This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 3, 2013

နှစ် ၂၀ အတွင်း မြန်မာ့စီးပွားရေး လေးဆတိုးမည်ဟုဆို



အာရှတွင် ထွန်းတောက်ရန် အလားအလာအကောင်းဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံတွင် စနစ်ကျသော ဖွံ့ဖြိုးရေးအစီအစဉ်များ ပြုလုပ်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ စီးပွားရေး အနေအထားမှာ လေးဆအထိ တိုးတက်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး အလားအလာကို လေးလကြာ သုတေသန ပြုထားသော Myanmar’s moment: Unique opportunities, major challenges အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

လက်ရှိ စီးပွားရေးပမာဏ ဒေါ်လာ ၄၅ ဘီလီယံမှ ၂၀၃၀ ခုနှစ်တွင် ဘီလီယံ ၂၀၀ ကျော်အထိ တိုးတက်လာနိုင်ပြီး ခန့်မှန်းထားချက်များ အရ လူဦးရေ ၁၈ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင် မည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာပြုစုရာ တွင် ဦးဆောင်ခဲ့သည့် McKinsey & Company မှ အကြီးတန်းစီးပွားဖက် Mr.Heang Chhor က The Voice သို့ ပြောကြားသည်။

တစ်ဦးချင်းဝင်ငွေ တစ်ရက် ၁ ဒသမ ၂၅ ဒေါ်လာကျော်အထိ ရှိလာမည်ဖြစ်ပြီး တစ်ဦးချင်းစားသုံးမှုပမာဏ တစ်နှစ် ဒေါ်လာ ၁၃၀၀ မှ ၅၀၀၀ အထိတက်လာမည် ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

အဓိကကြုံတွေ့ရမည့် အခက်အခဲမှာ လုပ်သား ၁၃ သန်းခန့် လိုအပ်ချက် ရှိလာနိုင်ပြီး လက်ရှိတိုးတက်နှုန်း ကိုလည်း ထိန်းထားနိုင်ရန် လိုကြောင်း McKinsey & Company Global Institute (MGI) မှ ညွှန်ကြားရေးမှူး Richard Dobbs က ပြောကြားသည်။

မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေရ သော ပြဿနာမှာ လူဦးရေများပြားသော်လည်း ကျွမ်းကျင်လုပ်သား
ရှားပါးမှုဖြစ်ပြီး လျှပ်စစ်၊ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံအဆောက် အဦ လိုအပ်ချက်များကို အစိုးရက အလျင်အမြန် ဖြေရှင်းရန် လိုအပ်ကြောင်း Mr.Heang Chhor က ဆိုသည်။
"လွန်ခဲ့တဲ့နှစ် ၂၀ ကလည်း ဗီယက်နမ် တို့၊ တရုတ်တို့ဟာ ဒီနေ့မြန်မာနိုင်ငံ လိုမျိုး ပါပဲ။ အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ခဲ့ တဲ့အခါ သူတို့ ဒီနေ့အနေအထားကို ရောက်လာပါတယ်" ဟု ၄င်းကဆိုသည်။

ပြည်တွင်းစုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP) နိမ့်ကျရခြင်းမှာလည်း လူတစ်ဦးချင်း ကုန်ထုတ်စွမ်းအား နိမ့်ကျခြင်းကြောင့် ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်သားအများစု သွားရောက် စုပြုံနေသောကြောင့် ဖြစ်ကြောင်း Richard Dobbs က မှတ်ချက်ပြုသည်။

တန်ဖိုးမြှင့်ပို့ကုန် တင်ပို့ခြင်းများအဖြစ် အသွင်ပြောင်းနိုင်ပါက နိုင်ငံ၏ GDP တိုးတက်လာပြီး ၂၀၃၀ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံ့စီးပွားရေး တွင် ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေဦးမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

McKinsey & Company သည် အဆိုပါ အစီရင်ခံစာကို ပြည်တွင်းပြည်ပမှ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်များမှ ပညာရှင်များနှင့် တာဝန်ရှိသူပေါင်း ၂၀၀ ကျော်ကို တွေ့ဆုံ မေးမြန်းခဲ့ပြီး မြန်မာ့ စီးပွားရေးကို အရှိန်မြင့်တက်စေမည့် အချက်အလက်များကို အသေးစိတ်ဖော်ပြ ထားကာ မြန်မာနိုင်ငံကဲ့သို့ အပြောင်းအလဲ နှင့် ကြုံတွေ့နေရသော အခြားနိုင်ငံများ နှင့်လည်း နှိုင်းယှဉ်ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် McKinsey & Companyသည် စီမံ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဆင့် အကြံပေးကုမ္ပဏီတစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝန်း လုံးရှိ နိုင်ငံပေါင်း ၅၀ ကျော်တွင် အတိုင်ပင်ခံ ပညာရှင်များ ခန့်အပ်ထားကာ နိုင်ငံပေါင်း ၈၅ နိုင်ငံကျော်တွင် အဖွဲ့အစည်း နှင့် အစိုးရဌာနများ အတွက် အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေသည်။
The Voice Weekly
ကိုကိုနန်းညွန့်ဦး ပြန်လည် တင်ပြပေးပါသည်။

“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့”

မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…
(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊
ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။
(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။
(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။
အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။
(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )
(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။
(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။
(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။
(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။
သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။
(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။
(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။
အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။
မှတ်ထားသင့်သော အချက်အလက်များ..
(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ
ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။
အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။
(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။
မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။
(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )
(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။
အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။
သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။
(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊
အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။
(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။
(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။
နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -
(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။
(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။
(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။
(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။
အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။
(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..
(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။
( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။
အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။
ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။
(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။
(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။
ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။
( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )
(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။
သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။
ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။
ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။
ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။
တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

ခပ်ဟော့ဟော့ ဖက်ရှင်လေးတွေနဲ့ အရမ်းလန်းနေတဲ့ မော်ဒယ် နန်းသီရိမောင်

Model Nang Thiri Maung's Sexy Beach Fashion

Myanmar Sexy Model Girl: Nang Thiri Maung







Name: Nang Thiri Maung
Nick Name: Isabella
Job: Singer, Photo Model
Education: Final Year (Myanmar)
Race: Shan Ethnic
Date of Birth: April 10, 1989
Height: 5' 2"
Weight: 100 Lbs
Model Agency: Star International

Facebook: Isabella Mg
Awards: -
Hobby: -

Photos From Facebook.
Photographer: -

ခပ်ဟော့ဟော့ ဖက်ရှင်လေးတွေနဲ့ အရမ်းလန်းနေတဲ့ မော်ဒယ် နန်းသီရိမောင် ပါ။

Sunday, June 2, 2013

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ 

ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။ 

၁။ မနက်စာ မစားခြင်း 

မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။ 

၂။ ဆေးလိပ်သောက်ခြင်း 

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။ 

၃။ သကြားဓာတ် အများအပြား စားသုံးခြင်း

သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။ 

၎။ လေမသန့်ခြင်း

ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။ 

၅။ အအိပ်လွန်ခြင်း

ိအိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။

၆။ အိပ်ချိန်နည်းခြင်း 

သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။ 

၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း 

ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။ 

၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း 

ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။ 

၉။ တွေးခေါ်မှုနည်းခြင်း

တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါတယ်။ 

၁၀။ စကားနည်းခြင်း 

ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။ 
-
Ref: medic-facts

Aung Kham (TSJ team)

ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။

၁။ မနက်စာ မစားခြင်း
မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။

၃။ သကြားဓာတ် အများအပြား စားသုံးခြင်း

သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။

၎။ လေမသန့်ခြင်း

ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။

၅။ အအိပ်လွန်ခြင်း

ိအိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။

၆။ အိပ်ချိန်နည်းခြင်း

သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။

၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း

ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။

၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း

ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။

၉။ တွေးခေါ်မှုနည်းခြင်း

တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါတယ်။

၁၀။ စကားနည်းခြင်း

ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။
-
Ref: medic-facts

Aung Kham (TSJ team)

ကမ္ဘာ့ စီးပွားရေးနှင့် မြန်မာ့ငွေကြေး အဆက်အစပ်

by Khin Maung Nyo (Notes) on Thursday, May 16, 2013 at 4:10am

 နောက်ခံ အခင်းအကျင်း
လွန်ခဲ့သော နှစ်နှစ်ကျော် အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အ၀န်းအ၀ိုင်းအတွင်း၊ ကမ္ဘာ့ စီးပွားရေး အ၀န်းအ၀ိုင်း အတွင်း ပြန်လည် ရောက်ရှိလာပြီ ဟူသော စကားကို အများဆုံး ကြားရပါသည်။ ထိုစကား၏ အဓိပ္ပါယ် သက်ရောက်မှုကိုလည်း စဉ်းစားကြည့်သင့်ပါသည်။ အနည်းဆုံး အဓိပ္ပါယ်နှစ်ခု ကောက်ယူနိုင်ပါသည်။ ပထမ တစ်ခုမှာ ကမ္ဘာတစ်ဝှမ်း ယေဘုယျအားဖြင့် လက်ခံထားသည့် စံချိန်စံညွှန်းများကို အတိုင်းအတာ တစ်ခုအထိ မြန်မာနိုင်ငံက လက်ခံကျင့်သုံးလာခြင်းဟူသည့် အဓိပ္ပါယ် သက်ရောက်ပါသည်။ ဒုတိယတစ်ခုမှာ ကမ္ဘာ့ စီးပွားရေး အတက်အကျ၊ အပြောင်းအလဲ၊ အကောင်းအဆိုးတို့၏ အကျိုးသက်ရောက်မှုကို မြန်မာနိုင်ငံက ပိုမို ခံစားရမည်ဆိုသည့် အဓိပ္ပါယ် ထွက်ပါသည်။


မျှော်လင့်ချက်များ
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာသည်နှင့်အမျှ မြန်မာငွေတန်ဖိုး ပို၍ ခိုင်မာလာမည်ဟု တွက်ဆကြပြီး အစိုးရိမ် အကြီးဆုံးသူများမှာ နိုင်ငံတကာဈေးကွက်တွင် ပြိုင်ဆိုင်နိုင်စွမ်း လျော့ပါးမည်ကို ပူပင်ကြသော ပို့ကုန်လုပ်ငန်းရှင်များ ဖြစ်ပါသည်။ တစ်ဖက်တွင် သွင်းကုန်လုပ်ငန်းများ၊ သွင်းကုန်များကမူ ဒေါ်လာဈေးတက်သွားလျှင် (မြန်မာငွေတန်ဖိုး ကျဆင်းသွားလျှင်) သွင်းကုန်ဈေးနှုန်းများ တက်မည်ကို စိုးရိမ်ပူပန်ကြပါသည်။
အချို့သော စီးပွားရေးပညာရှင်များက မြန်မာကျပ်ငွေဈေးနှုန်း ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း (အများအားဖြင့်) တက်လာခဲ့သည်ကို သဘောမကျပါ။ မြန်မာကျပ်ငွေသည် ဖြစ်သင့် ဖြစ်ထိုက်သည်ထက် တန်ဖိုးမြင့်နေသည်။ ထို့ကြောင့် ပို့ကုန် ထုတ်လုပ်သူ တောင်သူလယ်သမားများ ဈေးကောင်းကောင်း မရ၍ ထိခိုက်ရသည်ဟု တွက်ဆကြပါသည်။ သို့သော လယ်သမားများ ရင်ဆိုင်နေရသော ကိစ္စများမှာ မြေယာပိုင်ဆိုင်မှု ကိစ္စ၊ ချေးငွေ ကိစ္စ အစရှိသဖြင့် တစ်ခုမက များပြားပါသည်။

မြန်မာငွေကြေးမူဝါဒ?
အစိုးရသစ်၊ အခင်းအကျင်းသစ်အောက်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ နည်းပညာ အကြံဥာဏ်များ ရယူ၍ ဘတ်ဂျက်လိုငွေ လျော့ချရန် ရည်ရွယ်ခြင်း၊ လိုငွေကို ငွေစက္ကူ ရိုက်သည့်နည်းထက် ငွေချေးစာချုပ် ထုတ်ဝေရောင်းချသည့် နည်းကို ပိုမိုအားကိုးခြင်း၊ ငွေလဲလှယ်နှုန်းကို လွှတ်ပေးလိုက်ပြီးနောက် အနီးကပ် စောင့်ကြည့်ခြင်းတို့ ပြုလုပ်လျှက် ရှိသည်ဟု သိရပါသည်။ ဈေးနှုန်း တည်ငြိမ်ရေး၊ ငွေဖောင်းပွမှု ဆန့်ကျင်ရေး မူဝါဒ ရှိသည်ဟု တွက်ဆရပါသည်။
သို့သော် လွှတ်တော်ဘက်တွင် မြန်မာငွေဈေးနှုန်း ကျဆင်း၊ ဒေါ်လာဈေးနှုန်း တက်စေလိုသော မူဝါဒ ရှိသည်ဟု မှန်းဆရပါသည်။

အနီးကပ် မြင်ကွင်းများ
နိုင်ငံအကြီးအကဲ၏ မိန့်ခွန်းတွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ငါးဆတိုးလာသည်ဟု ပြောကြားသွားခဲ့ပါသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ငွေသား အဖြစ် မြင်လျှင် မြန်မာနိုင်ငံအတွင်း ဒေါ်လာ အမြောက်အများ ၀င်ရောက်နေခြင်းကြောင့် ဒေါ်လာဈေး ကျဆင်းသင့်ပါသည်။ သို့သော် ငွေသားစီးဝင်မှု အဖြစ် မမြင်ဘဲ အရင်းအနှီး စက်ကိရိယာ ပစ္စည်းများ၊ အသုံးအဆောင်များ ၀င်ရောက်ခြင်း အဖြစ် ရှုမြင်လျှင် ဒေါ်လာဈေး ကျဆင်းစရာ အကြောင်း မရှိပါ။
သင်္ကြန်အနီးတ၀ိုက်တွင် မြန်မာ ပုဂ္ဂလိကဘဏ်များ ATM ငွေထုတ်စက်ကို Visa, Mastercard များ သုံး၍ နိုင်ငံခြားငွေလဲလှယ်နိုင်စေရန် စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တိုးပွားလာနေသော ကမ္ဘာလှည့် ခရီးသည်များသည် ပြင်ပဈေးကွက်ကို အားမကိုးပဲ ဘဏ်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများ တွင် မြန်မာငွေ တရားဝင် ထုတ်ယူနိုင်သည်။ တရားဝင်လမ်းကြောင်းမှ ဒေါ်လာ စီးဝင်မှု များပြား မည် ဖြစ်၍ ဒေါ်လာဈေး တက်စရာ အကြောင်း မရှိပါ။

သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံတွင် ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ အမေရိကန်၏ စီးပွားရေး အပေါ် ယုံကြည်မှု တိုးပွားလာသဖြင့်လည်းကောင်း၊ ဥရောပနှင့် အခြားနိုင်ငံ၏ စီးပွားရေးမှာ မရေမရာ ဖြစ်နေသေးသဖြင့်လည်းကောင်း ရွှေဈေးကျဆင်းကာ ဒေါ်လာဈေးတက်လာခဲ့ပါသည်။ ရွှေဈေး ဆက်တိုက် ကျဆင်းမည်ဟု တွက်ဆမှုများလည်း ရှိနေပါသည်။
မသေချာ မရေရာသော ခန့်မှန်းချက် တစ်ခုမှာ ပြည်တွင်းတွင် ဒေါ်လာဝယ်ယူမှု တိုးပွားလာခြင်း၊ သွင်းကုန်များ အတွက် ဒေါ်လာဝယ်ယူမှု များပြားခြင်း ဟူသော ကိစ္စ ဖြစ်ပါသည်။
အနာဂတ်တွင် အနည်းဆုံး ရေ၊ မီး၊ လမ်း၊ တံတား အစရှိသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် အရင်းအနှီး အသုံးစရိတ်များ၊ မြင့်မားလာသော နေထိုင်မှု ပုံစံများ အတွက် သာမန် အသုံးစရိတ်များ ဟူ၍ နိုင်ငံခြားငွေ သုံးစွဲမှု (သို့မဟုတ်) သွင်းကုန် တင်သွင်းမှု ဆက်လက် များပြားနေဖွယ်ရာ ရှိပါသည်။ ကုန်သွယ်မှု လိုငွေကို ဖြည့်ဆည်းရန် အတွက် အမေရိကန် ဒေါ်လာ ၀ယ်ယူရန် လိုအပ်ပါသည်။
ပြည်တွင်း အကြောင်းတရား အနေဖြင့် ဒေါ်လာ ၀ယ်ယူမှုက ရောင်းအားထက် များပြားလျှင် ဒေါ်လာငွေ၏ တန်ဖိုး (ယခု ကြုံတွေ့နေရသကဲ့သို့) တက်လာနိုင်ပါသည်။ သို့သော် ဤသို့ တက်ခြင်းသည် ပြည်တွင်း အကြောင်းတရား၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်၊ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာ တန်ဖိုးတက်ခြင်း၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်ကို ခွဲခြားရန် ခက်ပါသည်။

 ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းမှု ကြီးမားလာနေသော အချိန်တွင် ကမ္ဘာ့ စီးပွားရေး အလားအလာကို မြန်မာ့ စီးပွားရေးက ဆန့်ကျင်နိုင်မည့် အလားအလာ ရှိသည်ဟု မယူဆပါ။ (ကမ္ဘာတွင် ဒေါ်လာဈေးတက်နေသည်ကို မြန်မာနိုင်ငံတွင် ဒေါ်လာဈေးကျအောင် လုပ်နိုင်မည် မထင်ပါ။)
မြန်မာ့ စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုကို ကြည့်ရာတွင် ညွှန်းကိန်းတစ်ခု အနေဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး၏ အရေးပါမှုကို ကြည့်ရန် လိုအပ်ပါသည်။ ဤညွှန်းကိန်းအရ ကြည့်လျှင် မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး အချိုးအစား အလွန်နိမ့်ကျနေပါသေးသည်။ သို့သော် အမှန်တကယ် ကုန်သွယ်မှုသည် တရားဝင် ကိန်းဂဏန်းများက ဖော်ပြသည်ထက် သိသိသာသာ များပြားနိုင်ပါသည်။ သို့ဖြစ်ရာ ယခင့် ယခင် အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် မြန်မာ့ကုန်သွယ်မှု အချိုးအစား ကြီးမားလာပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပေါင်းစည်းမှု မြင့်မားလာသည်ဟု သေချာပေါက် ဆိုနိုင်ပါသည်။
တဖန် ဗဟိုဘဏ်တွင် အခြေခံငွေလဲလှယ်နှုန်း သတ်မှတ်ရာတွင် နှစ်နှင့်ချီ၍ အတော်အတန် တည်ငြိမ်မှု ရှိခဲ့သော်လည်း ယခုရက်ပိုင်း (မေလလယ်)တွင် သိသိသာသာ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းသည်လည်း ကမ္ဘာ့စီးပွားရေးနှင့် ဈေးကွက်ကို တုံ့ပြန်ဆောင်ရွက်မှုဟု ယူဆပြီး ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်း မှု မြင့်မားလာသည့် သာဓက တစ်ခု အဖြစ် ရှုမြင်နိုင်ပါသည်။

ရှေ့အလားအလာ
မြန်မာ့စီးပွားရေး အလားအလာကို တွက်ဆရာ၌ ကိုယ်ရရှိထားသော အချက်အလက်များ၊ အခြေအနေများထက် မိမိ လက်လှမ်းမမီသော အချက်အလက်များ၊ အခြေအနေများကို လျော့တွက်၍ မရကြောင်း သင်ခန်းစာ အထပ်ထပ် ရရှိခဲ့ပြီး ဖြစ်ပါသည်။ သာဓက တစ်ခု အနေဖြင့် ဘဏ်အတိုးနှုန်း လျှော့ချ၍ အပ်ငွေ လျော့ကျမည်ဟု တွက်ဆရသော်လည်း အခြား ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်း မရှိသော အခြေအနေတွင် ဘဏ်အပ်ငွေ လျော့ကျသွားခြင်း မရှိသည်ကို တွေ့ရပါသည်။
မြန်မာ့ဈေးကွက် အတွင်း၌လည်း အပြောင်းအလဲများ ဖြစ်ပေါ်လျှက် ရှိရာ ကားဈေးကွက်သည် ဈေးကစားစရာ နယ်ပယ်တစ်ခု မဟုတ်တော့ဘဲ အိမ်ခြံမြေဘက် လှည့်လာခဲ့သကဲ့သို့ ယခုနှစ်အတွင်းတွင် အိမ်ခြံမြေလည်း အတက်ဈေး၌ အရောင်းအ၀ယ် အေးနေသည်ကို တွေ့ရပါသည်။ ယခင် တစ်နှစ်ခန့် အတွင်း ဒေါ်လာဈေးကွက်သည်လည်း ဈေးကစား၍ ကောင်းသော နယ်ပယ်တစ်ခု ဖြစ်ခဲ့ပုံ မရပါ။
နိုင်ငံခြား ငွေလဲလှယ်နှုန်း အလားအလာသည် အဓိကအားဖြင့် နိုင်ငံတကာ ဈေးကွက်၏ အပြောင်းအလဲ အပေါ် မူတည်မည်ဟု ယူဆပါသည်။ ရွှေဈေး ဆက်လက် ကျဆင်းနိုင်မည်ဟု တွက်ဆကြရာ ကမ္ဘာတစ်ဝှမ်းတွင် (အခြား ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာ မရှိပါက) ဒေါ်လာဈေး ဆက်လက် အားကောင်းနေနိုင်ပါသည်။

ပြည်တွင်း စီးပွားရေး အကြောင်းတရားများသည် နိုင်ငံတကာ စီးပွားရေး ရေစီးကြောင်းကို ဆန့်ကျင်နိုင်စွမ်း မရှိဘဲ အားဖြည့်ပေးသည့် အကြောင်းတရားများ အဖြစ်သာ ရပ်တည်နိုင်မည်ဟု တွက်ဆပါသည်။

ခင်မောင်ညို (ဘောဂဗေဒ)
၁၆.၅.၂၀၁၃

ချစ်တီးငွေးချေးအသင်း

ပေါင်မြို့နယ် လက်ပံတောကျေးရွာတွင် “ ကျေးရွာဒေသ ပညာကျန်းမာ ကြံ့ခိုင် ဖွံဖြိုးရေးအတွက် နာရေးကူညီမှုနှင့်သာသနာစောင့်ရှောက်ရေးအသင်း ” အမည်ခံ ချစ်တီးငွေးချေးအသင်းကို တရားဝင်ခွင့်ပြုချက်ရ လုပ်ငန်းသဖွယ် လုပ်ကိုင်လျက်ရှိသည် ။

ထိုအသင်းမှ ငွေချေးယူသူ ကျေးရွာသူ/သားများသည် အိမ်ခြံအရောင်းအ၀ယ် စာချုပ်ပေါ်တွင် မိမိချေးယူသည့် ပိုက်ဆံအပေါ် ( ၅ ) ကျပ်တိုးပေါင်းလျက် စာချုပ်ချုပ်ဆိုချေးယူရသည် ။

စာချုပ်မှာလည်း ( ၂ ) စောင်မဟုတ်ဘဲ တစ်စောင်တည်းအပေါ်တွင်သာ လက်မှတ်ရေးထိုးချုပ်ဆိုရပြီး ၄င်းစာချုပ်ကို ငွေချေးယူသူမှမရရှိကြောင်း ၊ ငွေချေးပေးသည့်အသင်းမှယူထားကြောင်း ၊ ၄င်းကျေးရွာရှိရွာသူ/သားအတော်များများသည် စာတတ်မြောက်ခြင်းမရှိသဖြင့် စာချုပ်ပေါ်တွင် မည်သို့ရေးထားသည်ကို သိရှိခြင်းမရှိပါဘဲ လက်မှတ်ရေးထိုးပေးရကြောင်းသိရှိရသည် ။

နာရေး သာရေးအမည်ခံထားသော ထိုအသင်းသည် ၄င်းကျေးရွာဖွံဖြိုးရေး ၊ နာရေး စသောမည်သည့်လုပ်ငန်းကိုမှ ကူညီခြင်း ၊ လှူဒါန်းခြင်းမရှိကြောင်း ရွာသူ/သားများက တညီတညွတ်တည်းပြောကြားကြသည် ။

 ငွေချေးယူစဉ် စာချုပ်တွင်လက်မှတ်ထိုးရသော်လည်း ယုံကြည်အပ်နှံထောက်ပံ့ငွေ ဖြတ်ပိုင်းဟုရေးထားသော ဖြတ်ပိုင်းတစ်စောင်သာပြန်လည်ရရှိပါသည် ။

မိမိချေးယူထားသော ငွေနှင့်အတိုးကို တစ်နှစ်ပြည့်လျှင် ပြန်လည်ပေးဆပ်ရပြီး မပေးဆပ်နိုင်သောသူသည် ၄င်းတိုးရင်းပေါင်းပေါ် အတိုးထပ်ပေါင်ပြီး နောက်တစ်နှစ်အတွက် စာချုပ်ထပ်မံချုပ်ဆိုရပြန်သည် ။

အချို့သော ရွာသူ/သားများမှာ မိမိချေးယူခဲ့သော အရင်းထက် အဆပေါင်းများစွာ ပိုသောအတိုးကို ပေးဆပ်ပြီးဖြစ်သော်လည်း အကြွေးကျေခြင်းမရှိပါ ။

၎င်းရွာသား ဦးနုဆိုသူသည် အထက်ပါနည်းလမ်းအတိုင်း အတိုးများစွာပေးဆပ်ပြီးဖြစ်သော်လည်း အကြွေးမဆပ်နိုင်သောအခါ တဖက်သတ်တစ်စောင်တည်းချုပ်ဆိုသော စာချုပ်ဖြင့် တရားစွဲခံရပြီး အိမ်သိမ်းခံလိုက်ရသည် ။

စာပေမတတ် အသိဥာဏ်နုံနဲ့သော ရွာသားများအပေါ် ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး အနိုင်ကျင့် အမြတ်ကြီးစား ခေါင်းပုံဖြတ်လျက်ရှိသော ပေါင်မြို့နယ် လက်ပံတောကျေးရွာမှ “ ဓမ္မသစ္စာ ” အသင်းချုပ်အမည်ခံ ချစ်တီးများကို အဆိုပါရွာရှိ လူထုအကျိုးကိုလိုလားပါသည်ဆိုသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မသိကျိုးကျွံပြုနေကြသည် မှာ နောက်ကွယ်မှ တစုံတရာ အကြောင်းများရှိနေနိုင်ကြောင်း တင်ပြလိုက်ရပါသည် ။

Myanmar News Now

ဝ ဒေသတွင် စည်းကမ်းဖောက်ဖျက်သူများကို သေမိန့်ပေးဟုဆို

Saturday, June 1, 2013

မြစ်ကြီးနား၊ မေ ၃၀

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ပေးအပ်ထားသော ဝနယ် အတွင်း သတ်မှတ်ထားသော စည်းကမ်း ဖောက်ဖျက်သူများ အပါအဝင် တရားမဝင် စီးပွားရေးလုပ်ကိုင် သူများကို ဖမ်းဆီးရမိပါက သေမိန့်ပေးကြောင်း ဝတိုင်းဒေသ၏ ပြင်ပ ဆက်ဆံရေးဌာနမှ ဦးဆမ်ခွန်းက ပြောကြားသည်။

အထက်ပါ အကြောင်းအရာကို မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် မေလ ၃၀ ရက် နေ့က ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အေတို့ ဆွေးနွေးပွဲ တတိယနေ့တွင် ဦးဆမ်ခွန်းက သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ဝနယ်ထဲမှာ မူးယစ်ဆေးဝါး တွေ့ရင်တော့ ခေါင်းဖြတ်သတ်တယ်" ဟု ၄င်းက ဆိုသည်။

ဝနယ်အတွင်း တရားမဝင် ခိုးဝင်သူများကို သေဒဏ်ပေးခြင်း နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် မှ ဝကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဆိုင်းပေါင်နပ်က သေဒဏ်ပေးခြင်းကို ကြားဖူးခြင်း မရှိကြောင်း The Voice နှင့် သီးသန့် အင်တာဗျူး တွင် ဖြေကြားထားသည်။

ဝသွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် လက်နက်အင်အား အတောင့်တင်းဆုံးဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးရန် တောင်းဆိုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်း တွင် အခြေစိုက်သော ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုခဲ့ပြီး တပ်အင်အား သုံးသောင်းခန့်ရှိသည့် တိုင်းရင်းသားကိုင် အဖွဲ့အစည်းဖြစ်သည်။

The Voice Weekly

CallRecorder အသုံးပြုချင်တဲ့သူငယ်ချင်းအတွက် Pro ဗားရှင်း

Call Recorder (Full) v1.4 Apk 1.88 MB

CallRecorder အသုံးပြုချင်တဲ့သူငယ်ချင်းအတွက် Pro ဗားရှင်းတင်ပေးလိုက်ပါတယ်
ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့ record လုပ်ပေးထားမှာပါ။ ယေဘုယျအားဖြင့် Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပြီး နောက်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေမှာဆိုရင်တော့ ဒီဆော့ဝဲရဲ့လုပ်ဆောင်ချက်ကပိုမိုကောင်းမွန်မှာပါ။
 မှာ304ဘတ်ပေးရတဲ့ App ပါ
Download>>>mirrorupload (or)dropbox(or)zippyshare
CallRecorder အသုံးပြုဖို့အတွက် ဖုန်းက Root လုပ်ထားဖို့တော့လိုအပ်ပါတယ် 

Requires the kernel with 2-way call recording patch and ROOT permissions:
- HTC Desire
- HTC HD2
- Google Nexus One
- HTC Desire HD
- HTC Desire Z
- HTC Desire S
- HTC Incredible S
- HTC Thunderbolt
- HTC Sensation
- HTC EVO 3D (CDMA)
- HTC Hero
- HTC Wildfire
- ZTE Blade
- Sony Ericsson XPERIA ray
- Sony Ericsson XPERIA arc
 - Samsung Galaxy S II X (SGH-T989)
- Galaxy Nexus (alsa required)
- Samsung Galaxy R (alsa & Chinese kernel required)
Use standard API for recording (may record from the mic):
- Samsung GT-I9100 Galaxy S II (Doesn't work on Android 4 ICS, Preferences: Audio source - voice uplink, and voice downlink when BT headset is connected(it will record only other side, but it's better then nothing))

ဟန်ဆောင်လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ

ရန်ကုန်၊ မေ ၃၁

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင် လက်ထပ်မှုဖြင့် စင်ကာပူတရားရုံးက မေလ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေးသား ဖော်ပြထားသည်။

ယင်းသို့ ဟန်ဆောင်လက်ထပ်မှုကြောင့် စင်ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေးဆိုသူနှင့် ၎င်းကိုလက်ထပ်ခဲ့သည့် စင်ကာပူနိုင်ငံသား စဖာရီမင်ဟတ် ဆိုသူတို့ကို ထောင်ဒဏ် ခြောက်လစီ၊ ၄င်းတို့နှစ်ဦး လက်ထပ်ရန် အကျိုးဆောင်ပေးသူ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ဦးကျော်ကျော်ဦး ဆိုသူကို ထောင်ဒဏ်ကိုးလ အသီးသီးချမှတ်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ ဒေါ်အေးအေးသည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်၍ အလုပ်အကိုင်အသစ် ရှာဖွေလုပ်ကိုင်နိုင်ရန် အတွက် သင့်တော်သော စင်ကာပူနိုင်ငံသား တစ်ဦးနှင့် အချိန်ကာလ တစ်ခုအထိသာ ဟန်ဆောင်လက်ထပ်ရန် အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသော ဦးကျော်ကျော်ဦးထံ အကူအညီ တောင်းခဲ့ကြောင်း၊ ယင်းသို့ လက်ထပ်ရန် ဒေါ်အေးအေးက အမေရိကန် ဒေါ်လာ ၃၀၀၀ အကုန်ခံခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် အလားတူ ဟန်ဆောင်လိမ်ညာ လက်ထပ်မှုများ ပြုလုပ်ရန် မလွယ်ကူကြောင်း၊ စင်ကာပူ နိုင်ငံတွင် လက်ထပ်ထိမ်းမြားလိုပါက နိုင်ငံတော်တရားရုံးတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးရကြောင်း၊ အများအားဖြင့် စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင်၍ လုပ်ငန်းသစ် ရှာဖွေလုပ်ကိုင်သူများ၊ ကိုယ်ပိုင်စီးပွားရေး အသေးစား လုပ်ကိုင်လိုသူများက ယင်းကဲ့သို့ လုပ်လေ့ရှိကြောင်း စင်ကာပူနိုင်ငံတွင် လေးနှစ်ကြာ နေထိုင်ခဲ့ဖူးသူ တစ်ဦးက ဆိုသည်။

စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် များအတွက် လက်ထပ်မော်ကွန်းရုံးနှင့် မွတ်ဆလင် မဟုတ်သူများ အတွက် လက်ထပ်မော်ကွန်းရုံး ဟူ၍ ခွဲခြားထားရှိသည်။ မွတ်ဆလင် မဟုတ်သူများသည် သီးခြားလွတ်လပ်စွာ လက်ထပ်နိုင်ပြီး အစ္စလာမ်ဘာသာဝင်များ အတွက်မူ ၎င်းတို့၏ ရှီးယိုက် ဥပဒေအရ လက်ထပ် ထိမ်းမြားခွင့် ပြုထားသည်။

စင်ကာပူနိုင်ငံတွင် လက်ထပ်ထိမ်းမြား လိုပါက လက်ထပ်လိုသူ တစ်ဦးဦးက စင်ကာပူအစိုးရက တရားဝင်ဖွင့်ထားသော လက်ထပ်မော်ကွန်းရုံးတွင် စာရင်းပေးသွင်းရမည် ဖြစ်သည်။
လက်ထပ်ရာတွင် အစိုးရက ချမှတ်ထားသော နည်းဥပဒေများနှင့် မညီညွတ်သော အမျိုးသား၊ အမျိုးသမီးများကို လက်ထပ်ခွင့်မရခြင်း၊ လိင်တူသူအချင်းချင်း လက်ထပ် ခွင့်မရခြင်း ဟူ၍ ဥပဒေအချို့ ရှိသည်။

လက်ထပ်သူ၏ အသက်အပိုင်းအခြားပေါ် မူတည်၍ ၁၈ နှစ်အောက်ရှိသူများ လက်ထပ်လိုပါက အထူးထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရယူရန် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါလိုင်စင်ကို စင်ကာပူနိုင်ငံရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှသာ လက်ထပ်ခွင့်ပြုသည်။

အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ လက်ထပ်လိုပါက မိဘနှစ်ဦး၏ ခွင့်ပြုချက်၊ မိဘ တစ်ဦးတည်း ရှိပါက တစ်ဦး၏ခွင့်ပြုချက်၊ မိဘများ သေဆုံးသွားပါက တရားရုံး တရားဝင် ခန့်အပ် ပေးထားသော အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ မိဘနှစ်ပါးစလုံး နိုင်ငံရပ်ခြားတွင် ရောက်ရှိနေပါက သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများမှတစ်ဆင့် မော်ကွန်းရုံးထံသို့ ထောက်ခံစာ ပေးပို့ပေးရမည် ဖြစ်သည်။

စင်ကာပူနိုင်ငံသား မဟုတ်သူ တစ်ဦးဦးနှင့် အမြဲတမ်း နေထိုင်သော နိုင်ငံသားတစ်ဦးတို့ လက်ထပ်လိုပါက နိုင်ငံသား မဟုတ်သူသည် တရားဝင် လက်ထပ်ရန် တရားရုံးမှ ကြေညာစာ မထွက်ခင် အနည်းဆုံး ၁၅ ရက် အလိုကတည်းက ယင်းနိုင်ငံတွင် နေထိုင်နေသူ ဖြစ်ရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

The Voice Weekly

ကျောင်းခန်းထဲတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် အမေရိကန်ကျောင်းသားတစ်ဦးကြံစည်


အသက် ၁၇ နှစ်အရွယ်ရှိ အမေရိကန်ကျောင်းသားတစ်ဦးသည် သူ၏ကျောင်းတွင် ပေါက်ကွဲစေ တတ်သော ပစ္စည်းများနှင့် သေနတ်များကိုသုံးကာ တိုက်ခိုက်ရန်ကြံစည်ကြောင်းစွပ်စွဲခံရသဖြင့် မေ ၂၈ ရက်တွင် တရားသူကြီးက အာမခံကြေးဒေါ်လာနှစ်သန်းပေးရန် ပြောခဲ့သည်။ ဂရန့်အကော့သည် သူ၏ ကျောင်းဖြစ်သော အိုရီဂွန်၏အနောက်မြောက်ဘက်တွင်ရှိသော Albany အထက်တန်းကျောင်း တွင်
“ရုရှားနိုင်ငံသားရက်စက်တဲ့ လူသတ်သမားကဒီမှာပါ” ဟု ပြောကာ မီးလောင်ဗုံးတွင် လောင်စာ ဆီပစ်ထည့်ပြီး သေနတ်ဖြင့် ပစ်ခတ်ရန်စီစဉ်ကြောင်း တရားရုံးအချက်အလက်များအရ သိရသည်။
အကော့သည်ရှားပါးသော စိတ်ကယောင်ချောက်ချား ရောဂါခံစားနေရကြောင်း ၎င်း၏မိခင်ကပြောခဲ့ပြီး သူသည်ဗုံးပြုလုပ်နည်းစာအုပ်ကို ဝယ်ပြီးချိန်မှစပြီး စိုးရိမ်မိကြောင်း အာဏာပိုင်များက ပြောသည်။
အကော့ကိုလူသတ်မှုကျူးလွန်ရန် အားထုတ်မှုကြောင့် တရားရုံးတွင်အမှုစစ်ဆေးနေပုံများကို ဗီဒီယိုဖိုင် များမှတစ်ဆင့်တွေ့ရသည်။ ပြီးခဲ့သောရက်သတ္တပတ်က ၎င်း၏အိပ်ခန်းတွင် ဗုံးနှစ်လုံး၊ပိုက်ဗုံးနှစ်ခုနှင့် တခြားလက်နက်နှစ်ခုကို တွေ့ခဲ့သည့်အပြင် သူ့ကျောင်းတွင် လူအစုလိုက်အပြုံလိုက်ကို သတ်ရန် စီစဉ်ထားသည့် စာများကိုအရာရှိများက တွေ့ခဲ့သည်။
“ကားကို ကျောင်းဝင်းထဲမှာ ရပ်လိုက်မယ်၊ လက်တစ်ဖက်က ကျောပိုးအိတ်ကိုကိုင်မယ်၊နောက်တစ် ဖက်ကမီးလောင်ဗုံးကိုင်မယ်။ ပြီးတော့ကျောင်းကို လမ်းလျှောက်သွားမယ်။ လက်ထဲကအိတ်ကို ပစ်ချ မယ်။ မီးလောင်ဗုံးမှာ လောင်စာလောင်းထည့်မယ်။ အိတ်ကိုပြန်ပိတ်မယ်။ မီးရှို့မယ်၊ ထွက်ပေါက်တွေ ကို မီးလောင်ဗုံးနဲ့ ပစ်ထားမယ်။ တံခါးတွေ အကုန်ပိတ်ထားမယ်၊ ပြီးရင် ရဲတွေမဖမ်းမိခင် ကိုယ့်ကိုယ် ကိုယ် သတ်သေလိုက်မယ်” ဟု စာဖြင့်ကြိုတင်ရေးသားထားခဲ့သည်။
၁၉၉၉ ခုနှစ်ဧပြီ ၂၀ ရက်ကလည်း Columbine အထက်တန်းကျောင်းတွင် ကျောင်းသားနှစ်ဦး ထိုသို့တိုက်ခိုက်သဖြင့် လူပေါင်း ၁၃ ဦးသေကာ ၂၃ ဦး ဒဏ်ရာရခဲ့ဖူးသဖြင့် အကော့က ကိုကဲ့သို့ ဖန်တီး ခြင်းဖြစ်သည်။ အကော့သည် OCD ဟုခေါ်သော စိတ်ရောဂါတစ်မျိုးခံစားနေရကြောင်း ၎င်း၏မိခင်က ပြောခဲ့သည်။
Ref: AFP/ACSP
The Yangon Time Daily
မောက္ခ

ရန်ကုန်မြေဈေး အပိုင်း(၁) (ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)


လတ်လော ရန်ကုန်မြို့မှာ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေ အကြပ်ရိုက်လောက်အောင် မိုးပျံနေတဲ့ ရန်ကုန်မြို့တော် မြေဈးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ ဒီရေရေအားလျှပ်စစ်လုပ်ငန်း စမ်းသပ်ဖော်ထုတ်ပြသရန် ရောက်ရှိနေတဲ့ ဒီမိုဝေယံဘလော့ဂ် ပင်တိုင် ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်နဲ့ ဆက်သွယ် မေးမြန်းချက်အား ဖော်ပြလိုက်ပါတယ်...။
ရန်ကုန်မြေဈေး အပိုင်း(၁)  
(ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)
(မေး) ဆရာ  တလောက  ဆရာက  ရန်ကုန်မြေဈေးတွေ  ထိုးကျတော့မယ်  ဆိုပြီး  တူမဖြစ်သူကို  မြေတွေ အမြန်ရောင်းခိုင်းတယ်လို့   ကိုမျိုးထူး  ဆီကကြားရပါတယ်။   ဘယ်လိုကြားထားလို့ (ထိုးကျ) မယ်အခိုင်အမာ ပြောရတာပါလဲ။
(ဖြေ)     ဟုတ်ကဲ့။  ရန်ကုန်မြေဈေးက   မတရားမြင့်နေပါတယ်။  ရှိသင့်တဲ့ တန်ဖိုးထက်  အများကြီးပိုမြင့်နေတာဟာ   မူမမှန်သောဈေးပါ။   ရန်ကုန်မြို့ တော်မှာ   စီးပွားရေးအရ အချက်အခြာနေရာတွေမှာ  မြေဈေးဟာ  နယူးယောက်  ကမ္ဘာ့စီးပွားရေးရဲ့ ဗဟိုအချက်အခြာကျတဲ့  မက်ဟက်တန်က မြေဈေးထက် ပိုမိုဈေးကြိးနေတယ်လို ဆိုနေကြပါတယ်။
သေချာတာကတော့  ကမ္ဘာ့စီးပွားရေးမှာ အနိမ့်ဆုံး  စီးပွားရေးအရ အသေးဆုံး ဖြစ်တယ်။    မြို့ တော်ကလဲ မြို့ တော်အင်္ဂါရပ်တွေတောင် အဆင့်အတန်း မမှီလှတာကို  ဈေးက အလွန်အမင်း ခေါင်ခိုက်နေတာဟာ  တခုခုလွှဲချော်နေပြီဆိုတာ   ဦးဏှောက်ရှိသူတွေဆို  စဉ်းစားပါပြီ။   အဓိက  အကြောင်းရင်းတွေ ရှိနေပါတယ်။ some  thing wrong and it's not good for the development.
ဘာကိုပြနေသလဲဆိုတော့   လူတစုလက်ထဲမှာ  ငွေတွေ  စုပုံနေပြီး  လူထုလက်ထဲမှာ  ငွေပျောက်နေတယ်။  လူထုလက်ထဲ  ငွေမရှိတော့  စီးပွားလုပ်စရာမရှိ  ဖြစ်သွားတယ်။  လူထု လက်ထဲငွေရှိနေမှ  အဲဒီငွေတွေက  လည်ပတ်နေမှ  စီးပွားရေးက  အသက်ဝင်နေမှာ။     အခုတော့စီးပွားရေး လုပ်စရာက  မရှိတော့  ငွေတွေ  မြေဈေးကစားတဲ့ အထဲမှာ အောင်းထားကြတာပါ။ 
အဲဒါ နင်းကန်စားထားပြီး  ဗိုက်ကြီးဆူဖေါင်းနေတာ   ပေါက်ထွက်သွားဖို့ တာဆူနေပြီ။  နိုင်ငံရေး    အုံကြွပေါက်ကွဲမှုကြီးကို  လက်ယက်ခေါ်နေပြီ။  အခုတလော ဘာသာရေး အဓိကရုန်းတွေက   စီးပွားရေး ကြပ်တည်းမှု  အဲဒီမကျေနပ်မှုတွေက  လောင်စာဘဲ။
(မေး)  တခြားမြေဈေးကြီး စေတဲ့အချက်တွေ  ဆရာ့အမြင်ပေါ့  ရှင်းပြပါဦး။
တခြားအကြောင်းတွေကလဲ  အများကြီးရှိပါတယ်။  ကျနော်မြင်တာလေးတွေ ပြောပြပါမည်။

(ဖြေ) 
 (၁)  မြို့တော်ဧရိယာဟာ  မြို့ ကြိးတစ်မြို့ အဆင့်အထိကျယ်ဝန်းမှု မရှိတာ။ 
 တနည်းမြို့တော်ကို ယခင်အစိုးရတွေ လက်ထက်ချဲ့ ထွင်ခဲ့ရာမှာ   စီးပွားရေးအရ  အချက်အခြာကျတဲ့မြို့ နေရာတွေ  မတိုးချဲ့ ခဲ့ဘဲ  မိမိတို့ အာဏာတည်မြဲရေး  ရှုဒေါင့်မှ  ဆူပူရာမှာ  ပါဝင်နိုင်သူ  လူဆင်းရဲတွေကို မြို့ပြင် (ကန်ထုတ်)   ခြင်းသက်သက်သာ ဖြစ်နေပါတယ်။  မြို့ တော် နိုင်ငံတကာ အဆင့်မှီအောင်  ကြံဆောင်ချက် မဟုတ်ခဲ့ပါ။   မြို့ တော်တိုးတက်ရေး ရှုဒေါင့်ကနေ  လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ။
ဒီတော့ကြာလာလေ  မြို့စွန်ကနေ  မြို ထဲသို့လာရတာ ပိုမိုကြလာလေ  မြို့လယ်မြေဈေးက ရှားလာလေ  ဈေးတက်လေ။ ဒီတော့မြေဧရိယာက မချဲ့လေ  ပိုပိုရှားလာလေ  ဈေးကစားသူတွေက  လှောင်လာလေ  တက်လေ။  ဂျာအေးသူ့ အမေရိုက် ဖြစ်နေတာပါဘဲ ။ 
(၂) မြေဈေးကစားမှု
မြေဈေးက  မြန်မာပြည်မှာ  ဈေးကစားရင်  တနှစ်အတွင်း၊  နှစ်ဆ၊  သုံးဆ  စသည် တက်တက်သည်။  တက်နေသည်။  ဒါကြောင့်  ပြည်ပနဲ့ အဆက်သွယ်ရှိသူတွေက  သတင်းပေးကြတော့  ပြည်ပက  လူတွေတောင်မြန်မာပြည်မှာ မြေတွေဝယ်ပြီး  လှောင်ထား  ဈေးကစားလာကြပါတယ်။  နိုင်ငံခြားမှာ  ဒီလိုမြေလှောင်ထားလို့ တနစ်မပြောနဲ့   ငါးနှစ်တောင်  နှစ်ဆ  မတက်ပါဘူး။
ဒီကြားထဲ  မြန်မပြည်က ငွေမဲပေါတဲ့ တိုင်းပြည်ဆိုတော့  ငွေမည်းခဝါချလိုသူတွေအတွက်  ငွေဖြူလဲပြနိုင်  ရင်းနှီးထားတဲ့ မြေအပေါ်ကလဲ မြတ်ခြေကကောင်းတော့  မြေလှောင်တဲ့  စတောက်ဈေးကွက်ကြီး (real estate stock  market)  ပေါ်နေပါတယ်။
အနောက် နို်င်ငံကြီးတွေမှာ  မြေကိုကစားဖို့   ဂွင်မရှိဘူး။  ဒီမှာ  အာဏာပိုင်တွေနဲ့ နီးစပ်ရင်  မြေကစားလို်က်ရင်  သိန်း (၁၀၀) လောက်ရင်းလိုက်ရင်  သိန်း (ထောင်) ဂဏန်းမြတ်တာတွေ  ဖြစ်နေတာ  အခြေခံလူထုကို  ကုန်ဈေးဖေါင်းပွမှုနဲ့ နှစ်သတ်နေတယ်ဆိုတာ  အုပ်ချုပ်သူတွေ  မြင်တတ်ဖို့ လိုနေပါပြီ။
(ငွေမည်းဆိုတာ  အာဏာရှိသူကလဲ  လာဘ်စားထားတာတွေ။ ပါမစ်နဲ့ ကားသွင်း   ဖုံးသွင်းပါမစ်နဲ့  လုပ်ငန်းဂွင်တွေ ရိုက်စားထားတဲ့ ငွေမည်းတွေ  ဘိန်း၊  မူးယစ်ဆေးဝါး ငွေမည်းတွေ  အများကြိးရှိနေတဲ့ တိုင်းပြည်) တခါ  အခြေခံလူထုက  လက်လုပ်လက်စား ဘဝကိုက  တနေ့တခြား ပိုမိုကြပ်တည်းလာနေတော့  ငွေမည်း ကိုင်ထားသူတွေအတွက်  စီးပွားလုပ်နိုင်တဲ့  အလုပ်တွေက  မရှိနိုင်တော့ဘူး။
(၃)    ယခင်ခေတ် အဆက်ဆက် အုပ်စိုးသူတွေက  စီးပွားရေးအမြင်က  တော်တော်လေး လွှဲချော်  နိမ့်ကျတော့  အခြေခံ အဆောက်အအုံ Infrastructure အမြင်မရှိတော့  မြို့တော်မှာ  ယခင်ခေတ်ဟောင်း လက်ထက်က တည်ထားတဲ့ နေရာတွေကဘဲ  အခြေခံအဆောက်အအုံ အဖြစ်ရှားပါးစွာရှိနေရတာတွေ  ဈေးတက်တော့တာပါဘဲ။
မြန်မာစကား   (မရှိတာထက်   မသိတာခက်) ဆိုတာ အဲဒီအုပ်ချုပ်သွားတဲ့ သူတွေကိုပြောတာပါ   လက်တွေ့ဘဲ။  အခုယခင် အစိုးရလုပ်ခဲ့သမျှ  ဦးသိန်းစိန်  ဦးရွှေမန်း  တို့ ခမျာ  ပြောင်းပြန်နီးနီး  ပြန်ပြောင်းနေရတာတွေက  သက်သေပါဘဲ။
 (၄) တခါ စီမံကိန်း Planning ကို ဦးစားပေးရကောင်းမှန်း  အစိုးရကိုယ်တိုင် ကောင်းစွာ သဘော မပေါက်သေးတာလဲ  တစ်ကြောင်းပါတယ်။
 ဗိုလ်ခင်ညွှန့် လက်ထက်က ပိုဆိုးသေးတယ်။  ဟိုလိုဖြစ်နေပါတယ်  တင်ပြလိုက်  ဒီလိုလုပ်  ဒါကိုဒီလိုချဲ့   ဒီစီမံကိန်းလုပ်ဆိုပြီး ညွှန်ကြားလိုက်ပါ။   ဒါကိုပင်  ဗိုလ်ခင်ညွှန့်ဟာ  တကယ်တော်တဲ့ သူလို့ အတော်ကို အမျှော်အမြင်ကြီးတဲ့သူနဲ့   ဝိုင်းချီးကျူးကြတယ်။  တကယ်ကို အထင်ကြီးနေကြတာ။  တကယ်လုပ်ရမှာက  စီမံကိန်းဌာနက လူတွေကို စီမံချက်တွေ  ရေးဆွဲ  တင်ပြခိုင်း  ရှင်းလင်းခိုင်း  ပြီးသူ သဘောကျတာကိုရွေးတယ်  ဆိုတော်သေးတယ်။  ခုတော့  သူကလူတတ်ကြီးလုပ်  လက်ညှိုးထိုးရတာကို  အဟုတ်ထင်သွားတာ  တိုင်းပြည် အမှိုက်ပုံဖြစ်နေတာက  သက်သေဘဲ။  စီမံကိန်းဌာန  ဆိုတာ  ရှိစရာ မလိုဘူးတောင်  ထင်နေပုံရတယ်။
တကယ်က  စီမံကိန်းဆိုာတာ  လူမှုရှုဒေါင့်ပေါင်းစုံက   စာရင်းဇယားတွေ များစွာကို စုံစမ်း  လေ့လာကောက်ထားပြီး  နောက်လာမယ့် ၁၀-နှစ်  အနှစ် ၂၅- မှာ  ဒီလိုတွေ အပြောင်းအလဲတွေ  ဖြစ်လာနိုင်တယ်။  ဒီလိုဖြစ်လာမှာကို  တင်ကြိုပြီး  ဒါတွေ  ဒီလိုတွေ ဟိုလိုတွေ  လုပ်သင့်တယ်ဆိုပြီး  အဖွဲ့ပေါင်းစုံ  ပညာရှင်များစွာက  ငြင်းကြ  ခုန်ကြ   ဆွေးနွေးကြ  တိုင်ပင်ကြပြီး ဆုံးဖြတ်ချက်ချကြ။  ဒါကိုလွှတ်တော်ကိုတင်  ဆုံးဖြတ်ကြ  အတည်ပြုကြရတာပါ။
လူတစ်ဦးတစ်ယောက်  ပညာရှင် တစ်ဖွဲ့ ထည်းနဲ့  မိုကောင်းကင်က  ကျလာသလို လုပ်ရတာမဟုတ်ပါဘူး။
(မေး) ဒါဆိုဆရာ  ဒလ တံတားကဆောက်တော့မယ်လို့ သိထားလို့လား။  ဘယ်တော့ လောက်ဆောက်နိုင်မလဲ။

(ဖြေ) တံတားက ဆောက်မယ်လို့ အတိအကျ မသိရသေးဘူး။  ဒါပေမဲ့ အစိုးရကို ဂျပန် တတ်သိအဖွဲ့  (Think  Tank) တခုက  စီမံချက် ရေးဆွဲပေးထားပြီး။ အစိုးရကလဲ  မြေဈေးကို မချရင်  မဖြစ်တော့တာမို့ လုပ်ကို လုပ်ရတော့မယ်။
ဒါပေမယ့် အာဏာပိုင်တွေထဲက  ဒိုင်လျှို၊ မြေတွေ လှောင်ထားတဲ့သူတွေက  အများကြီး ရှိနေတော့  မြေဈေးထိုးကျမှာကို  အသေကြောက်နေကြတယ်။  သူတို့က  အာဏာနဲ့  တကယ့် ကောင်းပေ့ဆိုတဲ့ မြေတွေကို  ဈေးချိုချိုလေးနဲ့ ယူထားတာ။  အခုပေါက်ဈေးက  မတရားမြင့်တဲ့ဈေးကို  သူတို့အရင်းလို့ ထင်နေကြတာ။ တကယ့်အရင်းက  သိန်း - ၁ဝဝ။
သူတို့က   ဒလ စီမံချက်ကို ကြောက်နေတော့  အချိန်ဆွဲနိုင်သမျှ ဆွဲနေကြတယ်။  ဒလ-ဘက်မှာလဲ  မြေတွေ  လယ်ကွက်တွေကို လို်က်ဝယ်နေကြတယ်။  နှစ်ပင်စားဖို့ ကြံနေကြတာ။  
နိုင်ငံတော်အရေးကို  မိမိအရေးထက် ဦးစားပေးပါမယ်  ဆိုထားသူတွေဆိုတော့  ..
အခုတော့ ရန်ကုန်မြေဈေးကြိးတာက  နိုင်ငံခြားက  ရင်းနှီမြုပ်နံမဲ့  လုပ်ငန်းတွေကို  ကန်ထုတ် နေရာရောက်နေပါပြီ။  ဟိုကလာရင်းနှီးဖို့ မဝယ်ဖို့   မြေဈေးက  ယုတ်တိမဲ့စွာ  ခေါင်ခိုက်အောင်မြင့်နေတယ်။ သူတို့က ဝယ်ပြီးရင်းကြပါပြီတဲ့   ဟောဗြုန်းစားကြီး    ဒလတံတားထိုး   ကြည့်မြင်တိုင် တံတားကောက်ထိုးပြီး     တဖက်ကမ်းမှာ မြေကွက်အသစ်တွေဖေါ်လိုက်ရင်    လုပ်ငန်းက  မြတ်မှာက နည်းနည်း  မြေအပေါ်ရှုံးလိုက်ရမှာက  နည်းမှာမဟုတ်ဘူး။   ဒေဝါလီခံသွားနိုင်ပါတယ်။  အဲဒီတော့  လန်ပြေးကုန်ကြရတယ်။  ကြာရင်  ရင်းနှီးတဲ့သူတွေက  အစိုးရအပေါ်ယုံကြည်မှု  မရှိလို့ ဆိုတာ  အသံတွေထွက်စပြုနေပြီ။
ဒါပေမဲ့  ဒလကို  တကယ်အချိန်ဆွဲလို့ ကမရတော့ဘူး။   ဒလ - ဘက်ကိုသာ မြို့တော် တိုးချဲ့ ရတော့မှာပါ။   တိုးချဲ့ ရတော့မှာကတော့  (သေ)ချာနေပါပြီ။  (သေ)ချာတာမှ  အင်္ဂလိပ်လိုတော့  DEAD   SURE။  (သေ) ချာတာမှ  (ဒူး  အော်  ဒိုင်း)။  DO   or  DIE ပါ။
ဒါဘာလို့ ပြောရသလဲဆိုရင်  အစိုးရမှာ  ဖိအားသဘော  သက်ရောက်တာ  ခံနေရပါတယ်။
(က) က မြေဈေးကြောင့်  လာရောက်ရင်းနှီးချင်သူတွေ  လက်လန်ပြန်လှဲ့ နေကြရတာက  တစ်ကြောင်း။  အဲဒီလိုပြန်ကြတာကို အစိုးရ မူဝါဒတွေကြောင့်ဆိုပြီး  သတင်းအထုတ်ခံနေရတယ်။
(ခ) မြေဈေးကြောင့် အခြေခံ လူတန်းစားတွေ  ဝန်ထမ်းတွေ  အိမ်ငှားခ  ထောင်းတာ  ခံနေကြရတယ်။    ဒါကိုမဖြေရှင်းနိုင်လျှင်  တချိန်ချိန်တွင်   လူမှုစီးပွားရေး အုံကြွမှုကြီး ပေါ်ပေါက်လာနိုင်ပါတယ်။  မြေဈေးမြောက်တော့  အခြေခံလူထုက  ဒီဒါဏ်ကို သေလုမျောပါးခံနေကြရတယ်။  တစ်ဖွဲ့ဖွဲ့ က  လက်မှတ်ထိုး ကမ်ပိန်းဆိုချလိုက်ရင်  လူထုက  ကြပ်နေတော့  ပါလာကြမယ်။
အစိုးရက  လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးစီမံချက်ကို  ဒီတိုက်ခန်း အငှားဈေးက  လက်သီးပုန်းထိုးတာ  ခံနေရပါတယ်။  လစာကို  ၁ဝ- ဆတိုးပေးနိုင်ဦး  ဟိုက ထပ်တိုးလိုက်မှာလေ။  ကြိုက်သလောက်လာခဲ့ဘဲ။
ယခင်ကျနော်ရေးဖူးတယ်လေ။   အခုလက်ရှိ စက်မှုဇုံတွေက  လုပ်ငန်းရှင်တွေ  ဒလ  ဘက်ကိုပြောင်းချင်ပြောင်း   မပြောင်းရင် လဒစာဖြစ်သွားမယ်ဆိုတာကို  အခု  ဦးသိန်းစိန်  ဒလ ကိုတိုးချဲ့ ရင်ချဲ့   မတိုးချဲ့ ရင်  ၂ဝ၁၅မှာ လဒ  စာဖြစ်သွားပါမယ်။ ဒါနဲ့  မကြာခင်တုံးက   ရွှေတိဂုံစေတီတော်ကြီးပေါ်ကို  လဒ  နားခဲ့တာ  ပြည်သူတွေ  ထိပ်လန့် နေကြတယ်။  တကယ်က   ဦးသိန်းစိန်ကို  ဒလ  ကို နမိတ်ပြနေတာပါ။ လဒ ကိုယတြာခြေ ဖို့ ပြတာပါ။  တိုက်ရိုက်ကွက်တိ  ယတြာကတော့  ဒလ  ပါဘဲ။  မြင်တတ်ရင်ပေါ့ ။
တချို့ က နောက်နေသေးတယ်။  ပြောင်ကြီး  ကောင်းစားဦးမယ် ခေတ်တဲ့။
(ဂ)  ဒါတော့  နိုင်ငံရေး  ကျားကွက်ဘဲ။  ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ - ဇွန်လထဲမှာ  ဥရောပကို သွားတော့  လန်ဒန်မှာ  လန်ဒန်မြို့ တော်က မြို့တော်စိမံကိန်း ဗသုကာပညာရှင် အဖွဲ့ ကြီးနဲ့  ဆွေးနွေးတဲ့ အခါ  ဒလမြို့ ကိုတိုးချဲ့ဖို့  ဟိုက လေးလေးနက်နက် အကြံပြုခဲ့တယ်။  သူတို့ စီမံချက်ကို ချပြခဲ့ပါတယ်။  ဒါကိုရန်ကုန်ပြန်ရောက်တော့  ဒေါ်စုရဲ့ အကြံပေး လဲဖြစ်  ဗိသုကာပညာရှင်လဲဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီလဲဖြစ်တဲ့   ဦးဟန်သာမြင့်က  (ပြည်သူ့ ခေတ်ဂျာနယ်) ကနေ ၂၀၁၂-  နိဝင်ဘာလလယ်မှာ ဒေါ်စုသာ  အစိုးရဖြစ်လာလျှင်  ရန်ကုန်မြို့ တော်ကို  ဒလဘက်သို့ တိုးချဲ့ ရေးကို  ပထမဦးစားပေး ဖေါ်ဆောင်ပါမယ်။  ပြောကြားလိုက်တာက   နိုင်ငံရေးအမြင်    စီးပွားရေးအမြင်  ဘယ်သူဟာ  အမျှော်အမြင်ပိုရှိတယ် ဆိုတာ  ပြသလိုက်ရာ ရောက်သွားပါပြီ ။

  ဒလ စီမံချက်  အကောင်အထည်ဖေါ်လိုက်တာနဲ့    ရန်ကုန်မြေဈေးဟာလဲ  ဝယ်သူမရှိတော့ဘဲ  လှောင်လက်တွေက  ထိုးရောင်းလို့   ရောင်းသူတွေ များပြီး  ဝယ်လက်ပျောက်သွားပြီး  ဈေးတွက်ထိုးကျသွားမှာ  မြေကြိးလက်ခတ်မလွှဲပါ။
၅ဝ - % ထိုးကျမလား။  ၆ဝ -%အထိ  ထိုးကျမလား။  ၉ဝ - % အထိကိုကျသွားနိုင်ပါတယ်။   သေချာတာကတော့  ဝယ်သူမဲ့သွားပါမယ်။  လှောင်လက်တွေကလဲ  ဒလ ဘက်ပြေး အလုအယက်ဝယ်ကြဖို့   တစ်ရက်ထက်တစ်ရက်   ဈေးတွေက ကျကျလာတာထဲ  မပိတ်မိအောင် အလုအယက် ရောင်းကြရတော့မှာပါ။  (ဆူနာမီး ကျဈေးလို့)  ပင်သုံးနုံးယူရအေင်  ပြိုကွဲသွားပါမယ်။
(မေး)  ဒီလိုဆိုတော့ဆရာ  ၂ဝဝ၈ - အမေရိကန်လို စီးပွားရေး ပျက်တာမျိုးများ
 မြန်မာနိုင်ငံမှာ  ဖြစ်လာနိုင်မလား ။ အမေရိကန်မှာပြိုကွဲသွားတာကလဲ  အိမ်ဈေးပြိုတာက စခဲ့လို့ပါ။
(ဖြေ) အမေရိကန်မှာ  ဖြစ်သွားတာက  ဘဏ်ကြိးတွေက  ငွေတွေကိုထုတ်ချေးရာမှာ  ဘဏ်ငွေဖြန့် ဝေထားရဲ့   နောမ် ( NORM  )  ဘောင်တွေ  မူဝါဒတွေ   ကိုကျော်လွန်ပြီး ငါးပွက်ရာငါးစာချ  လုပ်ခဲ့တဲ့ အမှားပါ  ။ ဘဏ်ကြီးတွေဟာ  သူတို့ ပိုင်ဆိုင်ငွေ  လည်ပတ်ငွေ ရဲ့  ရာခိုင်နှုန်း ကန့်သတ်ချက် တခု (နောက်ကတော့  လုပ်ငန်းတစ်မျိုးထဲကို ငွေစုပုံ မချေးရတာပါ)။  ဥပမာ  ဆောက်လုပ်ရေး (လုပ်ငန်း အမျိုးအစားတစ်ခုကို - ၁၂ - %)  ထက်ပိုမချေးရ သတ်မှတ်ထား တတ်ကြပါတယ်)။  အမေရိကန်မှာ့ ဖြစ်သွားတာက  အိမ်ခြံမြေလုပ်ငန်းတွေကို   ငွေတွေ  စုပုံပြီး အများကြီး ချေးလိုက်တော့  အိမ်ခြံမြေ ဆောက်လုပ်သူတွေက  အပြိုင်အဆိုင်  ဆောက်လုပ်ကြတော့   ဝယ်လိုအား Demand ထက် ပိုဆောက်လိုက်ကြတော့ Supply ကများသွားတော့  ရောင်းသူတွေ အလုအယက် ရောင်းကြရာကနေ  အိမ်ခြံမြေဈေးကွက် ပျက်သွားရတာပါ။
ဘဏ်တွေက  ငွေချေးရာမှာ  ငွေတွေကို ကဏ္ဍအလိုက် အချိုးညီခွဲဝေ ချေးရတာကို  စာဖတ်သူတွေ သဘောပေါက်အောင်  ဥပမာလေး ပေးချင်ပါတယ်။  ဘဏ်ဆိုတာ  ပင်စည်တခုအပေါ်မှာ  အကိုင်းတွေ  ၁၂-  ကိုင်းဖြာနေတဲ့  အပင်လို ငွေတွေကို ချေးရာမှာ ၁၂ ခက်ဖြာနေအောင်မှ ချေးရတာပါ။  တစ်ကိုင်းထဲ များများချေးလိုက်ရင်  အခြားကိုင်းတွေက  သေးသွားမယ်။  အဲဒီတစ်ကိုင်းထဲက မတရားကြီး နေမယ်ဆိုရင်  သစ်ပင်ကြီး  ဟန်ချက်မညီတော့ဘူး။  လေကြမ်းတချက် ထိတာနဲ့ လဲတော့တာပါဘဲ။
မြန်မာနိုင်ငံမှာ  ၂ဝဝ၃ - ခုနစ်  ဖေဖေါ်ဝါရီ- ၁ဝ- ရက်နေ့ မှာ ဘဏ်တွေကနေ ငွေထုတ်ခွင့် ပိတ်လိုက်ရတာ  ဒီပုံစံပါဘဲ။  မြန်မာပြည်မှာ  ဘဏ်ကြီးတွေ ကို်ယ်တို်င်က အိမ်တွေဆောက်  အလုအယက် ဆောက်လိုက်ကြတာက ဖြစ်သွားတာ။
ဖေဖေါ်ဝါရီ - ၂-ရက်နေ့ မှာ  ကျနော်ကိုတောင် မေးတာခံရပါသေးတယ်။  ကျနော်က  ညီတွေ မောင်နှမတွေကို  ဘဏ်အပ်ထား ငွေတွေ မြန်မြန်ထုတ်ထားကြ  လိုက်ပြောနေတာ  သိသွားလို့။
အဲဒီမှာ  သူတို့ဆီက  ဘဏ်ငွေတွေနဲ့   ရင်းနှီး လုပ်ကိုင်ကြတာဆိုတော့  အချိန်တန်တော့  ဘဏ်တိုးတွေက  တဖြေးဖြေးချင်းတက်လာပြီး  မြေဈေး  အိမ်ဈေးက  ကျတော့ မိအေး  နှစ်ခါပြန်နာ တော့တာပေါ့။

 အဆောက်အဦးတည်ဆောက်ရေး  လုပ်ငန်းတွေကို  သူတို့ ဘဏ်ပိုင်ဆိုင်ငွေရဲ့  အမာခံငွေထက်ပိုချေးလိုက်တာ  ဘဏ်တွေရဲ့ အမှား။  လုပ်ငန်းကြိးတွေကလဲ  အားလုံး(အများစု) ငွေကို အိမ်ခြံမြေထဲရင်းထဲ့လိုက်တော့  အဲဒီဈေးကွက်လဲ ယိုင်ရော  ခြေတဖက်ထဲအပေါ်ရပ်နေတဲ့လူလို  ခြေတဖက်ကျိုးတော့  လဲရောဘဲ ။
သူတို့ ဆီမှာ  ဘဏ်ချေးငွေ နဲ့  ဘဏ်တိုး ကတဖက်။  အိမ်တွေက ဝယ်လိုအားထက်  ရောင်းအားက များသွားတယ်။  ငွေပမာဏက အလွန်များပြားသွားတယ်။  ဒီငွေတွေကို ကျားကန်ပေးဖို့ အရံငွေ  မရှိတော့  ဘဏ်တွေ ဒေဝါလီ ခံကြရတာပါ။
ကျနော်တို့ ဆီမှာ  မြေဈေးကျမယ်ဆိုတာက  မြေဈေးက    ဖြစ်သင့်တဲ့ဈေးကို ပြန်ဆင်းတာပါ။  ဥပမာပေးရရင်    နွားနို့ကို  ပုံးရှည်ရှည်ထဲ ထည့်ပြီး  မီးအပူ ပေးထားရင်  နွားနို့ သဘာဝ  အမြုပ်တွေ ထလာပါတယ်။  သာမန်ကြည့်လိုက်ရင်  နွားနို့တွေ အိုးကြီးပြည့်ပါဘဲ။  မီးထိုးတာ ရပ်လိုက်လို့ အေးသွားရင်  အမြုပ်ထနေတာတွေ  ရပ်သွားပြီး   နို့ရဲ့  တကယ့် အရှိပမာဏအမှန်ကို မြင်ရပါမယ်။  ကျနော်တို့က  ဈေးရင်းအမှန်ကို ပြန်ဆင်းမှာ။  ပြီးလူတွေလက်ထဲ လည်ပတ်နေတဲ့ငွေတွေကို  ဘာမှမထိခိုက်ဘူး။
ကျနော်တို့ဆီက မြေဈေးက နွားနို့အိုးအမြုပ် တွေဝေနေတာနဲ့ တူပါတယ်။  တကယ်တန်းတာက  နဲနဲ  မြေဈေးကစား သူတွေက စားထားလို့ (မီးထိုးထားလို့) အမြုပ်ထနေတဲ့ နွားနို့အိုးပါ။ နောက်အခုမြေဈေးမှာ  ဘဏ်ငွေတွေ မပါထားတော့  ဘဏ်တွေပြိုကွဲစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အမေရိကန်မှာနဲ့ မတူတာက  အမေရိကန်မှာက  အိမ်ဈေးကျတာက  တကယ့် ဆောက်လုပ်ရတဲ့ အရှိတန်ဖိုးထက်ကို နိမ့်ကျသွားတာ။ အဲဒီအချိန်မှာ  အိမ်တလုံးကို  ဆောက်ရင်  ဝယ်တာထက် စားရိတ် နှစ်ဆလောက် များနေပါတယ်။
ဝယ်လက်ပျောက်သွားတာ။  ကျနော်တို့ ဆီမှာက  ဝယ်လက်က  ရှိနေတယ်။  ဈေးက မဟားဒယား မြောက်နေလို့ မဝယ်နိုင်ကြတာ။  အမေရိကန်နဲ့က  ပြောင်းပြန်...  စီးပွားရေးကျသွားမှာ  တစက်မှ  ပူစရာမလိုဘူး။  ဟိုမှာလူထုကိုက ငိုကြ သတ်သေကြဖြစ်ကုန်တာ။  ဒီမှာလူထုက  ထခုန်ကြမှာ။
အဲဒီတော့  ဆောက်လုပ်ရေးလုပ်ငန်းကြိး  အခုထိ ပြန်နလန် မထူနိုင်သေးပါဘူး။  ကျနော်တို့ ဆီမှာက  အိမ်ခြံမြေဈေးက  ဘူဘောင်းကြီး ဖေါင်းနေတာ။  အရှိတန်ဖိုးထက် များနေတာ။  ဒါကိုအစိုးရက ချပေးမှ  ဝန်ထမ်းတွေ  ခံသာမယ်။  နိုင်ငံခြား ရင်းနှီးမြုပ်နှံမဲ့သူတွေ  ဝင်နိုင်မယ်။
အစိုးကိုယ်တိုင် ဈေးချပေးရမှာက  သူတို့   တာဝန်။  တခါ ဒလ ဘက်မှာမြို့ အသစ်ဖေါ်လိုက်ရင်  ဆောက်လုပ်ရေး လုပ်ငန်းတွေ ပိုများလားမယ်။  ပြည်သူတွေ အလုပ်အကိုင်  ၃-သိန်း ကနေ - မြို့ တော်ကို တကယ်ကြီးကြီး ချဲ့လိုက်ရင်  အလုပ်အကိုင်  တစ်သန်းလောက်   ပေါ်လာမယ်။  အမေရိကန်နဲ့ လုံးဝ  ပြောင်းပြန်နော်။ ဟိုမှာက  အခုချိန်အထိ  ဆောက်လုပ်ရေးလုပ်ငန်းတွေ  နလန်ပြန် မထူနိုင်သေးဘူး။  နောက် ၁ဝ-နှစ်မက    ပြန်ထူဖို့ မလွယ်သေးဘူး။
(မေး) ဒါဆိုဆရာ  အိမ်ဈေးမြေဈေးတွေကျတော့  ရှုံးတာဘယ်လိုအကျိုးဆက် တွေပေါ်လာနိုင်မလဲ။  အမေရိကန်မှာလို စီးပွားရေး ဂယက်ရိုက်သွားနိုင်သလား။
(ဖြေ) လုံးဝ  မဖြစ်ပါဘူး။  အမေရိကန်မှာ ဖြစ်သွားတာက  မြေဈေးကျတာမဟုတ်ဘူး။ တိုင်ခန်းဈေး ကျသွားတာ။  ဝယ်လက်တွေ ပျောက်သွားတော့  တိုက်ခန်းတခု ရောင်းဈေးက  ဆောက်လုပ်ခရဲ့ သုံးပုံတစ် ပုံဘဲရှိတော့တာ။  ဆောက်လုပ်ရေး လုပ်ငန်းကြိး ပြိုကွဲသွားတာ။   အလုပ်တွေပါရပ်သွားတော့  လူတွေအလုပ်လက်မဲ့ဖြစ်သွားတာ။  လူထုထိခိုက်တော့  နိုင်ငံစီးပွားရေးတွေ ပါကျသွားတာ။
ကျနော်တို့ ဆီမှာက  ဝယ်လိုအားက ရှိနေတယ်။   Demand ကရှိနေတယ်။   လူတွေမှာ အိမ်မရှိဘူး။  ဝယ်ဖို့က မဟားဒယားဈေး။  အခုဈေးကျရင်  လူတွေက  ပျော်လို့ ထခုန်ကြကကြမှာ။  ပြောင်းပြန်။ ဒလ ချဲ့တဲ့အတွက်  အလုပ်အကိုင်က  တစ်သန်းလောက်အထိ တိုးလာဦးမယ်။  အလုပ်အကို်င်တွေ တိုးလာတော့   ငွေကြေးလည်ပတ်မှု ပိုအားကောင်းလာပြီး   စီးပွားရေးပါ  ထောင်တက်လာမယ်။

  အမေရိကန်နဲ့ ပြောင်းပြန်လို့ ပြောထားပြီးပါပြီ။  ဒီမြေဈေးတွေက  ဘူဖေါင်းကြီးပါ။  ဒီဘူဖေါင်းကြီးကြောင့် စီးပွားရေး အဟန့် အတားတွေဖြစ်နေရတာ။ ဒီဘူဖေါင်း ပျောက်သွားမှ  (တကယ့်အမှန် ဈေးအထိကျမှ)  စီးပွားရေးတွေ အဆင်ပြေလာပါမယ်။
မြေပိုင်ဆိုင်ထားသူတွေ  အရှုံး ပေါ်ရင်ဆိုတာတော့  ကျနော်ရှင်းပြပါ့မယ်။  အမေရိကန်မှာ  မြေဝယ်ထားလို့  တစ်နှစ်ကို ဘဏ်တိုးက (၅-%) လောက်ရှိရင်  အဝယ်မှန်ရင်  မြေဈေး။  တိုက်ခန်း ဈေးပေါ်ကနေ ဈေးတက်လာတဲ့ နှစ်အပိုင်းတွေမှာ (၈- ကနေ ၁၂ %)   လောက်မြတ်တာကို  တွက်ပြီး  အလောင်းအစား ဆန်ဆန် ရင်းနှီးကြရတာပါ။

တနည်း အများကြီးရင်းထားမှ (၅ -% ကနေ ၁၀ -% ) လောက်မြတ်ကြရတာပါ။ 
ဒီမှာက  သိန်း ၁၅ဝ-လောက်စိုက် ဝယ်ထားတဲ့မြေက  (၂ - ၃) နှစ်လောက်နေတော့  သိန်း ၅ဝဝ သိန်း ၁၅ဝဝ-  အဲဒီလို ခုန်တက်နေတာပါ။   ဒီလိုတက်နိုင်လေ  မြေလှောင် လက်တွေပေါ်လာလေပါ။  မြေလှောင်တဲ့ အလုပ်ဆိုတာ  လူကောင်းတွေမှ မဟုတ်တာ။   မြေဈေးကျလို့  ပြည်သူတွေမထိဘူး။  မြေလှောင်သူတွေဘဲထိမှာ။   မကောင်းသူတွေ ထိတာ  ဘာပူစရာလဲ။  သာဓုတောင်ခေါ်ရဦးမယ်။
သူတို့ က  မရှုံးဘူး။  ရှုံးတာမဟုတ်ဘူး။  အမြတ်နည်းသွားတာဘဲရှိမယ်။  မရှုံးဘူး။
အဲဒီတော့  ဒလ - ဘက်တိုးချဲ့ လိုက်ရင်  မြေက  ဧကပေါင်း- ၃- သိန်းကျော် ပေါ်လာပါမယ်။  ကြည်မြင့်တိုင် တဖက်ကမ်းကို  တံတားထိုးလို်က်ရင် နောက်ထပ် ဧကပေါင်း တစ်သိန်းလောက် ပေါ်လာပါမယ်။ မြေတွေပေါလာရင်  ဈေးကျရမှာက  ထုံးစံ။

(မေး)....  မြေပိုင်ရှင်တွေ  အရှုံးပေါ်နိုင်တာပေါ့နော်။  အဲဒီလိုအရှုံးပေါ်တော့  ဖြစ်လာမယ့် စီးပွားရေးဂယက်က ဘယ်လိုရှိနိုင်ပါမလဲ။
(ဖြေ) အရှုံးမပေါ်ပါဘူး ။  သူတို့ တကယ့်အရင်းက  သိန်း- ၁၅ဝ ဘဲရှိတာလေ ။  အခုသိန်း ၁၅ဝဝ  ၂ဝဝဝ-တန်တာက  ကျသွားချိန်မှာ ...  သိန်း - ၅ဝဝ လောက်အေးအေးရောင်းနို်င်ရင်ကို  သိန်း - ၂၅ဝ ၃ဝဝ- မြတ်နေသေးတယ်။  မရှုံးပါဘူး။  အမြတ်နည်းသွားတာဘဲရှိပါတယ် ။
စီးပွားရေးက  ဒလ - ဘက်တိုးချဲ့ လိုက်တာနဲ့    မြောက်ဒဂုံ   လှိုင်သာယာတွေ  တိုးချဲ့ တာနဲ့   မိုးနဲ့ မြေလိုကွာခြားပါမယ်။  ၁၉၈၉  ခုနစ်  ဗိုလ်ခင်ညွှန့်တို့ တိုးချဲ့ တယ်ဆိုတာ  လယ်ကွင်းထဲက  နုံးမြေတွေကို  ဘူဒိုဇာနဲ့ထိုး  ပုံပေးပြီး  လမ်းဖေါက်ပေးတာလေးနဲ့  မြို့ သစ်လို့  သမုတ်လိုက်တာပါ။  ဘာမှ မြို့ တော်အင်္ဂါရပ်နဲ့ ညီတဲ့   မြေအောက်ရေမြောင်းမပြောပါနဲ့   ကွန်ကရစ် ရေဆင်းမြောင်တောင်မလုပ်ပေးတော့  အခုသွားကြည့်လို့ ရပါတယ်။

  လမ်းဘေးမှာ  ရေဆိုးမြောင်းတွေ ဖြစ်နေတာ အခုထိရှိတုံး။
ဒလ-ဘက်တိုးချဲ့ လိုက်ရင်  အစိုးရအတွက်ကလဲ  ဘတ်ဂျက် အများကြီး ရနိုင်ပါတယ်။  လယ်မြေတွေကို  လျှော်ကြေးပေးသိမ်းလိုက်ပြီး လူနေအိမ်ကွက်ဖေါ်ပေးလိုက်ရင်  တစ်ဧက သိန်း ၂၀- အမ်းထားရင်  တစ်ဧကကို သိန်း  -ထောင်ချီမြတ်နေပါပြီ။  နိင်ငံတော်အတွက်  ဘတ်ဂျက် ဘီလျံနဲ့  ချီဝင်လာပါမယ်။
(မေး)  ကျနော်တို့ နိုင်ငံခြားကနေကို ကြားနေရတယ်။  လူကြီးတွေနဲ့ ပိုင်တဲ့  ပြည်ပတရုတ်တွေ  ဒလဘက်မှာ လယ်တွေကို ဈေးအများကြီး ပေးလိုက်ဝယ်ပြီး  လ.န ပြောင်းတာလုပ်နေကြတယ်တဲ့။  ဆရာသိလား။ သမတကြီးမိသားစုနဲ့ ခင်တဲ့တရုတ်( ပြည်မ တရုတ်) ကအများကြီး ဝယ်နေတယ်လို့ ကြားရပါတယ်။
(ဖြေ)ကြားမိတယ်။  သေသေချာချာ တော့မသိဘူး။ လူကြီးတစ်ဦးနဲ့ ရှယ်ပြီး လယ်တွေကို  လ-န ပြောင်းဖို့ လုပ်နေတယ် ကြားတယ်။ တကယ်က ဒါနိုင်ငံတော်မှာ ယခင်အစိုးရလက်ထက်က တင်ရှိနေတဲ့ ကြွေးမှီတွေကို ဆပ်ဖို့   နိုင်ငံတော်ကသာ ခံစားသင့်တာပါ။  အခုတော့  ပြည်ပ  နိုင်ငံသားတွေ ဝယ်ရဲတာ  အာဏာရှိသူတွေနဲ့  လက်ဝါးချင်း ရိုက်နေနိုင်တယ်ဆိုတာ  တဖက်လှဲ့  ပေါ်နေတာပါ။
သမတကြီး မိသားစုနဲ့ ပတ်သက်တာတော့  ကျနော်မကြားမိသေးဘူး။  စုံစမ်းလို့ ရနိုင်ပါတယ်။
 (မေး) ဒါနိုင်ငံတော်ကို  ပြည်ပလူတွေလက်ထဲ  အနုနည်း ထိုးအပ်နေတာပါ။  ခေတ်သစ်ကိုလိုနီနယ်ချဲ့ မွေးနေတာပါ။  ဒေါ်အောင်ဆန်းစုကြည်ကိုတော့
 ပြည်ပက အကြောင်းပြပြီး  ကန့် သတ်ဖို့ လုပ်နေသူတွေကိုယ်တိုင်က  ပြည်သူတွေ  နားမဆန့် ကြားနေ သိနေတာတွေကို  မသိဘူးလား။  ဒါတိုင်းပြည်ကို ထိုးရောင်းစားတာ မဟုတ်ဘူးလား...
(ဖြေ)  ဟုတ်တာပေါ့။  နို်င်ငံနဲ့ လူမျိုးအပေါ်  သစ္စာဖေါက်တာဘဲ။  ဒါကိုသစ္စာဖေါက်တာ ဟုတ်မဟုတ်   လွှတ်တော်မှာ  ဆွေးနွေးဆုံးဖြတ်ချက်ချလာတဲ့
အထိ  လှုပ်ရှားမှုကြိးပေါ်  နိုင်တယ်။   အဲဒီ့တရုတ်တွေကတော့  အာဏာပိုင်တွေနဲ အဆက်အသွယ်ကောင်းတယ်။  လယ်ယာမြေတွေကို လ န ချက်ချင်းပြောင်းနိုင်တယ်လို့တော့ သတင်းထွက်နေတယ်။
ဒါနဲ့ ပြောကြသေးတယ် ။  သူတို့ ဝယ်လို့ လိုက်မဝယ်ကြနဲ့ နော်တဲ့။  ဗမာတွေဆိုရင်  လ န အပြောင်းလုပ်ဖို့ မလွယ်ဘူးတဲ့။  ကြားလို်က်ရတာ  မယုံနိုင်အောင်ကိုဖြစ်သွားတယ်။  ပြောသေးတယ။ ဒေါ်စုရဲ့ မဲဆန္ဒနယ်မှာ  (ဝ) တို့ နေချင်လို့ ပါတဲ့။  ၂ဝ၂ဝ-    ကျရင်  ဒေါ်စု မဲလာဆွယ်ရင်  မန်ဒရင်းစကား နဲ့ လာမဲဆွယ်နိုင်မှ  မဲရမယ်ဆိုပါ့လား။
ဒလ ဘက် မြေဈေးတွေ  မေးကြည့်ဦးမယ်။
(မေး)  ဒလ  ဘက်ကိုတံတာထိုးရင်  ကားဘယ်နစ်လမ်းမောင်းထိုး သင့်ပါသလဲ ။  တံတားထိုးကုန်ကျ စားရိတ်ပြန်ရနိုင်ချေ ကောင်းရှိပါ့မလား..
(ဖြေ) ကောင်းမွန်တဲ့ မေးခွန်းတွေပါ။  ကားလမ်းကတော့ အစိုးရဘယ်လိုမြင်တယ်  အစိုးရအမြော်အမြင်ပေါ် မူတည်ပါမယ်။ ကျနော့်သဘောကတော့  အနည်းဆုံး - ၆-လမ်းသွား။  ဖြစ်နိုင်ရင်  ၈-လမ်းသွား လုပ်စေချင်တာပေါ့ ။  အခုဂျပန်ပညာရှင်တွေဆွဲပေး ထားတာရှိတယ် ကြားပါတယ်။
တံတားကုန်ကျစာရိတ်က တနေ့  တနေ့ ကို  ဖြတ်သန်းနေရမဲ့   ကားတွေက  ပထမနှစ်မှာတင်  ပျမ်းမျှတနေ့ ကို ကားအစီးရေ တစ်သောင်းမက   ဖြတ်ပါမယ်။  နောက်နစ်တွေဆိုရင် ၂..၃.. ၅-သောင်းဖြတ်နေကြရပါမယ်။  ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက်  ပစ္စည်းတွေသယ်ကြ။

လုပ်သားတွေ ကူးလူးကြရ။  လုပ်ငန်းရှင်တွေ  ကူးပြီးရင် တဖက်ကမ်းမှာ နေစရာမရှိသေးတော့ ပြန်ကူးကြရနဲ့  ယဉ်ကျောပိတ်တဲ့ အထိ ဖြစ်နိုင်ပါတယ်။
ကားတစ်စီးကို  ဖြတ်သန်းခ-  တစ်ဒေါ်လာကောက်ရင်တောင်  တနေ့ ကို ဒေါ်လာသောင်းချီရမှာပါ။
နောက်  ကျနော်မြင်ထားတာပေါ့နော်။  ဒလ  ဘက်မှာ   အခုအင်္ဂလန်က  မန်ချက်စတာ  လီဗာပူးမြို့ တွေကလို   ပင်လယ်ကူးသင်္ဘောတွေကို    ကုန်းမြေ အတွင်းပိုင်းထဲ အထိ  အထဲကို ဝင်နိုင်အောင် တူးမြောင်းကြီးတွေ လုပ်ထားမယ်။ သင်္ဘောတွေကို  ရေတံခါးနဲ့ ပိတ်ထားရင်  ဒီရေ အတက်အကျများတဲ့ နေရာမှာ  သင်္ဘောကြီးတွေကို  ဒီရေအနိမ့်အမြင့် ကိုလိုက်ချိန်နေရတဲ့  ဒုက္ခငြိမ်းသွားမယ်။  သင်္ဘောဆိပ်ကမ်းအနီးနဲ့ ဘေးအနားမှာ  စက်မှုဇုံတွ ဖေါ်ပေးထားရင်  စက်မှုဇုံကို ကုန်ပစ္စည်း  အသွားအပြန် သယ်ပို့ရတဲ့   ကွန်တိန်နာကား စာရိတ်တွေငြိမ်းသွားပြီ။  ကားတွေနည်းလေ  ယဉ်ကျောပိတ်ဆိုတဲ့ ပြသနာ နည်းလေ။ ကုန်ုထုတ်လုပ်ခ  စားရိတ်တွေ အများကြီးလျော့ကျ သွားရင်  ထိုင်း  မလေးက စက်ရုံတွေ  ဒီကိုရွှေ့ လာကြရပါမယ်။

တခါ စက်မှုဇုံအနီးမှာ    အလုပ်သမားမြို့ တော် ဖေါ်ပေးထားရင်   အလုပ်သမားတွေ  အချိန်မကုန်  မပင်ပန်းဘဲ  အလုပ်ဆင်းနိုင်တော့  လုပ်အား  (အလုပ်စွမ်းရည်)  တွေ တိုးလာပါမယ်။ ယဉ်ကျောပိတ်စရာ လျော့သွားပြန်ပြီ။

အကျိုးအမြတ်တွေ  အပေါင်းလက္ခဏာတွေ  တသီကြီးပါ။  နိုင်ငံတော် လူကြီးတွေသာ  တခြားနိုင်ငံတွေက  အခက်အခဲတွေကို  နမူနာယူတတ်  မြင်ကြရင်  ကျနော်တို့ က  စီမံချက်  ကျကျ လုပ်နိုင်တော့တာပေါ့။
ဆရာဒေါက်တာလှိုင်မြင့်နဲ့ ဆက်သွယ်မေးမြန်းချက် ရန်ကုန်မြေဈေး အပိုင်း(၂)အား ဆက်လက်ဖော်ပြပေးပါမည်..။

Night Camera+ v2.19 Apk 3MB



Night Camera အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update လေးတင်ပေးလိုက်ပါတယ်
ညဘက်ကင်မရာရိုက်တဲ့သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်
အလင်းရောင် မရှိတဲ့ သဲသဲကွဲကွဲမမြင်ရတဲ့အခါမျိုးမှာ ဒီ Night camera က သင့်ကို အပြည့်အ၀ အကူအညီပေးနိုင်တာကို တွေ့ရမှာဖြစ်ပါတယ် …ညဘက်တွေမှာ ဓာတ်ပုံရိုက်လိုသူတွေအတွက် တော့ သာမာန်ကင်မရာထက် resolution ပိုသာ၊ပိုကောင်းတာကိုတွေ့ရမှာပါ
https://play.google.com/store/apps/details?id=com.almalence.night_plus 
  မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorupload(or)zippyshare (or)sendspace(or)dropbox
 

ရွှေ iPad နဲ့ ဒူဘိုင်းကဟိုတယ်


တကယ်ပါ။ ဒူဘိုင်းက ကမ္ဘာ့ဈေးအကြီးဆုံး ကမ္ဘာတစ်ခုတည်းသော ကြယ် ၇ ပွင့် အဆင့်ရှိ  Burj Al Arab ဟိုတယ်မှာပါ။
ယူအေအီးက ဆိုပါတော့။


(photo by Burj Al Arab Hotel)

ဟိုတယ်ကိုဝင်လိုက်တာနဲ့ လာသမျှဧည့်သည် မိသားစုတိုင်းကို ရွှေ iPad ပေးပါတယ်။ အပြီးပေးတာ မဟုတ်ဘူးထင်တယ်။
သိုပေမယ့် အပိုင်လိုချင်ရင်တော့ တစ်ခုကို အမေရိကန်ဒေါ်လာ ၁၅၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။

တတိယ မျိုးဆက် iPad 3 ဖြစ်ပြီး 16GB Memory ပါရှိပါတယ်။
ရည်ရွယ်ချက်က ဟိုတယ်မှာ Virtual Guide အနေနဲ့ လုပ်ပေးဖို့ပါ။
ဘယ်လို ဆားဗစ်တွေ ရှိတယ်ဆိုတာက အစ ဖတ်လို့ရမယ်။ ကြည့်လို့ရမယ်။
ဟိုတယ်တွင်းက စားသောက်ဆိုင် ထိုင်ရင်လည်း မီးနူးစာအုပ်လို အသုံးပြုလို့ ရမယ်။
သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ တွေ့ရမှာ ဖြစ်ပါတယ်။

ဟိုတယ်တွင်း အသုံးပြုဖို့အတွက် သီးသန့် ဆော့ဖ်ဝဲ တစ်ခု Install လုပ်ပေးထားခြင်း ဖြစ်ပါတယ်။
iPad ကို ရွှေကာဗာတပ်ဆင်ထားပေးခြင်းပါ။ ဟိုတယ်လိုဂိုလည်း ပါရှိပါတယ်။
အချို့ ကတော့ ဟိုတယ် အမှတ်တရ အနေနဲ့ ရွှေiPad ကို တစ်ခါတည်း ဝယ်ပြန်သွားတတ်ကြောင်း သိရပါတယ်။

--


Ref: tech2
Aung Kham (TSJ team)

(TechSpace နည်းပညာဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)
http://blog.techspace.com.mm/2013/05/blog-post_8486.html


ရီးရဲ မက်ဒရစ် သို့ ပြောင်းလို သည်ဟု ဆွာရက်ဇ် ဝင်ခံ



ဗြိတိန် မီဒီယာ တွေ ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဆွာရက်ဇ် ဟာ အင်္ဂလန်မှာ ဆက်မနေလိုတော့ပဲ သူ့ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ စပိန်က ရီးရဲ မက်ဒရစ်သို့ ပြောင်းရွေ့လိုသည် ဟု ပြောကြားလာခဲ့ပါသည်။

"ကျနော် ရီးရဲ ကို ပြောင်းဖို့ ဆုံးဖြတ်တာ ငွေကြေးကြောင့်မဟုတ်ပါဘူး။ ငွေကြေးကြောင့် ပြောင်းတယ်ဆိုရင် အရင်ကတည်းက ပြောင်းခဲ့မှာပါ။ အဓိက ပြသနာက ကျနော့် မိသားစု နဲ့ ကျနော်ပုံရိပ်ပါပဲ။ နည်းပြနဲ့ အသင်းက လူတွေလည်း သိပါတယ် အင်္ဂလိပ် မီဒီယာတွေ ကျနော့်ကို ဘယ်လို ဆက်ဆံလည်း ဆိုတာကို။ အခု ကျနော် နေလို့ ထိုင်လို့ လုံးဝ အဆင်မပြေပါဘူး။ " ဆိုပီး ပြောကြားခဲ့ပါတယ်။

လီဗာပူး အသင်းအနေနဲ့ လည်း အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တစ်ယောက်ကို လက်မလွှတ်ချင် သေးပါဘူး။ ဆွာရက်ဇ် ဘက်က ရပ်တည်ပီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးစာနေပေမယ့် ကာယကံ ရှင် ကစားသမား ကိုယ်တိုင်က အင်္ဂလန် မှာ မပျော်ပိုက်တော့တာမို့ ရီးရဲ ရဲ့ တရားဝင်ကမ်းလှမ်းမှုကို သာ စောင့်ဆိုင်းနေဖို့ ရှိပါတော့တယ်။

ရီးရဲ အသင်းအနေနဲ့ စတာလင်ပေါင် သန်း ၂၀ အပါအဝင် အရန်အသင်း တိုက်စစ်မှူး ကယ်လီယွန်ကို အလိုက်ပေးကမ်းလှမ်းဖို့ ရှိနေပီး လီဗာပူး အသင်း တောင်းဆိုထားတဲ့ သန်း၅၀ နဲ့ တော်တော် ကွာခြား မှု ရှိနေပါသေးတယ်။

~~~ ရီးရဲ ရောက်သွားခဲ့ရင်လည်း အောင်မြင်ပါစေ LS 7 ~~~

<YNWA>

Admin <Zwe>
ရီးရဲ မက်ဒရစ် သို့ ပြောင်းလို သည်ဟု ဆွာရက်ဇ် ဝင်ခံ

ဗြိတိန် မီဒီယာ တွေ ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဆွာရက်ဇ် ဟာ အင်္ဂလန်မှာ ဆက်မနေလိုတော့ပဲ သူ့ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ စပိန်က ရီးရဲ မက်ဒရစ်သို့ ပြောင်းရွေ့လိုသည် ဟု ပြောကြားလာခဲ့ပါသည်။ 

"ကျနော် ရီးရဲ ကို ပြောင်းဖို့ ဆုံးဖြတ်တာ ငွေကြေးကြောင့်မဟုတ်ပါဘူး။ ငွေကြေးကြောင့် ပြောင်းတယ်ဆိုရင် အရင်ကတည်းက ပြောင်းခဲ့မှာပါ။ အဓိက ပြသနာက ကျနော့် မိသားစု နဲ့ ကျနော်ပုံရိပ်ပါပဲ။ နည်းပြနဲ့ အသင်းက လူတွေလည်း သိပါတယ် အင်္ဂလိပ် မီဒီယာတွေ ကျနော့်ကို ဘယ်လို ဆက်ဆံလည်း ဆိုတာကို။ အခု ကျနော် နေလို့ ထိုင်လို့ လုံးဝ အဆင်မပြေပါဘူး။ " ဆိုပီး ပြောကြားခဲ့ပါတယ်။ 

လီဗာပူး အသင်းအနေနဲ့ လည်း အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တစ်ယောက်ကို လက်မလွှတ်ချင် သေးပါဘူး။ ဆွာရက်ဇ် ဘက်က ရပ်တည်ပီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးစာနေပေမယ့် ကာယကံ ရှင် ကစားသမား ကိုယ်တိုင်က အင်္ဂလန် မှာ မပျော်ပိုက်တော့တာမို့ ရီးရဲ ရဲ့ တရားဝင်ကမ်းလှမ်းမှုကို သာ စောင့်ဆိုင်းနေဖို့ ရှိပါတော့တယ်။ 

ရီးရဲ အသင်းအနေနဲ့ စတာလင်ပေါင် သန်း ၂၀ အပါအဝင် အရန်အသင်း တိုက်စစ်မှူး ကယ်လီယွန်ကို အလိုက်ပေးကမ်းလှမ်းဖို့ ရှိနေပီး လီဗာပူး အသင်း တောင်းဆိုထားတဲ့ သန်း၅၀ နဲ့ တော်တော် ကွာခြား မှု ရှိနေပါသေးတယ်။ 

~~~ ရီးရဲ ရောက်သွားခဲ့ရင်လည်း အောင်မြင်ပါစေ LS 7 ~~~ 

<YNWA> 

Admin <Zwe>

" တေးရေးဆရာ ကေအေတီလွန်ခဲ့သော ၁ နာရီက ကွယ်လွန်"



နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက

သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့် ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့်အတူထပ်တူဝမ်းနည်းရပါသည်။