This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 16, 2013

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်) .........................

 
တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn   2.OpenVPNConnect (or)  2.OpenVPNConnect )  ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...



3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ







4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ




5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ



6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ



8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ 

(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ  ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မေ၇းဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)

Credit & Ref :  http://readtohelp.blogspot.com/ 

Sunday, September 15, 2013

တခါတုန်းက မင်္ဂလာဦး




Thursday, September 12, 2013

ပထမနေ့ကတည်းက ယောက်ျားဖြစ်သူနဲ့ မိန်းမဖြစ်သူဟာ ကတိတခု ထားခဲ့ကြတယ်။ ဘာ ကတိလည်းဆိုတော့ အဲဒီ ပထမဆုံး အိမ်ထောင်ဦးနေ့မှာ ဘယ်သူ တံခါးလာခေါက်ခေါက် မဖွင့်ပေးကြေးဆိုတဲ့ ကတိပါပဲ။ ပထမဦးဆုံးရက်မှာပဲ ယောက်ျားဖြစ်သူ ဘက်က မိဘတွေက
သူတို့ကို အဆင်ပြေရဲ့လား သိချင်လို့ လာကြည့်ပါတယ်။
ယောက်ျားရော မိန်းမရော တံခါး
နောက်ကွယ်မှာ ရပ်နေကြတယ်။ ပြီးတော့ သူတို့ တယောက်နဲ့တယောက် ကြည့်လိုက်ကြ တယ်။ ယောက်ျားဖြစ်သူက သူ့မိဘတွေဖြစ်တဲ့အတွက် တံခါးဖွင့်ပေးချင်ခဲ့တယ်။ ဒါပေမယ့်
ဘယ်သူဖြစ်ဖြစ် တံခါး မဖွင့်ပေးဘူးဆိုတဲ့ ကတိလည်းရှိနေတဲ့အတွက် သူဟာ တံခါးကို လုံးဝ သွားမဖွင့်ပေးခဲ့ပါဘူး။ ယောက်ျားဖြစ်သူရဲ့မိဘတွေ နောက်ဆုံး ပြန်သွားခဲ့ကြတယ်။

ဒီလိုနဲ့ အချိန်အနည်းငယ်ကြာတဲ့အခါ မိန်းမဖြစ်သူရဲ့မိဘတွေလည်း ရောက်လာကြတယ်။
ယောက်ျားဖြစ်သူနဲ့ မိန်းမဖြစ်သူဟာ တယောက်ကို တယောက် ကြည့်လိုက်ကြတယ်။
သူတို့မှာ သဘောတူညီချက် ကတိစကားကလည်း ရှိထားခဲ့တာကိုး။ အဲဒီအချိန်မှာပဲ မိန်းမ
ဖြစ်သူဆီက ရှိုက်သံတွေနဲ့ မျက်ရည်တွေ ကျလာပါတော့တယ်။ ပြီးတော့ ယောက်ျားဖြစ်သူကို
ပြောတယ်“ ငါ့မိဘတွေကို ငါဒီလိုမျိုး မလုပ်နိုင်ဘူး”လို့ ပြောပြီး မိန်းမဖြစ်သူက မိဘတွေ ၀င်
လာစေဖို့အတွက် တံခါးကို သွားဖွင့်ပေးခဲ့တယ်။ ယောက်ျားဖြစ်သူက ဒီအကြောင်းအရာနဲ့
ပတ်သက်ပြီး မိန်းမကို ဘာမှ မပြောပါဘူး။

နှစ်တွေကျော်လွန်ပြီးတဲ့အခါ သူတို့မှာ သားသမီး ငါးယောက် ထွန်းကားလာခဲ့တယ်။ ပထမဆုံး
ကလေး ၄ ယောက်က ယောက်ျားလေးတွေဖြစ်ပြီး ၅ ယောက်မြောက် ကလေးကတော့ မိန်းက
လေးဖြစ်ပါတယ်။ သမီး မိန်းကလေးမွေးတဲ့ နေ့မှာပဲ ဖခင်ဖြစ်သူက တမြို့လုံး တနယ်လုံးကို
ဖိတ်ပြီး ပျော်ပွဲရွှင်ပွဲကြီးတခု ကျင်းပစေခဲ့တယ်။ စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့အတွက်
ကြောင့် မိန်းမဖြစ်သူက နားမလည်နိုင်အောင်ဖြစ်သွားခဲ့တယ်။
ဒီလိုနဲ့ အဲဒီညကြတော့ မိန်းမဖြစ်သူက ယောက်ျားဖြစ်သူကို ဖွင့်မေးတယ်။
“ အရင်ကလေးတွေကျတော့ ဘာပွဲမှ မလုပ်ပေးပဲနဲ့ ဒီ ၅ ယောက်မြောက် မိန်းကလေးကျမှ
ဘာလို့ လုပ်ပေးတာလဲ ”
ယောက်ျားဖြစ်သူက ပြုံးပြီးတော့ ပြန်ပြောတယ်။
“ သူဟာ ငါ့အတွက် အိမ်တံခါးဖွင့်ပေးမယ့်သူ ဖြစ်နေလို့ပါ ”
+++++++++++++++++++++++++++++++++++++++++++++

ဒီပုံပြင်လေးကို ဖတ်ပြီး ရှေးလူကြီးတွေ စကားကို ပြန်သတိရမိတယ်။ သမီး မိန်းကလေး
မွေးတာ မိဘအတွက်၊ သားယောက်ျားလေးမွေးတာ မယားအတွက်ဆိုတာ မှန်နေမလားပဲ။
ဒါပေမယ့်လည်းဆိုတဲ့ သားသမီးက ဆိုးပြီး အလိုက်သိတတ်တဲ့ သားသမီးကတော့ အလိုက်သိ
တတ်တာပါပဲ။ မိန်းကလေးတွေကတော့ မိဘတွေကို ပိုချစ်တတ်မယ် ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်တိုင် သားသမီးတွေကို ဝမ်းနဲ့လွယ်ပြီး မွေးဖွားပေးခွင့်ရတဲ့
မိဘမေတ္တာကို ကိုယ်တိုင် ခံစားသိနိုင်တဲ့ ကံထူးရှင်တွေဖြစ်နေလို့ပေါ့။

သက်တန့်ချို
Moral Stories များမှ

Saturday, September 14, 2013

၁၅၀၀ ထက်သက်သောသောနှုန်းထားနှင့် ရောင်းချမည့်အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်းမှ လျော့နိုင်အောင် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၁၄ ၄ လပိုင်းတွင် sim card များကို ရောင်းချနိုင်မည် Telenor

၂၀၁၄ ပထမအပတ်တွင် Sim Card များကို (၁၅၀၀) ထက်ဈေးနှုန်းလျှော့နည်းကာ ခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ် နှုန်းဖြင့် ရောင်းချမည်

တောင်သူလယ်သမားအတွက် စိုက်ပျိုးရေးနည်းပညာများကို မကြာသေးမီက ဆယ်သွယ်ရေး operater အဖြစ်လုပ်ကိုင်ခွင့်ရရှိ ထားသော elenor Myanmar မှ Mobile phone များက တစ် ဆင့်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါစနစ်ကို
၂၀၁၄ ပထမလေးပတ်အတွင်းစတင်တည် ဆောက်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြု လုပ်ရခြင်း သည် တောင်သူလယ် သမားများထုတ်လုပ်မှုတိုးတက် စေဖို့နှင့် ကုန်ကျစရိတ်များ ကို လျော့ချနိုင် ဖို့အတွက်ဖြစ်ကြောင်း Telenor Myanmar မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

““မိုဘိုင်းဆက်သွယ်ရေးဟာ
အများပြည်သူအတွက် ကောင်း မွန်တဲ့ဆက်သွယ်ရေးစနစ်ဖြစ်မယ် လို့ Telenor ကယုံကြည်ပါတယ်။ ဒါကြောင့်တိုင်းမှာလယ်သမားတွေ ကို ၀န်ဆောင်မှုပေးတဲ့ဟာ ကို မြန်မာနိုင်ငံမှာ ပေးမှာပါ”” ဟု ၎င်းကဆက်လက်ပြောသည်။

““ဒီဝန်ဆောင်မှုက လယ် သမားတွေကို အခမဲ့ဖြန့်ဝေပေး မှာပါ။ ဘာလို့လည်းဆိုတော့ ဒီ မိုဘိုင်းဖုန်းကနေတစ်ဆင့် မိုးလေ ၀သကို သိရမယ်။ ဒီရာသီမှာ ဘာသီးနှံတွေစိုက်ရင် အကောင်း ဆုံးဖြစ်မယ်။ နောက်ပြီး နေ့စဉ် ဈေးကွက်ရဲ့အခြေအနေတွေပါ သိရမှာပါ”” ဟုTelenor Myanmar မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

အင်တာနက်လျှောက်ထား
ပြီးသော simcard များကို ၁၅၀၀ ထက်သက်သောသောနှုန်းထားနှင့် ရောင်းချမည့်အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်းမှ လျော့နိုင်အောင် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၁၄ ၄ လပိုင်းတွင် sim card များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း သိ ရသည်။Telenor Myanmar သည် နော်ဝေး အခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။
 Hot News

Friday, September 13, 2013

Leaf တက်တူး...


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
oddstuffmagazine

ဆိုင်ကယ်နှစ်စီး တိုက်မှု ၄ ဦးသေဆုံး

ဆိုင်ကယ်နှစ်စီး တိုက်မှု ၄ ဦးသေဆုံး


စက်တင်ဘာ (၁၂)

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျောင်းမြောင်းရပ်ကွက် (၁၆)မိုင်(၁)လုံအနီး၊ ယနေ့ညနေ(၃း၂၀)နာရီ (12-9-2013)ရက်နေ့တွင် ကိုကျော်စွာထိုက် အသက်(၂၀)နှစ်မောင်း သည့် ဆိုင်ကယ်နှင့် မမီးအေး မောင်းသည့် ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ (၅)ဦးတွင်(၄)ဦး သေဆုံးခဲ့ပါသည်။

ထိုသေဆုံးသူများမှာ-
ဖိုးထော်ကလေး၊အသက်(21)နှစ်၊(အဘ)ဦးမြင့်သိန်း၊
ဥတ္တူကျေးရွာ။မဌေးရီ၊အသက်(58)နှစ်၊(အဘ)ဦးမြဝင်း၊
ပန်းတောရပ်ကွက်။။မမီးငယ်၊အသက်(33)နှစ်၊(အဘ)ဦးအောင်စိုး၊
ပန်းတောရပ်ကွက်။။မမီးအေး၊အသက်(43)နှစ်၊(အဘ)ဦးသန်းဌေး၊

ပန်းတောရပ်ကွက် တို့ဖြစ်ပါသည်။

ယာဉ်မောင်းကိုကျော်စွာထိုက်မှာ မြို့နယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသပေးထားပါသည်။

Hein Zaw

အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း***

***ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့်

အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း***

                    
           ***ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့် အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း***


Unlimited Starter 3G အမြန်နူန်း 150 MB နှင့် 1ရက်ကို 49ဘတ်
*104 * 29* 5443522 # call ကိုနှိပ်ပါ

Unlimited Starter 3G အမြန်နှုန်း 1GB နှင့် 1 လကို 399ဘတ်
*104* 21 * 5443522 # call ကိုနှိပ်ပါ

Unlimited Pro 3G အမြန်နှုန်း 3 GB နှင့် Dtac wifi အကန့်သတ်မရှိ 1လကို 650 ဘတ်
* 104* 23* 5443522 # call ကိုနှိပ်ပါ

Unlimited Master 3G မြန်နှုန်း 5GB နှင့် Dtac wifi အကန့်သတ်မရှိ 1လ ကို 890 ဘတ်
*104* 22* 5443522 # call ကိုနှိပ်ပါ

(အင်တာနက် နာရီပိုင်းသုံးသူများအတွက်) 3G မြန်နူန်း 384 Kbps အထိအသုံးပြုခွင့်ရမည်

အင်တာနက် 1 ရက်အတွင်း 3နာရီကို 15 ဘတ်
*104* 30 * 5443522 # call ကိုနှိပ်ပါ

အင်တာနက် 1လ အတွင်း နာရီ 20 ကို 99 ဘတ်
*104* 12 * 5443522 # call ကိုနှိပ်ပါ

အင်တာနက် 1လ အတွင်း နာရီ 70 ကို 199 ဘတ်
*104 * 13* 5443522 # call ကိုနှိပ်ပါ


အင်တာနက်လက်ကျန်မိနစ်စစ်ရန်-*101*4# call နှိပ်ပါ
ကျေးဇူးတင်ပါသည်....
Broken Heart
ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့် အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း <br / Unlimited Starter 3G အမြန်နူန်း 150 MB နှင့်

Thursday, September 12, 2013

ဖုန်းရှိရုံဖြင့် လုပ်နိုင်သော စီးပွားရေးများ

ဖုန်းရှိရုံနဲ့ လုပ်နိုင်တဲ့ စီးပွားရေးများ ဆိုပြီး ဆောင်းပါး ဖတ်မိတော့ မြန်မာပြည်မှာလည်း ဖြစ်နိုင်တာလေးတွေ တွေ့ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း လုပ်ရင်ဖြစ်နိုင်တဲ့ ဖုန်းအခြေခံ (မိုဘိုင်းဖုန်း သို့မဟုတ် ကြိုးဖုန်း) စီးပွားရေး လုပ်ငန်းများကို ဖော်ပြလိုက်ရ ပါတယ်။ ( အတည်ကော၊ နောက်တာကော ပါပါတယ်)


၁။ ဖုန်းမေး ဗေဒင်

ဖုန်းမေး ဗေဒင်က လုပ်တောင်လုပ်နေကြတယ်ကွယ်။ ပြောနေစရာတောင် မလိုဘူး။ ဖုန်းမေးဗေဒင် လုပ်ကြပြီး ငွေချေဖို့ အတွက်ကျတော့ အိမ်အရောက် လိုက်ကောက်တာမျိုး လုပ်သတဲ့။ ဗေဒင်မဟောတတ်ပဲတော့ လက် ကမျဉ်းဖို့ မကြိုးစားနဲ့လေ။ စာအုပ်လေးဘာလေးဖတ်၊ သေ ချာ လေ့လာပြီး ဗေဒင် တကယ်ဟောတတ်သူ အတွက် ကတော့ အဆင်ပြေ နိုင်ပါတယ်လေ။


၂။ ခရီးသွား လမ်းညွှန်

တိုးရစ်စ်ဂိုက် လုပ်ဖို့က တိုးရစ်ဂိုင် လိုင်စင်ရှိဖို့လိုအပ်တာတော့ အမှန်ပါပဲလေ။ ဒီတော့ လုပ်ချင်သပဆိုရင် ပြည်တွင်းက လူအချင်းချင်းပဲ ဂိုက်လုပ်လေ။ ဥပမာ ကိုယ်နေတာက လူအရောက်နည်းတဲ့ မြို့ ငယ်မှာဆိုရင် ဘယ်သူပဲ လာလည်လည် နေရာစုံအရောက် ပို့ပေးမယ့် ဘာညာနဲ့ Facebook မှာတင်၊ Blog မှာတင်ပေါ့။ ဒါဆို ရန်ကုန်မှာကျ ဘယ်လိုလုပ်ရမလဲတဲ့။ ရန်ကုန်မြို့  တစ်ပတ်အလည်ခရီးတွေ ဘာတွေလုပ်ချင်လုပ်ပေါ့။


၃။ မိုဘိုင်း စာရေးဆရာ

ဒါကတော့ အတည်ပါ မိုဘိုင်းဖုန်းနဲ့ စာရေးတဲ့ Mobile Writer တွေ အင်မတန် များလာပါပြီ။ အထူးသဖြင့် ဂျပန်မှာပါ။ ရထားစီးပြီးကုန်နေတဲ့ အချိန်မှာ မိုဘိုင်းဖုန်းနဲ့ စာတွေ ရေးပြီး blog မှာတင်တယ်။ WordPress မှာတင်တယ်။ နောက်တော့ အရမ်းများလာတဲ့အခါကျ စာအုပ်တွေဘာတွေ ဖမ်းထုတ်ပစ်တာ Cellphone novels ဆိုပြီးတော့တောင် ဂျပန်မှာနာမည်ကြီးသွားသေးတယ်။ အဲဒါလည်း မြန်မာပြည်မှာ ရနိုင်ပါတယ်။ ဘတ်စ်ကား တိုးစီးတုန်း မရေးနိုင်ရင် အားအားနေတဲ့အခါက ရေးကြည့်ပေါ့။


၎။ ဓာတ်ပုံဆရာ၊ ဗီဒိယိုဆရာ


ကင်မရာဆရာလည်း ဖြစ်နိုင်ပါတယ်။ ဒါလည်း အတည်ပါ။ နိုင်ငံတကာမှာ ဆိုလည်း မိုဘိုင်းဖုန်းနဲ့ပဲ Documention တွေရိုက်၊ Real Life အကြောင်းတွေရိုက်၊ အလွဲတွေကို ရိုက်ရင်း တကယ် အောင်မြင်နေကြ တယ်။ ဆီးရီးယားလို ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံမှာဆိုရင် တိုက်ပွဲ ဗီဒီယို၊ ဓာတ်ပုံတွေ ရိုက်ပြီး နိုင်ငံတကာ သတင်း ဌာနတွေကို ပြန်ရောင်းစားတယ်။ ဒီတော့ ရှာကြည့်ပေါ့နော်။ ရောင်းစားလို့ရမယ့် ဗီဒိယိုလေးရအောင်။ မရောင်းချင်လဲ ကိုယ်ပိုင် Blog မှာတင်တာမျိုး၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်တာမျိုးတို့တော
င် လုပ်နိုင်ပါသေးတယ်။


၅။ မိုဘိုင်း အကြံပေး

အဲဒါက မြန်မာပြည်မှာ လုပ်လို့ ဖြစ်မဖြစ်တော့ မပြောတတ်ဘူး။ လောလော ဆယ် Call Center မှာတော့ စီးပွားရေး အကြံပေးဆိုပြီး Private လိုင်းတွေ ခွဲထားပေးတယ်လေ။ အခုလည်း ဒီလိုပဲပေါ့။ ကိုယ့်ဆီမှာ သာမန် လူတွေ ထက် ပိုမိုများပြားတဲ့ သတင်းအချက်အလက်တွေ၊ အိုင်ဒီယာတွေ ရှိနေမယ်ဆိုရင် စီးပွားရေး အကြံပေး၊ ဘဝ အကြံပေး၊ ပညာရေး အကြံပေး အစရှိသဖြင့်တို့ကို ဖုန်းကတစ်ဆင့်တောင် လုပ်နိုင်ပါတယ်။ ပြီးမှ ပိုက်ဆံကို အိမ်အရောက်သွားယူပေါ့လေ။ မဟုတ်လည်း အပြင်မှာ ချိန်းပြီး ဆရာကြီး လုပ်ပေါ့။ အပြောကောင်းရင် ကိုယ့်ကိုတောင် သူဌေးတွေက ရာထူးကောင်းကောင်းနဲ့ ခန့်ကောင်းခန့်ပါလိ့မ်မယ်။ ကိုယ့်ဆီမှာ လုံလောက်တဲ့ Background မရှိရင်တော့ အစွဲစား ခံရမှာပဲလေ။


၆။ နည်းပညာ ရှင်

ကွန်ပြူတာလေးဖွင့်မရလို့ သို့မဟုတ်လည်း Facebook အကောင့်ဖွင့်မရလို့ ခက်နေသလား ဒီဖုန်းကို ဆက်လိုက်ပါ ဘာညာနဲ့ Post လေးတွေတင်ပြီး Customer ခေါ်ကြည့်လေ။  သူငယ်ချင်းတွေ ဖုန်း ခဏခဏ ဆက်မေးလို့ Facebook, Blog , G Talkဆိုင်ရာ ပြဿနာတွေကို ဖုန်းကနေ ဖြေရှင်းပေးနေရတယ်။ သူတို့ကလည်း နောက်မသိတဲ့ အပေါင်းအပါတွေကို တစ်ဆင့်ပြီးတစ်ဆင့်ပေးရင် ကိုယ့်မှာဖုန်းဖြေတာ နဲ့တင် နေ့တစ်ပိုင်းကုန်မယ့်အထိ ရောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲဒါနဲ့ စီးပွားလုပ်ဖို့ အတွေး မပေါ်ဖူးဘူး။ ဒါလေး ကုသိုလ်ရပါတယ်လေ ဆိုတဲ့ စိတ်လေးနဲ့ပဲ ကူညီပေးတော့ လူချစ်လူခင်ပေါတာပေါ့။ (အဓိက ကတော့ ပိုက်ဆံချေးလို့ကောင်းတာပေါ့. ဟဲဟဲ) အဲတော့ အခုလို ဖုန်းနဲ့ဖြေရတာ ကိုမှ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ပြီး စီးပွားရှာမယ်ဆိုလည်း သဘော ပဲလေ။ လုပ်ကြည့်ပေါ့။ ဖုန်းဖြင့် ဖြေကြား Gtalk အကောင့်၊ Facebook အကောင့် တစ်ခါတည်း ဖွင့်ပေးသည်။ ၂ ခုပေါင်း ၃ ထောင်ကျပ်၊ ၆ စုံဖွင့် ၁ စုံ ဖရီး၊ ၁ စုံ ဖရီး ၂ စုံ လက်ကီး ဒရော စမ်းကြည့်လေနော်၊ လေတော့ ကုန်မယ်။


၇။ မိုဘိုင်းဖုန်း ပွဲစား

ငါးကျင်းဆီနဲ့ ငါးကျင်းပြန်ကြော်ရမယ်လေ။ စမတ်ဖုန်း အဟောင်းနဲ့ အသစ်လဲမလား၊ ဘာကိုင်ချင်လဲ။ သူငယ်ချင်း တစ်ယောက်က S3 ကိုင်ပြီး iPhone 4 ကိုချင်တယ်။ iPhone 4 သမားက S3 ကိုင်ချင်တယ်။ သူတို့ ၂ ယောက်ကို ခေါင်းချင်းတေ့ပေးလိုက်တာ ဒိုးနတ်တော့ အလကား စားလိုက်ရတယ်။ အဲဒါလည်း စီးပွားရေး လုပ်ကြည့်လေနော်။ နံပါတ်လှလှ ဖုန်းနံပါတ်များ ရှိသည်။ အမည်ပေါက်ဘယ်လောက်၊ မိုဘိုင်းအဟောင်း ရှိသည် ဘယ်လောက်ဈေး အရှိသဖြင့် ဘော်ဒါတွေမှာ သတင်းဖြန့်ကြည့်ပေါ့ ရနိုင်ပါတယ်။


၈။ မိုဘိုင်းဖုန်း အောင်သွယ်

ကိုယ့်ဆီမှာ အလွတ် ဖီးမေးလ်နဲ့ မေးလ် မိတ်ဆွေတွေ ရှိတယ်ဆိုရင် သွေး တိုးစမ်းကြည့်လေ။ ဒီနံပါတ်ပေးမယ် ဆက်ကြည့် ဘာညာနဲ့ တည့်ပေးလိုက် ရင် ဖူးစာ ပါရင်တော့ စုံမယ်လေ။ အောင်သွယ်ခ ကို မင်္ဂလာဦးညကျ တံခါးရှေ့ အိပ်ပြီးတောင်းပေါ့။ နောက်တာပါလေ။ အဲဒါလည်း လုပ်ကြည့်ရင် ရနိုင်ပါတယ်။

ပြောတာသာ ပြေတာ။ နိုင်ငံခြားမှာကျ ဖုန်းကတစ်ဆင့်ပေးတဲ့ ဝန်ဆောင်မှုတွေကို ဘယ်လို ငွေပို့စနစ်နဲ့ ပို့လိုက်ဘာညာနဲ့ အဆင်ကိုပြေလို့။ မြန်မာပြည်မှာကျ အနီးစပ်ဆုံးဆိုရင် ဘဏ်အကောင့် နံပါတ် ဘယ်ကို ထည့်ပေးပါပဲ ရအုံးမယ်ထင်ပါတယ်။ အဲဒါလည်း သေချာ သိဘူးပဲ။ ဒီတော့ ဟိုက တစ်ခုခု စမေးလိုက်ပြီဆိုရင် ညီမလေးရေ  မမဆီကို ပိုက်ဆံအရင်ရောက်အောင် ပို.နော် လို့ပြောပေါ့။ မရလည်း အိမ်လိပ် စာတောင်းပြီး အရောက် တောင်းပေါ့လေ။ Call Centre ကျ မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီး Mobile Bill ကနေ ဖြတ်ယူတယ်။

ကိုယ်ကတော့ ဖုန်းတစ်လုံးနဲ့ တစ်ပိုင်တစ်နိုင်လုပ်တာလေ။ ငွေကို ဘယ်လို တောင်းရင်ကောင်းမလဲ စဉ်းစားကြည့်ပေါ့။ ဖုန်းငွေချေကဒ် ခဲချစ်ပြီး နံပါတ်ပို့ခိုင်းရင်ကော ကောင်းဘူးလားလို့ စဉ်းစားမိသေးတယ်။ သို့ပေမယ့် ပို့လည်းပြီးရော ဦးသူယူဆိုပြီး သွင်းလိုက်မှ ဂိနေမယ်။ ဘယ်လို ပဲ ဖြစ်ဖြစ်လေ။ မိုဘိုင်းဖုန်းက စတင်လို့ Real World မှာအထိ Business ကို Expand လုပ်သွား နိုင်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ စီးပွားလုပ်ချင်သူများကို လုပ်ချင်စိတ်ပျောက် သွားအောင်၊ အဲလေ တစ်ဖွားဖွား ပေါ်လာအောင် ရေ လာမြောင်းပေး လုပ်လိုက် ရပါတယ်။
                                 လူသားအားလုံး ဆန္ဒနဲ.ဘ၀တစ်ထပ်တည်းကျပါစေ အစစအရာရာအောင်မြင်မှုပန်းတိုင် လျှောက်လှမ်းနိုင်ပါစေ......

ရမြေဒေသကို လိုက်လျောညီထွေပြီး အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး

အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး


Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။ အာဖရိကတိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေများစာရင်းများလည်း ပါဝင်ပါသေးတယ်။

အရှည်အားဖြင့် ၄ ပေနဲ့ ၅ ပေကြားမှာရှိပြီး အလေးချိန်က ၁၉ ပေါင်ထိ ရှိတာကြောင့် ကမ္ဘာ့အလေးဆုံး မွေးစာရင်းမှာတောင် ပါဝင်လိုက်ပါသေးတယ်။ သူ့ရဲ့  ထူးခြားချက်က အပြင်က အရေခွံပါ။ ရေမြေဒေသကို လိုက်လျောညီထွေပြီး အညိုနု၊ အသားရောင်၊ သစ်ပုပ်ရောင်၊ အနက်ရောင် အစရှိသဖြင့် ရှိနေတတ်ပါတယ်။ ရုတ်တရက်ဆိုရင် မြင်နိုင်မှာတောင် မဟုတ်ပါဘူး။

ခပ်နှေးနှေးသွား ရှင်သန်စားသောက်တတ်တဲ့ အဆိပ်ပြင်း မြွေပွေးပါ။ အာဖရိကတိုက် အလယ်ပိုင်း၊ အနောက်ပိုင်းတို့မှာသာ မြင်တွေ့ရတဲ့ Gaboon မြွှေပွေးဟာလည်း မျိုးသုန်းတော့မယ့် မြွှေပွေးစာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။

Ref: wiki

Aung Kham (ရိုးရာလေး)

အွန်လိုင်းသုံးတဲ့သူမှန်သမျှ သိထားသင့်တယ်( အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲ)

.


လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။
မြန်မာပြည်လည်း နောက်ဆိုရင် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို့ က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။ အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။

သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ့ဖို့ဆိုတာ ဝေလာဝေးလေ။ ဒီတော့ အွန်လိုင်း မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားပြော ပြေပြစ်မှု ရှိမရှိကို အရင်သုံးသပ်ရပါမယ်။

Chatting တွင် စကားပြောပါ

Chatting မှာ စကားပြောတာတော့ သင်ပေးစရာမလိုဘူးလေ။ လူတိုင်းပြောတတ်နေတာပဲ။ တစ်ယောက် နဲ့ တစ်ယောက် ပြောပုံဆို ပုံ၊ ပြုမှုဆက်ဆံပုံက မတူတော့ ဘယ်လိုပြေပါ။ ဘာညတော့ ပြောလို့မရ ပါဘူး။ သို့ပေမယ့် ပြောဆိုမှုထဲမှာ အမည်၊ အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လက်ရှိနေရပ်၊ အိမ်ထောင် ရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အရှင်း ရှိမရှိ အစရှိတဲ့ အရေးကြီး အချက်များကို မေးမြန်းဖို့လို ပါတယ်။ မေးမြန်း ပြောဆိုချက်များအရ Single ဖြစ်မယ်။ အရှုပ်အရှင်းကင်းမယ်ဆိုရင် Chatting level မှာ အောင်မြင်ပါပြီ။

Profile စစ်ဆေးပါ

နောက်တစ်ဆင့်ကတော့ Profile စစ်ဆေးတဲ့ အဆင့်ပါ။ ဒီခေတ်က Facebook ခေတ်လေ။ Facebook ဝင်ကြည့်ရင် အကုန်သိတယ်။ Timeline ကို ဒီနေ့ကစလို့ အကောင့်စဖွင့်တဲ့နေ့အထိ တောက်လျှောက်စစ်ဆေး။ Info မှာ သူ့ရဲ့  အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို ပြောထားတဲ့ အတိုင်းထည့်ထားလား၊ သို့မဟုတ် ဘာမထည့်ထားဘူးလား။ ထည့်ထားတာ နဲ့ ပြောတာနဲ့  လွဲနေလား အားလုံး စစ်ဆေးဖို့ လိုပါတယ်။ Chatting နဲ့ Profile Check နှစ်ခုလုံးက Virtual world မှာပါ။ ဒီနှစ်ဆင့်လုံး မှာ ပြောစရာမရှိအောင် အပြစ်ကင်းနေရင် နောက်တစ်ဆင့် အနေနဲ့ Real World ကိုတက်နိုင်ပါပြီ။

ဖုန်းပြောပါ

အွန်လိုင်းမှာ စကားပြောလို့က အဆင်ပြေသွားပြီ စိုပါဆို့။ နောက်တစ်ဆင့်က ဖုန်းဆက်တာပေါ့။ လူကို ဓာတ်ပုံထဲမှာသာ မြင်ဖူးပြီး စကားအပြောအဆို ဘယ်လိုရှိမယ်ဆိုတာ မသိဘူးလေ။ ဒီတော့ ဒုတိယ အဆင့် လုပ်ရမှာပါ။ အွန်လိုင်းမှာ သိထားတဲ့ အချက်အလက်၊ Chat ထဲက ပြောဆိုမှု နဲ့ အပြင်မှာ တကယ် ဖုန်းပြော ရတာနဲ့က ကွဲနိုင်ပါတယ်။ အသံနေအထားကို မူတည်ပြီးတော့ ဒီလူ လိမ်နေတာလား၊ အတည်လား ဆိုတာကို အခြေခံအားဖြင့် လူကဲခတ်လေးတော့ တတ်ဖို့လိုပါမယ်။ ဒါလည်း အားလုံး သိမှာပါ။ ဖုန်းဆက်လို့ အဆင်ပြေသွားပြီဆိုရင် နောက်တစ်ဆင့် ကတော့ တွေ့ဆုံရန် ချိန်းဆိုခြင်း ဖြစ်ပါတယ်။

အပြင်မှာ တွေ့ပါ

အွန်လိုင်းမှာကတော့ ပြောလို့အဆင်ပြေနေပါပြီ။ အပြင်မှာတွေ့ဖို့ ချိန်းကြတော့မယ်ဆိုပါစို့။ Public Place တွေကိုပဲ ရွေးရမှာပါ။ သတိထားရမှာတစ်ခုက မိမိရဲ့ နေရပ်လိပ်စာအနီးအနားကို မခေါ်မိစေဖို့ပါပဲ။ ဒါက အမျိုးသမီးများရဲ့ Personal Safety အတွက် စိုးရိမ်ရနိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်း၊ လူသိများ စားသောက် ဆိုင်တို့ အအေးဆိုင် တို့လို နေရာမှာ ချိန်းရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

အပြင်မှာတွေ့တဲ့အခါလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ ဓာတ်ပုံတွေလည်း အင်တနက် ပေါ်က အတိုင်းပဲ ဆိုပါစို့။ ဒါနဲ့ပဲ အဆင်ပြေပြီလို့ မမှတ်လိုက်ပါနဲ့။ ပထမဆုံး တွေ့ဆုံမှုက ဖူးစာရှင်လို့ မှတ်ယူရင် မှားသွား နိုင်ပါတယ်။ ပထမဆုံး တွေ့ဆုံမှုက ရှေးရေ စက်ကြောင့်မို့ တွေ့ရတယ်လို့ မှတ်ယူပြီး နောက်ပိုင်း အကြိမ်ကြိမ် အခါခါတွေ့ဖို့လိုပါမယ်။ ဒါကျတော့ Real World မှာလေ။ Real World မှာ ကောင်လေး တစ်ယောက် အနေနဲ့၊ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါတွေ့ပြီးရင်၊ ဖုန်းနံပါတ်တွေလည်း ရှိသွားပြီ ဆိုရင် ဘယ်လို စစ်ဆေး၊အကဲခတ်၊ လေ့လာရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ခုက လူငယ်တွေတောင် မဟုတ်တော့ ပါဘူး။ လူကြီးတွေအတွက်လည်း၊ အလုပ်များတာကြောင့် Romantic ဆန်ဖို့အတွက် အချိန် မပေးနိုင်သူ များက အွန်လိုင်းကတော့ ဘဝလက်တွဲဖော်များ တွေ့လေမလားလို့ ရှာလာ တတ်ကြပါတယ်။

အနှစ်ချုပ်

အချို့ တွေများ အမှန်အကန်နဲ့တွေ့သွားတာ ရှိပေမယ့် အချို့ အညာမိသွားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးမှ အများကြီးပါ။ အိမ်ထောင်ရှိလျက်နဲ့ အပျို၊လူပျို ဇာတ်ခင်းပြီး ကွဲကွဲပြဲပြဲ ဖြစ်သွားတဲ့ အချစ်ဇာတ်လမ်း တွေ လည်း မြင်တွေ့နေရပါတယ်။ သူတို့ အဓိက လွဲသွားတဲ့ အဆင့်ကတော့
စောင့်ကြည့် စစ်ဆေးတဲ့ အချိန်ကာလမှာပါ။ အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့တာက တစ်လတောင် မရှိသေးဘူး။ အိမ်ထောင်ပြု လိုက် တာမျိုးကျ လွန်တယ်လေ။ Online Dating လုပ်တယ်ဆိုတာက ရည်းစားဖြစ်ကြပါ၊ အိမ်ထောင်ပြကြပါဆိုတာမျိုး မဟုတ်ပါဘူး။ အပြင် မှာ တွေ့ဆုံပြီး ကိုယ်နဲ့ မိတ်ဆွေဖြစ်ဖို့ သင့်မသင့် စတင် စစ်ဆေးတဲ့ Stage မှာပဲ ရှိပါသေးတယ်။ အွန်လိုင်းမှာတုန်းက ပြောထားတဲ့ အချက်တွေ အားလုံးက ဟုတ်နေပြီ။ အပြင်မှာ ရုပ်လေး တွေ့ပြီး ဆုံးဖြတ်လို့ရ ပြီးရော ဆိုရင်တော့ ဒုက္ခရောက်သွား နိုင်ပါတယ်။ အလုပ်အရမ်းများပြီး ဘဝအတွက် လက်တွဲဖော် ရှာဖို့ အချိန်ပေးနိုင်သူများအတွက် ရည်ရွယ်ပါတယ်။
အဆင်ပြေပါစေ
နွေည
 သတိတရားဖြင့်
အရာရာကိုထိန်းချူပ်နိုင်ပါစေ။
.

2013 Miss Supranational Myanmar- Khin Wint Wah


2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah
2013 miss supranational myanmar khin wint wah

Related Postshttp://www.myanmarcutegirl.com/2013/09/2013-miss-supranational-myanmar-khin.html