This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 31, 2013

ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးငွေစာရင်ရှင်တမ်း


၂၀၁၃ ခုနှစ် မေလ ၃၀ ရက်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပပြီးစီးပြီးနောက် ကျန်ရှိ ငွေစာရင်းရှင်းတမ်း ရှင်းလင်းရန်နှင့် ကော်မတီဖျတ်သိမ်းရန်အတွက်  နောက်ဆုံး ညှိနှိုင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ Kenkoo Plaza ( Ikebukuro ) 7 F, တွင် ကျင်းပခဲ့ကြပြီး ဖြစ်ပါသည်။ 
အစည်းဝေးမှ ဘဏ္ဍာရေးဆပ်ကော်မတီမှ ငွေစာရင်းရှင်းလင်းခြင်း၊ စာရင်းစစ်မှ စစ်ဆေးပြီးသည့်နောက် ကော်မတီအား တရားဝင်ဖျတ်သိမ်းရန် ကြေငြာချက် တစောင်အား ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်သွားမည် ဖြစ်ပြီး လက်ကျန်ငွေ ( ၃၇၅,၅၁၇ - ယန်း)ကိုလဲ မြန်မာပြည်တွင်းရှိ ရေအခက်အခဲ့ဒေသသို့ NLD တဆင့်ပေးပို့ လှုဒန်းသွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား


 မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။ ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။ ---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Thursday, May 30, 2013

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား

 မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။

“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။

သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီးမှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။

ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မဈေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။

“ဒီနေ့ မြို့ ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မဈေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။

ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။

ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။

“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ် ၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

စောဇင်ညီ |  ရန်ကုန် (မဇ္ဈိမ)။ ။
Mizzima - News in Burmese

Lainnya dari Crime



အမေရိကန်အတွက် မြန်မာ့အရေးဟာ ဘာကြောင့်အရေးကြီးသလဲ



မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၃၀ ရက် ၂၀၁၃ ခုနှစ်

ယခင်သတင်းပတ်က သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် အမေရိကန်ခေါင်းဆောင်နှင့် ပိုမိုရင်းနှီး ရန်ဖြစ်သလို မြန်မာပြည်တွင်း တိုးတက်မှု အခြေနေများကို ဆွေးနွေးရန် တို့ဖြစ်ပြီး ပို၍ခိုင်မာလာသည့် ဆက်ဆံရေးတစ်ခု၏ သင်္ကေတဖြစ်ပါသည်။

ထို့အတွက်ကြောင့် မြန်မာပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်နိုင်ရန် လမ်းခင်းပေးခြင်းများကို ဝါရှင်တန်က အတိအလင်း ထောက်ခံလိုက်ပါသည်။

သို့သော် နောက်ကွယ်မှ အဓိကအကြောင်းအရင်းသည် စစ်ရေးနှင့် စီးပွားရေးအာဏာကြီးထွားလာသည့် တရုတ်ပြည်အား ကန့်သန့် ထိန်းချုပ်ရေး မဟာဗျူဟာတစ်ရပ်အတွက် စည်းရုံးနေခြင်း ဖြစ်ပါသည်။

အမှန်တကယ်တွင် တရုတ်အနေဖြင့် အမေရိကန်-မြန်မာဆက်ဆံရေး၏ အရေးကြီးသော အခန်းကဏ္ဍတွင် ရှိပါသည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က အမေရိကန်အနေဖြင့် တရုတ်ကိုဆန့်ကျင့်ရန် မဟုတ်ပါဟု သတိပေး ပြောကြားခဲ့ဖူးသည်။ ဒါဟာ ၂၁ ရာစု၏ ကြီးမားသည့်နိုင်ငံရေးအရ ကစားခြင်းများအား လိမ်လိမ်မာမာ ဖုံးကွယ်ထားသည့် သံခင်းတမံခင်းတစ်ခုသာ ဖြစ်သည်။

အမေရိကန်စစ်တပ်နှင့် မြန်မာစစ်တပ်အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကုန်သွယ်ခြင်းတို့အား တိုးမြှင့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် နိုင်ငံရေး၊ စစ်ရေးအဆင့် အထိ တိုးမြှင့်လိုက်ပါသည်။ အလားတူလုပ်ဆောင်မှုများအား ထိုင်းနိုင်ငံ၊ တရုတ်တိုင်ပေ၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံများတွင် တွေ့မြင်နိုင် ပါသည်။

အာရှတိုက်အား ပြန်လည် အာရုံစူးစိုက်ခြင်းသည် ဝါရှင်တန်၏ အာရှနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။ အဆိုပါ ကြိုးပမ်းမှုတွင် ဒေသအတွင်း နိုင်ငံများ၏ ရေတပ် အရည်အသွေးတိုးမြှင့်ခြင်း၊ သြစတြေးလျနိုင်ငံတွင် မရိန်းတပ်သား ၂,ဝဝဝ ထားရှိခြင်းနှင့် အာဆီယံနိုင်ငံများတွင် အပေါင်းလက္ခဏာဆောင်သော ပါဝင်ပတ်သက်မှုများ တိုးမြှင့်ခြင်းတို့ ပါဝင်သည်။

ဘေဂျင်းအနေဖြင့် အဆိုပါ ရန်လိုမှုများအား ကန့်သတ်ချင်နေပြီ ဖြစ်သည်။ အခြားသော အာရှနိုင်ငံများနှင့် ရေပိုင်နက်အငြင်းပွားမှုများ တိုးများလာခြင်းကြောင့် တပ်များတိုးမြှင့်ချထားခြင်းသည် ဒေသတွင်းနိုင်ငံ များနှင့် ဆက်ဆံရေးမှာ တည်ငြိမ်မှု မရှိပါ။

ထို့အပြင် ရည်ရွယ်ချက်ရှိရှိ နိမ့်ချထားသည့် တရုတ်ငွေကြေးတန်ဖိုးကြောင့်
ဖြစ်ပေါ်ရသည့် စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး မညီမျှခြင်းများ အားလည်း ဆိုးရိမ်လျက်ရှိသည်။

ဤအခြေအနေများသည် တရုတ်နှင့်အမေရိကန်တို့၏ မြန်မာပြည်အပေါ် ပထဝီ နိုင်ငံရေးအရ ပြိုင်ဆိုင်မှု မြင့်မားလာလိမ့်မည် ဟု ရည်ညွှန်းခြင်းဖြစ်သည်။ လေချိုသွေးရန်အတွက် နေပြည်တော်သို့ ဘေဂျင်း နှင့် ဝါရှင်တန်မှ အာဏာပိုင်များ တဖွဲဖွဲ ရောက်လာပါလိမ့်ဦးမည်။

ကီးဘုတ်အဖြစ်လည်း အသုံးပြုနိုင်သည့် iPhone 5 ကာဗာ



By ရိုးရာလေး 30 May 2013

iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၂ မီလီမီတာသာ ထူတဲ့ Ultra-Thin Magnetic ကီးဘုတ်၊ Controller ဖြစ်ပါတယ်။ ကြိုးမဲ့ Bluetooth ဆက်သွယ်ရေးစနစ်ကို အသုံးပြုပါတယ်။

Apple ရဲ့ iPhone 5 အတွက်ပဲ သီးသန့်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းလည်းပါးတဲ့အတွက် အားကို ဘယ်လိုသိမ်းဆည်းထားမလဲလို့တောင် သံသယ ဝင်ချင်စရာ ရှိပါတယ်။ အမှန်တော့ အားသွင်းစရာ အပေါက်ပါရှိပြီး အားတစ်ခါသွင်းပြီးရင် နာရီပေါင်း ၄၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ကီးဘုတ်မှာပါဝင်တဲ့ လက်ကွက်များကလည်း Phone ထဲမှ Keyboard များလိုပါပဲ။ သူ့မှာ သံလိုက်ဓာတ်ပါပါတယ်။ ဒါကြောင့် iPhone 5
နောက်ကျောမှာ တပ်ထားရင် အလိုလိုတွယ်ကပ်နေမှာ ဖြစ်ပါတယ်။

ကာလ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်ရှိပြီး CES မှ ပြသလျက်ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။

Ref: techblog
ကီးဘုတ်အဖြစ်လည်း အသုံးပြုနိုင်သည့် iPhone 5 ကာဗာ

    By ရိုးရာလေး  30 May 2013 
   
iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၂ မီလီမီတာသာ ထူတဲ့ Ultra-Thin Magnetic  ကီးဘုတ်၊ Controller ဖြစ်ပါတယ်။ ကြိုးမဲ့ Bluetooth ဆက်သွယ်ရေးစနစ်ကို အသုံးပြုပါတယ်။ 

Apple ရဲ့ iPhone 5 အတွက်ပဲ သီးသန့်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းလည်းပါးတဲ့အတွက် အားကို ဘယ်လိုသိမ်းဆည်းထားမလဲလို့တောင် သံသယ ဝင်ချင်စရာ ရှိပါတယ်။ အမှန်တော့ အားသွင်းစရာ အပေါက်ပါရှိပြီး အားတစ်ခါသွင်းပြီးရင် နာရီပေါင်း ၄၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ကီးဘုတ်မှာပါဝင်တဲ့ လက်ကွက်များကလည်း Phone ထဲမှ  Keyboard များလိုပါပဲ။ သူ့မှာ သံလိုက်ဓာတ်ပါပါတယ်။  ဒါကြောင့် iPhone 5 
နောက်ကျောမှာ တပ်ထားရင် အလိုလိုတွယ်ကပ်နေမှာ ဖြစ်ပါတယ်။ 

ကာလ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်ရှိပြီး CES မှ ပြသလျက်ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။
 
Ref: techblog

Internet Speed Meter for android အင်တာနက် အမြန်နှုန်းကို အပေါ် ဘားတန်း မှာ ဖော်ပြပေးပါမယ်

Internet Speed Meter for android
အင်တာနက် အမြန်နှုန်းကို အပေါ် ဘားတန်း မှာ ဖော်ပြပေးပါမယ် ။

download လုပ်တဲ့ အချိန် 1 စကန့် ဘယ်လောက် Kb နှုန်း နဲ့ ဒေါင်း နေ လဲ ဆို တာ ကို လဲ သိရှိနိုင်ပါမယ် ။သွင်း ထားသင့် တဲ့ ဆော့ဝ် လေးပါ ။


Download From Mobile House

http://www.mediafire.com/?6mx8s0d7uxccuh2


Thursday, May 30, 2013

ပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမား



ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။

၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။

၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၎။ သောတာပန်တစ်ရာကို ပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၅။ သကဒါဂါမ်တစ်ရာကို ပေးလှူးရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍ အကျိုး ကြီးမားသည်။

၆။ အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၇။ ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၉။ ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။

၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။

၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။

၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။

၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။ …

ဟူ၍ ဟောကြားတော်မူပေသည်။ ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ …

(၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၂)မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။

သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။

(ရတနာဝါသဘုရားကျောင်း)


ဒီနေရာမှ ကူးယူမျှဝေပါသည်။
                                                                                       လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2013/05/blog-post_5043.htm

အရှေ့တောင်အာရှ လိင်ကျွန်များဘဝ

ထိုင်းနိုင်ငံ ပက်ပုံးလမ်းတွင် ဖြစ်သည်။ ပေါ့ပ်ဂီတ သံတွေက လွင့်ပျံ့ ထွက်လာသည်။ သူမအမည်က မိုင်းလီ။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့က အပျော်မယ်လေး တစ်ယောက် ဖြစ်သည်။ နက်မှောင်သည့် ဆံပင်ရှည်ရှည် နှင့် နှစ်လိုဖွယ် မျက်နှာ ထားရှိသည်။ သူမ ဘဝနှင့် သူမအလှက မထင်ရက်စရာ ဖြစ်သည်။ ထိုင်းတက္ကသိုလ် တစ်ခုတွင်တိရစ္ဆာန် ဆေးကု ဘာသာရပ်ဖြင့် တက်ရောက် ပညာသင် ကြားခဲ့သည်။

၁၉၉၇ ခုနှစ် အာရှစီးပွား ပျက်ကပ်တွင် မိသားစု ဘဝပျက်ပြီး သူမလည်း ဤဘဝသို့ ရောက်ခဲ့ ရသည်ဟု ဆိုသည်။ မိုင်းလီ ကဲ့သို့ ထိုင်းနိုင်ငံရှိ အမျိုးသမီး ပေါင်းများစွာ ဘဝတွေ ပျက်ခဲ့ရသည်။ စီးပွားပျက်မှု ပေါင်းများစွာတွင် အရှေ့တောင် အာရှ၏ လူကုန်ကူးမှု ဝဲဂယက်အတွင်း သက်ဆင်း ခဲ့ကြရသည်။ အမျိုးသမီးပေါင်း များစွာကို လိင်ကုန်ကူးရန် အတွက် သာမက ခိုင်းစေရန်နှင့် ကိုယ်တွင်း အင်္ဂါ အစိတ် အပိုင်းများ ဖြတ်တောက် ယူရန် အတွက်ပါ ကုန်ကူးကြတော့သည်။ ထိုအထဲတွင် ကလေးလိင် ကျွန်အဖြစ် ခိုင်းစေရန် အပြစ်မဲ့သော ငယ်ရွယ်သည့် မိန်းကလေးငယ် ပေါင်းများ စွာလည်း ပါဝင်သည်။
မိုင်းလီက - "အခြေအနေက တကယ့်ကို ဆိုးပါ တယ်။ ကျွန်မအထင် သနားကြင်နာတတ် တဲ့ ယောက်ျားတွေ ဒီလောကကြီးမှာ မရှိတော့ဘူးလို့တောင် ထင်မိတယ်။ ယောက်ျားဆိုတာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် သနားကြင်နာ လိမ့်မယ်လို့ ထင်ထားတာ။ ဒါတွေနဲ့ အမြတ်ထုတ် လိမ့်မယ်လို့ ထင်ကို မထားတာ။ ယောက်ျား အများစုက မင်းသား ရုပ်ခေါင်း စွပ်ထားတဲ့ ဘီလူးတွေ ဖြစ်နေ တယ်" ဟု ပြောလိုက်သည်။ သူမ ထောက်ပြလိုက်သည့် အနေအထားကလည်း လက်ခံချင်စရာဖြစ်သည်။
မကြာသေးမီက ထိုင်းရဲအရာရှိ တစ်ဦးသည် လမ်ပီနီတွင် ၁၂ နှစ်သမီးလေးကို မုဒိမ်းကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုရဲအရာရှိထောင်ဒဏ်အနှစ် ၂၀ ကျသွား သည်။ ထိုသို့ရက်စက်မှုပေါင်း များစွာနှင့် ရင်းနှီး ပေးဆပ်ခဲ့ပြီးမှ ထိုင်းလွှတ်တော်က နိုင်ငံတကာ ဥပဒေများအတိုင်း ကလေးသူငယ် အဓမ္မကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းရန် ထောက်ခံကြ တော့သည်။ မိုင်းလီက ထမင်းစားရင်း "လူတွေက ကလေးတွေကို ရောင်းတယ်၊ ဝယ်တယ် ဆိုပြီး လုပ်နေကြတယ်" ဟု ပြောလိုက်သည်။ သူမသည် ကိုယ့်ခန္ဓာကိုယ် ရောင်းစားနေရသော်လည်း ငွေကြေးများများစားစား မရ။ ရသမျှငွေကိုလည်း သူမမိသားစုအတွက် ချင်ရိုင်းသို့ ပြန်ပို့ရန် စုဆောင်းထားရသည်။
"ကျွန်မမှာ ညီမလေးသုံးယောက် ရှိတယ်။ ကျွန်မမှငွေမပို့ရင် စားစရာမရှိဘူး။ ကျွန်မ အေအိုင်ဒီအက်စ်ဖြစ်မှာတော့ စိုးရိမ်တယ်။ ဒါပေမဲ့ လိင်ကုန်ကူးတယ်ဆိုတာ ဟိုးရှေးရှေးကတည်းက လုပ်လာကြတာပဲ။ သမိုင်းစကတည်းက ရှိတယ်လို့တောင် ပြောကြတယ်။ ဒီလောက်အခြေခိုင်ပြီး မချိုးဖျက် နိုင်ခဲ့တဲ့ လုပ်ငန်းကြီးတစ်ခုလေ" ဟု သူမက ဆိုသည်။ မိုင်းလီတစ်ယောက် အဘယ်ကြောင့် မနှစ်မြို့သည့်လောကကြီးထဲတွင် ကျင်လည် နေရသနည်း။ "ကျွန်မခန္ဓာကိုယ်က ပိုက်ဆံဖြစ်နေ တယ်လေ။ ယောက်ျားတွေအသားအရေ၊ အရောင်အသွေး၊ အမူအရာတွေကို သိပ်ရွေးတယ်။ အဝေ့အဝိုက် အကွေ့အကောက် တွေများရင် ပိုကြိုက်တယ်။ သူတို့ကြိုက်ရင် ပြီးပြီ။ ကျွန်မမှာ ရွေးချယ်ခွင့်မှမရှိတာ။မျက်ရည်ပဲ ရှိတာလေ" ဟု ပြောသည်။
ထိုင်းနှင့် အရှေ့တောင်အာရှက အမျိုးသမီးများသည် လိင်ကုန်ကူးသည့် ဈေးကွက်တွင် လူကြိုက်များသည်။ ပက်ပုံးလမ်းပေါ်က တိရစ္ဆာန်ရုံနှင့် ဘန်ကောက် မီးနီလမ်းရှိ ဆိုင်ကောင်းဘွိုင်တို့တွင် သူတို့နှင့်ပြည့်နေသည်။ မြောက်ပိုင်းမှ အသားဖြူဖြူ ထိုင်းပျိုဖြူများသည် မွန်ဂိုနှင့် တိဘက် မျိုးနွယ်များ ဖြစ်ကြသဖြင့် မွတ်ဆလင်နှင့် မလေးတောင်ပိုင်း သူတွေထက် အကြိုက်ပို များသည်။ အင်ဒိုမလေးများနှင့် ဘင်္ဂလားဒေ့ရှ်မှ အမျိုးသမီးများကိုမူ ထိုင်းနိုင်ငံသို့ လိင်ကျွန်အဖြစ် လာရောက်ခြင်းအား ပိတ်ပင်ထားသည်။
အိန္ဒိယနိုင်ငံတွင် ဟိမဝန္တာဘက်မှ လာသော ဖြူဖြူချောချောစွဲမက်စရာ ကောင်းသည့် မိန်းကလေးများကို ကာလကတ္တားသို့ ခေါ်လာကြပြီး သူတို့အမူအရာ၊ အရည်အသွေးအလိုက် အော်ဒါရှိသည့် နိုင်ငံများသို့ တစ်ဆင့်ပြန်ပို့သည့် လုပ်ငန်း ခေတ်စားသည်။ မလေးရှားကဲ့သို့ အစ္စလာမ်မစ် နိုင်ငံများတွင် လိင်ကုန်ကူးမှုကို တားမြစ်ထားသော်လည်း ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသော ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် လိင်ကုန်ကူးမှုမှာ တစ်နေ့တခြားတိုးပွား လျက်ရှိနေသည်။ ဆွီဒင်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ခြင်း ကို တရားဥပဒေအရ တားမြစ် ပိတ်ပင်ထားသည်။
ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း က အတိတ်ဇာတ်ကြောင်းတွေ အများကြီး ရှိသည်။ ၂၀၀၂ ခုနှစ် စစ်တပ်ကအာဏာ သိမ်းပြီးနောက် နိုင်ငံခြားတပ်သားပေါင်း ၁၁၀၀ ဦးကို နိုင်ငံအတွင်းသို့ ခေါ်လာခဲ့သည်။ ထိုအထဲတွင် အမေရိကန်စစ်သား များလည်း ပါသည်။ ထိုင်းပြည်ထဲရေးဝန်ကြီး ကလည်း ထိုင်းနိုင်ငံအတွင်း ထိုစစ်သားများပျော်ပျော်ပါးပါး လိင်ကစားနိုင်ရန် ဥပဒေများ ထုတ်ပြန်ပြီး အကာအကွယ်ပေးထားသည်။ ဘားဆိုင်များကို နံနက် ၂ နာရီအချိန်တွင် ပိတ်ရမည် ကိုထပ်ပြီး အချိန်တိုးချဲ့ပေး လိုက်သည်။ ပြည့်တန်ဆာနှင့် ဇိမ်ခန်းခတွေဈေးတက် ကုန်သည်။ မိုင်းလီက ဆွေးမြည့်စွာဖြင့် "ကျွန်မကိုစိတ်မကောင်းမဖြစ်ပါနဲ့။ ကလေးတွေကိုပဲ စိတ်ပူပါရှင်။ သူတို့အတွက်က ပိုပြီးအန္တရာယ် များပါတယ်"ဟု ပြောလိုက်သည်။
ကလေးသူငယ်များကို မုဒိမ်းကျင့်မှု များသည် တောင်အာဖရိကတွင် မြင့်မားလာပြီး အရှေ့တောင်အာရှသို့ပါ တောမီးပမာ ကူးစက်လာသည်။ ကမ္ဘောဒီးယားနိုင်ငံ ကလေးလိင်ကျွန် လုပ်ငန်းသည် ကမ္ဘာ သိထင်ရှားခဲ့သည်။ ကွန်မြူနစ် ဗီယက်နမ် နိုင်ငံတွင်လည်း ကလေးသူငယ် အဓမ္မကျင့် ခံရမှုပေါင်း ၃၅၀၀ ခန့်တက်လာသည်။ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် သာမန်အမှုများ ထက် မုဒိမ်းမှုများ ၉၀ ရာခိုင်နှုန်းကျော် တိုးတက်မြင့်မားလာသည် ဆိုခြင်းက အာရှ၏ စိုးရိမ်စရာ အနေအထားဖြစ်သည်။ အရှေ့တောင်အာရှကို ဖြတ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း သုံးသိန်းခန့် လိင်ကုန်ကူးခြင်း ခံနေရသည်။
အများစုမှာ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်နယ်စပ် တို့တွင် အလုပ်လုပ်နေကြရပြီး၊ ဘန်ကောက် လမ်းမများ ပေါ်သို့ ရောက်လာသူများပင် ရှိသည်။ အရှေ့တောင်အာရှတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရမည်လား ဟူသည့် အထင်နှင့် တရုတ်ပြည်မှထွက်လာ သည့် သူများပင်ရှိသည်။ သူတို့တွင် ပိုက်ဆံလည်း တစ်ပြားမှပါမလာ။ မိသားစုပျောက် ဆုံးနေသူတွေလည်း ထိုအထဲတွင်ပါသည်။ သူတို့ကိုယ်သူတို့ ရောင်းစားခဲ့သူများလည်း ပါသည်။ လာအိုနှင့် မြန်မာတောများကို ငှက်ဖျားဒဏ်တွေ ကြံ့ကြံ့ခံရင်း ဖြတ်လာကြ ရသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ဗင်ကားများဖြင့် ခိုးလိုက်ပြီး သူတို့ရောက်လာကြသည်။ ၄င်းတို့အား ချုပ်ကိုင်သူများ ကလိမ်ကကျစ် များ၏ အပေးအယူ အမျိုးမျိုးတွင် ဒေါ်လာ ၂၀၀၀မှ ၄၀၀၀ ခန့် အထိ ဈေးပေါက်သော်လည်း သူတို့တန်ဖိုး အမှန်ကို မသိရသူတွေများသည်။ သူတို့ကို ခေါ်လာသူတွေကိုပင် ကယ်တင်ရှင်ကြီးတွေ အထင်ဖြင့် ထားရာနေ၊ စေရာသွား၊ ခိုင်းတာ လုပ်နေကြရသူများ ရှိသည်။
အချို့ မိန်းကလေးများ ဆိုလျှင် ၄င်းတို့အား ချုပ်ကိုင်သူများနှင့် ပွဲစားများကြားတွင် ခုနစ်ကြိမ်မှ ဆယ်ကြိမ်ခန့်အထိ လွှဲအပြောင်းခံခဲ့ကြရသည်။ မိန်းကလေးများ၏ ဘဝမှာ သနားစရာ ကောင်းလှသည်။ အချို့မှာ ပြန်ပေးဆွဲခံ လာရခြင်းဖြစ်ပြီး၊ အချို့မှာ မိဘများကိုယ်တိုင်က ရောင်းစားလိုက်ခြင်းဖြစ်သည်။ အများစု မှာ မိဘမဲ့ဘဝများ၏ သားကောင်များ ဖြစ်ရသည်။ အနည်းငယ် ကံကောင်းသူလောက်သာ စက်ရုံအလုပ်ရုံ များတွင် အလုပ်သမားဘဝ ရောက်ကြရသည်။ မိန်းကလေး အများစုမှာ ချောချောလှလှလေးတွေ ဖြစ်သည်။ ရုပ်ရည်ချောမောလှပခြင်းက လိင်ကျွန်ဘဝ ရောက်ရန် အကြောင်းဖန်လာသလို ဖြစ်ခဲ့ရသည်။
အချို့ရုပ်ရည်ချောမောလှပသည့် မိန်းကလေးများသည် တိုကျိုနှင့် ကိပ်တောင်း မြို့များအထိ ခေါ်သွားခြင်းခံရသည်။ မိုင်းလီလို မိန်းကလေးမျိုးတွေ ထိုင်းနိုင်ငံတွင်များစွာရှိသည်။ သူတို့ဘဝတွေက အဆုံးအစမဲ့သော အလင်းပျောက်နေသည့် လိုဏ်ခေါင်းအတွင်း လျှောက်လှမ်းနေ ကြသလို ဖြစ်နေသည်။ "အိပ်မက်တော့ရှိတယ်။ ကျွန်မဖြစ်ချင်တာက ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ဆင်တွေကို ကယ်တင်ချင်တယ်။ တိရစ္ဆာန်တွေ အားလုံးကို ကယ်ချင်တယ်။ ဒါပေမဲ့ ခုတော့ ကျွန်မကိုယ်တိုင် တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံခံနေရတယ်။ တကယ်လို့ ဆုတောင်း တိုင်းပြည့်မယ်ဆိုရင် ကျွန်မကိုလည်း လွတ်မြောက်ဖို့ ဆုတောင်းပေးပါလို့ ပြောချင်ပါတယ်"ဟု ဆိုလိုက်သည်။ မိုင်းလီက ရီဝေသောမျက်လုံးများဖြင့် အဝေးသို့ငေးကာ ဆွေးနေရှာသည်။ သူလည်း ဆုတောင်းနေမည်မှာ သေချာသည်။
အယ်ဒီတာတစ်ဦး
ရိုးရာလေး

24-May နောက်ဆုံးထွက် Android Application (15မျိုး) Selection

4-May နောက်ဆုံးထွက် Android Application (15မျိုး) Selection

15 Paid Android Apps May 24, 2013
May-24 ရက်နေ့ ကနောက်ဆုံးထွက်ထားတဲ့ Android Application 15မျိုးကိုစုစည်းပြီး တင်ပေးလိုက်ပါတယ်
ဗျာ။ ဟိုတနေ့ကတင်ပေးလိုက်တဲ့ 18မျိုးနဲ့မတူပါဘူး အသစ်တွေချည်းဘဲထပ်ပြီးတင်ပေးလိုက်တာပါဗျာ။
အားလုံးက အသုံးတည့်မယ့် Application တွေချည်းပါဘဲ။ Application တွေရဲ့ နာမည်နဲ့ Version အသေး
စိတ်ကိုတော့အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ။

3D Design Battery Widget R3 v1.0
Adrian James 6Pack Abs Workout v3.0.0
AppMgr Pro III (App 2 SD) v3.11
Cloud SMS v2.1.13
DVD Profiler v1.0.1
edjing PRO DJ mixer turntables v1.2.1
Electrum Drum MachineSampler v4.7.2
GrooVe IP v1.3.9
K-@ Mail Pro - email evolved v1.32
My Alarm Clock v1.2
Next Launcher 3D v1.32
Photo Transfer App v2.5.1
Sliding Messaging Pro v6.051
Smart Cover v3.3.1
Week Calendar v1.0.2

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Read more »

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် လူရွှင်တော် ဒိန်းဒေါင်ဇနီး ပါဝင်


Photo: မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် လူရွှင်တော် ဒိန်းဒေါင်ဇနီး ပါဝင်
Wednesday, May 29, 2013

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက်ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးသူများထဲတွင် သရုပ်ဆောင် လူ ရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေး မွန် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံးသူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက် သုသာန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)က တာဝန်ယူ သဂြို င်္ဟ်ပေးခဲ့သည်။ ပျံလွန် တော်မူသွားသည့် သံဃာတော် တစ်ပါး ကို ဖြူးမြို့ မြို့ထောင်ကျောင်း ပဓာန နာယကဆရာတော်က ကြီးမှူးကာ မီး သဂြိုင်္ဟ်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိ အလောင်းများကို နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အကူ အညီဖြင့် ရန်ကုန်သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

Mဘွယ်
Popular Myanmar News Journal
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက်ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးသူများထဲတွင် သရုပ်ဆောင် လူ ရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေး မွန် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံးသူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက် သုသာန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)က တာဝန်ယူ သဂြို င်္ဟ်ပေးခဲ့သည်။ ပျံလွန် တော်မူသွားသည့် သံဃာတော် တစ်ပါး ကို ဖြူးမြို့ မြို့ထောင်ကျောင်း ပဓာန နာယကဆရာတော်က ကြီးမှူးကာ မီး သဂြိုင်္ဟ်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိ အလောင်းများကို နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အကူ အညီဖြင့် ရန်ကုန်သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

Mဘွယ်
Popular Myanmar News Journal

သီးခြား ကချင်နိုင်ငံ တည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်



29 May 2013 ,

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ ကချင် သီးခြား လွတ်လပ်သော နိုင်ငံတည်ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ကို UK နိုင်ငံတွင်ကျင်းပသည့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization - KNO) ဗဟိုလူကြီးများ၏ အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“KNO ရည်ရွယ်ချက် ပန်းတိုင်ကို ကျနော်တို့ လက်တွေ့လုပ်ဆောင်လာချိန် တခါတလေ စိတ်ကူးထားတာနဲ့ လွှဲလာတာရှိတယ်။ အဲဒါကြောင့် မလွှဲဖို့ရန်အတွက် အမြဲတမ်း သတိရစေဖို့ ဆွေးနွေးတယ်။ ဆုံးဖြတ်တယ်။ ပြီးတော့ သဘောထား ထုတ်ပြန်တာ ဖြစ်တယ်” ဟု KNO အထွေထွေအတွင်းရေးမှူး ဒူဝါ မခေါခွန်ဆာ KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းကြေညာချက်တွင် ကချင်ပြည်နယ်တွင် ကိုယ်ပိုင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော သီးခြား လွတ်လပ်သော နိုင်ငံတည်ထောင်ပြီး ထိုနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးသွားမည်ဟု ဆိုထားသည်။

သို့သော် ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်နှင့် မြန်မာ တိုင်းရင်းသားများ အားလုံးပါဝင်ပြီး စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်သွားမည်ဆိုပါက KNO အနေဖြင့် ပါဝင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မေလ ၂၈ ယမန်နေ့ မြန်မာအစိုးရနှင့် KIO ကြား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမ ဆောင်တွင် ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် KNO ဗဟိုအစည်းအဝေးမှ ယခုလို ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

KNO နှင့် KIO သည် “ကချင်အမျိုးသားလွတ်မြောက်ရေး” အတွက် အတူ ပူးပေါင်းရန် ၂၀၁၁ ဇန်န၀ါရီ ၂၂ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်

ရခိုင်ပြည်နယ် မောင်တောခရိုင်မှာရှိတဲ့ မူဆလင် လူမှုအသိုင်းအ၀ိုင်းအနေနဲ့ ကလေး ၂ ဦးပဲ ယူရမယ်ဆိုတဲ့ ဒေသန္တရအမိန့်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်တာဟာ တဘက်စောင်းနင်း ကျပြီးတော့ ပကတိအခြေအနေတွေကို မသိလို့ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင် ကို ဒီအမိန့် ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒီဥစ္စာက အခုမှ ထွက်တဲ့ဥစ္စာ မဟုတ်ဘူး။ ၉၂၊ ၉၃၊ ၉၄ လောက်ကတည်းက ရှိနေခဲ့တဲ့ အမိန့်လို့ ပြောပါတယ်။ အဲ့ဒီဥစ္စာတွေကို အကောင်အထည်ဖော်တာက UN အဖွဲ့အစည်းနဲ့ AZT ဆိုတဲ့ INGO အဖွဲ့တွေပါခင်ဗျ။ သူတို့ အကောင်အထည်ဖော်တယ်။ ၉၂၊ ၉၃၊ ၉၄ ကစပြီး အကောင်အထည်ဖော်တာ အခု ရခိုင်အရေးအခင်း ဖြစ်တဲ့အချိန်မှာ ပြန်ကြည့်တော့ လူဦးရေက အင်မတန် များပြားလာပါတယ်။ သူတို့ကတော့ သားဆက်ခြား အောင်မြင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူဦးရေ ပေါက်ဖွားနှုန်းက တအားများတဲ့အတွက် အခုလို ပြဿနာဖြစ်လာတဲ့အခါ ရခိုင်ကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း အကြံပြုထားတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့ အကောင်အထည် ဖော်တဲ့သဘောမျိုးနဲ့ ဒေသန္တရအမိန့်နဲ့ ထုတ်တာပါခင်ဗျ။”

မေး။          ။ ဟုတ်ကဲ့ခင်ဗျ။ ၉၂၊ ၉၃ တုန်းက ထုတ်တဲ့အမိန့်က ဒီအစိုးရအနေနဲ့ ထုတ်ပြန်တာလား။ အမိန့်လား ဥပဒေလား အဲ့ဒါက။

ဖြေ။           ။ “အမိန့်ပါပဲခင်ဗျ။ ဒေသန္တရအမိန့်လို့ ခေါ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောတစ်ခုတည်းပါပဲ။ ကျန်တဲ့ နေရာတွေတောင် မပါပါဘူး။”

မေး။          ။ ဟုတ်ကဲ့။ အခု ရခိုင်အစိုးရကနေပြီးတော့ ထုတ်လိုက်တဲ့သဘောကရော အမိန့်လား ဥပဒေလား။

ဖြေ။           ။ “အမိန့်လို့ ပြောပါတယ်ခင်ဗျ။ ဥပဒေအပိုင်းမှာတော့ ကျနော်တို့က သိပ်နားမလည်ပါဘူး။ ဒီဥစ္စာက အရင်တုန်းက ရှိခဲ့တဲ့ဟာကို ပြန်ပြီးတော့ တည်မြဲအောင် အမိန့်ထုတ်တာပါပဲခင်ဗျ။ ပြည်နယ်အစိုးရအနေနဲ့တောင် မဟုတ်ပါဘူးခင်ဗျ။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဲ့ဒီမှာကိုင်တဲ့ နကစအဖွဲ့ကနေပြီး ထပ်ပြီး အတည်ပြုပြီး ထုတ်ပေးတာပါ။ အဲ့ဒီမောင်တောခရိုင် တစ်ခုတည်းပါပဲခင်ဗျ။”

မေး။          ။ ရခိုင်စုံစမ်းရေးကော်မရှင်ကနေပြီးတော့ အကြံပြုထားတဲ့အတိုင်းဆိုတာ ရခိုင်စုံစမ်းရေးကော်မရှင်ကရော ဒီကိစ္စနဲ့ပတ်သက်လို့ 2 Child Policy ဆိုပြီးတော့ပဲ အကြံပြုတာလား။

ဖြေ။           ။ “2 Child Policy လို့တော့ မပြောပါဘူးခင်ဗျ။ သူက ပထမစာမျက်နှာမှာတော့ ဒီလို လူဦးရေ ထိန်းချုပ်ဖို့ လိုတယ်။ အဲ့လို ထိန်းချုပ်တဲ့အခါမှာလည်း ကိုယ့်ဘာသာရေးအရ ကန့်ကွက်နိုင်တယ်။ ဒီလိုမျိုးလေး ဆိုထားပါတယ်။ ဒါပေမဲ့လည်း နောက်စာမျက်နှာမှာတော့ ရခိုင်တိုင်းရင်းသားတွေကလည်း တောင်းဆိုထားပါတယ်။ နောက်ပြီးတော့ အဲ့ဒီမှာ ဒီလို လူဦးရေ ထိန်းချုပ်တာလည်း အရင်ထဲက ရှိတဲ့အတွက် လုပ်သင့်ပါတယ်လို့ သူတို့က အဲ့ဒီမှာ အကြံပြုထားတာ ရှိပါတယ်။”

မေး။          ။ 2 Child Policy နဲ့ပတ်သက်ပြီးတော့ ရခိုင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပြန်ပြီး Review လုပ်နေတယ်ဆိုပြီးတော့ ပြောနေလို့ပါ။ အထက်ကရော ဘာများပြော

ဖြေ။           ။ “အဲ့ဒါကတော့ ကျနော် မသိဘူးခင်ဗျ။ ဒီဥစ္စာက ကျနော်တို့ ပြည်နယ် အစိုးရအနေနဲ့လည်း ထုတ်တာမဟုတ်ဘူး။ ဒေသန္တရအမိန့်ဆိုတာ သူတို့ ထုတ်ခွင့်ရှိတယ်လေ။ ရန်ကုန်မှာ ပုဒ်မ ၁၄၄ အစား ၁၈၈ ထုတ်တဲ့ပုံစံမျိုးပေါ့။”

မေး။          ။ အဲ့တော့ အဲ့ဒီအထဲမှာ ကလေး ၂ ယောက်အပြင် အမျိုးသမီး မိန်းမ တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ဟာမျိုးရော ပါပါသလား။

ဖြေ။           ။ “ပါပါတယ်ခင်ဗျ။ ဘာလို့လဲဆိုရင် သူတို့က ၄ ယောက် ယူတဲ့အခါကျမှ စောစောကလည်း ကျနော် ပြောပြီးပြီ။ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး သူ တာဝန်ထမ်းဆောင်စဉ်က အဲ့ဒီမှာ မေးတယ်။ ယောကျာ်းတစ်ယောက်က မိန်းမ ၄ ယောက်က တရားဝင်ယူတယ်။ တရားမ၀င် မိန်းမတွေကလည်း ရှိတယ်။ အဲ့ဒီက မွေးလာတဲ့ ကလေးတွေနဲ့ အားလုံး မိသားစုပေါင်းလိုက်ရင် ၈၂ ယောက်ရှိတယ်။ အဲ့လိုမျိုး မိသားစု ၁၀ ဆိုရင် လူဦးရေ ဘယ်လောက်ရှိမလဲ။ အဲ့ဒါလေးတွေ ကျနော်တို့ ပြန်တွက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေကလည်း အဲ့ဒါကို စိုးရိမ်တဲ့အတွက် တောင်းဆိုခြင်း ဖြစ်ပါတယ်။ ဒါကလည်း မောင်တောတစ်ခုတည်းကို ကျနော်တို့က ဒေသန္တရအမိန့် ထုတ်တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော - မောင်တောခရိုင်ဆိုရင် ဘူးသီးတောင်၊ မောင်တော ပါပါတယ်ခင်ဗျ။”

မေး။          ။ အခု ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေ ထွက်လာပါတယ်ခင်ဗျ။ ဒါက ခွဲခြားဆက်ဆံတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဝေဖန်သံတွေ ထွက်လာပါတယ်။ ဒီဝေဖန်ချက်တွေအပေါ်မှာ ဦးဝင်းမြိုင်တို့ ဘာများ တုံ့ပြန်ချင်ပါသလဲ။

ဖြေ။           ။ “သူတို့ကတော့ ဘယ်လို ဝေဖန် ဝေဖန်လေ။ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ရှိရင် အဲ့ဒီလူတွေက ဒီမှာ လာမကြည့်ဘဲနဲ့ ပြောတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ပြောမယ်လေ ၁၀ ပေပတ်လည် ရှိတဲ့အိမ်ထဲမှာ လူ ၂၀၊ ၃၀ ဘယ်လိုလုပ် နေမလဲ။ နောက်ပြီးတော့ အဲ့လိုမျိုး လူဦးရေ ပေါက်ဖွားနှုန်း များလာတဲ့အတွက် ဒီမှာ ရခိုင်တိုင်းရင်းသားတွေကလည်း စိုးရိမ်စိတ်တွေ များလာပါတယ်။ အဲ့ဒီအတွက် ရေရှည်အတွက် ကြည့်ပြီး ကျနော်တို့ နိုင်ငံတော်အနေနဲ့ ဒီလို အမိန့်ထုတ်ပြန်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။ အမိန့်ထုတ်တာကလည်း မြန်မာတနိုင်ငံလုံးကို ထုတ်တာလည်း မဟုတ်ဘူး။ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ထုတ်တာလည်း မဟုတ်ပါဘူး။ ဒီမောင်တောခရိုင်တစ်ခုတည်းကိုပဲ ထုတ်တာဖြစ်ပါတယ်။ အဲ့ဒါကိုမှ လူ့အခွင့်အရေးအဖွဲ့က ဒီလိုပြောတယ်ဆိုရင်တော့ ဒါ တဖက်သတ် စွပ်စွဲတယ်လို့ပဲ ကျနော် ထင်ပါတယ်။”

ကိုသားညွန့်ဦး (ဗွီအိုအေ)

ရေမြင်း၏မျိုချမှုကိုခံခဲ့ရသော်လည်း အသက်ရှင်ခဲ့သော အမေရိကန်အမျိုးသား


အမေရိကန် ပြည်ထောင်စုမှ မြစ်ကြောင်း လမ်းပြသူတ စ်ဦးဖြစ်သူ ပေါလ်တမ်လာသည် ဇင်ဘာဘွေ နိုင်ငံ Victoria ရေတံခွန် အနီးရှိ ဘမ်ဘီဇီမြစ် အတွင်း၌ ရေမြင်း တစ်ကောင်၏ မျိုချမှုကို
ခံခဲ့ရသော် လည်း အံ့သြဖွယ် အသက် ရှင်ခဲ့ကြောင်း သိရသည်။
ပေါလ်သည် လေ့လာရေးအဖွဲ့မှ အမျိုးသား တစ်ဦး ရေထဲသို့ ပြုတ်ကျ သွားသောကြောင့် ၎င်းအား အကူအညီ ပေးရန် ကြိုးပမ်းစဉ် မြစ်အတွင်းရှိ ရေမြင်း၏ ရုတ်တရက် မျိုချမှုကို ခံရခြင်း ဖြစ်ပြီး အဆိုပါ ရေမြင်း၏ မျိုချခြင်းကို ခံရစဉ် ဘဲဥပုပ် ကဲ့သို့သော ကြောက်မက်ဖွယ် ကန့်အနံ့ကို ရရှိခဲ့ကြောင်း၊ မိမိ၏ နားများနှင့် မျက်လုံးများသည် ရုတ်တရက် ကန်းသွား သကဲ့သို့ ခံစား ခဲ့ရ ကြောင်း The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ပေါလ်ကမိမိ၏ အရေပြားကို ရေမြင်း ကိုက်ဖဲ့ခြင်းမှ ကာကွယ်ရန် အတွက် ၎င်း၏ အစွယ်များကို ဆုပ်ကိုင် ထားပြီး ရေမြင်း လက် အတွင်းမှ လွတ်မြောက်ရန် အတွက် ကြိုးပမ်း ခဲ့ရကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။
ရေမြင်းသည် မိမိ၏ ရင်ဘတ်နှင့် ဘယ်လက်ကို ကိုက်ဖြတ် ခဲ့ကြောင်း၊ မိမိသည် ဘယ်လက် တစ်ဖက် ဆုံးရှုံး ခဲ့သော်လည်း စိတ်ဓာတ် ခိုင်မာမှုနှင့် အလွန် ကံထူးခြင်း ကြောင့်သာ ရေမြင်း လက်မှ အသက်ရှင် လွတ်မြောက် လာခဲ့ခြင်း ဖြစ်ကြောင်း ပေါလ်က ပြောကြား ခဲ့သည်။

ကမ္ဘာ့မြို့တော်များ (ဆစ်ဒနီ) သြစတြေးလျ


ဆစ်ဒနီမြို့သည် သြစတြေးလျ နိုင်ငံ နယူးဆောက်ဝေး ပြည်နယ်တွင် တည်ရှိပြီး နိုင်ငံ၏ လူဦးရေ အများ ဆုံး မြို့တော်ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် စာရင်းအရ ခန့်မှန်းခြေ လူဦးရေ ၄ ဒသမ ၆ သန်း ရှိ သည်ဟု
သိရသည်။ ဆစ်ဒနီတွင် အခြေစိုက် နေထိုင်သူများကို Sydneysiders ဟုခေါ်သည်။ ဆစ်ဒနီမြို့ကို အာသာ ဖိလစ် ဆိုသူ ရေတပ်ဗိုလ်ချုပ် တစ်ဦးက ၁၇၈၈ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်ဟု ဆိုသည်။ ဆစ်ဒနီ မြို့တွင် Sydney Harbour ၊ ဆစ်ဒနီကဇာတ်ရုံ (ydney Opera House) ဆိပ်ခံတံတား Harbour Bridge တို့သည် နာမည်ကြီးသည်။

တည်နေရာ
ဆစ်ဒနီမြို့သည် အဆင့်အတန်း မြင့်သော ကမ္ဘာ့ မြို့ကြီးများ စာရင်းဝင်ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ် နွေရာသီ အိုလံပစ် ကဲ့သို့သော နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးများကို ကျင်းပခဲ့ဖူးသည်။ ဆစ်ဒ နီမြို့ပြ နယ်မြေသည် ပင်လယ်ကမ်းခြေ ဒေသတစ်ခု ဖြစ်ပြီး အရှေ့ဘက်တွင် ပစိဖိတ် သမုဒ္ဒရာ၊ အနောက်ဘက်တွင် အပြာရောင် တောင်တန်းများ (Blue mountains) ၊ မြောက်ဘက်တွင် ဟော့ ဘူရီ တံတားနှင့် တောင်ဘက် တွင် တော်ဝင် အမျိုးသား ဥယျာဉ်တို့ တည်ရှိသည်။
ရာသီဥတု
ဆစ်ဒနီ၏ ရာသီဥတုမှာ သင့်တင့်မျှတသည့် ပူနွေးသော နွေရာသီနှင့် အအေးပျော့သော ဆောင်းရာသီတို့ ရှိသည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှု ရှိသည်။ သမုဒ္ဒရာနှင့် နီးသော အပိုင်းများမှာ ရာသီ ဥတု မျှတပြီး အနောက်ပိုင်း ကုန်းတွင်း ဒေသများမှာ ရာသီဥတု ပြင်းထန်သည်။ အပူနွေးဆုံး လမှာ ဇန်နဝါရီလ ဖြစ်ပြီး ပျမ်းမျှ အပူချိန် ၁၉ မှ ၂၆ ဒီဂရီ ဆဲလ်စီးယပ် အထိရှိသည်။ ဆောင်းရာသီတွင် ကမ်းရိုးတန်း ဒေသများ၌ အပူချိန် ၅ ဒီဂရီ ပတ်ဝန်းကျင် ရှိသည်။
စီးပွားရေး
ဆစ်ဒနီမြို့တွင် ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဆောက်အအုံ များစွာရှိသည်။ ၎င်းတို့ထဲတွင် ပါလီမန် အဆောက်အအုံ ၁၈၁၆ လုံး၊ ဆစ်ဒနီ မြို့တော်ခန်းမ ၁၈၈၉ လုံးနှင့် သြစတြေးလျ ပြ တိုက်တို့ ပါဝင်သည်။ ဆစ်ဒနီမြို့သည် သြစတြေးလျ နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေး အချက်အချာ မြို့ကြီး ဖြစ်သောကြောင့် ချမ်းသာကြွယ်ဝသော မြို့ကြီး တစ်မြို့ဖြစ်သည်။ ဆစ်နဒီရှိ ပြည်သူ အများစုမှာ အလုပ်အကိုင် ရှိကြသည်။ ၎င်းတို့သည် အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းများ၊ လက်လီ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ကြသည။် ၾသစေ ၾတးလ် လြုံခုံရေး ငွေလဲလှယ် ဌာနနှင့် သြစတြေးလျ အရန်ဘဏ်တို့မှာ ဆစ်ဒနီ မြို့တွင် တည်ရှိပြီး သြစတြေးလျ၏ ထိပ်တန်း ကုမ္ပဏီကြီး ၉ဝ တို့၏ ဌာနချုပ်များလည်း တည်ရှိသည်။ ထို့အပြ င် နိုင်ငံတကာ ကော်ပိုရေးရှင်း ၅ဝဝ ၏ ဒေသဆိုင်ရာ ဌာနချုပ်များလည်း တည်ရှိသည်။
ယဉ်ကျေးမှု
ဆစ်ဒနီမြို့သည် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် ပြတိုက်များနှင့် အနုပညာ ပြခန်းများစွာ ရှိပြီး ၎င်း တို့ထဲတွင် နယူးဆောက်ဝေး အနုပညာ ပြခန်း၊ ခေတ်ပြိုင် အနုပညာ ပြခန်းနှင့် ဆစ်နဒီ ပြတိုက်တို့ ပါဝင်သည်။ ဆစ်နဒီ အော်ပရာဟောက်စ်သည် ထင်ရှားသော အဆောက်အအုံ တစ်ခုဖြစ်သည်။ ခန်းမ ငါးခု ပါဝင်ပြီး ၎င်းတို့ထဲတွင် ကြီးမားသော ဖျော်ဖြေရေး ခန်းမကြီး တစ် ခုနှင့် အခြား ပြဇာတ်ရုံများ ပါဝင်သည်။
ခရီးသွားကဏ္ဍ
၂ဝ၁၂ ခုနှစ် နှစ်ကုန် စာရင်းများအရ ဆစ်ဒနီမြို့သို့ နိုင်ငံတကာနှင့် ဒေသတွင်းမှ ခရီးသွား စုစုပေါင်း ၁ဝ ဒသမ ၅ သန်း လာရောက် လည်ပတ်ခဲ့သည်။ ၎င်းတို့ထံမှ ဝင်ငွေ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံ ရရှိခဲ့ သည်။ ခရီးသွားများသည် ဆစ်ဒနီ ကဇာတ်ရုံနှင့် ဆစ်ဒနီ ဆိပ်ကမ်း တံတားတို့သို့ အများဆုံး သွားရောက် လည်ပတ်ြကသည။် အခြားလည်ပတ် စရာ နေရာများဖြစ်သော တော်ဝင် ရုက္ခဗေဒ ဥယျာဉ်၊ လူနာပန်းခြံ (Lana Park) ပင်လယ်ကမ်းခြေနှင့် ဆစ်နဒီ မျှော်စင်တို့သို့ သွားရောက် လည်ပတ်ကြသည်။
မီဒီယာ
ဆစ်ဒနီမြို့တွင် အဓိက သတင်းစာကြီး နှစ်စောင်ရှိရာ ၎င်းတို့မှာ (The Sydney Morning Herald) သည် သက်တမ်း အရင့်ဆုံး သတင်းစာကြီး ဖြစ်သည်။ ၁၈၃၂ ခုနှစ် ကတည်းက ထုတ်ဝေ ခဲ့ခြင်း ဖြစ်သည်။ အခြားသတင်းစာ တစ်စောင်မှာ (The Daily Telegraph) ဖြစ်သည်။ အခပေး ရုပ်မြင်သံကြား ကွန်ရက် သုံးခုရှိပြီး အစိုးရ အမျိုးသား ရုပ်သံထုတ်လွှင့်ရေး ဌာနများဖြစ်သော (ABC) နှင့်(SBS) တို့မှာလည်း ဆစ်ဒနီ မြို့တွင် တည်ရှိသည်။
ပညာရေး
ဆစ်ဒနီမြို့တွင် သြစတြေးလျ၏ အထင်ကရ ပညာရေး အဖွဲ့အစည်း တချို့ တည်ရှိပြီး ဆစ်နဒီ တက္ကသိုလ်မှာ  သြစတြေးလျ၏ သက်တမ်း အရင့်ဆုံး တက္ကသိုလ်ဖြစ်၍ ၁၈၅ဝ ပြည့်နှစ်တွင် တည်ေ ထာင်ခဲ့သည်။ အခြား ပြည်သူပိုင် တက္ကသိုလ်များတွင် ဆစ်ဒနီ နည်းပညာ တက္ကသိုလ်၊ နယူးဆောက်ဝေး တက္ကသိုလ်၊ ဆစ်ဒနီ အနောက်ပိုင်း တက္ကသိုလ်တို့ ပါဝင်သည်။
ကျန်းမာရေးစနစ်
ဆစ်ဒနီမြို့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် နှစ်ခုရောစပ်၍ ဆောင်ရွက်ကြပြီး အစိုးရက အခွန်အကောက်များနှင့် ပုဂ္ဂလိက ကျန်းမာရေး အာမခံ များ မှ ထောက်ပံ့သည်။ နယူးဆောက်ဝေး ပြည်နယ် ကျန်းမာရေး ဝန်ကြီးဌာနသည် ဆစ်ဒနီမြို့ပြ ဒေသတွင် ကြီးမားသော ပြည်သူ ပိုင် ဆေးရုံကြီးများကို ဖွင့်လှစ် ဆောင်ရွက်ထားသည်။
ကမ္ဘာ့ အဆင့်မြို့တော်
ဆစ်ဒနီမြို့တော်ကို Globalization and world cities (GaWC) လေ့လာရေး အဖွဲ့က ဒေသတွင်းနှင့် ကမ္ဘာ တစ်ဝန်းတွင် ထိပ်တန်း အဆင့်ရှိသည့် မြို့တော်တစ်ခု အဖြစ် သတ်မှတ်ထားသည်။ ၂ဝ၁ဝ ပြည့်နှစ်က စီးပွားရေး ဆန်းသစ် တီထွင်မှုရှိသော မြို့တော်များ စာရင်းတွင် အဆင့် (၇) နှင့် တစ်ကမ္ဘာလုံးတွင် အဆင့် (၂၈) သတ်မှတ် ခံရသည်။ ၂ဝ၁၃ တွင် ဆစ်ဒနီအား ကမ္ဘာပေါ်တွင် သတ္တမမြောက် စီးပွားရေး အရ အရေးပါသည့် မြို့တော်အဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် ဆစ်ဒနီကို ကမ္ဘာပေါ်တွင် နေထိုင်ချင်ဖွယ် အကောင်းဆုံး မြို့ကြီး(၁ဝ) မြို့စာရင်းတွင် ထည့်သွင်း ထားပြီး ဖက်ရှင်နှင့် ဖက်ရှင်လုပ်ငန်း ဆိုင်ရာ အရေး ပါသော မြို့တော်တစ်ခု အဖြစ်လည်း သတ်မှတ် ခံရသည်။ သို့သော် The Economic Inteligence hnit အဖွဲ့က ဆစ်ဒနီကို တိုကျိုနှင့် အိုဆာ ကာ ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် ကုန်ကျစရိတ် ဈေးအကြီး ဆုံး မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ။
ref: မြ၀တီ

ကေအိုင်အို တောင်းဆိုချက် လူထုသဘောထားနှင့်ကိုက်ညီ

ကို​ကွေး

ပြည်ထောင်စုအစိုးရထံ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ တောင်းဆိုချက်တွေဟာ သူတို့ဆန္ဒနဲ့ တူညီတယ်လို့ ကချင်ပြည်သူတွေက ပြောပါတယ်။

မေ ၂၈ ရက်က စတင်တဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေကို မြစ်ကြီးနား စီတာပူရပ်ကွက် မနောကွင်းက မဂျွယ်ခန်းမမှာ ကေအိုင်အိုက မြို့မိမြို့ဖနဲ့ ခေါင်းဆောင်တွေကို တင်ပြရာမှာ လူထုက အခုလို ပြောဆိုလိုက်တာလို့ တက်ရောက်တဲ့သူတွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာ တိုက်ပွဲအရှိန်လျှော့ချဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်အောင် လုပ်ဆောင်သွားမယ့်အကြောင်း အဓိကထားဆွေးနွေးမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုခဲ့တဲ့အပေါ် လူထုက တုံ့ပြန်ခဲ့တာလို့ လူထုနဲ့ တွေ့ဆုံပွဲကို တက်ရာက်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။

“သူတို့ရပ်တည်ချက်က အရင်တုန်းကလို step by step သွားတာကို ဆက်လက် အကောင်အထည်ဖော်ဖို့အတွက်ပေါ့။ အစိုးရကကျတော့ ဒါကို အကောင်အထည်ဖော်ဖို့မဟုတ်ဘဲ အပစ်ရပ်ဖို့ပဲဖြစ်နေတော့ နည်းနည်း ကွဲလွဲမှုရှိနေတယ်။ မှန်းရတော့ ခက်တယ်။ အစိုးရက ဘယ်လောက်ထိ ပြင်ဆင်မှုရှိလာလဲဆိုတာမှာလည်း မူတည်မယ်။ ကေအိုင်အိုဘက်ကတော့ အရင် သဘောတူထားတဲ့ သဘောတူညီချက်တွေကို ဆက်အကောင်အထည်ဖော်ဖို့ကို ဦးတည်နေတဲ့ သဘောရှိတယ်။”


မနက်ပိုင်းမှာ ကချင်လူထုဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ တွေ့ဆုံခဲ့ရာမှာ အထူးကိုယ်စားလှယ်က တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို လူ ၃၀၀ ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။

ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာကလည်း လူထုအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားသလို အလားအလာကောင်းတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ထူးခြားတဲ့ အခြေအနေတရပ်၊ ပြည်တွင်းမှာ၊ မြစ်ကြီးနား မနောကွင်းမှာဆိုတော့ အလားအလာကောင်းပေါ်ထွက်လာဖို့ မျှော်လင့်တယ်။ နောက် နိုင်ငံတကာစောင့်ကြည့်ရေးတွေကလည်း ရန်ကုန် တရုတ်သံရုံးက လူကြီး တယောက် နဲ့ ကုလသမဂ္ဂ ပါကြတယ်။ နိုင်ငံတကာက စောင့်ကြည့်သူလဲ လာထိုင်ပေးတယ်။ အဲဒါတွေက ထူးခြားတဲ့ လက္ခဏာတွေပေါ့။ အရင်ကမလုပ်ခဲ့ဖူးဘူးလေ။ အကျိုးရှိတယ်လို့ ထင်တယ်။ လူထုအရှေ့မှာ လူထုနဲ့ တိုက်ရိုက်ထိတွေ့တဲ့ ဆွေးနွေးပွဲလိုဖြစ်နေတာပေါ့။ အရင်ကလို နိုင်ငံခြားမှာ ဆွေးနွေးတာမဟုတ်ဘူး။ အများကြီး ပွင့်လင်းမြင်သာမှုရှိလာတယ်။”

လူထုဆွေးနွေးပွဲ တက်ရောက်လာတဲ့သူတွေဟာ စိတ်ထဲမှာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့တယ်လို့ တက်ရောက်လာတဲ့ ဂျီဘရန်ရှောင်က ပြောပါတယ်။

“ကျနော်တို့ကလည်း ရသလောက် အရင်ယူရမယ့် သဘော။ လိုချင်တာ ၁ ကျပ်ဖြစ်မယ်၊ ဒါပေမယ့် ၁ မတ်၊ ၅ မူးရရင်လည် ရတဲ့အခြေအနေမှာ ရောင့်ရဲသွားရမယ့် စိတ်မွေးကြဖို့ အားလုံးကို ပြောဆိုကြတယ်။ အဲအတိုင်းမျှော်လင့်ထားတယ်။ အပြည့်အ၀ကြီးရမယ်လို့တော့ မထင်ဘူး။ ကျနော်တို့ စစ်ဦးစီးချုပ်ကလည်းပြောပါတယ်။ ၆၀ ရာခိုင်နှုန်း အရင်အဆင်ပြေတဲ့လမ်းကြောင်းရရင် ဒါကိုဆက်ပြီးတော့ ကျန်တာကို ဘယ်လောက်အတို်င်းအတာ ရမယ်ဆိုတာ ဆွေးနွေးအဖြေရှာပြီး တောင်းဆိုသွားမယ်ပေါ့။”

ဒါ့အပြင် တပ်နေရာချထားရေး၊ တိုက်ပွဲတွေလျှော့ချရေး တပ်ပိုင်ဆိုင်းရာ ကိစ္စတွေကို အစိုးရနဲ့ ကေအိုင်အိုတို့ ဒီနေ့ ဆွေးနွေးခဲ့တယ်လို့ မြစ်ကြီးနားမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအောင်ထွန်းမြင့်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ၂၀၁၁ နှစ်လယ်ပိုင်းကစပြီး တိုက်ပွဲတွေပြန်ဖြစ်ကတည်းက အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၂၀၁၃ ခုနှစ် မတ် ၁၁ ရက်နေ့ ဆွေးနွေးပွဲတုန်းကလည်း နှစ်ဘက် ပ္နြာ ဖြစ်ပွားနိုင်တဲ့ဒေသက တပ်ကိစ္စနဲ့ တိုက်ပွဲတွေ ဆက်ပြီးလျှော့ချဖို့အတွက် အောက်ခြေတပ်ထိ ညွှန်ကြားသွားဖို့ သဘောတူခဲ့ကြပါတယ်။

လားရှိုးမြို့မှာ မီးရှို့မှုတွေ ဆက်လက်ဖြစ်ပွား



RFA, 2013-05-29

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့က လမ်းဘေးဓါတ်ဆီရောင်းသူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ပြဿနာပေါ်ပေါက်ခဲ့ရာ ကနေ တဆင့် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့မှာ တခြားရပ်ကွက်တွေပါ ကူးစက်ပြီး မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

မနေ့ညက အမှတ် (၈) ရပ်ကွက်မှာ စတင်ခဲ့တဲ့ ဒီပြဿနာဟာ ဒီကနေ့မှာ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်တွေကိုပါ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အမှတ် (၈) ရပ်ကွက်မှာတော့ မီးလောင်တာတွေ ဒီနေ့ ပိုဆိုးလာတယ်လို့ လားရှိုးမြို့ခံ တစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက RFA ကို ပြောပါတယ်။

"ဒီမနက် ၁၁ လောက်ကနေ ပြန်စလာတယ်ခင်ဗျ၊ ရန်ကင်းလမ်းကနေ စလာတယ်၊ အဲဒီနားမှာ မွတ်စလင်တစ်ယောက်က ဗမာအိမ်တစ်ခုကို မီးသွားရှို့လိုက်တယ်၊ အဲဒီကနေ ပြန်ပြီးတော့မှ စလာတယ်၊ စိတ္တသုခကျောင်းက ဘုန်းကြီးတွေရော အကုန်လုံးပဲ အဲမှာပြန်စုမိသွားပြီးတော့မှ အခုလဲဒီမှာ ကျနော့်ဘေးနားကဟာတွေဆို တုတ်တွေ၊ ဓားတွေနဲ့ ပေါက်ဆိန်တွေဘာတွေနဲ့ ဘေးနားကနေ အကုန်လုံး ဖြတ်သွားနေတယ်၊ ဒီနေ့ပိုဆိုးလာတဲ့ သဘောရှိတယ်၊ တစ်မြို့လုံးမှာ နေ့လယ်ရော လည့်ပတ်ပြီးတော့ဖြစ်နေတယ်ပေါ့ဗျာ၊ အခုဆိုရင် တစ်မနက်ကနေ အခုအချိန်ထိလည်း ဆိုင်ကယ်တွေနဲ့ အဲလိုတုတ်တွေ၊ ဓားတွေကိုင်ပြီး ရပ်ကွက်ထဲမှာလှည့်ပတ်ပြီးတော့မှ တစ်မျိုးမျိုးရှာနေတဲ့ ပုံစံမျိုးပေါ့၊ ဟိုတစ်နေရာမှာ မီးလောင်လိုက် ဒီနေရာမှာလောင်လိုက် ပုံစံမျိုးဖြစ်နေတယ်ခင်ဗျ၊ ပိုတောင်လောင်လာပြီပြောတယ်၊ ရပ်ကွက် (၇) အများကြီးလောင်လာတယ်ပြောတယ်"

လားရှိုးအမှတ် (၈) ရပ်ကွက် အားကစားကွင်းအနီးမှာရှိတဲ့ ဆိုင်ကယ်ပစ္စည်း အဟောင်းဆိုင်၊ အမှတ် (၇) ရပ်ကွက် လန်ဒန်ကုန်းနားက နေအိမ် (၃) လုံး၊ ရန်ကင်းလမ်းက အိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေဖက်က မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်း ထိန်းချုပ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လားရှိုးမြို့အမှတ် (၁) ရဲစခန်းက RFA ကို အခုလို ပြောပါတယ်။

"အခုဘာမှတော့ ထူးထူးခြားခြား မရှိပါဘူး၊ ငြိမ်နေပါတယ်၊ နောက်တော့ မသိဘူး၊ လုံခြုံရေးအင်အားကတော့ အတိအကျကတာ့ ကျနော်လည်း မပြောတတ်ဘူး၊ သူတို့ထုတ်ထားတာ ကား ၄၊ ၅ စီး ပတ်နေတာပဲ"

မြို့ရဲ့လမ်းမတွေပေါ်မှာလည်း လူတချို့ဟာ တုတ်၊ ဓါးစတဲ့ လက်နက်တွေ ကိုင်ဆောင်ပြီး သွားလာနေကြတယ်လို့ တခြားမြို့ခံတစ်ဦးက သူမြင်တာကိုပြောပါတယ်။

လားရှိုးမြို့မှာ မနေ့ညက အရေးပေါ် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လားရှိုးမြို့မှာ မီးရှို့မှုတွေ ဆက်လက်ဖြစ်ပွား

RFA, 2013-05-29 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့က လမ်းဘေးဓါတ်ဆီရောင်းသူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ပြဿနာပေါ်ပေါက်ခဲ့ရာ ကနေ တဆင့် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့မှာ တခြားရပ်ကွက်တွေပါ ကူးစက်ပြီး မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

မနေ့ညက အမှတ် (၈) ရပ်ကွက်မှာ စတင်ခဲ့တဲ့ ဒီပြဿနာဟာ ဒီကနေ့မှာ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်တွေကိုပါ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အမှတ် (၈) ရပ်ကွက်မှာတော့ မီးလောင်တာတွေ ဒီနေ့ ပိုဆိုးလာတယ်လို့ လားရှိုးမြို့ခံ တစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက RFA ကို ပြောပါတယ်။

"ဒီမနက် ၁၁ လောက်ကနေ ပြန်စလာတယ်ခင်ဗျ၊ ရန်ကင်းလမ်းကနေ စလာတယ်၊ အဲဒီနားမှာ မွတ်စလင်တစ်ယောက်က ဗမာအိမ်တစ်ခုကို မီးသွားရှို့လိုက်တယ်၊ အဲဒီကနေ ပြန်ပြီးတော့မှ စလာတယ်၊ စိတ္တသုခကျောင်းက ဘုန်းကြီးတွေရော အကုန်လုံးပဲ အဲမှာပြန်စုမိသွားပြီးတော့မှ အခုလဲဒီမှာ ကျနော့်ဘေးနားကဟာတွေဆို တုတ်တွေ၊ ဓားတွေနဲ့ ပေါက်ဆိန်တွေဘာတွေနဲ့ ဘေးနားကနေ အကုန်လုံး ဖြတ်သွားနေတယ်၊ ဒီနေ့ပိုဆိုးလာတဲ့ သဘောရှိတယ်၊ တစ်မြို့လုံးမှာ နေ့လယ်ရော လည့်ပတ်ပြီးတော့ဖြစ်နေတယ်ပေါ့ဗျာ၊ အခုဆိုရင် တစ်မနက်ကနေ အခုအချိန်ထိလည်း ဆိုင်ကယ်တွေနဲ့ အဲလိုတုတ်တွေ၊ ဓားတွေကိုင်ပြီး ရပ်ကွက်ထဲမှာလှည့်ပတ်ပြီးတော့မှ တစ်မျိုးမျိုးရှာနေတဲ့ ပုံစံမျိုးပေါ့၊ ဟိုတစ်နေရာမှာ မီးလောင်လိုက် ဒီနေရာမှာလောင်လိုက် ပုံစံမျိုးဖြစ်နေတယ်ခင်ဗျ၊ ပိုတောင်လောင်လာပြီပြောတယ်၊ ရပ်ကွက် (၇) အများကြီးလောင်လာတယ်ပြောတယ်"

လားရှိုးအမှတ် (၈) ရပ်ကွက် အားကစားကွင်းအနီးမှာရှိတဲ့ ဆိုင်ကယ်ပစ္စည်း အဟောင်းဆိုင်၊ အမှတ် (၇) ရပ်ကွက် လန်ဒန်ကုန်းနားက နေအိမ် (၃) လုံး၊ ရန်ကင်းလမ်းက အိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေဖက်က မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်း ထိန်းချုပ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လားရှိုးမြို့အမှတ် (၁) ရဲစခန်းက RFA ကို အခုလို ပြောပါတယ်။

"အခုဘာမှတော့ ထူးထူးခြားခြား မရှိပါဘူး၊ ငြိမ်နေပါတယ်၊ နောက်တော့ မသိဘူး၊ လုံခြုံရေးအင်အားကတော့ အတိအကျကတာ့ ကျနော်လည်း မပြောတတ်ဘူး၊ သူတို့ထုတ်ထားတာ ကား ၄၊ ၅ စီး ပတ်နေတာပဲ"

မြို့ရဲ့လမ်းမတွေပေါ်မှာလည်း လူတချို့ဟာ တုတ်၊ ဓါးစတဲ့ လက်နက်တွေ ကိုင်ဆောင်ပြီး သွားလာနေကြတယ်လို့ တခြားမြို့ခံတစ်ဦးက သူမြင်တာကိုပြောပါတယ်။  

လားရှိုးမြို့မှာ မနေ့ညက အရေးပေါ် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Wednesday, May 29, 2013

Melody World အဆိုတော် ကိုကိုမောင် ရုတ်တရက် ကွယ်လွန် ( နိုရာ ၊ မချစ်နဲ့တော့ ၊ ချစ်သူသိပါစေသီချင်း လူကြိုက်များသည့်ကိုကိုမောင်)


    ။ Melody World အဆိုတော် ကိုကိုမောင် သည် မေလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က   ဘုရင့်နောင် လမ်းမရှိ တပ်ထိပ် မှတ်တိုင်အနီးတွင် ယာဉ်မတော်မဆမှု ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပေးပို့ခဲ့ရာတွင် ယနေ့ နံနက် ၆ နာရီ အချိန်က ကွယ်လွန်သွားခဲ့ပြီ
ဖြစ်သည်။

သူငယ်ချင်းဖြစ်သူ ကိုဖြိုးကျော်ထိုက်က “ ည ၈.၃၀ လောက်မှာ သူ့သူငယ်ချင်း ကောင်းဇော်နဲ့အတူ တေးရေး
ဝေလဆီမှာ သီချင်းသွားရွေးပြီး ပြန်အလာမှာ အခုလိုဖြစ်တာပါ။ အဲဒီအချိန်တုန်းက မှောင်ကလည်း
မှောင် နေတဲ့အပြင် လမ်းဘေးမှာရှိတဲ့ ဘလောက်တုံးတွေကလည်း ရောင်ပြန် မတပ်ထားတော့ ရှေ့မှာရှိတဲ့ ဘလောက်တုံးကို သူတို့စီးတဲ့ ဆိုင်ကယ်နဲ့ တိုက်မိပြီး မှောက်သွားတယ်” ဟု ဖြစ်စဉ်ကို ရှင်းပြသည်။

ကိုကိုမောင်မှာ သွေးထွက်များသဖြင့် ဖြစ်ဖြစ်ချင်း ရန်ကုန်ဆေးရုံကြီးသို့ ည ၁၀နာရီတွင် ပို့ခဲ့သော်လည်း မနက် ခြောက်နာရီ အချိန်တွင် ကွယ်လွန်သွားခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကောင်းဇော်မှာ ခေါင်းကွဲသဖြင့် ယခုအချိန်ထိ အင်းစိန်ဆေးရုံတွင် ဆေးကုသခံနေဆဲ ဖြစ်ကြောင်း ကိုဖြိုးကျော်ထိုက်မှ မဇ္ဈိမသို့ ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကိုကိုမောင်၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရေခဲတိုက် တွင် ထားရှိပြီး မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထိန်ပင်သုသာန်၌် မီးသဂြိုဟ် မည်ဖြစ်သည်။

ကိုကိုမောင်သည် ၂၀၀၇ ခုနှစ် Melody World တွင် နိုရာ ၊ မချစ်နဲ့တော့ ၊ ချစ်သူသိပါစေ စသော သီချင်းများ
ဖြင့် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သူ ဖြစ်သည်။

ထို့အပြင် တစ်ကိုယ်တော် တေးစီးရီးထွက်ရှိရန် ကြိုးစားလျက်ရှိပြီး  သြဂုတ်လ၌ ‘အနောက်ဘက်က မဇ္ဈိမ’
တေးစီးရီး ကိုဖြိုးကျော်ထိုက်၊ သာဒိလု တို့နှင့်အတူ ထွက်ရှိတော့မည်ဖြစ်သည်။
http://www.thithtoolwin.com/2013/05/melody-world.html
http://www.mizzimaburmese.com/news/obituary/11749-melody-world-.html
နိုရာ - ကိုကိုမောင် သီချင်းနာဆင်ရန် ဒီနေရာကို နှိပ်ပါ

တစ်ထောင့်ငါးရာတန်ဖုန်း သုံးခွင့်ရသည့်နေရာတိုင်း လက်ဟောင်း CDMA 800 လိုင်းမိမည်မဟုတ် ”

လက်ရှိ အသုံးပြုနေသည့်CDMA 800 MHz ဖုန်းများ ထပ်မံ ချထားပေးမည့် တစ်ထောင့်ငါးရာ CDMA 800 MHz ဖုန်းကွန်ရက်များ အတွင်း Roaming သုံးစွဲခွင့် ရရှိ မည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
”အခုလုပ်ထားတဲ့စနစ်နဲ့ အရင် လုပ်ထားတဲ့ CDMA 800 စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800 MHz ဖုန်းတွေ လက်ရှိ အသုံးပြုနိုင်တဲ့ နယ်မြေတွေမှာပဲ အသုံးပြုနိုင်မှာပါ။ တစ်ထောင့်ငါးရာ CDMA 800 MHz Roaming ထဲမှာ သွားသုံးလို့မရပါဘူး”ဟုမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြော သည်။
                        လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ကျပ် တစ်ထောင့်ငါးရာ CDMA 800 MHz ဖုန်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ယခုလ ၂၄ ရက်မှစ၍ ရောင်းချပေး မည်ဟု သတင်းထုတ်ပြန်ထားသည်။
                       ယင်းကြောင့် ကျပ်တစ်ထောင့် ငါးရာ CDMA 800 MHz ဖုန်း အသုံးပြုနိုင်မည့် ဧရိယာမှာ တစ် နိုင်ငံလုံးနီးပါး အသုံးပြုနိုင်မည် ဖြစ်သော်လည်း ယခင် ရောင်းချခဲ့သော ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းခွဲ ဖုန်း များမှာမူ အထက်ပါ တစ်ထောင့်ငါး ရာ ဖုန်းကဲ့သို့ အသုံးပြုခွင့် ရရှိမည် မဟုတ်ဟု သိရသည်။
                    ”အခုရောင်းမယ့် ဖုန်းတွေက အရင် MEC က လုပ်နေတဲ့ ဖုန်း တွေပါ။ ဒါကို ဆက်သွယ်ရေးက တာဝန်ယူဆောင်ရွက် လုပ်ပေးတာပါ။ ရောင်းတဲ့အပိုင်းကတော့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရပဲ လုပ် မှာပါ။ အကူအညီတောင်းမှသာ ဆက်သွယ်ရေးက ရောင်းပေး မှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။
                     ယင်းကြောင့် လက်ရှိ CDMA 800 MHz ဖုန်းကိုင်ဆောင်သူ အများစုမှာ ဈေးကြီးပေးဝယ်ယူထားပြီး နယ်မြေကန့်သတ်ချက်ဖြင့် အသုံးပြုနေရသည့်အတွက် ကျေနပ်မှု မ ရှိကြပေ။
                    ”အဓိပ္ပာယ် မရှိတာ၊ ငါးသိန်းတန်ဖုန်းက ထောင့်ငါးရာတန် ဖုန်း လောက်နယ်မြေသယ်ဆောင် အသုံး ပြုခွင့် မရဘူးဆိုတာဘယ်လို အစီ အစဉ်နဲ့ လုပ်မှန်းမသိဘူး။ ဒီဖုန်း တွေ ထပ်မထုတ်တော့လို့ နယ်မြေ တိုးချဲ့သုံးစွဲခွင့်မရဘူးဆိုတာ လက်ခံ နိုင်ပါသေးတယ်။ အခုတော့ နယ်မြေတိုးချဲ့ထားတာ တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတာတောင် သုံးစွဲခွင့် မပေး တာကတော့ လုံးဝမတရားပါဘူး” ဟု ကျပ်ငါးသိန်း CDMA 800 MHz ဖုန်းကိုင်ဆောင်သူ ပဲခူးမြို့မှ မဝင်း မော်က ပြောသည်။
                     လက်ရှိတွင် ရောင်းချထားသည့် CDMA 800 MHz ဖုန်းများ သယ် ဆောင်အသုံးပြုနိုင်သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံ ရွာ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မော်လ မြိုင်၊ ပြည်၊ စစ်ကိုင်း စသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ ကြီးများသာ အသုံးပြုနိုင်ပြီး မြို့ငယ် အချို့တွင် သုံးစွဲနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
                     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ၂ဝ၁ဝ နှစ်ဆန်း ပိုင်းတွင်လည်းကောင်း၊ ကျပ်နှစ် သိန်းခွဲ CDMA 800 MHz ကို ၂ဝ၁၂ ခုနှစ် ဧပြီလတွင်လည်းကောင်း ရောင်းချပေးခဲ့သည်။

ဘီယာသောက်ပြီး အသိလွတ်နေချိန်တွင် သားမယားအဖြစ်ပြုကျင့်

၂၄.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ မxxxx(၁၇)နှစ်သည် အဖွားဖြစ်သူနှင့်အတူ ဓမ္မိကရာမကျောင်းတိုက်သို့ ဆွမ်းပို့သွားခဲ့ပြီး ဘုန်းကြီးကျောင်းတွင် အဖွားဖြစ်သူအား ထားခဲ့ကာ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ မxxxx၏ ဆိုင်ကယ်ဖြင့် မြို့ထဲသို့ သွားရောက်လည် ပတ်ခဲ့သည်။ ထို့နောက် သူငယ်ချင်းဖြစ်သူမှ ကျောင်းကြီးစုရပ်ကွက်နေ ၎င်း၏ရည်စားဖြစ်သူ
အကော်ဆိုသူထံ အကြွေးသွားပေးမည်ဟုပြောပြီး လိုက်ခဲ့ရန်ခေါ်သဖြင့် ကျောင်းကြီးစုရပ်ကွက်၊ ရွာလယ်လမ်းရှိ အကော်၏ နေအိမ်သို့လိုက်သွားခဲ့သည်။ ညနေ ၁၇၀၀ အချိန်ခန့် အကော်၏နေအိမ်သို့ရောက်ရှိပြီး ၄င်းနေအိမ်တွင် အကော်၏အစ်ကိုဖြစ်သူ ကိုဖိုးခွါးနှင့်တွေ့ဆုံကာ နေအိမ်အပေါ်သို့ တက်ရန်ပြောသဖြင့် နေအိမ်ပေါ်သို့ တက်ရောက်ထိုင်နေစဉ် ကိုဖိုးခွါးမှ ဘီယာသွားဝယ်မည်ဟုပြောဆိုခဲ့သည်။
၁၅ မိနစ်ခန့်အကြာ ဘီယာဝယ်ပြီး ပြန်ရောက်လာကာ နောက် ၁၅ မိနစ်ခန့်အကြာတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ တရုတ်(ခ) မြတ်စိုးလင်း(၁၉)နှစ် ထပ်မံရောက်ရှိလာသဖြင့် ၎င်းတို့ ၄ ဦး ဘီယာအတူသောက်ခဲ့၍ ၂၁၃၀ အချိန်ခန့် သူငယ်ချင်းဖြစ်သူ မxxxxမှာ ဆိုင်ကယ်ပြန်ထားမည်ဟု ပြောဆိုကာ ကိုဖိုးခွါးနှင့်အတူ ထွက်သွားခဲ့သည်။ မxxxxနှင့် တရုတ်(ခ)မြတ်စိုးလင်းတို့ ၂ ဦးတည်းကျန်ခဲ့စဉ် မxxxxမှ ခေါင်းကိုက်ကြောင်းပြောရာ တရုတ်(ခ)မြတ်စိုးလင်းမှ ၎င်းပေါင်ပေါ်တွင် အိပ်ရန်ပြောဆိုသဖြင့် အိပ်နေစဉ် မxxxxအား ဧည့်ခန်းရှိ အိပ်ယာပေါ်သို့ပွေ့ချီကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ သောကြောင့် တရုတ်(ခ)မြတ်စိုးလင်းအား တောင်ကြီးအမှတ်(၁)ရဲစခန်း(ပ)၁၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။http://wlovestory.blogspot.com/2013/05/blog-post_7763.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

သင်္ဃန်းကျွန်းမြို့နယ်တွင် ဆင်ဆာမဲ့ဗွီဒီယိုခွေနှင့် ညစ်ညမ်းခွေများဖမ်းဆီး


Photo: သင်္ဃန်းကျွန်းမြို့နယ်တွင် ဆင်ဆာမဲ့ဗွီဒီယိုခွေနှင့် ညစ်ညမ်းခွေများဖမ်းဆီး

၂၆.၅.၂၀၁၃ ရက်နေ့တွင်အရှေ့ပိုင်းခရိုင်အထူးအဖွဲ့မှ သင်္ဃန်းကျွန်း  မြို့နယ်၊ စံပြဈေးအနီးတွင်ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရဖမ်းဆီးခဲ့ရာ ဆင်ဆာမဲ့ဗွီဒီယိုခွေဖမ်းဆီးမှု (၆)မှု၊ ညစ်ညမ်းခွေဖမ်းဆီးမှု (၂) မှုတို့အားဖမ်းဆီးနိုင်ခဲ့ပြီး၎င်းအမှုတို့မှ စုစုပေါင်း နိုင်ငံခြားဇာတ်ကားခွေ (၅၅၄၀)ခွေ၊ ဆင်ဆာမဲ့မြန်မာသီချင်း / အငြိမ့်/လက်ဝှေ့ (၁၁၉၅)ခွေ၊ ကာတွန်း (၂၉၀)ခွေ၊ ညစ်ညမ်းခွေ (၁၆)ခွေတို့အားသိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါအမှုများမှ ဆင်ဆာမဲ့ခွေများရောင်းချသူ  တရားခံကျား (၆)ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိပါသည်။
၂၆.၅.၂၀၁၃ ရက်နေ့တွင်အရှေ့ပိုင်းခရိုင်အထူးအဖွဲ့မှ သင်္ဃန်းကျွန်း မြို့နယ်၊ စံပြဈေးအနီးတွင်ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရဖမ်းဆီးခဲ့ရာ ဆင်ဆာမဲ့ဗွီဒီယိုခွေဖမ်းဆီးမှု (၆)မှု၊ ညစ်ညမ်းခွေဖမ်းဆီးမှု (၂) မှုတို့အားဖမ်းဆီးနိုင်ခဲ့ပြီး၎င်းအမှုတို့မှ စုစုပေါင်း နိုင်ငံခြားဇာတ်ကားခွေ (၅၅၄၀)ခွေ၊ ဆင်ဆာမဲ့မြန်မာသီချင်း / အငြိမ့်/လက်ဝှေ့ (၁၁၉၅)ခွေ၊ ကာတွန်း (၂၉၀)ခွေ၊ ညစ်ညမ်းခွေ (၁၆)ခွေတို့အားသိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါအမှုများမှ ဆင်ဆာမဲ့ခွေများရောင်းချသူ တရားခံကျား (၆)ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိပါသည်။

http://wlovestory.blogspot.com/2013/05/blog-post_8862.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

ဘင်ဂါလီတွေ ကလေး ၂ယောက်ထက် မယူရ ဥပဒေ ဒေါ်စုရှုတ်ချ

ABC

မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်မှာ ​ရိုဟင်ဂျာလူဦးရေ ​ပြန့်ပွားမှုကို ​ကန့်သတ်တဲ့အနေနဲ့ ​ရိုဟင်ဂျာတွေရဲ့ ​ကလေးမွေးနှုန်းကို ​မြန်မာအစိုးရက ​ကန့်သတ်လိုက်တာကို ​ဒေါ်အောင်ဆန်းစုကြည်က ​ဝေဖန် ​ရှုတ်ချလိုက်ပါတယ်။

မြန်မာ ​အာဏာပိုင်တွေက ​ရိုဟင်ဂျာမိသားစု ​တစ်စုမှာ ​ကလေး ​၂ ​ယောက်ထက် ​ပိုမမွေးဖို့ ​တားမြစ်ချက်ကို ​၁၉၉၄ ​ခုနှစ်ကတည်းကစပြီး ​ပေါ်လစီချမှတ်လိုက်ပေမယ့် ​ထိရောက်စွာ ​အရေးယူမှုတွေ ​မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် ​မကြာသေးခင်ကပဲ ​အဲဒီပေါ်လစီ ​အသက်ဝင်လာတော့မယ်လို့ ​ဒေသခံအာဏာပိုင်က ​အတည်ပြုပြောဆိုပြီးနောက် ​ဒေါ်အောင်ဆန်းစုကြည်က ​ဝေဖန်လိုက်တာ ​ဖြစ်ပါတယ်။

ဒီလို ​ကန့်သတ်မှုလုပ်တာဟာ ​ခွဲခြားဖိနှိပ်မှုဖြစ်ပြီး ​လူ့အခွင့်အရေးနဲ့လည်း ​ကိုက်ညီမှုမရှိဘူးလို့ ​ ဒေါ်အောင်ဆန်းစုကြည်က ​ပြောလိုက်ပါတယ်။ ​ပြီးခဲ့တဲ့နှစ်က ​ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ရိုဟင်ဂျာနဲ့ ​ရခိုင်တွေရဲ့ ​ပဋိပက္ခအတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​နှုတ်ဆိတ်ခဲ့တဲ့အပေါ် ​ဝေဖန်မှုတွေလည်း ​ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ​အစိုးရက ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တစ်ရပ်ကို ​ဖွဲ့စည်းခဲ့ပါတယ်။ ​စုံစမ်းစစ်ဆေးရေးအဖွဲ့က ​ပြီးခဲ့တဲ့ ​ဧပြီလကပဲ ​အစီရင်ခံစာ ​ထုတ်ပြန်လိုက်ပြီး ​အစီရင်ခံစာထဲမှာ ​ရခိုင်လူမျိုးတွေက ​ရိုဟင်ဂျာလူဦးရေ ​တိုးများလာတဲ့အပေါ် ​စိတ်မသက်မသာဖြစ်နေတဲ့အတွက် ​မြန်မာအစိုးရကသာ ​အရင်ကတည်းက ​ချမှတ်ခဲ့တဲ့ ​ကလေးမွေးနှုန်းကန့်သတ်တဲ့ ​ပေါ်လစီကို ​ကျင့်သုံးရင် ​အခြေအနေကောင်းလာနိုင်တယ်လို့ ​အကြံပြုထားပါတယ်။ ​ဒါပေမယ့် ​အဲဒီပေါ်လစီကိုလည်း ​အတင်းအဓမ္မ ​ကျင့်သုံးရင် ​လူ့အခွင့်အရေးချိုးဖောက်ရာ ​ရောက်နိုင်တယ်လို့လည်း ​သတိပေးထားပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ​အဲလို ​အကြံပြုထားတဲ့အတွက် ​အဲဒီပေါ်လစီကို ​ပြန်လည်အသက်သွင်းမယ်လို့ ​ရခိုင်ဒေသခံ ​အာဏာပိုင်တွေက ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။ ​ရခိုင်ပြည်နယ်အစိုးရက ​တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့နဲ့ ​မိသားစုတစ်စုမှာ ​ကလေး ​၂ ​ယောက် ​အထိသာ ​မွေးကြဖို့ ​ပြောဆိုထားပြီး ​ကလေး ​၂ ​ယောက်ထက်မက ​မွေးတဲ့လူကို ​တရားမဝင်သူအဖြစ် ​သတ်မှတ်မယ်လို့ ​သိရပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးဥာဏ်ဝင်းကတော့ ​မြန်မာအစိုးရအနေနဲ့ ​ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့် ​ပိတ်ပင်တဲ့ ​ဥပဒေကို ​ပြင်ဆင်သင့်ပြီလို့ ​ရိုက်တာ ​သတင်းကို ​ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့်ပေးရင် ​ပြဿနာအတော်များများ ​ဖြေလျော့သွားနိုင်တယ်လို့ ​ပြောပါတယ်။ ​ရိုဟင်ဂျာတွေကို ​နိုင်ငံသားဖြစ်ခွင့်ပေးတာကို ​ရခိုင်လူမျိုးတွေက ​လက်မခံသည့်တိုင် ​အကောင်အထည်ဖော်သင့်တဲ့အကြောင်း ​ရခိုင်လူမျိုးတွေမှာလည်း ​သေချာရေရာတဲ့ ​အဖြေတွေ ​မရှိကြဘူးလို့ ​ဆိုပါတယ်။

ရခိုင်လူမျိုးတွေက ​ရိုဟင်ဂျာတွေကို ​ရခိုင်ပြည်နယ်ကနေ ​လုံးဝနှင်ထုတ်ဖို့ ​ဆန္ဒရှိပေမယ့် ​ဒါဟာ ​မဖြစ်နိုင်တဲ့ ​ဖြေရှင်းချက်ဖြစ်တယ်လို့ ​ဦးဥာဏ်ဝင်းက ​ရိုက်တာသတင်းကို ​ပြောသွားခဲ့ပါတယ်။ ​ရခိုင်ပြည်နယ်မှာ ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​ရှစ်သိန်းလောက်ရှိမယ်လို့ ​ခန့်မှန်းကြပြီး ​ဦးဥာဏ်ဝင်းအပါအဝင် ​မြန်မာပြည်တွင်းမှာတော့ ​အများစုက ​ရိုဟင်ဂျာကို ​ဘင်ဂါလီလူမျိုးလို့ ​ခေါ်ဆိုကြပါတယ်။

Facebook ကနေ Free Call ခေါ်ဆိုပေးနိုင်တဲ့ Saytya Free Caller (Android , IOS , Window )


23


Facebook အသုံးပြုသူတွေအနေနဲ့ Facebook ပေါ်ကနေပြီး Free Call ခေါ်ဆိုပေးနိုင်တဲ့ Application လေး
တစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Facebook Account တစ်ခုရှိထားရုံနဲ့ အခုတင်ပေးလိုက်တဲ့ Application
လေးကို အသုံးပြုပြီး ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Viber လိုမျိုး Code စောင့်စရာမလိုပါဘူး Install လုပ်
ပြီးအသုံးပြုရုံပါဘဲ။ Viber ထက်ပိုကောင်းတဲ့အချက်ကတော့ Phone To Phone , Phone To PC , PC to PC
ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Device အားလုံးမှာအသုံးပြုနိုင်အောင် Android OS , IOS , Window OS ,
MAC OS အတွက် ခွဲပြီးတင်ပေးလိုက်ပါတယ်ဗျာ။ Free Call တစ်ခုတည်း မဟုတ်ပါဘူး Free Chatting


ပါလုပ်နိုင်ပါတယ်ဗျာ။




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။


**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


http://www.winkabarkyaw.net

KNLA စစ်ဦးစီးချုပ် ငြိမ်းချမ်းရေးကောင် စီနှင့် သွားရောက်တွေ့ဆုံ

(ကေအိုင်စီ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီနှင့် အဖွဲ့သည် KNU/KNLA ငြိမ်းချမ်းရေးကောင် စီနှင့် သွားရောက်တွေ့ဆုံ ရန် ကော့ကရိတ် မြို့နယ်၊ ထို့ကော်ကိုးဒေသသို့ မေလ ၂၇ရက်နေ့မနက်က ထွက်ခွာသွားပြီဖြစ်သည်။

ထိုခရီးစဉ်နှင့် ပတ်သက်၍ KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ခွဲထွက် ကရင်အစုအဖွဲ့တွေ တစည်းတလုံး တည်းရှိဖို့ အပြန်အလှန် စည်းလုံးမှု တည်ဆောက်နိုင်ဖို့ သွားရောက်ဆွေးနွေးတာ ဖြစ်တယ်။ KNU ကနေ ခွဲထွက်သွားတဲ့ အဖွဲ့ တွေ တစ်စုမက ရှိပေမဲ့ အမျိုးသား ပြန်လည်ညီညွှတ်ရေးအတွက် တဖွဲ့ချင်းအလိုက်ကော၊ စုပေါင်းပြီးတော့ပါ တဆင့်ချင်း လုပ် သွားမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလိုသွားရောက်ရာတွင် စစ်ဦးစီးချုပ်နှင့်အတူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစော ရွှေမောင်း၊ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ကျော်မူဟဲ၊ ပဒိုစောလေးလော်ဆော၊ တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီးဖောဒို၊ ဗိုလ်မှူး အယ်ဆဲဆဲ၊ ဗိုလ်မှူးတာမလာ၊ ဗိုလ်မှူးဒိကွယ်၊ ဒုဗိုလ်မှူးကြီးဘူးဖော အပါအ၀င် စုစုပေါင်း ၁၉ဦး၊ ကားခြောက်စီးဖြင့် မြ၀တီနယ် စပ်မှ ထွက်ခွာသွားသည်ဟု သိရသည်။

သို့သော် ၎င်းတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ရက်တာ ကြာမြင့်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စများကိုပါ ပြောဆိုမည်ဟု ကေအိုင်စီမှ အကြမ်း ဖျင်း သိရှိထားသော်လည်း အသေးစိတ် ဆွေးနွေးသွားမည့် အကြောင်းအရာများကိုမူ ဆွေးနွေးပြီးမှသာ ပြောဆိုနိုင်မည်ဖြစ် ကြောင်း KNU ဘက်က ပြောဆိုသည်။