This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 14, 2014

Telenor မှ အောက်တိုဘာလတွင် ဆင်းမ်ကတ် သန်း (၃၀) ရောင်းချမည် ................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Tuesday, May 13, 2014

Telenor မှ ယခုနှစ် အောက်တိုဘာလတွင် ဆင်းမ်ကတ် သန်း (၃၀) အား စတင် ရောင်းချတော့မည် ဖြစ် သည်။ အဆိုပါ ဆင်းမ်ကတ် တစ်ခုလျှင် (၁၅၀၀) ကျပ်နှင့် ပြောဆိုခကို တစ်မိနစ် (၂၅) ကျပ်နှုန်း အကြမ်း မျဉ်း သတ်မှတ်ထားကြောင်း Telenor မြန်မာမှ သိရသည်။

““ဆင်းမ်ကတ် ရောင်းချရင်လည်း ကွမ်းယာဆိုင်တို့၊ စတိုးဆိုင် တို့မှာကို ၀ယ်ယူနိုင်အောင် စီစဉ်ထားတယ်။ ဈေးနှုန်း အတိအကျ ကိုတော့ နီးမှပဲ ထပ်ပြီး ထုတ်ပြန်သွားမယ်”” ဟု Telenor မြန်မာမှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။

လက်ရှိတွင် Telenor မှ မြန်မာနိုင်ငံ တွင် ပထမဆုံး Video Call ခေါ်ဆိုမှုကို အောင်မြင်ထားပြီး၊ ဆင်းမ်ကတ်များ ရောင်းချပါက မိုဘိုင်းနှင့် ဆက်စပ်နေသော ကဏ္ဍအားလုံးကိုလည်း ၀န်ဆောင်မှု ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ၀န်ဆောင်မှုများ ပေးနိုင်ရန် တာဝါတိုင် (၂၄၀၀) ခန့်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် တာဝါတိုင် (၈၀၀၀) ခန့်အထိ တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Telenor သည် မြန်မာနိုင်ငံတွင် ငါးနှစ် အတွင်း ပြည်သူ (၉၀) ရာခိုင်နှုန်း မိုဘိုင်းဖုန်း များအသုံးပြုနိုင် ရမည်ဟု ကတိပေးထားပြီး၊ ယင်းကဲ့သို့ အသုံးပြုနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ရက်များ ချဲ့ထွင်သွားမည် ဖြစ်ကြောင်း Telenor မှ သိရသည်။

““ကျွန်တော်တို့လည်း အခု ပြည်သူတွေ ကို ၀န်ဆောင်မှုပေးဖို့နဲ့ မိုဘိုင်းကွန်ရက်တွေ တိုးချဲ့ဖို့ ဂျပန် ကုမ္ပဏီ တစ်ခုနဲ့ ဒီလအတွင်း စာချုပ် ချုပ်ဆိုတော့မှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် ပြည်ပ အော်ပရေတာ နှစ်ခုဖြစ်သည့် Telenor, Ooredoo တို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ တို့ကလည်း ပြည်သူများကို အကောင်းဆုံး ၀န်ဆောင်မှုများ ပေးနိုင်ရန် ယှဉ်ပြိုင် လုပ်ကိုင်လျက်ရှိသည်။

Messenger News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ ...........

နိရဉ္စရာ

စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်း ရရှိသည်။

“ စုစုပေါင်း ၁၅ ဦး ဒဏ်ရာ ရပါတယ်။ ၁၃ ဦးကတော့ မနေ့က မင်းပြားကနေ စစ်တွေ ဆေးရုံကြီးကို ယူလာပါတယ်။ နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် မင်းပြားမြို့ဆေးရုံမှာကျန်နေခဲ့ပါတယ်” ဟု စစ်တွေသွေးလှူရှင်များအသင်းမှ ကိုမောင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

စစ်တွေသို့ ယူဆောင်လာသော ဒဏ်ရာရသူ ၁၃ ဦးတွင် ၃ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း ကိုမောင်မောင်က ဆက်ပြောသည်။

ဒဏ်ရာရသူများအား မင်းပြားမြို့ရခိုင်လူမှု ကွန်ရက် အမှုဆောင် ဦးခင်ဇော်ဝင်းမှ ရွှေပြည်တန် ရှပ်ပြေးအမြန်မော်တော် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်လိုင်းတာ ၀န်ရှိသူများမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကြံတိုင်းအောင် ခရီးသည်တင်ဘတ်စ်ကားသည် မေလ ၉ ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မင်းပြားမြို့နယ် နရမ်းရွာ အနီး မိုင်တိုင်အမှတ် (၉၄) အနီးတွင် ယာဉ်မောင်းအကူ ဦးညီညီဇော် မောင်းနှင်လာစဉ် တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်စဉ် ကားပေါ်တွင် ခရီးသည် ၄၀ နီးပါးခန့် ပါလာသည်ဟု သိရသည်။

ရာဇာမင်းကား တိမ်းမှောက်မှု ဒဏ်ရာရသူ သုံးဦး စိုးရိမ်နေရဆဲဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ပြော ...............

13 May 2014 20:29(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)


နေပြည်တော်၊ မဇ္ဈိမ။ ။ ခရီးသည် ၁၄ဦး သေဆုံးခဲ့ပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းကား တိမ်းမှောက်မှုတွင် ဒဏ်ရာရသူသုံးဦးမှာ စိုးရိမ်ရသည့် အနေအထားရှိသည်ဟု မြန်မာရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက မဇ္ဈိမကို မေလ ၁၄ရက်တွင် ပြောကြားသည်။

၎င်းက "စိုးရိမ်ရတဲ့ လူနာက နှစ်ယောက်၊ သုံးယောက်ရှိတယ်။ ဦးနှောက်အာရုံကြော ward မှာရယ်၊ အရိုးရယ်၊ အထူးကြပ်မတ်ဆောင်မှာရယ်ရှိတယ်။ သတိ မလည်သေးတာ (Unconcious) တစ်ယောက်၊ နှစ်ယောက်တော့ရှိပါတယ်"ဟု ပြောသည်။

ဒဏ်ရာရသူ ၂၉ ဦးအနက် ၂၆ ဦးကို နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံ၌ ကုသပေးနေပြီး ကျန်လူနာ သုံးယောက်ကိုမူ လယ်ဝေးမြို့နယ်၊ ပြည်သူ့ဆေးရုံး၍
ကုသပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းအရက်သောက်ခြင်း၊ မိုင်နှုန်းပိုမောင်းနှင်ခြင်းကြောင့် မဟုတ်ဘဲ မိုးရွာချိန်ဖြစ်၍ တိမ်းမှောက်သည်ဟု ယူဆနိုင်ကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။

ရာဇာမင်းကား၊ နေပြည်တော်ဂိတ်တာဝန်ခံ ဦးအေးမင်းထွန်းက "ကျွန်တော်တို့ဂိတ်မှာ ယာဉ်မောင်းတွေက အရက်သောက်ခွင့် မရှိပါဘူး"ဟုဆိုသည်။

မော်တော်ကားသည် အခင်းဖြစ်ပွားရာ နေရာ မရောက်မီ တစ်ဖာလုံခန့်မှစတင်၍ လမ်း၏ညာဘက်သို့ ဘီးကျသွားကာ မိုင်တိုင် ၁၉၇/၆ အရောက်တွင် ကွန်ကရစ်တုံးများ၊ တံတားလက်ရမ်းများနှင့် အကာများကို တိုက်မိကာ တံတားအောက်သို့ ၄၅ ဒီဂရီစောင်း ကာတိမ်းမှောက်သွားသည်ဟု ရဲမှူးကြီး နေ၀င်းက ပြောသည်။

၎င်းက "အမြင့်ပေကတော့ ၅၀ လောက်ရှိမှာပေါ့"ဟု ဆိုသည်။

နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးဝင်းဆွေက "ယာဉ်လိုင်းတွေမှာ တစ်ရက်တည်း နှစ်ကြောင်းပြေးတဲ့ ယာဉ်လိုင်းဆိုလို့
ရာဇာမင်းနဲ့ တစ်ခြား တစ်လိုင်း၊ နှစ်လိုင်းလောက်ပဲရှိပါတယ်" ဟု မှတ်ချက်ပြုသည်။

ရာဇာမင်းဂိတ်မှ နေပြည်တော်တာဝန်ခံဦးအေးမင်းက အဆိုပါ မော်တော်ကားသည် မေလ ၁၂ရက် နံနက် မှ ရန်ကုန်မှထွက်လာရာ မွန်လွဲချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာပြီး ညနေ ငါးနာရီတွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုသည်။

ဖြစ်စဉ်တွင် ယာဉ်အကူ(စပယ်ယာ)သေဆုံးခဲ့သော်လည်း ယာဉ်မောင်းမှာမူ စိုးရိမ်ရသည့်အခြေအနေမဟုတ်ဘဲ အတွင်းလူနာအဖြစ်ကုသနေရကာ ၎င်းကို အစောင့်ရဲများနှင့် သီးသန့်ထားရှိကာ လောလောဆယ်တွင် ခြေချုပ်ခတ်ထားပြီး ပုဒ်မ ၃၀၄(က)၊ ၃၃၇ ၃၃၈ စသည်တို့ဖြင့်စွဲဆိုထားသည်ဟု ဆိုသည်။

၂၀၀၉ ခုနှင်တွင် စတင်ဖွင့်လှစ်ခဲ့သည် အဆိုပါအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၆၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဝင်းကိုကိုလတ်
Mizzima - News in Burmese

ပုံစာ- ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရာဇာမင်းမော်တော်ကားအား သယ်ယူလာစဉ်။ (ဓာတ်ပုံ- ၀င်းကိုကိုလတ်)


မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ ..............


ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် `သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။

ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။ မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။
မိခင်ကြီးကို ပြုစုလုပ်ကျွေးပုံနှင့် ပတ်သက်၍ ဆရာတော်ဘုရား၏ မိန့်ကြားချက်တစ်ခုမှာ -
`ဘုန်းကြီးများ ရဟန်း ၄-ဝါလောက်အရ သကျသီဟ စာသင်တန်း စာချတန်း အောင်တဲ့နှစ်မှာ မှတ်မှတ်ရရ မန္တလေး မင်းကြီးတိုက် သီရိဝေပုလ္လဆရာတော် (ဦးဇာဂရ)က `မင်း ကံကောင်းလို့ မွေးသမိခင်ကို ပြုစု စောင့်ရှောက်ခွင့် ရတယ်၊ ကြိုးစားပြီး ပြုစုကွယ်´လို့ ဆုံးမတယ်။
ဆုံးမတဲ့အချိန်က စပြီးတော့ မွေးသမိခင်ကို ပြုစုခဲ့တာ ... ဖြူတာကို မည်းတယ်လို့ သူက ပြောလဲပဲ ဆန့်ကျင်ဘက် မပြောခဲ့ဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်၊ မည်းတာကို ဖြူတယ်လို့ ပြောရင်လဲပဲ သူ့ကို ဆန့်ကျင်ဘက် မပြောဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်။
ပြီးတော့ ဘုန်းကြီးများရဲ့ မိခင်က အင်မတန် လောဘ နည်းတယ်။ သူ့ကို ဘုန်းကြီးများက တစ်လ တစ်ဆယ်လောက် ထောက်ရင် သူ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။ တခါတလေတော့ အကြောင်းညီညွတ်လို့ နှစ်ဆယ်လောက် သုံးဆယ်လောက် ထောက်လိုက်ရင် ဘာပြောတယ် မှတ်လဲ?၊ `လူကို ဒမြတိုက်ခံရအောင် လုပ်တာလား´တဲ့။ နှစ်ဆယ်သုံးဆယ်လောက်ဆိုရင် အင်မတန်များပြီး ဒမြတိုက်ခံရမှာ ကြောက်တဲ့သဘောက ဒီလို ဖြစ်နေတယ်။ (ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဟု ဆိုရပါမည်။ ယခုခေတ် ငွေကြေးတန်ဖိုးနှင့်ဆိုလျှင်ကား တကယ့်ကို ရယ်စရာ ဖြစ်နေပေလိမ့်မည်။)
ထို့အတူ ဘုန်းကြီးများ ရန်ကုန်မြို့ လာတဲ့အခါ ဒိပြင် ဘယ်မှ မဝင်ပေမယ်လို့ စာပေဝါသနာပါတော့ စာရွက်စက္ကူရောင်းတဲ့ဆိုင်တော့ ဝင်တယ်။ အဲ သိမ်ကြီးဈေးဘက် အထည်ဆိုင်နားရောက်ရင် ကြည့်ပြီးတော့ ... သြော် ဒီအဆင်တော့ ငါ့အမေနဲ့ သင့်တော်တဲ့ အဆင်ပဲ´ဆိုပြီးတော့ ခါးဝတ်တစ်ထည် အင်္ကျီလေးတစ်စုံ ဒီလိုယူပြီး ကပ္ပိပြီးတော့ သူ့ကို ပေးရင် သူ့စိတ်ထဲမှာ ကျေနပ်တယ်။ တခါတလေ မိမိစိတ်ထဲမှာ ... သြော် ဒီအဆင်ဟာဖြင့် ငါ့မိခင်နဲ့ သိပ်တော်တဲ့အဆင်ပဲ ဆိုပြီးတော့ ခါးဝတ်နှစ်ထည် အင်္ကျီနှစ်ထည် နှစ်စုံယူသွားရင် ဘာပြောသလဲ၊ `ဒီလောက် များများကြီး ဒကာမကြီး ဘယ့်နှယ်လုပ် ဝတ်နိုင်မှာတုန်း´ သူက ပြောတယ်။
မိခင်ကို မသေခင် လုပ်ကျွေး
ဆရာတော်သည် ၁၃၁၇-ခုနှစ်ခန့်တွင် မိခင်ကြီး ဒေါ်ဆင်အတွက် သဲဖြူဝရွာ၌ အိမ်ကြီးတစ်လုံး ဆောက်ပေးရာ ၁၃၂၅-ကျပ် ကုန်ကျခဲ့သည်။ တစ်ရပ်တစ်ရွာတွင် နေထိုင်သူ ညီ-ဦးဘသင်ကိုလည်း ထိုအိမ်အတွက် ကုသိုလ်ပါဝင်စေလိုသည်။ (ဆရာတော်၏ညီ ဦးဘသင်သည် ပဲခူးတိုင်း ကဝမြို့နယ် သပြေကန်ရွာ၌ နေထိုင်သည့် လယ်ပိုင်ရှင်တစ်ဦး ဖြစ်သည်။) သို့ဖြစ်၍ ညီဖြစ်သူအား ပြောပြရာ ဦးဘသင်က အိမ်ဆောက်သည့်အထဲ ကုသိုလ်မပါဝင်ဘဲ မိခင်ကြီးအား ငွေ ၁၀၀-ကျပ် သီးသန့် ပေးပို့သည်။
၁၃၂၃-ခုနှစ် မိခင်ကြီး ဒေါ်ဆင် ကွယ်လွန်သွားချိန်တွင် ဦးဘသင် ရောက်လာပြီး မိခင်ကြီး၏ ရုပ်ကလာပ်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေရာ ဆရာတော်သည် ညီဖြစ်သူ ဦးဘသင်အား -
`ငိုရမှာပေါ့ကွာ၊ အေး .. မင်းက အခုမှ နောင်တရပြီး ငိုကြွေးနေတာ၊ အမေ အသက်ရှိစဉ်က မင်းဟာ အမေ့ကို ထောက်ပံ့ရမှန်း ကျွေးမွေးရမှန်း မသိဘူး။ မင်းရဲ့ ပူဆွေးသောကဟာ နောက်ကျသွားပြီ။ ငါကတော့ တစ်သက်လုံး မငိုရအောင် လုပ်ခဲ့တယ်။ မင်းလို ငိုကြွေးစရာ ပူပင်သောကရောက်စရာ မလိုတော့ဘူး။ ငါကတော့ မငိုပါဘူး၊ မိခင်အပေါ် လိုသည်ထက် ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုဘူး။ မင်းကတော့ နဝကမ္မ ၁၀၀ ဆိုပြီး ပို့တဲ့လူဆိုတော့ ငိုပေတော့ပေါ့ကွာ။ ငိုကွ ငိုကွ´ဟု ကရုဏာဒေါသောဖြင့် မိန့်ကြားတော်မူသည်။ (ညီအရင်းဖြစ်၍ ဤသို့ အားမလို အားမရ မိန့်ကြားခြင်း ဖြစ်သည်။ အခြားသူများကိုကား ယခုလို တစ်ကြိမ်မှ ရင့်ရင့်သီးသီး မပြောကြားခဲ့ဖူးပေ။)
ဦးဘသင်ကို အကြောင်းပြုပြီး သိကျွမ်းရသည့် ဒေါက်တာနေလင်းဆိုသူ လူငယ်ဆရာဝန်လေးအား မိန့်ကြားသည့် သြဝါဒတစ်ခုမှာ -
`ကိုရင် ... မိဘကို လုပ်ကျွေးဗျား၊ ဘုန်းကြီးအသက် ၂၄-နှစ်အရွယ်တုန်းက ဘုန်းကြီးအကျိုးလိုလားတဲ့ ဆရာတော်တစ်ပါးက ဆုံးမဖူးတယ်။ ဦးဇင်း မိဘကို ရိုရိုသေသေ လုပ်ကျွေး၊ မိဘက ဖြူတယ်ဆိုရင် ဖြူလိုက်၊ မည်းတယ်ဆိုရင် မည်းလိုက်၊ ကိုယ်က ဝါးလုံးလို့ သိရက်သားနဲ့ မိဘက ဝါးခြမ်းဆိုရင် ခြမ်းလိုက်ဗျာလို့ သြဝါဒပေးခဲ့တယ်။ ဘုန်းကြီးလဲ အသက် ၂၄-နှစ်ကတည်းက မယ်တော်ကြီး ကွယ်လွန်သည်အထိ ဒီအဆုံးအမအတိုင်း လိုက်နာခဲ့တယ်။ ယခုလဲ ကိုရင် မိဘကို လုပ်ကျွေးဗျာ။ ကိုရင် အသက်ရှည်မှာပါ´ဟူ၍ ဖြစ်ပေသည်။
+++++
ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ ပူဇော်သည့် မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ရာပြည့်အထိမ်းအမှတ် (၁၂၇၃-၁၃၇၃)၊ `တိပိဋကဓရအရှင်မြတ်များ၏ ဖခင် ကမ္ဘာကျော် မင်းကွန်းထေရှင်´ မှ
Show commentsOpen link

အ၀လွန်ရောဂါကုသရန် သည်းခြေရည် အက်ဆစ်လုပ်ငန်းများက ပိုမိုအရေးပါနိုင်.................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Health Updates Journal No. 116

အ၀လွန်ရောဂါအတွက် ခွဲစိတ်ကုသမှုသည် ကိုယ်အလေးချိန်ကျစေရန်အတွက်သာမက ဆီးချိုသွေးချိုရော ဂါနှင့် နှလုံးရောဂါတို့ အတွက်ပါ အကျိုးကျေးဇူးများရရှိစေကြောင်း Sahlgrenska Academy နှင့်University of Cincinnati့ မှ သုတေသီများကဆိုသည်။

ခွဲစိတ်ကုသခြင်းကြောင့်ရရှိလာသည့် အကျိုးကျေးဇူးများသည် အစာအိမ်အရွယ်အစား လျော့နည်း သွားခြင်းကြောင့် မဟုတ်ဘဲ သွေးတွင်း သည်းခြေရည်အက်ဆစ်များလာခြင်းကြောင့် ဖြစ်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

သုတေသနတွင် သည်းခြေရည် အက်ဆစ်အချက်ပြစနစ်၏ လက်ခံပစ္စည်းတစ်မျိုးဖြစ်သော FXR ကို အဓိကထားလေ့လာခဲ့သည်။ FXR ထုတ်လုပ်နိုင်သည့် မျိုးဗီဇပါဝင်သူ ကြွက်များနှင့် မပါဝင်သူ ကြွက်များကို အစာအိမ်ဖြတ်တောက် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ရာFXR မျိုးဗီဇပါဝင်သူ ကြွက်များတွင် ကိုယ်အလေးချိန်ကျလာပြီး အချိုဓါတ်ချေဖျက်နိုင်စွမ်းလည်း တိုးတက်လာသော်လည်း FXR မျိုးဗီဇမပါ သည့် ကြွက်များတွင်ခွဲစိတ်မှုမှာ အကျိုးမဖြစ်ထွန်းသည်ကို တွေ့ရသည်။

အစာအိမ် ဖြတ်တောက်မှုကြောင့် အူအတွင်းပိုးမွှားများ ပြောင်းလဲမှုဖြစ်ပေါ်ရာ FXR လက်ခံပစ္စည်း၏ အချက်ပြမှုများပါ ပြောင်းလဲပြီး အချိုဓါတ်ချေဖျက်နိုင်စွမ်းမြင့်တက်လာသည်။

ထို့ကြောင့် ခွဲစိတ်ကုသခြင်းထက် အူတွင်းပိုးမွှားများနှင့် FXR လက်ခံပစ္စည်းတို့ကို ပြောင်းလဲမှု များ ဖြစ်ပေါ်စေရန် တိုက်ရိုက်ဦးတည်ကုသခြင်းသည်သာ အ၀လွန်ရောဂါ နှင့် ဆီးချိုသွေးချိုရောဂါတို့ အတွက် အကျိုးရှိမည်ဖြစ်ကြောင်းသိရသည်။

အ၀လွန်ရောဂါသည် ကမ္ဘာတစ်ဝှန်း အဖြစ်များလျက်ရှိရာ အ၀လွန်သူတိုင်းကို အစာအိမ်ဖြတ်တောက်၍ ခွဲစိတ်ကုသရန် မလွယ်ကူသောကြောင့် FXR လက်ခံပစ္စည်းကို တိုက်ရိုက်ဦးတည် ကုသမှုများသည်သာ အနာဂါတ်တွင် အရေးပါလာမည်ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

ဇော်ကို
Ref:MNT
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အ၀လွန် ဆယ်ကျော်သက်များ၌ ကျောက်ကပ်လုပ်ငန်း ကျဆင်းနိုင် ....................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Health Updates Journal No. 116

အလွန်အကျွံအ၀လွန်လျက်ရှိသည့် လူငယ်များ၏ (၁၈) ရာခိုင်နှုန်း နီးပါးသည် ကျောက်ကပ်လုပ်ငန်းများ ချွတ်ယွင်းလျက်ရှိကြောင်း အမေရိ ကန်ပြည်ထောင်စု National Kidney Foundation ၏ ညီလာခံတွင် ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆီးထဲတွင် အယ်ဗျူမင်ပရိုတင်း အလွန်အကျွံပါဝင်ခြင်းကို ဆီးထဲ ပရိုတင်းပါခြင်း (proteinuria) ဟု ခေါ် ဆိုပြီး ကျောက်ကပ်ပျက်စီးခြင်း ၏ကနဦးလက္ခဏာဟု သတ်မှတ်ထားကြသည်။ ကျောက်ကပ်လုပ်ငန်း တိုင်းတာနိုင်ရန် Glomerular Filtration Rate (GFR)် ဟုခေါ်ဆိုသည့် စမ်းသပ်မှုဖြင့် ကျောက်ကပ်မှဆီးများ စစ်ထုတ်နိုင်သည့် နှုန်းကို တွက်ချက်လေ့ရှိသည်။ GFR (၉၀) နှင့် အထက်ကိုပုံမှန်ဟု သတ်မှတ်ပြီး (၉၀) အောက်ကို ကျောက်ကပ်လုပ်ငန်းကျဆင်းခြင်းဟု သတ်မှတ်သည်။ အ၀လွန်ကလေးနှင့် လူကြီးများ တွင် GFR အလွန်များနေပြီး ကျောက်ကပ်များအလုပ် အလွန်လုပ်ရခြင်းကိုပြဆိုသည်။ ကျောက်ကပ်အလုပ် ၀န်ပိခြင်း အလွန်ကြာမြင့်လာပါက ဆီးထဲတွင် ပရိုတင်းပါတတ်သည်။

ဆယ်ကျော်သက်အရွယ် (၂၄၂) ဦးကို လေ့လာခဲ့ရာ (၁၇) ရာခိုင်နှုန်းတွင် ဆီးထဲပရိုတင်းပါနေပြီး (၃) ရာခိုင်နှုန်းတွင် GFR (၆၀) အောက်ကျကာ အလွန်လျော့နည်းနေသည်။ (၇) ရာခိုင်နှုန်းတွင် GFR (၁၅၀) ကျော်၍ အလွန်အလုပ်များလျက် ရှိသည်ကို တွေ့ရသည်။

ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (Body Mass Index – BMI) များပြားသော အ၀လွန်ဆယ်ကျော်သက်များ ၌ သွေးတွင်းအချိုဓါတ်ထိန်းပေးသည့် အင်ဆူလင်ဟော်မုန်း အာနိသင် လျော့နည်းလေ့ရှိသည့် အပြင် ဆီးထဲ ပရိုတင်းပါခြင်းကိုပါ တွေ့ရလေ့ရှိသည်။

“ကလေးဆရာဝန်တွေအနေနှင့် အ၀လွန်ကလေးငယ်များရဲ့ မိသားစုဝင်တွေကို အ၀လွန်ခြင်းနှင့် ဆက်စပ် တဲ့ ရောဂါတွေအကြောင်း၊ ကိုယ်အလေးချိန်ချဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးသင့်ပါတယ်” ဟု National Kidney Foundation ဥက္ကဋ္ဌ Beth Piraino ကဆိုသည်။

ဇော်ကို
Ref:MNT
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

သိထားသင့်သမျှ ဗုဒ္ဓအကြောင်း..............


လူအမည် ............သိဒ္ဓတ္တ
ဘုရားဘွဲ့.................ဂေါတမ
မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
ကြင်ယာတော် ......................ယာသောဓ၇ာ
ယောက်ဖ..............................ဒေ၀ဒတ်
မိထွေးတော်...........................ဂေါတမီ


နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
နန်စံနှစ်.............
.....................၁၃ နှစ် ( ၁၆ မှ ၂၉ )
နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေဿန္တရာဘ၀အထိ )
ပါ၇မီဖြည့်ရခြင်း ရည်ရွယ်ချက်...................သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ခရစရိယာကျင့်ရသောကာလ............... ၆ နှစ်ကြာ ( ၉၃ မှ၁၀၃ )
ဒုက္ခရစရိယာကျင့်သည့်နေရာ..........................ဥရုဝေဋ္ဋတော
ဘုရားဖြစ်ချိန်သက်တော်............................၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း........................၁၀၀ တမ်း
အလုပ်အကျွေး..........................ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ခရစရိယာကျင့်ခိုက် )
တရားဟောသည့်နေရာ......................ဗာရာဏသီပြည် ၊မိဂဒါဝုန်တော
ပထမဆုံး သာဝက..............................ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံး သာဝက.......................သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက...............................အရှင်သာ၇ိပုတ္တသ
လက်ဝဲရံ အဂ္ဂသာဝက..................................အရှင်မောဂ္ဂလာန်
အဆုံးအမ သာသနာ......................................ပ၇ိယတ္တိ ၊ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ
ကျင့်စဉ်သိက္ခာ...............သီလ ၊သမာဓိ ၊ပညာ ။
ချမှတ်သောလမ်းစဉ်....................................မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )
သန္ဓေယူသောနေ့....................မဟာသက္ကရာဇ် ၆၇ ၊၀ါဆိုလပြည့် ၊ကြာသပတေးနေ့။
ဖွားမြင်သောနေ့.............................. မဟာသက္ကရာဇ် ၆၈ ၊ကဆုန်လပြည့် ၊ သောကြာနေ့ ။
တောထွက်သောနေ့........................မဟာသက္ကရာဇ် ၉၇ ၊၀ါဆိုလပြည့် ၊တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့.................................မဟာသက္ကရာဇ် ၁၀၃ ၊ ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ ။
ဓမ္မစကြာဟောသောနေ့...................... မဟာသက္ကရာဇ် ၁၀၃ ၊ ၀ါဆိုလပြည့် ၊စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့............................... မဟာသက္ကရာဇ် ၁၄၈ ၊ကဆန်ုလပြည့် ၊ အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့..............................မဟာသက္ကရာဇ်..၁၄၈ ၊ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေနေ့။

ကိုထွန်းဝေ
ပြန်လည်မျှဝေပေးပါတယ်။
13.5.2014

Tuesday, May 13, 2014

မြေယာမဲ့ များကို မြေပေးရန် စတင် စာရင်းကောက် နေပြီ ဟုဆို...................




လယ်ယာ စိုက်ပျိုးရန်၊ မွေးမြူရေး လုပ်ငန်း လုပ်ရန် မြေနေရာ လုံးဝ မရှိသည့် မိသားစုများ နှင့် ၀န်ထမ်းများ၊
ပင်စင် စားများကို မြေနေရာ ပေးနိုင်ရေး အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန် ရှိသူ များက လုပ်
ကိုင် နေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းကပြောသည်။

လယ်စိုက်ပျိုးရန် မြေယာလုံးဝမရှိသည့် မိသားစုများနှင့် မြေကြီးမရှိသည့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ
ကို လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း မြေပေး နိုင်ရန် တိုင်းဒေသကြီး အစိုးရများက စာရင်းကောက် ယူမှု
များ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဦးစိုးသိန်းက မေလ ၁၁ ရက်တွင် မန္တလေးမြို့ ရွှေပြည်သာဟိုတယ်၌ ပြုလုပ်
သည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြောကြားသည်။

‘‘Iandless Household (မြေပိုင်မရှိသူ မိသားစု)တွေကို မြို့နယ်အလိုက်၊ တိုင်းအလိုက်၊ ခရိုင်အလိုက် မြေ
တွေ ချပေးမယ်။ မိသားစု တစ်စုကို နှစ်ဧကဖြစ်ချင် ဖြစ်မယ်။ ငါးဧကဖြစ်ချင်ဖြစ်မယ်။ ပြန်တော့ မရောင်းရ
ဘူး။ အခု အစိုးရအဖွဲ့က စာရင်း စကောက်နေပြီ သူတို့မြန်မြန်လုပ်ရင် လုပ်သလို တစ်နှစ်၊ နှစ်နှစ်အတွင်း
ပေးနိုင်မယ်’’ ဟု ဦးစိုးသိန်းက ပြောကြားသည်။

ထို့ပြင် နေစရာမရှိသေးသည့် ၀န်ထမ်းများ၊ ပင်စင်စားများအတွက်လည်း မန္တလေးမြို့ ရှိ လွတ်သည့်နေရာ
များ၌ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ပြီး အရစ်ကျစနစ်များဖြင့် ရောင်းချပေးနိုင်ရန်လည်း
တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အ၀န်းမှာ အရှေ့တောင် အာရှနိုင်ငံများထဲတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေမှာလည်း ၅၅ သန်းခန့်သာ ရှိသောကြောင့် လူတိုင်းကို မြေပေးနိုင်ကြောင်း မြန်မာနိုင်ငံတွင် မြေ
ယာမဲ့ရှိစရာ အကြောင်းမရှိကြောင်း ၀န်ကြီးဦးစိုးသိန်းက ထည့်သွင်း ပြောကြားသည်။

လာမည့် ကာလများတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ဖွံ့ဖြိုးရေး၊ မြို့တော်ဖွံ့ဖြိုးရေးနှင့် ဒေသတွင်း ဖွံ့
ဖြိုးရေးလုပ်ငန်းများအား ဒေသခံလူထုနှင့် တိုင်ပင်ပြီး ပူးပေါင်းလုပ်ကိုင်နိုင်မည့် အခြေအနေထိ ရောက်ရှိ
ရန် ရည်ရွယ်ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းက ယင်း ဖိုရမ်တွင်
ပင် ထည့်သွင်းပြောကြားခဲ့သည်။

Author: အေးမွန်ရာပြည့်

7Day Daily

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: မြေယာမဲ့ များကို မြေပေးရန် စတင် စာရင်းကောက် နေပြီ ဟုဆို http://www.simon-vlog.com/2014/05/blog-post_4645.html#ixzz31X90Pngz
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အိန္ဒိယမှာ အငှားကိုယ်ဝန်ဆောင်နိုင်...................

Posted by: Ko Myo on Monday, May 12, 2014 Categories:


ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် အသိမှတ်ပြု ခံထားရပြီ ဖြစ်တဲ့ အိန္ဒိယ နိုင်ငံမှာ ခေတ်စားလာတဲ့ အလေ့အထတစ်ခု ကတော့ အငှားကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါတယ်။ လူတန်းစားကွာဟ မှုကြောင့် ဆင်းရဲသား လူတန်းစား များမှာ အငှားကိုယ်ဝန်ဆောင်ခြင်း ဝန်ဆောင်မှု အင်မတန် ရေပန်းစားလာပါတယ်။

ယင်းဟာ တရားဝင် ပြုလုပ်နိုင်တဲ့ စီးပွားရေး ဖြစ်ပြီး ဇနီး ဖြစ်သူဟာ ကိုယ်ဝန်မဆောင် နိုင်ရင် ကိုယ်ဝန် ဆောင်နိုင်တဲ့ အမျိုးသမီးဆီကနေ အငှားဝန်ဆောင်မှု ဝယ်ယူ နိုင်ပါတယ်။ ဇနီးမောင်နှံရဲ့ DNA ပါဝင်တဲ့ ဓာတ်ကို အငှားဆောင်ပေမယ့်သူ ရဲ့ သားအိမ်သို့ ထည့်ပေးပြီး သာမန်အမျိုးသမီး တစ်ယောက် လိုပဲ ကိုးလလွယ်၊ ဆယ်လဖွားစေပါတယ်။ ဒီအတွက် ပေးရတဲ့ စရိတ်က ကာလတန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၇၈ ရှိပါတယ်။ ယင်းငွေကြေးဟာ အိန္ဒိယလို နိုင်ငံမှာ အင်မတန်များပြား တဲ့ ငွေကြေးပမာဏ ဖြစ်ပြီး အချို့ဆိုရင် ပိုရအောင် ကိုယ်ဝန်တစ်ခု ပြီးရင် နောက်တစ်ခု ဆက်ဆောင် ပါတယ်။

ယင်း အတွက်လည်း အိန္ဒိယ အစိုးရက တရားဝင် ခွင့်ပြု ထားပေးပြီး အငှားကိုယ်ဝန်ဆောင်တဲ့ ဈေးကွက် ကျယ်ပြန့် လာကြောင်း သိရပါတယ်။
.
Ref: uniquedaily.com
အောင်ခမ်း (www.innewsmyanmar.com)

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဖုန်းနံပါတ်မလိုပဲ Facebook ကို 100% အလွယ်ဖွင့်နည်း ............

Posted by: Ko Myo on Monday, May 12, 2014 Categories:


ဒီနည်းလေးကတော့ Android ဖုန်းတစ်လုံးရှိရုံနဲ့ အကောင့်လွယ်လွယ်ဖွင့်လို့ ရပါတယ်၊ တကယ်လည်း ဖုန်းနံပါတ်မတောင်းပါဘူး။တစ်ဆင့်ချင်းရှင်းပြပါမယ်။စိတ်ရှည်ဖို့ တော့လိုမယ်နော်။

လိုအပ်တဲ့ apk ကိုအောက်မှာဒေါင်းလိုက်ပါ။

Direct Download l Dropbox

အခုဖွင့်မဲ့နည်းက gmail နဲ့ ဟုတ်ဘူးနော်။အာ့ကြောင့် mail အသစ်လုပ်ဖို့  apk ဒေါင်းခိုင်းတာပါ။
gmail နဲ့ ဆိုရင်တော့ ဖုန်းနံပါတ်တောင်းလိမ့်မယ်။ကဲ…..စကြစို့ နော်

၁။အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။

၂။ကျွန်တော်တို့ က Mail အသစ်လုပ်မှာမလို့  Sign Up ကိုရွေးပါ။




၃။First Name…….စတာတွေဖြည့်ပေးလိုက်ပါ။New E-Mail မှာ ကိုယ်လိုချင်တဲ့လိပ်စာထည့်ပါ။ @mail.ru ကိုနှိပ်လိုက်ပါ။ အဲ့ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည်ရွေးလို့ ရပါတယ်။ကျွန်တော်ကတော့ @mail.ru ကိုပဲယူလိုက်ပါပီ။ ( အောက်နားလေးက I agree ဘာညာဘာညာဆိုကို အမှန်ခြစ်ပေးလိုက်ပါ)။ ပီးရင်

Next ကိုနှိပ်ပါ။



၎။နောက်တစ်ဆင့်မှာ Ph no တောင်းပါလိမ့်မယ်။ကျွန်တော်တို့ က ဖုန်းနံပါတ်ကို မထည့်ဘူးဆိုတဲ့အတွက်
“I don’t have cell phone” ကိုရွေးပါမယ်။



၅။ပီးရင် Security Question ကိုထည့်ခိုင်းပါလိမ့်မယ်။အဆင်ပြေရာထည့်ပါ။မှတ်တော့မှတ်ထားဦးနော်။
သူ့ ပုံမှာပေးထားတဲ့ code လေးကိုမှန်အောင်ရိုက်ပေးလိုက်ပါ။ပီးရင် DONE ကိုနှိပ်ပါ။


၆။ဒါဆိုရင် mail အသစ်လုပ်တာပီးပါပီ။Facebook မဖွင့်ခင် အခုဖွင့်ထားတဲ့ mail အကောင့်ကို ပြန်ဝင် ထားပါ။



၇။နောက်တစ်ဆင့်ကတော့ Facebook အကောင့်ဖွင့်ဖို့ ပဲကျန်တော့တယ်။ကဲ…….Facebook app ထဲဝင် လိုက်ပါ။ အသစ်လုပ်မှာဖြစ်တဲ့အတွက် Sign Up ကိုရွေးပါ။



၈။နာမည်ထည့်ခိုင်းပါလိမ့်မယ်။ ကိုယ်သုံးချင်တဲ့ နာမည်ထည့်ပေးလိုက်ပါ။ ပီးရင် Continue ပေါ့။



၉။Password ပေးလိုက်ပါ။

၁၀။ပီးရင် Profile ပုံတို့ ၊ကျောင်းတို့ ၊နေရပ်လိပ်စာတို့ ထည့်ပေးလိုက်ပါ။

၁၁။ဒီလိုအ၀ိုင်းလေးလည် ပီးလို့ ကိုယ့်ဖေ့ဘွတ်လေး ပွင့်သွားရင်တော့ FB အကောင့်လုပ်တာ 80% လောက်တော့ပီးပါပီ။



၁၂။ပီးရင် Mail ထဲကို FB က Code ပို့ ထားပါလိမ့်မယ်။ အဲ့ထဲဝင်လိုက်ပါ။ Confirm Your Account ကိုနှိပ်ပါ။ ပီးရင် Facebook app ကိုရွေးပေးလိုက်ပါ။ဒါဆို account confirm လုပ်တာ ပီးသွားပီဖြစ်တဲ့ အတွက် Facebook Account ကိုဖုန်းနံပါတ်မလိုပဲ ၁၀၀% ဖွင့်တာပီးဆုံးသွားပါပီ။ အခုကျွန်တော် သုံးနေတဲ့ထိတော့ ဘာဖုန်းနံပါတ်မှ မတောင်းသေးပါဘူး။ စိတ်ချတာဖွင့်ပါ။ အဆင်ပြေပါစေ။

Credit: Mr.Fone Telecom Center
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက် (၇)မျိုး .................

Posted by: Ko Myo on Monday, May 12, 2014 Categories:

မေသော် on 2014-05-12 17:21

လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်း ရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။

၁။ဆား



ဟင်းချက်တဲ့အခါ ဆားတွေအများကြီးထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ ရုပ်ရင့်ရော် တတ်ကြပါတယ်တဲ့။ ပါးရေတွန့်ခြင်းကို အားပေးတဲ့ ဒီအငန်ဓာတ်ဟာ အထူးသဖြင့် သင့်မျက်လုံး တစ်ဝိုက် က နူးညံ့တဲ့ အသားရေတွေကို ပိုမိုတွန့်စေပါသတဲ့။

၂။သကြား



အသားအရေပိုမိုကြည်လင်စေဖို့နဲ့ လှပတဲ့အသားအရေမျိုးလိုချင်သူတွေအတွက် သကြားကို လျှော့စားဖို့ ဆရာဝန်တွေက ဆိုထားပါတယ်။ သကြားအစား အသီးအနှံတစ်ချို့ကို စားပေးနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို နှေးသွားစေ နိုင်တဲ့ သကြားဓာတ်ကို လျှော့ဖို့လိုပါတယ်။

၃။ကော်ဖီ



ကော်ဖီဟာ အသားအရည်အတွက်ရော၊ သွားတွေအတွက်ပါ သောက်ဖို့ မသင့်လျော်တဲ့အရာပါ။ အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ လူကို ပိုပြီး ရင့်ရော်စေပါသတဲ့။

၎။အရက်



အရက်သောက်လေ့သောက်ထရှိသူ အများစုဟာ ရေဓာတ်ဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။

၅။ကြွက်သားအမျှင်ပါတဲ့အသား



ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။

၆။ပူစပ်စေတဲ့ အစားအသောက်များ



ငြုတ်သီးတွေ အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသား အရေအတွက် အများကြီးထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျက်နှာအသားအရေကိုလည်း ပါးရေတွန့်အောင် ကူညီပေးနေပါသေးတယ်။

၇။ဆိုဒါ



သွားနဲ့အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ အထူးသဖြင့် အက်ဆစ်ဓာတ်များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ သိထားရပါလိမ့်မယ်။

Ref:delish.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

လေယာဉ်ပေါ်တွင် ချစ်ရည်လူးသော အမျိုးသမီး အဖမ်းခံရ ...........

Posted by: Ko Myo on Monday, May 12, 2014 Categories:
photo:google

လန်ဒန်ကနေ Las Vegas ကို ပျံသန်းတဲ့ Virgin Atlantic လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဗြိတိန်အမျိုး သမီးတစ်ဦးဟာ အရက်မူးရင်း လိင်ဆက် ဆံ အပျော်ကျူးခဲ့ရာတွင် အသံကျယ်လောင်စွာညည်း ညူခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရရှာ တယ်လို့ သိရပါတယ်။

အဆိုပါဗြိတိန်အမျိုးသမီးဟာ သူမရဲ့မိဘ တွေနဲ့အတူ Virgin Atlantic လေယာဉ်ပေါ်တွင် လိုက် ပါခဲ့ပြီး လိင်ဆက်ဆံအပျော်ကျူးလိုကာ အမျိုးသား တစ်ဦးနဲ့တွေ့ဆုံခဲ့တယ်လို့ သိခဲ့ရပါတယ်။ ယင်းဗြိတိန် အမျိုး သမီးဟာ လိင်မဆက်ဆံခင် အရက်သောက်ခဲ့ တယ်လို့သိရပြီး သူတို့နှစ်ဦးဟာ လေယာဉ်ရဲ့နားနေခန်း ကနေ ရေသန့်စင်ခန်းကိုသွားရောက်ကာ တူနှစ်ကိုယ် ချစ်တင်းနှောခဲ့ကြပါတယ်။ အရက်မူးနေတဲ့ ဗြိတိန် အမျိုးသမီးဟာ လိင်ဆက်ဆံစဉ် ကာမစိတ်ခံစားမှု ကြောင့် အသံကျယ်လောင်စွာ အော်ဟစ်ညည်းညူ ခဲ့တယ်လို့ လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီး သည်တစ်ဦးက The Sun ကို ပြောဆိုခဲ့ပါတယ်။

အဆိုပါ လိင်ဆက်ဆံကျူးလွန်ရာမှာ အသံကျယ်လောင်စွာအော်ဟစ်ညည်း ညူခဲ့တဲ့ အရက် မူးနေတဲ့ ဗြိတိန် အမျိုးသမီးကို လေယာဉ်ဆင်းသက် ပြီးခါမှာတော့ သက်ဆိုင်ရာရဲတွေက ဖမ်းဆီးခဲ့တယ် လို့ သိရပါတယ်။

အရက်မူးပြီး လိင်ဆက်ဆံအပျော်ကျူး ကာအော်ဟစ်ညည်းညူခဲ့တဲ့ အမျိုးသမီးရဲ့ နာမည် ကိုတော့ သက်ဆိုင်ရာက မထုတ်ပြန်ခဲ့ပါဘူး။

Ref: The SUN
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

နိုင်ငံသားများနှင့်တန်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရ ကတိပေး............


 
ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အနည်းဆုံးလုပ်ခ သတ်မှတ်ရေး ရရှိရေးအပြင် အဆိုပါ နိုင်ငံသားများနည်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရတို့က ကတိပေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

မြန်မာအလုပ်သမားများအရေး ကိစ္စနှင့် ပတ်သက်၍ မေလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ အဆိုပါ နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ရန်ကုန်မြို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အနည်းဆုံး သတ်မှတ်ထားသည့် လုပ်အားခ မရရှိမှုအပြင် အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည့် အလုပ်သမား ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံရှိ လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် တိုင်ကြားနိုင်ပြီး ယင်းသို့ တိုင်ကြားပါက သက်ဆိုင်ရာ နိုင်ငံအစိုးရကို တင်ပြကာ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း
ဦးထင်အောင်က ဆိုသည်။

“သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံစလုံးက ကတိပေးတယ်” ဟု ၎င်းက ရှင်းပြသည်။

မလေးရှားနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံတွင် အလုပ်သမား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်တစ်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ယင်းနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်ကာ မြန်မာလုပ်သားများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သားများ အကြမ်းဖက် ခံရမှုမျိုး ထပ်မံ မဖြစ်ပွားအောင် လုပ်ဆောင်ပေးမည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ကတိပေးခဲ့ပြီး မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် မြန်မာအလုပ်သမား သံအရာရှိတို့ အနည်းဆုံး တစ်လတစ်ကြိမ် တွေ့ဆုံ ဆွေးနွေးရန်လည်း သဘောတူညီမှု ရရှိခဲ့ကြောင်း ဦးထင်အောင်က ပြောကြားသည်။

ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် သတ်မှတ်ထားသည့် အနည်းဆုံး လုပ်အားခ မရရှိခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း မြန်မာလုပ်သားများထံမှ သိရှိရသည်။

မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် သုံးသန်းဝန်းကျင် ရှိပြီး မလေးရှားနိုင်ငံတွင် နှစ်သိန်းငါးသောင်း ဝန်းကျင်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

Copy from - The Voice Weekly

Monday, May 12, 2014

နယူးယောက်မှာ အပေါ်ပိုင်း ဗလာကျင်း နေထိုင်ခြင်းက ဥပဒေနဲ့ ညီညွတ်တယ်.................

ဗလာကျင်း စာဖတ် အသင်း


နယူးယောက်မြို့က စာချစ်သူတချို့ရဲ့ ယူနီဖောင်းက ထူးခြားနေပါတယ် - ဘာကြောင့်များလဲ ဆိုတော့...သူတို့ အုပ်စုဖွဲ့ စာဖတ်တဲ့အခါ အပေါ်ပိုင်း အနည်းနဲ့အများ ချွတ်ထား သို့မဟုတ် ရာနှုန်းပြည့် ချွတ်ထားကြလို့ပါပဲ။


ဒီပုံတွေကြောင့် စာဖတ် ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက် လာသူတွေ လည်း ရှိနိုင် ပါတယ်။

သူတို့ ကတော့ စာဖတ်ရှိန် မြှင့်တင်ရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

သူတို့က ဘယ်သူတွေလဲ။

ထူးခြားတဲ့ သူတို့ အကြောင်း ဒီ ဘလော့ မှာ ဖော်ပြရရင် သူတို့က စာအုပ်ဖတ်တာ ဝါသနာပါ သူတွေပါ၊
အမျိုးသားရော အမျိုးသမီးရော ပါဝင်ပါတယ်။ အမျိုးသားက လူနည်းစုပါ။ သူတို့ စာဖတ်တဲ့အခါ အမျိုးသား
တယောက် သို့မဟုတ် နှစ်ယောက် ပါတတ်တယ်၊ အမျိုးသား တွေက ဓာတ်ပုံထဲ သိပ် မပါချင် ကြဘူးလို့
ဆိုတယ်။

နယူးယောက်မှာ အပေါ်ပိုင်း ဗလာကျင်း နေထိုင်ခြင်းက ဥပဒေနဲ့ ညီညွတ်တယ်၊ သူတို့ကလည်း အဲဒီလို
နေထိုင်ရခြင်းကို နှစ်သက်ပါတယ် တဲ့။ နယူးယောက်မှာ နေတယ်၊ ရာသီဥတုလည်း ကောင်းတယ် ဆို
ရင် သူတို့နဲ့ လာရောက် ပူးပေါင်းနိုင်ကြောင်း အွန်လိုင်းကတဆင့် ဖိတ်ခေါ်ထားတာ တွေ့ရမှာပါ။

အမေရိကန်မှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သူတို့ရဲ့ အသင်းခွဲ တည်ထောင် လိုတယ် ဆိုရင်လည်း
ကြိုဆိုပါတယ်လို့ ဆိုပါတယ်။

သူတို့တွေ ဘယ်နေ့ ဘယ်မှာ ဆုံပြီး စာဖတ် ကြမယ် ဆိုတာကို သူတို့ရဲ့ဆိုရှယ် မီဒီယာတွေမှာ ဖော်ပြ
ထားတဲ့အတွက် စုံစမ်းရလွယ်မှာပါ။

ပုံမှာ တွေ့ရသလိုပဲ နယူးယောက်က ပန်းခြံ၊ တံတား စသဖြင့်သော အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာ
တွေမှာ ဖတ်ကြသလို အဆောက်အအုံအတွင်းပိုင်းမှာလည်း ဖတ်ကြပါတယ်။

ဗလာကျင်းဖတ်ရခြင်းရဲ့ အကျိုးကျေးဇူး မည်သို့ရှိသည် ဆိုတာကတော့ အင်း.. အဖြေ အမျိုးမျိုး ရှိပါလိမ့်မယ်။

စာ ရိုးရိုးဖတ်သူထက် ၀တ်လစ်စလစ် ဖတ်သူတို့ကို အများက ပိုပြီး အာရုံစိုက်ကြမှာပါ။

သူတို့ရွေးတဲ့နေရာက လုံခြုံရေးကောင်းတဲ့နေရာဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

နယူးယောက်မှာ လူမြင်ကွင်း အပေါ်ပိုင်း ဗလာကျင်း နေထိုင်ခွင့် ရှိနေသရွေ့ ဒီစာဖတ်အသင်း ရှိနေမယ်
လို့ ယူဆရပါတယ်။






















The Irrawaddy's Blog by zarny win

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗလာကျင်း စာဖတ် အသင်း http://www.simon-vlog.com/2014/05/blog-post_5834.html#ixzz31RA4oWTm
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့၍ အမျိုးသားတစ်ဦး သေဆုံး............

11 May 2014 19:47(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)


 ရန်ကုန်၊ မေ ၁၁

  ၁၀.၅.၂၀၁၄ ရက်နေ့ ၂၁၄၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဦးဇော်မြင့်တင်မှ ၎င်းနှင့်အတူ ကိုမိုးသူရ၊ ကိုကျော်ဝင်းလှိုင်၊ ကိုသောင်းတင်တို့မှာ အလုပ်ကိစ္စဖြင့် ရွှေလင်ပန်း၊ (၁၀၃)ကားဂိတ်သို့ စက်ဘီးဖြင့်သွားရောက်ခဲ့ပြီး ပြန်လာစဉ် စက်ဘီးမှာ ဘီးပေါက်၍ ကယ်ရီငှားရန်အတွက် ရွှေလင်ပန်း ဘုန်းကြီးကျောင်းရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ဆိုင်ကယ်ငှားရာမှ ကယ်ရီမောင်းသူများနှင့် စကားများခဲ့ကြောင်း၊ ထိုသို့စကားများခဲ့ပြီး စက်ဘီးအား ဆက်လက် တွန်းလာစဉ် ရွှေလင်ပန်း တံတားအဆင်း အရောက် စကားများခဲ့သော ဆိုင်ကယ်ကယ်ရီသမား(၆)ဦးခန့် လိုက်လာကာ သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ပြီး လက်သီးနှင့်ထိုးကြသဖြင့် ၎င်းတွင် ဦးခေါင်းနှင့် ၀ဲမျက်ခုံးတို့၌ ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အတူပါသူ ကိုသောင်းတင်မှာလည်း ယာနားအုံပေါက်ပြဲ ဒဏ်ရာရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသစဉ် ၁၁.၅.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင်သေဆုံး သွားခဲ့ကြောင်းနှင့် ယင်းသို့ပြစ်မှု ကျူးလွန်သူများကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၆၅၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် လှသိန်း၊(၅၀)နှစ်၊ (ဘ)ဦးစိန်သန်း၊ ကရင်(ခ)စိုးသိန်း၊ (၂၂)နှစ်၊ (ဘ)ဦးကျော်သန်းနှင့် သန်းလွင်၊ (၃၆)နှစ်၊ (ဘ)ဦးသန်းဝင်းတို့(၃)ဦးနှင့် အခြားအမည်မသိ(၃)ဦးတို့မှ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ လှသိန်း၊ ကရင်(ခ)စိုးသိန်းနှင့် သန်းလွင်တို့(၃)ဦးကို ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ကျန်ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခင်ပွန်း အယောင်ဆောင် သားမယားပြုကျင့်သူ အရေးယူ ................



  နေပြည်တော်၊ မေ ၁၁

  ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ xxxxx ရွာနေ မxxxxx(၃၉)နှစ်သည် သား/သမီးများနှင့်အတူ နေအိမ်အပေါ်ထပ်၌ လည်းကောင်း၊ ခင်ပွန်း ကိုxxxxxမှာ သားဖြစ်သူ မောင်xxxxxနှင့်အတူ နေအိမ်အောက်ထပ်၌ လည်းကောင်း အသီးသီး အိပ်ပျော်နေကြစဉ် ၁၀-၅-၂၀၁၄ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်၌ နေအိမ်အပေါ်ထပ် ပြတင်းပေါက်ပိတ်သံကြားပြီး မxxxxx အိပ်နေသည့် အိပ်ယာအနီးသို့ လူတစ်ဦး ၀င်ရောက်လာခဲ့ကြောင်း၊ မxxxxxမှ ခင်ပွန်းဖြစ်သူ ကိုxxxxxထင်မှတ်၍ ဆက်အိပ်နေစဉ် အဆိုပါလူမှ မxxxxx၏ထမီအား အပေါ်သို့ဆွဲလှန်၍ ကာမစပ်ယှက်ပြီးထွက်သွားသဖြင့် မxxxxxမှ ပြတင်းပေါက် ဖွင့်ခဲ့ရန်ပြောဆိုရာ အဆိုပါလူမှာ ပြန်လှည့်လာပြီး မxxxxx၏ခင်ပွန်း ကိုxxxxxမဟုတ်ကြောင်းနှင့် ကြိုက်သလို ဆုံးဖြတ်ရန် ပြောဆိုမှသာ ခင်ပွန်း၏တူတော်စပ်သူ တစ်ရွာတည်းနေ ကျော်ထွန်းအောင်(၂၂)နှစ် ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကျော်ထွန်းအောင်အား ပခုက္ကူမြို့မရဲစခန်း (ပ)၁၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ xxxxx ရွာနေ မxxxxx(၁၈)နှစ်သည် ရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာရှိ နှမ်းခင်းအတွင်း တစ်ဦးတည်း နွားစာရိတ်နေစဉ် တစ်ရွာတည်းနေ မင်းမင်းထွန်း(၂၈)နှစ် ရောက်ရှိ လာပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် နေအိမ်သို့ပြန်လာကာ မိခင်ဖြစ်သူအားပြောပြပြီး အရေးယူပေးရန်တိုင်တန်းခဲ့ရာ မင်းမင်းထွန်းအား လက်မှတ်ကုန်းနယ်မြေရဲစခန်း(ပ)၂၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 ရဲဇာနည်

ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ==...............

ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ
===========================

၁။ ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့သူထွက်သွားတဲ့အခါအရာအားလုံးနောက်ကျသွားပါလိမ့်မယ်။

၂။ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။

၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘ၀ရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။

၎။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကိုအချစ်အကြောင်းပိုနားလည်စေခဲ့လို့ပါ။

၅။ ကိုယ့် ကိုတစ်ချိန်တုန်းကမုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်ကိုယ်ကပိုပြီးသတ္တိရှိလာခဲ့တယ်။

၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေးစကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်းလောကအကြောင်းကိုသိလာမှာမဟုတ်ဘူး။

၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကိုတိတ်တခိုးချစ်ခဲ့တုန်းက သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။

၈။ ကိုယ့်ဘ၀ထဲကနေထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘ၀ထဲဝင်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်ဘ၀ရဲ့ပျော်ရွင်စရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။

၉။ ကိုယ့်ကိုတစ်ချိန်ကအထင်လွဲခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးကတစ်ခါဘဲရှိနိုင်လို့ပါ။

၁၀။ ယခု ကိုယ်နဲ့ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူကိုတွေ့ရင် သူကိုယ့်ကိုချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့်ကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့အ ခုနှစ်ယောက်လုံးပျော်ရွင်မှု့နဲ့အချစ်စစ်ကိုပိုင်ဆိုင်နေရလို့ပါ။

SimCard ပျက်၊ ပျောက် လျှောက်ထားရာတွင်ကတ်ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုရပ်ဆိုင်းထားရှိ ................

MPT-SIM-CARD











မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tes) ၏ ကတ်ပျက်၊ကတ်ပျောက်များ လျှောက်ထားခြင်းကို လက်ခံလျှက်ရှိသော်လည်း ကတ်ပြန်လည်ထုတ်မပေးနိုင်သေးကြောင်းမြန်မာ့ ဆက်သွယ်ရေးမှတစ်ဆင့်သိရှိရသည်။

’’ ၃၁ နဲ့စတဲ့ MEC Tel Sim Card တွေကိုတော့ အခုပျက်၊ ပျောက် လျှောက်ထားတဲ့ Sim card တွေ ကိုတော့ မထုတ်ပေးသေးပါဘူး။ ဟိုဘက်က Sim card တွေမရသေးလို့ပါ’’ ဟုဆက်သွယ်ရေးနှင့်သ တင်းအချက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ သည်။

၂၀၁၃ ခုနှစ် ဧပြီကာလမှ အစပြု၍ငွေကျပ် (၁၅၀၀) တန် တန်ဖိုးနည်း CDMA 800 MHz (MEC Tel) Sim card များကိုသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ CDMA 800 MHz (MEC Tel) Sim card ပျက်၊ ပျောက်များကို သက်ဆိုင်ရာတိုင်း နှင့်ပြည်နယ်ဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးရုံးများတွင်ပြန်လည်လျှေက်ထားရမည်ဖြစ်သည်။ ၀န် ဆောင်ခအနေဖြင့် CDMA 800 MHz (MEC Tel) Sim card အပျက်ပြန်လည်လျှောက်ထားပါက၀န် ဆောင်ခအနေဖြင့် စာရွက်စာတမ်းကြေးသာကျသင့်မည်ဖြစ်ပြီး SimCard ပျောက် ပြန်လည်လျှောက် ထားပါက ငွေကျပ် (၂) သောင်းနှင့်တကွစာရွက်စာတမ်းများသာကျသင့်မည်ဖြစ်သည်။

’’၂၀၁၄ ခုနှစ်မေ (၁၄) (၁၅) ရက်နေ့လောက် Sim Card ပြန်ထုတ်ပေးမယ်လို့ ကြားပါတယ်။ ဧပြီလ လယ်ပိုင်းကတည်းက စပြီး Sim Card ပျက်တော့ဒီမှာကတ်ဝယ်သွားပြီး ပျက်၊ ပျောက်ဖြစ်တဲ့အခါလာ လျှောက်လို့ချက်ချင်းမရတဲ့အပြင် အခုက ဘယ်အချိန်ပြန်ရမယ်လို့ အတိအကျ မပြောတော့ သိပ်အ ဆင်မပြေပါဘူး’’ ဟုဧရာဝတီတိုင်းမှတစ်ဆင့်ကတ်ပျောက်လာရောက်လျှောက်ထားသူ ကိုသီဟကျော် မှပြောကြားခဲ့သည်




ref:&Credit:Myanmar Digital Life Journal



Thihahtike


Welcome From My Blog



09-73151297

ယောကျာ်းတို့ဖက်မှ တောင်းဆိုချက်...............

Posted by: Ko Myo on Monday, May 12, 2014 Categories:

၁။ ယောကျာ်းတွေက စိတ်တန်ခိုးမရှိပါဘူး ဒါကြောင့် မိန်းမတွေရဲ့စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်ပါ

၂။ အမှားလုပ်ပြီး ငိုပြခြင်းသည် ယောကျာ်းများကို အနိုင်ကျင့်ခြင်းဖြစ်သည်

၃။ ဖြစ်ချင်တာလိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ရှင်းရှင်းပြောရရင် မသိမသာပြောလို့လဲ ကျွန်တော် တို့က မသိဘူး အရိပ်ပြရင်လဲ ကျွန်တော်တို့က ယောင်ဝါးဝါး ဒီတော့ အရှင်းဆုံးက ပြောချလိုက်ပါ။

၎။ Yes ဒါမှမဟုတ် No ဆိုတာ ကျွန်တော်တို့အတွက် မေးခွန်းတိုင်းကိုဖြေဖို့ Perfect အဖြစ်ဆုံးအဖြေပဲ

၅။ ပြဿနာတစ်ခုကိုပြောပြမယ်ဆိုရင် ကျွန်တော်တို့ကို ဖြေရှင်းစေချင်တယ်ဆိုမှပြောပြပါ မပတ်သတ်စေချင် ရင် အစထဲက ပြောကိုပြောပြမနေနဲ့

၆။ ကျွန်တော်တို့ပြန်ဖြေလိုက်တဲ့အဖြေက ခင်ဗျားအတွက် ခံစားချက် ၂မျိုး ရစေတယ် အဲ့ဒီထဲက တစ်မျိုးက ၀မ်းနည်းပြီး ဒေါသထွက်စေတယ်ဆိုရင် ကျွန်တော်တို့ဆိုလိုတဲ့အဖြေက အဲ့လို မခံစားစေလိုတဲ့နောက် တစ်ခုပဲ

၇။ ကျွန်တော်တို့ကို တစ်ခုခုလုပ်စေချင်ရင် တောင်းဆိုနိုင်တယ် ဒါမှမဟုတ် ကျွန်တော်တို့ဘာသာ ဘယ်လိုလုပ်လိုက်လို့လဲ ပြောနိုင်တယ်ခင်ဗျား တောင်းဆိုချင်သလိုပုံစံရော ကျွန်တော်တို့ကိုယ့်ဟာကိုယ် လုပ်လိုက်မဲ့ပုံစံကော နှစ်ခုလုံးတော့မရဘူး

၈။ ဖြစ်နိုင်ရင် TV ကြည့်နေတုန်း စကားပြောချင်တယ်ဆို ကြော်ညာလာနေတဲ့အချိန်မှာပြောပါ

၉။ CHRISTOPHER COLUMBUS က ညွှန်ကြားချက်နဲ့သွားတဲ့လူမဟုတ်ဘူး ကျွန်တော်တို့လဲတူတူပဲ

၁၀။ ကျွန်တော်တို့ယောကျာ်းတွေက အရောင် ၁၆ မျိုးလောက်ပဲသိတယ် Window မှာဆို Default Setting လိုပေါ့ မရမ်းဖျော့ရောင်တို့ ဖက်ဖူးစိမ်းရောင်တို့ ရှုပ်ထွေးတဲ့ အရောင်တွေကိုမသိလို့ စိတ်မတိုပါနဲ့

၁၁။ ဘာဖြစ်နေလဲဟင် လို့ကျွန်တော်တို့မေးတဲ့အခါ ဘာမှမဖြစ်ဘူးလို့ ခင်ဗျားပြန်ဖြေတယ်ဆိုရင်
ဟုတ်ပြီ ဘာမှမဖြစ်ဘူးလို့ပဲ သတ်မှတ်လိုက်တယ် . တစ်ကယ်တော့ ခင်ဗျားတစ်ခုခုဖြစ်နေတယ်ဆိုတာ
ကျွန်တော်တို့သိတယ် .. ဒါပေမဲ့ အဲ့တာကို မရမချင်း မေးဖို့ စိတ်မရှည်ဘူးဗျ

၁၂။ ခင်ဗျားကိုယ်တိုင်မဖြေချင်တဲ့ မေးခွန်းမျိုး ကျွန်တော်တို့ကိုမေးတဲ့အခါ ကျွန်တော်တို့ဖြေမဲ့အဖြေကလဲ
ခင်ဗျားကြားချင်တဲ့ အဖြေမျိုးမဖြစ်နိုင်ဘူးဆိုတာကြိုသိထားပါ

၁၃။ ခင်ဗျားမှာ အ၀တ်စားတွေအများကြီး ။ ဖိနပ်တွေအများကြီး ရှိပါတယ် မရှိဘူးလို့ မငြီးနဲ့ ဟုတ်တယ် မလား

ဒီစာကို ယောကျာ်းတွေ ဖတ်ရအောင်ဝေမျှလိုက်ပါ - သူတို့ရယ်ကြလိမ့်မယ်

ဒီစာကို မိန်းမတွေဖတ်ရအောင်ဝေမျှလိုက်ပါ - တချို့တွေ စိတ်ဆိုးကြလိမ့်မယ် ဒါပေမဲ့ တစ်ချို့ ကတော့ ယောကျာ်းတွေထက်တောင်ပိုရယ်ကြလိမ့်မယ် ဘာလို့လဲဆိုတော့ အကုန်လုံးအမှန်တွေကြီးပဲ ကိုးဗျ

Jay Ki
Myanmar Online News

အမေများနေ့အကြောင်း သိကောင်းစရာ ................

Posted by: Ko Myo on Monday, May 12, 2014 Categories:


အမေများနေ့ဟာ သမိုင်းဝင် အမှတ်တရ ဖြစ်တဲ့နေ့လေး တစ်နေ့လို့ ဆိုရမှာပေါ့။ ဒါကြောင့် အမေများနေ့ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုတာကို ဗဟုသုတ အနေဖြင့် ရေးသား ပေးလိုက် ရပါတယ်။

အမေများနေ့ကို ဂရိလူမျိုးတွေ Rhea လို့ အမည်ရတဲ့ နတ်သမီးကို ပှုဇော်ရာမှ စခဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရောမခေတ်တွေမှာလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၎င်းပွဲမှာ မယ်တော် Magna Mater လို့အမည်တွင်သော နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲများကို ဘီစီ ၂၅ဝ ခုနှစ်က စခဲ့တယ်လို့ သမိုင်း မှတ်တမ်းများ အရ သိရပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမများနေ့ ပွဲကို ကျင်းပတာခြင်း မတူညီကြဘူးလို့ သိရပါတယ်။ ဥပမာပြောရမယ် ဆိုရင် နော်ဝေနိုင်ငံမှာ ဖေဖော်ဝါရီလ မှာကျင်းပခဲ့ကြပြီး အာဖရိကက မေလမှာကျင်းပ ကြတယ်လို့ သိရပါတယ်။ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံ နိုင်ငံများ မှာဆိုရင်တော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့ အဖြစ် သတ်မှတ် ထားတယ်လို့ ဆိုရမှာပေါ့။

အမေများနေ့ဟာ အနောက်နိုင်ငံများမှ ဆင်းသက်လာတာ ဖြစ်ပြီး ယနေ့ဆိုရင် ကမ္ဘာ တစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ ပါပြီ။ ဒါကြောင့် အမေများနေ့ကို ရောက်သည်ဖြစ်စေ မရောက်သေးဘူးဖြစ်စေ သင့်အတွက် ကတော့ အမေဟာ အမြဲတန်းလို အပ်နေပါတယ်။ ဒါကြောင့် သင့် ဘဝဟာ သင့် အမေဖြစ်သလို သင့်အမေ ဟာ သင့်ဘဝ ဖြစ်ပါတယ်။ အမေမရှိဘူးဆိုရင် ဘဝဟာလည်း မရှိနိုင်တော့ပေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ