်းမာရေးနဲ့ လည်း ညီညွတ်စေပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံရဲ့  မှိုဟင်းလျာ စားသောက်မှု၏ ၃၄-ရာခိုင်နှုန်းကို တရုပ်ပြည်ကဘဲ တင်သွင်းလာလေ့ရှိပြီး၊ နှစ်စဉ် ပေါင်ချိန်အားဖြင့် ၆၂.၉၀ သန်း မှာယူနေကြရပါတယ်။ တရုပ်ပြည်မှာ နိုင်ငံခြားပို့ ကုန်ဖြစ်တဲ့ မှိုတွေကို တာရှည်ခံအောင် ဓာတုပစ္စည်းတွေသုံးရခြင်း၊ မှိုကို စည်သွပ်ဗူးအဖြစ် ပြုပြင်ပြောင်း လဲထုပ်ပိုးရြ ခင်း၊ ဝေးလံခေါင်သီတဲ့ အရပ်သို့  တင်ပို့ ရခြင်း၊ စတာတွေကြောင့် စားသုံးသူလက်ထဲ ရောက်တဲ့အခါ အဆိပ်သင့်စေပါတော့ တယ်။
(၅) ကြက်သွန်ဖြူ။
ကြက်သွန်ဖြူဟာ ဟင်းလျာအားလုံးနီးပါးအတွက် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်ဖြစ် တာကြောင့် လည်း တရုပ်ပြည်ထွက် ကြက်သွန်ဖြူ ပေါင်ချိန် ၂၁၆.၅၀ သန်းကို အမေရိကန်က နှစ်စဉ် ၀ယ်ယူလေ့ ရှိပြီး၊ အမေရိကန်ပြည်ထောင်စု တစ်ခုလုံးရဲ့  ကြက်သွန်ဖြူစားသုံးမှု ၃၁-ရာခိုင်နှုန်းဟာ တရုပ်ပြည်ကဖြစ် ပါတယ်။ တရုပ်မှ တင်သွင်းလာတဲ့ ပစ္စည်းပါကင်တွေပေါ်မှာ “organic product @အော်ဂဲနစ် ထွက်ကုန် ပစ္စည်းသီးသန့် ” လို့  တံဆိပ် ကပ်ထားသော်လဲ၊ FDA မှ ဓာတ်ခွဲ စစ်ဆေးကြည့်တဲ့အခါ၊ အော်ဂဲနစ် ပစ္စည်း (လုံးဝ) မဟုတ်ဘဲ၊ ကျန်းမာရေးအတွက် အဆိပ်ဖြစ်စေတဲ့ inorganic များသာဖြစ်ပါတယ်တဲ့။
++++++++++++++++++++++
the South China Morning Post(ခေါ်) တောင်တရုပ်ပြည်ထုတ် နံမည်ကြီး သတင်းစာအရ၊ တရုပ်နိုင်ငံ ၏ ၇၀-ရာခိုင်နှုန်းသော မြစ်-ချောင်း-ကန်ရေများမှာ ဓာတုစက်ရုံတွေနှင့် အထည်အလိပ် ဆိုးဆေး စက်ရုံတွေက ထွက်ရှိလာတဲ့ အဆိပ်သင့်ပစ္စည်းတွေ ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။ တရုပ်ပြည်ရဲ့  လက်ရှိလူဦးရေ နည်းပါးဆုံးဖြစ်တဲ့ Zhejiang ခရိုင်မှာတောင် ရေထု ညစ်ညမ်းနေတာကြောင့် ထိုခရိုင်နေ ပြည်သူတွေ ရေဆင်းမကူးရဲကြပါဘူးတဲ့။ ဘေဂျင်းမြို့  မှာလည်း အချိန်တိုင်းလိုလို လေထုညစ် ညမ်းမှုတွေ ရှိနေတယ်လို့  ဘေးဂျင်းရှိ အမေရိကန် နိုင်ငံသံရုံးမှ ပြောပါတယ်။ ဒါတင်မကသေးပါဘူး…တရုပ်ပြည်မှာ လူဦးရေထူ ထပ်ပြီး လေ-ရေ-မြေ အားလုံး ညစ်ညမ်းနေတာကြောင့် တရုပ်နိုင်ငံထွက် ရေနေ/ကုန်းနေ သတ္တ၀ါများ-သီးနှံများအားလုံးကို မစားသုံးသင့်ပါကြောင်း FDA ထပ်လောင်း အကြံပြု ထားပါတယ်။
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
(ကိုးကား… By Diana Zhang, Epoch Times | August 6, 2013)
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
♪ Ooredoo ဆင်းမ်ကတ်များအတွက် တန်ဖိုးနည်းဟန်းဆက် မသုံးရန် ကန့်သတ်ချက်ရှိ ♫....................
in
Mobile သတင်းများ
- on 9:35 PM
- No comments
လာမည့်နှစ်လအတွင်း ရောင်းချပေးမည့် အူရီးဒူးမြန်မာကုမ္ပဏီမှ 3G
မိုဘိုင်းဆင်းမ်ကတ်များကိုဖြန့်ဖြူးရောင်း ချပေးရန် စီစဉ်နေရာ အချို့သော
တန်ဖိုးနည်း မိုဘိုင်းဟန်းဆက်များဖြင့် မသုံးစွဲရန်
ကန့်သတ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။
အူရီးဒူးမြန်မာကုမ္ပဏီမှ ရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးနိုင်မည့် လက်ကားမိုဘိုင်းဖု န်းဆိုင်ကြီးများသာမက မြို့နယ်ရပ်ကွက်အတွင်းရှိလက်လီဆိုင်များတွင်ပါဖြန့်ဖြူး ရောင်းချပေးရန်အတွက်ဈေး ကွက်ရှာဖွေမှုများ ဆောင်ရွက်နေခြင်းဖြစ်ရာ အဆိုပါလက်လီဆိုင်များတွင် ဟန်းဆက်ကန့်သတ်မှုများ ရှိသည်ဟု ပြောကြားထားကြောင်း စုံစမ်းသိရသည်။
‘‘ဆိုင်မှာ ယူရောင်းမလား မေးတယ်၊ စစချင်း ကတ် ၂၀ ချပေးမယ်ပြောတယ်။ ဒါပေမဲ့ သုံးတဲ့အခါကျရင် နှစ်သောင်း၊ သုံးသောင်းတန် ဟန်းဆက်လောက်နဲ့တော့ အဆင်မပြေလောက်ဘူးပြောတယ်။ လေး ငါးခြောက်သောင်းတန် ဟန်းဆက် နည်းနည်းကောင်းမှ သုံးရမယ်လို့ ပြောသွားတယ်’’ဟု သာကေတ မြို့နယ် ရှိ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
အူရီးဒူးမြန်မာအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များရောင်းချရာတွင် 3G စနစ် ဖြစ်သောကြောင့် အသုံးပြုမည့် မိုဘိုင်းဟန်းဆက်များမှာ UMTS(Universal Mobile Telecommunications System) 900 နှင့် 2100 ကို လက်ခံနိုင်စွမ်းရှိသည့် ဟန်းဆက်ဖြစ်မှသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုကပြောသည်။
‘‘တရုတ်ဖုန်းတွေဆိုလည်း အမျိုးမျိုးရှိတယ်။ UMTS 900 နဲ့ 2100 ပြည့်မီတဲ့ ဟန်းဆက်ဆို ဘယ်လောက် တန်ဖြစ်ဖြစ် သုံးလို့ရတယ်။ အဲဒါမပြည့်မီရင်တော့ လုံးဝ သုံးလို့ရမှာမဟုတ်ပါဘူး။ အဲဒီအတွက်လည်း အခုဈေးကွက်ထဲမှာရှိတဲ့ Brand အစုံနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်’’ဟု ဒေါ်သီရိကြာညိုကပြော သည်။ ဈေးနှုန်းသက်သာသည့် မိုဘိုင်းဟန်းဆက်များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ရာ လက်ရှိတွင်လည်း Samsung ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး မိုဘိုင်းဆင်းမ်ကတ် များ ရောင်းချမည့် အစီအစဉ်ကို သြဂုတ်လအတွင်း ထုတ်ပြန်ပြီး ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အာဏာရှင်စနစ်တွင် တာဝန်ယူရန်၊ တာဝန်ခံရန် မလိုအပ်သဖြင့် ပြည်သူများ တာဝန်ယူမှုနှင့် ဝေးကွာဟု ဒေါ်အောင်ဆန်းစုကြည်ပြော.............................
ခင်ငြိမ်းသစ်၊ အေးမြင့်စန်း
မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်တွင် ရာစုနှစ်ဝက်ခန့် နေထိုင်ခဲ့ရပြီး အာဏာရှင်စနစ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်မလိုအပ်ဘဲ အမိန့်အာဏာတစ်ခုတည်းဖြင့်သာ အုပ်ချုပ်ခဲ့သဖြင့် ပြည်သူများအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် အရာများနှင့် ဝေးကွာခဲ့ရသည်ဟု တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင်လ ၅ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က "အထူးသဖြင့် ကျွန်မတို့နိုင်ငံလို အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့ နိုင်ငံမှာဆိုလို့ရှိရင် တာဝန်ယူမှုစိတ်ဓါတ်ဟာ အင်မတန်မှ နည်းပါတယ်။ အခြေခံအကြောင်းကတော့ အာဏာရှင်စနစ်မှာ အုပ်ချုပ်တဲ့ လူတွေကိုယ်တိုင်က တာဝန်ယူစရာမလိုဘူး။ အမိန့်အာဏာနဲ့ အုပ်ချုပ်တာဖြစ်လို့ ဘယ်သူ့ကို မှလည်း တာဝန်ယူစရာမလိုဘူး၊ တာဝန်ခံစရာမလိုဘူး။ အဲဒီတော့ တာဝန်ဆိုတဲ့ နက်နဲမှုကိုသိတဲ့ လူတွေက အင်မတန်နည်းပါတယ်။ အုပ်ချုပ်သူတွေကိုယ်တိုင်က တာဝန်ဆိုတဲ့ စကားကို မှန်မှန်ကန်ကန် နားမလည်တော့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုလည်း တာဝန်ဆိုတဲ့ စကားနဲ့ ဝေးကွာ သွားကြပါတယ်" ဟုပြောကြားခဲ့သည်။
ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ထူထောင်မည်ဟုဆိုလျှင် ပြည်သူများ၏ စိတ်နှလုံးအတွင်း တာဝန်ယူမှုကို ထည့်ပေးရန်လိုသည်ဟု ပြောသည်။ ထို့ကြောင်း ၎င်းအနေနှင့် လူငယ်များအား နေရာပေးပါဟုဆိုလာလျှင် ငြင်းဆိုလေ့ရှိပြီး လူငယ်များအား တာဝန်သာပေးလိုကြောင်းလည်းပြောကြားသည်။ လူငယ်ညီလာခံတွင်တက်ရောက်လာသည့် တာဝန်ခံများအနေနှင့် တာဝန်ယူရန်၊ တာဝန်ခံရန်အတွက်သာ စဉ်းစားစေလိုသည် ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ရောက်ရာတွင် ရည်ရွယ်ချက်အမျိုးမျိုးရှိကြမှာဖြစ်ပြီး မိမိအနေနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသည်ကို မိမိသာ အသိဆုံးဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသည်ဖြစ်စေ၊ မိမိလုပ်ကိုင်ရမည့် တာဝန်နှင့်ဝတ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်မည်ဟုပြောသည်။
ထို့အပြင် NLD ပါတီအတွင်းသို့ မိမိကိုယ်ကျိုးအတွက် ၀င်ရောက်လာခဲ့သည်ဆိုပါက စောစောစီးစီး ထွက်ခွာသွားရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့အပြင် ပြည်သူလူထုအနေဖြင့် NLD ပါတီကိုယခုအချိန်အထိ ထောက်ခံနေခြင်းမှာ ကိုယ်ကျိုးရှာသည့် ပုဂ္ဂိုလ်များအား ထိန်းချုပ်နိုင်သည့် အဖွဲ့ဟု ယုံကြည်သောကြောင့် ဖြစ်သည်ဟုဆိုသည်။
ဒ်ါအောင်ဆန်းစုကြည်က "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဆိုတာလည်း သာမာန်ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေပါပဲ။ လောဘဒေါသဆိုတာလည်း ကင်းကြတာမဟုတ်ပါဘူး၊ အဲ့ဒီထဲမှာလဲ ကိုယ်ကျိုး ရှာတဲ့သူတွေ၊ ရည်ရွယ်ချက်နဲ့ ၀င်တဲ့သူတွေရှိမယ်ဆိုတာ ပြည်သူလူထုက မှန်းဆလို့ရပါတယ်။" ဟု ပြောကြားခဲ့သည်။
NLD ပါတီအနေနှင့် ၁၉၈၉ခုနှစ်ကတည်းက လူငယ်ညီလာခံပြုလုပ်ရန်အတွက် ကျိုးပမ်းခဲ့သော်လည်း ဖိနှိပ်ခံရမှုများကြောင့် လူငယ်ညီလာခံအထိ မပြုလုပ်နိုင်ခဲ့ဘဲ ယခုမှသာပြုလုပ်နိုင်သည်ဟု ဆိုသည်။ ယနေ့ပြုလုပ်သည့် လူငယ်ညီလာခံတွင် တက်ရောက်ခွင့်ရှိသူ ၁၆၅ ယောက်ရှိရာ ၁၅၀ကျော် တက်ရောက်ခဲ့သည်။
Posted by
Koko Zaw

Sunday, July 6, 2014
သေသွားသူက မြေးဖြစ်သူထံ တမလွန်က ဓာတ်ပုံ ပေးပို့........................
Posted by: Ko Myo
on Saturday, July 05, 2014
Categories:
ထူးဆန်းထွေလာ

ဓာတ်ပုံ- The Mirror
မိုဘိုင်းဖုန်းတွေ ခေတ်စားလာချိန်၊ လူမှု ကွန်ရက်တွေ အသုံးများလာချိန်မှာ Selfie လို့ ခေါ်တဲ့ ကိုယ့်ကိုယ် ကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွေပေါ် တင်ကြတာတွေ ကလည်း တွင်ကျယ်လာနေပါတယ်။ အခု ကိစ္စကတော့ တစ္ဆေ Selfie ဖြစ်စဉ်ပါ။
ရိုမေးနီးယားနိုင်ငံမှာ သေလွန်ပြီးသား သူ တဦးက Selfie ဓာတ်ပုံ ရိုက်ပြီး အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့
မြေးဖြစ်သူ မစ္စ Gina Mihai ရဲ့ တယ်လီဖုန်းကို ပို့လိုက်တာပါဘဲ။
တကယ်တော့ Gina Mihai ရဲ့ အဖွားဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သေဆုံးသွားခဲ့ပြီး ဂျီနာကလည်း အဖွားဖြစ်သူရဲ့ သင်္ချိုင်းကို ဘာအစားအသောက်ကိုမှ မပို့ပေးခဲ့ဖြစ်ဘူးတဲ့။
အခုတော့ အဖွားဖြစ်သူက သူ့လည်ပင်းမှာ မြွေတကောင်ပတ်ထားသလို ရှိတဲ့ ဓာတ်ပုံကို သူ့ မိုဘိုင်း တယ်လီဖုန်း ဆီ ပို့လာတယ် လို့ ဆိုပါတယ်။

အရပ်ထဲက ဗေဒင်ဆရာတွေကပြောတာကတော့ ကွယ်လွန်သွားသူဟာ ဘဝတပါးမှာ သူ့အပြစ်အတွက် တခုခု အပြစ်ပေးခံနေရပုံရပြီး သူ့ လွတ်မြောက်ရေးအတွက် ကုသိုလ်ကောင်းမှု လုပ်ပေးဖို့ မြေးဖြစ်သူဆီ သတင်းစကား ပါးတာဖြစ်တယ်လို့ ဟောပါသတဲ့။
ဒါနဲ့ ရပ်ထဲ ရွာထဲက လူတွေ စုပြီး ကွယ်လွန်သူအတွက် ဆုတောင်းမှုတွေနဲ့ အလှူဒါနပြုမှုတွေ လုပ်ကြပါ တယ်တဲ့။
ရိုမေးနီးယားနိုင်ငံမှာ သူတို့ ဓလေ့ ထုံးစံအရ သေသွားသူအတွက် တနှစ်ကို တကြိမ် သချုင်္ိုင်းကို သွားပြီး အစားအစာသွားပို့ကာ အလှူအတန်းလုပ်လေ့ ရှိကြပါတယ်လို့လည်း သိရပါတယ်။
အခုတော့ တစ္ဆေ Selfie ရောက်လာပြီးတဲ့နောက်မှာ နေ့တိုင်း သင်္ချိုင်းကို သွားပြီး အစားအစာနဲ့ အလှူ ဒါန တွေ သွားလုပ်ကြပါတယ်တဲ့။
The Mirror ရဲ့ ဒီသတင်းဟာ သိပ္ပံသမားတွေ အတွက် အတော်စဉ်းစားရခက်တဲ့ သတင်းတခုလည်းဖြစ်
နေပြီး စိတ်ဝင်စားစရာလည်း အလွန်ကောင်းပါတယ်။
မြေးဖြစ်သူ
သက်ရှိထင်ရှား အဖွားရှိစဉ်က မြေးနဲ့ အဖွား
အဖွား သက်ရှိထင်ရှား ရှိခဲ့စဉ်က
မူရင်း သတင်းအပြည့်အစုံကို ဤနေရာမှ တဆင့် သွားဖတ်နိုင်ပါတယ်။
အိမ့်သံစဉ် ~ ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
Fann Wong သို့မဟုတ် ဒုတိယ ဒင်န်မီမိုး...............
Posted by: Ko Myo
on Saturday, July 05, 2014
Categories:
ဖျော်ဖြေရေး၊ Celebrity
စင်ကာပူနိုင်ငံမှာ ကျော်ကြားသူ တဦးဖြစ်သူ Fann Wong ဟာ ကိုယ်အလေးချိန် လျှော့ချတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ Marie France Bodyline ကုမ္ပဏီအတွက် ကိုယ်ဝန်ဆောင် ဓာတ်ပုံတွေ ကို မော်ဒယ်အဖြစ် ရိုက်ကူး ဖော်ပြထားပါတယ်။

ဓာတ်ပုံ- ရာဟူး
Fann Wong က သူ့ရဲ့ အဝတ်ဗလာနီးပါး ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ဘဝ ဓာတ်ပုံတွေကိုလည်း အွန်လိုင်းမှာ တင်ခဲ့ပြီး မကြာခင်အချိန်အပိုင်းတွင်းမှာပဲ Like လုပ်သူပေါင်း ၁ သောင်း ၃ ထောင်ကျော် ရှိနေပါပြီ။
အခုလို Fann Wong ရဲ့ ကိုယ်ဝန်ဆောင်ဘဝ အဝတ်ဗလာ ကျင်းနီးပါး ဓာတ်ပုံတွေကို တချိန် က
ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဒင်န်မီမိုး က မဂ္ဂဇင်း မျက်နှာဖုံး တွေမှာလည်း ဖော်ပြခဲ့ဖူးပါတယ်။

ဒါကြောင့် Fann Wong ကို ဒုတိယ ဒင်န်မီမိုးလားလို့ ကင်ပွန်းတပ်နေသူတွေလည်း ရှိကြပါတယ်။
အိမ့်သံစဉ် ~ Irrawaddy
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
မန္တလေးဖြစ်ရပ်အပေါ် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု ဒေါ်စုပြော ..................
စိုးသန်းလင်း
ပြီးခဲ့သည့်နှစ်ရက်အတွင်း လူသေဆုံးမှုရှိခဲ့ပြီး ဇူလိုင် ၃ရက်ကစ၍ ‘ညမထွက်ရ’ အမိန့် ထုတ်ထားသည့် မန္တလေး ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု မဇ္ဈိမကို ဇူလိုင်လ ၄ရက် နံနက်တွင် ပြောခဲ့သည်။
“အဲဒီဖြစ်ရပ်အပေါ် အဖွဲ့ချုပ်ရဲ့သဘောထားကို ကြေညာချက်ထုတ်တယ်၊ ထုတ်ထုတ်ချင်းမှာ အတု ထွက်လာတယ်၊ အဲဒီကတည်းက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေသလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီး စဉ်းစားရမယ်၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသင့်ဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်နေတာကတော့ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး NLD က ထုတ်ပြန်သည့် ကြေညာချက်တွင် ‘လူမျိုးစုများ တွေ့ဆုံဖြေရှင်းကြစေလိုကြောင်းနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုကြောင်း’ ဖော်ပြပါရှိသော်လည်း ကြေညာချက် အတုတွင်မူ ‘ ယခုဖြစ်ရပ်၌ တာဝန်ပေါ့လျော့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့အား ပြင်းထန်စွာအရေး ယူသင့်ကြောင်း အပြင် မွတ်ဆလင်ဘာသာဝင်တို့အား ကာကွယ်ပေးသင့်သည် ဟူသည့် အဓိပ္ပါယ်မျိုး ဖော်ပြပါရှိသည်ဆို၏။
NLD က ကြေညာချက် ထုတ်ရခြင်းနှင့် ပတ်သက်ပြီး “အစတုန်းက သူများတွေပြောရင် အဖွဲ့ချုပ်က ဝင်မပါဘူး၊ တတ်နိုင်သမျှ ဒါတွေမဖြစ်အောင်လို့ အားလုံးအဆင်ပြေဖို့အတွက် ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင် ကြေညာချက်ထုတ်တာပါ” ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
ထို့အပြင် ယခုကဲ့သို့ ညမထွက်ရ ကာဖျူးထုတ်ခြင်းသည် အမှန်တကယ် လိုအပ်မှသာ ထုတ်သင့်ကြောင်း၊ အမှန်တကယ်လိုအပ်မှု ရှိ မရှိ သေချာဖို့လိုအပ်ကြောင်းနှင့် နောက်ထပ် ပဋိပက္ခမဖြစ်စေရန် ကာကွယ် ခြင်းမျိုး ဖြစ်စေလိုကြောင်း၊ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့မှာ မတူခြားနားပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။
မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက်၊ ၂ရက်နှင့် ၃ရက်နေ့များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပြီး ၁၄ဒဏ်ရာရရှိခဲ့ပြီးနောက် မန္တလေးမြို့အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် ဇူလိုင်လ ၃ရက်မှ စ၍ ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်အမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။

Saturday, July 5, 2014
မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားအဖြစ် လက်ထပ်မှု၊ လင်မယားအဖြစ်မှ ကွာရှင်းမှု....................
|
ကိုယ့်ဘ၀ ကံကြမ္မာရယ် ဖန်လာအားရက်လေတယ် |
Posted by: Ko Myo
on Friday, July 04, 2014
Categories:
ဖတ်စရာ၊ မှတ်စရာ
ဦးဝင်းရွှေ (တရားလွတ်တော် ရှေ့နေ)
လွန်ခဲ့သော မေလက စာရေးသူ၏ ရုံးခန်းသို့ ကလေးနှစ်ယောက် နှင့်အတူ အမျိုးသမီး တစ်ယောက် ရောက်လာသည်။ ထိုအမျိုးသမီးက အကြောင်းစုံ ရှင်းပြမှ လွန်ခဲ့သော ငါးနှစ်ခန့်က စာရေးသူကိုယ်တိုင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် လက်ထပ်စာချုပ် ပြုလုပ်ပေးခဲ့သော အမျိုးသမီးဖြစ်ကြောင်း ပြန်လည် သတိရမိသည်။ ထိုစဉ်က ၎င်းအမျိုးသမီးက ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့ မပေါင်းဘဲ နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် တကွဲတပြားစီ နေထိုင်ခဲ့ကြောင်း၊လွန်ခဲ့သော ၂၀၁၂ ခုနှစ် က ဘုရားဖူးသွားရင်း အမျိုးသားတစ်ဦးနှင့် လက်ထပ်စာချုပ် ပြုလုပ်ပြီး၊ နေထိုင်လျက်ရှိရာမှ ယခင် လင်ယောက်ျားဖြစ်သူက မယားခိုးမှုဖြင့် တရားစွဲသဖြင့် ထောင်တစ်နှစ်ကျခဲ့ကြောင်း၊ ထိုယောက်ျားနှင့် ပေါင်းသင်းရာမှ ကလေးနှစ်ယောက် ရပြီးတာတောင် ထောင်ကျရသလားဟု မေးရာ စာရေးသူက ဥပဒေ အချက်အလက်များ နှင့် ရှင်းပြလိုက်မှ ၀မ်းနည်းစွာ နှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။်
မယားခိုးမှုများတွင် ထိုလင်နှင့် ထိုမယားတို့ ကွာရှင်းပြတ်စဲပြီးခြင်း ရှိ၊ မရှိ အငြင်းပွားရမည့် အချက်များ ပေါ်ပေါက်ခဲ့သော ကိစ္စများတွင် ကွာရှင်းမှု ပြုပြီးကြောင်း အများသိလာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားအဖြစ် လက်ထပ်မှု၊ လင်မယားအဖြစ်မှ ကွာရှင်းမှုများသည် လူသိရှင်ကြား ဆောင်ရွက်ကြရသော ကိစ္စများဖြစ်သည်။ လင်မယား အချင်းချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ဆက်ဆံခြင်း မပြုသောအချက်နှင့် လင်မယားနှစ်ဦး သဘောတူ ကွာရှင်းပြတ်စဲမှု ပြုသောအချက် တို့သည် ကွာခြားမှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။
တောင်ကြီးမြို့၊ ချောပိုင်ရပ်နေ ကိုတင်အေးနှင့် မခင်သန်းမြင့် (အမည်လွှဲ) တို့သည် ၁၉၈၇ ခုနှစ်က လက် ထပ် ပေါင်းသင်းပြီးနောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ မခင်သန်းမြင့်သည် စိုင်းဖုန်းကျော် (အမည်လွှဲ) ဆိုသူနှင့် ဖောက်ပြန် နေသည်ကို သိရသဖြင့် ကိုတင်အေးက တောင်ကြီးမြို့နယ် တရားရုံး တွင် ပြစ်မှုကြီးအမှတ် ၃၄၁၅/၂၀၀၁ ဖြင့် စိုင်းဖုန်းကျော် အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုး မှုဖြင့် တရားစွဲသည်။ တရားခံ စိုင်းဖုန်းကျော် ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် အမှုပြန်လည် ရုပ်သိမ်းခဲ့ရသည်။ အချစ်ကြီးတော့ အမျက်ကြီးသလို ကိုတင်အေး နှင့် မခင်သန်းမြင့် တို့မှာ တစ်အိမ် တည်း အတူနေပေမယ့် သူစိမ်းပြင်ပြင် တစ်ဦး နှင့် တစ်ဦး အခေါ်အပြော အဆက်အဆံမရှိဘဲ သီးခြားစီ နေထိုင်လျက်ရှိသည်။ ကြာလာတော့ မခင်သန်းမြင့် က စိုင်းဖုန်းကျော် နှင့်အတူ လိုက်သွားပြီး ပေါင်း သင်းနေသည်။ မခင်သန်းမြင့် နှင့် စိုင်းဖုန်းကျော်တို့ ပေါင်းသင်းရာမှ သားနှစ်ယောက်ပင် ထွန်းကားခဲ့ သည်။
၂၀၀၄ ခုနှစ်တွင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့ သားနှစ်ဦး ရှင်ပြုမင်္ဂလာလုပ်ရာ ဖိတ်စာများ ဝေငှ သဖြင့် ကိုတင်အေးက ၎င်းတို့နေထိုင်သော အရပ်ကို သိခဲ့ရသည်။ ကိုတင်အေးက ဇွဲမလျှော့သေးပါ။ တောင်ကြီးမြို့နယ် တရားရုံးတွင် မယားခိုးမှုဖြင့် စိုင်းဖုန်းကျော် ကို တရားထပ်စွဲသည်။ နှစ်ဖက်သက်သေ များ စစ်ဆေးပြီးနောက် မြို့နယ်တရားရုံးက စိုင်းဖုန်းကျော်ကို အပြစ်မရှိဟု သုံးသပ်ကာ အပြီးအပြတ် လွှတ်လိုက်သည်။ ဥပဒေရုံးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ တရားရုံးချုပ်သို့ အယူခံမှု တက်ရောက်ခဲ့ရာ တရားရုံးချုပ်မှလည်း မူလမြို့နယ် တရားရုံး၏ အမိန့်ကို အတည်ပြုပြီး အယူခံမှုကို ပလပ်ခဲ့သည်။
ကိုတင်အေးက မကျေနပ်သဖြင့် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု (မန္တလေး) သို့ အထူးအယူခံ ထပ်မံ တက် ရောက် ခဲ့သည်။ စုံညီခုံရုံးမှ အမှုအား လက်ခံပြီး နှစ်ဖက် လျှောက်လဲချက်များကို ကြားနာကာ အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့သည်။ စုံညီခုံရုံးမှ သုံးသပ်ရာတွင် အမှုတွဲ သက်သေခံချက်များအရ အယူခံ တရားခံ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၁ ခုနှစ် ကတည်းက ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့ကြောင်း ပေါ်လွင် သည်။ ထို့ ကြောင့် ကိုတင်အေးက စိုင်းဖုန်းကျော် အပေါ် တောင်ကြီးမြို့နယ် တရားရုံး၌ပင် လင်မယား ကွာလိုမှုကို စွဲဆိုသည်။ တရားမကြီးမှုမှာလည်း ပြီးပြတ်မှုမရှိဘဲ ရုပ်သိမ်းထား ခဲ့ကြောင်း တွေ့ရသည်။ နေရပ်လိပ်စာ အတိအကျ မသိ၍ ဖြစ်သည်။
ယင်းအခြေအနေတွင် စိုင်းဖုန်းကျော်သည် မခင်သန်းမြင့် နှင့် လက်ထပ် ပေါင်းသင်းမည့် အချိန်က မခင်သန်းမြင့်တွင် တရားဝင် လင်ယောက်ျား ရှိ၊ မရှိ မခင်သန်းမြင့်သည် ကိုတင်အေး နှင့် တရားဝင်ပြတ် စဲမှု ရှိ၊ မရှိ တို့ကို စုံစမ်း စိစစ်သင့်သည်။ မခင်သန်းမြင့် နှင့် ကိုတင်အေးတို့သည် တစ်ယောက်နှင့် တစ်ယောက် အခေါ်အပြော မရှိတော့သဖြင့် လင်မယား ကွာရှင်းပြီးဖြစ်သည် ဟု ယုံကြည်ရကြောင်း၊ မခင်သန်းမြင့်ဘက် မှ အဒေါ်များ က ပြောပြချက်အရ ကိုတင်အေး နှင့် မခင်သန်းမြင့်တို့ လင်မယား အဖြစ် ကွာရှင်းပြီ ဖြစ်သည်ဟု ယုံကြည်ရကြောင်း စိုင်းဖုန်းကျော်ဘက် မှ ထုချေချက်မှာ ခိုင်မာသော ထုချေချက် ဖြစ်သည်ဟု လက်မခံနိုင်ပေ။
စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၂ ခုနှစ် အတွင်း လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ ကြကြောင်း၊ ဦးတင်အေး နှင့် မခင်သန်းမြင့်တို့မှာ ထိုအချိန်က လင်ခန်း မယားခန်း ပြတ်စဲနေကြပြီး ဖြစ် သည့်အပြင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့သည် လူသိရှင်ကြား ပေါင်းသင်းနေပြီ ဖြစ်ကြောင်း၊ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မခင်သန်းမြင့်၏ အဒေါ်နေအိမ်၌ ကိုတင်အေး နှင့် မခင်သန်းမြင့် တို့ကို လူကြီးများက သင့်မြတ်စွာ ပြန်လည် ပေါင်းသင်း နေထိုင်ကြရန် ညှိနှိုင်းပေးသော်လည်း နှစ်ဦးစလုံးမှ လက်မခံကြသဖြင့် ညှိနှိုင်း၍ မရခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် မခင်သန်းမြင့်က စိုင်းဖုန်းကျော်နှင့် လက် ထပ်တော့မည် ဖြစ်ကြောင်း၊ အဒေါ်များထံ လာရောက် ပြောကြားရာ အဒေါ်များကလည်း ကိုတင်အေးနှင့် မခင်သန်းမြင့်တို့ ပြတ်စဲထားပြီ ဖြစ်၍ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ကိုတင်အေး နှင့် မခင်သန်းမြင့်တို့မှာ နှစ်ဦး သဘောတူ ကွာရှင်းထားကြပြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကြောင်း စိုင်းဖုန်းကျော် ဘက်မှ တင်ပြချက်များကို လက်မခံနိုင်ပေ။
မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ လင်မယား ကွာရှင်းမှုကို နှစ်ဦး သဘောတူညီချက်ဖြင့် တရားဝင် ဆောင်ရွက်ခွင့် ရှိသော်လည်း တရားဝင် လင်မယား အဖြစ်မှ ကွာရှင်းကြရာတွင် ခိုင်မာသော အပြော အဆိုများ၊ အပြုအမူများ ရှိရန် လိုအပ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် ကွာရှင်း ပြတ်စဲပြီး ကြောင်း အများလက်ခံနိုင်သည့် အချက်တစ်ရပ် ရပ်ရှိရန် လိုအပ်သည်။ ယခုကဲ့သို့ ကိုတင်အေး၊ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့် တို့ကြား ပေါ်ပေါက်နေသည့် လင်ခန်း၊ မယားခန်း ကိစ္စများတွင် ကွာရှင်း မှု ပြုပြီးကြောင်း၊ အများသိသာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ လင်မယားချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ပြုမူဆက်ဆံခြင်း မပြုရုံမျှဖြင့် ထိုလင်မယားတို့သည် ကွာရှင်းပြတ် စဲပြီး ဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်ပေ။ အမှုတွင် နှစ်ဖက် သက်သေ ထွက်ဆိုချက်များ နှင့် သက်သေခံ အထောက် အထားများအရ စိုင်းဖုန်းကျော် အပြုအမူများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုးမှု ပြစ်ဒဏ် ထိုက်သင့်သည်ဟု သုံးသပ်ရရှိသည်။
ထို့ကြောင့် စိုင်းဖုန်းကျော် သည် မခင်သန်းမြင့်အား လင်ရှိမယား ဖြစ်ကြောင်း သိလျက်နှင့် လက်ထပ် ပေါင်းသင်းခြင်း မဟုတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ မယားခိုးမှု မမြောက်ကြောင်း တရားရုံးချုပ် (မန္တလေး ရုံးထိုင်) က သုံးသပ်ပြီး စိုင်းဖုန်းကျော်အား အမှုမှ အပြီးအပြတ် လွှတ်ခဲ့သည့် မူလရုံး၏အမိန့်ကို အတည်ပြုခြင်းသည် ဥပဒေအရ မှန်ကန်မှုမရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း မှန်ကန်မှု မရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် (၁)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက် ဆိုသလို မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ၏ အိမ်ထောင်ခန်းမှာ ကျယ်ပြန့်ပြီး တိကျသော ဥပဒေသများ ရှိသည်ဆိုသော အချက်ကို စာရှုသူများ ဗဟုသုတ ရရှိစေရန် တင်ပြခြင်းဖြစ်သည်။ နောက်ယောက်ျား နှင့် ကလေးနှစ်ယောက် ရနေပြီးတောင်မှ မယားခိုးမှု မြောက် သလားဟု မေးစရာဖြစ်သော်လည်း တရားရုံးချုပ် (စုံညီခုံရုံး) ၏ သုံးသပ်ချက်တွင် အပြည့်အစုံ ဖော်ပြ ထားပြီးဖြစ်သည်။ ယောက်ျား တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ဦးနှင့် လက်ထပ် ပေါင်းသင်းမည် ဆိုပါက ထိုမိန်းကလေးသည် လွတ်လွတ် ကင်းကင်းရှိရဲ့လား၊ လင်နှင့် တရားဝင် ကွာရှင်းပြတ်စဲ ထားခြင်း ရှိသလား စသည်တို့ကို စုံစမ်း လေ့လာပြီးမှ လက်ထပ် ပေါင်းသင်းသင့်သည်။ တစ်မြို့ တစ်နယ် စီ ဖြစ်သဖြင့်၊ တစ်ယောက် အကြောင်း တစ်ယောက် သေချာ မသိပါဘဲလျက် စုံစမ်းမေးမြန်းခြင်း မရှိပါဘဲ လျက် အိမ်ထောင်တစ်ခု မတည်ဆောက်မိစေရန် အတွက် ၂၀၀၆ ခုနှစ် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု အမှတ်-၅ (မန္တလေး) (၃-ပါး စုံညီ) စီရင်ချက်ကို သတိချပ်စရာ အဖြစ် သိမှတ်ဖွယ်ရာ တင်ပြ လိုက်ရပါ သည်။
အာဏာသိမ်း ထိုင်းစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူး webteam
အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်ချုပ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးပြောဆိုလိုက်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။
နိုင်ငံတော်နဲ့ ပြည် သူတွေ ရဲ့ လုံခြုံရေးအတွက် တာဝန်ယူထိန်း သိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို ယုံကြည်တဲ့ အကြောင်း မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် တာနာဆပ်ပါတီမာပရာကောင်နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာရေးပါတယ်။
ဒါ့အပြင် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကောင်စီရဲ့ လမ်းပြမြေပုံ အောင်မြင်လိုက်မယ်လို့ ယုံကြည်ကြောင်းနဲ့ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံထက် ဆိုးဝါးတဲ့အခြေအနေကို ဖြတ်ကျော်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ထိုင်းစစ်တပ်အကြီး အကဲကလည်း ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကောင်းကောင်း စောင့်ရှောက်ထားတဲ့အကြောင်း၊ တရားမ၀င် အလုပ်သမားတွေကို အသုံးပြုမှုကို ရပ်တန့်ဖို့ မူဝါဒတွေကို အကောင်ထည်ဖော်ပြီး တရားဝင်ဖြစ်ရေး ကိစ္စတွေ အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ရေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေး ကိစ္စရပ်တွေမှာ တိုးမြှင့်ဆက်ဆံရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဆက်သွယ်ရေး ပိုမိုအားကောင်းဖို့၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေနဲ့ ဒီနှစ် ပူးတွဲ စစ်ရေးလေ့ကျင်မှုဖြစ်တဲ့ ရွှေမြွေဟောက် လေ့ကျင်မှုမှာ မြန်မာရဲ့ ပါဝင်ဆောင်ရွက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။