This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 23, 2013

UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ

Photo: UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ
Wednesday, May 22, 2013

ထိုင်းနိုင်ငံ ဘန်ခမ်းခရိုင် ဘန်ကောက်မြို့တော်ရှိ ကွန်ဒိုတစ်ခုအား စီးနင်းရှာဖွေရာတွင် ဘတ် သန်းပေါင်း (၁၅၀၀)ခန့် ရှိသည့် စံချိန်တင် မူးယစ်ဆေးများစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း မူးယစ်ဆေးတားဆီး ရဲတပ်ဖွဲ့က ဆိုသည်။
မက်သမ်ဖက်တမင်းဆေးပြား (၄.၅)သန်း နှင့် မက်သမ်ဖက်တမင်းခရစ်စတယ် ၆၀-ကီလိုဂရမ် စုစုပေါင်း ဘတ်သန်းပေါင်း (၁၅၀၀)ခန့်တန် မူးယစ်ဆေးများကို ဖမ်းဆီးရရှိခဲ့သည်ဟု မူးယစ်ဆေးတားဆီး နှိမ်နင်းရေး အဖွဲ့ရုံး( Office of the Narcotics Control Board- ONCB ) အထွေထွေ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ပွန်ဆာပတ် ပွန်ချာရွန်က သတင်းထုတ်ပြန်ခဲ့သည်။

 ဘန်ခမ်းခရိုင်၊ ဖိုခယူလမ်းအတွင်းရှိ ပီရာဖိုခယူအိမ်ယာအခန်းအမှတ် (၃၀၂) နှင့် (၃၂၀) တို့အား ဝင်ရောက် စီးနင်းရှာဖွေရာ အဝတ်အစားဘိရိုအတွင်း ဖွက်ထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မသင်္ကာသူ ၃-ဦးဖြစ်သည့် ဆုသီချိုင်းကာမာ ( ၂၂-နှစ် )၊ ခယူပူ ( ၂၀- နှစ် ) နှင့် ၁၆-နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါ မသင်္ကာသူ ၃-ဦးသည် မူးယစ်ဆေးဝါးများကို စောင့်ကြပ်ထိန်းသိမ်းထားရန် ငှားရမ်းထားခြင်းသာ ဖြစ်ကြောင်းနှင့် မူးယစ်ဆေးများသည် (ဝ) အဖွဲ့မှ ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးများဖြစ်ပြီး ချင်းရိုင်မှ ဘန်ကောက်သို့ သယ်ယူလာခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်က ပြောသည်။
ရဲတပ်ဖွဲ့သည် ယမန်နေ့ကလည်း ဘန်ကောက်မြို့ပေါ်မှ အဓိက မူးယစ်ဂိုဏ်း တစ်ခုအား ဖမ်းဆီး နှိမ်နင်းခဲ့ပြီး မသင်္ကာသူ တစ်ဦးထံမှ ဘတ်သန်း-၅၀ ခန့်တန်သော အဖိုးထိုက်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ၄င်းက ဆက် ပြောသည် ။

ရဲတပ်ဖွဲ့သည် မူးယစ်ဂိုဏ်းခေါင်းဆောင် ကိုဆင် ချူချိုင်း( ၃၁-နှစ် ) ၏ ဇနီးသန်ယာပွမ် ခနန်ခင် ( ၃၆-နှစ် ) ကို ဖမ်းဆီးထားကြောင်း ဗိုလ်ချုပ်ကြီးပွန်ဆာပတ် ကပြောကြားပါသည်။

 ကလောင်းဆမ်ဝါ ခရိုင်အတွင်း မစ္စ သန်ယာပွမ်အားဖမ်းဆီးမှု နှင့်အတူ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ကျည်ဆန် ၅၉-တောင့်၊ မက်သမ်ဖက်တမင်းအရည် ၇၆-ပုလင်း၊ မူးယစ် နှိမ်နင်းရေး ဗျူရိုမှတ်ပုံတင် ကတ်ပြား အတုတစ်ခု၊  မစ္စတာကိုဆင်အမည်ပါ သတင်းထောက်ကတ်တစ်ခုတို့ဖြစ်သည်။

 ထို့အတူရဲတပ်ဖွဲ့သည် ပထုမ် ဌာနီခရိုင်အတွင်း မှ ဘဏ်စာရင်း ၁၃-ခုခွဲ အပ်နှံထားသည့် ဘတ် ၇-သန်း၊ အိမ် ၃-လုံး နှင့် ကားဂိုဒေါင် တစ်လုံးတို့ကိုလည်း သိမ်းဆီးခဲ့သည်။

 ရဲတပ်ဖွဲ့သည် မစ္စတာကိုဆင် နှင့် သူ၏ မူးယစ်ဂိုဏ်းအတွင်းမှ အခြားမသင်္ကာသူအနည်းဆုံး ၁၀-ဦး ခန့်အား ဆက်လက်ခြေရာခံစုံစမ်းလျက်ရှိကြောင်း သိရသည်။

ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်ကပိုင်ဆိုင်မှုပစ္စည်းဘတ် သန်း-၁၀၀ ခန့်ဆက်လက် သိမ်းဆည်းရဦးမည်ဟု ခန့်မှန်း ထားကြောင်း နှင့် မစ္စတာကိုဆင်၏ ဂိုဏ်းသည် မူလကကလောင်းတိုယီဈေးတွင် မူးယစ်ဆေးဝါးများ ရောင်းနေရာမှ မင်ဘူရီခရိုင်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

မူးယစ်ဆေးရောင်းရာမှ ရရှိသော ငွေများကို လူများငှာရမ်းကာ ငွေစာရင်းများဖွင့်ပြီး သိမ်းဆည်းထားခြင်းကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။

 မစ္စတာကိုဆင်အား ဖမ်းဝါးရမ်းထုတ်ထားပြီးဖြစ်သဖြင့် လာရောက် အဖမ်းခံသင့်ကြောင်း ရဲဗိုလ်ချုပ်ကြီးက ပြောသည်။

Ref ;  ဘန်ကောက်ပို့စ် သတင်းစာ ၂၂-၅-၂၀၁၃

ညွှန့်အောင် (မြစ်မခ)

Mec Tel မှ ထုတ်သော 800 Mhz ဖုန်းများအတွက် Internet settings ချိန်နည်း

ဖော်ပြပါပုံအတိုင်း Settings သို့သွားပါ
ထိုမှတစ်ဆင့် Mobile networks ကိုနှိပ်ပါ
ပေါ်လာသော Mobile network settings ထဲမှ Access Point Names ကိုနှိပ်ပါ
APN ထဲတွင် New APN တစ်ခုလုပ်ပါ
Name တွင် mectel ဟုရိုက်ထည့်ပါ။ထို့နောက် OK ကိုနှိပ်ပါ။
APN တွင် #777 ရိုက်ထည့်ပါ
Username တွင် နှစ်သက်ရာထည့်သွင်းနိုင်ပါတယ်
Password တွင်လည်း ကြိုက်နှစ်သက်ရာရိုက်ထည့်နိုင်ပါတယ်
Prompt password  တွင် #777 ဟုရိုက်ထည့်ပြီး OK ကိုနှိပ်ပါ
ထို့နောက် Edit access point အား Save ပြုလုပ်ပါ။
Mobile network settings တွင် Data enabled အား အမှန်ခြစ်ပေးပြီး ခတ္တခဏစောင့်ဆိုင်းပါ။ အင်တာနက်အသုံးပြု၍မရသေးရင် Restart ပြုလုပ်ပါ

Written by အာယု (မြ၀တီ)

ကမ္ဘာတစ်ဝှမ်းရှိ ရိုးရာနံနက်စာ စားသောက်ဖွယ်များ.....

အာဂျင်တီးနားနိုင်ငံ
  
 သြစတေးလျနိုင်ငံ
 ဘရာဇီးနိုင်ငံ
 ကနေဒါနိုင်ငံ
 တရုတ်နိုင်ငံ
 ကိုလံဘီယာနိုင်ငံ
 ကျူးဘားနိုင်ငံ
 အီဂျစ်နိုင်ငံ
 အင်္ဂလန်နိုင်ငံ
 ဖင်လန်နိုင်ငံ
 ပြင်သစ်နိုင်ငံ
 ဂန်နာနိုင်ငံ
 ဂျာမနီနိုင်ငံ
 အိန္ဒိယနိုင်ငံ
 အီတလီနိုင်ငံ
 ဂျပန်နိုင်ငံ
 မက္ကဆီကိုနိုင်ငံ
 မွန်ဂိုလီးယားနိုင်ငံ
 မော်ရိုကိုနိုင်ငံ
 နိုင်ဂျီးရီးယားနိုင်ငံ
 ပါကစ္စတန်နိုင်ငံ
 ပီရူးနိုင်ငံ
 ပိုလန်နိုင်ငံ
 ပေါ်တူဂီနိုင်ငံ
 ရုရှားနိုင်ငံ
 စပိန်နိုင်ငံ
 ထိုင်းနိုင်ငံ
 တူရကီနိုင်ငံ
 အမေရိကန်နိုင်ငံ
 ချီလီနိုင်ငံ

GSM Prepaid Card ဖြည့်နည်း အသစ်လေး

GSM Prepaid Card ဖြည့်နည်း အသစ်လေး ပြောပြမယ်။...
U Pyae Phyo 12:39am May 22
GSM Prepaid Card ဖြည့်နည်း အသစ်လေး ပြောပြမယ်။

အများနဲ့မတူ တမူထူး ခြင်သုများအတွက် သုံးရအောင်လို့ဗျား

*123# ကိုနိုပ်လိုက်ဗျ

Pin Code ထည့်ရမည့် Box လေး ၁ခုထွက်လာလိမ့်မယ်။

ထည့်ပြီးရင် 1 နိုပ်ပေးလိုက်ဗျား။ မဖြည့်သေးပါဘုးဆို 2 နိုပ်ပေးလိုက်ဗျ။

အရင်က ဒီပို့စ်လေး တင်တော့ i OS သမားတွေက

သူတို့ နဲ့ အဆင်မပြေဘူးပြောတယ်ဗျ။

ကျွန်တော် i Os 4+ မှာ စမ်းကြည့်တော့ရတယ်ဗျ။

i Os 5+ မှာလည်းစမ်းကြည့်တယ် အဆင်ပြေတာပဲ။

*123# ကိုနိုပ်လိုက်တော့

" Please Inpute your Voucher Number. " ဆိုပြီး

အောက်မှာ Dismiss နဲ့ Reply ဆိုတာ ၂ ခုပေါ်လာတယ်ဗျ။

ဖြည့်မယ်ဆိုရင်တော့ Reply ပေါ့ဗျာ။

Please Inpute your Voucher Number ဆိုတာလေး ထပ်ပေါ်လာပြီးတော့

Pin Code ထည့်ရမယ့်နေရာလေးမှာ Code ဖြည့်ပေးပြီးရင် Reply နိုပ်ပေး

လိုက်ပါ။ ပြီးရင် Dismiss နဲ့ Reply ပေါ်လာပြီး Reply နိုပ် ပြီး ၁ ထပ်နိုပ်

လိုက်ပါဗျား။

ဒီနည်းက ငွေဖြည့်ကင်္ဒထဲမှာ မပါဘူးနော်

Wednesday, May 22, 2013

ဒေါ်လာဈေးမြင့်တက်မှုနှင့်ပတ်သက်ပြီး အမြင်သဘောထား

အခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ် တက်လာတာ ဒီနေ့ဆို တဒေါ်လာ ကျပ် ၉၄၀ လောက်ထိရှိတယ်လို့ သိရပါတယ်။ ဒေါ်လာဈေးတက်လာတာဟာ ဈေးကွက်ထဲ ၀ယ်လိုအားများတာကြောင့်လို့ ဆိုသူတွေရှိသလို ကမ္ဘာမှာ ဒေါ်လာဈေးမြင့်နေတာကြောင့်လို့ ဆိုသူတွေလည်း ရှိပါတယ်။

မေလ ၂၀ ရက်နေ့က ၇ သိန်းလောက် ထိုးကျသွားတဲ့ ရွှေဈေးဟာ ဒီနေ့တော့ ၁ ကျပ်သား ကျပ် ၇ ထောင် လောက်ထိ မြင့်တက်ပြီး တကျပ်သား ကျပ်၇ သိန်း ၇ ထောင်လောက် ပေါက်ဈေး ရှိနေပါတယ်။

ပြည်တွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာဈေး တဖြည်းဖြည်း မြင့် တက်လာနေတဲ့အပေါ် လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဒေါက်တာစိုးထွန်း (တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ)

“ပထမဆုံးစတာကတော့ ကမ္ဘာမှာ အမေရိကန်ဒေါ်လာတက်လာပြီး ရွှေဈေးကျတာက စတာ။ ပြည်တွင်းမှာ ဒုတိယ တွန်းအားပေးတဲ့ အချက်တချက်က အရင်တုန်းက အက်ဖ်အီးစီသုံးတာလေ၊ အဲဒါက သန်း ၃၀ လောက်ရှိတယ်။ အဲဒါတွေကို ဖျက်သိမ်းဖို့လုပ်တော့ ဘဏ်ထဲပြန်ထည့်ပြီး မြန်မာငွေပြန်ထုတ် ဒါမှမဟုတ် ဒေါ်လာနဲ့လဲဆိုတာ ရှိတာကိုး။ အဲဒါလည်း ဒုတိယ တွန်းအားပေးတဲ့အချက်ထဲ ပါတယ်။ ဘာလို့ဆိုတော့ သန်း ၃၀ လောက် ပြတ်လပ်သွားတာကိုး။ နောက် လူတွေက ဘာယုံကြည်နေလဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းက ဒေါ်လာဈေး ၁၀၀၀ ဖြစ်သင့်တယ်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ပြောထားတာရှိတော့ အဲဒါစိတ်ထဲရှိနေကြတယ်။ နောက် မြန်မာပြည်ကလည်း Exchange Rate System က နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ရတဲ့ဘဏ် ၁၇ ဘဏ်ကနေ နေ့တိုင်း လေလံပစ်ပြီး ၀ယ်နိုင်တဲ့ဈေးပေး လေလံဆွဲတဲ့ စနစ်ကျင့်သုံးတာကိုး။ အဲမှာလည်း ဒေါ်လာ ၀ယ်လိုအား တက်နေတော့ ဈေးပိုပေးကြတယ်။ အရင်တုန်းက သိပ် ၀ယ်လိုအားမရှိတဲ့အတွက် လိုအပ်ချက်မရှိတော့ အများကြီး ပြိုင်မပေးကြဘူး။ တယောက်နဲ့တယောက် ၁-၂ ကျပ်၊ ၅ မူး ဒီလောက်ပဲ။ အခုက လေလံဆွဲရင် ပိုပေးကြတာတွေ့ရတယ်။ နောက် ဘာအခက်ရှိလဲဆိုတော့ မီးမလာတော့ လောင်စာဆီလိုအပ်ချက် ပိုများတယ်။ စက်ရုံအလုပ်ရုံတွေအားလုံးက ဒီဇယ်နဲ့လည်ရတာကိုး။ အအေးခန်းစက်ရုံဆို ၂၄ နာရီ ရပ်လို့မရဘူး။ ဒီဇယ်ဝယ်လိုအား ပိုများတယ်။ အဲဒီအကြောင်းအရာတွေ အားလုံးတိုက်ဆိုင်တော့ ဒေါ်လာဈေးတက်တာ ဖြစ်လာတယ်။”

ဦးမော် (အောင်သမာဓိရွှေဆိုင်ပိုင်ရှင်)

“ကမ္ဘာ့ရွှေဈေးတက်ရင်လည်း တက်တယ်၊ ဒေါ်လာဈေးတက်ရင်လည်း တက်တယ်။ တမြန်နေ့လောက်က ကမ္ဘာ့ရွှေဈေးကျသွားတဲ့အချိန် ငွေဈေးကမတက်ဘဲ တင်းခံနေတော့ ရွှေဈေးက ၇ သိန်းအောက် ပြန်ကျသွားတယ်။ အခုက ဒေါ်လာဈေးရော ရွှေဈေးရော နှစ်ခုပြိုင်တက်တော့ ၇ သိန်းကျော်ထိ တက်သွားတာ။”

ပို့ကုန်လုပ်ငန်းရှင်တဦး

“အရင်အလုပ်လုပ်ခဲ့တာ ၁ ဒေါ်လာကို ၁၀၀၀ အထက်မှာ လုပ်ခဲ့တာ။ အခု ၈၀၀ ကျော်နဲ့ အလုပ်လုပ်ရတော့ တချို့အပိုင်းလေးတွေမှာ အရှူံးခံပြီး လုပ်ငန်းလည်ပတ်အောင်၊ လုပ်ငန်းမရပ်သွားအောင် ထိန်းလုပ်ရတဲ့ အပိုင်းလေးတွေရှိတယ်။ အခုလို ဒေါ်လာဈေးပြန်မြင့်တက်လာတယ်ဆိုတော့ ကျမတို့ ပို့ကုန်လုပ်ငန်းရှင်တွေအားလုံးကတော့ ၀မ်းသာတယ်၊ အဆင်ပြေသွားကြတာပေါ့နော်။ အရှုံးနည်းသွားမယ်၊ အမြတ်ပြန်ရလာတယ်။ ဒေါ်လာဈေးကတော့ ၉၀၀ ကျော်ဆို ပိုပြီး စိတ်ချမ်းသာစရာကောင်းတယ်။ ၉၀၀ အောက်ဆိုရင် တော်တော်လေး အဆင်မပြေကြဘူး။”

တယ်လီဖုန်းဟန်းဆက်အရောင်းဆိုင် ပိုင်ရှင်တဦး

“အရင်  အိုင်ဖုန်း ၅ တလုံးကို ဈေးအနိမ့်ဆုံး ၆၂-၆၃ လောက်ထိ ရောင်းဖူးတယ်လေ။ အခုဆို ၆၆ ခွဲလောက် ရောင်းနေရတယ်။ အဲဒါတောင် သိပ်အဆင်မပြေဘူး။ ငွေဈေးက ဆက်တက်တယ်။ အခုက ကျနော်တို့ကရောင်းလိုက်၊ ပြန်ဝယ်ရင် အဲဒီဈေးနဲ့မရနဲ့ တော်တော် ဒုက္ခရောက်တယ်။ ငွေဈေးတောက်လျှောက်တက်နေတော့။ တက်နေတာ ၁ လလောက် ရှိပြီ။”

အောင်ချိန်ဘွား (ဘောဂဗေဒစာရေးဆရာ)

“ပို့ကုန်ဝင်ငွေ ပိုရဖို့အတွက် ပြည်တွင်းဒေါ်လာတက်ဖို့ လိုတယ်ဆိုတဲ့ အယူအဆဟာ လွဲမှားတယ်။ ပို့ကုန်သမားတွေက ပြန်တင်သွင်းပြီး ကျပ်ငွေထွက်ပြီဆိုမှ ငွေချေတာဖြစ်လို့ ပို့ကုန်ရော၊ သွင်းကုန်မှာပါ မြတ်တဲ့အတွက် ဒေါ်လာဈေးဆိုတာ တက်စရာမလိုပါဘူး။ လူကြီးတွေ အဲဒီအချက်ကို သဘောပေါက်မယ်ဆိုရင် ဒေါ်လာဈေး ဆွဲတင်စရာအကြောင်းမရှိပါဘူး။ အခုက ပို့ကုန်သမားတချို့ရဲ့ တိုက်တွန်းမှုနဲ့ ဒေါ်လာဈေးဆွဲတင်ဖို့ စဉ်းစားနေတယ်။ နောက်တချက်က ပို့ကုန်ပရိုမိုးရှင်းလုပ်မယ်ဆိုရင် ဒေါ်လာဈေးတက်ရမယ်၊ မြန်မာကျပ်ငွေ တန်ဖိုးချရမယ် ဆိုတဲ့ စီးပွားရေးဥပဒေသကရှိနေတော့ တချို့ကလည်း ပို့ကုန်ပရိုမိုးရှင်းလုပ်ဖို့ ဒေါ်လာဈေးချရမယ်ဆိုတဲ့ သဘော။ အဲဒါတွေကလည်း ယှဉ်ပြိုင်မှုရှိမှပါ။ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပို့ကုန် ကုန်ပစ္စည်းတွေက ပြိုင်မယ့်ဟာ ဘာမှမရှိပါဘူး။ ဒါကြောင့် ဒေါ်လာဈေးအတက်အကျမှာ ပို့ကုန်ပရိုမိုးရှင်းအတွက် ငွေတန်ဖိုးချဖို့မလိုပါဘူး။ ဒါတွေ သဘောပေါက်ရင် အဆင်ပြေသွားမှာပါ။”

by ဒီဗွီဘီ

ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ

နေပြည်တော် မေ ၂၁
၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄)နာရီ(၁၀)မိနစ် အချိန် ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အရှေ့ရပ်ကွက် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းတွင် သန့်ရှင်းရေး ဆောင် ရွက်နေသော မြို့နယ် စည်ပင် သာယာ ရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ (၅၆)တောင့်
(အသုံးပြုရ)၊ ၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊ ကာဘိုင်ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ (၂၂)တောင့် (အသုံးပြုရ)၊ ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက် (အသုံးပြုရ)နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။
myawady.

ကမြောကင်း တံတားပေါ်မှ ကျောင်းဆရာမတဦး ခုန်ချပြီး အဆုံးစီရင်မှု ဖြစ်ပွား

ထားဝယ်မြို့ ၏ အထင်ကရ တံတားတစ်စင်းဖြစ်သော ကမြောကင်း တံတားပေါ်တွင် မေလ ၂၁ ရက်နေ့  မွန်းလွဲပိုင်းက အမျိုးသမီး တစ်ဦး တံတားပေါ်မှ ခုန်ချပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တံတားပေါ်မှ ခုန်ချခဲ့သူ အမျိုးသမီးမှာ ထားဝယ်မြို့ ပေါ်မှဖြစ်ပြီး ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း၊ တည်ငြိမ်အေးဆေးစွာ နေတတ်သူ တစ်ဦးဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ယခုကဲ့သို့ ခုန်ချခဲ့သည်ကို မသိရှိကြောင်း ကာယကံရှင်မိသားစုများထံမှ သိရှိရသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့် ကလည်း အဆိုပါတံတားပေါ်မှ ကျောင်းဆရာမတစ်ဦး ခုန်ချ၍ အဆုံးစီရင်ခဲ့ပြီး ၁ ပတ်ခန့် အကြာမှ အလောင်းကို ထားဝယ်မြစ်တွင်း ပြန်လည်ရှာဖွေတွေ့  ရှိခဲ့ဖူးကြောင်း သိရှိရသည်။

အလောင်းကိုညနေ ၅ နာရီကျော်အထိရှာဖွေနေသော်လည်းမတွေ့ ရှိရသေးကြောင်းသိရသည်။

သတင်း - ဓါတ်ပုံ Phyo Zin

ကမြောကင်း တံတားပေါ်မှ ခုန်ချသွားတဲ့ ကျောင်းဆရာမအား ရှာဖွေနေစဉ်