Friday, October 25, 2013
Thursday, October 24, 2013
ဟန်းဆက်များအား အွန်လိုင်းမှ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ဆောင်ရွက်
ဟန်းဆက်များအား ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာသို့ ဝင်ရောက်ကာ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။
iPhone, Samsung, Sonyနှင့် Huawei ဖုန်းများကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝယ်ယူနိုင်ရန် OMS (Online Mobile Showroom) မှ ဆောင်ရွက်လိုက်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်မှ ကိုကျော်ရဲပိုင်ကပြောသည်။ “လောလောဆယ်မှာ ဖုန်းအမျိုးအစားလေးမျိုးကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်း တခြားအမှတ်တံဆိပ်တွေကိုပါ ဝယ်ယူနိုင်ောအင် တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်ကပြောသည်။ ရန်ကုန်မြို့တွင်း မှာယူသူများအတွက် အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုကြောင်း သိရသည်။
နယ်မှ ဝယ်ယူလိုသူများအတွက် သက်ဆိုင်ရာ ကားဂိတ်အထိသွားရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ “အိမ်ရောက်မှ ငွေချေပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့် အိမ်ကိုပစ္စည်းလာပို့တဲ့အခါ မိမိဝယ်ယူထားတဲ့ပစ္စည်းဟုတ်မဟုတ် ကြည့်ရှုနိုင်ပြီး ကြိုက်နှစ်သက်မှ ငွေပေးချေရမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်က ဆက်လက်ပြောကြားသည်။ ဟန်းဆက်များဝယ်ယူရာတွင် မိမိအသုံးပြုမည့် ငွေပမာဏနှင့် မိမိရယူလိုသော ဖုန်းအမျိုးအစားများကို အွန်လိုင်းမှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ အိမ်တိုင်ရာရောက် အခမဲ့ဝန်ဆောင်မှုပေးနိုင်ခြင်းမှာ အွန်လိုင်းစနစ်ဖြစ်သောကြောင့် ဝန်ထမ်းအများအပြား ခန့်ထားရန်မလိုအပ်ခြင်း၊ ဆိုင်ခန်းငှားရမ်းခနှင့် စည်ပင်အခွန်ပေးဆောင်ရန် မလိုအပ်ခြင်းတို့ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
www. facebook. com/onlinemobileshowroom နှင့် www.onlinemobileshowroom.omctc.com ဖုန်း- ၀၉-၄၉၆၅၈၄၄၄၊ ၀၉-၄၂၁၇၃၂၈၅၇ တွင် ဆက်သွယ်နိုင်ကြောင်းသိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ရောင်းချသောပစ္စည်းများမှာ ပင်ရင်းကုမ္ပဏီများမှ တိုက်ရိုက်မှာယူထားသည့် ပစ္စည်းများဖြစ်၍ ပုံမှန်ထက် ဈေးနှုန်းသက်သာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ လွှင့်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
Ref : http://www.myanmarinternetjournal.com
စူပါ မော်ဒယ်များနေ့ အံ့ဖွယ် နို့ဝတ်ရုံ ဓာတ်ပုံ များ ရိုက်ကူး
ဘရာဇီး ဆေးရုံ တစ်ခု တွင် ညာဘက် ခြေထောက်ကို ဖြတ်ရမယ့် အစား ဘယ်ဘက် ခြေထောက်ကို မှားယွင်းကာ ဖြတ်တောက်မိခဲ့
Samsung Galaxy Note 3 ဖုန်းများအား အခြားဖုန်းများ၏ ကေဘယ်လ်များနှင့် တွဲဆက်အသုံးပြုခြင်းအား ရှောင်ရှားသင့်
ပြည်တွင်းဈေးကွက်အတွင်းသို့
အသစ်ဝင်ရောက်ထားသော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် Samsung ၏ Galaxy Note 3
ဖုန်းများအား အသုံးပြုရာတွင် အဆိုပါ Note 3
ဖုန်းများအတွက်ထုတ်လုပ်ပေးထားသော ကေ ဘယ်လ်ကြိုးများမှလွဲ၍
အခြားသောဖုန်းများ၏ ကေဘယ်လ်များနှင့် အရေးပေါ်ချိတ်ဆက် အသုံးပြုခြင်းများအား
ရှောင်ရှားသင့်ကြောင်း သိရသည်။
Galaxy Note 3 ဖုန်းများ၏ ကေဘယ်လ်စနစ်မှာ Dual Cable စနစ်ပုံစံမျိုးဖြစ်ပြီး Charger ပေါက်နှင့် Data ပေါက်နှစ်မျိုးခွဲခြားထားသော ကေဘယ်လ်ပုံစံမျိုးရှိပြီး ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုသော External Hard disk များ၏ကေဘယ်လ်ပုံစံမျိုးနှင့် ဆင်တူသောကေဘယ်လ် အမျိုးအစားများ ဖြစ်ခြင်းကြောင့် အခြားသောအမျိုးအစား မတူညီသည့် ကေဘယ်လ်များနှင့် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ဖုန်းအားထိခိုက်နိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူများမှပြောသည်။
ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းဆားဗစ် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “Galaxy Note 3 တွေမှာအသုံးပြုထားတဲ့ ကေဘယ်လ်စနစ်ကို အခြားကေဘယ်လ်တွေနဲ့ စမ်းသပ်အသုံးမပြုသင့်ပါဘူး။ Charger ဖုန်းအားသွင်းတာပဲဖြစ်ဖြစ်၊ Data အထည့်အသွင်းလုပ်တာပဲဖြစ်ဖြစ် သူ့မှာပါဝင်တဲ့ Original Cable နဲ့ပဲအသုံးပြုသင့်ပါတယ်။ Note 3 ရဲ့ USB ပေါက်မှာ နှစ်ခြမ်းဖြစ်နေပြီး တစ်ဖက်ခြမ်းဟာ အခြားကေဘယ်လ်တွေနဲ့ ထိုးလိုက်တဲ့အခါမျိုးတွေမှာ ဝင်သွားတတ်ပါတယ်။ အသုံးပြုသူတွေကလည်း ဒါဟာအဆင်ပြေတယ်လို့ယူဆပြီး အသုံးပြုတဲ့သူတချို့က အခြား Cable တစ်ခုနဲ့ အသုံးပြုလိုက်တဲ့ ဖုန်းအချို့မှာ LCD မလာတော့တာတို့၊ အခြား Error တွေဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်လာတဲ့ဖုန်းတွေကို မေးကြည့်လိုက်ရင်ကေဘယ်လ် မတူဘဲထိုးလိုက်လို့ဆိုတဲ့ အဖြေက အသုံးပြုသူတွေဆီကနေ ထွက်လာပါတယ်” ဟုပြောသည်။
Note 3 အသုံးပြုသူများအနေဖြင့် ဖုန်းအတွက်ပါဝင်သော Original ကေဘယ်လ်ကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့ ပြင် မိမိဖုန်းကေဘယ်လ်မဟုတ်ဘဲ အခြားသောဆင်တူယိုးမှားကေဘယ်လ်များဖြင့် တပ်ဆင်အသုံးပြုခြင်းမှာ မည်သည့်ဖုန်းအမျိုးအစား များအတွက်မဆို အန္တရာယ်ရှိနိုင်ပြီး ဖုန်းများ၏ကေဘယ်လ် စနစ်များမှာ ဖုန်းအမျိုးအစားကိုလိုက်၍ အသုံးပြုစနစ်နှင့် Charger Watt များ မတူညီခြင်းကြောင့် လွဲမှားအသုံးပြုခြင်းများ မပြုလုပ်သင့်ကြောင်း ထပ်မံပြောပြခဲ့သည်။

ရေခဲပြင်များကြား နှစ်ပေါင်း ၅၃၀၀ နီးပါး မြုပ်နှံကာ ရုပ်ကြွင်း အဖြစ် ကျန်ရှိနေသော ရေခဲလူသား နှင့် အမျိုးတော်စပ်နေသူ ၁၉ ဦးကို ရှာဖွေတွေ့ရှိ .............................
" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)"
အာကာသ ထဲမှာ
လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့
အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA
ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး
မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။
ဒါပေမယ့် Inspiration
Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို
၅၀၁ ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက
ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့
Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား
မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ
ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။
ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။
ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့
အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့
အလုပ်ပါလို့ ပြောပါတယ်။
ဒီလို ဆွဲငင်အား နည်းတဲ့၊
မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic
pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။
ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက
ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့
"Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက
ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ
ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ်
ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့်
ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့
ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို
တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို
မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က
ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ
ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။
Source - Live Science, Images from Gizmodo, iowntheworld
mymclub
အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။
ဒါပေမယ့် Inspiration Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို ၅၀၁ ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့ Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။ ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။ ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့ အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့ အလုပ်ပါလို့ ပြောပါတယ်။
ဒီလို ဆွဲငင်အား နည်းတဲ့၊ မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့ "Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ် ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့် ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့ ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။
Source - Live Science, Images from Gizmodo, iowntheworld
mymclub
မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုး
တစ်နေ့သ၌ ကျွန်ုပ်သည်
တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေဝစ်ရှိ
ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ဝပ်ခုပ်ဟုမည်တွင်သော ဘုရားသို့
ထွက်လာခဲ့၏။ ဝပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။
ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။
လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့
မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော
ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။
ကျွန်ုပ်သည်
ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင်
ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ
ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက်
ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း
ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင်
ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး
ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။
လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။
ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မဝါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။
ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မဝါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မဝါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘဝတစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...
မဝါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်ရှိပြီလဲဟု မေးလိုက်လေရာ မဝါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘဝကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမဝါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။
သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ဝင်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေးများတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မဝါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။
ထို့နောက် မဝါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွဲချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ... ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။
ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်း ဒီလို မဝါရဲ့။ မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။ အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....
ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံမှဲ့ (ညာရယ်)
နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။
အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ရတနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခဏပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခဏပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ၊ ပတ္တမြား၊ စိန်၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။
နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်းတွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။
နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘဝ ကတည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝ မဝတ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး။ စိန်၊ ဥဿဖယား၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ဆောင်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။
နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။
နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။
ကျွန်ုပ်သည် အထက်ပါအတိုင်း မဝါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မဝါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏ အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မဝါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးယားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မဝါက...
မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေဝစ်ရှိ ဝပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။
.
ကျွန်ုပ်သည်
ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင်
ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ
ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက်
ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း
ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင်
ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး
ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။
လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မဝါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။
ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မဝါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မဝါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘဝတစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...
မဝါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်ရှိပြီလဲဟု မေးလိုက်လေရာ မဝါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘဝကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမဝါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။
သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ဝင်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေးများတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မဝါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။
ထို့နောက် မဝါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွဲချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ... ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။
ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်း ဒီလို မဝါရဲ့။ မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။ အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....
ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံမှဲ့ (ညာရယ်)
နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။
အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ရတနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခဏပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခဏပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ၊ ပတ္တမြား၊ စိန်၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။
နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်းတွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။
နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘဝ ကတည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝ မဝတ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး။ စိန်၊ ဥဿဖယား၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ဆောင်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။
နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။
နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။
ကျွန်ုပ်သည် အထက်ပါအတိုင်း မဝါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မဝါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏ အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မဝါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးယားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မဝါက...
မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေဝစ်ရှိ ဝပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။
- ဆရာဟိန်းတင့်ဇော်ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။
.
Wednesday, October 23, 2013
"ဇာတ်ပေါင်းခန်းလေး ကျန်သေးတယ်"................
Thanlay Ko added a photo from October 21, 2013 to his timeline.
ဇနီးဖြစ်သူ
ဂျေလို (J Lo) တယောက်၊ ဈေးကြီးပေးရတဲ့ အလှကုန်ပစ္စည်းတွေ ဝယ်လာလို့
ကျနော့်မှာ စိတ်အတော်ပျက်ရတယ်။ ဈေးကြီးပေးပြီး ဝယ်တာလည်း မပြောနဲ့၊
အဲဒီအလှကုန်ရဲ့ ကြော်ငြာစာသားကလည်း ဆွဲဆောင်မှုရှိတာကိုး ဘာတဲ့... ..."မိန်းကလေး... သင့် အသက်ကို ၅ နှစ်လောက်ငယ်စေချင်သလား၊ ကျွန်ုပ်တို့ရဲ့ အလှကုန်များကို သုံးပါ"... တဲ့လေ။
တရက်...
အပြင်သွားကြဖို့ရှိလာတော့ သူအလှပြင်တာကို စောင့်လိုက်ရတာဗျာ မပြီးနိုင်မစီးနိုင်ပဲ
အဲဒီ ဈေးကြီးတဲ့ အလှကုန်တွေနဲ့ ပြင်ဆင်နေတာလေ
စိတ်ပျက်လက်ပျက်နဲ့ ထိုင်စောင့်နေတုန်း ခဏနေတော့ သူထွက်လာပြီး မေးတယ်... ...
"ဟေး... ဂျေကို၊ ကျမ ခုလိုပြင်လိုက်ဆင်လိုက်တော့ ကျမအသက်ကို ဘယ်လောက်လို ထင်သွားရလဲ၊ အမှန်အတိုင်းပြောနော်"
သူ့ကို ခြေဆုံးခေါင်းဆုံး သေချာကြည့်ပြီး ကျနော်က ပြန်ပြောလိုက်တယ်... ...
"အင်း... အသားအရေကို ကြည့်ရင် ၂ဝ၊ မျက်နှာနဲ့ ဆံပင်လေးကို ကြည့်ရင် ၁၈၊ ကိုယ်လုံးလေးကို ကြည့်ရင် ၂၅ ပေါ့"
သူ သဘောကျသွားရှာတယ်... ...
"အဟင်း ဟင်း... ဂျေ့ကိုကိုကတော့လေ၊ အရမ်း မြှောက်ပြောတတ်တာပဲ အဟင့်"
ဒီတော့မှ ကျနော့်လည်း ကမန်းကတန်းဆက်ပြောရတယ်... ...
"ခဏလေး...၊ အကုန်လုံး မပေါင်းရသေးဘူး"
"တေနာဂျကြီး"
J Lo ရဲ့ကိုကို-သန်ဂျေ့ကို
(နာမည်ကလည်း
ဆိုးထှာ၊ 'သန်ဂျေ့ကို' လို့ပဲ၊ မြန်မြန်ခေါ်ကြည့်ရင် သံချေးတက်နေတဲ့
ကောင်လိုလို ဘာလိုလို၊ ဟယ်... တတ်နိုင်ဘူး၊ ဒီတနေ့တော့ 'သန်ဂျေ့ကို' လို့ပဲ
ခေါ်ကြ)
Tuesday, October 22, 2013
facebook account များ လတ်တလော ယာယီအပိတ်ခံ၇မည် (ရှယ်ပေးကြပါရန်).....................
facebook
account များ လတ်တလော ယာယီအပိတ်ခံ၇မည်သတင်း။ လောလောဆယ်ယခုအချိန်မှာ
ကျွန်တော်စိုင်းသူ အကောင့် သည် ယာယီအပိတ်ခံလိုက်ရပါသည်ခင်ဗျာ။
ဖေ့ဘုတ်က
တစ်ယောက်ချင်းစီရဲ့ အကောင့်တွေကို နာရီအနည်းငယ်မျှ
ယာယီပိတ်ပါမယ် ။( 24 ) နာရီအတွင်းသာလျှင်ဖြစ်ပါသည်။ မိမိတို့ ရဲ့ 
database ကို Upgrade
ပြုလုပ်ဖို့အတွက်ဖြစ်ပါသည်။ ၄င်းတို့ Upgrade့ ပြုလုပ်ပြီးသည်နှင်
့မိမိတို့ 
အကောင့်ပြန်ဝင်လို့ရပါ့မယ် ။ မိမိတို့ ရဲ့ personal အချက်အလက်တွေ
တစ်စုံတစ်ရာ မပျက်ပါဘူးလို facebook က
အာမခံထားပါတယ် ။and occur error message ဆိုပြီး မိမိတို့ အသုံးပြု
နေချိန်တွင် သတိပေးလာသည်နှင့် မိမိတို့ သုံးစွဲ နေသောအကောင့် မှာ ကွန့် မန်
့ like လုပ်မရ ဖြစ်လာပါမည်။ထိုအချိန်တွင် locg out
ပေးလိုက်ရမည်ဖြစ်ပါသည်။ မိမိအကောင့် ကို
ပိတ်ခံနေရတဲ့အချိန်မှအတောအတွင်းမှာ မိမိသူငယ်ချင်းတွေကတော့  မိမိရဲ့ 
timeline ထဲကို ဝင်ရောက်လည်ပါတ် လို့ ရနိုင်ပါတယ်။။
နာရီအနည်းငယ်မှာ မိမိရဲ့  မူလ password နဲ့ ပြန်ဝင်လို့ရမယ်လို့သိရပါတယ် ။
၂၄
နာရီကျော်တဲ့အထိ အကောင့်ဖွင့်မရရင်တော့
မှာrepot လုပ်နိုင်ပါတယ်။
ဒီိလို message လေးပေါ်လာရင် log out လုပ်လိုက်ပါ။
ထိတ်လန့် မှူ့ ဘေးမှကင်းဝေးကြပါစေ အသစ်တင်တိုင်း
facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
Height အရပ်ရှည်နည်း ..................
MyanmarDaily.net shared Dr. Tint Swe's photo.

(၁) လေးစားအပ်ပါသောဆရာခင်ဗျား။ ကျွန်တော့်သူငယ်ချင်းအတွက်မေးတာ
(၃) ကျနော်က အရပ် နဲနဲရှည်တယ်။ ကျနော့်ချစ်သူက အရပ်ပုတယ်ခင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေ ဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ခြေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ ရပါသလား။ (၄) ဘားဆွဲရင် လက်ပဲရှည်လာမယ်၊ အရပ်မရှည်လာနိုင်ဘူးတဲ့။ အဲဒါမှန်ပါသလားခင်ဗျာ။ “လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။ လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။ လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။ လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။ • မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။ • ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။ • ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။ • ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။ ဒိနောက်ပိုင်းမှာ နဲနဲ ရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ Inter-vertebral discs ခေါ်တဲ့ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက Growth Hormone ကြီးထွားစေတဲ့ဟော်မုန်းကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။ Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး (၁) Hanging တွဲလဲခိုနည်း၊ (၂) Yoga stretch ယောဂ ဆန့်တန်းနည်း၊ (၃) Swim ရေကူးနည်း နဲ့ (၄) Pelvic Shift တင်ပါးလှည့်ပေးနည်း။ (၁) Yoga stretch ယောဂ ဆန့်တန်းနည်း၊ (က) Standing Forward Bend မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီတန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကိုကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။ (ခ) Downward Facing Dog ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ Adho Mukha Svanasana သက္ကတဘာသာ(သင်္သကရိုက်ဘာသာ) နဲ့လဲနာမည်ရှိတယ်။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။ (ဂ) Head to Knee ဒူး-ခေါင်း နည်း။ Janu Shirshasana position လို့ခေါ်တယ်။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်း လုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်
Dr. တင့်ဆွေ
၎-၃-၂ဝ၁၂
ဒေါက်ဖိနပ်လေးတွေနဲ့ Smart ကျအောင် လမ်းလျှောက်နည်း ...................
(၁) ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်ပါစေ။
မေတို့အနေနဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဒေါက်ဖိနပ်မျိုးကို သေသေချာချာ ရွေးချယ်ရပါတယ်။ ဖိနပ်ဆိုင်မှာ ကိုယ့်ရဲ့ဆိုဒ်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်က အရောင်းကုန်သွားလို့သူ့ထက် တစ်ဆိုဒ်ကြီးတာမျိုးကို မ၀ယ်မိပါစေနဲ့။ ကိုယ့်ရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲဆိုတာကို သေသေချာချာ မသိဘူးဆိုရင် ဖိနပ်ဆိုင်ကိုသွားပြီး ကိုယ့်ခြေထောက်ရဲ့ဆိုဒ်ကို တိုင်းပါ။ အဲဒီဆိုင်တွေက ကိုယ့်ခြေထောက်ရဲ့ဆိုဒ်နဲ့ ခြေထောက် ပုံသဏ္ဌာန်အမျိုးအစားကိုပါ ပြောပြပေးနိုင်ပါတယ်။ ဥပမာ-ခြေထောက်ကျယ်ကျယ်(သို့) ခြေဖမိုးမောက်မောက်ပြည့်ပြည့် အစရှိသဖြင့် ပြောပြပေးနိုင်ပါတယ်။
(၂) စတိုင်(လ်)ကို စစ်ဆေးပါ။
ခြေထောက်တိုင်းဟာ ဖိနပ်စတိုင်(လ်)အမျိုးအစားအားလုံးကိုစီးလို့ လိုက်ဖက်မှု မရှိပါဘူး။ ဒါ့ကြောင့် ကိုယ့်ခြေထောက်နဲ့လိုက်ဖက်တဲ့ ဖိနပ် Style မျိုးကို ရွေးချယ်ရပါမယ်။ ကိုယ်ရွေးလိုက်တဲ့ ဖိနပ်ကလည်း ကိုယ့်အတွက် အမှန်တကယ် သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။ အောက်ခြေမညီ၊ သက်သောင့်သက်သာမရှိတဲ့ ဖိနပ်တွေဟာ လမ်းလျှောက်ဖို့အတွက် ဘယ်လိုမှ အဆင်ပြေစေနိုင်မှာ မဟုတ်ပါဘူး။ Style ကျစေနိုင်ဖို့အတွက် ကိုယ့်ခြေထောက်နဲ့ ဖိနပ်က တစ်သားတည်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ခြေဆစ်ပိုင်း၊ ခြေမျက်စိပိုင်း၊ နားတွေမှာ လိမ်သွားတာမျိုး၊ စောင်း/ယိုင်သွားတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်လို Style မျိုးကို ရွေးချယ်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ ကြိုးသိုင်း ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကို အရင်ဆုံး စစ်ဆေးပြီး ရွေးချယ်ကြည့်ပါလို့ အကြံပြုပါရစေနော်။
(၃) ဆိုးပြားကို စစ်ဆေးပါ။
ဆိုးပြားတွေက ဖိနပ်တစ်ရန်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါ့ကြောင့် အချိန်ပေးပြီး စစ်ဆေးပါ။ ဖိနပ်က ဆိုးပြားဟာ လုံးဝပြားချပ်နေရပါမယ်။ ကြမ်းပြင်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိရပါမယ်။ အောက်ခြေလှေပုံသဏ္ဌာန်ရှိတဲ့ ဖိနပ်တွေမှာ ဆိုးပြားအကုန်လုံးက ကြမ်းပြင်နဲ့ ထိတွေ့မှုမရှိတဲ့အတွက် လမ်းလျှောက်ရတာ လွယ်ကူသက်သာမှာ မဟုတ်ပါဘူး။
(၄) တည့်တည့်မှန်မှန် လမ်းလျှောက်ပါ။
ဒေါက်ဖိနပ်တွေက ပျိုပျိုတို့ရဲ့ ဟန်ပန်အသွင်ကို ပိုမိုအချိုးကျလှပစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တတ်ဖို့တော့ လိုအပ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ပျိုပျိုတို့ရဲ့ ဦးခေါင်းကို မတ်မတ်ထားပြီး ပခုံးကိုလည်း မကိုင်းပါစေနဲ့။ ဒေါက်ဖိနပ် စီးပြီးတော့ အခုလို နည်းစနစ်၊ အနေအထား မှန်မှန်နဲ့ လမ်းလျှောက်နိုင်မယ်ဆိုရင် ပိုမိုသက်သောင့်သက်သာရှိပြီး ပိုငြိမ်မှာဖြစ်ပါတယ်။
(၅) ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ပါ။
ကြွက်သားတွေနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းကို မလုပ်တော့ဘူးဆိုရင် ထင်သလောက် မသန်မာဘူးဆိုတာကို သတိထားမိကြပါသလား။ Gym တစ်ခုခုမှာ လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါမှာ ကျွန်မတို့ ကြွက်သားတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။ ကြွက်သားတွေ သန်မာရင် လမ်းလျှောက်ရတာ ပိုပြီးလွယ်ကူ အဆင်ပြေစေပါတယ်။ ပျိုပျိုတို့အနေနဲ့လည်း ကိုယ့်ရဲ့ကြွက်သားသန်မာမှုက ကိုယ့်ရဲ့လမ်းလျှောက်နိုင်မှုအပေါ် ဘယ်လောက်အထိ ထိန်း ချုပ်ပေးနိုင်တယ်၊ ခါး၊ ပခုံးတွေမကိုင်းဘဲ ပုံသဏ္ဌာန်မှန်မှန်နဲ့ စမတ်ကျကျ လမ်းလျှောက်နိုင်စေတယ်ဆိုတာကို လက်တွေ့သိလာပါလိမ့်မယ်။
(၆) ရှေ့ကိုကြည့်ပါ။
လမ်းလျှောက်တဲ့အခါမှာ ရှေ့ကိုကြည့်ပြီး လျှောက်ရပါမယ်။ အကယ်၍ ပျိုပျိုဟာ အောက်ကိုပဲငုံ့ကြည့်ပြီး လျှောက်နေမယ်ဆိုရင် စီးထားတဲ့ ဒေါက်ဖိနပ်က ခြေထောက်တွေကို နာကျင်နေစေပါလိမ့်မယ်။ သက်သောင့်သက်သာလည်း ရှိမှာ မဟုတ်ပါဘူး။ လမ်းလျှောက်တဲ့အခါ ကိုယ့်အရှေ့ရဲ့ 1/3 ကိုကြည့်ပြီး လျှောက်ရပါမယ်။ ဒါကိုအချိန်ပေးပြီး လေ့ကျင့်ဖို့တော့ လိုပါတယ်။ လေ့ကျင့်တတ်မြောက်သွားပြီဆိုရင်တော့ ပျိုပျိုအနေနဲ့ လမ်းလျှောက်တဲ့အခါမှာ ဘယ်လောက်အထိ ပိုမိုလွယ်ကူလာသလဲဆိုတာကို လက်တွေ့ မြင်လာနိုင်မှာ ဖြစ်ပါတယ်။
(၇) လေ့ကျင့်ပါ။
အကောင်းဆုံးနည်းလမ်းကတော့ ဒေါက်ဖိနပ်စီးပြီး လမ်းများများလျှောက်ကြည့်ဖို့ပါပဲ။ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်တွေကို စီးကြည့်ပြီး အိမ်ထဲမှာ လမ်းလျှောက်ကြည့်ပါ။ အစပိုင်းတော့ အချိန်အနည်းငယ်သာပေးပြီး လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။ ကျင့်သားမရသေးတော့ ပျိုပျိုရဲ့ခြေထောက်လေးတွေက အကြာကြီးစီးနိုင်မှာ မဟုတ်သေးလို့ပါ။ ကိုယ်စီးချင်တဲ့ အချိန်အတိုင်းအတာ ဘယ်လောက်ကြာကြာအထိပဲဖြစ်ဖြစ် စီးနိုင်အောင် လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒေါက်ဖိနပ်လေးနဲ့ စတိုင်ကျကျ လန်းချင်သူလေးတွေအတွက် အခုလက်ဆောင်ပေးလိုက်တဲ့ နည်းကောင်းလမ်းကောင်းလေးတွေအတိုင်း ကျင့်သုံးကြဖို့ မမေ့ပါနဲ့နော်။
စွဲယုနှင်း(အင်တာနက်)
M Plaza Shopping Magazine & Journal
ဓာတ်ပုံတွေထဲမှာ သေးသေးသွယ်သွယ် ချစ်စဖွယ်ဖြစ်လိုပါသလား ..............
(၁) ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပါ။
အခြေခံအားဖြင့်တော့ ကိုယ့်ရဲ့လှုပ်ရှားမှုကြောင့် မေးနှစ်ထပ်ဖြစ်သွားနိုင်ပါတယ်။ မေးရိုးတစ်လျှောက်ကို ညီညာပြေပြစ်အောင် ခြယ်သခြင်းက ဘယ်သူ့ကိုမဆို ပိုပြီးသွယ်လျစေပါ တယ်။ လုပ်ဆောင်ရမှာကတော့ ပခုံးကို တန်းတန်းမတ်မတ်ထားပြီး ရင်ကို လိုအပ်သလို ကော့ညွတ်ရပါမယ်။ ခေါင်းကို မတ်မတ်ထားဖို့ ကျင့်ရပါမယ်။ မေးကိုအပြင်ထုတ်ပြီး အောက်ကို စိုက်ထားဖို့ ကျင့်ရပါမယ်။ ဒါတွေအားလုံးကို ဖြည်းဖြည်းချင်းရွှေ့ပြီး၊ လှုပ်ရှားပြီးကျင့်ပါ။ မှန် ရှေ့မှာကြည့်ပြီး တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း လေ့ကျင့်မယ်ဆိုရင် ပိုပြီးလွယ်ကူပါတယ်။
(၂) လျှာကိုအသုံးပြုပါ။
မေးနှစ်ထပ်ဖြစ်တာကို ဖုံးကွယ်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဓာတ်ပုံ ရိုက်လို့ ပြုံးပြတဲ့အခါမှာ လျှာကိုအာခေါင်မှာထားပြီး ပြုံးရပါမယ်။
(၃) နေရာအမြင့်မှာ နေခိုင်းပါ။
ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံရိုက်ပေးတဲ့ သူကို ကိုယ့်ထက်မြင့်တဲ့နေရာမှာ နေခိုင်းပြီး ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုခြင်းကလည်း မေးနှစ်ထပ်ဖြစ်တဲ့ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ပြီးတော့ အဲဒီအနေအထားအတိုင်း ရိုက်မယ်ဆိုရင် ပျိုပျိုတို့ရဲ့ မျက်လုံးအောက်က မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းကျပြီး ညိုတာတွေကိုပါ လျော့ပါးစေနိုင်ပြီး ပျိုပျိုတို့ရဲ့ ခြေထောက်လေးတွေကိုပါ သွယ်လျသွားစေနိုင်မှာ ဖြစ်ပါတယ်။
(၄) အကွာအဝေးကို သတိထားပါ။
ဓာတ်ပုံရိုက်တဲ့အခါ ပျိုပျိုတို့ သေသေချာချာ သတိမူရမဲ့အချက်ကတော့ အကွာအဝေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကင်မရာနဲ့ ပိုနီးလေလေ ပုံကအကြီးကြီးပေါ်လာလေဖြစ်လို့ပါ။
(၅) စိတ်ကိုတင်းမထားဘဲ သဘာဝကျကျနေပါ။
ပျိုပျိုတို့အနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ပုံထွက်ကောင်းပါ့မလားဆိုတဲ့အချက်ကို စိတ်ပူပန်မနေဘဲ သဘာဝကျကျလေးပြုံးနေလိုက်ပါ။ အဲဒီလိုမျိုး စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် ဓာတ်ပုံထဲမှာ ပိုလှပြီး၊ ပိုသဘာဝကျမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ခံရတာ၊ မော်ဒယ်ထိုင်ရတာဟာ ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး နဲ့ ပျော်ပျော်ရွှင်ရွှင်သာလုပ်ပါ။ အဆင်ပြေပါလိမ့်မယ်။
ဝင်းရံထက်(အင်တာနက်)
M Plaza Shopping Magazine & Journal
Website (သို့) Blog တွေ ဒေါ်လာငွေနဲ့ ဘယ်လောက်တန်လဲ တွက်ကြည့်မယ်... ..............

ဒီလိုတွက်ချက်တာကို Blog နဲ့ website ပိုင်ရှင်တွေ စိတ်ဝင်စားကြမှာပါ...
မိမိတို့ရဲ့ Blog ဒါမှမဟုတ် website တွေ ဒေါ်လာငွေ ဘယ်လောက်တန်တယ်ဆိုတာ ဒီ http://domainvalue.congland.com/
ဆိုတဲ့ နေရာမှာ တွက်ချက်နိုင်ပါတယ်...ေ
http://domainvalue.congland.com/ ကို ၀င်ပြီးရင် Box ထဲမှာ မိမိ Blog/website လိပ်စာကို ရိုက်ထည့်ပြီး Submit လုပ်... ၁၀ စက္ကန့်လောက်နေရင် ဈေးနှုန်းပေါ်လာလိမ့်မယ်... အခြားပေါ်ပြူလာဖြစ်နေတဲ့ blog/website တွေကိုလည်း ဒီအတိုင်းလေ့လာကြည့်နိုင်ပါတယ်... ဗဟုသုတပေါ့ဗျာ....
ref: >> htwe naing
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org