စိန်မေရီကာသီဒြယ် ဘုရားကျောင်း တော်ကြီးသည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ၏ ၏အထွဋ်အမြတ် ထားရာ ၀တ်ပြုကိုးကွယ်သည့် နေရာဖြစ်သည်။
နံနက်
၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီ အထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀
နာရီအထိတစ်ကြိမ်၊ ဘုရားဖူး ဘာသာတူများနှင့် လာရောက် လေ့လာသူများနှင့်
ဝတ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင့်လှစ်ပေး ထားပါသည်။
မည်သည့်လာရောက်လေ့လာ၊
ဝတ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ
လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ
ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား
သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။
မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊
တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့်
ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့
ဝင်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။
ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။
ယနေ့ဖြစ်စဉ်မှာ
သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ
သန့်ရှင်းသည့်နေရာ ၊အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊
မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော
အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ
ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး
ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍
မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ်
ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ်လာပြီး
အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း
ဝင်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ
တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ်
မေတ္တာရပ်ခံ နေ သည့်ကြားမှပင်
ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။
ပိတ်ပင်
တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း
သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏
စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။
အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။
ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည်
ဝတ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊
မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ
နှင့်ဖီလာဆန့်ကျင်နေပါသည်။
ယခုသတင်းMedia
များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ
ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို
စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့်
ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။
သာသနာ့အကျိုးဆောင်အဖွဲ့
စိန်မေရီကာသီဒြယ်သာသနာ၊
ရန်ကုန်မြို့ 
 |
| ကက်သလစ်တို့ အထွဋ်အမြတ်ထားရာ သန့်ရှင်းသောဂူဗိမာန်တွင် ကျောခိုင်းထိုင်နေပုံ |
 |
| ရဲတိုက်အားသာသနာ့ အကျိုးဆောင်အဖွဲ့ မှရေသန့် ဖြင့်ဧည့်ခံနေပုံ |