This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, January 6, 2014

ဖေ့စ်ဘွခ်ကြောင့် ကိုယ့်ရဲ့အလှတရားတွေကို ဖော်ထုတ်ခွင့်ရတယ်လို့ ဆိုတဲ့ ဘေဘီမောင် ...............


ဆက်စီကျတယ်ဆိုပြီး ဖေ့စ်ဘွခ်နဲ့ အွန်လိုင်းမှာ နာမည်ကြီးနေသူတွေထဲမှာ ဘေဘီမောင်လည်း တစ်ယောက်အပါအ၀င်ပါပဲ။ သူနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုတွေကို မေးကြည့်လိုက်တဲ့အခါ ‘အခုလတ်တလော ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ စည်ဖြိုးတို့ ဇေရဲ့ထက်တို့ အောင်ရဲလင်းတို့နဲ့ ရိုက်ဖြစ်တယ။် ပြီးတော့ HIV ပညာပေးဇာတ်လမ်းတိုလေးတွေလဲ ရိုက်ဖြစ်တယ်။ ဘေဘီမောင်က သူငယ်ချင်းခန်းကလွဲရင် ကျန်တာရိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရိုက်ဖို့လာပြောတဲ့ အခါကျရင် ကိုယ့်အတွက် ပရိသတ်လဲ သတိထားမိမယ်။ နေရာလေးလဲရမယ် ဆိုရင် ရိုက်ပါတယ်။ ပြီးတော့ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အတွက် ရှိုးပွဲတွေလဲ လျှောက်ဖြစ်တယ် ပြက္ခဒိန်တွေလဲ ရိုက်ဖြစ်တယ။် အခုရိုက်နေရတာကတော့ စည်ဖြိုးနဲ့မော်ဒယ်လ်တွေအများကြီးနဲ့ပေါ့။ အားလုံးပေါင်း ၉ယောက်လောက်ပါတယ်။ အဲဒီထဲမှာ ညီမက တက်တူးဆွဲပြီး အလန်းပဲပေါ့။ နိုင်ငံခြားက ပြန်လာတယ်။ အဲဒါကိုစည်ဖြိုးက သူ့ရဲ့ရည်းစားနဲ့မှားတဲ့ပုံစံလေးပေါ့ ။ 

ကားနာမည်က တက်တူးနှင့်သူဧ။်ချစ်သူများတဲ့။ ဒီကားလေးကို လက်ခံဖြစ်တာက ရေလဲကူးရတယ်။ ကိုယ့်ရဲ့အလှတွေကိုလဲ ဖော်ထုတ်ခွင့်ရတယ်ဆိုတော့ ညီမ ကာရိုက်တာနဲ့လိုက်တယ်လေ။ ပရိသတ်လဲကြိုက်ကြမှာပါ။ အဓိကက အလှအပတွေကို ပြသခွင့်ရတဲ့အတွက် ကိုယ့်ရဲ့ရှိတဲ့ အလှတွေက ဒီကားမှာပြခွင့်ရတဲ့အတွက် ပရိသတ်တွေကြိုက်ကြမှာပါ။ အခုက ၂၀၁၄ လဲရောက်လာပြီဆိုတော့ ကိုယ့်ရဲ့ အနုပညာတွေကို ပရိသတ်အတွက် တတ်နိုင် သလောက်ချပြရမှာပေါ့။ အရင်ကလိုမဟုတ်တော့ဘူး။ ကားရိုက်တွေဆိုပိုစိတ်ဝင်စားလာတယ်။ အရင်ကဆို လာငှားရင်တောင် လုပ်ရဲပါ့မလားဆိုတဲ့အတွေးနဲ့မလုပ်ဖြစ်ဘူး။ ကြာလာတဲ့အမျှ အလုပ်အကြောင်းတွေကို ပိုပြီးသိလာတယ်ပေါ့။ ညီမကို စသိသွားတာကတော့ ဖေ့စ်ဘွခ်ပေါ့။ သူ့ကြောင့်လဲ ကိုယ့်အလှတရားကို ဖော်ထုတ်လို့ရတယ။် အဲဒါကြောင့်မို့လူ ပိုသိသွားတာပါ။ ညီမရဲ့ ချစ်သူကတော့ ဒီအနုပညာလောကထဲကပါပဲ’လို့ သူမအကြောင်းတွေကို ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါတယ်။

 

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ, ..................






http://wlovestory.blogspot.com/2014/01/blog-post_7801.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

ကရပ်ပြင်လမ်းဆုံမီးပွိုင့်အနီးမှာ မွေးကင်းစကလေးငယ်တစ်ဦးချက်ကြိုးတန်းလန်းနဲ့ စွန့် ပစ်ခြင်းခံရ...............................

မြင်ရတာ စိတ်မကောင်းဘူးဗျာ။


Photo: မြင်ရတာ စိတ်မကောင်းဘူးဗျာ။

မနေ့ ည ၁၂နာရီခွဲလောက်က ကရပ်ပြင်လမ်းဆုံမီးပွိုင့်အနီးမှာ
မွေးကင်းစကလေးငယ်တစ်ဦးချက်ကြိုးတန်းလန်းနဲ့ စွန့် ပစ်ခြင်းခံရပါတယ်။

ကလေးကတော့အေးစက်နေတဲ့လမ်းမပေါ်မှာ
သေဆုံးသွားပါတယ်။

ယောင်္ကျာလေးပါ၊ ဘယ်သူလာပစ်ထားမှန်းတော့မသိကြပါဘူး။
အနီးက ကရပ်ပြင်မီးပွိုင့်မှာ CCTV တပ်ထားတာမို့ လာပစ်သွားတဲ့သူကိုရှာတွေ့ နိုင်တယ်လို့ ရပ်ကွက်အတွင်းနေသူတွေထင်ကြေးပေးနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူ့ လောကကြီးကို လာရောက်တဲ့အပြစ်မဲ့တဲ့
ကလေးငယ်ကိုတော့ဒီလိုအလုပ်သင့်ပါဘူး။

ကိုယ.်ကိုယ်တိုင်ကလေးမယူချင်ရင်အစကတည်းကရှောင်ပေါ့။
အခုတော့ အပြစ်မဲ့တဲ့ကလေးလေး သူနဲ့ ဘာမှမဆိုင်ဘဲထွက်သွားရပြီ
အမျိုးကောင်းသားသမီးတွေအနေနဲ့ လည်း ကိုယ့်ရဲ့ အမှားတစ်ခုကိုဖုံးကွယ်ဖို့ အခုလိုမလုပ်သင့်ပါဘူး။

ကိုယ်လုပ်ခဲ့တဲ့အမှားတစ်ခုကို အပြစ်မရှိတဲ့ကလေးငယ်
အပေါ်လွှဲချမယ့်အစား မဖြစ်ခင်ကိုယ်တိုင်ဆင်ချင်ကြဖို့ လိုပါတယ်။

ကိုယ်ပြုတဲ့ကံကိုယ်သာခံရမယ်ဆိုတာ မှတ်ထားကြစေလိုပါတယ်၊
ကလေးငယ်အတွက်စိတ်မကောင်းပါဘူး။


ဓါတ်ပုံ--ကိုစည်သူနိုင်

Posted From April Maung Maung

Thit Htoo Lwin blog
မနေ့ ည ၁၂နာရီခွဲလောက်က ကရပ်ပြင်လမ်းဆုံမီးပွိုင့်အနီးမှာ
မွေးကင်းစကလေးငယ်တစ်ဦးချက်ကြိုးတန်းလန်းနဲ့ စွန့် ပစ်ခြင်းခံရပါတယ်။
ကလေးကတော့အေးစက်နေတဲ့လမ်းမပေါ်မှာ
သေဆုံးသွားပါတယ်။
ယောင်္ကျာလေးပါ၊ ဘယ်သူလာပစ်ထားမှန်းတော့မသိကြပါဘူး။
အနီးက ကရပ်ပြင်မီးပွိုင့်မှာ CCTV တပ်ထားတာမို့ လာပစ်သွားတဲ့သူကိုရှာတွေ့ နိုင်တယ်လို့ 
ရပ်ကွက်အတွင်းနေသူတွေထင်ကြေးပေးနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူ့ လောကကြီးကို လာရောက်တဲ့အပြစ်မဲ့တဲ့
ကလေးငယ်ကိုတော့ဒီလိုအလုပ်သင့်ပါဘူး။

ကိုယ.်ကိုယ်တိုင်ကလေးမယူချင်ရင်အစကတည်းကရှောင်ပေါ့။
အခုတော့ အပြစ်မဲ့တဲ့ကလေးလေး သူနဲ့ ဘာမှမဆိုင်ဘဲထွက်သွားရပြီ
အမျိုးကောင်းသားသမီးတွေအနေနဲ့ လည်း ကိုယ့်ရဲ့ အမှားတစ်ခုကိုဖုံးကွယ်ဖို့ အခုလိုမလုပ်သင့်ပါဘူး။

ကိုယ်လုပ်ခဲ့တဲ့အမှားတစ်ခုကို အပြစ်မရှိတဲ့ကလေးငယ်
အပေါ်လွှဲချမယ့်အစား မဖြစ်ခင်ကိုယ်တိုင်ဆင်ချင်ကြဖို့ လိုပါတယ်။

ကိုယ်ပြုတဲ့ကံကိုယ်သာခံရမယ်ဆိုတာ မှတ်ထားကြစေလိုပါတယ်၊
ကလေးငယ်အတွက်စိတ်မကောင်းပါဘူး။


ဓါတ်ပုံ--ကိုစည်သူနိုင်

Posted From April Maung Maung

Thit Htoo Lwin blog

ဘိုထိုင်အိမ်သာတောင်ကျိုးကျရတဲ့ ကမ္ဘာ့တင်ပါးအကြီးဆုံးအမျိုးသမီး........................



အမေ ရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာနေထိုင် တဲ့ အသက်(၃၃)နှစ် အရွယ် ရှိ ဆာရာမက် ဆေးဟာ ကမ္ဘာ့  အကြီးဆုံး တင်ပါးပိုင်ရှင်ထဲ မှာ တစ်ဦးအပါအ၀င်အဖြစ် သတ်မှတ်ခံ ထား ရပါတယ်။ ဆာရာမက် ဆေး ရဲ့ တင် ပါးဟာ ခုနစ်ပေ ၀န်းကျင်အထိ ရှိပါတယ်။ ကလေး နှစ်ယောက် မိခင် ဆာရာမက်ဆေးဟာ သူ့ရဲ့ ကြီးမားလှတဲ့ တင်ပါးကြီးအပေါ် အလွန်ဂုဏ် ယူလေ့ရှိတယ်လို့သိရပါတယ်။ သူ့ရဲ့ခန္ဓာ ကိုယ် အလေး ချိန် က အလွန် ၀ဖြိုး နေတာ မို့ အ၀တ်အစားဖိုးအတွက် တစ်လကို ပေါင် (၇၅၀) နီးပါး အသုံးပြုနေရတယ်လို့ သိရပါတယ်။ သူ ဟာ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချဖို့ ကြိုး စားနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ တင်ပါး ကြီး ဟာ အလွန်ကြီး မား လွန်း တာမို့ အ၀တ်အစား ၀ယ်ယူရာမှာ များစွာအခက်တွေ့လေ့ရှိတယ် လို့ ဆိုပါတယ်လို့ သိရပါတယ်။

သူ့ရဲ့ တင်ပါးဟာ ဘယ်လောက်အထိ ကြီးသလဲ ဆိုရင် တစ် နေ့မှာ ရုပ်ရှင်ရုံ ကိုအသွား အိမ်သာဝင် တက်စဉ် အိမ်သာထိုင်ခုံပြိုကျမှု ဖြစ်ခဲ့တယ်လို့တောင် သိရပါတယ်။ ဆာရာမက် ဆေး က ကျွန်မမှာ ဒီတင်ပါးနဲ့ ပတ်သက်ပြီး ခံစားချက်နှစ်မျိုး ရရှိနေပါတယ်။ အဲဒါက တော့ အဆိုးနဲ့ အကောင်း နှစ်ခုဖြစ်ပါတယ်။ အချို့အချိန် တွေမှာ ဒီတင်ပါးကြီးနဲ့ ပတ်သက် ပြီး စိတ်အနှောင့်အယှက်ပြဿနာတွေ ကြုံ တွေ့ ခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိ အ ချိန်မှာ တော့ ဒီတင်ပါးနဲ့ ပတ်သက်ပြီး ဂုဏ်ယူ မိပါ တယ်။ ကျွန်မရဲ့ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ဖို့ ကြိုးစား နေပါတယ်။ ကျွန်မရဲ့ တင်ပါးဟာ အတုမဟုတ်ပါဘူး။ အချို့က ကျွန်မရဲ့တင်ပါးအပေါ် ယုံကြည်မှု မ ရှိကြပါ ဘူး””လို့ ပြောကြား သွား ခဲ့ပါတယ်။ 

By Messenger

အဓမ္မပြု ကျင့်ခံရမှု ရိုးရာ ဓလေ့ဖြင့် ကျေးအေးနေ ရဆဲ ကယား အမျိုးသမီးများ......................................................




ကယားပြည်နယ်ရှိ ကယန်းရွာမှ ကယန်းအမျိုးသမီးများ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

ကယားပြည်နယ် ဒေသတချို့တွင် အမျိုးသမီးများ အဓမ္မ ပြုကျင့် စော်ကား ခံရပါက တရား ဥပဒေအရ ဖြေရှင်း
ခြင်းမရှိဘဲ ရိုးရာ ဓလေ့ဖြင့်သာ ကျေအေးနေရဆဲ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်များတွင် အဓမ္မပြုကျင့် ခံရသော အမျိုးသမီးများကို ရွာမှ ဖိအားပေးကာ ရွာ၏ ထုံးစံအတိုင်း ကျူးလွန် စော်
ကားသူက ဝက်၊ ကြက်များကို အိမ်များသို့ လိုက်ဝေငှခြင်းဖြင့် ရွာဆေးခြင်းကို ပြုလုပ်ဆဲဖြစ်ကြောင်း၊ တရားဥပ
ဒေအရ ဖြေရှင်းမှုမပြုသဖြင့် အမျိုးသမီးများအတွက် နစ်နာမှုများစွာရှိနေကြောင်း ကယန်းအမျိုးသမီးအဖွဲ့၏ တာ
ဝန်ခံ ဒေါ်မူအန်းဂျေလာက ဧရာဝတီသို့ ပြောသည်။

“ရွာနာမည် ပျက်တယ်ဆိုပြီး ဝက်တကောင်သတ်ပြီး လျော်ပေးခိုင်းတယ်။ အမျိုးသမီးတွေက ဝက်တကောင်
တန်ဖိုးနဲ့ပဲ တူသွားတာပေါ့”ဟု ဒေါ်မူအန်းဂျေလာက ပြောပြသည်။

ပြစ်မှု ကျူးလွန်သူများသည် မူးယစ် ဆေးသုံးစွဲသူများနှင့် ယင်းနယ်မြေတွင် မြန်မာအစိုးရ၏ စစ်အင်အား တိုးချဲ့
မှု များလာခြင်းကြောင့် ကယား ဒေသအတွင်းရှိ ကျေးရွာများ၌ အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှု များလာခြင်း
ဖြစ်ကြောင်း၊ ပြစ်မှုများတွင် ရိုးရာ နည်းအရ ကျေအေးမှုသည် အမျိုးသမီးများအပေါ် မျှတခြင်း မရှိကြောင်း ၎င်း
က ဆက်ပြောသည်။

“အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာတွေ ပြန်ပြုပြင်ပေးသလို သူတို့ရဲ့ ကျန်းမာရေးကိုလည်း
လက်လှမ်း မှီသလောက် လုပ်ပေးတယ်။ ပြီးတော့ ရွာတွေမှာလည်း ဒီလိုဖြစ်လာရင် ဥပဒေအရ တိုင်ဖို့၊ ဥပ
ဒေ အတိုင်း သွားဖို့ ပညာပေးမှုတွေလုပ်တယ်။ ရှေးလူကြီးတွေက သိပ်လက်မခံချင်ကြဘူး”ဟု ကယန်း အမျိုး
သမီးအဖွဲ့မှ ဒေါ်မူချယ်ရီကလည်း ပြောသည်။

တိုင်းရင်းသား အများစုသည် သက်ဆိုင်ရာ ဓလေ့ ထုံးတမ်းများကို ကျင့်သုံးနေဆဲဖြစ်ပြီး အသိပညာပေးမှုများ
ကို ရှေးလူကြီးများက နှစ်သက်လက်ခံမှု မရှိကြောင်း သိရသည်။ အဓမ္မကျူးလွန်ခြင်းခံရသူကို လျော်ကြေးပေး
ကျေးအေးနေသည်မှာ ခေတ်နှင့် မညီညွတ်ကြောင်း၊ ထိုဓလေ့များကို မကျင့်သုံးရန် အသိပညာပေးမှုများ ပြု
လုပ်နေရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးငိုဆင်ပ် က ဧရာဝတီသို့ ပြောသည်။

“ရွာဓလေ့ အတိုင်း ဝက်တကောင်နဲ့ ကျေအေးပေးရတဲ့ အမှုက တရားဥပဒေအရ ထောင်ဒဏ် တသက်တ
ကျွန်း ပေးနိုင်တဲ့ ပြစ်မှုပါ။ အခုလို ပြစ်ဒဏ် ကွာဟနေတော့ ရေရှည်မှာ ဥပဒေကို ထိခိုက်နိုင် ပါတယ်”ဟု
ဦးငိုဆင်ပ်က ဆိုသည်။

၂၀၁၂ ခုနစ် မတ်လအတွင်း လားရှိုးမြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး
ပွဲတွင် လက်ရှိ မြန်မာ အစိုးရ စစ်အင်အား တိုးချဲ့မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်ခံရ
မှု မြင့်တက်လာသည့် အခြေနေများကို တင်ပြ ဆွေနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အထက်ပါ အခြေနေများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့်
လျော့နည်း သွားစေရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းရန် လိုအပ်ကြောင်း၊
ဖက်ဒရယ်မူတွင် အမျိုးသမီးနှင့် ကလေးအတွက် အခန်းကဏ္ဍ သေချာရေးဆွဲပေးရန် တက်ရောက်သည့်
အမျိုးသမီးများ အဖွဲ့အစည်းမှ သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

“အမျိုးသမီးတွေကို အဓမ္မကျင့်ပြီး ရိုးရာနည်းနဲ့ ဖြေရှင်းတာကတော့ လက်ရှိ အနေအထားမှာ ရှိသေးတယ်။
တကယ်တော့ ဥပဒေ နည်းအတိုင်း သွားတာ ကောင်းပေမယ့် ကျေးရွာတွေက ဥပဒေကို နားမလည်တော့
ခက်တာပေါ့။ ကျနော်တို့ အဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပညာပေးဖို့တော့ ရှိပါတယ်”ဟု ကယန်း
စာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ ဦးပေါလုချမ်းကလည်း ဧရာဝတီသို့ ပြော သည်။

အဓမ္မ ကျင့်ခံရသည့် အမျိုးသမီးနှင့်ကလေးငယ်များ အတွက် ရှေ့နေ ငှားရမ်းရန် ငွေကြေး ခက်ခဲမှုနှင့် တိုင်း
ရင်းသားများသည် ပြ ဌာန်းထားသည့် ဥပဒေများကို နားလည်မှု အားနည်းနေခြင်းတို့က အဓိက အခက်အခဲ
ဖြစ်နေကြောင်း သိရသည်။

ယင်းဖြစ်ရပ်များသည် ကယားပြည်နယ်၌ သာမက တခြားသောတိုင်းရင်းသား ဒေသတချို့တွင်လည်း ယနေ့
အချိန် အထိ ကြုံတွေ့ နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အဓမ္မပြု ကျင့်ခံရမှု ရိုးရာ ဓလေ့ဖြင့် ကျေးအေးနေ ရဆဲ ကယား အမျိုးသမီးများ http://www.simon-vlog.com/2014/01/blog-post_9514.html#ixzz2pYKH0Kau

ကျူးကျော် အိမ်ရာများ အလုံးအရင်း ဝင်ရောက်မှု ဖယ်ရှားပေးရေး လူ ၁၀၀ ခန့် ဆန္ဒ ထုတ်ဖော်..............................









ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကျူးကျော် အိမ်ရာများ အလုံးအရင်းနှင့် ဝင်ရောက် နေထိုင်လာမှု
များကို ဖယ်ရှားပေးရန် ဒေသခံ ၁၀၀ ခန့်က အဆိုပါ မြို့နယ် သံဖြူရုံကျေးရွာတွင် ဇန်နဝါရီလ ၃ ရက်နေ့ နံနက်
ပိုင်းက တစ်နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

လှိုင်သာယာ - တွံတေး ကားလမ်း ဘေးဝဲယာရှိ လမ်းမြေများတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ
ကျူးကျော် အိမ်ခြေများ များပြား လာမှုကြောင့် ဒေသခံများ၏ လုံခြုံမှုများ ပျက်ပြားလာသဖြင့် ဥပဒေမဲ့ ကျူးကျော် ဝင်
ရောက်မှု များကို ဖယ်ရှား ရှင်းလင်းပေးရန်၊ ဥပဒေနှင့်အညီ အရေးယူပေးရန် တွံတေးမြို့နယ် ခလောက်ချိုက်၊ တ
မာတကော၊ ပဒံရေကျော်၊ တမံကြီးနှင့် ကံရွာကျေးရွာ အုပ်စုတို့မှ ဒေသခံများက ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း
၎င်းတို့ထံမှ သိရှိရသည်။

ကျူးကျော် နေအိမ်များ ဝင်ရောက် ဆောက်လုပ် နေထိုင်သူ များကြောင့် စည်းကမ်းမဲ့ အညစ်အကြေး စွန့်ပစ်မှုများ
ရှိလာသည့်အပြင် ဒေသခံများ အတွက် သောက်သုံးရေ မလုံလောက်မှု၊ လုံခြုံရေး စိုးရိမ်ရမှုများ ကြုံတွေ့နေရပြီး
ခိုက်ရန် ဖြစ်ပွားမှုများလည်း ရှိကြောင်း တွံတေးမြို့နယ် ပဒံရေကျော် ကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။

“သူတို့ရောက်လာမှ ရွာမှာ ပစ္စည်းပျောက်တာ ပိုများလာတယ်။ ညဘက်တွေဆိုရင် တုတ်တွေ၊ ဓားတွေနဲ့ လမ်း
ပေါ်လျှောက် သွားနေကြတာဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်ရပါတယ်” ဟု ပဒံရေကျော် ကျေးရွာ အုပ်ချုပ်
ရေးမှူး ဦးဝင်းစိန်က The Voice သို့ ပြောကြားသည်။

အများပြည်သူပိုင် ကားလမ်းမဘေးနှင့် ပုဂ္ဂလိကပိုင် ခြံမြေများတွင် ကျူးကျော် နေထိုင်သူများကို မြို့နယ် ဆောက်
လုပ်ရေး အဖွဲ့နှင့် မြေပိုင်ရှင်များက သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားမှုများ ရှိကြောင်း တွံတေးမြို့
နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ရှင်းပြ သည်။

အစိုးရက အိုးမဲ့အိမ်မဲ့များကို လှိုင်သာယာ - တွံတေး ကားလမ်းဘေးတွင် မြေကွက်များ အခမဲ့ ချထားပေးမည် ဆို
သော ကောလာဟလများ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်ပေါ်လာခဲ့ပြီးနောက် ယင်းလမ်းကြီး တစ်လျှောက်တွင်
ကျူးကျော်သူများက မြေကွက်များ ဦးယူကာ ယာယီ နေအိမ်များ ဆောက်လုပ်ခဲ့ကြောင်း၊ လတ်တလောတွင် အိမ်
ခြေ တစ်ထောင်ကျော်မက ရှိကြောင်း၊ ယင်းအပြင် တွံတေး မြို့နယ်နှင့် လှိုင်သာယာမြို့နယ်အစပ် ပန်းလှိုင်မြစ်
ကမ်း (ပန်းလှိုင် တံတားအနီး) တစ်လျှောက်ရှိ ဥယျာဉ်ခြံများနှင့် မြေနုကျွန်း များတွင်လည်း ကျူးကျော်များက ယာ
ယီအိမ် ၅၀၀၀ ဝန်းကျင်ခန့် ဆောက်လုပ်ကာ ကျူးကျော်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကျူးကျော် အိမ်ရာများ အလုံးအရင်း ဝင်ရောက်မှု ဖယ်ရှားပေးရေး လူ ၁၀၀ ခန့် ဆန္ဒ ထုတ်ဖော် http://www.simon-vlog.com/2014/01/blog-post_6736.html#ixzz2pYJvK57Q

သမီးအရင်းမဟုတ်ဟုဆိုကာ နှစ်လသားကလေးငယ်ကိုအပ်များဖြင့်ထိုးသတ်ရန်ကြိုးပမ်းခဲ့သည့်ဖခင် ထောင်၁၀နှစ်ကျ .................

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်တွင် ရင်ခွင်ပိုက်ကလေးအရွယ်သာရှိသေးသော
သမီးလေးကို အဖေဖြစ်သူက မိမိ၏သမီးအရင်းမဟုတ်ဟုဆိုကာ မိခင်နောက်ကွယ်၌ အပ်များဖြင့်
ထိုးစိုက်ခဲ့ကြောင်းသိရသည်။

နှစ်လသားအရွယ်သမီးလေး၏ခန္ဓာကိုယ်ထဲသို့ အပ်ချုပ်အပ်များထိုးသွင်းခဲ့သည့် ယင်ကျီဟဲ အမည်ရသည့်
အဆိုပါဖခင်ကို ဟေလုံကျန်းတရားရုံးတော်က ထောင်ဒဏ်၁၀နှစ်ချမှတ်လိုက်ကြောင်း ဒီဇင်ဘာ25တရုတ်
သတင်းများအရ သိရသည်။

အဖေဖြစ်သူက သမီးလေးကိုပြီးခဲ့သည့်သြဂုတ်လအတွင်းက အပ်များဖြင့်ထိုးစိုက်ခဲ့ပြီးအသေသတ်ပစ်ရန်
ကြံရွယ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတော်ကပြောကြားခဲ့ကြောင်း Xinhuaသတင်းတွင်ဖော်ပြခဲ့သည်။
ယင်မျိုးနွယ် အဖေဖြစ်သူသည် သြဂုတ်လ၄ရက်တွင်မိခင်ကွယ်ရာ၌  သမီးလေး၏နံရိုးများကြားထဲ
ပထမအကြိမ် အပ်များထိုးသွင်းခဲ့သည်။

နာက်တစ်ရက်တွင် သမီးငယ်လေးမှာ အလွန်နာကျင်သဖြင့်အော်
ဟစ်ငိုကြွေးနေခဲ့ရာ မိခင်ဖြစ်သူက ဆေးရုံသို့ခေါ်ဆောင်ပြသခဲ့ရသည်။ ကလေးဆရာဝန်များက စစ်ဆေးခဲ့
သည့်အခါ နံရိုးများကြားထဲစိုက်ဝင်နေသောအပ်များကိုတွေ့ခဲ့ရပြီး ခွဲစိတ်ဖယ်ရှားကာ ကုသပေးခဲ့ရသည်။
သို့ရာတွင် အဖေဖြစ်သူက ကလေးငယ်၏ ချက်၊ရင်ဘတ်နှင့် ၀မ်းဗိုက်နေရာများတွင်အပ်များဖြင့်
နောက်တစ်ကြိမ်ထိုးသွင်းခဲ့ပြန်သည်။ အဖေ၏လုပ်ရပ်ကြောင့်ကလေးဖြစ်သူ၏အဆုတ်များ ထိခိုက်ခဲ့ရသည့်
အပြင် အခြားကိုယ်တွင်းအင်္ဂါများလည်း အနာတရဖြစ်ခဲ့ရသည်။ ထို့ကြောင့်မိခင်ဖြစ်သူက ကလေး၏အဖေ
ကို ရဲတိုင်၍ ဖမ်းဆီးအရေးယူစေခဲ့သည်။

ထို့နောက် တရားရုံးတော်က ကလေးအဖေဖြစ်သူကိုထောင်ဒဏ်
၁၀ နှစ်ကျခံစေခဲ့ခြင်းဖြစ်သည်။DNA စစ်ဆေးချက်များအရ အဖေနှင့်သမီးလေးမှာ သားအဖအရင်းဖြစ်
ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု Xinhua သတင်းတွင်ဖော်ပြခဲ့သည်။
You might also like:http://wlovestory.blogspot.com/2014/01/blog-post_407.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

Saturday, January 4, 2014

EXCEL ELM327 MINI OBD2 Bluetooth Reader for Android


US010 Bluetooth OBDII

Updated last Saturday
Bluetooth OBDII
ID : US010
ဈေးနှုန်း : 50,000 ကျပ်
Location : USA
Description : Android Mobile ဖုန်း, Tablet နှင့် Bluetooth ပါဝင်သော Laptop များအတွက်ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပြီး အလွန်ကောင်းမွန်သော ISO အသိအမှတ်ပြုပစ္စည်း ဖြစ်ပါတယ်။ Android App ကို Playstore မှ့ ရယူနိုင်ပြီး အသုံးပြုရလွယ်ကူပါတယ်။ ဖုန်းမှာအသုံးပြုမှာဖြစ်တဲ့အတွက် Graphic ကောင်းကောင်းမွန်မွန်နဲ့ မြင်တွေ့နိုင်ရမှာလဲဖြစ်ပါတယ်။ Review Linkက နေတဆင့် လဲလေ့လာလို့ရပါတယ်။ USA ကနေတိုက်ရိုက်မှာယူတင်သွင်း တာပါ။ လက်လီလက်ကား မှာယူနိုင်ပါတယ် ကျေးဇူးတင်ပါတယ်။
http://www.youtube.com/watch?v=e5JV497ZynA#t=40
2Like · ·

မြွေဟောက်ကိုက်တာထက် အဆိပ်ပြင်းတဲ့ ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်း (ရှယ်ပေးပါ) အများသိအောင် ............

Photo: မြွေဟောက်ကိုက်တာထက် အဆိပ်ပြင်းတဲ့ ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်း (ရှယ်ပေးပါ) အများသိအောင်

ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ။ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူ မှတ်သားထားကြပါနော်။
ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။ဘန်ကောက်မှာတောင် 
 ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ။ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူ မှတ်သားထားကြပါနော်။

Myanmar Ink ရဲ့ လတ်တလော ပန်းချီပြပွဲ ...........................

Friday, January 3, 2014
~


ဧရာဝတီ အင်္ဂလိပ်ပိုင်း ဖေ့စ်ဘုတ်စာမျက်နှာ facebook.com/theirrawaddy မှာ ဒီကနေ့ ဖော်ပြခဲ့တဲ့ ပန်းချီကား ဓာတ်ပုံတွေပါ။


ရန်ကုန်မြို့လယ်မှာရှိတဲ့ Myanmar Ink Art Gallery မှာ ပြသထားတဲ့ ပန်းချီပြပွဲတင်ကားများပါ။

ပြခန်းလိပ်စာက အမှတ် ၃၂/၁၊ အလံပြဘုရားလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဖြစ်ပါတယ်။

နာမည်ကျော် ဖေညွန့်ဝေ အပါအ၀င် ပန်းချီဆရာအများအပြားရဲ့ လက်ရာ ၂၅ ခု ပါဝင်တဲ့ ဒီပွဲကို သဘက်ခါ စနေနေ့အထိ ပြသထားမယ်လို့ ဆိုပါတယ်။

ဒေါ်လာ ၁၅၀ နဲ့ ၇၀၀ ကြား ရောင်းဈေး သတ်မှတ်ထားတဲ့  ပန်းချီကားများဖြစ်ပါတယ်။

အမျိုးအစားတွေက realism, nudes, landscapes, portraits စသဖြင့် အစုံအလင်ပါပဲ။

လေ့လာဖို့ ခံစားဖို့ ပန်းချီကား ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

















ေ​ဒ​ၚ​စု​ကို ရည္ရြယ္ တား​ဆီး​ ထား​ေ​သာ ပုဒ္မ ၅​၉ (ဃ) နဲ​႔ (စ) ကို ျ​ပ​င​္ေ​ပး​ဖို​႔ လူ​၂​ဝ​ဝ ဆႏ​ၵျ​ပ................










၂​ဝ⁠ဝ​၈ ဖြဲ​႔စ​ည​္း​ပံု​ ထဲ​က ပုဒ္မ ၅​၉ (ဃ) နဲ​႔ (စ) ဟာ ေ​ဒ​ၚေ​အာင္ဆ​န်း ​စုြ​ကည် အေ​ပါ် ပု​ဂ္ဂို​လ်ေ​ရး ​ဆန်ဆ​န် တိုက်
ခိုက် ထား​တာြ​ဖ​စ်ြ​ပီး ဒီ​ပုဒ်မေ​တွ​ကို ဖယ်ရှား​လိုက်ရ​င် ေ​ဒ​ၚေ​အာင္ဆန်း စုြ​က​ည် အေ​ရြး ​မ​ခံ​ရေ​တာ​င် အကျိုး​မ
ယုတ်ဘူး​လို့​​ ဆို​ပါ​တ​ယ်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်:ေ​ဒါ်​စု​ကို ရည်ရွယ် တား​ဆီး​ ထား​ေ​သာ ပုဒ္မ ၅​၉ (ဃ) နဲ​႔ (စ) ကို ျ​ပ​င​္ေ​ပး​ဖို​႔ လူ​၂​ဝ​ဝ ဆႏ​ၵျ​ပ http://www.simon-vlog.com/2014/01/blog-post_6839.html#ixzz2pNQYRD2O
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

DVB - သမ္မတလွတ်ငြိမ်းခွင့်အမိန့်နဲ့ အကျဉ်းသား၂ထောင်နီးပါး အင်းစိန်ထောင်ကလွတ်....................











DVB TV - 03.01.2014 - သမ္မတရဲ့ ပြစ်ဒဏ်လျော့ချမှုနဲ့ အကျဉ်းသား ၁၈၀၀ ၀န်းကျင်လောက် ဇန်န၀ါရီလ ၃
ရက်နေ့က အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြေက်လာပါတယ်။

ဦးအောင်ကြီး သတင်းပေးပို့ ထားပါတယ်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အကျဉ်းသား၂ထောင်နီးပါး အင်းစိန်ထောင်ကလွှတ် http://www.simon-vlog.com/2014/01/blog-post_3237.html#ixzz2pNQC2knO

၅၉ (ဃ) နဲ့ ၅၉ (စ) တွေကို ဖျက်သိမ်းပေးဖို့ ဒီနေ့ မနက်က ရန်ကုန်မြို့မှာ ဆန္ဒပြ...........


ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါဝင်တဲ့ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်တဲ့ ၅၉ (ဃ) နဲ့ ၅၉ (စ) တွေကို ပယ်ဖျက်ပေးဖို့ ဒီနေ့ မနက်က ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
Copy from - RFA

ပြည့်တန်ဆာနှစ်ယောက်ကိုသတ်ပြီးသူတို့ ရဲ့ရုပ်အလောင်းတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် တရုတ်ကျောင်းသား တစ်ယောက်ကို သေဒဏ်ပေး ..................


အသက် ၂၃ နှစ်အရွယ် လီ လို့ ခေါ်တဲ့ ဒီဇိုင်းဘာသာရပ်သင်ယူနေတဲ့ တရုတ်ကျောင်းသား တစ်ယောက်ဟာ ပြည့်တန်ဆာနှစ်ယောက်ကို ကြိုးပေးသတ်ပြီး သူတို့ ရဲ့ အလောင်း တွေနဲ့ လိင် ဆက်ဆံခဲ့တယ် ဆိုတာ အပြစ် ထင်ရှားတဲ့အတွက် အဲဒီ့ကျောင်းသားကို သေဒဏ်ချမှတ်လိုက်ပါတယ်။

ဒါဟာ ဒီတုန်လှုပ်ရွံရှာဖွယ်ရာ အဖြစ်အပျက်ရဲ့ ဇာတ်သိမ်းမဟုတ်သေးပါဘူး။ လီဟာ အဲဒီ့ပြည့်တန်ဆာ နှစ်ယောက်ရဲ့ အလောင်းတွေကို တစ်စီပိုင်းပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါသေးတယ်။

ချန်ချူးပြည်နယ် တက္ကသိုလ်မှာ ဒီဇိုင်းပညာရပ်တက်ရောက်နေတဲ့ လီက ရဲတွေကို ထွက်ဆိုခဲ့ရာမှာ သူဟာ အတန်းချိန်တွေကို ပျက်ကွက်နေခဲ့ပြီး စာထဲစိတ်မ၀င်စားတဲ့အတွက် သူ့ စိတ်ကို ဖြေလျော့ မယ့် နည်းလမ်းကို လိုအပ်နေလို့ အခုလို လုပ်ခဲ့တာပါတဲ့။ သူဟာ ဒီအဖြစ်အပျက်မဖြစ်ခင်ကတည်းက ရုပ်အလောင်း တွေ နဲ့  ကာမဆက်ဆံရတာ နှစ်သက်တဲ့ ရောဂါတစ်မျိုးရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဟာ ပထမဦးဆုံး အင်တာနက်ကနေ အသက် ၂၀ အရွယ် ပြည့်တန်ဆာတစ်ယောက်ကို ဌားရမ်း ခဲ့ပါတယ်။ နောက် သူမကိုသတ်ပြီး အလောင်းကို ချန်ပင်းမြို့ က သူ့ အိမ်မှာ ဖွက်ထားခဲ့ပြီး သူမရဲ့ ရုပ်အလောင်းနဲ့ ကာမ ဆက်ဆံခဲ့ပါတယ်။ အဲဒီ့လအတွင်းမှာပဲ သူဟာ နောက်ထပ် ပြည့်တန်ဆာ တစ်ယောက်ကို ထပ်ဌားရမ်းခဲ့ပြီး ပုံစံ တူပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။ နောက် သူဟာ အလောင်းတွေ ကို တစ်စစီပိုင်းဖြတ်ပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံထားခဲ့တာပါ။

ရဲတွေရဲ့ ခြေရာခံလိုက်မှုကနေ လီ ကိုဖမ်းမိခဲ့တာဖြစ်ပြီး ဒီဆိုးရွားတဲ့အပြစ်တွေအတွက် သေဒဏ် ချမှတ်ခဲ့တဲ့ အပြင် သူ့ သားကောင်ဖြစ်ခဲ့ရရှာတဲ့ ပြည့်တန်ဆာမိန်းကလေးနှစ်ယောက်ရဲ့ မိသားစု တွေကိုလည်း လျော်ကြေးငွေ ယွမ် ရှစ်သောင်း ( ပေါင် ၈၀၀၀ ) ပေးဆောင်ဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

Trend Myanmar
FROM-MYANMAR ONLINE NEWS

အင်္ဂါဂြိုလ်ပေါ် လူသားများ နယ်ချဲ့မည် ........................

Saturday, January 4, 2014


အင်္ဂါဂြိုလ် ပေါ်မှာ လူသားတွေ နေထိုင်မယ့် စီမံကိန်းတခုအတွက် လျှောက်လွှာတင်ထားသူ ၂ သိန်းကျော် ထဲ က လူ ၁ ထောင်ကျော်ကို ပဏမ အဆင့် ရွေးချယ်ထားပြီး အဲဒီ့ အထဲက ၂၄ ဦးကတော့ ဇကာတင် ရွေးချယ်ခံရ မှာဖြစ်ပါတယ်။ 

 ကမ္ဘာ့လူသားတွေ သွားနယ်ချဲ့ကြမယ့် အင်္ဂါဂြိုလ်၊ ဓာတ်ပုံ- ၀ီကီပီဒီးယား

၂ဝ၂၅ ခုနှစ်မှာ ဂြိုလ်နီကြီးလို့ လူသိများကြတဲ့ အင်္ဂါဂြိုလ်ပေါ် လူသားတွေ အမြဲတမ်းနေထိုင်ဖို့ ရည်မှန်းချက် ထားခဲ့တဲ့ ဒတ် ခ်ျ လူမျိုး ၂ ဦးက Mars One လို့ အမည်ရတဲ့ စီမံကိန်း တခုကို ၂ဝ၁၁ ခုနှစ်က စီစဉ် ခဲ့တာလို့ ရိုက်တာ သတင်းတပုဒ်က ရေးထားပါတယ်။ 

သူတို့ ၂ ဦးကတော့ ဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားမှုတွေနဲ့ နောက်ဆုံး ရွေးချယ်မှုတွေကို မှတ်တမ်းပြုစုရေး ဆိုင်ရာ ရုပ်မြင်သံကြား စမ်းသပ် ထုတ်လွှင့်မှုတွေအပေါ်မှာလည်း ရင်းနှီးမြှုပ်နှံသူတွေက လည်း ရံပုံငွေ ထည့်ဝင်ကြမယ် လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ 

ကမ္ဘာတဝန်းက အင်္ဂါဂြိုလ်ပေါ် နေထိုင်လိုကြလို့ ပထမအသုပ်ရွေးချယ်ခံရသူ ၁ဝ၅၈ ဦး ရှိရာ အများစုက အမေရိကန်တွေ ဖြစ်ပြီး ၂၉၇ ဦးရှိကာ ကနေဒါ ၇၅ ဦးနဲ့ အိန္ဒိယ ၆၂ ဦး ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ပဏာမ ရွေးချယ်ခံထားရတဲ့ သူတို့တွေဟာ စမ်းသပ်မှုတွေကို အခု လုပ်ကြရပါတော့မယ်။ 

ဒီစမ်းသပ်မှုတွေထဲမှာ အင်္ဂါဂြိုလ် ပေါ်မှာ သက်တမ်း ဘယ်လောက် နေထိုင်နိုင်မယ်၊ ပြီးတော့ ကမ္ဘာဂြိုလ်နဲ့ ကင်းကွာနေရမှာဖြစ်တာကြောင့် အထီးကျန်ဆန် မှု ကိစ္စတွေကိုလည်း ထည့်တွက်ရမှာဖြစ်တယ်လို့ စီမံကိန်းပူးတွဲ ထူထောင်သူ Bas Lansdorp က ပြောထားပါတယ်။ 

 “အခု လျှောက်ထားတဲ့ လူ ၂ သိန်းကတော့ သူတို့မှာ သီးခြား စိန်ခေါ်မှုတွေ ရှိနေမှာပါ။ အင်္ဂါဂြိလ်ပေါ်ကို သွားရမယ့် ကမ္ဘာ ဂြိုလ်က လူသား သံတမန်တွေ ဖြစ်လာဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဘယ်လောက်ထိ လိုက်လျော ညီထွေအောင် လုပ်ယူရမလဲဆို တာကတော့ အရင်ကလောက်တော့ သိပ်ပြီး အရေးတကြီးကိစ္စတော့ မဟုတ်လောက်တော့ပါဘူး” လို့ သူက ပြောပါတယ်။

အင်္ဂါဂြိုလ်ဟာ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုလ်နဲ့ နေစင်္ကြာဝဠာထဲမှာပဲ ရှိပြီး ကမ္ဘာကနေ ကီလိုမီတာ သန်းပေါင်း ၅၆ သန်း ကွာဝေးပါတယ်။ မျက်နှာပြင် ဧရိယာ ၁၄၄၇၉၈၅၀၀ စတုရန်း ကီလို မီတာ ရှိကာ ဆွဲအား ၃. ၇၁၁ m/s² ရှိပါတယ်။ 


ဂြိုလ်ရဲ့ အချင်းဝက်ဟာ ကီလိုမီတာ ၃၃၉ဝ ရှိပါတယ်။ ကမ္ဘာဂြိုလ်ရဲက တရက်တာဟာ ၃၆၅ ရက်ရှိပြီး အင်္ဂါ ဂြိုလ်ကတော့ ကမ္ဘာဂြိုလ်က ရက်ပေါင်းနဲ့ ရေတွက်ရင် ၆၈၇ ရက် ရှိပြီး အင်္ဂါဂြိုလ် ရက် အရပြောရင် ၆၆၉ ရက် ရှိတယ်လို့ ယူနီဗာ့စ် တူဒေး သတင်းက ဖော်ပြထားပါတယ်။

အခုအစီအစဉ်ဟာ ကမ္ဘာဂြိုလ်ပေါ်က လူသားတွေရဲ့ အင်္ဂါဂြိုလ်ပေါ်မှာ နယ်ချဲ့မယ့် စီမံကိန်းလို့ ပြောရင် မမှားနိုင်ပါဘူး။



အိမ့်သံစဉ် ~ 


မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး....................

Friday, 3 January 2014


Photo: မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး
Friday, January 03, 2014

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင်တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။

အဆိုပါ ထူးဆန်းသော ကျောက်ခေါင်းအုံးအား တွေ့ရှိခဲ့သူ ကျွန်းစုမြို့နယ်နေ ရေလုပ်သား ကိုမောင်ဝင်းအား သိလိုသည်များ မေးမြန်း ခဲ့မှုအပေါ် ၎င်းက ''လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ၉လပိုင်း လောက်က ဒန်းကျွန်း လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ရောက်ခဲ့ပါတယ်။
ဒီကျွန်းမှာက လူသူတစ် ဦးတစ်ယောက်မျှ မနေပါဘူး။ ဒီကျွန်းက ရေချို၊ ရေငန် စပ်တာဆိုတော့ ကျွန်တော်တို့ ငါးဖမ်း ရေလုပ်သားတွေ ရေချိုးရင်း အနားယူတာ မျိုးတွေ လုပ်ကြပါ တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော် ရေချိုးဖို့ကျွန်း ပေါ်ကို တက်လာတဲ့ အခါ သောင်ပြင်မှာ သာမန် ခေါင်းအုံး တစ်လုံးနဲ့ အရွယ်အစားချင်း တူညီတဲ့ ကျောက်ခေါင်းအုံး တစ်ခုကို တွေ့ခဲ့ပါတယ်။
ကျွန်တော် လည်း လှေပေါ်မှာ ခေါင်းအုံး လုပ်ဖို့ ထမ်းယူ လာခဲ့ပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ ''ကျွန်တော့်အိမ်ရောက်တော့ ဒီခေါင်းအုံးနဲ့ အိပ်လိုက်တဲ့အခါမှာ ညသန်းခေါင်ကျော် အချိန်ရောက်ပြီဆို
တာနဲ့ ခေါင်းထဲမှာ တဖျစ်ဖျစ်မြည် လာပြီးတဲ့ နောက် ဦးခေါင်းတွေ၊ ခြေဖျား၊ လက်ဖျားတွေ အထိ တဖျစ်ဖျစ် အသံတွေ မြည်သွားပါတယ်။
ကျွန်တော်လည်း အံ့အားသင့်သွားပြီး နောက်နေ့ နံနက်လင်းတဲ့ အချိန်မှာ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေပြီး နေလို့ထိုင်လို့ အရမ်းကောင်းတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်နေ တာကို တွေ့ရပါတယ်။
ကျွန်တော်လည်း အံ့သြ တကြီးနဲ့ ပဲ ဒီအတိုင်း နေခဲ့ပါတယ်။ ကျွန်တော်တို့ တံငါရေလုပ်သား တွေဟာ အသောက်အစား မကင်းပါဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး သောက် စားကြ တာမျိုးတွေလည်း ရှိပါတယ်။
အဲဒီလို အခါမျိုးမှာ အိမ်ပြန်ရောက်လို့ ကျောက်ခေါင်းအုံးပေါ်မှာ အိပ်လိုက်တယ် ဆိုရင်ပဲ ဦးခေါင်း တစ်ခုလုံးဟာ မီးနဲ့ မြှိုက်ထားသလို ပူလောင်လာပါတယ်။
ကျွန်တော်လည်း အရမ်းကို အံ့သြမိပြီး ဒီကျောက်တုံးဟာ သာမန်ရိုးရိုးတော့ မဟုတ်ဘူးလို့ သင်္ကာမကင်း ဖြစ်တာနဲ့ အရက်သောက်လာရင် မအိပ်ရဲ တော့ပါဘူး။
ဒါ့ကြောင့် ကျွန်တော့်ဆီ ရောက်ပြီး ရှစ်လခန့်အကြာမှာ မြိတ်မြို့ သိမ်တော်ကြီးဘုရားမှာ သွားရောက် လှူဒါန်းခဲ့တာပါ''ဟု ထူးခြားသည့် ကျောက် ခေါင်းအုံး အကြောင်းကို ပြောပြ၍ သိရသည်။ ။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင်တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။

အဆိုပါ ထူးဆန်းသော ကျောက်ခေါင်းအုံးအား တွေ့ရှိခဲ့သူ ကျွန်းစုမြို့နယ်နေ ရေလုပ်သား ကိုမောင်ဝင်းအား သိလိုသည်များ မေးမြန်း ခဲ့မှုအပေါ် ၎င်းက ''လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ၉လပိုင်း လောက်က ဒန်းကျွန်း လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ရောက်ခဲ့ပါတယ်။
ဒီကျွန်းမှာက လူသူတစ် ဦးတစ်ယောက်မျှ မနေပါဘူး။ ဒီကျွန်းက ရေချို၊ ရေငန် စပ်တာဆိုတော့ ကျွန်တော်တို့ ငါးဖမ်း ရေလုပ်သားတွေ ရေချိုးရင်း အနားယူတာ မျိုးတွေ လုပ်ကြပါ တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော် ရေချိုးဖို့ကျွန်း ပေါ်ကို တက်လာတဲ့ အခါ သောင်ပြင်မှာ သာမန် ခေါင်းအုံး တစ်လုံးနဲ့ အရွယ်အစားချင်း တူညီတဲ့ ကျောက်ခေါင်းအုံး တစ်ခုကို တွေ့ခဲ့ပါတယ်။
ကျွန်တော် လည်း လှေပေါ်မှာ ခေါင်းအုံး လုပ်ဖို့ ထမ်းယူ လာခဲ့ပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ ''ကျွန်တော့်အိမ်ရောက်တော့ ဒီခေါင်းအုံးနဲ့ အိပ်လိုက်တဲ့အခါမှာ ညသန်းခေါင်ကျော် အချိန်ရောက်ပြီဆို
တာနဲ့ ခေါင်းထဲမှာ တဖျစ်ဖျစ်မြည် လာပြီးတဲ့ နောက် ဦးခေါင်းတွေ၊ ခြေဖျား၊ လက်ဖျားတွေ အထိ တဖျစ်ဖျစ် အသံတွေ မြည်သွားပါတယ်။
ကျွန်တော်လည်း အံ့အားသင့်သွားပြီး နောက်နေ့ နံနက်လင်းတဲ့ အချိန်မှာ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေပြီး နေလို့ထိုင်လို့ အရမ်းကောင်းတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်နေ တာကို တွေ့ရပါတယ်။
ကျွန်တော်လည်း အံ့သြ တကြီးနဲ့ ပဲ ဒီအတိုင်း နေခဲ့ပါတယ်။ ကျွန်တော်တို့ တံငါရေလုပ်သား တွေဟာ အသောက်အစား မကင်းပါဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး သောက် စားကြ တာမျိုးတွေလည်း ရှိပါတယ်။
အဲဒီလို အခါမျိုးမှာ အိမ်ပြန်ရောက်လို့ ကျောက်ခေါင်းအုံးပေါ်မှာ အိပ်လိုက်တယ် ဆိုရင်ပဲ ဦးခေါင်း တစ်ခုလုံးဟာ မီးနဲ့ မြှိုက်ထားသလို ပူလောင်လာပါတယ်။
ကျွန်တော်လည်း အရမ်းကို အံ့သြမိပြီး ဒီကျောက်တုံးဟာ သာမန်ရိုးရိုးတော့ မဟုတ်ဘူးလို့ သင်္ကာမကင်း ဖြစ်တာနဲ့ အရက်သောက်လာရင် မအိပ်ရဲ တော့ပါဘူး။
ဒါ့ကြောင့် ကျွန်တော့်ဆီ ရောက်ပြီး ရှစ်လခန့်အကြာမှာ မြိတ်မြို့ သိမ်တော်ကြီးဘုရားမှာ သွားရောက် လှူဒါန်းခဲ့တာပါ''ဟု ထူးခြားသည့် ကျောက် ခေါင်းအုံး အကြောင်းကို ပြောပြ၍ သိရသည်။ ။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ

ဆီးဂိမ်းအမျိုးသားအသင်း ကျရှုံးမှုကြောင့် နေရှင်နယ်လိဂ် ပရိသတ်စိတ်ဝင်စားမှုလျော့နည်းနိုင် ..........................

သောကြာ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၃ အသင်း အုပ်စုအဆင့်က ထွက်ခဲ့ရ သဖြင့် လာမည့် ၂၀၁၄ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု လျော့နည်းလာနိုင် ဖွယ်ရှိသည်ဟု သုံးသပ်မှုများ ပေါ်ထွက်လာခဲ့သည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၃ အသင်းကို အောင်မြင်မှုရယူနိုင်လိမ့်မည်ဟု ပရိသတ်များက မျှော်လင့်ထားခဲ့ကြသော်လည်း အုပ်စုအဆင့်မှပင် ကျော်ဖြတ်နိုင်ခြင်းမရှိ သောကြောင့် ပရိသတ်များအနေဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ ဆီးဂိမ်းတွင် မအောင်မမြင်ဖြစ်ခဲ့ သည့် မြန်မာအသင်းကြောင့် နေရှင်နယ်လိဂ်ပြိုင်ပွဲကိုလည်း သက်ရောက်မှုရှိလိမ့်မည်ဟု ဧရာဝတီ ယူနိုက်တက်အသင်း စီမံမန်နေဂျာ ဦးဇော်မြင့်က သုံးသပ်သည်။

“အထိုက်အလျှောက်တော့ ထိခိုက်မှုရှိသွားလိမ့်မယ်။ နေရှင်နယ်လိဂ်ကို ပရိသတ် နည်းနည်းလျော့သွား နိုင်တယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေက ဆီးဂိမ်းကို တအားဖြစ်ချင်ကြတယ်။ ကျွန်တော်တို့ အပါ အ၀င်ပေါ့နော်။ မဖြစ်လာဘူးဆိုတော့ နည်းနည်း ကရုဏာသက်သွားတာလေးတွေရှိတယ်” ဟု သုံးသပ် ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲသည် စတင်ကျင်း ပသည့်နှစ်တွင် ပရိသတ်အများအပြား လာရောက်အားပေးခဲ့သော်လည်း နောက်ပိုင်းရာသီများတွင် ပရိ သတ်အားပေးမှု ကျဆင်းခဲ့သည်။ နေရှင်နယ်လိဂ် ပရိသတ် အားပေးမှုကျဆင်းခြင်းနှင့် ပတ်သက်ပြီး မနောမြေအသင်း စီအီးအို ဦးဝင်းမြင့်သွင်ကလည်း “ပရိသတ်လျော့ကျတယ်ဆိုတာ ကစားသမားတွေ ပေါ်မူတည်ပါတယ်။ ကစားသမားတွေက ပရိသတ်ကို ဆွဲဆောင်မှုရှိအောင်ကစားနိုင်တဲ့ စွမ်းရည်မရှိဘူး။ အရင်က မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ၀င်းအောင်တို့ ကစားတဲ့ခေတ်မှာ သူတို့တစ်ဦးချင်းရဲ့စွမ်းရည်က ဘောလုံးကို ဘယ်လိုလိမ်တယ်။ ဘယ်လိုထွက်တယ်။ ၀င်းအောင်ဆိုဘယ်လိုခေါင်းတိုက်တယ်။ ဒါလေး တွေကို ပရိသတ်က ကြည့်ချင်လို့လာတာလေ။ အခုနေရှင်နယ်လိဂ်မှာ ဒါမျိုးတွေက မရှိသလောက် ရှားပါးသွားတယ်။ ပရိသတ်ကလည်း ဒါတွေမတွေ့တော့တဲ့အတွက် သိပ်စိတ်ဝင်စားမှုမရှိတော့ဘူး” ဟု ပြောခဲ့သည်။ ရန်ကုန်မြို့၌ပြုလုပ်သည့် နေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ပရိသတ်အားပေးမှု နည်းသော် လည်း မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာကွင်းများ၌ ပြုလုပ်သည့် နေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ပရိသတ်ဝင်ရောက် အားပေးမှုမှာ များပြားနေဆဲပင်ဖြစ်သည်။

Friday, January 3, 2014

Daw Suu Urges Gov't to Take Responsibilities over MyitSone Dam










ြ​မစ်ဆုံ ​စီမံ​ကိ​န်း​နဲ့​​ ပတ်သက်တဲ့ ကတိ​က​ဝ​တ်ေ​တွ​ရဲ့​ အကျိုး​ဆ​က်ေ​တွ​ကို နိုင်ငံ​နဲ့​ ပြည်သူ​က ခံ​ရ​မှာေြ​ကာ​င့် စာချုပ်
ကို​လက်မှတ် ထိုး​သူ​ေ​တြ တာ​ဝန္သိ​ဖို​႔​ လို​တယ္လို​႔ ဒီ​မို​ကေ​ရ​စီ​ ေ​ခါ​င​္းေ​ဆာ​င​္ ေ​ဒ​ၚေ​အာင္ဆ​န်း​စုြ​ကည်က ဇန်န​ဝါ
ရီ ၂ ​ရ​က်ေ​န့​​မှာြေ​ပာ​ဆို​လိုက်ပါ​တ​ယ်။


၂၀၁၄ ဟောကိန်း ...................................

 
 
 ကုန်လွန်ခဲ့ပြီဖြစ်သည့် ၂၀၁၃ တွင် တိုင်းပြည်၏ကံကြမ္မာကို နက္ခတ်ပညာရှင်များက နိုင်ငံရေး၊ စီးပွားရေး အဓိကနှစ်ပိုင်းခွဲကာ ဟောကိန်းထုတ်ခဲ့ကြသည်။ ရာခိုင်နှုန်းအားဖြင့်ပြောရန် ခက်ခဲသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဟောချက်အပါအ၀င် ဟောကိန်းအချို့က တစ်ထပ်တည်းကျခဲ့သည်ဟုဆိုရမည်။ ယခုလည်း ၂၀၁၄ အတွက် ပညာရှင်များက ဟောကိန်းထုတ်ကြပြန်သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မင်းပြောင်းမင်းလွဲဖြစ်မည့် နှစ်တစ်နှစ်ဖြစ်လာနိုင်သဖြင့် အစွမ်းထက်သောအစီအမံများဖြင့် တိုင်းပြည်၊ နိုင်ငံနှင့် အုပ်ချုပ်သူအစိုးရအဖွဲ့၏ ကံဇာတာကိုမြှင့်တင်ကာကွယ်ပေးရန်လိုကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဟောကိန်းထုတ်လိုက်သည်။ ၂၀၁၄ ခုနှစ်တွင် အစိုးရအဖွဲ့က ဖောင်းပွနေသော ၀န်ကြီး၊ ဒုဝန်ကြီးများကိုဖယ်ရှားလိုက်ပြီး အစိုးရအဖွဲ့ကို ကျစ်လျစ်အောင်ဖွဲ့စည်းရန်ရှိနေသည်။ ယင်းကဲ့သို့လျှော့ချခြင်းဖြင့် အကြီးအကဲခေါင်းဆောင် ဖယ်ရှားရမည့်ဖြစ်စဉ်ကို လျော့နည်းသက်သာစေကြောင်း ဦးဇေယျာကိုကဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ၂၀၁၄ ခုနှစ်တွင် အမှန်တကယ်ဖြစ်လာမည်ဟု နက္ခတ်ဗေဒပညာရှင်များကဆိုသည်။ “ပြင်တာမှာ န၀င်းဓာတ်ပေါ်တဲ့ နံပါတ် ၁၈ က စပြင်မှာပါ”ဟု နက္ခတ်ဗေဒပညာရှင် ဆရာစံဇာဏီဘိုကဆိုသည်။ နိုင်ငံရေးပါတီများလည်း ထပ်တိုးပြီး ဧပြီလနောက်ပိုင်းမှစ၍ ရှိရင်းစွဲပါတီများ၏ စုစည်းမှုမှာ ပိုမိုအားကောင်းလာမည်ဟု ၎င်းကဆိုသည်။ ဒီမိုကရေစီအဖွဲ့အစည်းများပါ စုစည်းပေါင်းစပ်ဆောင်ရွက်မှုများကြောင့် နိုင်ငံရေးမှာ ရှေ့သို့သွက်လက်စွာ တိုးတက်လာမည်ဟုပြောသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာလည်း အောင်မြင်မှုရမည်ဟု နက္ခတ်ဗေဒပညာရှင်နှစ်ဦးကဆိုသည်။ သို့သော် ၂၀၁၄ နှစ်စပိုင်းမှာပင် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှတွင် ငလျင်လှုပ်၍ ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နိုင်သည်။ ဘင်္ဂလားပင်လယ်မှလည်း လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းများ ကြုံတွေ့ရနိုင်သည်။ မြန်မာနိုင်ငံအတွက် အဓိကအားထားရသည့် မိုးဦးကာလ မိုးခေါင်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဆန်စပါးနှင့် ရေရှားပါးမှုများကြုံတွေ့နိုင်ကြောင်း ဦးဇေယျာကိုကပြောကြားသည်။ မန္တလေးသင်္ကြန်စာတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အပူချိန်မြင့်တက်လာပြီး မိုးဦးနောက်ကျခြင်း၊ မိုးရာသီကုန်ချိန်တွင် နောက်မိုးကောင်းပြီး အအေးပိုမိုပြင်းထန်မှုများ ကြုံတွေ့ရမည်ဖြစ်သည်။ ၂၀၁၄ နှစ်ဦးပိုင်းတွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ထပ်မံပေါ်ပေါက်လာနိုင်သဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း နက္ခတ်ဗေဒပညာရှင်များကဆိုသည်။ အလုပ်သမား၊ လယ်သမားဆန္ဒပြမှုများနှင့် ကြုံတွေ့နိုင်ပြီး ဆန္ဒပြမှုများမှာ မင်းမဲ့စရိုက်ဖြစ်လာနိုင်ကြောင်းလည်း ပြောဆိုသည်။ ဧပြီလသင်္ကြန်ပွဲ၌လည်း ခိုက်ရန်ဒေါသဖြစ်ပွားမှုများ ပေါ်ပေါက်ပြီး သွေးထွက်သံယိုမှုများရှိလာမည်။ သင်္ကြန်ရေကစားသူနှင့် လုံခြုံရေးတာဝန်ယူသူများကြား ပြဿနာများလည်း ကြီးထွားလာမည်ဟု ဦးဇေယျာကိုကပြောကြားသည်။ တိုင်းပြည်၏စီးပွားရေးမှာ ၂၀၁၄ ခုနှစ်တွင် ထူးခြားစွာကောင်းလာနိုင်စရာမရှိကြောင်း ပညာရှင်နှစ်ဦးကဆိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုက ထင်သလောက်ဝင်မလာချိန်တွင် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်လွန်ကဲစွာသုံးစွဲမှုပြဿနာမျိုးကို ရင်ဆိုင်ရမည်။ စီးပွားရေး၌ စိုးရိမ်စရာများစွာရှိနေသည်။ စီးပွားရေး၌ ဖွံ့ဖြိုးမှုအားနည်းနေသော်လည်း ၂၀၁၄ နှစ်လယ်တွင် ကုန်ဈေးနှုန်းများ သိသိသာသာတက်လာမည်ဟု မန္တလေးမဟာသင်္ကြန်စာကဆိုသည်။ တွင်းထွက်ပစ္စည်းအမျိုးမျိုး၊ ဆန်စပါး၊ ပဲမျိုးစုံနှင့် သီးနှံများမှာ ယခုနှစ်တွင် ဈေးအနည်းငယ်သာ မြင့်တက်မည်ဟုပါရှိသည်။ သို့သော် ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် အလေးထားသည့် ရွှေဈေးမှာ တဖြည်းဖြည်းမြင့်တက်လာမည်ဟု ပညာရှင်များကပြောကြားသည်။ သို့သော် ၂၀၁၄ နှစ်လယ်ပိုင်းတွင် အတက်အကျမငြိမ်ဘဲ နှစ်ကုန်ပိုင်းတွင် ပြန်မြင့်တက်နိုင်သဖြင့် ခန့်မှန်းရခက်ခဲနေကြသည်။ လာမည့်နှစ်တွင် တိုင်းပြည်၏ ထိပ်ပိုင်းခေါင်းဆောင်များ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း စံဇာဏီဘိုကပြောကြားသည်။ နိုင်ငံရေးနယ်ပယ်တွင် လုပ်ကြံသတ်ဖြတ်မှုကြောင့် နှမြောတသဖြစ်စရာ ကြွေလွင့်ခြင်းမျိုးမရှိနိုင်ပေ။ သို့သော် စာပေအနုပညာနယ်ပယ်၌ ဆုံးရှုံးမှုများရှိနိုင်သည်။ ။
 
 ရေးသားသူ- ပြည်သိမ်း 

အပျို စစ်စစ် များသာ ဖတ်ရန် ........................

ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော်
အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ။

အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ။



တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်

အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့

ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ။

ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ရင်

နောင်တွင် ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။ အဲကျမှတော့ နောင်တရပါတယ်လို့ သိသွားလည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptopကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေးကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။

အတုမယူသင့်တာတော့ အတုမယူပါနဲ့ ညီမတို့ ။

(နောက်တစ်တစ်ခု အွန်လိုင်းမှာ statusတင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်။

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေးသွားတတ်ကြပါတယ်။ )

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့ 

living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် ခင်မင်လျက်

Credit to Online Chitthu