This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, June 5, 2013

PC မှာ Android OS ကိုတင်သုံးကြမယ်

မင်္ဂလာပါ... ကွန်ပျူတာမှာ Android OS ကို တင်သုံးနည်းလေးကို မျှဝေလိုက်ပါတယ်... ပေါ့ပေါ့ပါးပါးလေး သုံးနိုင်အောင် VirtualBox ပေါ်မှာ တင်သုံးနည်းလေးကို ပုံနဲ့တကွ တစ်ဆင့်ခြင်းဖော်ပြပေးလိုက်ပါတယ်... Android OS ကိုစမ်းသုံးကြည့်လို့ ကြိုက်နှစ်သက်တယ်ဆိုမှ အပြီးတင်သုံးလည်းရပါတယ်... VirtualBox နှင့် Android OS ကို Download ယူဖို့ လင့်တွေပါ ထည့်ပေးထားပါတယ်...

VirtualBox ဆိုတာကတော့ ကျွန်တော်တို့ ယခုသုံးနေကြတဲ့ Microsoft ကထုတ်တဲ့ Windows တွေမှာ Install လုပ်ပြီး အခြား OS တွေကို VirtualBox ပေါ်မှာ သုံးလို့ရပါတယ်... မိမိစက်မှာ Win 7 တင်ထားပြီး 8 ကို VirtualBox ပေါ်မှာ တင်သုံးတာမျိုးဖြစ်ဖြစ် အခြား Linux OS၊ BackTrack၊ Ubuntu စသည် OS တွေကိုလည်း အသုံပြုနိုင်ပါတယ်... Microsoft ရဲ့ Windows တွေကတော့ အားလုံးသုံးနေကြတာမို့ သိပြီးသားဖြစ်ပေမယ့် ယခုခေတ်ထဲမှာ အခြား OS တွေကိုပါ လေ့လာဖို့ သုံဖို့ လိုအပ်လာပါပြီ... အဲ့ဒီအတွက် VirtualBox ကတော့ အထောက်ကူရတဲ့ Software တစ်ခုပါ... 
အရင်ဆုံး VirtualBox Install လုပ်ပုံကို ဖော်ပြပါ့မယ်...

ပုံသေးနေပါက အကြီးမြင်ရရန် ပုံကို နှိပ်ကြည့်နိုင်ပါတယ်...
Download မှရလာသော VirtualBox ကို Install လုပ်ရန် Double Click နှိပ်ပါ...
 ပုံမှာပြထားသည့်အတိုင်း တဆင့်ခြင်း လုပ်ဆောင်ပေးပါ...
ဒီနေရာမှာ VirtualBox Install လုပ်ခြင်း ပြီးပါပြီ...
VirtualBox ပေါ်မှာ Android OS အသုံပြုဖို့အတွက် Setting ချရပါမယ်...
ပုံမှာပြထားသည့်အတိုင်း New ကိုနှိပ်ပါ..
Name နေရာမှာ ကြိုက်နှစ်သက်ရာ နာမည်ပေးနိုင်ပါတယ်..
Type နေရာမှာ ဘေးကမြှားလေးကို နှိပ်ပြီး Linux ကိုရွေးပြီး 
Version နေရာတွင် Other Linux ကိုရွေးပါ... ပြီးလျှင် Next ပါ...
ဒီနေရာကတော့ VirtualBox အသုံးပြုဖို့ Memory သတ်မှတ်ပေးတာပါ...
မိမိ Memory အနည်းအများအလိုက် ပေးနိုင်ပါတယ်... 512 လောက်ဆိုလုံလောက်ပါတယ်...

VirtualBox အတွက် Hard drive ကို ပမာဏသတ်မှတ်ပေးတာပါ... Create ကိုနှိပ်ပါ...
Start ကို နှိပ်ပါ...

ပုံတွင်ပြထားသည့် အတိုင်းတက်လာပါက မြှားပြထားသည့် Folder ကိုနှိပ်ပြီး
Download မှရလာသော Android OS သိမ်းဆည်းထားသည့် နေရာကို သွားပြီး Select လုပ်ထည့်ပါ...
ပြီးလျှင် Start

VirtualBox ဖြင့် သုံးမှာဖြစ်သည့်အတွက် Live CD ကို ရွေးပေးပြီးသားမို့ Enter နှိပ်ပါ...
ကြိုက်လို့ အပြီးတင်ချင်ရင် Install ပေါ့နော်...

Android OS ကို VirtualBox ပေါ်မှာ တင်ခြင်းပြီးဆုံးပါပြီခင်ဗျာ...

VirtualBox 4.2.12-84980

>>>  Download  <<<

Android OS
android-x86-4.2-20130228

>>>  Download  <<<

Download ယူနည်း

========================================================
Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင် 
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။ 
========================================================
http://www.pyayblogger.com/2013/06/pc-android-os.html

မြန်မာနိုင်ငံမြေပုံကို အမှန်အတိုင်း မြင်ရမယ့် Myanmar Map App v1.0 Apk

Myanmar Topoghraphy Map
Yangon Map
Bagan Map
Mandalay Map
Ngapali Map
Mrauk OO Map
Inle Lake Map
တွေပါဝင်ပြီး စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ စေတီဘုရား၊ ATM စက်များ၊ ဘဏ်များ၊ Shopping Center, ဆေးရုံ စတာတွေကို English Language နဲ့ဖေါ်ပြပေးထားပါတယ်.. Install လုပ်ပြီးရင် မြေပုံတွေ Update ဆွဲဖို့ Internet တော့ ချိတ်ပေးရပါမယ်..
Google Play သုံးသူများကတော့ https://play.google.com/store/apps/details?id=com.greatestwebapp.myanmarmapapp မှာ တိုက်ရိုက် Install လုပ်နိုင်ပါတယ်..

အဆင်ပြေပါစေ..

Download :

ကျည်ဆံတစ်တောင့်က လူတစ်ယောက်ကိုပဲသတ်ပေမယ့် ဆိုးဆေးတစ်ထုပ်က. . .

အခုပြောမဲ့အကြောင်းကတော့ ဆိုးဆေးတွေအကြောင်းပါ။ဘာလို့ဒီအကြောင်းကို ပြောရတာလဲဆိုရင် ကျွန်တော်တို့နေ့စဉ်ဘ၀မှာ စားသောက်နေရတဲ့အစားအစာတွေမှာဆိုးဆေးတွေပါဝင်နေလို့ပါပဲ။ဒီနေရာမှာ ဆိုးဆေးကို ပရိတ်သတ်များအလွယ်တကူမြင်နိုင်တဲ့ဆိုးဆေးရှိသလို မမြင်နိုင်တဲ့ဆိုးဆေးတွေလဲရှိပါတယ်။ဘာတွေလဲ

မျှစ်တွေကို ဆိုးဆေးအနီရောင်တွေ၊အ၀ါရောင်တွေဆိုးကြတာကို မြင်ဘူးကြပါလိမ့်မယ်။ဒါပေမယ့်အခုတင်ပြမယ့်အကြောင်းအရာတွေက ပရိတ်သတ်တွေ အလွယ်တကူသတိမထားမိတဲ့ ဆေးဆိုးထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။

ပထမဆုံးစပြောရရင် ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ၀က်သား၊အမဲသား၊ဆိတ်သားတွေအကြောင်းက စရပါလိမ့်မယ်။ဒီအသားတွေကို ဆိုးဆေးတွေဆိုးထားသလား??ဟုတ်ကဲ့ အင်းစိန်ရွာမမှာသားသတ်ရုံတွေရှိပါတယ်။အဲဒီသားသတ်ရုံတွေမှာ ဘယ်လိုသတ်ကြလဲဆိုတော့ သူတို့ကအရင်ဆုံး သွေးတွေကို ထုတ်ပါတယ်။နွားရဲ့လည်ပင်းကို ဓါးထက်ထက်နဲ့ အပေါက်သေးသေးလေးဖေါက်ပါတယ်။သွေးတွေပန်းထွက်လာတာပေါ့၊သွေးထွက်တာနဲနဲနည်းသွားပြီဆို၇င် အပေါက်ကိုထက်ချဲ့ပါတယ်။ထွက်လာတဲ့သွေးတွေနဲ့ ၀က်ဆိုလဲဝက်သွေးပေါ့၊အမဲဆိုလဲ အမဲသွေးခဲတွေလုပ်ပါတယ်။အသားတွေကို ခွာတဲ့အခါမှာ အသားတွေမှာ သွေးမကျန်သလောက်ပါပဲ။အဲဒီအသားဖြူဖြူတွေကို ဆိုးဆေးအနီတွေနဲ့ ဆိုးပါတယ်။အသားကရဲနေတော့လတ်ဆက် တယ်ပေါ့။သူတို့ကို ဘာလို့ဆိုးရတာလဲမေးတော့ ၀ယ်တဲ့သူတွေက အသားဆိုနီနေမှကြိုက်တယ်။ဖြူနေရင်မရောင်းရလို့ပါတဲ့။

နောက်တစ်ခုက ငါး။ပုဇွန်။
ငါးဒိုင်တွေမှာတော့ငါးတွေဝယ်လာတုန်းက ပါးဟက်တွေကနီနေပါတယ်။ဒါပေမယ့် အချိန်ကြာလာရင် ပါးဟက်တွေက မည်းလာပါတယ်။စဉ်းစားကြည့်ပါ သတ္တ၀ါတွေသေပြီးတာနဲ့ တဖြည်းဖြည်းအတွင်းကနေပုပ်လာမဲလာတာပါပဲ။လူတောင်သေပြီးရင် အသားတွေမဲပြီး ခြောက်သွားတတ်တာ သဘာဝပဲလေ။ငါးသည်တွေဆီရောက်တဲ့အခါ ငါးတွေက ပါးဟပ်တွေမဲနေပြီ။ဒီတော့ဘာလုပ်လဲ။ငါးတွေရဲ့ပါးဟပ်ထဲကို ဆိုးဆေးအနီမှုန့်တွေ ပက်ထည့်ပါတယ်။ငါးကပါးဟက်လေးတွေနီနေတာပေါ့။ဝယ်တဲ့သူတွေကလဲ ငါးပါးဟက်ကို ဖြဲကြည့်ကြတယ်။နီနေမှ။ပြီးတော့အိမ်ရောက်တော့ရေဆေးတဲ့အခါ သွေးတွေထွက်တယ်လိုကထင်ကြတယ်။တကယ်တော့ဆိုးဆေးတွေအရည်ပျော်ကုန်တာပါ။
ပြီးတော့ပုဇွန်...ပုဇွန်ကို အပြာရောင်ဖြစ်အောင်ဆိုပြီး မဲနယ်တွေဆိုး၊တချို့က ဒုတ္တာတွေဆိုးသတဲ့။မဲနယ်ဆိုတာ သဘာဝဆိုပေမယ့်စားသုံးဖို့မသင့်တော်ပါဘူး။

ငံပြာရည်တွေမှာလဲ ဒုတ္တာတွေဆိုးထားတယ်ဆိုတာ ဟိုတစ်နေ့က သတင်းစာထဲမှာတွေ့လိုက်ရပါတယ်။

နောက်ထပ်အများကြီးရှိသေးတယ်။တစ်ခါကထားဝယ်သွားတုန်းက ဈေးထဲရောက်တာ အမဲရောင်ဆိုးဆေးအမှုန့်တွေရောင်းနေတာတွေ့လို့ ဘာလုပ်တာလဲလို့မေးကြည့်တော့"မုန့်ကုလားမဲလုပ်တာ"တဲ့။ကောက်ညင်းငချိပ်ကဈေးကြီးလို့ ရိုးရိုးကောက်ညင်းကို အမဲရောင်ဆိုးထားတာတဲ့။

ဆိုးဆေးတွေကို ဘယ်မှာဝယ်လို့ရလဲ။များသောအားဖြင်းဈေးထဲက ပရဆေးဆိုင်တွေမှာ အစုံဝယ်လို့ရပါတယ်။အင်းစိန်ဈေး စီရုံက ပရဆေးဆိုင်မှာ တထုပ်တစ်ရာနဲ့ ရောင်စုံရှိပါတယ်။ဇီးရောင်ယူမလား၊လိမ္မော်ရောင်ယူမလား။အရောင်စုံရသလို အနံ့အတု အရသာအတုတွေလဲရပါတယ်။အုန်းသီးအရသာရှိပါတယ်။အုန်းစိမ်းရည်အရသာပေါ့။သံပရာ၊ဇီး၊နာနတ်၊အစုံရှိသလို။နာနတ်အနံ့တို့၊ဘာလီအနံ့တို့ အနံ့တွေလဲတော်တော်ရပါတယ်။ဒီလိုဆိုင်တွေ ရန်ကုန်မှာ ဒုနဲ့ဒေး။

ဟုတ်ပါပြီ။ဆိုးဆေးတွေစားတော့ဘာဖြစ်လဲ။ဆိုးဆေးတွေဟာ အရမ်းပြင်းထန်တဲ့အတွက် ခန္ဓာကိုယ်တွင်းရောက်ရင် အသည်းကိုထိခိုက်စေပါတယ်။အသည်းခြောက်တာ၊အသည်းကြွပ်တာတွေဖြစ်နိုင်ပါတယ်။ကင်ဆာရောဂါတွေအဓိက ဖြစ်ရတဲ့အကြောင်းက ဆိုးဆေးကြောင့်လဲပါတယ်လို့ ဆရာဝန်ကြီးတစ်ယောက်ကပြောဖူးပါတယ်။အခုဆိုမြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားတာ ခေတ်စားနေပါပြီ။ဟိုလူဆေးရုံတက်ရတယ်။မေးလိုက်တော့ကင်ဆာ။ဒီလူဆေးရုံတက်ရတယ် မေးလိုက်တော့ကင်ဆာ။မြန်မာနိုင်ငံဟာ WHO ရဲ့ ကင်ဆာဖြစ်ပွားမှုနိုင်ငံများစာရင်းမှာ ဒုတိယနေရာမျာရှိပါတယ်။ဘယ်အချိန် ပထမနေရာရောက်လာမယ်မှန်းမသိတာမို့ ပရိတ်သတ်များအနေနဲ့ ဂရုပြုကြဖို့အချိန်ရောက်နေပြီဖြစ်ပါကြောင်း

မောင်စိုင်း
(ကနောင်)
ယခုလက်ရှိဖြစ်ပွားနေတဲ့ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတွေအကြောင်းကို အလျဉ်းသင့်သလိုဖော်ပြပေးပါမည်။ပိုးသတ်ဆေးဖြန်းထားသော အသီးအနှံများစားမိပြီးချက်ချင်းသေဆုံးကြသည့်အကြောင်းတွေဖြစ်ပါသည်။
(မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအဖွဲ့အား အထူးကျေးဇူးတင်အပ်ပါသည်။)

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ဖြန့်ချိနိုင်ရန် Digicel က အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါနောက်ဆုံးအဆင့်ကို Digicel အပါအဝင် ကုမ္ပဏီအဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်းအထန် ကြိုးစားလျက် ရှိသည်။

The Voice Weekly
သတင်းမှ ပြည်လည်မျှဝေပါသည်

ဓာတ်ငွေ့မီးဖိုနဲ့ ချက်သလား သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကို ဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်

ဓာတ်ငွေ့မီးဖိုနဲ့ ချက်သလား
----------------------------------------------------------------

သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကို ဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်... ဒီလိုအဖြစ်အပျက်ဟာ အိမ်ထောင်စုအများစုမှာ ဖြစ်တတ်တဲ့အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုးမကြုံရအောင် လုပ်ဆောင်ထားရပါမယ်...

အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတစ်ယောက်ဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးတစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်...

ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေတုန်းမှာဖြစ်ပါတယ်... အမျိုးသမီးဟာ ပန်းကန်ဆေးစင်နားမှာ ပိုးဟပ်တွေကိုတွေ့ပါတယ်... ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်...

ချက်ချင်းဆိုသလို ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်းဝါးမြိုသွားပါတယ်... သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းခံလိုက်ရပါတယ်...

သူမရဲ့အမျိုးသားဟာ အလောတကြီးပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပါတယ်... သူ့အဝတ်အစားတွေလည်း မီးလောင်ခံလိုက်ရပါတယ်.... အမျိုးသားဖြစ်သူကတော့ ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ပြီး ကုသမှုခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်းကြားရတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ရပါတယ်....

နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်းလွယ်တဲ့ ငွေ့ရည်တွေပါဝင်ပါတယ်... (insect killer တွေတင်မကပါဘူး... Air Freshener တွေ... အရက်ပြန်နဲ့ မီးလောင်လွယ်တဲ့ တခြား spray တွေအကုန်လုံးကိုလည်း သတိထားရပါမယ်...)

ဒါတွေနဲ့ ဖြန်းလိုက်တဲ့အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန်ပျံ့နှံ့သွားပါတယ်... ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်...

ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးတာမျိုး ဖြန့်ဝေတာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ... လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်....
----------------------------------------------------------------
Ref: Daily Health Tips
နှိုင်းရင့်နွေ

သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကို ဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်... ဒီလိုအဖြစ်အပျက်ဟာ အိမ်ထောင်စုအများစုမှာ ဖြစ်တတ်တဲ့အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုးမကြုံရအောင် လုပ်ဆောင်ထားရပါမယ်...

အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတစ်ယောက်ဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးတစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က ဖြစ်ပွားခဲ့ပါတယ်...

ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေတုန်းမှာဖြစ်ပါတယ်... အမျိုးသမီးဟာ ပန်းကန်ဆေးစင်နားမှာ ပိုးဟပ်တွေကိုတွေ့ပါတယ်... ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်...

ချက်ချင်းဆိုသလို ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်း ဝါးမြိုသွားပါတယ်... သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းခံလိုက်ရပါတယ်...

သူမရဲ့အမျိုးသားဟာ အလောတကြီးပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပါတယ်... သူ့အဝတ်အစားတွေလည်း မီးလောင်ခံလိုက်ရပါတယ်.... အမျိုးသားဖြစ်သူကတော့ ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ပြီး ကုသမှုခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်းကြားရတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ရပါတယ်....

နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်း လွယ်တဲ့ ငွေ့ရည်တွေပါဝင်ပါတယ်... (insect killer တွေတင်မကပါဘူး... Air Freshener တွေ... အရက်ပြန်နဲ့ မီးလောင်လွယ်တဲ့ တခြား spray တွေအကုန်လုံးကိုလည်း သတိထားရပါမယ်...)

ဒါတွေနဲ့ ဖြန်းလိုက်တဲ့အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန် ပျံ့နှံ့သွားပါတယ်... ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်...

ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးတာ မျိုး ဖြန့်ဝေတာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ... လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်....
----------------------------------------------------------------
Ref: Daily Health Tips
နှိုင်းရင့်နွေ

ဒီစာကို အမုန်းခံရေးပါမယ်။

Yin Yin Hnoung
ဒီစာကို အမုန်းခံရေးပါမယ်။
မကျေနပ်သူများဆဲချင်ဆဲသွားကြပါ။ ဘလော့ချင်ဘလော့သွားကြပါ
ဒါပေမယ့် ဒီစာကိုဖတ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ သင့်ဦးနှောက်ကို သင်နဲ့ အတူ တပါတည်းဆောင်ယူပြီးမှ ဖတ်ပါလို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။

ဝံသာနုစီးပွားရေးကို အားပေးကြဖို့ လှုံ့ ဆော်မှုတွေဟာ အခုမှပေါ်ပေါက်လာတာမဟုတ်ပါဘူး။
သီပေါမင်းပါတော်မူပြီး ၁၉၀၀ခုနှစ်ပတ်ဝန်းကျင်က မန္တလေးမှာ ဓာတ်ရထားပြေးဆွဲမှုတွေ စတင်ပါတယ်။
ပိုင်ရှင်ကတော့ အိန္ဒိယအမျိုးသား မနန့်ဂျီ ဆိုသူဖြစ်ပါတယ်။
မြန်မာလျှာနဲ့ အခေါ်ရလွယ်အောင်ပြောင်းလိုက်တော့ မနှင်းဆီဓာတ်ရထားဖြစ်လာပါတယ်။
အဲ့ဒီမှာ မျိုးချစ်စိတ်ပြင်းထန်သူ မြန်မာအမျိုးသားအချို့ က
မြန်မာလူမျိုးပိုင် သယ်ယူပို့ ဆောင်ရေးစနစ်တီထွင်ဖို့ အကြံဖြစ်လာကြတယ်။
ဒီလိုနဲ့  မြန်မာလက်သမားများတီထွင်ကြံဆပြီး ရာလေး ကျားစီးစက်ဘီးကို ဘေးတွဲတပ်လိုက်ရာက ဆိုက်ကားဖြစ်လာပါတယ်။
ဆိုက်ကားမှာ ဘာညာသာရကာလှုံ့ ဆော်မှုစာတန်းတွေမချိတ်ဆွဲပေမယ့် ဒါဟာ မြန်မာအမျိုးသားပိုင်မှန်းသိတဲ့အတွက် အားပေးကြရာက တွင်ကျယ်လာပါတယ်။
မနှင်းဆီဓာတ်ရထားကတော့ သံလမ်းရှိရာပဲပြေးဆွဲနိုင်တဲ့အတွက်ံအလုပ်မဖြစ်တော့ဘဲ
ချောင်ကြိုချောင်ကြားတိုင်း လွယ်လွယ်ဝင်ရောက်နိုင်တဲ့ ဆိုက်ကားက နေရာယူလိုက်ချိန်မှာတော့ မနှင်းဆီဓာတ်ရထား ခေတ်ပျောက်သွားပါတော့တယ်။

ဒါပေမယ့် ဝံသာနုစိတ်တစ်ခုတည်းနဲ့ စီးပွားရေးတစ်ခုဟာ ကြာရှည်မခံနိုင်ပါဘူး။
ရေရှည်မှာ စွမ်းဆောင်ရည်သာတဲ့ပြိုင်ဘက်နဲ့ တွေ့ ရင် ရှုံးနိမ့်တတ်ပါတယ်။
အခုဆို နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့မန္တလေးမှာ တချိန်က တွင်ကျယ်ခဲ့တဲ့ စက်ဘီး ဆိုက်ကားတွေအစားဆိုင်ကယ်က နေရာယူလာပါပြီ။
ဘယ်လောက်ပဲ ဝံသာနုစိတ်ရှိသူလို့ပြောပြော လက်ရှိမှာတော့ ဆိုင်ကယ်က ဆိုက်ကားထက် ပိုတွင်ကျယ်တယ်ဆိုတာ လက်ခံရတော့မှာပါ။

ဒီလိုပါပဲ။
အခုချိန်ဟာ မြန်မာနိုင်ငံရဲ့ တောက်ပတဲ့အနာဂတ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့စတင်နေချိန် လည်းဖြစ်ပါတယ်။
၂၀၁၃မှာ SEA Gameပြိုင်ပွဲ
၂၀၁၄မှာ ASEAN ဥက္ကဌရာထူး
၂၀၁၅မှာ ASEAN FREE TRADE AREA စတင်တော့မယ်။
နိုင်ငံတကာနဲ့ အများကြီးဆက်ဆံရတော့မယ်
ဘာတွေအဆင်သင့်ဖြစ်ပြီလဲ တို့ မြန်မာ။

ဂျပန်လိုမျိုး ကားကို အဓိကပို့ ကုန်လုပ်ဖို့ 
ကိုးရီးယားလို အီလက်ထရောနစ်ပစ္စည်းကို အဓိကပို့ ကုန်လုပ်ဖို့ 
အဲ့လိုအခြေအနေမျိုးရောက်အောင်တော်တော်ကြိုးစားရပါလိမ့်မယ်။
Made in MYANMAR ဆိုတဲ့တံဆိပ်တစ်ခုကို နိုင်ငံတကာမှာ နေရာတစ်နေရာရဖို့ ဆိုတာ ၉၆၉တံဆိပ်ကပ်ရုံနဲ့ဖြစ်လာမှာမဟုတ်ပါဘူး။
၇၈၆လိုအော်နေရုံနဲ့လည်းမပြီးပါဘူး။
၉၆၉နဲ့ ၇၈၆ဆိုတဲ့ comparative ဆန်ဆန် ဘာသာရေးဗန်းပြတဲ့စီးပွားရေးနဲ့တော့ အလုပ်မဖြစ်ပါဘူး။ နိုင်ငံတကာနဲ့ competitiveယှဉ်ပြိုင်ရမယ့် စီးပွားရေးခေတ် ဖြစ်လာရပါတော့မယ်။

ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးဟာ ဘာသာရေးတံဆိပ်အောက်မှာကပ်ရုံနဲ့  နိုင်ငံတကာ စံညွှန်းမီသွားမှာမဟုတ်ပါဘူး
အများကြီးကြိုးစားရပါလိမ့်မယ်။
အများကြီးအားထုတ်ရပါလိမ့်မယ်။
ကိုယ့်ကုန်ပစ္စည်းကို ဘာသာရေးတံဆိပ်အောက်ကနေရောင်းချနေခြင်းထက် တကယ်ကို အဆင့်အတန်းမီမီ အရည်အသွေးပြည့်ပြည့်ထုတ်ကုန်တွေနဲ့ နိုင်ငံတကာကိုထိုးဖောက်ရတော့မယ့် အချိန်ရောက်နေပါပြီ။

တရုတ်နိုင်ငံကနေ ဆိုင်ကယ်တွေ တင်သွင်းလာတော့ (အောမီးသောဖော)ဆိုတဲ့စာတန်းတွေ ကပ်ပြီး ဝင်လာတာမဟုတ်ပါဘူး။
သယ်ယူပို့ ဆောင်ရေးမှာ ဆိုက်ကားထက်ပိုလျင်မြန်တဲ့အတွက် ဆိုက်ကားတွေ အလိုလိုနေရာပျောက်ပြီး မန္တလေးဟာ ဆိုင်ကယ်မြို့ တော်ကြီးဖြစ်လာတာပါ။
ဒီအချက်ကိုသတိမူကြစေချင်ပါတယ်။

ငါတို့ မြန်မာတွေ မျက်စိပွင့်ကြပါတော့။
နားဖွင့်ကြပါတော့။
ဘာသာရေးမှိုင်းတွေအောက်က ရုန်းထွက်ကြပါတော့။
အိမ်ကြက်ချင်း အိုးမည်းသုတ်ထားတော့ တခြားခြံကကြက်တွေမြင်ရင် ရယ်စရာဖြစ်မနေပေဘူးလား။
အခုပြောတဲ့စာကိုလည်း လက်ခံချင်မှလက်ခံပါ။
ကိုယ်ပိုင်ဦးနှောက်နဲ့ ပဲ စဉ်းစားဆုံးဖြတ်ကြပါ။
များများတွေးလို့  ဝေးဝေးကြည့်တတ်ကြပါစေလို့ ပဲ ဆုတောင်းရင်း ဒီစာကို နိဂုံးချုပ်လိုက်ပါတယ်။

တေးရေး ကေအေတီရဲ့ နောက်ဆုံးခရီး မှတ်တမ်း ဓါတ်ပုံးများ

တေးရေး ကေအေတီ (ခ) ကျော်ကျော်အောင် ရဲ့ နောက်ဆုံးခရီး
 ရန်ကုန်၊ ရေဝေးသုသာန် (ဇွန်လ ၃ ရက်နေ့)
ဂီတလောကမှာ အောင်မြင် ကျော်ကြားခဲ့တဲ့ အချစ်သီချင်းကောင်း များစွာကို ရေးစပ်ခဲ့တဲ့ တေးရေးကေအေတီရဲ့ ရုပ်ကလာပ်ကို ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီမှာ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ် ခဲ့ပါတယ်။

တေးရေးကေအေတီဟာ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ရန်ကုန်မြို့ သျှင်ပါကူ အထူးကုဆေးရုံမှာ နှလုံးရောဂါနဲ့ အသက် ၄၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အောင်မြင်တဲ့ တေးရေးသူ တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ဈာပနကို သူနဲ့ လက်တွဲညီခဲ့ကြတဲ့ အနုပညာရှင် အတော်များများ လာရောက်ခဲ့ကြပါတယ်။

Funeral Of Well-Known Composer KAT (or) Kyaw Kyaw Aung

ကေအေတီရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်တဲ့သူတွေအားလုံး အမည်းရောင် တီရှပ် ကိုယ်စီ ဝတ်ထားကြပါတယ်။ အဲဒီ တီရှပ်တွေပေါ် မှာတော့ ‘ရာဇဝင်တွေကို အသေအချာပြန် ဆန်းစစ်ကြည့်ရင် ကျရှုံးခဲ့ သူတွေကလည်း အောင်နိုင်သူတွေအပေါ် နည်းနည်းတော့ သြဇာညောင်း မှာပါလို့ ရေးသားထားပါတယ်။

The Funeral of Myanmar Well-known Composer KAT (or) Kyaw Kyaw Aung
At Yay Way Cemetery, Yangon
On June 3, 2013
http://info.myanmarcelebrity.com/2013/06/photos-funeral-of-myanmar-...
တေးရေး ကေအေတီ (ခ) ကျော်ကျော်အောင် ရဲ့ နောက်ဆုံးခရီး 
ရန်ကုန်၊ ရေဝေးသုသာန် (ဇွန်လ ၃ ရက်နေ့)

The Funeral of Myanmar Famous Composer K.A.T
Rzarni & One @ Funeral of Composer KAT
Guitarist Chit San Maung (IC) @ Funeral of Composer KAT
Famous Rocker Lay Phyu @ Funeral of Composer KAT
လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2013/06/blog-post_5623.html

လွန်ခဲ.သော နှစ်ပေါင်း ၁၂၀ ကျော်က လူ့အသက်တချောင်းကို နှုတ်ယူခဲ.သည့်ကြိုးအပိုင်းစ

                     ၇ခိုင်ပြည် ကျောက်ဖြူမြို.နယ် မှ ရေလမ်းဖြင်.သွားရသည်. နယ်၈ွာလေး တစ်ရွာတွင် ပန်းဖဲစံမြ (ခေါ်) ချက်ကြီး သည် ၇ွာသူကြီး အဖြစ်နဲ. ၇ွာသားတွေကို တ၇ားသဖြင်. အုပ်ချုပ်နေခဲ.သည်... ရခိုင်ပြည်ကို   ဗမာတို. စစ်ချီရာ မှာ စစ်၇ှုံးတော. ဗမာတွေက ၇ွာသူကြီးကို မန်ကျီးပင်မှာ အ၇ှင်လတ်လတ် ကြိုးတွဲချ ကာ သတ်ခဲ.တယ်...အဲဒီ ကြိုးဟာ ရန်ကုန်တိုင်း၇ှိ ထောင်တခုတွင် ဘီ၇ို တစ်လုံးတွင် သိမ်းဆီးထားပါသည်..ထိုကြိုးမှာအသက်ဝင်နေခြင်းလား (သို.) နာနာဘ၀ များ ပူးကပ်နေခြင်းကြောင်.လား လမိုက် ည များတွင် စစ်ဖိနပ်သံများ ညည်းညူ သံများ အသံ သဲသဲ ကြားနေရပါသည်....ထူးခြားချက်မှာ ထိုထောင်တွင် တာဝန်ကျလာ သူများမှာ ရာထူးမတည်မြဲခြင်း နေမကောင်း မကျန်းမာခြင်း တသက်လုံးကျန်းမာလာသူများပင် ထိုထောင်တွင် တာဝန်ကျလာသည်. အမှုထမ်းများမှာ ချူချာခြင်း ၀မ်းနေမကောင်းခြင်း များ ဘေး ဆိုကြိုးများကြုံတွေ.နေရပါသည်..ထို.ကြောင်. ထိုထောင်၇ှိ ၀န်ထမ်းများများမှာ ထိုလူသတ်ကြိုး အား နေရာ တခုခု သိုပြောင်းေ၇ွှပေးရန် လိုလားနေကြပါသည်....
            အမည်မဖေါ်လို သူ ၀န်ထမ်းတရောက်မှ ပြောပြပါသည်...ပုံ..တွင်ပါသည်. ကြိုး ဖြစ်သည်...
                                                
အသံထွက်စွမ်းရည်ပိုကောင်းအောင် Android အတွက် Equalizer 3.2.8

Android အတွက် Equalizer 3.2.8
====================
အသံထွက်စွမ်းရည်ပိုကောင်းအောင် ချိန်ညှိခြင်းကို Equalizer ချိန်တယ်လို့
ခေါ်ပါတယ် Android မှာလည်း အချို့ Player မှာ ပါဝင်ပါတယ်
ဒါပေမယ့်အခုတင်ပေးလိုက်တဲ့ဆော့ဝဲကတော့ အစုံဆုံးပဲဗျို့
မစုံရအောင်လည်း သူက ဒီတစ်မျိုးပဲလုပ်ဆောင်ပေးတာလေ

Android version 2.2 အထက်သုံးနိုင်ပြီး
အခုတင်ပေးလိုက်တဲ့ version ကတော့

Equalizer 3.2.8 ပါ
ဖိုင်ဆိုဒ်က 2.32MB

http://www.aungkyaw.com/2013/06/android-equalizer-328.html

-အခြားသူအတွက် အကျိုးရှိမယ်ထင်လျှင် များများရှယ်ပေးပါ

Pee Mak အချစ်ဇာတ်လမ်း၏သမိုင်းကြောင်း ( ထိုင်းသရဲမလေး )

Shune Lae Yee ဒါသမိုင်းကြောင်းပေါ့!!! :)
Pee Mak အချစ်ဇာတ်လမ်း၏သမိုင်းကြောင်း 

Pee mak phra khanong ဖိမာ့က်ဖရာ့ခနွန်င်

၁၉ရာစု အဦးပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာပေါ်အခြေခံပီး အစဉ်အဆက် ပါးစပ်ရာဇဝင်လေးတခုကနေ ဒေသဆွဲရိုးရာယုံကြည်မှုကနေ လူသိများခဲ့တဲ့ ထိုင်းသရဲမလေး မဲ့နာ့က်/မဲ့နတ်/အမေနတ် အကြောင်းလေးပေါ့
ထိုင်းရိုးရာအရ ထိုင်းဘုရင် မောင်းကုတ်/မွန်ကွတ် လက်ထက်မှာ ဖြစ်ပွါးခဲ့တဲ့အဖြစ်အပျက်လေးတခုလို့ဆိုပါတယ် ဘန်ကောက်၊ ဖရာ့ခနွန်င် ဒေသမှာနေထိုင်တဲ့ နာ့က် (Nak) ဆိုသောမိန်းမလှလေးတယောက်က သူ့ချစ်ပွန်း မာ့က် ( Mak ) အပေါ်မှာထားရှိတဲ့အဆုံးမဲ့ချစ်ခြင်းတွေပေါ်အခြေခံပီး ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ဇာတ်လမ်းလေးတပုဒ်
မိန်းမလှလေး နာ့က်က ချစ်ခင်ပွန်း မာ့က်ရဲ့ရင်သွေးလေး လွယ်ထားရချိန်မှာ မာ့က်ဟာစစ်မှုထမ်းရန်အကြောင်းဖန်လာခဲ့ပါတယ် ( လွယ်လွယ်ပြောရင် ပေါ်တာဆွဲခံရတယ်ပေါ့ )
ရှေ့တန်းစစ်မျက်ကိုအပို့ခံခဲ့ရပါတယ် ( တချို့ဇာတ်ကြောင်းတွေမှာတော့ ရှမ်းလူမျိုးတွေနဲ့ဖြစ်တဲ့စစ်ပွဲလို့ဖော်ပြထားပါတယ် ) စစ်ပွဲမှာပဲ မာ့က်ဟာဒါဏ်ရာပြင်းထန်စွာရခဲ့တဲ့အတွက်ကြောင့် ဒါဏ်ရာကုသရန် ဘန်ကောက်ကိုပို့ဆောင်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ မာ့က်ရဲ့ချစ်ဇနီး နာ့က် ဟာကလေးမီးဖွားရင်း မွေးဖွားရခက်ခဲမှုကြောင့် ကလေးရောမိခင်ပါ မီးတွင်းထဲမှာဆုံးပါးခဲ့ပါတယ် ဒါပေမဲ့ မာ့က်အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့ချစ်ဇနီးနဲ့သူ့ရင်သွေးလေးဟာသူ့ကိုစောင့်မျှော်နေတာတွေ့ရပါတယ် ဒါကိုအကြောင်းအရင်းအလုံးစုံသိတဲ့အိမ်နီးချင်းတွေက မာ့က်ကိုပြောဆိုသတိပေးဖို့ကြိုးစားသူတိုင်းအသတ်ခံခဲ့ရပါတယ် 
တရက်သောနေ့မှာတော့ သံယောဇဉ်ကြီးမားတဲ့ သူရဲမလေး နာ့က်က သူ့ချစ်ခင်ပွန်းအတွက် nam Prik ( မြန်မာလိုဆို ငရုတ်သီးထောင်း ခေါ်မလား ငရုတ်သီးဖျော်ခေါ်မလားတော့မသိပါ ) လုပ်နေတုန်း သံပရာသီးလုံးလေးက ထွက်ကျသွားခဲ့တယ် ဒါကို သရဲမလေးကလည်း ခပ်သွက်သွက် ( ဘယ်သူ့မှမမြင်လောက်ပါဘူးဆိုတဲ့အထာနဲ့နေမှာပေါ့ ) သူ့လက်ကိုအရှည်ကြီးဆန့်ထုတ်ပီး မြေကြီးပေါ်ကနေကောက်ယူလိုက်ပါတယ် ဒါကို အမှတ်မထင်မမျှော်လင့်ပဲ သူ့ချစ်ခင်ပွန်း မာ့က်ကမြင်တွေ့လိုက်ခဲ့တယ် မာ့က်လည်းမျက်ဝါးထင်ထင်မြင်လိုက်ရတော့ ဇောချွေးတွေပြန် ထူပူကြောက်လန့်ပီး သူ့ဇနီးဟာ သရဲမလေးဖြစ်နေတယ်ဆိုတာကို လက်တွေ့သိလိုက်ရတယ် မာ့က်ကကြောက်လန့်တုန်လှုပ်လွန်းပီး သူ့ဇနီးသရဲမလေးမသိအောင်ဟိုး--အဝေးကိုထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ် ထိုညအိပ်နေရာမှ မာ့က်ကအောက်ထပ်ဆင်း သေးသွားပေါက်အုံးမယ်လို့ သူ့ဇနီးသရဲမလေးကို လိမ်ညာပြောပီး တချိုးတည်း သုတ်ခြေတင် ညမှောင်ထဲကိုပြေးတော့တာပဲ 
ဒါကိုသရဲမလေးကသိသွားတော့ သူ့ခင်ပွန်းကို ညတွင်းချင်းလိုက်ပီး ရှာတော့တာပါပဲ မာ့က်ကသူ့ဇနီးသူရဲမလေးကိုလည်းမြင်ရော နတ်(ထိုင်း )ဖုမ္မသိမ်း(မြန်မာ) ( Blumea balsamifera)ပင်ချုံပုတ်နောက်မှာဖုံးကွယ်ပုန်းနေရှာပါတယ် ပါးစပ်ပြောအရပ်ပြောအရ သရဲတွေကဖုမ္မသိမ်းပင်အစေးကိုကြောက်ကြတယ်လို့ဆိုပါတယ် ထို့နောက် မာ့က်က ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းကိုပြေးပါလေတော့တယ် ထိုဘုရားကျောင်းကသရဲတွေမဝင်နိုင်ဘူး တန်ခိုးကြီးမားလွန်းပါတယ်တဲ့---------

ဖိမာ့က်ဖရာ့ခနွန်င်ဒေသလေးမှာတော့ သရဲမလေး နာ့က်ဟာ သူ့ရဲ့ဝမ်းနည်းပေါက်ကွဲကြေကွဲ မကျေနပ်မှုတွေကို ထိုဒေသခံတွေအပေါ်မှာ ခြောက်လှန့်ပြုစားသောင်းကြမ်းရင်း လက်စားခြေ ခဲ့ပါတယ် သူမဟာ သူ့ခင်ပွန်းစွန့်ခွါသွားခြင်းက ဒီဒေသကလူတွေကြောင့်လို့ပဲထင်မှတ်ခဲ့ပါတယ် 
ဒါပေမဲ့ သရဲမလေးနာ့က်ဟာ နောက်ဆုံးမှာ သရဲဖမ်းဆရာတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ် သူမကို သရဲဖမ်းဆရာတွေက ရွှံ့မီးဖုတ်ခရားထဲထည့်ပီး ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲမျှောခဲ့ပါတယ် 
တခြားအဆိုများအရကလည်း တနေ့မှာ ငါးဖမ်းတံငါသည်အိုဇနီးမောင်နှံက ထိုသရဲမလေးပိတ်လှောင်ခံထားရတဲ့ခရားကို ဆယ်မိရာမှ ခရားအဖုံး ဖွင့်လိုက်တဲ့အတွက်သရဲမလေးဟာ လွတ်မြောက်သွားခဲ့ပါတယ်တဲ့ 
တချို့ကလည်းထိုသရဲမလေးဟာ တန်ခိုးကြီးဘုန်းတော်ကြီးတပါးကဖမ်းဆီးပီး သူမရဲ့ဝိညာဉ်ကို သူမဦးခေါင်းခွံနဲ့မံပီး ထိုဘုန်းတော်ကြီးရဲ့သင်းပိုင်နဲ့စည်းထားခဲ့ပါတယ် သမိုင်းများအဆိုရထိုသင်းပိုင်ဟာ ထိုင်းတော်ဝင်မိသားစုတွေလက်ထဲမှာလို့ဆိုပါတယ် 
တချို့ကလည်းထိုဘုန်းတော်ကြီးကသရဲမလေးကို နောက်ဘဝမှာသူမရဲ့ချစ်ခင်ပွန်းနဲ့ပြန်လည်စုံစည်းပေါင်းသင်းရန်ဆုမွန်ကောင်းတောင်းစီမံပေးလိုက်တဲ့အတွက် သရဲဘဝမှကျွတ်လွတ်သွားတယ်လည်းဆိုကြပြန်ပါတယ် 
ဘယ်သူတွေဘယ်လိုပြောပြော ဘယ်လိုရေးရေး မဲ့နာ့က်/မဲ့နတ်/အမေနတ်ရဲ့ သူ့ခင်ပွန်းအပေါ်ထားရှိတဲ့ အဆုံးမဲ့ချစ်ခြင်းအကြောင်းအရာလေးကတော့ ကြီးကြီးငယ်ငယ် အသက်အရွယ်အားလုံးကြားမှာ ပြောစမှတ်တွင်ထင်ကျန်ရစ်ခဲ့တာပါပဲ 
သူမရဲ့နတ်ကွန်းအဆောက်အဦးကိုတော့ ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းထဲမှာ ထားရှိခဲ့ပါတယ် ၁၉၉၇ခုနှစ်မှာတော့ သူမရဲ့နတ်ကွန်းကို Suan Luang (Prakhanong)ဒေသကိုပြောင်းရွှေ့ခဲ့ပါတယ် 
ယနေ့အချိန်အထိ ထိုဒေသလေးမှာ မဲ့နာ့က်နတ်ကွန်းကို ရိုးရာအစွဲအလမ်းယုံကြည်မှုအဖြစ်ကိုးကွယ်နေကြဆဲပါ ထိုနတ်ကွန်းမှ မဲ့နာ့က်နဲ့သူ့ရင်သွေးရုပ်ထုရှေ့မှာဆုတောင်းပူဇော်ပသရင်ပြည်တယ်လို့ယုံကြည်ကြဆဲပါ အထူးသဖြင့်အမျိုးသမီးများအား မီးဖွားရလွယ်ကူအောင် / ပေါ်တာဆွဲစစ်မှုထမ်းခြင်းမှသူတို့ခင်ပွန်းများလွတ်ကင်းအောင် စတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ နတ်ကွန်းနောက်ကညောင်ပင်မှာ ရောင်စုံအဝတ်များပတ်လှူ၍သော်လည်းကောင်း သစ်သီးများ ကြာပန်းများ အမွှေးတိုင်များဖြင့်ပူဇော်ပသနေကြဆဲပါ ဒါ့အပြင် ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲကို ဘေးမဲ့ငါးများလွှတ်ခြင်း ကြာပန်းကြာဖူးများမျှောခြင်းအစရှိသဖြင့်မိမိယုံကြည်ရာအလိုက် ကိုးကွယ်ပူဇော်ပသဆုတောင်းကြဆဲပါတဲ့----------------------------ဇွဲပိုင်မှူး ( ၁၄၂၁နာရီ မေ၃၀ )
( မှတ်ချက်။ ။ အမှားများပါရှိပါကလည်းခွင့်လွှတ်စေချင်ပါသည် ထိုင်းစကားထိုင်းစာတလုံးမျှမသိသောကြောင့်အခေါ်အဝေါ်များချို့ယွင်းချက်ရှိပါကသည်းခံဖတ်၍အမှန်ပြင်ပေးနိုင်ပါတယ်ခင်ဗျာ မြန်မာမှသူငယ်ချင်းများစတေးတပ်တွေတင်ကြလွန်းလို့ ကိုယ်မကြည့်ရသေးသော်ငြား ရှာကြံဖတ်ကြည့်ရာမှ Wikipedia အားကိုးကား၍ဘာသာတတ်သလောက်လေးပြန်ရေးသားခြင်းဖြစ်ပါသည် )
 
Credit: Zwepai Mhu

Pee Mak မှာ ထိုအချစ်ဇာတ်လမ်း၏ ၃၃ခါမြောက်ပြန်ရိုက်သော ဇာတ်ကားဖြစ်သည်.. Pee Mak ရှေ့တွင် ဇာတ်လမ်းဆင်တူအများအပြားထွက်ခဲ့ဖူးသည်..

ပိုက်ဆံသုံးမကုန်သည့် ကားပြိုင်ဂိမ်းလေး Drag Racing 1.6.6

ပိုက်ဆံသုံးမကုန်သည့် ကားပြိုင်ဂိမ်းလေး Drag Racing 1.6.6
==================================
ကားပြိုင်ဂိမ်းအကြီးကြီးမဟုတ်ပါဘူး သေးသေးလေးပါ
ကားအစီးပေါင်း ၅၀ ကျော်ကို ကိုယ့်ပါကို ၀ယ်ပြီး ကစားရပါမယ်
အင်ဂျင်ပါဝါမြှင့်မယ် ၊ တာယာလဲမယ်
စသဖြင့် ကားဂိမ်းဆိုသည့်အတိုင်းအကုန်ပါတယ် ထူးခြားတာက
ဒီ version လေးကို modify လုပ်ထားပါတယ် ဘယ်လိုလုပ်ထားလဲဆိုတော့
ပိုက်ဆံကို သုံးမကုန်အောင်လုပ်ထားပါတယ် ပိုက်ဆံများများရမှ ကားတွေကို
ဝယ်နိုင်သလို ပါဝါတွေလည်း မြှင့်နိုင်မှာပါ အခုတော့ Cracking လုပ်ထား
ပြီးသား ဂိမ်းလေးပါ
Drag Racing version 1.6.6 ပါ Android version 1.6+ ဆော့နိုင်ပါသည်

ဝယ်နိုင်သလို ပါဝါတွေလည်း မြှင့်နိုင်မှာပါ အခုတော့ Cracking လုပ်ထား ပြီးသား ဂိမ်းလေးပါ 
Drag Racing version 1.6.6 ပါ Android version 1.6+ ဆော့နိုင်ပါသည်

ဒီမှာဒေါင်းပါ

Drag Racing Mod (Unlimited Money) v1.6.6 APK
Drag Racing Mod (Unlimited Money) v1.6.6 APK

http://www.aungkyaw.com/2013/06/drag-racing-166.html