This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 8, 2013

Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း


အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ
ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက မိန်းကလေးတစ်ယောက်ဖြစ်တယ်
သူ့ စာမျက်နှာသွားပီးကြည့်လိုက် သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ
ကိုယ့်သဘောနဲ့  ကိုယ်ဆိုပေမယ့်လည်း သူများမြင်တော့ မကောင်းဘူးထင်ပါတယ်
Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့ Page ကိုပဲ လုပ်တာ
ဒါနဲ့ ကျနော်လည်း သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက ဘယ်လိုဟာတွေ
Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့ အခုတော့ စပ်စုမရအောင်
ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး
ကျနော် ဘယ်လိုဟာတွေ Like လုပ်ထားလဲ သူများကြည့်မရတော့ဘူး ဖွက်ထားပီ
တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ သူငယ်ချင်းတွေထဲမှာလဲ
အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင် ဖွက်ထားလိုက်ကြပေါ့
ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်
မသိစေချင်ရင်လည်း ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး
တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ Sexy Page တွေ အများကြီး Like တယ်ဗျ
ပြောတော့ မပြောပါဘူး ။ ဘယ်သူတွေ ဘာ Like လည်း ပတ်မွှေကြည့်လိုက်တာ
ကဲ ..အမွှေမခံချင် ၊ သူများမသိစေချင်ရင် ဖျောက်ထားလိုက်တော့ အေးဆေးပါပဲ
1 - like ထားတဲ့ဟာတွေရဲ့ ညာဘက်အပေါ်နားမောက်စ် တင်ပီးနှိပ်လိုက်

2 - Edit Privacy ထဲဝင်ပီး အကုန်လုံး Only me ပြောင်းပေးလိုက်ရင်ရပြီ

မူရင်း မောင်စွယ်စုံကျမ်း
တကယ်မိုက်တယ်ဗျ  မသိသေးသူတွေအတွက် ...ကိုယ်  တွေသမျှကိုလိုက်လုပ်ပြီ နေရင်...
ခိခိကောင်မလေးတွေ သယ်ချင်းတွေ မသိစေချင်ဘူး ဒီတိုင်းလေးလုပ်လိုက် ..ပါ
အဆင်ပြေပါစေ။
နွေည

Fwd: ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ကြို့ ပင်ကောက်မြို့  ဆက်သွယ်ရေးရုံး အများပိုင် ရံပုံငွေ ပျောက်ဆုံးနေပါသဖြင့်  သက်ဆိုင်ရာမှ ဖြေရှင်းပေးပါရန်

Inbox
x

aye aye <ayeaye720@gmail.com>
Oct 5 (3 days ago)

to thithtoolwin9, me, demowaiyen
---------- Forwarded message ----------
From: aye aye <ayeaye720@gmail.com>
Date: Sat, 5 Oct 2013 01:05:19 -1200
Subject: ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ကြို့ ပင်ကောက်မြို့ 
ဆက်သွယ်ရေးရုံး အများပိုင် ရံပုံငွေ ပျောက်ဆုံးနေပါသဖြင့်  သက်ဆိုင်ရာမှ
ဖြေရှင်းပေးပါရန်
To: burmese <burmese@rfa.org>, burweb <burweb@rfa.org>
Cc: burmese <burmese@voanews.com>

 ၂၀၀၆ခုနှစ်ခန့်က ကြို့ ပင်ကောက်မြို့တွင်
ဆက်သွယ်ရေးရုံး(အော်တိုတယ်လီဖုန်း)အတွက်
အသုံးပြုရန်ဖုန်းပိုင်ရှင်များထံမှ ရံပုံငွေကို ကောက်ခံခဲ့ ပြီး
ရရှိလာသည့် သိန်း၆၀ ခန့် ကို တယ်လီဖုန်းကော်မတီအဖွဲံဖွဲံ့ ၍
ထိန်းသိမ်းထားခဲံ့ပါသည်။
  သို့ သော် ယခုအခါ  ထိုငွေများကို ဖုန်းရုံးအတွက်
ဘာမှသုံးစွဲခြင်းမရှိဘဲ  ရံပုံငွေများ ပျောက်ဆုံးနေကြောင်း
ကြးသိနေရပါသည်။
  ထိုံကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ  အမြန် ဆုံး
စစ်ဆေးဆောင်ရွက်ပေးပါရန် မြို့နေပြည်သူတစ်ဦးမှ
ရင်ဖွင့်တင်ပြလိုက်ပါသည်ခင်ဗျား
                         မြို့  ခံတစ်ဦး


Oct 5 (3 days ago)

to ayeaye720
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

Code ထည့်စရာမလိုတဲ့ Viber v3.0.1.3 နောက်ဆုံးထွက် Version.................

Viber ချစ်သူများအတွက် Code မလိုတဲ့ Viber နောက်ဆုံးထွက် Version ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရနေပါပြီဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download here

ကွန်တိန်နာကားတစ်စီးကို လက်ဖြင့်ကပ်ကာ လေပေါ်ပျံပြီး ဆူးလေဘုရားနှင့် ကမ်းနားလမ်းကိုပတ်ပြခဲ့ရာ လူအများ အံ့ဩတကြီး ကြည့်ရှုခဲ့

မြန်မာပြည်ကမျက်လှည့်(ကမ္ဘာကျော် ဒိုင်နမိုတောမဟုတ်ပါ) ကွန်တိန်နာကားတစ်စီးကို လက်ဖြင့်ကပ်ကာ လေပေါ်ပျံပြီး ဆူးလေဘုရားနှင့် ကမ်းနားလမ်းကိုပတ်ပြ

မြန်မာနိုင်ငံရဲ့ မျက်လှည့်ကို ဟာသနှင့်တွဲစပ်၍ ဖျော်ဖြေရင်း နာမည်ကျော် ကြားလာသည့် မျက်လှည့်ဆရာ မစ္စတာတော့ပ်ဟာ အောက်တိုဘာ (၅) ရက် နံနက် ၆ နာရီမှစ၍ (၁) နာရီခွဲခန့် ကွန်တိန်နာကားတစ်စီးကို လက်ဖြင့်ကပ်ကာ လေပေါ်ပျံပြီး ဆူးလေဘုရားနှင့် ကမ်းနားလမ်းကိုပတ်ပြခဲ့ရာ လူအများ အံ့ဩတကြီး ကြည့်ရှုခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)







ဟုတ်လား  မဟုတ်လားတောကျနော်  ...မသိဘူး    သိုပေ့မယ်မြန်မာပြည်မှာ ဒီလို...ရှိတယ်ဆိုတော...၀မ်းသာမိပါတယ်
အဆင်ပြေပါစေ
နွေည

စံပြဈေးပါတ်ပါတ်လည်မှစည်းကမ်းမရှိသူများ

Inbox
x

zue zue <zuezueluelue@gmail.com>
1:08 PM (15 hours ago)

to me
သင်္ဃန်းကျွန်းစံပြဈေးပါတ်ပါတ်လည်တွင်ဈေးသည်များသည်စည်းကမ်းမဲ့စွာလမ်းမပေါ်ဈေးရောင်းနေသောကြောင့်ကားများ လူများသွားလာရာတွင်အလွန်ခက်ခဲလှသည် ထို့ပြင်ဈေးသည်များဘေးတွင်ဆိုက်ကားများ ပါထပ်ရပ်ထား၍လမ်းသွားသူများမှာလမ်းမပေါ်တက်ပြီးသွားရသဖြင့်ယဉ်တိုက်မှုများမကြာခဏဖြစ်ပွါးနေပါသည် အဆိုးဆုံးမှာသံသုမာလမ်းဘက်ခြမ်းဖြစ်ပါသည် အချိန်နှင့်ရောင်းချခွင့်ပြုသည်ကိုစည်းကမ်းရှိစွာရောင်းစေချင်ပါသည် ကိုယ်ကြောင့်အများပြည်သူကိုစိတ်အနှောင့်အယှက်မဖြစ်အောင်ဂရုစိုက်စေချင်ပါသည် သက်ဆိုင်ရာဌါနမှသူများမှလည်းမျက်စိမှိတ်မနေဘဲ ပိုက်ဆံရရင်ပြီးရောဆိုတဲ့စိတ်ဓါတ်တွေမထားပဲနိုင်ငံတော်ကြီးစည်းကမ်းရှိစွာတိုးတက်ရေးအတွက်လုပ်ဆောင်ကြပါလို့မေတ္တာရပ်ခံတင်ပြအပ်ပါသည် ။   စံပြသားလေ့း့    
ko pae Lay <kopaelay@gmail.com>
1:08 PM (15 hours ago)

to zuezueluelue
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

၃ လကျော်အကြာ ပုလင်းထဲ အရက်စိမ်ထားတဲ့ မြွေက လူကို ကိုက်

Sunday, October 6, 2013
ဆေးဖက်ဝင်တယ်ဆိုပြီး ပုလင်းတခုထဲမှာ အဖုံးပိတ်ပြီး အရက်နဲ့ နှပ်ထားတဲ့ မြွေက ၃ လကျော်ကြာ
ပြီးနောက် အသက်ပြန် ၀င်လာပြီး အမျိုးသမီး တဦးကို ကိုက်လိုက်ပါတယ်။ 

 ဓာတ်ပုံ- The Mirror

တရုတ်ပြည်မှာ မြွေကို အရက်စိမ်ပြီး ဆေးဖက်ဝင်အဖြစ် အသုံးပြုကြလေ့ရှိပါတယ်။ ၃ လကျော်ကြာ ပုလင်းထဲ အလုံပိတ် ပြီး အရက်နဲ့ နှပ် ထားတဲ့ မြွေ  ( Pickled Snake ) က နိုးထလာပြီး ကိုက်လိုက်တဲ့ အဖြစ် ကတော့ တကယ့်ကို မယုံနိုင်ဖွယ်အံ့သြစရာ အဖြစ်ပါ။ 

ဒါဟာ တကယ့်ကိုပဲ တရုတ်ပြည် မြောက်ပိုင်း ဟာဘင် မြို့မှာ ဖြစ်တယ်လို့ ဂျပန် Yahoo သတင်းကို ကိုးကားပြီး The Mirror က ဖော်ပြထားပါတယ်။

အဆိုပါ မြွေကိုက်ခံလိုက်ရတဲ့ အမျိုးသမီးက ပုလင်းထဲမှာ အရက်ထပ်ဖြည့်ဖို့ လုပ်တဲ့အချိန် မှာ မြွေက 
ခေါင်း ထောင်လာတာ ကြောင့် သူက လက်ချောင်းနဲ့ မြွေကို ပုလင်းထဲ ပြန်ထည့်ဖို့ အလုပ်မှာ မြွေက သူ့လက်ကို ကိုက်လိုက်တာပါ။ 

ဒါနဲ့ မိသားစုဝင်တွေက ချက်ခြင်းပဲ မြွေကိုက်ခံရသူ အမျိုးသမီးကို ဆေးရုံကို ပို့လိုက်ကြတယ်။ ကံကောင်း စွာနဲ့ အဆိုပါ အမျိုးသမီးဟာ အသက်ရှင်ခဲ့ပါတယ်။ 


အိမ့်သံစဉ် ~

ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနဲ့ လုံးဝ မပတ်သက်ကြောင်း မိုးစက်ဝိုင် ရှင်းပြီ.................

အနုပညာ


Hits:6,447
မိုးစက်ဝိုင်, နေရွှေသွေးအောင်, မယ်စကြဝဠာ
နေရွှေသွေးအောင်နဲ့ လုံးဝ မပတ်သက်ဘူးဆိုတဲ့ မိုးစက်ဝိုင်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။
“ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် မယ်စကြဝဠာပြိုင်ပွဲကို နေရွှေသွေးအောင် သွားကြည့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို သူသွားပြီး ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ လာပြီး အားပေးမယ် ဆိုရင် အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ဒါပေမယ့် နေရွှေသွေးအောင်က ရုရှားအထိလာပြီး အားပေးမယ် ဆိုတာကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူးလို့ ဆက်ပြောပါတယ်။
မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ကျောင်းကုန်း အဓိကရုဏ်း သံသယရှိသူ ၅ ဦးကို ဖမ်းဆီးစစ်ဆေး ............


Monday, October 7, 2013

ဧရာဝတီ


ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်တွင် အရွယ်မရောက် သေးသည့် မိန်းကလေးငယ် တဦးကို မုဒိမ်းကျင့် သည်ဆိုသော အမှုဖွင့် တိုင်ကြားချက်နှင့် ပတ်သက်ပြီး မွတ်စလင်နေအိမ် တချို့ ဖျက်ဆီးခံရသည့် အဓိကရုဏ်း တရပ် ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက သံသယရှိသူ ၅ ဦးကို ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဗောဓိကုန်း ရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အိမ်နီးချင်း ဦးလှဝင်းဆိုသူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း၊ တိုင်တန်းချက် အရ ရဲစခန်းက ဦးလှဝင်းကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ရန်ပြင်ဆင်နေချိန်တွင် မွတ်စလင်တဦးက ဗုဒ္ဓဘာသာ မိန်းကလေးတဦးကို အဓမ္မပြုကျင့်သည်ဟု သတင်းများပျံ့နှံ့သွားကာ လူစုလူဝေးများဖြစ်လာပြီး မွတ်စလင် နေအိမ်တချို့ကို ဖျက်ဆီးသော အဓိကရုဏ်း ဖြစ်ပွားခဲ့ကြောင်း၊ လူစုလူဝေးဖြင့် ဖျက်ဆီးမှုကြောင့် မွတ်စလင်နေအိမ် ၂ လုံး၊ နွားတင်းကုပ် ၂ ခုနှင့် အစ္စလမ် သင်္ချိုင်းမှ အစောင့်တဲ ၁ လုံး ဖျက်ဆီးခံလိုက်ရကြောင်း၊ အဓိကရုဏ်းနှင့် ဆက်စပ်ပြီး သံသယရှိသူ ၅ ဦးကို သက်ဆိုင်ရာက လက်နက်ငယ်ကိုင်ဆောင်မှု ပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သး“ပုဒ်မ ၁၉ (င)နဲ့ လူ ၅ ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ အစေိတ်တော့ ပြောလို့မရပါဘူး´´ဟု ကျောင်းကုန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လူစုလူဝေးဖြင့် အကြမ်းဖက် ဖျက်ဆီးမှုများဖြစ်ပေါ်လာသဖြင့် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ ဦးလှဝင်းကို တိုင်းရဲတပ်ဖွဲ့ ၏ အစီအမံ ဖြင့် တခြားမြို့တခုသို့ ညတွင်းချင်းပို့ဆောင်ခဲ့ပြီး တိုင်ကြားသူ ကာယကံရှင်အမျိုးသမီးငယ်နှင့်မိခင်ဖြစ်သူ ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း၊ အဓိကရုဏ်းဖြစ်စဉ်ကြောင့် လူသေကျေ ထိခိုက် ဒဏ်ရာ ရမှု မရှိကြောင်း၊ ကျောင်းကုန်း မြို့ပေါ်ရှိ မွတ်စလင် တချို့မှာ နေအိမ်များကိုပိတ်၍ တခြားမြို့ရွာများသို့ တိမ်းရှောင်မှုများ ရှိနေကြောင်း သိရှိရသည်။

မြန်မာမွတ်စလင် လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမောင်က မုဒိမ်းမှုကျူးလွန်သည်ဟု သံသယရှိပြီး စစ်ဆေးခံနေရသူ ဦးလှဝင်းသည် အမှန်တကယ်ပြစ်မှုကျူးလွန်ပါက ထိထိရောက်ရောက် ဥပဒေအတိုင်း အရေးယူစေလိုကြောင်း၊ ယခုဖြစ်စဉ်သည် လူတဦးတယောက်၏ စာရိတ္တ ချို့ယွင်းသည့်ကိစ္စသာဖြစ်ပြီး ဘာသာရေးနှင့်မသက်ဆိုင်ကြောင်း ပြောသည်။

ကျောင်းကုန်းမြို့နယ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းကွန်ရက်မှ ကိုမျိုးဝင်းနိုင်က ကျောင်းကုန်းမြို့နယ်တွင် အခြေအနေ တည်ငြိမ်နေပြီဖြစ်သော်လည်း မုဒိန်းမှုကျူးလွန်ခြင်းရှိ၊ မရှိဆိုသော ဆေးစစ်ချက် ရလာဒ် အဖြေကို ဒေသခံ လူထုက စောင့်ကြည့်နေကာ အဓိကရုဏ်းနှင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ် သူ ဦးကျော်ဇင်က ဘာသာရေးအသွင်၊ လူမျိုးရေး အသွင် ပဋိပက္ခဖြစ်စဉ်များကို ပြန်ကြည့်လျှင် မုဒိန်းမှုဆိုသည့် ကိစ္စရပ်များကိုသာ အခြေခံပြီး ဖြစ်ပျက် ခြင်းကြောင့် ဘာသာရေး၊ လူမျိုးရေး ပြဿနာဖြစ်ပွားစေရန် ဖန်းတီးနေသည်ဟု ယူဆရကြောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ပဋိပက္ခဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ကျောင်းကုန်းမြို့တွင်ပါ ထပ်မံဖြစ်ပွားခြင်းဖြစ်သောကြောင့် ပဋိပက္ခများ တခြားမြို့များသို့ပါ ကူးစက်သွားမည်ကို စိုးရိမ်ရကြောင်း ဧရာဝတီသို့ ပြောသည်။

“ဖြစ်စဉ်တွေပြန်ကြည့်ရင် လူမှုရေးပြဿနာတွေပါ။ အဲဒီလို လူမှုရေးပြဿနာတွေက နေရာတိုင်းမှာ ဖြစ်ပျက်နေခဲ့တာပဲ။ ဘာသာ ၂ ခုတည်းမှာ ဖြစ်တာမဟုတ်ဘူး။ ရာဇ၀တ်မှုကို ရာဇ၀တ်မှုလိုပဲ ဥပဒေအရ အရေးယူရမှာ။ အခုက ဒါကို အခြေခံ ပြီး တော့ ဘာသာရေး၊ လူမျိုးရေးအသွင်ဖန်တီးနေတာက မဖြစ်သင့်ပါဘူး။ နောက်ဆက်တွဲတွေ မလုပ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။

ကျောင်းကုန်းမြို့တွင် ရဲအင်အား ၃၀၀ ၀န်းကျင်ခန့် နှင့်တပ်မတော် တပ်ရင်းတခုက လုံခြုံရေး ယူထားကြောင်း၊ ရုန်းရင်း ဆန်ခတ် အခြေအနေများ ထိန်း သိမ်း နိုင်ရန်အတွက် ကျောင်းကုန်းမြို့ရှိ ဘာသာကြီး ၄ ခုမှ ခေါင်းဆောင်များ ပါဝင်သည့် ဘာသာ ပေါင်းစုံ ပေါင်းစပ် ညီညွတ်ရေး အဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့လယ် ဗလီအနီးရှိ ဆိုင်များအားလုံး ပိတ်ထား ပြီး မြို့ပေါ်ရှိ မွတ်စလင် ဈေးဆိုင်များ အားလုံးလည်း ပိတ်သိမ်းထားကြောင်း၊ မြို့လယ် ဗလီအနီးရှိ နေအိမ် တချို့မှာ ဗုဒ္ဓဘာသာဝင် နေအိမ်မှန်း သိသာစေရန် သာသနာ့ အလံထောင်ခြင်းများ လုပ်ဆောင် နေကြကြောင်း သိရှိရ သည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့က ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ၏တရားဝင်သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

Saturday, October 5, 2013

သင့်ကွန်ပျူတာပေါ်ကနေ 3 မိနစ်အတွင်း ကိုယ်ပိုင် Hotspot လွှင့်ကြရအောင် (Install လုပ်စရာမလို)...............



ဒီဆော့ဝ်လ်လေးက လန်းတယ်ဗျာ။ တစ်ခုတော့ ရှိတယ်။ မသုံးမီ အဲ့တစ်ခုစစ်ဆေးပါ။ အောက်ပါအတိုင်းဆက်ဖတ်ကြည့်ပေါ့။ သူက Windows 8 မှာလည်းသုံးလို့ရတယ်ဆိုပဲ။ အဲ့အဆင့်ရရင် ဆော့ဝ်လ်က လိုသလို သုံးလို့ရပါပြီဗျာ။



Ctrl + R ကိုကလစ်ပြီးရင် ကျွန်တော်မျှားထိုးထားတဲ့နေရာမှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။

CMD ရောက်ပြီဆိုတာနဲ့ netsh wlan show drivers ကိုရိုက်ထည့်ပါ။
Hosted network supported : Yes လို့ပြတာနဲ့ အိုခေပါပြီ။ No လို့ပြရင်တော့ ဒီအဆင့်မှာပဲရပ်လိုက်ပါတော့။

အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

Download => Link 1 / Link 2

သွားနဲ့ခံတွင်းကို ကျန်းမာသန့်စင်စေတဲ့ နည်းလမ်းတစ်ရပ်ကတော့ ဒိန်ချဉ်သောက်တာပဲ ဖြစ်ပါတယ်

သွားနှင့်ခံတွင်း သန့်စင်စေရန် ဒိန်ချဉ် သောက်ပါ


ပလုတ်ကျင်းခြင်း၊ သွားကြားထိုးကြိုးသုံးခြင်းစတာတွေထက် သွားနဲ့ခံတွင်းကို ကျန်းမာသန့်စင်စေတဲ့ နည်းလမ်းတစ်ရပ်ကတော့ ဒိန်ချဉ်သောက်တာပဲ ဖြစ်ပါတယ်။
သွားနဲ့ခံတွင်း ဆေးပညာ ဂျာနယ်ကထုတ်တဲ့ လေ့လာမူတစ်ရပ်အရ တစ်ပတ်မှာ အနည်းဆုံးလေးကြိမ် ဒိန်ချဉ်သောက်ခြင်းဟာ သွားပိုးစားနိုင်ခြေကို ၂၅-ရာခိုင်နူန်း လျော့ကျစေကြောင်း သိရပါတယ်။
ဒိန်ချဉ်ဟာ သွားနဲ့ ခံတွင်းအပေါ် ဘယ်လိုသက်ရောက်မူ ပေးတယ်ဆိုတာကို သေချာမသိရသေးပေမယ့် သွားကြွေလွှာနဲ့ကပ်ပြီး သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ခံတွင်းထဲက အက်စစ်တွေကို လျှော့ချပေးတာကြောင့် ဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ ဒိန်ချဉ်သောက်တဲ့အခါ သကြားကို လျှော့ထည့်ဖို့ အရေးကြီးပါတယ်။
(ကြယ်စင်)

*** ယခုလကုန်တွင် အင်တာနက် ပိုမို မြန်လာမည်ဟု ဆို *** .................


==================================
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံတကာနှင့် ဆက်သွယ်ထားသော ဖိုင်ဘာဆက်ကြောင်းတခု၏ Bandwidth ကို နှစ်ဆ တိုးလိုက်သည့်အတွက် ယခုလကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများသည် သတင်း အချက်အလက်များကို ပိုမိုလျှင်မြန်စွာ ပေးပို့ ရယူနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

Bandwidth ဆိုသည်မှာ အင်တာနက်ဆက်ကြောင်း တလျှောက်တွက် သယ်ယူပို့ဆောင်ပေးနိုင်သည့် အချက်အလက် ပမာဏကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းကို တစက္ကန့် အချိန်အပိုင်းအခြားအတွင်း စီးဆင်းနိုင်သည့် သတင်းအချက်အလက် ပမာဏကို မူတည်၍ တိုင်းတာဖော်ပြပြီး ကွန်ရက်၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုသည်။

မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများ လိုင်းကြပ်ခြင်း၊ နှေးကွေးခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရခြင်းသည် လက်ရှိ Bandwidth ကျဉ်းမြောင်းနေသည့်အတွက် ဖြစ်သည်။ လူသုံးများသည့် နေ့ခင်း အချိန်များတွင် အင်တာနက် ပို၍နှေးသည်။

အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အဆိုအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ သွယ်တန်းထားသော အင်တာနက် ဆက်ကြောင်းသည် Bandwidth 2.5 Gbps (gigabytes per second)၊ SEAMEWE-3 ဟု သိကြသော ပင်လယ် ရေအောက် ဆက်ကြောင်းက Bandwidth 6.2 Gbps နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ထားသော ဆက်ကြောင်းက Bandwidth 8.5 Gbps ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ထိုင်းနိုင်ငံဖက်သို့ ဆက်သွယ်ထားသော ဆက်ကြောင်းကို ယခုလအတွင်းတွင် Bandwitdh 20 Gbps အထိ တိုးမြှင့်မည်ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ စမ်းသပ်ခြင်းလုပ်ငန်းများ မည်သည့်နေ့တွင် ပြီးဆုံးမည်ကို တိကျစွာ မပြောနိုင်သေးသော်လည်း “အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ ဖြစ်ပါလိမ့်မယ်” ဟု သူကဆိုသည်။ ဒေသတွင်း အားကစားပြိုင်ပွဲဖြစ်သည့် အဆိုပါ အားကစားပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပတော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ နှင့်ဆက်သွယ်ထားသည့် ဆက်ကြောင်းကို အဆင့်မြှင့်နိုင်ခြင်းမှာ အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး ၃ မြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် အင်တာနက်အမြန်နှုန်းကို 20 Gbps အထိရှိအောင် လုပ်ဆောင်ပေးမည့် ဂျပန်အစိုးရမှ ကူညီသော စီမံကိန်းအရ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ အဆင့်မြှင့်တင်ရေး အကူညီဖြင့် ဆီးဂိမ်း အားကစားပွဲ ကာလအတွင်းတွင် 4G မိုဘိုင်းကွန်ရက်ကို ယာယီ အသုံးပြုနိုင်ရန်လည်း နောက်တဆင့်အဖြစ် မျှော်မှန်းထားကြောင်း သိရသည်။

Bandwidth ကို တိုးမြှင့်လိုက်ခြင်းအားဖြင့် ကွန်ရက်တခုလုံး၏ စွမ်းဆောင်ရည် တိုးတက်လာမည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း ကွန်ရက်အတွင်း အချက်အလက်များ စီးဆင်းရန် ကြာမြင့်ချိန် (မြန်နှုန်း) နှင့် သုံးစွဲသူ ပမာဏ စသည့် အချက်များသည်လည်း စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

မည်သည့်အချိန်တွင် စတင် အသုံးပြုနိုင်မည်ကို တိကျစွာ မသိသေးသော်လည်း အဆင့်မြှင့်မှုများ မည်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဆိုသည်ကို အင်တာနက် အသုံးပြုသူများအား အသိပေးထားသင့်ကြောင်း၊ သို့မှာသာလျှင် သူတို့ နောက်တကြိမ် အင်တာနက် ဖွင့်လိုက်တိုင်း ထူးခြားမှုကို ခံစားသိနိုင်ကြမည် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ဆိုသည်။
မူရင်းလင့် - http://burma.irrawaddy.org/news/2013/10/04/49070.html?utm_source=dlvr.it&utm_medium=facebook

Friday, October 4, 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွေကို မြန်မာပြည်အနှံ့ ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ မကြာခင် စတင်ကျင်းပတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တာဝန်ရှိသူတွေက ပြောကြား

ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒခံယူပွဲ အန်အယ်လ်ဒီ စတင်တော့မည်

ရွှေအောင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွေကို မြန်မာပြည်အနှံ့ ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ မကြာခင် စတင်ကျင်းပတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလလယ်ကစပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထု သဘောထားအမြင်တွေကို တတိုင်းပြည်လုံးမှာ အဖွဲ့ ၇ ဖွဲ့ခွဲ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွက် တာဝန်ယူလုပ်ဆောင်မယ့် အန်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဝင် ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။

“လူထုကြားထဲအထိ ရှင်းပြမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ၊ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးသလဲ၊ ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေတခုရဲ့ စံနှုန်း ၂ ခုပေါ့။ လူထုဆန္ဒပါရမယ်၊ နိုင်ငံတော်အာဏာ ပြည်သူလူထုကို အပ်တာ ဖြစ်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီ ၂ ခုလုံးနဲ့ မညီဘူး။ စရေးကတည်းက လူထုဆန္ဒမပါဘူး၊ လူထုဆန္ဒကို အခြေမခံဘူး၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုကို မအပ်ဘူး။ ဒီအကြောင်း ၂ ခုကြောင့် ကျနော်တို့ ဒါကို ပြန်ပြီးတော့ ပြင်ချင်တယ်။ ပြင်ဆင်ဖို့ကိစ္စမှာ အင်မတန်ခက်ခဲတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါ့အပြင် ပြင်ရမယ့်အချက်အလက်တွေကလည်း အလွန်များတယ်။ အဲဒါကြောင့် ပြင်တဲ့နည်းနဲ့အသစ်ရေးတဲ့နည်း ဘယ်နည်းကို လူထုက ကြိုက်သလဲ ရွေးကြပါလို့ ကျနော်တို့က ပြောမယ်။”

ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ ပြည်သူကို ဘယ်ပုံ၊ ဘယ်နည်း ချပြကြမလဲဆိုတဲ့ အသေးစိတ်တွေကိုတော့ ဆွေးနွေးကြတုန်းဖြစ်တဲ့အကြောင်းနဲ့ ဒီဆန္ဒခံယူပွဲတွေကို လာမယ့် နိုဝင်ဘာလ နောက်ဆုံးထားပြီး ပြီးစီးအောင်ဆောင်ရွက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြည်သူဆန္ဒသဘောထား ရယူမယ့်အလုပ်ဟာ ဒီလောက်အချိန်တိုအတွင်း ဖြစ်နိုင်ပါမလားဆိုတော့ ဦးကိုနီက “ဒီလောက်အချိန်တိုအတွင်းပြည်သူ့သဘောထား ထိထိမိမိရယူဖို့တော့ မလွယ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မှာတာက ဆန္ဒခံယူပွဲလည်းမဟုတ်ဘူး၊ လူထုကြားထဲကို ဆင်းမယ်၊ ပြောပြမယ်၊ လူထုဘက်က တုံ့ပြန်မယ့်အသံကို နားစွင့်မယ်။ ဒီအပေါ်မှာ အခြေခံပြီး တင်ပြမယ်။ သူက ဒီလောက်ပဲ ပြောတာပါ။ အသေးစိတ်ကျကျ လူထုဆန္ဒကို တိတိကျကျကောက်မယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

အဖွဲ့ချုပ်က ကောက်ခံရယူတဲ့ ပြည်သူ့ဆန္ဒတွေကို လွှတ်တော် ၂ ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံ ဆက်လက် ပေးပို့သွားမှာဖြစ်ပြီး၊ ကော်မတီက ဒီဇင်ဘာလအကုန် လွှတ်တော်ထံ အစီရင်ခံတင်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးခံနေရချိန်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းကျော်ရဲ့ ကောက်ခံမှုရရှိခဲ့တယ်လို့ အတည်ပြုခဲ့တယ်လို့ အရင် နအဖစစ်အစိုးရက ကြေညာထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်းမကျတာတွေ ပါဝင်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဖွဲ့စည်းပုံကို ပြင်မလား၊ အသစ်ဆွဲမလားဆိုတာကို ပြည်သူ့ဆန္ဒခံယူမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး မော်တော် ဆိုင်ကယ် FE Ti XX.................


FE Ti XX လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ကို Ecosse Moto Works မှ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။
အင်ဂျင်အရွယ် ၂၄၀၀ စီစီ ရှိပြီး အလူမီနီယာသားနဲ့ ပြုလုပ် ထားတဲ့ အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၂၂၅ ရှိပြီး ဆိုင်ကယ် ပေမယ့် ပြိုင်ကား နီးနီး စွမ်းဆောင်ရည်ရှိတဲ့ ဆိုင်ကယ် ပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်ရင် FE Ti XX အမှတ်တံဆိပ်ပါ နာရီတစ်လုံး ပါ လက်ဆောင် ပေးတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ရဲ့  ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ သိန်းပြီး ပထမ တစ်သုတ်ကို တရုတ်ပြည်သို့ စတင်တင်ပို့ ရောင်းချလိုက်ပါပြီ။ FE Ti XX ကို ဆက်လက်ပြီးတော့ ကမ္ဘာ့အနှံ့ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ရိုးရာလေး

ယခုနှစ်အတွက် Miss Universe Myanmar 2013 ပြိုင်ပွဲမှာ အသက် ၂၅ နှစ်ရှိ မိုးစက်ဝိုင် ( ခါးနံပတ် ၁၆ )က ဆွပ်ခူးရရှိ

မိုးစက်ဝိုင် Miss Universe Myanmar 2013 သရဖူဆောင်း

Friday, October 4, 2013


အမျိုးသား ကဇာတ်ရုံမှာ အောက်တိုဘာလ ၃ ရက်နေ့ ညက ကျင်းပခဲ့တဲ့ ယခုနှစ်အတွက် Miss Universe Myanmar 2013 ပြိုင်ပွဲမှာ အသက် ၂၅ နှစ်ရှိ မိုးစက်ဝိုင် ( ခါးနံပတ် ၁၆ )က ဆွပ်ခူးရရှိသွားပါပြီ။ 



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ တိမ်မြုပ်နေခဲ့တဲ့ အခုလို မယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ကျင်းပနိုင် တာဖြစ်ပြီး ထူးဖောင်ဒေးရှင်းနဲ့ ညီနောင်ကုမ္ပဏီတွေက စပွန်ဆာပေးခဲ့ကြတယ်လို့ သိရပါတယ်။ 



မိုးစက်ဝိုင်အနေနဲ့ အခု Miss Universe Myanmar 2013 ဆုကို ငွေကျပ်သိန်း ၁၀၀ နဲ့ ရရှိခဲ့တာဖြစ်ပြီး ထူး ဖောင်ဒေးရှင်းက Honda Fit ကားတစီးလည်း ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ 



အခုလို Miss Universe Myanmar 2013 ဆုကို မိုးစက်ဝိုင်က ဆွပ်ခူးရသွားတဲ့အတွက် ရုရှားနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ ကျင်းပမယ့် Miss Universe 2013 မယ်စင်္ကြာဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရသွားပြီလည်း ဖြစ်ပါတယ်။ 



မိုးစက်ဝိုင်ဟာ နိုင်ငံခြားမှာ ပညာသင်ကြားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ကိုင်နေသူလည်းဖြစ် ပါ တယ်။ 

သူကတော့ အခုလို ဆုရတဲ့အပေါ် အရမ်းစိတ်လှုပ်ရှားနေပြီး ဒီ ဆုကို ရလိုက်တဲ့ အတွက် နိုင်ငံကို ကိုယ်စားပြုသူ အဖြစ် နားလည်ခံစားရတာကြောင့် သူ့ရဲ့ အပြောအဆို၊ အနေအထိုင်တွေကို အတော် သတိထားသွားရ မယ် လို့ စကိုင်းနက်နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားပါတယ်။ 

ဆုပေးပွဲမှာတော့ ပထမဆုံး အကြိမ်လည်းဖြစ်ပြီး အားနည်းချက်တချို့ကိုတွေ့လိုက်ရပါတယ်။
 

မိုးစက်ဝိုင်ကို Miss Universe Myanmar 2013 စိန်သရဖူဆောင်းပေးခိုက် လေ့ကျင့်ထားမှု မရှိသည် ကို ပေါ် လွင်ပြီး အဆင်မပြေစွာ သရဖူဆောင်းပေးခဲ့တဲ့ မြင်ကွင်းကတော့ မဖြစ်သင့်ပါဘူး။ 

 နောက်ဆုံး ဇကာတင် ပြိုင်ပွဲဝင် ၅ ဦး

ပဉ္စမဆုကို ခါးနံပတ် ၁၀ မေချစ်ပုံ၊ စတုတ္ထဆုကို ခါးနံပတ် ၁၉ နှင်းယမုံဦး၊ တတိယ ဆုကို ခါးနံပတ် ၁၅ မြတ်နှင်းဖြူ၊  ဒုတိယ ဆုကို ခါးနံပတ် ၄ အေးချမ်းမိုးတို့က အသီးသီး ရရှိသွားကြတာပါ။ 

 နောက်ဆုံး ဇကာတင် ပြိုင်ပွဲဝင် ၃ ဦး

 

အိမ့်သံစဉ် ~