This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 4, 2014

ဘယ်နေ့ သေမလဲဆိုတာ သွေးစစ်ရင် သိနိုင်ပြီ.........

Monday, March 3, 2014

မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသနပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။ 


 ဓာတ်ပုံ- L.A Times

ဖင်လန်နဲ့ အက်စတိုးနီးယား သုတေသီတွေက သွေးထဲက ဓာတ်ပစ္စည်းတွေကို စစ်ဆေးလိုက်တာနဲ့ ဒီလူဟာ ကျန်းမာမှု ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်အချိန်ထိ အသက်ရှင် ကျန်းမာမယ်၊ သေစေတတ်တဲ့ ကင်ဆာ အပါအဝင် ဘယ်လို ရောဂါ မျိုးတွေ ရှိနိုင်မလဲဆိုတာ သွေး ကို စစ်လိုက်တာနဲ့ သိရမှာဖြစ်ပြီး 
သေဆုံးမယ့် အချိန်ကို အတော် နီးနီးစပ်စပ် ခန့် မှန်း နိုင်တယ်လို့ Los Angeles Times သတင်းတပုဒ် က ဆိုပါတယ်။ 

သူတို့ အခေါ် "Biomarkers" က ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတာဖြစ်ပြီး Death Biomarkers တွေက တော့ သေစေနိုင်တဲ့ အခြေအနေတွေကို ကြိုတင် သတိပေးနိုင်တာကြောင့် ကိုယ် မသေချင်သေးရင်လည်း သေလောက်တဲ့ အခြေအနေမရှိအောင် ဖြည့်ဆည်းမှုတွေလုပ်ပြီး အသက်ကို ဆွဲဆန့်စေနိုင်မယ့်လက္ခဏာမျိုးပါ။ 

ဒါပေမယ့် တချို့ Death Biomarkers တွေကတော့ ဘယ်လိုမှ ဆွဲဆန့်လို့ရမယ့် အနေအထားရှိဟန် မတူပါဘူး။

Biomarker ၄ မျိုးရှိပြီး အဲဒီညွှန်းကိန်းတွေကို ကြည့်ပြီး ကျန်းမာတဲ့သူ၊ သေတော့မယ့်သူတွေကို ခွဲခြား သိနိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။ အခု စမ်းသပ်မှုကို အသက် ၂၄ နှစ်ကနေ ၇၄ နှစ်ကြားရှိတဲ့ ဖင်လန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈,၄၄၄ ဦးကို သီးခြားစီ စမ်းသပ်သုတေသန လုပ်ခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ 



အိမ့်သံစဉ် ~

Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်တဲ့ Software.Apk....................................




Android Phone ရဲ့ Facebook မှာ Photo Comment တွေအလွယ်တကူပေးလို့ရလာပြီဆိုတော့
Photo Comment အလွယ်လုပ်လို့ရမဲ့ Software လည်းလိုလာပါပြီ ဒီ Picsay ဆိုတဲ့ Software ကတော့ Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်ပြီး Photo တွေကိုပါစိတ်ကြိုက်ပြုပြင်လို့ရပါတယ်

ဘော်ဒါတွေတောင်းကြလွန်းလို့ပါ.. Android Apk ပါ...http://s6.sfcdn.in/ZmRiYjJhZGMxOWIwYmUwNDdkMTVkMjAwM2UxZWMwNzEyYTYyYTZjMjoxV0tiRkw6cWozLXNDM2hzeVMtYXdHdjZUTWlLc0NEbkhF/d76d6a52d3/PicSay_www.mmithelper.com.apk
 
Download => Solidfiles / Miloshare 
 

သတ္တ၀ါအသီးသီးတို့၏ ဘုံဌာနနှင့်သက်တမ်းများ .............


သတ္တ၀ါအသီးသီးတို့ ကျင်လည်ရာ (၃၁)ဘုံ တို့တွင်
(၁) ငရဲ၊ ပြိတ္တာ၊ အသူရကာယ်တို့တွင် သတ်မှတ်ထားသော သက်တမ်းများ မရှိကြပေ။ မိမိတို့၏ ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။ တိရစ္ဆာန်များမှာ အမျိုးပေါင်း မရေတွက် နိုင်သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ ကွာခြားကြပေသည်။


(၂) လူသားတို့၏ သက်တမ်းမှာ အရှေ့ကျွန်းသားတို့တွင် သက်တမ်း(၇၀၀)၊ အနောက်ကျွန်းသား တို့တွင် သက်တမ်း(၅၀၀)၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း တောင်ကျွန်းသားတို့မှာ သက်တမ်း ပုံသေမရှိပါ။ အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တန်းမှသည် အသင်္ချေယျတမ်း ဟူ၍ ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။

(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော ဘီလူး၊ ဘုမ္မစိုး နတ် တို့တွင် တည်မြဲသော သက်တမ်းမရှိကြပေ။ အချို့သော ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။ အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ အနှစ်(၅၀၀) ရှိပေသည်။ လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။ စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏အနှစ် (၅၀၀)နှင့် ညီမျှပေသည်။

(၄) တာဝတိံသာ နတ်တို့သည် အနှစ်(၁၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ တာဝတိံသာ နတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိပေသည်။

(၅) ယာမာနတ်တို့သည် အနှစ်(၂၀၀၀)သက်တမ်း ရှိသည်။ လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ယာမာနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၁၄)ကုဋေလေးသန်း ရှိပါသည်။

(၆) တုသိတာနတ်တို့သည် အနှစ်(၄၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ တုသိတာနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၅၇)ကုဋေနှင့် ခြောက်သန်း ရှိပါသည်။

(၇) နိမ္မာနရတီနတ်တို့သည် အနှစ်(၈၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ နိမ္မာနရတီနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ လေးသန်းရှိပါသည်။

(၈) ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အနှစ်(၁၆၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။

(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျားကြသည့်အတွက် အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြင့် တိုင်းတာရပေသည်။ ထိုကပ်တို့သည် (၁) အာယုကပ်၊ (၂) အန္တရကပ်၊ (၃) အသင်္ချေယျကပ် ၊ (၄) မဟာကပ်ဟူ၍ လေးပါးရှိ၏။
ထိုလေးပါးတို့တွင် သတ္တ၀ါတို့၏ သက်တမ်း အသီးသီးကို အာယုကပ်ဟုခေါ်သည်။ လူတို့၏ အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တန်းမှ အသင်္ချေယျတမ်းအထိ ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟု ခေါ်သည်။ အန္တရကပ် (၆၄)ကပ်သည် အသင်္ချေယျကပ် တစ်ကပ်နှင့်ညီမျှ၏။ အသင်္ချေယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ် (တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။ အသင်္ချေယျ ကပ်ကို လေးမျိုးခွဲခြားပြန်၏။
(က) သံဝဋ္ဋ္ဋကပ်-ကမ္ဘာကြီး စပျက်သည်မှ လုံးဝပျက်သုဉ်းသွားသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ခ) သံဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း တည်နေသော အသင်္ချေယျကပ်။
(ဂ) ၀ိဝဋ္ဋကပ်-ကမ္ဘာပြုမိုးစရွာသည့် အချိန်မှစ၍ ကမ္ဘာကြီးအပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ဃ) ၀ိဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်းတည်နေသော အသင်္ချေယျကပ် ဟူ၍ အသင်္ချေယျကပ်(၄)မျိုး ရှိပေသည်။
ထိုကဲ့သို့ သတ္တ၀ါတို့ ကျင်လည်ရာ နေရာဌာနအလိုက် သက်တမ်းများလည်း အမျိုးမျိုးရှိကြပေရာ ကျွန်ုပ်တို့သတ္တ၀ါများသည် သံသရာမှမလွတ်မြောက်သရွေ့ အထက်ဖော်ပြပါ နေရာဌာနများ၌ သွားလာလှုပ်ရှား ရုန်းကန်နေကြရပေအုန်းမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ရခဲလှသော လူ့ဘ၀ကောင်းလေး ရရှိနေချိန်မှာ သံသရာမှ အပြီးအပိုင် လွတ်မြှောက်အောင် မလုပ်နိုင်စေကာမှု နောက်ဖြစ်လေရာဘ၀များ၌ ချမ်းသာသုခပြည့်စုံအောင် သံသရာမှလည်း အမြန်လွတ်မြှောက်ဖို့ရန် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ် ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါပေသည်။
ဆန်နီနေမင်း
မှ- (thotuzana.blogspot.com)

Friday, February 28, 2014

Facebook v8.0.0.8 Updated...................


တကယ်တော့ Facebook Official Version မှာ ဗားရှင်း 6 ပဲတွေ့ပါသေးတယ်.. ဒီ 7/8 တွေဟာ Official ဟုတ်မဟုတ်တော့ မသိပါဘူး.. ဘာပဲဖြစ်ဖြစ် သုံးတော့ သုံးနေကြတာပဲ.. ခုလည်း ဗားရှင်း 8.0.0.8 တွေ့လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်... Official ဟုတ်မဟုတ် မသိရတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ တကယ်လိုအပ်ရဲ့လား၊ ကိုယ့်အကောင့်လုံခြုံရေးစိတ်ချရမှာလားဆိုတာ သတိထားပြီး သုံးစွဲစေလိုပါတယ်... မောင်ပေါက်တင်ပေးလို့ သုံးရတာပါဆိုပြီး မဖြစ်စေချင်ပါဘူး.. Your Own Risk !

-
Keeping up with friends is faster than ever.
• See what friends are up to
• Share updates, photos and videos
• Get notified when friends like and comment on your posts
• Text, chat and have group conversations
• Play games and use your favorite apps

Now you can get early access to the next version of Facebook for Android by becoming a beta tester. Learn how to sign up, give feedback and leave the program in our Help Center: http://on.fb.me/133NwuP

What’s New
- Bug fixes

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Wednesday, February 26, 2014

ဖားကန့်တွင် တွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံး ကျောက်စိမ်းတုံး မဟုတ်ဘဲ သာမန်ကျောက်တုံး ဖြစ်နေဟုဆို................



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများ တွေ့ရှိခဲ့သော ၃၇ တန် ရှိ ကျောက်တုံးမှာ ကျောက်စိမ်းတုံးမဟုတ်ဘဲ ကျောက်စိမ်းအဆင့် မရောက်သေးဘဲ မောက်တုံး ဆင့်သာရှိသည့် သာမန်ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

““ကျောက်စိမ်းတုံးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”” ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် ညနေတွင်ပြောသည်။

ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် တွေ့ရှိသည့် ကျောက်တုံးကို ကျောက်စိမ်းတုံးအဖြစ် မှတ်ယူကြပြီး နိုင်ငံတော်အစိုးရက ထိန်းသိမ်းသွားရန်စီစဉ်ထားကာ ကျောက်တုံး စတင်တွေ့ရှိသည့်အချိန်မှစ၍ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော် နှင့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ တာဝန်ရှိသူများက လုံခြုံရေးတာဝန်ယူကာ စောင့်ရှောက်ထားခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက် စနေနေ့တွင် ကျောက်တုံးကြီးအား မြေမှဖော်ယူရန်နှင့် သယ်ယူရန် လုပ်ဆောင်စဉ် ကျောက်တုံးကြီးမှာ အက်ကြောင်းများမှတစ်ဆင့် အလိုအလျောက် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီးနောက် ကျောက်စိမ်းမဟုတ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း ယင်းကျောက်စိမ်းတုံးအား ထိန်းသိမ်းစောင့်ရှောက်သည့်အဖွဲ့တွင် ပါဝင်သည့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

““စနေနေ့က သယ်ဖို့စီစဉ်တဲ့အချိန် ပဲ့ကျသွားတာ။ ကျောက်တုံးကြီးက ကျောက်စိမ်းတုံးအဆင့်ထိ မရောက်သေးတဲ့ မောက်တုံးကြီးဖြစ်နေတယ်။ ကျောက်စိမ်းအဆင့်ထိ မရောက်သေးဘူး။ ကျောက်စိမ်းဆန်တဲ့ မောက်တုံးပေါ့။ ကွဲသွားတဲ့အချိန်မှာ ကျောက်စိမ်းနဲ့တူတဲ့ အပိုင်းအစတွေ၊ ရိုးရိုးကျောက်တုံးစတွေ၊ မြေမာစတွေပါတယ်”” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။      

ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကလည်း““ဖေဖော်ဝါရီ ၂၂ ရက်က ကျောက်တုံးကြီးကိုသယ်ဖို့ ကရိန်းနဲ့မတဲ့အချိန်မှာ ပဲ့ကျသွားတယ်။ ပဲ့ကျသွားတဲ့အခါမှာ ကျောက်သားတွေက ကျောက်စိမ်းလို့ ပြောလို့မရဘူး။ ကျောက်သားတွေမှာ ကျောက်စိမ်းလို့ခေါ်နိုင်တဲ့ အရည်အသွေးမရှိဘူး။ အရည်ကိုက ကျောက်စိမ်းလို့မခေါ်နိုင်ဘူး။ အခုတော့ တာဝန်ရှိသူတွေက ကျောက်စိမ်းဟုတ်၊ မဟုတ် အသေအချာမပြောသေးဘူး။ ညှိနှိုင်းနေကြတယ်။ ပဲ့ကျသွားတဲ့ကျောက်စိမ်းတုံးကို မြစ်ကြီးနားကိုသယ်ဖို့ စီစဉ်နေကြတယ်”” ဟု ပြောသည်။

ယင်းကျောက်တုံးကြီးမှာ လက်ရှိတွင် သက်တမ်းနုနေပြီး ကျောက်စိမ်းတုံးအဆင့်ထိ မဖြစ်သေးကြောင်း၊ မြေမာခဲများ၊ ကျောက်ခဲစများဖြင့် ကျောက်စိမ်းတုံးဖြစ်လာနိုင်သော်လည်း ကျောက်စိမ်းတုံးမဖြစ်မီ ကျောက်တုံးများကို ဖားကန့်ဒေသတွင် မကြာခဏတွေ့ရသည်ဟု ဆိုသည်။ ယခုတွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံးမှာလည်း ကျောက်စိမ်းမဖြစ်သေးမီ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ဖားကန့်ဒေသ ဝေခါကျောက်မျက်မှော်မှ ကျောက်မျက်ကုန်သည်တစ်ဦးက ပြောကြားသည်။

““ကျောက်စိမ်းတုံးကြီးတွေ့တယ်ဆိုတဲ့သတင်းက တော်တော်ပျံ့နှံ့နေပြီ။ အဲဒါကြောင့် အခု ကွဲသွားပြီး ကျောက်စိမ်းတုံးမဟုတ်မှန်းသိရတော့ အပိုင်းအစတွေသယ်ဖို့ လုပ်နေကြတယ်။ ဒီနေ့သယ်ပြီး လူကြီးတွေလာရင် ပြဖို့ လုပ်နေကြတယ်””ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောက်စိမ်းမဟုတ်သော်လည်း အပိုင်းအစများသယ်ယူရန် စီစဉ်နေ၍ ကျောက်စိမ်းတုံးတွေ့ရှိသည့်နေရာအနီးတွင် ခြံခတ်ထားပြီး လုံခြုံရေးများ ဆက်လက်တာဝန်ယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်စိမ်းတုံးတွေ့ရှိပြီးနောက် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်မှော်များတွင် လုံခြုံရေးပိုမိုတင်းကျပ်ပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများအား တားဆီးခြင်း၊ ဖမ်းဆီးကာ မိုးကောင်းဒေသသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ တပ်မအပြောင်းအလဲနှင့် ပြည်ထဲရေးဒုဝန်ကြီးလာရောက်ခဲ့မှုကြောင့် ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးလျော့သွားကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

““အခု ငါးရက်လောက်ရှိပြီ။ တစ်နိုင်သမားတွေ၊ ရေမဆေးသမားတွေ မဖမ်းဘူး။ တစ်နိုင်တစ်ပိုင်သမားတွေ၊ တော်တော်လေး လုပ်သာကိုင်သာ ရှိနေတယ်”” ဟု ဖားကန့်ဒေသ ဆိုင်းတောင်ရွာမှ တစ်နိုင်တစ်ပိုင် ကျောက်ရှာဖွေသူတစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသကို ယခင် တပ်မ ၁၀၁ က နယ်မြေစိုးမိုးရေးတာဝန်ယူခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ တပ်မ ၆၆ က ပြောင်းလဲတာဝန်ယူသွားကြောင်း၊ ထိုသို့ တပ်မပြောင်းသလို တပ်မမှူး အပြောင်းအလဲကြောင့် ဖားကန့်ဒေသ တစ်နိုင်တစ်ပိုင်သမားများကို လတ်တလော ဖမ်းဆီးမှုမရှိဘဲ အေးချမ်းနေကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

Author: မောင်တာ
7day Daily
လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သယ်ယူရန် စစ်ဆေးစဉ် ပဲ့ထွက်သွားသော ကျောက်အပိုင်း အစများ ကို ကြည့်ကာ ကျောက်စိမ်း မဟုတ်ဟု ပြောနေပြန်သော ကျောက်တုံးကြီးကို တွေ့ရစဉ် ဓာတ်ပုံ - 7Day

ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန်...........


ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန့်ကြားပါတယ်။

၂၀၁၃ ဇွန်လက ရန်ကုန်မြို့မှာ တွေ့ရတဲ့ ဦးဝီရသူနဲ့ သံဃာများ   (ဓာတ်ပုံ - ဂျေပိုင် / The Irrawaddy)

 -
ဦးဝီရသူနဲ့ NLD ဦးဝင်းတင်တို့ တွေ့ဆုံပွဲအကြောင်း ဆက်သွယ် မေးမြန်း လျှောက်ထားစဉ်မှာ အဲဒီလို မိန့်ကြားလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဦးဝင်းတင် မန္တလေးရောက်စဉ် တွေ့ဆုံကြတာပါ။

ဦးဝင်းတင်နဲ့တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်းအရာတွေထဲ  ... အခြေခံဥပဒေ ပုဒ်မ ၅၉ ပြင်ဆင်ရေး၊ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစရှိတာတွေ ပါဝင်တယ်လို့  မိန့်ကြားပါတယ်။

သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ ကိစ္စ ပြင်ရေးက ဒေါ်စုအတွက် ထောက်ခံတယ်။ ဒီနိုင်ငံမှာ နိုင်ငံခြားသား ဥပမာ တရုတ်၊ ကုလားတို့ သမ္မတဖြစ်လာမှာကို အင်မတန်စိုးရိမ်ပါတယ် လို့ မိန့်ကြားပါတယ်။

 မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး .... ဒီနိုင်ငံမှာ မျိုးစောင့်ဥပဒေ အလွန် လိုအပ်နေတယ်။ အမျိုးသမီးတွေက တခြားဘာသာတွေထဲ ဇွတ်အတင်း သွပ်သွင်းခံရမှာကို စိုးရိမ်ပါတယ် တဲ့။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီပင်မစာမျက်နှာ
http://www.irrawaddy.org/burma/meeting-nld-cofounder-wirathu-cautions-suu-kyi-presidency.html မှာ မူရင်းသတင်းကို ဖတ်နိုင်ပါပြီ။

In Meeting With NLD Cofounder, Wirathu Cautions Against Suu Kyi Presidency
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။


တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ် မေးမြန်းထားပါတယ်။

မန္တလေးရောက်တုန်းမှာ ဆရာတော်က ဖိတ်တယ်၊ ဖိတ်တော့ ကျောင်းကို သွားတယ်၊ ဟိုရောက်တော့ ကျောင်းထဲမှာ ဒေါ်စုဓာတ်ပုံတွေ မိန့်ခွန်းတွေ ကပ်ထားတာ တွေ့ရတယ်။

ကျန်းမာရေးအရ ကျနော်က ထိုင်ခုံနဲ့ထိုင်ရတဲ့အတွက် နားလည်ဖို့ ခွင့်တောင်းတယ်၊ စကားပြောဖြစ်ကြတယ်၊  ဒေါ်စုကို သူ လေးစားတယ် ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်၊
  ၅၉ နဲ့ ပတ်သက်ပြီး ဒေါ်စု သမ္မတဖြစ်လာမှာကို သဘောတူတယ်။ သို့သော်လည်း ဒါပြင်ပြီးရင် တရုတ်၊ ကုလားတွေ သမ္မတဖြစ်လာမှာကို စိုးရိမ်တယ်။
NLD ပါတီထဲမှာ အရည်အချင်း မရှိတာတွေ တွေ့ရတယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်သင့်ပြီလို့ အကြံပြု မိန့်ကြားတယ်။ 
NLD ကို ထောက်ခံလို့ ကျေးဇူးတင်တယ်၊  ပြုပြင်ပြောင်းလဲရေး ဆိုတာကတော့ လုပ်သင့်တယ်၊ သို့သော်လည်း အဆင့်ဆင့်သော ခေါင်းဆောင်တွေကတော့ ညီလာခံလုပ်ပြီး စနစ်တကျ တင်မြှောက်ထားကြတာဖြစ်တယ် လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးကြပါသလဲ???  မျိုးစောင့်ဥပဒေကို လူတွေက ဘာကြောင့် မထောက်ခံကြသလဲ မသိဘူး လို့
ဦးဝီရသူက မှတ်ချက် မိန့်ကြားပေမယ့် ကျနော် ဒီကိစ္စကို ဆက် မပြောဘူး၊ ပြောလည်း အငြင်းပွားနေမှာပဲ လို့ ဦးဝင်းတင်က ရှင်းပြပါတယ်။






.

၂၀၁၅ နောက်ပိုင်းမှသာ ပိုမိုဖွံ့ဖြိုးလာနိုင်မည့် ရန်ကုန် ကွန်ဒိုဈေးကွက်

ထားထားခင်


ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် လိုအပ်ချက်အရထွက်ပေါ်လာသည့် ကွန်ဒိုအရေအတွက်သာများပြားနေ ပြီး ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံသည့် ကွန်ဒိုစစ်စစ်များမှာမူ ကွန်ဒိုဥပဒေအတည်ပြုပြီးသည့် ၂၀၁၅ နောက်ပိုင်း မှသာ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်ဟု ကွန်ဒိုတည်ဆောက်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ကွန်ဒိုဈေးကွက်မှာလည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းမှသာ အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည် ဟု ၎င်းတို့က ဆိုသည်။

လှိုင်မြို့နယ်ရှိ Capital Development Limited မှ Marketin Manager မလွင်မာအောင်က “အဆင့်မြင့် ကွန်ဒိုတစ်ခု တည်ဆောက်နိုင်ဖို့အတွက် မြေအမျိုးအစားက ဂရမ်မြေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီအချက်က ၀ယ်ယူသူတွေအတွက် ပိုင်ဆိုင်မှုခိုင်မာဖို့နဲ့ ကွန်ဒိုတစ်ခုရဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေ ပြည့်စုံဖို့ အဓိကအထောက် အကူဖြစ်စေပါတယ်။ ကွန်ဒိုရဲ့ အရည်အသွေးက ၀န်ဆောင်မှုပိုင်း၊ ပံ့ပိုးမှုပိုင်း ပြည့်စုံပြီး ကွန်ဒိုရဲ့အရည် အသွေးအားသာချက်ရှိတာကလည်း ဈေးကွက်ထိုးဖောက်မှုအပိုင်းမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဈေးကွက်မှာဖြစ်နေတာက အဆင့်မြင့်ကွန်ဒိုတစ်ခုမှာ facility အနေနဲ့ ကားပါကင်ပါတယ်ဆိုရင် ဈေးက သိန်း ၃,၀၀၀ ဖြစ်နေပြီ၊ တချို့ဟာတွေက ကွန်ဒိုလို့သာ ပြောနေကြတာ တကယ်တော့ high-end apartment တွေပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအများစုသည် တည်ဆောက်သူဘက်မှ ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံအောင်ထည့်သွင်းထား မှုမရှိကြောင်းနှင့် ယင်းအချက်က ကွန်ဒိုဈေးကွက် ပီပြင်စွာပေါ်ပေါက်လာစေရန် အတားအဆီးတစ်ရပ် သဖွယ်ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ကမာရွတ်မြို့နယ်ရှိ Perfect Home Generation Real Estate & Construction မှ ဈေးကွက်မန်နေဂျာ ကိုရန်အေးကလည်း မြန်မာပြည်ရှိ ကွန်ဒိုများသည် ဈေးနှုန်းအနေအထားမြင့်မားသည့်အတွက် ငွေကြေး အသင့်အတင့်သာတတ်နိုင်သောသူများအတွက် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဆိုသည်။ “ကွန်ဒိုတွေက ဈေးများနေတော့ ဈေးကွက်ထဲမှာ တိုက်ခန်းတွေပဲ အရောင်းအ၀ယ်သွက်နေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

“မြန်မာပြည်မှာရှိတဲ့ ပံ့ပိုးမှုအင်္ဂါရပ် ပြည့်စုံတဲ့ ကွန်ဒိုတွေဆိုရင် ဈေးနှုန်းသိန်း ၂,၅၀၀ လောက်ရှိတယ်၊ တကယ်တမ်းပြောရမယ်ဆိုရင် ကွန်ဒိုတွေက အောက်ခြေလူတန်းစားတွေနဲ့ အရမ်းအလှမ်းဝေးနေတယ်၊ သူတို့တွေအတွက် ကွန်ဒိုမပြောနဲ့ တိုက်ခန်းအပေါ်ဆုံးထပ်ကိုတောင် မတတ်နိုင်တဲ့သူတွေရှိတယ်၊ ဈေး ကွက်မှာ အမေးများတာကလည်း သိန်း၂၅၀ နဲ့ သိန်း ၃၀၀ ကြား တိုက်ခန်းတွေပဲ အမေးများတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

၂၀၁၄ ခုနှစ်တွင် ကွန်ဒိုအရောင်းအ၀ယ်များနည်းပါးခဲ့သည်ဟု မဆိုနိုင်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ပိုမိုဝင်ရောက်လာနိုင်မည့်၂၀၁၅ ခုနှစ်တွင်မူ အရောင်းအ၀ယ်ပိုဖြစ်လာနိုင်သည်ဟုလည်း ကိုရန်အေးက ပြောသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာပြည်ကိုလာမယ်ဆိုရင်တော့ ကွန်ဒိုအရောင်းအ၀ယ်ရော၊ အငှား ရော ပိုဖြစ်မှာပါ၊ ကမ္ဘာအေးဗီလာမှာဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၃,၅၀၀ လောက် အငှားဈေး ရှိတယ်၊ အဆင့်မြင့်ကွန်ဒိုတွေရဲ့ အရောင်းအငှားဈေးကွက်က ၂၀၁၅ မှာ ပိုမိုပီပြင်စွာ ဖြစ်တည်လာမှာပါ” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ မြေကွက်ကျဉ်းများပေါ်တွင် ဓာတ်လှေကားထည့်၍တည်ဆောက်ထားကြသော ကွန်ဒိုဟုခေါ် ဆိုနေသည့် အထပ်မြင့်တိုက်များသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီသော အဆင့်မြင့်ကွန်ဒို စစ်စစ်များ မဟုတ်ဟုလည်း ကိုရန်အေးက ပြောသည်။

ဗဟန်းမြို့နယ်ရှိ စိုးကမ္ဘာအိမ်ခြံမြေ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကမူ ကွန်ဒိုဝယ်ယူသူများသည် အဓိက အားဖြင့် ဈေးနှုန်း၊ ပံ့ပိုးမှုအင်္ဂါရပ် ၊ ရေရှည်တွင်ဝယ်ယူ သူအတွက် ကိုက်ညီမှုရှိ၊ မရှိစသော အချက်များကို ကြည့်၍ ကွန်ဒိုများကို ရွေးချယ်ဝယ်ယူလေ့ရှိသည်ဟုပြောသည်။

“အတွေ့အကြုံအရ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကွန်ဒိုဈေးနှုန်းတွေ တော်တော်မြင့် တက်လာခဲ့တာကိုတွေ့ရတယ်၊ ခန့်မှန်းမိသလောက် ဈေးနှုန်းတွေက ၂၀၁၁ ကထက် သုံးဆလောက် ပိုတက်လာတယ်၊ ၀ယ်သူတွေက ဈေးနှုန်း၊ ဓာတ်လှေကား၊ ကားပါကင်စတဲ့ facility တွေကို ဘတ်ဂျက်နဲ့ ချိန်ဆပြီး ရွေးချယ်ဝယ်ယူလာကြတာအပြင် ရေရှည်အတွက်ကောင်းတဲ့နေရာ ဥပမာ-ရုံးခန်းဖွင့်မယ်ဆို လည်း အဆင်ပြေမယ့်နေရာမျိုးမှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတွေကို ရွေးချယ်လာကြတယ်။

ဈေးကွက်ကနေ လေ့လာမိသလောက် ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတချို့ ဈေးကြီးတယ်ဆိုတာက ကွန်ဒိုမှာထည့်သွင်းပေးထားတဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေက စုံလင်တယ်၊ ကားပါကင်၊ လုံခြုံရေးအပြင် တခြား facility တွေပါပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းတူပြီး facility ကွာတဲ့ကွန်ဒိုတွေလည်းဈေးကွက်မှာရှိတယ်။ တချို့ ကွန်ဒိုတွေမှာ ကားပါကင် မပါဘူးလားဆိုရင်တော့ ပါတယ်၊ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရုံးခန်းဖွင့်ဖို့ အတွက်ကျတော့ အဆင့်မြင့်ကွန်ဒိုမဟုတ်တဲ့အတွက် အဆင်မပြေဘူး။ ဒါမျိုးကွန်ဒိုတွေကတော့ ဈေးကွက် မှာ အောင်မြင်ဖို့ ခဲယဉ်းသွားမှာပါ”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ Assistant Manager မခင်မာနွယ်က“လက်ရှိအချိန်မှာတော့ ကွန်ဒို ဥပဒေကမူကြမ်း အဆင့်ပဲထွက်သေးတဲ့အတွက် ကွန်ဒိုလို့ သတ်မှတ်ရမယ့်အချက်တွေနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးဘူး၊ ကိုယ့်အဆောက်အအုံတွေက ကွန်ဒိုဥပဒေထွက်လာလို့ အဲဒီမှာထည့်သွင်း ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင် ကွန်ဒိုလို့ သတ်မှတ်ခံရမယ်၊ ကွန်ဒိုဆိုတာ အထပ် မြင့်အဆောက်အအုံကို ပြောတာမဟုတ်ဘူး” ဟု ပြောသည်။

ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ဖွယ်ရှိသည့် ကွန်ဒိုဈေးကွက်အတွက် အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင် များက ကွန်ဒိုများကို စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်မှုများရှိလာနေသည်ဟုလည်း ကွန်ဒိုဆောက် လုပ်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။

မလွင်မာအောင်က “ပံ့ပိုးမှုအင်္ဂါရပ်နှင့်ပြည့်စုံသည့် ကွန်ဒိုများသာ ဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်မည် ဖြစ်သည်”ဟု ဆိုသည်။

ရေစိုခံ၊ 4K ဗီဒိယို တွေရိုက်နိင်ပြီး ဖြစ်တဲ့ Galaxy S5 ...........


Samsung ဟာ Galaxy S5 ရဲ့ ရောင်းချမဲ့ နေ့အတိအကျနဲ့ Spec တွေကိုထုတ်ပြန်လိုက်ပါပြီ။


မျက်နှာပြင် အရွှယ်အစား ၅.၁ လက်မ 1080p Super AMOLED display နဲ့ဖြစ်ပါတယ်။ Android 4.4.2 (Kitkat) ဖြစ်ပြီး 2.5 GHz Quad Core CPU, run ပါတယ်။ Super power save မူပါဝင်ပြီး 2800mAh လောက်ကိုတိုးထားပါတယ်။
အရှေ့ကင်မရာ 2.1 MP ဖြစ်ပြီး အနောက်ကင်မရာက 16 MP ဖြစ်ပါတယ်။. အမည်းရောင်၊ အဖြူရောင်၊ အပြာရောင်၊ copper-gold တို့ကို အရောင်အနေနဲ့ ရွေးချယ်နိင်ပါတယ်။

ထူးခြားမူတွေအနေနဲ့ 30fps မှာ UHD video တွေကို ရိုက်ကူးနိင်တဲ့အတွက် 4K ဗီဒီယိုတွေကို ရိုက်ကူးနိင်တယ်လို့ ဆိုရပါမယ်။
သံချေးတက်ခံနိင်၊ ရေစိုခံနိင်ပြီး Sony ရဲ့ Xperia ZR လောက်တော့ ရေအောက်မှာ ရေစိမ်မခံနိင်သေးပါဘူး။

802.11ac and 2×2 MIMO Wi-Fi connectivity တွေကိုထောက်ပံပေးထားပြီး fitness package လို့ခေါ်တဲ့ S Health 3.0 တို့လို အစိတ်အပိုင်း တွေပါဝင်ကာ diet နဲ့ exercise တွေကို လုပ်နိင်မဲ့အပြင် heart rate monitor တွေကိုပါ ထည့်သွင်းထားခဲ့တယ်လို့ သိရပါတယ်။

ဧပရယ် ၁၁ လောက်တွက်မှာ ဖြစ်ပြီး 16GB နဲ့ 32GB versions ကိုရနိင်ပါလိမ့်မယ်။ သို့ပေမဲ့ 64GB model ကိုတော့ ထုတ်ဖို့ အစီအစဉ်မရှိပေမဲ့လို့ Micro SD ကနေပဲ တိုးမြှင့်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Smart Pro Journal

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ကမ္ဘာ့ အကောင်းဆုံး မိုဘိုင်း ကင်မရာ ကို ပိုင်ဆိုင် ထားတဲ့ Xperia Z2...........









Sony က စွမ်းဆောင်ရည်မြင့် Phablet ဖုန်းဖြစ်တဲ့ Xperia Z2 ကို Mobile World Congress
မှာ ကြေညာလိုက်ပါတယ်။

Sony က ကမ္ဘာ့အကောင်းဆုံး မိုဘိုင်းကင်မရာ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။

Xperia Z2 က သူ့ရဲ့ နောင်တော် Xperia Z1 နဲ့ ဆင်တူပေမယ့် မျက်နှာပြင် ကို ပိုမိုကြီးမားတဲ့
၅.၂ လက်မအရွယ် တပ်ဆင်ထားပြီး သူ့နောင်တော် မှာတော့ ၅ လက်မအရွယ်သာ တပ်ဆင်
ထားတာဖြစ်ပါတယ်။ 1080p IPS Panel အစား eIPS LCD Display ကို ပြောင်းလဲ အဆင့်မြှင့်
ထားတဲ့ အတွက် ရှုထောင့်မျိုးစုံ က ကြည့်ရှုလို့ အဆင်ပြေ လာပါတယ်။ အရောင်တိကျမှုလည်း
ပိုမိုကောင်းမွန်လာပါတယ်။

2.45 GHz Quad - Core Krait 400 CPU ကို အသုံးပြု ထားပြီး ပိုမို လျှင်မြန်တဲ့ Adreno 330
GPU ကို အသုံးပြု ထားပါတယ်။ 3GB RAM, 16GB Storage နဲ့ MicroSD Card အသုံးပြုနိုင်
ပါတယ်။ LTE အသုံးပြုနိုင်ပြီး 3200mAh Battery တပ်ဆင်ထားပါတယ်။

Z2 မှာ 20.7 Megapixel Camera တပ်ဆင်ထားပါတယ်။ ထွက်ရှိပြီး သမျှဖုန်းတွေထဲမှာတော့ အကောင်းဆုံး ဖြစ်ပါတယ်။ 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Samsung Galaxy S5
မှာတောင် 16 Megapixel Camera သာ ပါရှိပါတယ်။

ရေစိုခံပြီး IP55 , IP58 စံနှုန်း သတ်မှတ်ချက်ရှိပါတယ်။ Galaxy S5 ကလည်း ရေစိုခံနိုင်ပေမယ့်
ရေအနက် သုံးပေ အထိသာ ယူဆောင်အသုံးပြုလို့ရပါတယ်။ Z2 က ပိုမိုနက်ရှိုင်းတဲ့ ရေအနက်
ကို ယူဆောင်သွားနိုင်ပါတယ်။ Z2 မှာ အသံဆူညံမှုကို ထိန်းချုပ်ပေးနိုင်တဲ့ နည်းပညာ ဟာ ဖုန်း
မှာ ပါရှိသလို အတူပါရှိတဲ့ Earphone မှာလည်း ပါရှိပါတယ်။ Z2 ရဲ့အထူ က (၈.၂) မီလီမီတာ
ဖြစ်ပြီး အလေးချိန် မှာ (၁၅၈) ဂရမ် ဖြစ်ပါတယ်။ မတ်လမှာ တစ်ကမ္ဘာလုံး ကို ရောင်းချပေးမှာ
ဖြစ်ပါတယ်။

Digital Life Journal မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကမ္ဘာ့ အကောင်းဆုံး မိုဘိုင်း ကင်မရာ ကို ပိုင်ဆိုင် ထားတဲ့ Xperia Z2 http://www.simon-vlog.com/2014/02/xperia-z2.html#ixzz2uMl6pZpC
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ယူကရိန်းသမ္မတ ထွက်ပြေးသွားတော့ နန်းတော်ကြီးလို ခမ်းနားလွန်းတဲ့ စံအိမ်တော်ကြီးကို ပြည်သူတွေ လေ့လာနိုင်အောင်လို့ ခွင့်ပြုပေးလိုက်တယ်…..........



 
ကိုယ်ကျိုးစီးပွါးအတွက် ခရိုနီတွေနဲ့ ပေါင်းပြီး ချမ်းသာနေတဲ့ သမ္မတကို ပြည်သူတွေရဲ့ အားနဲ့ ဖြုတ်ချနိုင်ဖို့ ဆန္ဒပြပွဲတွေ၊ လူထုအုံကြွမှုတွေ၊ သွေးထွက်သံယိုဖြစ်စေမှုနဲ့ လမ်းပေါ်ထွက်ခဲ့ကြတယ်…

ကျုပ်တို့ ပြည်သူတွေအတွက် အတုယူစရာဆိုရင်လည်း မမှားပါဘူး…...
အနာမခံချင်ရင် အသာစံဖို့ အခွင့်အရေးမရှိဘူး…

ကျုပ်တို့ နိုင်ငံအခြေအနေက ယူကရိန်းထက် အဆပေါင်းများစွာ ဆိုးရွားပါတယ်…

ဖွဲ့စည်းပုံ မပြင်ချင်လို့ ပြည်သူတွေကို အမျိုးမျိုး နှိပ်စက်နေတဲ့ အစိုးရဟာ ဖွဲ့စည်းပုံသာ ပြင်လိုက်မယ်ဆိုရင် ခွေးဘဝရောက်တာထက် ဆိုးလိမ့်မယ်ဆိုတာ အာဏာရှင်တွေနဲ့ ခရိုနီတစ်စု သိနေကြလို့လည်း ကျုပ်တို့ ပြည်သူတွေကို ဒီလို မတရားမှုတွေနဲ့ ပြဿနာတွေကို ဖန်းတီးပေးနေခြင်းပဲ ဖြစ်တယ်…

မြင်တတ်ကြပါစေ…
နားလည်တတ်ကြပါစေ…
စစ်အာဏာရှင်ကျွန်ဘဝက လွတ်မြောက်ဖို့ ပြည်သူတွေ ညီကြပါ………

သက်နှင်း သုန္ဒရီ

ဆွေမျိုးသားချင်းများနဲ့ပတ်သက်သော အင်္ဂလိပ် အခေါ်အဝေါ်များ ........


Photo: ဆွေမျိုးသားချင်းများနဲ့ပတ်သက်သော အင်္ဂလိပ် အခေါ်အဝေါ်များ
======================
အဖေ - Father , Daddy, Dad
အမေ - Mother, Mummy, Mum
ညီ၊ မောင် - Young brother
အစ်ကို - Elder brother
ညီမ ၊ နှမ - Young sister
အစ်မ - Elder sister
ယောက္ခမ ( ထီး ) - Father in law
ယောက္ခမ ( မ ) - Mother in law
ယောက္ခမများ - Parents in law
ယောက်ဖ ၊ မတ်၊ ခဲအို - Brother in law
မရီး ၊ ယောက်မ ၊ ခယ်မ - Sister in law
သားမက် - Son in law
ချွှေးမ - Daughter in law
ဦးကြီး ၊ ဦးလေး - Uncle
အဒေါ် - Aunt
ဘေး - Great grandfather
ဘေး ( မ ) - Great grandmother
မြစ် ( ယောကျာင်္း ) - Great grandson
မြစ် ( မိန်းမ ) - Great granddaughter
မြစ် ( ယောကျာင်္း ၊ မိန်းမ ) - Great grandchild
ဘကြီး - Great uncle
ကြီးဒေါ် - Great aunt
တူ - Nephew
တူမ - Niece
သား - Son
သမီး - Daughter
ဖအေတူ မအေကွဲ ညီအစ်ကိုမောင်နှမ - Half brother/sister
ပထွေးပါ ၊မိထွေးပါ - Step brother / sister
ပထွေး - Step father
မိထွေး - Step mother
လင် - Husband
မယား - Wife
လင်မယား - Man and wife
အဖိုး - Grandfather / Grandpa
အဖွား - Grandmother/ Grandma
မြေး - Grandchild
မြစ် - Great grand child
စုံတွဲ - Couple
မွေးစားမိဘ - Adoptive parent
လင်ပါ မယားပါ ကလေး - Step child
မွေးစားကလေး - Adopted child
ဝမ်းကွဲ ညီအစ်ကိုမောင်နှမ - Cousin
လင်ပါ မယားပါ သား - Step son
လင်ပါ မယားပါ သမီး - Step daughter
ဘိုးဘေး - Fore father
ဘိုးဘေးဘီဘင် ဆွေမျိုးဆက် - Forebear , Forbear

Maung Maung Wannhttps://www.facebook.com/maungmaung.wann/posts/451848834921830

အဖေ - Father , Daddy, Dad
အမေ - Mother, Mummy, Mum
ညီ၊ မောင် - Young brother
အစ်ကို - Elder brother
ညီမ ၊ နှမ - Young sister


အစ်မ - Elder sister
ယောက္ခမ ( ထီး ) - Father in law
ယောက္ခမ ( မ ) - Mother in law
ယောက္ခမများ - Parents in law
ယောက်ဖ ၊ မတ်၊ ခဲအို - Brother in law
မရီး ၊ ယောက်မ ၊ ခယ်မ - Sister in law
သားမက် - Son in law
ချွှေးမ - Daughter in law
ဦးကြီး ၊ ဦးလေး - Uncle
အဒေါ် - Aunt
ဘေး - Great grandfather
ဘေး ( မ ) - Great grandmother
မြစ် ( ယောကျာင်္း ) - Great grandson
မြစ် ( မိန်းမ ) - Great granddaughter
မြစ် ( ယောကျာင်္း ၊ မိန်းမ ) - Great grandchild
ဘကြီး - Great uncle
ကြီးဒေါ် - Great aunt
တူ - Nephew
တူမ - Niece
သား - Son
သမီး - Daughter
ဖအေတူ မအေကွဲ ညီအစ်ကိုမောင်နှမ - Half brother/sister
ပထွေးပါ ၊မိထွေးပါ - Step brother / sister
ပထွေး - Step father
မိထွေး - Step mother
လင် - Husband
မယား - Wife
လင်မယား - Man and wife
အဖိုး - Grandfather / Grandpa
အဖွား - Grandmother/ Grandma
မြေး - Grandchild
မြစ် - Great grand child
စုံတွဲ - Couple
မွေးစားမိဘ - Adoptive parent
လင်ပါ မယားပါ ကလေး - Step child
မွေးစားကလေး - Adopted child
ဝမ်းကွဲ ညီအစ်ကိုမောင်နှမ - Cousin
လင်ပါ မယားပါ သား - Step son
လင်ပါ မယားပါ သမီး - Step daughter
ဘိုးဘေး - Fore father
ဘိုးဘေးဘီဘင် ဆွေမျိုးဆက် - Forebear , Forbear

Maung Maung Wannhttps://www.facebook.com/maungmaung.wann/posts/451848834921830
— with Shwe Eaim Si and 5 others.

တရုတ် မှောင်ခို ဈေးကွက် မှာ တန်ဖိုး မြင့်တက် လာတဲ့ လူ့ခန္ဒာကိုယ် အစိတ်အပိုင်းများ... အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက် ...........



တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊...


.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့  ငွေမက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံအတွင်းမှာ ကျောက်ကပ်-နှလုံး..အဆုတ်စတဲ့ ထုတ်ယူရောင်းစားမှုက ဈေးကွက်မှာ ကျယ်ပြန့် လာနေပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်းမှာပင် ဆေးရုံကလူနာ(၁)သန်း လောက်ဟာ ကိုယ်တွင်းက အရေးကြီးတဲ့အစိတ်အပိုင်းတွေ အစားထိုးဘို့ စောင့်နေကြပါတယ် ၊-ဒီလိုအပ်ချက်ကို ကိုယ်ခန္ဓာလှူတမ်းထားသူတွေ ရုပ်တရက်သေဆုံးသွားသူနဲ့ အကျဉ်းထောင်တွေက ကျန်းမာရေးကောင်းမွန်တဲ့ ထောင်သား (သေဒဏ်ပေး)တွေ ဆီက နေအများဆုံးထုတ်ယူပါတယ်၊ ခွဲစိတ်အစားထိုးဘို့  လိုအပ်လူနာ ဦးရေကအလွန်များနေတာကြောင့်လည်း ငွေကြေးတတ်နိုင်တဲ့သူတွေက ဈေးကောင်းပေးပြီး ၀ယ်နေတော့ မှောင်ခိုဈေးကွက် ကလည်း တွင်းကျယ်လာပါတယ်၊

ဝယ်အားကောင်းနေဆဲ လူ့ အစိတ်အပိုင်းတွေကတော့ ကျောက်ကပ်($၅၀၀၀၀ကျော်) အသည်းမှာဒေါ်လာ($၈၀၀၀၀၀ကျော်)နဲ့  ဈေးအရဆုံးကတော့ အဆုတ်ဖြစ်ပြီး ဒေါ်လာတသိန်း မှ လေးငါးသိန်း ကျော်အထိ ဈေးပေါက်ပါတယ်။
နောက်ဆုံး..မျိုးဥကောင်းတဲ့ ယောက်ကျားသုတ်ရည်ကိုတောင်ဒေါ်လာထောင်ချီပေးပြီးဝယ်တာလည်းရှိသေးတယ်။

ချမ်းသာတဲ့သူတွေက သူ့ ထက်ငါဈေးကောင်းပေးအလုအရက် ၀ယ်လာနေလို့  ခုလိုဈေးတွေတက်သွားခဲ့တာပါ၊ ၀ယ်လိုအားကောင်းတော့ ဒုစရိုက်ဂိုဏ်းသားတွေက မျက်စေ့ကျလာပါတော့တယ်၊ဒီတော့ ကုန်ကြမ်းတွေကိုရဘို့  လူမှောင်ခိုသမားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်လာရာမှာတော့..... လူသားဈေးကွက်တွင်ကျယ်လာတာပါ

.နောက်ပိုင်း လူကလီစာရောင်းတာတွေ.တရုပ်နိုင်ငံတွင်းမှာ ဖမ်းဆီးအရေးယူနေ ပေမဲ့...လူသား မှောင်ခိုလောကက ရပ်မသွားပါဘူး၊ မြေအောက်ဂိုဏ်းသားတွေဟာ ပုံစံတမျိုးနဲ့  ဆက်လုပ်ကြပြန် တယ်၊ ...လူကလီစာကုန်ကြမ်းတွေကို ဆက်ရှာနိုင်ဘို့  ဆင်းရဲတဲ့နိုင်ငံတွေ ကနေ ရရာအလုပ်ထွက်လုပ်သူတွေဟာ သားကောင်တွေဖြစ်သွားရော၊ နယ်စပ်ကနေ လူတွေကိုအောက်လမ်းမှခိုးသွင်းလာမယ် ပြီးရင်တချို့ ကိုဆေးထိုးသတ်ပြီး ကိုယ်ထဲအစိတ်အပိုင်းတွေထုတ်ယူတယ်၊

တချို့ ကိုတော့ နေမကောင်းလို့  ဆေးရုံပြမယ်လို့  လိမ်ညာပြီးမှောင်ခိုဆရာဝန်နဲ့ ကိုယ်ထဲက အစိတ်အပိုင်းတွေကို ခွဲထုတ်ယူကြပါတယ်၊တချို့ လည်းငွေကြေးကြောင့် မိမိဆန္ဒအလျှောက် ထုတ်ရောင်းကြတာလည်းရှိတယ်၊ နောက်နည်းတမျိုးမှာ နယ်စပ်က ကျန်းမာရေးကောင်းတဲ့ မိန်းခလေးငယ် တွေကို လက်ထပ်ဘို့ စည်းရုံးခေါ်သွားပြီး နောက်ပိုင်းမှာအပြောက်ရှင်းလိုက်တာပါ။ တရုပ်အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းကျေးလက်တောသူတဦးဟာ ယောက်ကျားနေတဲ့ တရုပ်ပြည်ကို လိုက်သွားရင်း နဲ့  နေမကောင်းလို့ ဆေးရုံတက်ရတဲ့အချိန်မှာ သူမကိုမေ့ ဆေးပေးပြီး နှလုံးကိုအစားထိုးလဲ လိုက်တဲ့အတွက် ဆေးရုံကဆင်းလာပြီးတဲ့နောက်ပိုင်း.... ၃လအကြာမှာ သေဆုံးသွားခဲ့ပါတယ်၊ မိမိတို့  နိုင်ငံမှာလည်း လူမသိသူမသိနဲ့  ခုလိုလိမ်ညာလူကုန်ကူးနေသူတွေကြောင့် ဘယ်လောက် ပြောက်ဆုံးနေကြတယ်ဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ပါ

ဒါကြောင့် တရုတ်ဘက် ကို တရားဝင်နည်းနဲ့ ပဲဖြစ်ဖြစ် မှောင်ခိုပဲဖြစ် ဖြစ် သွားရောက် အလုပ် လုပ် ကိုင်မည့် သူများကို သတိ ကြီးစွာ ထားနိုင်ဖို့ တင်ပြ လိုက်ပါတယ်

ှSource.. (NSA)
‪#‎Burmarpyithar‬ ‪#‎min‬ Burma

ကွန်ဒုံး သုံးရင်လည်း သိပ်စိတ်မချရဘူး ...............

Wednesday, February 26, 2014
~


 

 -
ရောဂါရှိသူအမျိုးသားအိပ်ဖော်နဲ့ အတူနေတဲ့အခါ ကွန်ဒုံး သုံးရင်လည်း  စိတ်မချရဘူး၊ ရောဂါကူးနိုင်ခြေရှိတယ် လို့  ရန်ကုန်အခြေစိုက် NOW  အပတ်စဉ်ထုတ် ဂျာနယ် ဆောင်းပါးတပုဒ်မှာ ဒီတပတ် သတိပေး ရေးသားထားပါတယ်။

"ကွန်ဒုံးသုံးပေမယ့် သင့်ရဲ့ အမျိုးသမီးအင်္ဂါဟာ ရောဂါရှိတဲ့ အမျိုးသားရဲ့ ကပ္ပာယ်အိတ်အရေပြားနဲ့ ပွတ်တိုက်ထိတွေ့ဖန် များတဲ့အခါ ကွန်ဒုံးသုံးလည်း ရောဂါကူးနိုင်တာကို သတိမူသင့်ပါတယ်" လို့ ရေးထားပါတယ်။

အမျိုးသမီးတွေနဲ့ လိင်မှုရေးရာ ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးမှာ အဲဒီလို သတိပေးထားတာပါ။
 
ကွန်ဒုံးအသုံးပြုခြင်းက ကျန်းမာရေး လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေ အများအပြား ရှိပေမယ့် အသုံးပြုသင့်သူတချို့က  သုံးရမှာ ဝန်လေးနေကြပါသေးတယ်။

  ကွန်ဒုံးကုမ္ပဏီတွေကလည်း အသုံးပြုသူများကိုဆွဲဆောင်တဲ့အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပါးသည်ထက် ပါးအောင် ထုတ်နေကြတာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထွက်ပေါ်လာတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ကုမ္ပဏီတခုက ကမ္ဘာ့ အပါးလွှာဆုံးကွန်ဒွန် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

သူ့မတိုင်ခင် စံချိန်တင်ခဲ့တာကတော့ ဂျပန်ကုမ္ပဏီတခုပါ။
လိင်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ တနည်းတဖုံ ဆက်စပ်ပတ်သက်ပြီး သတိပေး၊ သတင်းပေး၊ ပညာပေးတာမျိုးက စာနယ်ဇင်းတွေမှာ တခါတရံ တွေ့ရမှာပါ။ ဒီဘလော့မှာလည်း ကွန်ဒွန် မဖြစ်မနေ သုံးရမယ့် အနေအထားကြောင့် အပြာကားရိုက်သူများ LA မှ ထွက်ရန် စဉ်းစား  ဆိုပြီး မနှစ်က  http://blog.irrawaddy.org/2012/01/la.html မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဥပဒေထုတ်လိုက်ခါမှပဲ ၁၈ နှစ်အထက် ကြည့်ရတဲ့ဗီဒီယိုကားရိုက်သူတွေ အဲဒီဒေသကို စွန့်ကြပါတယ် လို့ အမေရိကန် အွန်လိုင်းစာမျက်နှာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

 

http://blog.irrawaddy.org/2012/01/la.html



.

အင်တာနက် ၅ မိနစ်ဖွင့်ရုံနဲ့ ကမ္ဘာလောကကြီးအကြောင်း သိနိုင်မယ့် APK ( Special For 2014 ) ............

 မြန်မာနည်းပညာရှင်အစ်ကိုတစ်ဦးရေးသားတဲ့ 2014 အတွက် အကောင်းဆုံးAndroid Application လေးဖြစ်ပါတယ်ခင်မျAndroid Device တွေမှာ ဒီ apk လေးကိုထည့်ပြီး ၅ မိနစ်ပဲ Internet ဖွင့်ကြည့်လိုက်ပါ။ သင်ဟာ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ချက်ချင်းသိနိုင်ပါမယ်။ ဘာဖြစ်လို့ပါလဲ... ဒီ Application မှာ သတင်း၊ သုတ၊ ရသ၊ အားကစား၊ နည်းပညာ စတဲ့ Website/Blog/Facebook Page ပေါင်းများစွာကို တစ်စုတစ်စည်းတည်း ထည့်သွင်းထားလို့ပါပဲ...


 
နာမည်က All Updates Reader လို့ပေးထားပါတယ်.. ဗားရှင်း ( ၂ )မျိုးထုတ်လုပ်ထားပြီး White Version 1.0 နဲ့ Black Version 1.0 တို့ဖြစ်ကြပါတယ်..

White Version မှာပါဝင်တဲ့ Content List တွေကတော့ -
သတင်း
The Free Note    ၊  ရိုးရာလေး    8
RFA Burmese     ၊  မြန်မာ့အလင်း
အေးချမ်းမွန်         ၊  Myanmar Online News
MOI Webportal   ၊ Myanma-Spectrum   
Mizzima NEWS    ၊ Yangon Police
The Voice Weekly၊ သစ်ထူးလွင်


IT နည်းပညာ
မောင်ပေါက် (နည်းပညာ)  ၊  ဝင်းကမ္ဘာကျော်
MM IT Helper               ၊  မောင်(စွယ်စုံကျမ်း)
ညီနေမင်း ( နည်းပညာ )   ၊  အမျိုးကောင်းသား
ဝေမျှသူ                        ၊  ဘလော့ခရီးသည်
ပြည့်ဖြိုး ( MMITD )        ၊  ဆော့ဝဲမြို့တော်
Myanmar IT Developer ၊ Myanmar IT Sky

ဖုန်းနည်းပညာ 
Forum XDA ၊ Android Central
ဖြိုးချမ်း  ၊ MMS Developer
ထိုင်းရောက် IT လူငယ်များ ၊  MMAS (Live)
MP Firmwares

Ebook Download

Myanmar Journal Download (Live) ၊  Free Download Myanmar E-Book၊
စာအုပ်စာပေလူ့မိတ်ဆွေ

အားကစားကဏ္ဍ
ဘောလုံးချစ်သူ         ၊  မန်ယူဖန်များအတွက်သီးသန့်နေရာ
အားကစားပဒေသာ    ၊  Myanmar Arsenal Fan
ကြေးပေါက် AsianBookie(Live)  ၊  Goals365 ( Live )
Football Score ( Live )

ကျန်းမာရေး၊အလှအပနှင့်ပျိုမေရေးရာ
ဒေါက်တာတင့်ဆွေ   ၊   ပျိုမေတို့သိစေဖို့
စတိုင်နှင့်ဖက်ရှင်ကဏ္ဍ ...

စသည်ဖြင့် ကဏ္ဍစုံလင်ပြီး အမြဲ Update ဖြစ်တဲ့ Website/Blog/Facebook Page တွေပါဝင်ပါတယ်...

Offline နဲ့ဖတ်မရလို့ Online မှာ တိုက်ရိုက် Live ကြည့်နိုင်အောင် Live လေးတွေထည့်ပေးထားပါတယ်.. ဘောလုံးပွဲရဲ့ Goal Score တွေ၊ ကြေးပေါက်တွေ၊ Forum XDA လို နည်းပညာဖိုရမ်ကြီးတွေကို တိုက်ရိုက် Live ကြည့်နိုင်မှာဖြစ်ပါတယ်...

အပေါ်က အချက်အလက်တွေအားလုံးဟာ All Updates Reader White Version 1.0 အတွက်ဖြစ်ပါတယ်...http://s4.sfcdn.in/MmI1YmQ2ZDBiYzY4MzcyZjQ4NGU2YTViMDI3OTcxMzhhZTUzOWE0MDoxV0lNcEQ6SldONldQUU50WFg4dnFjamJzeGVxZVd0ejd3/3c0a408260/All_Updates_Reader_%28White%29.apk

Whit Version 1.0 Download Links: 3.34 MB
Mediafire    /     Solidfiles     /       DevHost

---------------------------------------
Black Version မှာ ပါဝင်တဲ့ Content တွေကတော့
အထက်မှာဖေါ်ပြခဲ့တဲ့ သတင်း၊ နည်းပညာ၊ ဖုန်းနည်းပညာ၊ အားကစား၊ ကျန်းမာရေးနှင့်ပျိုမေရေးရာတွေအပြင် အသက် ( ၁၈ )နှစ်အောက်နှင့် ဂုဏ်သရေရှိ လူကြီးမင်းများ မရကြည့်သင့်၊ မကြည့်အပ်တဲ့ အနုပညာဆိုင်ရာ ဓါတ်ပုံတွေ၊ Model တွေရဲ့ ပုံလှလှလေးတွေ၊ ခံစားသူအကြိုက် ဝတ္ထုတိုလေးတွေ၊ ကောင်းနိုးရာရာ ဗွီဒီယို ဆိုဒ်တွေ ပါဝင်ပါတယ်... ဒီဗားရှင်းနဲ့ပတ်သက်လို့ ကိုယ်ဟာ ဘာသာရေးခေါင်းဆောင်ဖြစ်တယ်၊ ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်တယ်၊ အမျိုးသမီးနဲ့ (၁၈)နှစ်အောက် လူငယ်ဖြစ်တယ်ဆိုရင် လုံးဝ မဒေါင်းပါနဲ့.. ဝေလည်းမဝေဖန်ပါနဲ့.. ဘာဖြစ်လို့လဲဆိုတော့ ဒီဗားရှင်းကို မဒေါင်းရင် ဒီဗားရှင်းနဲ့ပတ်သက်ပြီး ဝေဖန်စရာ မရှိဘူးလေ...


Black Version 1.0 Download :  http://download1256.mediafire.com/h2gfu6effmjg/24t3i39ytqskzg9/All+Updates+Reader+%28Black%29.apk
MediafireSolidfiles  / DevHost


အားလုံးပဲ လောကကြီးရဲ့အကြောင်း၊ သာယာမှုနှင့် ပျော်ရွှင်မှုတွေ သိရှိခံစားနိုင်ကြပါစေ...
 Post By Myanmar IT Helper

Tuesday, February 25, 2014

ကားမတော်တဆပုံများကြောက်တတ်သူများမကြည့်ရ(လုံးဝလုံးဝ).................

satmisatyar


Posted: 24 Feb 2014 12:07 AM PST


Monday, February 24, 2014

ဆယ်တန်းကျောင်းသားနဲ့အိပ်တဲ့ဆရာမအတွက် ဆိုင်းငံ့ထောင်ဒဏ် ဆယ်နှစ် ..........

Sunday, February 23, 2014
  ~
 -
ဆယ်တန်းကျောင်းသားတဦးနဲ့ အတူအိပ်မိတဲ့ ကျောင်းဆရာမ ဆိုင်းငံ့ထောင်ဒဏ် ဆယ်နှစ် နဲ့ ငွေဒဏ် ဒေါ်လာငါးထောင် ချမှတ်ခံလိုက်ရပါတယ်။
အမေရိကန်နိုင်ငံ Houston မြို့ အထက်တန်းကျောင်းတခုမှာ ဖြစ်ခဲ့တာပါ။
Nikki Scherwitz လို့ ခေါ်တဲ့ ဆရာမ အသက်က ၂၅။
ဆယ်တန်းကျောင်းသားက အသက် ၁၆။

ကျောင်းသားလေးနဲ့ လွန်ကျူးမိတဲ့ ဆရာမငယ်ငယ်သတင်းက အွန်လိုင်းမှာရော ပြင်ပမှာပါ မှတ်ချက်အမျိုးမျိုးနဲ့ ဆူညံနေပါတော့တယ်။

ဒီလိုဖြစ်ရပ်မျိုး မြန်မာပြည်မှာ ဖြစ်ခဲ့မယ် ဆိုရင် အမှုက ရုံးတို့ ဘာတို့ ရောက်သွားတတ်သလား၊ ဘယ်လို အဆုံးသတ်သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် ဧရာဝတီဘလော့မှာ ဖော်ပြဖို့ အနည်းငယ် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ 

ပြဿနာတွေတက်အပြီး ဆရာမက အဲဒီကျောင်းသားရဲ့ မိဘတွေနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို တောင်းပန်စာ ရေးခဲ့ပါတယ် -
ကျောင်းသားတယောက်နဲ့ဖြစ်ခဲ့မိတာတွေအတွက် ကျမ တောင်းပန်ပါတယ်။ ဘယ်တော့မှ မကျော်ဖြတ်သင့်တဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းကို ကျမ ကျော်ဖြတ်ခဲ့တာပါ။ ကျမ စိတ်မကောင်းပါဘူး လို့ တောင်းပန်စာမှာ တွေ့ရပါလိမ့်မယ်။

အသက်မပြည့်သေးသူတယောက်နဲ့ ကျူးလွန်မိတယ်ဆိုရင် အဲဒီအပြုအမူက ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။
ကျူးလွန်မှုက နှစ်ဦးသဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ဥပဒေနဲ့ ငြိစွန်းပါတယ် တဲ့။

အသက်မပြည့်သေးသူက ကျောင်းသူ ဖြစ်နေတယ် ဆိုရင်တော့ အဲဒီကျောင်းသူအတွက် ဝိုင်းပြီး စိတ်မကောင်းဖြစ်တတ်ကြပါတယ်။

အခုလိုဖြစ်ရပ် - အသက်မပြည့်သေးသူက ကျောင်းသား ဖြစ်နေတဲ့အတွက် - ဒီကျောင်းသား ကံကောင်းလေခြင်း လို့ သုံးသပ်သူက သူတို့ဆီမှာ အများအပြားပါပဲ။


ဒီအမှုမှာ အသက်မပြည့်သူက အမျိုးသမီး၊ ပြည့်ပြီးသူက အမျိုးသား ဆိုရင် ထောင်ဒဏ် ၂၅ နှစ် ကျလိမ့်မယ်လို့လည်း တချို့က ဝေဖန်ကြပါတယ်။ ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ပြစ်ဒဏ် အတူတူ ဖြစ်သင့်တယ် လို့ ဆိုပါတယ်။

ဒီအမှုမှာ သူ့ကို ဆိုင်းငံ့ထောင်ဒဏ်ပေးခဲ့ခြင်းက အမှုစစ်ဆေးတဲ့ဖြစ်စဉ်အတွင်း သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မှားယွင်းကြောင်း တောင်းပန်မှုတို့အတွက်ကြောင့် ပြစ်ဒဏ်က သက်သက်သာသာ ဖြစ်ခဲ့တာပါ တဲ့။ ပြီးတော့ အဲဒီ Texas ပြည်နယ်ရဲ့ ဥပဒေအရ အသက် ၁၇ နှစ် ကျော်ရင် အဲဒီအမှုက ကြီးစရာ အကြောင်း မရှိပါဘူး။ ဆယ်တန်းကျောင်းသားအသက်ကလည်း ၁၇ နှစ် ပြည့်တော့မယ် လို့ ဆိုပါတယ်။

ဆိုင်းငံ့ထောင်ဒဏ် ဆိုတော့ ဆယ်နှစ်အတွင်း ကောင်းကောင်းမွန်မွန်နေထိုင်မယ် ဆိုရင် ဒီအမှုနဲ့ ပတ်သက်ပြီး ထောင်ထဲ ၀င်စရာ  မလိုဘူး ဆိုတဲ့ သဘော ဖြစ်ပါလိမ့်မယ်။

လောလောဆယ်တော့ သူ အထက်တန်းကျောင်းမှာ စာသင်ကြားခြင်းအလုပ်ကို လုပ်ကိုင်ခွင့် မရတော့ပါဘူး။

အခုတော့ အမေရိကန်မီဒီယာတွေမှာ ဒီသတင်းက ဟော့ဖြစ်နေပါပြီ။

ကျောင်းသားနဲ့လိင်ဆက်ဆံတဲ့တက္ကဆက်ဆရာမ အပြစ်ရှိကြောင်း ထွက်ဆို
၁၆ နှစ်အရွယ်ကျောင်းသားနဲ့အိပ်မိလို့ ဆရာမ  'ဝမ်းနည်း'
ကျောင်းသားနဲ့လိင်ဆက်ဆံတဲ့ဆရာမ 'ဝမ်းနည်းကြောင်း' စာပို့
ကောင်လေးနဲ့လိင်ဆက်ဆံတဲ့ဆရာမ ထောင်ချမခံရ
စသဖြင့် စသဖြင့် ခေါင်းစည်းတွေတပ်ပြီး ရေးနေကြတာ တွေ့ရပါတယ်။



.

Saturday, February 22, 2014

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်................



သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား ပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူ တစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေး ဆောင်ရွက်နေသည့် သင်္ဃန်း ကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

အဆိုပါ သင်္ကန်းဝတ်ထားသူကို ကျိုက္ကဆံဘုရားဓမ္မာရုံ၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် စည်းကမ်းထိန်း သိမ်းရေးအကျိုး တော်ဆောင်ဆရာတော် ဦးဝါသေနနှင့် မြို့နယ်လ၀ကမှူး ဦးနန်းမြင့် တို့ရှေ့တွင် သိက္ခာချ လူဝတ်လဲခဲ့သည်။

ထို့နောက် ဦးပညာသီဟ(ခ) အောင်သန်းကို လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူပေးရန် ရဲအုပ်တင့်ဆွေ က တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် အမှုအမှတ်စဉ် (ပ)၆၇/၂၀၁၄ဖြင့် အမှုဖွင့် ပြီး လက်နက်ပုဒ်မ ၁၉(င)ဖြင့် အရေးယူရန် စစ်ဆေးနေသည်။

ထို့ပြင် အများပြည်သူရှေ့မှောက်တွင် သာသနာတော် ညှိုးနွမ်းအောင် သင်္ကန်းဝတ်ဖြင့် အရက်မူးဓားကိုင် ပြီး အလှူခံသဖြင့် ထပ်မံအရေးယူပေးရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှ လ၀ကမှူး ဦးနန်းမြင့်ကလည်း တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၈/၂၀၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၅/၂၉၅က ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည် .......









အော်ရီဒူးက ဆင်းမ်ကတ် စတင် ရောင်းချချိန်တွင် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ဘဏ်ဝန်ဆောင်မှု
များ ပေးမည့် Mobile Banking စနစ်နှင့် 3G စနစ်များ ပါဝင်လာမည် ဖြစ်ကြောင်း အော်ရီဒူးမြန်
မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။

“ဆင်းမ်ကတ် စရောင်းတဲ့ အချိန်မှာ ပြည်တွင်းဘဏ် Account ရှိသူတွေ သုံးစွဲနိုင်မယ့် Mobile
Banking စနစ် တစ်ပါတည်း ပါဝင်ပါမယ်။ 3G စနစ်နဲ့ စပေးမယ်။ Data ရော Voice ပါ တစ်ပါ
တည်း ပါမယ်” ဟု ၎င်းကဆိုသည်။

သို့သော် မိုဘိုင်းလ် ငွေပေးချေမှု စနစ်များမှာမူ ဆက်သွယ်ရေး နည်းဥပဒေ ထွက်ရှိသည့် အချိန်
ကို စောင့်ဆိုင်းပြီး ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်ရဦးမည် ဖြစ်ရာ ယခုနှစ်ကုန်ပိုင်းမှ စတင်နိုင်
မည်ဟု ၎င်းကဆိုသည်။

အော်ရီဒူး ကုမ္ပဏီသည် ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ယခုနှစ်လယ်တွင် စတင် ရောင်း
ချမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုမူ ဆင်းမ်ကတ်များ စတင် ရောင်းချမည့်အချိန်ကာလ နီးကပ်
မှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

“ဒီအတိုင်းဆိုရင် ဘဏ် Account မရှိတဲ့သူတွေအတွက် ဒီ Mobile Banking စနစ်က အသုံး
မဝင်နိုင်ဘူး။ ပြည်တွင်းမှာ ဘဏ် Account ရှိတဲ့သူက ဘယ်နှယောက်ရှိလို့လဲ တယ်လီနော
က လုပ်မယ့် မိုဘိုင်းလ် ငွေလွှဲစနစ်ကို ပိုစိတ်ဝင်စားတယ်” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ ဦး
ဇော်မင်းက ဆိုသည်။

တယ်လီနော ကုမ္ပဏီကလည်း မိုဘိုင်းလ်မှတစ်ဆင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု
ပေးရန် ပြင်ဆင်နေပြီး 2Gနှင့် 3G စနစ်များ ပါဝင်သော Sim Card များကို လာမည့် ခြောက်
လမှ ရှစ်လအတွင်း စတင် ရောင်းချသွားမည်ဟု ကြေညာထားသည်။

Ref & Credit: The Voice Weekly

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည် http://www.simon-vlog.com/2014/02/blog-post_7592.html#ixzz2u0JKD3Wv
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာ အဖြစ် စေခိုင်း ခဲ့သော လင်မယား ဖမ်းမိ...........









ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၀) ရပ်ကွက်တွင်နေသူ အသက် ၁၇ နှစ်အရွယ် ညီ
အစ်မနှစ်ဦးကို အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဟု လိမ်လည်
ပြောဆိုကာ အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သည်ဟု တိုင်ကြားခံရ
သော လင်မယားနှစ်ဦးကို ဖမ်းမိထားကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲ
အရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၀) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုး
သမီးငယ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းနှင့် ရင်းနှီးသော မသဲသဲ ဆိုသူက အ
ထည်ချုပ် စက်ရုံတွင် လစာကောင်းဖြင့် အလုပ်ရမည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်၊
၅၂ လမ်းအောက် ဘလောက်ရှိ တိုက်ခန်းတစ်ခု၏ ငါးလွှာတိုက်ခန်းသို့ ခေါ်ဆောင်ခဲ့
ကြောင်း၊ ယင်းနောက် တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံ
ရကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းသို့ စေခိုင်းခံရစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၎င်းကို စတင်ခေါ် ဆောင်သူ
မသဲသဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင်နေသူ ၎င်း၏ ညီမဝမ်းကွဲ တော်
စပ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို ပြည့်တန်ဆာအဖြစ် စေခိုင်းရန် ခေါ်
ဆောင်လာခဲ့သော်လည်း ယင်းညီမဝမ်းကွဲမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အရေး
ပေါ် လှေကားထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ
ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“တိုက်ခန်းထဲမှာ တံခါးပိတ်ပြီးထားတဲ့ အမျိုးသမီး ၁၀ ဦးလောက် ရှိတယ်။ သူတို့ကို
လည်း စစ်ဆေးနေပါတယ်။ ကားနဲ့ ဖုန်းဆက်တဲ့ နေရာတွေကို လိုက်ပို့ပြီး ပြည့်တန်
ဆာ လုပ်ကိုင်နေတယ်လို့ ကနဦး စစ်ဆေးချက်တွေအရ သိရတယ်” ဟု ဒဂုံမြို့သစ်
ဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဇန်နဝါရီလ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ရက်ကြာ ပျောက်ဆုံးခဲ့
သော အမျိုးသမီးငယ်မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရပြီး နေအိမ်သို့ ပြန်လာစဉ်
၎င်း၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို တိုက်ခန်းအတွင်း ချုပ်နှောင်ကာ ပြည့်တန်ဆာ
အဖြစ် စေခိုင်းခဲ့သူ ခြောက်ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ
၂၄ ဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ငါးလွှာ တိုက်ခန်းအတွင်း အမျိုးသမီးများကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေ
ခိုင်းသည်ဟု တိုင်ကြားခံရသော အသက် ၄၄ နှစ်အရွယ် ဦးကျော်စိုးဝင်းနှင့် ဇနီးဖြစ်
သူ အန်တီကြူ (ခ) မေသင်းကြူ (ခ) ဒေါ်ကြူတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်
ဖမ်းမိခဲ့ပြီး ကျန်လေးဦးကို စုံစမ်းရှာဖွေလျက် ရှိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မ
ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာ အဖြစ် စေခိုင်း ခဲ့သော လင်မယား ဖမ်းမိ http://www.simon-vlog.com/2014/02/blog-post_1525.html#ixzz2u0ILb08p
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ ..............


Photo: အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ
Friday, February 21, 2014 

ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

Trend Myanmar
ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

Trend Myanmar

မြန်မြန်အားသွင်းဖို. 2X BATTERY PRO - BATTERY SAVER APK V2.91

Saturday, February 22


မင်္ဂလာပါဗျာ ကျွန်တော်ဒီနေ.တင်ပေးချင်တာလေးကတော့ Android သမားများ အကြိုက်တွေ.စေမဲ့ 2× battery saver လေးပဲဖြစ်ပါတယ် ဖုန်းအားသွင်းဖို. အချိန်မပေးနိုင်ဘူးဆိုရင် ပုံမှန်အားသွင်းနှုန်းကို နှစ်ဆ တိုးပေးမဲ့ ဆော့ဝဲလ်လေးပါ နှစ်ဆ အားသွင်းပေးနိုင်လို. နှစ်ဆပြန်သုံးမယ်တော့မထင်လိုက်နဲ.နော် နာမည် ကိုက battery server ဆိုတဲ့ အတိုင်း လိုသလို ထိန်းချုပ်ထားလို.ရပါသေးတယ် Play Store မှာဝယ်ရင် တော့ ပိုက်ပိုက်ပေးရမှာပေါ့ဗျာ မယုံရင်ဒီမှာသွားကြည်. .........:P ဒီမှာတော့ အလကားရအောင် ရှာပေး ထားတာပါ သုံးဖူးသူတိုင်းလဲ သိကြမယ်ထင်ပါတယ် မသုံးဖူးသေးဘူးဆိုရင်လဲစမ်းသုံးကြည်.ဖို.အကြံပေး လိုက်ပါရစေ လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းသွားလိုက်ပါ............အားလုံးပဲအဆင်ပြေပါစေဗျာ
                                                                                                   (မြန်မာပြည်လူငယ်)
FEATURES:
Manage Internet connection intelligently in the background.
Ensure data transmission completeness by keeping the Internet connection up until the transmission is finished.
Support night mode (PRO-only)
Support whitelist and blacklist.
Auto turn off the screen when you put the phone upside down on the table or into the pocket.
Build-in screen filter to further reduce the screen brightness for saving battery.
Support fully charged notification and low battery warning.
Battery icon theme is changable.
Configurable enable intervals and settings.
Option to keep connection when charging or tethering.
Option to not enable mobile data when screen unlocked.
Respect system settings.
Play sound after when screen on or off.
Home screen widgets.
Display battery usage and time since last unplugged, estimated battery run out time, battery health status, voltage, temperature, etc. information. http://s3.sfcdn.in/MjNlYmNiYTRlYWRiMDY0OGM3NDIzMzg1ZmMyNjlkYjczOTJmNjE0NToxV0d6V0E6WjZ6Zk1xUEdBT3JzZTFSNE9MbmdIdzVCZEE4/9376380d02/2x_Battery_Pro_-_Battery_Saver_v2.91.apk
                                
 

 

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ




ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။