Monday, September 30, 2013
Sunday, September 29, 2013
“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
Sunday, September 29, 2013
လိုင်စင်ရ အသံတိတ် လူသတ်သမားများ
“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
...
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။
ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။
အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။
နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။
ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။
သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။
အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။
အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။
လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။
ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။
အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။
အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။
သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။
ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။
ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။
အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။
သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။
ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။
(လဲ့ရည်မြင့်၊ သင်းရတနာဆု) - The Voice Weekly

Thit Htoo Lwin - Feature
အသက်မပြည့်သေးသူကို အဓမ္မပြုကျင့်မှုဖြင့် လူငယ်သုံးဦးကို အမှုဖွင့်
ဇော်ဇော်ထွေး
၁၃ နှစ်အရွယ် သမီးဖြစ်သူအား သားမယားပြုကျင့်သည်ဟု စွပ်စွဲချက်ဖြင့် ပြုကျင့်ခဲ့သူနှင့် အားပေးအားမြှောက်ပြုလုပ်ခဲ့သူများကိုပါ အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျကရှိသည်။
အမှုတွင် စက်တင်ဘာလ ၁၆ ရက် ည ၉နာရီခွဲအချိန်က အသက်(၁၃)နှစ်သာ ရှိသေးသည့် ကလေးငယ် သည် ခြေရင်းအိမ်သို့ သွားမည်ဖြစ်ကြောင်း ပြောဆိုထွက်သွားပြီး ည ၁၁ နာရီအချိန်မှသာ နေအိမ်သို့
ပြန်လည် ရောက်ရှိလာခဲ့သည်ဟု မိခင်ဖြစ်သူ မ----(၃၈)နှစ်၊ ရွှေပြည်သာမြို့နယ်နေသူက ထွက်ဆိုထားသည်။
ထို့နောက် စက်တင်ဘာလ ၁၉ ရက်တွင်လည်း သမီးဖြစ်သူ အမူအယာပျက်ယွင်းနေ၍ မေးမြန်းရာ စက်တင်ဘာ ၁၆ ရက်ညက မဌေးရီဆိုသူမှ လာခေါ်သဖြင့် လိုက်သွားခဲ့ရာ ၎င်း၏ နေအိမ်တွင် မောင် ----(၁၇)နှစ် ရွှေပြည်သာမြို့နယ်နေသူက သားမယားအဖြစ် တစ်ကြိမ် ဆက်ဆံခဲ့သည်ကို ပြောပြခဲ့သည်ဟု မိခင်ဖြစ်သူက ရဲအား တိုင်တန်း ထွက်ဆိုထားသည်။
ထို့အပြင် စက်တင်ဘာ ၁၀ ရက် နံနက် ၁ နာရီခွဲအချိန်ကလည်း သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်ဆုံးသွား သဖြင့် လိုက်လံရှာဖွေရာ မျိုးသူ(၂၁)နှစ်၏ နေအိမ်အောက်တွင် သမီးဖြစ်သူအား သားမယားပြုကျင့်သူဟု စွပ်စွဲခံထားရသူ မောင်----(၁၇)နှစ်နှင့်အတူ ခြင်ထောင်ထဲတွင် တွေ့ရှိခဲ့ရသည်ဟု ထွက်ဆိုထားသည်။
ထို့ပြင် ယင်းနေအိမ်ရှိ အိမ်ရှင်ဖြစ်သူ မျိုးသူ၊ သီးဟနိုင်နှင့် ကိုထွေးတို့ သုံးဦးက သမီးဖြစ်သူအား မကြားဝံ့ မနာသာ စကားများ ပြောဆိုနေသံကြားရသဖြင့် သမီးဖြစ်သူအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင် ခဲ့ရသည် ဟုလည်း ရဲအား ပြောပြထားသည်။
ထို့ကြောင့်သမီးအား သားမယားပြုကျင့်သူ မောင်-----(၁၇)နှစ်နှင့် အားပေးကူညီသူ မျိုးသူ၊ သီဟနိုင်နှင့် ကိုထွေးတို့ သုံးဦးကို အရေးယူပေးရန် စွပ်စွဲ တိုင်တန်းထားခြင်း လည်းဖြစ်သည်။
ယင်းတိုင်တန်းမှုကို ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းက (ပ)၂၈၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်း ခံထားရသူများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆/၁၁၄ ဖြင့် တရားစွဲတင်ပို့သွားမည်ဟု တိုင်းရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
Posted by
Koko Zaw

သာသနာ့ အလံကို ဖျက်ဆီးသည်ဟု ဆိုကာ သံတွဲတွင် ရုန်းရင်း ဆန်ခတ်ဖြစ် အခြေအနေ ပြန်လည် ငြိမ်သက်သွားပြီး တရားခံကို ဖမ်းဆီးထား
ရန်ကုန်၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက
သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေ
သခံများက ပြောကြားသည်။
သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီး
ယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်
ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ
များထံမှ သိရသည်။
အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည်
ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြော
ကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ညနေ ၄ နာရီ
ခန့်တွင် အခြေအနေ ပြန်လည် ငြိမ်သက်သွားပြီး တရားခံကို ဖမ်းဆီးထားကြောင်း ပြန်လည် ဖြေကြား
သည်။
သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က အဓမ္မကျင့်ခံရသည့် သတင်းအပေါ် မူ
တည်ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရကာ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်
ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ရသည်။
အလားတူ သြဂုတ်လ ၂၇ ရက်နေ့က သံတွဲမြို့တွင် နံတော်တောင် တောင်ခြေရင်းရှိ ဘုန်းတော်ကြီး
တစ်ပါးကို အစ္စလာမ် ဘာသာဝင်တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်
တွင် ယင်းနေရာသို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့များက တားဆီးခဲ့ရသည်။
The Voice Weekly
မြန်မာတပ်ဖွဲ့ဝင်များ အနောက်ဘက် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ BSF များကဲ့သို့ ကင်းလှည် ..............
နိရဉ္စရာ
မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တာဝန်ကျနေသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ နယ်လုံခြုံရေး တပ်ဖွဲ့ BSF ကဲ့သို့ နေ့ည မပြတ် ကင်းလှည့်နေကြသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
“ အရင်တုန်းကတော့ မြန်မာ စစ်တပ်တွေ ခုလို လူပ်ရှားတာမျိုးကို မတွေ့ရဘူး။ ဦးဇင်းတို့ ဟို… အိန္ဒိယ- ဘင်္ဂလာနယ်စပ်မှာ အိန္ဒိယဘက်က နယ်စပ် လုံခြုံရေး စစ်သားတွေ သူတို့လုပ်ထားတဲ့ ခြံစည်းရိုး အနီးမှာ ဒီလို ကင်းလှည့်တာမျိုးကို မြင်ဖူးတယ်။
အခုတော့ မြန်မာဘက်က စစ်သားတွေလည်း ခြံစည်းရိုး တလျှောက် ကင်းလှည့်နေတာတွေကို တွေ့နေရပါတယ်” ဟု နယ်စပ် မီးတိုက်ဒေသမှ ဦးဇင်း တစ်ပါးက ဆိုသည်။ မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်နယ်မြေမှာ မိုင်တိုင်အမှတ် ၃၇ မှ ၄၀ အကြားတွင် တည်ရှိပြီး ယခုအခါ ခမရ ၃၅၃ မှ စစ်သားများသည် အဆိုပါ မိုင်တိုင်အနီး တောက်လျှောက်ကာရံထားသော ခြံစည်းရိုး အနီးတွင် နေ့ည မပြတ် ကင်းလှည့်နေသည်ဟု သူက ဆက်ပြောသည်။
ယင်းပြင် မိုင်တိုင်အမှတ် ၄၁ မှ ၄၅ ထိ အောင်သပြေ၊ ခမောင်းဆိပ် နယ်မြေတွင် ခမရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူထားပြီး ခြံစည်းရိုး တလျှောက် ကင်းလှည့်နေသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။ မြန်မာ- ဘင်္ဂလာနယ်စပ် နဟုန်း နဟမ်းဘက်နှင့် မိုင်တိုင် အမှတ် ၄၈ တည်ရှိရာ ဗန္ဓုကျေးရွာ အနီးတွင်လည်း မခရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူသည်ဟု သိရသည်။
ခမရ ၅၅၁ မှ မိုင်တိုင်အမှတ် ၅၈ မှ ၆၅ ထိ တာဝန်ယူထားပြီး အဆိုပါ ဒေသတွင်လည်း အထိုင် လုံခြုံရေးကင်းများ၊ လှည့်ကင်များချကာ နယ်စပ် လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု ဆိုသည်။ ယခု တည်ဆောက်ထားသော ခြံစည်းရိုးကို ဖြတ်ကျော် သွားလာသူ မည်သူ့ကို မဆိုပါ ပစ်ခတ်ရန် စစ်တပ်က ညွှန်ကြားထားကြာင်း၊ သို့အတွက် နယ်စပ်နေ ပြည်သူများမှာ ခြံစည်းရိုး အနီးသို့ မကပ်ရဲကြကြောင်း ဒေသခံ ပြည်သူများ၏ အပြောအရ သိရသည်။
အိန္ဒိယ နယ်ခြားစောင့်တပ် BSF သည် ခြံစည်းရိုးကို ဖြတ်ကျော် ၀င်ရောက်သူများကို မကြာခဏ ပစ်ခတ်နှိမ်နှင်းမူများ ပြုလုပ်လေ့ ရှိသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ သေဆုံးမူများ ရှိသော်လည်း မြန်မာနယ်စပ်တွင်မူ မြန်မာစစ်တပ်မှ ထိုသို့ ပစ်ခတ်နှိမ်နှင်းမူများကို မကြားရသေးဟု ဒေသခံများက ပြောသည်။

ပည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကြား၊ ပါရမီ လမ်းမကြီးပေါ်မှာ စက်တင်ဘာလ(၂၇)ရက်နေ့  မနက် ၁း၁၅ နာရီ ယာဉ်နှစ်စင်း တိုက်
Saturday, 28 September 2013
မမြင်လိုက်ရတဲ့ ဖြစ်စဉ်နိဂုဏ်း
“၀ုန်း”
ဆိုတဲ့ အသံကို ကြားလိုက်တော့ နာရီထကြည့်လိုက်သည်။ အချိန်က
ညဥ့်သံခေါင်ယံကျော် စက်တင်ဘာလ(၂၇)ရက်နေ့  မနက် ၁း၁၅ နာရီ၊ အသံလာရာဖက်သို့
ထွက်လာခဲ့သည်။ တွေ့ပါသည်။ ယာဉ်နှစ်စင်း တိုက်သည့် အသံဆိုတာ သေချာသွားပါသည်။
နေရာက ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကြား၊ ပါရမီ လမ်းမကြီးပေါ်မှာပါ။ AD
မီးပွိုင့်ဖက် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့အိမ်ရှေ့မှာပါ။ တစ်စီးက Nissan Sunny Super sloon (၃က/၂၀၉၀၊ ယာဉ်မောင်း ဦးမြင့်အောင် (ဘ) ဦးအေး၊ အသက် ၃၄ နှစ်၊ မှတ်ပုံတင်အမှတ်က ၁၂/လကန(နိုင်) ၁၄၇၈၄၉၊ လိပ်စာက အမှတ် ၁၉/၃၁၉၊ ပြည်ထောင်စုလမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း) နဲ့ နောက်တစ်စီးက Toyota Probox (၂စ/၇၉၃၃၊ ယာဉ်မောင်း ဦးကျော်ကျော်ထွန်း (ဘ) ဦးဇော်မြင့်၊ အသက် ၂၉ နှစ်၊ မှတ်ပုံတင်အမှတ်က ၇/သတပ(နိုင်) ၀၈၇၁၃၉၊ လိပ်စာက အမှတ် ၁၃၉၊ ဘုရားလမ်း၊ ဒေါ်တင်တင်မီးစက်ဆိုင်၊ လှိုင်မြို့နယ်) တို့ဖြစ်သည်ဟုသိရှိရပါသည်။
ကားနှစ်စီးလုံးမှာ ညာဖက်ရှေ့ဘီးများ သုံးမရအောင် ပျက်ဆီးသွားသည်ကို တွေ့ရပါသည်။ ဆက်လက် မောင်း နှင်နိုင်ခြင်းမရှိတော့ပါ.။ အခင်းဖြစ်တဲ့ နေရာက အမှတ် (၇) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ထဲမှာပါ။ အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းနှင့် တကွ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးမှ ရုံးဝန်ထမ်းများ ဖြစ်ကြသည့် ဦးဇော်မင်းထွန်း၊ အရံမီးသတ်တပ်ဖွဲ့ တပ်စုမှူး တို့လည်းရောက်လာကြတာတွေ့ရပါတယ်။
အမှတ် (၇) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးသို့ သတင်းများ တင်ပို့နိုင်ရန်အတွက် အခင်းဖြစ် ယာဉ်နှစ်စီးအား ဓါတ်ပုံ ရိုက်ရာတွင် TOYOTA Probox ယာဉ်မောင်း ဖြစ်သူ ဦးကျော်ကျော်ထွန်း က--
“မင်းတို့ဘယ်ကလည်း၊ ဓါတ်ပုံရိုက်စရာမလိုဘူး” ဟု ပြောပြောဆိုဆို အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်း ရဲ့ ကင်မရာ ရှေ့မှာ သူ့လက်နဲ့လိုက်ကာနေတာ တွေ့ရပါတယ်။ တစ်ဆက် တည်းမှာပဲ ဦးမိုးဟိန်း က Mobile Phone ကို ခလုတ်နှိပ်ပြီး ပြောနေတာကို လည်းတွေ့ခဲ့ရပါသေးတယ်။ သိပ် မကြာပါ ဘယ်ကို
ဆက်လိုက်သည်တော့ မသိပါ၊ ၅ မိနစ်လောက်ကြာတော့ Probox TAXI ယာဉ် တစ်စီးနဲ့ လူ နှစ်ယောက် ရောက်ရှိလာပါတယ်။
စုံစမ်းကြည့်လိုက်တော့ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့ မရမ်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်း ဦးငယ် ဆိုသူတို့ဖြစ်ကြောင်းသိရှိရပါတယ်။
တစ်ချိန်တည်းမှာပင် မရမ်းကုန်းမြို့နယ်ရဲစခန်း၊ တာဝန် မှူး ထံသို့ လည်း ဖုန်းဆက်သံကြား လိုက်ရပါသည်။ ဖုန်းကို Hand Speaker ဖွင့်ပြောနေတဲ့အတွက် မြို့နယ် ရဲစခန်း ကတာဝန်မှူးရဲ့ပြန်ပြောတဲ့အသံကိုလည်းပြန်ကြားနေရပါတယ်…
ခင်ဗျာ…
တာဝန်မှူး ပြန်ပြောလိုက်တဲ့ အသံကို ကြားတော့ စိတ်မကောင်းဖြစ်မိသွားတာတော့အမှန်ပါ။ ခပ်ပေါ့ပေါ့ဖြင့်
“သူတို့ဖာသာသူတို့ပြီးသွားလိမ့်မယ်” တဲ့ ကောင်းကြသေးရဲ့လားဗျာ… ဒါတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကလှမ်းပြီး အကူအညီ တောင်းခံတာနော်…. ပြည်သူတွေထဲကများ အကူအညီတောင်းခံရင် ဘယ်လိုပြန်ပြော မလည်းဆိုတာ စဉ်းစားကြည့်ကြပါတော့…
အဲ့ဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မလျှော့သောဇွဲနဲ့ မရမ်းကုန်းမြို့နယ်မှူး ဦးသန်းနိုင်ထံသို့ ထပ်မံ ဖုန်းဆက် နေတာကိုတွေ့ရပါတယ်။ သူ့စရိတ်နဲ့သူလာပြီး အကူအညီပေးဖို့ ကိုပြုလုပ် နေတာကိုတွေ့ရတာ တကယ့်ကို ဂုဏ်ယူစရာပါဗျာ..
ဒါနဲ့ မရမ်းကုန်းမြို့နယ်မှူး ဦးသန်းနိုင် က ညဥ့်နက် လှည်းကင်းကို လှမ်း အကြောင်းကြားစေခိုင်း လိုက်တယ်နဲ့တူတယ်….. ၁း၄၅ အချိန်လောက် ရဲတပ်ဖွဲ့မှ လှည့်ကင်းတာဝန်ခံ နှစ်ဦးရောက်ရှိ လာကြ ပါတယ်၊ ရောက်ရောက်ခြင်း TOYOTA Probox ယာဉ်မောင်းအား သွားရောက် စစ်ဆေးမေးပြန်တဲ့ အချိန်မှာ ယာဉ်မောင်းကလည်း မချေမငံ ပြန်ပြောတာတွေ့ရတယ်။ ဘယ်အဖွဲ့အစည်းမှ လာ စစ်စရာမလိုဘူး လူကြီး တွေခေါ်ပြီး ရှင်းလိုက်ရင်ပြီးသွားမယ်တို့ ဘာတို့ပြန်ပြော နေတာလည်း တွေ့ရတယ်။
ကြည့်ရတာ လူကြီးသား သမီးတွေလား မသိဘူး၊ တကယ်ဆိုရင် ရပ်ကွက်တာဝန်ရှိသူတွေ၊ လှည့်ကင်း တာဝန်ခံတွေက သူတို့ကို ကူညီဖို့ရောက်လာကြတာပါ။ အဲ့လိုတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောဖို့မသင့်ပါဘူး၊
မရှေးမနှောင်းမှာ UNIT CRANE ရောက်လားပြီး တစ်စီးခြင်းစီ ယာဉ်ထိန်းစခန်း နယ်မြေ ၂ သို့ ဆွဲသွားပါ တယ်။ ရောက်ရှိလာတဲ့ ယာဉ်မှုစစ်အမည်ကတော့ ဒုရဲအုပ် ဦးသန်းမင်းထွန်း ပါ။ အကူအဖြစ်ပါရှိလာသူကို တော့ အမည်မသိလိုက်ရပါ။
ဘေးပတ်ဝန်းကျင် ပြောပြချက်အရ TOYOTA Probox မောင်းလာတဲ့ ဦးကျော်ကျော်ထွန်းက အရက်အရမ်း မူးပြီး လမ်းပြောင်းပြန်မောင်းပြီး ကျော်တက်တယ် ပြောပါတယ်။ တစ်ဖက်ကကားက ရှောင်ပေး တာတောင် သူက ၀င်တိုက်ဖြစ်အောင်တိုက်လိုက်သေးတယ် ဟု ပြောဆိုသံများကိုလည်း ကြားလိုက်ရပါတယ်….
NISSAN Sunny Super Sloon ပေါ်က ယာဉ်မောင်းကတော့ ယာခြေမျက်စိဖူးယောင်၊ ယာ နားထင် ပေါက်ပြဲ၊ ၀ဲ ဂျိုစောင်း ပေါက် (မပြင်းထန်) ပေမဲ့ နောက်ပါလာတဲ့ တစ်ဦးကတော့ ယာဖက် ရင်ဖတ်အောင့် နေတယ်ဆိုတာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက အငှားယာဉ်တစ်စီးငှားပေးပြီး ရန်ကုန်ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ ရပါသည်။
Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်(အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)Android Application.............
4:45 PM
Android ဖုန်းဆော့ဝဲ
sky
net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ
လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့
အတော်အဆင်ပြေတယ်ဗျာ :D ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့
ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်http://www62.zippyshare.com/v/90529291/file.html
>>>ဒီမှာလဲ ယူလို့ရတယ်<<<
ပြုပြင်ရင်းနဲ့ ရှေ့ဆက်နေမည်
နေ့စဉ်နှင့်အမျှ မိမိအကြိုက်ကလေးများကိုသာရွေးချယ်တင်ပြသွားပါမည်
အဆင်မပြေတာလေးများရှိပါက Chatbox သို့မဟုတ် presidentkoko007@gmail.com သို့ အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါကြောင်းဗျ.ရောက်လာသူအားလုံးကိုကျေးဇူးတင်ပါသည်.။
ကားကို အပြင်မှာ ကိုယ်တိုင်မောင်းနေရသလိုမျိုးခံစားချင်သူတွေအတွက် Dr.Driving For Android
ဒီကားမောင်းတဲ့ ဂိမ်းလေးက တော်တော်လေး ဆော့လို့ကောင်းတယ်ဗျာ တကယ်တော့
ကျနော် ဂိမ်းကို အဲ့ဒီလောက် မဆော့ပါဘုး ၀ါသနာလဲ အဲ့ဒီလောက်မပါဘူးလေ..
ဒီဂိမ်းကလေးကိုတင်ပေးလိုက်ရတဲ့ရည်ရွယ်ချက်က အပြင်မှာ
ကားမောင်းနေကြတဲ့သူတွေရှိသလို ကိုယ်တိုင် အပြင်မှာ
မောင်းနေရသလိုမျိုးခံစားရလို့ လူတိုင်းကားမောင်းတတ်စေချင်တယ်
ကားမမောင်ဖူးတဲ့သူတွေကိုလဲ ဒီဂိမ်းကလေးက တစ်ဘက်တစ်လမ်းက
အထောက်ကူပြုမယ်ဆိုတာလေးကိုရည်ရွယ်ပြီးတော့ တင်ပေးလိုက်တာပါ ဆော့ကြည့်ပါ
တကယ်ကောင်းတယ်.....၊၊
https://googledrive.com/host/0BwquwWWvRkDrd1c5eXg2TmNuZnM/Car%20drdriving-1.apk
ပြုပြင်ရင်းနဲ့ ရှေ့ဆက်နေမည်
နေ့စဉ်နှင့်အမျှ မိမိအကြိုက်ကလေးများကိုသာရွေးချယ်တင်ပြသွားပါမည်
အဆင်မပြေတာလေးများရှိပါက Chatbox သို့မဟုတ် presidentkoko007@gmail.com သို့ အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါကြောင်းဗျ.ရောက်လာသူအားလုံးကိုကျေးဇူးတင်ပါသည်.။
တရုတ်နိင်ငံမှာ လူမှောင်ခိုဂိုဏ်းတခုက ဖမ်းဆီးထားတဲ့ ကလေးငယ် ၉၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ရဲတွေက ကယ်တင်နိုင်ခဲ့
တရုတ်လူကုန်ကူးသူတွေ လက်က ကလေး ၉၂ ဦးကယ်နိုင်
တရုတ်လူကုန်ကူးသူတွေ လက်က ကလေး ၉၂ ဦးကယ်နိုင်
တရုတ်နိင်ငံမှာ လူမှောင်ခိုဂိုဏ်းတခုက ဖမ်းဆီးထားတဲ့ ကလေးငယ် ၉၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ရဲတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအမှုနဲ့ဆက်နွယ်ပြီး မသင်္ကာသူ ၃၀၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ အစိုးရပိုင် ရှင်ဟွာသတင်းက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ ယူနန်ပြည်နယ်နဲ့ ဆီချွမ်ပြည်နယ်တွေကနေ ကလေးတွေကိုဝယ်ပြီး တခြား ဒေသတွေမှာ ပြန်ရောင်းနေတဲ့ လူမှောင်ခိုကွန်ယက်ကြီးကို ဖြိုခွင်းနိုင်ဖို့ ပြည်နယ် ၁၁ ခုမှာ ရဲတပ်ဖွဲ့တွေ စီမံချက်ချဆောင်ရွက်ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
တရုတ်နိုင်ငံမှာ ကလေးခိုးမှုဟာ အဓိကပြဿနာကြီးတခုဖြစ်ပါတယ်။
တအိမ်ထောင် ကလေး ၁ ယောက်ပဲ ယူရမယ့် မူဝါဒကြောင့်ရော သားယောင်္ကျားလေးတွေကိုသာ အဓိကလိုချင်ကြတဲ့ အစဉ်အလာကြောင့်ပါ အခုနှစ်ပိုင်းတွေအတွင်း ကလေးတွေနဲ့ အမျိုးသမီးတွေကို ခိုးယူမှုတွေ ပိုပြီးများလာနေပါတယ်ရှင်။
ဗွီအိုအေ (မြန်မာဌာန)
Friday, September 27, 2013
ဇာဂနာ(မောင်သူရ)သည် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ အောက်ဆီဂျင်ဘူးဖြင့် အသက်ရှုနေရကြောင်းသိရ
ဇာဂနာ ကျန်းမာရေးအခြအနေကြောင့် အောက်ဆီဂျင်ပေးထား
ဇာဂနာ ကျန်းမာရေးအခြအနေကြောင့် အောက်ဆီဂျင်ပေးထား
ရန်ကုန်-စက်တင်ဘာ၂၆
ဇာဂနာ(မောင်သူရ)သည် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ အောက်ဆီဂျင်ဘူးဖြင့် အသက်ရှုနေရကြောင်းသိရသည်။ ဇာဂနာ ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူရွှင်တော် အရိုင်းကှို ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီမနက်မှသိတာ ၊ ဖေ့ဘုတ်ပေါ်မှာတွေ့လိုက်တာ၊ အသက်ရှုမဝဘူး၊ အဆုတ်ေ၇ာင်နေတယ်လို့ ပြောတယ်။ အခု အောက်ဆီဂျင်ပေးထားတယ်။ ဆေးရုံတင်မှာကို မတက်ချင်ဘူးပဲ ငြင်းနေတာ။ ငြိမ်းချမ်းရေးပွဲပြီးတဲ့ညက အကောင်းပဲရှိသေးတယ်။ မနေ့ည စက်တင်ဘာ ၂၅ ရက်ညကမှဖြစ်တာ။ တစ်ယောက်တည်းနေရင်း အသက်ရှုကျပ်လာတယ်ပြောတယ်။အခု သူ့အိမ်ကို သတင်းသွားမေးရမယ်။ " ဟု ပြောပြခဲ့သည်။
Popular Myanmar News Journal
နဖူးမှ နှာခေါင်းကို အောင်အောင်မြင်မြင် မွေးယူနိုင်ခဲ့ ပြီးတော့ မကြာခင်မှာ သူ့ရဲ့ပျက်စီးသွားတဲ့ နဂိုနှာခေါင်းနေရာမှာ ပြန်အစားထိုး
Thursday, September 26, 2013
နဖူးပေါ်မှာ နှာခေါင်းပေါက်တဲ့သူ...

တရုတ်ပြည်က ဆရာဝန်တွေက လူတစ်ယောက်ရဲ့ နဖူးမှ နှာခေါင်းကို အောင်အောင်မြင်မြင် မွေးယူနိုင်ခဲ့ ပြီးတော့ မကြာခင်မှာ သူ့ရဲ့ပျက်စီးသွားတဲ့ နဂိုနှာခေါင်းနေရာမှာ ပြန်အစားထိုး ကုသပေးနိုင်တော့မှာပါ။
ဒီပုံထဲက လူက နဖူးမှ နှာခေါင်းက နေရာမှားပြီး လာပေါက်နေတာ မဟုတ်ပါဘူး။ သူက တရုတ်ပြည်က Xiaolian ဖြစ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ကားမတော်တဆမှုကြောင့် သူ့ရဲ့နှာခေါင်း ပျက်စီးသွားခဲ့ ပါတယ်။ နှာခေါင်းက infection ၀င်သွားတာကြောင့် ဆရာဝန်တွေက မူလနှာခေါင်းကို ကုသလို့မရနိုင် ခဲ့ပါဘူး။ ဒါကြောင့် ဆရာဝန်က နှာခေါင်း အသစ်တစ်ခုကို မွေးယူဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့ပျက်စီးသွားတဲ့ နှာခေါင်းကို အစားထိုးကုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့် သူ့ရဲ့နံရိုးက ရိုးဆက်အရိုး (cartilage) ကိုယူပြီး သူ့ရဲ နဖူးက skin tissue တွေအောက်မှာ ထိုး သွင်းလိုက် ပြီးတော့ နှာခေါင်းပုံသဏ္ဍာန် ရအောင်လို့ မွေးယူပါတယ်။ ဒီနှာခေါင်းကိုတော့ ပြီးရင် သူ့နေရာ မှန်ကို ပြန်အစားထိုးမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေက နှာခေါင်းကို မွေးယူရာမှာ နှာခေါင်းက ကောင်း ကောင်း ဖွံ့ဖြိုးတဲ့ အခြေအနေကို ရောက်နေပြီး မကြာခင်မှာ အစားထိုးလို့ ရတော့မယ်လို့ ဆိုခဲ့ပါတယ်။ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီတုန်းကလည်း Britain က ဆရာဝန်တွေက နှာခေါင်းကို လက်မောင်းမှာ မွေးယူပြီး ကုသတာ ပြုလုပ်ခဲ့ပါသေးတယ်။
Myanmar Youth Media Clubလေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်... ...............
hursday, September 26, 2013
လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အ လေးချိန် လျှော့ချနိုင်ပါတယ်။
နာနတ်သီး စားပါ
နာနတ်သီး စားပါ
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင်က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယဆဲလ်တွေကို ကူညီပေးတာကြောင့် အစာချေဖျက်မှုကို အားပေးပါတယ်။ ဩဂဲနစ် သီးနှံများကိုသာ စားသုံးပါ အသီး အနှံတွေ ဝယ်ယူတဲ့အခါ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ်ဝယ်ယူပါ။ လေ့ လာမှုတွေအရ ပိုးသတ်ဆေးတွေ သုံးထားတဲ့ အသီးအနှံတွေကို စားသုံးတာကြောင့် အဆီဆဲလ်တွေထဲမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေတယ်လို့ တွေ့ရှိ ထားပါ တယ်။
တရားထိုင်ပါ
နေ့စဉ်ပုံမှန် တရားအားထုတ်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီး အကျယ် ထိခိုက်စေပြီး ဗိုက်ပတ်လည်မှာ အဆီပိုတွေကို စုစေပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှု
လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။
လက်ဖက်ရည်ကြမ်း သောက်ပါ
လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက်တီချင် ပါဝင်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော တွေကိုလည်း လျော့နည်းစေပါတယ်။
ရေအေးအေးနှင့် ချိုးပါ
ခန္ဓာကိုယ် တုန်ယင်မှုကလည်း ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါတယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ်ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန်ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညိုတာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။
အရက်ကို ထိန်းချုပ်သောက်ပါ
စိတ်ထိခိုက် ခံစားနေရတာ ဒါမှမဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန် အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချိုရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ် ခွက်၊ ဒါမှမဟုတ် ဘီယာနှစ်ပုလင်း သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသနတွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ်ပြောင်းလဲပြီး လောင်စာအဖြစ် အသုံးပြုတာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင်ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွားရတာပါ။
အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ
အချဉ်အရသာရှိတဲ့ သစ်သီးတွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့်ရနံ့ကို ရှူရှိုက်လိုက်တဲ့အခါ အာရုံကြော စနစ်ကို လှုံ့ဆော်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ သံပရာ ရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပိုတွေ ပိုမိုလောင်ကျွမ်းနိုင်ပါတယ်။
ရေအေးအေးသောက်ပါ
ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အတွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှုတွေအရ တစ်နေ့ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူတွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက်မှု ပိုမိုမြန်ဆန်တာကို တွေ့ရပါတယ်။ ရေဓာတ် လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။
အပူအစပ် စားပါ
အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက်ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါတယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန်လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်းအင်အသုံးပြု ရတာတွေကြောင့် ကယ်လိုရီတွေလောင်ကျွမ်း သွားစေပါတယ်။
မတ်တတ်ရပ်ပါ
အထိုင်များတာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ မတ်တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိသာပေမယ့် အထိုင်များသူတွေ အနေနဲ့ ဝမ်းဗိုက်ပိုင်း မှာ အဆီပိုတွေ သိသိသာသာ စုလာတတ်ပါတယ်။ အထိုင်များသူတွေအနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထလျှောက်ပေးပါ။
ကော်ဖီသောက်ပါ
ကဖင်းက နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာတွေ ဖြစ်စေပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ်ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန်တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
အသက်ရှူလေ့ကျင့်ပါ
အသက်ရှူ လေ့ကျင့်ခန်းက အောက်ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင်တာတွေ ပြုလုပ်ပေးပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Credit: Good Health - အလှအပနှင့် ကျန်းမာရေးဂျာနယ်

ကျန်းမာ ရေးနဲ့ညီညွှတ်တဲ့ အလေ့အထ
Thursday, September 26, 2013
သွယ်သွယ်လျလျ လှကြမယ်...
လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြ ပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တ ကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီစားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလိုဝိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွား သည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။
ကဲ၊ ဒီလိုဆို diet လုပ်လိုက် ၀ိတ်လျှော့လိုက်၊ ရပ်လိုက် ပြန်ဝလိုက် သံသရာတော့ လည်နေပြီ။ ဒါကြောင့် နောက်တစ်နည်းအနေနဲ့ Diet လိုခဏတာပဲ စားတဲ့နည်းမဟုတ်ပဲ၊ အမြဲလည်း စားလို့ရ၊ တကယ်လည်း ပိန်စေမယ့် နည်းရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင် အလေ့အကျင့်ဟောင်း တွေကို ပြောင်းလည်းလိုက်တာနဲ့ ပိန်လည်းပိန်၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းသွားမှာ သေချာပါ တယ်။ ဥပမာ အရင်က မနက်စာကို မစားတဲ့သူက မနက်စာ များများ စားပေးရမယ်၊ အရင်က ညစာကို များ များစားတတ်ရင် လျှော့စားရမယ်။ ဒီလို နေ့စဉ် လုပ်နေတဲ့ ကိုယ်ရဲ့ အလေ့အထဟောင်းတွေကိုပါ ကျန်းမာ ရေးနဲ့ညီညွှတ်တဲ့ အလေ့အထ အဖြစ် ပြင်ပေးရမှာပါ။
ဒီအတွက်အချက် (၅) ချက်ကို အကြံပေးချင်ပါတယ်...
1. လေ့ကျင့်ခန်းယူနည်း
လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောက်ကျွမ်းစေမှာ ဖြစ်သလို၊ သင့်ကြွက်သားတွေကိုလည်း ပိုပြီးသန်မာလာစေပါတယ်။ ထို့ကြောင့် အိမ်မှာပဲဖြစ်ဖြစ် တစ်နေ့ကို ၄၅မိနစ်၊ ၁နာရီ ပုံမှန် လမ်းလျှောက်ပေးရပါမယ်။ အရင်က အလုပ်သွားရင် ကားနဲ့သွားတာထက် လမ်းလျှောက်လို့ ရရင် လမ်းလျှောက်သွားမျိုး (သို့) စက်ဘီးစီးသွားတာမျိုးက သီးသန့်လေ့ကျင့်ခန်း လုပ်စရာမလိုပဲ သင်ရဲ့ ခန္ဓာကိုယ် အချိုးကျ လှပပြီ ကျန်းမာရေးနဲ့လည်း ညီညွှတ်စေပါတယ်။ တကယ်လို့ ဒီထက် ပိုပြီး ကယ်လိုရီ တွေ လောင်ကျွမ်းစေချင်ရင်တော့ ပိုပြီးပြင်းထန်တဲ့ (သို့မဟုတ်) အင်အားသုံးပြီး လုပ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေါ့။ ဒီလိုလေ့ကျင့်ခန်းမျိုးက သင့်ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေမှာ ဖြစ်ပါတယ်။ သင့်မှာ တောင့်တင်းတဲ့ ကြွက်သားတွေရှိနေတာနဲ့ကို လေ့ကျင့်ခန်း လုပ်စရာမလိုပဲ ကယ်လိုရီတွေကို အလိုလို လောက်ကျွမ်းစေမှာ ဖြစ်ပါတယ်။
(၂) မော်နီတာ အချိန်ကို လျှော့ချပါ
အခုခေတ်မှာ လူတွေ ကိုယ်အလေးချိန်တက်လာတာရဲ့ အဓိက အချက်တခုကတော့ ‘မော်နီတာ’ အချိန်လို့ ခေါ်တဲ့ တီဗီကြည့်ချိန်၊ ကွန်ပြူတာ မော်နီတာ သုံးချိန်၊ ဂိမ်းဆော့ချိန်တွေ များနေတဲ့အတွက် သာမန်ကိုယ် လက်လှုပ်ရှားမှု နည်းသွားတဲ့အတွက် ကိုယ်အလေးချိန်တက်လာတော့ တာပါပဲ။ ဒါကြောင့် အပန်းဖြေဖို့ ဒီလို တီဗီကြည့်ချိန်၊ အင်တာနက်ကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေကို တနေ့ နှစ်နာရီ ထက်လျှော့ချ သင့်ပါ တယ်။ တကယ်လို့ သင့်သူငယ်ချင်းတွေနဲ့ ရှော့ပင်းမောတွေမှာ အချိန်ဖြုန်းတာဟာ အင်တာနက်ပေါ်မှာ ချက်တင်နဲ့ ပြောတာထက် ကိုယ်လက်လှုပ်ရှားမှု ပိုဖြစ်စေပါတယ်။
(၃) တပန်းကန်ထဲ ပုံစားတတ်ရင် ဂရုစိုက်ပါ
တကယ်လို့ သင်ဟာ တပန်းကန်ထဲကို ဟင်းတွေ ထမင်းတွေ တခါထဲ ထည့်ပြီး ပုံ စားမယ်ဆိုရင် သာမန် ထက် ပိုထည့်မိတတ်တာကြောင့် သတိထားပေးပါ။ ဒီလို ပိုစားမိတဲ့ ကယ်လိုရီတွေကလည်း သင့်ကို ပိုဝ စေပါတယ်။ စားသောက်ဆိုင်တွေမှာစား တဲ့ ဟင်းပွဲတွေမှာ သာမန်ထက် ပိုပြီး ထည့်ထားတတ်တာမို့၊ တ ယောက်ထဲစားတာ ထက် တပွဲကို နှစ်ယောက်လောက် ခွဲစားသင့်ပါတယ်။ ထို့ပြင် စားသောက်ဆိုင်သွားရင် ဆိုဒါလို၊ အချိုရည်လို ဝစေတဲ့ အချိုရည်တွေကို မှာသောက်မယ့်အစား ရေသန့် သို့မဟုတ် အချိုလျှော့ ထားတဲ့ နွားနို့လိုမျိုးကိုပဲ မှာသောက်သင့်ပါတယ်။
(၄) နေ့စဉ်အသီးအနှံ များများစားပါ
အသီးအနှံတွေစားတာဟာ ဗီတာမင်ဓာတ်ရဖို့ တင်မကပါဘူး။ အသီးအနှံတိုင်းမှာ ဖိုင်ဘာ လို့ခေါ်တဲ့ အမျှင် ဓာတ်တွေ အများကြီးပါပါတယ်။ ဒီအမျှင်ဓာတ်တွေက သင့်ကို ဗိုက်ပြည့်စေပြီး၊ ဝလာမှာတော့ မဟုတ်ပါ ဘူး။ ဒီလို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေကို ဗိုက်အပြည့်စားထားရင် ကယ်လိုရီဓာတ်များတဲ့ အာလူး ကြော်လို၊ ကွတ်ကီးလိုမျိုးတွေကို သိပ်မစားဖြစ်တော့ဘူးပေါ့။
(၅) မနက်စာကို မစားပဲ မနေပါနဲ့
မနက်စာဟာ သင့်ရဲ့ တနေ့တာ ဇီဝကမ္မဖြစ်စဉ်ကို စတင် စက်နှိုးပေးလိုက်သလိုပါပဲ။ ဇီဝကမ္မဖြစ်စဉ်ဟာ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို တစ်နေ့တာ အလုပ်လုပ်ဖို့ ခွန်အားတွေ ဖြစ်စေပါတယ်။ မနက်စာ မစားမိတဲ့ လူတွေဟာ နေ့လည်နဲ့ ညဖက်တွေမှာ ဗိုက်ပိုဆာစေလို့၊ သာမန်ထက် ပိုစားမိတတ်ပါ တယ်။ ဒါကြောင့် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် မနက်စာကို ပုံမှန် မစားတဲ့သူတွေက ကယ်လိုရီပမာန ပိုများပါတယ်။
ကျန်းမာ ပျော်ရွှင်တဲ့ ဘ၀မျိုးကို လူသားအားလုံး ပိုင်ဆိုင်နိုင်ကြပါစေသော် ....
Myanmaritpalace မှတဆင့် ပြန်လည်ဝေမျှသည်..
Extra Nipples နို့သီးအပို (+18) ......................
Thursday, September 26, 2013

Thu, Sep 26, 2013 at 11:00 AM
သမီးက အသက်(၂၁)အရွယ် အိမ်ထောင်သည် ကိုယ်ဝန်ဆောင်တစ်ယောက်ပါ။ ကိုယ်ဝန်က (၂၅) ပတ်
ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ညာဘက်ချိုင်းမှာ (အတွင်းဘက် ရင်သားအထက်) အကျိတ်တစ်ခု တွေ့တာနဲ့ ပြနေတဲ့ OG ဆီကို သွားပြတော့ မစိုးရိမ်ရပါဘူးလို့ ပြောပါတယ်။ နို့အပို တစ်ခုထွက်တာလို့ ပြော ပါတယ်။ တဖြည်းဖြည်း ကြီးလာပြီး အတံလေးထွက်လာမယ်၊ နောက်အရည်လေးတွေလည်း ထွက်လာမယ် လို့ ပြောပါတယ်။ မွေးပြီးမှ ချပ်သွားမယ်လို့လည်း ပြောပါတယ်။ အကျိတ်က သိပ်မကြီးသလို နာလည်းမနာ ပါဘူး။ ရှိမှန်းတောင် မသိသာပါဘူး။ ကိုင်ကြည့်ရင်တော့ အထဲမှာ အစိလေးတွေ အများကြီးပါ။ နာသလို ခံစားရပေမယ့် ခံနိုင်ပါတယ်။ ရင်သားကင်ဆာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ သမီးတို့ဆီမှာလည်း
မျိုးရိုးမရှိပါဘူး။ အကျိတ်ရှိမှန်းမသိခင် ၂ ရက်အလိုလောက်က ညဘက် ခြေထောက်မည်းနေလို့ ဆိုပြီး ရေ တော့ဆေးမိပါတယ်။ ဒူးကနေလောင်းမဆေးဘဲ အလွယ်ပဲ ပိုက်ဖွင့်ပြီး ခြေမျက်စိကနေဘဲ ဆေးလိုက်ပါ တယ်။ ဆေးပြီးတော့ အပူတွေ ပျံလာသလို ခံစားလိုက်ရပါသေးတယ်။ နောက်နှစ်ရက်လောက်နေတော့ ချိုင်းမွှေးနှုတ်ရင်းနဲ့မှ အကျိတ်ရှိနေမှန်း သိတာပါ။ နို့အပိုထွက်တယ်ဆိုတာ တကယ်ရှိသလားဆရာ။ ဘာ ဆက်လုပ်သင့်ပါသလဲဆိုတာ ဖြေပေးပါဦး ဆရာ။
• Accessory nipples အပိုနို့ လို့လဲခေါ်တယ်။ Third nipples တတိယ နို့လို့လဲ ခေါ်တယ်။
• Extra nipples နို့သီးအပိုဟာ လူတယောက်မှာ သန္ဓေဘဝကတည်းက ရှိနေခဲ့နိုင်တယ်။
• ရုတ်တရက်ကြည့်ရင် မှည့်လိုလို၊ အရေးအကြောင်းလိုလိုမြင်ရတယ်။ တကယ့် ပုံမှန်နို့တွေနဲ့ အဆက်အ စပ်မရှိပါ။
• မိန်းမသာမက ယောက်ျားရောပါ အဲလိုဖြစ်နိုင်တယ်။
• အဲဒီနို့သီးဟာ Milk lines နို့လမ်းကြောင်းလို့ခေါ်တဲ့ပုံထဲမှာ မျဉ်းကြောင်းတွေတလျှောက် ဘယ်နေရာမှာ မဆို ရှိနိုင်တယ်။
• နို့သီးသာမက တခါတလေမှာ Extra breast tissue နို့ (တစ်ရှူး) တွေရောပါရှိနိုင်တယ်။ Polymastia လို့ ခေါ်တယ်။
• အဲတာမှာ Mammary glands နို့ထွက်အိတ်လေးတွေရှိနေမဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ရင် Breast milk နို့ရည်ပါ ထွက်နိုင်တယ်။
• အဌမမြောက် ဟင်နရီဘုရင့် မိဘုရား Anne Boleyn (အယ်နီ ဘိုလင်း) မှာ ရှိတယ်။
• ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ လူဆိုး လုပ်ရသူ Scaramanga မှာလဲ ရှိတယ်လို့ သရုပ်ဆောင်ရတယ်။ ဒါကြောင့် မျိုးဗီဇနာမည်ကို Scaramanga gene လို့ ပေးလိုက်ကြတယ်။
• စိုးရိမ်စရာမရှိပါ။ ဒါပမဲ့ ရင်သားကင်ဆာ သီအိုရီအရ ဖြစ်နိုင်တယ်။
• ကံဆိုးသူတချို့မှာ အဲလို ပုံမှန်ဟုတ်တာနဲ့ တခြားမွေးရာပါရောဂါ တွဲရှိတတ်တယ်။ ဥပမာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ။ နို့သီးအပိုက ပေါင်ခြံနေရာမှာရှိပြီး Paget's disease ရောဂါဖြစ်တာလဲရှိတယ်။
• ဘယ်လိုမှမနေရင် နေလို့ရတယ်။ ပြောင်းလဲမှုကိုတော့ တသက်လုံးဂရုစိုက်နေပါ။
• စိုးရိမ်ရင် ခွဲစိတ်ထုတ်ပြစ်နိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၃
၁၁၅ မိုင် ယာဉ်ရပ်နားစခန်း ပျံကျ ဈေးဆိုင်တန်းများ ရှင်းလင်း ................................
Thursday, September 26, 2013
တောင်ငူ၊ စက်တင်ဘာ ၂၄
ဖြူးမြို့နယ် ဒိုင်းတစ်ရာကျေးရွာ အုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ ပျံကျဈေးဆိုင် ၁၅၀ ခန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၄ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော လူ ၂၀၀ ခန့်ဖြင့် ရှင်းလင်းခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပျံကျဈေးဆိုင်များကို ရွှေ့ပြောင်းရန် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ အချိန်ပေးခဲ့ပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ရှင်းလင်း ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း၊ ပျံကျဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များ ကိုယ်တိုင် ဖျက်သိမ်းခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ပြီးစီးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
၁၁၅ မိုင် ယာဉ်ရပ်နားစခန်း သန့်ရှင်းသာယာလှပရေး၊ မီးဘေး ကာကွယ်ရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် အနားယူ အပန်းဖြေနိုင်ရေးအတွက် ပလက်ဖောင်းပေါ် ရောင်းချသည့် ပျံကျဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချနေခြင်း ကို ပိတ်သိမ်းရန် မြို့နယ်အုပ်ချုပ်ရေးရေး အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောဆိုသည်။
အမြန်လမ်း စီမံကိန်းကြောင့် မြေသိမ်းဆည်းခံရကာ လုပ်ကိုင်စားသောက်ရန် မြေမရှိ သဖြင့် ဈေးရောင်းချ နေရခြင်းဖြစ်ပြီး ဈေးရောင်းခွင့် အပိတ်ခံရမှုကြောင့် မည်သို့ လုပ်ကိုင်စားသောက်ရမည်ကို မသိရှိကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စားဝတ်နေရေးအတွက် စဉ်းစားပေးစေလိုကြောင်း အမြန်လမ်း တည်ဆောက်ရေး စီမံကိန်းကြောင့် လယ်မြေ ၂ ဒသမ ၇ ဧက သိမ်းဆည်းခံ ခဲ့ရသဖြင့် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် ပျံကျဈေးဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်ဝိုင်းကြည်က ပြောကြားသည်။
၂၀၀၇ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းကြောင့် ဖြူးမြို့နယ် ဒိုင်းတစ်ရာ ကျေးရွာ အနီးတစ်ဝိုက်ရှိ ရွာပေါင်း ၁၅ ရွာမှ ဒေသခံများ၏ လယ်ယာမြေများ သိမ်းဆည်းခံရသဖြင့် သိမ်း ဆည်းခံရသူများက ၂၀၁၂ ခုနှစ်တွင် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ ပျံကျ ဈေးဆိုင်များ ဖွင့်လှစ်ခဲ့ရာ မဖယ်ရှားမီ ကာလအထိ ဆိုင်ပေါင်း ၂၀၀ ခန့် ရှိကြောင်း ပိတ်သိမ်းခံ ပျံကျဈေးဆိုင် ပိုင်ရှင်များက ပြောကြားသည်။

Thit Htoo Lwin - News
အနှိပ်စက်ခံ ကမ္ဘောဒီးယား အမျိုးသမီးများဘဝ ..............................................
Thursday, September 26, 2013
အိပ်ရာကထပြီး မတ်မတ်လေး ထိုင်ရန်မှာ ဆိုဖောင်းအတွက် အလွန်ခက်ခဲ လွန်းလှသည်။
သူမ ကလေးများ အကူအညီဖြင့် သစ်သားအိမ်ငယ်လေးအတွင်း သွားလာနေထိုင်ရသည်။
တစ်အိမ်လုံး ဆေးနံ့တွေကလည်း ပျံ့နှံ့နေသည်။
ဆိုဖောင်းအသက် ၅၉ နှစ်ရှိပြီ။ ယမန်နှစ်က သူမသည် အိမ်ထဲမှ “ကယ်ကြပါရှင်” ဟုအော်ပြီး ပြေး ထွက်လာသည်။ သူမ အော်သံက ထိတ်လန့်စရာ ကောင်းလှသည်။ လက်ကားရား ခြေကားရား ဝှေ့ယမ်းအော် ဟစ်ပြီး သူမပြေးထွက်လာခြင်း ဖြစ်သည်။ သူမတစ်ကိုယ်လုံး ဓာတ်ဆီတွေ ရွှဲနေပြီး အပေါ်ပိုင်းတွင် မီးတွေစွဲနေသည်။ အိမ်နီးနားချင်းတွေက ပြေးထွက် လာကြပြီး မီးကိုဝိုင်း ငြှိမ်းလိုက်ကြသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး မီးလောင်ကျွမ်းမှုကို ခံစားခဲ့ရသည်။
ဆိုဖောင်းသည် ကမ်ပေါ့ တိုက်နယ်ဆေးရုံတွင် ဆယ်ရက်ခန့် ကုသမှု ခံယူလိုက်ရသည်။ ဆေးကုသမှု ခံယူပြီးနောက် သူမကို မီးရှို့ခဲ့သည့် အသက် ၅၀ အရွယ် ခင်ပွန်းသည် မောင်ဆင်းနှင့် အတူပြန်နေရန် အိမ်ငယ်လေးဆီသို့ ပြန်ခဲ့ရသည်။
မီးရှို့ခံရသည့်နေ့ မတိုင်မီက ဆိုဖောင်းနှင့် မောင်ဆင်းတို့ စကားများခဲ့ကြသည်။ စစ်သားတစ်ယောက် ဖြစ်သည့် မောင်ဆင်းက ဇနီးသည်ကို အသံမထွက်နိုင်သည်အထိ ရိုက်နှက်ပြီးနောက် တံခါးပိတ်ကာ ထားခဲ့သည်က များသည်။ နောက်တစ်နေ့တွင် ဆိုဖောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မထွက်ပြေးဖို့ ကြိုးစားသေးတယ်။ သူဓာတ်ဆီတွေ လာလောင်းကတည်းက မီးရှို့တော့မှာပဲဆိုတာ သိနေတယ်။ ဒါပေမဲ့ သူက ကျွန်မကို ချုပ်ထားတော့ မပြေးနိုင်ဘူး။ နောက်မှ မီးရှို့လိုက်တာ” ဟု ဆိုဖောင်းက ပြန်ပြောပြခဲ့သည်။
သူတို့ အိမ်ထောင်သက်က နှစ်ပေါင်း ၂၀ ခန့် ရှိပြီးမှ ကြမ္မာငင်သော ထိုနေ့သို့ ရောက်ခဲ့ရခြင်း ဖြစ်သည်။ ထိုနေ့မတိုင်မီကလည်း ဆိုဖောင်းတစ်ယောက် ခွေးရိုက် နွားရိုက် ရိုက်ခံခဲ့ရခြင်းများ၊ အလိုမတူဘဲ အဓမ္မအကျင့်ခံခဲ့ရခြင်းများနှင့် အိမ်ထောင်သည်ဘဝ တစ်လျှောက်လုံး ငရဲကျနေသလို ခံစားခဲ့ရသည်။
“ကျွန်မ သူ့ကိုထားပြီး ထွက်သွားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ သူပြင်လာမှာပါထင်ပြီး သည်းခံခဲ့တယ်” ဟု သူမရင်ဘတ်ပေါ်ရှိ ကန့်လန့်ဖြတ် ဒဏ်ရာကြီးပေါ်သို့ လာနားသော ယင်ကောင်များကို မောင်းထုတ်ရင်း ပြောသည်။ နောက်ပြီး သူမတွင်ရှိသော ကလေးငါးယောက်အတွက် သူ့လုပ်စာ တစ်ခုတည်းကိုသာ မှီခိုနေရသဖြင့် သူမတွင် ရွေးချယ်ခွင့် မရှိခြင်းကို ဆွေးမြည့်စွာ ထုတ်ဖော်ရှာသည်။
ကမ္ဘောဒီးယားနိုင်ငံ အနှံ့အပြားတွင် အမျိုးသမီးများ အကြမ်းဖက် ခံရခြင်းများသည် ယနေ့အထိ ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ် ဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံအရလည်း အိမ်ထောင်ရေး ကွာရှင်းရန်ခွင့်မပြု။ သူတို့ လူ့ဘောင်အဖွဲ့အစည်းတွင် ဇနီးဖြစ်သူသည် ခင်ပွန်းဖြစ်သူကို ရိုသေပြီး ပြောသမျှ လိုက်နာရမည်သာ ဖြစ်သည်။ ခင်ပွန်းသည်က ဘာလုပ်လုပ် ခံမပြောနဲ့ နားထောင်ဆိုသည့် ဘဝနှင့်သာ သူတို့နေထိုင်ကြရသည်။
ကမ္ဘောဒီးယားနိင်ငံ၏ ရိုင်းစိုင်းသော ယောက်ျားများ ဓလေ့အတိုင်း မောင်ဆင်းသည် ဇနီးသည်ကို သေလောက်အောင် ကြံစည်ထားသော်လည်း အရေးယူခံရခြင်း မရှိခဲ့ပေ။ ထိုသို့ အပြစ်လုပ်သူကို ဓလေ့ဖြင့် ဖုံးလွှမ်းပြီး အရေးယူနိုင်မှု မရှိခြင်းကပင် ယဉ်ကျေးသော လူ့ဘောင်ကြီး တစ်ခုလုံးကို စော်ကားနေသလို ဖြစ်သည်။
ကမ္ဘောဒီးယားရှိ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများကလည်း ဓလေ့ထုံးစံအရ ငုံ့ခံနေသူတွေများ သောကြောင့် အထောက်အထားများ ရနိုင်မှု ခက်ခဲကြောင်း ပြောကြသည်။ အမျိုးသမီးတို့ ဘဝသည် အိမ်ထောင်ကျသည်နှင့် လင်ယောက်ျား လုပ်သမျှခံ၊ ပေးသမျှယူ၊ ကျွေးသမျှစားကာ ခင်ပွန်းသည်အပေါ် လုံးဝမှီခို နေကြရသဖြင့် အစိုးရလည်း တစ်ခုခုကို အရေးယူခြင်းထက် ခေါင်းရှောင်နေသည်က များသည်။
“အမျိုးသမီးတွေ သူတို့ဘယ်လောက်ပဲ အကြမ်းဖက် ခံရသည်ဖြစ်စေ နှုတ်ဆိတ်နေတာက အကြောင်းရှိတယ်။ သူတို့မှာ အခြားရွေးချယ်ခွင့်ဆိုတာ ဘာမှရှိကြတာ မဟုတ်ဘူး။ ယောက်ျားကို ဆန့်ကျင်ရင် အသိုင်းအဝိုင်းက ကဲ့ရဲ့ပြစ်တင်ကြမယ်။ မထင်ရင် မထင်သလို ယောက်ျားရဲ့ လက်တုံ့ပြန်တာကိုလည်း ခံရဦးမယ်” ဟု ကုလသမဂ္ဂ အမျိုးသမီးရေးရာ အတိုင်ပင်ခံ ဖရေရာ လာဆင်က ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ Licadho တွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ၂၀၁၂ ခုနှစ်တွင် အမျိုးသမီးများ အကြမ်းဖက် အနိုင်ကျင့်ခံရမှုပေါင်း ၃၀၄ မှု ရှိခဲ့ပြီး၊ သူတို့ခင်ပွန်းသည်များ၏ သတ်ဖြတ်မှုကို ခံရသူလေးဦး ရှိကြောင်း ပြောကြားသည်။
“ပြည်တွင်းမှာ နှိပ်စက် အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီး ပြဿနာတွေ အများကြီး ရှိတယ်။ တကယ်လို့ အဲဒီအမျိုးသမီးတွေက သက်ဆိုင်ရာကို တိုင်ကြားချင်တယ်ဆိုရင် ကျွန်မတို့က ကူညီပေးဖို့ အသင့်ရှိတယ်။ ဒါပေမဲ့ ပြဿနာအများစုက သူတို့ယောက်ျားတွေ လာချော့လိုက်ရင် ပျော့ပြီး ပြန်ပါသွားကြတာများတယ်” ဟု Licadho အဖွဲ့ကို ထူထောင်သူ စောချန်ဟွန်းက ဆိုသည်။
၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသမီးရေးရာ ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာအရ ကမ္ဘောဒီးယား နိုင်ငံအမျိုးသမီး ၄၀ ရာခိုင်နှုန်းခန့်သည် အကြမ်းဖက် အနိုင်ကျင့်မှုများ ခံစားနေကြရကြောင်း သိရသည်။ အထူးသဖြင့် အိမ်တွင်း၌ ကျိတ်ပြီး နှိပ်စက်မှုများကို ခံနေကြရခြင်း ဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီး ၃၀၀၀ လောက်မှာ ကြိုးတုပ်ပြီး အရိုက်ခံကြရသည်။ ပမာဏအားဖြင့် ၂၀ ရာခိုင်နှုန်းခန့် ဖြစ်သည်။ ၇ ရာခိုင်နှုန်းသည် လည်ပင်းညှစ်ခြင်းနှင့် မီးရှို့ခြင်းများကို ခံစားနေကြရသည်။
“မိန်းမတွေကို သူတို့ယောက်ျားတွေက ပြဿနာမရှာနဲ့ ငတ်သွားမယ်လို့ ပြောနေနိုင်တာကိုက သဘာဝ မကျသေးဘူး။ ကမ္ဘာပေါ်မှာ ဒီလို အိမ်ထောင်ကျလိုက်တာနဲ့ အနှိပ်စက်ခံရမယ်ဆိုတာ ပြဿနာတစ်ရပ် အနေနဲ့ ရှိနေသေးတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာ အဲဒီလို ယောက်ျားတွေကို အပြစ်မပေးနိုင်တာကလည်း အားနည်းချက် တစ်ခုလို ဖြစ်နေတယ်” ဟု ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အမျိုးသမီးရေးရာ ဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မူဆိုချောက ဆိုသည်။
ကမ်ပေါ့ကျေးရွာသူ ကျေးရွာသားတွေကလည်း မိမိတို့ရွာ အတွင်း မောင်ဆင်း၏ နှစ်ပေါင်းနှစ်ဆယ်ခန့် လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းနေမှုကို မသိဟုဆိုခြင်းမှာ လူမှုရေး အသိစိတ်နှင့် အကြင်နာတရား ခေါင်းပါးသည်ဟု ဆိုနိုင်ခြင်းထက် ဓလေ့ထုံးစံ များကြောင့်သာ ဖြစ်မည် ထင်သည်။
“မောင်ဆင်းကို ကြည့်ရတာ လူကောင်းတစ်ယောက်ပါ။ ယဉ်ကျေးတယ်၊ ခင်မင်စရာ ကောင်းတယ်။ သူ့ကို လူတိုင်းသဘောကျကြတယ်။ သူဒီလိုလုပ်မယ့် လူတစ်ယောက် မဟုတ်ပါဘူး” ဟုပင် ရွာလူကြီး ခန်ဆာမောင်းက ထောက်ခံပေးလိုက်သေးသည်။
ကမ်ပုံ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ရို့သ်ဆမ်အန်းအား မောင်ဆင်းကို အဘယ်ကြောင့် မဖမ်းရသနည်းဟု မေးလိုက်သော အခါတွင် သူက “တိုင်မှမတိုင်တာ ဘယ်လိုအရေးယူလို့ ရမှာလဲ။ တိုင်မှကျုပ်တို့ရဲတွေကလည်း ဥပဒေကြောင်းအရ အရေးယူလို့ရမှာပေါ့” ဟု ပြောကြားသည်။
“ကျုပ်တို့ အဲဒီအမှုကို ကြားပါတယ်။ သွားပြီးတော့တောင် မေးခဲ့သေးတယ်။ ဒါပေမဲ့ သူ့ကို ဖမ်းလို့မရ ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ မိသားစုဝင်တွေက အမှုမှ မဖွင့်တာ” ဟု ဆမ်အန်းက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် လူသတ်မှု၊ ဓားပြမှုတို့လောက်က လွဲပြီး လင်မယားချင်း အနိုင်ကျင့်မှုများမှာ မတိုင်လျှင် အရေးယူနိုင်ခြင်း မရှိပေ။
“တကယ့်ပြဿနာက မောင်ဆင်းမှာ စိတ်ဝေဒနာ နည်းနည်း ရှိတယ်။ သူလည်း ဒဏ်ရာရထားတာပဲ။ ခုဆိုရင် သူလည်းမကျန်းမာဘူး။ သူနေကောင်းမယ်ဆိုရင် ကျုပ်တို့လည်း ဥပဒေအရ အပြစ်ပေးနိုင်မယ် ထင်တယ်” ဟု စိတ်ဝေဒနာကို အကြောင်းပြပြီး ရဲက အမှုကို လျှောချသွားခဲ့သည်။
ဆိုဖောင်းကမူ သူမအနေနှင့် နှိပ်စက် မီးရှို့ခံရပြီးနောက် ရဲစခန်းသို့ တိုင်ကြားလိုသော်လည်း ကျေးရွာ လူကြီးက သူမကိုရဲမတိုင်ရန် ဖိအားများ ပေးခဲ့သည်ဟု ဆိုသည်။ ပြီးတော့ ရဲသွားတိုင်လို့လည်း အပိုပဲ မောင်ဆင်းကို အရေးယူလို့မရကြောင်း လာပြောခဲ့သည်။
“မိသားစုက မောင်ဆင်းကို ဖမ်းစေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က အဲဒီလိုလုပ်လို့ အကျိုးမရှိနိုင်ဘူးလို့ သူတို့ကို ပြောခဲ့တယ်” ဟု ရွာလူကြီးကလည်း ဆိုသည်။
ရွာလူကြီးက ဆက်ပြီး “ဒါမျိုးတွေ မကြာခဏ ဖြစ်နေတာပဲ။ အဲဒီလို ဖြစ်လာလို့ လုပ်တဲ့ကောင်တွေကို ဖမ်းပြီးထောင်ချရမယ် ဆိုရင်လည်း မိသားစုတွေအတွက် ပိုပြီးကောင်းလာမှာမှ မဟုတ်တာ” ဟု ပြောခဲ့သည်။
ဆိုဖောင်းသည် ယခုအခါ ပြည်တရွှဲရွှဲ ဖြစ်နေသည့် အနာများနှင့် အင်္ကျီကိုပင် မဝတ်နိုင်ပေ။ ဆေးရုံက ဆင်းခွင့် ပြုလိုက်ကတည်းက သူမယောက်ျားနှင့် မည်သို့ မျက်နှာချင်းဆိုင်ပြီး ပြန်နေရမည်ကိုပင် မတွေးနိုင်လောက်အောင် ခေါင်းရှုပ်နေခဲ့သည်။
“သူ ကျွန်မကို စကားပြောပါ့မလားတော့ မသိဘူး။ ကျွန်မကတော့ သူ့ကို အိမ်ပေါ်က ဆင်းသွားခိုင်းမယ်။ ဒါပေမဲ့ သူက နှုတ်နည်းနည်းနဲ့ ရက်စက်တတ်တာဆိုတော့ ပြောရခက်တယ်။ ခုထိ သူအိမ်က ထွက်မသွားသေးဘူး” ဟု ဆိုဖောင်းက ပြောသည်။
နိုင်ငံအနှံ့ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း ဘေးမှ ကင်းဝေးစေရန် အမျိုးသမီး စောင့်ရှောက်ရေး အဖွဲ့များသည် ကုလသမဂ္ဂ၏ အထောက်အပံ့များဖြင့် လှုပ်ရှားမှုများကို ပြုလုပ်ကြသည်။ အထူးသဖြင့် White Ribbon လှုပ်ရှားမှုကို ဆောင်ရွက်ကြသည်။ အမျိုးသားများကို အမျိုးသမီးများ၏ အခွင့်အရေးများ ပညာပေးကြသည်။ ဂျာမန်နှင့် စပိန်အစိုးရတို့ကလည်း The Good Men လှုပ်ရှားမှုကို ဦးဆောင်ပြီး အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ အခွင့်အရေးအတွက် ပညာပေးမှုများ ပြုလုပ်နေကြသည်။
“တစ်နှစ်၊ ၂ နှစ်လောက်ဆိုရင် စိတ်ထားတွေ ပြောင်းကုန်မယ် ထင်ပါတယ်။ လူတွေရဲ့ အလေ့အထ စရိုက်တွေကို ပြောင်းရလိမ့်ဦးမယ်။ အချိန်တော့ ယူရမှာပေါ့” ဟု စပိန် NGO Paz Y Desarrollo အဖွဲ့ခေါင်းဆောင် ဒေသကိုယ်စားလှယ် စတီဖာနိုဘရီဂိုနီက ဆိုသည်။ သူက The Good Men အဖွဲ့တွင် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ပေးနေသူလည်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ဥပဒေကို နိုင်ငံတော် အစိုးရကလည်း ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုဥပဒေတွင် ပါရှိသည် အားနည်းချက်များကို လူ့အခွင့်အရေး လှုပ်ရှားသူများ အဖွဲ့ကလည်း ထောက်ပြ ဝေဖန်နေကြသည်။ ဥပဒေအရ “သင့်တော်သလို ပိုင်းဖြတ်ရန်” ဆိုသည့်စကားသည် ဇနီးမယားနှင့် သမီးသားတို့အတွက် အခွင့်အရေးများ ဆုံးရှုံးသလို ဖြစ်နေသည်။ ယောက်ျား ၏ ပြုမူလုပ်ဆောင်ချက်သည် စည်းကမ်း လိုက်နာစေရန်နှင့် ပညာပေးသည့် သဘောမျိုး ဖြစ်ပြီး စိတ်ထားကောင်းစွာဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပိုင်းဖြတ်ခြင်း ခံရလျှင် ထိုခင်ပွန်းယောက်ျားကို အပြစ်ပေး အရေးမယူနိုင်ခြင်းက ဥပဒေကို လက်တစ်လုံးခြား လှည့်စားထားသလို ဖြစ်နေသည်။
မယားကို မီးရှို့ပြီးနောက်တွင်လည်း မောင်ဆင်းသည် ဆက်လက် နှိပ်စက်မြဲ ဖြစ်သည်။ ရွာလူကြီးက သူ့ကို ရှစ်လတိတိ အိမ်ကထွက်သွားရန် အမိန့်ထုတ်လိုက်သည်။
“ဆိုဖောင်းက ကျွန်တော့်ဆီလာပြီး မောင်ဆင်းနဲ့အတူ မနေနိုင်ပါဘူးလို့ လာပြောတယ်။ သူ့ကို မောင်ဆင်းက အဓမ္မကျင့်တယ်။ သူ့သမီးကိုလည်း အဓမ္မကျင့်ဖို့ ကြိုးစားတယ်လို့ လာတိုင်တယ်။ ဒါကြောင့် အဲဒီကောင်ကို သူ့မိဘတွေဆီ ပြန်နေဖို့ ကျွန်တော် အမိန့်ထုတ်ထားတယ်” ဟု ရွာလူကြီးက ဆိုသည်။
မောင်ဆင်းသည် ယခုအခါ နှစ်မိနစ်လောက် လမ်းလျှောက် သွားလျှင် ရောက်နိုင်သည့် သူ့မိဘများ အိမ်သို့ ရောက်နေသည်။ သူ့အိမ်က လှမ်းကြည့်လျှင်ပင် ဇနီးနှင့် သားသမီးများကို မြင်နိုင်သည်။
ဆိုဖောင်းကမူ “သူမရှိမှ အေးတော့တယ်” ဟု ဆိုလာသည်။ သူမအနေနှင့် လူတွေက ဘယ်လိုပြောပြော ဂရုမစိုက်တော့ကြောင်းလည်း ပြောလာသည်။
“ခုဆိုရင် ကျွန်မအနေနဲ့ ယောက်ျားမရှိလည်း ဘာမှမဖြစ်တော့ဘူး။ ကျွန်မကို မီးရှို့ထားတဲ့ ကောင်လို့ တွေးလိုက်တိုင်း ဖြေသာမိတယ်” ဟု သူမက ဆိုလိုက်သည်။
Ref : Beaten and Burned, by Denise Hruby (GLOBE, April 2013)
(အယ်ဒီတာတစ်ဦး) - The Voice Weekly

ကိုယ်လက်လေ့ကျင့်ခန်းနှင့် အာဟာရ ပြည့်ဝသော အစားအသောက်များ အရက်နှင့် ဆေးလိပ်ကင်းစင်ရေးအတွက် မူဝါဒချမှတ်
အရှေ့တောင်အာရှတွင် လူငယ်သုံးဦးလျှင်တစ်ဦး သွေးတိုး၊ နှလုံးစသည့် မကူးစက်သည့် ရောဂါများ ဖြစ်ပွားနေ
“သွေးပေါင်ချိန်တက်တာ သတိထားရမယ့် အခြေအနေတစ်ခုရောက်နေရင် ထိထိရောက်ရောက် ဖြေရှင်းဖို့ လိုနေပါပြီ။ ဒီရောဂါဟာ နှစ်အတော်ကြာ ရောဂါလက္ခဏာမပြပဲ ရုတ်တရက် လေဖြတ်ဖို့ အခြေအနေ ပိုများပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ဒေါက်တာ မာဂရက်ချန်းက ပြောသည်။
သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးမှု တတိယအမြင့်ဆုံး ရောဂါဖြစ်ပြီး တစ်နှစ်လျှင် အဆိုပါ ရောဂါကြောင့် လူကိုးသန်းခန့် နှစ်စဉ်သေဆုံးလျက်ရှိသည်ဟု ဆိုသည်။ စက်တင်ဘာ ဒုတိယပတ်တွင် ကျင်းပခဲ့သော အဆိုပါ အစည်းအေ၀း၌ ကျန်းမာသော လူနေမှုဘ၀များ ရရှိစေရေးအတွက် ကဏ်ဏ္ဍာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်လက်လေ့ကျင့်ခန်းနှင့် အာဟာရ ပြည့်ဝသော အစားအသောက်များ အရက်နှင့် ဆေးလိပ်ကင်းစင်ရေးအတွက် မူဝါဒချမှတ်မှုများ ပိုမိုဖြစ်ပေါ်လာစေရန်၊ ဆားသုံးစွဲမှု လျော့ချရေးနှင့် အစားအသောက်များတွင် ဆားပါဝင်မှုနှုန်း လျော့ရန်၊ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုကို ကာကွယ်ရေးနှင့် ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
Myanmar ICT
Thursday, September 26, 2013
ချစ်သူဟောင်းကို အဓမ္မ ပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရိုက် အွန်လိုင်း တင်သူကို ဖမ်းဆီး..................

အမျိုးသား တစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူ မိန်းကလေးဟောင်းကို
မိမိ၏ နေအိမ်သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူ ပါဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး
အ၀တ် အစားများကို ချွတ်၍ လက်ပြန် ကြိုးတုတ်ကာ ဖုန်း ကင်မရာဖြင့် ဓာတ်ပုံများ ရိုက်ပြီး မိန်းက
လေး၏ ညီမဖြစ်သူထံ အွန်လိုင်းမှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်
မှန်ကို သိရှိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော အမှုမှ တရားခံကို ဖမ်းမိထားရှိပြီး
ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ
သံတော်ဆင့်သို့ ပြောသည်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မ—- (၂၆)နှစ်၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်
ကွက်တွင် နေထိုင်သူသည် ပျဉ်းမနား ဆင်ရတနာ မီးပွိုင့်အနီး ရှိနေစဉ် လွန်ခဲ့သော ၃ နှစ်ခန့်က ချစ်
သူသမီးရည်စား ဖြစ်ခဲ့ဖူးသူ ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက်၊
ပျဉ်းမနားမြို့နေသူ ရောက်ရှိလာပြီး မ—– ကို ဆဲဆိုကြိမ်းဝါးပြီး ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ
အိပ်ယာခုတင်ပေါ် တွန်းလှဲခဲ့ကာ …မ—- ၏ အ၀တ်အစားများကို အကုန်ချွတ်၍ သားမယားအဖြစ်
တစ်ကြိမ် ပြုကျင့်ကြောင်း၊ ၎င်းနောက် မ—- ကို လက်ပြန်ကြိုးတုတ်၍ ၎င်း၏ ဖုန်း ကင်မရာဖြင့် ဓာတ်
ပုံရိုက်ယူပြီး ၎င်းနှင့် ဆက်သွယ်ခြင်း မပြုလုပ်ပါက ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်မည်ဖြစ်
ကြောင်း ပြောဆိုရာ မ—- မှ ထိုကဲ့သို့ မပြုလုပ်ရန်၊ ရိုက်ယူထားသော မိမိပုံများအား ဖျက်ပေးပါရန် ငို
ယို တောင်းပန် အသနားခံ ပြောဆိုသော်လည်း ပုံများဖျက်ပေးခြင်း၊ လက်မခံခဲ့သည့်အပြင် ပြည်ဖြိုး
အောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက် နေထိုင်သူမှ မ—-၏ ညီမဖြစ် သူ မ—–
ကိုင်ဆောင်သော ဖုန်းသို့ မိမိရိုက်ထားသော ပုံများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က
အွန်လိုင်းမှ ပေးပို့ခဲ့သောကြောင့် မ—– ၏ မိခင်ဖြစ်သူ ဒေါ်—– က သိရှိပြီး ဖြစ်စဉ်အား မေးမြန်းခဲ့ရာမှ
သမီးဖြစ်သူ၏ ပြန်ပြောပြချက်အရ သိရှိခဲ့ကြောင်း၊ ထို့နောက် မ—– မှ ၎င်းအား အလိုမတူဘဲ အတင်း
အဓမ္မ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ကာယိနြေ္ဒ ပျက်ပြားစေလျက် အရှက်ခွဲခဲ့သူ ပြည်ဖြိုးအောင်အား
ဥပဒေအရ အရေးယူပေးပါရန် စက်တင်ဘာလ ၁၂ ရက်က တိုင်တန်းမှုကို ပျဉ်းမနားမြို့မ ရဲစခန်းမှ
(ပ) ၅၈၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး ဒုရဲမှူး မျိုးသန်းဝင်းမှ စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိသည်။
From: မိုးယဉ်ညို (နေပြည်တော်)
by Myanmar Daily Star Group
အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ ငှက်ချဉ်
Thursday, September 26, 2013
Greenland က Kiviak ခေါ် ထူးဆန်း ရိုးရာအစားအစာတစ်မျိုး...
ဒိန်းမတ်နိုင်ငံ Geenland က Kiviak ခေါ် ရိုးရာအစားအသောက် ပုံတွေပါ... Kiviak ဆိုတာက အမေရိက တိုက်မြောက်ပိုင်းက အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ တစ်မျိုးကို ခေါ်တာပါ...
ဒီရိုးရာအစားစာကို ဘယ်လို ပြုလုပ်သလဲဆိုရင်...
ဦးစွာ Auk
လို့ ခေါ်တဲ့ အတောင်တိုတို ကမ္ဘာ့မြောက်ပိုင်းပင်လယ်ငှက် အကောင်ရေ ၅၀၀
နီးပါးလောက်ကို ပကတိအကောင်အတိုင်း ပင်လယ်ဖျံအရေခွံထဲမှာ ထည့်လိုက်ပြီး
ချိတ်ပိတ်လိုက်ပါတယ်... ပြီးတော့ အထဲ ကို လေမ၀င်နိုင်အောင် အပေါ်ကနေ
ကျောက်တုံးကြီးကြီးတစ်လုံးနဲ့ ဖိထားလိုက်တယ်... ရက်သတ္တပတ် ပေါင်း
(၂၈)ပတ်လောက် ရှိပြီဆိုရင်တော့ အထဲမှာ ထည့်ထားတဲ့ ငှက်တွေက အချဉ်ပေါက်ပြီး
အသင့်စား သုံးလို့ ရပြီလို့ ဆိုပါတယ်... တနည်းအားဖြင့်တော့
ငှက်ချဉ်ပေါ့ဗျာ... ဒီရိုးရာအစားအစာကို အထူးသဖြင့် မွေးနေပွဲတွေနဲ့
လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးဆောင်ကြတယ်လို့ ဆိုကြောင်းပါ ခင်ဗျား....။
Ref: Barnorama
ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေ
Thursday, September 26, 2013
ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ်
ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ်
ထိုင်းနိုင်ငံတွင် ရေကြီးမှုများ နေရာအများအပြားတွင် ဖြစ်ပေါ်လျက်ရှိရာ ဒေသ
၂၉ ခုတွင် ရေကြီးမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂
ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်ကတည်းက
စတင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကို လူပေါင်း ၂ သန်းကျော် (၂,၁၀၈,၉၇၇) တို့
ကြုံတွေ့နေရသည်။ နိုင်ငံတစ်ဝန်း ရေကြီး မှုကြောင့် နေအိမ် ၆,၉၀၀ ခန့်၊
လမ်းအရေအတွက် ၂,၃၀၁ လမ်းနှင့် တံတား ၁၄၅ စင်းတို့ ပျက်စီးခဲ့ကြောင်း
ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန အကြီးအကဲ ချတ်ချိုင်း
ပရွန်လတ်က ပြောကြား သည်။ထို့အပြင် လယ်မြေဧရိယာအများအပြားလည်း ရေလွှမ်းမိုးခံခဲ့ရကြောင်း ၎င်းကဆိုသည်။ ထိုင်းမြောက်ပိုင်းတွင် ရေကြီးမှုကြုံနေရသည့် ဒေသများမှာ Pitsanulok, Phichit, Petchabun, Kamphaengphet, Nakhon Sawan နှင့် Uthai Thani တို့ဖြစ်ကြပြီး အရှေ့မြောက်ဘက်ရှိ Surin, Si Sa Ket, Ubon Ratchathani, Buriram, Nakhon Ratchasima, Amnatcharoen, Kalasin, Chaiyaphum, Yasothon နှင့် Mukdahan တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထို့အတူ ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် Lopburi, Saraburi, Prachuap Khiri Khan, Kanchanaburi, Ayutthaya, Angthong, Suphanburi နှင့် Chainat၊ အရှေ့ပိုင်းရှိ Prachinburi, Sakaeo, Nakhon Nayok နှင့် Chachoengsao တို့တွင်လည်း ရေကြီးမှုများ ကြုံတွေ့နေရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူ Chumphon ဒေသတွင်သာ ရေကြီး မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ ရေကြီးမှု ကြုံတွေ့ခဲ့သည့် ဒေသများအ နက် Kanchanaburi, Chumphon, Prachuap Khiri Khan, Nakhon Ratchasima နှင့် Kalasin တို့တွင် လက်ရှိအချိန်၌ ပုံမှန်အခြေ အနေ ပြန်ဖြစ်လာပြီဟုဆိုသည်။ ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးမှုများအတွင်း လူ ၉ ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
Planet Myanmar Network
Thit Htoo Lwin - World News
မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သံဓိဌာန်ချထားသည်ဟု ပတ္တရားသတင်းဌာန၏ သတင်း တစ်ရပ်တွင် ဖော်ပြ
ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးရန် မြှင့်တင်ရန် မြန်မာနိုင်ငံလိုလား
အောင်မင်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃
နယ်စပ်ဒေသများတွင် ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သံဓိဌာန်ချထားသည်ဟု ပတ္တရားသတင်းဌာန၏ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက်္ကဌ သူရဦးရွှေမန်းအား ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီုးမျေကညေါုညွှေညေါဏမအေ့နအက ညစာဖြင့် တည်ခင်း ဧည့်ခံအပြီးတွင် အစိုးရ အိမ်တော်သို့ သွားရောက်ကာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရင်လပ် ရှင်နာဝါတရာနှင့် တွေ့ဆုံခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် သူရဦးရွှေမန်းက ကုန်ပစ်္စည်း အရောင်းအ၀ယ်များ၊ ကုန်စည်ဖလှယ်ရေးများကို အကူအညီဖြစ်စေရန် အတွက် မိမိအနေဖြင့်နယ်စပ်ကုန်သွယ်ရေးနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအား ပြန်လည် သုံးသပ်ရန် ဆန်္ဒရှိကြောင်း ၀န်ကြီးချုပ် မစ္စရင်လပ်သို့ ပြောကြားလိုက်သည်။
ထို့အပြင် ၎င်းက မိမိအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်လိုခြင်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီယား၊ မလေးရှား၊ မြန်မာနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေး တန်ဘိုးများ မြှင့်တင်လိုသည့် ထိုင်းနိုင်ငံ၏ ဆန္ဒနှင့် ကိုက်ညီ သည်ဟုလည်း ပြောကြားခဲ့သည်။
အကယ်၍စီစဉ်ထားသည့်အတိုင်း ဖြစ်ထွန်းလာပါက ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏာအား ၂၀ ရာခိုင်နှုန်း အထိမြှင့်တင်နိုင်မည်ဖြစ်ပြီး ထိုင်း ဘတ် တစ်ထလီယံခန့် နှစ်စဉ်ရရှိလိမ့်မည် ဖြစ်သည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မိမိအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသောမြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမားများ အရေးအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့သည်။
ထိုင်းအစိုးရမှ တရားမ၀င်မြန်မာအလုပ်သမားများအား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် စာရင်းပေးသွင်းခြင်း အား တစ်နှစ်ခန့်တိုးမြှင့် ပေးလိုက်သောကြောင့် ယခုကဲ့သို့ ကျေးဇူးတင်ကြောင်း ပြောဆိုသွားခြင်း ဖြစ်သည်။ ထို့အပြင်မြန်မာအလုပ်သမား အနေဖြင့် ထိုင်းနိုင်ငံ၏ လုပ်ခလစာအဖြစ် တစ်နေ့လျှင် ထိုင်းငွေ ဘတ် ၃၀၀ ခန့် ရရှိစေသည့် အနိမ့်ဆုံးလုပ်ခလစာ မူဝါဒအပေါ်တွင်လည်း ကျေနပ်နေကြသည်ဟု ၎င်းကဆိုသည်။
ဆွေးနွေးပွဲ အဆုံးမသတ်ခင်တွင် သူရဦးရွှေမန်းက ထိုင်းနိုင်ငံ၏ တည်ငြိမ်မှု၊ သာယာဝပြောခြင်းနှင့် အထူးသဖြင့် ဒီမိုကရေစီ စနစ်တို့အပေါ်ချီးမွမ်းထောပနာပြုခဲ့သည်ဟု ပတ္တရားသတင်းတွင် ဖော်ပြထားသည်။

Wednesday, September 25, 2013
မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ အနှံ့တွင် ရေကြီးရေလျှံမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီ ၀န်းကျင်ခန့်မှ နံနက် ၈ နာရီအထိ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းအများစုတွင် ရေများပြည့်လျှံခဲ့ပြီး ယခုနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် ခရီးသွားလုပ်သား ပြည်သူများက သုံးသပ်ပြောကြား ခဲ့ကြသည်။
ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းလမ်းဆုံ၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ် စသည့်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည်။
ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်သား ပြည်သူများမှာ လိုင်းကားများပေါ်တွင် နာရီပေါင်းများစွာ ရှိနေခဲ့ရသဖြင့် အလုပ်ချိန် နောက်ကျမှုများနှင့် များစွာသော အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကားလမ်းမကြီး အများစု၌ အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အပိုင်းများကို အနည်းငယ် ထိခိုက်ခဲ့ရကြောင်း ခရီးသွား တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
"အနောက်မြင်းပြိုင်ကွင်း လမ်းကနေ အရှေ့မြင်းပြိုင်ကွင်း လမ်းနားမှာ ကားကကျပ်နေတာ လေးလမ်းသွား ဖြစ်သွားတယ်။ အဲဒီအချိန်မှာ အရေးပေါ် လူနာပါတဲ့ လူနာတင် ယာဉ်တစ်စီးက လမ်းပိတ်မိနေတယ်။ တခြားကားတွေက နားလည်မှုနဲ့ လမ်းဖယ်ပေးမယ့်လည်း အရှေ့မှာက တောက်လျှောက်ကြီး လမ်းပိတ်နေတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ကျွန်တော် ငှားလာတဲ့ ကားတောင် အဲဒီနေရာမှာ နှစ်နာရီလောက် ပိတ်မိခဲ့တယ်။ အဲဒီ လူနာတင်ယာဉ် ကားပေါ်မှာ ပါတဲ့လူနာက အရေးကြီးတဲ့ လူနာ။ ဆေးရုံကို အမြန်ဆုံး ရောက်ရမယ့် လူနာဆိုရင်တော့ မတွေးဝံ့တော့ပါဘူး" ဟု မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ သွားရောက်မည့် ဦးဇော်က ပြောကြားသည်။
"ကျွန်မတို့ ရပ်ကွက်က မိုးနည်းနည်းလောက် သည်းလိုက်တာနဲ့ အခွန်လွတ်ဈေးနားက နတ်ချောင်းက ရေတွေလမ်းပေါ်တွေကို တက်လာပြီး အိမ်တွေဆိုင်တွေထဲအထိ ရေတွေဝင်လာပါတယ်။ ကျွန်မ လက်ဖက်ရည်ဆိုင်ထဲမှာ စားသုံးသူတွေနဲ့ ရေတွေနဲ့ နပန်းလုံးနေပါတယ်။ သက်ဆိုင်ရာက ဒီချောင်းရေလျှံမှု၊ မြောင်းရေလျှံမှုတွေကို ရှင်းလင်းပေးခြင်းလည်း မရှိသလို ရေတွေဝင်လာတော့လည်း ကိုယ့်ဘာသာ ရှင်းလင်းခပ်ထုတ် နေရပါတယ်။ ဒီလိုမျိုးသာ မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ဆိုင်လည်းခဏခဏ ပိတ်နေရလို့ နေ့စဉ်ပုံမှန်ဝင်ငွေ ထိခိုက်ပါတယ်" ဟု တာမွေမြို့နယ်၊ အခွန်လွတ်ဈေး အနီးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒေါ်စန်းရီက ပြောကြားသည်။
ကားလမ်းမများတွင် ရေများ ပြည့်လျှံမှုကြောင့် ခရီးသည်တင် ဘတ်စ်ကားအချို့နှင့် ကိုယ်ပိုင်ယာဉ်များ စက်ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အလားတူ ခရီးသည်တင် ဘတ်စ်ကားအချို့ စက်ချို့ယွင်းမှုနှင့် လမ်းမပေါ်တွင် အချိန်အတော်ကြာ ပိတ်ဆို့နေမှုကြောင့် ခရီးသွားပြည်သူ အများစု မိမိသွားလိုသည့် နေရာများသို့ လမ်းလျှောက်ကာ ခရီးဆက်ခဲ့ရကြောင်း သိရသည်။
ရေများ ပြည့်လျှံနေသည့် လမ်းမများ၌ လမ်းလျှောက်သွားနေရသော ခရီးသွား ပြည်သူအချို့မှာ ရေမြောင်းအတွင်းနှင့် ချိုင့်ခွက်ကြီးများ အတွင်းသို့ ချော်ကျခြင်း၊ ပြုတ်ကျခြင်းအချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မနက်တုန်းကဆို ကျိုက္ကဆံ လမ်းမပေါ်မှာ ရေပြည့်လျှံနေတော့ လမ်းလျှောက်ပြီး သွားနေတဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦးက မြောင်းအပေါက်ထဲ ကျွံကျသွားလို့ ဘေးကလူတွေ ၀ိုင်းပြီးဆွဲတင် လိုက်ရတယ်။ တချို့လူသွားလမ်းက ကွန်ကရစ် အဖုံးတွေ ပျက်စီးနေတာတွေ၊ မရှိတာတွေက ဒီလိုရေကြီးတဲ့ အခါမျိုးဆိုရင် အသက်အန္တရာယ် အထိတောင် စိုးရိမ်ရပါတယ်" ဟု ကျောက်မြောင်း၊ သီတာလမ်းတွင် နေထိုင်သူ ကိုမင်းမင်းက ပြောကြားသည်။
"ရန်ကုန်မြို့မှာက မိုးရွာရင် ရေကြီးတာ၊ ကားလမ်းတွေ ပိတ်ဆို့တာက အမြဲတမ်း လိုလိုပါပဲ။ ဒါပေမဲ့ ဒီနေ့ကားတွေ ပိတ်ဆို့တဲ့ ပုံစံကတော့ ကျွန်တော့်အထင် ဒီနှစ်ဝန်းကျင်ပိုင်းမှာ အဆိုးရွားဆုံးလို့ပဲ သုံးသပ်ရပါတယ်" ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ကိုလတ်က ပြောကြားသည်။
ရေများ ပြည့်လျှံနေသည့် လမ်းမများ၌ လမ်းလျှောက်သွားနေရသော ခရီးသွား ပြည်သူအချို့မှာ ရေမြောင်းအတွင်းနှင့် ချိုင့်ခွက်ကြီးများ အတွင်းသို့ ချော်ကျခြင်း၊ ပြုတ်ကျခြင်းအချို့ ဖြစ်ပွားခဲ့ကြောင်း . . . . .
မိုးဆက်တိုက်ရွာသွန်းသည့် အချိန်များတွင် အမြဲတမ်းရေကြီးခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကို သက်ဆိုင်ရာက ကြိုတင်ပြင်ဆင်ပြီး ယခုဖြစ်စဉ်များကဲ့သို့ မဖြစ်စေရန် လုပ်ငန်းများကို ယခုထက်ပိုမို၍ လုပ်ဆောင်ပေးရန်နှင့် အများပြည်သူများ ယခုလို အခက်အခဲများနှင့် ကြုံတွေ့ချိန်တွင် အထိရောက်ဆုံး ယာဉ်ကြောရှင်းလင်းမှုများကို
"မိုးကရွာတော့ ကားကပိုကျပ်တယ်။ ဒီမနက်ဆို ကားကခါတိုင်းထက် ပိုကျပ်တော့ တက္ကစီ ငှားတာတောင် အလုပ်ချိန် မမီဘူး။ မိုးရွာရင် ကားလမ်းတွေ ကျပ်တာက ကျွန်တော်မြင်တာ ပြောရရင် စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ သူတွေကြောင့် ရေမြောင်းတွေပိတ်ပြီး လမ်းတွေမှာ ရေလျှံတယ်။ ရေလျှံတော့ ကားတွေက နှေးသွားတော့ ယာဉ်ကြောပိုပြီး ကျပ်တယ်။ လမ်းတွေကျဉ်းနေတာ၊ စည်းကမ်းမဲ့ ယာဉ်တွေ များလာတာနဲ့ ရန်ကုန်မြို့မှာ ကားတွေက အရင်ကထက် များလာလို့ ထင်ပါတယ်" ကားအရောင်းပြခန်း တစ်ခုမှ ၀န်ထမ်းကိုဝင်းအောင်က ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည့် ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ စည်းကမ်းမဲ့ သွားလာနေသည့် ယာဉ်များကို ဖမ်းဆီးအရေးယူခြင်း၊ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး (၂၆) လမ်းတွင် ယာဉ်မရပ်ရ ဇုန်များအဖြစ် သတ်မှတ်ခြင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ တိုးမြှင့်ပြီး ယာဉ်ကြောရှင်းလင်းသည့် စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အထိ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာ ပြေလည်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စက်တင်ဘာ ၂၃ ရက် ညသန်းခေါင်ယံ အချိန်အထိ တိုင်းတာရရှိချက်အရ ၂၄ နာရီ မိုးရေချိန် ၁ လက်မခွဲနှင့်အထက် ရရှိခဲ့သော ဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီး အဓိကဖြစ်ပြီး မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးကြီးခဲ့ကြောင်း Myanmar Climate Change Watch မှ ဒေါက်တာဦးထွန်းလွင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။
http://news-eleven.com/
ရင်ရှား [--- သရော်စာ ---] ....................
ရင်များပင်ဖိုဖို*** ပြစ်မှားချင်သလိုလို**''တဲ့။
အဆိုတော်ကြီးမျိုးမြင့်လေး တေးရေး ဆရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ''လူပျို-လူပျို''ဆို တဲ့သီချင်းကို သီဆိုပေးခဲ့ရှာပါတယ်။ အသံက လည်း နုပျိုဆဲ၊ ဟန်ပန်ကလည်း တက်ကြွဆဲ။ ပြောင်နေတဲ့နဖူးနဲ့ ဆံပင်ကိုလည်း မဖုံးကွယ် ဘဲ သီချင်းနဲ့လိုက်အောင် ခံစားလှုပ်ရှားပြီး သီဆို သွားခဲ့ရှာတယ်။ သူ့မျက်လုံးထဲမှာတော့ ''စိတ်ရဲ့ တံခါး''ကနေတစ်ဆင့် ဇရာရဲ့ရသတွေ ကို မြင်မိ သလိုပါပဲ။
လူတွင်လား ဆိုတော့ မဟုတ်။ သီချင်းစာ သားကလဲ ဇရာထောင်းနေပါပြီ။
ဘယ့်နှယ် လက်ပြတ်အင်္ကျီဝတ်ထားတာ မြင်ရရုံနဲ့ ရင်တွေဖိုပြီး ပြစ်မှားချင် သလိုလိုဖြစ် နေသတဲ့လား။ တေးရေးဆရာကြီး ကွယ်လွန်သွားလို့သာ ပဲ။ မဟုတ်လို့ အခုခေတ်မိန်းကလေးတွေရဲ့ ဝတ် စားဆင်ယင်မှုကို မြင်မိရင် ''သေပြီဆရာ''ပဲ။ နှစ်ခါ ပြန်သေလောက်တယ်။ အင်္ကျီ ဟာ လက်ပြတ်ဖို့ မပြောနဲ့ လက် တောင်မပါတော့ဘူးလေ။ အားလုံး ရင်ရှားဖြစ် ကုန်ပြီ။ မိန်းကလေးတစ်ဦး ရင်ရှားနဲ့တွေ့ဖို့ဆိုရင် ရှေးကတော့ ရေချိုးဆိပ်ကိုရိုက်ပြရတယ်။ သနပ် ခါးလိမ်း နေချိန် ကို ရိုက်ပြရတယ်။ ရုပ်ရှင်ထဲမှာ လေ။ တကယ့်အပြင်မှာတော့ ရွာသူတို့ဓလေ့ပဲ။ သားသည်အမေတွေ၊ သက်ကြီးရွယ်အို အဘွား ကြီး၊ အဒေါ်ကြီးတွေ လွတ်လပ်ပေါ့ပါးစွာနေလေ့ ရှိကြပါတယ်။ ဒါကတော့ အောင်ဖုန်းမြင့်ဦး မြင် နေကျမြင် ကွင်းပါပဲ။ နန်းတွင်းသူကလေးတွေ ဘယ်လိုရင်ရှား နေကြသလဲဆိုတာတော့ နံရံဆေးရေးပန်းချီကား တွေထဲမှာ တွေ့ဖူးပါတယ်။ စလေမြို့က ''ရုပ်စုံ ကျောင်း''ထဲက ပန်းပုတွေမှာတော့ အိမ်မှာနေတဲ့ အိမ်တွင်းသူရဲ့ စတိုင် ဟန်ပန် ကိုမြင်နိုင်တယ်။ ညီတော်မင်းနန်ချွတ်ခန်းထဲက သီချင်းစာ သားကိုပဲ ပြန်သတိရနေမိတာကတော့
''ကြောက်စရာသဏ္ဍာန် မျောက်မဟန်** ပြုံးပြန်**ကတုံးဖလ်'' ဆိုတဲ့ စာသားပါပဲ။
ညီတော်မင်းနန်နဲ့လက်ထပ်ကာနီး သတို့ သမီးကိုညွှန်းဆိုပြီး သူ့ထက်သာတဲ့နတ်သမီးတွေ ကို ညွှန်ပြကာ လောကီငြီးငွေ့စေဖို့ စီစဉ်ခဲ့တာ ပါပဲ။
အခုတော့ မိဘတွေရှေ့မှာလဲ ရင်ရှား။
အရပ်ထဲမှာလည်း ရင်ရှား။ ဈေးထဲမှာလည်း ရင်ရှား။
ဗီဒီယို၊ ရုပ်ရှင်တွေထဲမှာလည်း ရင်ရှား။
ဧရာမကြော်ငြာဆိုင်းဘုတ်ကြီးတွေပေါ် မှာလဲ ရင်ရှား။
ဒေးကလပ်၊ နိုက်ကလပ်ထဲမှာလည်း ရင် ရှား။
ကျောင်းလွယ်အိတ်ထဲမှာလည်း ရင်ရှား။
မြန်မာမများအားလုံးရဲ့မော်ဒယ် All Myanmar) ရင်ရှား။
နတ်သမီးတွေကို မြင်လိုက်ရတဲ့ ညီတော် မင်းနန်ကတော့ သူချန်ရစ်ခဲ့တဲ့ သတို့သမီးလူ သားဟာ ''ကြောက်စရာမျောက်မ''လောက်ပဲ ရှိတယ်လို့ ထင်ခဲ့တယ်ဆိုပဲ။ အခုခေတ်လူပျိုကာလသားတွေထဲမှာ နတ် သမီးကိုမြင်ဖူးကြမယ်ဆိုရင်တော့ မော်ဒယ် ရင် ရှားတွေကို ဘယ်လိုဆိုကြမယ်မသိဘူး။ လက်ပြတ် အင်္ကျီကလေးနဲ့တောင် ပြစ်မှားချင်မိတဲ့ လူပျို လူပျိုတွေဟာ ရင်ရှားတွေကို တွေ့ထိ၊ စတိပြစ် မှားမိကြမှာလား။ ပြစ်မှားမိရင်ကော အပြစ်ရှိ သွားမှာလား။ ပွင့်လင်းမြင်သာ တဲ့ခေတ် မှာ ''ရင်ရှား''လာ တာဆန်းသလား။ မဆန်းပါဘူး။ ရှားရှား၊ မရှားရှား အရေး မကြီးပါဘူး။
အရေးကြီးတာကတော့ မီဒီယာပါပဲ။
ပြည်တွင်းမှာလဲ မုဒိမ်းမှုတွေစည်စည်ဝေလို့။
ပြည်ပမှာလဲ တခြိမ်းခြိမ်း။ အုန်းအုန်းကျွက် ကျွက် အဓမ္မကျင့်ကြလို့။
ဗီဒီယိုတွေထဲမှာလည်း ရင်ရှားနဲ့ ဆိုဂျူ သောက်ရင်း မှောက်နေလို့။
ကိုရီးယားက မုဒိမ်းမှုသတင်းတွေတော့ မီဒီယာမှာ မတွေ့မိဘူးနော်။
သူတို့လူငယ်တွေဟာ(ရုပ်ရှင်ထဲမှာ) တော် တော်စည်းစောင့်ကြသဗျာ။
မူးလဲနေတဲ့မိန်းကလေးကို ကုန်းပိုးပြီး သူ့ အိပ်ခန်းထဲအထိ လိုက်ပို့ပေးရှာတယ်။ ပို့ပေးတဲ့ လူပျိုလေးကလည်း မူးလို့ပါပဲ။
မြန်မာဗီဒီယိုထဲမှာတော့ ဘာရမလဲ။
အရပ်စကားနဲ့ပြောလိုက်ရင်တော့ ကျော လှည့်လိုက်တာနဲ့ ဗိုက်သုံးလပဲ။
မြန်မာအရပ်ထဲမှာလည်း ဒီလိုပဲတိုးတက် နေသလား။
The Seven Minutes ဆိုတဲ့ ကမ္ဘာကျော် ဝတ္ထုစာအုပ်ကို သွားသတိရမိတယ်။ ဝတ္တုထဲမှာ အသက်မပြည့်တဲ့ကျောင်းသားလေးက ကျောင်း သူလေးကို မုဒိမ်းကျင့်လိုက်တယ်။ အမှုထင်ရှား လို့ တရားခွင်မှာရင်ဆိုင်ပြီး ဥပဒေအတိုင်းအပြစ် ပေးဖို့ လျှောက်လဲကြတယ်။ တရားခံရဲ့ရှေ့နေက လျှောက်လဲတဲ့အခါမှာတော့
''လူ့အဖွဲ့အစည်းကြီးကိုယ်၌က အသက် မပြည့်သေးတဲ့ကလေးကို မုဒိမ်းမှုဖြစ်စေအောင် တွန်းပို့နေတယ်။ မီဒီယာတွေထဲမှာ ဖော်ပြနေတာ တွေဟာ ပျိုဖော်ဝင်လာတဲ့ယောကျာ်းလေးကို နှိုးဆွစေတယ်။ တကယ့်အပြင်လောကကြီးက မိန်းကလေး တွေ ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့ စရိုက်တွေဟာ ယောကျာ်းရိုင်းတွေဖြစ်လာဖို့ လှုံ့ ဆော်နေတယ်''လို့ လျှောက်လဲချက်ပေးထား တာကို ဖတ်လိုက်ရဖူးပါတယ်။ အဆိုတော်ကြီးမျိုးမြင့်လေးသာ မကွယ် လွန်ခဲ့ရင် ''ဂျောက်ဂျက်'' ရဲ့သီချင်းတွေကို ပေး ဆိုချင်သေးတယ်။
အောင်ဖုန်းမြင့်ဦး - Yangon Media Group
သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါနိုင်ငံတို့မှာလည်း လောင်းကစားလုပ်ငန်းရှင်တွေရော ပါဝင်ပတ်သက်တဲ့ အားကစားသမားတချို့ကိုပါ ဖမ်းဆီးထိန်းသိမ်း
လောင်းကစားဒိုင်ဖမ်းမိတဲ့ စင်္ကာပူကို နိုင်ငံတကာရဲတပ်ဖွဲ့ ချီးကျူး
Wednesday, September 25, 2013

(၂၀၁၀ ဇူလိုင်လ စင်္ကာပူမှာ ဖမ်းမိတဲ့ လောင်းကစားလုပ်ငန်းသုံး ပစ္စည်းပစ္စယနဲ့ငွေကြေးများ။ ကမ္ဘာ့ဖလားကာလအတွင်း အာရှဒေသ တရားမ၀င် ဘောလုံးပွဲလောင်းမှု တိုက်ဖျက်ရေးကာလအတွင်း ဖမ်းဆီးရာက သိမ်းလိုက်တာတွေပါ။ ဓာတ်ပုံ - Reuters)
အဖမ်းခံရသူဟာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပါလိမ့်မယ်။
ဖမ်းလိုက်တဲ့ စင်္ကာပူထောက်လှမ်းရေးအဖွဲ့တွေကိုလည်း နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုက ဒီကနေ့ ချီးကျူးလိုက်ပါတယ်။
အဖမ်းခံခဲ့ရတာကတော့ စုစုပေါင်း ၁၄ ဦး ဖြစ်တယ်။ အမျိုးသား ၁၂၊ အမျိုးသမီး ၂။
မနေ့က စင်္ကာပူပြည်ထဲရေးဌာနအဆိုအရ ... ဖမ်းထားသူများထဲက ၉ ယောက်ကို အာမခံနဲ့ လွှတ်လိုက်ပြီ၊ ၅ ယောက်ကိုတော့ ဆက်ပြီး မေးမြန်းစစ်ဆေးနေဆဲပါပဲ တဲ့။
ဥပဒေအရ ဆိုရင် သူတို့ ၅ ယောက်ကို ၁၆ ရက်ကြာ ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုတယ်။
ဖေဖော်ဝါရီလ ထုတ်ပြန်ချက်တစောင်အရ ဆိုရင် စင်္ကာပူအခြေစိုက် လောင်းကစားလုပ်ငန်းကြီးက ကိုင်ထားတာ ဥရောပတိုက်တခုတည်းမှာတင် ဘောလုံးပွဲပေါင်း အနည်းဆုံး ၃၈၀ ရှိနေတယ် ဆိုပဲ။ ယူရို ၈ သန်းလောက်တော့ အနည်းဆုံး ရသွားခဲ့ပါတယ် တဲ့။
ကမ္ဘာလွှမ်းပတ်ဆက်နွယ်နေတဲ့လောင်းကစားကွန်ရက် ဆိုတော့ ရတဲ့ အမြတ်အစွန်းက အတော်လေး များတယ်လို့ ဆိုနိုင်ပါတယ်၊ အင်း... သူတို့ကို အလိုရှိတဲ့ နိုင်ငံတကာရဲအဖွဲ့လည်း များပါတယ်။
ကမ္ဘာ့ဖလား၊ ဥရောပဖလား စတဲ့ ပွဲစဉ်များနဲ့ ပတ်သက်ပြီး အာရှ အာဖရိက လက်တင်အမေရိကဒေသ လောင်းကစားမှုလုပ်ငန်း ထိစပ်နေတာ ပွဲစဉ်ပေါင်း သုံးရာ လောက် ရှိနိုင်မယ်လို့ သံသယ ရှိနေကြတာပါ။
သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါနိုင်ငံတို့မှာလည်း လောင်းကစားလုပ်ငန်းရှင်တွေရော ပါဝင်ပတ်သက်တဲ့ အားကစားသမားတချို့ကိုပါ ထိန်းသိမ်းလိုက်ပါပြီ တဲ့။
အပြည့်အစုံကို ဧရာဝတီ ပင်မစာမျက်နှာက သတင်းတပုဒ် Interpol Laud Singapore’s Capture of Football Match-Fixing Mastermind http://www.irrawaddy.org/archives/44577 မှာ ဖတ်နိုင်ပါပြီ။
Botox and Nose နှာခေါင်းကို ဆေးထိုးပြီး ပိုလှအောင်လုပ်ခြင်း... ...........

မင်္ဂလာပါဆရာ။ သူကနှာခေါင်းလှပြီး ချွန်ချင်လို့ပါ။ နှာခေါင်းတော့မပြားဘူးဆရာ။ လေဆာဆေးခန်းတွေမှာ လုပ်ပေးတယ်။ အလှပြင်ဆိုင်တချို့မှာလဲ လုပ်ပေးတယ်။ သူကပုံကျပြီး လှချင်တော့အန္တရာယ်ဖြစ်မှာစိုးလို့ပါ။ botox ထိုးဆေးအကြောင်းလဲ သိချင်ပါတယ်။ အဓိကက ဆေးထိုးပြီးရင်နှာခေါင်းက သဘာဝအတိုင်းပဲ လား။ ဆေးထိုးလို့ ပျော့စိစိဖြစ်နေမလားဆရာ။ ဆိုင်တွေကတော့ ကောင်းကြောင်းပဲ ပြောတယ်ဆရာ။ ဆေးအရှိန်ကုန်သွားရင် ပုံမှန်ပြန်ဖြစ်လားဆရာ။ သူကအရမ်းသိချင်လို့ ဆရာဆီကအဖြေရပြီလား ခဏခဏ မေးနေတယ်။ ဆာဂျီရီနဲ့ဆို ဘာလုပ်တာ ပိုကောင်းမလဲ ဆရာ။ ကျေးဇူးတင်ပါတယ်။
• နှာခေါင်းအလှပြင်ရာမှာ Non-surgical Rhinoplasty ခွဲစိတ်ပြုပြင်တာမလုပ်ဘဲ Botulinum toxin (Dysport or Botox) လို့ ခေါ်တဲ့ထိုးဆေးနည်းကို သုံးလေ့ရှိပါတယ်။
• Botox နှာခေါင်းပွယောင်းယောင်းဖြစ်နေတာကို ဒီဆေးထိုးပြီးပြင်မရပါ။
• Botox ဆေးက မျက်နှာကြွက်သားတွေကို ပြေလျှော့စေမယ်။ မျက်နှာအရေးအကြောင်းတွေကို သက်သာစေမယ်။
• နှာခေါင်းအဖျားကို ကော့လာစေအောင်လဲ လုပ်တယ်။ နှာသီးဖျားကကြွက်သားကို ဆေးထိုးပေးတယ်။ ဒါပေမဲ့ Botox (ဘိုတောက်) ဆေးက ချွေးထွက်အိတ်နဲ့ အဆီအိတ်တွေကိုလဲ သက်ရောက်စေလို့ ကြာကြာ သုံးရင် အဲဒီအိတ်လေးတွေ လှီသွားစေမယ်။
• ပုံပန်းဟာ အဓိအားဖြင့် အောက်ခံအရိုးနဲ့ အရိုးနုတွေအပေါ်မှာ မူတည်တယ်ဆိုတဲ့အချက်ကို မေ့ထားလို့မရပါ။ အပေါ်ကဖုံးနေတဲ့ အရေပြားမဟုတ်ပါ။ (ဘိုတောက်စ်) က အရိုးနဲ့ အရိုးနုကို ဘာမှလုပ်မေပးနိုင်ပါ။
• မျက်နှာရဲ့ (အဓိက အထက်ပိုင်း ၃ ပုံ၁ ပုံ) က မျက်နှာအမူအယာဖေါ်ပြရာမှာ အလုပ်လုပ်ရတဲ့နေရာတွေ ကို သက်ရောက်စေနိုင်ပါတယ်။
• Botox ကနေ အရေပြားရဲ့ အရည်အသွေးကို တိုးလာစေအောင် လုပ်မပေးနိုင်ပါ။ ပါးလွှာအောင်လဲ လုပ်မ ပေးပါ။ မျက်လှည့်ပြသလိုစွမ်းတဲ့ဆေး မဟုတ်ပါ။ ဆေးကနေ မျက်နှာက အလုပ်လုပ်နေတဲ့၊ အလုပ်ပိုလုပ် နေကြတဲ့ ကြွက်သားတွေကို အလုပ်မလုပ်စေတော့အောင် ယာယီတားပေးပါလိမ့်မယ်။ တည့်တည့်ပြောရ ရင် Paralyze (ပါရလိုက်စ်) ဖြစ်သွားစေပါမယ်။ ကိုယ်ဆေးထိုးချင်တဲ့နေရာမှာ ကြွက်သားမရှိရင် အလုပ်ဖြစ် မှာမဟုတ်ပါ။
• Facial nerve paralysis မျက်နှာအာရုံကြောကို သေစေမယ်ဆိုရင် လုပ်တဲ့ဘက်က Nasal obstruction နှာခေါင်းပိတ်တာ ခံစားလာရနိုင်တယ်။
• Botox to lift the nose နှာခေါင်းအဖျားလေး အထက်တင်ချင်ရင် - လူတွေ ရီ (ရယ်) တဲ့အခါမှာ Depressor nasii septi ခေါ်တဲ့ ပါးစပ်အထက်နှုပ်ခမ်းမှာရှိတဲ့ ကြွက်သားလေးကနေ နှာခေါင်းအဖျားနေရာ ကို အောက်ဖက်ဆီဆွဲချတယ်။
- တချို့မှာ အဲလိုဖြစ်တာက သူများထက် သိသာလွန်းနေတတ်တယ်။
- အဲလိုလူကို Botulinum toxin ဆေး ကြွက်သာကို ထိုးပေးလိုက်ရင် နှာခေါင်းအဖျား အောက်ကျလာမှာ ကို ကာကွယ်နိုင်တယ်။
- ဆေးထိုးရတာ နာမယ်။ ရက်သတ္တပါတ် အနည်းငယ်ကနေ လအနည်းငယ်အထိ ခံမယ်။
• Depressed tip ဒါပေမဲ့ နှာသီးဖျားအောက်ကျနေတာကိုတော့ အထက်မြင့်လာအောင်လုပ်ပေးနိုင်မယ် ဆိုတာက မရေရာလှပါ။ Rhinoplasty အလှပြင်ခွဲစိတ်နည်းက ပိုကောင်းပါတယ်။
ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၃