This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 22, 2014

ဇနီးကို ကြိုးစား ရှာဖွေ နေတဲ့ ရေငုပ် သမား............


Bookmark and Share [ ]


ဂျပန်နိုင်ငံက Yasuo Takamatsu လို့ အမည် ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အက်ဆီးဒန့် တစ်ခုကြောင့် သူ့ရဲ့ ဇနီး
ဖြစ်သူဟာ မြစ်ထဲကျလို့ ပျောက်ဆုံး ခဲ့ရ ပါတယ်။

ရှာဖွေမှုကို အချိန် အတော်ကြာ ပြုလုပ်ပေမယ့် မတွေ့ ရပါဘူး။ နောက်တော့ အမျိုးသား ဖြစ်သူဟာ သူကိုယ်
တိုင် ရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပရော်ဖက်ရှင်နယ် ရေငုပ်သမား ဖြစ်အောင် ကြိုးစား သင်ယူ လေ့ကျင့်ပါ
တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကပဲ သူဟာ အနက်ဆုံး ရေ မီတာအောက် ရေငုပ် ပရော်ဖက်ရှင်နယ် လိုင်စင်ကို ရ
ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဂျပန် ကယ်ဆယ်ရေး အဖွဲ့က အနည်းငယ် ပူနွေးတဲ့ ရာသီကို စောင့်ပြီးမှ ရှာဖို့ စီစဉ်ထားပေမယ့် Yasuo က
တော့ ရာသီမရွေး နေ့စဉ် နီးပါး ရှာဖွေ နေပါတယ်။

အစိုးရက ပျောက်ဆုံးကြောင်း တရားဝင် ကြေညာ ထားပါတယ်။

Yasuo ဟာ သူ့ ချစ်ရတဲ့ ဇနီးကို ရေအောက်မှာ ရှာဖွေ နေတာ တစ်နှစ်ကျော်သွား ပါပြီ။

Ref:BBC

By ရိုးရာလေး

အောင်ခမ်း (ရိုးရာလေး)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဇနီးကို ကြိုးစား ရှာဖွေ နေတဲ့ ရေငုပ် သမား http://www.simon-vlog.com/2014/05/blog-post_229.html#ixzz32NgnHRK1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ချစ်သူကို ချစ်လွန်းလို့ မိမိ ကိုယ်ကို အဆုံး စီရင် သွားတဲ့ မုံရွာ ကြိုးဆွဲ ချမှု ...........


Bookmark and Share [ ]


မုံရွာ၊ မေ ၂၀

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ဒေါနခြံ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အနီးရှိ ကန်သာယာ ရေကန်ကြီး အနီးတွင်
မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်က နည်းပညာ၊ ပညာရှင် လူငယ်တစ်ဦး သမီးရည်းစား ကိစ္စနှင့် ပတ်
သက်၍ မိမိ ကိုယ်ကို အဆုံး စီရင် သွားသည့် သေမှုသေခင်း ဆိုင်ရာ ကိစ္စ တစ်ရပ် ပေါ်ပေါက် ခဲ့ကြောင်း မုံ
ရွာ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျေိာကျော်ညွှန့် ထံမှ သိရသည်။

‘ သေဆုံးသူ ကောင်ကလေးက ကောင်မလေးရဲ့ ဂရုစိုက်မှုကို မခံရဘူး ဆိုပြီး သူ့ ကိုယ်သူ ကြိုးဆွဲချပြီး အ
ဆုံး စီရင်သွားတာ ဖြစ်နိုင်ပါတယ်….” ဟု မြို့မရဲစခန်းမှူးက ဆက်လက်၍ ပြောပြသည်။

သေဆုံးသူ အမျိုးသားသည် မိမိ ကိုယ်ကို အဆုံး မစီရင်ခင် နာရီပိုင်း အလို အချိန်ခန့်က ၎င်းနှင့် သမီးရည်း
စား ဖြစ်ခဲ့သူ ကောင်မလေး တစ်ယောက်နှင့် ချိန်းဆိုတွေ့ခဲ့ပြီးနောက်၊ သမီးရည်းစား တို့၏ ဘာသာဘာဝ
ကသောက် ကယှက်ဖြစ်ကာ ကောင်းမလေးမှ စိတ်ဆိုး၍ ထွက်ခွာ သွားခဲ့သည်။ ထို့နောက် ကောင်လေး
သည် ၎င်းလွယ်လေ့ရှိသည့် လွယ်အိတ်ကြိုးဖြင့် မိမိ ကိုယ်ကို ဆွဲကြိုးချကာ အဆုံးစီရင် ခဲ့ခြင်းဖြစ် ကြောင်း
ရဲစခန်း၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။

ထို့ကြောင့် မှုခင်းဆေးစာများ ရယူ၍ မှုခင်းဆိုင်ရာ ဆေးပညာ နည်းလမ်းများ အရ ဆက်လက်ဆောင်ရွက်
နိုင် ရန် ရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ချစ်သူကို ချစ်လွန်းလို့ မိမိ ကိုယ်ကို အဆုံး စီရင် သွားတဲ့ မုံရွာ ကြိုးဆွဲ ချမှု http://www.simon-vlog.com/2014/05/blog-post_2679.html#ixzz32NcXNqzp
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အမျိုးသား သွေးဆုံးခြင်း ၊ အမျိုးသမီး သွေးဆုံးခြင်း ..........................


အမျိုးသမီးသွေးဆုံးတာကို လူတွေသိမြင် တာ လွယ်ကူတယ်။ အသက် ၁ဝ နှစ် ကျော် ရာသီစလာချိန်ကစလို့ အသက်(၄၅-၅ဝ)နှစ် အထိ မီးယပ်သွေး လစဉ်လာတဲ့ကာလဟာ အမျိုးသမီး ကိုယ်ဝန်ရနိုင်တဲ့ ကာလဖြစ်တယ်။ အမျိုးသမီးများ ရာသီ ဆုံးတာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘူး။ မိခင် မျိုးရိုးနဲ့ဆိုင်တယ်။ မိခင်၊ အဘွားလုပ်သူက အသက် ၅ဝ ရောက်မှသွေးဆုံးရင် မိမိလည်း ၅ဝမှာ သွေးဆုံးနိုင် တယ်။ မီးယပ်ပြီးဆုံးချိန် စိတ်ခံစားချက်ချင်း မတူညီကြ ဘူး။ တချို့က မစွမ်းဆောင်နိုင်တော့ဘူး စသဖြင့် စိတ် ကျရောဂါရကာ အဘွားအိုပုံစံနေထိုင်လာတယ်။ တချို့ က အသိပညာတိုးပွားလို့ တတ်စွမ်းတဲ့ပညာနဲ့ လူ့ဘဝ စတင်ပြီလို့ခံယူကာ အများကောင်းကျိုး၊ မိသားစုကောင်း ကျိုး ပိုမိုဆောင်ရွက်နိုင်တာ တွေ့ရတယ်။

မဟော်မုန်း
မဟော်မုန်းအီစထရိုဂျင်ထုတ်လုပ်မှုနှေး ကွေးလာလို့ ခန္ဓာကိုယ်အားအင်ယုတ်လျော့ကာ သွေးဆုံး မီးယပ်လက္ခဏာများ ပေါ်လာတယ်။
ချက်ချင်းပူ လိုက်၊ အေးလိုက်ဖြစ်ပြီး အိပ်မပျော် ခေါင်းကိုက်ကာ စိတ်တို၊ ဒေါသထွက်တာများရင် သွေးဆုံးလက္ခဏာများ ပေါ်လာတယ်ဆိုတယ်။ အရေပြားကျုံ့နိုင်၊ ဆန့်နိုင်မှု ပျောက်ကာ သတိမေ့တတ်တယ်။ အလိုမကျတာတွေ များတယ်။

ဓာတ်စာ
သွေးဆုံးမီးယပ်ဓာတ်စာတွေက ဆန်လုံးညို၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပဲတောင့်၊ ပဲသီး၊ မုန်လာဥဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်းမှုန့်၊ မြင်းစားဂျုံမှုန့်၊ အာလူး၊ စမုန်နက်၊ ပဲပိစပ်တို့ပါတဲ့အစားအစာ စားသင့်တယ်။ ပဲပိစပ်မှာ ဂျင်နီစတိန်း (Genistein) ဓာတ်ပါဝင်တာ၊ အီစထရိုဂျင်ဓာတ် အများကြီးပါဝင်တယ်။ ယင်းဓာတ် ဟာ အီစထရိုဂျင်လိုပဲ အသက်အရွယ်ကြီး လို့ဖြစ်တဲ့ အရိုးပွရောဂါနဲ့ အခြားရောဂါမဖြစ်အောင် ကာကွယ် ပေးတယ်။ အခြားပဲသီး၊ ပဲတောင့်၊ ပဲစေ့တွေလည်းပါတယ်။ နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း၊ အပြေးလမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်ပါတယ်။

အမျိုးသမီးမီးယပ်ဆုံးချိန်
အမျိုးသမီးတွေ ကာမဆန္ဒ ကျဆင်းယုတ်လျော့သွားတယ်။ ကျဆင်းရတာက အီ စထရိုဂျင်၊ တက်စထရိုစတုန်းဟော်မုန်းများ လျော့ကျ သွားလို့ဖြစ်တယ်။ သည်ဖြစ်စဉ်ပံ့ပိုးနေတဲ့အကြောင်း တွေထဲမှာ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ ကိုယ့်ပုံရိပ် ကိုယ်ဖော်ရမှာညံ့ဖျင်းမှုနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ခင်ပွန်းသည်ဖြစ်နေမှုတို့လို့ ဆိုထားတယ်။ ဟော်မုန်း ဓာတ်ကြောင့် ကာမဆန္ဒလျော့နည်းကာမဖြစ်ဖို့ 'မ' ဆန္ဒ အားဆေး (Fenicnineesire)ေ ဆးညွှန်းနိုင်တယ်။ ဟော် မုန်း (Endocrne) ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသလို ခွန်အားစွမ်းပကားနဲ့ သဘာဝဆန္ဒဖြစ်လာအောင် လှုံ့ ဆော်ပေးတယ်။ ဆိတ်ချေးပင် (Homy Goat Seed) အပင်ဟာ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ ကျားရော၊ မပါ သုံးနိုင်တယ်။ ကာမလှုံ့ဆော်မှု အားပေးတယ်။

ကျားဘဝ
အမျိုးသားသွေးဆုံးချိန်ဟာ အသက်၄၅-၅၅နှစ် အတွင်းဖြစ်တတ်တယ်။ ပျမ်းမျှ၅၁နှစ်သတ်မှတ် တယ်။ အမျိုးသားတစ်ယောက် ၁၂-၁၄နှစ်အရွယ် သုက် စတင်တဲ့အရွယ်ကစပြီး အိမ်ထောင်ကျပြီးချိန်မှစ၍ လိင် ကိစ္စအသုံးချများရင် ယောက်ျားသွေးဆုံးချိန်စောပြီး ခံစားရတယ်။ အမျိုးသားဟော်မုန်းထွက်နှုန်းဟာ တစ် နှစ်မှာ ၁-၁ဝရာခိုင်နှုန်းလျော့နည်းပြီး တချို့ အသက် ၆ဝ-၇ဝအထိ စွမ်းရည်မကျတတ်ဘဲ (သို့)ဟော်မုန်းလျော့ နည်းချိန်များရင် အမျိုးသားသွေးဆုံးချိန်ဖြစ်နိုင်ခြေများ တယ်။ အမျိုးသားသွေးဆုံးချိန်ဟာ တဖြည်းဖြည်းချင်း သာခံစားရလို့ ချက်ချင်းသတိမထားမိဘူး။ အိုမင်းခြင်း နဲ့ဆက်နွှယ်နေတဲ့ အမျိုးသားသွေးဆုံးဝေဒနာဟာ အ မျိုးသားစွမ်းအားကို 'ဖွဲတစ်ဆုပ်နိုင်ရင်ဖြစ်တယ်'ဆို စကားရှိတာနဲ့အညီ သေဆုံးချိန်အထိ သုက်ရည်ထွက် နိုင်ပြီး အသက်ကြီးလာတာ နဲ့အမျှ အကြိမ်နည်းလာ ခြင်း၊ Sperm စပန်းသုက် ကောင်အရေအတွက် နည်း လာခြင်းဖြစ်လာတယ်။

ဆီးကျိတ်
အသက်၆ဝ ကျော်ရင် ဆီးကျိတ်ရာခိုင် နှုန်း ၆ဝ ကြီးတယ်။ အ သက်၇ဝမှ ရာခိုင်နှုန်း ၇ဝ ခန့် အသက် ၈ဝ-၉ဝမှာ ဆီးကျိတ်၈ဝ-၉၅ရာခိုင် နှုန်း ဆီးကျိတ်ကြီးလာကြ တယ်။ ဆီးကျိတ်ကြီးလို့ ကာမဆက်ဆံလိုစိတ် များ တတ်တယ်။ ယင်းရောဂါ ဖြစ်ပြီး ကင်ဆာမဖြစ်ခင် ခွဲစိတ်ထားဖို့ လိုတယ်။ ရောဂါကြောင့် ကာမဆက် ဆံချင်တာကို အမျိုးသမီး နဲ့ မိသားစုဝင်များက သ ဘောမပေါက်၊ မကုဘဲ ထားရင် အသက်ကြီးမှ မု ဒိမ်းမှုကျူးလွန်တဲ့အထိ ဘေးထွက်ဆိုးကျိုးခံစား ရရှိစေတယ်။
ေ
သြးဆံုးလကၡဏာမ်ား
သွေးဆုံးလက္ခဏာများ မှာ ရူပရုပ်သွင်ပြောင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်း ခြင်းဖြစ်တယ်။ ရုပ်အသွင် ပြောင်းခြင်းမှာ သွားလာ လုပ်ကိုင်မှု နှေးကွေးခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ လိင်ပိုင်းဆိုင်ရာဆန္ဒ လျော့နည်းခြင်း၊ လိင်ကိစ္စ ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခြင်း၊ ပန်းသေ ပန်းညှိုး ရောဂါဖြစ်ခြင်း၊ အားမရှိသကဲ့သို့ခံစားရခြင်း၊ မောပန်း လွယ်ခြင်းတို့ ဖြစ်စေတယ်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲ ခြင်းမှာ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်ခြင်း၊ အိုမင်းလာသည့် အတွက် အိမ်ထောင်ဖက်မှ စိတ်ဝင်စားမှု လျော့နည်း လာမည်ကိုစိုးရိမ်ပြီး အိမ်ထောင်ဖက်အား စိတ်မချခြင်း၊အခြားယောက်ျားနှင့် ပေါင်းသင်းပြောဆိုမှု၌ မကျေနပ် ခြင်း၊ မိမိကိုယ်မိမိစွမ်းဆောင်ရည်မရှိတော့ဟုထင်ပြီး စိတ်ဓာတ်ကျခြင်း၊ အလွန်အမင်းဒေါသထွက်ကာ စိတ် လိုက်မာန်ပါပြုလုပ်တတ်ခြင်းတို့ဖြစ်ရာ မိသားစုအသိုင်း အဝိုင်းက နားလည်စွာဖြင့် ဝိုင်းဝန်းကူညီဖေးမစောင့် ရှောက်ဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုးရွား (အိပ်မ ပျော်)ရင် ဆရာဝန်နှင့်ပြသကုသမှုခံသင့် တယ်။ ကုသမှု မခံရင် နောက်ဆုံးပန်းသေပန်းညှိုးခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ စိတ္တဇရောဂါရ အိပ်မပျော်ခြင်းဖြစ်တယ်။

ဓာတ်စာ
အမျိုးသားအားအင်ကုန်ခန်းမှု(သို့)ကျား သွေးဆုံးမှုကို ဆတ်ချိုနု၊ ဂျင်ဆင်းမြစ်၊ ရဲယိုမြစ်၊တရုတ်ဆယ်နဂါး(အစေးဖြူထွက်)နဲ့ သွေးလှည့်ပတ်မှု ကောင်းအောင် ဝှေးစေ့ရဲ့လုပ်ငန်းလှုံ့ဆော်ပေးအောင် ဟော်မုန်းစနစ်လှုံ့ဆော်ပေးအောင် သုံးတတ်ကြတယ်။ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ စားသင့်တယ်။ ယောက်ျား အင်္ဂါထူထောင်ဖို့မဖြစ်တဲ့သူများအတွက် နှလုံးသွေးလွှတ် ကြောများ ကျန်းမာရေး၊ သွေးလှည့်ပတ်မှုကောင်းဖို့ နေ့ စဉ်တစ်နာရီခန့် လေ့ကျင့်ခန်း(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး)လုပ်သင့်တယ်။ စိတ်ဖိစီးမှုလျှော့ချပြီး အိပ် ရေးဝဝ အိပ်သင့်တယ်။

ဓာတ်စာ
ကမာ၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲဆန်၊ သီ ဟိုဠ်စေ့၊ ပဲသီး၊ ပဲတောင့်၊ ဆန်လုံးညိုနဲ့ ဂျုံပင်ပေါက် စားပေးနိုင်တယ်။ ဗစ်ရာဂလာ (Viagra) ကာမဆေး သုံးသင့် သုံးရမယ်။ အစားအစာနဲ့ ပြင်ယူသင့်တယ်။
သုံးသပ်ခြင်း။အမျိုးသမီးဖြစ်စေ၊အမျိုးသားဖြစ်စေ သွေးဆုံးရောဂါဖြစ်မှန်းမသိဖြစ်တတ်တဲ့ရောဂါဖြစ်ရင် သွေးသားကြောင့် စိတ်ဖောက်ပြန်မှုက အိမ်ထောင် ရေး မသင့်မတင့်ဖြစ်စေကာ အမျိုးသမီးသွေးဆုံးချိန် နားလည်ပေးသလို အမျိုးသားသွေးဆုံးချိန်ရောဂါဖြစ် နေကြောင်း နားလည်ခွင့်လွှတ်ပေးသင့်တယ်။
ဆးဝါးကုသခြင်း၊ တစ်ဦးနဲ့တစ်ဦး နွေးထွေး စွာဆက်ဆံခြင်းဖြင့် ကုသသလို မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကျန်းမာရေးအသိပညာနှင့် ပူးပေါင်းစောင့် ရှောက်ခြင်းအပြင် ဘာသာရေးလိုက်စားခြင်းနဲ့ စိတ် ငြိမ်စွာထားသင့်တယ်။


ဒေါက်တာ လွင်သန့် (ဆေး - ၂)

--------------------------------------------------------------------------
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈
https://www.facebook.com/FlowerNewsJournal
---------------------------------------------------------------------------

အင်တာနက်အသုံးပြုသည့် ကျသင့်ငွေကို လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်မည်ဟု Telenor ပြော.............


ဒေသတွင်းရှိ လူတန်းစားမျိုးစုံကို အင်တာနက်စနစ် တွဲဖက်ပါဝင်သော မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးမည်ဖြစ်သည့် Telenor Myanmar သည် ဈေးနှုန်းနှင့် ပတ်သက်၍ ပူပန်စရာမလိုအောင် သတ်မှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။

Telenor Myanmar ၏ CEO ဖြစ်သူ Mr.Petter Furberg က“အင်တာနက်အသုံးပြုနေရင်း ဘယ်လောက်ကျသင့်မယ်ဆိုတာကို ပူပန်နေစရာမလိုပါဘူး” ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ Mr.Petter Furberg အနေဖြင့် ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း ဈေးနှုန်းသတ်မှတ်သည့်အခါ လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်ရမည်ဟု ကတိပေးပြောဆိုခဲ့သည်။

Telenor ၏ အဓိကပြိုင်ဘက် ဖြစ်သော Ooredoo သည် အင်တာနက်စနစ်ကောင်းမွန်သည့် 3G ကွန်ရက်ကို စတင်အသုံးပြုသွားမည် ဖြစ်သော်လည်း Telenor သည် 3G ကွန်ရက်နှင့်အတူ 2G ကွန်ရက်မှစတင်၍ ဝန်ဆောင်မှုပေးသွားမည်ဟု ပြောဆိုထားသည်။ “အသံနဲ့အတူ အင်တာနက်စနစ်ကလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ 2G မှာဆိုရင် ပုံမှန်အသုံးပြုနေတဲ့ email တို့၊ Facebook တို့အပြင် အခြားသော Application တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 3G မှာဆိုရင်တော့ ဗီဒီယိုကို ကောင်းကောင်းကြည့်ပြီး အသုံးပြုနိုင်မှာပါ” ဟု Mr.Petter Furberg ကပြောသည်။

Telenor သည် မြန်နှုန်းမြင့် အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးရန်အတွက် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ တာဝါတိုင်ပေါင်း ၈၀၀ မှ ၁၀၀၀ အကြား တည်ရှိရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ အဓိကအခက်အခဲသည် တာဝါတိုင်စိုက်ထူရန် မြေနေရာများ ရှာဖွေရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ထို့အပြင် ဆက်သွယ်ရေးအော် ပရေတာများသည် မိုဘိုင်းဆင်းမ်ကတ်ရောင်းချရာ၌ အသံနှင့်ဒေတာစနစ်ကို တွဲဖက်အသုံးပြုနိုင်မည့် မိုဘိုင်းဟန်းဆက်များကိုလည်း ပူးတွဲရောင်းချရန် စီစဉ်ထားသည်ဟု သိရသည်။

မြင့်ကျော်လှိုင်
Internet Journal

Google, Gtalk, Gmail အကြောင်း တစေ့တစောင်း...................



(၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကို ဖွင့်ပေးထားပါက စကားဝှက်အသစ် ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။
 
 အတတ်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှ မ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလ တကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ် ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။

(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့ အခါ ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်း သူများအနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ် နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင်သင့်ပါတယ်။
 
 မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကို နှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။

(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့် ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။

(၄) တခါတလေ ဂူးဂဲလ် က ဆက်သွယ်လာတဲ့ ပုံစံမျိုးနဲ့ အီးမေးလ်စာ (သို့) ဂျီတော့ခ် က တဆင့် မိမိရဲ့အမည်၊ စကားဝှက် တို့ကို တောင်းယူတဲ့အခါ ထင်ယောင် ထင်မှားဖြစ်ပြီး မပေးပါနဲ့။ ဂူးဂဲလ် အနေနဲ့ သုံးစွဲသူများရဲ့ အချက်အလက်ကို တောင်းစရာမလိုဘဲ လိုအပ်ပါက သုံးစွဲသူများရဲ့ အချက်အလက်များကို အလိုအလျောက် ဝင်ရောက် ပြင်ဆင်နိုင်ပါတယ်။ သဘောတူညီချက်အရ ဘယ်တော့အခါမှ သုံးစွဲသူရဲ့ အမည်၊ စကားဝှက်များကို ဂူးဂဲလ် အနေနဲ့ တောင်းဆိုခြင်း၊ တခြား တယောက်ကို ပေးခြင်း မရှိပါ။ ဝင်ရောက် ပြင်ဆင် လုပ်ကိုင်ခြင်းမျိုးလည်း မရှိပါ။
 
 တခါတလေ အောက်ဖော်ပြပါ ဂူးဂဲလ်တော့ခ် ပုံစံမျိုးနဲ့ သုံးစွဲသူ အမည်၊ စကားဝှက်တို့ကို တောင်းခံရယူပြီး မိမိ အချက်အလက်များကို ရယူတက်ပါတယ်။ သတိထား ရှောင်ရှားဖို့ လိုပါတယ်။ ဂူးဂဲလ်အနေနဲ့ သုံးစွဲသူအီးမေးလ်ကို သူတို့သတ်မှတ်ထားတဲ့ သုံးစွဲသူ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်တဲ့အခါမှ ဖျက်သိမ်း ပိတ်ပစ်တာမျိုး ရှိပါတယ်။ ဂျီတော့ခ် မှာ လုပ်သင့်တဲ့ အချက်များ ဂျီတော့ခ် (ဂျီမေးလ်တော့ခ်) မှာ မိမိပြောဆို ရေးခဲ့သမျှကို သိမ်းဆည်းထားနိုင် ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ပိုင် သုံးစွဲသူအမည်၊ စကားဝှက်တို့နဲ့ ဖွင့်မှ အီးမေးလ်စာများ နဲ့ သိမ်းထားတဲ့ စကားပြောမှတ်တမ်း (Your browser may not support display of this image. Chat) ကို ဖွင့်ကြည့်နိုင်ပါတယ်။ သိမ်းဆည်းထားတဲ့ စကားပြော မှတ်တမ်းကိုလည်း အီးမေးလ် စာဖိုင် များလိုပဲ တခြားတဦး တယောက်ဆီကို ပို့ပေးနိုင်သလို၊ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။ အရေးပါ လျှိုဝှက်သင့်တဲ့ အချက်အလက်များကို စကားပြောမှတ်တမ်း (chat history) မှာ သိမ်းဆည်းထားခြင်း မလုပ်သင့်ပါ။

ဒီအတွက် တစုံတယောက်က မိမိပြောဆိုခဲ့တာကို ပြန်လည်ဖော်ထုတ် မကြည့်နိုင်ဖို့ စကားပြော မှတ်တမ်း ကို အောက်ပါအတိုင်း ပြင်ဆင်သင့်ပါတယ်
 
 ဂျီမေးလ် (ခ) ဂူးဂဲလ်မေးလ်
(၁) ဂျီမေးလ် အီးမေးလ် ကို ဖွင့်ပါ။
(၂) အပေါ်ဖက်ပိုင်းရှိ settings ကို ဖွင့်ပြီး Chat ကို နှိပ်လိုက်ပါ။
(၃) Chat စာမျက်နှာမှာ Select 'Don't save chat history in my Gmail account' ကို ရွေးပြီး Save လုပ်ခြင်းဖြင့် မိမိပြောဆိုခဲ့တာတွေကို ဂျီးမေးလ်ထဲမှာ သိမ်းဆည်းထားခြင်း မရှိတော့ပါ။ အကယ်လို့ သိမ်းဆည်းလို့ပါက အထက်ပါအဆင့်အတိုင်း ပြန်သွားပြီး 'Save chat history in my Gmail account' ကို နှိပ်ပြီး Save လုပ်လိုက်ခြင်းဖြင့် မိမိ ပြောဆိုခဲ့တာတွေကို စကားပြောမှတ်တမ်း မှာ သိမ်းထားလိမ့်ပါ မယ်။

ဂျီတော့ခ် (ခ) ဂူးဂဲလ်တော့ခ်
(၁) ဂျီတော့ခ်ကို ဖွင့်ပါ။ (၂) မိတ်ဆွေသူငယ်ချင်းစာရင်း အထက်ပိုင်းရှိ Settings ကို နှိပ် Chat မှာ 'Don't save chat history in my Gmail account' ရွေးလိုက်ခြင်းဖြင့် မှတ်တမ်းသိမ်းဆည်းမှုကို ပိတ်ထားနိုင်ပါ တယ်။ သိမ်းထားလိုပါက အထက်ပါ အဆင့်အတိုင်း လုပ်ပြီး 'Save chat history in my Gmail account' ရွေးလိုက်ပါ။ ပြီးနောက် OK လုပ်ပါ။ မှတ်ချက်။ ။ မိမိဖက်က စကားပြော မှတ်တမ်းကို သိမ်းဖို့ မလုပ်ထားပေမယ့် တဖက် စကားပြောသူများက သိမ်းထားရင်လည်း မိမိတို့ စကားပြော မှတ်တမ်း အကြောင်းအရာ အချက်အလက်များကို သူတို့ မှတ်တမ်းမှ ရယူနိုင်ပါတယ်။ သူတို့ဆီမှာ မိမိ ပြောဆိုချက် များကို မတင်ကျန် မသိမ်းဆည်းလိုပါက မိမိအနေနဲ့ off the record ကို ရွေးချယ် သုံးသင့်ပါတယ်။ Off the record လုပ်ထားခြင်းဖြင့် မိမိ စကားပြောမှတ်တမ်း နဲ့ ဆက်သွယ် ပြောဆိုသူများရဲ့ မှတ်တမ်းများမှာ မိမိတို့ ပြောဆိုချက်များ မတင်ကျန် သိမ်းဆည်းထားခြင်း မရှိတော့ပါ။
 
 Off the record လုပ်ထားတာကို မိမိ နဲ့ ဆက်သွယ် စကားပြောသူများ သိနိုင်ပြီး မိမိ ဂျီတော့ခ်မှာ Off the record ဖြစ်နေတာကို အသိပေးတာ ကို တွေ့ရပါမယ်။ Off the record လုပ်နည်း ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်း ညာဖက်ရှိ အောက်ဖက်ညွန်းမျှား (down arrow) ကို နှိပ်လိုက်ပြီး Go off the record ကို ရွေးချယ်လိုက်ပါ၊ ဂျီမေးလ်ချက်မှာတော့ ချက်ဘောက် (chat box) ရှိ Video & more မြားကလေးကိုနှိပ်ဖွင့်ပြီး အထက်ဖက်ရှိ Off the record ရွေး ချယ်လိုက်ရင် မိမိနဲ့ ဆက်သွယ်သူများရဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားမည် မဟုတ်ကြောင်း သတိပေးချက်ကို ရရှိပါလိမ့်မယ်။ အကယ်၍ မိမိအနေနဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားလိုပါက ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်းရှိ cancel (သို့) Options အောက်ရှိ stop chatting off the record ရွေး ချယ် ပြောင်းလိုက်ပါ။ 
 
အထက်ဖော်ပြပါ အကျဉ်းချုပ် ရှောင်ရန်ဆောင်ရန် သတိပြုစရာများကို လုပ်ဆောင်ခြင်းဖြင့် အင်တာနက် သုံးစွဲခြင်းကို အနေအထားတခု အထောက်အကူ ပြုနိုင်ပါလိမ့် မယ်။ ပျော်ရွှင်ချမ်းမြေ့စွာ လွတ်လပ်စွာ အင်တာနက်သုံးစွဲနိုင်ကြပါစေ။

( မိုးမခ )

Ref: http://www.winkabarkyaw.net/

Huawei မှ P7 ကို ပဲရစ်မြို့တွင် မိတ်ဆက်ပြသခဲ့......................

http://img.netzwelt.de/article/2014/huawei-ascend-p7-mini-neuauflage-p6-bild-huawei-90241.jpg

ကမ္ဘာ့ တတိယအကြီးဆုံး မိုဘိုင်းထုတ်လုပ်သည့် Huawei ကုမ္ပဏီက နောက်ဆုံးထုတ် Smart ဖုန်းဖြစ်သည့် P7 ဖုန်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် စတင်င်္ပြိးမိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

၎င်းဖုန်း၏ နောက်ဖက်ရှိ ကင်မရာကို 13 Megapixel ထိ ထည့်သွင်းပေးထားသောကြောင့် ကြည်လင်ပြတ်သားသောဓါတ်ပုံများကို ရိုက်ယူနိုင်မည်ဖြစ်ပြီး ရှေ့ဖက်ကင်မရာကိုမူ လတ်တစ်လော မိုဘိုင်းဖုန်း သုံးစွဲသူများအကြား ခေတ်စားလာသောအလေ့အထဖြစ်သည့် မိမိကိုယ်ကိုဓါတ်ပုံရိုက်ခြင်း(Selfie) အတွက်ကို အထူးပြုလုပ် ထားသော ဖုန်းဖြစ်သည့်အားလျှော်စွာ 8 Mega Pixel ထိထည့်သွင်းပေးထားသောကြောင့် ဖုန်းသုံးစွဲသူများသည် P7 ကို အသုံးပြုကာ မိမိကိုယ်ကိုဓါတ်ပုံရိုက်ပါက သာမန် ဖုန်းရှေ့ကင်မရာများကဲ့သို့ ရုပ်ထွက်မှိန်ခြင်း၊ မှုန်ဝါးခြင်းများမရှိပဲ အလွန်ကောင်းမွန်သောပုံရိပ်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထူးခြားချက် အဖြစ် ရှေ့ကင်မရာကို အသုံးပြုပြီး မြင်ကွင်းကျယ်စနစ်(Panorama)စနစ်ဖြင့် ရိုက်ယူနိုင်သောကြောင့် ရှေ့ကင်မရာကိုအသုံးပြုပြီး သူငယ်ချင်းများကို တစ်စုတစ်စည်းထဲဓါတ်ပုံထဲ ပါဝင်လာအောင်ရိုက်ယူနိုင်မည်ဖြစ်ပါသည်။ ရိုက်ကူးသောဓါတ်ပုံကို ပုံရိပ်ဖမ်းယူပေးသော Image Processing Chips သည် Professional သုံး DSLR ကင်မရာများတွင်အသုံးပြုသော Chipsဖြစ်သောကြောင့် အလင်းရောင်နည်းပါးသောနေရာများတွင်ရိုက်ကိုသောဓါတ်ပုံများကို သာမာန်ဖုန်းကင်မရာများနှင့် ရိုက်ကူးသည်ထက် အဆပေါင်းများစွာ ရှင်းလင်းပြတ်သားစွာဖမ်းယူနိုင်ပြီး ရိုက်ကူးရလွယ်ကူစေရန်အတွက် ရိုက်ကူနေစဉ်အတွင်း ဖုန်း၏မျက်နှာပြင်ပေါ်တွင် မိမိရိုက်ကူမည့်ပုံရိပ်ကို အကောင်းဆုံးဖေါ်ပြပေးမည့် Preview Window Feature ကိုလည်း ထည့်သွင်း ပေးထားသဖြင့် ဖုန်းဖြင့် ဓါတ်ပုံရိုက်လေ့ရှိသူများအဖို့ များစွာလွယ်ကူအဆင်ပြေစေမည်ဖြစ်ပါသည်။

P7 ဖုန်းသည် ယခင်နှစ်ကထွက်ရှိခဲ့သော P6 ဖုန်းကဲ့သို့ပင် အလွန်ပါးလွှာသော ကိုယ်ထည်ဒီဇိုင်းဖြင့်တည်ဆောက်ထားကာ ဖုန်း၏ရှေ့ဖက်နှင့်နောက်ဖက်ကို အလွယ်တကူ အစင်းဖြစ်ခြင်းမှ ကွယ်နိုင်စေရန်အတွက် Gorilla Glass ဖြင့် ဖုန်းအုပ်ထားပြီး ဖုန်းကို အမည်း၊ အဖြူ နှင့် ပန်းရောင်ဟူသည့် အရောင်ကွဲ သုံးမျိုးဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။

ဖုန်း Battery ကို ကြာရှည်ခံစေရန် 2500 mAh ပမာဏ ရှိသော ဘက်ထရီကို အသုံးပြုထားသဖြင့် ဖုန်းဘက်ထရီ ၁၀%သာကျန်ရှိသည်နှင့် Power Saving Mode သို့ အလိုအလျှောက်ရောက်ရှိသွားစေရန် စီမံထားသဖြင့် သုံးစွဲသူများဖုန်းသုံးစွဲနေရင်း ဖုန်းBattery ကုန်သွားသောဖြစ်ရပ်များကို ရှောင်ရှားနိုင်တော့မည်ဖြစ်ပါသည်။

Asend P7 ကို ယခင်နှစ်ကထွက်ရှိခဲ့သော P6 ကိုအခြေခံကာ ပိုမိုကောင်းမွန်စေရန်တည်ဆောက်ထားပြီး ဖုန်း၏ ၅လက်မ မျက်နှာပြင်ပေါ်တွင် Pixel Density မှာ 441 ppi ရှိသောကြောင့် အလွန်ကြည်လင်တောက်ပသော ရုပ်ထွက်ကိုခံစားနိုင်မည်ဖြစ်ပါသည်။ ဖုန်းကိုယ်ထည်မှာလည်း အလွန်ပါးလွှာကာ 2.97 mm သာရှိသဖြင့် နောက်ဆုံးထုတ် စမတ်ဖုန်းတစ်လုံးဖြစ်သည့် Samsung S5 မှာ 4.5 mm ရှိသဖြင့် S5 ထက်များစွာ ပါးလွှာသည်ကို သိရှိနိုင်ပါသည်။ P7 အတွက် Android OS ၏နောက်ဆုံးထုတ် Version ဖြစ်သော 4.4.2 (Kitkat) ကိုထည့်သွင်းပေးထားပြီး ဖုန်းအတွင်းတွင် သုံးစွဲသူများမိမိကိုယ်တိုင်ကြိုက်နှစ်သက်သည့် Theme ကို ပြောင်းလဲအသုံးပြုနိုင်စေရန် Themes ပေါင်း 100 ကျော်ပါဝင်ပါသည်။ ထို့အပြင်ဖုန်းတစ်ခုလုံးကို lock screen မှတဆင့် ထိန်းချုပ်နိုင်သောစနစ်ကိုလဲထည့်သွင်းပေးထားပါသည်

Ascend P7 သည် 4G LTE စနစ်ကို ထောက်ပံ့ပေးနိုင်ပြီး ဖုန်းခေါ်ဆိုမှုအတွက် ကြည်လင်ပြတ်သားစေရန်အတွက် ဖုန်း၏ Antenna ကို အထူးဒီဇိုင်းထုတ်ထားသောဖုန်းဖြစ်သည်။ ဖုန်း၏တန်ဖိုးမှာ ဈေးကွက်အတွင်းရှိ တစ်ခြားသော အဆင့်မြင့် Smart Phone များနှင့် ယှဉ်လျှင် သက်သာလှသော ဈေးနှုန်းဖြစ်က ဥရောပဈေးကွက်တွင် ၄၄၉ ယူရိုဖြင့်ရောင်းချမည်ဖြစ်သည်။ Huawei Company သည် တစ်ကမ္ဘာလုံးတွင် လူအသိအများဆုံး Brand များထဲအပါအ၀င်ဖြစ်ပါသည်။ Brand ကို အသိအမှတ်ပြုမှုသည် ယခင်နှစ်က ၂၅%ရှိရာမှ ၅၂%ထိ ထိုးတက်လာခဲ့သည်။ Huawei သည် P series ၏ ပထမဆုံး ဖုန်းဖြစ်သော P1 ကို ၂၀၁၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ Huawei P6 ဖုန်းသည် နိုင်ငံပေါင်း၁၀၀ကျော်တွင် ရောင်းချနေပြီး စုစုပေါင်း ဖုန်းအလုံးရေ လေးသန်းကျော်ထိ ရောင်းချခဲ့ပြီးဖြစ်သည်။

ပဲရစ်မြို့တွင် ကျင်းပသော P7 ကို မိတ်ဆက်ပွဲတွင် CEO ဖြစ်သူ Richard Yu P7 သည် Huawei အတွက် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် အသစ်တည်ဆောက်ရန် အရေးပါသော ထုတ်ကုန်တစ်ခုဖြစ်ပြီး ဤဖုန်းကို အကောင်းဆုံးဖြစ်စေရန်အတွက် အချိန် နည်းပညာနှင့် တစ်ခြားသော Resource များကို များစွာရင်းနှီးမြုပ်နှံခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

THZ : HUAWEI DEVICE MYANMAR

လက်နက်အမြောက်အမြား ဖမ်းမိဟု ထိုင်းစစ်တပ်ပြော.....................


  စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ထိုင်းနိုင်ငံမှာ မနေ့ညက လက်နက်တွေကို ဖမ်းမိတယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုပါတယ်။

ဘန်ကောက်က ဆန္ဒပြပွဲတွေကို ရှုပ်ထွေးစေဖို့ ရည်ရွယ်တဲ့ လက်နက်တွေကို လုဘူရီခရိုင်ထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

စစ်တပ်ပြောခွင့်ရသူ ၀င်ထိုင်း ဆုဗာရီက “လက်နက်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အမြောက်အမြားကို ဖမ်းမိထားတာကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ညွန်ကြားမှုဌာနဆီကို အကြောင်းကြားလာပါတယ်။ ဒီကိစ္စကို ဆက်ပြီးတော့ စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေ၊ အစိုးရထောက်ခံတဲ့ အုပ်စုတွေ နှစ်ဖက်စလုံး တနေရာစီက သပိတ်စခန်းတွေမှာ ရှိနေကြပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတွေ၊ ချီတက်ပွဲတွေကို မလုပ်ဖို့ စစ်တပ်က ညွန်ကြားထားပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချာနဲ့ နိုင်ငံရေး အုပ်စုတွေက ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ မေလ ၂၁ ရက်နေ့မှာ ထိုင်းစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။

အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဖွေထိုင်းပါတီ ခေါင်းဆောင်၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီအတွင်းရေးမှူး ဆူသပ်သွန်ဆူဘန်း၊ အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရက်တပ်ဦး (ရှပ်နီအဖွဲ့) ခေါင်းဆောင်တို့ ပါဝင်တယ်လို့ စစ်တပ် ပြောခွင့်ရသူ စရီချန်း နတ်သွန်က ပြောပါတယ်။

   By ဒီဗွီဘီ

ရေးမြို့နယ်မှာ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ .......



နေပြည်တော်၊ မေ ၂၁

၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသ

ရဲဇာနည်

ရန်ကုန်လေဆိပ်မှာ စင်ကာပူ လောယာဉ်တစီး ပြေးလမ်းချော် ...............

Wednesday, May 21, 2014
ရန်ကုန်လေဆိပ်မှာ စင်ကာပူလေယာဉ်တစီး ပြေးလမ်းချော်မှု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း 
မြန်မာ့ ရုပ်မြင်သံကြားက အခုလို ဖော်ပြသွားပါတယ်။ 


စင်္ကာပူ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လမ်းချော်မှု ဖြစ်ပွား 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မေလ (၂၁)ရက်နေ့ နံနက် (၉:၁၅) နာရီတွင် စင်္ကာပူမှ ရန်ကုန်မြို့ သို့ ပျံသန်းလာသော စင်္ကာပူ လေကြောင်းလိုင်း Airbus A-110 လေယာဉ် အမျိုးအစား 
လေယာဉ် အမှတ် 9V STS သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေး လမ်းအဆင်းတွင် ပြေးလမ်း
ချော်မှု ဖြစ်ပွားခဲ့ပါသည်။ 

လေယာဉ်ပေါ်တွင် လေယာဉ်မှူး (၃)ဦး၊ လေယာဉ်ဝန်ထမ်း (၁၀)ဦး၊ ခရီးသည် (၂၅၂)ဦး စုစုပေါင်း (၂၆၅)ဦးပါရှိပြီး စင်္ကာပူမှ ရန်ကုန်လေဆိပ်အရောက် လေဆိပ်ပြေးလမ်း (၂၁)အတိုင်း ချဉ်းကပ် ဆင်းသက် လာစဉ် ပြေးလမ်းမှ စတင် ထိတွေ့ပြီးနောက် ပြေးလမ်းမြောက်ဘက် ထိပ်အစပ်မှ ပေ (၂၀၀၀) မရောက် မီ ဘေးသို့ ဆွဲကာ ပြေးလမ်း အနောက်ဘက်ခြမ်း မြေသားပေါ်သို့ လေယာဉ်ယာဘက်ကီး ကျသွားခဲ့ပါ သည်။ 

လေယာဉ်ဘီး နှစ်ဖက်စလုံး မြေသားပေါ်သို့ ရောက်ရှိသွားကာ ပြေးလမ်း မြောက်ဘက်ထိပ် အစပ်မှ ပေ (၄၀၀၀) ခန့်တွင် ပြေးလမ်းပေါ်သို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။


  
အိမ့်သံစဉ် ~

 

မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေခဲ့သော အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး..

Posted by: Ko Myo on Wednesday, May 21, 2014 Categories:

Wednesday, May 21, 2014

မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေမှုကြောင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တွင်ဖြစ်ပွားခဲ့သည့် ၎င်းအမှုတွင် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုး ကန်ဒယ်လီရီးယား ဟာ ၃ နှစ်အရွယ် ကလေးမလေးကို အိမ်သာထိုင်ခုံပေါ်သို့ အတင်းအကြပ် ထိုင်ခိုင်းပြီး မစင်များကို အတင်း အကျပ်ပြန်လည်စားခိုင်းစေခဲ့ပါတယ်။

ရေချိုးနေစဉ်တွင်း မိမိစွန့်ခဲ့မိသည့် မစင်များကို အတင်းအကျပ်ပြန်လည်စားခိုင်းခြင်း ခံခဲ့ရတဲ့ ၃ နှစ် အရွယ်ကလေးမလေး၏ ဖခင်ဖြစ်သူ၏ ရည်းစားဖြစ်သူ ကန်ဒယ်လီရီယား တစ်ယောက် ယခုအချိန်မှာတော့ ကလေးသူငယ် ညှင်းပန်းနှိပ်စက် မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားပြီဟု ဒေသခံ တီဗီသတင်းဌာန KNXV ကပြောပါတယ်။ ကလေးငယ်၏ အမည်နှင့် မည်သူမည်ဝါဖြစ်သူကို မီဒီယာများက ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေမယ့် ၎င်းကလေးမလေးဟာ ဖခင်ဖြစ်သူ၏ အိမ်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက သွားရောက်နေထိုင်ခဲ့ခြင်းဖြစ်ကာ ဖခင်၏ရည်စားဖြစ်သူရဲ့ အနှိပ်အစက်များကို ခံနေခဲ့ရသူဖြစ်ပါတယ်။

ဆေးရုံတွင်ဆေးကုသမှု ခံယူနေရတဲ့ ကလေးမရဲ့အခြေအနေဟာ မှုခင်းဆရာဝန်များ၏ပြောကြားချက်အရ ခန္ဓာကိုယ်ရဲ့ နံဘေး ၊ ကျော ၊ ရင်ဘတ် နှင့် ခြေထောက်တို့မှာ အတွင်းကျေဒဏ်ရာများရရှိထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကလေးမလေးဟာ ကန်ဒယ်လီရီးယားရဲ့ အနှိပ်အစက်တွေကို တော်တော်ခံထားရနိုင် တယ်ဟု ပြောပါတယ်။ ကလေးမလေးရဲ့ အမွှာမောင်နှစ်မတစ်ဦးနှင့် ၅ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ ကလည်း ကန်ဒယ်လီရီးယားဟာ ၎င်း ကလေးမလေးကို အတင်းအကြပ် မစင်များကို စားစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကိုပြောကြားထားပါတယ်။ ကလေးတွေရဲ့ ဖခင်ဖြစ်သူ လုပ်ငန်းခွင်သို့သွားရောက်နေစဉ် ကလေး များကို ထိန်းကျောင်းပေးခဲ့တဲ့ ကန်ဒယ်လီရီးယား ကတော့ သူမအနေနဲ့ ကလေးငယ်များကို အတင်း အကြပ် စေခိုင်းမှုများမပြုလုပ်ခဲ့ပါဘူးဟု ငြင်းဆိုထားသော်လည်း ရဲတပ်ဖွဲ့ကတော့ သူမကို အမှုဖွင့် ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, May 21, 2014

ရန်ကုန်မြို. နေ.ခင်းကြောင်တောင်ကားလုယက်မှုဖြစ်ပွား။................




အင်းလျားလမ်းနှင့် တကသိုလ်ရိပ်သာ လမ်းထောင့်တွင် ယနေ.နေ.လည်(၂)နာရီခန်.က ကားတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး Taxi ကားတစ်စီးမှာ တစ်စီးပြီးတစ်စီး တိုက်လာတာကို တွေ့ရ ကြောင်း၊လူတွေကလည်း အော်ဟစ်နေကြပြီး ယာဉ်ထိမ်းရဲ နှစ်ယောက် ချက်ချင်း ရောက်ရှိလာကြောင်း၊ယာဉ်ထိန်း တစ်ယောက် ကသော့ကို ဆွဲဖြုတ်ဖို့ ကြိုးစားပါတယ်၊ ကားပေါ်မှာလူမှ ထိုးကြိတ် တိုက်ခိုက်ခြင်းကြောင့် ယာဥိထိန်းရဲတစ်ဦး မျက်လုံးတော်တော် ထိခိုက်သွားပုံရကြောင်း။ အဆိုပါလူကို ထိန်းချုပ်ဖို့ ပတ်ဝန်းကျင်က လူတွေနဲ့ ယာဉ်ထိန်းရဲ နှစ်ယောက်ပေါင်းပြီး ကြိုးစားတာကို ပြန်ခုခံပါတယ်..နောက် ၁၀ မိနစ်လောက်အကြာ ယာဉ်ထိန်း၅ယောက်လောက် ထပ်ရောက် လာပြီးသူ့ကို Probox ကားပေါ်ပွေ့တင်သွားပါတယ်။ ကားစထွက်ရုံပဲ ရှိသေးတယ် Probox နောက်ဖုံးထဲမှာ ထည့်ထား တာကို ဖွင့်ပြီး လမ်းပေါ် ထွက်ပြေးပြန်ပါတယ်။ ပတ်ဝန်းကျင်မှ လူအားလုံးကဝိုင်းချုပ်..ခါးပတ်နဲ့လက်ကိုချည်ပြီး ဖမ်းဆီး တင်ခေါ်သွားရပါတယ်။ ထိုသူမှာ Taxiသမားဆီက ကားကို လုယက်ပြီး ထွက်ပြေးလာတာ ဖြစ်ကြောင်း နှင့် မူးယစ်ဆေးဝါး သုံးထားတယ်လို့ ယူဆရပါတယ်လို. ကိုယ်တိုင် ပါဝင်ဖမ်းဆီးပေးခဲ့သူ ကိုစိုးဂျူလှိုင်၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားပါသည်။
 
သတင်းဓါတ်ပုံ- ကိုစိုးဂျူလှိုင်

ပည်တွင်းဘဏ်များ အွန်လိုင်းငွေပေးချေမှုစနစ် စတင် ..................


Posted by: Ko Myo on Wednesday, May 21, 2014 Categories:
photo;www.abiederman.com

ပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် Internet Banking စနစ်ကို အသုံးပြု၍ အွန်လိုင်းငွေပေးချေမှုများကို စတင် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်ဟု ပြည်တွင်းဘဏ်အချို့က မဇ္ဈိမကို ပြောသည်။

ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အနေဖြင့် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ၀န်ဆောင်မှုပေး ရန် ဗဟိုဘဏ် ခွင့်ပြုချက်ရထားပြီးဖြစ်ကာ မေလအတွင်းက စတင်လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘဏ်၏ ဒု-အထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက ပြောသည်။

ဦးသက်ကိုကိုမျိုးက “လက်ရှိမှာတော့ နိုင်ငံတကာက ငွေပေးချေမှုကတ်တွေနဲ့ပဲ အွန်လိုင်းငွေပေးချေမှုကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာပါ။ ကျွန်တော်တို့ ဘဏ်တွေအနေနဲ့ ချိတ်ဆက်ထားတဲ့ အရောင်း ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေယာဉ်လက်မှတ် ၀ယ်ယူတဲ့ နေရာမျိုးတွေမှာ ပေးချေနိုင်မှာပါ။ အရောင်း ဆိုင်နဲ့ ဈေးဝယ်သူကြားမှာ ငွေပေးချေပေးတဲ့ အွန်လိုင်း Payment Gateway ပုံစံမျိုးသွားတာပါ” ဟု ဆိုသည်။

Internet Banking စနစ်သည် ဘဏ်လုပ်ငန်းအားလုံးကို အင်တာနက် ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ဆောင် ရွက်ခြင်းများ ပြုလုပ်နိုင်ပြီး အွန်လိုင်းငွေပေးချေမှု လုပ်ငန်းများနှင့်ပါ ချိတ်ဆက်ထားခြင်း ဖြစ်သည်။

အဆိုပါ Internet Banking စနစ်ကို မကြာမီဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေပြီဟု ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် စီဘီဘဏ်၏ ဒု-အထွေအထွေ မန်နေဂျာ ဦးဇေယျာအောင်က ပြောသည်။

ဦးဇေယျာအောင်က “Internet Banking ၀န်ဆောင်မှုပေးနိုင်ဖို့ လုပ်နေပါတယ်။ ဒီစနစ်မှာ ကျွန်တော်တို့ ဘဏ်စနစ်တွေအားလုံးကို အွန်လိုင်းပေါ်ကနေ အလွယ်တကူ ဆောင်ရွက်နိုင်လိမ့်မယ်။ အကောင့် ပိုင်ရှင်တွေကလည်း ငွေလွှဲတာ၊ ငွေစာရင်းစစ်တာကအစ အွန်လိုင်းမှာ ၀င်ရောက်ကြည့်ရှု စစ်ဆေးနိုင် လိမ့်မယ်” ဟု ပြောသည်။

Internet Banking စနစ်ကို အသုံးပြုရာတွင် ဘဏ်အနေဖြင့် Internet Banking ၀က်ဘ်ဆိုဒ်ကို လွှင့်တင် ထားရမည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အကောင့်နာမည်၊ လျှို့ဝှက် နံပါတ် များဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အပြင် ကုန်ရောင်းကုန်ဝယ် အခွန်များ၊ မီတာခ၊ ဖုန်းဘီလ် ဖြည့်သွင်းခြင်း စသည့်လုပ်ငန်းများကိုလည်း အွန်လိုင်းမှ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဦးဇေယျာအောင်က“အခွန်အခပေးတာမျိုးတွေကို အွန်လိုင်းအကောင့်ကနေ တစ်ဆင့် ပေးချေလို့ ရသလို ဈေးဝယ်စင်တာတွေ၊ ကုန်ရောင်းကုန်ဝယ်တွေမှာ ငွေပေးချေမှုမျိုးကိုလည်း ဆောင်ရွက်လို့ရမှာပါ။ အခုလည်း စီဘီဘဏ်ရဲ့ ငွေပေးချေမှုကို အသုံးပြုနိုင်မယ့် ဆိုင်တွေ၊ နေရာတွေကို ချိတ်ဆက်မှုတွေ လုပ်နေပါ တယ်” ဟု ပြောသည်။

ထို့ပြင် ကျေးလက်ဒေသအထိ ငွေပို့ ငွေလွှဲခြင်းများပြုလုပ်နိုင်မည့် Mobile Banking စနစ်ကို စတင် သုံးဆွဲမှုများ ပြုလုပ်နေပြီဖြစ်သည်ဟုလည်း စီဘီဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက ပြောသည်။

Internet Banking သည် ၀က်ဘ်ပေါ်တယ်မှ တစ်ဆင့် ဘဏ်လုပ်ငန်းများ၊ ဈေးရောင်းဈေး ၀ယ်ခြင်းနှင့် ငွေပေးချေမှုများအတွက် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သည့် Mobile Banking စနစ်သည် ကျေးလက်ဒေသအထိ အေးဂျင့်များမှ တစ်ဆင့် ငွေထုတ်၊ ငွေလွှဲခြင်းများ အထိ ဆောင်ရွက်နိုင် မည်။

Mizzima News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Facebook Account ကို Confirm Code မတောင်းအောင်ဖွင့်နည်း.......................





အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ)
  ယူကျု ကနေကြည့်လိုပါက Look Here
အားလုံးအဆင်ပြေပါစေလို့ရေနီသားဖြိုးလေးဆုတောင်းလျက်
Admin...ရေနီသားဖြိုးလေး
Gmail...yenihackerlay@gmail.com
Phone Number....09428175198

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Friday, May 16, 2014

ကိုယ့်အိမ်က ကလေး ဘာတွေ စားနေသလဲ ...........

Friday, May 16, 2014
 ~


  ~  အစားအစာတချို့မှာ "သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ" ပါဝင်နေတယ် ဆိုတဲ့ ကြေညာချက် တခုကို ပြန်ကြားရေးဌာနက ကြာသပတေးနေ့မှာ  ဖြန့်ပါတယ်။ 

ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများကနေ ဝယ်ယူ စစ်ဆေးရာကနေ အဲသလို တွေ့တာလို့ ဆိုတယ်။

မုန့် အတော်များများမှာ ဆိုးဆေး သုံးထားတတ်ပါတယ်။
အခု ဖော်ပြပါ ၉ မျိုးက တားမြစ်ဆေးဝါး သုံးထားတာကြောင့် ကြေညာချက်ထဲ ပါဝင်သွားတာပါ။

ကိုယ့်အိမ်က ကလေး ဘာတွေ စားနေသလဲ။
မုန့်တံဆိပ်က ထုတ်ပြန်ချက်ထဲက တံဆိပ်လား။
ကိုယ့်မီးဖိုထဲမှာ ဘာတွေ သုံးနေသလဲ။
တံဆိပ်က ထုတ်ပြန်ချက်ထဲက တံဆိပ်တွေလား။

အသိပေးကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


စားသုံးရန် မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေးကြေညာချက်
********************************************


ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက်များ ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတု ဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း သတိပေး အပ်ပါသည်။

အမှတ်တံဆိပ်နှင့် အစားအသောက် အအမျိုးအစားများ

 



.

Thursday, May 15, 2014

ဆော့ဝဲ မလိုသော ဖိုင် ဖျောက်နည်း ( For Android Phone )....................








အသုံးဝင်မယ်လို့ ထင်ပါတယ်။ ပုံမှန် အတိုင်းဆို Android ဖုန်းတွေမှာ Gallery ကို ဖွင့်လိုက်တာနဲ့ ဓါတ်ပုံ
တွေ၊ ဗီဒီယို ဖိုင်တွေကို ထုတ်ပေး ပါလိမ့်မယ်...သင့်အနေနဲ့ မပေါ်စေချင်တဲ့ ဗီဒီယို ဖိုင်တွေ ရှိမယ်ထင်
ပါတယ်။

ပုံတွေ အပါအ၀င်ပေါ့...ဒီနည်းလမ်း အတွက် ဆော့ဝဲ မလိုပါဘူး ခင်ဗျာ...အောက်မှာ ပုံနှင့် တကွ ရှင်းပြ
ထားပါတယ်။ သတိ မထားမိလို့ပါ။ Viber မှာဆိုရင် user photo နဲ့ sharing photo တွေကို Gallery မှာ
မတွေ့ ရပါဘူး..File manager ကနေ viber ဖိုင်ထဲက user photo ဖိုဒါထဲ ၀င်ကြည့်ပါ။ .nomedia ဖိုင်
လေးရှိနေ ပါတယ်။ အဲဒါလေးကို ဖျက်ထုတ်လိုက်မယ်ဆိုရင် user photo ထဲက ပုံတွေ Gallery မှာတွေ့
ရပါမယ်...ဒါကြောင့်ဒီနည်းလေးမျှဝေလိုက်ပါတယ်။

ဘာမှလည်း လုပ်စရာ မယ်မယ်ရရ မရှိပါ။ မပေါ်စေချင်တဲ့ ဓါတ်ပုံ ဖိုဒါထဲဝင် ပြီး ဖိုင်လေး တစ်ဖိုင် တည်
ဆောက်ပေးလိုက် ရုံပဲဖြစ်ပါတယ်ခင်ညာ။

သင့် ဖုန်းထဲမှာ video ဆိုတဲ့ ဖိုဒါထဲမှာ ဗီဒီယိုဖိုင်တွေ ရှိပြီးတော့ သင့်က Gallery ကိုဖွင့်လိုက်ရင် ဒီ ဗွီဒီ
ယိုတွေ မပေါ်စေချင်ဘူး ဆိုပါစို့။ (ဓါတ်ပုံတွေရောပေါ့နော်)

1. ဖိုင်မန်နေဂျာ တစ်ခု ခုကနေ video ဖိုဒါထဲ ၀င်လိုက်ပါ။


2. ဖုန်းရဲ့ menu key ကိုနှိပ်ပြီး New ကနေ တစ်ဆင့် File ကို ရွေးပေး လိုက်ပါ။



ဒါဆိုရင် new file အတွက် နာမည်ပေးတဲ့ နေရာရောက် ပါလိမ့်မယ်။ ဖိုင်နာမည်ကို .nomedia လို့ ပေး
လိုက်ပါ။ စာလုံး မမှားနဲ့နော်။ .nomedia ပါ။

3. ပြီးရင် အိုကေ လိုက်ပါ။ .nomedia is created ဆိုတာလေး စောင့်ပေးပါ။



ဒါပါပဲ Gallery ကို restart ပြန်ဖွင့် လိုက်ပါ။ video file ပေါ် မလာတော့ပါ။ ဒီလို ပါပဲ ဓါတ်ပုံတွေ အတွက်
ဆိုလည်း ဓါတ်ပုံရှိနေတဲ့ ဖိုဒါထဲကို .nomedia ဆိုတဲ့ ဖိုင်လေးတစ်ခု တည်ဆောက်ပေးလိုက်ပါ။

ပုံတွေ Gallery မှာပြန်ပေါ် ချင်တယ် ဆိုရင် ဘာလုပ် ရမလဲဆိုတာ သိကြမှာပါနော်...

ဟုတ်ကဲ့ကျေးဇူးပါ

ပို့စ်ရေးသူ-HanWaiLinn(www.sayyoethe.blogspot.com)

https://www.facebook.com/hanwailinn.hanwailinn

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆော့ဝဲ မလိုသော ဖိုင် ဖျောက်နည်း ( For Android Phone ) http://www.simon-vlog.com/2014/05/for-android-phone.html#ixzz31ibdbq4S
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မန်မာနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား ............


14 May 2014 11:22(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)


 ဘင်္ဂလား မြန်မာနယ်စပ်တွင် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့စ်ဘဇားနယူးတွင် ဖေါ်ပြသည်။

ယင်းပစ်ခတ်မှုသည် နံနက် ၆ နာရီခန့်မှ စတင်ပြီး ၇ နာရီတွင် ပြီးဆုံးကာ  နယ်စပ်မှတ်တိုင် အမှတ် ၃၇- ၃၈ အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။

ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း မည်သည့်အဖွဲ့နှင့်ဖြစ်သည်ကို မသိရှိရသေးကြောင်း၊  ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့မှလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေ့ခ်ျ နယ်ခြား စောင့်တပ်မှ အရာရှိတစ်ဦးကပြောဆိုသည်ဟု သတင်းတွင် ဆက်လက်ဖေါ်ပြသည်။

ဘင်္ဂလားဒေခ်ျ့နှင့် မြန်မာနယ်စပ်တွင် တည်ရှိသည့် ဘင်္ဂလာဘက်ခြမ်း ဘိုင်ချာဘာရီရွာသားများက ညနေ ၃ အချိန်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု ပြောဆိုကြောင်းလည်း ယင်းသတင်းတွင် ဆက်လက် ရေးသားသည်။

၎င်းသတင်း ရရှိပြီးနောက် နယ်စပ်သို့ စုံစမ်းရာ တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး အောင်သပြေနှင့် ဗန္ဓုလ ကျေးရွာအနီးတတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် မောင်တောမြို့တွင်လည်း လုံခြုံရေးများ တိုးချထား ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

“  မနေ့မနက်က နယ်မြေ ၁ မှာ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။ ဘယ်အဖွဲ့ ဆိုတာတော့မသိဘူး။ အာရ်အက်စ်အိုလို့တော့ လူတွေ ပြောနေကြတယ်။ မြို့ထဲ မှာ လည်း ခြုံရေးတွေချထားတာ တွေ့ရတယ်။ နယ်တွေမှာလည်း လုံခြုံရေးတိုးချထားတယ်လို့ ကြားပါတယ်။”

နယ်စပ်တွင်တည်ရှိသည့် အောင်ဗလ ကျေးရွာသားတစ်ဦးက သူတို့ရွာလုံခြုံရေးနှင့် ပတ်သတ်ပြီး ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ရွာမှာတော့ လုံခြုံရေးတပ်ဖွဲ့ အယောက် ၁၀ ကျော်ရှိတယ်။ ဒီဘက်မှာတော့ ပုံမှန်အတိုင်းပါ။ ထူးထူး ခြားခြားမရှိပါဘူး” ဟု ဆိုသည်။

ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အသေအပျောက်တချို့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မြန်မာ အာဏာပိုင်များမှ ယင်းပစ်ခတ်မူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောဆိုမူ မရှိသေးကြောင်း သိရသည်။

မြန်မာ နယ်ခြားစောင့်တပ်နှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့အစည်း ဆိုသည်ကို အတိကျ မသိရသေးသော်လည်း မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသည့် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် ခိုအောင်းနေသော အာရ်အက်စ်အို အဖွဲ့ ဖြစ်နိုင်ကြောင်း နယ်စပ်တွင် နေထိုင်သူများက ပြောသည်။

မောင်အေး
(နိရဉ္စရာ- ၁၄ မေလ ၂၀၁၄)

Facebook ပေါ်မှာ ငွေရှာမယ် ..................


Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေ ပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professional လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိခဲ့ ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ အိုင်တီ ကျောင်းဆင်းလည်း မဟုတ်။ တစ်ဖက်ကလည်း မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခု အထူးပြု သင်ယူ လေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Professional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/science-tech/internet/40688-ံhow-to-find-money-on-facebook.html

သူနဲ့ရတဲ့ ကိုယ်ဝန်ရှိလာလို့ ချစ်သူကို သတ်ခဲ့တဲ့ အထက်တန်းကျောင်းသား .................

Posted by: Ko Myo on Wednesday, May 14, 2014 Categories:
ဒီနေ့လည်း စိတ်မကောင်း ဖြစ်စရာ သတင်းတစ်ပုဒ် ဖတ်လိုက်ရလို့ World-Myanmar News ပရိသတ်လ ည်း သိပြီး သတိထားရှောင်ကျဉ်နိုင်ဖို့ ပြန်တင်ပေးလိုက်ပါတယ်။



အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က အထက်တန်းကျောင်းသား တစ်ဦးကိုတော့ သူ့ရဲ့ အမြွှာကိုယ်ဝန်လွယ်ထားတဲ့ အသက် ၁၆နှစ်အရွယ် ချစ်သူကို ဓါးနဲ့ ထိုးသတ်ခဲ့တဲ့အတွက် ဖမ်းဆီး ထားပါတယ်။ ကိုယ်ဝန်သည် မိန်းကလေး Arrijana Hill ကိုတော့ သူမနေအိမ်ဖြစ်တဲ့ တက္ကဆက်ပြည်နယ်၊ ပီးယားလန်း၊ East Cedar Hollow Drive မှာရှိတဲ့ အိမ်အမှတ် ၃၂၀၀၀ မှာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ပါ တယ်။

သံသယရှိသူကို မနေ့က အင်္ဂါနေ့ နေ့လည်ပိုင်းမှာ Pasadena Memorial အထက်တန်းကျောင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အမှုကျူးလွန်ချိန်မှာ သူဟာ ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးတာကြောင့် သူ့ရဲ့ နာမည်ကိုတော့ ဖော်ထုတ်ပြောဆိုထားခြင်း မရှိပါဘူး။ ဖမ်းဆီးပြီးနောက်မှာတော့ Brazoria County Juvenile Detention Center (လူငယ် ပြုပြင် ထိန်းသိမ်းရေး စခန်း) မှာ ထားရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးငယ်ရဲ့ ကိုယ်ဝန်ကို စစ်ဆေးတဲ့အခါမှာတော့ သူမ ဗိုက်ထဲက ကလေးနှစ်ဦးရဲ့ ဖခင်ဟာ သံသယရှိသူ အထက်တန်းကျောင်းသား ဖြစ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းသားကို Pasadena Memorial ကျောင်းမှာ ဖမ်းမိခဲ့ပေမယ့် သူရော သေဆုံးသူ မိန်းကလေး တို့ နှစ်ဦးစလုံးဟာ Dawson အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။ မိန်းကလေး ကိုယ်ဝန်ရှိနေတာကိုတော့ သူမရဲ့ မိခင်က လွန်ခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ ကတည်းက သိရှိခဲ့တယ်လို့ ပြောပါတယ်။ သူမတို့ နေထိုင်ရာ ပတ်ဝန်းကျင်ဟာ အဆင့်အတန်းရှိသူတွေသာ နေထိုင်တဲ့ ရပ်ကွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

သံသယရှိသူ ကျောင်းသားရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုခြင်း မရှိသလို၊ ဘယ်ပုံဘယ်နည်းနဲ့ သတ်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ မိန်းကလေး မသေဆုံးခင် အချိန်အထိ သူမကျောင်း ဘော်လီဘော အသင်းအတွက် ပါဝင်ကစားပြီး အသင်း အုပ်ချုပ်သူ ဖြစ်တယ်ကြောင်း သိရပါတယ်။ သူမဟာ ပြုံးရွှင်ချိုသာသူ ဖြစ်တယ်လို့ သူမကို သိသူတိုင်းက မှတ်ချက်ပေးကြပါတယ်။ သူမရဲ့ အလောင်းကို တွေ့ပြီး လေးရက်မြောက်မှာတော့ သူမရဲ့ဈာပနအတွက် လူပေါင်း ရာချီ စုဝေး တက်ရောက်ကြကြောင်း သိရပါတယ်။



World-Myanmar News (world-myanmar.com) မှ ဆီလျော်အောင် ပြန်ဆိုသည်။
ref: dailymail.co.uk
World-Myanmar News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

၄၂ လက်မမြင်ကွင်းထိ ရရှိနိုင်သော Projector ဖုန်းအမျိုးအစားသစ်တစ်မျိုး ဈေးကွက်ဝင်ရောက် ..............

Posted by: Ko Myo on Wednesday, May 14, 2014 Categories:


Projector အနေဖြင့် ကြည့်ရှုနိုင်သည့် ဟန်းဆက်ကို Samsung မှ ပထမဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။ ယခုဝင်ရောက်လာသည့် ၄၂ လက်မ မြင်ကွင်းထိရရှိနိုင်သော Projector ဖုန်းအမျိုးအစား သစ်မှာ Brand အမှတ်တံဆိပ်အသစ်ဖြစ်သည့် Magic On မှ တင်သွင်းဖြန့်ချိတာဖြစ်ကြောင်း သိရသည်။

၎င်းဖုန်းမှာ Magic On အမှတ်တံဆိပ် Ayane QS4 မော်ဒယ် ဖုန်းအမျိုးအစားသစ်ဖြစ်ပြီး စကရင် အရွယ် အစား ၄ လက်မ WVGA IPS ရှိမှာဖြစ်သည်။ GSM, WCDMA ဆင်းကဒ်များ ထည့်သွင်းအသုံးပြုနိုင် မှာ ဖြစ်သည်။ Resolution အနေဖြင့် 480×640 အထိ အထောက်အပံ့ပေးထားမှာဖြစ်သလို RAM 1GB ပါဝင်မှာ ဖြစ်သည်။ Processor အနေဖြင့် 1.2 GHz Dual Core အမျိုးအစားကို အသုံးပြုထားမှာဖြစ်သည်။ ဖုန်းတွင် Tripod Stand တစ်ခုပါဝင်မှာဖြစ်သလို Air Remote တစ်ခုလည်း ပါဝင်မှာဖြစ်သည်။ Remote ကို Bluetooth ဖြင့် ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး Remote ၏ နောက်ကျောဘက်တွင် စာရိုက်နိုင်သည့် ကီးဘုတ်တစ်ခုလည်း ပါဝင်မှာဖြစ်သည်။ ဖုန်းကို Bluetooth Device ချိတ်ဆက်နိုင်သည့် Speaker, Headset အပြင် Bluetooth အမျိုးအစား (၅) မျိုးကို ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်သည်။

၄၂ လက်မမြင်ကွင်းတွင် Full HD Resolution ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းကို တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ အလင်းထုတ်လုပ်မှုအနေဖြင့် 35 Lumens အထိ ရရှိမှာဖြစ်သည်။ Android Version အနေဖြင့် 4.1.2 Jelly Bean ကို အထောက်အပံ့ထားနိုင်မှာ ဖြစ်သည်။ ကင်မရာ အနေဖြင့် Dual Camera ပါဝင်မှာ ဖြစ်သလို 5MP Rear Camera နှင့် VGA Front Camera တို့ ပါဝင်မှာ ဖြစ်သည်။ Sensors စနစ်အနေဖြင့် Gravity, Ambient & Proximity Sensor များ ပါဝင်မှာဖြစ် သည်။ Remote ကို အားသွင်းအသုံးပြုရမှာဖြစ်သလို Projector အသုံးပြုနေစဉ်အတွင်း မှာလည်း အားသွင်းထားနိုင်မှာဖြစ်သည်။ Projector အကွာအဝေးအနေဖြင့် ၁၀ ပေ ပတ်လည်အတွင်း အသုံးပြုနိုင်မှာဖြစ်သည်။ ဖုန်းကို အာမခံအနေဖြင့် ၁ နှစ်ပေးထား မှာဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၂၆၀၀၀၀ ကျပ်ရှိမှာဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Global Mart Trading Co.,Ltd ဖုန်း- ၂၂၈၆၇၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

ဝေဝေ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အတိမ်းအစောင်းမခံတဲ့ ကချင်ငြိမ်းချမ်းရေး..............


ကျဆုံးသွားသော ကေအိုင်အေ စစ်သားတဦး၏ သွေးစွန်းသော လက်နက် (ဓာတ်ပုံ – Steve Tickner)
ပူလောင်တဲ့ နေရောင်အောက်မှာ သေနတ်ကိုယ်စီလွယ်ထားတဲ့ လူငယ်နှစ် ယောက်ရဲ့ ပခုံးထက်က ရွှေရောင်ကြယ်ပွင့် တွေက နေရောင်အောက်မှာ ဝင်း လက်လို့ နေပါတယ်။
မတူညီတဲ့ လက်မောင်းတံဆိပ်တွေ တပ်ထား တဲ့ သူတို့နှစ်ယောက် တယောက်နဲ့တယောက် တွေ့ ဆုံ လိုက်ချိန်မှာ အပြုံး ကိုယ်စီနဲ့ နှစ်ယောက်စလုံးကြား က ဆုံမှတ်တခုဆီ လျှောက်လာပြီး သူတို့ကိုယ်ဆီ ကိုင်ထားတဲ့ သေနတ်တွေကို နောက် ပစ် လွယ်လိုက် ရင်း လက်ဆွဲ နှုတ်ဆက်လိုက်ကြပါတယ်။
စကားတွေ ဖောင်ဖွဲ့ရင်း လူငယ်တယောက်က ဘောင်းဘီထဲကနေ တရုတ်နိုင်ငံထုတ် စီးကရက်ဘူး ကို ထုတ်တော့ ကျန်လူငယ် က မီးညှိပေးပါတယ်။ မီးညှိပေးသူကိုလည်း စီးကရက် ကမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အချက်ပေးသံတခု ပေါ်လာတဲ့ အတွက် လူချင်းခွာကာ တာဝန်ချိန်ပြန်ယူဖို့ နောက် ပစ်လွယ်ထားတဲ့ သေနတ်တွေကို သတိအနေအထား နဲ့ ပြန်ကိုင်လိုက်ကြပါတယ်။
တာဝန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်လိုက်ပြီ ဆိုတာနဲ့ သူတို့နှစ်ဦးရဲ့မျက်နှာမှာ ဘာခံစားမှု ဘာ အပြုံးမှ မရှိတော့ပါဘူး။ ခုန အခြေအနေနဲ့ ဆန့်ကျင် ဘက်ဖြစ်သွားပြီး သေနတ်ပြောင်းတွေက တဖက်ကို တဖက် လှည့်ထားကြပါတယ်။ သူတို့ဟာ ရပ်တည်ပုံ ချင်း၊ ယုံကြည်ချက်ချင်း မတူကြတဲ့ တာဝန်ကိုယ်စီနဲ့ လူငယ် အရာရှိ နှစ်ယောက်ပါ။ တယောက်က အစိုးရ တပ်လို့ လူတွေခေါ်ကြတဲ့ မြန်မာ့တပ်မတော်က လူငယ်တဦး ဖြစ်ပြီး ကျန်တယောက်ကတော့ ကချင် လွတ်လပ်ရေး တပ်မတော် လို့ခေါ်တဲ့  KIA က လူ ငယ်တဦးပါ။
KIA  ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြစ်ကြီးနားကို ပထမဆုံး လာရောက် ဆွေးနွေးချိန်မှာ မြစ်ကြီးနားနဲ့ လိုင်ဇာကို ပိုင်ခြားထားတဲ့ နမ်စာရံချောင်း တဖက်တ ချက်ဆီမှာ လုံခြုံရေး တာဝန်ယူ ထားကြတဲ့ သူတို့ နှစ် ယောက်ဟာ ငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြ သူတွေ ဖြစ်ပေမယ့် ကြီးပြင်းလာတဲ့ အချိန် မှာတော့  KIA နဲ့ မြန်မာစစ်တပ် ဆန့်ကျင်ဘက် တပ်တွေမှာ ရောက်ရှိ နေသူတွေ ဖြစ်ပါတယ်။
“ကျနော်နဲ့သူက မန္တလေးမှာ ကျောင်းတူတူ တက်ခဲ့တယ်။ ဂ၊ ၉၊ ၁၀ (တန်း) ဘော်ဒါဆောင် နေခဲ့ကြတာ။ ခုတင်ကပ်ရက်၊ လောင်စိန် ၂ ကောင် ပေါ့။ ကျောင်းမှာ ဆရာမတွေက ကချင်-ဗမာ မျောက်လောင်းလို့ ခေါ်ခဲ့ကြတယ်။ အခုတော့ ကျနော် တို့နှစ်ယောက်က မတူတဲ့ဘက်မှာ ရောက်နေတယ်။ အထက်အမိန့်နဲ့ စစ်တိုက်ရတိုင်း ကျနော်ကတော့ ဆုတောင်းတယ်။ ကျနော့်ကျည်ဆန်၊ သူ့ကျည်ဆန်တွေ နှစ်ယောက်တွေ့ ချိန်မှာ မထွက်ပါစေနဲ့လို့ ဆုတောင်း နေရတယ်” လို့ နမ်စာရံ ချောင်းကို ကြည့်ရင်း မြန်မာ့ တပ်မတော်ဘက်က အရာရှိက ဆိုပါတယ်။
KIA  ဘက်က ကချင်အရာရှိကလည်း “ကျနော် တို့မှာ ရွေးစရာ မရှိဘူးလေ။ ဘယ်သူသိမှာလဲဗျာ၊ တကယ့်ဘဝတွေကို။ သူရော ကျနော့်လိုပဲ။ လူတွေ အများကြီးပါ။ ယုံကြည်ချက် ကိုယ်စီနဲ့ ဆိုပေမယ့် သူ့ကိုလည်း ကျနော်မပစ်ချင်ဘူး။ မြင်စေချင် ပါတယ်။ စစ်မတိုက်ရဘူးဆို နှစ်ဖက်လူတွေက ရယ်လိုက်မော လိုက်။ ဘယ်လိုကံလည်း မသိပါဘူး။ ကျနော်တို့ ငြိမ်းချမ်းချင်ပြီ။ အရင်ကလို ညဘက်အဆောင်ကနေ ခိုးထွက်၊ ဆေးလိပ်ခိုးသောက်၊ ဟာသတွေပြော၊ ဂစ်တာတီး တဲ့ဘဝကို ပြန်လိုချင်တယ်” လို့ ပြောပါတယ်။
အမိန့်ပေးမှုတွေအောက်မှာ တိုက်နေကြတဲ့ ဒီစစ်ပွဲကို ခေါင်းစဉ်တွေ အမျိုးမျိုးတပ်၊ ဆင်နွှဲနေကြ တာကြောင့် သူတို့နှစ်ဦး ဟာ အချိန်မရွေး သူတို့ကိုယ် စီ ကိုင်ထားတဲ့ သေနတ်ပြောင်းဝတွေမှာ တယောက် အသက်ကိုတယောက် ခြွေယူ ရနိုင် ပါတယ်။ စစ်မ တိုက်ချင်တော့ဘူးလို့ သံတူဆိုခဲ့ကြတဲ့ ဒီလူငယ်နှစ်ဦး လိုပဲ ဘဝပေါင်းများစွာဟာ စစ်ပွဲ တွေကြောင့် အမုန်း တရားတွေ ကြီးစိုးလာခဲ့ပါတယ်။
“ဘယ်သူက တိုက်ချင်မလဲ။ အမိန့်ဆိုတော့ မနာခံလို့လည်း မရဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ အတွက် စစ်ထဲဝင်တာပါ။ ကိုယ့်အသက် သေမယ့် ကိစ္စ ဘယ်စစ်သားက တိုက်ချင်မလဲ။ အိမ်ပစ်၊ မိဘ ပစ်ပြီး နေရတယ်။ ကိုယ့်ချင်းချင်းတွေ တိုက် နေရတာ ဘယ်တိုက်ချင်မလဲ။ ဘာတွေ ဘယ်လိုကြောင့် အခု ထိ ငြိမ်းချမ်းရေး မရတာလဲ မသိဘူး။ ကျနော်ကတော့ စစ်ပွဲ ဆိုမုန်းတယ်။ ကိုယ့်ချင်းချင်း တိုက်နေရတာ ပိုမုန်းတယ်။ စစ်သား စစ်မတိုက်ရ မနေနိုင်ဘူးဆိုတာ မှန်သင့်သလောက် မှန်တယ်။ ဒါပေမယ့်ဗျာ အရင်က လို ကိုယ့်နိုင်ငံတွက်ဆို တော်သေးတယ်။ အခုက ကိုယ့်ချင်းချင်း တိုက်နေရတာ စိတ်ပျက် လာပြီ” လို့ အစိုးရတပ် အရာရှိလူငယ်က ရင်ဖွင့်ပါတယ်။
သေနတ်သံတွေ၊ ဗုံးဆံတွေကြား၊ ထမင်း ငတ် တလှည့်၊ ပြတ်တလှည့်၊ ခြေသလုံး အိမ်တိုင်ဘဝနဲ့ စစ်ပြေးဒုက္ခသည်အဖြစ် ပြေးလွှားနေရသူတွေကို လည်း မမြင်တွေ့ချင်တော့သလို စစ်ပွဲတွေကြားထဲမှာ တိုက်ခိုက်ရင်းနဲ့ ဘဝကို ကုန်ဆုံးမှာ ကို လည်း မဖြစ် ချင်တော့ဘူးလို့ သူကဆိုပါတယ်။ ကျဆုံးနေရ၊ ဒဏ် ရာရနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်တဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကြောင့် နှစ်ဖက် ပိုအမုန်းပွား ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ဘာပဲပြောပြောပါ။ ကိုယ့်လူတွေ ထိတယ်၊ နာတယ်၊ ကျတယ်ဆို ဘယ်သူပဲဖြစ်ဖြစ် မုန်းတာပေါ့။ ကျနော်တို့က စစ်မှန်တဲ့ တန်းတူ ညီမျှရေးအတွက် တိုက်တယ်။ သူတို့ဘက်ကကျတော့လည်း သူတို့ရပ် တည်မှုပေါ့။ ဘယ်လိုရှိလဲ မသိဘူး။ ကျနော်တို့ တွေ့ ချိန်မှာတော့ ဘာအကြောင်းမှ မပြောဖြစ်ဘူး။ ယုံ ကြည်မှုလည်း မညှိဘူး။ အမုန်းတရားလည်း မထား ဘူး။ သူငယ်ချင်းလိုပဲ ပြောဆိုတယ်။ သို့ပေမယ့် စိတ်ထဲမှာ အရင်ကလောက်တော့ မယုံကြည်သလို မခင်တော့ဘူး” လို့ ကချင် အရာရှိလူငယ်က ဆိုပါတယ်။
ငယ်စဉ်ကလို အေးချမ်းစွာအတူတကွနေဖို့ စိတ် အား ထက်သန်နေကြပေမယ့် တကယ့်လက်တွေ့မှာ ငြိမ်းချမ်းရေးအတွက် အသက်တွေ ပေးနေရဆဲပါ။ ပစ်ဆိုတဲ့အမိန့်နဲ့ သူတို့ပစ်နေရတာကြောင့် တဖက် က ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်တန့် စေနိုင် တာ၊ တော်တော်လေး ခရီးရောက်ကာမှ နောက် ကြောင်းလှည့်နေတာတွေကို သူတို့ သိနေပေမယ့် မတတ် နိုင်ပါဘူး။
အခုချိန်မှာ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ဖြစ်နေရတဲ့ တိုက်ပွဲတွေကြောင့် တဖက်နဲ့တဖက်က ယုံကြည်မှု ပိုဝေးဝါး လာနေတာ သူတို့ နှစ်ဦးစလုံး သိနေကြပါတယ်။ ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိတော့ဘူး လို့ ဆိုပါ တယ်။ အမိန့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်နေရတဲ့ သူတို့နှစ်ဦးအနေနဲ့ အမိန့်ကို မလွန်ဆန်နိုင်လို့ ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခိုင်းတာလုပ် ဘဝနဲ့သာ တနှစ်ပြီးတနှစ် တိုးလာခဲ့ပါတယ်။
“စစ်သားဆိုတာ အထက်အမိန့်ကို နာခံရမှာပဲ။ ဒီအတွက်ကို သင်ပြီးသားပါ။ ကျနော်တို့ စစ်သား တွေက အကြောင်းမဲ့ တိုက်နေရတာ၊ ရက်စက်နေတာ မဟုတ်ဘူး။ စစ်ပွဲတွေ ဘာကြောင့်ဖြစ်လဲ။ တဖက် တပ်တွေ နီးကပ်နေတော့ နားလည်မှု မရတာကြောင့် ဖြစ်တာတွေ၊ နောက် အောက်ခြေအထိကို အမိန့်က မရောက် တာတွေကြောင့် ဖြစ်နေရတာတွေပါ။ နောက် သစ်ခိုးတာ ဖမ်းတယ်။ ထိုးစစ်ဆင်ဖို့လည်း မရှိသလို သတ်ရမှ၊ တိုက်ရမှ နေပျော်နေသူတွေ မဟုတ်ပါဘူး” လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာကုန် လွှဲ အပ်ခြင်း ခံထားသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုပါတယ်။
တဖက်က တန်းတူညီရေးအတွက် တိုက်ပွဲဝင် နေတယ်လို့ ခံယူပေမယ့် တဖက်ကလည်းနိုင်ငံအချုပ် အခြာ အာဏာအရ တိုင်းပြည်ထဲက ခွဲထွက်ဖို့ ကြိုးစားသူကို ဟန့်တားတယ်ဆိုပြီး ခံယူချက်တွေနဲ့ တိုက်ပွဲဝင်နေကြပါ တယ်။
ကချင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “ကျနော်တို့ ပြောဖူးပါတယ်၊ အကြိမ်ကြိမ်။ တိုင်းပြည် ကနေ ခွဲထွက်ဖို့ ဆန္ဒမရှိဘူး။ ကျနော်တို့က တန်းတူ ညီမျှရေးဆိုတဲ့ အရာကြောင့် တိုက်ပွဲဝင်နေရတာ။ အပစ်အခတ်တွေ ရပ်စဲ တာတောင် စစ်ပွဲတွေ ဖြစ်နေ တယ်။ တဖက်နဲ့တဖက် ကတိတွေ သေချာထိန်းသိမ်း မယ်ဆိုရင် ဒါတွေဖြစ်လာ စရာ မလိုပါဘူး။ ယုံကြည်မှု တည်ဆောက်တာမှာ ခြိမ်းခြောက်တာတွေ ရှိရင် တော့ ခက်တယ်။ စစ်ရေးနဲ့ Pressure  ပေးရင်တော့ မရဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
အစိုးရအဆက်ဆက်က ကချင်ပြည်နယ်အပေါ် နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ စီးပွားရေးအရ လက်ဝါးကြီး အုပ်ခြင်း၊ လူမှုရေးအရ ဥပေက္ခာပြုခြင်း၊ တိုင်းရင်းသား များကို ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေး မပေးခြင်းနဲ့ တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှု များကို လွတ်လွတ်လပ်လပ် ထိန်းသိမ်းမြှင့်တင်ခွင့် မရရှိခြင်း စတာ တွေကြောင့် ကချင် အမျိုးသားတော် လှန်ရေး ပေါ်ပေါက်လာအောင် အဓိက မီးမွှေးပေး လိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ် ဂွန်မော်က အခိုင် အမာဆိုပါတယ်။
တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကချင်လူ ငယ်တဦးဖြစ်တဲ့ ကိုလမိုင်ပီဆက အခုလိုဆိုပါတယ်။
“ကျနော်မြင်တာတော့ ဒီလိုပဲ၊ သူတို့တွေက ကျနော်တို့ကို တန်းတူပေးရင် အာဏာပျောက်မယ်။ နောက် ကျနော်တို့ ကချင်မှာက နာမည်ကျော် တွင်း ထွက်တွေရှိတော့ ဒါကို လက်ဝါးကြီးအုပ်ချင်ကြတယ်။ ကျနော် တို့ဆို အမျိုးမျိုး ဖိနှိပ်တယ်။ စစ်ပွဲတွေနဲ့ ဖိနှိပ်သလို သွေးအေး တိုက်ပွဲတွေနဲ့လည်း တိုက် တယ်။ ဒါမှ သူတို့ လိုရာ လုပ်လို့ရမှာ” သူဆိုလိုတဲ့ သွေးအေးတိုက်ပွဲ ဆိုတာကတော့ ကချင်ဒေသတွင်း ကြီးထွားနေတဲ့ ဘိန်းသုံးစွဲမှုကို ရည်ညွှန်းတာပါ။ ကျောင်းသားလူငယ်ထု အကြားမှာ အဟန့်အတား မရှိ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် လူညွန့်တုံးစေမယ့် နည်းဗျူဟာတရပ်လို့ သူကဆိုပါ တယ်။ လက်ရှိ ပြည်နယ်အစိုးရဟာလည်း အစိုးရရဲ့ နယ်ရုပ်တွေပဲဖြစ်တယ်လို့ ဝေဖန်ပါသေးတယ်။
“အယုံအကြည် မရှိဘူး။ သူတို့တွေက ယုံကြည် မှုနဲ့ မထိုက်တန်တော့ဘူး။ အခုချိန်မှာ ငြိမ်းချမ်းရေး လို့ အော်တယ်။ နောက်စစ်ဖြစ်တယ်။ ဒါကို ဘယ်သူ ယုံမှာလဲ။ ကျနော်ကတော့ ကျနော်တို့ရဲ့ KIA ဘက် မှာပဲ ရှိတယ်။ အသက်ဆုံးတဲ့အထိ တိုက်ပွဲဝင်မယ်”လို့ သူက ဆိုပါတယ်။
စစ်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ တိုးလာမှု တွေက အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မေးခွန်း ထုတ်စရာတွေ ရှိနေခဲ့တယ်လို့ ဂျေယန့် ကချင်ဒုက္ခသည်စခန်းက အသက် ၆၀ ကျော် ကချင် အဖိုးအို ဦးဆမ်ဆွန်က ဆိုပါတယ်။
“ပညာရေးကလူတယောက်အတွက် အဓိကပဲ။ စဉ်းစား ဆင်ခြင်တုံတရားတွေကို ပညာနဲ့ပဲရတယ်။ အဘ စာမတတ်ဘူး။ ဒီတော့ တောင်းဆိုတာလဲ မသိဘူး။ အစိုးရ ဘာတွေလုပ်နေလဲ ကိုယ်တွေ မသိဘူး။ အခုသိ တာတခုက အဘတို့ ငတ်တယ်။ အိမ် ပစ်ရတယ်။ ကလေးတွေ စာမသင်ရဘူး။ အဘမြေး လေးက ၇ တန်းနဲ့ ကျောင်းထွက်ရတယ်။ နောက်မျိုး ဆက်တွေ စာမတတ်တော့ဘူး။ စာမတတ်တော့ ခိုင်းသမျှခံရမယ်။ နောက်ပိုင်း အဘတို့ ကချင်တွေကို စာမတတ်အောင် အစိုးရတွေ လုပ်နေကြတယ်လို့ပဲ သိတယ်” လို့ ဆိုပါတယ်။
ကချင်တိုင်းရင်းသား ရှေ့နေတဦးကလည်း “စစ်မှန်တဲ့ နိုင်ငံရေးလုပ်ဆောင်မှုကို လိုချင်တယ်။ အခုက လူမျိုးရေးအသွင်ပါ ဖန်တီးလာတယ်။ နောက်ပိုင်း မုန်းလာမှာ စိုးတယ်။ ကျနော်တို့ အခုဆို စစ်သားဆို ဗမာလို့ထင်တယ်။ ဒီတော့ ဗမာဆို မုန်း လာတယ်။ ကျနော်တို့တွေ နောက်ပိုင်း အာဏာရှင် စနစ်တခုကြောင့် စစ်သားဆို မုန်းလာကြတယ်။ တချိန်က စစ်သားဆို ချစ်တယ်။ အခု ရွံ့ကြောက် ဖြစ်လာတယ်။ နောက်ပိုင်း ဗမာလူမျိုး ဆိုတာနဲ့ မုန်း တယ် ဖြစ်လာမှာစိုးတယ်” လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးရဖို့အကြိမ် ကြိမ် ပြောနေပေမယ့် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်က တပ်မတော် ကတော့ တိုက်ပွဲတွေ ဆင်နွှဲ နေဆဲဖြစ်တဲ့အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။
ကချင်စစ်သူနာပြု စစ်သမီးတဦးဖြစ်တဲ့ ဆိုင်း လူဆမ်းက “စစ်တပ်က သမ္မတစကား နားမထောင် တာလား၊ သမ္မတကပဲ ညာနေတာလား ဆိုတာမပြော တတ်တော့ဘူး။ သူတို့တွေက အရင်ကတည်းက စစ်တပ်က လူတွေ ပဲ၊ ကိုကြီး၊ ညီလေး တွေပဲ။ အမှန် ဆို ကာချုပ်က ဂျူနီယာပဲလေ။ ဒီလိုမှမဟုတ် သူတို့အထက်မှာ သူတို့ ကြောက်ရတဲ့ ညွှန်ကြားသူ ရှိနေလား တော့ မသိဘူး” လို့ ဆိုပါတယ်။
“ကျမတို့ တောင်းတာ ဟန်ဆောင်မှု မပါတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူရရေးပါ။ အခု နောက်ပိုင်း တပ်ဘက်က တော်တော်လေး ငြိမ်းချမ်း ရေး ဆွေးနွေးလာလို့ သူတို့ပြောင်းလဲလာပြီထင်တာ။ အခုတော့ သူတို့က ဟန်ဆောင်နေတယ်။ ဗိုလ်ချုပ် က ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားတယ်။ သူတို့က စစ်တိုက်တယ်။ ဒါက မရိုးသားတာ။ ကျမကတော့ ရှေ့တန်းက ရဲဘော်တွေအတွက် ရိက္ခာတွေ ပို့ပေး နေဦးမယ်။ ဆေးကုပေးနေဦး မယ်။ အမျိုးသားတွေနဲ့ အတူ ကျမနိုင်သလောက် လုပ်သွားမယ်” လို့ သူက ဆက်ပြောပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့နဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေ ရန်ကုန်မှာ ဆွေးနွေးပွဲတွေ လုပ်နေချိန် မြန်မာ့တပ်မ တော်ဘက်က အင်တိုက်အားတိုက် ပါဝင်လာတဲ့ အပေါ် တိုင်းရင်းသားခေါင်းဆောင်များက အမှတ် တွေ ပေးလာနေချိန်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ က ယုံကြည်မှုကို အကြီးအကျယ် ပျက်ပြားစေတယ်လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါ တယ်။
“ဘာပဲ ပြောပြော သူတို့က ဆေးပေးလိုက်၊ ဒဏ်ရာပေးလိုက်ပဲ။ နောက် တင်းလိုက်လျှော့လိုက်နဲ့ တော်တော် မာယာ များတယ် ပြောရမယ်။ သူတို့တွေ က ကာချုပ်ရဲ့ လမ်းညွှန်ချက်ကို အသေကိုင်ဆွဲနေရင်တော့ အလုပ် ဖြစ်မယ် မထင်ဘူး။ အခုက သူတို့ပြော တာထဲမှာကတော့ လက်ရှိ တည်ဆဲဥပဒေတွေကို အန်ကယ်တို့ဘက်က လက်ခံရမယ်လို့ ဆိုထားတယ်။ ဒီတော့ အခုချိန်အထိ တိုင်းရင်းသားတွေကို လွတ် ငြိမ်းချမ်းသာခွင့် မပေးသေး ဘူး။ ဒီတော့ သူတို့ချတာ ကို ကိုယ်တွေက ဖောက်ဖျက်နေပြီ။ ဒီလို လိုက်နာရ မယ်ဆို ဖွဲ့စည်းပုံကို လက်ခံခိုင်း တဲ့သဘော။ ဒီဟာ လက်ခံရင်တောင် သူတို့က ကိုယ်တွေကို ဘာအာမခံ ချက်မှ မပေးဘူး။ ဝင်လာတာနဲ့ ဒီမှာ ကိုယ် တွေကို ပြစ်မှုထင်ရှား ရှိမရှိကို စစ်ဆေးလို့ရှိရင် အရေးယူ ဦးမယ့်သဘော။ ဒီတော့ သူတို့သဘောက ရိုးသားမှု ကို မရှိတာ” လို့ ပြောပါတယ်။
တပ်မတော်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တပ်က လူတိုင်း မကောင်းတာ မဟုတ်ဘူး။ ဦးအောင်မင်းတို့က (ငြိမ်းချမ်းရေး) လိုချင်တယ်။ ဒီမှာ လာဆွေးနွေးတဲ့ တပ်ကလူတွေဆို ကိုယ်တွေနဲ့ ရင်းနှီးနေပြီ။ ပွင့်လင်းပါတယ်။ သူတို့က ဒီမှာညှိ၊ အိုကေ။ ဟိုမှာ ကာကွယ်ရေးဦးစီးချုပ်ကပြောဆို၊ သူတို့က တင်းလာရော။ ဦးအောင်မင်းတို့က သူတို့ သက်တမ်းမှာ မှတ်တိုင်တခုရစေချင်တယ်။ အခု ဟာက အစိုးရလည်းတပ်ကို မနိုင်တဲ့သဘော” လို့ ဝေဖန်ပါတယ်။
ဖားကန့်ဒေသခံ ကိုထွန်းလူက “အခုက တိုင်း ရင်းသားတွေက ယုံကြည်မှု နည်းလာပြီ။ စစ်တပ်မှာ မကောင်းတဲ့ လူတွေလို့ မပြောပါဘူး။ တပ်မှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အခုက အာဏာရှင် ဆန်ဆန် လုပ်တဲ့သူတွေ ကြောင့် စစ်တပ်က နာမည် ကောင်း မရှိတော့ဘူးပေါ့။ တကယ် လက်အောက်က စစ်သားလေးတွေက သနားဖို့ ကောင်းတယ်။ တချို့ က အမိန့် ကြောင့်သာ လုပ်ရတာ။ ကောင်းတဲ့လူ ရှိပါတယ်။ အာဏာရှိသူကတော့ အာဏာအရ ဟောက်စားမှာပဲ။ စစ်တပ် တခုပဲ လုပ်နေတာတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် ဆိုတာတွေက လုပ်နေ တာပါပဲ။ စစ်တပ်က ပိုဆိုးတာက သူတို့က အင်အား ကကြီးတော့ ပိုလုပ်တယ် “ လို့ ဆိုပါတယ်။
KIA ဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေး ပွဲ အကြိမ်ရေအများဆုံး လုပ်ဆောင်နေတဲ့ အဖွဲ့တခု လည်း ဖြစ်သလို အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးသေးတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ ကချင်နဲ့ အစိုးရ တပ်မတော်တို့အကြား တင်းမာမှုဟာ အတိမ်းအစောင်းမခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လမ်းကြောင်းလွှဲနေနိုင်သလို ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လည်း ခက်လိမ့်မယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေကြပါတယ်။
မေခ
 
သတင်းရင်းမြစ် - ဧရာဝတီ