This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, June 5, 2013

အတုယူဖွယ် ညီအကို နှစ်ဦး (ဘာသာပြန်၊ ဖေမြင့်)




မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကို နှစ်ယောက် အတူတကွ လုပ်ကိုင် ကြလေသည်။ တစ်ယောက်က အိမ်ထောင်သည်။ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။ တစ်နေ့ကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများ ရောင်းချရသည်။ အမြတ်အစွန်းများကို ညီအစ်ကို နှစ်ယောက် ညီတူမျှတူ ခွဲဝေယူကြသည်။

တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်။ " လယ်ယာထွက် သီးနှံတွေ အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး။ ငါက တစ်ယောက်တည်းသမား၊ ငါ့လိုအပ်ချက်က နည်းနည်းလေး " သည် လိုတွေးကာ ညစဉ် ညတိုင်း သူ့စပါးကျီးမှ စပါးတစ်အိတ်စီ ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်သည်။

သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ " သီးနှံတွေ ၀င် ငွေတွေကို ညီတူညီမျှဝေယူ နေကြတာမမှန်ဘူး။ ငါက အိမ်ထောင်သည်။ ငါ အသက်ကြီးတဲ့ အချိန်ပြုစု စောင့်ရှောက်ဖို့ မိန်းမ ရှိတယ် သားထောက်သမီးခံ ရှိတယ်။ ငါ့ညီမှာက တစ်ယောက်တည်း။ မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက် သူမရှိဘူး " ဟူ၍တွေးကာ ညတိုင်း စပါးတစ်အိတ်ထမ်းပြီး သူ့ညီ စပါးကျီထဲ သွားထည့်သည်။

သည်လိုနှင့် နှစ်ချီ၍ကြာလာသည်။ ကိုယ့်ကျီထဲက စပါးတွေ ညစဉ် ထုတ်ယူ နေပါလျက် လျော့နည်းသွားခြင်းမရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြသည်။ သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကို နှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော့မှပင် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား သိမြင် သွားကြသည်။ စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကို တစ်ဦး တင်းတင်းဖက်ထားလိုက်မိကြလေသည်။

ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ခ်ျတွေကို လက်ခံရရှိတဲ့သူဆီမှာ အလိုအလျောက်ဖျက်ပေးနိုင်တဲ့ messaging app

Snapchat v2.1.0 for Android
----------------------------------

Android ဖုန်းအသုံးပြုသူတွေအတွက် ဆော့ဝဲအလန်းလေးဖြစ်တဲ့ Snapchat for Android နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Snapchat ကတော့ ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ခ်ျတွေကို လက်ခံရရှိတဲ့သူဆီမှာ အလိုအလျောက်ဖျက်ပေးနိုင်တဲ့ messaging app တစ်ခုဖြစ်ပါတယ်။ သင်က သင့်ရဲ့သူငယ်ချင်းတစ်ယောက်ဆီ မက်ဆေ့ခ်ျပို့လိုက်ပြီး သင့်ရဲ့သူငယ်ချင်းက မက်ဆေ့ခ်ျကိုဖတ်ပြီးတဲ့အချိန်မှာ မက်ဆေ့ခ်ျဟာ သူ့အလိုလိုဖျက်ပစ်ပြီးသားဖြစ်နေမှာပါ။ အသုံးပြုသူရဲ့ privacy ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မက်ဆေ့ခ်ျအပို့ခံရတဲ့သူငယ်ချင်းက ဒီမက်ဆေ့ခ်ျကို ဘယ်လောက်ထိကြာကြာဖတ်ခွင့်ရနိုင်လဲဆိုတာကို အချိန်သတ်မှတ်ပေးနိုင်ပါတယ်။ ၁၀ စက္ကန့်အထိအချိန်သတ်မှတ်ပေးနိုင် ပါတယ်။ မက်ဆေ့ခ်ျကို အလိုအလျောက်မဖျက်ပစ်ခင် မက်ဆေ့ခ်ျလက်ခံရရှိသူမှာ မက်ဆေ့ခ်ျကိုဖတ်ဖို့ ၁၀ စက္ကန့်အချိန် ရမှာ ဖြစ်ပါတယ်။ ၁၀ စက္ကန့်အတွင်းမဖတ်ပါက မက်ဆေ့ခ်ျကိုဖတ်လိုက်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ မက်ဆေ့ခ်ျလက်ခံ ရရှိသူ က သင့်ရဲ့မက်ဆေ့ခ်ျကို screenshot ရိုက်ထားတယ်ဆိုရင် သင့်ဆီကို တစ်ဖက်လူကမက်ဆေ့ခ်ျ screenshot ရိုက်ထား တယ်ဆိုတဲ့အကြောင်း အသိပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ app ကိုအသုံးပြုပြီး သင့်ရဲ့မက်ဆေ့ခ်ျကို ဘယ်သူက ဘယ် လောက်ထိ အလေးထားလဲဆိုတာကိုသိရှိနိုင်ပြီး ကိုယ့်ရဲ့သူငယ်ချင်းကောင်းကိုပါရွေးထုတ်ရှာဖွေနိုင်ပါလိမ့်မယ်။ အသုံးပြု မယ်ဆိုရင် snapchat ထဲဝင်ပြီး မက်ဆေ့ခ်ျရိုက်ပါ၊ ပြီးရင်အချိန်သတ်မှတ်ပေးပြီးပို့လိုက်ပါ။ သင့်ရဲ့ သူငယ်ချင်းက ၁၀ စက္ကန့် အတွင်း မက်ဆေ့ခ်ျကိုဖတ်ပြီးတာနဲ့ သူ့အလိုလိုပျောက်သွားပါလိမ့်မယ်။ ဒီလိုဖတ်ပြီးပျောက်သွားတဲ့စနစ်ဖြစ်တာကြောင့် လျှို့ ၀ှက်အကြောင်းအရာတွေရေးထားတဲ့ မက်ဆေ့ခ်ျဖြစ်ပါက လုံခြုံရေးအတွက်စိတ်ချရပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ Android 2.2 နဲ့အထက်ဖုန်းတွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
Mirror link:
Snapchat v2.1.0 for Android (Link 1)
http://www.myanmarmobileapp.com/2013/06/04/snapchat-v2-1-0-for-android/

ပြည်သူတွေကို အငတ်မထားသော အစိုးရ ပေါ်လစီ

အမေရိကန်ပြည်ထောင်စုမှာ ၀င်ငွေနိမ့်သူများကို အစားသောက်ဝယ်
စားဖို့ ( Food stamp ) ကဒ်တွေထုတ်ပေးပါတယ်....ဒီအကြောင်း
VOA ကထုတ်လွှင့်ချက်ကို ဘာသာပြန်ပို့ချပေးထားပါတယ်။http://www.youtube.com/watch?feature=player_embedded&v=pNFzdtmMZVQ#action=share
Picture

         Millions of Americans using   food stamps

 

                                                       Times are tough. But Carrie Ray Black has a lot to be thankful for this Christmas.

She is a single working mother in the central state of Kentucky. She has two children and is going to school three days a week to earn a nursing degree.

Returning to school means she has a smaller monthly income. After paying her monthly bills, there was not enough money left to feed her family. So she applied for food stamps.

“Sometimes the food is the last part and you have to stretch the little money you get for food,” Ray said. “So, that is when I found out I needed assistance.

Food stamps are funded by the federal government. They provide food assistance to poor and low income families. Many recipients are single working mothers.

The stamps once resembled postage stamps, but today, the money is distributed on electronic cards.

The U.S. government says the number of Americans using food stamps recently rose over 30 million for the first time. In September, the number reached 31.5 million. Government figures indicate as many as 36 million people in America have difficulty putting food on the table.

Lexington Kentucky is a moderate-size city known for its horse farms and ties to the horse racing industry. God’s Pantry Food Bank in Lexington offers food assistance in 49 counties across the state.

It is one of 204 food bank systems that serve every county of the nation.

It receives its food supply from major U.S. cereal and other manufacturers. It offers food to those who do not receive federal help and to those who need more than the food stamp program provides.

Volunteer coordinator Mandy Brahuha says the food bank used to serve 800 families a month. This month, 1,900 families are requesting assistance.

Mrs. Brahuha says what they are seeing in Kentucky mirrors national trends. “It is a different type of client than we are use to seeing. It is not just people on disability or regular food stamp people,” she said. “These are people that have never had to reach out for help before.”

People like Michael Martin and his family. After working for 11 years for a utility company, he was laid off. He has been seeking work for four months. “I want to work. I have been looking for work. I will rake leaves and do anything for work,” said Martin. “I’ll even downgrade in pay. I just want to pay my bills; I don’t want people to help me.”

When his family had almost nothing to eat for two weeks, he applied for food stamps.

Michael said the worst part is the shame he feels. “I am just ashamed,” he said. “I mean, when I go into a grocery store and you pay for stuff [with food stamps], and people look at you like … they look at you different.”

Analysts predict that unemployment in the U.S. could rise to 8 percent by the end of 2009. And the number of people needing food assistance will also rise.

Picture
00:00
00:00

Tuesday, June 4, 2013

ရန်ကုန် မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ

ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မေ ၃ဝ ရက်၊ ညနေ ၅ နာရီခွဲတွင် ကျောက်ဆည်ဘူတာ၌ ရထားဘရိတ်များကို စစ်ဆေးနေစဉ် စက်ခေါင်းအောက်၌ ဆံပင်တိုနက်၊ ဝဲနားရွက်ပါ၊ ဝဲလက်ကျိုးပဲ့၊ ရင်အုံအောက်ပိုင်း မပါရှိသည့် ပုံပျက်နေသာ ဦးခေါင်းတစ်ခု ညပ်ပါလာသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ရထားသည်မေလ ၂၉ ရက် ၈ နာရီ မိနစ် ၃ဝ တွင်ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသော အမှတ်(၁) အဆန်း စာပို့ရထား ဖြစ်သည်။ ''လမ်းခရီးတစ်လျှောက်မှာ လူကို တတ်ကြိုတ်မိတာတော့ မရှိဘူး'' ရထားစက်ခေါင်းမောင်း ဦးဖြိုးဝေအောင်မှ မဇျမ္စိ ကို ပြောသည်။ ကျောက်ဆည်ဘူတာရုံပိုင် ဦးခင်မောင်သော်ကလည်း ''တခြား ဘူတာတွေ ဆက်သွယ်စုံးစမ်းတော့လည်း ဘာထူးခြားမှုမှမရှိဘူး'' ဟု မဇ္ဈိမကို ပြောသည်။ ခန္ဓာကိုယ်မပါသော ဦးခေါင်းအား ကျောက်ဆည်ဆေးရုံသို့ ပို့ထားပြီး အပိုင်ရဲစခန်းများနှင့် ရထားလမ်းတစ်လျှောက် ဘူတာရုံများသို့ ဆက်သွယ်စုံစမ်းနေသည်။

အောင်ကိုဦး | by Mizzima - News in Burmese

Vodafone နဲ့ China Mobile မြန်မာ့ဖုန်းလုပ်ငန်းကနေ ဆုတ်ခွာ

ABC
မြန်မာနိုင်ငံမှာ ​​​တယ်လီဖုန်းနဲ့ ​​​အင်တာနက်ဆက်သွယ်ရေး ​လိုင်စင်ရဖို့ ​လျောက်ထားခဲ့ပေမယ့် ​ခုအခါမှာ ​ပါဝင်တော့မှာ ​မဟုတ်ကြောင်း ​Vodafone ​နဲ့ ​China ​Mobile ​ကုမ္ပဏီက ​ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ​တယ်လီဖုန်းနဲ့ ​အင်တာနက် ​ဆက်သွယ်ရေးအတွက် ​​လုပ်ပိုင်ခွင့် ​​​လုပ်ငန်း ​လိုင်စင်နှစ်ခုထုတ်ပေးဖို့ ​​ ​မြန်မာအစိုးရက ​တင်ဒါ ​စနစ်နဲ့ ​ဆင့်ခေါ်လိုက်ပြီး ​​အဲဒီထဲက ​​ကုမ္ပဏီ ​​၁၂ ​​ခုကို ​​စကာတင် ​​ရွေးချယ်ထားပြီး ​စကာတင်ရွေးချယ်ခံရတဲ့ ​Vodafone ​နဲ့ ​China ​Mobile ​က ​ရှေ့ဆက်မတိုးဖို့ ​ဆုံးဖြတ်လိုက်တာ​ဖြစ်ပါတယ်။

Vodafone ​က ​ဗြိတိန်နိုင်ငံအခြေစိုက် ​ကုမ္ပဏီဖြစ်ပြီး ​China ​Mobile ​ကတော့ ​တရုတ်နိုင်ငံအခြေစိုက် ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

သူတို့ ​ကုမ္ပဏီအတွင်းက ​လိုက်နာရမဲ့ ​ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ​အချက်အလက်တွေက ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံဖို့နဲ့ ​မကိုက်ညီတဲ့အတွက် ​မြန်မာနိုင်ငံမှာ ​ရရှိနိုင်တဲ့ ​အခွင့်အရေးကို ​လက်လွတ်လိုက်တာ ​ဖြစ်တယ်လို့ ​ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါပေမယ့် ​မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​တိုးတက်မှုတွေကို ​Vodafone ​နဲ့ ​China ​Mobile ​တို့က ​စိတ်ဝင်တစားစောင့်ကြည့်နေမှာ ​ဖြစ်ပြီး ​နောင်ကျရင် ​အခွင့်အရေးထပ်ရှိပြီး ​ကုမ္ပဏီရဲ့ ​သတ်မှတ်ချက်တွေနဲ့ ​ကိုက်ညီရင် ​ဈေးကွက်ထဲ ​ဝင်နိုင်အောင် ​ကြိုးစားမယ်လို့လည်း ​ပြောလိုက်ပါတယ်။

ကုမ္ပဏီနှစ်ခု ​နောက်ဆုတ်လိုက်တဲ့အတွက် ​မြန်မာနိုင်ငံမှာ ​လုပ်ခွင့်လိုင်စင်ရဖို့ ​ပြိုင်ဆိုင်တဲ့ ​ကုမ္ပဏီ ​၁၀ ​ခုသာ ​ကျန်ရှိပြီး ​လုပ်ခွင့်လိုင်စင်ရမယ်ဆိုရင် ​မြန်မာနိုင်ငံမှာ ​အနည်းဆုံး ​၁၅ ​နှစ်ကြာ ​လုပ်ခွင့်ရမှာ ​ဖြစ်ပါတယ်။

လိုင်စင်ရရှိသူတွေအနေနဲ့ ​၅ ​နှစ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​နေရာ ​၇၅% ​မှာ ​ဖုန်းလိုင်းရအောင် ​ဆောင်ရွက်ပေးဖို့လည်း ​ပါရှိပါတယ်။

ခုလောလောဆယ် ​မြန်မာနိုင်ငံမှာ ​တယ်လီဖုန်းအသုံးပြုနိုင်သူဟာ ​စုစုပေါင်း ​လူဦးရေရဲ့ ​၁၀% ​သာ ​ရှိပြီး ​၂၀၁၆ ​ခုနှစ်အတွင်း ​လူဦးရေ ​၈၀% ​အထိ ​တယ်လီဖုန်းရရှိဖို့ ​အစိုးရက ​အလိုရှိနေတာဖြစ်ပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ​​ကုမ္ပဏီတွေကို ​​ ​​ဂျွန်လ ​​၂၇ ​​ရက်လောက်မှာ ​​ဘယ်သူ့ကို ​​လုပ်ခွင့် ​​လိုင်စင် ​​ပေးမလဲဆိုတာကို ​​မြန်မာက ​​အသိပေးကြေညာမှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​​လုပ်ခွင့်ရမယ်ဆိုရင် ​​ပထမအဆင့်အနေနဲ့ ​​ဒေါ်လာ ​​၁.၅ ​​ဘီလီယံကနေ ​​၂ ​​ဘီလီယံ ​​ရင်းနှီးမြုပ်နှံမှာဖြစ်တယ်လို့ ​​Digicel ​​ကုမ္ပဏီက ​​ဆိုပါတယ်။

Digicel ​ကုမ္ပဏီဟာ ​မြန်မာ့ဒီမိုကရေစီအရေး ​လှုပ်ရှားသူတွေကို ​ထောက်ပံ့ကူညီလေ့ရှိတဲ့ ​ကုဋေကြွယ်သူဌေးကြီး ​George ​Soros ​က ​ထောက်ပံ့ထားတဲ့ ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် မြန်မာပြည်သို့ ရောက်ရှိ

လင်းသန့်

ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ် (Sir David Richards) သည် မြန်မာနိုင်ငံသို့ ၂ ရက်တာ ခရီးစဉ်အဖြစ် ယမန်နေ့ညနေက စတင်ရောက်ရှိနေပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၁၉၆၂ ခုနှစ် ဦးနေ၀င်းက တိုင်းပြည်အာဏာ သိမ်းပြီးနောက်ပိုင်း ဗြိတိသျှ စစ်တပ်အကြီးအကဲ တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်နှင့် ဇနီးတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr.Andrew Heyn နှင့် စစ်သံမှူးတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြသည်။

ဗြိတိသျှ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီအစိုးရ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ၊ န.၀.တ၊ န.အ.ဖ စစ်အစိုးရများ လက်ထက်က မြန်မာနိုင်ငံနှင့် တပ်မတော်ချင်း ဆက်ဆံရေး မရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း အနောက်နိုင်ငံများနှင့် ဆက်ဆံရေး လမ်းပွင့်ခဲ့ပြီး ပိတ်ဆို့ အရေးယူမှုများလည်း တဆင့်စီ ဖြေလျှော့ပေးခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် တိုးတက်မှုများ ရှိလာသည့် နောက်ပိုင်း ဗြိတိန်အစိုးရက မြန်မာအစိုးရနှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်လာခဲ့သကဲ့သို့ စစ်သားချင်း ဆက်ဆံရေးကို ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည့်အတွက် အရေးကြီးသည့် ခရီးစဉ်အဖြစ် လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်သည် လာမည့်လတွင် တပ်မတော် အကြီးအကဲတာဝန်မှ အနားယူမည်ဖြစ်ပြီး သူ၏နေရာအား ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူတန်က ဆက်ခံမည်ဖြစ်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီး နောက်ပိုင်း ဗြိတိန်တပ်မတော် အနေဖြင့်လည်း မြန်မာ့တပ်မတော်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း ရှိလာသကဲ့သို့ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ့တပ်မတော်နှင့် စပ်တပ်ခြင်း ထိတွေ့ဆက်ဆံမှုကို စတင်လာခဲ့သည်။

မကြာသေးမီက နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး သိပ္ပံက စင်ကာပူနိုင်ငံ၌ စီစဉ်ကျင်းပခဲ့သော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေး ၀န်ကြီး Mr. Chuck Hagel က မြန်မာ့ အပြောင်းအလဲများအပေါ် မြန်မာ့တပ်မတော်က အခိုင်အမာ ထောက်ခံရန်နှင့် လူ့အခွင့်အရေး လေးစားရန်၊ အရပ်သား အစိုးရ၏ အားထားရသော စစ်တပ်ဖြစ်စေရေးတို့ကို ရည်ရွယ်ကာ စစ်တပ်ချင်း ဆက်ဆံရေးကို စတင်ပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

အမေရိကန်၏ အာရှဗဟိုပြု မဟာဗျူဟာအရ အာရှဒေသအနာဂတ် လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို အမေရိကန်က အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပမည် ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့လည်း အာဆီယံဒေသ ကာကွယ်ရေး ၀န်ကြီးများကို ဖိတ်ကြားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေး ၀န်ကြီးများ၊ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၊ အစိုးရ ထိပ်တန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် ရှန်ဂရီလာ ဆွေးနွေးပွဲကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပခဲ့ရာ ကာကွယ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေးနှင့် ပဋိပက္ခ တားဆီးနှိမ်နင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနှင့် ဆွေးနွေးရာတွင် မြန်မာ စစ်ဘက်နှင့် လုံခြုံရေး အရာရှိများကို အမေရိကန်မှ လေ့ကျင့်သင်ကြားပေးရေး ကိစ္စတို့လည်း ပါဝင်ခဲ့သည်။

မြန်မာ့အရေး လှုပ်ရှားသူများက မြန်မာစစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိနေသေးကြောင်း၊ ပဋိပက္ခများကို ကိုင်တွယ်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မညီဘဲ အင်အားသုံး ဖြေရှင်းမှုများ ရှိနေကြောင်း ထောက်ပြကြသည်။

သို့အတွက် အမေရိကန်နှင့် ဗြိတိန်နိုင်ငံကြီးများ၏ စစ်တပ်များ အနေဖြင့် မြန်မာစစ်တပ်အား လူ့အခွင့်အရေးကို လေးစားသည့် တပ်မတော်၊ ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော်ဖြစ်ရေး လုပ်ဆောင်ခြင်းသည် ကောင်းမွန်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။

“သမ္မတ အိုဘားမား လာတုန်းက ကျနော် သီးခြားတွေ့စဉ် ပြောဖြစ်တာက အစိုးရချင်း ဆက်ဆံရေးတင်မကဘဲ မြန်မာ စစ်တပ်ကိုလည်း ဆက်ဆံဖို့နဲ့ မြန်မာ့တပ်မတော်ကို တကယ့် တပ်မတော် စစ်စစ်ဖြစ်လာဖို့၊ လူ့အခွင့်အရေး လေးစားဖို့၊ ဒီမိုကရေစီ ကာကွယ်နိုင်ဖို့တွေ မျှဝေ လေ့ကျင့်ပေးသင့်တယ်လို့ အကြံပြုခဲ့သေးတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

အရာရှိတွေ၊ သူကြွယ်တွေရဲ့ နဝရတ်လက်စွပ်

Monday, June 3, 2013

နဝရတ်လက်စွပ်မှာ ရတနာ ၉ မျိုး ပါဝင်ပါတယ်။

ရတနာ ၉ မျိုးရဲ့ အစွမ်းကို မဏိသျှတ္တရကျမ်းမှာ အခုလို ဖွင့်ဆိုထားပါတယ် တဲ့။



ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ မေတ္တာချုပ်ကဲ၊ ဂေါ်မိတ်ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဂုဏ်ကိုးဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း။

ဒီလက်စွပ် အစွမ်းထက်ရေးအတွက် ဗေဒ ဆရာကဝိတို့ရဲ့ အစီအရင်တွေ လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။

ဘုရင်တွေခေတ်ကတော့ န၀ရတ်လက်စွပ်ကို ဘုရင်တွေ၊ တော်ဝင်မိသားစုဝင်တွေ၊ နန်းတွင်းအရာရှိတွေ ဝတ်ကြဆင်ကြတယ် လို့လည်း ဆိုကြပါတယ်။

ဒီနေ့ခေတ်က ဘုရင်အုပ်ချုပ်တဲ့ခေတ် မဟုတ်သော်ငြားလည်း တတ်နိုင်သူတွေက ဝယ်ဝတ်ကြတာ တွေ့ရမှာပါ။

န၀ရတ်လက်စွပ်စီရင်နည်းကို ဧရာဝတီဘလော့  http://blog.irrawaddy.org/2012/06/blog-post_5034.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

Khusboo ဆိုတဲ့ အိန္ဒိယမင်းသမီး၊ ရုပ်မြင်သံကြား နိုင်ငံရေးကဏ္ဍတင်ဆက်သူကလည်း နဝရတ်ဆွဲသီးနဲ့ပါပဲ။ နဝရတ် ၉ ပါး တန်ခိုးကြောင့် အောင်မြင်မှု ရတာလည်း ဖြစ်နိုင်ပါတယ်။

ဒီ ဈေးကြီးတဲ့ ဂမ္ဘီရအလှအပဟာ ဘယ်ဒေသက အစပြုတဲ့ ဓလေ့လည်း မသိရပါ။
အွန်လိုင်းမှာ နည်းနည်းပါးပါး ကြည့်လိုက်တော့  န၀ရတ် ၉ မျိုးပါ ရတနာပစ္စည်း ဝတ်ဆင်တဲ့ ဓလေ့က တောင်အာရှဒေသမှာလည်း ထွန်းကားပါတယ် တဲ့။

အင်တာနက်မှာမြင်ရတဲ့ပုံတွေမှာတော့ နဝရတ်ကိုးသွယ်ကို လက်စွပ်အဖြစ်သာမက အဆောင်ပစ္စည်းသဘောမျိုး သုံးကြပုံပါပဲ။

နဝရတ်လက်စွပ်ကို မြန်မာပြည်မှာ စီရင်ကြသလို ရွှေနဲ့ မဟုတ်ဘဲ ငွေနဲ့ လုပ်ထားတာလည်း တွေ့ရမှာပါ။  ဘယ်သတ္ထုက ပိုမို အစွမ်းထက်တယ် ဆိုတာတော့ မသိရပါ။

နဝရတ်ကိုးပါးလက်စွပ်ကို အွန်လိုင်းမှာ ဈေးနှုန်း စုံစမ်းကြည့်တော့ ဒေါ်လာ ၉ဝဝ ဆိုတာ တကွင်း တွေ့ပါတယ်။ မြန်မာငွေ ဆယ်သိန်း မကျော်ဘူး ဆိုတော့ တန်ဘိုးနည်းလက်စွပ် သို့မဟုတ် အရည်အသွေးသိပ်မထက်တဲ့ လက်စွပ် ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်မှာတော့ ဒီလို ရတနာ/အဆောင်ပစ္စည်းတွေကို ဥစ္စာကြွယ်ဝသူတွေ၊ ၀င်ငွေကောင်းသူတွေ၊ ထိပ်တန်းအရာရှိကြီးတွေ ဝတ်ဆင်ကြမယ်လို့ ထင်ပါတယ်။

နဝရတ်ကိုးသွယ်အစွမ်းကို သူဌေးသူကြွယ်တွေ အရာရှိတွေ ပိုယုံကြည်ကြတယ်လို့ ပြောနိုင်သလို ဒီ

ရတနာ/အဆောင်ပစ္စည်းက သူတို့ရဲ့ အဆင်တန်ဆာတခုဖြစ်တယ်လို့လည်း ပြောနိုင်မယ် ထင်ပါတယ်။


.
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

အွန်လိုင်းကနေ ဖုန်းငွေဖြည့်မယ်.

..

လူကြီးမင်းတို့၏ GSM, WCDMA, CDMA 800 Mhz, CDMA 450 Mhz ဖုန်းများသို့ Online မှတဆင့် လျင်မြန်စွာ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။

How to Top Up

၁။ လူကြီးမင်းလိုအပ်သော Mobile ဖုန်းငွေဖြည့်ကဒ် အမျိုးအစားအား ရွေးချယ်ပါ။
၂။ ထိုနောက် လူကြီးမင်း၏ Mobile ဖုန်းနံပါတ်အား အောက်ပါအတိုင်း ထည့်သွင်းပေးပါ။

သတိပြုရန်….
- Country Code “+95″ ထည့်သွင်းရန် မလိုပါ။
- ဖုန်းနံပါတ်များကြားတွင် Space ထည့်ရေးရန် မလိုပါ။
- “09″ အပါအ၀င် ဖုန်းနံပါတ်အား အပြည့်အစုံထည့်သွင်းပေးရန်… (eg.. 095161719)
၃။ လူကြီးမင်း၏ Mobile ဖုန်းနံပါတ်အား ထည့်သွင်းပြီးပါက “Top Up Now” Button ကို နှိပ်ပေးပါ။
၎။ ငွေပေးချေမှု ပြုလုပ်ရမည် အဆင့်သို့ ရောက်ရှိသွားပါလိမ့်မည်။ လူကြီးမင်း ရွေးချယ်သော ငွေဖြည့်ကဒ်အမျိုးအစား နှင့်    Mobile ဖုန်းနံပါတ်အား သေချာစွာ ထပ်မံစစ်ဆေးပါ။

၅။ ထို့နောက် လူကြီးမင်း၏ Online Payment စနစ်အတွင်းသို့ ၀င်ရောက်၍ ငွေပေးချေမှု ပြုလုပ်နိုင်ရန်    အဆင့်ဆင့်ဆောင်ရွက်ပေးပါ။

၆။ Online Payment စနစ်မှ ငွေပေးချေရန် စီစဉ်ပြီးပါက “Pay Now” Button ကို နှိပ်၍ ငွေပေးချေခြင်းကို    အတည်ပြုပေးပါ။

၇။ အထက်ပါအတိုင်း ငွေပေးချေမှုလုပ်ငန်းစဉ်များ ပြုလုပ်ပြီးစီးပါက ခေတ္တစောင့်ဆိုင်းပေးပါ။
၈။ လူကြီးမင်း၏ Mobile ဖုန်းသို့ ဖြည့်သွင်းလိုက်သော ငွေပမာဏ ၀င်ရောက်လာပါလိမ့်မည်။

၉။ လူကြီးမင်း၏ Mobile ဖုန်းသို့ ဖြည့်သွင်းလိုက်သော Top-up Card ၏ အချက်အလက်များကိုလည်း
အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မည်။
ထို Top-up Card ၏ အချက်အလက်များကို လူကြီးမင်း၏ Email ထံသို့လည်း ရောက်ရှိလာပါလိမ့်မည်။

မှတ်ချက် ။ တစ်ခါတစ်ရံတွင် Mobile ဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ လူကြီးမင်းသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်း၏ Mobile ဖုန်းသို့ topup.com.mmm မှ တိုက်ရိုက် ငွေဖြည့်သွင်း၍ မရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုအခါမျိုးတွင် လူကြီးမင်းအနေဖြင့်
Website တွင် ဖော်ပြထားသော (သို့) Email သို့ ရောက်ရှိလာသော Top-up Card အချက်အလက်ကို ကိုယ်တိုင် အသုံးပြု၍ ငွေဖြည့်သွင်းပေးရပါမည်။
https://www.topup.com.mm/ အဲဒီဆိုဒ်ထဲကိုဝင်ရောက်လေ့လာပါ ဗျာ —– အဆင်ပြေပါစေ—

Credit : http://www.mmithelper.com/

ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ (ဖြစ်ရပ်မှန်)

ပြောလဲစားနေကြအုံးမှာပါပဲထင်တယ်
ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ
Tuesday, May 28, 2013

ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး   (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။   သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။
 
လွန်ခဲ့သော (၁)နှစ်ခန့်မှစကာ လည်ချောင်းများနာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးမပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅)လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ အစာမျိုလမ်းကြောင်းကင်ဆာဖြစ်နေသည်ကို သိခဲ့ရကြောင်း ၄င်းကဆိုသည်။ထို့ကြောင့် ရောဂါပျောက်ကင်းသည်အထိ ဆေးကုသမှု ခံယူရန်ဆိုသည့် အချက်သည် ငွေကြေးပမာဏ တတ်နိုင်သည့် အပေါ်တွင်သာ မူတည်နေကြောင်း ကိုမောင်ဝင်းက ပြောသည်။
 
အစာမျိုလမ်းကြောင်း ကင်ဆာ ခံစားနေရခြင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု ဆေးစစ်ချက် အဖြေအရ သိလိုက်ရသည့်အချိန်တွင် နှစ်ပေါင်း(၃၀)ကျော် စွဲမြဲစွာစားခဲ့သည့် ကွမ်းယာများကိုသာ အပြစ်တင်နေ မိတော့သည်။ 
 
“အခုတော့ ကွမ်းရဲ့ဆိုးကျိုးတွေကိုခံစားနေရပါပြီ ။ ရောဂါဖြစ်တော့ အလုပ်လည်း မလုပ်နိုင်တော့ဘူး။ မိသားစု တာဝန်တွေလည်း မကျေပွန်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ကိုမောင်ဝင်းက ပြောသည်။  သူ ကျန်းမာရေးကောင်းနေစဉ်က ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး သားသမီး(၅)ယောက်ကို ရှာဖွေကျွေးခဲ့ရကြောင်း  ပြောသည်။
 
ဦးမောင်ဝင်းအနေဖြင့် လွန်ခဲ့သည့် (၃)လမှစ၍ အလုပ်မလုပ် နိုင်တော့သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက်  (၉)တန်းကျောင်းသားဖြစ်သည့် သားအကြီးဆုံးမှာ ဖခင်နေရာတွင် ၀င်၍  ဆိုက္ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက်  ဖြေရှင်းနေရကြောင်း သိရှိရသည်။  
 
“ ကျွန်တော်က အရင်လို မိသားစုအတွက် ရှာမပေးနိုင်တဲ့အပြင် ကျွန်တော့်ကြောင့်  မိသားစုအတွက်       ၀န်ထုပ်ဝန်ပိုးတစ်ခု ပိုနေတဲ့အတွက်  မိသားစုကိုလည်း အားနာလှပါပြီ။ ကျွန်တော့လို မဖြစ်အောင်လည်း လူတိုင်း ကွမ်းစားတာကို ဆင်ခြင်စေချင်တယ်။ သင်ခန်းစာယူစေချင်တယ် ” ဟုဆိုသည်။
          
ရန်ကုန်သွားဆေးတက္ကသိုလ်၏ သုတေသနပြုချက်အရ (၁)နှစ်လျှင် သွားနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားသူ (၉၀၀၀)၀န်းကျင်ရှိပြီး ၄င်းတို့အထဲမှ ခံတွင်းကင်ဆာဖြစ်ပွားသူဦးရေမှာ (၂၅၀)၀န်းကျင်ရှိကြောင်းနှင့် အဆိုပါခံတွင်းကင်ဆာနှင့်ပတ်သက်၍ ဆေးကုသမှုခံယူသူဦးရေမှာ (၂၅)ယောက်ဝန်းကျင်သာ ရှိကြောင်း သိရသည်။ 
 
အရှေ့တောင်အာရှအတွင်း ခံတွင်းကင်ဆာဖြစ်ပွားမှုသုတေသနအဖွဲ့အား တင်ပြရန်အတွက် ရန်ကုန် သွားဆေးတက္ကသိုလ်နှင့် ဆေးသုတေသီများပူးပေါင်း၍ ၂၀၁၁ ခုနှစ်က မြန်မာပြည်တစ်ပြည်လုံး၌ ဆေးရွက်ကြီးနှင့် ဆက်နွယ်နေသည့် ခံတွင်းကင်ဆာသုတေသနများ ပြုလုပ်ခဲ့ကြသည်။
 
ကွမ်းစားခြင်းကြောင့် သွားကိုအရောင်ညစ်စေခြင်း၊ ကြွေလွှာပြုန်းတီးစေခြင်း၊ မေးရိုးအဆစ်ရောဂါရခြင်း၊ သွားကျောက်တည်ကာ သွားဖုံးဝေဒနာခံစားရခြင်းတို့အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခံတွင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အသည်းကင်ဆာများအား ဖြစ်ပွားစေပြီး ၄င်းကင်ဆာများ ဖြစ်ပွားပါက အသက်ရှင်နိုင်ခြေမှာ (၆၀)%ထက် မပိုကြောင်း သွားဘက်ဆိုင်ရာဆေးပညာရှင်များကဆိုသည်။
 
“ ကွမ်းကို တောက်လျှောက်စားပါများရင် သွားကျင်လာမယ်။ အစပ်မစားနိုင်တာတွေ၊ လျှာထူတာတွေဖြစ်ပြီး အရသာကို ကောင်းကောင်းမခံစားနိုင်တော့ဘူး" ဟု မကွေးမြို့မှ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဦးထွန်းဇော်ကပြောသည်။           
 
မြန်မာနိုင်ငံ၌ ဆေးရွက်ကြီးကြောင့် ကင်ဆာဖြစ်ပွားနှုန်းမှာ (၇၀%)ခန့်ရှိကာ ကွမ်းယာထဲ၌ ဆေးရွက်ကြီးထည့်၍ စားသုံးသောသူများတွင် သွားနှင့်ပါတ်သက်သော ရောဂါဝေဒနာအား ခံစားရပြီး အဆိုပါသွားနှင့် ပတ်သက်သည့်ရောဂါများခံစားရသူများ၏ လေးပုံတစ်ပုံခန့်သည် ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာဆရာဝန်များက ဆိုသည်။     
 
"ခံတွင်းသန့်ဆေးနဲ့ ငုံပေးတာတွေ, ကွမ်းချိုးကို ဆေးပေးတဲ့ သီးသန့်သွားဆေးပေးခန်းတွေလိုမျိုး မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်ပါတယ် " ဟုဆက်ပြောသည်။
 
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ ကွမ်းစားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေမရှိသော်လည်း ဆေးရုံများနှင့် စာသင်ကျောင်းအချို့တွင် ကွမ်းမစားရန် သတ်မှတ်ထားခြင်း၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ စွန့်ခြင်းအတွက် ဒဏ်ငွေ(၅၀၀၀)ကျပ်အထိ ပေးဆောင်ရန် ဒဏ်ကြေး သတ်မှတ်ထားခြင်းမျိုးကို ဆေးရုံအုပ်ကြီးများနှင့် ကျောင်းအုပ်ကြီးများမှ အသိပေးနှိုးဆော်ချက်များ ပြုလုပ်ထားကြသည်။   
 
“အများပြည်သူကလည်း ကွမ်းစားရင် ဒီလိုဖြစ်နိုင်ပါလားဆိုပြီး ဆင်ခြင်မယ်, ကျန်းမာရေးဝန်ကြီးဌာနတို့၊ နိုင်ငံတော်အစိုးရတို့ အနေနဲ့လည်း  ပြည်သူတွေကို ကွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ပေးတာတွေ၊ မူဝါဒ ချမှတ်တာတွေ လုပ်ပေးသင့်တယ်” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှ သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက ပြောသည်။  
 
ပြည်တွင်းစာနယ်ဇင်းတစ်ခုတွင် ၀င်ရောက် လုပ်ကိုင်နေသည့် အသက်(၃၀)အရွယ် ကိုထွန်းထွန်း ဆိုသူကလည်း ပြီးခဲ့သည့်နှစ်အတွင်းက ကွမ်းစားနေစဉ် အသက်ရှုကြပ်ကာတက်သွားခြင်းမျိုး  ကိုယ်တွေ့ နှစ်ကြိမ် ကြုံခဲ့ဖူးကြောင်းဆိုသည်။  
 
“ကွမ်းစားနေတုန်း လည်ချောင်းထဲမှာ ကွမ်းဖတ်ဆို့ပြီး တက်သွားတာ၊ဘေးနားမှာလူရှိနေလို့ တော်သေးတယ်။  လူသာမရှိရင် အသက်အန္တရာယ်ကိုတောင်  စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်” ဟု ၄င်းကဆိုသည်။ 
       
ကွမ်းစားသောယဉ်ကျေးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀၀)ခန့်မှ စတင်ခဲ့ပြီး ကမ္ဘာတ၀ှမ်းလုံးတွင် ခံတွင်းနှင့် စပ်လျဉ်းသော ရောဂါများဖြစ်ပွားနေသူ ခန့်မှန်းခြေဦးရေမှာ နှစ်စဉ်(၃၉၀,၀၀၀) သို့မဟုတ် (၅၈%) ရှိပြီးအိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှတို့၌ အဓိကဖြစ်ပွားလျက်ရှိကြောင်း၊ ကွမ်းစားများသော နိုင်ငံများတွင် ခံတွင်း၊လည်ချောင်းနှင့်အစာပြွန်ကင်ဆာ ရောဂါများဖြစ်နှုန်း မြင့်မားကြောင်း၊ အပြည်ပြည် ဆိုင်ရာကင်ဆာသုတေသနအဖွဲ့(IARC) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။     
 
မြန်မာနိုင်ငံတွင်မူ ကွမ်းကိုဆေးအဖြစ်သုံးခြင်းနှင့် ကွမ်းစားခြင်းဓလေ့ စတင်ပေါ်ပေါက်ခဲ့ သည်နှင့်ပတ်သက်၍   “ မြန်မာအစတကောင်းက" ဟု  ဆိုရိုးရှိခဲ့သည့်အတိုင်း တကောင်းခေတ်ဦးအချိန်က တကောင်းမင်းများ လက်ထက်တွင် ကွမ်းစားခြင်းအလေ့အထရှိခဲ့ကာ အိန္ဒိယနိုင်ငံမှ အစ ပြု၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြောင်းကို ဆရာကြီးဒဂုန်နတ်ရှင်၏ " မြန်မာ့ရိုးရာကွမ်းဓလေ့ " စာအုပ်တွင် ရေးသား ဖော်ပြထားသည်။  
 
ကွမ်းရွက်ကြီးသည် ဆေးဖက်ဝင် အရွက်အမျိုးအစားထဲ၌ ပါရှိသော်လည်း ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် အမွှေးအကြိုင်များတွင် နိုက်ထရိုစမင်း၊ အလ်ကာလွိုက်နှင့် ပိုလီဖီနောဓါတ်များ အပါအ၀င် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်းအမျိုး(၃၀)ခန့် ပါဝင်သောကြောင့် ထုံးမှ ခံတွင်းသားများကို လောင်စေကာ ထိုမှတဆင့် ကင်ဆာဖြစ်စေသောဓါတ်များ အထဲစိမ့်ဝင်နိုင်အောင် အားပေးလျက်ရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်များက ဆိုသည်။

http://myitmakhamediagroup.com/detail.php?newid=4653
ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ
Tuesday, May 28, 2013

ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရ
ပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။ သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။

လွန်ခဲ့သော (၁)နှစ်ခန့်မှစကာ လည်ချောင်းများနာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးမပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅)လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ အစာမျိုလမ်းကြောင်းကင်ဆာဖြစ်နေသည်ကို သိခဲ့ရကြောင်း ၄င်းကဆိုသည်။ထို့ကြောင့် ရောဂါပျောက်ကင်းသည်အထိ ဆေးကုသမှု ခံယူရန်ဆိုသည့် အချက်သည် ငွေကြေးပမာဏ တတ်နိုင်သည့် အပေါ်တွင်သာ မူတည်နေကြောင်း ကိုမောင်ဝင်းက ပြောသည်။

အစာမျိုလမ်းကြောင်း ကင်ဆာ ခံစားနေရခြင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု ဆေးစစ်ချက် အဖြေအရ သိလိုက်ရသည့်အချိန်တွင် နှစ်ပေါင်း(၃၀)ကျော် စွဲမြဲစွာစားခဲ့သည့် ကွမ်းယာများကိုသာ အပြစ်တင်နေ မိတော့သည်။

“အခုတော့ ကွမ်းရဲ့ဆိုးကျိုးတွေကိုခံစားနေရပါပြီ ။ ရောဂါဖြစ်တော့ အလုပ်လည်း မလုပ်နိုင်တော့ဘူး။ မိသားစု တာဝန်တွေလည်း မကျေပွန်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ကိုမောင်ဝင်းက ပြောသည်။ သူ ကျန်းမာရေးကောင်းနေစဉ်က ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး သားသမီး(၅)ယောက်ကို ရှာဖွေကျွေးခဲ့ရကြောင်း ပြောသည်။

ဦးမောင်ဝင်းအနေဖြင့် လွန်ခဲ့သည့် (၃)လမှစ၍ အလုပ်မလုပ် နိုင်တော့သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် (၉)တန်းကျောင်းသားဖြစ်သည့် သားအကြီးဆုံးမှာ ဖခင်နေရာတွင် ၀င်၍ ဆိုက္ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း သိရှိရသည်။

“ ကျွန်တော်က အရင်လို မိသားစုအတွက် ရှာမပေးနိုင်တဲ့အပြင် ကျွန်တော့်ကြောင့် မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခု ပိုနေတဲ့အတွက် မိသားစုကိုလည်း အားနာလှပါပြီ။ ကျွန်တော့လို မဖြစ်အောင်လည်း လူတိုင်း ကွမ်းစားတာကို ဆင်ခြင်စေချင်တယ်။ သင်ခန်းစာယူစေချင်တယ် ” ဟုဆိုသည်။

ရန်ကုန်သွားဆေးတက္ကသိုလ်၏ သုတေသနပြုချက်အရ (၁)နှစ်လျှင် သွားနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားသူ (၉၀၀၀)၀န်းကျင်ရှိပြီး ၄င်းတို့အထဲမှ ခံတွင်းကင်ဆာဖြစ်ပွားသူဦးရေမှာ (၂၅၀)၀န်းကျင်ရှိကြောင်းနှင့် အဆိုပါခံတွင်းကင်ဆာနှင့်ပတ်သက်၍ ဆေးကုသမှုခံယူသူဦးရေမှာ (၂၅)ယောက်ဝန်းကျင်သာ ရှိကြောင်း သိရသည်။

အရှေ့တောင်အာရှအတွင်း ခံတွင်းကင်ဆာဖြစ်ပွားမှုသုတေသနအဖွဲ့အား တင်ပြရန်အတွက် ရန်ကုန် သွားဆေးတက္ကသိုလ်နှင့် ဆေးသုတေသီများပူးပေါင်း၍ ၂၀၁၁ ခုနှစ်က မြန်မာပြည်တစ်ပြည်လုံး၌ ဆေးရွက်ကြီးနှင့် ဆက်နွယ်နေသည့် ခံတွင်းကင်ဆာသုတေသနများ ပြုလုပ်ခဲ့ကြသည်။

ကွမ်းစားခြင်းကြောင့် သွားကိုအရောင်ညစ်စေခြင်း၊ ကြွေလွှာပြုန်းတီးစေခြင်း၊ မေးရိုးအဆစ်ရောဂါရခြင်း၊ သွားကျောက်တည်ကာ သွားဖုံးဝေဒနာခံစားရခြင်းတို့အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခံတွင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အသည်းကင်ဆာများအား ဖြစ်ပွားစေပြီး ၄င်းကင်ဆာများ ဖြစ်ပွားပါက အသက်ရှင်နိုင်ခြေမှာ (၆၀)%ထက် မပိုကြောင်း သွားဘက်ဆိုင်ရာဆေးပညာရှင်များကဆိုသည်။

“ ကွမ်းကို တောက်လျှောက်စားပါများရင် သွားကျင်လာမယ်။ အစပ်မစားနိုင်တာတွေ၊ လျှာထူတာတွေဖြစ်ပြီး အရသာကို ကောင်းကောင်းမခံစားနိုင်တော့ဘူး" ဟု မကွေးမြို့မှ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဦးထွန်းဇော်ကပြောသည်။

မြန်မာနိုင်ငံ၌ ဆေးရွက်ကြီးကြောင့် ကင်ဆာဖြစ်ပွားနှုန်းမှာ (၇၀%)ခန့်ရှိကာ ကွမ်းယာထဲ၌ ဆေးရွက်ကြီးထည့်၍ စားသုံးသောသူများတွင် သွားနှင့်ပါတ်သက်သော ရောဂါဝေဒနာအား ခံစားရပြီး အဆိုပါသွားနှင့် ပတ်သက်သည့်ရောဂါများခံစားရသူများ၏ လေးပုံတစ်ပုံခန့်သည် ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာဆရာဝန်များက ဆိုသည်။

"ခံတွင်းသန့်ဆေးနဲ့ ငုံပေးတာတွေ, ကွမ်းချိုးကို ဆေးပေးတဲ့ သီးသန့်သွားဆေးပေးခန်းတွေလိုမျိုး မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်ပါတယ် " ဟုဆက်ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ ကွမ်းစားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေမရှိသော်လည်း ဆေးရုံများနှင့် စာသင်ကျောင်းအချို့တွင် ကွမ်းမစားရန် သတ်မှတ်ထားခြင်း၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ စွန့်ခြင်းအတွက် ဒဏ်ငွေ(၅၀၀၀)ကျပ်အထိ ပေးဆောင်ရန် ဒဏ်ကြေး သတ်မှတ်ထားခြင်းမျိုးကို ဆေးရုံအုပ်ကြီးများနှင့် ကျောင်းအုပ်ကြီးများမှ အသိပေးနှိုးဆော်ချက်များ ပြုလုပ်ထားကြသည်။

“အများပြည်သူကလည်း ကွမ်းစားရင် ဒီလိုဖြစ်နိုင်ပါလားဆိုပြီး ဆင်ခြင်မယ်, ကျန်းမာရေးဝန်ကြီးဌာနတို့၊ နိုင်ငံတော်အစိုးရတို့ အနေနဲ့လည်း ပြည်သူတွေကို ကွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ပေးတာတွေ၊ မူဝါဒ ချမှတ်တာတွေ လုပ်ပေးသင့်တယ်” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှ သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက ပြောသည်။

ပြည်တွင်းစာနယ်ဇင်းတစ်ခုတွင် ၀င်ရောက် လုပ်ကိုင်နေသည့် အသက်(၃၀)အရွယ် ကိုထွန်းထွန်း ဆိုသူကလည်း ပြီးခဲ့သည့်နှစ်အတွင်းက ကွမ်းစားနေစဉ် အသက်ရှုကြပ်ကာတက်သွားခြင်းမျိုး ကိုယ်တွေ့ နှစ်ကြိမ် ကြုံခဲ့ဖူးကြောင်းဆိုသည်။

“ကွမ်းစားနေတုန်း လည်ချောင်းထဲမှာ ကွမ်းဖတ်ဆို့ပြီး တက်သွားတာ၊ဘေးနားမှာလူရှိနေလို့ တော်သေးတယ်။ လူသာမရှိရင် အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်” ဟု ၄င်းကဆိုသည်။

ကွမ်းစားသောယဉ်ကျေးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀၀)ခန့်မှ စတင်ခဲ့ပြီး ကမ္ဘာတ၀ှမ်းလုံးတွင် ခံတွင်းနှင့် စပ်လျဉ်းသော ရောဂါများဖြစ်ပွားနေသူ ခန့်မှန်းခြေဦးရေမှာ နှစ်စဉ်(၃၉၀,၀၀၀) သို့မဟုတ် (၅၈%) ရှိပြီးအိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှတို့၌ အဓိကဖြစ်ပွားလျက်ရှိကြောင်း၊ ကွမ်းစားများသော နိုင်ငံများတွင် ခံတွင်း၊လည်ချောင်းနှင့်အစာပြွန်ကင်ဆာ ရောဂါများဖြစ်နှုန်း မြင့်မားကြောင်း၊ အပြည်ပြည် ဆိုင်ရာကင်ဆာသုတေသနအဖွဲ့(IARC) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မူ ကွမ်းကိုဆေးအဖြစ်သုံးခြင်းနှင့် ကွမ်းစားခြင်းဓလေ့ စတင်ပေါ်ပေါက်ခဲ့ သည်နှင့်ပတ်သက်၍ “ မြန်မာအစတကောင်းက" ဟု ဆိုရိုးရှိခဲ့သည့်အတိုင်း တကောင်းခေတ်ဦးအချိန်က တကောင်းမင်းများ လက်ထက်တွင် ကွမ်းစားခြင်းအလေ့အထရှိခဲ့ကာ အိန္ဒိယနိုင်ငံမှ အစ ပြု၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြောင်းကို ဆရာကြီးဒဂုန်နတ်ရှင်၏ " မြန်မာ့ရိုးရာကွမ်းဓလေ့ " စာအုပ်တွင် ရေးသား ဖော်ပြထားသည်။

ကွမ်းရွက်ကြီးသည် ဆေးဖက်ဝင် အရွက်အမျိုးအစားထဲ၌ ပါရှိသော်လည်း ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် အမွှေးအကြိုင်များတွင် နိုက်ထရိုစမင်း၊ အလ်ကာလွိုက်နှင့် ပိုလီဖီနောဓါတ်များ အပါအ၀င် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်းအမျိုး(၃၀)ခန့် ပါဝင်သောကြောင့် ထုံးမှ ခံတွင်းသားများကို လောင်စေကာ ထိုမှတဆင့် ကင်ဆာဖြစ်စေသောဓါတ်များ အထဲစိမ့်ဝင်နိုင်အောင် အားပေးလျက်ရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်များက ဆိုသည်။

http://myitmakhamediagroup.com/detail.php?newid=4653

Monday, June 3, 2013

ရန်ကုန်မြေဈေး အပိုင်း(၂) (ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)


  ဒီမိုဝေယံဘလော့ဂ် ပင်တိုင် ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်နဲ့ ရန်ကုန်မြေဈေး အပိုင်း(၂) ဆက်သွယ် မေးမြန်းချက်အား ဖော်ပြလိုက်ပါတယ်...။



ရန်ကုန်မြေဈေး အပိုင်း(၂) 
(ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)

(မေး)  ဆရာဒလဘက် အခြမ်းမှာ နိုင်ငံတကာ လေယာဉ်ကွင်း ဆောက်လို့ ရနိုင်မှာပေါ့။

(ဖြေ) သိပ်ကောင်းတာပေါ့။  ဟောင်ကောင်ဆိုရင်  လေယာဉ်ကွင်းအသစ်က  ပင်လယ်ထဲ  မြေတွေ  ကျောက်တုံးကြီးတွေချဆောက်ထားတာပါ။  ဒလ  ဘက်မှာ  ပဲခူးမြစ်အပေါ်ကနေ လေယာဉ်အဆင်းအတက်  လမ်းကြာင်းခံထားပြီး ဆောက်ရင်  လေယာဉ်မတော်တဆ  ပျက်ရင်တောင် ရေထဲဘဲကျပါမယ်။  မြေပေါ်ကျတာက  မီးလောင်သေကြေတာများပါတယ်။  နောက်လူနေအိမ်တွေရှိရင်  အသံဆူညံတဲ့  ပတ်ဝန်းကျင်ပြသနာ  မရှိတော့ပါဘူး ။

ဒလ ဘက်သာလေယာဉ်ကွင်း  ဆောက်ခဲ့ရင်  ရန်ကုန်မြို့ ထဲကလဲ မိနစ်ပိုင်းအတွင်း  လေယာဉ်ကွင်းကိုရောက်ပြီ။  ဒီလိုဘဲ  သီလဝါဘက်ကိုလဲ  မြေအောက်လှိုင်ခေါင်းနဲ့ ဆက်ထားရင်  မိနစ်ပိုင်းဆို လေယာဉ်ကွင်းကိုရောက်ပြီ။

ပဲခူးလေယဉ်ကွင်းက  သိပ်ဝေးလွန်တော့  စီးပွားရေအရ  အခုခေတ်က အချိန်ဆိုတာ  ငွေဖြစ်နေတဲ့ ခေတ်ပါ။  TIME  IS  MONEY   ဆိုတာကို  အလေးအနက်ထားစဉ်းစားရမဲ့  အချိန်ပါ။  အထူးသဖြင့်အနောက်နိုင်ငံသားတွေက  အချိန်ကို  သိပ်စကားပြောလာနေပါပြီ ။  ပဲခူးလေယာဉ်ကွင်းသာဆိုရင်  နေ့ တဝက်မက  အချိန်ပေးရပြီ။  တခုခုကျန်ခဲ့ရင်  ဒုက္ခလှလှရောက်ပြီ။  ကျနော့်အမြင်တော့  မလုပ်သင့်ဘူး။  အချိန်လဲ တနာရီမက  မောင်းရပြီ။

အခု  သြစတြေးလျက ဆစ်ဒနီလေယာဉ်ကွင်း  အသစ်လိုလာလို့  မြို့ နဲ့ အနီးဆုံးနေရာကိုဘဲ  ဆုံးဖြတ်ထားကြပြီ။  သူတို့ ရဲ့ နမူနာတွေကိုယူဖို့ သင့်ပါတယ်။  နောက် ပဲခူးလေယာဉ်ကွင်းက  ဗိုလ်ခင်ညွှန့် အိုင်ဒီယာပါ။

 (မေး) နောက်ဆုံးပေါ့   ဆရာအထက်မှာ ဆိုခဲ့တဲ့ DO  or  DIE   ဆိုတာ  ဘာကိုဆိုလိုတာပါလဲ။ ဆက်ပြောပြနိုင်ပါလား..

(ဖ) ၂ဝ၁၅ - ရွေးကောက်ပွဲကို ရည်ညွှန်းပြီးပြောတာပါ။  ဒလ  ဘက်ကို သမတကြီးဦးသိန်းစိန်  သူ့ လက်ထက်မှာ  အကောင်အထည်မဖေါ်နိုင်ရင်  ၂ဝ၁၅ - အတွက်မဲဆွယ်ချိန်မှာ  ဒီ ဒလ  တိုးချဲ့ ရေးက  တတိုင်းတပြည်လုံးက   စီးပွားရေးကို အလေးထား  အခြေခံပြီး  စဉ်းစား  မဲပေးလာကြတော့မှာလေ။  အဓိကထားစဉ်းစားကြမှာက  ဘယ်သူက  တိုင်းပြည်စီးပွားရေးကို  ဦးမော့လာအောင်  ပိုလုပ်နိုင်မလဲကို  လေ့လာနေကြပြီ။  စီးပွားရေး   မွန်းကြပ်လာတာက  နှစ် ၆ဝ - နီးနေပြီ။  လူတွေက  ငတ်နေကြပြီ .။  ဝင်ငွေက  မတိုးလာတဲ့အပြင်  ဆုတ်နေတယ်။

ဒလ  စီမံကိန်းကို  ဒေါ်စု သာဆို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး  ဆောက်ထဲ့လိုက်မယ်လို့ လက်ခံထားကြပြီ ဆိုပါဆို့။  ဆောက်လိုက်တာနဲ့   စီးပွားရေးတိုးချဲ့ ဖို့  မြေသစ်တွေပေါ်လာပြီ။  အဲဒီတော့  ဒလ - ဘက်တိုးချဲ့ လိုက်ရင်  မြေက  ဧကပေါင်း- ၃- သိန်းကျော်ပေါ်လာပါမယ်။  ကြည့်မြင်တိုင်တဖက်ကမ်းကို  တံတားထိုးလို်က်ရင် နောက်ထပ်ဧကပေါင်း တစ်သိန်းလောာက် ပေါ်လာပါမယ်။ မြေတွေပေါလာရင်  ဈေးကျရမှာက  ထုံးစံ။ မတရားမြင့်နေတဲ့ အိမ်ဈေးတွေ ကျသွားပြီ။  အသက်ရှုချောင်လာမှာက  အခြေခံလူထု။  ဒေါ်စုက  အခုမြေလှောင်နေတဲ့   မတရားချမ်းသာနေတဲ့   သူတွေမျက်နာကို  ငှဲ့ပြီး  မြေဈေးကိုကျားကန်ပေးနေတဲ့ အလုပ်ကို ပြောင်းပြန်လုပ်မယ်လို လူထုက  စီးပွားရေး  ကျပ်တည်းလာလေ   ဒေါ်စုကိုမျှော်လေ  ဖြစ်နေပြီ။  ဒီစစ်ဗိုလ်တွေအုပ်ချုပ်နေလို့ ကတော့  သေတောင်  စီးပွားတက်မလာတော့ဘူး  ထင်လာနေကြပြီ။  အဲဒါကို ပြည်ခိုင်ဖြိုးတွေ  လေ့လာရေးလုပ်သင့်တယ်။

အဲဒီမှာ  ယခုလက်ရှိလူတွေက(ပြည်ခိုင်ဖြိုး)  သူတို့ ပိုင်ဆိုင်ထားတဲ့ မြေဈေးမကျဖို့ က  နံပတ်တစ်  တိုင်းပြည်တိုးတက်ရေးက  ဘိတ်လုပ်နေတယ်  လို့ မြင်သွားရင်  ၂ဝ၁၅  တောင်မဟုတ်တော့ဘူး ပြည်ခိုင်ဖြိုး ကို  ဂူသွင်းလို်က်သလို  လုပ်မိလျက်သားဖြစ်သွားပြီ။
အဲဒီတော့ သမတကြီး  ဒလ  တံတားထိုးတာ   တနစ်အချိန်ဆွဲလိုက်တာနဲ့   ၂ယ၁၅ -  မှာ  ရှုံးနိုင်ချေ  ရှိနေတာက  သေချာပေါက်ကို  စုတ်ပြတ်သွားအောင်ရှုံး သွားပါမယ်။

အဲဒါကို  ရည်ညွှန်းပြီး   သမတကြီးနဲ့   ပြည်ခိုင်ဖြိုး  တို့ အတွက်  ဒလ  တံတား  ဒလမြို့ တော်တိုးချဲ့ ရေးဟာ  သူတို အတွက်မဲအနိုင်ရရေး  အတွက်  အသက်ကယ်ဆေး  သဘောရောက်နေတာ  ကို ရည်ညွှန်းတာပါ။  လုပ်ချင်လုပ်။   မလုပ်ရင်  ပြုတ်။ နှစ်လမ်းဘဲရှိတယ်။ လုပ်ချင်လုပ်  မလုပ်လျင် ပြုတ်  ။  DO   or  DIE    ။  သဘောကျရဲ့ လား။

(မေး)  ဆရာ  ဒါဆို တခုဆက်ချင်ပါသေးတယ်။  ဆရာပြောတဲ့ အတိုင်းဆို၂ဝ၁၅ -ရေးကောက်ပွဲရဲ့  အဓိက အဆုံးအဖြတ်က  ဒလ  တိုးချဲ့ရေးဖြစ်နေတာလား။

(ဖြေ)  မဟုတ်ပါဘူး ။  အဓိက  အဆုံးအဖြတ်က  ဘယ်သူက စီးပွားရေး တိုးတက်အောင်စွမ်းဆောင်နိုင်မလဲက  အဓိက အဆုံးအဖြတ်ပါ။  ဒလ  မဟုတ်ပါဘူး။  ဒါပေမဲ့   ဒလ ဆိုတာ မ.ဆ.လ. ခေတ်ကထည်းက  တိုးချဲ့ သင့်တာပါ။ ဒါကို တံတားဆောက်လုပ်တဲ့  ကုန်ကျစားရိတ်ကို   အရင်းကျေပါ့မလား  တွေးနေတာကိုက  တော်တော်လေး  စီးပွားရေးမျက်စေ့  မှုန်နေတာကို  ဝန်ခံလိုက်တာပါ။  မှုန်တယ်တောင်  မသုံးသင့်တော့ဘူး။  ကန်းနေပြီဘဲ  သုံးရတော့မယ် ။

နောက်  ဦးသန်းရွှေ  ချခဲ့တဲ့  နိုင်ငံတော်သမတသည်  စစ်ရေးအမြင်ရှိရမည်  ဆိုတာ  ကွဲတော့မယ်။  စစ်ရေးဆိုတာ  ကျနော်ယခင်က ရေးဖူးထားပါတယ်။  တိုင်းသူပြည်သားတွေ  ချမ်းသာလျင်  မာန်ကတက်နေမယ်။  အဲဒီမာန်တက်နေတဲ့  တိုင်းပြည်ကို တိုင်းတပါးက   ဝင်အုပ်ချုပ်ဖို့ သိပ်ခက်ခဲတယ်။  ချမ်းသာတော့  စစ်လက်နက်တွေကလဲ  ကောင်းနမယ်။

ခုဟာကဗျာ   န.ဝ.တ.  လက်ထက်လူဖြစ်လာတဲ့လူငယ်တွေ  ၅-ပေမပြည့်သူတွေ  အများကြီး။ သေနတ်  ( ဂျီသရီး ) ကို ဘက်နက်တပ်ထားရင်  သေနတ်က  သူတို့ ထက်ပိုမြင့်နေတာ  ဘယ်လိုလုပ် စစ်သည်တော်ကောင်းဖြစ်နိုင်ပါ့မလဲ။  အဟာရချို့ တဲတဲ့  လူဖြစ်တယ်ဆိုရုံလေးတွေ  တပုံကြိး။ အခုလူထုက မွဲနေကြတော့  မာန်တက်ဖို့ နေနေသာသာ  ဒေါ်လာပြရင်  ဂျီးတော်တောင်  ပေါင်ကြတော့မယ်။
၂ဝ၁၅ -  နိုင်ငံတော်သမတသည်  စီးပွားရေးအမြင် ရှိရမည်   ဖြစ်လာတော့မယ်။   ပြောင်းလာပါတော့မယ်။  စစ်ရေးအမြင်က  လူပုလူညက်လေးတွေ  ထွက်တာဘဲအဖတ်တင်ထားပြီ။

(မေး)  ဒလ ဘက်ကိုတိုးချဲ တော့  ဆရာပြောသလိုဆို ဘတ်ဂျက်အများကြီး လိုနေပြီ  . ဘယ်လိုစီမံကြနိုင်မလဲ။  အစိုးရမှာ ဘတ်ဂျက်လိုငွေပြနေတယ်။

(ဖြေ) အဲဒါပြောတာပေါ့။  စီးပွားရေးအမြင်ဆိုတာ။  ဒလ တိုးချဲ့ တော့  ဘတ်ဂျက်အများကြိးကို လိုတာပေါ့။  တိုးချဲ့ ရမှာက  ဗိုလ်ခင်ညွှန့်တို့ လို လယ်ကွင်းတူး  မြေပုံလမ်းဖေါ်ရုံနဲ့ မြို့သစ်ဆိုပြီး လုပ်လို့ မရဘူး။

အခုဂျပန်က  အုပ်စုကြိးတခုက  တိုင်ပင်နေတယ်  သတင်းရထားတယ်။  သူတို့ က ဒလ ကို စကာပူထက် အဆင့်ပိုမြင့်တဲ့  ဧရာမမြို့ တော်ကြီး တည်မယ်။    (B.O.T) BUILT   OPERATE  &   TRANSFER  ဆောက်မယ်။  အလုပ်လည်ပတ်မယ်။  နှစ်စေ့တော့ အစိုးရကိုပြန်လွှဲပေးမယ်။ ဆောက်  လုပ်ကိုင်  လွှဲ ..ဆ.လ.လ)

သူတို့ဒီဇိုင်း ဆွဲထားတာက  စင်ကာပူအဆင့်ထက်ပိုမယ်။ ရန်ကုန်လို  လူတွေက  ရေတင်ပန့် တွေထားစရာမလိုတော့ဘူး။  လျှပ်စစ်မီးကလဲ  အခုသုံးနေရတဲ့   မိးအားမြှင့်စက်  ရေခဲသေတ္တာအတွက် အကာကွယ်စက် တွေမလို။  လျှပ်စစ်မမှန်လို့  ပျက်ရင်  လျှပ်စစ်ဌာနကလျှော်ရမယ် ။  လမ်းဘေး  မီးစက်တွေ မရှိတော့ဘူး။

 ဘတ်စ် ကားတွေမှာ  စပါယ်ယာမပါဘူး။   အီးကဒ်  လက်မှတ်။ မြေအောက်ရထားတွေ  ရှိမယ်။  အင်းယားကန်ထက် နှစ်ဆ  သုံးဆ  ကြီးတဲ့ ကန်ကြီးတွေ  ၄  - ၅ ခု ကန်ကြီးတွေလုပ်ထားမယ်။  ပန်းခြံတွေအများကြိး။  ပလက်ဖေါင်းတွေက ၁ဝ - ပေအကျယ်။  ဈေးမရောင်းရဘူး။  ပလက်ဖေါင်းတွေပေါ်  ကလေးတွေကို  လက်တွန်းလှည်း နဲ့ တွန်းလို့ ရမယ်။

နောက်ဆုံး  သောက်ရေသန့် မဝယ်ချင်ရင်တောင်  ရေဘုံဘိုင်ရေကိုသောက်  အာမခံအပြည့်။  သောက်ရေသန့် လုပ်ငန်းတွေ  အလုပ်ပါးသွားမယ်။  လူထုအတွက်ရေသန့် ဖိုး သက်သာသွားမယ်။  အလုပ်သက်သာမယ်။ မြို့ အလယ်မှာ  သစ်တောတွေ ထားမယ်။  ဂေါက်ကွင်းတွေထားမယ်။ လူထုတွေ  အလုပ်နားရက်  ပန်းခြံတွေမှာ  နားနားနေနေ  အပန်းဖြေခွင့်ရနေရင်  အလုပ်စွမ်းအားတွေ ပိုထွက်လာမယ်တဲ့။

 သူတို့ ဆွဲထားတာက    လမ်းအကျယ်တွေ (လမ်းမကြိးတွေ)က  တောင်မြောက်  ဖေါက်ထားတော့  ပင်လယ်က တိုက်လာတဲ့  လေက  မြို့ ထဲ တလျင်လျင်ဝင်  ဖြတ်သန်းသွားနေရမယ်။  မြို့ တော်မှာ လေသန့် နေစေရမယ်။  ပင်လယ်လေဆိုတော့  မြို တော်အေးမြနေမယ်။
ရေဆိုးတွေကို  မြေအောက်  ရေပြွန်စံနစ်နဲ့ လုပ်ထားတော့  ရေဆိုးမြောင်း  ဟောင်းလောင်တွေမရှိတော့    ခြင်မရှိနိုင်တော့ဘူး။  မြောင်းမရှိတော့  ခြင်ကိုက်မှာ မပူရတော့ဘူး။  ခြင်ဆေးခွေ မလိုတော့ဘူး။ ဆိုက္ကားမထားဘူး။  အားလုံး  ယာဉ်အလတ်စားတွေက  လမ်းသေးတွေမှာပြေးနေမယ်။  ဆိုက္ကားသဘော။

တခါ အဓိက  စားသောက်ကုန်ပစ္စည်းလာနေတဲ့  ဧရာဝတီတိုင်ဘက်က  သင်္ဘောတွေကိုလဲ  မြို့ လယ်အထိ တူးမြောင်းနဲ့ သွင်းထားမယ်။  သင်္ဘောတွေပေါ်ကကုန်တွေကို  ကွန်တိန်နာ အသေးတွေနဲ့   ကရိန်းနဲ့ အတင်အချလုပ်မယ်။  သင်္ဘောပေါ်ကနေ  အလုပ်သမားမပါဘဲ  ကုန်သယ်ကားပေါ်တန်းရောက်။ အလုပ်သမားခပျောက်သွားရင်  ကုန်တွေ ကမ္ဘာ့ဈေးကွက်ကိုယှဉ်လာနိုင်မယ်။

မြေအောက်  မြေပေါ်ရထားတွေက  အချိန်အတိအကျ  အမြန်တွေ။  အလုပ်ကို ကားလမ်းပိတ်နေလို့ လိမ်မရအောင် ချိန်ထားမယ်။  ရထားလမ်းတွေမှာ  ကားဖြတ်လမ်းအးလုံးက  အပေါ်မှာ။  ရထားလမ်းဖြတ်ဂိတ်ဆိုတာ မထားဘူး ။

ကျနော်စဉ်းစားကြည့်တယ်။  အော်  တခြားနိုင်ငံကလူတွေက  ကိုယ့်ထက်ပိုတော်တာလား။  ဒါဆိုကျနော်တိ့  လူညံ့ တွေဖြစ်ပြန်။  သူတို့ က  မိမိအရေးထက်  တိုင်းပြည်အရေးပိုအလေးပေးလို့  ဒီလိုစီမံချက်တွေ ပေါ်လာလေတာလား။  ဒုတိယ  လို့ ထင်တာဘဲ..။

အားလုံးကို လေးစားလျှက်
ဒေါက်တာလှိုင်မြင့်

ဆက်လက်ဖော်ပြပေးပါမယ်...
ရန်ကုန်မြေဈေး အပိုင်း(၁) ပြန်ဖတ်လိုလျှင်
http://www.demowaiyan.org/2013/06/blog-post_2.html

Android 4.2 မှာ မြန်မာစာ အမှန်ပေါ်တဲ့ Bagan Keyboard Pro v1.0.1


Android ဖုန်း/Tablet တွေမှာ မြန်မာစာရိုက်ဖို့အတွက် မြန်မာကီးဘုတ်အသစ်လေးဖြစ်တဲ့ Bagan Keyboard Pro v1.0.1 ကိုတင်ပေးလိုက်ပါတယ်။ အသစ်ထွက် vesion လေးကိုတင်ပေးလိုက်တာပါ။
ဒီဟာကတော့ အရင်ကထက် ပိုပြီးကောင်းမွန်ပါတယ်။ လက်ကွက်ပုံစံက ကွန်ပျူတာလက်ကွက်နဲ့တူတော့ သုံးရတာ အဆင်ပြေပါတယ်
အဓိက ချက်တင်အသုံးပြုသူတွေ အတွက် အဆင်ပြေပါတယ်
သူမှာ အသုံးများတဲ့ စကားလုံးတွေကို မှတ်သားထားလို့ရပြီးတော့
အစရိုက်လိုက်တာနဲ့ တစ်ကြောင်းလုံးကိုမြင်ရမှာဖြစ်ပါတယ်
မင်္ဂလာနံနက်ခင်းပါ ဆိုတာတဲ့ စာသားကို မှတ်ထားပြီး မင်္ဂ လောက်စာရိုက်လိုက်ရင်
တစ်ကြောင်းလုံးပေါ်လာမျာဖြစ်ပါတယ် စာလုံးခက်ခက်တွေကို မှတ်သားထားပြီး
စာမြန်မြန်ရိုက်ချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေမှာပါ
။ Bagan Keyboard Pro ကို android version 1.5 to 4.2 ဖုန်းများအားလုံးမှာအသုံးပြုနိုင်ပါတယ်။Bangan Keyboard Pro ကို Bagan Innovation Technology မှရေးသားထားခြင်းဖြစ်ပါတယ်။
ကျွန်တော် သုံးကြည့်ရသလောက်တော့ စာလုံးပေါင်းမှားတာ အရှေ့နောက်လွဲတာတွေ မတွေ့ရသေးပါဘူး
Jelly Bean သမားတွေအတွက်တော့ အဆင်ပြေမှာသေချာပါတယ်..

  
  
 အဆင်ပြေပါစေ..

Download : 

လေယာဉ်ဟောင်းကို ကားအဖြစ် အမေရိကန် ရဲတစ်ဦး ပြောင်းလဲ အသုံးပြု

http://i1.minus.com/jbaicSoU3VhhIU_e.jpg
အမေရိကန် ကာရိုလိုင်းနား ပြည်နယ် ကာရှောမြို့ တွင် အပျော်တမ်း စက်ပြင်စရာ တစ်ဦး ဖြစ်သူ ဒေသခံ ရဲတပ်သား ဂျက်ဖ်လော့ရှ် ဆိုသူသည် Cessna အမျိုးအစား လေယာဉ်ဟောင်း တစ်စင်းကို အများသုံး လမ်းမပေါ်တွင် အသုံးပြုနိုင်သော ကားတစ်စီး အဖြစ် ပြုပြင်ဖန်တီး ပြုလုပ်ခဲ့သည်။ အဆိုပါကားသည် ၂၇ ပေ ရှည်လျားပြီး Spirit of Lemons ဟု အမည် ပေးထားသည်။ အဆိုပါ ကားသည် တစ်နာရီလျှင် မိုင်၉၀ နှူန်းဖြင့် မောင်းနှင် နိုင်ကာ ယခုနှစ် ကာရိုလိုင်းနားကားပြပွဲတွင် အကောင်းဆုံး ဖန်တီးမှူဆု ရရှိခဲ့သည်။
ref:ပြည်မြန်မာ

အခြေခံ လူတန်းစားတွေကို အရင်းအနှီးတွေ ချေးငှားမည်

Monday, June 3, 2013

ကျေးလက် ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ငွေကြေးအရင်းအနှီးနဲ့ ပစ္စည်း အရင်းအနှီးတွေကို အခြေခံ လူတန်းစားတွေဆီ သမ၀ါယမ အသင်းအဖွဲ့တွေကနေ တဆင့် ချေးငှား ပေးသွားမယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ သမ၀ါယမ၀န်ကြီးဌာနက ဒီကနေ့ ဦးစီးကျင်းပတဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွား ဘ၀မြှင့်တင်ရေး အခမ်းအနားမှာ နိုင်ငံတော်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်က လယ်ယာလုပ်ငန်းအပေါ်မှာ မှီခိုလုပ်ကိုင်နေရသူတွေနဲ့ လက်လုပ်လက်စား လူတန်းစားတွေဟာ အတိုးနှုန်းများများနဲ့ ငွေကြေးချေးငှားလုပ်ကိုင်နေရတဲ့အတွက် ပြည်တွင်း ပြည်ပထောက်ပံ့ငွေ၊ ချေးငွေတွေထဲကနေ ချေးပေးသွားမယ်လို့ ပြောသွားပါတယ်။

သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကလဲ အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးနိုင်ဖို့အတွက် အခုလက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ လက်ခံရရှိထားပြီးဖြစ်တယ်လို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ သမ၀ါယမ၀န်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်းအတွင်းက သမ၀ါယမအသင်းဝင်တွေ အတွက် ငွေကျပ်သိန်းပေါင်း ၂သောင်းကျော်ကို အတိုးနှုန်း ၂ကျပ်ခွဲနဲ့ ထုတ်ချေးခဲ့ပြီး မော်တော်ယာဉ်၊ အနှေးယာဉ်၊ အပ်ချုပ်စက်နဲ့ လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေကိုလည်း အရစ်ကျငွေချေစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆလာရန်းဈေးကြီးတွင် ဖြစ်ပွားမှု့သတင်းများ


ဆလာရန်း ပဇာဘိုရွန်းခေါ် ပင်မဈေးကြီး၏ ကားပါကင်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်တွင် သေဆုံးသူနောက်တစ်ဦး မှာ လည်ပင်းတစ်ဝိုက် ခုတ်ထစ်ဒဏ်ရာ ၆ ချက်ဖြင့် အဓိကသေဆုံးရခြင်းဖြစ်ပြီး အပြင်ထန်ဆုံးဒဏ်ရာမှာ ၁၉ စင်တီမီတာ အထိနက်ကြောင်း။

ထိုအတိုက်ခိုက်ခံရသူ ၂ ဦးမှ အခြားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ယခုအခါ ကွာလာလမ်ပူဆေးရုံကြီးတွင်မှု့ခင်းတရားလိုသက်သေအဖြင့် အထူးကုသခံနေရကြောင်း ကို ဆလန်ဂေါပြည်နယ် ရဲညွန်ကြားရေးမှုး Othman Abu Bakar မှာသတင်းဌာနများသို့တရားဝင် ထုတ်ဖော်ပြောကြားသွားခဲ့ပါသည် ။

အဆိုပါအဖြစ်အပျက်တွင် မျက်မြင်သက်သေများစွာရှိနေခဲ့ပြီး တိုက်ခိုက်ခံရသူ မြန်မာနိုင်ငံသား ၂ ဦးတို့၏ မော်တော်ဆိုင်ကယ်တွင် ကုန်စိမ်း နှင့် ငါးများ ဝဝ်ယူထားကြောင်တွေ့ရပြီး အဖြစ်အပျက်အတွက် လူသတ်မှု့ အုပ်စုဖွဲ့ မှု့ခင်းဖြစ်စေမှု့ ပုဒ်မ Panel Code 302 အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကို ညွှန်ကြားရေးမှုးမှ ဆက်လက်ရှင်းပြသွားခဲ့ပါတယ် ။
 
 
လူ ၄ ၅ ယောက်အုပ်စု ပါ အဖွဲ့တစ်ဖွဲ့၏ လက်နှက်ကိုင်တိုက်ခိုက်မှု့ တွင် ပြန်လည်ခုခံရန်လက်နှက်ပါမလာသော ဆလာရန်း ပဇာဘိုရွန်းဈေး ကားပါကင် တန်းတွင် ဖြစ်ပျက်ခဲ့မှု့အတွက် ယခုအခါ မလေးရှားနိုင်ငံသားများ မြန်မာနိုင်ငံရှိ တာဝန်ရှိသူများကြားတွင် များစွာဂယက်ရိုက်နေပြီး မြန်မာပြည်သတင်းဌာနများ လူအဖွဲ့စည်များမှ စတင်ခေါင်းကိုက်နေကြပြီဖြစ်သည် ။
 

င်္Source :
KOSMO
 
MALAYSIA TODAY
 

နှစ် ၂၀ အတွင်း မြန်မာ့စီးပွားရေး လေးဆတိုးမည်ဟုဆို



အာရှတွင် ထွန်းတောက်ရန် အလားအလာအကောင်းဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံတွင် စနစ်ကျသော ဖွံ့ဖြိုးရေးအစီအစဉ်များ ပြုလုပ်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ စီးပွားရေး အနေအထားမှာ လေးဆအထိ တိုးတက်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး အလားအလာကို လေးလကြာ သုတေသန ပြုထားသော Myanmar’s moment: Unique opportunities, major challenges အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

လက်ရှိ စီးပွားရေးပမာဏ ဒေါ်လာ ၄၅ ဘီလီယံမှ ၂၀၃၀ ခုနှစ်တွင် ဘီလီယံ ၂၀၀ ကျော်အထိ တိုးတက်လာနိုင်ပြီး ခန့်မှန်းထားချက်များ အရ လူဦးရေ ၁၈ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင် မည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာပြုစုရာ တွင် ဦးဆောင်ခဲ့သည့် McKinsey & Company မှ အကြီးတန်းစီးပွားဖက် Mr.Heang Chhor က The Voice သို့ ပြောကြားသည်။

တစ်ဦးချင်းဝင်ငွေ တစ်ရက် ၁ ဒသမ ၂၅ ဒေါ်လာကျော်အထိ ရှိလာမည်ဖြစ်ပြီး တစ်ဦးချင်းစားသုံးမှုပမာဏ တစ်နှစ် ဒေါ်လာ ၁၃၀၀ မှ ၅၀၀၀ အထိတက်လာမည် ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

အဓိကကြုံတွေ့ရမည့် အခက်အခဲမှာ လုပ်သား ၁၃ သန်းခန့် လိုအပ်ချက် ရှိလာနိုင်ပြီး လက်ရှိတိုးတက်နှုန်း ကိုလည်း ထိန်းထားနိုင်ရန် လိုကြောင်း McKinsey & Company Global Institute (MGI) မှ ညွှန်ကြားရေးမှူး Richard Dobbs က ပြောကြားသည်။

မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေရ သော ပြဿနာမှာ လူဦးရေများပြားသော်လည်း ကျွမ်းကျင်လုပ်သား
ရှားပါးမှုဖြစ်ပြီး လျှပ်စစ်၊ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံအဆောက် အဦ လိုအပ်ချက်များကို အစိုးရက အလျင်အမြန် ဖြေရှင်းရန် လိုအပ်ကြောင်း Mr.Heang Chhor က ဆိုသည်။
"လွန်ခဲ့တဲ့နှစ် ၂၀ ကလည်း ဗီယက်နမ် တို့၊ တရုတ်တို့ဟာ ဒီနေ့မြန်မာနိုင်ငံ လိုမျိုး ပါပဲ။ အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ခဲ့ တဲ့အခါ သူတို့ ဒီနေ့အနေအထားကို ရောက်လာပါတယ်" ဟု ၄င်းကဆိုသည်။

ပြည်တွင်းစုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP) နိမ့်ကျရခြင်းမှာလည်း လူတစ်ဦးချင်း ကုန်ထုတ်စွမ်းအား နိမ့်ကျခြင်းကြောင့် ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်သားအများစု သွားရောက် စုပြုံနေသောကြောင့် ဖြစ်ကြောင်း Richard Dobbs က မှတ်ချက်ပြုသည်။

တန်ဖိုးမြှင့်ပို့ကုန် တင်ပို့ခြင်းများအဖြစ် အသွင်ပြောင်းနိုင်ပါက နိုင်ငံ၏ GDP တိုးတက်လာပြီး ၂၀၃၀ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံ့စီးပွားရေး တွင် ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေဦးမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

McKinsey & Company သည် အဆိုပါ အစီရင်ခံစာကို ပြည်တွင်းပြည်ပမှ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်များမှ ပညာရှင်များနှင့် တာဝန်ရှိသူပေါင်း ၂၀၀ ကျော်ကို တွေ့ဆုံ မေးမြန်းခဲ့ပြီး မြန်မာ့ စီးပွားရေးကို အရှိန်မြင့်တက်စေမည့် အချက်အလက်များကို အသေးစိတ်ဖော်ပြ ထားကာ မြန်မာနိုင်ငံကဲ့သို့ အပြောင်းအလဲ နှင့် ကြုံတွေ့နေရသော အခြားနိုင်ငံများ နှင့်လည်း နှိုင်းယှဉ်ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် McKinsey & Companyသည် စီမံ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဆင့် အကြံပေးကုမ္ပဏီတစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝန်း လုံးရှိ နိုင်ငံပေါင်း ၅၀ ကျော်တွင် အတိုင်ပင်ခံ ပညာရှင်များ ခန့်အပ်ထားကာ နိုင်ငံပေါင်း ၈၅ နိုင်ငံကျော်တွင် အဖွဲ့အစည်း နှင့် အစိုးရဌာနများ အတွက် အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေသည်။
The Voice Weekly
ကိုကိုနန်းညွန့်ဦး ပြန်လည် တင်ပြပေးပါသည်။

“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့”

မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…
(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊
ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။
(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။
(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။
အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။
(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )
(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။
(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။
(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။
(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။
သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။
(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။
(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။
အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။
မှတ်ထားသင့်သော အချက်အလက်များ..
(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ
ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။
အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။
(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။
မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။
(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )
(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။
အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။
သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။
(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊
အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။
(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။
(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။
နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -
(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။
(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။
(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။
(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။
အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။
(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..
(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။
( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။
အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။
ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။
(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။
(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။
ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။
( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )
(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။
သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။
ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။
ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။
ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။
တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

ခပ်ဟော့ဟော့ ဖက်ရှင်လေးတွေနဲ့ အရမ်းလန်းနေတဲ့ မော်ဒယ် နန်းသီရိမောင်

Model Nang Thiri Maung's Sexy Beach Fashion

Myanmar Sexy Model Girl: Nang Thiri Maung







Name: Nang Thiri Maung
Nick Name: Isabella
Job: Singer, Photo Model
Education: Final Year (Myanmar)
Race: Shan Ethnic
Date of Birth: April 10, 1989
Height: 5' 2"
Weight: 100 Lbs
Model Agency: Star International

Facebook: Isabella Mg
Awards: -
Hobby: -

Photos From Facebook.
Photographer: -

ခပ်ဟော့ဟော့ ဖက်ရှင်လေးတွေနဲ့ အရမ်းလန်းနေတဲ့ မော်ဒယ် နန်းသီရိမောင် ပါ။